← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 24 Ch. 235-236

အခန်း (၂၃၅) - လောကကို ပိုင်းဖြတ်သော ဓားတစ်ချက်... နဂါးနက် သေဆုံးခြင်း... အားလုံးကို တုန်လှုပ်စေခြင်း...

“ချပ်...”

ပတ်ဝန်းကျင်တစ်ခုလုံးတွင် ကြည်လင်ပြတ်သားသော ခြေသံများ ပဲ့တင်ထပ်သွားသည်။

ခဏအတွင်းမှာပင် မိစ္ဆာဂိုဏ်းဝင်များမှာ အနည်းငယ် လန့်ဖျန့်သွားကြတော့သည်။

သူတို့သည် အသာအယာ လှည့်ကြည့်လိုက်ကြရာ၊ မြူထူဆိုင်းနေသော အဆိပ်ငွေ့များအတွင်းမှ လူရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်ကို တွေ့လိုက်ရ၏။

“ဝှစ်...”

ထိုလူရိပ်မှာ ပို၍ နီးကပ်လာသည်။

သိပ်မကြာခင်မှာပင် ပတ်ဝန်းကျင်ရှိ မိစ္ဆာဂိုဏ်းဝင်များမှာ တစ်ဖက်ရှိလူ၏ အစစ်အမှန်မျက်နှာကို အထင်အရှား မြင်လိုက်ကြရသည်။

အနက်ရောင် ဝတ်စုံဝတ် လူငယ်တစ်ဦးသည် အဆိပ်မြူများအတွင်း ပေါ်လာပြီး၊ သူ၏ တာအိုဝတ်စုံမှာ လွင့်ပျံနေကာ၊ ကိုယ်ဟန်မှာလည်း မတ်မတ်ရှိလှသည်၊ နက်မှောင်သော မျက်ဝန်းများမှာ ထူးခြားစွာ တည်ငြိမ်နေပြီး ၎င်းတို့ကဲ့သို့ လူတစ်စုကို လုံးဝပင် မျက်စိထဲ ထည့်ထားပုံမရပေ.....

“ဝုန်း ဝုန်း ဝုန်း...”

သိမ်မွေ့လှသော ဓားဆန္ဒများ ပျံ့လွင့်လာသည်။

ထိုလူငယ်သည် ခါးရှိဓားကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး၊ သူ၏ မျက်ဝန်းများမှာ ပတ်ဝန်းကျင်ရှိ မိစ္ဆာဂိုဏ်းဝင်များကို လျစ်လျူရှုလျက်၊ အဝေးရှိ ကျန့်မူ သစ်ပင်ကြီးဆီသို့သာ ကြည့်နေတော့သည်.....

ဤသူကား အခြားသူမဟုတ်၊ ဂျိချန်းဖန် ပင် ဖြစ်ပေသည်...

သူ့နောက်တွင် လုရွယ်ချီ နှင့် အခြားအမျိုးသမီးတစ်ဦး၊ ထို့ပြင် အထက်လမ်းဂိုဏ်းမှ ထူးချွန်သော တပည့်တစ်စု လိုက်ပါလာကြသည်။

“ဟူး...”

ပတ်ဝန်းကျင်ရှိ မိစ္ဆာဂိုဏ်းဝင်များမှာ အသက်ရှူပင် မှားသွားကြသည်။

သူတို့သည် ဂျိချန်းဖန် ကို သဘာဝကျစွာပင် မှတ်မိကြပြီး၊ သူ ရုတ်တရက် ပေါ်လာခြင်းက သူတို့ကို ထိုနေရာမှာတင် တောင့်ခဲသွားစေသည်။

ဘာလုပ်ရပါ့မလဲ........

ပြေးရမလား...

ဒါမှမဟုတ် တိုက်ရမလား...

မိစ္ဆာဂိုဏ်းမှ ရှန်ကျင်းအဆင့် အကြီးအကဲ အချို့မှာ တင်းမာလှသော အနေအထားဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၊ ခေတ္တမျှ လှုပ်ပင် မလှုပ်ရဲကြချေ.....

ဂျိချန်းဖန် ကတော့ သူတို့ကို လုံးဝ ဂရုမစိုက်ပေ။

ယခုအချိန်တွင် သူသည် မိမိရှေ့ရှိ ကျန့်မူ သစ်ပင်ကြီးကို စိုက်ကြည့်နေသည်။

ကျန့်မူ မှာ တိမ်တိုက်များထဲအထိ မြင့်မားနေပြီး၊ ရွှေရောင်အလင်းဖျော့ဖျော့များကို အစဉ်မပြတ် ထုတ်လွှတ်နေကာ၊ အနီးအနားရှိ အဆိပ်မြူများကို ဖယ်ရှားပေးနေသည်၊ ၎င်းမှာ သေခြင်းတရား ရွှံ့နွံအိုင် တစ်ခုလုံး၏ ကြမ်းတမ်းလှသော ပတ်ဝန်းကျင်နှင့် လုံးဝပင် ဆန့်ကျင်ဘက် ဖြစ်နေပေသည်။

သူ့နောက်ကွယ်ရှိ အထက်လမ်းဂိုဏ်း တပည့်တစ်စုမှာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြပြီး၊ အဝေးရှိ မိစ္ဆာဂိုဏ်းဝင်များကို ချက်ချင်းပင် သတိထားမိသွားကြသည်။

“ရှူး...”

