← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း ၁၅၉

ပျော်ရွှင်စရာ အားလပ်ရက်များ

တန်ယန်သည် အန်တီဖြစ်သူအား ပြောပြခဲ့သည့်အတိုင်း ကျောင်းဆောင်တွင်ပဲ နေမည်လား သို့မဟုတ် အပြင်မှာ အခန်းငှားနေမည်လား ဆိုသည်ကို လီရှူးယောင်းကိုယ်တိုင် ဆုံးဖြတ်နိုင်ရန် ထပ်မံ ပြောပြခဲ့သည်။

လီရှူးယောင်းက ခဏမျှ စဉ်းစားပြီးနောက် -

"အဲဒီက ကျောင်းဆောင်မှာပဲ နေရတာက အစ်မအတွက် ပိုပြီး အဆင်ပြေမှာပါ ကျောင်းနဲ့လည်း စကားပြောထားပြီးပြီ အလဲအလှယ် အစီအစဉ်နဲ့လာတဲ့ ကျောင်းသားတွေအတွက် အဆောင်တွေ ရှိတယ်လေ တကယ်လို့ အဆောင်မှာနေရတာ အသားမကျဘူး ဆိုရင်တော့ အခန်းရှာဖို့ ညီမလေးဆီ အကူအညီ ထပ်တောင်းပါ့မယ်"

တန်ယန်က ခေါင်းငြိမ့်ပြကာ -

"ကောင်းပါပြီ"

ကာရင်းနှင့် ဆက်သွယ်ရန် အချက်အလက်များကို ပေးလိုက်ပြီး တစ်ခုခု လိုအပ်ပါက ကာရင်းထံ အကူအညီ တောင်းနိုင်ကြောင်းလည်း ပြောပြထားလိုက်သည်။

ထန်ယန်၏ မိခင်သည် ပြင်ဆင်လာသော လက်ကောက်ကို ထုတ်ယူကာ လီရှူးယောင်းအား ပေးလိုက်ပြီး -

"ဒါက သမီးအတွက် မွေးနေ့လက်ဆောင်ကို ကြိုပေးတာ ပညာရေးမှာလည်း ထူးချွန်ပြီး တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးတယ်နော်"

ဟု အနက်ရှိုင်းဆုံး ဆုတောင်းစကား ဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် အန်တီ"

လီရှူးယောင်း လက်ဆောင်ဘူးကို ယဉ်ကျေးစွာဖြင့် လက်ခံယူလိုက်၏။

"ဖွင့်ကြည့်ပါဦး အစ်မ၊ ကြိုက်ရဲ့လားလို့"

ဟု တန်ယန်က ဘေးမှ ချက်ချင်း တိုက်တွန်းလိုက်သည်။

လီရှူးယောင်း လက်ဆောင်ဗူးကို ဖွင့်လိုက်သောအခါ အိမ်တွင်းရှိ သိပ်မလင်းလှသော နေရောင်အောက်တွင်ပင် တောက်ပသော အနီရောင်အဆင်းက သူမ၏ မျက်ဝန်းထဲသို့ တိုးဝင်လာခဲ့သည်။ မည်သည့်အမျိုးသမီးမဆို ရတနာ ပစ္စည်းများ၏ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ကြရာ လီရှူးယောင်းမှာလည်း အပါအဝင်ပင်။

"တော်တော်လှတာပဲ"

သူမသည် တန်ယန်၏အမေကို အားနာသလို ကြည့်လိုက်ပြီး -

"ဒါပေမဲ့ ဒါက အရမ်းတန်ဖိုးကြီးလွန်းတော့ အပြင်မှာ ဝတ်ဖို့တောင် မဝတ်ရဲဘူး ဖြစ်နေတယ်"

တန်ယန်၏မိခင်က သူမကို ချစ်ခင်မြတ်နိုးစွာ ကြည့်လျက် -

"သမီးအမေက သမီးဝတ်ဖို့ လက်ဝတ်ရတနာတွေ ပိုဝယ်ပေးရတော့မှာပဲ အသားကျသွားရင်တော့ ဒီလို ခံစားရတော့မှာ မဟုတ်ပါဘူး နောက်ကျရင်လည်း အန်တီက နှစ်တိုင်း ဝယ်ပေးဦးမှာ"

"ဟုတ်ပါ့၊ ဟုတ်ပါ့၊ နင့်အန်တီကတော့ အကောင်းဆုံးပဲ"

ဟု ရယ်မောရင်း ပြောလိုက်သည်။

"ငါတို့က မဝယ်ပေးချင်လို့ မဟုတ်ပါဘူးအေ၊ သတိမထားမိကြလို့ပါ ငါနဲ့ သူ့အဖေနဲ့ကလည်း အလုပ်သဘောအရ ဒီလိုအရာတွေ သိပ်မလိုတော့လေ ယန်ယန်ပေးတဲ့ကား ဆိုရင်တောင် အမေးအမြန်း ခံနေရတာ ကြာလှပြီ"

"ဟဲဟဲ... နောက်ဆိုရင် အစ်မရှူးယောင်းရဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေ အားလုံးကို ကျွန်မပဲ တာဝန်ယူပါ့မယ်"

တန်ယန်သည် ခေါင်းတခါခါဖြင့် တမင်တကာ ဝင့်ဝင့်ကြွားကြွားဟန် လုပ်ပြလိုက်ရာ အားလုံးကို ရယ်မောသွားစေသည်။

"အန်တီနဲ့ယန်ယန်... နှစ်ယောက်လုံးကို ကျေးဇူးအများကြီး တင်ပါတယ်နော်"

လီရှူးယောင်း လက်ကောက်ကို သေသေချာချာ ပြန်သိမ်းဆည်းရင်း ကျေးဇူးတင်စကား ဆိုလိုက်သည်။

သားအမိနှစ်ယောက်မှာ အန်တီဖြစ်သူ၏အိမ်တွင် အားနာပါးနာနှင့် ကပ်စားရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ အိမ်မှာလည်း အားလုံးအဆင်သင့် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ အန်တီဖြစ်သူ၏အိမ်မှ ပြန်လာသောအခါ တန်ယန်သည် ခြံတံခါးဝမှနေ၍ ချောင်းကြည့်နေကြသော 'ယိတျန်တျန်' နှင့် 'တိုတို' တို့ကို တွေ့လိုက်ရသည်။

