← Chapters

ကမ္ဘာ့အရှင်နှင့် စကားပြောခြင်း

Vol. 80 Ch. 836

ကမ္ဘာ့အရှင်နှင့် စကားပြောခြင်း

Vol. 80 Ch. 836

​ဒေါသအဟုန်ကြောင့် ထန်ထျန်းက ကမ္ဘာ့အရှင်ရဲ့ ရုပ်ထုကို လက်သီးနဲ့ တိုက်ရိုက် ထိုးခွဲလိုက်သည်။

​ဒါပေမဲ့ သူ မထင်မှတ်ထားတာကတော့ ကွဲအက်သွားတဲ့ ရုပ်ထုထဲကနေ ရောင်စုံအလင်းတန်းတွေ ထွက်ပေါ်လာတာပင်။

​အဲ့ဒီအလင်းတန်းတွေရဲ့ နောက်ကွယ်မှာ ထူးဆန်းတဲ့ နေရာလွတ်တစ်ခု ပုန်းကွယ်နေတာက သိသာလှပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အော်ရာတွေက အထဲကနေ ထွက်ပေါ်နေသည်။

​ထန်ထျန်း ခေတ္တမျှ ကြောင်အသွားပြီးမှ မနေနိုင်ဘဲ ဆဲလိုက်မိသည်။

​"ဒီကောင်ကတော့ တကယ်ကို အရိုက်ခံချင်နေတာပဲ"

​စကြာဝဠာ ကျင့်ကြံခြင်းကွင်းပြင်မှာ တစ်ခုခု ချန်ထားခဲ့တာကို တမင်တကာ သူ့ရဲ့ ရုပ်ထုထဲမှာ ဝှက်ထားခဲ့တာကိုး။

​ရုပ်ထုကို ရိုက်ခွဲလိုက်မှသာ အထဲကအရာကို အမှန်တကယ် မြင်နိုင်မှာ ဖြစ်သည်။

​ဒါပေမဲ့ စကြာဝဠာ မှာရှိတဲ့ တခြားလူတွေထဲက ဘယ်သူကများ ကမ္ဘာ့အရှင်ရဲ့ ရုပ်ထုကို ရိုက်ခွဲဖို့ ရွေးချယ်မှာလဲ။

​သာမန်ကျင့်ကြံသူတွေက မလုပ်နိုင်သလို အစွမ်းထက်တဲ့ ကျင့်ကြံသူတွေကျပြန်တော့လည်း ကမ္ဘာ့အရှင်အပေါ် ပိုပြီး ရိုသေကြောက်ရွံ့ကြတာကြောင့် ဒီလိုကိစ္စမျိုးကို ပိုလို့တောင် လုပ်မှာမဟုတ်ပေ။

​ပြန်တွေးကြည့်ရင်တော့ ဘယ်အရာကိုမှ ဂရုမစိုက်ဘဲ လုပ်ရဲတာ သူတစ်ယောက်ပဲ ရှိဟန်တူသည်။

​ဒီလိုဆိုရင်တော့ ဒီအရာက သူ့အတွက်ပဲ သီးသန့်ချန်ထားခဲ့တာ ဖြစ်ပုံရသည်။

​"ကောင်းပြီလေ"

​ထန်ထျန်းက ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်သည်။

​"ဒါဆို မင်း ဘာတွေ ချန်ထားခဲ့လဲဆိုတာ ငါ ကြည့်လိုက်ရအောင်"

​ပြောပြီးသည်နှင့် ထန်ထျန်းက ရှေ့သို့လှမ်းတက်လိုက်ပြီး ရောင်စုံအလင်းတန်းများထဲသို့ ဝင်ရောက်သွားခဲ့သည်။

​အလင်းတန်းများနောက်ကွယ်တွင် လူ ဖန်တီးထားသည့် အလွန်ထူးခြားသော နေရာလွတ် တစ်ခု ရှိနေသည်။

​သို့သော် ဤနေရာလွတ်၏ တည်ဆောက်ပုံမှာ အလွန်ပါးနပ်လှသည်။

​သာမန်နေရာလွတ်များဆိုလျှင် ကမ္ဘာကြီး၏ နိယာမ များအပေါ် မှီခိုပြီးမှ တည်ဆောက်၍ ရခြင်းဖြစ်ပြီး အကယ်၍ ကမ္ဘာကြီးမှာ ပြဿနာတစ်ခုခု ဖြစ်ခဲ့လျှင် ထိုနေရာလွတ်မှာလည်း ပြဿနာ တက်သွားနိုင်သည်။

