← Chapters

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း ၁၆၅

ထူးဆန်းသောလူနှင့် တွေ့ဆုံခြင်း

တန်ယွီ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့်

"ကျွန်တော့်အစ်မက ဒါမျိုးသောက်ရတာ ဝါသနာပါလို့ မောင်တစ်ယောက် အနေနဲ့လည်း တတ်အောင် သင်ထားရတာပေါ့"

ဟု ဆိုသည်။

တန်ယန် ကော်ဖီကို တစ်ငုံမြည်းလိုက်ရင်း တန်ယွီကို ကျေနပ်အားရသော အကြည့်တစ်ချက် ပေးလိုက်ရာ တန်ယွီမှာ ချက်ချင်း မျက်နှာဝင်းသွားတော့သည်။

မွန်းလွဲ ၂ နာရီခွဲတွင် ယွမ်ရှီးနှင့် ကျောက်ခေါတို့ အနားယူရန် ကားဆီသို့ ပြန်သွားကြပြီး၊ 'လင်း' နှင့် 'နိုင်း' တို့က နောက်ထပ် တဲအကြီး တစ်လုံးကို ထပ်မံ၍ ထိုးလိုက်ကြသည်။

ဒီနေ့တော့ တကယ်ပင် ပြန်လို့ရတော့မည် မဟုတ်ပေ။ နှင်းမုန်တိုင်းက အလွန်ပြင်းထန်လှပြီး အဝေးပြေး လမ်းမကြီးကိုလည်း ပိတ်ထားလိုက်ပြီ ဖြစ်သည်။

တန်ယန် သူမ၏ ခွေးလေးနှစ်ကောင်နှင့်အတူ တဲတစ်လုံးတွင်နေပြီး တန်ယွီကမူ လင်းတို့နှင့်အတူ အခြားတဲတစ်လုံးတွင် နေသည်။

နေ့လယ်ခင်း တစ်ရေးနိုးလာသည့်အခါ အပြင်ဘက်တွင် နှင်းများထူထပ်စွာ ကျဆင်းနေချေပြီ။ 'ဇီးရိုး' နှင့် 'နိုင်း' တို့က ကားပတ်ပတ်လည်ရှိ နှင်းများကို ရှင်းလင်းပေးကာ တဲပေါ်တွင် တင်နေသော နှင်းများကိုလည်း ခါချပေးကြသည်။

အဝေးပြေး လမ်းမပေါ်တွင် ပိတ်မိနေသော ကားအရေအတွက်မှာ အလွန်အမင်း မများလှသော်လည်း အနားယူစခန်း အတွင်း၌မူ ယခင်ကထက် သိသိသာသာ လူစည်ကားလာသည်။ ကံကောင်းသည်မှာ အနားယူစခန်းမှာ အတော်ပင် ကျယ်ဝန်းသည်။ သို့သော် ဝန်ထမ်းများမှာမူ ညဘက်တွင် ပြန်ကြမည်ဖြစ်သည်။

သူတို့အဖွဲ့ကတော့ ပြင်ပစခန်းချပစ္စည်းများ အပြည့်အစုံ ပါရှိသဖြင့် အခြေအနေ အတော်အတန် ကောင်းမွန်သည်ဟု ဆိုရမည်။ အခြားသော ကားမောင်းသမားများမှာမူ ဤမျှလောက် ကံမကောင်းကြပေ။ ထိုသို့သော အခြေအနေမျိုးတွင် သူတို့သည် ထူးဆန်းသော လူအချို့နှင့်လည်း ဆုံမိကြသည်။

အဘွားအို တစ်ဦးသည် မျက်နှာချိုသွေးသော အပြုံးဖြင့် ချဉ်းကပ်လာပြီး ဘာစကားမှ မပြောဘဲ တန်ယန်၏ တဲအတွင်းသို့ ဝင်ထိုင်လိုက်သည်။ ခွေးနှစ်ကောင်နှင့် မိန်းကလေးငယ် တစ်ယောက်မို့ အနိုင်ကျင့်ရ လွယ်မည်ဟု သူမ ထင်နေသည်လား မသိပေ။

ဝင်လာပြီး မကြာမီမှာပင် 'ဇီးရိုး' နှင့် 'နိုင်း' တို့ ရောက်ရှိလာပြီး ဘာစကားမှမဆိုဘဲ ထိုအဘွားအိုကို အပြင်သို့ ဆွဲထုတ်လိုက်ကြသည်။

"ဟေ့... နင်တို့ဘာလုပ်တာလဲ ငါက အဘွားကြီး တစ်ယောက်ပါ၊ ငါ့ကို နာအောင်လုပ်နေကြတာလား"

အဘွားအိုသည် အသံကုန်ဟစ်၍ အော်ဟစ် ငိုယိုလေတော့သည်။

"နင်တို့ငါ့ကို အနိုင်ကျင့်နေကြတာပဲ ငါ့ကို ရိုက်နေကြတာ"

တန်ယန် အပြင်သို့ ထွက်လာသည့်အခါ လူတစ်စု ဝိုင်းအုံကြည့်နေကြပြီး သူတို့ကို လက်ညှိုးထိုးကာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်ကို မြင်လိုက်ရရာ သူမ စိတ်ထဲမှပင် လှောင်ပြုံးပြုံးလိုက်မိသည်။

"ခွင့်လွှတ်ပါအဘွား... တစ်ခုခု လိုအပ်လို့လားဟင် အဘွားကိုယ်တိုင်က မနေချင်ဘဲနဲ့ ဘာလို့ ကျွန်မရဲ့ တဲထဲကို ရောက်နေတာလဲ"

"မိန်းကလေးရယ်... အပြင်ထွက်လာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ကူညီကြတာ ဘာမှားလို့လဲ ဘာလို့လူကို ရိုက်နှက်ရတာလဲ"

ထိုအဘွားအိုမှာ အဖြစ်မှန်ကို လိမ်ညာလှည့်ဖြား ပြောဆိုရာတွင် အတော်ပင် ကျွမ်းကျင်လှ၏။