သူမပြေးသွားပြီး တံခါးဖွင့်ပေးကာ ခွေးလေးနှစ်ကောင်၏ နူးညံ့သော ဦးခေါင်းလေးများကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

"အမေ... သမီး သူတို့နှစ်ကောင်ကို အပြင်ခေါ်သွားပြီး လမ်းလျှောက်လိုက်ဦးမယ်၊ ခဏနေရင် ပြန်လာခဲ့မယ်နော်"

"အေးအေး... သတိထားသွားဦး"

ခွေးနှစ်ကောင်လုံးကို သံကြိုးပတ်ကာ လူနေရပ်ကွက် အတွင်းရှိ ကန်ဘောင်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် လူအများကို သိပ်မတွေ့ရပေ။

ကန်ဘေးရှိ မြက်ခင်းပြင်သို့ ရောက်သောအခါ တန်ယန် ခွေးနှစ်ကောင်လုံးကို လွှတ်ပေးလိုက်ပြီး ခဏတာ လွတ်လွတ်လပ်လပ် ပြေးလွှားခွင့် ပေးလိုက်သည်။ 'တိုတို' ကတော့ ပြေးလွှားဆော့ကစားဖို့ လိုအပ်သော်လည်း 'ယိတျန်တျန်' မှာမူ အဘိုးကြီးတစ်ယောက် ကဲ့သို့ပင် ခြေတိုလေးများကို လှုပ်ခါလျက် မြက်ခင်းပြင်ပေါ်တွင် အေးအေးလူလူ လမ်းလျှောက်နေ၏။

အေးမြပြီး မြက်နံ့သင်းပျံ့နေသော လေထုကို ပြင်းပြင်းရှူရှိုက်လိုက်ရာ တန်ယန်၏စိတ်မှာ ထူးထူးခြားခြား ကြည်လင် လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ S မြို့တော်၏ ဆောင်းရာသီမှာ အလွန်အမင်း အေးစိမ့်ခြင်းမျိုး မရှိသော်လည်း စိုထိုင်းဆမှာ အလွန်မြင့်သည်။

သူမ အွန်လိုင်းပေါ်တွင် ဟာသတစ်ခု ဖတ်ဖူးသည်မှာ ‘မြောက်ပိုင်းက အအေးဒဏ်မှာ 'ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု' ဖြစ်ပြီး အင်္ကျီတွေ အထပ်ထပ် ဝတ်ရုံဖြင့် အဆင်ပြေနိုင်သော်လည်း တောင်ပိုင်းက အအေးဒဏ်မှာမူ 'မှော်အတတ်ဖြင့် တိုက်ခိုက်မှု' ဖြစ်ရာ အင်္ကျီ ဘယ်နှစ်ထပ်ပဲဝတ်ဝတ် အအေးဒဏ်ကို မကာကွယ်နိုင်’ ဟူ၍ ဖြစ်သည်။ မြောက်ပိုင်းသားများက ဆောင်းရာသီကို အပူပေးစက်များဖြင့် ဖြတ်သန်းကြသော်လည်း တောင်ပိုင်းသားများမှာမူ ၎င်းတို့၏ 'အတွင်းအား' များကိုသာ အားကိုးကြရသည်။

ခွေးနှစ်ကောင်နှင့်အတူ အိမ်ပြန်ရောက်ပြီးနောက် ခြေထောက်များကို ဆေးကြောပေးပြီးချိန်တွင် နေ့လယ်စာမှာ အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ တန်ယွီ မျက်ကွင်းညိုကြီးများဖြင့် အောက်ထပ်သို့ ဆင်းလာကာ ထမင်းစားစဉ် မိခင်ဖြစ်သူ၏ ဆုံးမခြင်းကို ခံလိုက်ရတော့သည်။

"ဒီကလေး... တစ်နေ့တစ်နေ့ ဘာတွေလုပ်နေတာလဲ အားလပ်ရက်မှာ ဒီလိုပဲ အလေလိုက်နေတာလား နင့်မျက်ကွင်းတွေက ပန်ဒါဝက်ဝံ မျက်လုံးတွေလိုပဲ"

ဟု အမေက ပြောလိုက်သော်လည်း သားဖြစ်သူအတွက် စိတ်မကောင်း ဖြစ်နေမိသည်။ သူမသည် ကြက်စွပ်ပြုတ် တစ်ပန်းကန်ကို ခပ်ပေးကာ -

"ဒါလေးသောက်ပြီးရင် အခန်းပြန်ပြီး အိပ်လိုက်ဦး"

ဟု ပြောလိုက်၏။

တန်ယန်မှာ စွပ်ပြုတ်သောက်ရင်း ခေါင်းငုံ့ထားသော်လည်း စိတ်ထဲတွင်မူ တန်ယွီတစ်ယောက် ဘာတွေဖြစ်နေလဲ ဆိုသည်ကို တွေးတောနေမိသည်။ သူ ကျောင်းလစ်ပြီး ဂိမ်းဆော့နေသည်ကို တွေ့ရှိခဲ့စဉ်က သူမ သတိပေးခဲ့ဖူးသည်။ အခုတော့ အခြေအနေက ပိုဆိုးသွားသည်လား။

ထမင်းစားပြီးနောက် တန်ယွီ အိပ်ရေးဝအောင် ပြန်အိပ်ရန် အခန်းထဲသို့ ဝင်သွားပြီး တန်ယန်မှာမူ မိခင်ဖြစ်သူနှင့် ခဏတာ စကားပြောပြီးနောက် အပေါ်ထပ်သို့ တက်လာခဲ့သည်။

သူမ၏ အခန်းထဲတွင် စာခဏဖတ်ပြီးနောက် တန်ယွီ၏ အခန်းဘက်သို့ သွားကြည့်လိုက်သည်။ သူမ မျှော်လင့်ထားသလို သူက ဂိမ်းမဆော့နေဘဲ စာကြည့်နေသည်ကို တွေ့ရသဖြင့် အံ့သြသွားရလေသည်။

