← Chapters

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း ၂၄၃ - ကောင်းကင်ဧကရာဇ် ရတနာသိုက် ပိတ်သိမ်းခြင်း။ ကျင်းယွမ်ကလန်သို့ ပြန်ခြင်း။

"ဝုန်း..."

ကောင်းကင်ဧကရာဇ် ရတနာသိုက်၏ တံခါးမကြီးမှာ ဖြည်းဖြည်းချင်း ပွင့်နေဆဲ ဖြစ်သည်။

အဆုံးမဲ့သော ဝိညာဉ်စွမ်းအင်များမှာ အတွင်းပိုင်းသို့ လျင်မြန်စွာ စုစည်းဝင်ရောက်သွားကြသည်။

၎င်းသည် တံခါးဝ၌ ဝိညာဉ်စွမ်းအင် ဝဲဂယက်ကြီးတစ်ခုကို တိုက်ရိုက် ဖြစ်ပေါ်စေခဲ့ပြီး ထိုအတွင်း၌ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားလှသည်။

"ရှုး......"

အရည်ပျော်နေသော ဝိညာဉ်စွမ်းအင် စက်အစက်အမြဲများမှာ လေထုထဲ၌ ပျံဝဲနေပြီး လုရွယ်ချီနှင့် ကျင့်ပင်အာတို့ကို အဆက်မပြတ် ဝန်းရံကာ သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ တဖြည်းဖြည်း စုပ်ယူခြင်း ခံလိုက်ရသည်။

"ဝုန်း..."

မကြာမီမှာပင်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုမှာ ကောင်းကင်ဧကရာဇ် ရတနာသိုက်အတွင်းမှ ပထမဆုံးအဖြစ် ပေါက်ကွဲထွက်ပေါ်လာတော့၏။

ဤအငွေ့အသက်မှာ ရှန်ကျင်းအလယ်အဆင့်ကို ကျော်လွန်နေသည်။...

၎င်းမှာ ရှန်ကျင်းနောက်ဆုံးအဆင့်သို့ တိုက်ရိုက် ဦးတည်နေခြင်းပင်။

"ရှုး..."

မလှမ်းမကမ်းတွင် လုရွယ်ချီမှာ တင်ပျဉ်ခွေ ထိုင်နေသည်။

သူမ၏ အဖြူရောင် ဝတ်စုံစလေးမှာ လွင့်ပျံနေပြီး၊ မျက်ဝန်းများကို တင်းကျပ်စွာ ပိတ်ထားကာ ရှည်လျားသော မျက်တောင်လေးများမှာ အနည်းငယ် တုန်ယင်နေ၏။

သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ကျော့ရှင်းလှပပြီး တစ်ပါးသူ အားကျရလောက်အောင်ပင်...။

လုရွယ်ချီသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။

သူမ၏ ကြည်လင်သော မျက်ဝန်းများထဲ၌ ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်ထွက်လာပြီး၊ ခန္ဓာကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ် အငွေ့အသက်များမှာလည်း တဖြည်းဖြည်း ပြန်လည် ဆုတ်ခွာသွားတော့သည်။

"ရွယ်ချီ"

ညင်သာသော အသံတစ်ခု သူမ၏ နားထဲ၌ ကြားလိုက်ရသည်။

လုရွယ်ချီက မျက်လုံးလေးများကို အနည်းငယ် ပင့်ကြည့်လိုက်ရာ သူမ၏ ဘေးနားတွင် စောင့်ကြပ်ပေးနေသော ဝတ်စုံနက်နှင့် သခင်လေးကို ချက်ချင်း မြင်လိုက်ရသဖြင့် သူမ၏ မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပသွားပြီး သူ့ကို စူးစိုက်ကြည့်နေမိတော့သည်...။

"စီနီယာအကို ဂျိ..."

"အဆင့်တက်သွားပြီလား" ဂျိချန်းဖန်က အနည်းငယ် ပြုံးလိုက်၏။

သူသည် လက်ကို ဆန့်ထုတ်ကာ လုရွယ်ချီ၏ နုနယ်သော လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး သူ၏ မျက်ဝန်းထဲ၌ ကျေနပ်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

နုနယ်သော ရွယ်ချီ၏ ပါရမီမှာ အမှန်တကယ်ပင် အထင်ကြီးစရာ ကောင်းလှသည်။

ကောင်းကင်ကျမ်းစာ နှစ်လိပ်၏ အထောက်အပံ့ဖြင့် ဆယ်နှစ်အတွင်းမှာတင်

ရှန်ကျင်းအလယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး၊ ယခု တတိယစာလိပ်၏ အထောက်အပံ့ဖြင့် ရှန်ကျင်းနောက်ဆုံးအဆင့်သို့ နေရာတင် တိုက်ရိုက် တက်လှမ်းနိုင်ခဲ့သည်...။

ဤနှုန်းအတိုင်းဆိုလျှင် သူမသည် ငါးနှစ်မပြည့်မီမှာပင် ထိုက်ကျင်းနယ်ပယ်သို့ တက်လှမ်းနိုင်ပေလိမ့်မည်...။

မဟုတ်သေး၊ ငါးနှစ်ပင် ကြာမည်မဟုတ်ပေ။

အကယ်၍ နှစ်ကိုယ်တူကျင့်စဉ်ကိုပါ ထည့်ပေါင်းလိုက်လျှင် လုရွယ်ချီသည် အများဆုံး သုံးနှစ်အတွင်းမှာပင် ထိုက်ကျင်းနယ်ပယ်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး ရှိနေသည်။

ဤကဲ့သို့သော ပါရမီမျိုးမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှ၏။

ဂျိချန်းဖန်နှင့် ဂိုဏ်းဘိုးဘေး ချန်ယဲ့တို့ကို ဖယ်ထားလျှင် လုရွယ်ချီ၏ ပါရမီမှာ ကျင်းယွမ်ကလန် သမိုင်းတစ်လျှောက်တွင် အမှန်တကယ်ပင် ပထမ ဖြစ်ပေလိမ့်မည်။

"အင်း..."

