← Chapters

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အခန်း ၁၆၁

စခန်းချခြင်း (၁)

S မြို့တော်နှင့် မနီးမဝေးရှိ C မြို့တော်၏ မြောက်ဘက် ဆင်ခြေဖုံးတွင် 'ရှီဘေးတောင်ကြား' ဟုခေါ်သော နေရာတစ်ခုရှိသည်။

နွေရာသီရောက်တိုင်း ပတ်ဝန်းကျင် ပြည်နယ်နှင့် မြို့များမှ လူများသည် ဤနေရာသို့ ဝါးဖောင်စီးရန် လာရောက်လေ့ ရှိကြသည်။ ယခုအခါတွင်မူ ဆောင်းရာသီသို့ ရောက်ရှိနေပြီဖြစ်ရာ မြစ်ကမ်းဘေးရှိ နေရာများကို ဒေသခံ လယ်သမားများက ခြံစည်းရိုးခတ်ကာ စခန်းချခြင်းနှင့် စိုက်ပျိုးရေး အခြေပြု ခရီးသွား လုပ်ငန်းများအဖြစ် လုပ်ကိုင်နေကြပြီ ဖြစ်သည်။

တန်ယန် သူမ၏ ပထမဆုံး စခန်းချ ခရီးစဉ်အတွက် ဤနေရာကိုပင် ရွေးချယ်ခဲ့သည်။

သူမသည် တကယ့် တောတောင်ထဲတွင် စခန်းချရန် မရွေးချယ်ခဲ့ခြင်းမှာ သူမကိုယ်တိုင်ကလည်း အတွေ့အကြုံ မရှိသေးသည့်သူတစ်ဦး ဖြစ်သောကြောင့်ပင်။ အကယ်၍ တောရိုင်းထဲတွင် တစ်ခုခု အခက်အခဲ မကြာခဏ ဖြစ်နေမည် ဆိုပါက စခန်းချရခြင်း၏ အတွေ့အကြုံကို ပျက်စီးသွားစေနိုင်သည်။

အိမ်မွေးတိရစ္ဆာန်များ ခေါ်ဆောင်ခွင့် ရှိမရှိကို ဆိုင်ရှင်ထံ ကြိုတင်ကာ မေးမြန်းထားပြီး ခွင့်ပြုချက် ရရှိထားသဖြင့် ခွေးလေးနှစ်ကောင်၊ တန်ယွီတို့နှင့်အတူ ပျော်ရွှင်စွာ ထွက်လာခဲ့သည်။

ယခုတစ်ခေါက်တွင်လည်း ဘေးကင်းလုံခြုံရေးအတွက် သက်တော်စောင့် နှစ်ဦးကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့၏။ လူလေးဦးနှင့် ခွေးနှစ်ကောင်မှာ SUV ကားနှစ်စီးဖြင့် ခရီးနှင်ခဲ့ကြရာ ကားတစ်စီးကိုမူ ခရီးဆောင်အိတ်များ တင်ဆောင်ရန် သီးသန့် အသုံးပြုထားသည်။

နံနက်ကိုးနာရီတွင် စတင်ထွက်ခွာခဲ့ကြပြီး မွန်းမတည့်မီမှာပင် သွားလိုသော နေရာသို့ ရောက်ရှိခဲ့ကြသည်။

တန်ယန် ကားပေါ်မှဆင်းကာ အညောင်းအညာ ပြေလျော့စေရန် ကိုယ်ကို ဆန့်ထုတ်လိုက်သည်။ ကားထဲတွင် အကြာကြီး ထိုင်လာခဲ့ရသဖြင့် သူမ၏ ကိုယ်ခန္ဓာမှာ အနည်းငယ် တောင့်တင်းနေချေပြီ။ ရာသီဥတုမှာ အနည်းငယ် အေးစိမ့်နေသောကြောင့် စခန်းချသူများ အလွန်နည်းသည်။ သူတို့အဖွဲ့အပြင် အဝေးတစ်နေရာတွင် တဲနှစ်လုံး၊ သုံးလုံးခန့်သာ ထိုးထားသည်ကို တွေ့ရသည်။

ကြိုတင်မှာယူထားသော နေရာကို ရှာဖွေတွေ့ရှိခဲ့ရာ ၎င်းမှာ စမ်းချောင်းဘေးရှိ ကျောက်စရစ်ခဲများရှိသော ကမ်းခြေပေါ်တွင် ဖြစ်သည်။ စမ်းရေစီးသံလေးများကို နားထောင်ရင်း အိပ်စက်ရမည်ဆိုလျှင် အိပ်မက်လှလှလေးများ မက်မည်မှာ အသေအချာပင်။

ကားပါကင် ထိုးပြီးနောက် 'ဇီးရိုး' နှင့် 'နိုင်း' တို့က သူတို့၏ ပစ္စည်းများကို စတင် ချလိုက်ကြသည်။ ၎င်းတို့အနေဖြင့် ပထမဦးစွာ တဲသုံးလုံးကို ဆောက်လုပ်ရန် လိုအပ်သည်။ တစ်လုံးမှာ တန်ယန်အတွက်ဖြစ်ပြီး တစ်လုံးမှာ တန်ယွီအတွက်ဖြစ်ကာ ကျန်တစ်လုံးမှာမူ သက်တော်စောင့် နှစ်ဦးအတွက် ဖြစ်သည်။

'ဇီးရိုး' နှင့် 'နိုင်း' တို့မှာ စခန်းချခြင်းနှင့် ပတ်သက်၍ အတော်ပင် ကျွမ်းကျင်ပုံရပြီး အလုပ်များကို စနစ်တကျ လုပ်ဆောင်နေကြသည်။ တန်ယန်နှင့် တန်ယွီတို့မှာလည်း ကိုယ်တိုင်ကိုယ်ကျ စမ်းသပ် ကြည့်ချင်နေကြသဖြင့် 'ဇီးရိုး' နှင့် 'နိုင်း' တို့၏ လှုပ်ရှားမှုများကို ခဏတာ စောင့်ကြည့်ပြီးနောက် သူတို့၏ ကိုယ်ပိုင်တဲများကို စတင် ထိုးကြတော့သည်။