တန်ယွီအသံကြား၍ လှည့်ကြည့်လိုက်ရာ တံခါးဝတွင် ရပ်နေသည့် တန်ယန်ကို တွေ့သွားပြီး

"အစ်မ... ကျွန်တော် ဂိမ်းဆော့နေတာ မဟုတ်ဘူးနော်" ဟု အားကိုးတကြီးနှင့် ပြောလိုက်ပါသည်။

"အစ်မက မောင်လေးကို စိတ်ပူလို့ပါ စာကျက်နေရင်းနဲ့ ကျန်းမာရေးကိုတော့ ဂရုမစိုက်ဘဲ မနေနဲ့လေ ကြည့်စမ်း... လူကလည်း နွမ်းနယ်နေတာပဲ ငါ့ရဲ့ ချောမောလှတဲ့ မောင်လေး ဘယ်ပျောက်သွားပါလိမ့်"

တန်ယန်က ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။

"စိတ်မပူပါနဲ့၊ ကျွန်တော် အထက်တန်းဝင်ခွင့် စာမေးပွဲပြီးမှပဲ ဂိမ်းပြန်ဆော့တော့မယ်"

"အစ်မထင်တာကတော့ မောင်လေးအနေနဲ့ အရာရာကို တစ်ပြိုင်တည်း စီမံခန့်ခွဲနိုင်စွမ်း ရှိနေသရွေ့ အဆင်ပြေပါတယ် ဒါကို အရင်ကလည်း အစ်မပြောဖူးသားပဲ"

တန်ယန်ကိုယ်တိုင်လည်း ဤကဲ့သို့ အခြေအနေမျိုးကို ဖြတ်သန်းခဲ့ရသဖြင့် တန်ယွီကို တစ်ခုတည်း အပေါ်မှာပဲ အာရုံမစိုက်ခိုင်းချင်ပေ။ အဆိုးဆုံး အခြေအနေ ဖြစ်လာလျှင်တောင် သင်ယူရတာ ပိုလွယ်ကူစေမည့် ဉာဏ်ပညာအသီးလိုမျိုး တစ်ခုခု ရှာပေး၍ရသည်။

တန်ယွီမှာ တကယ်ကို စိတ်လှုပ်ရှားသွားပြီး

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်မမ"

လိမ္မာယဉ်ကျေးပြီး ချစ်စရာကောင်းသော မောင်လေးကိုကြည့်ပြီး စိတ်ကြည်လင်စွာနှင့်ပင် အခန်းသို့ ပြန်လာခဲ့သည်။ ယနေ့လို ရာသီဥတုမျိုးမှာ ဂိမ်းဆော့ရန် အကောင်းဆုံးဖြစ်သည်။

တန်ယန် "ဘုရင်များ၏ ဘုန်းကျက်သရေ" ဂိမ်းကို ဖွင့်လိုက်သောအခါ မဆော့တာ ကြာပြီဖြစ်သည့်အတွက် စကင်အသစ်တွေ အများကြီး ထွက်နေတာကို တွေ့လိုက်ရသည်။ သူဌေးမလေးပီပီ ပထမဆုံးလုပ်သည့် အလုပ်မှာတော့ ထိုစကင်များကို အကုန်ဝယ်လိုက်ခြင်းပင်။

တစ်ယောက်တည်း မဆော့ချင်တာကြောင့် လော်ဘီထဲက လူငါးယောက်အဖွဲ့ထဲကို ဝင်လိုက်သည်။

【ရှီရှီ လစ်တဲလ် ခရုတီ】: ငါးယောက်မြောက်က ဘယ်နေရာမှာ ဆော့မှာလဲ မိုက်ဖွင့်လို့ရလား။

【ဘေဘီရှီရှီ】: ဘေဘီ... မင်းအသံလေးက တကယ်ကို နားထောင်လို့ ကောင်းတာပဲ။

【ရှီရှီ လစ်တဲလ် ခရုတီ】: ဟီးဟီး ဘေဘီ... မင်းအသံလေးကလည်း အရမ်းသာယာတာပဲ၊ မင်း ငါ့ကို 'ဘေဘီ' လို့ ခေါ်တာကို သိပ်သဘောကျတာပဲ။

တန်ယန်မှာတော့ ကြိုတင်ပြင်ဆင်မှု မရှိဘဲ ထိုစုံတွဲ၏ ချိုမြိန်မှုတွေကြားမှာ ကြက်သီးတွေပင် ထသွားရသည်။ သူမ၏ ဂိမ်းအိုင်ဒီကိုလည်း "ဆွိအန်ဆော့လ်တီ" ဟု ပြောင်းလိုက်သည်။

【ဆွိအန်ဆော့လ်တီ】: ကျွန်မ မိုက်ဖွင့်လို့ ရပါတယ်၊ ဖွင့်လိုက်ကြစို့။

【ရှီရှီ လစ်တဲလ် ခရုတီ】: မိန်းကလေးလား၊ ဒါဆိုရင်တော့ နိုင်ဖို့ခက်မယ် ထင်တယ်နော်။

【တော့ပ်လန်နာ】: ဘာက ခက်ရမှာလဲ နင်ကရော မိန်းကလေး မဟုတ်ဘူးလား မြန်မြန်စပါတော့၊ အချိန်ဆွဲမနေနဲ့တော့။

【ရှီရှီ လစ်တဲလ် ခရုတီ】: ဒါပေမဲ့ အဖွဲ့တစ်ဖွဲ့မှာ မိန်းကလေး တစ်ယောက်ဆိုရင် လုံလောက်ပြီလေ၊ နောက်တစ်ယောက် ပါလာရင် နိုင်ဖို့ခက်သွားမှာပေါ့။