လုရွယ်ချီ၏ မျက်ဝန်းများမှာ တောက်ပနေပြီး သူမသည် ဂျိချန်းဖန်ကို ပြုံးရွှင်သော မျက်နှာလေးဖြင့် ကြည့်နေ၏။

ထိုအကြည့်မှာ 'ကျွန်မကို မြန်မြန် ချီးကျူးပေးပါဦး' ဟု ပြောနေသကဲ့သို့ပင်။

"တော်လိုက်တာ..."

ဂျိချန်းဖန်သည် သူမ၏ ပါးပြင်ဖောင်းဖောင်းလေးကို မဆိတ်ဘဲ မနေနိုင်တော့ပေ။

ချစ်စရာကောင်းလွန်းလိုက်တာ...။

"ဝုန်း..."

တစ်ချိန်တည်းမှာပင်။ ကောင်းကင်ဧကရာဇ် ရတနာသိုက်အတွင်းမှ နောက်ထပ် အစွမ်းထက်သော အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြန်သည်။

ဤအငွေ့အသက်မှာ လုရွယ်ချီ၏ အရှိန်အဝါလောက် မပြင်းထန်သော်လည်း

ရှန်ကျင်းနောက်ဆုံးအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။

အချိန်အတိုင်းအတာတစ်ခုအထိ အခြေချရန်သာ လိုအပ်တော့၏...။

ထိုအခါမှသာ ရှန်ကျင်းနောက်ဆုံးအဆင့်သို့ တရားဝင် တက်လှမ်းနိုင်ပေလိမ့်မည်။

"ဝူး ဝူး ဝူး..."

ပတ်ဝန်းကျင်ရှိ မြေကမ္ဘာဝိညာဉ်စွမ်းအင်များမှာ လွင့်ပျံနေကြပြီး ကျင့်ပင်အာဆီသို့ လျင်မြန်စွာ စုစည်းသွားကြ၏။

မကြာမီမှာပင် ကျင့်ပင်အာသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ၊ သူမ၏ ကြည်လင်သော မျက်ဝန်းများထဲ၌ ဝိညာဉ်အလင်းတန်းများ လှုပ်ခတ်နေပြီး အပြစ်ပြောစရာမရှိအောင် လှပသော မျက်နှာလေးပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။

ယခုအခါ သူမ၏ ကျင့်ကြံခြင်းမှာ အထက်လမ်းနှင့် မိစ္ဆာလမ်းစဉ် နှစ်ဖက်စလုံးမှ အကြီးအကဲ ပညာရှင်ကြီးများကို ရင်ပေါင်တန်းနိုင်ပြီဟု ဆိုရပေမည်။

"သခင်လေး... စီနီယာအစ်မ လု..."

ကျင့်ပင်အာသည် မလှမ်းမကမ်းတွင် ကပ်လျက်ရှိနေကြသော ဂျိချန်းဖန်နှင့် လုရွယ်ချီတို့ကို ချက်ချင်း မြင်လိုက်ရသည်။

ဂျိချန်းဖန်က သူမကို လက်လှမ်းပြလိုက်ရင်း "ရှန်ကျင်းနောက်ဆုံးအဆင့်ကို ရောက်တော့မှာလား၊ မဆိုးပါဘူး" ဟု ပြောလိုက်၏။

ကျင့်ပင်အာက လုရွယ်ချီကို အနည်းငယ် အံ့သြသလို ကြည့်ကာ "အို... စီနီယာအစ်မ လုက ရှန်ကျင်းနောက်ဆုံးအဆင့်ကို တက်လှမ်းသွားပြီလား" ဟု မေးလိုက်သည်။

လုရွယ်ချီက ညင်သာစွာ ပြုံးပြလိုက်၏။

"ကဲ... သွားကြစို့"

ဂျိချန်းဖန်သည် ပြန်လည်ပိတ်သိမ်းတော့မည့် ကောင်းကင်ဧကရာဇ် ရတနာသိုက်ကို တစ်ချက်ကြည့်လိုက်ပြီး ပထမဆုံး စတင်ထွက်ခွာလိုက်သည်။

လုရွယ်ချီနှင့် ကျင့်ပင်အာတို့ကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြ၏။

...

...