ထိုအဖွဲ့မှာ တွန့်ဆုတ်မနေပေ။

သူတို့သည် မိမိတို့၏ ရတနာများကို ချက်ချင်းပင် ဆင့်ခေါ်လိုက်ကြသည်။

လုရွယ်ချီ သည် ဂျိချန်းဖန် ၏ ဘေးတွင် ရပ်နေပြီး၊ သူမ၏ အဖြူရောင် ဝတ်စုံမှာ လွင့်ပျံနေကာ၊ ကြည်လင်သော မျက်ဝန်းများဖြင့် ရှေ့မှ မိစ္ဆာဂိုဏ်းဝင်များကို အေးစက်စွာ ကြည့်နေသည်။

‘တျန်းယာ ဓားမှာ အိမ်ပြင်သို့ ထွက်လာသည်။

အပြာရောင် ဓားအလင်းများ လက်သွားသည်။

ကြည်လင်လှသော ဓားသံမှာ ကောင်းကင်နှင့် မြေကြီးအကြား ဟိန်းထွက်သွားတော့သည်။

ကျင့်ပင်အာ သည် ကျောတွင် ဟုန်လူဓား ကို လွယ်ထားပြီး၊ လက်ထဲတွင် ခရမ်းရောင်အလင်းဓားကို ကိုင်ထားကာ၊ ခါးရှိ ဟဲ့ဟွမ်ခေါင်းလောင်းလေးနှင့်အတူ သူမ၏ တောက်ပသော မျက်ဝန်းများဖြင့် ရှေ့မှ ဟဲ့ဟွမ်ဂိုဏ်းဝင်များကို တည်ငြိမ်စွာ ကြည့်နေပေသည်.....

ခေတ္တမျှ ထိုနေရာ၏ လေထုမှာ အတော်ပင် လေးလံနေတော့သည်။

“ဝုန်း...”

ထိုစဉ်မှာပင် အဝေးရှိ ကျန့်မူ သစ်ပင်ကြီးမှာ အနည်းငယ် တုန်ခါသွားသည်။

သေခြင်းတရား ရွှံ့နွံအိုင် တစ်ခုလုံးမှာ ထူးခြားသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာပြီး၊ မြေပြင်မှာ နဂါးတစ်ကောင် လူးလိုက်သကဲ့သို့ပင် သိမ့်သိမ့်တုန်သွားတော့သည်။

“ရှူး...”

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံရှိ ရွှေရောင်အလင်းများမှာ ပို၍ ထူထပ်လာသည်။

ရှေးဟောင်း စာလုံးအချို့မှာ ထိုအလင်းအတွင်း၌ လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာပုံရပေသည်။

【ကောင်းကင်ဧကရာဇ် ရတနာသိုက်...】

ဤမြင်ကွင်းကို မြင်သော် လူတိုင်း၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

“ရတနာသိုက်က ပေါ်လာတော့မှာလား........”

“ငါတို့ အခု ဘာလုပ်ကြမလဲ...........”

“ထွက်ပြေးရမလား... ဒါမှမဟုတ် အလုအယက် သွားယူရမလား...........”

မိစ္ဆာဂိုဏ်းဝင်များ၏ အသံမှာ အနည်းငယ် လေးလံနေသည်။

အလုအယက် သွားယူမယ် ဟုတ်လား...

ဘာနဲ့ သွားယူမှာလဲ...

ဂျိချန်းဖန် ၏ အစွမ်းဖြင့်ဆိုလျှင် သူတို့ကို သတ်ဖို့ ဒုတိယမြောက် ဓားတစ်ချက်တောင် မလိုပေ...

“.......”

မိစ္ဆာဂိုဏ်းဝင်အားလုံး တိတ်ဆိတ်သွားကြသည်။

“ရှပ်...”

ထိုစဉ်မှာပင် အဆိပ်မြူများအတွင်းမှ နိမ့်ပါးလှသော ဟိန်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုရုတ်တရက် ထွက်ပေါ်လာသော အသံမှာ လူတိုင်း၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားပြီး၊ အားလုံးက လှည့်ကြည့်လိုက်ကြရာ၊ အဆိပ်မြူများအတွင်း အလွန်ကြီးမားလှသော အနက်ရောင် အရိပ်ကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရသည်.....

ထိုအနက်ရောင်အရိပ်မှာ အလျင်အမြန် လှုပ်ရှားနေပြီး၊ အဆိပ်မြူများအတွင်းမှ နီရွှေရောင် မီးအိမ်ကြီး နှစ်လုံး ပေါ်ထွက်လာသည်။

မဟုတ်သေးဘူး... ဒါက မမှားနိုင်ဘူး...

ဒါတွေက ဘယ်လိုလုပ် မီးအိမ်တွေ ဖြစ်နိုင်မှာလဲ...

ဒါတွေက အနီရောင်နဲ့ ရွှေရောင် ရောယှက်နေတဲ့ မြွေရဲ့ မျက်လုံးတွေပဲ...

“ရှူး...”

အဆိပ်မြူများ ပျံ့လွင့်သွားသည်နှင့်အမျှ လူတိုင်းသည် ထိုအနက်ရောင်အရိပ်ကြီး၏ အစစ်အမှန်မျက်နှာကို အထင်အရှား မြင်လိုက်ကြရသည်။

၎င်းမှာ ပေပေါင်းများစွာ ရှည်လျားလှသော အနက်ရောင်ရေနဂါး ကြီးပင် ဖြစ်သည်၊ ၎င်း၏ မြွေမျက်လုံးအစုံမှာ နီရွှေရောင်ဖြစ်ပြီး ကြမ်းတမ်းလှသော မိစ္ဆာအငွေ့အသက်များ လက်နေကာ၊ လျှာမှာလည်း အဆက်မပြတ် ထွက်နေပြီး၊ ပါးစပ်ထောင့်များမှ ပြင်းထန်လှသော အဆိပ်များ စီးကျနေပေသည်.....

“ရှပ်...”