"ဘာ အဘွားက သူများတဲထဲကို ခွင့်ပြုချက် မရှိဘဲ ဝင်လာပြီးတော့မှ ကိုယ်ကပဲ မှန်နေသလိုလို ပြောနေတာလား တစ်ယောက်နဲ့တစ်ယောက် ကူညီတယ်ဆိုတာ နှစ်ဦးနှစ်ဖက် အဆင်ပြေမှလေ အဘွားကရော ကျွန်မကို ဘာကူညီပေးလို့လဲ မဆီမဆိုင် ကျွန်မတဲထဲ ဇွတ်ဝင်လာလို့ ကျွန်မတောင် လန့်သွားရတယ် ကျွန်မရဲ့ သက်တော်စောင့်တွေက အဘွားကို အပြင်ထုတ်ပေးတာ ဘာမှားလို့လဲ"

"ချမ်းသာတဲ့ သူတွေက ဒီလောက်တောင် ကပ်စေးနှဲတာလား နင်တို့တဲတွေက ဒီလောက်နွေးနေတာကို ခဏလောက် ဝင်ထိုင်တာ ဘာဖြစ်သွားမှာမလို့လဲ အပြင်မှာ နှင်းတွေ ဘယ်လောက်တောင် ကျနေလဲဆိုတာ မမြင်ဘူးလား"

တန်ယန်မှာ ဒေါသထွက်လွန်း၍ ရယ်ပင် ရယ်ချင်သွားသည်။

"စိတ်မရှိပါနဲ့အဘွား ဒီမှာထိုင်ချင်ရင် ထိုင်လို့ရတယ်၊ ဒါပေမဲ့ ပိုက်ဆံပေး ကျွန်မရဲ့ ကုလားထိုင်က ယွမ်ငါးထောင်တန်တယ် အသစ်စက်စက် ရှိသေးတာ ကျွန်မကိုယ်တိုင်တောင် နှစ်ခါပဲ ထိုင်ရသေးတယ် အဘွားထိုင်လိုက်ရင် ကျွန်မ ဒါကို ထပ်မလိုချင်တော့ဘူး ကဲ... အဘွားကို ၂၀ ရာခိုင်နှုန်း လျှော့ပေးမယ် ယွမ်လေးထောင်ပဲပေး ထိုင်ချင်ရင် ပိုက်ဆံပေးပြီး အဲဒီကုလားထိုင်ကိုပါ ယူသွားလိုက်လို့ ရတယ်အဘွား”

ဒီလောက်အထိ ဈေးကြီးတယ်ဆိုတာ ကြားလိုက်ရတော့ အဘွားအိုမှာ ချက်ချင်းပင် ထခုန်တော့သည်။

"ညည်း ငါ့ကို လိမ်စားဖို့ ကြိုးစားနေတာပဲ အစုတ်ပလုတ် ကုလားထိုင် တစ်လုံးကို ငါးထောင်တဲ့လား စူပါမားကတ်မှာ ဝယ်ရင်တောင် အလွန်ဆုံး ယွမ်ငါးဆယ်ပဲရှိမှာ အဲ့တာကို ငါ့ဆီကနေ လေးထောင်တောင် လိမ်ယူမလို့လား တကယ့်ကို အသည်းနှလုံးမရှိတဲ့ ဟာမလေး ရုပ်လေးကတော့ ချောပါရဲ့ အလိုရမ္မက် ကြီးလိုက်တာ ညည်းမိဘတွေက ညည်းကို ဘယ်လိုများ ပြုစုပျိုးထောင်လိုက်လဲ မသိဘူး"

"ကျွန်မရဲ့ ကြီးပြင်းလာပုံက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အဘွားနဲ့ ဘာမှမဆိုင်ဘူး ဒါပေမဲ့ အဘွားမိဘတွေကတော့ အဘွားကို ကောင်းကောင်းဆုံးမခဲ့ပုံ မရဘူးဆိုတာ သေချာပေါက် ပြောရဲတယ် ဘာလို့လဲဆိုတော့ ပုံမှန်လူ တစ်ယောက်က သူများနေရာကို ဝင်လုပြီး ဒီလောက်အထိ အရှက်မရှိ ပြန်ပြောဖို့ဆိုတာ မဖြစ်နိုင်လို့ပဲ အဘွားရဲ့ ဦးနှောက်ကို စစ်ဆေးဖို့ လူနာတင်ကား ခေါ်ပေးရမလား"

အဘွားအိုမှာ ဒေါသအလိပ်လိပ် ထွက်သွားပြီး တန်ယန်ရှိရာသို့ လက်ညှိုးထိုးကာ ပြေးဝင်လာသော်လည်း လင်းက ပို၍မြန်လှသဖြင့် သူမကို ချက်ချင်းပင် တားဆီးနိုင်လိုက်သည်။

တန်ယန်မှာမူ တစ်ဖက်လူမှာ ဒေါသတကြီးဖြင့် ဟိုခုန်ဒီခုန် ဖြစ်နေသော်လည်း ဘာမှမတတ်နိုင်သလို ကြည့်ကာ သရော်လိုက်သည်။

"ကျွန်မ အကြံပေးပါရစေ... အဘွားလာတဲ့ နေရာကိုပဲ အေးအေးဆေးဆေး ပြန်သွားလိုက်ပါ၊ ဒီမှာ လူရယ်စရာဖြစ်အောင် မလုပ်ပါနဲ့တော့ ကျွန်မရဲ့ သက်တော်စောင့်တွေက အခုတော့ စိတ်ရှည်ပေးနေပေမဲ့ သူတို့တကယ် ဒေါသထွက်လာရင်တော့ ယောက်ျား မိန်းမ လူကြီး လူငယ် မခွဲခြားတတ်ဘူးနော် အဘွားတစ်ခုခု ဖြစ်သွားရင်လည်း ကျွန်မမှာ လျော်ကြေးပေးဖို့ ပိုက်ဆံ အလုံအလောက် ရှိတယ်”

ထိုသို့ ပြောပြီးနောက် တန်ယန်မှာ သူမကို ဂရုမစိုက်တော့ဘဲ တဲထဲသို့ ဝင်သွားကာ ထိုအဘွားအို ထိုင်ခဲ့သော ကုလားထိုင်ကို အပြင်သို့ လွှင့်ပစ်လိုက်၏။

