အခန်း (၂၃၁-၂၃၂)
Vol. 24 Ch. 231-232
အခန်း (၂၃၁) - ငါ့လူတွေကို ထိရဲတယ်လား..... ငါ့ကိုကော မေးပြီးပြီလား.....
သူတို့ မထွက်ခွာမီကပင် ဂျိချန်းဖန်သည် အထူးမှာကြားထားခဲ့သည်။
ယခုခရီးစဉ်၏ အဓိကပစ်မှတ်မှာ သက်ရှည်ခန်းမနှင့် ဟဲ့ဟွမ်ဂိုဏ်းမှ ရှန်ကျင်းအဆင့် ကျွမ်းကျင်သူ နှစ်ဦးသာ ဖြစ်သည်။ ကျန်သည့် အဆင့်နိမ့်လူများကိုမူ ဂရုစိုက်နေစရာမလိုဘဲ ကျင့်ရှူးရှူး တို့အဖွဲ့အား လေ့ကျင့်ပေးရန်အတွက် ချန်ထားရစ်ခဲ့ရန် ဖြစ်သည်.....
“ရှူး..”
ပတ်ဝန်းကျင်၌ ကိုယ်ဟန်ရိပ်များ လှုပ်ရှားလာသည်။
ကျင့်ရှူးရှူး နှင့် သူ၏အဖွဲ့မှာ ချက်ချင်းပင် အမူအရာ တည်ကြည်သွားကြ၏။ သူတို့သည် လျင်မြန်စွာပင် စုစည်းလိုက်ကြပြီး၊ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်နေကြသည်.....
ဖန်ရှန်းဂူ မှ နှစ်ဦးသည်လည်း ချွင်းချက်မဟုတ်ပေ။
သူတို့အနေဖြင့် အားနည်းချက်မပြစေရန်နှင့် မြူများအတွင်းမှ ရန်သူ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို မခံရစေရန် ဖာရှန်းကိုယ်တော်ကိုယ်တော်တို့နှင့် အမြန်ပင် ပူးပေါင်းလိုက်ကြသည်.....
“ဘယ်က အဆင့်မရှိတဲ့ကောင်တွေလဲ.....”
“ဘာလို့ လူကိုယ်တိုင် ထွက်မလာကြတာလဲ.....”
စုန့်တာရင် သည် ‘ ကျားသစ်ဓား’ ကို ကိုင်ဆောင်ကာ ပတ်ဝန်းကျင်ကို နိုးနိုးကြားကြား စောင့်ကြည့်နေသည်။
“ရှူး..”
ထိုစဉ်မှာပင် မြူနှင်းများအတွင်းမှ နက်မှောင်သော ဝိညာဉ်အလင်းတန်းတစ်ခု ရုတ်တရက် ပစ်လွှတ်လိုက်သည်။
“ဟင်..” စုန့်တာရင် လျင်မြန်စွာ တုံ့ပြန်လိုက်၏။ သူသည် သူ၏ဝိညာဉ်ဓားကို ဆင့်ခေါ်ကာ ထိုအလင်းတန်းကို ခုခံလိုက်သည်။
“ဒါက ဝိညာဉ်ဘုရင်ဂိုဏ်း ရဲ့ အတတ်ပညာပဲ.......”
ကျင့်ရှူးရှူး က တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားသည်။
သူတို့သည် မသိလိုက်ဘဲ ဝိညာဉ်ဘုရင်ဂိုဏ်း၏ နယ်မြေထဲသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။
၎င်းကို ကြားသော် ပတ်ဝန်းကျင်ရှိ လူအားလုံး၏ အမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားကြသည်။
“ဝုန်း..”
တိုက်ခိုက်မှုများ ရုတ်တရက် ရောက်ရှိလာသည်။
ပတ်ဝန်းကျင်ရှိ အဆိပ်အငွေ့များမှာ လှိုင်းထသွားပြီး သူတို့အနီးအနားသို့ တိုက်ရိုက်ပင် ပျံ့နှက်လာတော့သည်။
ခဏအတွင်းမှာပင် မှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော ရန်သူများမှာ သူတို့၏ ပုံသဏ္ဌာန်အစစ်အမှန်ကို ဖော်ပြလိုက်ကြသည်။
သူတို့မှာ ဝိညာဉ်ဘုရင်ဂိုဏ်းမှ ထိပ်သီးတပည့်တစ်စုပင် ဖြစ်သည်။
“အားလုံး သတိထားကြ.......”
ဖာရှန်းကိုယ်တော် ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။
သူသည် သူ၏ဝိညာဉ်ရတနာ ‘ဖာရှန်း’ ကို ချက်ချင်း ဆင့်ခေါ်လိုက်ပြီး ‘မဟာဗြဟ္မာဉာဏ်တော်’ ကို တစ်ပြိုင်တည်း ထုတ်ဖော်လိုက်သည်။
“ဒုန်း..”
တောက်ပသော ရွှေရောင် ခေါင်းလောင်းကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာသည်။
၎င်းသည် သူတို့အဖွဲ့ကို အတွင်း၌ လျင်မြန်စွာ ကာကွယ်ပေးလိုက်၏။ ပတ်ဝန်းကျင်မှ တိုက်ခိုက်မှုများမှာ ရွှေရောင်ခေါင်းလောင်းကြီးပေါ်သို့ ပြင်းထန်စွာ ကျရောက်လာပြီး နားကွဲမတတ် အသံကြီးများ ထွက်ပေါ်လာတော့သည်.....
