အခန်း (၁၂၁-၁၂၂)
Vol. 13 Ch. 121-122
အခန်း ၁၂၁ - အဆင့်ခုနစ် ယင်-ယန် နဂါးဆေးလုံး
ထိုစကားကို ကြားသော ဇီယန်က နှုတ်ခမ်းစူလိုက်၏။ သူမအနေဖြင့် ဤတန်ဖိုးရှိသည့်ဆေးလုံးကို မည်သို့လျှင် အလဟဿ အဖြစ်ခံနိုင်ပါမည်နည်း။ အစ်ကိုကျန်းချန်က မစားချင်လျှင် သူမဘာသာ စားပစ်မည်သာ ဖြစ်သည်။
လက်ရာမြောက်လှသော ဆေးသေတ္တာလေးကို ဖွင့်လိုက်သည်နှင့် သင်းပျံ့မွှေးကြိုင်လှသော ဆေးရနံ့များက လွင့်ထွက်လာသည်။ အနီးကပ် ကြည့်ကြည့်လိုက်လျှင် ဆေးလုံးတစ်လုံးမှာ သေတ္တာအတွင်း၌ ငြိမ်သက်စွာ ရှိနေသည်ကို တွေ့ရပေသည်။
ဆေးလုံး၏ မျက်နှာပြင်မှာ အလွန်ချောမွေ့ပြောင်လက်နေပြီး ဆေး၏အတွင်း၌ ရွှေရောင်စွမ်းအင်တန်းလေးနှစ်ခုမှာ အစီအစဉ်မရှိ၊ ဟိုဟိုဒီဒီ စီးဆင်းနေကြသည်။ ရံဖန်ရံခါတွင် ထိုစွမ်းအင်များမှာ ရုတ်တရက် အရှိန်အဟုန်ဖြင့် တိုးဝင်သွားကြပြီး သေသေချာချာ စေ့စေ့စပ်စပ် ကြည့်ပါလျှင် ထိုရွှေရောင်နဂါးလေးနှစ်ကောင်အသွင်ဖြင့် တစ်ကောင်နှင့်တစ်ကောင် ရစ်ပတ်နှောင်ဖွဲ့နေကြကာ နဂါးဟိန်းသံတိုးတိုးလေးများပင် ထွက်ပေါ်နေသယောင် ရှိလေသည်။
ထိုသို့အသွင်သဏ္ဌာန်ရှိသည့် ဆေးစွမ်းအင်မျိုးက လူတိုင်း၏ အာရုံကို ဆွဲဆောင်ဖမ်းစားထားနိုင်ပေသည်။
ဝိညာဉ်စွမ်းအင်များ စုစည်းပြီး ပုံသဏ္ဌာန်ဖြစ်ပေါ်လာခြင်းမှာ အဆင့်ခုနစ်နှင့် ထိုထက်မြင့်သော ဆေးလုံးများတွင်သာ တွေ့ရှိရသည့် ထူးခြားသော ဖြစ်စဉ်တစ်ခုပင် ဖြစ်သည်။
ကျားနန် အကယ်ဒမီကျောင်း၏ ကျောင်းအုပ်ကြီး မန်တျန်းချီက သူ၏နှုတ်ခမ်းမွေးကို ပွတ်ရင်း မျက်မှောင်ကြုတ်ကာ "ဒါက... အဆင့်ခုနစ် ယင်-ယန် နဂါးဆေးလုံးလား" ဟု ဆိုလိုက်သည်။
သိုင်းသူတော်စင်တစ်ဝက်အဆင့် ပညာရှင်တစ်ဦးအနေဖြင့် ဤဆေးလုံးမှာ အဘယ်အရာဖြစ်သည်ကို သူ မသိလျှင် မည်သူက သိပါမည်နည်း။ ၎င်းမှာ အဆင့်ခုနစ် ယင်-ယန် အဆင့်မြင့်ဆေးလုံးဖြစ်သည်။ အတားအဆီးများကို ဖြတ်ကျော်ပြီးနောက် လျော့ပါးသွားသော စွမ်းအားများကို ပြန်လည်ဖြည့်တင်းပေးနိုင်သည့် ဆေးလုံးအဖြစ် ကျော်ကြားလှသည်။
ဤဆေးလုံးကို ဖော်စပ်ရန်အတွက် သေဆုံးပြီး ခုနစ်ရက်ထက်မကျော်သေးသော၊ အနည်းဆုံး အဆင့်ခြောက်ရှိသည့် နဂါးမျိုးနွယ်ဝင် မှော်သားရဲနှစ်ကောင်၏ အမြုတေများ လိုအပ်သည်ဟု ဆိုကြသည်။ ဤဆေးလုံးကို ဖော်စပ်ရန်အတွက် မည်မျှအထိ ရင်းနှီးပေးဆပ်ရမည်ကို စိတ်ကူးကြည့်ရုံဖြင့် သိနိုင်သည်။
ဒိုချီတိုက်ကြီးတစ်ခုလုံးတွင် ဤဆေးလုံးကို ဖော်စပ်နိုင်သူမှာ လက်ချိုးရေတွက်၍ပင် ရနိုင်လောက်အောင် အလွန်ရှားပါးလှသည်။
၎င်း၏ အရေးကြီးဆုံးသော အာနိသင်မှာ "ဖျက်ဆီးပြီးမှ ပြန်လည်တည်ဆောက်ခြင်း" ပင် ဖြစ်သည်။