တန်ယန်ဝယ်လာသော လေကာတဲမှာ အလွန်ခိုင်ခံ့လှရာ သာမန်မိန်းကလေး တစ်ဦးအတွက် တဲထိုးရန်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်သော်လည်း သူမအတွက်မူ ထိုအလေးချိန်မှာ ပြဿနာ မဟုတ်ပေ။ တန်ယန် တဲအကာများကို ကိုင်ထားသည်ကို လင်းမြင်သောအခါ လာကူညီပေးသော်လည်း တန်ယန်က အမြန်ပင် အကာများကို မှန်ကန်သော နေရာသို့ ထည့်သွင်းလိုက်သည်။

ခဏအတွင်းမှာပင် ထောက်တိုင်များအားလုံး အဆင်သင့် ဖြစ်သွားပြီး တဲကိုဆွဲတင်ကာ ထောင့်လေးထောင့်ကို မြေကြီးပေါ်တွင် မြဲမြံအောင် စိုက်ထူလိုက်သည့်အခါ ပြင်ဆင်ခြင်းမှာ အကုန်ပြီးစီးသွားသည်။

နောက်တစ်ဆင့်မှာမူ မွေ့ရာကို လေထိုးရန် ဖြစ်သည်။ သူမသည် လျှပ်စစ်လေမှုတ်စက်ကို ဝယ်ယူခဲ့ပြီး မီးစက်ကြီး တစ်လုံးကိုပါ ပြင်ဆင်လာခဲ့ရာ ထိုမီးစက်မှာ သူတို့အတွက် ငါးရက်၊ ခြောက်ရက်စာခန့် လုံလောက်သော လျှပ်စစ်ဓာတ်အားကို ပေးနိုင်သည်။

တဲအတွင်းပိုင်းအားလုံး အစီအစဉ်တကျ အချောသတ် ပြီးသွားသောအခါ တန်ယန် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး အခြားသူများ အကူအညီ လိုအပ်ခြင်း ရှိမရှိကို ကြည့်ရှုရန် အပြင်သို့ ထွက်လာခဲ့သည်။

သို့သော်လည်း 'လင်း' နှင့် ကျန်နှစ်ဦး ရှိနေသဖြင့် တဲများအားလုံးမှာ အဆင်သင့် ဖြစ်နေပြီး အမိုးအကာကိုပါ ဆွဲတင်ပြီးစီးနေချေပြီ။

မီးမွှေးပြီးသား မီးဖိုနှင့် ဆူပွက်နေသော ရေနွေးအိုးကိုကြည့်ရင်း တန်ယန် သူမအတွက် လုပ်ဆောင်စရာ မရှိတော့သဖြင့် ပြင်ဆင်ထားသော ကုလားထိုင်ပေါ်တွင် ထိုင်ချကာ ပတ်ဝန်းကျင်၏ အလှအပကိုသာ ငေးမော ကြည့်ရှုနေလိုက်သည်။

စခန်းချသည့်နေရာ ဘေးနားတွင် ဆောင်းရာသီပွင့်သည့် ဆီးဖြူပင်အချို့ ရှိနေပြီး ထိုနေရာတွင် နေထိုင်သော လယ်သမားများ စိုက်ပျိုးထားဟန်တူသည်။ အေးမြသော လေပြေတစ်ချက် အဝေ့တွင် မွှေးပျံ့လတ်ဆတ်သော နှင်းဆီရနံ့နှင့် ဆင်တူသည့် ဆီးပွင့်ရနံ့လေးများ ပါလာခဲ့ရာ တန်ယန် ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်သည့်အခါ ထိုရနံ့မှာ သူမ၏ ခံတွင်းထဲ၌ပင် စွဲကျန်နေသကဲ့သို့ ခံစားရလေသည်။

"မမ... ကော်ဖီသောက်မလား"

ရေနွေးအိုးဘေးမှ တန်ယွီက လှမ်းမေးလိုက်သည်။

"သောက်မယ် လတ်တေးဖျော်ပေးနော် အမေရိကာနို မဟုတ်ဘူး"

တန်ယန် အလွန်ခါးသော ကော်ဖီကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပေ။ သူမ၏ အရင်ဘဝတွင်လည်း ဘဝကြီးက ခါးသီးလှပြီဖြစ်ရာ ဤမျှ ခါးသောကော်ဖီကို ထပ်သောက်ရလျှင် အလွန်ပင် သနားစရာ ကောင်းလှမည်ဟု ခံစားခဲ့ရဖူးသည်။

ယခုဘဝတွင်မူ သူမသည် ကိတ်မုန့်နှင့် ချောကလက်ကဲ့သို့ အချိုများကို နှစ်သက်သော်လည်း အလွန်အမင်း ချိုလွန်းသည်ကိုမူ မကြိုက်ပြန်ပေ။ အချိုပွဲ တစ်ခုအတွက် သူမပေးလေ့ရှိသော အမြင့်ဆုံး ချီးကျူးစကားမှာ "သိပ်မချိုဘူး" ဟူ၍သာ ဖြစ်သည်။

"ဟုတ်ကဲ့"

တန်ယွီ သူ၏ ခရီးဆောင်အိတ်ကို ခဏတာ မွှေနှောက် ရှာဖွေပြီးနောက် အသေးစား အက်စ်ပရက်ဆို စက်လေးကို ထုတ်ယူကာ အစိတ်အပိုင်းများကို တပ်ဆင်၍ လျှပ်စစ်မီးဖြင့် စမ်းကြည့်လိုက်သည်။

သူသည် အချဉ်ဓာတ်နည်းသော ကော်ဖီစေ့များကို ထုတ်ယူကာ ကြိတ်ခြေပြီးနောက် စက်ထဲတွင် အက်စ်ပရက်ဆို ထုတ်ယူနေစဉ်မှာပင် နွားနို့ကိုလည်း အမြှုပ်ထအောင် လုပ်နေသည်။ သူ၏ လှုပ်ရှားမှုများမှာ ကျွမ်းကျင် သွက်လက်လှသဖြင့် သူအမြဲတမ်း လုပ်ဆောင်နေကျ အလုပ်ဖြစ်ကြောင်း သိသာလှသည်။

