ချန်တာအို
Vol. 80 Ch. 833
စကြာဝဠာ ယဇ်ပလ္လင်ကနေ ထွက်လာပြီးနောက် ထန်ထျန်းက ချန်တာအို ကျိကျွင်း ရှိရာ တည်နေရာဆီကို တိုက်ရိုက် ဦးတည်သွားခဲ့သည်။
တကယ်တော့ လုံကျိုကျိုးက သူ့ကို ခွင့်ပြုချက်တောင်းဖို့ သက်သက်နဲ့ ရောက်လာတာ မဟုတ်ဘူးဆိုတာ သူ သိသည်။
အခြား ရည်ရွယ်ချက်တစ်ခု ရှိနေမှာ အမှန်ပင်။
သူက အသေးစိတ် လိုက်မမေးတော့တာပဲ ဖြစ်သည်။
လုံကျိုကျိုးက ဖုံးကွယ်ဖို့ ရွေးချယ်လိုက်ပြီဆိုကတည်းက သူတို့ကြားက ယုံကြည်မှုဟာ အက်ကြောင်း ထင်သွားပြီဆိုတာ သေချာသည်။
အဲ့ဒါကို ထပ်ပြီး အတင်းလိုက်မေးနေလည်း ဘာမှ မထူးတော့ပေ၊ တစ်ယောက်လမ်း တစ်ယောက်လျှောက်ပြီး အပြန်အလှန် အနှောင့်အယှက် မပေးတာကမှ ပိုကောင်းဦးမည်။
ပြီးတော့ အမှန်အတိုင်း ပြောရရင် ဒီကိစ္စတွေ ဖြစ်ပြီးနောက်မှာတော့ စိတ်စွဲလမ်းမှု ပြင်းထန်လွန်းလို့ စိတ်မမှန်သလို ဖြစ်နေတဲ့ နေနတ်ဘုရားကလွဲရင် ဘယ်သူကမှ သူ့ကို အပြည့်အဝ ယုံကြည်တော့မှာ မဟုတ်ဘူးလို့ ထန်ထျန်း ခန့်မှန်းထားသည်။
ဒါပေမဲ့ သူတို့ကိုလည်း ထန်ထျန်း နားလည်ပေးနိုင်ပါသည်။
ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ သူကိုယ်တိုင်တောင်မှ ဒီစစ်တုရင်ခုံ ကြီးပေါ်မှာ သူက ဘယ်လို ဇာတ်ကောင်နေရာကနေ ပါဝင်နေလဲဆိုတာ သေချာ မသိတော့လို့ပင်။
စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင် မှာတော့ အဖြေအားလုံးကို ရှာတွေ့နိုင်ဖို့ မျှော်လင့်ရတာပဲ။
ထန်ထျန်းရဲ့ အရှိန်က အရမ်းကို မြန်ဆန်လှရာ မကြာခင်မှာပဲ ပျက်စီးနေတဲ့ ကုန်းမြေတစ်ခုက သူ့မျက်စိရှေ့မှာ ပေါ်လာခဲ့သည်။
ချန်တာအို ကျိကျွင်း ရှိနေတဲ့ နေရာက ရှေးဟောင်း စစ်မြေပြင်နဲ့ ဆင်တူပြီး စကြာဝဠာကြီးရဲ့ အပြင်ဘက်မှာ သီးခြား တည်ရှိနေတဲ့ စွန့်ပစ်ခံ ကုန်းမြေတစ်ခု ဖြစ်သည်။
ဒါပေမဲ့ ဒီနေရာမှာတော့ နာကျည်းချက်တွေနဲ့ ပြည့်နေတဲ့ ရန်ငြိုးဝိညာဉ်တွေ မရှိဘဲ ခြောက်သွေ့ အက်ကွဲမှုတွေသာ ရှိသည်။
မြေပြင်အနှံ့မှာ ကြီးမားတဲ့ အက်ကြောင်းကြီးတွေ ရှိနေပြီး တောင်တွေ မြစ် တွေဟာလည်း အချိန်ကာလရဲ့ တိုက်စားမှုအောက်မှာ ပြိုပျက်လုနီးပါး ဖြစ်နေပြီ။
ဒါတောင်မှ ကုန်းမြေရဲ့ အလယ်ဗဟိုမှာတော့ အလွန်ကြီးမားတဲ့ တောင်ထိပ်ကြီး တစ်ခုက မားမားမတ်မတ် ရှိနေဆဲပင်။
အခုအချိန်မှာ ချန်တာအို ကျိကျွင်းက အဲ့ဒီ တောင်ထိပ်ပေါ်မှာ ရှိနေသည်။
ထန်ထျန်းရဲ့ ပုံရိပ် က တစ်ချက် လင်းခနဲ ဖြစ်သွားပြီးနောက် ချန်တာအို ကျိကျွင်းရဲ့ ရှေ့မှာ ပေါ်လာခဲ့သည်။
ထန်ထျန်း ရောက်လာတာကို မြင်တော့ ချန်တာအို ကျိကျွင်းက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ပြောလာသည်။ "မင်း..."