အနက်ရောင်ရေနဂါး သည် ရှေ့မှ လူအုပ်ကို စူးစိုက်ကြည့်နေသည်။

၎င်း၏ အကြည့်မှာ လူအုပ်ပေါ်တွင် ဝေ့ဝဲသွားသည်။

အရှေ့ဆုံးတွင်ရှိသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ချက်ချင်းပင် မြင်သွားတော့သည်။

“ဝေါင်း...”

အနက်ရောင်ရေနဂါး သည် ဒေါသတကြီးဖြင့် ရုတ်တရက် ဟိန်းဟောက်လိုက်သည်။

၎င်း၏ နီရွှေရောင် မျက်လုံးအစုံမှာ အတိုင်းအဆမဲ့သော မိစ္ဆာစိတ်များ လက်နေပြီး၊ ဂျိချန်းဖန် ကို စိုက်ကြည့်နေတော့သည်.....

သိသာလှသည်မှာ ၎င်းသည် ဂျိချန်းဖန် ကို မှတ်မိနေသေးခြင်း ဖြစ်၏။

၎င်း၏ ခုနစ်လက်မခန့်ရှိသော အရေးကြီးသော နေရာတွင် အမာရွတ် နှစ်ခုရှိနေပြီး၊ တစ်ခုမှာ လက်သည်းရာဖြစ်ကာ၊ နောက်တစ်ခုမှာ ဓားဒဏ်ရာ ဖြစ်သည်.....

လွန်ခဲ့သော ဆယ်နှစ်ခန့်က ၎င်းသည် ဂျိချန်းဖန် ၏ ဓားတစ်ချက်ကြောင့် ဒဏ်ရာရခဲ့ဖူးသည်။

“ဟဲဟဲ~” ဂျိချန်းဖန် က အသာအယာ ပြုံးလိုက်ပြီး၊ မိမိရှေ့မှ အနက်ရောင်ရေနဂါး ကို တည်ငြိမ်စွာ ကြည့်လျက် ဆိုလိုက်သည် .....

“မင်းလို သားရဲက ငါ့ကို မှတ်မိနေလိမ့်မယ်လို့ မထင်ထားဘူးပဲ... ကောင်းပြီလေ၊ ဒီနေ့တော့ မင်းကို ငါ အပြတ်ရှင်းပေးမယ်၊ ဒါမှ မင်း ထပ်ပြီး ထွက်မပြေးနိုင်တော့မှာ.....”

“ရှပ်...”

အနက်ရောင်ရေနဂါး က ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်ပြန်သည်။

ပတ်ဝန်းကျင်ရှိ လုရွယ်ချီ နှင့် အခြားသူများ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

ဂျိချန်းဖန် က ညွှန်ကြားလိုက်သည် ..... “ဒီသားရဲကို ငါ့ဆီမှာပဲ ထားခဲ့လိုက်၊ မင်းတို့အားလုံး ကျန်တဲ့ မိစ္ဆာဂိုဏ်းဝင်တွေကို သွားပြီး ရှင်းလိုက်ကြ.....”

“ကောင်းပါပြီ။”

လုရွယ်ချီ က အရင်ဆုံး ခေါင်းညိတ်လိုက်သည်။

သူမသည် ဂျိချန်းဖန် ၏ အစွမ်းကို အပြည့်အဝ ယုံကြည်ထားသူ ဖြစ်သည်။

ထို့ကြောင့် သူမသည် သူ၏ ဘေးကင်းရေးအတွက် သိပ်ပြီး စိုးရိမ်မနေပေ။

အနက်ရောင်ရေနဂါး မှာ မည်မျှပင် အစွမ်းကြီးမားပါစေ၊ ၎င်းမှာ ထိုက်ကျင်းနယ်ပယ်နှင့်သာ နှိုင်းယှဉ်၍ ရနိုင်ပြီး၊ အစစ်အမှန် ထိုက်ကျင်းကျွမ်းကျင်သူတစ်ဦးကိုတော့ ယှဉ်နိုင်မည် မဟုတ်ချေ။

၎င်းထက် ‘သတ်ဖြတ်ခြင်း’ ကိုသာ အဓိကထားသော ထိုက်ကျင်းနယ်ပယ် ဓားကျင့်ကြံသူ တစ်ဦးကိုဆိုလျှင် ပို၍ပင် မယှဉ်နိုင်တော့ပေ...

“ဝေါင်း......”

အနက်ရောင်ရေနဂါး သည် ဂျိချန်းဖန် နှင့် အခြားသူများ၏ စကားပြောသံကို နားလည်ပုံရသည်၊ ၎င်းသည် ရုတ်တရက် ဟိန်းဟောက်လိုက်ပြီးနောက်၊ ၎င်း၏ အမြီးကြီးကို အားပြင်းစွာ ဝှေ့ယမ်းလိုက်သည်.....

“ဒုန်း...”

ကြီးမားလှသော မြွေမြီးမှာ ရုတ်တရက် ပေါက်ကွဲထွက်လာသကဲ့သို့ ရိုက်ခတ်လာသည်။

လေထုထဲတွင် အသံလှိုင်းပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်သွား၏။

အဆုံးမရှိသော ဟင်းလင်းပြင် ချီ စွမ်းအင်များမှာ လှုပ်ခတ်ပျံ့လွင့်သွားပြီး၊ ထိုအတွင်းရှိ ကြောက်မက်ဖွယ်ကောင်းလှသော အင်အားမှာ နှလုံးတုန်စရာ ကောင်းလှပေသည်။

အနက်ရောင်ရေနဂါး ၏ ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ဂျိချန်းဖန် က လက်ကို အသာအယာသာ ဝှေ့ယမ်းလိုက်သည်။

“ရှူး...”

