← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃) - ထာဝရဂိုဏ်းမှ ချွီဟယ်

မုရုံရီ၏ ပါးစပ်က တွန့်ခါသွားသည်။

‘’အကုန်ဝယ်မယ် ဟုတ်လား... ခင်ဗျားမှာ ဒီလောက် အများကြီး ထုတ်ပေးနိုင်မှတော့ အကုန်

ဝယ်ဖို့ ဆိုရင် ရွှေပြား ဘယ်လောက်တောင် ကုန်မလဲ...’’

လီယွဲ့မှာ အနည်းငယ် စိတ်ပျက်သွားသည်။ "ကောင်းပြီလေ... စုစုပေါင်း ရွှေပြား

ရှစ်သောင်း ကျပါမယ်။"

မုရုံရီက သက်ပြင်းချလိုက်ပြီး သူ၏ အစေခံကို အမြန် ငွေရှင်းခိုင်းလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ဤစီနီယာက သူ့ကို အခက်တွေ့အောင်

မလုပ်ခဲ့ပေ။

‘’ဒင်... ဝင်ငွေ တာဝန် ပြီးမြောက်သွားတဲ့ အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါတယ်။

ဆုလာဘ်များကို ပေးအပ်ပြီး ဖြစ်ပါသည်။’’

လီယွဲ့က ဆုလာဘ်များကို ချက်ချင်း မစစ်ဆေးသေးပေ။ အကြောင်းမှာ ခြံဝင်း အပြင်ဘက်သို့

လူများ ထပ်ရောက်လာပြီး အရေအတွက် အတော်များများ ဖြစ်နေသောကြောင့်ပင်။

လီယွဲ့စိတ်ထဲတွင် ‘’ဘာတွေ ဖြစ်နေတာလဲ။ ငါ့ရဲ့ ခေါင်ဖျားတဲ့ ဆိုင်လေးက ဒီနေ့ ဘာလို့ ဒီလောက်

စည်ကားနေရတာလဲ။’’

"ထာဝရဂိုဏ်းရဲ့ သန့်စင်သော သားတော် ရောက်လာပြီ... ဘေးလူတွေ လမ်းဖယ်ပေးကြ..."

အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာပြီး ခမ်းနားကြီးကျယ်သော အရှိန်အဝါ တစ်ခု ပါဝင်လာကာ

ခြံဝင်း အတွင်းရှိ လူတိုင်းကို အံ့အားသင့်သွားစေသည်။

ထာဝရဂိုဏ်း... ဝူမင်းဆက် တစ်ခုလုံးတွင် 'ထာဝရဂိုဏ်း' ဟူသော အမည်ကို

အလောင်းပြုနိုင်သည့် နေရာ လောင်းခုသာ ရှိပေသည်။

ရွှမ်ထျန် ထာဝရဂိုဏ်း၊ ဟောင်ယွဲ့ ထာဝရဂိုဏ်း နှင့် ဖျောက်မြောင်

ထာဝရဂိုဏ်း တို့ ဖြစ်သည်။

အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူငယ် တစ်ဦးက အုပ်စုကို ဦးဆောင်လာသည်။ သူသည်

စူးရှသော မျက်နှာပေါက် ရှိပြီး ချောမောကာ သူ၏ မျက်လုံးများကို

အနည်းငယ် မှိတ်ထားပြီး မျက်နှာထားမှာ ခံစားချက် ကင်းမဲ့နေသည်။

"ထွက်သွားကြစမ်း..."

လူငယ်၏ ဘေးမှ အသက်လတ်ပိုင်း လူဝကြီးက ထပ်မံ၍ ဟောက်လိုက်ပြန်သည်။

ခြံဝင်း အတွင်းရှိ ဖောက်သည်များသည် ထိုလူများကို မိမိတို့ မစော်ကားရဲကြောင်း

သိရှိသဖြင့် ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် လူရိပ်တစ်ခုက ရုတ်တရက် နေရာရွှေ့ပြောင်းလာ၏။ လူဝကြီး၏

မျက်လုံးအိမ်များက ကျဉ်းမြောင်းသွားသည်။

‘’ဒုက္ခပဲ... အန္တရာယ်ရှိတယ်။’’

အရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်လာပြီး ကြီးမားလှသော ဖိအားက ခြံဝင်း တစ်ခုလုံးကို

ချက်ချင်း လွှမ်းခြုံသွားလေတော့သည်။

ဆဋ္ဌမအဆင့် အမြုတေ တည်ဆောက်ခြင်း နယ်ပယ်...

"ဖြောင်း..."

ကြည်လင်ပြတ်သားသော ပါးရိုက်သံ တစ်ခု ပေါ်ထွက်လာသည်။ ထို ပဉ္စမအဆင့် သိုင်းပညာရှင်

လူဝကြီးသည် ခြံဝင်း နံရံဆီသို့ လွင့်စင်သွားကာ နံရံကို ဝင်တိုက်မိသဖြင့်

အပေါက်ကြီး တစ်ပေါက် ပွင့်သွားလေတော့သည်။

"ဆိုင်ရှင်..."

