← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁) ၁၈ နှစ်ကြာ စောင့်ဆိုင်းပြီးနောက် စနစ် ရောက်ရှိလာခြင်း

“မင်း ကြားပြီးပြီလား လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အကြီးအကဲကျန်း ခေါ်လာတဲ့ ‘ယန်ရှန်း’လေ... သူ့ရဲ့ ကျင့်ကြံခြင်း တိုးတက်မှုနှုန်းက အရမ်းမြန်လို့ စစ်ဆေးကြည့်လိုက်တော့မှ ရှားပါးလှတဲ့ ‘မီးလျှံဝိညာဉ်ခန္ဓာ’ ပိုင်ရှင်မှန်း သိလိုက်ရတာ။ အဲဒါနဲ့ ‘ခရမ်းရောင်နေမင်းတောင်ထိပ်’ သခင်က သူ့ကို တိုက်ရိုက်တပည့်အဖြစ် ချက်ချင်း လက်ခံလိုက်လို့ ထိုက်ယိမြင့်မြတ် နယ်မြေရဲ့ အသက်အငယ်ဆုံး ‘တိုက်ရိုက်တပည့်’ ဖြစ်သွားပြီလေ”

“ဒီသတင်းကို ဘယ်သူက မသိဘဲနေမှာလဲ မြင့်မြတ် နယ်မြေတစ်ခုလုံး ဒီအကြောင်းနဲ့ ဆူညံနေတာပဲ”

“အေးပါကွာ... တကယ် အားကျဖို့ကောင်းတယ်။ ငါ့မှာသာ အဲဒီလို ပါရမီမျိုးရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ”

ထိုက်ယိမြင့်မြတ်နယ်မြေ နယ်မြေ၏ အပြင်စည်းတပည့် ဝတ်စုံကို ဝတ်ဆင်ထားသော လူနှစ်ဦးမှာ လမ်းလျှောက်ရင်း စကားပြောနေကြသည်။ သူတို့က သူတို့စကားကို ဖုံးကွယ်ထားခြင်း မရှိသဖြင့် ရှုချွမ်း၏ နားထဲသို့ တစ်လုံးမကျန် ရောက်ရှိသွားတော့သည်။

“ဟင် ယန်ရှန်းလား မီးလျှံဝိညာဉ်ခန္ဓာ လား တိုက်ရိုက်တပည့် ဟုတ်လား”

လမ်းလျှောက်နေသော ရှုချွမ်းက ထိုသတင်းကို ကြားလိုက်ရချိန်တွင် အံ့ဩသွားသလို အနည်းငယ်လည်း အားကျမိသွားသည်။

အပြင်စည်းတပည့်တွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော ရှုချွမ်းအဖို့ ‘တိုက်ရိုက်တပည့်’ဟူသော အဆင့်အတန်း မှာ မည်မျှ အဓိပ္ပာယ်ရှိသည်ကို ကောင်းစွာ နားလည်သည်။

၎င်းမှာ သူတစ်သက်လုံး အားထုတ်ကြိုးပမ်းခဲ့သော ပန်းတိုင်ဖြစ်သော်လည်း ထိုပန်းတိုင်မှာ လှမ်းကိုင်ရန် အလွန်ပင် ဝေးကွာလွန်းလှသည်။

“တိုက်ရိုက်တပည့် တစ်ယောက်တဲ့လား”

ရှုချွမ်းမှာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

သူက ဤကမ္ဘာမှ လူတစ်ယောက် မဟုတ်ပေ။ လွန်ခဲ့သော ၁၈ နှစ်က သူသည် ကမ္ဘာမြေပေါ်ရှိ တက္ကသိုလ်တစ်ခုတွင် တက်နေသူ ဖြစ်သည်။ ရေနစ်နေသော ကလေးတစ်ဦးကို ကယ်တင်ရန် ကြိုးစားရင်း ရေအောက်ရှိ ရေမှော်ပင်များနှင့် ငြိတွယ်ကာ ကံဆိုးစွာဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။

ရှုချွမ်းက သူ၏ဘဝမှာ ထိုနေရာတွင်ပင် နိဂုံးချုပ်ပြီဟု ထင်ခဲ့သော်လည်း သူ၏ဝိညာဉ်မှာ မထင်မှတ်ဘဲ ဤကမ္ဘာသို့ ကူးပြောင်းလာခဲ့ပြီး လူအဖြစ် ပြန်လည် မွေးဖွားလာခဲ့သည်။

ငယ်စဉ်အခါက ဤဘဝရှိ မိဘများ၏ ကြိုးစားအားထုတ်မှုကြောင့် သူက ထိုက်ယိမြင့်မြတ် နယ်မြေသို့ ဝင်ရောက်နိုင်ခဲ့ပြီး သာမန် အပြင်စည်းတပည့်တစ်ဦး ဖြစ်လာခဲ့သည်။

ဤကမ္ဘာကို ‘ရွှမ်ထျန်းတိုက်ကြီး’ဟု ခေါ်သည်။

ဤကမ္ဘာက အလွန်ကျယ်ပြောပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက် နှင့် အလယ်ပိုင်းဟူ၍ ဒေသကြီးငါးခု ပိုင်းခြားထားသည်။ ဒေသတစ်ခုစီတွင် များပြားလှသော ဂိုဏ်းများနှင့် မြင့်မြတ် နယ်မြေများ ရှိကြပြီး နယ်မြေအသီးသီးကို သိမ်းပိုက်ထားကြသည်။

