← Chapters

အခန်း (၂၄၇-၂၄၈)

Vol. 25 Ch. 247-248

အခန်း (၂၄၇-၂၄၈)

Vol. 25 Ch. 247-248

အခန်း ၂၄၇ - လောကကြီးသည် ကျင်းယွမ်ကလန်၏ လက်အောက်တွင် ဒုက္ခရောက်နေသည်မှာ ကြာပြီ ဖြစ်သည်။ ယနေ့တွင် ကြီးကျယ်သော အစီအစဉ်ကို စတင်မည်..

တစ်လခွဲအကြာ။

တောင်ပိုင်းနယ်စပ်၊ ဖန်ရှန်းဂူ ။

လက်ရှိတွင် ဖန်ရှန်းဂူ၏ ရပ်တည်ချက်မှာ အတော်လေး အနေရခက်နေ၏။

အထက်လမ်းဂိုဏ်းများ၏ ခေါင်းဆောင် ကျင်းယွမ်ကလန် နှင့် အဆင်မပြေဖြစ်ပြီးကတည်းက သူတို့သည် အထက်လမ်းဂိုဏ်းများကြားတွင် တစ်ဦးတည်း ကွဲထွက်နေသလို ဖြစ်နေသည်။

မှန်ပေသည်...။ ၎င်းတို့မှာ အကြီးမားဆုံး ပြဿနာများ မဟုတ်သေးပေ။

သူတို့၏ အကြီးမားဆုံး ပြဿနာမှာ ဂိုဏ်းအတွင်းပိုင်း အကြောင်းအရင်းအချို့နှင့် သက်ဆိုင်နေသည်။

ဥပမာအားဖြင့်... သားရဲနတ်ဘုရား နှင့် လျှို့ဝှက် ပူးပေါင်းဆောင်ရွက်ခြင်း၊ တောင်ပိုင်းနယ်စပ် လူရိုင်းများနှင့် ပူးပေါင်းကြံစည်ခြင်း စသည့် ကိစ္စရပ်များပင်။

သို့သော်လည်း ယခုအချိန်တွင် ဖန်ရှန်းဂူမှာ ထိုကိစ္စများကို ကိုင်တွယ်ဖြေရှင်းလိုစိတ် မရှိသလို၊ ဖြေရှင်းရန် အချိန်လည်း မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် ဂူသခင် ယွမ်ယီလန် နှင့် ရှန်းကွမ်းချီ တို့၏ အာရုံစိုက်မှုအားလုံးမှာ အခြားသော ကိစ္စတစ်ခုအပေါ်သို့သာ ရောက်ရှိနေသောကြောင့် ဖြစ်သည်။

၎င်းမှာ ဖန်ရှန်းဂူ၏ အခြေခံအုတ်မြစ်နှင့် ပတ်သက်သည့် ကိစ္စပင် ဖြစ်၏။

"ဘယ်လိုလဲ"

လျှို့ဝှက်အခန်းတစ်ခုအတွင်း ယွမ်ယီလန်၏ အသံမှာ မည်သည့် ခံစားချက်မျှ မပါဘဲ တည်ငြိမ်နေသည်။

သူ၏ ရှေ့တွင် ရှန်းကွမ်းချီမှာမူ မျက်နှာပျက်နေ၏။

အတော်ကြာ တိတ်ဆိတ်နေပြီးမှ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

" ယဇ်ပလ္လင်အတွင်းမှာ ထွင်းထုထားတဲ့ ရှစ်မျက်နှာ မီးတောက်အစီအရင်က လုံးဝ ပျက်စီးသွားပြီ။ ပြင်လို့ မရတော့ဘူး..."

"ဒါ့အပြင် လွန်ခဲ့တဲ့ တစ်လခွဲလုံး မျှော်စင်တောင်တန်း တစ်ခုလုံးကို ကျွန်တော် လှည့်ပတ်ရှာဖွေခဲ့ပေမဲ့ ရှေးဟောင်း စုန်းနွယ်စုရဲ့ အစအနကိုတောင် မတွေ့ခဲ့ရဘူး။ ရှိရင်လည်း တစ်စုံတစ်ခုကြောင့် ဆုတ်ယုတ်သွားကြပြီ ထင်တယ်"

အတိုချုပ်ဆိုရလျှင်... ဖန်ရှန်းဂူတွင် ရှစ်မျက်နှာ မီးတောက်အစီအရင်မှာ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

လောလောဆယ်တွင် ထိုအစီအရင်ကို နားလည်သူမှာ လောကတွင် နှစ်ဦးသာ ရှိတော့သည်။

တစ်ဦးမှာ သားရဲနတ်ဘုရား ဖြစ်ပြီး နောက်တစ်ဦးမှာ ဂျိချန်းဖန် ဖြစ်သည်။

ယွမ်ယီလန်၏ မျက်နှာမှာ မှိုင်တွေသွားတော့၏။ မီးမှော်ကြေးမုံ ပျောက်ဆုံးသွားသည်မှာ ကိစ္စမရှိပေ။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ရှေးဟောင်း စုန်းနွယ်စု၏ လျှို့ဝှက်နည်းလမ်းများကို နားမလည်သေးသလို၊ အစီအရင်ကို သုံး၍ ထိုနတ်ဓားကို မည်သို့ ထိန်းချုပ်ရမည်ကိုလည်း မသိကြသေးသောကြောင့် ဖြစ်သည်။

သို့သော် ရွှမ်ဟောင်ယဇ်ပလ္လင်အတွင်းရှိ ရှစ်မျက်နှာ မီးတောက်အစီအရင်မှာမူ ပျက်စီး၍ မဖြစ်ပေ..