အစိမ်းနုရောင် ဝိညာဉ်စွမ်းအားများ ပန်းထွက်လာသည်။

ဝိညာဉ်စွမ်းအားနှင့် ဓားဆန္ဒ တို့ ပေါင်းစပ်ဖွဲ့စည်းထားသော ‘ထိုက်ကျိ’ ပုံရိပ်တစ်ခုမှာ ရှေ့တည့်တည့်တွင် ပေါ်လာပြီး၊ အနက်ရောင်ရေနဂါး ၏ တိုက်ခိုက်မှုကို တင်းကျပ်စွာ တားဆီးလိုက်တော့သည်။

ချက်ချင်းဆိုသလိုပင် ဂျိချန်းဖန် တွန့်ဆုတ်မနေပေ။

သူသည် ကြယ်ခုနစ်ပွင့်ဓား ကို လက်နောက်ပြန်ဆွဲထုတ်လိုက်သည်။

“ချလွင်...”

ကြည်လင်လှသော ဓားသံတစ်ခု မြည်ဟည်းသွားသည်။

တောက်ပလှသော ဓားအလင်းများမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး၊ မမြင်နိုင်သော ဓားဆန္ဒများမှာလည်း ကောင်းကင်အနှံ့ ပျံ့လွင့်သွားကာ၊ လုံးဝ တားဆီး၍ မရနိုင်သော ဓားအရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

ခဏအတွင်းမှာပင် ဓားချီ များမှာ စကြဝဠာတစ်ခုလုံးကို ပြည့်နှက်သွားတော့သည်...

ထိုစဉ်မှာပင် မိစ္ဆာဂိုဏ်းဝင်များက အခွင့်အရေးကို အရယူလိုက်ကြသည်။

“မြန်မြန်...”

“အနက်ရောင်ရေနဂါး က အရမ်းအစွမ်းကြီးတယ်၊ အဲဒါက သူ့ကို သေချာပေါက် တားထားနိုင်လိမ့်မယ်... ငါတို့ မြန်မြန် ရတနာသိုက်ထဲဝင်ပြီး အထဲက ရတနာတွေကို သွားယူကြစို့.....”

အဆိပ်တစ်သောင်းဂိုဏ်းမှ ဝူကုန်းကျီ က အကျယ်ကြီး အော်ဟစ်လိုက်သည်။

ဤစကားများ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ အခြားမိစ္ဆာဂိုဏ်းဝင်များလည်း ချက်ချင်း တုံ့ပြန်လိုက်ကြသည်။

ဟဲ့ဟွမ်ဂိုဏ်းမှ အကြီးအကဲ ယွဲ့ရုံ နှင့် သက်ရှည်ခန်းမမှ ယွီရှန့်ကျီ တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၊ ချက်ချင်းပင် လေထုကို ဖြတ်ကျော်ကာ ကျန့်မူ သစ်ပင်ကြီးဆီသို့ ပျံသန်းသွားကြတော့သည်.....

“ရှူး...”

တစ်ချိန်တည်းမှာပင် ကျန့်မူ ပေါ်ရှိ ရွှေရောင်အလင်းများမှာ ပို၍ ထူထပ်လာသည်။

‘ကောင်းကင်ဧကရာဇ် ရတနာသိုက်’ ဆိုသော စာလုံးလေးလုံးမှာ ထိုအတွင်း၌ လူတိုင်း၏ မျက်စိရှေ့တွင် တဖြည်းဖြည်း ပုံဖော်လာတော့သည်။

ရတနာသိုက်က ပွင့်တော့မည် ဖြစ်သည်။

“ချွမ်...”

သို့သော် ထိုစဉ်မှာပင်... ကောင်းကင်နှင့် မြေကြီးအကြား ဟိန်းထွက်သွားသော ဓားသံတစ်ခုက လူတိုင်း၏ အာရုံကို ရုတ်တရက် ဆွဲဆောင်လိုက်ပြန်သည်။

“ဝုန်း...”

ထူထပ်လှသော ဓားဆန္ဒများ ပေါက်ကွဲထွက်လာပြီး၊ တောက်ပလှသော ဓားအလင်းများ လက်သွားကာ၊ မမြင်နိုင်သော ဓားအရှိန်အဝါများမှာ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို ခဏအတွင်းမှာပင် ပြည့်နှက်သွားတော့သည်။

ကြယ်ခုနစ်ပွင့်မှာ တောက်ပနေပြီး၊ ကြယ်စုံသော ကောင်းကင်ယံကြီးတစ်ခု ပေါ်ထွက်လာ၏။

ချက်ချင်းဆိုသလိုပင်၊ ကြည်လင်လှသော အသံတစ်ခုမှာ ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်သွားတော့သည်...

“ကောင်းကင်နဲ့ မြေကြီးရဲ့ မြင့်မြတ်တဲ့ ချီ စွမ်းအားတွေ.....”

...

...

အခန်း (၂၃၆) - ဘိုးဘေးသခင် ကျင်းယဲ့နှင့်သာ တိုက်ခိုက်မည်၊ ဂျိချန်းဖန်ကိုမူ လုံးဝ မတွေ့ချင်ပါ...