ရှီလုံယန်နှင့် အခြားသူများက အလျင်အမြန် ဦးညွှတ်လိုက်ကြပြီး သူတို့၏ ရင်ထဲတွင်

အံ့အားသင့်မှုများ ပြည့်နှက်နေသည်။

‘’ဆိုင်ရှင်က တကယ်ကို အစွမ်းထက်တာပဲ။ ဆဋ္ဌမအဆင့် ကျင့်ကြံသူ တစ်ယောက်ကို

တစ်ချက်တည်းနဲ့ ပြန်မတိုက်နိုင်အောင်

ရိုက်ထုတ်လိုက်နိုင်တယ်။’’

"ကျုပ်က ဆိုင်ဖွင့်ထားတာ။ ခင်ဗျားတို့ သဘောဆန္ဒ အလျောက် ထွက်သွားမယ် ဆိုရင် ကျုပ်က

မတားဘူး။ တကယ်လို့ မသွားချင်ဘူး ဆိုရင်လည်း... ဘယ်သူ့ရဲ့ ခြိမ်းခြောက်မှုကိုမှ

ခင်ဗျားတို့ စိုးရိမ်စရာ မလိုဘူး..."

"ဟုတ်ကဲ့ပါ ဆိုင်ရှင်..."

ဆိုင်ရှင် ထွက်ပေါ်လာမှုနှင့် အတူ ဖောက်သည်များ အားလုံး၏ ခါးများမှာ ပြန်လည် မတ်မတ်

ဖြစ်သွားကြလေသည်။

"ဘာရပ်လုပ်နေကြတာလဲ။ ခြစ်ကတ် ကစားမယ့်သူတွေ ဆက်ကစားကြ။ ရွှေဥ ခွဲမယ့်သူတွေလည်း

ဆက်ခွဲကြလေ။"

"စီနီယာ ပြောတာ မှန်တယ်။ စီနီယာ ရှိနေမှတော့ အားလုံး စိတ်အေးလက်အေး

ပျော်ပျော်ပါးပါး ကစားလို့ ရတာပေါ့..."

ထိုစကားကို ပြောလိုက်သူမှာ မုရုံရီ ဖြစ်သည်။ သူသည် စကားပြောနေရင်း ထီဆိုင်

အဝင်ဝတွင် ဆောင့်ကြောင့် ထိုင်ကာ ကတ်များကို ခြစ်နေလေသည်။

သို့သော်လည်း သူ၏ အာရုံများကမူ ခြံဝင်း အတွင်းရှိ အနက်ရောင်

ဝတ်စုံရှင် လူငယ်ထံတွင်သာ ရှိနေဆဲ ဖြစ်သည်။

သူတို့ရဲ့စိတ်ထဲမှာတော့ ‘’ဟောင်ယွဲ့ ထာဝရဂိုဏ်းက လူတွေတောင် ရောက်လာကြပြီပဲ။ ဖုန်းမင်တောင်က တော်တော်ကို စည်ကားတော့မှာပဲ...’’

လီယွဲ့က အနက်ရောင် ဝတ်စုံရှင် လူငယ်ကို ခံစားချက် ကင်းမဲ့စွာဖြင့် ကြည့်လိုက်သည်။

"ဆိုင်ကို လာတာ ဆိုရင်တော့ ဝင်ခဲ့လို့ ရတယ်။ ပြဿနာ လာရှာတာ ဆိုရင်တော့

ထွက်သွားလိုက်..."

သူ၏ အနောက်မှ လူအားလုံးက ရှေ့သို့ တိုးလာကြသော်လည်း အနက်ရောင် ဝတ်စုံရှင် လူငယ်က

တားဆီးလိုက်သည်။

"ရပ်နေကြ..."

အနက်ရောင် ဝတ်စုံရှင် လူငယ်က လီယွဲ့ကို သတိထားကာ ကြည့်လိုက်သည်။ "ကျွန်တော်က

ဟောင်ယွဲ့ ထာဝရဂိုဏ်းက ချွီဟယ် ပါ။ စီနီယာက ဘယ် ထာဝရဂိုဏ်းက ဆိုတာ

သိခွင့်ရမလား..."

လီယွဲ့က မျက်ခုံးပင့်လိုက်သည်။ "ထာဝရဂိုဏ်း ဟုတ်လား... မကြားဖူးပါဘူး။"

ချွီဟယ်၏ မျက်နှာထားက ပြောင်းလဲသွားသည်။

"စီနီယာ့ကို ဘယ်လို ခေါ်ရမလဲ..."

လီယွဲ့က သူ၏ နားထင်ကို ပွတ်လိုက်သည်။ "ကျုပ်က စီနီယာ မဟုတ်ဘူး..."

လီယွဲ့က သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ခြံဝင်း နံရံ အနီးတွင် သတိလစ်

မေ့မြောနေသော လူဝကြီး၏ ကိုယ်လုံးသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး

ချွီဟယ်၏ ခြေရင်းတွင် ပြန်လည် ပေါ်လာလေသည်။ ထို အံ့မခန်း မြင်ကွင်းကြောင့်

လူတိုင်းမှာ မှင်တက်သွားကြလေသည်။

"ကျုပ် ပိုင်ဆိုင်မှုတွေ ပျက်စီးသွားတဲ့ အတွက် တန်ဖိုး အတိုင်း လျော်ကြေး ပေး..."