၎င်းတို့ကြားတွင် လူထု ကို အုပ်ချုပ်သော သိုင်းပညာရှင် မင်းဆက်များစွာလည်း ရှိကြသည်။

ထို့ပြင် ကြယ်များကို ဆွတ်ယူနိုင်၊ လမင်းကို ဆုပ်ကိုင်နိုင်ပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနိုင်သည့် အစွမ်းထက် သိုင်းပညာရှင်ကြီးများလည်း ရှိကြသည်။

သူတို့က ‘သန်မာ သူက အနိုင်ယူစတမ်း’ဟူသော မူကို လက်ကိုင်ထားကြသည်။

သန်မာ သူများမှာ အထက်တွင် မြင့်မြတ်စွာ နေထိုင်ကြပြီး အားနည်းသူများကိုမူ အချိန်မရွေး သတ်ဖြတ်နိုင်သော ပုရွက်ဆိတ်များအလား သဘောထားကြသည်။

ထိုက်ယိမြင့်မြတ် နယ်မြေ တည်ရှိရာ အရှေ့ဘက်ဒေသက ပို၍ပင် ဆိုးဝါးလှသည်။

ကမ္ဘာကူးပြောင်းလာသူဖြစ်သည့်အတိုင်း ရှုချွမ်းက သာမန်ဘဝဖြင့် မနေလိုပေ။ သူက ကောင်းကင်သို့ ပျံတက်ရန်၊ ထိပ်ဆုံးသို့ ရောက်ရှိရန်နှင့် အားလုံးက ရိုသေလေးစားရသော အသန်မာဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် အမြဲတမ်း စိတ်ကူးယဉ်ခဲ့သည်။

သို့သော် စိတ်ကူးမှာ လှပသလောက် လက်တွေ့မှာမူ အလွန်ပင် ရက်စက်လှသည်။

ရှုချွမ်း၏ ပါရမီမှာ မြင့်မြတ် နယ်မြေသို့ ဝင်ခွင့်ရသည်အထိ မဆိုးလှသော်လည်း သက်ဆိုင်ရာ ကျင့်ကြံခြင်း အရင်းအမြစ်များ မရှိပါက အစွမ်းထက် သိုင်းပညာရှင်တစ်ဦး ဖြစ်လာရန် အလွန် ခက်ခဲလှသည်။

ရှုချွမ်း၏ မိဘများက သူ၏ ပညာသင်စရိတ်အတွက် မိသားစုပိုင်ဆိုင်မှုများကို ပုံအော သုံးစွဲခဲ့ရသဖြင့် ကျင့်ကြံခြင်း အတွက် လိုအပ်သော အရင်းအမြစ်များကို ဆက်လက် မထောက်ပံ့နိုင်တော့ပေ။

သူက မြင့်မြတ် နယ်မြေတွင် နေထိုင်လာသည်မှာ ရှစ်နှစ်နီးပါး ရှိပြီဖြစ်သော်လည်း သူ၏ နေ့စဉ်ကျင့်စဉ်မှာ ဂိုဏ်းမှ အပြင်စည်းတပည့်များအတွက် ခွဲတမ်းချပေးသော အရင်းအမြစ်များကိုသာ အားကိုးနေရသည်။

ဤမျှနှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် သူက ‘ခန္ဓာကိုယ်သန့်စင် ခြင်းနယ်ပယ်’ဆဋ္ဌမအဆင့်သို့သာ ရောက်ရှိသေးသည်။ ၎င်းမှာ အရင်းအမြစ်များ မရှိဘဲ ရောက်ရှိနိုင်သော အမြင့်ဆုံး အကန့်အသတ်ပင် ဖြစ်သည်။

နောက်ခံရှိသော တပည့်များနှင့် မိသားစုထောက်ပံ့မှုရှိသူများမှာမူ သူနှင့် အလှမ်းဝေးသွားခဲ့ကြပြီ ဖြစ်သည်။

အချို့တပည့်များမှာ အပြင်စည်း စစ်ဆေးမှု ကို အောင်မြင်ပြီး အတွင်းစည်းတပည့်များပင် ဖြစ်နေကြပြီ

“မြင့်မြတ် နယ်မြေရဲ့ စည်းမျဉ်းအရ မြင့်မြတ် နယ်မြေထဲ ရောက်တာ ၈ နှစ်ကျော်သွားပြီး အပြင်စည်း စစ်ဆေးမှု ကို မအောင်မြင်ဘဲ အတွင်းစည်းတပည့် မဖြစ်လာနိုင်ဘူးဆိုရင် ‘အဆင့်နိမ့် တပည့်’အဖြစ် အဆင့်နှိမ့်ခံရမယ်”

“ငါက အခု ဒီကိုရောက်တာ ၇ နှစ်နဲ့ ၁၁ လ ရှိပြီ။ နောက်ထပ် တစ်လပဲ ကျန်တော့တယ်၊ ဒါပေမဲ့ ငါ့ရဲ့ ကျင့်ကြံခြင်း က ‘ခန္ဓာကိုယ်သန့်စင် ခြင်းနယ်ပယ်’ ဆဋ္ဌမအဆင့်မှာပဲ ရှိသေးတော့ စစ်ဆေးမှု အောင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”