ဝိညာဉ်ဘုရင်ဂိုဏ်း၏ ထိပ်သီးတပည့်များမှာ အရေအတွက် များပြားသော်လည်း ၎င်းတို့၏ ကျင့်ကြံဆင့်မှာ ယေဘုယျအားဖြင့် အလွန်မမြင့်မားလှပေ။
ကျူကျင်းလေးဆင့် သို့မဟုတ် ငါးဆင့်ဝန်းကျင်သာ ရှိကြသည်။
လုရွယ်ချီ နှင့် ကျင့်ပင်အာ တို့မှာ ဘေးတွင်ရပ်၍ တိုက်ခိုက်ခြင်းမပြုဘဲ စောင့်ကြည့်နေကြသော်လည်း၊ ပတ်ဝန်းကျင်ရှိ ဝိညာဉ်ဘုရင်ဂိုဏ်း တပည့်အချို့မှာ မိမိကိုယ်ကိုယ် အထင်ကြီးလွန်းကာ သူမတို့အား ဝင်ရောက်တိုက်ခိုက်ကြသည်။
“ရှူး..”
ခရမ်းရောင်အလင်းဖျော့ဖျော့လေး တစ်ချက် ဖျတ်ခနဲ လက်သွားသည်။
အဆုံးမဲ့သော ခရမ်းရောင် ဓားအလင်းတန်းများ ကောင်းကင်သို့ ပျံတက်သွား၏။ သူမတို့အား တိုက်ခိုက်ခဲ့သော ဝိညာဉ်ဘုရင်ဂိုဏ်း တပည့်များမှာ ထိုနေရာတွင်ပင် တိုက်ရိုက် အသတ်ခံလိုက်ရတော့သည်.....
ဦးခေါင်းများမှာ မြေပြင်ပေါ်သို့ ပြတ်ကျကုန်၏။
ကျင့်ပင်အာ သည် သူမ၏ ‘ကိုးပါးသော ကောင်းကင်နတ်ဘုရားလက်နက်’ ဖြစ်သည့် ‘ခရမ်းရောင်အလင်းဓား’ ကို အမူအရာကင်းမဲ့စွာဖြင့် ပြန်လည် သိမ်းဆည်းလိုက်သည်။
ဤမြင်ကွင်းသည်ကား ရောက်ရှိနေသူအားလုံးကို ချက်ချင်းပင် ထိတ်လန့်သွားစေသည်။
“သတိထားကြ....... ဒီမိန်းကလေးက ရှန်ကျင်းအဆင့် ကျွမ်းကျင်သူပဲ.......”
“ခရမ်းရောင် ဓားအလင်းတန်းလား.. ဒါက ကိုးပါးသော ကောင်းကင်နတ်ဘုရားလက်နက် ‘ခရမ်းရောင်အလင်းဓား’ ပဲ....... သူမက ဟဲ့ဟွမ်ဂိုဏ်းကို သစ္စာဖောက်ခဲ့တဲ့ ကျင့်ပင်အာ ပဲ.......”
ပတ်ဝန်းကျင်ရှိ ဝိညာဉ်ဘုရင်ဂိုဏ်း တပည့်များမှာ အနည်းငယ် ထိတ်လန့်သွားကြသည်။
သူတို့သည် တိုက်ခိုက်နေခြင်းကို အမြန်ရပ်တန့်လိုက်ပြီး အုပ်စုလိုက် ပြန်လည်စုစည်းကာ၊ ကျင့်ပင်အာ ကို စိုးရိမ်တကြီး ကြည့်နေကြတော့သည်။
“သူမဘေးက မိန်းကလေးက ကျင်းယွမ်ကလန်က လုရွယ်ချီ နဲ့ တူတယ်နော်.........”
“သူမလည်း ရှန်ကျင်းအဆင့်ကို ချိုးဖောက်ဝင်ရောက်သွားပြီလို့ ကျွန်တော် ကြားထားတယ်.......”
ဝိညာဉ်ဘုရင်ဂိုဏ်း တပည့်အချို့မှာ တိုးတိုးလေး ပြောဆိုနေကြသည်။
ခဏမျှအတွင်းမှာပင် သူတို့ မည်သူမျှ ရှေ့သို့ မတိုးရဲကြတော့ပေ။
ဤနေရာတွင် ရှန်ကျင်းအဆင့် ကျွမ်းကျင်သူများ ရှိနေမှတော့၊ သူတို့က ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်ပါဦးမည်နည်း..
...
...
သိပ်မဝေးသော နေရာရှိ မြူနှင်းများအတွင်း၌ အရိပ်အချို့မှာ တိတ်ဆိတ်စွာ ရပ်နေကြသည်။
သူတို့သည် သိပ်မဝေးသော နေရာမှ တိုက်ပွဲကို တည်ငြိမ်စွာ စောင့်ကြည့်နေကြပြီး၊ သူတို့၏ မျက်နှာပေါ်တွင်လည်း ခံစားချက်များစွာ ထင်ဟပ်ခြင်း မရှိပေ။
“သက်ပြင်းချစရာပဲ.....”
“ဒီအထက်လမ်း ဂိုဏ်းတွေက တပည့်တွေ ဒီလောက်တောင် အင်အားကြီးလာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး..... တချို့ဆိုရင် ရှန်ကျင်းအဆင့်ကိုတောင် ချိုးဖောက်နိုင်နေပြီလား.........”
ဝမ်ရန်ဝမ်က စိတ်မကောင်းစွာ ဆိုလိုက်သည်။
သူသည် နှစ်ပေါင်း ရာနှင့်ချီ၍ ကျင့်ကြံခဲ့သော်လည်း ရှန်ကျင်း နောက်ဆုံးအဆင့်သို့ ခက်ခက်ခဲခဲ ရောက်ရှိခဲ့ခြင်း ဖြစ်သည်၊ သို့သော် ဤမျိုးဆက်သစ် လူငယ်တစ်စုမှာမူ ဆယ်နှစ်ကျော်ကျော်မျှသာ ကျင့်ကြံရသေးသော်လည်း သူ့ကိုပင် မှီလုနီးပါး ဖြစ်နေကြပြီလား....