ချွီဟယ်မှာ အံ့အားသင့်သွား၏။ ပိုင်ဆိုင်မှု ပျက်စီးတာ ဟုတ်လား... ခင်ဗျားကိုယ်တိုင်

အဲဒီ နံရံကို ရိုက်ခွဲလိုက်တာ မဟုတ်ဘူးလား...

သို့သော် လီယွဲ့၏ အကြည့်များကြောင့် ချွီဟယ်သည် တစ်ခါမှ မကြုံဖူးသော အန္တရာယ်

အငွေ့အသက်ကို ခံစားလိုက်ရသည်။ ဤ ငယ်ရွယ်ပုံ ပေါက်နေသော ဆိုင်ရှင်မှာ

ကြောက်ခမန်းလိလိ အစွမ်းထက်လှပေသည်။ မဖြစ်နိုင်... ဤအသွင်အပြင်မှာ

ဟန်ဆောင်မှုသာ ဖြစ်ရမည်။ အတွင်းထဲတွင်မူ သူသည် အချိန်

အတော်ကြာ အသက်ရှင်နေထိုင်ခဲ့သော မိစ္ဆာအိုကြီး တစ်ဦး ဖြစ်နေပေလိမ့်မည်။

"တောင်းပန်ပါတယ် စီနီယာ... ကျွန်တော့်ရဲ့ လက်အောက်ငယ်သားက စိတ်မြန်လက်မြန်

ဖြစ်သွားလို့ပါ။"

ချွီဟယ်က အလျှော့ပေးလိုက်ပြီး သိုလှောင်ကွင်း တစ်ခုကို ထုတ်ယူလိုက်သည်။ "ဒီမှာ

ရွှေပြား ငါးသိန်း ပါပါတယ်။ စီနီယာ့ အတွက် လျော်ကြေး အဖြစ်

လက်ခံပေးပါ..."

ရွှေပြား ငါးသိန်း... ထာဝရဂိုဏ်း၏ သန့်စင်သော သားတော် ဆိုသည့် အတိုင်း တကယ်ကို

လက်ဖွာလှပေသည်။

လီယွဲ့က မျက်နှာထား မပြောင်းလဲဘဲ ၎င်းကို ယူလိုက်သည်။ ခေတ္တအကြာတွင် သူက

သိုလှောင်ကွင်းကို နောက်သို့ ပြန်ပစ်ပေးလိုက်သည်။

ချွီဟယ်က သူ၏ စိတ်ဝိညာဉ် အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ အတွင်းရှိ ရွှေပြားများ

ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

‘’ဒီလို နည်းစနစ်မျိုး ဆိုတော့... သေချာသွားပြီ။ သူက ဒုတိယအဆင့် အမြင့်ဆုံး နယ်ပယ်

အထက်က သိုင်းပညာရှင် တစ်ယောက်ပဲ...’’

"ကျုပ် ထပ်ပြောမယ်။ ဧည့်သည်တွေကို ကြိုဆိုပေမဲ့ ပြဿနာ လာရှာမယ် ဆိုရင်တော့..."

"ခုနက ကျွန်တော်တို့ မှားသွားတာပါ။ စိတ်ချပါ... ကျွန်တော်တို့ လုံးဝ ပြဿနာ

မရှာပါဘူး..." ချွီဟယ်က အလျင်အမြန် ပြောလိုက်သည်။

လီယွဲ့က ခေါင်းညိတ်ပြလိုက်ပြီး ထီဆိုင် အတွင်းသို့ ဝင်သွားလိုက်သည်။

"မင်း... ဒီကို လာခဲ့..."

မုရုံရီမှာ အံ့အားသင့်သွားပြီး အလျင်အမြန် ရှေ့သို့ တိုးသွားလိုက်သည်။ "စီနီယာ...

ဘာများ ခိုင်းစရာ ရှိလို့လဲ..."

"ကျုပ်ကို ဆိုင်ရှင် လို့ပဲ ခေါ်ပါ။ မင်းကို မေးရဦးမယ်။ ဒီတလော ဒီနား တစ်ဝိုက်မှာ

ဘာတွေ ဖြစ်နေတာလဲ..."

မုရုံရီက အံ့ဩတကြီး ပြောလိုက်သည်။ "ဆိုင်ရှင်က မသိဘူးလား..."

"ကျုပ်က သိရမှာလား..."

"အာ... ဟိုလေ..."