အတွင်းစည်းတပည့် ဖြစ်လာရန် နည်းလမ်းအနည်းငယ်သာ ရှိသည်။ ပထမနည်းလမ်းမှာ အပြင်စည်းစစ်ဆေးမှု ကို ကိုယ်ပိုင်အရည်အချင်းဖြင့် အောင်မြင်ရန်၊ ဒုတိယမှာ ထူးခြားသော ပါရမီရှိသဖြင့် အတွင်းစည်း အကြီးအကဲ တစ်ဦးဦး၏ မျက်စိကျခြင်း ခံရရန်၊ တတိယမှာ ဂိုဏ်းအတွက် ကြီးမားသော အကျိုးပြုမှုများ လုပ်ဆောင်ပြီး ရမှတ်များဖြင့် အတွင်းစည်းတပည့် အဖြစ်သို့ လဲလှယ်ရန် ဖြစ်သည်။

သို့သော် ရှုချွမ်းအတွက် ထိုနည်းလမ်းများထဲမှ တစ်ခုမျှ မဖြစ်နိုင်ပေ။

“ငါက အဆင့်နိမ့် တပည့် အဖြစ် အဆင့်နှိမ့်ခံရတော့မှာလား”

ရှုချွမ်း၏ ရင်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့ခြင်းများ ပြည့်နှက်နေသည်။

အဆင့်နိမ့် တပည့် ဆိုသည်မှာ အမည်ခံသာ တပည့်ဖြစ်ပြီး လက်တွေ့တွင်မူ အောက်ခြေသိမ်း အလုပ်ကြမ်းများ လုပ်ရသော အစေခံသာ ဖြစ်သည်။

ပင်ပန်းလှသော အလုပ်များ၊ ညစ်ပတ်သော အလုပ်များနှင့် အန္တရာယ်ရှိသော အလုပ်မှန်သမျှမှာ ထိုသူတို့၏ တာဝန် ဖြစ်သည်။

၎င်းမှာ အချိန်မရွေး သေနိုင်သော အလွန်အန္တရာယ်များသည့် အလုပ်တစ်ခုပင်။

ရှုချွမ်းက ထိုကဲ့သို့သော ဘဝမျိုးကို လုံးဝ အလိုမရှိပေ။

သူ၏ မျက်နှာမှာ ညှိုးငယ်နေသော်လည်း လောလောဆယ်တွင် မည်သည့် အဖြေမှ မရှိပေ။

သူ့တွင် ကျင့်ကြံခြင်း အရင်းအမြစ်များ အလုံအလောက် ရှိလျှင်ပင် ၎င်းတို့ကို ကျေညက်အောင် ကျင့်ကြံရန် အချိန်လိုအပ်သေးသည်။

အပြင်စည်းစစ်ဆေးမှု အောင်မြင်ရန် အနည်းဆုံး တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် အချိန်ယူရဦးမည် ဖြစ်သည်။

ပို၍ဆိုးသည်မှာ သူ့တွင် မည်သည့် အရင်းအမြစ်မှ မရှိခြင်းပင်

ဒါက ရှုချွမ်း၏ ရင်ထဲတွင် မကျေနပ်ချက်များကို ဖြစ်ပေါ်စေသည်။

အခြား ကမ္ဘာကူးပြောင်းလာသူများမှာ ပါရမီမကောင်းလျှင်ပင် အနည်းဆုံးတော့ ‘ရွှေလက်ချောင်း’တစ်ခုခု ပါလာတတ်ကြသည်။ နတ်ဘုရားဆန်သော အဘိုးကြီး၊ အဘွားကြီးများက အခွင့်အရေးကောင်းများကို လာပေးတတ်ကြသည်။

ဘာလို့ သူ့ဆီကျမှ ဘာတစ်ခုမှ ကောင်းတာ မကြုံရတာလဲ

တကယ် ကံဆိုးလွန်းတယ်

ရှုချွမ်း တစ်ယောက်တည်း စိတ်ပျက်နေစဉ်မှာပင် သူ၏ စိတ်ထဲ၌ သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

【စနစ် ချိတ်ဆက်နေသည်…】

【ဂုဏ်ယူပါသည်၊ အိမ်ရှင်သည် ‘ကံကြမ္မာလုယူခြင်းစနစ်’ နှင့် အောင်မြင်စွာ ချိတ်ဆက်ပြီးပါပြီ】

ရှုချွမ်းမှာ ကြောင်သွားပြီး အခြေအနေကို ချက်ချင်း သဘောမပေါက်သေးပေ။

သို့သော် သူ ချက်ချင်း သတိဝင်လာကာ သူ၏ မျက်နှာတွင် အလွန်အမင်း ဝမ်းသာသွားသော အရိပ်အယောင်များ ပေါ်လာသည်။

စနစ် ဟုတ်လား

ဒါ ငါ့ရဲ့ ရွှေလက်ချောင်းပေါ့လေ

ငါ သိသားပဲ၊ ကမ္ဘာကူးပြောင်းလာသူ တစ်ယောက်အနေနဲ့ ငါ့မှာ အပိုဆောင်း ပါရမီတစ်ခုခု ပါလာမှာပဲ