ဖန်ရှန်းဂူ၏ မျိုးဆက်များစွာ သုတေသနပြုပြီးနောက် သူတို့သည် အခြားသော လမ်းစဉ်တစ်ခုကို တွေ့ရှိထားခဲ့သည်။

၎င်းမှာ ထိုအစီအရင်မှတစ်ဆင့် အလွန်အစွမ်းထက်သော မိစ္ဆာသားရဲ တစ်ကောင်ကို ထုတ်လွှတ်နိုင်ခြင်းပင် ဖြစ်သည်။ ထိုသားရဲ၏ အစွမ်းမှာ ခေါင်းရှစ်လုံး မီးနဂါး ပြီးလျှင် အစွမ်းထက်ဆုံးပင်။

ယခုမူ ထိုအစီအရင် ပျက်စီးသွားပြီဟု ဆိုပါက ဖန်ရှန်းဂူ မျိုးဆက်ပေါင်းများစွာ၏ ကြိုးစားအားထုတ်မှုများ အားလုံး အလဟဿ ဖြစ်သွားပြီ မဟုတ်ပါလား။

ယွမ်ယီလန်သည် သူ၏ ဒေါသကို ထိန်းချုပ်ထား၏။ သူသည် ဖန်ရှန်းဂူ သမိုင်းတွင် အကြီးကျယ်ဆုံး ဂူသခင် ဖြစ်လာမည်ဟု မူလက ယူဆထားခဲ့သော်လည်း၊ ယခုမူ ဖန်ရှန်းဂူ၏ အပြစ်သားကြီး ဖြစ်လာမည်ကို မည်သူ ထင်ထားပါမည်နည်း။

"ဒေါက် ဒေါက် ဒေါက်.."

ထိုစဉ် လျှို့ဝှက်အခန်း တံခါးကို ခေါက်သံ ကြားလိုက်ရသည်။

ယွမ်ယီလန်က လှမ်းကြည့်လိုက်ပြီး "ဝင်ခဲ့ပါ" ဟု အေးစက်စွာ ပြောလိုက်၏။

ပြောပြီးသည်နှင့် တံခါးမှာ အလိုအလျောက် ပွင့်သွားသည်။ ဂိုဏ်းအကြီးအကဲ လျူရွှန်း သည် တံခါးဝတွင် ရိုသေစွာ ရပ်နေ၏။

သူသည် ရှန်းကွမ်းချီကို တစ်ချက်ကြည့်ပြီးမှ ယွမ်ယီလန်ဘက်သို့ လှည့်လိုက်သည်။

"စီနီယာအစ်ကို" လျူရွှန်းက ရိုသေစွာ ဂါရဝပြုလိုက်၏။

"အင်း" ယွမ်ယီလန်က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ဘာကိစ္စလဲ"

လျူရွှန်းက အနည်းငယ် ဦးညွှတ်လိုက်ပြီး စာတစ်စောင်ကို ကမ်းပေးရင်း ပြောလိုက်သည်။

"စီနီယာအစ်ကို... ဒါက မနေ့ညက ဖန်ရှန်းဂူထဲကို တစ်ယောက်ယောက် လျှို့ဝှက်ဝင်ရောက်ပြီး ကျွန်တော့်ဆီ ပေးသွားတဲ့ စာပါ။ တစ်ချက်လောက် ကြည့်ကြည့်ပါဦး..."

"ဖန်ရှန်းဂူထဲကို လျှို့ဝှက်ဝင်လာတယ် ဟုတ်လား"

ယွမ်ယီလန်၏ မျက်နှာ ပျက်သွားသည်။

ဖန်ရှန်းဂူ၏ ကာကွယ်ရေးမှာ ယခုတလော အလွန် တင်းကျပ်လှသည်။ ဤသို့သော အခြေအနေမျိုးတွင်ပင် တစ်စုံတစ်ယောက်က လျှို့ဝှက်ဝင်ရောက်နိုင်ခဲ့သည်လား။

နောက်ထပ် ထိုက်ကျင်းနယ်ပယ်ပညာရှင် တစ်ယောက်ယောက်များလား။

ယွမ်ယီလန်သည် စာကို ယူဖတ်လိုက်ရင်း သူ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။

"ဟဲ့ဟွမ်ဂိုဏ်း.."

ယွမ်ယီလန်က တိုးတိုးလေး ရေရွတ်လိုက်သည်။ သူသည် ခဏမျှ စဉ်းစားပြီးနောက် စာကို ရှန်းကွမ်းချီထံ ပစ်ပေးလိုက်ပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်ကာ ပြောလိုက်၏။

"မင်းနဲ့ အကြီးအကဲ လျူရွှန်းတို့ သွားကြည့်လိုက်ကြ"

ဤသည်ကို ကြားသောအခါ ရှန်းကွမ်းချီမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း စာကို ယူဖတ်ပြီးနောက် "ကောင်းပါပြီ" ဟု ဆိုကာ ဦးညွှတ်၍ ထွက်ခွာသွားတော့သည်။

...