၎င်းမှာ အမှန်တကယ်ပင် ယုံကြည်နိုင်စရာ မရှိလှပေ..
သူ၏ဘေးတွင်ရှိသော အဇူရာနဂါး၏ အမူအရာမှာ အနည်းငယ် အံ့အားသင့်နေပြီး ..... “ဂိုဏ်းချုပ်..... ကျွန်တော့်အမြင်အရတော့ အဲဒီနှစ်ယောက်ရဲ့ ကျင့်ကြံဆင့်က ရှန်ကျင်းကို ခုမှဝင်တာထက် ပိုနိုင်ပါတယ်.....”
“သူတို့မှာ ရှန်ကျင်း အလယ်အလတ်အဆင့်လောက် ကျင့်ကြံဆင့် ရှိနေနိုင်တယ်.......”
သူသည် ကျင့်ပင်အာ နှင့် လုရွယ်ချီ တို့ကို ညွှန်ပြလျက် ဆိုလိုက်သည်။
၎င်းကို ကြားသော် ဝမ်ရန်ဝမ် ၏ စိတ်မှာ အနည်းငယ် လေးလံသွားသည်။
ရှန်ကျင်း အလယ်အလတ်အဆင့်လား..
၎င်းမှာ သူ့ကို မှီတော့မည့် အခြေအနေပင်..
“ကွေ့လီ .....”
“ဒီအထက်လမ်း ဂိုဏ်းသားတွေကို ငါတို့ ဘယ်လိုကိုင်တွယ်သင့်တယ်လို့ မင်းထင်လဲ.....”
ဝမ်ရန်ဝမ် ၏ မျက်ဝန်းများမှာ အနည်းငယ် ဝေဝါးသွားသည်။ သူသည် သူ၏ဘေးရှိ အနက်ရောင် ဝတ်စုံဝတ် အမျိုးသားကို လှည့်ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။
၎င်းကို ကြားသော် ကွေ့လီ သည် ခဏမျှ တိတ်ဆိတ်နေသည်။
သူသည် ရှေ့မှ လူအုပ်ကြီးကို အမူအရာကင်းမဲ့စွာ စိုက်ကြည့်နေပြီး၊ စုန့်တာရင်၊ လင်းကျန့်ယွီ နှင့် အခြားသူများကို ချက်ချင်းပင် သတိပြုမိလိုက်သည်.....
ခဏမျှအတွင်း ကွေ့လီ မှာ စကားစပျောက်နေတော့သည်။
ဝမ်ရန်ဝမ် က သူ၏ မျက်ဝန်းများကို အနည်းငယ် ကျဉ်းမြောင်းလိုက်၏။ သူသည် သည်းခံကာ စောင့်ဆိုင်းနေပြီး ကွေ့လီ ကို အဖြေမြန်မြန်ပေးရန်လည်း တိုက်တွန်းခြင်း မပြုပေ။
အဇူရာနဂါး က မျက်ခုံးအနည်းငယ် မြှင့်လိုက်သည်။
သူသည် တိတ်ဆိတ်နေသော ကွေ့လီ ကို ကြည့်ကာ ဖြည်းညှင်းစွာ သတိပေးလိုက်သည် ..... “ကွေ့လီ..... အထက်လမ်းဂိုဏ်းတွေက မင်းအပေါ် ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ မမေ့နဲ့ဦး.....”
လွန်ခဲ့သော နှစ်များအတွင်း ကွေ့လီ ကို အမြဲတမ်း သင်ကြားပေးခဲ့သူမှာ အဇူရာနဂါး ပင် ဖြစ်သည်။
တာဝန်များစွာကိုလည်း အဇူရာနဂါး နှင့် ကွေ့လီ တို့ အတူတကွ လုပ်ဆောင်ခဲ့ကြသဖြင့်၊ သူသည် ကွေ့လီ ကို စောင့်ကြည့်နိုင်သလို တစ်ချိန်တည်းမှာပင် သင်ကြားပေးနိုင်ခဲ့ခြင်း ဖြစ်သည်.....
ချဲ့ကားပြောခြင်း မဟုတ်သော်လည်း ကွေ့လီ ၏ မိစ္ဆာဂိုဏ်းနှင့် ပတ်သက်သမျှ ဗဟုသုတများအားလုံးကို အဇူရာနဂါး က လက်ဆင့်ကမ်း သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
အမှန်တော့ တစ်ဖက်တွင်မူ အဇူရာနဂါး ကို မိစ္ဆာဂိုဏ်းအတွင်းရှိ ကွေ့လီ ၏ ဆရာဟုပင် သတ်မှတ်၍ ရနိုင်ပေသည်။
ကွေ့လီ ခဏမျှ တိတ်ဆိတ်နေသည်။
အနည်းငယ် တွန့်ဆုတ်နေပြီးနောက်၊ သူသည် လှည့်၍ ဝမ်ရန်ဝမ် ကို အနည်းငယ် ဦးညွှတ်ကာ ဆိုလိုက်သည် .....
“ဂိုဏ်းချုပ်..... အခုအချိန်မှာ ဂိုဏ်းရဲ့ အရေးကြီးတဲ့ ကိစ္စတွေက ပိုပြီး အလျင်လိုနေပါတယ်၊ ကျွန်တော်တို့ နတ်ဘုရားသားရဲဖြစ်တဲ့ ‘ဖီးနစ်ငှက်’ ကို ဖမ်းဖို့ပဲ အမြန်သွားသင့်ပါတယ်.....”
သူ စကားပြောလို့ မပြီးသေးခင်မှာပင် ဝမ်ရန်ဝမ် က သူ၏လက်ကို မြှောက်၍ တိုက်ရိုက်ပင် ကြားဖြတ်နှောင့်ယှက်လိုက်သည် .....
