← Chapters

လက်ခံမည်လား စွန့်ပစ်မည်လား

Vol. 26 Ch. 356

လက်ခံမည်လား စွန့်ပစ်မည်လား

Vol. 26 Ch. 356

အန်လင်းက သူ့ကို ကောက်ကျစ်စွာ ပြုံးပြနေသော ကောင်လေးကို ကြည့်ကာ နေရာ၌ ကြောင်ရပ်နေတော့၏။

သူဖန်တီးလိုက်သော အသက်တစ်ခုက သူ့အပေါ်တွင် သွေးအေးသွားကာ သူ့ဆီမှ အရာအားလုံးကို လုယူလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပါပေ။

သူ့နှလံုးသားက နာကျင်မှုဖြင့် တဒုတ်ဒုတ် ခုန်နေသော်လည်း သူက သူတော်စင်မဟုတ်သည်မို့ သူ့နှလုံးသားထဲတွင် သူ့အားခွင့်လွှတ်နိုင်စွမ်းကို မရှာနိုင်ခဲ့ပါ။

ထို့ကြောင့် အန်လင်းက က : သူ့ကိုသတ်မည် ဟူသော ရွှေးချယ်မှုကို ချက်ချင်း ပြုလုပ်လိုက်၏။

အန်လင်း၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ကုန်းမြေဗြောင်ပေါ်တွင် မတ်တပ်ရပ်နေသော ကောင်လေးတစ်ယောက်တည်းကို ချန်ရစ်ထားခဲ့၏။

“အား၊ အစ်ကိုကြီး အန်၊ အစ်ကိုက ဘာလို့ ပျောက်သွားရတာလဲ။” ကောင်းလေးက အလန့်တကြား အော်ဟစ်လာ၏။

သူက သူ့၏ စွမ်းအင်များကို မစုပ်ယူရသေးကာ အစ်ကိုကြီးအန်အား သူကြီးထွားလာသည့် ဖြစ်စဉ်ကို မပြရသေးပါပေ။ သူက ဘာလို့ရုတ်တရက်ကြီး ပျောက်သွားရတာလဲ...

သို့ဖြစ်ကာ ကောင်လေးက ဤကမ္ဘာကြီးထဲတွင် တစ်ဦးတည်းသော လူဖြစ်လာ၏။

သူက ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ဗလာနတ္ထိသာ ရှာတွေ့လေ၏။

ထိုနေရာ၌ အဆုံးမရှိသော အနက်ရောင် မြေပြင်ကျယ်ကြီးနှင့် မီးခိုးရောင် ကောင်းကင်ကြီးသာ ရှိလေ၏။

ကောင်လေးက သူ့လက်ထဲရှိ ဓားရှည်ကို ငေးကြည့်ကာ လက်မောင်းများ တုန်ယင်လာတော့သည်။

သူ့ကို စကားပြောမည့်သူ တစ်ယောက်မှ မရှိတော့ပါပေ။ သူ့ကို ဗဟုသုတများ သင်ကြားပြသပေးမည့်သူ တစ်ယောက်မှ မရှိတော့ပါပေ။

ကောင်လေးက  ရုတ်တရက် သူ့၏ ဦးတည်ချက်အားလုံး ဆုံးရှုံးသွားသည်ဟု ခံစားလိုက်ရ၏။

သူက အန်ကိုကြီးအန်၏ စွန့်ပစ်ခြင်းကို ခံလို့်ရပေသည်... သို့မဟုတ် သူကပင် အစ်ကိုကြီးအန်ကို အရင်ဆုံး စွန့်ပစ်​ခဲ့သည်လား။

သူက နောင်တ တကြီးခံစားနေရသည်လား။

ကောင်လေးက ကောင်းကင်ကို မော့ကြည့်ရင်း မျက်လုံးထဲတွင် မျက်ရည်များ ဖြစ်တည်လာတော့သည်။ သူက နောက်သို့ ခြေတစ်လှမ်းဆုတ်ရန် အတွက် နည်းလမ်းရှာမတွေ့ပါပေ။

အန်လင်းသည် ​​ကောင်လေးက မျက်နှာထက်တွင် မျက်ရည်များစီးကျကာ မြေကြီးပေါ်သို့ လဲကျသွားသည်ကို ကောင်းကင်မှနေကာ ကြည့်နေလေ၏။