ထိုအချိန်တွင်။ ကောင်းကင်ဧကရာဇ် ရတနာသိုက်၏ အပြင်ဘက်၌ ဖြစ်သည်။

ကျင့်ရှူးရှူးနှင့် အဖွဲ့သားများမှာ မကြာခင်က ဖြစ်ပေါ်ခဲ့သော လျှပ်စီးဘေးဒုက္ခဒဏ်မှ ပြန်လည် မလန်းဆန်းနိုင်ကြသေးဘဲ မြေပြင်ပေါ်၌ ကြောင်အမ်းအမ်းဖြင့် လဲလျောင်းနေကြပြီး သူတို့၏ မျက်ဝန်းထဲ၌ အားကိုးရာမဲ့မှုများ ပြည့်နှက်နေ၏။

လျှပ်စီးဘေးဒုက္ခ ကွယ်ပျောက်သွားသောအခါမှ သူတို့သည် ဇဝေဇဝါဖြင့် ပြန်လည် ထရပ်လိုက်ကြသည်။

ထို့နောက် သူတို့၏ အကြည့်များမှာ အနည်းငယ် ပွင့်ဟနေသော ကောင်းကင်ဧကရာဇ် ရတနာသိုက်၏ တံခါးမကြီးဆီသို့ ရောက်ရှိသွားကြ၏။

"ဝုန်း..."

အလွန်အမင်း အစွမ်းထက်သော အငွေ့အသက်တစ်ခု အတွင်းပိုင်းမှ ထွက်ပေါ်လာသည်။

ကျင့်ရှူးရှူးနှင့် အခြားသူများ၏ မျက်နှာမှာ ချက်ချင်းပင် အနည်းငယ် ပြောင်းလဲသွားတော့၏။

ဤအငွေ့အသက်မှာ တစ်နေရာရာတွင် ရင်းနှီးနေသကဲ့သို့ပင်...

"ဒါက..."

"ရွယ်ချီလား......"

ဝမ်မင်၏ မျက်နှာမှာ အံ့သြမှင်တက်သွား၏။

ဤနေရာတွင် ရှိနေသူများထဲ၌ သူမသည် လုရွယ်ချီနှင့် အရင်းနှီးဆုံးဖြစ်ရာ လုရွယ်ချီ၏ အငွေ့အသက်ကို သဘာဝအတိုင်း မှတ်မိနေခြင်းပင်။

"ရှန်ကျင်းနောက်ဆုံးအဆင့်......"

"စီနီယာအစ်မ လုက ရှန်ကျင်းနောက်ဆုံးအဆင့်ကို တက်လှမ်းသွားပြီ..."

လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ လုရွယ်ချီ ကျင့်ကြံခဲ့သည်မှာ ဘယ်လောက်တောင် ကြာသေးလို့လဲ။

သူမက ရှန်ကျင်းနောက်ဆုံးအဆင့်ကို ရောက်သွားပြီတဲ့လား......

ကျင့်ရှူးရှူးက မအံ့သြဘဲ မနေနိုင်တော့ပေ။

"စီနီယာအစ်မ လုနဲ့ စီနီယာအကို ဂျိတို့က တကယ်ကို လိုက်ဖက်တဲ့ အတွဲပဲ၊ ဒီလောက် ကြောက်စရာကောင်းတဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်ကတော့..."

"တကယ်ကို အံ့မခန်းပဲ..."

ဘေးနားရှိ အခြားသူများကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ ဖန်ရှန်းဂူမှ ယန်ဟုန်မှာမူ နှုတ်ဆိတ်နေမိ၏။

ပြောရမည်ဆိုလျှင် လုရွယ်ချီမှာ အလွန်တောက်ပလွန်းလှသည်။

သူမ၏ ပါရမီ၊ အလှအပနှင့် ကျင့်ကြံခြင်းတို့မှာ ဤလောကတွင် ထိပ်တန်းအဆင့်များဖြစ်ရာ အခြားသူများမှာ မိမိကိုယ်ကို အားငယ်မိလောက်အောင်ပင်...။

"ဝုန်း..."

လူတိုင်း အံ့သြ၍ မဆုံးသေးမီမှာပင် ကောင်းကင်ဧကရာဇ် ရတနာသိုက်အတွင်းမှ နောက်ထပ် အစွမ်းထက်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြန်သည်။

ထို့အပြင် အတွင်းရှိ ချီစွမ်းအင်မှာ ရှန်ကျင်းနောက်ဆုံးအဆင့်သို့ အလွန်တရာ နီးကပ်နေသည်...

"ဂျူနီယာညီမလေး ကျင့်ပင်အာလည်း အဆင့်တက်သွားတာလား" ဝမ်မင်၏ မျက်နှာမှာ အံ့သြမှင်တက်နေဆဲပင်။

လူတိုင်းမှာ ခဏမျှ တိတ်ဆိတ်သွားကြသည်။

"ရှုး..."

ထိုအချိန်တွင်။ ကောင်းကင်ဧကရာဇ် ရတနာသိုက်အတွင်းမှ ပုံရိပ်သုံးခု ဖြည်းည်းချင်း ထွက်လာကြရာ၊ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ဝတ်စုံနက်နှင့် သခင်လေးပင် ဖြစ်သည်။

သူ၏ နောက်တွင် လွန်စွာ လှပသော အမျိုးသမီးငယ် နှစ်ဦးက ထပ်ကြပ်မကွာ လိုက်ပါလာကြ၏။

"ဝုန်း..."