မုရုံရီက ကသိကအောက် ရယ်မောလိုက်ပြီး ရှင်းပြလိုက်သည်။ "ဒီလိုပါ... တလွန်တခါက

ဖုန်းမင်တောင် အနီးမှာ တတိယအဆင့် ကျင့်ကြံသူ တစ်ယောက် လျှပ်စီး

ကပ်ဘေးကို ကျော်ဖြတ်နေခဲ့တယ်။ နောက်ဆုံးမှာတော့ သူက လျှပ်စီး ကပ်ဘေးကို

မခံနိုင်ဘဲ သေဆုံးသွားခဲ့တယ်။ သူက ဒီတောင်တန်းတွေ ထဲမှာ ကောင်းကင် အဆင့် မှော်ရတနာ

တစ်ခုကို ချန်ထားခဲ့တယ်။"

"ဒါဆို ဒီလူတွေ အကုန်လုံးက ကောင်းကင် အဆင့် မှော်ရတနာ အတွက် ရောက်လာကြတာပေါ့..."

မုရုံရီက ခေါင်းညိတ်ကာ ဆက်ပြောသည်။ "ကောင်းကင် အဆင့် မှော်ရတနာ ဆိုတာ လောကမှာ

ရှားပါးတယ်။ အခု ပိုင်ရှင်က သေဆုံးသွားပြီ ဆိုတော့ အဲဒီ ရတနာက

ပိုင်ရှင်မဲ့ ဖြစ်သွားပြီး ဖုန်းမင်တောင်ထဲက တစ်နေရာရာမှာ

ပုန်းအောင်းနေတယ်လေ..."

"ဒါကိုး..."

မုရုံရီက လီယွဲ့၏ မျက်နှာ အမူအရာ အပြောင်းအလဲကို အကဲခတ်လိုက်ရာ သူက ဤကိစ္စကို

တကယ်ပင် မသိကြောင်း နားလည်သွားသည်။ သို့သော် ဤသတင်းမှာ လွန်ခဲ့သော

နှစ်ရက် အတွင်း ဝူမင်းဆက် တစ်ခုလုံးသို့ ပျံ့နှံ့နေပြီ ဖြစ်သည်။ ဤမျှ

အစွမ်းထက်သော ပုဂ္ဂိုလ် တစ်ဦးသည် ဖုန်းမင်တောင်နှင့် ဤမျှ နီးကပ်စွာ

ရှိနေပါလျက်... ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်။ သူသည် ကောင်းကင် အဆင့်

မှော်ရတနာ တစ်ခုကို လုံးဝ စိတ်ဝင်စားခြင်း မရှိသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

စားပွဲပေါ်ရှိ စာကလေးငယ်က ဝင်၍ ပြောချင်နေမိသည်။

‘’သေချာတာပေါ့... ဒီမှာ ရှိတဲ့ ရွှေဥ ခွဲတဲ့ ကိရိယာတွေ တောင်မှ ကောင်းကင် အဆင့် မှော်ရတနာတွေပဲ။ သူသာ

စိတ်ဝင်စားရင် အံ့ဩစရာပဲ..’’

လီယွဲ့၏ နှုတ်ခမ်း ထောင့်စွန်းများက အနည်းငယ် တွန့်ကွေးသွားသည်။

‘’လာမယ့် ရက်တွေမှာ တော်တော်လေး စည်ကားတော့မယ် ထင်တယ်။’’

ရောက်လာကြသူများ အားလုံးမှာ အင်အားကြီး အဖွဲ့အစည်းများ ဖြစ်ပြီး ထိပ်တန်း

ထာဝရဂိုဏ်း လောင်းခုမှ လူများပင် ရောက်ရှိလာကြသည်။ ဤသူများ

အားလုံးမှာ ချမ်းသာကြွယ်ဝသော လူများ ဖြစ်ကြသည်။

သို့သော်လည်း ဆိုင်တွင်းရှိ ပစ္စည်းများမှာ အဆင့် နိမ့်လွန်းနေသဖြင့် ဤအုပ်စုက

စိတ်ဝင်စားမည် မဟုတ်ပေ။

"ဆိုင်ရှင်က ဒီ ကောင်းကင် အဆင့် မှော်ရတနာကို စိတ်ဝင်စားလို့လား..." မုရုံရီက

စမ်းသပ်သည့် သဘောဖြင့် မေးလိုက်သည်။

အကယ်၍ ဤအစွမ်းထက်သော ဆိုင်ရှင်သာ ကောင်းကင် အဆင့် မှော်ရတနာကို စိတ်ဝင်စားပါက မုရုံ

မိသားစုသည် ပါဝင်ပတ်သက်မည် မဟုတ်ပေ။ လာမည့် ရက်အနည်းငယ် အတွင်း တတိယအဆင့်

ကျင့်ကြံသူများ အပါအဝင် ရေတွက်၍ မရသော သိုင်းပညာရှင်များသည်

ဖုန်းမင်တောင်၌ စုဝေးရောက်ရှိလာကြပေလိမ့်မည်။

သေချာပေါက် မုရုံရီ၏ မိသားစုမှ သိုင်းပညာရှင်ကလည်း ချွင်းချက် ဖြစ်မည် မဟုတ်ပေ။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် မုရုံရီသည် ပွဲကြည့်ရန် လာရောက်သော လူငယ်