အကယ်၍ ဤဆေးလုံးကို သုံးစွဲထားသူသည် နောင်တွင် သေလုမြောပါး ဒဏ်ရာများရခဲ့လျှင်ပင် အသက်အန္တရာယ်ကို စိုးရိမ်ရန်မလိုတော့ပေ။ အကြောင်းမှာ ယင်-ယန် နဂါးဆေးလုံး၏ အာနိသင်သည် အလိုလို ပွင့်ထွက်အသက်ဝင်လာပြီး အားအင်သစ်များဖြင့် ပြန်လည်ရှင်သန်နိုင်မည်ဖြစ်သောကြောင့် ဖြစ်သည်။
ယခင်က လေဝိဇ္ဇာ ဖုန်းရှန်းမှာ အဆင့်ခုနစ် ယင်-ယန် နဂါးဆေးလုံးကို သုံးစွဲခဲ့သဖြင့် ခုနစ်နှစ်အတွင်းမှာပင် သိုင်းဘိုးဘေးအဆင့်မှ သိုင်းဝိဇ္ဇာအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ထို့ကြောင့် ဤဆေးလုံး၏ အရေးပါမှုကို အလွယ်တကူ မှန်းဆကြည့်နိုင်ပေသည်။
လက်ရှိတွင် ကျန်းချန်၌ အဆင့်ခြောက် နဂါးမျိုးနွယ်ဝင် မှော်သားရဲအမြုတေ နှစ်ခုမရှိပေ။ အကြောင်းမှာ နဂါးမျိုးနွယ်ဝင် သားရဲများသည် ဒိုချီတိုက်ကြီးတစ်ခုလုံးတွင် အလွန်ရှားပါးပြီး ၎င်းတို့ကို အမဲလိုက်ရန်မှာလည်း မလွယ်ကူသောကြောင့် ဖြစ်သည်။
ခရစ်စတယ်စင်မြင့်ပေါ်တွင် လေလံပစ်သူက ပရိသတ်များ၏ အံ့အားသင့်နေသော မျက်နှာများကို ကြည့်ရင်း ကျေနပ်စွာ ပြုံးလိုက်သည်။ သူက ရွှေရောင်ဆေးလုံးကို လက်ညှိုးညွှန်ပြလျက် "လူကြီးမင်းတို့ခင်ဗျာ... ဒါကတော့ ကျွန်တော်တို့ လေလံပွဲရဲ့ အထူးခြားဆုံးပစ္စည်းဖြစ်တဲ့ အဆင့်ခုနစ် ယင်-ယန် နဂါးဆေးလုံးပဲ ဖြစ်ပါတယ်" ဟု ပြောလိုက်သည်။
ထိုစကားကြောင့် ပရိသတ်များကြားတွင် ဆူညံပွက်လောရိုက်သွားတော့သည်။
ရေတွက်မရနိုင်သော မျက်လုံးအကြည့်များမှာ လျှပ်စီးလက်သကဲ့သို့ပင် ခရစ်စတယ်စင်မြင့်ပေါ်ရှိ တလက်လက်တောက်ပနေသည့် ဆေးလုံးကို လောဘတကြီး စိုက်ကြည့်နေကြသည်။ လူတိုင်းမှာ ဤဆေးလုံးကို ရယူပိုင်ဆိုင်လိုကြသည်။ အကြောင်းမှာ ဤဆေးလုံးကို ရရှိခြင်းက နောင်တစ်ချိန်တွင် ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်ကြောင်း သက်သေပြနေသောကြောင့်ပင် ဖြစ်သည်။
ကျန်းချန်က လက်တစ်ဖက်ဖြင့် မေးထောက်ကာ "နောက်ဆုံးတော့ အဓိကပစ္စည်း ရောက်လာပြီပဲ" ဟု ပြုံးလျက် ဆိုလိုက်သည်။
ထိုအသံကို ကြားသော် မန်တျန်းချီက ဘေးသို့လှည့်ကာ မျက်ခုံးပင့်လျက် "ညီလေး ကျန်းချန်က ဒီအဆင့်ခုနစ် ယင်-ယန် နဂါးဆေးလုံးကို တကယ်ကြိုက်ပုံရတယ်၊ ဒါပေမဲ့ မင်းက သိုင်းသူတော်စင်အဆင့်ကို ရောက်နေပြီသားဆိုတော့ ဤယင်-ယန် နဂါးဆေးလုံးက မင်းအတွက် ဘာမှ အသုံးဝင်မှာ မဟုတ်ဘူးလေ" ဟု မေးလိုက်သည်။
အမှန်စင်စစ် ဤဆေးလုံးမှာ သိုင်းဘိုးဘေးအဆင့်အောက် ရှိသူများအတွက်သာ ထိရောက်မှုရှိပေသည်။ သိုင်းဝိဇ္ဇာအဆင့်အတွက် လိုအပ်သော စွမ်းအင်မှာ အလွန်ကြီးမားလှသဖြင့် သိသာသော တိုးတက်မှုကို ဖြစ်စေရန်မှာ ခဲယဉ်းလှသည်။
"ငါ့မှာ တပည့်နှစ်ယောက်ရှိတယ်၊ ဒါကြောင့် ဒီအဆင့်ခုနစ် ယင်-ယန် နဂါးဆေးလုံးက သူတို့အတွက်ပဲ" ဟု ကျန်းချန်က ဆိုသည်။