“ဝုန်း,,”

ကောင်းကင်ယံထက်တွင် တောက်ပလှသော ကြယ်အလင်းတန်းများက အရာအားလုံးကို လွှမ်းခြုံသွားပြီး၊ သူတို့၏ ပတ်ဝန်းကျင်၌ ကြယ်စုံသော ကောင်းကင်ယံကြီးတစ်ခု ပေါ်ထွက်လာသကဲ့သို့ပင် ဖြစ်နေပေသည်။

ခဏအတွင်းမှာပင် မျက်စိကျိန်းမတတ် တောက်ပလှသော ဓားအလင်းများ ပေါက်ကွဲထွက်လာတော့သည်။

“ချလွင်,,”

ကြည်လင်လှသော ဓားသံတစ်ခု မြည်ဟည်းသွား၏။

ဂျိချန်းဖန် သည် ခါးရှိ ကြယ်ခုနစ်ပွင့်ဓား ကို ချက်ချင်းပင် ဆွဲထုတ်လိုက်ရာ၊ သူ၏ နက်မှောင်သော မျက်ဝန်းများထဲတွင် ထက်ရှလှသော ဓားဆန္ဒများ လက်သွားတော့သည်။

“ဝုန်း ဝုန်း ဝုန်း...”

ကောင်းကင်နှင့် မြေကြီးအကြားတွင် ဓားဆန္ဒများ ပျံ့လွင့်လာသည်။

မမြင်နိုင်သော ဓားချီ များမှာလည်း ကောင်းကင်ယံတစ်ခုလုံးကို ပြည့်နှက်သွားတော့သည်။

အလွန်တရာ အစွမ်းထက်လှသော ဓားဆန္ဒတစ်ခုသည် အောက်ဘက်ရှိ အနက်ရောင်ရေနဂါး ဆီသို့ ချက်ချင်းပင် ဦးတည်သွားတော့သည်။

ဂျိချန်းဖန် သည် လက်တစ်ဖက်ဖြင့် ဓားကိုကိုင်ကာ၊ ကျန်လက်တစ်ဖက်ဖြင့် ဓားကွက်ဖော်လိုက်ပြီး၊ သူ၏ ထက်ရှသော အကြည့်မှာ အောက်ရှိ အနက်ရောင်ရေနဂါး ဆီသို့ စိုက်ကြည့်လျက်၊ ကြည်လင်လှသော အသံမှာ သူ၏နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာတော့သည် ,,

“ကောင်းကင်နဲ့ မြေကြီးရဲ့ ဖြောင့်မတ်တဲ့ ချီ စွမ်းအားတွေကတော့ ထာဝရ တည်တံ့နေမှာပဲ..... ငါက နတ်ဘုရားတွေကို သတ်ဖို့ မရည်ရွယ်ပါဘူး၊ ဒါပေမဲ့ မိစ္ဆာတွေနဲ့ နတ်ဆိုးတွေကိုတော့ အပြတ်ရှင်းရလိမ့်မယ်...”

သူ၏အသံမှာ ကောင်းကင်နှင့် မြေကြီးကို တုန်ဟိန်းသွားစေသည်။

“ဇိ,,”

အလွန်တရာ တောက်ပလှသော ဓားသံမှာ လူတိုင်း၏ နားထဲတွင် ဟိန်းထွက်သွားတော့သည်။

ယခုအချိန်တွင် လူတိုင်းသည် မိမိတို့ လုပ်ဆောင်နေသမျှကို မရပ်တန့်ဘဲ မနေနိုင်ကြတော့ပေ၊ သူတို့သည် ခေါင်းကိုလှည့်၍ မိမိတို့ရှေ့မှ မြင်ကွင်းကို ကြောင်စီစီဖြင့် စိုက်ကြည့်နေကြပြီး၊ ထိုအစွမ်းထက်လှသော ဓားဆန္ဒကြောင့် သူတို့၏ စိတ်နှလုံးမှာ ကြက်သီးမွေးညင်းထစရာ အံ့အားသင့်မှုများနှင့်အတူ ထုံထိုင်းသွားကြရသည်.....

“ရှပ်,,”

အနက်ရောင်ရေနဂါး သည် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

ဒီဓား နောက်တစ်ကြိမ်လား........

ဒီဓားပဲ နောက်တစ်ကြိမ်ပေါ့...

၎င်း၏ မျက်ဝန်းများထဲတွင် ကြောက်လန့်ရိပ်အချို့ လက်သွားသော်လည်း၊ ၎င်းမှာ အတိုင်းအဆမဲ့သော ကြမ်းတမ်းမှုများဖြင့် အလျင်အမြန် ပြန်လည် ပြည့်နှက်သွားတော့သည်။

၎င်း၏ ခန္ဓာကိုယ်ဗီဇကတော့ ပြောပြနေပေသည်။

ဤဓားမှာ ကြောက်စရာ ကောင်းလှသည်.....

သို့သော်လည်း.....

သားရဲ ဆိုသည်မှာ သားရဲသာ ဖြစ်ပေသည်။

အန္တရာယ်များလှသော နေရာအမျိုးမျိုးတွင် ကြာရှည်စွာ နေထိုင်ခဲ့ခြင်းကြောင့် အနက်ရောင်ရေနဂါး တွင် ကြမ်းတမ်းသော စိတ်များ ပြည့်နှက်နေပြီး၊ ၎င်း၏ ဉာဏ်ရည်မှာလည်း အတော်ပင် နိမ့်ပါးလှသည်၊ ထို့ကြောင့်လည်း.....

ဂျိချန်းဖန် ၏ ဤဓားကို ရင်ဆိုင်ရာတွင် ၎င်းသည် ထွက်ပြေးရန် မရွေးချယ်ခဲ့ပေ။

ထိုအစား ၎င်း၏ မြွေခန္ဓာကိုယ်ဖြင့် တိုက်ရိုက်ပင် ခံစစ်ပြင်လိုက်တော့သည်။

“ရှပ်,,”

အနက်ရောင်ရေနဂါး ၎င်း၏ ပါးစပ်ကြီးကို ဟလိုက်သည်။

၎င်း၏ နီရွှေရောင် မြွေမျက်လုံးများထဲတွင် အဆုံးမရှိသော ကြမ်းတမ်းမှုများ ပေါ်ထွက်လာပြီး၊ ၎င်း၏ တစ်ကိုယ်လုံးမှာ ဂျိချန်းဖန် ဆီသို့ တိုက်ရိုက်ပင် ခုန်အုပ်လိုက်တော့သည်။

“ဝုန်း...”

