ထာဝရအနှစ်သာရ
Vol. 80 Ch. 839
ကမ္ဘာ့အရှင်၏ ပြောပြချက်များကို နားထောင်ပြီးနောက်တွင်မှ စကြာဝဠာဆန္ဒ၊ နေနတ်ဘုရားနှင့် ချီလင်မိန်းကလေး တို့သည်ပင် သက်ရှိများအပေါ် အဘယ်ကြောင့် ဤမျှကြီးမားသော ရန်ငြိုးများ ထားရှိကြသည်ကို ထန်ထျန်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
အမှန်စင်စစ် နှစ်ဖက် စစ်ပွဲမှာ လွန်ခဲ့သည့် နှစ်သန်းပေါင်း ရာနှင့်ချီကတည်းက စတင်ခဲ့ခြင်းပင်။
သို့သော်လည်း သက်ရှိတစ်ဦးအနေဖြင့် ထန်ထျန်းက သက်ရှိများဘက်မှသာ ရပ်တည်နေဆဲပင် ဖြစ်သည်။
သူက အလွန်ပင် လွမ်းမောဖွယ်ကောင်းသော စစ်ပွဲသမိုင်းကြောင်းကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။
ခေတ်အဆက်ဆက်မှ အထွတ်အထိပ် အစွမ်းထက်သူတိုင်းက ဤစစ်ပွဲသမိုင်းတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။
အရေးအကြီးဆုံး ပုဂ္ဂိုလ်မှာ ထာဝရဧကရာဇ်ပင် ဖြစ်သည်။
သူက စကြာဝဠာရှိ မျိုးနွယ်စုအားလုံးကို ပထမဆုံးအကြိမ် စည်းလုံးစေခဲ့သည့် သက်ရှိဖြစ်သလို ထာဝရနယ်ပယ်ကို ပထမဆုံးအကြိမ် ထိတွေ့နိုင်ခဲ့သည့် သက်ရှိလည်း ဖြစ်သည်။
သူ၏ အဓိပ္ပာယ်မှာ နောက်ပိုင်းတွင် ပေါ်ထွက်လာသည့် ကမ္ဘာ့အရှင်ထက်ပင် ပို၍ ကြီးကျယ်လှသည်။
နှမြောစရာကောင်းသည်မှာ သူက ရူးသွပ်သွားခဲ့ခြင်းပင်။
ဤအချက်က ကြယ်ကမ္ဘာ တွင် ရှိစဉ်က သူတွေ့ဆုံခဲ့သည့် အရူးအဖိုးကြီးကို ထန်ထျန်းအား ပြန်လည်သတိရသွားစေသည်။
ထိုသူက ထာဝရဧကရာဇ် လား။
ထန်ထျန်း မသိပေ။
အဘယ်ကြောင့်ဆိုသော် ထာဝရဧကရာဇ် နောက်ပိုင်းတွင်လည်း ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် အစွမ်းထက်သူအချို့က ထာဝရနယ်ပယ်ကို ထိတွေ့နိုင်ခဲ့ကြသေးသောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူတို့သည်လည်း ထာဝရဧကရာဇ်၏ အဆုံးသတ်ကဲ့သို့ပင် ရူးသွပ်သွားခဲ့ကြကာ ယခင်ကကဲ့သို့ မဟုတ်တော့ပေ။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ဤကဲ့သို့သော ကိစ္စများမှာ ပိုမိုများပြားလာခဲ့ပြီး ထာဝရနယ်ပယ် ဆိုသည်မှာ တဖြည်းဖြည်းနှင့် တားမြစ်နယ်ပယ် အဖြစ် အစားထိုး သိမြင်လာကြသည်။
လူအများစုက ထာဝရဆိုသည်မှာ လှည့်စားမှုတစ်ခုသာဖြစ်ပြီး ထိုနေရာတွင် ကြီးမားလှသော ကြောက်မက်ဖွယ်ရာများ ရှိနေကာ အနှိုင်းမဲ့အစွမ်းထက်သူတစ်ဦး၏ တာအိုနှလုံးသား ကို ချက်ချင်း ဖျက်ဆီးပစ်နိုင်သည်ဟု ယူဆလာကြသည်။