နွားနို့အမြှုပ် ရပြီဖြစ်သလို ကော်ဖီလည်း ထွက်လာပြီ ဖြစ်သည်။ တန်ယွီသည် အပူပေးထားသောခွက်ကို စားပွဲပေါ်တင်ကာ ကော်ဖီကို လောင်းထည့်လိုက်ပြီးနောက် သူ၏ကျွမ်းကျင်မှုကို ထုတ်ပြသည့် အနေဖြင့် ကာတွန်းယုန်ကလေးပုံစံ လတ်တေးအနုပညာကို ဖန်တီးလိုက်သည်။ တန်ယန်ထံသို့ ကော်ဖီခွက်ကို ကမ်းပေးလိုက်စဉ်မှာပင် သူမ၏ခေါ်သံကို ကြားလိုက်ရပြန်သည်။

"တန်ယွီ... အစ်မကို ကိတ်မုန့် တစ်ပိုင်းလောက် ပေးပါဦး ကျေးဇူးပဲနော်"

တန်ယွီ မတတ်သာဘဲ လှည့်ကြည့်ကာ ကိတ်မုန့်ထည့်ထားသည့် အအေးခံအိတ်ကို ရှာလိုက်သည်။ ရေခဲမုန့်ဘူးလေးကို တွေ့လိုက်ရသောအခါ တန်ယန် ကိတ်မုန့်ပေါ်တွင် ရေခဲမုန့်တစ်ဇွန်း တင်စားတတ်သည်ကို သတိရသွားသဖြင့် ဗနီလာရေခဲမုန့် တစ်ဇွန်းကို ခပ်တင်ပေးလိုက်သည်။

ထို့နောက် ပစ္စည်းများကို လင်ဗန်းပေါ်တင်ကာ တန်ယန်ထံ ကမ်းပေးလိုက်ရာ မျှော်လင့်ထားသည့် အတိုင်းပင် ချီးကျူးစကားများ ကြားလိုက်ရလေသည်။

"ဝိုး တန်ယွီ... မင်းကတော့ မမအကြောင်းကို သိလှချေလား၊ ရေခဲမုန့်ယူဖို့ မေ့သွားပြီလို့ တွေးနေတာ၊ မင်းက အဆင်သင့် ထည့်ပေးထားပြီးသားပဲ ဘယ်လိုတောင် အလိုက်သိနေရတာလဲ"

တန်ယန်က ပြုံးရွှင်စွာဖြင့် ဇွန်းလေးကိုကိုင်ကာ ရေခဲမုန့် တင်ထားသည့် ကိတ်မုန့်ကို တစ်လုတ်ခပ်၍ ပါးစပ်ထဲ ထည့်လိုက်သည်။ အေးမြသော ရေခဲမုန့်နှင့် နူးညံ့အိစက်လှသော ခရင်မ်ကိတ်တို့၏ ပေါင်းစပ်မှု အရသာမှာ အကောင်းဆုံးပင်။

ကိတ်မုန့်တစ်လုတ် စားလိုက်၊ ကော်ဖီပူပူလေးတစ်ငုံ သောက်လိုက်နှင့်မို့ သူမအဖို့ အအေးဒဏ်ကို လုံးဝ မခံစားရတော့ပေ။

တန်ယန်အတွက် အဆာပြေစာ ပြင်ဆင်ပေးပြီးနောက် တန်ယွီသည်လည်း မိမိအတွက် ကော်ဖီတစ်ခွက် ဖျော်လိုက်သည်။ မောင်နှမနှစ်ဦး ဘေးချင်းယှဉ် ထိုင်နေသည့် နောက်ကျောပုံရိပ်လေးကို ကြည့်ရသည်မှာ အလွန်ပင် ကြည်နူးစရာ ကောင်းပေသည်။

'လင်း' သည် တန်ယန် ကြိုတင် ပြင်ဆင်လာသော ပိုလာရွိုက် ကင်မရာဖြင့် ထိုမြင်ကွင်းကို နောက်ဘက်မှ မှတ်တမ်းတင် ရိုက်ကူးလိုက်သည်။ သာယာလှပသော အခိုက်အတန့်တိုင်းကို အချိန်မီ ဖမ်းဆုပ်ထားနိုင်ရန် တန်ယန်က မျှော်လင့်ထားခြင်း ဖြစ်သည်။ နောင်တစ်ချိန်တွင် ဤပုံများကို ပြန်ကြည့်သည့်အခါ ထိုစဉ်က ခံစားချက်များကို ပြန်လည်အမှတ်ရပြီး ပျော်ရွှင်မှုများ နှစ်ဆတိုးလာစေရန်ပင် ဖြစ်၏။

'နိုင်း' မှာ တန်ယန်၏ သက်တော်စောင့် အဖွဲ့ထဲတွင် ဟင်းချက်အကောင်းဆုံးသူ ဖြစ်သည်။ ပြင်ပတွင် ဟင်းချက်စွမ်းရည် ထုတ်ပြရန် အခြေအနေ မပေးလှသော်လည်း အရသာရှိသော အစားအစာများကို ချက်ပြုတ်နိုင်ဆဲပင်။

ကိတ်မုန့်နှင့်ကော်ဖီ စားသောက်ပြီးကာစ တန်ယန်သည် ပတ်ဝန်းကျင်တွင် ပျံ့လွင့်နေသော ဟင်းနံ့များကို ရရှိလိုက်သည့်အခါ တစ်ဖန် ပြန်လည် ဆာလောင်လာပြန်၏။