အဆုံးမရှိသော ကာလတစ်ခုအပြီးတွင် သူသည် အထီးကျန်ခြင်းနှင့် စိတ်အားငယ်ခြင်းများကြောင့် ရူးသွပ်မတတ်ဖြစ်လာပြန်၏။

သူက တဖြည်းဖြည်းနှင့် သူ့ခံစားမှုများကို ပိုပို၍ လှုံ့ဆော်ပေးနေကာ ပိုပို၍ မတည်မငြိမ်ဖြစ်လာလေ၏။

သူ့ခန္ဓာကိုယ်ထဲရှိ သက်ရှိစွမ်းအင်မှာ ထိုးထွက်စပြုလာပြီး သူ့သွေးများက အနက်ရောင် အဖြစ်ပြောင်းကာ မျက်လုံးများ နီရဲလာပြီး အမွှေးကြမ်း တစ်လွှာက သူ့ကိုယ်ပေါ်တွင် စတင်ပေါက်လာလေ၏။

သူက အစ်ကိုကြီးအန် သူ့အားပြောပြဖူးသောအရာတစ်ခု --- တိရိစ္ဆာန်တစ်ကောင်အဖြစ် ပြောင်းစပြုလာလေ၏။ သူ့ခန္ဓာကိုယ်မှ သေးငယ်လှသော ခြေ​ချောင်းများ ထိုးထွက်စပြုလာပြီး သူ့အပေါ်ပိုင်းမှာ ကျယ်ပြန့်လာပြီး ပင့်ကူအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

ထို့နောက် သိပ်မကြာမီတွင် သူက အနက်ရောင် ကုန်းမြေဗြောင်တွင် ပြေးလွှားနေသော ကျားအမဲကြီးတစ်ကောင်အဖြစ် ပြောင်းသွား၏။

သူက သိမ်းငှက်တစ်မျိုး ဖြစ်လာကာ ကောင်းကင်သို့ တစ်ဟုန်ထိုး တိုက်ခိုက်လာပြီး သူက တစ်စုံတစ်ခုမှ လွတ်မြောက်ရန်ကြိုးစားနေသကဲ့သို့ သို့မဟုတ် တစ်စုံတစ်ခုကို သက်သေပြချင်နေသကဲ့သို့ပင်။

အဆုံးတွင်တော့ သူက မောပန်းကာ မြေကြီးပေါ်သို့ ပြုတ်ကျလာ၏။

ပြုတ်ကျမှုကြောင့်ပင် သေဆုံးသွားလေပြီ။

သို့သော်လည်း သေဆုံးခြင်းကပင် သူ့အား ဆန္ဒပြည့်အောင် မစွမ်းဆောင်နိုင်ပါပေ။

ပူဆွေးဝမ်းနည်းမှု၊ နာကျင်မှု၊ စိတ်အားငယ်ခြင်း၊ ကြမ်းတမ်းခြင်း၊ ယုတ်မာခြင်း စသည်ဖြင့်...

သူက ဆိုးဝါးလှသော စိတ်ခံစားချက်များ၏ ဗဟိုချက် ဖြစ်လာကာ သူ့၏မည်းနက်ပြီး လိမ်ပိန်နေသော ခန္ဓာကိုယ်ဖြင့် ကုန်းမြေဗြောင်ထဲတွင် လျှောက်သွားနေလေတော့သည်။

သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ အန်လင်း၏ နှလုံးသားက တုန်ယင်လာပြီး တစ်စုံတစ်ခုက ဟန်ဆောင်မျက်နှာဖုံး ခွာချပစ်လိုက် သကဲ့သို့ပင်။

သူ့၏ စိတ်ခံစားချက်များက ပြင်းထန်နေပြီး သူက မူးဝေစ ပြုလာလေတော့သည်။

ထို့နောက်တွင်တော့ သူက ရှေးဟောင်းအခန်းတစ်ခုထဲတွင် ရောက်နေပြန်၏။

ထိုနေရာ၌ ပွဲလမ်းသဘင်တစ်ခုခု ရှိနေသကဲ့သို့ အရာရာမှာ စီကားသိုက်မြိုက်ပြီး အသက်ဝင်နေလေ၏။