ထိုစကားကို ကြားလျှင် မန်တျန်းချီက အသာအယာ ပြုံးလိုက်သည်။ သူတော်စင်တစ်ဦးက တပည့်လက်ခံလိမ့်မည်ဟု သူက မည်သည့်အခါမျှ မတွေးထားခဲ့မိပေ။
ဇီယန်ကတော့ လက်ပိုက်ကာ သူမ၏ မျက်နှာလေးမှာ ဒေါသကြောင့် ဖောင်းကားနေပြီး သူမကိုယ်တိုင်လည်း ထိုဆေးလုံးကို စားချင်နေမိသည်။
"လူကြီးမင်းတို့ခင်ဗျာ... လေဝိဇ္ဇာ ဖုန်းရှန်းအကြောင်းကို ကြားဖူးကြမှာပါ၊ သူဟာ အဆင့်ခုနစ် ယင်-ယန် နဂါးဆေးလုံးကို သုံးစွဲပြီး ခုနစ်နှစ်အတွင်းမှာပဲ သိုင်းဘိုးဘေးအဆင့်ကနေ သိုင်းဝိဇ္ဇာအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်" ဟု လေလံပစ်သူက ပြောသည်။
"ဒါကြောင့် ဒီ အဆင့်ခုနစ် ယင်-ယန် နဂါးဆေးလုံးရဲ့ တန်ဖိုးကို လူတိုင်းသိပြီးသား ဖြစ်ကြမယ်လို့ထင်ပါတယ်" ဟု လေလံပစ်သူက အဓိပ္ပာယ်ပြည့်ဝစွာ ပြုံးကာ "ဒါကြောင့် ဒီဆေးလုံးရဲ့ တန်ဖိုးကို ရွှေဒင်္ဂါးတွေနဲ့ ပေးချေလို့ မရပါဘူး၊ ဒီဆေးလုံးကို ပိုင်ဆိုင်ချင်သူဟာ ဆေးလုံးပိုင်ရှင်အတွက် ကိစ္စနှစ်ခုကို အောင်မြင်စေဖို့ ကူညီပေးရမှာပဲ ဖြစ်ပါတယ်"
"ကိစ္စနှစ်ခုလား" မန်တျန်းချီက မျက်မှောင်ကြုတ်ကာ ကျန်းချန်ကို ကြည့်လိုက်သည်။ သိုင်းသူတော်စင်တစ်ဦးကို ကိစ္စနှစ်ခု ခိုင်းစေနိုင်ရန်မှာ အလွန်ပင် ကြီးကျယ်လှသော ကိစ္စဖြစ်ပေသည်။
သို့သော် ကျန်းချန်က ဘာမှမပြောဘဲ တိတ်ဆိတ်နေလေသည်။ ဤ အဆင့်ခုနစ် ယင်-ယန် နဂါးဆေးလုံးက သူ့အတွက် ထိုကိစ္စနှစ်ရပ်ကို လုပ်ဆောင်ခိုင်းရန် မလုံလောက်ပေ။
ကောင်းကင် မြွေစံအိမ်မှ အကြီးအကဲ ချင်း က ရယ်မောကာ "အကယ်၍ ဆေးလုံးပိုင်ရှင်က ကျွန်တော်တို့ကို မယှဉ်နိုင်တဲ့ အင်အားစုတစ်ခုကို သွားတိုက်ခိုင်းရင်ကော ကျွန်တော်တို့က သူခိုင်းသမျှ လုပ်ပေးရမှာလား" ဟု မေးလိုက်သည်။
"ဟား ဟား ဟား၊ စိတ်ချပါ လူကြီးမင်းတို့... အဲဒီကိစ္စနှစ်ခုဟာ လေလံအောင်သူ လုပ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ ရှိပါလိမ့်မယ်၊ ဒါပေမဲ့ ဒီဆေးလုံးကို ဖော်စပ်နိုင်တဲ့သူဟာ သာမန်လူတော့ မဟုတ်ပါဘူး၊ သူခိုင်းမယ့် ကိစ္စကလည်း လွယ်ကူမှာတော့ မဟုတ်ပါဘူး" ဟု လေလံပစ်သူက ရယ်မောကာ ပြန်လည်ရှင်းပြလိုက်သည်။
ထိုကိစ္စနှစ်ရပ်ကို အမှန်တကယ်ပြီးမြောက်အောင် ကူညီဆောင်ရွက်ပေးနိုင်မည့်သူက အဘယ်သူဖြစ်မည်ဆိုသည်ကိုမူ ဆုံးဖြတ်မည့်သူမှာ လေလံပစ်သူသာ ဖြစ်သည်။
လူတိုင်းမှာ တစ်ယောက်နှင့်တစ်ယောက် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြပြီး မည်သူက ဤဆေးလုံးကို ရရှိသွားမည်ဆိုသည်ကို စဉ်းစားနေကြသည်။
ကျန်းချန်က ပခုံးတွန့်လိုက်ကာ "ဒီအဆင့်ခုနစ် ယင်-ယန် နဂါးဆေးလုံးက ငါ့ကို ကိစ္စနှစ်ခု ကူညီပေးဖို့အတွက်တော့ မလုံလောက်သေးဘူး၊ အဲဒီအစား ငါ့မှာရှိတဲ့ အဆင့်ခုနစ် တီထွင်ဖန်တီးမှုဆေးလုံးနဲ့ပဲ လဲလှယ်မယ်" ဟု ပြောလိုက်သည်။