အကယ်၍ တစ်ဖက်လူက ယဉ်ယဉ်ကျေးကျေးနှင့် အအေးဒဏ် ခဏရှောင်ဖို့ ခွင့်တောင်းခဲ့လျှင် သူမမှာ အကျိုးအကြောင်း မသိတတ်သူ မဟုတ်သဖြင့် ခွင့်ပြုကောင်း ခွင့်ပြုမိပေလိမ့်မည်။ သို့သော် ဤကဲ့သို့ အရှက်မရှိ အခွင့်အရေးသမားဆန်သော အမူအရာမျိုးကိုမူ သူမ လုံးဝ လက်မခံနိုင်ပေ။

ကိစ္စများ ပြီးသွားပြီဟု သူမ ထင်မှတ်ထားသော်လည်း မမျှော်လင့်ဘဲ သန်းခေါင်ယံ အချိန်တွင် နေ့လယ်က တွေ့ခဲ့ရသော အရှက်မရှိသည့် အဘွားအို၏ အသံကြောင့် အိပ်ရာမှ နိုးလာခဲ့ရသည်။

တန်ယန် အိပ်ရာမှထကာ အဝတ်အစားများ လဲလိုက်သည်။ အပြင်ဘက်တွင် နှင်းများကျနေဆဲပင်။ ဇီးရိုးနှင့်နိုင်းတို့သည် ကားရှေ့တွင် ရပ်နေကြပြီး သူတို့၏ ခြေရင်းတွင်မူ လူကောင်ကြီးကြီး ယောကျ်ားတစ်ယောက်မှာ မှောက်လျက် လဲကျနေသည်ကို သူမ မြင်လိုက်ရသည်။

တန်ယန် ထွက်လာသည်ကို မြင်သောအခါ ထိုနှစ်ဦးစလုံးမှာ အားနာသွားကြသည့် ပုံစံမျိုး ဖြစ်သွားကြသည်။

"အစ်မ... ကျွန်တော်တို့ကြောင့် နိုးသွားတာလား”

ဟု လင်းက အပြစ်မကင်းသလို မျက်နှာထားဖြင့် မေးလိုက်သည်။

"ရပါတယ် နေ့လယ်ကလည်း အိပ်တာများသွားတော့ ဒီည သိပ်မအိပ်ချင်တာနဲ့ အတော်ပဲ”

တန်ယန်က နိုင်း၏ခြေရင်းတွင် အော်ဟစ်ငိုယိုနေသော လူကိုကြည့်ကာ

"ဒါက ဘာဖြစ်တာလဲ"

"ဒီအချိန်ကြီး ကားရှေ့မှာ ဟိုကြည့်ဒီကြည့်နဲ့ ပတ်ချာလည်နေတာ ကျွန်တော်တို့ ထွက်လာကြည့်တော့ သူက ကားဘီးကို လေလျှော့ဖို့ လုပ်နေတာနဲ့ အချိန်မီ တားလိုက်တာ”

ထိုစဉ် နေ့လယ်က အဘွားအိုမှာလည်း ရုတ်တရက် ပေါ်လာပြီး သူတို့ကို ကုတ်ခြစ်ရန် ကြိုးစားနေသဖြင့် သူမကိုလည်း မတတ်သာဘဲ ဖမ်းချုပ်ထားလိုက်ရသည်။

တန်ယန် ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားသည်။ ထိုသူမှာ နေ့လယ်က ကိစ္စကို မကျေနပ်သဖြင့် ညဘက်အမှောင်ကို အကာအကွယ်ယူကာ လာရောက် လက်စားချေရန် ကြိုးစားခြင်းပင်။

ထိုအချိန်တွင် ယွမ်ရှီး၏ ဗန်ကားသည်လည်း မောင်းနှင်လာခဲ့သည်။ သူ တန်ယန်ရှိရာသို့ လျှောက်လာပြီး

"ဘာဖြစ်လို့လဲ အကိုအိပ်ပျော်ကာစမှာ ဆူညံသံတွေကြားလို့ မင်းကိုလာကြည့်တာ အဆင်ပြေရဲ့လား"

ဟု မေးလိုက်သည်။

ကျောက်ခေါသည်လည်း နောက်မှ ကပ်လျက်ပါလာပြီး လင်းက ထိုအဖြစ်အပျက်ကို ပြန်လည် ပြောပြနေသည်။ ထို့နောက် ကျောက်ခေါ တိုက်ရိုက်ပင် ပြောလိုက်သည်။

"ရဲခေါ်လိုက်ရအောင် ဒါက ကြိုတင်ကြံစည်ထားတဲ့ လူသတ်မှုလို့တောင် သံသယဝင်လို့ရတယ် ရဲလက်ထဲပဲ အပ်လိုက်တာ အကောင်းဆုံးပဲ"

"ဒါက ဘယ်လိုလုပ် လူသတ်မှု ဖြစ်မှာလဲ ငါတို့ ဘာမှမလုပ်ရသေးဘူးလေ"

ထိုလူက မျက်နှာပြောင်တိုက်ကာ ပြန်ပြောသည်။

"ဒီလို အေးခဲနေတဲ့ ရာသီဥတုမှာ အားလုံး အိပ်ပျော်နေတုန်း လာပြီး ကားဘီးကို လေလျှော့တာလေ ကံမကောင်းလို့ ကားမောင်းတဲ့အချိန် ဘီးကြောင့် ကားမှောက်သွားရင် ဒါက ကြိုတင်ကြံစည်တဲ့ လူသတ်မှု မဟုတ်လို့ ဘာလဲ မင်းက အခုထိ မကျေနပ်သေးဘူးလား"

ဟု ကျောက်ခေါက ဆိုလိုက်သည်။ သူသည် ဤကဲ့သို့သော လူမျိုးများကို အများကြီး မြင်ဖူးသည်။ တစ်ခါတည်းနှင့် မှတ်လောက်သားလောက်အောင် သင်ခန်းစာ မပေးလိုက်လျှင် နောက်နောင်တွင် ဒုက္ခများစွာ ပေးနေဦးမည်ဖြစ်သည်။

"ဟုတ်တယ်၊ ရဲပဲ ခေါ်လိုက်ကြရအောင်"

ဟု ယွမ်ရှီးကလည်း ထောက်ခံလိုက်သည်။

"ကောင်းပြီ"