"ဘာကိစ္စ ရှိလို့လဲ"
သူ့ရဲ့ လေသံထဲမှာတော့ သိသာထင်ရှားတဲ့ သတိထားမှုနဲ့ စိမ်းသက်မှုတွေ ပါဝင်နေသည်။
ဒါက ထန်ထျန်း ကြိုတင် ခန့်မှန်းထားတဲ့ အတိုင်းပင်။
"ငါ နေရာတစ်ခုအကြောင်း လာမေးတာပါ"
ထန်ထျန်းက ပြောလိုက်သည်။
ချန်တာအို ကျိကျွင်းက ခေတ္တ တုံ့ဆိုင်းသွားပြီးမှ ပြန်ပြောသည်။ "မင်းတောင် မသိတဲ့ နေရာမျိုးကို ငါလည်း သိမှာ မဟုတ်ဘူး"
သူက အကူအညီ မပေးချင်တာ သိသာလှသည်။
ထန်ထျန်း သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်ပြီး "ဒါက ငါနဲ့ နေနတ်ဘုရား ကြိုတင် ပြင်ဆင်ထားတဲ့ အစီအစဉ်တစ်ခုပါ"
"လုံကျိုကျိုးနဲ့ ဝူချန်း ကျိကျွင်း လည်း သိကြတယ်"
"မင်း ငါ့ကို မယုံရင်တောင် သူတို့ကိုတော့ မယုံဘူးလား"
ချန်တာအို ကျိကျွင်း မှင်သက်သွားပြီး "သူတို့က..."
"ငါ နည်းနည်းမှ နားမလည်တော့ဘူး"
ထန်ထျန်းက လေသံအေးအေးနဲ့ ပြောလိုက်သည်။ "အချိန်မြစ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို ဘယ်သူမှ မထင်မှတ်ထားခဲ့ဘူး၊ ငါကိုယ်တိုင်လည်း ဒီလို ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး"
"ဒါပေမဲ့ ငါ မင်းကို အတည်အလင်း ပြောနိုင်တာက"
"အနည်းဆုံးတော့ အခုအချိန်မှာ ငါက မင်းတို့ဘက်မှာ ရှိနေဆဲပဲ"
"မင်း မယုံရင် လုံကျိုကျိုးတို့ဆီမှာ သွားပြီး အတည်ပြုလို့ ရတယ်"
ချန်တာအို ကျိကျွင်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ "မလိုတော့ပါဘူး၊ မင်းရဲ့ အခု ခွန်အား နဲ့ဆိုရင် ငါ့ ကို လိမ်နေဖို့ မလိုပါဘူး"
"မင်း ငါ တို့ဘက်မှာ ရှိနေသေးတယ်ဆိုတာကို ငါ ယုံပါတယ်"
"ဒါပေမဲ့ နေနတ်ဘုရား ပြောတာကတော့ ဘာအခွင့်အရေးမှ မရှိတော့ဘူးတဲ့"
"ဒီကမ္ဘာရဲ့ သေ ဆုံးခြင်းက အဆုံးအဖြတ် ပေးပြီးသားတဲ့"
"မင်းရဲ့ အစီအစဉ်က တကယ်ရော ဖြစ်နိုင်ပါ့မလား"
ထန်ထျန်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး "ကြိုးစားကြည့်ရမှာပေါ့"
"ဘာမှ မလုပ်ဘဲ နေတာထက်စာရင်တော့ ပိုကောင်းပါတယ်"