တစ်ဦးသာ ဖြစ်ပြီး တကယ့် ထိပ်သီး ပုဂ္ဂိုလ်ကြီးများမှာ ရောက်မလာကြသေးပေ။

ဟောင်ယွဲ့ ထာဝရဂိုဏ်းလည်း ထိုနည်းတူပင် ဖြစ်ပေလိမ့်မည်။ ကောင်းကင် အဆင့် မှော်ရတနာ

ထွက်ပေါ်လာချိန်မှသာ တကယ့် အစွမ်းထက် သိုင်းပညာရှင်များ ပေါ်လာကြမည် ဖြစ်သည်။

ထိုအချိန်ကျလျှင် သွေးချောင်းစီးသော တိုက်ပွဲများ ဖြစ်ပေါ်လာပေလိမ့်မည်။

"ကျုပ်က စီးပွားရေးသမား တစ်ယောက်ပါ။ ဘယ် ကောင်းကင် အဆင့် မှော်ရတနာကိုမှ

စိတ်မဝင်စားပါဘူး။"

လီယွဲ့ ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ ဆော့ဖ်ဝဲလ် အကူအညီ ပါရှိသော ဝင်စားသူ တစ်ဦး

အနေဖြင့် သူက မှော်ရတနာကို အဘယ်ကြောင့် လိုအပ်မည်နည်း။

အင်း... တာဝန် ပြီးမြောက်တဲ့ ဆုလာဘ်...

သူက စနစ်၏ နေရာလွတ် အတွင်းသို့ ဝင်ရောက်ကာ စစ်ဆေးကြည့်လိုက်သည်။ နယ်မြေ နေရာလွတ်၏

အတိုင်းအတာမှာ စတုရန်း မီတာ ဆယ်မီတာခန့် ထပ်မံ ကျယ်ဝန်းလာပြန်သည်။

အမြင့် တစ်မီတာ၊ အကျယ် မီတာဝက်ခန့် ရှိသော စက်တစ်လုံး...

လီယွဲ့မှာ ၎င်းနှင့် အလွန် ရင်းနှီးနေလေသည်။ ယခင် အလယ်တန်းနှင့် အထက်တန်း

ကျောင်းသား ဘဝက ကျောင်းဂိတ်ဝ အနီးရှိ စတိုးဆိုင်များနှင့်

ဂိမ်းဆိုင်များ အားလုံးတွင် ဤစက်မျိုး ရှိတတ်ကြသည်။

ဂိမ်းစက် တစ်လုံး...

ရွှေပြား တစ်ပြားလျှင် အကြွေစေ့ တစ်စေ့၊ အကြွေစေ့ တစ်စေ့လျှင် အမှတ် တစ်မှတ်...

ယခင်ဘဝမှ ဂိမ်းစက်များနှင့် မတူဘဲ ဤစက်မှာ တစ်ကြိမ်လျှင် အမှတ် ၁၀၀ သာ

ထည့်သွင်းနိုင်သည်။ အမှတ် သုည ရောက်သွားချိန်မှသာ

ပြန်လည် ထည့်သွင်းနိုင်မည် ဖြစ်သည်။

၎င်းမှာ အဆင့်ကျော်ဖြတ်သော ကစားနည်းနှင့် ဆင်တူသည်။

အမှတ် ၁၀၀ မှာ အစမှတ် ဖြစ်သည်။

အမှတ် ၁,၀၀၀ ပြည့်ပါက အဝါရောင် အဆင့် ကျင့်စဉ် တစ်ခု၊ သိုင်းပညာ တစ်ခု သို့မဟုတ်

မှော်ရတနာ တစ်ခုဖြင့် လဲလှယ်နိုင်သည်။

အမှတ် ၅,၀၀၀ ပြည့်ပါက လျှို့ဝှက် အဆင့် ကျင့်စဉ်၊ သိုင်းပညာ သို့မဟုတ်

မှော်ရတနာများဖြင့် လဲလှယ်နိုင်သည်။

အမှတ် ၁၀,၀၀၀ ဆိုလျှင် ကမ္ဘာမြေ အဆင့်... အမှတ် ၁၀၀,၀၀၀ ဆိုလျှင် ကောင်းကင်

အဆင့်... လီယွဲ့မှာ အံ့အားသင့်သွားသည်။

ကောင်းကင် အဆင့် ပစ္စည်းများကိုပင် လဲလှယ်နိုင်သည် ဟုတ်လား။ ဖုန်းမင်တောင်မှာ

သွားပြီး လုနေဖို့ ဘာလိုတော့မှာလဲ။ လက်နက်တွေ လောင်းပြီး တိုက်ခိုက်ရတာ

အရမ်း အန္တရာယ် များတယ်။

သို့သော် တစ်ကြိမ်လျှင် အမှတ် ၁၀၀ သာ ထည့်နိုင်ပြီး အမှတ် သုည ရောက်မှသာ

ထပ်ထည့်နိုင်မည် ဆိုပါက အမှတ် ၁၀၀ မှ အမှတ် ၁၀၀,၀၀၀ သို့

ရောက်ရှိရန်မှာ အခြေခံ အမှတ် ၁၀၀ တွင်သာ အမြဲတမ်း ရှိနေမည် ဖြစ်သည်။

‘’အဲဒါက... နည်းနည်းတော့ ရယ်စရာ ကောင်းနေသလိုပဲ...’’