ကောင်းကင်ဧကရာဇ် ရတနာသိုက်ကြီးမှာ ပြန်လည် ပိတ်သိမ်းသွားသည်။

ဂျိချန်းဖန် နောက်သို့ လှည့်ကြည့်ကာ အနည်းငယ် စဉ်းစားလိုက်၏။

"ဒီကောင်းကင်ဧကရာဇ် ရတနာသိုက်က ကျန့်မူသစ်ပင်နဲ့ ဆက်နွယ်နေတာ။ နောက်တစ်ကြိမ် ပြန်ပွင့်ဖို့ဆိုရင်..."

"နောက်ထပ် နှစ်ပေါင်း တစ်သောင်းလောက် ကြာဦးမှာပဲ"

ကျင့်ရှူးရှူးနှင့် အဖွဲ့သားများမှာ ရှေ့သို့ အပြေးအလွှား လာကြပြီး ဂျိချန်းဖန်ကို ရိုသေစွာဖြင့် ဦးညွှတ်လိုက်ကြ၏။

"ဂိုဏ်းချုပ်..."

"အင်း..." ဂျိချန်းဖန်က အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

သူသည် ကျင့်ရှူးရှူးနှင့် အခြားသူများကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ မပြောခဲ့ပေ။

ကောင်းကင်ဧကရာဇ် ရတနာသိုက်အတွင်းမှ ရရှိခဲ့သော ကောင်းကင်ကျမ်းစာ တတိယအလိပ်ကို သူ တစ်ဦးတည်း သိမ်းထားရန် ရည်ရွယ်ချက် မရှိပေ။

ပြန်ရောက်သောအခါ ထုံထျန်းတောင်ထိပ်ရှိ ကျမ်းစာဆောင်၌ ထားရှိပေးမည် ဖြစ်သည်။

တျန်းယာကျောင်းတော် နဲ့ ဖန်ရှန်းဂူ အတွက်လား......

စိတ်မကောင်းပါဘူး၊ မသိကြဘူးလေ။

"သွားကြစို့၊ တောင်ပေါ်ပြန်ဖို့ ပြင်ကြတော့" ဂျိချန်းဖန်က ညင်သာစွာ ပြောလိုက်သည်။

ဤသည်ကို ကြားသောအခါ ကျင့်ရှူးရှူးနှင့် အခြားသူများက ခေါင်းညိတ်လိုက်ကြ၏။

ဖာရှန်းမှာ ခဏမျှ တွေဝေသွားသည်။ သူသည် ကောင်းကင်ဧကရာဇ် ရတနာသိုက်အတွင်း၌ ဘာတွေရှိသလဲဟု ဂျိချန်းဖန်ကို မေးချင်သော်လည်း၊ နောက်ဆုံးတွင်တော့ မမေးဖြစ်တော့ပေ။

"ကျိ..."

ဖီးနစ်ငှက်လေးမှာ ကြောက်ကြောက်လန့်လန့်ဖြင့် အသံလေး ပြုလိုက်သည်။

၎င်း၏ ထက်မြက်သော မျက်ဝန်းများဖြင့် ဂျိချန်းဖန်ကို အနည်းငယ် ကြောက်ရွံ့စွာ ကြည့်နေသော်လည်း၊ သူ၏ ခန္ဓာကိုယ်ပေါ်မှ 'ကောင်းကင်ဧကရာဇ် ဝိညာဉ်ကျောက်တုံး' ၏ အငွေ့အသက်ကို ခံစားမိသောကြောင့်...။

၎င်းသည် မနီးမဝေးသို့ မလာဘဲ မနေနိုင်တော့ပေ။

ဂျိချန်းဖန်သည် လက်ကို မြှောက်ကာ ဖီးနစ်ငှက်၏ ရောင်စုံအမွှေးအမျှင်လေးများကို ပွတ်သပ်ပေးရင်း အနည်းငယ် ပြုံးလိုက်သည်။

"ပြန်ရောက်ရင် ငါ မင်းကို ပေးမယ်"

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဧကရာဇ် ဝိညာဉ်ကျောက်တုံးသည် ရှောင်ပိုင် အပေါ် သက်ရောက်မှု ရှိမရှိ သူ မသေချာသေးသဖြင့် ဖီးနစ်ငှက်ကို ချက်ချင်း မကျွေးခဲ့ခြင်း ဖြစ်သည်။

ယုတ္တိရှိရှိ စဉ်းစားကြည့်လျှင် ရှောင်ပိုင်မှာလည်း ထူးခြားသော သားရဲမျိုးနွယ်ဝင် တစ်ဦးပင် ဖြစ်သည်။

ကောင်းကင်ဧကရာဇ် ဝိညာဉ်ကျောက်တုံးက သူမအပေါ် သက်ရောက်မှု ရှိသင့်သည် မဟုတ်ပါလား။

ဘာပဲဖြစ်ဖြစ် ပြန်ရောက်ရင် သိရမှာပါ။

"ကျိ..."