【ဘေဘီရှီရှီ】: အဆင်ပြေပါတယ် ဘေဘီရယ်၊ မင်းကို အနိုင်ရအောင် ဆွဲခေါ်သွားမှာပေါ့။

【ဆွိအန်ဆော့လ်တီ】: ကျွန်မကတော့ လိုအပ်တဲ့ နေရာမှာ ဝင်ဆော့ပေးနိုင်ပါတယ်။

【ရှေ့တန်းမှ လေးသမား】: "မြန်မြန်စပါတော့ဗျာ အခုမှပဲ V10 သူဌေးမလေးနဲ့ ဆုံရတာ၊ သူပိုင်တဲ့ စကင်လေးတွေကို အားကိုးပြီး ကပ်ပါရစေဦး"

ထိုမိန်းကလေးမှာ စကားဆက်မပြောတော့ဘဲ "ဂိမ်းပွဲကိုစတင်ပါ" ကို နှိပ်လိုက်လေသည်။ ဂိမ်းထဲသို့ ရောက်ရှိပြီး ဟီးရိုးရွေးချယ်သည့် အချိန်တွင်မူ ချစ်စဖွယ် "ရှီးရှီး" မှာ ထပ်မံ၍ ဂျီကျပြန်တော့သည်။

【အပေါ်လမ်းလူ】: "V10 မမပဲ ... အလယ်လမ်းက ဆော့လိုက်ပါ"

【ဆွိအန်ဆော့လ်တီ】: "ကောင်းပါပြီ"

【ရှီရှီ လစ်တဲလ် ခရုတီ】: "သူက ဘာလို့ အလယ်လမ်းမှာ ဆော့ရမှာလဲ ငါလည်း အလယ်လမ်းကပဲ ဆော့တတ်တာကို"

【အပေါ်လမ်းလူ】: "နင်က ပံ့ပို့တာလောက်ပဲ လုပ်ပေးလို့ မရဘူးလား နင့်ရဲ့ ဘေဘီနောက်ကနေ တကောက်ကောက် လိုက်လို့ရတာပေါ့"

【ဘေဘီရှီရှီ】: "ငါက အလယ်လမ်းပဲ ဆော့တတ်တာလေ၊ ငါက ဘာလို့ အလယ်လမ်းမှာ မဆော့ရမှာလဲ?"

【ဆွိအန်ဆော့လ်တီ】: "ဒါဆိုလည်း နင်ပဲ အလယ်လမ်းက ဆော့လိုက်ပါ၊ ငါ တောထဲဝင်လိုက်မယ်"

【ရှီးရှီးလေး】: "နင်က ဂျန်ဂဲလ်ထဲ ဝင်မယ်ဆိုရင် ဒီပွဲ ငါတို့ ရှုံးမှာပေါ့"

【ဆွိအန်ဆော့လ်တီ】: "ဟမ်"

【ဘေဘီရှီရှီ】: "ငါကတော့ ဘေးလမ်းကပဲဆော့မယ်"

【အပေါ်လမ်းလူ】: "ကောင်းပြီ၊ ဒါဆို ငါပဲ ပံ့ပိုးတာ လုပ်ပေးမယ် ကဲ... V10 အမျိုးသမီး ဂျန်ဂဲလ်သမားကြီးရေ... စပါတော့"

တန်ယန်သည် 'ကျင့်ချန်' အမည်ရှိ စစ်သည်တော် ဂျန်ဂဲလ်ဟီးရိုးကို ရွေးချယ်လိုက်သည်။ ဤဟီးရိုးမှာ မာနာ အသုံးအလွန်များသူ ဖြစ်သဖြင့် ဂိမ်းစတင်သည်နှင့် သူမသည် မိမိ၏ အပြာရောင် ဘတ်ဖ်ဧရိယာ အတွင်းသို့ ဟီးရိုးကို ထိန်းကျောင်းကာ ဝင်ရောက်သွားလေသည်။

သူတို့အဖွဲ့၏ ပံ့ပိုးသူဖြစ်သူ 'မင်းသမီးနူးနူး' မှာ ဂိမ်းအစတွင် အလယ်လမ်းမှ 'ချောင်ချောင်' နှင့်အတူ လမ်းကြောင်းရှင်းလင်းရေး စတင်ပြုလုပ်သည်။ လမ်းကြောင်းရှင်းပြီးနောက် 'မင်းသမီးနူးနူး' သည် အနီရောင် ဘတ်ဖ်ဧရိယာဘက်သို့ သွားကြည့်ရာ ရန်သူ့ဂျန်ဂဲလ်သမားက ဘတ်ဖ်ကို လာရောက် ခိုးယူနေသည်ကို တွေ့လိုက်ရသဖြင့် အလယ်လမ်းလူအား ရန်သူကို သွားရောက်နှောင့်ယှက်ရန် အချက်ပြလိုက်သည်။

အခန်း (၁၆၀)

စခန်းချခရီး ထွက်ချင်တယ်

သို့သော် 'ချောင်ချောင်' မှာမူ အနီရောင်ဘတ်ဖ် နယ်မြေသို့ လာရောက်ကူညီခြင်း မပြုဘဲ လမ်းကြောင်းပြောင်းကာ ထိပ်တိုက်တွေ့ဆုံရာ လမ်းဘက်သို့သာ ထွက်ခွာသွားသည်။

တန်ယန် အပြာရောင်ဘတ်ဖ်ကို သုတ်သင်ပြီးနောက် ရန်သူ့ဘက်မှ အနီရောင်ဘတ်ဖ် နယ်မြေသို့ ချက်ချင်းပင် လှည့်ဝင်လိုက်သည်။ သူမသည် ရန်သူ့ဘတ်ဖ်ကို လျင်မြန်စွာ သိမ်းပိုက်ပြီးသည်နှင့် အလယ်လမ်းသို့ ဦးတည်လိုက်တော့၏။

ထိုအချိန်တွင် သူတို့အဖွဲ့မှ 'ချောင်ချောင်' မှာ အပေါ်လမ်း၌သာ အချိန်ဆွဲနေဆဲဖြစ်ရာ တန်ယန် အလယ်လမ်းရှိ စစ်သည်တော်များကို တိုက်ခိုက်ရှင်းလင်းရင်း ရန်သူ့အလယ်လမ်းမှ လူကိုပါ အောင်မြင်စွာ သုတ်သင်နိုင်ခဲ့ပြီး ပထမဆုံးအနိုင်ကို ရယူနိုင်ခဲ့သည်။