ညချမ်းအချိန်၊ မျှော်စင်တောင်တန်း။

ဟောင်းနွမ်းပျက်စီးနေသော ဘုရားကျောင်းတစ်ခုအတွင်း ချင်ဝူယန်သည် ပတ်ဝန်းကျင်ကို နိုးနိုးကြားကြား ကြည့်ရှုနေရင်း မနီးမဝေးတွင် ရှိနေသော အကြီးအကဲ ပိပိုင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"အကြီးအကဲ ပိပိုင်။ ဖန်ရှန်းဂူက လူတွေ တကယ် လာပါ့မလား"

ဤသည်ကို ကြားသောအခါ အကြီးအကဲ ပိပိုင်က မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။

သူမ၏ မျက်ဝန်းများတွင် ဝေခွဲမရဖြစ်နေသော အရိပ်အယောင်အချို့ ရှိနေပြီး ချင်ဝူယန်၏ မေးခွန်းကို မဖြေရန် ဆုံးဖြတ်လိုက်သည်။

သိသာသည်မှာ သူမကိုယ်တိုင်လည်း မသေချာခြင်းပင်။ ဖန်ရှန်းဂူသည် အပေါ်ယံတွင် အထက်လမ်းဂိုဏ်း ဖြစ်နေသော်လည်း၊ သူမတွင် အခြား ရွေးချယ်စရာ မရှိပေ။

အကယ်၍ ဖန်ရှန်းဂူမှ လူများ လာခဲ့လျှင် အရာအားလုံး ဖြစ်နိုင်ချေ ရှိသော်လည်း၊ မလာခဲ့လျှင်မူ သူမနှင့် ချင်ဝူယန်တို့မှာ ထွက်ပြေးရန် ပြင်ဆင်ရပေလိမ့်မည်။

ဤသည်မှာလည်း သူမအနေဖြင့် တွေ့ဆုံမည့်နေရာကို မျှော်စင်တောင်တန်းတွင် သတ်မှတ်ခဲ့သည့် အကြောင်းရင်းတစ်ခုပင် ဖြစ်သည်။

မျှော်စင်တောင်တန်းမှာ လူရိုင်းများ၏ နယ်မြေဖြစ်ရာ ဖန်ရှန်းဂူမှ လူများ လာခဲ့လျှင်ပင် သတိထား၍ လှုပ်ရှားရမည် မဟုတ်ပါလား။

ချင်ဝူယန်က မျက်မှောင်ကြုတ်လိုက်၏။ သူသည် တိတ်ဆိတ်နေသော အကြီးအကဲ ပိပိုင်ကို တစ်ချက်ကြည့်လိုက်သော်လည်း သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။

သို့သော် သူ၏ ရင်ထဲတွင်မူ နိုးကြားနေပြီ ဖြစ်သည်။ တစ်စုံတစ်ခု မှားယွင်းသည်နှင့် သူသည် ပထမဆုံး ထွက်ပြေးရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

သေမင်းတောအုပ်တွင်လည်း သူ ထိုသို့ပင် လုပ်ဆောင်ခဲ့ပြီး အသက်ကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည် မဟုတ်ပါလား။

"ရှုး.."

တိတ်ဆိတ်သော တောအုပ်အတွင်းမှ လူရိပ်နှစ်ခုသည် အရိပ်အယောင်ကို ဖုံးကွယ်ခြင်း မပြုဘဲ ဘုရားကျောင်းဆီသို့ တိုက်ရိုက် ဦးတည်လာကြသည်။

"ဟင်.."

အကြီးအကဲ ပိပိုင်က ချက်ချင်း မျက်လုံးဖွင့်လိုက်၏။ ချင်ဝူယန်ကလည်း နိုးနိုးကြားကြားပင် လှမ်းကြည့်လိုက်သည်။

ရောက်ရှိလာသူများကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ အကြီးအကဲ ပိပိုင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။

ဖန်ရှန်းဂူမှ လူများ ရောက်လာလေပြီ.. အစီအစဉ်ကြီး အောင်မြင်တော့မည်..

"ဝှစ်.."

လေတိုးသံနှင့်အတူ ရှန်းကွမ်းချီသည် ဘုရားကျောင်းအတွင်းသို့ လှမ်းကြည့်လိုက်၏။ သူ၏ အကြည့်မှာ ချင်ဝူယန်၏ ခါးရှိ ဓားမြှောင်လေးပေါ်တွင် ရပ်တန့်သွားသည်။

ထိုဓားမြှောင်လေးမှာ လက်ဖဝါးခန့်သာ ရှိသော်လည်း ကြည်လင်သော အလင်းတန်းများ ဖြာထွက်နေကာ အဆိပ်ချီ များ ဝန်းရံနေ၏။

၎င်းမှာ အခြားမဟုတ်ဘဲ အဆိပ်နတ်ဘုရား၏ နာမည်ကျော် ရတနာ 'အဆိပ်တစ်သောင်းဓား' ဖြစ်သည်။

ရှန်းကွမ်းချီ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွား၏။ သူ၏ ဘေးမှ အကြီးအကဲ လျူရွှန်းလည်း ချင်ဝူယန်၏ တည်ရှိမှုကို သတိပြုမိသွားသည်။

"မင်းက မိစ္ဆာလမ်းစဉ်ရဲ့ အဆိပ်သခင် ချင်ဝူယန် လား" လျူရွှန်းက စမ်းသပ်မေးမြန်းလိုက်သည်။