“မင်းအပါအဝင် ငါတို့ဆီမှာ ရှန်ကျင်းအဆင့် ကျွမ်းကျင်သူ ငါးယောက် ရှိနေတာပဲ၊ ဒီလူငယ်တစ်စုကို နှိမ်နင်းဖို့က လုံလောက်တာထက်တောင် ပိုပါသေးတယ်.....”
“ဘာလဲ.....”
“ငါတို့ သူတို့ကို မနှိမ်နင်းနိုင်ဘူးလို့ မင်းထင်နေတာလား.....”
ဝမ်ရန်ဝမ် ၏ မျက်ဝန်းများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
သူ၏ အကြည့်မှာ ကွေ့လီ ဆီတွင် စူးစိုက်နေပြီး၊ သူ၏ စိတ်ထဲတွင် ဘာတွေ တွေးနေသည်ကိုတော့ မည်သူမျှ မသိနိုင်ချေ။
အဇူရာနဂါး က အသာအယာ သက်ပြင်းချလိုက်မိသည်။
သူသည် ဝမ်ရန်ဝမ် ၏ ဘေးတွင် အမူအရာကင်းမဲ့စွာ ရပ်နေ၏။
သူ၏ဘေးတွင်မူ ကျားဖြူတမန်တော် နှင့် လိပ်နက်တမန်တော် တို့မှာ ကွေ့လီ ကို တည်ငြိမ်စွာ ကြည့်နေကြသည်။
ဤအခြေအနေကို မြင်သော် ကွေ့လီ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
သူသည် ဝမ်ရန်ဝမ် ကို အမူအရာကင်းမဲ့စွာဖြင့် လက်အုပ်ချီလိုက်ပြီး ..... “ဂိုဏ်းချုပ် အမိန့်အတိုင်းပါပဲ.......” ဟု ဆိုလိုက်သည်။
ဝမ်ရန်ဝမ် ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူသည် သိပ်မဝေးသော နေရာရှိ စုန့်တာရင် နှင့် သူ၏အဖွဲ့ကို ညွှန်ပြကာ ဆိုလိုက်သည် .....
“အလွန်ကောင်းတယ်၊ ဒါဆိုရင် မင်းက တပည့်တွေကို ဦးဆောင်ပြီး သူတို့ကို သတ်လိုက်ပါ၊ ကျန်တဲ့ ရှန်ကျင်းအဆင့် နှစ်ယောက်ကိုတော့.....”
အဇူရာနဂါး နှင့် အခြားသော တမန်တော်များမှာ အလိုအလျောက်ပင် ရှေ့သို့ တက်လိုက်ကြပြီး၊ လက်အုပ်ချီကာ ..... “ဂိုဏ်းချုပ်..... သူတို့ကို ကျွန်တော်တို့ဆီသာ လွှဲထားလိုက်ပါ.....” ဟု ဆိုလိုက်ကြသည်။
“ကောင်းပြီ.....” ဝမ်ရန်ဝမ် က ခေါင်းညိတ်လိုက်သည်။
“ရှူး..”
အဇူရာနဂါး နှင့် အခြားသူများမှာ တွန့်ဆုတ်မနေကြပေ။ သူတို့သည် ချက်ချင်းပင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ စုန့်တာရင် နှင့် သူ၏အဖွဲ့ ရှေ့သို့ ပေါ်လာကြသည်။
ကွေ့လီ သည်လည်း သူ၏ဝိညာဉ်ရတနာကို ထိန်းချုပ်ကာ တိတ်ဆိတ်စွာ ပျံသန်းလာခဲ့သည်။
“ဟင်....”
စုန့်တာရင် နှင့် အခြားသူများမှာ အဇူရာနဂါး ကို မြင်လိုက်ရသည့် ခဏမှာပင် သူတို့၏ မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားကြသော်လည်း၊ ကွေ့လီ ကို မြင်လိုက်ရသောအခါတွင်မူ သူတို့၏ မျက်နှာပေါ်တွင် ဝမ်းသာမှုအချို့ ထွက်ပေါ်လာသည်။
“ရှောင်ဖန်.........”
လင်းကျန့်ယွီ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
ကွေ့လီ ၏ နှုတ်ခမ်းများမှာ အနည်းငယ် လှုပ်ရှားသွားသော်လည်း နောက်ဆုံးတွင်တော့ သူသည် တိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်သည်။
အဇူရာနဂါး က သတိပေးလိုက်သည် ..... “ကွေ့လီ..... ဘာလို့ အခုထိ လက်မလှုပ်သေးတာလဲ.....”
ကွေ့လီ သည် သူ၏ မီးလောင်နေတဲ့ တုတ်ချောင်း ကို ဖြည်းညှင်းစွာ မြှောက်လိုက်သော်လည်း၊ ထိုစဉ်မှာပင် သူ၏ အကြည့်မှာ အေးခဲသွားပြီး ရှေ့တည့်တည့်ကို အမူအရာကင်းမဲ့စွာ စိုက်ကြည့်နေမိတော့သည်.....
“ဟင်....”
အဇူရာနဂါး မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
သူသည် ကွေ့လီ စိုက်ကြည့်နေသော နေရာကို လိုက်ကြည့်လိုက်၏။
ကျင်းယွမ်ကလန်ဝင်များ၏ နောက်ကွယ်ရှိ ဦးတည်ရာတစ်ခုတွင် အနက်ရောင် ဝတ်စုံဝတ် လူငယ်တစ်ဦး မည်သည့်အချိန်ကတည်းက ရောက်ရှိနေသည်ကို မသိလိုက်ဘဲ ပေါ်ထွက်နေသည်ကိုသာ တွေ့လိုက်ရတော့သည်။
“ငါ့လူတွေကို ထိရဲတယ်လား.....”
“ငါ့ကိုကော မေးပြီးပြီလား.....”