ကြည့်စမ်း... စနစ်က နောက်ကျပေမဲ့ အခုတော့ ရောက်လာပြီ

ဒီအချိန်ကို သူ ၁၈ နှစ်တောင် စောင့်ခဲ့ရတာ၊ ကောင်းကင်ကြီးက ငါ့ကို မစွန့်ပစ်ဘူးပဲ

ရှုချွမ်းမှာ အလွန်အမင်း ပျော်ရွှင်နေတော့သည်။

စနစ်ရှိလာပြီဆိုလျှင် ချက်ချင်း သန်မာသူ မဖြစ်လာဦးတော့မှ အနည်းဆုံးတော့ အဆင့်နိမ့် တပည့် အဖြစ် အဆင့်နှိမ့်မခံရဖို့ မျှော်လင့်ချက် ရှိလာပြီ မဟုတ်ပါလား။

စနစ်မှာ ဘယ်လို လုပ်ဆောင်ချက်တွေ ပါမလဲဆိုတာကိုတော့ သူ မသိသေးပေ။

စိတ်ကို အနည်းငယ် ပြန်ထိန်းပြီးနောက် ရှုချွမ်းက စနစ်၏ လုပ်ဆောင်ချက်များကို စတင် စစ်ဆေးလိုက်သည်။

အခြေခံ အသုံးပြုပုံများကို နားလည်ပြီးနောက် ရှုချွမ်းက သူ့ကိုယ်သူ စတင် စမ်းသပ်ကြည့်လိုက်သည်။

သူ စိတ်ကူးလိုက်သည်နှင့် သူ၏ ရှေ့တွင် အချက်အလက်များစွာ ပေါ်လာတော့သည်။

【အမည် - ရှုချွမ်း】

【ကျင့်ကြံခြင်းနယ်ပယ် နယ်ပယ် - ခန္ဓာကိုယ်သန့်စင် ခြင်းနယ်ပယ် ဆဋ္ဌမအဆင့်】

【ပါရမီ - နှစ်တစ်ထောင်တွင် တစ်ဦး】

【ကံကြမ္မာ - ကံဆိုးခြင်းများ လွှမ်းမိုးနေခြင်း (အဖြူရောင်)】

【ဘဝဇာတ်ညွှန်း - လမ်းဘေးဖြတ်သွားဖြတ်လာ ဇာတ်ပို့ ဇာတ်ညွှန်း】

【အခွင့်အရေး - အဆင့်နိမ့် တပည့် အဖြစ် အဆင့်နှိမ့်ခံရပြီးနောက် အနောက်တောင် ရှိ စွန့်ပစ်ထားသော နတ်ဘုရားလှိုဏ်ဂူတစ်ခုကို သန့်ရှင်းရေးလုပ်ရင်း ရှေးပုဂ္ဂိုလ် များ ချန်ထားခဲ့သော ‘ခန္ဓာကိုယ်သန့်စင်ခြင်း ဆေး ရည်’ ဖော်စပ်နည်းကို တွေ့ရှိမည်】

【ကံဆိုးခြင်းများ လွှမ်းမိုးနေခြင်း - သတ်မှတ်ထားသော အချိန်အတွင်း အတွင်းစည်းသို့ မဝင်နိုင်သဖြင့် အဆင့်နိမ့် တပည့် ဖြစ်သွားမည်။ အပြင်စည်းတပည့် ‘စွန်းချန်’ ၏ အမြဲတမ်း အနိုင်ကျင့်ခြင်းကို ခံရပြီး မိမိရရှိထားသော ဆေးနည်းကို လုယူခံရမည်။ နောက်ပိုင်းတွင် စွန်းချန်က သူ၏ အဆက်အသွယ်များကို အသုံးပြု၍ ရှုချွမ်းကို အန္တရာယ်ရှိသော ‘အနန္တသားရဲခန်းမ’ တွင် သားရဲချေးများ ကျုံးရန် စီစဉ်လိမ့်မည်။ ထိုနေရာ၌ သားရဲများ ရုန်းရင်းဆန်ခတ်ဖြစ်မှုနှင့် ကြုံတွေ့ရပြီး ‘နတ်ဘုရားစွမ်းအားနယ်ပယ်’ ရှိ သားရဲတစ်ကောင်၏ နင်းခြေခြင်းကို ခံရကာ အသက် ၂၀ အရွယ်တွင်သေဆုံးရလိမ့်မည်】

......

အချက်အလက်အားလုံးမှာ တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းနေသည်။

ကံကြမ္မာနှင့် အခွင့်အရေးကဲ့သို့သော မြင်ရခဲသည့် အရာများကိုပင် စနစ်က ဖော်ပြပေးထားသည်။

သူ ထင်ထားသည့်အတိုင်း သူ၏ ပါရမီမှာ နှစ်တစ်ထောင်တွင် တစ်ဦးဟူသော အဆင့်ရှိသဖြင့် မဆိုးလှပေ။

အခွင့်အရေးကို မြင်လိုက်ရချိန်တွင် ရှုချွမ်း၏ ရင်ထဲတွင် ဝမ်းသာသွားသည်။

သို့သော် သူ၏ ကံကြမ္မာနှင့် ဘဝဇာတ်ညွှန်းကို မြင်လိုက်ရချိန်တွင်မူ သူ၏ မျက်နှာမှာ ချက်ချင်း ပျက်သွားတော့သည်။