ဂျိချန်းဖန် သည် တည်ငြိမ်စွာပင် ဓားကိုမြှောက်၍ ပိုင်းချလိုက်သည်။

ယခုအချိန်တွင် အထွက်အထိပ်သို့ ရောက်ရှိနေသော ဓားဆန္ဒမှာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး၊ အလွန်တရာ တောက်ပလှသော ဓားအလင်းများမှာ လောကတစ်ခုလုံးကို လင်းထိန်သွားစေကာ၊ ပတ်ဝန်းကျင်ရှိ အဆိပ်မြူများမှာလည်း ထိုနေရာမှာတင် တိုက်ရိုက်ပင် ပျံ့လွင့်သွားတော့သည်။

“ရှူး,,”

ခဏအတွင်းမှာပင် ဓားချီ များမှာ စကြဝဠာတစ်ခုလုံးကို ပြည့်နှက်သွားတော့သည်...

ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ အနည်းငယ် တွန့်လိမ်သွားပြီး၊ သိမ်မွေ့လှသော ဓားဆန္ဒများ ပေါင်းစပ်သွားကာ၊ လုံးဝ တားဆီး၍ မရနိုင်သော အငွေ့အသက် တစ်ခုမှာ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

၎င်း၏ လမ်းကြောင်းပေါ်ရှိ ရှိသမျှ အရာအားလုံးကို ပိုင်းဖြတ်ပစ်လိုသကဲ့သို့ပင်.....

ဤဓားကို ရင်ဆိုင်ရာတွင် လူတိုင်းမှာ ထိုနေရာ၌ပင် တောင့်ခဲသွားကြသည်။

သူတို့၏ စိတ်ထဲတွင် ဘာကိုမျှ ဂရုမစိုက်နိုင်တော့ပေ၊ ကောင်းကင်ဧကရာဇ် ရတနာသိုက်၊ ရတနာများ၊ အရာအားလုံးမှာ ဦးနှောက်နောက်သို့ ရောက်သွားကြရတော့သည်၊ ယခုအချိန်တွင်မူ.....

သူတို့၏ စိတ်ဝိညာဉ် တစ်ခုလုံးမှာ ဤဓားတစ်ချက်အောက်တွင် လုံးဝပင် လွှမ်းမိုးခြင်း ခံထားရတော့သည်။

“ဝုန်း,,”

ပြင်းထန်လှသော လှုပ်ခတ်မှုများ ပေါ်ထွက်လာသည်။

ကောင်းကင်နှင့် မြေကြီးအကြားရှိ ဝိညာဉ်စွမ်းအင် များမှာ ရူးသွပ်စွာပင် လှိုင်းထလာတော့သည်။

“ရှပ်...” အနက်ရောင်ရေနဂါး သည် နိမ့်ပါးစွာ ဟိန်းဟောက်လျက်၊ ၎င်း၏ အမြီးကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ၊ ကြီးမားလှသော မြွေမြီးမှာ ပြင်းထန်လှသော အရှိန်အဝါများဖြင့် လေထုကို ဖောက်ထွင်း၍ ရိုက်ခတ်လာပေသည်.....

“ရှူး...”

လေထု ပိုင်းဖြတ်ခံလိုက်ရသော အသံမှာ ဟိန်းထွက်သွားသည်။

ထိုအတွင်း၌ ပြင်းထန်လှသော အသံလှိုင်း ပေါက်ကွဲသံများပင် ပျံ့လွင့်နေပေသည်။

တောက်ပလှသော ဓားအလင်းမှာ အနက်ရောင်ရေနဂါး နှင့် ရုတ်တရက် ထိပ်တိုက် တွေ့ဆုံသွားပြီးနောက်၊ နောက်တစ်ခဏမှာပင်.....

လူတိုင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားကြတော့သည်။

ကံမကောင်းစွာပင် ၎င်းတို့ စိတ်ကူးထားသကဲ့သို့ အကြိတ်အနယ် တိုက်ခိုက်မှုမျိုးမှာ ရှိမနေခဲ့ပေ။

ထိုတောက်ပလှသော ဓားအလင်းမှာ အနက်ရောင်ရေနဂါး ၏ အမြီးကို တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်ရိုက်ပင် ပိုင်းဖြတ်သွားပြီး၊ တစ်ချိန်တည်းမှာပင် ၎င်း၏ အရေးကြီးသော နေရာဆီသို့ ဆက်လက်၍ ပိုင်းချသွားတော့သည်.....

“ဂါး......”

အနက်ရောင်ရေနဂါး သည် နာကျင်စွာဖြင့် ဟိန်းဟောက်လိုက်သည်။

၎င်း၏ ကြီးမားလှသော မြွေမြီးမှာ နှစ်ပိုင်း ပြတ်တောက်သွားပြီး၊ ပျစ်ချွဲလှသော အနက်ရောင် မြွေသွေးများမှာ ပန်းထွက်လာပေသည်။

ထိုသွေးများတွင် ပြင်းထန်လှသော အဆိပ်များ ပါဝင်နေပြီး ဤမြေပြင်ကို တိုက်ရိုက်ပင် ညစ်ညမ်းစေတော့သည်.....