အဇူရာနဂါး နှင့် သူ၏အဖွဲ့မှာ ထိတ်လန့်သွားကြသည်။
အကုန်လုံး သွားပြီ။
ပေါက်ကရ ဖြစ်ကုန်ပြီ..... (BBQ ဖြစ်ကုန်ပြီ)
...
...
အခန်း (၂၃၂) - လိပ်နက်နှင့် ကျားဖြူ၊ ကြီးမြတ်သော တမန်တော်နှစ်ဦးအား ဓားဖြင့် ကွပ်မျက်ခြင်း...
“ငါ့လူတွေကို ထိရဲတယ်လား.....”
“ငါ့ကိုကော အရင်မေးပြီးပြီလား.....”
ကြည်လင်ပြတ်သားသော အသံတစ်ခုမှာ လောကတစ်ခုလုံးတွင် ဟိန်းထွက်သွားတော့သည်။
ခဏအတွင်းမှာပင် ထိုနေရာ၌ရှိနေသူ အားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြ၏...
လက်လှုပ်တော့မည့်ဆဲဆဲ ဖြစ်နေသော အဇူရာနဂါး၊ ကျားဖြူနှင့် လိပ်နက် တမန်တော် သုံးဦးတို့မှာ ထိုနေရာတွင်ပင် တောင့်ခဲသွားကြသည်။
သူတို့၏ အကြည့်များမှာ ရှေ့သို့ ရောက်သွားကြပြီး၊ မျက်ဝန်းများထဲတွင် လေးလံသော အရိပ်အယောင်များ ဖျတ်ခနဲ ပေါ်လာကြသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် ကျင်းယွမ်ကလန် တပည့်များ၏ နောက်ကွယ်တွင် ခါး၌ ဓားတစ်လက် ချိတ်ဆွဲထားသော အနက်ရောင် ဝတ်စုံဝတ် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။
သူ၏ အမူအရာမှာ တည်ငြိမ်နေပြီး၊ ကိုယ်ဟန်မှာ မတ်မတ်ရှိလှကာ၊ အနက်ရောင် ဝတ်စုံမှာ လေထဲတွင် လွင့်နေ၏၊ သူ၏ မျက်ဝန်းများထဲတွင်မူ စူးရှလှသော ဓားဆန္ဒများ တောက်ပနေသဖြင့် သူ၏ တစ်ကိုယ်လုံးမှာ အိမ်မှ ထွက်တော့မည့် နတ်ဘုရားဓားတစ်လက်ကဲ့သို့ပင်.....
သူ၏ စွမ်းအင်ဖိအားမှာ အပြည့်အဝ ထွက်ပေါ်နေပေသည်...
အထက်လမ်း ဂိုဏ်းများမှ တပည့်များ အားလုံး ခေါင်းလှည့်ကြည့်လိုက်ကြသည်။
လုရွယ်ချီ နှင့် အခြားသူများမှာ သူတို့နောက်ကွယ်ရှိ ဂျိချန်းဖန် ကို ချက်ချင်း မြင်လိုက်ကြရသဖြင့်၊ သူတို့၏ မျက်ဝန်းများထဲတွင် ဝမ်းသာမှုများ ဖျတ်ခနဲ ပေါ်လာတော့သည်။
“စီနီယာအကို ဂျိ...”
“ဂိုဏ်းချုပ် စီနီယာအကို...”
အားလုံးမှာ အတိုင်းမသိ ဝမ်းသာသွားကြသည်။
သူတို့အားလုံး ဂျိချန်းဖန် ကို လှည့်၍ အရိုအသေ ပေးလိုက်ကြ၏။
“အမိတာဘာ၊ နှုတ်ဆက်ပါတယ် စီနီယာအကို ဂျိ...”
ထျန်းယင်းကျောင်းတော်မှ နှစ်ဦးသည်လည်း နောက်မှ လိုက်ပါလျက် ဂျိချန်းဖန် ကို အနည်းငယ် ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။
ဤမြင်ကွင်းကို မြင်သော် ဖန်ရှန်းဂူမှ နှစ်ဦးမှာ အနည်းငယ် အနေရခက်သွားကြသည်။
သို့သော် ဂျိချန်းဖန် ၏ ထိတ်လန့်ဖွယ် ကောင်းလှသော အစွမ်းကို ထည့်သွင်းစဉ်းစားကာ၊ နောက်ဆုံးတွင်တော့ သူတို့လည်း ရိုသေစွာဖြင့် ခေါင်းငုံ့၍ အရိုအသေ ပေးလိုက်ကြရတော့သည်.....
ဂျိချန်းဖန် က သူတို့ကို ဂရုမစိုက်သော်လည်း ဖြစ်သည်။
“တောက်...”
ခြေသံဖျော့ဖျော့လေး တစ်ချက် ထွက်ပေါ်လာသည်။
ဂျိချန်းဖန် ၏ ကိုယ်ဟန်မှာ လှုပ်ရှားသွားပြီး၊ လုရွယ်ချီ နှင့် ကျင့်ပင်အာ တို့၏ ဘေးတွင် ချက်ချင်း ပေါ်လာသည်။
“တစ်ခုခု ဖြစ်သွားသေးလား.....”
သူက နူးညံ့စွာ မေးလိုက်သည်။
“ဘာမှ မဖြစ်ပါဘူး...”
လုရွယ်ချီ နှင့် အခြား မိန်းကလေးမှာ တစ်ပြိုင်တည်း ခေါင်းခါပြလိုက်ကြသည်။
ခုနက သူမတို့အား တိုက်ခိုက်သူများမှာ အဆင့်နိမ့် လူတစ်စုသာ ဖြစ်သဖြင့် ခြိမ်းခြောက်မှု ခံရရန် သို့မဟုတ် အန္တရာယ်ဖြစ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ.....