သို့သော် သက်ရှိများကြားတွင် စိန်ခေါ်လိုသူများ အမြဲတစေ ရှိနေဆဲပင်။
လူပေါင်းများစွာက ထိုကျင့်ကြံခြင်း၏ နောက်ဆုံးပန်းတိုင်ဆီသို့ ရှေ့ဆင့်နောက်ဆင့် ချဉ်းကပ်ခဲ့ကြသည်။
နောက်ဆုံးတွင် ကမ္ဘာ့အရှင် ပေါ်ထွက်လာသည့်အချိန်အထိပင်။
"အစပိုင်းမှာတော့ ငါက ထာဝရဆိုတဲ့အရာကို အဲ့ဒီလောက်အထိ စိတ်မဝင်စားခဲ့ဘူး"
ကမ္ဘာ့အရှင်က ဆက်လက်ပြောပြသည်။ "ဒါမှမဟုတ် ပြောရရင် ငါက ကျင့်ကြံခြင်းကိုတောင် သိပ်ပြီး စိတ်မပါခဲ့ဘူး"
"ဒါပေမဲ့ မတတ်နိုင်ဘူးလေ"
"ငါက အပျော်သဘောလောက် ကျင့်ကြံလိုက်တာနဲ့တင် အဆင့်တွေ တက်သွားတာ"
"စားလိုက်၊ သောက်လိုက်၊ ကစားလိုက်နဲ့ နှစ်အနည်းငယ် ကြာသွားတဲ့အခါမှာတော့ ဒီကမ္ဘာမှာ ငါ့ကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိတော့ဘူးဆိုတာ ရုတ်တရက် သိလိုက်ရတယ်"
ကမ္ဘာ့အရှင်၏ ဤစကားများကို ကြားရသောအခါ ထန်ထျန်း ဆွံ့အသွားသည်။
သူ့ကို လည်ပင်းညှစ်သတ်ချင်သည့် စိတ်ပင် ပေါက်လာမိ၏။
ဒါက လူပြောရမည့် စကားလား။
အခြားသူများမှာ ကျင့်ကြံခြင်းလမ်းတွင် ပင်ပန်းဆင်းရဲစွာ ကြိုးစားအားထုတ်နေရပြီး ခြေလှမ်းတိုင်းမှာ ငရဲတံခါးဝကို လှည့်ကြည့်နေရသကဲ့သို့ပင်။
ရလဒ်အနေဖြင့် ကမ္ဘာ့အရှင်က စားသောက် ကစားနေရင်းနှင့် ပြိုင်ဘက်ကင်း ဖြစ်သွားခဲ့သည်တဲ့။
သူ့ထက်တောင် ပိုပြီး လွယ်ကူနေပါသေးသည်။
ဒီကောင်ကမှ တကယ့် ဇာတ်လိုက် ပုံစံမျိုးပင်။
"အဲ့ဒီနောက်ပိုင်းရော"
ထန်ထျန်း ဤအကြောင်းအရာကို အမြန်ကျော်သွားချင်မိသည်။
"အဲ့ဒီနောက်တော့ ငါက စကြာဝဠာ ကျင့်ကြံခြင်း ကွင်းပြင် ကို တည်ထောင်ခဲ့ပြီး အဲ့ဒီက ပါရမီရှင်တွေ အချင်းချင်း ယှဉ်ပြိုင်ကြတာကို ကြည့်ရတာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းခဲ့တယ်"
"ဒါပေမဲ့ အချိန်တွေ ကြာလာတဲ့အခါမှာတော့ ဘယ်အရာမဆို ပျင်းစရာကောင်းလာတာပဲ"
"အဲ့ဒီနောက်မှာတော့ ငါက ထာဝရဆိုတဲ့ ကိစ္စကို သတိရသွားခဲ့တယ်"
ကမ္ဘာ့အရှင်က ဆက်လက်ပြောပြနေ၏။
ပျင်းလွန်းလှသဖြင့် ကမ္ဘာ့အရှင်က သူ၏ အကြည့်ကို ထာဝရဆီသို့ လှည့်ခဲ့သည်။
ဘာမှလုပ်စရာ မရှိသည်နှင့်အတူ စမ်းကြည့်လိုက်မည်ပေါ့။
ထို့ကြောင့် သူက သူ၏ ထာဝရလမ်းကို စတင်ခဲ့သည်။
သူက ပထမဆုံးအနေဖြင့် ဖန်ဆင်းခြင်း ကောင်းကင်တိုင် ဆီသို့ သွားရောက်ကာ ဖန်ဆင်းရှင်စွမ်းအားကို လေ့လာခဲ့ပြီးနောက် ဤစွမ်းအားများက ထာဝရ၏ အစိတ်အပိုင်းတစ်ခုကိုသာ ကိုယ်စားပြုကြောင်း မကြာမီ ရှာဖွေတွေ့ရှိခဲ့သည်။