​သို့သော် ဤရောင်စုံနေရာလွတ်ကတော့ အစွမ်းထက်လှသော စွမ်းအားဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး မည်သည့် ကမ္ဘာ့နိယာမနှင့်မျှ မသက်ဆိုင်ပေ၊ စကြာဝဠာ လုံးဝ ပျက်စီးသွားလျှင်ပင် ဤနေရာကတော့ ထာဝရအထိ ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

​တစ်နည်းအားဖြင့်ဆိုရလျှင် ဤနေရာလွတ်က ပုံစံတစ်မျိုးဖြင့် ထာဝရ ဖြစ်တည်မှုကို ရရှိထားခြင်းပင်။

​ဤကဲ့သို့ လုပ်နိုင်သူမှာ ကမ္ဘာ့အရှင်တစ်ယောက်တည်းသာ ရှိပေလိမ့်မည်။

​နေရာလွတ်ထဲသို့ ဝင်ရောက်ပြီးနောက် ထန်ထျန်းက ကောင်းကင်ထက်တွင် လွင့်မျောနေသည့် ရောင်စုံတံတားတစ်ခုပေါ်သို့ ရောက်ရှိသွားသည်။

​ပတ်ဝန်းကျင် ရှုခင်းများမှာလည်း အလွန်လှပသော အရောင်အသွေးများဖြင့် ပြည့်နှက်နေရာ လူကို မျက်စိပင် လည်စေသည်။

​သူ့စိတ်ကို ပြန်လည်စုစည်းပြီးနောက် ထန်ထျန်းက ရောင်စုံတံတားအတိုင်း ရှေ့သို့ လျှောက်လှမ်းသွားခဲ့သည်။

​တံတားမှာ သိပ်မရှည်လှဘဲ ထန်ထျန်းက မကြာခင်မှာပင် တံတား၏ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။

​အဝေးသို့ လှမ်းကြည့်လိုက်ရာ တံတား၏အဆုံးတွင် လူရိပ်တစ်ခုက သူ့အား ကျောပေးလျက် တင်ပျဉ်ခွေထိုင် နေသည်ကို မြင်လိုက်ရသည်။

​ထိုသူမှာ ကမ္ဘာ့အရှင်ကိုယ်တိုင် ဖြစ်ကြောင်း ထန်ထျန်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်

​ဤကျောပြင်က အလွန်ပင် ရင်းနှီးလွန်းနေသည်။

​သို့သော် တစ်ချိန်တည်းမှာပင် တစ်ဖက်လူမှာ မူလ ခန္ဓာကိုယ်မဟုတ်ဘဲ ဝိညာဉ်ပုံရိပ်ယောင် မျှသာ ဖြစ်သည်ကို သူ သတိပြုမိလိုက်သည်။

​အရင်က သူ လုံကျိုကျိုးကို ပထမဆုံးတွေ့စဉ်က ကဲ့သို့ပင်။

​မည်သို့ပင်ဆိုစေကာမူ နောက်ဆုံးတော့ သူ ကမ္ဘာ့အရှင်ကို လူကိုယ်တိုင် တွေ့ခွင့်ရခဲ့ပြီဖြစ်သည်။

​ထန်ထျန်း အနည်းငယ် စိတ်လှုပ်ရှားလာမိသည်။

​ဒီကောင်သာ ပုံမှန်အတိုင်း စကားပြောနိုင်မယ်ဆိုရင် သံသယအားလုံးက ရှင်းလင်းသွားမှာ ဖြစ်သည်။

​"အဟမ်း"

​ထန်ထျန်းက တစ်ဖက်လူ၏ အာရုံကို ရစေရန် တမင် ချောင်းဟန့်လိုက်သည်။

​သို့သော် ထူးဆန်းသည်မှာ တစ်ဖက်လူက ငြိမ်သက်စွာ ထိုင်နေဆဲဖြစ်ပြီး ထန်ထျန်း ရောက်လာသည်ကို သတိမပြုမိပုံရသည်။

​ထန်ထျန်းက ကောင်းကင် တာအို ကျောက်စိမ်းခရစ်စတယ် အတုံးကြီး တစ်တုံးကို ထုတ်ယူလိုက်ပြီး တစ်ဖက်လူက သေနေတာလား ရှင်နေတာလား သိရအောင် ပစ်ပေါက်ဖို့ ပြင်လိုက်သည်။

​သို့သော် သူ မပစ်ခင်မှာပင် အရှေ့ဘက်မှ အသံတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

​"စမ်းသပ်မနေပါနဲ့တော့"

​"မင်း ရောက်လာတာ ငါ သိပါတယ်"

​ထိုအသံမှာ အလွန်နူးညံ့ပြီး ယဉ်ကျေးသိမ်မွေ့ကာ ချောမောသည့် ကျောင်းသား တစ်ဦး ပြောနေသကဲ့သို့ပင်။