"ဟုတ်ပါတယ်" ချင်ဝူယန်က ခပ်ဖျော့ဖျော့ ခေါင်းညိတ်ပြလိုက်ရင်း "ကျွန်တော့်ရဲ့ ဆရာက အဆိပ်တစ်သောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် အဆိပ်နတ်ဘုရားပါ" ဟု ထပ်လောင်း ပြောလိုက်သည်။

ဤသည်ကို ကြားသောအခါ ရှန်းကွမ်းချီနှင့် လျူရွှန်းတို့ နားလည်သွားကြသည်။ သူတို့သည် အကြီးအကဲ ပိပိုင်ဘက်သို့ လှည့်ကာ "မနေ့ညက စာလာပို့တာ မင်းလား" ဟု အေးစက်စွာ မေးလိုက်သည်။

"ကျွန်မပါပဲ" အကြီးအကဲ ပိပိုင်က ပြုံးရင်း မတ်တတ်ရပ်လိုက်သည်။

သူမသည် ချင်ဝူယန်၏ ဘေးသို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး ရှန်းကွမ်းချီတို့ကို ကြည့်ကာ ပြောလိုက်၏။

"ရှင်တို့နှစ်ယောက် ရောက်လာပြီဆိုတော့... ဂူသခင် ယွမ်ယီလန် လည်း ကျွန်မရဲ့ စာကို ဖတ်ပြီးပြီလို့ ယူဆရမှာပေါ့"

"စာထဲက အစီအစဉ်နဲ့ ပတ်သက်ပြီး ဂူသခင် ယွမ် ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ"

ရှန်းကွမ်းချီက ခဏမျှ စဉ်းစားပြီးမှ "ကျင်းယွမ်ကလန်က အရမ်းကို အတင့်ရဲလွန်းတယ်။ အဲဒီကောင်လေး ဂျိချန်းဖန်က ငါတို့ ဖန်ရှန်းဂူကို တိုက်ခိုက်ပြီး ကိုးမြီးမြေခွေးမိစ္ဆာကို လွှတ်ပေးခဲ့တာက ခွင့်မလွှတ်နိုင်တဲ့ ရာဇဝတ်မှုပဲ..." ဟု ဆိုလိုက်သည်။

အကြီးအကဲ ပိပိုင်၏ အပြုံးမှာ ပို၍ တောက်ပလာတော့သည်။

ရှန်းကွမ်းချီက ဆက်ပြောသည်မှာ "မင်းရဲ့ စာထဲက အစီအစဉ်မှာ မိစ္ဆာလမ်းစဉ်က လူဘယ်နှယောက် ပါဝင်မှာလဲ"

အကြီးအကဲ ပိပိုင်က အမူအရာ မပျက်ဘဲ "ဝိညာဉ်ဘုရင်ဂိုဏ်းကတော့ အနောက်ဘက်မှာ ဆုံးရှုံးမှုတွေ များခဲ့လို့ ဒီအစီအစဉ်ကို ကျွန်မတို့ ဟဲ့ဟွမ်ဂိုဏ်းနဲ့ အဆိပ်တစ်သောင်းဂိုဏ်းကပဲ အပြည့်အဝ တာဝန်ယူမှာပါ" ဟု ပြောလိုက်၏။

ရှန်းကွမ်းချီက စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

အကယ်၍ မိစ္ဆာလမ်းစဉ် တစ်ခုလုံး ပါဝင်မည်ဆိုပါက သူ၏ ဖန်ရှန်းဂူအနေဖြင့် ပါဝင်ရန် ဝံ့ရဲမည် မဟုတ်ပေ။

သို့သော် အဆိပ်တစ်သောင်းဂိုဏ်း တစ်ခုတည်းဆိုလျှင်မူ ကြောက်စရာ မရှိပေ။

ဘာလဲ.. ဟဲ့ဟွမ်ဂိုဏ်းလည်း ပါသေးတယ် ဟုတ်လား.. ဟက်... ဟဲ့ဟွမ်ဂိုဏ်းက ဆုတ်ယုတ်သွားပြီ။

ကြောက်စရာ မလိုဘူး။

ရှန်းကွမ်းချီက တည်ကြည်စွာ ပြောလိုက်သည်။

"လောကကြီးဟာ ကျင်းယွမ်ကလန်ရဲ့ လက်အောက်မှာ ဒုက္ခရောက်နေတာ ကြာလှပြီ။ ဒီနေ့မှာတော့ ငါတို့ ကြီးကျယ်တဲ့ အစီအစဉ်ကို စတင်ပြီး လောကကြီးကို အကျိုးပြုကြတာပေါ့.."

အခန်း ၂၄၈ - ဂိုဏ်းသုံးဂိုဏ်း ပူးပေါင်းခြင်း၊ ကြီးကျယ်သော လုပ်ငန်းစဉ်ကြီး အောင်မြင်လေပြီ!