ပုံမှန်အားဖြင့်ဆိုလျှင် အလယ်လမ်းလူ ပြန်မရောက်မီ စစ်သည်တော်လှိုင်းကို ရှင်းလင်းပေးပြီး ပထမဆုံး အနိုင်ရအောင် ကစားပေးခြင်းအပေါ် အပြစ်တင်စရာ မရှိသော်လည်း သူတို့အဖွဲ့မှ အလယ်လမ်းလူမှာမူ သာမန်ကစားသမားမျိုး မဟုတ်ပေ။ တန်ယန် မိမိစားရမည့် စစ်သည်တော်များကို တစ်ဦးတည်း စားသုံးလိုက်သည်ကို မြင်သည်နှင့် မိုက်ခရိုဖုန်းမှတစ်ဆင့် ဆဲဆိုကြိမ်းမောင်းကြသည်။

【ရှီရှီ လစ်တဲလ် ခရုတီ】: "နင် ဂျန်ဂဲလ်ဆော့တတ်ရဲ့လား ဒုတိယလှိုင်းမှာတင် ငါ့စစ်သည်တွေကို အကုန်စားပစ်နေတာ၊ ငါက ဘယ်လိုလုပ်ပြီး ပစ္စည်းထွက်အောင် ရှာရတော့မှာလဲ"

【ဆွိအန်ဆော့လ်တီ】: "နင်က အပေါ်လမ်းကနေ ပြန်မလာသေးဘူးလေ၊ အချိန်မီအောင် ငါဝင်ရှင်းပေးလိုက်တာ"

【ရှီရှီ လစ်တဲလ် ခရုတီ】: "အဲဒါကြောင့် ငါက နင့်ကို ကျေးဇူးတင်ရမှာလား နင့်လို ညံ့ဖျင်းတဲ့ ဂျန်ဂဲလ်သမားနဲ့ ဆုံရတာ ငါ့မှာ ဘယ်လောက်ကံဆိုးလိုက်လဲ"

【ဘေဘီရှီရှီ】: "စိတ်မဆိုးပါနဲ့ ဘေဘီရယ်၊ မောင့်ရဲ့ စစ်သည်တွေကို ဘေဘီပဲ စားလိုက်နော် လိမ္မာတယ် ဟုတ်ပြီလား"

【ရှီရှီ လစ်တဲလ် ခရုတီ】: "အရှုံးပေးလိုက်ကြစို့၊ အချိန်ဖြုန်းမနေနဲ့တော့"

【အပေါ်လမ်းလူ】: "ကဲပါဗျာ တကယ်မဆော့တတ်တာ ဘယ်သူလဲ ဂျန်ဂဲလ်သမားက တော်တော်လေး ကောင်းကောင်းဆော့နေတာ ငါမြင်သားပဲ ငါက လမ်းကြောင်း ရှင်းပေးထားတာကို နင်က ဂျန်ဂဲလ်ဘက်ကို မကြည့်ဘဲ ဘေးလမ်းမှာ အိပ်မက်ယောင်နေပြီးတော့မှ အခုကျတော့ မိုက်ကနေ အော်နေတယ်၊ နင့်လိုလူနဲ့ ဆုံရတာ ငါတို့ကမှ ကံဆိုးတာ"

【ရှီရှီ လစ်တဲလ် ခရုတီ】: "ငါက ဘေးလမ်းကို သွားကူတာ ဘာမှားလို့လဲ ငါကြိုက်တဲ့နေရာ သွားကူမယ်၊ နင်နဲ့ဘာဆိုင်လဲ နင်တို့ကသာ အသုံးမကျလို့ ဂျန်ဂဲလ်ကို မစောင့်ရှောက်နိုင်ဘဲ ငါ့ကို လာအပြစ်တင်နေတာလား"

【ဘေဘီရှီရှီ】: "အေးပါ... ဘေဘီရယ်၊ စိတ်အေးအေးထားပါ ဒေါသထွက်ရင် ကိုယ့်ကိုယ်ကိုယ် ထိခိုက်ကုန်မယ်"

ဂိမ်းအစပိုင်း အခြေအနေမှာ မဆိုးလှချေ။ တန်ယန်သည် တတ်နိုင်သမျှ အနိုင်ရရှိရန်သာ စိတ်ထဲထားသဖြင့် အလယ်လမ်းလူနှင့် အခြေအတင် မဖြစ်လိုတော့ပေ။ သူမသည် တိတ်တဆိတ်ပင် ဂျန်ဂဲလ်အတွင်း အမဲလိုက်ရင်း နဂါးကို သုတ်သင်ကာ အောက်လမ်းရှိ ပစ်ခတ်သူကို ဝိုင်းဝန်း တိုက်ခိုက်ရန် သွားရောက် ကူညီပေးခဲ့သည်။ နောက်ထပ် ရန်သူတစ်ဦးကို သုတ်သင်ပြီးချိန်တွင်မူ ဖုန်းမျက်နှာပြင်မှာ အမှောင်အတိ ကျသွား၏။

【ရှီရှီ လစ်တဲလ် ခရုတီ】: "မိန်းကလေးတွေ ဂျန်ဂဲလ် မဆော့တတ်ပါဘူးဆိုတာ ကြည့်ဦး၊ သူထပ်သေပြန်ပြီ"

တန်ယန် အမှတ်စာရင်းဇယားကို ဖွင့်ကြည့်လိုက်သည်။ သူမ၏ ငွေကြေးပိုင်ဆိုင်မှုမှာ အဖွဲ့အတွင်း အမြင့်ဆုံး ဖြစ်နေပြီး အမှတ်မှာ ၄-၂-၅ ဖြစ်ရာ အလွန်ကောင်းမွန်သည်ဟု မဆိုနိုင်သော်လည်း ၀-၃-၁ ဖြင့် သနားစဖွယ် ဖြစ်နေသော အလယ်လမ်းလူနှင့် နှိုင်းယှဉ်လျှင်မူ သာလွန်နေသည်။