ထာဝရနယ်ပယ်သို့ အမှန်တကယ် တက်လှမ်းလိုပါက အခြားအရာအချို့ကို လုပ်ရန် လိုအပ်သေးသည်။
၎င်းမှာ တစ်ကမ္ဘာလုံးပင် ဖြစ်သည်။
သူက စကြာဝဠာတစ်ခုလုံး၏ မူလအနှစ်သာရ နှင့် ကံကြမ္မာ များကို ထုတ်ယူကာ သူ့ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ရန် လိုအပ်သည်။ ထိုသို့လုပ်မှသာ ဖန်ဆင်းရှင်စွမ်းအား၏ အကူအညီဖြင့် ထာဝရနယ်ပယ်သို့ တစ်ဟုန်ထိုး တက်လှမ်းနိုင်မည် ဖြစ်သည်။
ဤနည်းလမ်းမှာ အလွန်ပင် ရူးသွပ်လှသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ထိခိုက်မှုမှာ ထိုမျှမကြီးမားပေ။
စကြာဝဠာမူလ မှာ ကြားခံတစ်ခုမျှသာဖြစ်ပြီး သူ ထာဝရသို့ ရောက်ရှိသွားပြီးနောက် စကြာဝဠာထံသို့ ပြန်လည်ပေးအပ်လိုက်ရုံသာ ဖြစ်သည်။
သို့သော်လည်း စကြာဝဠာဆန္ဒနှင့် မူလ ဝိညာဉ် များက ကမ္ဘာ့အရှင်၏ ပြောစကားကို မည်သို့ ယုံကြည်နိုင်ပါ့မည်နည်း။
သို့မဟုတ် ပြောရလျှင် သူတို့ လုံးဝ လောင်းကြေးမထပ်ရဲကြပေ။
အကယ်၍ ကမ္ဘာ့အရှင်က မူလ ကို ယူသွားပြီးနောက် ပြန်မပေးခဲ့ပါက သူတို့အားလုံး ပျက်စီးသွားကြမည် မဟုတ်ပါလား။
တစ်ဖက်က ယူချင်ပြီး တစ်ဖက်က မပေးချင်ပေ။
ထို့ကြောင့် ဤစကြာဝဠာ၏ ကြောက်မက်ဖွယ်အကောင်းဆုံး ကပ်ဘေးကြီး စတင်ခဲ့လေသည်။
ကမ္ဘာ့အရှင်က မူလ ဝိညာဉ် များ၏ ခုခံမှုကို ချိုးဖျက်ကာ မူလဘိုးဘေးနယ်မြေ ကို အတင်းအကျပ် လုယူခဲ့သည်။
အတိုင်းအဆမရှိသော မူလ ဝိညာဉ် များမှာ ထိုစစ်ပွဲတွင် လုံးဝ ပျက်စီးသွားခဲ့ရကာ ချီလင်ဝိညာဉ်မှာလည်း ထိုစဉ်ကပင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ကမ္ဘာ့အရှင်က ဖန်ဆင်းရှင်အမွေအနှစ် များထံမှ ဖန်ဆင်းရှင်စွမ်းအားများကို ပိုမို "ချေးငှား" လိုသဖြင့် သူတို့နှင့်လည်း စစ်ပွဲဖြစ်ပွားခဲ့သည်။
နောက်ဆုံးတွင် ဟင်းလင်းပြင် ခေါင်းလောင်း ၊ ကြေးနီဒယ်ဆောက်အိုး နှင့် ကျန်းရှီတံဆိပ်တုံး တို့ကို သူကိုယ်တိုင် ဖျက်ဆီး ပစ်ခဲ့ပြီး ထာဝရကြေးမုံ မှာလည်း မတတ်သာဘဲ နတ်စွမ်းအားအားလုံးကို စွန့်လွှတ်ကာ အချိန်မြစ် အဖြစ် ထာဝရစီးဆင်းသွားခဲ့ရသည်။ ကောင်းကင်ခွင်းဓား မှာမူ ဟင်းလင်းပြင် ထဲသို့ ဝေးလံစွာ ထွက်ပြေးသွားခဲ့ကာ မည်သည့်အခါမျှ ပြန်မလာတော့ပေ။
စကြာဝဠာတစ်ခုလုံးမှာလည်း ထိုကြောက်မက်ဖွယ်ရာ စစ်ပွဲအတွင်း လုံးဝ ပြိုကွဲပျက်စီးသွားခဲ့ရသည်။