"စနစ်... စက်ဘယ်နှလုံး ရှိတာလဲ။"

အကယ်၍ တစ်လုံးတည်းသာ ရှိပါက အလောင်းမဝင်ပေ။ တစ်ယောက်တည်းက နေရာယူထားမည် ဖြစ်ပြီး

ကျန်သော သူများက ကြည့်နေရုံသာ ရှိမည် ဖြစ်သည်။

‘’ဆယ်လုံးပါ’’

ထိုအရေအတွက်ကတော့ အဆင်ပြေသည်။ သိပ်မများသလို သိပ်လည်း မနည်းပေ။ အရမ်း

များလွန်းပါကလည်း နေရာ အများကြီး ယူသွားမည် ဖြစ်သည်။

ဒုတိယ အရာမှာ အလင်းလုံး တစ်လုံး ဖြစ်သည်။

"ဒါက ဘာလဲ..."

စနစ်က ဖြေကြားလာသည်။ “ဂိမ်း စိန်ခေါ်မှု ပါ။”

"ဂိမ်း..."

“ဟုတ်ပါတယ်။ ဒီအလင်းလုံးက ဂိမ်း နေရာလွတ် တစ်ခုကို ဝင်ရောက်ဖို့ တံခါးပေါက်

တစ်ခုပါ။ ဝင်ရောက်တဲ့ သူတိုင်းက သီးသန့် နေရာလွတ် တစ်ခုစီကို

ရရှိမှာ ဖြစ်ပါတယ်။”

လီယွဲ့က အလင်းလုံးကို ဆုပ်ကိုင်လိုက်သည်။

နောက်တစ်ခဏတွင်...

"ဒါ... ဒါက... ရေဆိုးမြောင်းလား..."

စူပါမာရီယို...

‘’ဘုရားရေ... စနစ်က တကယ်ကို ပျော်တတ်တာပဲ။’’

အဆင့် တစ်ဆင့်ကို ကျော်ဖြတ်တိုင်း ဆုလာဘ်များ ရရှိမည် ဖြစ်ပြီး အဆင့် မြင့်လေလေ

ဆုလာဘ် ကြီးမားလေလေ ဖြစ်သည်။

မင်းသမီးကို အောင်မြင်စွာ ကယ်တင်နိုင်ပါက အထူး ဆုကြီး တစ်ခုကိုပင် ရရှိမည် ဖြစ်သည်။

အထူး ကျင့်ကြံခြင်း ကိုယ်ရည်ကိုယ်သွေး - သောင်းကျန်းသူ တိုက်ပွဲဝင် သန့်စင်သော

ကိုယ်ရည်ကိုယ်သွေး...

မိုက်တယ်ဟေ့...

ဤကဲ့သို့သော ဆုလာဘ်မျိုးက ကျင့်ကြံသူများ အတွက် မည်မျှ ကြီးမားကြောင်း သံသယ ဝင်စရာ

မလိုပေ။

တူညီသော နယ်ပယ် အဆင့်တွင် အထူး ကိုယ်ရည်ကိုယ်သွေး ပိုင်ဆိုင်ထားသော ကျင့်ကြံသူ

တစ်ဦးသည် သာမန် ကျင့်ကြံသူများကို လွယ်ကူစွာ ဖိနှိပ် အနိုင်ယူနိုင်ပေသည်။

အခန်း (၁၄) - မီးခြစ်ဆံများ

ဂိမ်း စိန်ခေါ်မှု နေရာလွတ် အတွင်းသို့ ဝင်ရောက်ရန် လိုအပ်ချက်မှာ တစ်ကြိမ်လျှင်

ရွှေပြား တစ်ရာ ဖြစ်သည်။

ထို့အပြင် ဝင်ရောက်လာသော မည်သည့် ကျင့်ကြံသူ မဆို ၎င်းတို့၏ စိတ်ဝိညာဉ်

စွမ်းအားများ ဖိနှိပ်ခံရမည် ဖြစ်သည်။ တစ်နည်းအားဖြင့်

အပြင်ဘက်တွင် မည်မျှပင် အစွမ်းထက်နေစေကာမူ ဂိမ်း နေရာလွတ် အတွင်းသို့

ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သာမန် လူသား တစ်ဦး ဖြစ်သွားမည် ဖြစ်သည်။

ဤတာဝန် အတွက် ချီးမြှင့်သော စီးပွားရေး လုပ်ငန်း ဆုလာဘ်များမှာ နှစ်ခု ဖြစ်နေလေသည်။

လီယွဲ့မှာ အနည်းငယ် အံ့အားသင့်သွားသည်။

‘’ဖုန်းမင်တောင်က ကောင်းကင် အဆင့် မှော်ရတနာကြောင့်များလား။ ဒီရတနာက လူအများကြီးကို

ဆွဲဆောင်နိုင်မယ် ဆိုတာကို စနစ်က သိနေတာလား... တော်တော်ကို ကောက်ကျစ်တဲ့ စနစ်ပဲ။’’