ချင်ဝူယန် သည် ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ရပ်နေ၏။ သူသည် စကားတစ်ခွန်းမျှ မဆိုပေ။

သူသည် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော်လည်း အကြီးအကဲ ပိပိုင် နှင့် ဖန်ရှန်းဂူတို့၏ ဆွေးနွေးမှုမှာ သူသာ မပါဝင်ခဲ့လျှင် ဖြစ်မြောက်လာနိုင်စရာ မရှိပေ။

အဘယ်ကြောင့်ဆိုသော်... သူ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သူ၏ နောက်ကွယ်တွင် အဆိပ်တစ်သောင်းဂိုဏ်း ရှိနေသည်ဟု အဓိပ္ပာယ်ရသောကြောင့် ဖြစ်သည်။

အကယ်၍ ဟဲ့ဟွမ်ဂိုဏ်း တစ်ခုတည်းသာ ဆိုလျှင် ဖန်ရှန်းဂူသည် ၎င်းတို့နှင့် ပူးပေါင်းရန် ဤမျှကြီးမားသော စွန့်စားမှုကို လုပ်ဆောင်မည် မဟုတ်ပေ။

သို့သော် အဆိပ်တစ်သောင်းဂိုဏ်းကပါ ကူညီမည်ဆိုပါက ရလဒ်မှာ သဘာဝကျစွာပင် ပြောင်းလဲသွားတော့သည်။

ဘာပဲဖြစ်ဖြစ်... အဆိပ်တစ်သောင်းဂိုဏ်းမှာ ယခုတလော ထိခိုက်ကျဆုံးမှု များပြားခဲ့သော်လည်း အဆိပ်နတ်ဘုရားသက်ရှိထင်ရှား ရှိနေသရွေ့ မည်သူကမျှ ထိုဂိုဏ်းကို အထင်မသေးရဲကြပေ။

အဆိပ်နတ်ဘုရားမှာ အဆိပ်တစ်သောင်းဂိုဏ်း၏ မျက်နှာစာပင် ဖြစ်သည်။ သူသာ သေဆုံးသွားခဲ့လျှင် အဆိပ်တစ်သောင်းဂိုဏ်းမှာလည်း ပြိုကွဲရန် မဝေးတော့ပေ။

“အဟွတ် အဟွတ်”

ရှန်းကွမ်းချီ က ခပ်ဖွဖွ ချောင်းဟန့်လိုက်၏။ သူ၏ အကြည့်မှာ တည်ငြိမ်နေပြီး ခပ်အေးအေး လေသံဖြင့်ပင် “မိတ်ဆွေက ဘယ်လို ရှေ့ဆက်ဖို့ စီစဉ်ထားတာလဲ။ ကျင်းယွမ်ကလန်မှာ ထိုက်ကျင်းနယ်ပယ် ပညာရှင် နှစ်ယောက်တောင် ရှိနေတာနော်...” ဟု မေးလိုက်သည်။

သူ့စကား ဆုံးသည်နှင့် ချင်ဝူယန်နှင့် အကြီးအကဲ လျူရွှန်း တို့လည်း လှမ်းကြည့်လိုက်ကြ၏။

မှန်ပေသည်။

ကျင်းယွမ်ကလန်တွင် ထိုက်ကျင်းနယ်ပယ် ပညာရှင် နှစ်ဦး စောင့်ကြပ်နေပြီး ၎င်းတို့အနက် ဂျိချန်းဖန် ၏ အစွမ်းမှာ ခန့်မှန်းရခက်လှကာ နယ်ပယ်တူ ပညာရှင်တစ်ဦးကိုပင် ဓားတစ်ချက်တည်းဖြင့် အနိုင်ယူနိုင်စွမ်း ရှိသည်။

သူ၏ အစွမ်းမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏!

အကြီးအကဲ ပိပိုင်၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားပြီး ပြုံးလျက် ပြောလိုက်သည်။

“မိတ်ဆွေ ရှန်းကွမ်း... ကျွန်မနဲ့ ဂရန်းမာစတာ အဆိပ်နတ်ဘုရားတို့ ဆွေးနွေးထားတာကတော့ အရင်ဆုံး ရွမ်ချာဂိုဏ်းကို အရင် တိုက်ခိုက်ဖို့ပါပဲ။ ဘာပဲဖြစ်ဖြစ် ကျင်းယွမ်ကလန်ရဲ့ လက်တစ်ဖက်ကို အရင် ဖြတ်တောက်ထားရမှာပေါ့...”

ရွမ်ချာဂိုဏ်း၏ စုစုပေါင်း အင်အားမှာ မမြင့်မားလှပေ။ ကျင့်ပင်အာ သည် တပည့်များကို အမြောက်အမြား စတင် စုဆောင်းခြင်း မရှိသေးသော်လည်း သူမ၏ ကိုယ်ပိုင်အစွမ်းမှာမူ မနိမ့်လှပေ။

သူမ၏ ရှန်ကျင်းအလယ်အဆင့် ကျင့်ကြံခြင်းမှာ နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် ထိပ်တန်းစာရင်းဝင် ဖြစ်သည်။

ထို့ကြောင့် ရွမ်ချာဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ခြင်းမှာ ကျင်းယွမ်ကလန်၏ လက်တစ်ဖက်ကို ဖြတ်တောက်ခြင်းဟု အမှန်ပင် ဆိုနိုင်သည်။

ဤသည်ကို ကြားသောအခါ ရှန်းကွမ်းချီသည် သူ၏ မျက်ဝန်းများကို အနည်းငယ် ကျဉ်းမြောင်းလိုက်မိသည်။

ရွမ်ချာဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ဖို့ ဟုတ်လား?