တန်ယန် သူမ၏ဖုန်းကိုထုတ်ကာ အခြေအနေကို တိုင်ကြားရန် ၁၁၀ (ရဲစခန်း) သို့ ဆက်သွယ်လိုက်သည်။ ရဲများ ရောက်ရှိလာသည့်အခါ မြေပြင်ပေါ်ရှိ ထိုလူနှစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြ၏။

"အစ်မ... ဒီကိစ္စကို ကျွန်တော်ပဲ ကိုင်တွယ်လိုက်ပါ့မယ် အစ်မ ပြန်အိပ်လိုက်တော့နော်"

ဟု ဇီးရိုးက ပြောသည်။

တန်ယန်ခေါင်းညိတ်ကာ -

"နင်တို့ပြန်လာတာကို ငါစောင့်နေပါ့မယ်"

ဟု ဆိုသည်။

"ကျွန်တော်လည်း ဇီးရိုးနဲ့အတူ လိုက်သွားပါ့မယ် ကျွန်တော် မျက်မြင်သက်သေအဖြစ် ပါဝင်ပေးလို့ ရတာပေါ့"

ကျောက်ခေါက စေတနာ့ဝန်ထမ်းအဖြစ် အဖော်လိုက်ရန် ကမ်းလှမ်းလိုက်သည်။

ယွမ်ရှီး ခေါင်းညိတ်ပြရာ အဆင်ပြေသွားတော့သည်။ သူတို့အားလုံး ရှေ့ဘက်ရှိ ရဲကင်းစခန်းသို့ လိုက်ပါသွားကြပြီးနောက် တန်ယန် ယွမ်ရှီးကို လက်ပြနှုတ်ဆက်ကာ သူမ၏တဲဆီသို့ ပြန်လာခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ယွမ်ရှီးသည်လည်း နောက်မှ လိုက်မသွားလိုတော့ပေ။ ညဉ့်နက်နေပြီ ဖြစ်သည့်အပြင် မိန်းကလေး တစ်ယောက်၏ တဲအတွင်းသို့ ဝင်ရန်မှာလည်း မသင့်တော်သဖြင့် သူ၏ ကားပေါ်သို့သာ ပြန်တက်သွားခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက် လင်းနှင့် ကျောက်ခေါတို့ ပြန်လည် ရောက်ရှိလာကြသည်။ ထိုလူနှစ်ဦးကို ရဲစခန်းတွင် ယာယီ ထိန်းသိမ်းထားလိုက်ပြီး တန်ယန်ကမူ ကျိစုထံ ဆက်သွယ်ကာ ဤကိစ္စကို အဆုံးအထိ ကိုင်တွယ်ဖြေရှင်းရန် 'ယိရှင်း' ဥပဒေအကျိုးဆောင် လုပ်ငန်းသို့ လွှဲပြောင်း ပေးအပ်လိုက်သည်။

H မြို့တော်ရှိ ကျိစုသည် သူမအထက်လူကြီးထံမှ ဖုန်းလက်ခံရရှိပြီးနောက် ချက်ချင်းပင် လူလွှတ်၍ စီစဉ် ဆောင်ရွက်ပေးခဲ့သည်။ ခရီးလမ်းမှာ ခက်ခဲကြမ်းတမ်းသော်လည်း တာဝန်ပေးခံရသော ရှေ့နေမှာမူ သူမ၏ အထက်လူကြီးသည် အမြဲတမ်း ရက်ရောသူဖြစ်ကြောင်း သိထားသဖြင့် အနည်းငယ်မျှပင် ညည်းညူခြင်း မရှိပေ။ ထို့ပြင် အထက်လူကြီးအပေါ် အထင်ကြီးလေးစားမှု ရရှိစေရန်ပင် မျှော်လင့်နေသေးသည်။

'ယိရှင်း' ဥပဒေအကျိုးဆောင် လုပ်ငန်းက ဤအမှုကို လွှဲပြောင်းယူလိုက်ကြောင်း သိလိုက်ရသောအခါ ရဲအရာရှိများမှာ များစွာ အံ့အားသင့်သွားကြသည်။ ဤမျှ သေးငယ်သော ကိစ္စလေးအတွက် အဘယ်ကြောင့် နာမည်ကျော်ကြားလှသော ဥပဒေလုပ်ငန်းအထိ အသုံးပြုရသည်ကို သူတို့ နားမလည်နိုင်အောင် ဖြစ်နေကြ၏။

'ယိရှင်း' ဥပဒေလုပ်ငန်း၏ တာဝန်ယူ ကိုင်တွယ်မှုအောက်တွင် ထိုအရှက်မရှိသော အဘွားအိုနှင့် သူမ၏ သားဖြစ်သူမှာ ဥပဒေဘောင် အတွင်းမှ အမြင့်ဆုံးပြစ်ဒဏ်ကို ခံလိုက်ရလေသည်။

မျှော်လင့်ထားသည့် အတိုင်းပင် တန်ယန် ဤကိစ္စကို ကိုင်တွယ်ပေးသော ရှေ့နေနှင့် လက်ထောက် ရှေ့နေတို့အား ဆုကြေးငွေများ ပေးအပ်ခဲ့ရာ ဥပဒေလုပ်ငန်းရှိ အခြားသူများမှာလည်း များစွာပင် အားကျခဲ့ကြသည်။

နောက်တစ်နေ့တွင် နှင်းကျခြင်း ရပ်တန့်သွားသော်လည်း လမ်းခရီးမှာ သွားလာရ ခက်ခဲနေဆဲဖြစ်ရာ မွန်းလွဲပိုင်း ရောက်မှသာ အဝေးပြေးလမ်းမကြီး ပြန်လည် ပွင့်သွားသည်။ ယွမ်ရှီးနှင့် သူ၏အဖွဲ့မှာ တန်ယန်တို့အား နှုတ်ဆက်ကာ ချက်ချင်းပင် ထွက်ခွာသွားကြသည်။

ဗန်ကားလေး မောင်းထွက်သွားသည်ကို ကြည့်ရင်း တန်ယွီ သက်ပြင်းချလိုက်သည်။

"အစ်မ... အနုပညာရှင် ဖြစ်ရတာလည်း မလွယ်ဘူးဆိုတာ ကျွန်တော်သိသွားပြီ လမ်းပွင့်တာနဲ့ သူတို့ခမျာ အလုပ်တွေနောက်ကို ဇွတ်ပြေးကြရတာပဲ"