ခြံဝင်း အတွင်း၌။

ချွီဟယ်က ရှေ့တွင် လူတစ်စု စုရုံးနေသည်ကို မြင်သောအခါ စပ်စုချင်စိတ်ဖြင့်

လျှောက်သွားလိုက်သည်။

ရှီလုံယန်နှင့် အခြားသူများမှာ လန့်ဖျပ်သွားကြသည်။ ဤသူမှာ ထာဝရဂိုဏ်း၏ သန့်စင်သော

သားတော် ဖြစ်ပြီး အဆင့်အတန်း မြင့်မားကာ ဩဇာအာဏာ ကြီးမားသော ပုဂ္ဂိုလ် ဖြစ်သည်။

"ခင်ဗျားတို့ အားလုံး ဘာလုပ်နေကြတာလဲ။"

"ဒါက ဆိုင်ရှင် ဖွင့်လှစ်ထားတဲ့ ဖျော်ဖြေရေး အစီအစဉ် တစ်ခုပါ။ ရွှေဥ ခွဲတာ လို့

ခေါ်ပါတယ်။ ရွှေဥကို ခွဲလိုက်တာနဲ့ ဆုလာဘ် တချို့ ရဖို့ အခွင့်အရေး

ရှိပါတယ်။"

စကားပြောနေသူမှာ ရှီယုံ ဖြစ်သည်။ သူသည် ထာဝရဂိုဏ်း၏ သန့်စင်သော သားတော်ကို

ရင်ဆိုင်ရချိန်တွင် စိုးရိမ် ထိတ်လန့်နေသော်လည်း ဆိုင်ရှင်နှင့်

နှိုင်းယှဉ်ပါက ဆိုင်ရှင်ကို ပို၍ပင် ရိုသေ လေးစားမိသည်။ ဆိုင်ရှင် ရှိနေသရွေ့

ဤခြံဝင်း အတွင်းသို့ ဝင်ရောက်လာသူ မည်သူမျှ ပြဿနာ လာရှာရဲမည် မဟုတ်ဟု သူ

ယုံကြည်ထားသည်။

"သြော်... ဘယ်လို ဆုလာဘ်မျိုးတွေလဲ။"

"အဝါရောင် အဆင့် မှော်ရတနာတွေ၊ ကျင့်စဉ်တွေ၊ သိုင်းပညာတွေနဲ့ တခြား စိတ်ဝင်စားစရာ

ကောင်းတဲ့ အရာတွေပေါ့..."

ချွီဟယ်၏ ဘေးမှ ပိန်လှီသော လူတစ်ဦးက ထိုစကားကို ကြားသောအခါ လှောင်ပြောင်လိုက်သည်။

"အဝါရောင် အဆင့် ကျင့်စဉ်တွေ ဟုတ်လား... ငါတို့ ဟောင်ယွဲ့ ထာဝရဂိုဏ်းက သာမန်

တပည့်တွေတောင် အဲဒါတွေကို ကျင့်ကြံဖို့ စိတ်မဝင်စားကြဘူး။"

ရှီယုံက နှုတ်ခမ်းမဲ့လိုက်ပြီး စကား ဆက်မပြောတော့ပေ။

ထိုအခိုက်အတန့်တွင် ကြက်ဥခွံ ကွဲအက်သွားသည့် ကြည်လင်သော အသံတစ်ခု

ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် ရွှေရောင်

အလင်းတန်း တစ်ခု လင်းလက်သွားလေသည်။

၎င်းက လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွား၏။

"ရွှေရောင် ထွက်လာပြီဟေ့။ ညီအစ်ကိုဝူ... ဘာရတနာကို ခွဲရလိုက်တာလဲ။"

ဝူဆန်းထုန်က ဦးညွှတ်လိုက်ပြီး ကြက်ဥခွံ အတွင်းမှ တစ်စုံတစ်ရာကို နှိုက်ယူလိုက်သည်။

၎င်းမှာ သေတ္တာငယ် တစ်လုံး ဖြစ်သည်။

"ဒါက ဘာလဲ..."

"ကြည့်ရတာ သာမန်ပါပဲ... ဘယ်လို ရတနာမျိုးနဲ့မှ မတူပါဘူး။"

"ဆိုင်ရှင်ကို သွားမေးကြည့်ရအောင်လား။"

ထိုအချိန်တွင် လီယွဲ့က လျှောက်လာလေသည်။ ဝူဆန်းထုန်က သူ၏ လက်ထဲရှိ ပစ္စည်းကို

ရိုသေစွာ ကမ်းပေးလိုက်သည်။ "ဆိုင်ရှင်... ခုနက ရွှေဥကို ခွဲလိုက်တဲ့

အချိန်မှာ ရွှေရောင် အလင်းတန်း လင်းသွားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ထဲက ဘယ်သူမှ

အတွင်းက ရတနာကို မသိကြဘူး ဖြစ်နေတယ်။"

လီယွဲ့က ၎င်းကို ယူ၍ ကြည့်လိုက်သည်။

‘’ဒါက မီးခြစ်ဆံ ဘူးလေး တစ်ဘူး မဟုတ်ဘူးလား။’’