ကျန်းချန်၏ စကားအဆုံးတွင် လူတိုင်းက သူ့ထံသို့ အကြည့်များ ရောက်ရှိသွားပြီး ဆူညံသံများ ဖုံးလွှမ်းသွားတော့သည်။
အဆင့်ခုနစ် တီထွင်ဖန်တီးမှုဆေးလုံး။
၎င်းမှာ သိုင်းဧကရာဇ် တစ်ဦးကို သိုင်းဘိုးဘေးအဆင့်သို့ တစ်ရာရာခိုင်နှုန်း အောင်မြင်စွာ ရောက်ရှိစေနိုင်သည့် တန်ဖိုးကြီးဆေးလုံး ဖြစ်သည်။ ကျန်းချန်က ဤကဲ့သို့ ရတနာဆေးလုံးကို ထုတ်ပြလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
"ဒါ..."
လေလံပစ်သူသည် အနည်းငယ် အနေရခက်သွားသည်။ သူသည် လေလံအိမ်၏ ဝန်ထမ်းတစ်ဦးသာဖြစ်ပြီး အရာအားလုံးကို ကိုယ်စားပြု၍ မရနိုင်ပေ။ ထို့ကြောင့် မိမိ၏နောက်ကွယ်တွင်ရှိနေသော ဂိုဏ်းချုပ် ယွမ်ရီကို စိုက်ကြည့်လိုက်သည်။
တံခါးရှစ်ပေါက်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ယွမ်ရီသည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မျက်နှာဖုံးစွပ်ထားသည့် ကျန်းချန်ကို စိုက်ကြည့်ရင်း " ညီလေး... မင်း အဆင့်ခုနစ်တီထွင်ဖန်တီးမှုဆေးလုံးထုတ်ပြနိုင်မလား" ဟု မေးလိုက်သည်။
ကျန်းချန်လည်း တုံ့ဆိုင်းမနေဘဲ မိမိ၏ညာဘက်လက်ကို ထုတ်ပြလိုက်သည်။ ကြက်သွေး- ရွှေရောင် ဆေးလုံးသည် လူတိုင်းရှေ့တွင် ပေါ်လာသည်။ ခဏအကြာမှာပင် ယင်-ယန် နဂါးဆေးလုံးမှ ထွက်ပေါ်နေသော ဆေးစွမ်းအင်များပင် လုံးဝ နှိမ်နင်းခြင်း ခံလိုက်ရလေသည်။
တီထွင်ဖန်တီးမှုဆေးလုံးသည် အဆင့်ခုနစ် ဆေးလုံးများထဲတွင် အထွတ်အထိပ်ရတနာတစ်ခုဖြစ်ပြီး ယင်-ယန် နဂါးဆေးလုံးနှင့် တန်းတူနီးပါး ရှိသော်လည်း အသုံးဝင်ပုံမှာ ကောင်းကင်နှင့် မြေကြီးပမာ ကွဲပြားခြားနားလှသည်။
ယခင်ဆေးလုံးက သိုင်းဧကရာဇ်တစ်ဦးကို သိုင်းဘိုးဘေးအဆင့်သို့ အတားအဆီးမရှိ တက်လှမ်းစေနိုင်သော်လည်း နောက်တစ်မျိုးမှာ မွေးနေ့တွင် ဖောက်ဖျက်ရန်လိုအပ်ပြီး၊ တစ်ခုခုမှားသွားပါလျှင် စိတ်နှလုံးပင် ပျက်စီးသွားနိုင်ကာ ယင်-ယန် နဂါးဆေးလုံးလျှင် အသုံးမဝင်နိုင်ပါ။
တံခါးရှစ်ပေါက်ဂိုဏ်း၏ ဂိုဏ်းချုပ် ယွမ်ရီက ကျန်းချန်၏လက်ထဲရှိ ရွှေရောင်ဆေးလုံးကို ကြည့်ကာ တံတွေးမျိုချလိုက်သည်။ သူ၏မျက်လုံးထဲတွင် လောဘရိပ်များ ဖြတ်ပြေးသွားသည်။
သို့သော် ချက်ချင်းပင် စိတ်ကိုထိန်းလိုက်ပြီး နှာခေါင်းကိုင်ကာ "ဒီကိစ္စကိုတော့ ကျွန်တော် ဆေးလုံးပိုင်ရှင်ကို အရင်မေးကြည့်ရပါမယ်၊ ကျွန်တော် တစ်ယောက်တည်း ဆုံးဖြတ်လို့ မရပါဘူး" ဟု ဆိုသည်။
ကျန်းချန်က မငြင်းဘဲ ဆေးလုံးကို ပြန်သိမ်းလိုက်ကာ "ကောင်းပြီ၊ ခင်ဗျား အဆင်ပြေသလိုသာ လုပ်ပါ" ဟု ပြောလိုက်သည်။