"သေ ရမယ့်အချိန်ကို ထိုင်စောင့်နေရတာက အရမ်းကို ပင်ပန်းလွန်းတယ်"
ချန်တာအို ကျိကျွင်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
"ကောင်းပြီ"
"ဒါဆိုရင် ပြောပါ၊ ငါ သိတာမှန်သမျှ လုံးဝ ဖုံးကွယ်ထားမှာ မဟုတ်ဘူး"
ထန်ထျန်း ခေါင်းငြိမ့်ပြလိုက်သည်။
"ငါ သိချင်တာက စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင် ကို ဘယ်လို သွားရမလဲ ဆိုတာပဲ"
ဒီမေးခွန်းကို ကြားလိုက်ရတဲ့အခါ ချန်တာအို ကျိကျွင်း တစ်ချက် မှင်သက်သွားသည်။
"စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင် ဟုတ်လား"
ဒါပေမဲ့ သူက အခြေအနေကို ချက်ချင်း ရိပ်မိသွားပြီး "ဪ... မင်းက အခု ကမ္ဘာ့အရှင်ကို စုံစမ်းနေတာကိုး"
"အင်း... ဒါကလည်း လမ်းစတစ်ခုပဲပေါ့"
"ဒါပေမဲ့ ငါ မှတ်မိသလောက်ဆိုရင် နေနတ်ဘုရားလည်း စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်ကို ဘယ်လို သွားရမလဲ ဆိုတာ သိနေမှာပဲ မဟုတ်လား"
ထန်ထျန်း ရင်ထဲမှာ သက်ပြင်းချလိုက်မိပြီး နောက်တစ်ကြိမ် ပြောလိုက်သည်။ "သူက အခု တခြားကိစ္စတွေ ရှိနေလို့"
"ဒါပေမဲ့ သူ ပြောတာကတော့ မင်းက စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်ကို ရောက်ဖူးတယ်ဆို"
ဒီစကားတွေက အမှန်တစ်ဝက် အလိမ်တစ်ဝက် ဖြစ်နေတာကြောင့် ချန်တာအို ကျိကျွင်းလည်း ဘာမှ ရိပ်မိမှာ မဟုတ်ပေ။
"ဟုတ်တယ်၊ ငါ ရောက်ဖူးတယ်"
ချန်တာအို ကျိကျွင်းက ပြောသည်။ "အဲ့ဒီတုန်းက ကမ္ဘာ့အရှင်က ကြီးမားတဲ့ ပဟေဠိတစ်ခု ချန်ထားခဲ့တာဆိုတော့ ဘယ်သူမဆို စပ်စုချင်ကြတာပဲလေ"
"စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်က လူတိုင်း အလွယ်တကူ တွေးမိနိုင်တဲ့ နေရာတစ်ခုပဲ"
"ဒါပေမဲ့ အဲ့ဒီကို သွားပြီး စုံစမ်းတဲ့လူတွေ အများကြီး ရှိပေမဲ့ ဘယ်သူမှ အသုံးဝင်တဲ့ လမ်းစကို ရှာမတွေ့ခဲ့ကြဘူး"
"အင်း... ဒါပေမဲ့ မင်းအတွက်တော့... ဖြစ်နိုင်ရင် ဖြစ်နိုင်မှာပေါ့"