သူ၏ ကံကြမ္မာမှာ အဖြူရောင်အဆင့်ရှိသော ‘ကံဆိုးခြင်း’ သာ ဖြစ်ပြီး သူ၏ ဇာတ်ညွှန်းမှာလည်း လမ်းဘေးဖြတ်သွားဖြတ်လာ ဇာတ်ပို့တစ်ဦးသာ ဖြစ်နေသည်။

ဖော်ပြချက်ကို ကြည့်ရုံဖြင့် ဒါ ကောင်းတဲ့ကိစ္စ မဟုတ်မှန်း ရှုချွမ်း သိလိုက်သည်။

သူက အသက် ၂၀ မှာပဲ သေရမှာလား ပြီးတော့ အဲဒီလောက် အရှက်ရစရာကောင်းတဲ့ သေခြင်းမျိုးနဲ့လား

ဒါက တကယ့်ကို ဝမ်းနည်းစရာကြီးပဲ

ဘယ်ကမ္ဘာကူးပြောင်းလာသူမှ ဒီလောက် မြန်မြန်ဆန်ဆန် သေတာမျိုး သူ မကြားဖူးသေးပေ

​အခန်း (၂) ငါက ရက်စက်လာရင် ကိုယ့်အခွင့်အရေးကိုတောင် ပြန်လုမှာ

​စနစ်က ဖော်ပြခဲ့သော 'စွန်းချန်'ဆိုသူမှာ ရှုချွမ်းနှင့် ရန်ငြိုးရှိသူတစ်ဦး ဖြစ်သည်။

သူက သိုင်းပညာ မိသားစုတစ်ခုမှ ဆင်းသက်လာသူဖြစ်ပြီး ရှုချွမ်းကဲ့သို့သော သာမန် သိုင်းသမားများကို အမြဲ အထင်သေးလေ့ရှိသည်။ အထူးသဖြင့် အောက်ခြေလူတန်းစား ဖြစ်ပါလျက်နှင့် ပါရမီထူးချွန်သူများကို ပို၍ မုန်းတီးတတ်သည်။

​စွန်းချန်က သူ၏ မိသားစုထောက်ပံ့မှုဖြင့် ‘ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်’ နဝမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ရှုချွမ်းကို အမြဲတမ်း အနိုင်ကျင့်လေ့ရှိပြီး သူတို့နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် မတည့်ကြပေ။

​“ကောင်းပြီလေ... စွန်းချန် မင်းလား ငါ့ကို အကွက်ဆင်ပြီး သတ်ဖို့ ကြံစည်ခဲ့တာပေါ့။ မင်းကို ငါ အလွတ်မပေးဘူး”

​ရှုချွမ်းက ခက်ထန်စွာ ပြော လိုက်သည်။

​စနစ်၏ ဖော်ပြချက်အရ သူ အဆင့်နိမ့် တပည့် ဖြစ်သွားပြီးနောက် စွန်းချန်က သူ၏ ဆေးနည်းကို ခိုးယူရုံသာမက သူ့ကို ‘အနန္တသားရဲခန်းမ’ တွင် သားရဲချေးကျုံးရန် စီစဉ်ခဲ့ပြီး နောက်ဆုံးတွင် သူက သားရဲနင်းခံရ၍ သေဆုံးခဲ့ရသည်။

​မိမိသေဆုံးမှု၏ နောက်ကွယ်မှ တရားခံဖြစ်သည့်အပြင် ရန်ငြိုးဟောင်းများပါ ပေါင်းလိုက်သောအခါ ရှုချွမ်းက စွန်းချန်ကို သူ၏ စာရင်းထဲသို့ ထည့်သွင်းလိုက်ပြီ ဖြစ်သည်။

​ရှုချွမ်း၏ ယုံကြည်မှုက ဘယ်ကလာသလဲ

သေချာတာပေါ့... စနစ်ဆီကလာတာပေါ့

စနစ်၏ အကူအညီသာ ရှိရင် သူ၏ ကံကြမ္မာဆိုးကို ပြောင်းလဲနိုင်လိမ့်မည်ဟု ရှုချွမ်း အပြည့်အဝ ယုံကြည်သည်။

​ယုံကြည်မှုများ ပြန်လည်ရရှိလာပြီးနောက် ရှုချွမ်း၏ အကြည့်မှာ သူ၏ အချက်အလက်ထဲရှိ 'အခွင့်အရေး' ဆိုသော စာတန်းပေါ်သို့ ကျရောက်သွားသည်။

​【အခွင့်အရေး - အဆင့်နိမ့် တပည့် အဖြစ် အဆင့်နှိမ့်ခံရပြီးနောက် အနောက် တောင် ရှိ စွန့်ပစ်ထားသော နတ်ဘုရားလှိုဏ်ဂူတစ်ခုကို သန့်ရှင်းရေးလုပ်ရင်း ရှေးပုဂ္ဂိုလ် များ ချန်ထားခဲ့သော ‘ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည်’ ဖော်စပ်နည်းကို တွေ့ရှိမည်】

​ဤ 'ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည်' ဆိုသည်မှာ အလွန်ကောင်းသော ရတနာဖြစ်သည်။

၎င်းကို ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်အတွက် 'နတ်ဆေး' ဟုပင် ခေါ်ဆိုနိုင်သည်။