မကြာမီမှာပင် 'နိုင်း' က အသားကင် တုတ်ထိုးများကို ယူဆောင်လာခဲ့သည်။ တန်ယန် သူတို့နှစ်ဦးကိုပါ အတူတူစားရန် ဖိတ်ခေါ်လိုက်ရာ လူလေးဦး၊ ခွေးလေးများဖြင့် ပိုမို၍ စည်ကားသွားတော့သည်။

'နိုင်း' သည် 'ယိတျန်တျန်' နှင့် 'တိုတို' တို့အတွက် အမွှေးအကြိုင်များ မပါဝင်သော အသားကင်များကို သီးသန့် ကင်ပေးထားရာ ခွေးလေးနှစ်ကောင်မှာလည်း မြိန်ရေယှက်ရေ စားသောက်နေကြသည်။

တန်ယန် သူမရှေ့ရှိ အသားကင်များကို ကြည့်လိုက်သည်။ အရောင်အသွေး စိုပြည်လှသော အကင်များမှာ စားချင်စဖွယ် ကောင်းနေသည်။ ကြက်သားနှင့် အာလူးတွဲလျက် ကင်ထားသော တုတ်ထိုးကိုယူကာ တစ်လုတ် ကိုက်လိုက်သည်။ နူးညံ့သော အာလူးနှင့် အရည်ရွှမ်းပြီး အရသာရှိလှသော ကြက်သားတို့၏ ပေါင်းစပ်မှုမှာ တစ်ခုချင်းစီထက် သာလွန်သည့် ထူးကဲသော အရသာကို ရရှိစေသည်။

တန်ယွီမှာမူ အမဲသားကင်များကို တစ်ချောင်းပြီးတစ်ချောင်း မရပ်မနား စားနေသည်။ 'လင်း' နှင့် 'နိုင်း' တို့မှာ အစပိုင်းတွင် အနည်းငယ် အားနာနေကြသော်လည်း အသားကင်၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ဘဲ မကြာမီတွင် တန်ယွီကဲ့သို့ပင် မြိန်ယှက်စွာ စားသောက်ကြပြီး ဝိုင်များသောက်ကာ ကျေနပ်ပီတိ ဖြစ်နေကြသည်။

တန်ယန်ကတော့ လိမ္မော်ရည်ကိုသာ သောက်နေသည်။ ယခုလို ရာသီဥတုမျိုးတွင် လိမ္မော်သီးများမှာ အလွန်ပင် ချိုမြိန်လှရာ အချဉ်ဓာတ် လုံးဝမပါသော လိမ္မော်ရည်နှင့် ဆိမ့်မွှေးနေသော အသားကင်တို့မှာ လိုက်ဖက်လွန်းလှသဖြင့် သူမ ဗိုက်ကားအောင်ပင် စားသောက်ပစ်လိုက်သည်။

ညစာစားပြီးသည့်နောက်တွင် 'ယိတျန်တျန်' နှင့် 'တိုတို' တို့မှာ တန်ယန်၏ ခြေရင်း၌ ကျေနပ်အားရသည့် အမူအရာဖြင့် လှဲလျောင်းနေကြသည်။ 'တိုတို' မှာမူ ခြေဖဝါးပေါ်ရှိ အမွှေးအကြိုင်များကို လျှာဖြင့် လျက်နေရင်း တန်ယန်ကို တစ်ချက်တစ်ချက် မော့ကြည့်နေသေး၏။

သူတို့၏ ပထမဆုံး ပြင်ပနေ့လယ်စာမှာ နေ့လည် ၂ နာရီ ထိုးခါနီးမှပင် ပြီးဆုံးသွားသည်။ ခေတ္တမျှ အနားယူပြီးနောက် အားလုံးမှာ မိမိတို့၏ တဲများဆီသို့ ပြန်သွားကြသည်။

တဲအတွင်း၌ အပူပေးစက် ရှိသဖြင့် သိပ်မကျယ်လှသော တဲလေးမှာ နွေးထွေးနေပြီး အအေးဒဏ်ကို လုံးဝ မခံစားရပေ။ တန်ယန် အိပ်ရာအိတ်ကိုပင် အသုံးမပြုဘဲ ထူထဲသော လေထိုးမွေ့ရာပေါ်တွင် ဖျာကိုခင်းပြီး သိုးမွှေးစောင်ကို လွှမ်းကာ နာရီဝက်ခန့် မှေးစက်လိုက်သည်။

စမ်းရေစီးသံလေးများနှင့်အတူ တဲကို တိုးတိုက်သွားသည့် လေအေးသံများမှာ စိတ်ကို များစွာ ကြည်လင် အေးချမ်းစေသည်။

ယခုအချိန်အထိ တန်ယန်တစ်ယောက် စခန်းချ ခရီးစဉ်မှာ အဘက်ဘက်က ပြည့်စုံနေသည်ဟု ခံစားနေရသည်။ သူတို့၏ ခရီးစဉ်မှာ နှစ်ရက်နှင့်တစ်ည ဖြစ်သော်လည်း အတိအကျဆိုရလျှင် နှစ်ရက်မပြည့်ပေ။ အကြောင်းမှာ နောက်နေ့မနက်တွင် သိမ်းဆည်းကာ ပြန်ကြမည် ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် တန်ယန် နေ့လယ်ခင်း၌ တစ်ရေးနိုးပြီးနောက် အိပ်ရာထဲတွင် အချိန်ဆွဲမနေတော့ပေ။ အဝတ်အစားများလဲကာ ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးပြီးနောက် တဲအပြင်ဘက်သို့ ထွက်လာခဲ့သည်။

အပြင်ဘက်တွင် အားလုံးက အိပ်ပျော်နေကြဆဲ ဖြစ်သဖြင့် တိတ်ဆိတ် ငြိမ်သက်နေ၏။ တန်ယန် စမ်းချောင်းအတိုင်း အထက်ဘက်သို့ မီတာတစ်ရာ၊ နှစ်ရာခန့် လမ်းလျှောက်သွားရာ သစ်သီးခြံ တစ်ခုကို တွေ့လိုက်ရသည်။ သစ်ပင်များပေါ်တွင် နီရဲနေသော ပန်းသီးများမှာ ဝေဝေဆာဆာ သီးနေကြပြီး စားချင်စဖွယ် ကောင်းနေသည်။