ခေတ္တ စဉ်းစားပြီးနောက် ချန်တာအို ကျိကျွင်းက ခေါင်းမော့လာသည်။
"ကောင်းပြီ၊ ငါ မင်းကို စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်ဆီ ခေါ်သွားပေးပါ့မယ်၊ ဒါက သိပ်ခက်ခဲတဲ့ ကိစ္စ မဟုတ်ဘူး၊ လူတော်တော်များများလည်း လုပ်နိုင်တာပဲ"
"မင်း ဘာများ ထပ်ပြီး မေး ဦးမလဲ"
ထန်ထျန်းက ခေါင်းခါလျက် "မရှိတော့ဘူး"
"ဒါ တစ်ခုတည်းပဲ"
ချန်တာအို ကျိကျွင်း ခေါင်းငြိမ့်လိုက်သည်။
"ဒါဆို ငါ့ နောက်ကို လိုက်ခဲ့ပါ"
ပြောပြီးသည်နှင့် သူက မတ်တတ်ရပ်လိုက်ပြီး ထိုက်ချန် ကျိကျွင်း ရဲ့ ဝိညာဉ်ကို ပြန်သိမ်းလိုက်သည်။
ဒါကို မြင်တော့ ထန်ထျန်းက မေးလိုက်သည်။ "မင်း သူ့ကို ဘယ်လို စီစဉ်ဖို့ စိတ်ကူးထားလဲ"
ချန်တာအို ကျိကျွင်း ခေတ္တ တိတ်ဆိတ်သွားပြီးမှ "မြေမှုန့်က မြေမှုန့်ဆီ၊ ရွှံ့က ရွှံ့ဆီပါပဲ"
"သူက ထျန်းမန် က လာတာဆိုတော့ အခုလည်း ထျန်းမန် ဆီကိုပဲ ပြန်သွားသင့်ပါပြီ"
"ငါ တို့ ခြေထောက်အောက်က ဒီမြေပြင်က တစ်ချိန်က ထျန်းမန်ဂိုဏ်း ဖြစ်ခဲ့ဖူးတဲ့ နေရာပဲ"
ထန်ထျန်း ချက်ချင်း နားလည်သွားသည်။
ချန်တာအို ကျိကျွင်း ဘာလို့ ဒီနေရာကို လာခဲ့လဲဆိုတာ အခုမှ သိတော့သည်၊ သူက ထိုက်ချန် ကျိကျွင်း လိုပဲ ထျန်းမန်ဂိုဏ်း က လာတဲ့လူ ဖြစ်နေလို့ပင်။
ထျန်းမန်ဂိုဏ်း ဆိုတာကလည်း အခုတော့ သူတို့ နှစ်ယောက်တည်းပဲ ကျန်တော့သည်။
ချန်တာအို ကျိကျွင်းရဲ့ လမ်းပြမှုနဲ့အတူ သူတို့ နှစ်ယောက်က တောင်ထိပ်ရဲ့ အလယ်ဗဟိုကို ရောက်လာကြသည်။
ထို့နောက် ချန်တာအို ကျိကျွင်းက အမှတ်အသား တစ်ခုကို ထုတ်ဖော်လိုက်ရာ သူတို့ရှေ့မှာ အောက်ဘက်ကို တိုက်ရိုက်ဆင်းသွားတဲ့ နက်ရှိုင်းတဲ့ လိုဏ်ခေါင်းလမ်းကြောင်းတစ်ခု ပေါ်လာသည်။
နှစ်သန်းပေါင်း များစွာက တည်ရှိခဲ့တဲ့ အစီအရင်ဟာ အခုထိ တည်မြဲနေဖို့ မဖြစ်နိုင်ပေ၊ ဒါက တစ်စုံတစ်ယောက်က နောက်ပိုင်းမှ ပြန်ပြင်ထားတာ သိသာလှသည်၊ ချန်တာအို ကျိကျွင်းက ဒီနေရာကို ခဏခဏ ပြန်လာတတ်ပုံရသည်။