ဂျိချန်းဖန် ခေါင်းကို အနည်းငယ် ညိတ်လိုက်ကာ ချက်ချင်းပင် သူ၏ အမူအရာမှာ အနည်းငယ် တည်ကြည်သွားပြီး၊ သူ၏ အကြည့်မှာ ရှေ့ရှိ အဇူရာနဂါး နှင့် အခြားသူများထံ ရောက်သွားတော့သည်။
ကံကောင်းသည်မှာ သူသည် လုရွယ်ချီ တို့ နောက်မှ အမြဲတမ်း တိတ်တဆိတ် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
မဟုတ်လျှင်မူ အဇူရာနဂါး နှင့် သူ၏အဖွဲ့ ဝိုင်းရံထားခြင်းကို ရင်ဆိုင်ရပါက သူမတို့ တကယ်ပင် အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ပေသည်။
“ရှူး...”
ခဏအတွင်းမှာပင် လေထုထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒများ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ လူများမှာ သူတို့၏ ဦးခေါင်းအထက်တွင် စူးရှသော နတ်ဘုရားဓားတစ်လက် ဆွဲထားသကဲ့သို့ ခံစားလိုက်ရပြီး၊ အချိန်မရွေး အသက်ပါသွားနိုင်သည်ဟု ထင်မှတ်နေကြတော့သည်.....
“ဝူး ဝူး ဝူး...”
မမြင်နိုင်သော ဓားဆန္ဒများ ပေါက်ကွဲထွက်လာသည်။
ပတ်ဝန်းကျင်ရှိ လူများမှာ ကြည်လင်သော ဓားသံကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ကြရ၏။
“ဂလု...”
အဇူရာနဂါး နှင့် အခြားသူများမှာ တံတွေးကို မသိမသာ မျိုချလိုက်မိကြသည်။
သူတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး၊ တိတ်တဆိတ် နောက်ဆုတ်ရန် ကြိုးစားလိုက်ကြသော်လည်း.....
“တောက်...”
သူတို့ နောက်သို့ တစ်လှမ်း ဆုတ်လိုက်ရုံရှိသေးသည်။
ပတ်ဝန်းကျင်ရှိ ဓားဆန္ဒများမှာ ရုတ်တရက် ပြင်းထန်စွာ ထကြွလာပြီး၊ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသော အငွေ့အသက်များ ထွက်ပေါ်လာကာ၊ မူလဝိညာဉ်စွမ်းအင်များနှင့်အတူ သူတို့အပေါ်သို့ ပြင်းထန်စွာ ဖိနှိပ်လာတော့သည်.....
ဂျိချန်းဖန် သည် အဇူရာနဂါး နှင့် အခြားသူများကို အမူအရာကင်းမဲ့စွာ ကြည့်လျက်၊ တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်သည် ..... “ပြောစမ်းပါဦး၊ မင်းတို့တွေ ဘယ်လိုမျိုး သေချာချင်ကြတာလဲ.....”
ဒါဟာ မေးခွန်းတစ်ခု ဖြစ်သော်လည်း အသိပေးချက်တစ်ခုလည်း ဖြစ်သည်။
ကွေ့လီ သည် သူ၏ရှေ့ရှိ အနက်ရောင် ဝတ်စုံဝတ် လူငယ်ကို အမူအရာကင်းမဲ့စွာ စိုက်ကြည့်နေမိသည်။
သူ၏ နှလုံးသားမှာ ဘာကြောင့်မှန်းမသိဘဲ စိတ်လှုပ်ရှားနေပြီး၊ တစ်ကိုယ်လုံးပင် တုန်ယင်နေမိ၏၊ ဆယ်နှစ်တောင် ကြာသွားခဲ့ပြီ မဟုတ်ပါလား.....
သူ နောက်ဆုံးတွင်တော့ ‘စီနီယာအကို ခုနစ်’ ကို ပြန်တွေ့လိုက်ရပြီ ဖြစ်သည်...
နှမြောစရာ ကောင်းသည်မှာ သူသည် စီနီယာအကို ခုနစ် ၏ ညွှန်ကြားချက်များကို မပြီးမြောက်သေးခြင်း ဖြစ်သည်။
သူသည် မိစ္ဆာဂိုဏ်း၏ အနှစ်သာရ ကျင့်စဉ်များကို ရရှိထားပြီး ဗုဒ္ဓလမ်းစဉ်၊ တာအိုလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ် သုံးခုစလုံးကို စတင်ကျင့်ကြံနေပြီ ဖြစ်သော်လည်း။
ဝိညာဉ်ဘုရင်ဂိုဏ်းအတွင်းရှိ ကောင်းကင်စာအုပ် ကိုမူ သူ ယနေ့အထိ လက်ဝယ် မရရှိသေးပေ။
ကွေ့လီ ၏ နှုတ်ခမ်းများမှာ အနည်းငယ် လှုပ်ရှားသွားပြီး၊ သိပ်မဝေးသော နေရာရှိ ဂျိချန်းဖန် ကို တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတွင်တော့ ပါးစပ်ကိုသာ ပြန်ပိတ်ထားလိုက်သည်.....
မည်သို့ပင်ဖြစ်စေ ယခုကဲ့သို့သော အခြေအနေမှာ စကားပြောရန် မသင့်တော်လှပေ။
ဂျိချန်းဖန် သည်လည်း သူ့ကို စကားမပြောသည်ကို သူ မြင်နေရသည် မဟုတ်ပါလား...
ကွေ့လီ သည် လိမ်လိမ်မာမာဖြင့်ပင် ပါးစပ်ပိတ်ထားလိုက်ပြီး၊ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလျက် မရှိသကဲ့သို့ပင် နေနေတော့သည်။
“ဝုန်း...”