အခန်း ၁၆၂

စခန်းချခြင်း (၂)

တန်ယန် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားလိုက်ရာ သစ်သီးခြံ အပြင်ဘက်တွင် တံခါးကို တင်းကျပ်စွာ ပိတ်ထားသော အိမ်ငယ်လေး တစ်လုံးကို တွေ့လိုက်ရသည်။ "ဒါက သစ်သီး စိုက်ပျိုးတဲ့သူတွေ ခဏနားခိုတဲ့နေရာ ဖြစ်မှာပဲ" ဟု တွေးလိုက်၏။

ရှေ့ဘက်တွင်မူ တောင်တန်းကြီး တည်ရှိသည်။ တောလမ်းအတိုင်း လမ်းလျှောက်သွားစဉ် လမ်းဘေးဝဲယာတွင် အမည်မသိသော မှိုအဆန်းလေးများကိုပင် တွေ့မြင်နိုင်သည်။

တန်ယန် အဝေးကြီးသို့ မသွားရဲသဖြင့် စခန်းချရာ နေရာသို့ ပြန်လှည့်လာခဲ့သည်။

'ဇီးရိုး' နှင့် 'နိုင်း' တို့မှာ အိပ်ရာမှ နိုးနေကြပြီ ဖြစ်သည်။ 'နိုင်း' က သူ၏ ယာယီမီးဖိုချောင်ကို သေသေချာချာ သိမ်းဆည်းနေပြီး 'ဇီးရိုး' ကမူ ထင်းခုတ်နေသည်။ ထိုထင်းများကို လယ်သမား တစ်ဦးထံမှ ဝယ်ယူခဲ့သော်လည်း သစ်တုံးများမှာ မီးမွှေးရန် ကြီးမားနေသဖြင့် 'ဇီးရိုး' က ပုဆိန်ငှား၍ အပိုင်းပိုင်းပြတ်အောင် ခုတ်ထစ်နေသည်။

တန်ယန် စိတ်ထဲမှ - "နောက်တစ်ခါ တောထဲမှာ စခန်းချတဲ့အခါ အသုံးဝင်အောင် ပုဆိန်လိုမျိုး ပစ္စည်းကိရိယာ ကောင်းကောင်းလေးတွေ ဝယ်ထားရမယ် အခု အတွေ့အကြုံကို သင်ခန်းစာအဖြစ် မှတ်ထားရမှာပဲ" ဟု တွေးမိလိုက်သည်။

ခွေးလေးနှစ်ကောင်မှာ စမ်းချောင်းဘေးတွင် ပျော်ရွှင်စွာ လိုက်တမ်းပြေးတမ်း ဆော့ကစားနေကြစဉ် တန်ယွီကမူ ငါးဖမ်းတံကိုကိုင်ကာ ငါးဖမ်းနေချေပြီ။ တန်ယန်မှာတော့ မယုံနိုင်အောင် ဖြစ်နေရ၏။ ဤမျှ ရေတိမ်သော နေရာမျိုးတွင် ငါရှိမည်ဟု သူမ မထင်ပါ။

အမှန်စင်စစ် သူမကသာ ရိုးအလွန်းနေခြင်း ဖြစ်သည်။ စမ်းချောင်းထဲတွင် ငါးများ တကယ်ရှိနေပြီး အလွန် ကြီးမားကြသည်!

"တကယ်ကြီး ငါးတွေရှိနေတာပဲ"

တန်ယန် အံ့သြတကြီး ရေရွတ်လိုက်သည်။

'ဇီးရိုး' က သူမ၏ အနောက်ဘက်မှ ခပ်တိုးတိုး ရယ်မောလိုက်ပြီး -

"ဒါက လာလည်တဲ့သူတွေ စခန်းချတဲ့ အတွေ့အကြုံ ပိုကောင်းသွားအောင် အနီးနားက ခြံပိုင်ရှင်တွေက ငါးတွေ လွှတ်ထားပေးတာ ဖြစ်မှာပါ"

ဟု ဆိုလိုက်သည်။

တန်ယန်က နားမလည်နိုင်သော မျက်နှာထားဖြင့် လှည့်ကြည့်ကာ -

"ဒါဆို ဒီမှာငါးဖမ်းရင် ပိုက်ဆံပေးရတာလား"

ဟု မေးလိုက်သည်။

'လင်း' က ခေါင်းညိတ်ပြလျက် -

"ငါးဖမ်းလို့ ရရုံတင် မကဘူး သစ်သီးလည်း ခူးလို့ရသေးတယ် ရှေ့မီတာ ၁၅၀ အကွာမှာ သစ်သီးခြံ ရှိတယ်လေ ခြံရှင်ကတော့ ကိုယ်တိုင်ခူးပြီး အလေးချိန် ချိန်လို့ရတယ်လို့ ပြောထားတယ် လူတော်တော် များများက စခန်းချပြီးရင် အိမ်ပြန်လက်ဆောင်အဖြစ် သစ်သီးတွေ ခူးသွားတတ်ကြတယ်"

"ဩော်... ဒါကြောင့်မို့ အဲဒီအပင်ပေါ်က ပန်းသီးတွေက မှည့်နေတာတောင် ဘယ်သူမှ မခူးကြဘဲ အားလုံးကို ကိုယ်တိုင် ခူးစေချင်လို့ကိုး"

တန်ယန် ရုတ်တရက် သဘောပေါက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် -

"ဒါဆိုရင် တို့တွေ သွားခူးကြရအောင်လေ အကုန်မစားနိုင်ရင်လည်း အိမ်ကိုယူသွားလို့ ရတာပဲ အဲဒီပန်းသီးတွေက တော်တော်လေး ချိုမယ့်ပုံပဲ"