"လူကြီးတွေရဲ့ ကမ္ဘာမှာ ဘယ်အရာကမှ မလွယ်ကူဘူး လူတွေက ဒါကိုမသိကြတာ"

ဟု တန်ယန် ခပ်အေးအေးပင် ပြန်လည် ပြောဆိုလိုက်သည်။

အခန်း ၁၆၆

ဟွာဒါဖိုရမ် ပေါက်ကွဲသွားခြင်း

တန်ယန်တို့အဖွဲ့သည် ပစ္စည်းများကို သိမ်းဆည်းပြီးနောက် အဝေးပြေး လမ်းမပေါ်သို့ တက်ခဲ့ကြရာ နှစ်နာရီအကြာတွင် ဇူးယုန်း တောင်ကုန်းအိမ်ရာသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

မစ္စတာတန်၏ ကုမ္ပဏီမှာ သိသိသာသာ ကြီးထွားလာသောကြောင့် ယခုနှစ်တွင် နှစ်သစ်ကူး နှုတ်ဆက်ရန် လာရောက်သူများမှာ ယခင်နှစ်ထက် ပိုမိုများပြားသည်။ လပြက္ခဒိန်နှစ် မကုန်ဆုံးမီကပင် ဆွေမျိုးသားချင်း အတော်များများမှာ လာရောက် လည်ပတ်နေကြပြီ ဖြစ်သည်။

တန်ယန် မကြာသေးမီက စာရေးရန် စိတ်ကူးသစ်အချို့ ရရှိထားရာ သူမ၏အိမ်မှာ အလွန်ဆူညံနေသဖြင့် ခရင်မ်ရောင်ပုံစံဖြင့် ပြင်ဆင်မွမ်းမံထားသော သူမ၏ အိမ်အမှတ် ၁၇ သို့ ယာယီပြောင်းရွှေ့ နေထိုင်လိုက်သည်။

နေ့တိုင်းနေ့တိုင်း အိမ်တော်ထိန်းကျန်းက လူလွှတ်၍ သန့်ရှင်းရေး လုပ်ခိုင်းပြီး နံနက်စာနှင့် နေ့လယ်စာတို့ကို ပြင်ဆင်ပေးသည်။ ညနေပိုင်းတွင်မူ သူမသည် မိသားစုနှင့်အတူ ညစာစားရန် အိမ်အမှတ် ၁၀ သို့ ပြန်သွားလေ့ရှိသည်။ သူမ၏ နေ့စဉ် လုပ်ငန်းဆောင်တာမှာ နှစ်သစ်ကူး အကြိုညအထိ ပုံမှန်ရှိနေခဲ့သည်။

နှစ်သစ်ကူး အကြိုနေ့ နံနက်အစောပိုင်းတွင် တန်ယန် အဝတ်အစားများ အဆင်သင့်လဲကာ မိသားစုနှင့် တွေ့ဆုံရန် အိမ်အမှတ် ၁၀ သို့ သွားခဲ့သည်။ သူမ၏မိခင်မှာ ထိုနေ့အတွက် အစီအစဉ်များကို ဆွဲထားပြီးသားဖြစ်သည်။ နံနက်ပိုင်းတွင် နွေဦးပွဲတော် နှစ်ချောင်းတွဲ ကဗျာများကို အတူတူ ချိတ်ဆွဲကြမည်၊ နေ့လယ်စာကို ရိုးရိုးရှင်းရှင်းစားကာ မွန်းလွဲပိုင်းတွင်မူ မိသားစုလိုက် 'ကော်ပြန့်ဖက်ထုပ်' များကို အတူတူ ထုပ်ကြမည်ဖြစ်သည်။

ယခုနှစ်တွင် အိမ်အကူအဒေါ်ကြီး နှစ်ဦးမှာ နွေဦးပွဲတော်အတွက် အိမ်မပြန်ကြပေ။ တစ်ဦးမှာ နှစ်သစ်ကူး လက်ဆောင်များမှာ အလွန်များပြားခြင်းကြောင့် ဖြစ်ပြီး တစ်ဦးမှာ လွန်ခဲ့သော နှစ်များစွာကပင် ခင်ပွန်းဖြစ်သူ ဆုံးပါးသွားခဲ့ကာ သူမနှင့် အတူနေထိုင်မည့် လူကြီးသူမ သို့မဟုတ် သားသမီးများ မရှိခြင်းကြောင့် ဖြစ်သည်။ အခြားအဒေါ်ကြီး တစ်ဦးမှာလည်း သားသမီးဖြစ်သူက နိုင်ငံခြားတွင် ပညာသင်ကြားနေပြီး နှစ်သစ်ကူးအတွက် ပြန်မလာနိုင်သည့်အပြင် အိမ်တွင်လည်း လူကြီးသူမများ မရှိသည့်အတွက် ဖြစ်သည်။

တရုတ်နှစ်သစ်ကူး ကာလအတွင်း တန်မိသားစုအိမ်ရှိ အဒေါ်ကြီးများသည် လုပ်ခလစာ သုံးဆနှင့် အပိုဆုကြေးငွေများကို ရရှိကြသည်။ စားဖိုမှူးကလည်း အားလပ်ရက် ယူထားသဖြင့် ကြိုတင်ပြင်ဆင်ထားသော ဟင်းလျာအချို့ ရှိနေခြင်းက ကံကောင်းလှသည်။ ဟင်းချက်တတ်သော အဒေါ်ကြီးတစ်ဦး ရှိနေခြင်းမှာလည်း အားသာချက် တစ်ခုပင်။

ဘေဂျင်းတွင် ရှိနေသော 'နံပါတ် ၃' နှင့် 'နံပါတ် ၅' တို့မှလွဲ၍ ကျန်ရှိသည့် တန်ယန်၏ လုံခြုံရေးအဖွဲ့မှာ S မြို့တော်တွင် ရှိနေကြသည်။ တန်ယန်မှာ အိမ်တွင် ထွေထွေထူးထူး လုပ်စရာ မရှိသဖြင့် သူတို့ကိုလည်း နှစ်သစ်ကူး ကာလတွင် အေးအေးဆေးဆေး အနားယူစေခဲ့သည်။