ပြင်းထန်သော စွမ်းအင်ဖိအားတစ်ခုမှာ အဇူရာနဂါး နှင့် အခြားသူများအပေါ်သို့ ရုတ်တရက် ဖိနှိပ်လိုက်ရာ၊ ထိုအတွင်းရှိ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်များကြောင့် သူတို့မှာ လှုပ်ပင်မလှုပ်နိုင်တော့ချေ။
ဂျိချန်းဖန် ၏ မျက်ဝန်းများထဲမှ သတ်ဖြတ်လိုသော ဆန္ဒများကို ရင်ဆိုင်လိုက်ရသောအခါ အဇူရာနဂါး နှင့် အခြားသူများမှာ ထိတ်လန့်တုန်လှုပ်လျက် မျက်နှာများ ဖြူလျော်သွားကြသည်။
သူတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး၊ တစ်ချိန်တည်းမှာပင် အတွေးတစ်ခု သူတို့၏ စိတ်ထဲတွင် ပေါ်လာတော့သည်...
“ထွက်ပြေးကြစို့...”
အဇူရာနဂါး က အော်ဟစ်လိုက်သည်။
သူ၏ အသံအဆုံးသတ်သည်နှင့် သူ၏လက်ထဲရှိ ကိုးပါးသော ကောင်းကင်နတ်ဘုရားလက်နက် ‘ချန်ကွန်း အပြာရောင်အလင်းကွင်း’ (Qiankun Azure Light Ring) မှ တောက်ပသော အပြာရောင်အလင်းများ ထွက်ပေါ်လာတော့သည်။
“ဟိန်း...”
အပြာရောင်အလင်းများအတွင်းမှ နဂါးရိပ်တစ်ခု ဖျတ်ခနဲ ပေါ်လာပြီး၊ နိမ့်ပါးသော နဂါးဟိန်းသံတစ်ခုမှာလည်း ထိုအတွင်းမှ ပဲ့တင်ထပ်လာသကဲ့သို့ပင်။
ခဏအတွင်းမှာပင်။
သူတို့ကို ဖိနှိပ်ထားသော စွမ်းအင်များမှာ ရုတ်တရက် ပျံ့လွင့်သွားတော့သည်။
ကျားဖြူနှင့် လိပ်နက် တမန်တော်များမှာ တွန့်ဆုတ်မနေဘဲ လှည့်၍ ထွက်ပြေးကြသော်လည်း၊ အဇူရာနဂါး မှာမူ သူတို့ထက် တစ်လှမ်း နောက်ကျနေခဲ့သည်.....
“ကွေ့လီ၊ ငါနဲ့ လိုက်ခဲ့...”
အဇူရာနဂါး သည် ကွေ့လီ ၏ လက်မောင်းကို တွန့်ဆုတ်မနေဘဲ ဆွဲကိုင်လိုက်ပြီး၊ သူတို့နောက်ကွယ်ရှိ အဆိပ်မြူများအတွင်းသို့ လှည့်၍ ထွက်ပြေးတော့သည်။
သူ မသိလိုက်သည်မှာ။
ဤဆုံးဖြတ်ချက်သည်သာ။
သူ၏ အသက်ကို ကယ်တင်လိုက်ခြင်း ဖြစ်သည်ဟူ၍ပင်။
“ကျွန်တော်.....”
ကွေ့လီ နောက်သို့ လှည့်ကြည့်လိုက်ပြီး၊ ခေတ္တမျှ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင်တော့ မရုန်းကန်တော့ပေ။
မည်သို့ပင်ဖြစ်စေ စီနီယာအကို ခုနစ် ပေးထားသော တာဝန်မှာ မပြီးမြောက်သေးပေ။
ယခုအချိန်မှာ သူ မိစ္ဆာဂိုဏ်းမှ ထွက်ခွာရမည့် အချိန်မဟုတ်သေးချေ။
“ထွက်ပြေးမယ် ဟုတ်လား.....”
“မင်းတို့တွေ ပြေးနိုင်မယ် ထင်လို့လား.....”
ဂျိချန်းဖန် သည် သူ၏ရှေ့မှ အရာအားလုံးကို အမူအရာကင်းမဲ့စွာ ကြည့်နေသည်။
“ရှူး...”
သူ၏ ကိုယ်ဟန်မှာ လှုပ်ရှားသွားသည်။
သူသည် ကိုးပါးသော ကောင်းကင်ယံထက်တွင် ချက်ချင်း ပေါ်လာတော့သည်။
“ဝုန်း...”
အဆုံးမဲ့သော ဓားဆန္ဒများမှာ ကောင်းကင်သို့ ပျံတက်သွားပြီး၊ ကြည်လင်သော ဓားသံတစ်ခုမှာ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်နေကာ၊ ပတ်ဝန်းကျင်ရှိ လေထုမှာလည်း အနည်းငယ် ပုံပျက်သွားတော့သည်.....
ထိုအတွင်း၌ ဓားဆန္ဒ အငွေ့အသက်များမှာ ပျံ့နှက်နေပေသည်။
“ရှူး...”
ခဏအတွင်းမှာပင်။
မမြင်နိုင်သော ဓားနယ်ပယ် (Sword Domain) တစ်ခုမှာ ဤလောကတစ်ခုလုံးကို လွှမ်းခြုံလိုက်တော့သည်။
ဖော်ပြမရနိုင်သော ဓားဆန္ဒတစ်ခုမှာ ထွက်ပြေးနေသော ကိုယ်ဟန်များအပေါ်သို့ တင်းကျပ်စွာ ပစ်မှတ်ထားလိုက်ပြီ ဖြစ်သည်။
ဂျိချန်းဖန် သည် သူ၏လက်ကို အသာအယာ မြှောက်လိုက်သည်။
သူသည် သူ၏ခါးမှ ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်၏။
“ချွင်...”