ဖီးနစ်ငှက်လေးမှာ နာခံမှုရှိစွာ ခေါင်းညိတ်လိုက်၏။

၎င်းသည် ဂျိချန်းဖန်ကို တစ်မျိုးတစ်ဖုံ ဖားယားသည့် ပုံစံဖြင့် ပွတ်သပ်လိုက်ပြီးနောက် သူ့ရှေ့တွင် လိုလိုလားလား ဝပ်တွားပေးလိုက်သည်။

၎င်းမှာ သူ့ကို ကျောပေါ်တက်ရန် အချက်ပြနေပုံရ၏။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဂျိချန်းဖန်မှာ ကျေနပ်စွာ ပြုံးလိုက်မိသည်။

နောက်သို့ လှည့်ကြည့်လိုက်ပြီး လုရွယ်ချီနှင့် အခြားသူများကို ဖီးနစ်ငှက်၏ ကျောပေါ်သို့ အတူတက်ရန် အချက်ပြလိုက်၏။

တျန်းယာကျောင်းတော်နှင့် ဖန်ရှန်းဂူမှ လူများအတွက်လား...

လမ်းကြောင်းချင်း မတူကြပေ။

ဤသို့ဖြင့် အနောက်ဘက် ခရီးစဉ်မှာ ပြီးပြည့်စုံစွာ အဆုံးသတ်သွားသည်။

အခန်း ၂၄၄ - ရှောင်ပိုင် - လျှာဖြင့် လျက်ကြည့်ခြင်း...

နတ်ဘုရားငှက်တစ်ကောင်အနေဖြင့် ဖီးနစ်ငှက် ၏ ပျံသန်းနှုန်းမှာ ပြောနေစရာပင် မလိုတော့ပေ။

အနောက်ဘက် သေမင်းတောအုပ်မှ ကျင်းယွမ်ကလန်သို့ ပြန်ရောက်ရန် သုံးရက်ခန့်သာ ကြာမြင့်ခဲ့ပြီး ၎င်းမှာ ဂျိချန်းဖန်၏ အရှိန်အကုန် ပျံသန်းသော ဓားပျံသန်းမှုနှုန်းကိုပင် မှီလုနီးပါး ဖြစ်နေသည်။

"ကျိ..."

ကြည်လင်ပြတ်သားသော ငှက်မြည်သံတစ်ခုသည် ကျင်းယွမ်ကလန် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

ခဏချင်းမှာပင် ဂိုဏ်းခွဲခုနစ်ခုလုံးမှ တပည့်များ၊ အကြီးအကဲများနှင့် တောင်ထိပ်သခင်များအားလုံးမှာ ကောင်းကင်ယံ၌ ဝဲပျံနေသော ကိုးထပ်ကောင်းကင် နတ်ဘုရားငှက်ကြီးကို သတိပြုမိသွားကြတော့၏။

"ရှုး..."

ဂျိချန်းဖန်က လက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်သည်။

စိတ်အာရုံတစ်ချက်ဖြင့်ပင် ထုံထျန်းတောင်ထိပ်ရှိ ဝေဟင်ပျံသန်းမှု ပိတ်ပင်ထားသော တားမြစ်ချက် ကို ဖယ်ရှားလိုက်ပြီးနောက် ဖီးနစ်ငှက်အား ထုံထျန်းတောင်ထိပ်ရှိ ယွမ်ဟိုင်ရင်ပြင် ပေါ်သို့ ဆင်းသက်ရန် အချက်ပြလိုက်၏။

"ဝူး ဝူး ဝူး..."

ကြီးမားသော အတောင်ပံများ ခတ်ခတ်လိုက်သဖြင့် ဖြစ်ပေါ်လာသော မမြင်နိုင်သည့် လေပြင်းများမှာ ယွမ်ဟိုင်ရင်ပြင်ပေါ်ရှိ တိမ်ပင်လယ်ကြီးကို တိုက်ရိုက် လွင့်စင်သွားစေသည်။

ရုတ်တရက် ဆင်းသက်လာသော ဖီးနစ်ငှက်ကြီးကို ကြည့်ရင်း ပတ်ဝန်းကျင်ရှိ ထုံထျန်းတောင်ထိပ် တပည့်များမှာ မှင်တက်နေကြဆဲပင်။

သို့သော် ဖီးနစ်ငှက်၏ ကျောပေါ်တွင် ဂျိချန်းဖန်ကို မြင်လိုက်ရသောအခါ သူတို့ အရာအားလုံးကို ချက်ချင်း နားလည်သွားကြသည်။

"ဂိုဏ်းချုပ်လား..."

"ဒါက ဂိုဏ်းချုပ် နှိမ်နင်းထားတဲ့ ဝိညာဉ်သားရဲ လားမသိဘူး"

ပတ်ဝန်းကျင်ရှိ တပည့်များမှာ စိတ်လှုပ်ရှားစွာဖြင့် တီးတိုးပြောဆိုနေကြတော့သည်။

"ဝုန်း..."

ထိုအချိန်တွင် သက်တံတံတားအောက်ရှိ ရေကန်ထဲမှ နိမ့်ရှိုင်းသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

"ဖျန်း..."

ခဏချင်းမှာပင် ရေစက်များ နေရာအနှံ့ စင်ထွက်သွား၏။

သက်တံတံတားအောက်မှ ကြီးမားသော သတ္တဝါကြီးတစ်ကောင် ထွက်ပေါ်လာပြီး ၎င်း၏ ထက်မြက်သော မျက်ဝန်းများဖြင့် ဖီးနစ်ငှက်ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။

ဖီးနစ်ငှက်ကလည်း တိုးညှင်းစွာ ပြန်လည် မြည်တမ်းလိုက်၏။

နတ်ဘုရား သားရဲ နှစ်ကောင်မှာ တစ်ကောင်ကို တစ်ကောင် အပြန်အလှန် စိုက်ကြည့်နေကြသည်။

"ရှုး..."