မွန်းလွဲပိုင်းတွင် တန်ယန် အဆာသွပ်မျိုးစုံပါသော ကော်ပြန့်ထုပ်များစွာကို ပြုလုပ်ခဲ့သည်။ မိသားစုအတွက် အချို့ကို ချန်ထားပြီး ကျန်သည်များကိုမူ သက်တော်စောင့်များ ရှိရာသို့ ပို့ပေးလိုက်သည်။

မိသားစု ပြန်လည်ဆုံစည်းသည့် ညစာကို သုံးဆောင်ပြီးနောက် အားလုံးမှာ ဧည့်ခန်းတွင် အတူတူထိုင်ကာ နှစ်သစ်ကူး ဂါလာပွဲကို ကြည့်ရှုနေကြသည်။

တန်ယန် အံ့အားသင့်သွားရသည်မှာ သူမ၏ကုမ္ပဏီမှ အနုပညာရှင် အတော်များများမှာ ယခုနှစ် နွေဦးပွဲတော် ဂါလာပွဲတွင် ပါဝင်နေကြပြီး အချို့မှာ သီချင်းဆိုကာ အချို့မှာမူ ပြဇာတ်တိုများ ကပြ ဖျော်ဖြေနေကြခြင်းပင်။ ကျင်းရှန်းသည်လည်း ထိုဖျော်ဖြေသူများထဲမှ တစ်ဦးဖြစ်၏။

ကျင်းရှန်းကို ထိုမျှအထိ လှပကျော့ရှင်းကာ စတိုင်ကျနေသည်ကို မြင်ရသည်မှာ သူမအတွက် များစွာ ဝမ်းမြောက်စရာပင်။ တစ်စုံတစ်ယောက်၏ အောင်မြင်သော ပြောင်းလဲမှုကို ကိုယ်တိုင်မျက်မြင် တွေ့ရခြင်းထက် ပို၍ ကျေနပ်စရာ ကောင်းသည်မှာ မရှိတော့ချေ။

သန်းခေါင်ယံအချိန် ရောက်သည်နှင့် တန်ယန်၏ ဖုန်းထဲသို့ နှစ်သစ်ကူး ဆုတောင်းစကားများ ရောက်ရှိလာသည်။ မက်ဆေ့ချ် တစ်ခုချင်းစီကို ဖတ်ကြည့်ရင်း သူမ၏ မျက်နှာပေါ်တွင် မသိစိတ်မှ အပြုံးတစ်ခု ပေါ်လာတော့သည်။

သူမ၏ ဆရာ၊ ဆရာမများနှင့်အတူ တပည့်ဖော်နှစ်ဦး၊ ဆွေမျိုးမိတ်ဆွေများ အားလုံးထံ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားများ ပို့ပြီးသွားချိန်တွင်မူ နံနက် ၂ နာရီပင် ထိုးလုနီးပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။

နှစ်သစ်ကူး ပထမဆုံးနေ့တွင် အပြင်သွားစရာ မရှိသဖြင့် အိပ်ရေးဝဝ အိပ်ဖို့ပြောဆိုကာ အနားယူရန် အိပ်ခန်းထဲသို့ အတင်းလွှတ်ကြသည်။

ကုတင်ပေါ်တွင် လဲလျောင်းနေရင်း တန်ယန် သူမကိုယ်သူမ ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံး လူသားတစ်ယောက်အဖြစ် ခံစားနေမိသည်။

【နှစ်သစ်မှာ ပျော်ရွှင်ပါစေ ယိတျန်တျန်လေးရေ အနားမှာ ရှိနေပေးလို့ ကျေးဇူးတင်ပါတယ်နော်】

【နှစ်သစ်မှာ ပျော်ရွှင်ပါစေ အရှင် ကျွန်တော်လည်း အတူတူပါပဲခင်ဗျာ】

*

အချိန်တွေက ကုန်ဆုံးသွားခဲ့ရာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ရောက်ရှိပြန်လေပြီ။

ယခုအချိန်တွင် တန်ယန် ဘေဂျင်းမြို့ရှိ အသစ်တည်ဆောက် ပြီးစီးသွားသော 'ယီယန်ဂရု' အဆောက်အအုံကို စစ်ဆေးနေသည်။ ဘေဂျင်းရှိ မြေကွက် S ဖော်ဆောင်မှုမှာ နှစ်နှစ်မပြည့်မီမှာပင် ပြီးစီးသွားခဲ့သည်။

ဤနေရာမှာ ဘေဂျင်း၏ နာမည်ကျော် ပန်းခြံများနှင့် ထိစပ်နေပြီး သွားလာရေး လွယ်ကူကာ ပတ်ဝန်းကျင်မှာလည်း အလွန်လှပသည်။

မြေကွက် S တစ်ခုလုံး၏ ဗဟိုချက်မှာ 'ယီယန်ဂရု' အဆောက်အအုံဖြစ်ပြီး စုစုပေါင်း ၅၉ ထပ် ရှိသည်။ မြေပေါ်တွင် ၅၅ ထပ်နှင့် မြေအောက်တွင် ၄ ထပ် ရှိသည်။ မြေအောက် ကားပါကင် ၄ ထပ်အပြင် မြေပေါ်တွင်လည်း ကျယ်ဝန်းသော လေဟာပြင် ကားပါကင်တစ်ခု ပါရှိသေးသည်။

'ယီယန်' အဆောက်အအုံ အတွင်း၌ တန်ယန်၏ အမည်ပေါက် ကုမ္ပဏီများဖြစ်သော ယီယန်ဂရု၊ ယီယန်ယဉ်ကျေးမှု၊ ယီရှင်းဥပဒေကုမ္ပဏီနှင့် 'ယဲ့မင်' လုံခြုံရေးအဖွဲ့၏ C နိုင်ငံ ဌာနခွဲတို့ အခြေစိုက်ထားကြသည်။ ဂေါ်မိုနယ်မြေရှိ ရုံးခန်းဟောင်းမှာမူ လတ်တလော အားလပ်သွားသော်လည်း နေရာကောင်း ဖြစ်သဖြင့် ငှားရမ်းမည့်သူအတွက် စိုးရိမ်စရာ မရှိပေ။