ဒါဆို ဟဲ့ဟွမ်ဂိုဏ်းက သူ့ရဲ့ ဖန်ရှန်းဂူကို အသုံးချချင်နေတာလား။ ဖန်ရှန်းဂူက လူတွေကို လူအလို့ တကယ်ပဲ ထင်နေကြတာလား။

ရှန်းကွမ်းချီ၏ မျက်နှာမှာ အနည်းငယ် ပျက်သွား၏။

အကြီးအကဲ ပိပိုင်သည်လည်း သူ၏ မကျေမနပ် ဖြစ်နေသော အမူအရာကို သတိပြုမိသွားသဖြင့် ခဏမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် သူမအနေဖြင့် အဘယ်ကြောင့် ရွမ်ချာဂိုဏ်းကို အမြစ်ပြတ် သုတ်သင်လိုရခြင်း အကြောင်းအရင်းကို ဖွင့်ပြောရန် ဆုံးဖြတ်လိုက်တော့သည်။

“အကြီးအကဲ ရှန်းကွမ်း... ရွမ်ချာဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျင့်ပင်အာ အကြောင်းကို သိပါသလား” ဟု အကြီးအကဲ ပိပိုင်က မေးလိုက်သည်။

ဤစကားကို ကြားသောအခါ ရှန်းကွမ်းချီက မျက်မှောင်ကြုတ်လိုက်ပြီး “အနည်းအကျဉ်းတော့ ကြားဖူးတယ်” ဟု ဆို၏။

“ဒါဆိုရင် အကြီးအကဲ... ကျင့်ပင်အာရဲ့ အခု လက်ရှိ ကျင့်ကြံခြင်းက ဘယ်အဆင့်မှာ ရှိနေလဲဆိုတာကိုရော သိပါသလား” ဟု အကြီးအကဲ ပိပိုင်က ဆက်မေးသည်။

ရှန်းကွမ်းချီမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။

သူမရဲ့ ကျင့်ကြံခြင်းက ဘာဖြစ်လို့လဲ?

ကျင့်ပင်အာရဲ့ ကျင့်ကြံခြင်းက ငါနဲ့ ဘာဆိုင်လို့လဲ?

ဒီကိစ္စက 'ကျင်းယွမ်ကလန်ကို ဖြုတ်ချဖို့' နဲ့ ဘာများ ဆက်စပ်နေလို့လဲ။

အကြီးအကဲ ပိပိုင်မှ ဆက်လက်၍ “ရှန်ကျင်းအလယ်အဆင့်! ကျင့်ပင်အာက အခုဆိုရင် ရှန်ကျင်းအလယ်အဆင့်ကို ရောက်နေပြီ။ ပြောရရင် ရှန်ကျင်းအဆင့်နှောင်းပိုင်းကိုတောင် နီးကပ်နေပြီ!”

“ဒါပေမဲ့...”

“လွန်ခဲ့တဲ့ ဆယ်နှစ်က သူမရဲ့ ကျင့်ကြံခြင်းက ယူကျင်းအဆင့် ၈ ပဲ ရှိသေးတာ!”

“ဟင်?!”

ဤသည်ကို ကြားသောအခါ ရှန်းကွမ်းချီသည် သူ၏ မျက်ဝန်းများကို အနည်းငယ် ကျဉ်းမြောင်းလိုက်မိသည်။

လွန်ခဲ့သော ဆယ်နှစ်က ယူကျင်းအဆင့် ၈ သာ ရှိသေးသော်လည်း ဆယ်နှစ်အကြာတွင် ရှန်ကျင်းအဆင့်နှောင်းပိုင်းနီးပါးအထိ ခုန်တက်သွားသည်လော.....

ဤတိုးတက်မှု အရှိန်အဟုန်မှာ... အနည်းငယ် ကြောက်စရာ ကောင်းလှသည်!

“ကျင့်ပင်အာဟာ ကျွန်မတို့ ဟဲ့ဟွမ်ဂိုဏ်းရဲ့ အမွေအနှစ် ကို ခိုးယူသွားခဲ့တယ်။ အဲဒီထဲမှာ ကျင့်ကြံခြင်းကို လျင်မြန်စွာ တိုးတက်စေမယ့် နည်းလမ်းတစ်ခု ပါဝင်နေတယ်။ အကယ်၍ ဖန်ရှန်းဂူကသာ ပါဝင်ကူညီမယ်ဆိုရင် ကိစ္စပြီးမြောက်တဲ့အခါ...”

“ကျွန်မတို့ ဟဲ့ဟွမ်ဂိုဏ်းက အဲဒီ 'ကျင့်ကြံခြင်း လျင်မြန်စွာ တိုးတက်စေမယ့် နည်းလမ်း' ကို မျှဝေပေးဖို့ အသင့်ပါပဲ!”

အကြီးအကဲ ပိပိုင်သည် မိစ္ဆာဂိုဏ်း၏ အပေးအယူကို တင်ပြလိုက်၏။

ထို့ပြင် သူမက ဆက်ပြောသည်မှာ မိစ္ဆာဂိုဏ်းနှင့် ဖန်ရှန်းဂူတို့တွင် ကျင်းယွမ်ကလန် ဟူသော ဘုံရန်သူ ရှိနေသည်ဟူ၍ပင်။

ရွမ်ချာဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ပြီးနောက် အားလုံး စုပေါင်း၍ ကျင်းယွမ်ကလန်ကို ဆက်လက် ရင်ဆိုင်နိုင်မည် ဖြစ်သည်။

ဤစကားကို ကြားသောအခါ ရှန်းကွမ်းချီသည် အတွေးနက်သွားတော့သည်။ အမှန်အတိုင်း ပြောရလျှင် မိစ္ဆာဂိုဏ်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ မိစ္ဆာဂိုဏ်းက တစ်စုံတစ်ရာ လှည့်ဖြားမည်ကို သူ မစိုးရိမ်ပေ။

မမေ့ပါနှင့်... သူ၏ ဖန်ရှန်းဂူမှ ဂူသခင်မှာ ထိုက်ကျင်းနယ်ပယ် ပညာရှင် တစ်ဦး ဖြစ်သည်!