တန်ယန် ဘာမှမပြောရသေးခင်မှာပင် သူတို့အဖွဲ့မှ ပံ့ပိုးကစားသမားက မနေနိုင်ဘဲ ဝင်ရောက် ပြောတော့သည်။

【ဘေးလမ်းမှခေါင်းဆောင်】: "ဟေ့... အာရှင်းဆော့နေတဲ့လူ မင်းရဲ့ ဘေဘီကို နည်းနည်းလောက် ထိန်းပေးလို့ မရဘူးလား ဒီလောက် စိတ်ပျက်ဖို့ကောင်းတဲ့ မိန်းကလေးမျိုး တစ်ခါမှ မမြင်ဖူးဘူး နင်ကိုယ်တိုင်လည်း မိန်းကလေးပဲ မဟုတ်ဘူးလား တခြားမိန်းကလေးအပေါ် ဘာလို့ ဒီလောက်တောင် မောက်မာ ရက်စက်နေရတာလဲ"

【ရှီရှီ လစ်တဲလ် ခရုတီ】: "ဘာဖြစ်လဲ ငါက ကောင်းကောင်း မဆော့နိုင်ရင် ဘာမှပြောပိုင်ခွင့် မရှိဘူးလား V10 ဖြစ်နေရုံနဲ့တင် နင်တို့တွေက ဒီလောက်တောင် ဖားနေကြတာလား"

【ဘေဘီရှီရှီ】: "အေးပါ... ဘေဘီရယ်၊ စိတ်လျှော့ပါ သူတို့ကို ဂရုမစိုက်နဲ့တော့ ဒီပွဲကို ကိုတို့တွေ နိုင်အောင်တိုက်မယ် ကောင်းကောင်းပဲ ဆော့နော်"

【ရှေ့တန်းမှ လေးသမား】: "ငါတကယ် သိချင်တာကလေ... နင်တို့နှစ်ယောက်က ၀-၃ နဲ့ ၁-၅ ဖြစ်နေတာတောင် သူများက မဆော့တတ်ဘူးလို့ ဘယ်လိုပြောရဲကြတာလဲ"

【ရှီရှီ လစ်တဲလ် ခရုတီ】: "ဂျန်ဂဲလ်သမားက လာမကူလို့ ငါတို့အမှတ်တွေ ဒီလောက်ဆိုးနေတာ ထုံးစံပဲ မဟုတ်ဘူးလား သူသာဆော့တတ်ရင် ငါတို့ ဒီလိုဖြစ်ပါ့မလား"

【ရှေ့တန်းမှ လေးသမား】: "ငါတော့ ရယ်ရလွန်းလို့ အူတောင်တက်တယ် နင်က ကိုယ်ညံ့နေတာကိုတောင် ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ထင်နေတာလား"

【လမ်းဘေးက အလုပ်ရှင်ကြီး】: "ပြီးတော့... ကျေးဇူးပြုပြီး အဲဒီလို ချွဲပျစ်နေတဲ့ အသံကြီးနဲ့ စကားမပြောပါနဲ့လား ရွံဖို့ကောင်းလွန်းလို့ အသံပြောင်းတဲ့စက်လေး ဘာလေး ဝယ်မသုံးတတ်ဘူးလား"

【ရှီရှီ လစ်တဲလ် ခရုတီ】: "နင်တို့အားလုံးက ငါ့ကို ဝိုင်းအနိုင်ကျင့်နေကြတာပဲ"

【ဘေဘီရှီရှီ】: "အားလုံးပဲ တိတ်တိတ်နေပေးကြပါဗျာ ကျွန်တော့်ဘေဘီရဲ့ အသံက ဒီအတိုင်းပဲ မွေးရာပါ လှနေတာပါ ခင်ဗျားတို့မှာ အဲဒါကို ခံစားနားလည်နိုင်တဲ့ အဆင့်အတန်း မရှိကြဘူးလား"

【ဆွိအန်ဆော့လ်တီ】: "ငါဘာမှ မပြောချင်တော့ဘူး၊ ဒါပေမဲ့ နင်တို့နှစ်ယောက်ကတော့ တကယ့်ကို 'အိုးကွဲနဲ့စကွဲ' ပါပဲ၊ ၃ ယောက်နဲ့ ၇ ယောက် ကစားနေရတဲ့ ဒီပွဲမှာ ပံ့ပိုးသူကသာ ပစ်ခတ်သူကို သေသေချာချာ စောင့်ရှောက်ပေးရင် တို့တွေ နိုင်နိုင်ပါသေးတယ်"

【ရှေ့တန်းမှ လေးသမား】: "စိတ်ချပါမမ"

【ဘေးလမ်းက ထိပ်တန်းကစားသမား】: "ကျွန်တော်လည်း မမရဲ့ခြေထောက်ကို လုံးဝဆွဲထားမှာ မဟုတ်ပါဘူး စိတ်အေးအေးထားပါ"

【ရှီရှီ လစ်တဲလ်ခရုတီ】: "ရယ်ရလွန်းလို့ သေတော့မယ် လေကြီးတာကတော့ ဘယ်သူမဆို ပြောနိုင်တာပဲ"

အလယ်လမ်း လူမှာမူ ရွဲ့တဲ့တဲ့နှင့် ကဲ့ရဲ့လှောင်ပြောင်သော စကားများကို ဆက်တိုက် ဆိုနေသော်လည်း သူမ၏ အဖော်မှလွဲ၍ မည်သူကမျှ ဂရုမစိုက်ကြတော့ပေ။ တန်ယန်၏ ငွေကြေးစုဆောင်းမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိလာပြီးနောက် သူမသည် 'သွေးအနည်းငယ်နှင့် မသေနိုင်သော' အစွမ်းကို လက်တွေ့ပြသကာ ရန်သူ့အဖွဲ့ကို အံ့အားသင့်စေခဲ့သည်။ အနိုင်ရရှိပြီးသည်နှင့် သူမသည် ထိုအဖွဲ့မှ ချက်ချင်း ထွက်လိုက်တော့သည်။