​ထန်ထျန်းက နှာခေါင်းရှုံ့လိုက်သည်။

​တကယ်တော့ ဝိညာဉ်ပုံရိပ်​ယောင် ကို မြင်ကတည်းက တစ်ဖက်လူ ရှိနေဆဲဆိုတာ သူ သိပြီးသားပင်။

​ဒါပေမဲ့ သူက ဒီလောက်အထိ ဒုက္ခခံပြီးမှ ကမ္ဘာ့အရှင်ကို တွေ့ရတာ ဖြစ်ပေမဲ့ ကမ္ဘာ့အရှင်ကတော့ သူ့ကို မြင်မြင်ချင်း စကားမပြောဘဲ ဟိတ်ဟန်ထုတ်ပြီး ထိုင်နေသေးသည်။

​အကယ်၍ တစ်ဖက်လူကသာ စကားမပြောဘဲ ဆက်နေဦးမယ်ဆိုရင် သူ့လက်ထဲက ကျောက်စိမ်းတုံးက ကမ္ဘာ့အရှင်ရဲ့ ခေါင်းကို တည့်တည့်မှန်မှာ သေချာသည်။

​ဒါပေမဲ့ ကမ္ဘာ့အရှင်က အရင် စကားစပြောလာတာကြောင့် ထိုအစီအစဉ်ကို ခေတ္တ ဆိုင်းငံ့ထားလိုက်သည်။

​"မင်းက တော်တော် အေးအေးဆေးဆေး ရှိလှချည်လား"

​ထန်ထျန်းက ကျောက်စိမ်းတုံးကို ပြန်သိမ်းရင်း ပြောလိုက်သည်။

​"အပြင်မှာတော့ အကုန်လုံးက ဖရိုဖရဲ တွေ ဖြစ်နေပြီ၊ မင်းကတော့ ဒီမှာ တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်နေတယ်..."

​"ဘာလုပ်နေတာလဲ"

​"ဒီ ရောင်စုံအရာတွေကို ထိုင်ကြည့်ပြီး အာရုံခံနေတာလား"

​ကမ္ဘာ့အရှင်က ထန်ထျန်း၏ စကားကို ဂရုမစိုက်ဘဲ အေးအေးဆေးဆေးပင် ဆက်ပြောသည်။ ​"မင်း သိသင့်ပါတယ်"

​"ငါ ဒီမှာ ရှိနေတာက မင်းကို စောင့်နေဖို့ သက်သက်ပဲ"

​ထန်ထျန်းက စကားပြန်မပြောဘဲ နှာခေါင်းရှုံ့လိုက်သည်။

​သူ့ရဲ့ အရင်က ခန့်မှန်းချက်အရဆိုရင် သူတစ်ယောက်တည်းသာ ဒီနေရာကို ရှာတွေ့နိုင်မှာ ဖြစ်သည်။

​ခုနက ပြောလိုက်တာတွေက ဒေါသအလျောက် ပြောလိုက်ခြင်းသာ ဖြစ်သည်။

​သို့သော် ကိစ္စတွေက ဒီအခြေအနေအထိ ရောက်လာပြီဆိုတော့ အတိတ်က အကြောင်းအရာတွေကို ငြင်းခုံနေလို့လည်း ထူးမှာမဟုတ်တော့ပေ။

​အခုလောလောဆယ်မှာတော့ သံသယအားလုံးကို ရှင်းလင်းဖို့က ပိုအရေးကြီးသည်။

​ထို့နောက် သူက ရောင်စုံတံတား၏ အခြားတစ်ဖက်သို့ သွားရန် ရှေ့သို့ လှမ်းလိုက်သည်။

​သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် တံတား၏ အလယ်ဗဟိုမှာ အလွန်ခိုင်မာလှသည့် မမြင်ရသော အကာအကွယ်တစ်ခုက လမ်းကို ပိတ်ဆို့ထားကာ ရှေ့ဆက်သွား၍ မရအောင် တားဆီးထားကြောင်း သူ သိလိုက်ရသည်။

​ထိုအကာအကွယ်၏ စွမ်းအားက အထွတ်အထိပ် ကျိကျွင်း တွေရဲ့ အဆင့်ထက်တောင် ကျော်လွန်နေပြီး အတင်းအကျပ် ထိုးဖောက် လို့ မရနိုင်ပေ။

​ထန်ထျန်း၏ မျက်နှာက ချက်ချင်း ညိုမည်းသွားသည်။

​"မင်းက ငါ့ကို စောင့်နေတာဆိုရင် ဒီလိုလုပ်ထားတာက ဘာသဘောလဲ"

​ကမ္ဘာ့အရှင်က ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။

​"စိတ်မဆိုးပါနဲ့၊ ငါလည်း မတတ်သာလို့ လုပ်ရတာပါ"