'လင်း' က ခေါင်းညိတ်ကာ ခြံရှင်ထံမှ သစ်သီးခူးသည့် ပစ္စည်းများ သွားတောင်းလိုက်သည်။ ခဏအကြာတွင်မူ သစ်သီးထည့်သည့် ခြင်းတောင်းနှစ်လုံးနှင့် ခေါက်လှေကား တစ်ခုကို ယူဆောင်၍ ပြန်ရောက်လာသည်။

တန်ယန် တန်ယွီကိုပါ လှမ်းခေါ်လိုက်ပြီး ခွေးလေးနှစ်ကောင်ကိုပါ ခေါ်ဆောင်ကာ ပန်းသီးခူးရန် ထွက်ခွာခဲ့ကြသည်။ 'ဇီးရိုး' က သူတို့နောက်မှ လိုက်ပါလာပြီး 'နိုင်း' ကမူ ပစ္စည်းများကို စောင့်ရှောက်ရန် စခန်းတွင် ကျန်ရစ်နေခဲ့သည်။

ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် သူတို့အဖွဲ့မှာ သစ်သီးခြံသို့ ရောက်ရှိသွားကြသည်။

တန်ယန် အသီးအကြီးဆုံးနှင့် အနီဆုံးဟု ထင်ရသော အပင်တစ်ပင်ရှေ့တွင် ရပ်လိုက်ပြီး -

"ဒီအပင်ကပဲ ခူးကြရအောင်"

ဟု ပြောလိုက်သည်။

'ဇီးရိုး' က ရှေ့သို့တက်ကာ မြေပြန့်သော နေရာတွင် လှေကားကို အသေအချာ ဆင်ပေးလိုက်သည်။ သူကိုယ်တိုင်ပင် လှေကားပေါ်တက်၍ ခိုင်ခံ့မှုရှိမရှိ စမ်းသပ်ကြည့်ရာ အတော်ပင် တည်ငြိမ်မှု ရှိသည်။

တန်ယန်မှာ အရပ်မမီသဖြင့် အပင်ပေါ်က ပန်းသီးများကိုမှီရန် လှေကားပေါ် သို့ တက်ရလေသည်။ 'လင်း' ကမူ အရပ်အမောင်း အတော်အတန်မြင့်သူ ဖြစ်သဖြင့် အသာလေးပင် လှမ်းခူးနိုင်ရာ တန်ယန်မှာ အနည်းငယ်ပင် မနာလို ဖြစ်မိသွားသည်။

၁.၇၅ မီတာကျော်သာ ရှိသေးသော တန်ယွီကိုကြည့်ကာ တန်ယန်က မတတ်သာသလို သက်ပြင်းချရင်း -

"ဟူး... တန်ယွီရေ၊ မင်း အစားကောင်းကောင်းစားဖို့ လိုတယ်နော် အရပ်မရှည်လာရင် ဘယ်လိုလုပ်မလဲ မိန်းကလေးတွေက အရပ်ရှည်တဲ့ ယောကျ်ားလေးတွေကိုပဲ သဘောကျကြတာ"

တန်ယွီမှာ ဆွံ့အသွားရသည်။ သို့သော်လည်း အစ်မဖြစ်သူကို ပြန်မပြောချင်သဖြင့် နှုတ်ခမ်းကိုသာ စေ့ထားပြီး တိတ်တိတ်လေး နေနေလိုက်၏။

ခဏအကြာ ပန်းသီးခူးပြီးနောက် တန်ယန်မှာ လက်ညောင်းလာသဖြင့် အောက်သို့ဆင်းကာ ကျန်သည့် အလုပ်သမား နှစ်ဦးကိုသာ ညွှန်ကြားနေလိုက်သည်။

"ဇီးရိုး... ဘယ်ဘက်ကတစ်လုံး အေး... အဲဒါပဲ"

'ဇီးရိုး' က တန်ယန် သဘောကျသော ပန်းသီးကို ခူးပေးပြီးတိုင်း နောက်ထပ်လှသော အသီးတစ်လုံးကို ထပ်မံ ရှာဖွေပေးသည်။

နာရီဝက်ခန့် အကြာတွင် ခြင်းတောင်းနှစ်လုံးစလုံး ပြည့်သွားသည်။ တန်ယွီ သက်ပြင်းတစ်ချက်ချကာ ခြင်းတောင်းတစ်လုံးကို မကြည့်လိုက်ရာတွင် အတော်ပင် လေးသည်။

'လင်း' က သဘာဝကျကျပင် ကျန်သည့် ခြင်းတောင်းတစ်လုံးကို မကာ လှေကားကိုပါ သယ်ယူ၍ အပြန်ခရီးအတွက် ပြင်ဆင်လိုက်သည်။

တန်ယန်မှာ သူတို့နှစ်ဦး၏ ဂရုစိုက်မှုအောက်တွင် နတ်သမီးလေးပမာ ဖြစ်နေသည်။ ခွေးလေးနှစ်ကောင်ကလည်း သူမဘေးတွင် ပျော်ရွှင်စွာ ပြေးလွှား ဆော့ကစားနေကြ၏။ တန်ယန်မှာ အားနွဲ့ပြီး အကူအညီမဲ့သည့်ပုံ ပေါက်နေသည်။ မည်သူကို အပြစ်တင်ရမည်နည်း။

စခန်းသို့ ပြန်ရောက်သောအခါ တန်ယန် တန်ယွီကို သစ်သီးစိပ်ခိုင်းလိုက်သည်။ သူမကိုယ်တိုင်ကမူ ကုလားထိုင်ပေါ်တွင် ပစ်ထိုင်ကာ 'တိုတို' နှင့် 'ယိတျန်တျန်' တို့ ပြေးလွှား ဆော့ကစားနေသည်ကို ငေးကြည့်နေသည်။ သူတို့နှစ်ကောင်ကို ကြည့်ရသည်မှာ ပျော်နေကြပုံရသည်။

စောင့်နေရင်း ပျင်းလာသည်နှင့် ဖုန်းကိုထုတ်ကာ 'ဘုရင်များ၏ ဘုန်းကျက်သရေ' ဂိမ်းဆော့ရန် ပြင်လိုက်သည်။