တံခါးရှစ်ပေါက်ဂိုဏ်း၏ ခေါင်းဆောင် ယွမ်ရီက ခေါင်းညိတ်ပြကာ ထွက်ခွာသွားတော့သည်။ တစ်ချိန်တည်းမှာပင် သူက လူတိုင်းကို နိုးနိုးကြားကြား စောင့်ကြည့်ရန် အမိန့်ပေးလိုက်သည်။ သူ၏ အမိန့်မရှိဘဲ မည်သူမျှ တံခါးရှစ်ပေါက် လေလံအိမ်မှ ထွက်ခွာခွင့်မရှိကြောင်း၊ အမိန့်ကို ဖီဆန်သူကို အသေသတ်မည်ဖြစ်ကြောင်း ကြိမ်းဝါးလိုက်လေသည်။
အခန်း ၁၂၂ - အဆင့်ခုနစ် တီထွင်ဖန်တီးမှုဆေးလုံး
အချိန်အတန်ကြာပြီးနောက် တံခါးရှစ်ပေါက်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ယွမ်ရီသည် အဆင့်ခုနစ် ယင်-ယန် နဂါးဆေးလုံးကို သိမ်းဆည်းလိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။ “အစ်ကို... ကျွန်တော်တို့ နောက်ကိုသွားပြီး အသေးစိတ် ဆွေးနွေးကြရင် ဘယ်လိုလဲ”
သူ၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် ဤအဆင့်ခုနစ် ယင်-ယန် နဂါးဆေးလုံးကို ထုတ်ယူလာသူသည်လည်း တီထွင်ဖန်တီးမှုဆေးလုံးကို အတော်ပင် စိတ်ဝင်စားနေကြောင်း သိသာလှပေသည်။ သို့မဟုတ်ပါက တံခါးရှစ်ပေါက်ဂိုဏ်း၏ ဂိုဏ်းချုပ်အား ဆေးလုံးကို သိမ်းဆည်းရန် ခွင့်ပြုမည်မဟုတ်ပေ။
လေလံဆွဲရန် စောင့်ဆိုင်းနေကြသူများသည်လည်း စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားကြတော့သည်။ နောက်ဆုံးတွင် သူတို့သည် ချမ်းသာကြွယ်ဝပြီး အာဏာရှိသူများကို မယှဉ်နိုင်တော့သဖြင့် မိမိတို့၏ကံကြမ္မာကို ဆန့်ကျင်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလှပေသည်။
ကောင်းကင်မြွေစံအိမ်မှ အကြီးအကဲ ချင်း သည် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူမ၏ အသံမှာ စွဲမက်ဖွယ်ကောင်းပြီး ချွဲပျစ်နေသော အသံဖြင့် “လူကြီးမင်း... ကျွန်မတို့ ကောင်းကင်မြွေစံအိမ် အလိုရှိတဲ့အရာကို မရခဲ့တာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး၊ အမှောင်ထုလွှမ်းနယ်မြေမှာ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”
အမည်းရောင် ဦးခေါင်းခွံသင်္ချိုင်းဂိုဏ်းမှ မိုအာဟန်သည်လည်း သတိထားကာ လှည့်ထွက်သွားခဲ့သည်။ သူသည် 'သုံးထောင်သော မိုးကြိုးထစ်ချုန်းသံ' ကို လေလံအောင်ထားသဖြင့် မလိုအပ်သော ပြဿနာများ မတက်ခင် ဂိုဏ်းသို့ အမြန်ပြန်ရန် လိုအပ်နေသည်။
သို့သော် အနက်ရောင်ဝတ်ရုံခြုံထားသည့် ဇီယန်သည် သူတို့နောက်သို့ နောက်ယောင်ခံလိုက်နေပြီဖြစ်ကြောင်း သူတို့ မသိရှိကြပေ။ သိုင်းဘုရင်အဆင့်ရှိသည့် ဇီယန်ကို မိုအာဟန်မှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိပေ။
ကျန်းချန်သည် အကြီးအကဲ ချင်းအား ခေါင်းညိတ်ပြလိုက်ပြီး ဒေါသထွက်ခြင်းမရှိဘဲ တံခါးရှစ်ပေါက်ဂိုဏ်း၏ ခေါင်းဆောင်ယွမ်ရီ၏ နောက်သို့ လိုက်ပါသွားခဲ့သည်။