‘ကြယ်ခုနစ်ပွင့်ဓား’ ပေါ်ရှိ ကြယ်ခုနစ်ပွင့်မှာ တဖျတ်ဖျတ် တောက်ပလာပြီး၊ ပတ်ဝန်းကျင်ရှိ ကောင်းကင်ယံတစ်ခုလုံးမှာ ကြယ်အလင်းတန်းများဖြင့် ပြည့်နှက်သွားကာ၊ တောက်ပသော ကြယ်တာရာ ကောင်းကင်ကြီးအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။
ထိုအတွင်းမှ ဓားသံတစ်ခုမှာလည်း ဟိန်းထွက်လာသည်။
“ပိုင်းဖြတ်စမ်း...”
ဂျိချန်းဖန် သည် ဓားကို ဆွဲထုတ်၍ ပိုင်းဖြတ်လိုက်သည်။
ခဏအတွင်းမှာပင် တောက်ပသော ဓားအလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး၊ မဆုတ်မနစ်သော ဓားဆန္ဒမှာ ကောင်းကင်သို့ ပျံတက်သွားကာ၊ အဆုံးမဲ့သော ဓားအရှိန်အဝါများမှာ ယုံကြည်နိုင်စရာမရှိလှသော စွမ်းအားများကို သယ်ဆောင်လျက်.....
အောက်သို့ ပြင်းထန်စွာ ပိုင်းဖြတ်လိုက်တော့သည်...
“ရှူး...”
ထိုထိတ်လန့်ဖွယ်ကောင်းသော ဓားဆန္ဒမှာ လေထုထဲတွင် သုံးခုအဖြစ် ကွဲထွက်သွားပြီး၊ အဇူရာနဂါး နှင့် အခြားသော မိစ္ဆာဂိုဏ်း တမန်တော်များထံသို့ အသီးသီး ပိုင်းဖြတ်သွားတော့သည်။
“မကောင်းတော့ဘူး...”
ထွက်ပြေးနေကြသော အဇူရာနဂါး နှင့် အခြားသူများမှာ သူတို့၏ နှလုံးခုန်သံများ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့ နောက်သို့ လှည့်ကြည့်လိုက်ကြ၏။
ကောင်းကင်ယံကို တုန်ဟိန်းစေသော ဓားချီများမှာ သူတို့ထံသို့ ပြင်းထန်စွာ ပိုင်းဖြတ်လာသည်ကို ထိတ်လန့်ဖွယ် တွေ့လိုက်ကြရသည်။
“တောက်...”
အဇူရာနဂါး နှင့် အခြားသူများမှာ စိတ်ထဲမှ ကျိန်ဆဲလိုက်ကြသည်။
လိပ်နက် နှင့် ကျားဖြူ တမန်တော်များမှာ ပြတ်သားစွာပင် လှည့်၍ ရပ်တန့်လိုက်ကြပြီး၊ ထိုဓားချီကို အရင်ဆုံး တားဆီးရန် ကြံရွယ်လိုက်ကြသည်၊ အဘယ်ကြောင့်ဆိုသော် ထိုဓားချီများမှာ သူတို့ကို ပစ်မှတ်ထားပြီးသား ဖြစ်နေသည်ကို သူတို့ သိလိုက်သောကြောင့် ဖြစ်သည်.....
သူတို့ ဘယ်လိုပင် ထွက်ပြေးရန် ကြိုးစားပါစေ။
ဤဓားချီမှာ သူတို့နောက်သို့ တင်းကျပ်စွာ လိုက်ပါနေဦးမည်သာ ဖြစ်သည်။
ဘယ်လိုမှ မပြေးနိုင်တော့မှတော့။
ဒီဓားကိုပဲ အရင်ဆုံး ရင်ဆိုင်လိုက်တာ ပိုကောင်းပေလိမ့်မည်...
“ဝုန်း...”
တမန်တော်နှစ်ဦးမှာ ရှန်ကျင်း အထွက်အထိပ် အဆင့်နှင့် နီးစပ်သော စွမ်းအင်ဖိအားများကို ထုတ်ဖော်လိုက်ကြသည်။
သူတို့နှစ်ဦး ပူးပေါင်းလျက်၊ သူတို့၏ ဝိညာဉ်ရတနာများကို အနစ်နာခံကာ၊ သူတို့၏ ဝိညာဉ်စွမ်းအားအားလုံးကို အသုံးချပြီး သူတို့ရှေ့တွင် ဝိညာဉ်စွမ်းအား ကာကွယ်ရေးဒိုင်းတစ်ခုကို ဖန်တီးလိုက်ကြသည်.....
“ဒုန်း...”
ဓားချီ အလင်းတန်းနှစ်ခုမှာ ပြင်းထန်စွာ ပိုင်းဖြတ်လိုက်သည်။
ပထမ ဓားချီ အလင်းတန်းတစ်ခုတည်းနှင့်ပင် သူတို့၏ ကာကွယ်ရေးမှာ ခက်ခဲစွာ တောင့်ခံနေရပြီ ဖြစ်သည်။
ဒုတိယ ဓားချီ အလင်းတန်း ကျဆင်းလာသောအခါတွင်မူ.....
ချက်ချင်းပင်...
“ဂျွမ်း...”
ကာကွယ်ရေးဒိုင်းမှာ ထိုနေရာတွင်ပင် တိုက်ရိုက် ကွဲကြေသွားတော့သည်၊ မှန်တစ်ချပ် အပိုင်းပိုင်းကွဲသွားသကဲ့သို့ပင် ဖြစ်ပြီး၊ ထိုဓားချီမှာမူ လုံးဝ ရပ်တန့်မသွားဘဲ သူတို့ထံသို့ ပြင်းထန်စွာ ပိုင်းဖြတ်သွားတော့သည်.....
“ရှပ်...”
ဓားချီမှာ သူတို့၏ ခါးမှ တိုက်ရိုက်ပင် နှစ်ပိုင်း ပိုင်းဖြတ်သွားတော့သည်...
ကျားဖြူ တမန်တော်၊ လိပ်နက် တမန်တော် ... သေဆုံးပြီ...
...