ဂိမ်းစတင်သည့်အသံ ထွက်လာသည်နှင့် တန်ယွီက ပန်းသီးတစ်စိပ်ကိုကိုင်ကာ သူမဘေးသို့ ရောက်လာသည်။ သူက တန်ယန်ကို မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်ကာ -

"မမ... ကျွန်တော့်ကိုပါ ခေါ်ဆော့ပါဦး"

တန်ယန်ကလည်း ခေါင်းငြိမ့်ပြလိုက်ပြီး သူ အွန်လိုင်းတက်လာမှာကို စောင့်နေလိုက်သည်။

ထိုအခါ တန်ယွီ ချက်ချင်းပဲ ဝမ်းသာအားရ ဖြစ်သွားပြီး တန်ယန်ဘေးမှာထိုင်ကာ ဂိမ်းစတင်လိုက်ပါသည်။

တန်ယန် အဆင့်မြှင့်ပွဲ အခန်းတစ်ခုကို တည်လိုက်ပြီး သူ့ကို ဖိတ်ခေါ်လိုက်သည်။ မောင်နှမနှစ်ယောက် တွဲဖက်မိပြီး ငါးစက္ကန့်တောင် မပြည့်ခင်မှာပင် ပွဲစဉ်ထဲကို ရောက်ရှိသွားကြသည်။

ဂိမ်းထဲဝင်လိုက်သည်နှင့် ချိုသာလွန်းသည့် မိန်းကလေးအသံ ထွက်ပေါ်လာသည်။

"ဟေး... အစ်ကိုတို့ရေ၊ ကျွန်မကိုနိုင်အောင် ဆွဲခေါ်ပေးကြပါဦးနော်"

"ဟိုး... မိန်းကလေးပဲ အသံလေးက ချိုလိုက်တာ၊ ငါ့နှလုံးသားတောင် အရည်ပျော်သွားပြီ ငါ့ကို 'အစ်ကို' လို့ နောက်တစ်ခါလောက် ထပ်ခေါ်လိုက်စမ်းပါ၊ မင်းကို အနိုင်ရအောင် ဆွဲခေါ်သွားပေးမယ်"

ဟု အသံဩဩနှင့် လူကောင်ကြီးကြီး ယောကျ်ားတစ်ဦး၏ အသံက ပြန်လည် တုံ့ပြန်လိုက်သည်။

တန်ယန်မှာမူ ဘာမှဝင်မပြောခဲ့ပေ။ ဒီလိုလူမျိုးတွေက ဂိမ်းထဲတွင် အများကြီးရှိသည်။ သူမက ပထမဦးစားပေး နေရာတွင် ရှိနေတာကြောင့် ဂျန်ဂလာနေရာကို ချက်ချင်း ရွေးချယ်လိုက်ပြီး စပရိုက်ဂန်းဟီးရိုးကိုသာ ဆက်လက် အသုံးပြုခဲ့သည်။

【လူကောင်ကြီးပြီး ကျွမ်းကျင်သူ】: "ဟေ့ ပထမထပ်ကလူ၊ ငါပြောမယ်... ဂျန်ဂလာနေရာကို ငါ့ကိုပေးလိုက် ငါပဲ အဖွဲ့ကို ဆွဲတင်ပေးမယ်"

【လူကောင်ကြီးပြီး ကျွမ်းကျင်သူ】: "ညီမလေး... နင်ကတော့ အကူအညီပေးတဲ့ မှော်ဆရာ နေရာကပဲ ဆော့လိုက်ပါ၊ အလယ်လမ်းက ရွှေတွေအားလုံးကို ငါယူပြီး မင်းတို့ကိုနိုင်အောင် ဆွဲခေါ်သွားပေးမယ်"

တန်ယန် ဘာမှမပြောရသေးခင်မှာပင် တန်ယွီက မကျေမနပ် ဖြစ်သွားသည်။

【ယွီ 】: "မင်း အဲဒီလို မကြွားဝါရရင် သေသွားမှာလား ဘေးလမ်းမှာပဲ ငြိမ်ငြိမ်လေး လဲနေစမ်းပါ"

【ချစ်စရာကောင်းပြီး ချိုသာသူ】: "ဟေး... ပထမထပ်ကအစ်မ၊ ဟိုအစ်ကိုကြီးကိုပဲ ဂျန်ဂလာနေရာ ပေးလိုက်ပါလား၊ သူက အဖွဲ့ကိုနိုင်အောင် ဆွဲခေါ်သွားနိုင်တယ်လို့ ပြောနေတာပဲဟာ"

【ဆွိအန်ဆော့လ်တီ】: "မပေးနိုင်ဘူး"

【လူကောင်ကြီးပြီး ကျွမ်းကျင်သူ】: "ငါ့နှယ် ****"

【လူကောင်ကြီးပြီး ကျွမ်းကျင်သူ】: "နင်တို့လို အွန်လိုင်းပေါ်က မင်းသမီးလေးတွေနဲ့ ဆုံရတာကို အမုန်းဆုံးပဲ။ ငါတော့ ကံဆိုးတာပဲကွာ"

【ယွီ】: "နင်ကိုယ်တိုင်ကရော အွန်လိုင်းမင်းသမီး မဟုတ်လို့လား ပါးစပ်ပိတ်ပြီး ဟီးရိုးကိုပဲ ရွေးစမ်းပါ"

ထိုလူကောင်ကြီးမှာ ဒေါသထွက်သွားပုံရပြီး သူ၏မိုက်ကို ပိတ်လိုက်ကာ စစ်သည်တော် 'လုရှောင်ပု' ကို ရွေးချယ်လိုက်သည်။ အသံချိုသာသော မိန်းကလေးကမူ သမင်ငယ်မလေးကို ရွေးချယ်ခဲ့သည်။ ကျန်ရှိသည့် အသင်းဖော်က မှော်ဆရာ 'ချောင်ချောင်မေ' ကို ရွေးချယ်ပြီး တန်ယွီကတော့ 'လူပုလေး လူရှု' ကို ယူလိုက်သည်။