၎င်းကို အသုံးပြု၍ ရေချိုးခြင်း သို့မဟုတ် ခန္ဓာကိုယ်ကို စိမ်ခြင်းဖြင့် ကြွက်သားများကို သန်မာစေခြင်း၊ ရိုးတွင်းခြင်ဆီ ကို သန့်စင်စေခြင်း၊ သွေးကြောများကို ပွင့်စေခြင်းနှင့် ချီစုပ်ယူမှုနှုန်းကို မြန်ဆန်စေခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ထို့ပြင် နယ်ပယ်ကျော်ဖြတ်ရန်အတွက်လည်း များစွာ အထောက်အကူပြုသည်။

​ထိုဆေး၏ ဖော်စပ်နည်းကို ဂိုဏ်းကြီးများနှင့် မြင့်မြတ်နယ်မြေများကသာ တင်းကျပ်စွာ ထိန်းချုပ်ထားသဖြင့် သာမန်တပည့်များမှာ လုံးဝ မသိရှိနိုင်ကြပေ။

သူ၏ အနာဂတ်တွင် ဤဆေးနည်းကို ရရှိမည့် အခွင့်အရေးရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ

အ​ပြင်ဈေးကွက်တွင် ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည် တစ်ပုလင်း စာမှာ 'ယွမ်ကျောက်တုံး' အမြောက်အမြား ပေးမှ ရနိုင်ခြင်း ဖြစ်သည်။

၎င်း ထွက်ပေါ်လာတိုင်း အပြင်စည်းတပည့်များမှာ လုယက်တိုက်ခိုက်၍ ဝယ်ယူကြရသည်။

​ရှုချွမ်းက ဤနယ်မြေတွင် ရှစ်နှစ်နီးပါး နေထိုင်ခဲ့သော်လည်း ထိုဆေးရည်ကို တစ်ကြိမ်မျှ မရရှိခဲ့ဖူးပေ။ မဟုတ်လျှင် သူ၏ ပါရမီနှင့်ဆိုပါက ယခုထက်ထိ ဆဋ္ဌမအဆင့်မှာတင် ရပ်တန့်နေမည် မဟုတ်ပေ

ဤဆေးနည်းကိုသာ သူ ရရှိမည်ဆိုလျှင် 'ချီစုစည်းခြင်းနယ်ပယ်' သို့ တက်လှမ်းနိုင်ရန် သူ အပြည့်အဝ ယုံကြည်မှု ရှိသည်။

​ရှုချွမ်းက ကျင့်ကြံခြင်း အရင်းအမြစ် မရှိသော ဘဝကို လုံလောက်အောင် ခံစားခဲ့ရပြီ ဖြစ်သည်။

​"ငါ ဒါကို အမြန်ဆုံး ရအောင် ယူရမယ်"

​ရှုချွမ်းက သူ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်သည်။

ကံကြမ္မာကို ပြောင်းလဲခြင်းက အနာဂတ်ရှိ သူ၏ အခွင့်အရေးကို ကြိုတင်လုယူခြင်းမှ စတင်ရမည်

ဒါက သူ့အတွက် သတ်မှတ်ထားတဲ့ အခွင့်အရေးပဲလေ၊ အရင်ယူလိုက်တော့ ဘာဖြစ်မှာလဲ

အမြန်ရလေ၊ ဤဆေးနည်းကို သုံးပြီး အတွင်းစည်းတပည့် ဖြစ်လာနိုင်လေပဲ မဟုတ်ပါလား။

​...

​အပြင်စည်း၏ အနောက်တောင် ဆိုသည်မှာ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနေပြီး ချီစုစည်းခြင်းနယ်ပယ်သို့ တက်လှမ်းရန် ပြင်ဆင်နေသော တပည့်များ၏ ကျင့်ကြံရာ လှိုဏ်ဂူများရှိသည့် နေရာဖြစ်သည်။

​ထိုက်ယိမြင့်မြတ်နယ်မြေတွင် အပြင်စည်းတပည့် ဦးရေမှာ အလွန်များပြားသော်လည်း အနောက်တောင်ရှိ လှိုဏ်ဂူအရေအတွက်မှာလည်း လုံလောက်မှု ရှိပါသည်။

လှိုဏ်ဂူများစွာ ရှိသည့်အတွက် အချို့လှိုဏ်ဂူများမှာ အချိန်အတော်ကြာအောင် လူမနေဘဲ ပစ်ထားခြင်း ခံရလေ့ရှိသည်။

​သန့်ရှင်းရေး လုပ်ရသော အဆင့်နိမ့် တပည့်များသာ ထိုနေရာသို့ ရောက်လာလေ့ရှိသည်။

သို့သော် အချို့သော အလုပ်သမားတပည့်များမှာ ပျင်းရိကြသဖြင့် အချို့လှိုဏ်ဂူများမှာ အချိန်အတော်ကြာအောင် ဂရုမစိုက်ဘဲ စွန့်ပစ်ထားခြင်း ခံရသည်။

ထူးဆန်းသည်မှာ ထိုကဲ့သို့သော စွန့်ပစ်ထားသည့် လှိုဏ်ဂူဟောင်းများထဲမှ တန်ဖိုးရှိသော အရာများကို ရံဖန်ရံခါ တွေ့ရှိတတ်ခြင်းပင်။