ဤအချက်ကို ကြားသောအခါ ထန်ထျန်း မနေနိုင်ဘဲ ပြောလိုက်မိသည်။ "မင်းက တကယ်ပဲ အပြစ်တွေ လုပ်ခဲ့တာပဲ"
ကမ္ဘာ့အရှင်က ဤအချက်ကို မငြင်းပယ်ဘဲ ပြော၏ ။ "အဲ့ဒီတုန်းက ငါက ကိုယ့်စိတ်အလိုအတိုင်းပဲ လုပ်ခဲ့မိတာ၊ တခြားကိစ္စတွေကို ထည့်မစဉ်းစားခဲ့မိတာ တကယ် အမှန်ပါပဲ"
"အဲ့ဒီကပ်ဘေးက ငါ့ရဲ့ တာဝန်ပါပဲ"
ထန်ထျန်း ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။
ကိုယ့်စိတ်အလိုအတိုင်း လုပ်ခြင်းက ကြောက်စရာ မဟုတ်ပေ။
ကြောက်စရာကောင်းသည်မှာ တစ်ကမ္ဘာလုံးတွင် ပြိင်ဘက်ကင်း အစွမ်းထက်သည့်သူက ကိုယ့်စိတ်အလိုအတိုင်း လုပ်ခြင်းပင် ဖြစ်သည်။
ဒါပေမဲ့ ဒါက ဘယ်သူ့ကို အပြစ်တင်ရမည်နည်း။
ကမ္ဘာ့အရှင်ကို ပေးအပ်ထားသည့် ကျင့်ကြံခြင်းပါရမီမှာ ကောင်းကင်ကို ဆန့်ကျင်နေလွန်းသဖြင့် အပြစ်တင်ရုံသာ ရှိတော့သည်။
ကျင့်ကြံခြင်းမှာ အလွန်ပင် ချောမွေ့လွန်းခဲ့ပြီး အနှစ်သာရများ မတည်ဆောက်နိုင်ခင်မှာပင် ပြိုင်ဘက်ကင်း ဖြစ်သွားခဲ့ကာ လူငယ်တစ်ဦး၏ စိတ်နေစိတ်ထားကိုသာ ဆက်လက် ပိုင်ဆိုင်ထားခဲ့သည်။
ပြဿနာမတက်လျှင်မှ ထူးဆန်းပေလိမ့်မည်။
သို့သော် ကိစ္စများမှာ ဤသို့ ဖြစ်ပျက်ခဲ့ပြီ ဖြစ်သဖြင့် ယခုအခါတွင် တာဝန်ရှိမှုကို လိုက်လံစုံစမ်းနေခြင်းမှာလည်း ထူးခြားသည့် အဓိပ္ပာယ် မရှိတော့ပေ။
"အဲ့ဒီနောက်ပိုင်းရော"
"မင်း အဲ့ဒီအရာတွေကို အသုံးချပြီး ထာဝရနယ်ပယ်ထဲကို အောင်အောင်မြင်မြင် ဝင်နိုင်ခဲ့လား"
ထန်ထျန်းက မေးလိုက်သည်။
ကမ္ဘာ့အရှင်က ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်"
"ငါ့ရဲ့ ဆုံးဖြတ်ချက်က မမှားခဲ့ဘူး။ စကြာဝဠာရဲ့ ထောက်ပံ့မှုရှိနေတဲ့ အခြေအနေမှာ ဖန်ဆင်းရှင်စွမ်းအားက အဆင့် မြင့်တက်သွားခဲ့တယ်"
"ပြီးတော့ ငါကလည်း ဒီအဆင့်မြင့်တက်မှုအတွင်းမှာ လုံးဝဥဿုံ အသွင်ပြောင်းလဲသွားခဲ့တယ်"
"ငါ ထာဝရနယ်ပယ်ထဲကို အောင်မြင်စွာ ခြေချနိုင်ခဲ့တယ်"
ထန်ထျန်း မျက်မှောင် အနည်းငယ် ကြုတ်သွားကာ အသံမှာလည်း လေးနက်သွားသည်။
"အဲ့ဒီနောက်မှာတော့ မင်းက ကိုယ့်သဘောနဲ့ကိုယ် ပြန်ဆငိးလာခဲ့တယ်"
"ထာဝရရဲ့ အထက်မှာ မင်း တကယ်ပဲ ဘာကို မြင်ခဲ့တာလဲ"
ဒါက မေးခွန်းအားလုံးထဲတွင် အရေးကြီးဆုံး အချက်ပင် ဖြစ်သည်။
ဤမေးခွန်းနှင့် ပတ်သက်၍ ကမ္ဘာ့အရှင်မှာ နောက်တစ်ကြိမ် အတော်ကြာ တိတ်ဆိတ်သွားပြန်သည်။
ထန်ထျန်းပင် စိတ်မရှည်ဖြစ်လာသည့် အချိန်ကျမှ သူက စတင်ပြောလာ၏။ "ငါ မြင်ခဲ့တာက..."