ဂိမ်းဆော့တိုင်း ဤကဲ့သို့ စိတ်ပျက်စရာကောင်းသော အတွဲမျိုးနှင့်သာ တိုးနေမည်ဆိုလျှင် ဂိမ်းဆော့လိုစိတ်မှာလည်း ရှိတော့မည် မဟုတ်ပေ။ သူမသည် တစ်ဦးတည်း အဆင့်မြှင့်ပွဲ အချို့ကို ထပ်မံ ကစားပြီးနောက် ဂိမ်းထဲမှ ထွက်လိုက်သည်။

ယွီယင်အက်ပ်ကိုဖွင့်ပြီး ဗီဒီယို အတိုလေးတွေကို လျှောက်ကြည့်နေရင်းနှင့် စခန်းချ အပန်းဖြေခြင်းအကြောင်း တိုက်ရိုက် ထုတ်လွှင့်နေသည့် ဗီဒီယိုတစ်ခုကို မတော်တဆ တွေ့မိလိုက်ရာ တန်ယန်၏ စိတ်ဝင်စားမှုက ချက်ချင်းဆိုသလို နိုးကြားလာခဲ့သည်။

ဗီဒီယိုဖန်တီးသူက ကြည့်ရှုသူများအား တဲထိုးနည်း သင်ပြပေးနေသည်။ စခန်းချသည့် နေရာတွင် နှင်းများကျနေသောကြောင့် သူက တဲကို အမြန်ဆုံးထိုးပြီး မီးဖိုတစ်ခုကိုပါ ဆင်လိုက်သည်။ ထင်းခုတ်နေရင်းနှင့်လည်း ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းမျိုး မဖြစ်ရအောင် လေဝင်လေထွက် ကောင်းမွန်ရန် လိုအပ်ကြောင်း ကြည့်ရှုသူတွေကို သတိပေးနေပါသေးသည်။

ဗီဒီယိုကို ကြည့်နေရင်းနှင့် ဇာတ်လိုက်ဖြစ်သူက တစ်ယောက်အိပ် မွေ့ရာတစ်ခု၊ ဝင်၍အိပ်ရန်အိတ်ကို ပြင်ဆင်ပြီးနောက် ဟင်းချက်ရန် ပျော်ပွဲစားသုံး ပစ္စည်းကိရိယာများ အားလုံးကို စီစဉ်နေသည်။ သူက ရိုးရှင်းသော စစ်တပ်သုံး စွပ်ပြုတ်တစ်ခွက်ကို ချက်ပြုတ်ပြီး မိမိကိုယ်တိုင်အတွက် ကော်ဖီတစ်ခွက် ဖျော်စပ်လိုက်သည်။

ထို့နောက် ပရိုဂျက်တာကို ထုတ်ယူပြီး ပိတ်ကားကို ချိတ်ဆွဲလိုက်သည်။ အပြင်ဘက်မှာ နှင်းတွေ တဖွဲဖွဲ ကျနေသည်။ လူက တဲအတွင်းရှိ မီးဖိုဘေးတွင် အနွေးဓာတ်ယူကာ အစားအသောက်များကို မြိန်ရေယှက်ရေ စားသုံးရင်း ရုပ်ရှင်ကြည့်နေသည်မှာ အမှန်တကယ် သာယာကြည်နူးဖို့ ကောင်းသည်။

တန်ယန် ထိုသို့သော စခန်းချမှုမျိုးကို ကိုယ်တိုင်ကိုယ်ကျ အတွေ့အကြုံ ယူချင်စိတ် ရုတ်တရက် ပေါ်ပေါက်လာသဖြင့် သူမ၏ အကောင့်ထဲသို့ ငွေဖြည့်သွင်းကာ ထိုတိုက်ရိုက် ထုတ်လွှင့်သူကို လက်ဆောင် ပေးလိုက်လေသည်။

ဖုန်းမျက်နှာပြင်ပေါ်တွင် တောက်ပလှပသော လက်ဆောင်သက်ရောက်မှုများ ပေါ်လာသည့်အခါ ဗီဒီယိုဖန်တီးသူမှာ ယွီယင်မှ ထိပ်တန်း သူဌေးကြီးတစ်ဦး မိမိ၏ တိုက်ရိုက် ထုတ်လွှင့်မှုထဲသို့ ရောက်ရှိလာသည်ကို တွေ့ရှိသွားပြီး အံ့အားသင့်သွားရသည်။ သူသည် တန်ယန်ကို အလျင်အမြန်ပင် ကျေးဇူးတင်စကား ဆိုလိုက်လေ၏။

လက်ဆောင်ပေးသည့် သတင်းအချက်အလက်ကို မြင်တွေ့လိုက်ရသော ပလက်ဖောင်း အသုံးပြုသူများမှာလည်း ထိုတိုက်ရိုက် ထုတ်လွှင့်မှုဆီသို့ အုန်းအုန်းကျွက်ကျွက် ရောက်ရှိလာကြရာ ကြည့်ရှုသူ ၁၀,၀၀၀ ပင် မပြည့်သော ထိုဗီဒီယိုမှာ လူကြိုက်အများဆုံး စာရင်း၏ ထိပ်တန်းအဆင့် (၃) အတွင်းသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားသည်။

တိုက်ရိုက် ထုတ်လွှင့်မှုထဲမှ ထွက်လာပြီးနောက် တန်ယန်သည် ထိုလူ တင်ထားလေ့ရှိသော ဗီဒီယိုများကို လိုက်လံကြည့်ရှုရာ စခန်းချခြင်းဆိုင်ရာ အကြံပြုချက်ကောင်း များစွာကို ရရှိခဲ့သည်။

ယွီယင်အက်ပ်ကို ပိတ်လိုက်ပြီးနောက် သူမသည် စခန်းချရာတွင် လိုအပ်သည့် ပစ္စည်းကိရိယာများကို မှာယူရန် JD.com ကို ချက်ချင်း ဖွင့်လိုက်သည်။