​"အကယ်၍ ငါတို့တွေ အရမ်း နီးကပ်သွားမယ်ဆိုရင် ငါ ကြိုးစားထားခဲ့သမျှ အရာအားလုံးက အလကား ဖြစ်သွားနိုင်တယ်"

​"မင်းကိုယ်တိုင်က ဘယ်လောက်အထိ ထူးခြားလဲဆိုတာ မင်း သိပါတယ်"

​"ဒါကြောင့် ငါ့ရဲ့ ဒီလို သတိ ထားတာကို နားလည်ပေးပါ"

​ထန်ထျန်း မျက်မှောင်ကြုတ်သွားသည်၊ ဒီကောင်ကတော့ တကယ်ကို နားလည်ရခက်တဲ့ ကောင်ပဲ။

​သို့သော် ဒါက ပြဿနာကြီးတော့ မဟုတ်ပါ၊ နှစ်ယောက်သား ပုံမှန် စကားပြောလို့ ရရင်ပဲ တော်ပါပြီ။

​"ကောင်းပြီလေ"

​"ဒါဆို ငါတို့ ဘယ်ကနေ စမလဲ"

​ထန်ထျန်းက မေးလိုက်သည်။

​ကမ္ဘာ့အရှင်က ခေတ္တတိတ်ဆိတ်သွားပြီးမှ ​"မင်း ရင်ထဲမှာ ရှိတဲ့ သံသယတွေ အကုန်လုံးကို မေးလို့ရပါတယ်"

​"ငါ သိသမျှ အကုန်လုံးကို တစ်ခုမကျန် ဖြေပေးမယ်လို့ ကတိပေးတယ်"

​ထန်ထျန်းက ရယ်လိုက်သည်။

​"ဒီစကားကို စောင့်နေတာ"

​"ကဲ... ဒါဆို ငါ ဘယ်ကနေ စမေးရမလဲလို့ စဉ်းစားကြည့်ရအောင်..."

​"ဪ... သိပြီ"

​"အရင်ဆုံး အရေးကြီးဆုံး တစ်ခုကနေ စလိုက်မယ်"

​"မင်း တကယ်ပဲ ဘာတွေ လုပ်နေတာလဲ"

​"မင်းရဲ့ ရည်ရွယ်ချက်က အမှန်တကယ် ဘာလဲ"

​ဒါက အဓိက အကျဆုံး မေးခွန်းပင်။

​လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ကမ္ဘာ့အရှင်ဟာ ဘယ်လို စစ်တုရင်ခုံမျိုးကို ခင်းကျင်းခဲ့တာလဲဆိုတာ သိလိုက်ရရင် ပြဿနာ အများစုက ရှင်းလင်းသွားမှာ ဖြစ်သည်။

​ကမ္ဘာ့အရှင်ကလည်း ဒီမေးခွန်းအတွက် အံ့ဩပုံမရပေ။

​ဘာမှ ထပ်မဆိုင်းတော့ဘဲ သူက အေးအေးဆေးဆေး ပြောလာသည်။

​"ငါ့ရဲ့ ရည်ရွယ်ချက်က ဒီကမ္ဘာကြီးကို ကယ်တင်ဖို့ပဲ"

​ထန်ထျန်းက ချက်ချင်း လှောင်ရယ်လိုက်သည်။

​"ကမ္ဘာကြီးကို ကယ်တင်ဖို့ ဟုတ်လား"

​"ကျွင်းချန်ချင်းကို ကူညီပြီး ကမ္ဘာကြီးကို ဝါးမြိုခိုင်းတာက ကမ္ဘာကြီးကို ကယ်တင်တာလား"

​"မင်း ရယ်စရာတွေ သိပ်မပြောနဲ့"

​ကမ္ဘာ့အရှင်၏ စကားကို သူ လုံးဝ မယုံပေ။

​ဘာလို့လဲဆိုတော့ ဒါက တကယ့်ကို ရယ်စရာကောင်းလွန်းလို့ပင်။

​ကမ္ဘာ့အရှင်က ခပ်ဖွဖွ သက်ပြင်းချရင်း ပြောသည်။

​"တချို့ကိစ္စတွေမှာ ဖြစ်တာ က တစ်မျိုး၊ ရလဒ်က နောက်တစ်မျိုးပဲ"

​"ငါ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီကမ္ဘာကြီးကို တကယ် ကယ်တင်ဖို့နဲ့ သက်ရှိအားလုံးရဲ့ အနာဂတ်ကို ဆက်လက် တည်တံ့စေဖို့ပဲ"

သူ ထပ်ပြောလိုက်လေ သည်။

All Chapters