JD.com မှာမူ ယီယန်စီးပွားရေးဇုန်သို့ ပြောင်းရွှေ့မည့်အစား ကိုယ်ပိုင်ရုံးချုပ် အဆောက်အအုံကိုသာ တည်ဆောက်ရန် စီစဉ်ထားသည်။ တန်ယန်ကလည်း ထိုအစီအစဉ်ကို သဘောတူညီခဲ့သည်။

ယီယန်စီးပွားရေးဇုန်အတွင်း 'ယီယန်ဂရု' အဆောက်အအုံအပြင် စီးပွားရေး နယ်မြေများ၊ လူနေထိုင်ရာ ရပ်ကွက်များ၊ ရုံးခန်းနယ်မြေများနှင့် ဖျော်ဖြေရေး နယ်မြေများလည်း ပါဝင်၏။

မြေကွက်ဖော်ဆောင်မှု အလုံးစုံ မပြီးခင်ကတည်းက ဆိုင်ခန်းဝယ်ယူလိုသူများ၊ ရုံးခန်းငှားရမ်းလိုသူများနှင့် အိမ်ရာပိုင်ဆိုင်လိုသူ များစွာမှာ တန်းစီကာ စောင့်ဆိုင်းနေခဲ့ကြသည်။ အားလုံးက ဤနယ်မြေ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အလားအလာကို ကြိုတင် ရင်းနှီးမြှုပ်နှံလိုကြခြင်းပင်။

တန်ယန်မှာမူ နောက်ဆက်တွဲ အရောင်းအဝယ်နှင့် လုပ်ငန်းလည်ပတ်မှုပိုင်းတွင် ပါဝင်ခြင်းမရှိဘဲ ကျိုးချီကိုသာ အလုံးစုံ လွှဲအပ်ထားခဲ့သည်။ သို့သော် အဆောက်အအုံတိုင်း၏ အပေါ်ဆုံးထပ်မှာမူ တန်ယန်၏ သီးသန့်နယ်မြေဖြစ်ပြီး ရောင်းရန် သို့မဟုတ် ငှားရန် လုံးဝမဟုတ်ပေ။

ထိုအချက်ကြောင့်ပင် အဆောက်အအုံ၏ ခေါင်မိုးထပ်တွင် နေထိုင်သည့် လျှို့ဝှက်ဆန်းပြားသော သူဌေးကြီးမှာ ဘယ်သူဖြစ်မလဲ ဆိုသည့်အပေါ် ခန့်မှန်းချက်ပေါင်းများစွာ ထွက်ပေါ်နေသည်။

'ယီယန်ဂရု' အဆောက်အအုံမှ ထွက်ခွာပြီးနောက် တန်ယန် ကျောင်းသို့ ပြန်လာခဲ့သည်။ ဘွဲ့ကြိုသင်တန်း အားလုံးကို နှစ်နှစ်အတွင်း အပြီးသတ်ရန် စီစဉ်ထားရာ ယခုဆိုလျှင် တစ်နှစ်သာ ကျန်တော့သည်။

သူမ၏ စိတ်ကူးကို ကျောင်းဘက်က သိရှိသွားသောအခါ လမ်းညွှန်ဆရာနှင့် ဆွေးနွေးရန် စီစဉ်ပေးခဲ့သည်။ သူမ ဆရာနှင့် မွန်းလွဲ ၂ နာရီတွင် တွေ့ဆုံရန် ချိန်းဆိုထားသော်လည်း အခုမှ မွန်းလွဲ ၁၂ နာရီခွဲသာ ရှိသေးသည်။ ထို့ကြောင့် ကန်တင်းတွင် နေ့လယ်စာစားပြီးမှ ဆရာများ ရုံးခန်းဆီသို့သွားရန် ဆုံးဖြတ်လိုက်သည်။

ဟွာဒါတက္ကသိုလ်တွင် တန်ယန်ကို မသိသူ မရှိသလောက်ပင်။ ကန်တင်းတွင် လူရှင်းနေသည့်အချိန် ဖြစ်သော်လည်း နောက်ကျမှ လာစားသည့် ကျောင်းသားအချို့ ရှိနေဆဲဖြစ်သည်။

"တန်ယန်... တိုက်တိုက်ဆိုင်ဆိုင်ပါလား"

မျက်မှန်တပ်ထားသော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက် တန်ယန်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

"ကိုယ်တိုင် မိတ်ဆက်ပါရစေ၊ ငါက ကျောင်းသားများ ကောင်စီဥက္ကဋ္ဌ ကျန်းချီပါ ငါတို့ ကျောင်းသားကောင်စီထဲကို ဝင်ရောက်ဖို့ ဖိတ်ခေါ်ချင်တယ်"

"စိတ်မရှိပါနဲ့၊ ကျွန်မမှာ အဲ့လိုတွေဝင်ပါဖို့ အချိန်မရှိလောက်ဘူး ထင်တယ်"

"ရပါတယ်၊ ဒါပေမဲ့ မင်း ပြန်စဉ်းစားပေးဦးမယ်လို့ ငါမျှော်လင့်ပါတယ်"

ဟု ကျန်းချီက ပြောပြီးနောက် ထွက်သွားသည်။

ထို့နောက် တန်ယန် သူမ၏ထမင်းကို အေးအေးဆေးဆေး စားသောက်ပြီးနောက် ဗန်းကို သိမ်းဆည်းကာ ကန်တင်းမှ ထွက်လာခဲ့သည်။

ထိုစဉ် တစ်စုံတစ်ယောက်က တန်ယန်နှင့် ကျန်းချီတို့ စားပွဲတစ်ခုတည်းတွင် ထိုင်နေသည့် ဓာတ်ပုံကို ဟွာဒါဖိုရမ်ပေါ်သို့ တင်လိုက်သည်။ သူတို့နှစ်ဦးစလုံးမှာ ကျောင်း၏ နာမည်ကြီးများ ဖြစ်ကြသဖြင့် ထိုပို့စ်မှာ ခဏချင်းပင် ရေပန်းစားသွားတော့၏။

【အတည်ကြီးလား ကျန်းချီက ကျောင်းသားကောင်စီဥက္ကဋ္ဌ ဖြစ်ပြီး ရုပ်ရည်သင့်တင့်တယ် ဆိုပေမဲ့ ငါ့ရဲ့ နတ်ဘုရားမလေးနဲ့ ယှဉ်ရင်တော့ မထိုက်တန်သေးပါဘူး】