အန်လင်းက ကျေနပ်သောအမူအရာဖြင့် ပက်လက်ကုလားထိုင်တစ်ခုတွင် ထိုင်နေ၏။

သူက ပြတင်ပေါက်ကိုကြည့်လိုက်သောအခါ နှင်းကျနေသည်ကို တွေ့ရ၏။ မြေကြီးကို ဖုံးအုပ်ထားသော နှင်ထုအထူကြီးရှိနေသော်လည်း သူက သူ့အခန်းထဲတွင် နွေးထွေးနေကာ မီးပုံမှ ထင်များ တဖြောက်ဖြောက်မြည်နေပြီး နွေးထွေးသောရွှေရောင် တောက်ပမှုက အခန်းကို လွှမ်းခြုံထားလေ၏။

ထုလုံးရှည်ပုံ အပြာရောင် မှင်စာတစ်ကောင်က မျက်လုံးဖွင့်လာပြီး အန်လင်းဘေးသို့ ရောက်လာကာ လက်ဘက်ရည်တစ်ခွက်ကို ငှဲ့လိုက်ပြီး အန်လင်းအား ​ကမ်းပေးလိုက်လေ၏။

အန်လင်းက ခွက်ကိုကောက်လိုက်ပြီး မျက်နှာထက်တွင် ကျေနပ်သော အပြုံးတစ်ခုဖြင့် လက်ဘက်ရည်တစ်ငုံသောက်လိုက်၏။

တိမ်တိုက်နှင့် မြူခိုးတို့၏ အိပ်ယာထက်တွင် ပင်လယ်လိပ်တစ်ကောင်နှင့် ဆော့ကစားနေသော ရွှေရောင်မီးတောက်ငှက် တစ်ကောင်ရှိလေ၏။ ကြောင်ငေးကြည့်နေသော ကျောက်ဘီလူးသေးသေးလေးတစ်ကောင်လဲရှိပြီး လှပသော သစ်ပင်ကို အလှဆင်နေသော အဖြူရောင် လူပုံစံ သတ္တဝါကြီးလဲ ရှိလေ၏။

ငါးပေါက်စလေးက နဂါပေါက်စလေးနှင့် တစ်ခုခုအကြောင်း ငြင်းခုန်နေပြီး သရဲလေး တစ်ကောင်က မီးဖိုချောင်ထဲတွင် ညစာအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေ၏။

နောက်ကျောတွင် အနက်ရောင်တောင်ပံရှိသော ကလေးမလေးတစ်ယောက်က အန်လင်းဆီသို့ပြေးလာပြီး သူ့ခြေထောက်ကို ဖက်လိုက်ကာ “အစ်ကိုကြီးအန်၊ သက်တံ့မြွေလေးက ညစ်နေတယ်။ သူမက အလောင်းအစားလုပ်ပြီး ပုတီးစေ့တစ်ခု ရှုံးသွားတာကို အခုထိ မပေးသေးဘူး။”

အန်လင်းက ခန္ဓာကိုယ်အောက်ပိုင်းမှာ မြွေပုံစံရှိပြီး စိတ်မပါသောအမူအရာနှင့် ကလေးမလေးကိုကြည့်ကာ ဘာလုပ်ရမည်ကို အနည်းငယ်လမ်းပျောက်နေလေ၏။

ထိုကလေးမလေး၏ နှုတ်ခမ်းများမှာ စိတ်ပင်ပန်းခြင်းကြောင့် ​ဖောင်းကြွနေပြီး သူမ၏ မျက်လုံးတောက်တောက်လေးများထဲတွင် မျက်ရည်များ ရစ်သိုင်းလာတော့သည်။ သူမက  သူမခွဲခွာချင်သော ပစ္စည်းတစ်ခုနှင့် လောင်းကြေးထပ်ခဲ့သည်မှာ သိသာလှ၏။

အန်လင်းက စိတ်ရှုပ်ထွေးစွာ သူ့ခေါင်းကို ကုတ်လိုက်စဉ်မှာပင် တခါးခေါက်သံတစ်ခုက ရုတ်တရက် တခါးတွင်ပေါ်လာလေ၏။

သူက ကုလားထိုင်မှထပြီး တံခါးကိုဖွင့်လိုက်ပြီးသောအခါ သူ့အမူအရာမှာ တုံ့ဆိုင်းသွား၏။

ကောင်ငယ်လေး တစ်ယောက်က အနက်ရောင် ဓားရှည်တစ်ချောင်းကို ပွေ့ပိုက်ကာ တသိမ့်သိမ့်ငိုကြွေးနေလေ၏။