တစ်ချိန်တည်းမှာပင် ဂိုဏ်းခွဲခုနစ်ခုမှ ဓားအလင်းတန်းများစွာ ရောက်ရှိလာပြီး တောက်ရွှမ် (အဖွဲ့သားများမှာလည်း ဖီးနစ်ငှက်၏ ကျောပေါ်မှ အမြန်ဆင်းကာ စီနီယာ တောက်ရွှမ်ကို ဦးညွှတ်လိုက်ကြသည်။

"နှုတ်ခွန်းဆက်သပါတယ် စီနီယာဦးလေး...

တောက်ရွှမ် နတ်ဘုရားဆရာကြီးက ခေါင်းညိတ်ပြလိုက်ပြီး ရေနဂါး (Water Kirin) ကို စိုက်ကြည့်နေသော ဖီးနစ်ငှက်ကို အံ့သြတကြီး ကြည့်ရင်း

"ဂျိချန်းဖန်... ဒါက လေးပါးသော နတ်ဘုရားသားရဲတွေထဲက တစ်ကောင်ဖြစ်တဲ့ ဖီးနစ်ငှက်မဟုတ်လား" ဟု မေးလိုက်သည်။

"ဟုတ်ပါတယ်"

ဂျိချန်းဖန် ခေါင်းညိတ်လိုက်၏။ သူသည် ယခုတစ်ခေါက် အနောက်ဘက် သေမင်းတောအုပ် ခရီးစဉ်အတွင်း ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံး ပြောပြလိုက်သည်။

တောက်ရွှမ် နတ်ဘုရားဆရာကြီး၏ မျက်ဝန်းထဲတွင် အံ့သြမှုများ ရိပ်ယောင်နေ၏။ ဂျိချန်းဖန်အနေဖြင့် ယခုခရီးစဉ်တွင် နတ်ဘုရားသားရဲ ဖီးနစ်ငှက်ကိုပါ ဆုံးမခဲ့နိုင်ခြင်းမှာ သူ၏ မျှော်လင့်ချက်ထက် ကျော်လွန်နေခဲ့သည်။

သို့သော် ၎င်းမှာ ကောင်းမွန်သော ကိစ္စတစ်ခုပင်။

ဖီးနစ်ငှက်၏ အစွမ်းမှာ ထိုက်ကျင်း နယ်ပယ်နှင့် ရင်ပေါင်တန်းနိုင်သည်။

ကျင်းယွမ်ကလန်မှာ အစောင့်အရှောက် နတ်ဘုရားသားရဲ နောက်တစ်ကောင် တိုးလာခဲ့ပြီ မဟုတ်ပါလား။

"ရှုး..."

ဓားအလင်းတန်း အများအပြား ထပ်မံ လက်ခနဲ ဖြစ်သွားပြီး ကျင်းယွမ်ကလန်၏ တောင်ထိပ်သခင် ခုနစ်ဦးလုံး တစ်ဦးပြီးတစ်ဦး စုဝေးရောက်ရှိလာကြသည်။

"သတ္တမမြောက်လေး... ဘာတွေ ဖြစ်ကုန်တာလဲ......"

ထျန်းပုယီ နှင့် အခြားသူများမှာ ဖီးနစ်ငှက်၏ ပုံရိပ်ကို ကြည့်ရင်း ရင်ထဲ၌ အံ့သြမှုများဖြင့် ပြည့်နှက်နေ၏။

"ဆရာ... အရင်ဆုံး ယွီချင်းခန်းမ ထဲ သွားကြရအောင်...

ဂျိချန်းဖန်က အကြံပြုလိုက်သည်။

"ကောင်းပြီ...

လူစုမှာ လှည့်ထွက်ပြီး ယွီချင်းခန်းမသို့ လျှောက်လှမ်းသွားကြတော့သည်။ ခန်းမသို့ ရောက်သောအခါ ဂျိချန်းဖန်သည် ခရီးစဉ်အကြောင်း အရာအားလုံးကို တစ်ဖန် ပြန်လည် ပြောပြလိုက်၏။

ဤသည်ကို ကြားရသောအခါ လူတိုင်း၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

ယခုခရီးစဉ်မှာ မမျှော်လင့်ထားသော အပြောင်းအလဲများစွာ ရှိနေခဲ့ရာ ဂျိချန်းဖန်သာ အတူမလိုက်ပါခဲ့လျှင် လုရွယ်ချီနှင့် ကျင့်ပင်အာတို့ နှစ်ဦးတည်းဖြင့် ကိုင်တွယ်နိုင်ရန်မှာ ခဲယဉ်းပေလိမ့်မည်။

"ကံကောင်းတာက ဂိုဏ်းချုပ် မှာ ကြိုတင်မြော်မြင်မှု ရှိလို့ပဲ...