မိစ္ဆာဂိုဏ်း ပြောသည်မှာ တစ်ချက်တော့ မှန်ပေသည်။

လက်ရှိ အခြေအနေအရ ဖန်ရှန်းဂူနှင့် ကျင်းယွမ်ကလန်မှာ အမှန်တကယ်ပင် ရန်သူများ ဖြစ်လာခဲ့ပြီ ဖြစ်သော်လည်း အပေါ်ယံတွင် လုံးဝ လမ်းခွဲခြင်း မရှိသေးပေ။

မှန်ပါသည်... အခြားသော အကြောင်းအရင်းများလည်း ရှိပါသေးသည်။

ဥပမာအားဖြင့် ဖန်ရှန်းဂူ၏ အင်အားမှာ ကျင်းယွမ်ကလန်ထက် နိမ့်ကျနေသေးခြင်းပင်။

ဤသို့သော အခြေအနေမျိုးတွင် မိစ္ဆာဂိုဏ်းနှင့် ပူးပေါင်းခြင်းမှာ အမှန်တကယ်ပင် ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်သည်။

ထို့ပြင်... ရှန်းကွမ်းချီသည်လည်း အကြီးအကဲ ပိပိုင် ပြောသော 'ကျင့်ကြံခြင်း လျင်မြန်စွာ တိုးတက်စေမယ့် နည်းလမ်း' ကို အတော်လေး စိတ်ဝင်စားမိသည်။

ဆယ်နှစ်တာ ကာလအတွင်းမှာပင် လူတစ်ယောက်ကို ယူကျင်းအဆင့် ၈ မှ ရှန်ကျင်းအဆင့်နှောင်းပိုင်းနီးပါးအထိ၊ နယ်ပယ်ကြီး တစ်ခုလုံးနီးပါးကို မြှင့်တင်ပေးနိုင်သည့် ဤကြောက်မက်ဖွယ် အရှိန်အဟုန်မှာ... အမှန်တကယ်ပင် အားကျစရာ ကောင်းလှသည် မဟုတ်ပါလား။

ခဏမျှ စဉ်းစားပြီးနောက် ရှန်းကွမ်းချီက “ဒီကိစ္စက အခုလောလောဆယ် မလောသေးပါဘူး။ ကျွန်တော် ဂူသခင်နဲ့ ပြန်ပြီး ဆွေးနွေးဖို့ လိုအပ်ပါသေးတယ်” ဟု ပြောလိုက်သည်။

ဤသည်ကို ကြားသောအခါ အကြီးအကဲ ပိပိုင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့၏။

ဤကိစ္စမှာ အမှန်စင်စစ်အားဖြင့် အောင်မြင်သွားပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ရှန်းကွမ်းချီမှာလည်း သြဇာရှိသူ တစ်ဦး ဖြစ်သဖြင့် အကျိုးအမြတ်နှင့် ဆုံးရှုံးမှုကို ရှင်းလင်းစွာ နားလည်သူ ဖြစ်သည်။

မိစ္ဆာဂိုဏ်းနှင့် ဖန်ရှန်းဂူတို့၏ ပူးပေါင်းမှုမှာ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိသော အခြေအနေပင် ဖြစ်သည်။ ငြင်းပယ်သောသူမှာ လူအသာ ဖြစ်ပေလိမ့်မည်။

“ကောင်းပါပြီ”

“အကြီးအကဲ ရှန်းကွမ်း... စိတ်ချလက်ချ ပြန်နိုင်ပါပြီ”

“ကျွန်မကတော့ ဒီနေရာမှာပဲ သတင်းကောင်းကို စောင့်မျှော်နေပါ့မယ်”

အကြီးအကဲ ပိပိုင်က ညှို့ဓာတ်ပြင်းစွာ ပြုံးပြလိုက်၏။

ရှန်းကွမ်းချီက အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် အကြီးအကဲ လျူရွှန်းနှင့်အတူ နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။

သူတို့ ထွက်သွားပြီးနောက် တစ်ချိန်လုံး တိတ်ဆိတ်နေသော ချင်ဝူယန်က ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။

သူသည် အကြီးအကဲ ပိပိုင်ကို တစ်ချက်ကြည့်ကာ မေးလိုက်၏။

“အကြီးအကဲ ပိပိုင်... ဖန်ရှန်းဂူက တကယ်ပဲ သဘောတူလိမ့်မယ်လို့ ထင်သလား”

“သေချာပေါက်ပေါ့!” အကြီးအကဲ ပိပိုင်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

ချင်ဝူယန်က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

ဖန်ရှန်းဂူက သေချာပေါက် သဘောတူလိမ့်မည်ကို သူလည်း သိထားသည်။

ဤပူးပေါင်းမှုမှာ နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိသဖြင့် ငြင်းပယ်ရန် အကြောင်းမရှိပေ။

သူ သိချင်သည်မှာ... အကြီးအကဲ ပိပိုင်သည် သူမ၏ ရှန်ကျင်းအလယ်အဆင့် ကျင့်ကြံခြင်းလေးဖြင့် ကျင်းယွမ်ကလန်ကို တိုက်ခိုက်ရန် အင်အားစု အမြောက်အမြားကို စုစည်းဝံ့သည့် သူမ၏ သတ္တိကိုပင် ဖြစ်သည်။