ဤသည်ကို မြင်သောအခါ အကြီးအကဲ ချင်းမှာ အတော်ပင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ “ဒီလူကို တော်တော်လေး ရင်းနှီးသလိုပဲ... သူ ပြောပုံဆိုပုံတွေက... သူနဲ့ ဘာလို့ ဒီလောက်တူနေရတာလဲ”
“အကြီးအကဲ... ကျွန်တော်တို့ ကောင်းကင်မြွေစံအိမ်ကို ပြန်ကြတော့မလား”
အကြီးအကဲ ချင်း သည် မျက်မှောင်ကြုတ်လျက် ကျန်းချန် ထွက်ခွာသွားသည်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ယနေ့ လေလံပွဲတွင် အညတရ ပစ္စည်းအချို့သာ ရရှိခဲ့သဖြင့် ဝါရင့်အကြီးအကဲကြီး၏ ညွှန်ကြားချက်ကို မဖြည့်ဆည်းနိုင်ခဲ့ပေ။ ဤသည်မှာ အမှန်တကယ်ပင် အခက်တွေ့စေသည်။
“ခဏလောက် ထပ်စောင့်ကြည့်ရအောင်၊ တကယ်လို့ အဆင့်ခုနစ် ယင်-ယန် နဂါးဆေးလုံးသာ ငါတို့လက်ထဲ ရောက်လာမယ်ဆိုရင် ငါတို့ အဲ့အချိန်မှ ပြန်ရင်လည်း နောက်မကျသေးပါဘူး”
“ဟုတ်ကဲ့"
………………
တံခါးရှစ်ပေါက်ဂိုဏ်း၏ ဂိုဏ်းချုပ် ယွမ်ရီ၏ ဦးဆောင်မှုဖြင့် ကျန်းချန်နှင့် မန်တျန်းချီတို့သည် အတော်ပင် တိတ်ဆိတ်သည့် အခန်းတစ်ခုသို့ ရောက်ရှိလာကြသည်။
ထိုအခန်းထဲတွင် လူတစ်ယောက် ထိုင်နေသည်။
ထိုသူမှာ အသက် ၃၀ ခန့်သာရှိဦးမည်ဖြစ်ပြီး အတော်ပင် ရုပ်ရည်ချောမောလှသည်။ နှုတ်ခမ်းပါးများမှာ တင်းတင်းစေ့ထားသဖြင့် အေးစက်တည်ငြိမ်သော အသွင်ကို ဆောင်နေသည်။ သို့သော် ဤအချက်ကပင် သူ့ကို ပို၍ စွဲမက်ဖွယ်ကောင်းစေသည်။
သူ၏ ဆံပင်အရှည်မှာ ပုခုံးပေါ်သို့ ဝဲကျနေပြီး ခန္ဓာကိုယ်မှ ထူးခြားသော ဆေးနံ့များ အမြဲတမ်း ထွက်ပေါ်နေသဖြင့် လူများကို ဆွဲဆောင်မှုရှိစေသည်။
ဝတ်ဆင်ထားသော မိုးပြာရောင် ဝတ်ရုံ၏ ရင်ဘတ်တွင် ရှေးဟောင်း ဆေးဖိုတံဆိပ်နှင့်အတူ အဆင့်ခြောက် မှော်ဆေးဆရာ ဖြစ်ကြောင်း ဖော်ပြသည့် ရွှေရောင်မျဉ်း ခြောက်ကြောင်း ပါရှိသည်။ ဝတ်ရုံ၏ နောက်ကျောတွင်မူ ‘ဖုန်း’ ဟူသော စာလုံးကို သေသေသပ်သပ် ထိုးထားသည်။
ကျန်းချန်သည် ထိုစာလုံးကို မြင်လိုက်ရုံဖြင့် ဤသူမှာ အမှောင်ထုလွှမ်းနယ်မြေ၏ ဆေးဘုရင် ဟန်ဖုန်း ဖြစ်ကြောင်း အသေအချာ သိလိုက်သည်။ မန်တျန်းချီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး “ဟန်ဖုန်း ဖြစ်နေတာကိုး။ ဒီအဆင့်ခုနစ် ယင်-ယန် နဂါးဆေးလုံးက သူ့ဆရာ ယောင်လောင် ဖော်စပ်ထားတာ ဖြစ်မှာပဲ၊ ဒါကို လေလံတင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး” ဟု စိတ်ထဲမှ တွေးနေမိသည်။
ဟန်ဖုန်းသည် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ပြီး ကျန်းချန်နှင့် မန်တျန်းချီကို ခေါင်းအစ ခြေအဆုံး စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ တစ်စုံတစ်ရာ ထူးခြားမှု မရှိသည်ကို တွေ့သောအခါ သူက ပြုံးလျက် “ခင်ဗျားတို့ရဲ့ အသွင်အပြင်က သာမန်တော့ မဟုတ်ဘူး၊ အနောက်မြောက်တိုက်ကြီးက လူတွေတော့ မဟုတ်လောက်ဘူး” ဟု ပြောလိုက်သည်။