ချီဟောက်မှ အနည်းငယ် ချီးကျူးလိုက်၏။

ချူယွီဟုန်ကလည်း အရှုံးမပေးလိုသည့်အလား "ဂိုဏ်းချုပ်က တကယ်ကို ကြိုသိနေသလိုပါပဲ..." ဟု ထပ်လောင်း ချီးကျူးလိုက်သည်။

ဂျိချန်းဖန်က လက်ကို အနည်းငယ် ဝေ့ယမ်းလိုက်ပြီး ထျန်းပုယီကို ကြည့်ကာ စဉ်းစားလိုက်၏။

"ဆရာ... ကျွန်တော်တို့ တာ့ကျူးတောင်ထိပ် က ပိုပြီး တိတ်ဆိတ်တယ်၊ ဖီးနစ်ငှက်ကို တာ့ကျူးတောင်ထိပ်ရဲ့ နောက်တောင်ကုန်းမှာ ခေတ္တ အခြေချခိုင်းထားရင် ဘယ်လိုလဲ"

ဤစကားကို ကြားသောအခါ ထျန်းပုယီ၏ မျက်နှာမှာ ချက်ချင်းပင် အပြုံးများဖြင့် ပြည့်နှက်သွားပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ မင်းပြောတဲ့အတိုင်းပဲ လုပ်ကြစို့..."

ဖီးနစ်ငှက်၏ အစွမ်းမှာ ထူးကဲလှပြီး ထိုက်ကျင်းနယ်ပယ်နှင့်ပင် ရင်ပေါင်တန်းနိုင်ရာ ၎င်းသာ ထိုနေရာတွင် ရှိနေပါက တာ့ကျူးတောင်ထိပ်၏ လုံခြုံရေးမှာလည်း ပိုမို ခိုင်မာလာမည် မဟုတ်ပါလား။

"ဟင်......"

ထိုအချိန်မှာပင် တာအိုသခင်မ ရွှယ်ယွဲ့သည် လုရွယ်ချီ၏ ကျင့်ကြံခြင်းမှာ တစ်စုံတစ်ရာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။

သူမ သေချာ ကြည့်လိုက်သောအခါ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားတော့၏။

"ရွယ်ချီ... မင်း ရှန်ကျင်းနောက်ဆုံးအဆင့်ကို တက်လှမ်းသွားတာလား......"

ဤစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ အခြားတောင်ထိပ်သခင်များအားလုံး လှမ်းကြည့်လိုက်ကြသည်။

သူတို့ လုရွယ်ချီကို သေချာစွာ စစ်ဆေးကြည့်လိုက်ရာ သူမ၏ ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်မှာ အမှန်တကယ်ပင် အလွန်နက်နဲနေပြီး သူတို့ကိုယ်တိုင်ပင် ဖောက်ထွင်းမြင်ရန် ခက်ခဲ နက်နဲသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်ကို တွေ့လိုက်ရသည်။

"ဟုတ်ကဲ့ပါ ဆရာ..."

လုရွယ်ချီ ခေါင်းညိတ်လိုက်၏။

ဤသည်ကို ကြားသောအခါ လူတိုင်းမှာ အနည်းငယ် မှင်တက်သွားကြသည်။

သူမ တကယ်ပဲ ရှန်ကျင်းနောက်ဆုံးအဆင့်ကို တက်လှမ်းသွားခဲ့ပြီလား......

တာအိုသခင်မ ရွှယ်ယွဲ့၏ လှပသော မျက်နှာလေးပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်ထွက်လာသည်။

ဆယ်နှစ်တာ ကာလတိုအတွင်းမှာတင် ရှန်ကျင်းအစောပိုင်းအဆင့်မှ နောက်ဆုံးအဆင့်သို့ ခုန်တက်သွားခဲ့သည်...။

ဤကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်း အရှိန်အဟုန်မှာ သူတို့ကဲ့သို့သော လူကြီးပိုင်းများကိုပင် အဝေးကြီးမှာ ကျန်ရစ်စေခဲ့ပြီ ဖြစ်သည်။

ခဏတာမျှ ပတ်ဝန်းကျင်ရှိ တောင်ထိပ်သခင်များမှာ စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။

ကျင်းယွမ်ကလန်အနေဖြင့် ဂျိချန်းဖန်နှင့် လုရွယ်ချီကဲ့သို့သော ပါရမီရှင်နှစ်ဦး ထွက်ပေါ်လာခြင်းမှာ အမှန်တကယ်ပင် ကံကောင်းခြင်းကြီးစွာ ရရှိခြင်းပင် ဖြစ်သည်။

ဂျိချန်းဖန်သည် တောင်ထိပ်သခင်များနှင့် အခြားသော သေးငယ်သည့် ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် သူသည် ခဏတာ တံခါးပိတ်ကျင့်ကြံရန်သွားမည်ဖြစ်ကြောင်း၊

ဂိုဏ်း၏ ကိစ္စအရပ်ရပ်ကို ချီဟောက်အား အပြည့်အဝ စီမံခန့်ခွဲခိုင်းမည်ဖြစ်ပြီး တာအိုသခင် တောက်ရွှမ် က ကြီးကြပ်ပေးရန် ပြောကြားလိုက်သည်။

လုရွယ်ချီကလည်း သူမ၏ နှုတ်ခမ်းလေးကို အနည်းငယ် စေ့လိုက်၏။

သူမသည်လည်း နောက်ပိုင်းတွင် ခေတ္တ တံခါးပိတ်ကျင့်ကြံရန် လိုအပ်ပေသည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ ကျင့်ကြံခြင်းမှာ မြန်ဆန်လွန်းသဖြင့် စနစ်တကျ ပြန်လည် ထိန်းညှိရန် လိုအပ်သောကြောင့် ဖြစ်သည်။ ကျင့်ပင်အာမှာလည်း ထိုနည်းတူပင်။

"တခြား ကိစ္စမရှိရင် လူစုခွဲလို့ ရပါပြီ...