အနက်ရောင်ရေနဂါး ၏ နီရွှေရောင် မြွေမျက်လုံးများထဲတွင် ကြောက်လန့်မှုများ အထင်အရှား လက်သွားတော့သည်။

၎င်းမှာ ထွက်ပြေးချင်နေသော်လည်း ယခုမူ အချိန်နှောင်းသွားပြီ ဖြစ်သည်မှာ ထင်ရှားလှပေသည်။

“ချလွင်,,”

တောက်ပလှသော ဓားအလင်းမှာ လေထုကို ဖောက်ထွင်း၍ ရောက်ရှိလာသည်။

ပတ်ဝန်းကျင်ရှိ လေထုမှာပင် တွန့်လိမ်သွားပြီး၊ ထိုအတွင်း၌ ဓားသံများ မြည်ဟည်းနေကာ၊ သိမ်မွေ့လှသော ဓားဆန္ဒများ ပေါင်းစပ်လျက်၊ အနက်ရောင်ရေနဂါး ၏ အရေးကြီးသော နေရာဆီသို့ တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်ရိုက်ပင် ပိုင်းချလိုက်တော့သည်.....

“ရှူး...”

ခဏအတွင်းမှာပင် အနက်ရောင်ရေနဂါး သည် တိုက်ရိုက်ပင် နှစ်ပိုင်း ကွဲသွားတော့သည်။

၎င်း၏ ကြီးမားလှသော မြွေခေါင်းမှာ ပြုတ်ကျသွားပြီး၊ နီရွှေရောင် မြွေမျက်လုံးများမှာလည်း တဖြည်းဖြည်း မှေးမှိန်သွားကာ၊ မျက်ဝန်းများထဲရှိ အဆုံးမရှိသော ကြမ်းတမ်းမှုများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်.....

“ရှပ်,,”

နက်မှောင် ပျစ်ချွဲလှသော မြွေသွေးများမှာ ပန်းထွက်လာသည်။

၎င်းတွင် ကြောက်မက်ဖွယ်ကောင်းလှသော အဆိပ်များ ပါဝင်နေပြီး၊ မြေပြင်ကို အနည်းငယ်မျှ ထိမိရုံနှင့်ပင် အကုန်လုံး ညစ်ညမ်းသွားရတော့သည်.....

“ဟူး...”

အသာအယာ အသက်ရှူသံတစ်ခု ထွက်ပေါ်လာသည်။

ဂျိချန်းဖန် သည် တည်ငြိမ်စွာပင် ဓားကို အိမ်ပြန်သွင်းလိုက်သည်။

ခဏအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ ထူးခြားသော ဖြစ်ရပ်များမှာ ပျောက်ကွယ်သွားတော့သည်။

တောက်ပလှသော ကြယ်စုံကမ္ဘာကြီးမှာ ပျောက်ကွယ်သွားပြီး၊ ထွန်းလင်းနေသော ကြယ်ခုနစ်ပွင့်မှာလည်း တဖြည်းဖြည်း မှေးမှိန်သွားကာ၊ မြေပြင်ပေါ်ရှိ ပရမ်းပတာ မြင်ကွင်းကသာ ဓားတစ်ချက်၏ ထူးခြားလှသော အရှိန်အဝါကို ဖော်ပြနေပေတော့သည်.....

“ရှူး...”

ဂျိချန်းဖန် က လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။

နောက်တစ်ခဏမှာပင် အနက်ရောင်ရေနဂါး ၏ အလောင်းအတွင်းမှ အဆုံးမရှိသော ကြမ်းတမ်းမှုနှင့် မိစ္ဆာချီများ ထွက်ပေါ်နေသော ‘အမြုတေ’ တစ်ခုမှာ ရုတ်တရက် လျှောထွက်လာတော့သည်။

“ရှန်ကျင်းအထွက်အထိပ် အဆင့်ရှိတဲ့ မိစ္ဆာဆေးလုံးလား........”

“မဆိုးပါဘူး။”

ဂျိချန်းဖန် က သူ့ဘာသာ ရေရွတ်လိုက်သည်။

ဤမိစ္ဆာဆေးလုံးတွင် ပြင်းထန်လှသော ကြမ်းတမ်းမှုများ ပြည့်နှက်နေသော်လည်း၊ အကယ်၍ သူသာ (Profound Fire Mirror) ဖြင့် အချိန်ယူ သန့်စင်လိုက်မည်ဆိုလျှင်၊ ၎င်းကို အစွမ်းထက်သော ဆေးလုံးအချို့ ဖော်စပ်ရာတွင် အသုံးပြုနိုင်သေးပေသည်.....

“ဂလု...”

ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ အပြည့်အဝပင် ဆွံ့အသွားကြတော့သည်။

သူတို့သည် မိမိတို့ရှေ့မှ ရှိသမျှ အရာအားလုံးကို ကြောင်စီစီဖြင့် စိုက်ကြည့်နေကြပြီး၊ သူတို့၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပေသည်။

ဘယ်သူမှ မနိုင်နိုင်တဲ့ အနက်ရောင်ရေနဂါး က ဒီလိုမျိုးပဲ သေသွားတာလား...........

အဲဒါက နှစ်ပေါင်းသောင်းချီ အသက်ရှင်လာခဲ့တဲ့ သားရဲကြီးလေ...

အဲဒါက ဂျိချန်းဖန် ရဲ့ ဓားတစ်ချက်ကိုတောင် မခုခံနိုင်ဘူးလား...

ဒါက.....

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ အတော်ပင် မိန်းမောတွေဝေနေကြတော့သည်။

သူတို့သည် မိမိတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို စိုက်ကြည့်နေကြပြီး၊ သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခု တပြိုင်နက်တည်း ပေါ်ထွက်လာတော့သည်၊ ၎င်းမှာ ,,

ဂျိချန်းဖန် ရဲ့ ဓားက တကယ်တမ်းမှာ ဘယ်လောက်တောင် အစွမ်းထက်တာလဲ...