တန်ဖိုးကြီးလှသည်မဟုတ်သော်လည်း အဆင့်နိမ့် တပည့်များအတွက်မူ အလွန်ကောင်းသော ရတနာများ ဖြစ်နေတတ်သည်။

​ရှုချွမ်းက သူ၏ အခွင့်အရေးမှာလည်း ဤနေရာတွင် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ

သူသာ အဆင့်နိမ့် တပည့် ဖြစ်မသွားလျှင် ဤနေရာသို့ သူ တစ်သက်လုံး ရောက်လာဖြစ်မည် မဟုတ်ပေ။

​စွန့်ပစ်ထားသော လှိုဏ်ဂူများရှိရာသို့ ရောက်လာသည့်အခါ ရှုချွမ်းမှာ ခေါင်းခဲသွားတော့သည်။

ဤနေရာတွင် စွန့်ပစ်လှိုဏ်ဂူပေါင်း များစွာ ရှိနေပြီး ဆေးနည်းရှိသည့် လှိုဏ်ဂူမှာ မည်သည့်ဂူဖြစ်ကြောင်း သူ မသိပေ။ စနစ်ကလည်း အရိပ်အမြွက် မပေးထားပေ။

ထို့ကြောင့် သူက တစ်ခုချင်းစီကို လိုက်ရှာရန်သာ ရှိတော့သည်။

​ကံကောင်းထောက်မစွာဖြင့် သူက ရှာဖွေရင်းနှင့် ပစ်မှတ်တစ်ခုကို တွေ့ရှိခဲ့သည်။

ပေါင်းပင်များ ထူထပ်နေသော လမ်းကို ဖြတ်ကျော်လိုက်သည့်အခါ ကျောက်တုံးများဖြင့် တည်ဆောက်ထားသော လှိုဏ်ဂူဟောင်းတစ်ခုကို ရှုချွမ်း တွေ့လိုက်ရသည်။

အချိန်အတော်ကြာ လူမရှိသဖြင့် ထိုကျောက်တုံးအိမ်လေးမှာ ပြိုကျလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

​ရှုချွမ်း၏ အလိုလိုသိစိတ်က သူရှာနေသော ဆေးနည်းမှာ ဤကျောက်တုံးအိမ်ထဲမှာ ရှိနေလိမ့်မည်ဟု ပြောနေသည်။

သူက အုတ်ခဲကျိုးများ၊ အကျိုးအပဲ့များကြားတွင် တစ်နေရာမကျန် ဂရုတစိုက် လိုက်ရှာတော့သည်။

​အိမ်တစ်ခုလုံးနီးပါး နှံ့သွားချိန်တွင် ပိုးစာလိပ်လေးတစ်ခုကို သူ သတိပြုမိလိုက်သည်။

ထိုပိုးစာလိပ်မှာ ကျောက်တုံးအိမ်၏ ကြမ်းပြင်အောက်တွင် မြှုပ်နေပြီး ထောင့်လေးတစ်ခုသာ ပေါ်နေခြင်း ဖြစ်သည်။ အကယ်၍ ဂရုတစိုက် မရှာလျှင် လုံးဝ တွေ့နိုင်မည် မဟုတ်ပေ။

​သူ ထိုစာလိပ်လေးကို ဂရုတစိုက် ဖြန့်ကြည့်လိုက်ရာ 'ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည်' ဟူသော စာလုံးကြီး သုံးလုံး ရေးသားထားသည့် သားရဲသားရေစ တစ်ခုကို တွေ့လိုက်ရတော့သည်။

​“နောက်ဆုံးတော့ တွေ့ပြီ”

​ရှုချွမ်းက သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။

ဤဆေးနည်းကို သူ တွေ့ရှိသွားပြီဖြစ်ရာ စနစ်မှာ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။

သူက ကံကြမ္မာကို ပြောင်းလဲရန် အခွင့်အရေး ရရှိခဲ့ပြီပင်

​ဒါကို တခြားသူသာ တွေ့ရင် ပျော်လွန်းလို့ ရူးသွားနိုင်ပါသည်။

သို့သော် ရှုချွမ်းကတော့ သူ၏ စိတ်လှုပ်ရှားမှုများကို ချက်ချင်း ထိန်းချုပ်လိုက်ပြီး ဆေးနည်းပါသော သားရေစကို ရင်ဘတ်ထဲသို့ ထည့်ကာ လုံခြုံအောင် သိမ်းဆည်းလိုက်သည်။

​ဘဝနှစ်ခုစာ နေထိုင်ခဲ့သော ရှုချွမ်းအဖို့ 'ရတနာရှိသူမှာ အပြစ်ရှိသူ' ဖြစ်လာနိုင်သည်ဟူသော အချက်ကို ကောင်းစွာ သိသည်။

ဤဆေးနည်းကိုသာ အပြင်တွင် ရောင်းမည်ဆိုလျှင် အဆင့်နိမ့် 'ယွမ်ကျောက်တုံး' သန်းနှင့်ချီ၍ ရနိုင်ပါသည်။