သူမသည် ဗီဒီယိုဖန်တီးသူ အကြံပြုထားသော ပစ္စည်းအမှတ်တံဆိပ် တစ်ခုကို ရွေးချယ်လိုက်ရာ ဆိုင်တစ်ဆိုင်တည်းမှာပင် လိုအပ်သည့် အခြေခံပစ္စည်းများ အားလုံးနီးပါး ရရှိနိုင်ခဲ့သည်။ ကျန်ရှိသည့် ပစ္စည်းများမှာမူ ပတ်ဝန်းကျင် အလှဆင်ရန် အတွက်သာဖြစ်ပြီး သူမအနေဖြင့် ပြည့်စုံကောင်းမွန်သော စခန်းချမှု အတွေ့အကြုံကို ရရှိလိုသဖြင့် ထိုကဲ့သို့သော အလှဆင် ပစ္စည်းလေးများမှာလည်း မရှိမဖြစ် လိုအပ်ပေသည်။

ငွေရှင်းနေစဉ်အတွင်း JD.com ၏ ပို့ဆောင်ရေး စနစ်မှာ ယခင်ကထက် ပိုမို ကောင်းမွန်လာပြီး အသုံးပြုသူများ အနေဖြင့် မိမိတို့၏ ပါဆယ်ထုပ်များကို မည်သည့်နေ့၊ မည်သည့်အချိန်တွင် တိတိကျကျ လက်ခံရရှိမည်ကို မြင်တွေ့နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ ဤကဲ့သို့ တိုးတက်လာသော ဝန်ဆောင်မှု အတွေ့အကြုံမှာ စိတ်ကျေနပ်ဖို့ ကောင်းလှသည်။

စခန်းချရာတွင် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူပြီး နောက်တွင်မူ အစားအသောက်များကို ဆက်လက် ဝယ်ယူရန် လိုအပ်လာသည်။ အစားအသောက် မပါသည့် စခန်းချခရီးစဉ် တစ်ခုမှာ ဘယ်လိုမှ မပြည့်စုံနိုင်ချေ။

သူမသည် JD.com ၏ ကိုယ်ပိုင်အွန်လိုင်း စူပါမားကတ်မှ အကင်ပြုလုပ်ရန် လိုအပ်သည့် အသားများကို ဝယ်ယူလိုက်ပြီး အချိုပွဲအတွက် သစ်သီးဖျော်ရည်များနှင့် တွဲဖက်လိုက်ကာ စိတ်ကျေနပ်စွာဖြင့် အက်ပ်ကို ပိတ်လိုက်တော့သည်။ ပါဆယ်ထုပ်မှာ မနက်ဖြန်တွင်ပင် သူမ၏အိမ်သို့ ရောက်ရှိလာတော့မည် ဖြစ်၏။

အရာအားလုံး စီစဉ်ပြီးသွားသောအခါ တန်ယန် ညစာစားရန်အတွက် အောက်ထပ်သို့ ဆင်းလိုက်ပြီး စာကြည့်တာ ဝါသနာပါလွန်းနေသည့် တန်ယွီကိုလည်း လှမ်းခေါ်ခဲ့သည်။

"ဟေ့ကောင်လေး... စာကြည့်တာ ခဏနားပြီး ညစာစားဖို့ အောက်ဆင်းခဲ့တော့"

"ဟုတ်ကဲ့... အခုပဲ လာခဲ့ပါ့မယ်"

တန်ယန်က မြန်မြန်လုပ်ရန် တိုက်တွန်းလိုက်သဖြင့် တန်ယွီသည်လည်း စာအုပ်များကို မတတ်သာဘဲ ပိတ်လိုက်ရတော့သည်။ တစ်နေ့လည်ခင်းလုံး စာကြည့်ထားသည်မှာ လုံလောက်လှပြီဖြစ်ရာ အခုတော့ ဦးနှောက်ကို အနားပေးရမည့် အချိန်ပင်။

မောင်နှမနှစ်ဦး ဘေးချင်းယှဉ်လျက် အောက်ထပ်သို့ ဆင်းလာကြရာ ဖခင်ဖြစ်သူမှာ အိမ်ပြန်ရောက်နေပြီဖြစ်ပြီး 'တိုတို' ၏ အမွှေးများကို ဘရပ်ရှ်ဖြင့် ဖြီးပေးနေသည်ကို တွေ့လိုက်ရသည်။

"ဝိုး... ငါ့သားနဲ့ သမီးကတော့ တကယ့်ကို မောင်နှမပီပီ သံယောဇဉ် ကြီးကြတာပဲ"

ဟု တန်ယန်၏ဖခင်က ပြုံးလျက် နောက်ပြောင်လိုက်သည်။

"ဒါပေါ့အဖေရဲ့ သမီးတို့က ဘယ်တုန်းက အဆင်မပြေ ဖြစ်ဖူးလို့လဲ"

တန်ယန် ရှေ့သို့တိုးသွားပြီး 'တိုတို' ၏ ဦးခေါင်းကြီးကို ပွတ်သပ်ပေးလိုက်သည်။ ခွေးလေးမှာ တစ်နေ့ထက်တစ်နေ့ ပို၍ အရပ်ရှည်လာသော်လည်း 'ယိတျန်တျန်' မှာမူ ပုပုလေး အတိုင်းပင် ရှိနေသေး၏။

【အရှင် ကျွန်တော့်အကြောင်း မကောင်းပြောနေတာကို ကြားလိုက်တယ်နော်】

【မဟုတ်ပါဘူး၊ မဟုတ်ပါဘူး... 'တိုတို' လေးက ဘယ်လောက်တောင် မြန်မြန်ကြီးလာလဲ ဆိုတာကို ပြောနေတာပါ နင်ကတော့ အမြဲတမ်း အချစ်ဆုံးလေးပါပဲ】

【ဟွန့်】

【ကဲပါ... စိတ်မဆိုးပါနဲ့ နောက်ရက်နည်းနည်းကြာရင် ငါတို့ စခန်းချခရီး ထွက်ကြတော့မှာ နင်နဲ့ 'တိုတို' ကိုပါ တစ်ခါတည်း ခေါ်သွားပေးမယ်】

【တကယ်လား ကျွန်တော်တို့ပါ လိုက်လို့ရတာလား】

【ဒါပေါ့ ခွေးလေးတွေ ခေါ်ခွင့်ပြုတဲ့ စခန်းချကွင်းမျိုးကို ငါတို့ရှာမှာပေါ့】

All Chapters