ဂျိချန်းဖန်က လက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်သည်။

လူတိုင်းမှာ ခေါင်းညိတ်ကာ ဂျိချန်းဖန်ကို နှုတ်ဆက်ပြီး ထွက်ခွာသွားကြတော့သည်။

လူတိုင်း ထွက်ခွာသွားပြီးနောက် ဂျိချန်းဖန်သည်လည်း ယွီချင်းခန်းမမှ ထွက်လာကာ ရှောင်ပိုင် နေထိုင်ရာ အဆောင်ငယ်လေးသို့ ရောက်ရှိလာခဲ့သည်။

"ရှုး..."

သူ အဆောင်ပြင်သို့ ရောက်သည်နှင့် အဖြူရောင် ဝတ်စုံနှင့် ပုံရိပ်တစ်ခုသည် အဆောင်အတွင်းမှ လျှပ်ခနဲ ပေါ်ထွက်လာသည်။

"ဘုန်း..."

ရှောင်ပိုင်သည် ဂျိချန်းဖန်၏ ရင်ခွင်ထဲသို့ တိုက်ရိုက် တိုးဝင်လိုက်ပြီး သူ၏ ကော်လာကို ဆွဲကိုင်ကာ သူမ၏ လှပသော မျက်နှာလေးဖြင့် သူ့ကိုယ်ကို နေရာအနှံ့ လိုက်လံ နမ်းရှုပ်နေတော့၏။

"မင်း ဘာလုပ်နေတာလဲ......"

ဂျိချန်းဖန်မှာ အနည်းငယ် အံ့သြသွားသည်။

ရှောင်ပိုင်ကမူ သူ့ကို ဂရုမစိုက်ဘဲ သူမ၏ သေးငယ်ပြီး နုနယ်သော နှာခေါင်းလေးဖြင့် သူ့ကိုယ်ကို ဆက်လက် ပွတ်သပ်ကာ နမ်းရှုပ်နေမြဲပင်။

သူမ၏ အပြစ်ပြောစရာမရှိသော မျက်နှာလေးမှာ သူ့ကိုယ်ကို အဆက်မပြတ် ဖိကပ်ထားသည်။

ခဏအကြာတွင် ရှောင်ပိုင်၏ တောက်ပသော မျက်ဝန်းများမှာ ဂျိချန်းဖန်ကို ကြည့်လိုက်ပြီး သူမ၏ ရဲရဲနီကာ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းလွှာလေးကို စေ့ကာ ပြောလိုက်သည်။

"မင်းဆီမှာ တစ်ခုခု ရှိနေတယ် မဟုတ်လား"

"အနံ့က တကယ်ကို မွှေးတာပဲ..."

ပြောပြီးသည်နှင့် ရှောင်ပိုင်သည် ဂျိချန်းဖန်ကို တစ်ဖန် ပြန်လည် ပွတ်သပ်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် စွဲလန်းရူးသွပ်မှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။

သူမသည် ဂျိချန်းဖန်ဆီမှ အလွန်အမင်း ဆွဲဆောင်မှုရှိသော အငွေ့အသက်တစ်ခုကို ခံစားနေရခြင်း ဖြစ်သည်။

ထိုအငွေ့အသက်မှာ သူမ၏ အတွင်းစိတ် အလိုဆန္ဒများကို နက်ရှိုင်းစွာ လှုံ့ဆော်ပေးနေ၏။

မွှေးလိုက်တာ... သူမ တကယ်ကို လျက်ကြည့်ချင်မိတယ်...

ထိုသို့ တွေးမိသည်နှင့် ရှောင်ပိုင်မှာ မနေနိုင်တော့ဘဲ သူမ၏ မွှေးပျံ့သော လျှာလေးကို ထုတ်ကာ ဂျိချန်းဖန်၏ ပါးပြင်ကို လျက်လိုက်တော့သည်။

"........."

ဂျိချန်းဖန်မှာ ကြက်သီးများပင် ထသွားရသည်။

ဒီမှာ လာမလျက်နဲ့လေ...

သူသည် လက်တစ်ဖက်ဖြင့် ရှောင်ပိုင်ကို တွန်းထုတ်လိုက်ပြီးနောက် သူ၏ ရင်ခွင်ထဲမှ ကောင်းကင်ဧကရာဇ် ဝိညာဉ်ကျောက်တုံး ကို ထုတ်ယူလိုက်ကာ "မင်း ပြောနေတာ ဒါကို မဟုတ်လား" ဟု မေးလိုက်သည်။

"ဟင်..."

ရှောင်ပိုင် မော့ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများမှာ ဂျိချန်းဖန်၏ လက်ထဲရှိ ကျောက်တုံးလေးကို စူးစိုက်ကြည့်နေပြီး သူမ၏ မျက်ဝန်းထဲမှ တောင့်တမှုများမှာ လျှံထွက်လုနီးပါး ဖြစ်နေသည်။

All Chapters