လမ်းကြောင်းအတိုင်း ဆင်းသွားပြီးနောက် သူတို့ နှစ်ယောက်က ကျယ်ဝန်းတဲ့ မြေအောက် ကမ္ဘာတစ်ခုထဲကို ရောက်သွားကြသည်။
ကြည့်ရတာ တောင်ကြီးရဲ့ အလယ်ဗဟို အတိအကျမှာ ရှိနေပုံရသည်။
မြေအောက် ကမ္ဘာထဲမှာ အခြားအရာ ဘာမှ မရှိဘဲ ရှေးဟောင်းဖြစ်ပြီး ကြီးမားလှတဲ့ အစီအရင် တစ်ခုသာ ငြိမ်သက်စွာ တည်ရှိနေသည်။
"ဒါက ထျန်းမန်ဂိုဏ်း ရဲ့ ရှေးဟောင်း အစီအရင် တစ်ခုပဲ"
ချန်တာအို ကျိကျွင်းက ပြောပြသည်။ "အဲ့ဒီတုန်းက ကမ္ဘာ့အရှင် ပျောက်ကွယ်သွားတာ နှစ်သန်းပေါင်း များစွာ ရှိနေပြီ ဆိုပေမဲ့ စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်ကတော့ လုံးဝ ပျက်စီးမသွားခဲ့ဘဲ ကိုးကွယ် ရာ နေရာတစ်ခု ဖြစ်နေဆဲပဲ"
"ပြီးတော့ ထိပ်တန်း စမ်းသပ်လေ့ကျင့်ရာ နေရာတစ်ခုလည်း ဖြစ်တယ်"
"ဒါကြောင့် ထျန်းမန်ဂိုဏ်း ရဲ့ ဘိုးဘေးက စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်ဆီ သွားနိုင်မယ့် အစီအရင် တစ်ခုကို ဒီမှာ တည်ဆောက်ခဲ့တာ၊ အတော်ဆုံး တပည့်တွေပဲ ကံကောင်း မှု ရှာဖွေဖို့ အဲ့ဒီကို သွားခွင့်ရှိတာ"
"အဲ့ဒီတုန်းက... ငါ က ထိုက်ချန်ကို ရှုံးသွားခဲ့လို့ အဲ့ဒီ အခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်၊ အဲ့ဒါက ငါ့ အတွက် နောင်တအရဆုံး ကိစ္စတစ်ခုပဲ"
"ဒါကြောင့် နောက်ပိုင်းမှာ ငါ ဒါကို ပြန်ပြင်ပြီး အခုထိ ထိန်းသိမ်းထားတာ"
"ဒီအစီအရင်ကနေတစ်ဆင့် မင်းအနေနဲ့ စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်ကို သွားလို့ရတယ်"
ထန်ထျန်း ခေါင်းငြိမ့်ပြပြီး အစီအရင် စင်မြင့်ပေါ်ကို တက်လိုက်သည်။
ချန်တာအို ကျိကျွင်းရဲ့ ထိန်းသိမ်းမှုကြောင့် ဒီအစီအရင်က အကောင်းအတိုင်း ရှိနေပြီး ပုံမှန်အတိုင်း ဖွင့်လိုက်ရုံသာ လိုသည်။
ဒါပေမဲ့ မထွက်ခွာခင်မှာ သူက နောက်လှည့်ကြည့်ပြီး မေးလိုက်သည်။ "တကယ်တော့ ငါ့မှာ အခြား သံသယတစ်ခု ရှိနေသေးတယ်"