"ထာဝရရဲ့ အနှစ်သာရ ပဲ"
ထန်ထျန်း မျက်မှောင်ကို တင်းတင်းကြုတ်ထားသည်။
"အဲ့ဒါက ဘာလဲ"
ကမ္ဘာ့အရှင်က မဖြေကြားဘဲ ရုတ်တရက် မေးလိုက်သည်။ "မင်း မီးတောက်ကျင့်စဉ် ကို တတ်မှာပဲ မဟုတ်လား"
ထန်ထျန်း ကြောင်အသွားသည်။ ကမ္ဘာ့အရှင်က ဘာလို့ ဒါကို ရုတ်တရက် မေးရသနည်းဆိုသည်ကို သူ မသိပေ။
သို့သော်လည်း သူက စိတ်ရှည်လက်ရှည်ပင် ပြန်ဖြေလိုက်သည်။ "ဘယ်လိုမျိုး မီးတောက် ကျင့်စဉ် လဲ"
ကမ္ဘာ့အရှင်က ပြော၏ ။ "သာမန်အကျဆုံးပဲ၊ ချီသန့်စင်ခြင်း အဆင့် ထဲ စဝင်ကာစမှာတင် သင်ယူလို့ရတဲ့ အမျိုးအစားပေါ့"
"မင်း စမ်းကြည့်လိုက်ပါ"
ထန်ထျန်း နားမလည်သော်လည်း လိုက်လုပ်ရန် ရွေးချယ်လိုက်သည်။
လက်ညှိုးကို ဆန့်ထုတ်လိုက်ရာ မီးတောက်သေးသေးလေးတစ်ခုက လက်ဖျားတွင် ချက်ချင်းပေါ်လာပြီး ငြိမ်သက်စွာ လှုပ်ခတ်နေသည်။
ဒါက သာမန်အကျဆုံး မီးတောက်ဖြစ်သလို ကျင့်ကြံသူတိုင်းအတွက် မသင်မနေရ သင်ခန်းစာတစ်ခုလည်း ဖြစ်သည်။
ထို့နောက် ကမ္ဘာ့အရှင်က ထပ်ပြောသည်။ "မင်းရဲ့ အခု ခွန်အား နဲ့ဆိုရင် ဒါကို ဘယ်လောက်အထိ ကြာကြာ ထိန်းထားနိုင်မလဲ"
ထန်ထျန်း တိတ်ဆိတ်သွားသည်။
သူ့နောက်ကွယ်တွင် ဂျင်ဂိုကမ္ဘာ ၏ ထောက်ပံ့မှု ရှိနေသည်ကို ထားဦးတော့၊ ထိုသို့ မရှိလျှင်ပင် ဤမီးတောက်လေးကို ထာဝရတည်ရှိနေစေရန် လုပ်နိုင်မည့် နည်းလမ်းပေါင်းများစွာကို သူ ရှာတွေ့နိုင်သည်။
ကမ္ဘာ့အရှင်ကလည်း ဤအချက်ကို သိမှာ သေချာပါသည်။
သို့သော်လည်း သူက ကမ္ဘာ့အရှင်၏ မေးခွန်းကို စိတ်ရှည်စွာ ပြန်ဖြေလိုက်၏။
"ထာဝရအထိ ပေါ့"
ကမ္ဘာ့အရှင်က ရုတ်တရက် ပြုံးလိုက်သည်။
"ဟုတ်တယ်"
"ဒါက ထာဝရ ပဲ"
ထန်ထျန်း ချက်ချင်း မှင်တက်သွားသည်။
"အာ"
သို့သော် ကမ္ဘာ့အရှင်က များစွာ ရှင်းမပြဘဲ ထပ်ပြောသည်။ "အခု မင်း အဲ့ဒါကို ငြှိမ်းလိုက်ပါ"
ထန်ထျန်း ခေတ္တမျှ ရပ်တန့်သွားပြီးမှ လက်ဖျားမှ မီးတောက်ကို ငြှိမ်းသတ်လိုက်သည်။
ကမ္ဘာ့အရှင်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်၏။
"အခုတော့ ထာဝရက သေဆုံးသွားပြီ"
"ဒါကပဲ ထာဝရရဲ့ အနှစ်သာရ ပဲ"