【အပေါ်ကလူ ဘာတွေပြောနေတာလဲ ကျန်းချီက ဒီလောက် ထူးချွန်တာကို တန်ယန်နဲ့ မထိုက်တန်ဘူးလို့ ဘယ်လိုပြောနိုင်ရတာလဲ】

【ကျန်းချီက ထူးချွန်ပြီး မိသားစု အသိုင်းအဝိုင်းကောင်းတာ မှန်ပေမဲ့ နတ်ဘုရားမ တန်ယန်နဲ့တော့ တကယ် မယှဉ်နိုင်ပါဘူး ဟုတ်ပြီလား သူမက ငယ်ငယ်ရွယ်ရွယ်နဲ့ ကျော်ကြားမှုနဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားရုံတင် မကဘဲ ထိပ်တန်းမိသားစုကလာပြီး ကိုယ်ပိုင်အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတွေလည်း ရှိပြီးသားလေ】

【အပေါ်က မှတ်ချက်ကို ထောက်ခံတယ် တန်ယန်က အရမ်းငယ်သေးတယ်လေ... ကျန်းချီက သူမထက် လေးနှစ်တောင်ကြီးတာ မဟုတ်ဘူးလား】

【လေးနှစ်ဆိုတာ သိပ်မများပါဘူး အသက်ကွာခြားချက် အများကြီးရှိတဲ့ စုံတွဲတွေတောင် အများကြီးပဲဟာ အနည်းဆုံးတော့ သူတို့က ရွယ်တူတန်းတူတွေပဲလေ】

【နင်တို့တွေ ဘယ်ထိတောင် ရောက်ကုန်ကြတာလဲ ငါ့ရဲ့ နတ်ဘုရားမလေးက ကျန်းချီကို ကြည့်တောင်မကြည့်ဘူး ဟုတ်ပြီလား သူ့ရဲ့ တည်ငြိမ်နေတဲ့ မျက်နှာထားကို မမြင်ကြဘူးလား】

【ပြောရဦးမယ်... ငါ့သမီးလေးက ထမင်းစားနေတာတောင် တကယ်ကို လှလွန်းတယ် အရမ်းချစ်ဖို့ကောင်းတယ်】

【အပေါ်ကလူတွေ အကုန်လုံးက တန်ယန်ရဲ့ လူမိုက်တွေလား တခြားဟာတွေ ခဏထားဦး သူက ကျောင်းမှာ ဘာထူးထူးခြားခြား အောင်မြင်မှုတွေ ရထားလို့လဲ ကျန်းချီကမှ သူမထက် ပိုနာမည်ကြီးတာ မဟုတ်ဘူးလား】

【ကျန်းချီရဲ့ ဖန်အမာခံလား ကျောင်းက အောင်မြင်မှုအကြောင်း ပြောကြမယ်ဆိုရင် ပညာရေး ထူးချွန်မှုကို ထည့်တွက်လို့ ရတယ်မလား ငါ့အိုင်ဒေါက သူ့ဌာနမှာ အမြဲတမ်း အဆင့် (၁) ပဲ ရော့... ဒါက သူ့ရဲ့ အမှတ်စာရင်းဓာတ်ပုံ (ပုံ)】

【စာတော်နေလည်း ဘာလုပ်မှာလဲ၊ ကိုယ်ကျင့်တရား မကောင်းရင် အလကားပဲ နင်တို့တော့သွားပြီ】

【အထောက်အထား ပြနိုင်လား ကိုယ်ကျင့်တရားက ဘာဖြစ်နေလို့လဲ (ပြုံးနေသောပုံ)】

【အခန်းဖော်ကို ဝိုင်းပယ်တာ၊ ဂိုဏ်းဖွဲ့တာ၊ ချမ်းသာကြောင်း ကြွားဝါတာ၊ ကျောင်းဖွင့်ချိန် တစ်ခုလုံး အဆောင်မပြန်တာနဲ့ အတန်းတွေ ခဏခဏလစ်တာ... ဒါတွေက ဆိုးရွားတဲ့ အပြုအမူတွေ မဟုတ်ဘူးလား】

【ဒါက အမှန်လား အမှားလား ဘေးက ကြည့်နေတဲ့သူ အနေနဲ့ သိချင်မိတယ်】

【ပုံ (၃) ပုံ ကို ကြည့်လိုက်ကြဦး... ဒါက နင်တို့ရဲ့ နတ်ဘုရားမပဲ၊ အမြဲတမ်း အမျိုးသား တစ်ယောက်မဟုတ် တစ်ယောက်က လာကြိုနေတာ၊ ရွံစရာကြီး】

【အမလေး ဒါကတော့ တကယ်ကို တုန်လှုပ်စရာပဲ】

【ငါက တန်ယန်ရဲ့ အခန်းဖော်ပါ၊ သူဂိုဏ်းဖွဲ့နေတာကို ငါဘာလို့ မသိရတာလဲ တန်ယန်က အပြင်အဆောင်သူအဖြစ် လျှောက်ထားတာလေ ဘာလို့ အဆောင်ပြန်လာမှာလဲ အဆောင်မပြန်ပေမဲ့လည်း သူက တို့တွေအတွက် ရေခဲသေတ္တာ အသေးလေးတောင် ဝယ်ပေးသွားသေးတယ်】

【တန်ယန်ရဲ့ အခန်းဖော် +၁၊ သူမက အမြဲတမ်း အေးအေးဆေးဆေး နေတတ်တာပါ သူ့မိသားစုက တကယ်ချမ်းသာတာ ဓာတ်ပုံကြည့်ပြီး ဘာလို့ ဒီလိုတွေ လျှောက်တွေးနေကြတာလဲ】

【တန်ယန်ရဲ့ အခန်းဖော် နှစ်ယောက်ကတော့ ထွက်ပြောပြီးပြီ၊ နောက်တစ်ယောက် ကျန်သေးတယ်... စဉ်းစားကြည့်ရင်တော့... ကျန်တဲ့တစ်ယောက်က ဝိုင်းပယ်ခံထားရတာလား】

All Chapters