၎င်းကို မည်သူမျှ မသိကြပေ။

သိတဲ့သူတွေအားလုံးမှာလည်း သေကုန်ကြပြီ မဟုတ်ပါလား။

ဤလောကတွင် ဂျိချန်းဖန် ၏ အစွမ်းကုန်ထုတ်ထားသော ဓားကို တိုက်ရိုက် ခုခံနိုင်ပြီး အသက်ရှင်ကျန်ရစ်သူဟူ၍ မရှိဖူးချေ.....

သူ၏ ဓားမှာ အလွန်ပင် တောက်ပလွန်းလှသည်။

ဓားတစ်ချက်၏ ထူးခြားလှသော အရှိန်အဝါမှာ လူတိုင်းကို တုန်လှုပ်သွားစေသည်မှာ အမှန်ပင်။

၎င်းသည် ခေတ်တစ်ခုကို ပိုင်းခြားနိုင်သကဲ့သို့ပင်၊ ထိုခေတ်တစ်ခုလုံးတွင် မည်သူမျှ ၎င်းကို ကျော်လွန်နိုင်ခြင်း မရှိသလို၊ နှိုင်းယှဉ်၍ပင် ရနိုင်မည် မဟုတ်ချေ.....

၎င်းမှာ ခေတ်တစ်ခုကို ကျော်လွန်သွားသော ဓားတစ်ချက်ပင်...

လုရွယ်ချီ မှာလည်း ထိုနေရာမှာတင် ကြောင်စီစီဖြင့် ရပ်နေမိတော့သည်။

သူမ၏ အဖြူရောင် ဝတ်စုံမှာ လွင့်ပျံနေကာ၊ ဆံနွယ်များမှာလည်း ပခုံးထက်သို့ ဝေ့ဝဲကျနေသည်၊ ကြည်လင်သော မျက်ဝန်းများမှာ တောက်ပနေပြီး၊ သူမ၏ အကြည့်မှာ မိမိရှေ့မှ ထူးခြားလှသော အရှိန်အဝါရှိသည့် လူငယ်ဆီသို့သာ ရောက်ရှိနေပေသည်.....

သူက မပြောင်းလဲသေးဘူး။

လွန်ခဲ့တဲ့ ဆယ်နှစ်ကလည်း သူက ဒီလိုပဲ ထူးခြားတဲ့ အရှိန်အဝါတွေ ရှိခဲ့တာပဲ။

ဆယ်နှစ်ကြာပြီးတဲ့ အခါမှာလည်း သူက ဒီလိုပဲ ထူးခြားနေဆဲပဲ။

ကျင့်ပင်အာ သည် မိမိရှေ့မှ လူငယ်ကို စိုက်ကြည့်နေမိပြီး၊ သူမ၏ စိတ်နှလုံးမှာ တုန်လှုပ်နေကာ၊ သူမ၏ ခန္ဓာကိုယ်လေးမှာလည်း အနည်းငယ်မျှ တုန်ယင်နေမိတော့သည်၊ ဒီလောက်အထိ တောက်ပတဲ့သူမျိုး.....

နောက်ဆုံးတော့ သူမ တွေ့ခဲ့ရပြီပေါ့။

သူမ၏ စိတ်ထဲတွင် အတော်ပင် ကံကောင်းသည်ဟု ခံစားနေမိသည်။

အကယ်၍ ဂျိချန်းဖန် သာ ပေါ်မလာခဲ့ရင်၊ သူမဟာ ညစ်ပတ်ပေရေနေတဲ့ ရွှံ့နွံတွေထဲမှာပဲ နစ်မွန်းနေဦးမှာလား.....

အဝေးတစ်နေရာတွင် လင်းကျန့်ယွီ သည် လက်ထဲရှိ ဝိညာဉ်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။

သူသည် ကောင်းကင်ယံထက်မှ လူရိပ်ကို ကြည့်လျက် တိတ်ဆိတ်စွာပင် ခေါင်းငုံ့ထားမိတော့သည်၊

ဂျိချန်းဖန် ရဲ့ ရှေ့မှာဆိုရင်.....

သူဟာ အတော်လေးကို အရောင်မှိန်သွားပုံရပေသည်။

သူ၏ စိတ်ထဲတွင် လွန်ခဲ့သော ဆယ်နှစ်က မြင်ကွင်းကို နောက်တစ်ကြိမ် ပြန်လည် မြင်ယောင်လာမိသည်၊ ထိုအချိန်တုန်းက သူဟာ အတော်လေး မာန်တက်ခဲ့သော်လည်း၊ ဂျိချန်းဖန် ကတော့ သူ့ထက်တောင် ပိုပြီး မာန်တက်ခဲ့သေးသည် မဟုတ်ပါလား.....

“ငါ့လက်အောက်မှာ ရှုံးနိမ့်သွားတဲ့သူတွေကို ငါက ဘယ်တော့မှ ပြိုင်ဘက်လို့ မသတ်မှတ်ဘူး...”

လင်းကျန့်ယွီ ၏ စိတ်ထဲတွင် ဤစကားလုံးများမှာ အဖန်ဖန်အထပ်ထပ် ပဲ့တင်ထပ်နေပြီး၊ နောက်ဆုံးတွင်တော့.....

သူသည် အသာအယာ သက်ပြင်းချလိုက်ကာ၊ လက်ထဲရှိ ဝိညာဉ်ဓားကို အားမရှိသလို လျှော့ချလိုက်တော့သည်။

“ဘိုးဘေးသခင် ကျင်းယဲ့နဲ့သာ တိုက်ခိုက်မည်၊ ဂျိချန်းဖန်ကိုမူ လုံးဝ မတွေ့ချင်ပေ...”

...

...

All Chapters