တောက် တောက် တောက်...။

သူမအနေနဲ့ အဲဒီအချိန်ကျရင် အတော်လေး ရုပ်ဆိုးဆိုးနဲ့ သေရတော့မှာပဲ။

အကြီးအကဲ ပိပိုင်မှာမူ ချင်ဝူယန်၏ ရင်ထဲမှ အတွေးများကို မသိရှာပေ။

သူမသည် ဤအစီအစဉ်မှာ ရှစ်ဆယ်ရာခိုင်နှုန်းခန့် အောင်မြင်သွားပြီဖြစ်ကြောင်း သိထားသဖြင့် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေတော့သည်။

ကျန်ရှိသည်မှာ... အသေးစိတ် အစီအစဉ်ကို ဆွေးနွေးရန်သာ ဖြစ်သည်။

တစ်ရက်ခွဲခန့် အကြာတွင် ရှန်းကွမ်းချီသည် အကြီးအကဲ လျူရွှန်းနှင့်အတူ ပြန်လည် ရောက်ရှိလာသည်။

ဟောင်းနွမ်းပျက်စီးနေသော ဘုရားကျောင်းသို့ ရောက်သည်နှင့် သူ ပထမဆုံး လုပ်ဆောင်သည့် အလုပ်မှာ ယွမ်ယီလန်၏ သဘောထားကို ပြောပြခြင်းပင် ဖြစ်သည်။

“မင်းတို့ရဲ့ အစီအစဉ်ကို...”

“ငါတို့ ဖန်ရှန်းဂူက သဘောတူတယ်!”

“ဒါပေမဲ့ ငါတို့မှာ ကန့်သတ်ချက် တစ်ခုတော့ ရှိတယ်”

“ဘာကန့်သတ်ချက်လဲ။ အကြီးအကဲ ရှန်းကွမ်း... ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်” အကြီးအကဲ ပိပိုင်က ပြုံးလျက် ဆိုလိုက်၏။

သူမ အဆိပ်နတ်ဘုရားနှင့် ဆွေးနွေးခဲ့စဉ်ကတည်းက ဖန်ရှန်းဂူသည် ပိုမိုကြီးမားသော အကျိုးအမြတ် ဝေစုကို တောင်းဆိုလိမ့်မည်ဟု သိထားပြီး ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူတို့တွင် ထိုက်ကျင်းနယ်ပယ် ပညာရှင် တစ်ဦး ရှိနေသည် မဟုတ်ပါလား။

သူတို့အနေဖြင့် ငါးဆယ်-ငါးဆယ် ခွဲဝေရန် သဘောတူလိမ့်မည် မဟုတ်ပေ။

ဤအချက်ကို အကြီးအကဲ ပိပိုင်၏ ရင်ထဲ၌ ရှင်းလင်းစွာ သိထားပြီး ဖြစ်သည်။

ရှန်းကွမ်းချီက တည်ငြိမ်သော အသံဖြင့် “ဒီအစီအစဉ်အတွက် ငါတို့ ဖန်ရှန်းဂူက ပိုကြီးတဲ့ ဝေစုကို လိုချင်တယ်” ဟု ပြောလိုက်သည်။

အမှန်ပင်။

ရှန်းကွမ်းချီ တောင်းဆိုသည့်အချက်မှာ အကြီးအကဲ ပိပိုင် ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သဖြင့် သူမက ဝေခွဲမရဖြစ်မနေဘဲ ချက်ချင်းပင် သဘောတူလိုက်လေသည်။

“ပြဿနာ မရှိပါဘူး”

“အသေးစိတ် အစီအစဉ် ဆွေးနွေးဖို့အတွက် ဂူသခင် ယွမ် မှာ တစ်စုံတစ်ရာ ညွှန်ကြားချက် ရှိပါသလား” ဟု အကြီးအကဲ ပိပိုင်က မေးလိုက်၏။

ရှန်းကွမ်းချီက ခပ်ဖွဖွ ခေါင်းခါပြလိုက်ပြီး “အသေးစိတ် အစီအစဉ်ကိုတော့ မင်းတို့ဘာသာ ဆွေးနွေးကြပါ။ ငါတို့ ဖန်ရှန်းဂူကတော့ လိုအပ်တဲ့ လူအင်အားကိုပဲ ရွေးချယ်ပြီး ထောက်ပံ့ပေးသွားမှာပါ” ဟု ပြောလိုက်သည်။

ဤသည်မှာ အင်အားကြီးမားသူ၏ အားသာချက်ပင် ဖြစ်သည်။

အစီအစဉ်ကို မင်းတို့ဘာသာ ကိုင်တွယ်ဖြေရှင်းကြ၊ ငါကတော့ လိုအပ်တဲ့ လူအင်အားကိုပဲ ပေးမယ်၊ ပြီးရင်တော့ ရလာတဲ့ အကျိုးအမြတ်ရဲ့ ပိုကြီးတဲ့ ဝေစုကို ငါပဲ ယူမယ်။

ဤအချက်နှင့် ပတ်သက်၍ အကြီးအကဲ ပိပိုင်တွင် မကျေနပ်မှု တစ်စုံတစ်ရာ မရှိပေ။

သူမသည် သူမ ကြိုတင် ပြင်ဆင်ထားသော အစီအစဉ်ကို တိုက်ရိုက်ပင် ပြောပြလိုက်သည်။

...

All Chapters