မန်တျန်းချီက “ဒါ မင်းနဲ့ မဆိုင်ဘူး” ဟု ဦးစွာ ဝင်ပြောလိုက်သည်။
ဟန်ဖုန်းမှာ အံ့အားသင့်သွားသော်လည်း “ကောင်းပါပြီ... ကျွန်တော် ပြောတာ လွန်သွားပုံရတယ်၊ တံခါးရှစ်ပေါက်ဂိုဏ်းချုပ် ယွမ်ရီဆီက ကြားတာတော့ ခင်ဗျားတို့က အဆင့်ခုနစ် တီထွင်ဖန်တီးမှုဆေးလုံးနဲ့ ကျွန်တော့်ရဲ့ ယင်-ယန် နဂါးဆေးလုံးကို လဲလှယ်ချင်တယ်ဆိုတာ ဟုတ်ပါသလား” ဟု မေးမြန်းလိုက်သည်။
ကျန်းချန်သည် စကားအရှည်ကြီး မပြောတော့ဘဲ တီထွင်ဖန်တီးမှုဆေးလုံးကို ထုတ်ပြလိုက်သည်။ ဟန်ဖုန်းသည် ဆေးလုံးကို မြင်လိုက်ရသည်နှင့် မျက်လုံးထဲတွင် လောဘရိပ်များ ဖြတ်ပြေးသွားခဲ့သည်။ သူသည် ဤဆေးလုံးကို အရင်က တစ်ကြိမ်သာ မြင်ခဲ့ဖူးသဖြင့် ယခု ထပ်မံမြင်တွေ့ရချိန်တွင် အလွန်ပင် မက်မောသွားခဲ့သည်။
“ဒါ အမှန်တကယ်ပင် အဆင့်ခုနစ် တီထွင်ဖန်တီးမှုဆေးလုံးပဲ၊ ဟဲ ဟဲ... ညီလေးလည်း ယင်-ယန် နဂါးဆေးလုံးရဲ့ တန်ဖိုးကို သိမှာပါ၊ တီထွင်ဖန်တီးမှုဆေးလုံး တစ်လုံးတည်းနဲ့တော့ မလောက်လောက်ဘူး ထင်တယ်”
ကျန်းချန်သည် မန်တျန်းချီအား တားဆီးလိုက်သည်။ အကယ်၍ အခြားသော သိုင်းသူတော်စင် ပညာရှင်တစ်ဦးသာ ဖြစ်ပါက ချက်ချင်း လုယူလိုက်ပေမည်။ သို့သော် သူသည် ကွန်ဖြူးရှပ်ပညာရှိတစ်ဦး ဖြစ်သဖြင့် လူအများရှေ့တွင် ဆေးလုံးကို လုမယူလိုပေ။
ကျန်းချန်က တည်ငြိမ်စွာဖြင့် “ကျွန်တော့်မှာ ဒီဆေးလုံး တစ်လုံးပဲ ရှိတယ်၊ ခင်ဗျား မကျေနပ်ရင်လဲ အလဲအလှယ်လုပ်ဖို့ မလိုဘူး၊ အဆင့်ခုနစ် ယင်-ယန် နဂါးဆေးလုံးက ကောင်းတာ မှန်ပေမဲ့ တီထွင်ဖန်တီးမှုဆေးလုံးနဲ့ ဘယ်ဟာက ပိုအရေးကြီးလဲဆိုတာ ခင်ဗျားသိမှာပါ၊ ပြီးတော့ ခင်ဗျားက အခု ကြယ်ကိုးပွင့် သိုင်းဧကရာဇ်အဆင့်ကို ရောက်နေပြီ၊ သိုင်းဘိုးဘေးအဆင့်ကို ရောက်ဖို့ မလိုချင်ဘူးလား” ဟု ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ ဟန်ဖုန်း၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူသည် သူ၏ အစွမ်းကို အမြဲတမ်း ဖုံးကွယ်ထားသော်လည်း တစ်ဖက်လူက အလွယ်တကူ သိမြင်သွားသဖြင့် ဤသူမှာ သိုင်းဘိုးဘေးအဆင့် ပညာရှင်တစ်ဦး ဖြစ်နိုင်ကြောင်း သတိထားလိုက်မိသည်။
ဟန်ဖုန်းသည် တစ်ဖက်လူမှာ အတော်ပင် အင်အားကြီးမားကြောင်း သိလိုက်ရသဖြင့် “ဟဲ ဟဲ... စီနီယာ... ကျွန်တော် နောက်လိုက်တာပါ၊ ခွင့်လွှတ်ပေးပါ" ဟု ရယ်ရယ်မောမောပြောလိုက်သည်။
"ဒါဆိုရင် ဒီအဆင့်ခုနစ် ယင်-ယန် နဂါးဆေးလုံးနဲ့ လဲလှယ်ကြရအောင်” ဟု ဆိုကာ ဆေးလုံးဘူးကို ရိုသေစွာဖြင့် ကမ်းပေးလိုက်သည်။ ရှင်းနေသည်မှာ သူသည် သိုင်းဘိုးဘေးအဆင့် ပညာရှင်တစ်ဦးကို စိတ်အနှောင့်အယှက်ဖြစ်အောင် မပြုလုပ်ဝံ့ပေ။ ထို့ပြင် အဆင့်ခုနစ်ဆေးလုံးထုတ်ယူနိုင်သော သိုင်းဘိုးဘေးအဆင့် ရှိသူ တစ်ဦး၏နောက်ကွယ်တွင် ဖြုံလောက်သော အဖွဲ့အစည်းတစ်ခုရှိရမည်ဖြစ်၍ သူ အတော်လေး သတိထားရမည်ဖြစ်သည်။
မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန်။
ကျန်းချန်သည် ယင်-ယန် နဂါး ဆေးလုံးကို ယူလိုက်ပြီး အဆင့်ခုနစ် တီထွင်ဖန်တီးမှုဆေးလုံးကို ပေးအပ်လိုက်သည်။
“အပေးအယူ ပြီးပြီဆိုတော့ ကျွန်တော်တို့ သွားတော့မယ်”
သူတို့ ထွက်ခွာရန် ဟန်ပြင်လိုက်စဉ် ဆေးဘုရင် ဟန်ဖုန်းက ရုတ်တရက် “စီနီယာ ခဏလောက် စောင့်ပါဦး” ဟု ပြောလိုက်သည်။
“ဘာကိစ္စ ရှိသေးလို့လဲ"
“ကျွန်တော်က အမှောင်ထုလွှမ်းနယ်မြေရဲ့ ဆေးဘုရင် ဟန်ဖုန်းပါ၊ စီနီယာ့ နာမည်ကို သိခွင့်ရှိမလား”
ဟန်ဖုန်းသည် တစ်ဖက်လူက မည်သူမည်ဝါဖြစ်ကြောင်း သိချင်သေးသည်။ ထိုသူတို့နှင့် ညှိနှိုင်း၍ ရနိုင်ပါလျှင် အနာဂတ်တွင် အနောက်မြောက်တိုက်ကြီး၌ အခြေတကျ နေထိုင်နိုင်အောင် လုပ်ပေးမည်ဖြစ်သည်။
ကျန်းချန်က “စိတ်မကောင်းပါဘူး၊ ကျွန်တော်က လွတ်လွတ်လပ်လပ် နေတတ်သူမို့ နာမည်ကို မပြောချင်ပါဘူး၊ နှုတ်ဆက်ခဲ့ပါတယ်” ဟု ဆိုကာ ထွက်ခွာသွားခဲ့သည်။
ဟန်ဖုန်းသည် သူတို့နှစ်ယောက်ထွက်ခွာသွားသည်ကိုကြည့်ရင်း သက်ပြင်းချလိုက်ပြီး လက်ထဲရှိ အဆင့်ခုနစ်ဆေးလုံးကို သူ၏သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်သည်။ ထို့နောက် ယွမ်ရီအား “ဒီတစ်ခါ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ကတိမပျက်စေရပါဘူး” ဟု ပြောကြားခဲ့သည်။
တံခါးရှစ်ပေါက်ဂိုဏ်း၏ ခေါင်းဆောင် ယွမ်ရီသည် "မင်းရဲ့အပြောကို ငါသိပါတယ်၊ ဆေးလုံးကို အောင်မြင်အောင် သန့်စင်ပြီးရင် တစ်ယောက်ယောက်ကို ပို့ခိုင်းဖို့ပဲ လိုတယ်" ဟု ပြုံးလျက် ပြောလိုက်သည်။
ဟန်ဖုန်းက ခေါင်းညိတ်လိုက်ပြီး ကျန်းချန်နှင့် အခြားတစ်ယောက် ထွက်ခွာသွားသော နောက်ကျောကို အဓိပ္ပာယ်အပြည့်နှင့် ကြည့်ရင်း လှည့်ထွက်လိုက်သည်။ သူသည် ဤဆေးကို အသုံးပြု၍ သိုင်းဘိုးဘေးအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားရန် လိုအပ်ပေသည်။ သို့မှသာ အကြီးအကဲ ဂျင်နှင့် ယင် တို့ကို စိုးရိမ်ရန် မလိုတော့ပေ။
ယခု ကျားနန် အကယ်ဒမီကျောင်း၏ ထူးခြားဆန်းကြယ်မီးတောက်မှာ မရှိတော့သဖြင့် သူသည် ဤနေရာတွင် ဆက်နေရန် မလိုအပ်တော့ပေ။ သူ၏ စွမ်းအားကို မြှင့်တင်ရန်အတွက် အခြားသော မီးတောက်များကို ရှာဖွေရပေဦးမည်။
သူသည် မီးတောက်ကျင့်စဉ်၏ အကူအညီမရှိသော်လည်း သူ၏ ပါရမီကြောင့် အချို့သော လှည့်ကွက်များကို သိရှိထားသူ ဖြစ်ပေသည်။ ထိုသို့မဟုတ်ပါက ကျားနန်အကယ်ဒမီကျောင်းမှ ထူးဆန်းသောမီးတောက်ကို ဤမျှလောက် စွဲလန်းလိမ့်မည် မဟုတ်ပေ။