သူ့အဝတ်အစားများက စုတ်ပြဲကာ အပိုင်းပိုင်းပြတ်နေပြီး သူ့၏ နှာခေါင်း၊ မျက်နှာ၊ လက်မောင်းနှင့် ခြေဗလာတို့မှာ အအေးဒဏ်ကြောင့် နီရဲနေပြီး သူဆံပင်ပေါ်တွင် နှင်းများက စုပုံနေလေ၏။

“အစ်ကိုကြီး အန်လင်း၊ ကျွန်တော်မှားသွားပါတယ်။ ကျွန်တော့ အမှားလုပ်ခဲ့မိပါတယ်...”

ကောင်လေးက အန်လင်းကိုမြင်သောအခါ မျက်ရည်များက မထိန်းချုပ်နိုင်အောင် ကျလာလေ၏။ သူ့မျက်လုံးထဲတွင် အကန့်သတ်မဲ့ နောင်တကြီးစွာရခြင်းနှင့် အကြောက်တရားများဖြင့် အန်လင်းကိုကြည့်ရင်း သူ့ခန္ဓာကိုယ်မှာ ခိုက်ခိုက်တုန်နေတော့သည်။

အန်လင်းက သေချာပေါက် ထိုကောင်လေးကို ရင်းနှီနေသည်ပေါ့။ ထိုသည်မှာ သူဖန်တီးထားပြီး အဆုံးတွင်တော့ သူ့နောက်ကျောကို ဓားနှင့်ထိုးသွားသော ကောင်လေးပင်။

“အစ်ကိုကြီး အန်လင်း၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပါနော်။ ကျွန်တော် အဲ့လိုအလုပ်မျိုး ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး။”

ကောင်လေးက နှင်းထဲတွင် ဒူးထောက်ကာ ခွင့်လွှတ်မှုအတွက် တောင်းခံနေလေ၏။

အန်လင်းက သူ့ဝမ်းနည်းမှုနှင့် နောင်တမှာ အတုအယောင်မဟုတ်သည်ကို မြင်နိုင်၏။

သို့သော်လည်း သူက တောင်းပန်လိုက်သည်နှင့် ခွင့်လွှတ်သင့်ရဲ့လား။

ရယ်သံများနှင့် မီးပုံထဲမှ ထင်းများ၏ တဖြောက်ဖြောက်မြည်သံက ကြားရနေဆဲပင်။

အရာရာမှာ အလွန်နွေးထွေးပြီး ချစ်စရာကောင်းလှသည်မှာ ကောင်းကင်ဘုံကဲ့သို့ပင်။

အခန်း၏ အပြင်ဘက်တွင်တော့ ခိုက်ခိုက်တုန်နေသော လေများက ဆက်တိုက်တိုက်ခတ်နေပြီး အဆုံးမရှိသော အနက်ရောင် ကောင်းကင်ကြီးနှင့် အေးခဲသော နှင်းထုကြီးသာရှိ၏။

အရာအားလုံးမှာ အထီးကျန်ခြင်း၊ စိတ်ပျက်အားငယ်ချင်းတို့နှင့်သာ ပြည့်နှက်နေလေ၏။

အန်လင်းက တံခါးဝတွင် မတ်တပ်ရပ်နေပြီး သူက ကောင်းကင်နှင့် ငရဲကြားတွင် ရွေးချယ်နေရသည်ဟု ခံစားရ၏။

သူက ဤကောင်လေးကို လက်ခံသင့်သည်လား သို့မဟုတ် စွန့်ပစ်သင့်သည်လား။

အန်လင်းက ထိုကောင်လေးကို အလွန် ချစ်ခင်ပါသည်။

သူတို့က အချိန်အတော်ကြာအထိ အဖော်များဖြစ်ခဲ့ပြီး ကောင်လေးက ဖြစ်နိုင်ခြေ မြောက်များစွာနှင့် ကန်းဗတ်အလွတ်တစ်ခုကဲ့သို့ အလွန်ချစ်စရာကောင်းပြီး သန့်စင်ခဲ့၏။

သူက ဤကောင်လေးကို နှလုံးသားနှင့်ရင်းကာ ချစ်ခဲ့သည်မို့ သူ့၏ သစ္စာဖောက်မှုမှာ ပိုပြီး နာကျင်ရခြင်းပင်။