"မင်း ဘာလို့... ချန်တာအို ခန်းမ ကို တည်ထောင်ပြီး ကျိုးပဲ့နေတဲ့ လက်နက်တွေကို အဲ့ဒီလောက် အများကြီး စုဆောင်းနေတာလဲ"
သူ ချန်တာအို နန်းတော်နဲ့ စတင် ထိတွေ့စဉ်ကတည်းက ဒီသံသယ ရှိခဲ့တာ ဖြစ်သည်။
ကျိုးပဲ့နေတဲ့ လက်နက်တွေကို အဲ့ဒီလောက် အများကြီး စုဆောင်းပြီး ဘာလုပ်မှာလဲ။
"အဲ့ဒါက ငါ့ ရဲ့ ကျင့်ကြံခြင်း လမ်းပါပဲ"
ချန်တာအို ကျိကျွင်းက ရှင်းပြသည်။ "အဲ့ဒီတုန်းက ငါ ကျင့်ကြံတဲ့အခါ ထျန်းမန်ဂိုဏ်း ရဲ့ မူလလမ်းစဉ်နဲ့ သဘောထား ကွဲလွဲခဲ့တယ်"
"ဒီကမ္ဘာကြီးက မပြည့်စုံဘူး၊ ကျိုးပဲ့နေတယ်လို့ ငါ အမြဲ ခံစားရတယ်၊ ဒါကြောင့် ပြည့်စုံတဲ့ ကျင့်စဉ် တွေနဲ့ ကျင့်ကြံလို့ မရဘူးလို့ ယူဆခဲ့တာ"
"ဒီအယူအဆကြောင့် ထျန်းမန်ဂိုဏ်း က နောက်ဆုံးမှာ ထိုက်ချန်ကိုပဲ ရွေးချယ်ခဲ့ပြီး ငါ ကတော့ ထျန်းမန်ဂိုဏ်း ကနေ ထွက်သွားဖို့ ဖိအားပေးခံခဲ့ရတယ်"
"နောက်ပိုင်းမှာ ငါ ချန်တာအို ခန်းမ ကို တည်ထောင်ခဲ့ပြီး လောကမှာရှိတဲ့ ကျိုးပဲ့ ပျက်စီးနေတဲ့ အရာမှန်သမျှကို စုဆောင်းခဲ့တယ်၊ ငါ့ ရဲ့ လမ်းစဉ်က မှန်တယ်ဆိုတာကို သက်သေပြဖို့ ကြိုးစားခဲ့တာပေါ့"
"ဒါပေမဲ့ နောက်ဆုံးမှာတော့... ဘာရလဒ်မှ ထွက်မလာခဲ့ပါဘူး"
"ဖြစ်နိုင်တာက ငါ တကယ်ပဲ မှားနေခဲ့တာ ဖြစ်မှာပါ၊ ဒါကြောင့်လည်း သူတို့က ထိုက်ချန်ကို ရွေးခဲ့ကြတာပေါ့"
သူက သက်ပြင်းရှည်ကြီး တစ်ချက်ကို စိတ်ပျက်လက်ပျက် ချလိုက်သည်။
ထန်ထျန်း နားလည်သွားသလို အနည်းငယ်လည်း အံ့ဩသွားသည်။
ချန်တာအို ကျိကျွင်းက တစ်ကမ္ဘာလုံးနဲ့ လုံးဝ ကွဲပြားခြားနားနေတဲ့ သူ့ရင်ထဲက ဒီလမ်းစဉ်ကို ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ နှစ်သန်းပေါင်း များစွာ လျှောက်လှမ်းခဲ့တာပင်။
သူက တကယ့်ကို အစစ်အမှန် ကျင့်ကြံသူ တစ်ဦးပင်။
စိတ်ဓာတ်ကျနေတဲ့ ချန်တာအို ကျိကျွင်းကို ကြည့်ပြီး ထန်ထျန်းက လေသံအေးအေးနဲ့ ပြောလိုက်သည်။
"မဟုတ်ဘူး၊ မင်း မှန်တယ်"
"ဒီကမ္ဘာကြီးက တကယ်ပဲ ကျိုးပဲ့ ပျက်စီး နေတာ (မပြည့်စုံဘူး) "