ဒါက တစ်ညတည်းနဲ့ သူဌေးဖြစ်သွားတဲ့ ခံစားချက်မျိုးပင်

​အပြင်စည်းတပည့်တစ်ဦးအနေဖြင့် ရှုချွမ်းမှာ တစ်လလျှင် အဆင့်နိမ့် ယွမ်ကျောက်တုံး ၁၀ တုံးခန့်သာ ရရှိပြီး ၎င်းမှာ နေ့စဉ်ကျင့်ကြံခြင်း အတွက်သာ ကွက်တိ ဖြစ်သည်။

ပိုလိုချင်လျှင် မြင့်မြတ်နယ်မြေ မှ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ရမည် ဖြစ်သည်။

သို့သော် ကျင့်ကြံခြင်း အဆင့် နိမ့်သူ တစ်ယောက်အနေဖြင့် ထိုသို့သော အန္တရာယ်များသည့် အလုပ်များကို သူ မလုပ်ရဲပေ။

​ဂိုဏ်းတွင် နေလာသော ရှစ်နှစ်အတွင်း သူ စုဆောင်းထားနိုင်သည်မှာ ယွမ်ကျောက်တုံး ၅၀ ခန့်သာ ရှိသည်။

ယခုမူ သူက ယွမ်ကျောက်တုံး သန်းနှင့်ချီ တန်ဖိုးရှိသော ဆေးနည်းကို ကိုင်ထားသဖြင့် အပြင်စည်းတွင် အချမ်းသာဆုံး လူတစ်ယောက် ဖြစ်လာပြီဟု ဆိုနိုင်သည်။

​သို့သော် ရှုချွမ်းမှာ ထိုမျှအထိ အမြင်တိုပြီး ထိုဆေးနည်းကို သွားရောင်းမည့်သူ မဟုတ်ပေ။

အခြားသူများ သိသွားအောင်လည်း သူ လုံးဝ ပြောမည်မဟုတ်ပေ။

မဟုတ်လျှင် သူ၏ အသက်မှာ အန္တရာယ် ရှိလာနိုင်ပါသည်။

​“နောက်ပိုင်းမှာ ဒီဆေးနည်းကို သုံးပြီး ကျင့်ကြံခြင်း နယ်ပယ်ကို မြှင့်တင်မယ်၊ ပြီးရင် အတွင်း စည်း စစ်ဆေးမှု ကို ဝင်ဖြေမယ်”

​ရှုချွမ်းက သူ့ဘာသာ ရေရွတ်လိုက်ပြီး ဝန်းကျင်ရှိ အရာအားလုံးကို မူလအတိုင်း ဖြစ်အောင် ပြန်လုပ်ထားခဲ့သည်။ ဘယ်သူမှ မမြင်ကြောင်း သေချာမှ သူက ထိုနေရာမှ အမြန် ထွက်လာခဲ့သည်။

​သူ၏ လှိုဏ်ဂူသို့ ပြန်ရောက်သည်နှင့် လှိုဏ်ဂူ၏ အကာအကွယ် အစီအရင်ကို ချက်ချင်း ဖွင့်လိုက်ပြီး ဆေးနည်းကို သေချာ ထပ်မံ စစ်ဆေးကြည့်သည်။

၎င်းမှာ သူ၏ အနာဂတ်နှင့် သက်ဆိုင်သဖြင့် သူ အမှားမခံနိုင်ပေ။

အတော်ကြာ စစ်ဆေးပြီးနောက်တွင် ရှုချွမ်းက ဆေးနည်းကို ပြန်ချလိုက်သည်။

​“ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်အတွက် နတ်ဆေးဆိုတဲ့အတိုင်း တကယ်ကို အံ့ဩစရာကောင်းတာပဲ”

​ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်၏ အဓိကမှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို သန်မာအောင် လုပ်ခြင်း ဖြစ်သည်။ ဤဆေးရည်ကို ဖော်စပ်ရန် လိုအပ်သော ပစ္စည်းများမှာလည်း အလွန် ဈေးပေါပါသည်။

​ရှုချွမ်း တွက်ချက်ကြည့်ရာ သူ၏ လက်ထဲတွင် ရှိသော ယွမ်ကျောက်တုံး ၅၀ ဖြင့် ဆေးရည် ၅ ပုလင်းစာ ကုန်ကြမ်းများကို ဝယ်ယူနိုင်ပါသည်။

အပြင်လောကတွင် ဆေးရည် တစ်ပုလင်းလျှင် ယွမ်ကျောက်တုံး ၁၀၀၀ ကျော် တန်သော်လည်း ကုန်ကျစရိတ် မှာ ၁၀ တုံးခန့်သာ ရှိကြောင်း သိသွားရင် လူတွေ သွေးအန်ပြီး သေကုန်ကြမှာ သေချာသည်။

​ရှုချွမ်းက လူတွေ ဘာလို့ ဤဆေးနည်းကို တင်းကျပ်စွာ လျှို့ဝှက်ထားကြသလဲ ဆိုသည်ကို နားလည်သွားတော့သည်။

သူက အချိန်မဆွဲတော့ဘဲ လိုအပ်သော ပစ္စည်းများကို ဝယ်ယူရန် ဈေးသို့ သွားရန် ပြင်လိုက်သည်။

​ဆေးနည်းကို လှိုဏ်ဂူ၏ လုံခြုံသော နေရာတစ်ခုတွင် ဖွက် ထားခဲ့ပြီး ရှုချွမ်းက လှိုဏ်ဂူထဲမှ ထွက်လာခဲ့တော့သည်။

All Chapters