ကောင်လေး၏ ဦးခေါင်းမှာ နှင်းထဲသို့ နိမ့်သွားပြီးဖြစ်ကာ သူက သူ့တွင်ကျန်ရစ်သော တစ်ခုတည်းသောအရာဖြစ်သည့် ဓားကိုဖက်ထား၏။ သူက နှင်းထဲတွင် ဒူးထောက်နေပြီး သူ့ခန္ဓာကိုယ်က သင်းခွေချပ်ကဲ့သို့ ကွေးသွားတော့သည်။

အန်လင်းက မလှုပ်ရှားခဲ့သလို ကောင်လေးသည်လည်း မလှုပ်ရှားပါပေ။

နှင်းများက ကျဆင်းနေဆဲဖြစ်ကာ မကြာမီတွင် ကောင်းလေး၏ တောင့်ခဲနေသော ခန္ဓာကိုယ်ကို အဖြူရောင် အလွှာတစ်ခု ဖုံးအုပ်သွားလေ၏။

တံခါး ဖွင့်ထားသည်မှာ ထာဝရနီးပါးပင် ရှိနေလေပြီ။

အန်လင်းက မည်သည်က သူ့အား ဤကဲ့သို့ ပြုမူရန် လှုံ့ဆော်ခဲ့သည်ကို မသိတော့ပါ။ သို့သော် သူက တံခါး အပြင်ဘက်သို့ထွက်ကာ ကောင်လေးပေါ်မှ နှင်းများကို ခပ်ဖွဖွခါပေးပြီး သူ့ကို ခပ်တင်းတင်းပွေ့ဖက်ထားလိုက်တော့သည်။

ထိုအခိုက်အတန့်၌ အပူနှင့် အအေးက ရောယှက်သွားလေတော့သည်။

အရာအားလုံးက မဲမှောင်ကာ ပရမ်းပတာဖြစ်သွားလေ၏။

အန်လင်းသည် သူက အလွန်အမင်းရှည်လျားသော အိပ်မက်တစ်ခုကို မက်ခဲ့သည်ဟု ခံစားရ၏။ သူနိုးလာသောအခါ မျက်ရည်များကျနေသည်ကို သိလိုက်၏။

သူက မျက်ရည်များကို သုတ်လိုက်ပြီး သူ့ပတ်ပတ်လည်ကို စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်၏။ ကျောက်သားနံရံများ၊ ကျောက်တိုင်များနှင့် ကျောက်စိမ်းခေါင်းတလား...

အို... ဟုတ်သား။ သူက အံ့ချီးနတ်ဘုရား၏ နှလုံးသားနှင့်ထိတွေ့ဖို့လာသည့် ဖြစ်စဉ်ထဲမှာပင်။

ဘေး၌တခြားဘယ်သူမှ မရှိသည်ကို ကျေးဇူးတင်ရပေမည်။ မဟုတ်ပါက ဤကဲ့သို့ ငိုကြွေးနေသည်မှာ အလွန်အမင်းရှက်စရာကောင်းလှ၏။

သူက အံ့ချီးနတ်ဘုရား၏ နှလုံးသားမှာ အဘယ့်ကြောင့် ဤကဲ့သို့ ကို့ရို့ကားယားနိုင်သော အိပ်မက်တစ်ခု ပါနေသည်ကို နားမလည်နိုင်တော့ပေ။

ထိုအိပ်မက်က မည်သည်ကို ရည်ညွှန်းသနည်း။ သူ့၏ ရွေးချယ်မှုက ဘာကိုရည်ညွှန်း သနည်း။

ကောင်လေးကို ပြန်တွေးမိသောအခါ အန်လင်း၏ နှလုံးသားက လေးလံလာတော့၏။

အတွေးတစ်ခုကဖြစ်ပေါ်လာသော်လည်း သူက ထိုအတွေး၏ နောက်ကို လိုက်ရန် သတ္တိမရှိပါပေ။

ထိုအခိုက်အတန့်မှာပင် အဖြူရောင် အလင်းဘောလုံးနှင့် အဖြူရောင် အလင်းစီးကြောင်းက ရုတ်တရက်ကြီး စတင်လှုပ်ရှားလာလေတော့သည်။

သူတို့နှစ်ခုလုံးက လေထဲသို့ မြှောက်တက်လာပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်စ ပြုလာလေ၏။

***

All Chapters