ဂိမ်းစတင်သည်နှင့် 'လုရှောင်ပု' သည် ရန်သူ့ဘက်မှ 'မီရှောင်ယွဲ့' နှင့် ရင်ဆိုင်ရသည်။ တန်ယန် သူမ၏ အပြာရောင်ဘတ်ဖ်ကို မရသေးမီမှာပင် ထိုလူက အဖွဲ့၏ ပထမဆုံးအသက်ကို ပေးလိုက်ရသည်။

အလယ်လမ်းရှိ စစ်သည်တော်များကို ရှင်းလင်းပြီးနောက် 'ချောင်ချောင်' သည် တန်ယန်အား ဂျန်ဂလာအတွင်း အခြေအနေကြည့်ရန် လာရောက်ကူညီသည်။ မျှော်လင့်ထားသည့် အတိုင်းပင် ရန်သူ 'မီရှောင်ယွဲ့' မှာ ဂျန်ဂလာအတွင်းရှိ သားရဲငယ်လေးများကို ခိုးယူနေလေသည်။ တန်ယန် ဘတ်ဖ်ကို ရယူလိုက်ပြီး 'ချောင်ချောင်' နှင့်အတူ 'မီရှောင်ယွဲ့' ကို ဝိုင်းဝန်းတိုက်ခိုက်ကာ အောင်မြင်စွာ သုတ်သင်နိုင်ခဲ့၏။

တန်ယန် ဂျန်ဂဲလ်တစ်ခုလုံးကို ရှင်းလင်းပြီးနောက် အဆင့် ၄ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး ပစ်ခတ်သူကို ဝိုင်းဝန်းတိုက်ခိုက်ရန် အောက်လမ်းသို့ ဆင်းလာခဲ့သည်။

ရန်သူ့ဘက်မှ ပံ့ပိုးသူမရှိခိုက် ပစ်ခတ်သူ 'ယာယာ' မှာ ချုံပုတ်ထဲတွင် တစ်စုံတစ်ယောက် ပုန်းအောင်းနေသည်ကို သတိမထားမိဘဲ စစ်သည်တော်လှိုင်းကို ရှင်းလင်းရန် ကြိုးစားနေသည်။ ထိုစဉ် တန်ယန်၏ ကျွမ်းကျင်မှုကြောင့် 'ယာယာ' မှာ အပေါ်သို့ မြောက်တက်သွားပြီး သွေးပမာဏ သုံးပုံတစ်ပုံခန့် လျော့နည်းသွားသည်။ ထို့နောက် တန်ယွီက ကျွမ်းကျင်မှု တစ်ခုဖြင့် ထပ်ဆင့် တိုက်ခိုက်လိုက်ရာ တန်ယန်အတွက် ရန်သူ့ပစ်ခတ်သူကို သုတ်သင်နိုင်ရန် အကောင်းဆုံး အထောက်အပံ့ ဖြစ်သွားလေသည်။

သူတို့အဖွဲ့မှ ပံ့ပိုးသူမှာမူ အပေါ်လမ်း၌ 'လုရှောင်ပု' နှင့်အတူ ရန်သူ့ထံ အသေခံနေဆဲပင်။

တန်ယန် နဂါးကို သုတ်သင်ပြီးနောက် ရန်သူ့ပစ်ခတ်သူကို ဆက်လက် ချောင်းမြောင်း တိုက်ခိုက်သည်။ ရန်သူ့ပစ်ခတ်သူကို အောင်မြင်စွာ နှိမ်နင်းပြီးသည့် နောက်တွင်မူ ထိုသူမှာ ကြောက်လန့်တကြားဖြင့် သူ၏ တာဝါတိုင် အတွင်းသို့ ဆုတ်ခွာသွားပြီး အပြင်သို့ လုံးဝ ထွက်မလာတော့ပေ။

ပစ်ခတ်သူကို ထပ်မံသုတ်သင်ရန် အခွင့်အရေး မရှိတော့သည်ကို တွေ့သောအခါ သူမသည် အလယ်လမ်းသို့ သွားရောက်ကူညီရန် ပြင်ဆင်လိုက်သည်။

ထပ်ခါတလဲလဲ သေဆုံးနေရခြင်းကို မခံစားနိုင်တော့ပုံရသော 'လုရှောင်ပု' မှာ ဆဲဆိုကြိမ်းမောင်းရင်း ဂိမ်းကို လက်လွတ်စပယ် ဆော့ကစားတော့သည်။

【မိမိဘက်】 လုရှောင်ပု (စစ်သည်တော်): "ဂျန်ဂဲလ်သမား... နင်ကတော့ တကယ့်ငတုံးပဲ ****"

【မိမိဘက်】 လုရှောင်ပု (စစ်သည်တော်): "နင့်ကိုမြင်တယ် ****"

【မိမိဘက်】 ရှောင်လု (ပံ့ပိုးသူ): "ဂျန်ဂဲလ်သမား... နင်ဆော့တတ်ရဲ့လား ဘယ်လိုကူညီရမလဲ ဆိုတာရော သိရဲ့လား"

【မိမိဘက်】 လူပုလေး (ပစ်ခတ်သူ): "ပံ့ပိုးသူ... နင်ကရော ဆော့တတ်လို့လား အပေါ်လမ်းကလူနဲ့ ကော်နဲ့ကပ်ထားသလို ဖြစ်နေတာပဲ စူပါကော်နဲ့ ကပ်ထားရင်တောင် နင်တို့လောက် မြဲမှာမဟုတ်ဘူး"

【မိမိဘက်】 သမင်မလေး (ပံ့ပိုးသူ): "ငါကြိုက်တဲ့လူနဲ့ တွဲဆော့မယ်၊ နင်နဲ့ဘာဆိုင်လဲ ထောက်ပံ့သူမပါရင် နင်မဆော့တတ်ဘူးလား ငါက နင့်ကို ချော့မြှူပေးနေရအောင် နင့်အမေ မဟုတ်ဘူးနော်"

All Chapters