သူက ဖွင့်ကြည့်လိုက်ရာ အတွင်း၌ မီးခြစ်ဆံ တစ်ချောင်းတည်းသာ ရှိနေလေသည်။

သူက စနစ်ကို မေးမြန်းကြည့်ရာ ဤမီးခြစ်ဆံသည် အရေးကြီးသော အချိန်၌ မီးညှိလိုက်ပါက

လူတစ်ဦး၏ အသက်ကို ကယ်တင်နိုင်ကြောင်း အဖြေရရှိခဲ့သည်။

‘’မီးခြစ်ဆံ တစ်ချောင်းက အသက် တစ်ချောင်းကို ကယ်တင်နိုင်တယ် ဟုတ်လား... တော်တော်ကို

ထူးဆန်းတဲ့ ဆုလာဘ်ပဲ။’’

လီယွဲ့က ဆက်၍ မမေးတော့ပေ။ စနစ်တွင် ၎င်း၏ အကြောင်းပြချက်များ ရှိနေမည်သာ ဖြစ်သည်။

သူက မီးခြစ်ဆံဘူးကို ဝူဆန်းထုန်ထံသို့ ပြန်ပစ်ပေးလိုက်သည်။

"လုံခြုံအောင် သိမ်းထားလိုက်။ ဒီအရာက အရေးကြီးတဲ့ အချိန်ကျရင် ခင်ဗျားရဲ့ အသက်ကို

ကယ်တင်ပေးနိုင်လိမ့်မယ်..."

ထိုစကားကို ကြားသောအခါ ဝူဆန်းထုန်၏ ကိုယ်လုံးမှာ တုန်ခါသွားပြီး သူက

မီးခြစ်ဆံဘူးကို သူ၏ သိုလှောင်အိတ် အတွင်းသို့

အလျင်အမြန် ထည့်လိုက်လေသည်။

ဘေးဘက်တွင် ရှိနေသော ချွီဟယ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။ လီယွဲ့

ထွက်သွားပြီးနောက် သူက ရှေ့သို့ တိုးလာခဲ့သည်။

"ခုနက ရတနာကို ကျုပ်ကို တစ်ချက်လောက် ပြပေးလို့ ရမလား။"

ဝူဆန်းထုန်က အလိုအလျောက်ပင် ခြေအနည်းငယ် နောက်ဆုတ်လိုက်သည်။ "ခင်ဗျား..."

"စိတ်ချပါ... ကျုပ်က စပ်စုချင်ရုံ သက်သက်ပါ။"

ဤနေရာမှာ ဆိုင်ရှင်၏ နေရာ ဖြစ်သဖြင့် သူတို့သည် ရမ်းကားစွာ မလုပ်ရဲကြပေ။ ထိုသို့

တွေးမိသောအခါ ဝူဆန်းထုန်က မီးခြစ်ဆံဘူးကို ထုတ်ပေးလိုက်သည်။

ချွီဟယ်က ၎င်းကို ယူကာ သူ၏ လက်ဖဝါးပေါ်တွင် တင်၍ စစ်ဆေးကြည့်လိုက်သည်။ စိတ်ဝိညာဉ်

စွမ်းအား အငွေ့အသက် မရှိပေ။ အလွန် သာမန် အရာလေး တစ်ခုသာ ဖြစ်သည်။ ၎င်းက

ထိုစီနီယာ ပြောသလိုမျိုး အရေးကြီးသော အချိန်၌ အသက်ကို တကယ်ပဲ

ကယ်တင်နိုင်မည်လား။

ခေတ္တမျှ စဉ်းစားပြီးနောက် သူက ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။

"ခင်ဗျား... ဒီပစ္စည်းကို ကျုပ် ဝယ်ချင်ပါတယ်။"

ဝူဆန်းထုန်မှာ မှင်တက်သွား၏။

"ဝယ်ချင်တယ် ဟုတ်လား..."

"ဟုတ်တယ်။ စျေးသာ ခေါ်လိုက်..."

ဝူဆန်းထုန်သည် ချွီဟယ်က နောက်ပြောင်နေခြင်း မဟုတ်ကြောင်း မြင်တွေ့ရပြီး ဆိုင်ရှင်၏

စကားများကိုလည်း သူ သဘာဝကျကျပင် ယုံကြည်ထားလေသည်။

သို့သော်လည်း ဤသူမှာ ထာဝရဂိုဏ်း၏ သန့်စင်သော သားတော် ဖြစ်သည်။ သူသည် ဆိုင်အတွင်း၌သာ

ဆိုင်ရှင်၏ အကာအကွယ်ကို ရရှိထားသော်လည်း အပြင်ထွက်သွားပြီးနောက်ပိုင်း မည်သို့

ဖြစ်မည်နည်း။

သေးငယ်သော အာဏာရှင်ဓား ဂိုဏ်းလေးသည် ဟောင်ယွဲ့ ထာဝရဂိုဏ်း၏ မျက်လုံးထဲတွင်

ပုရွက်ဆိတ် တစ်ကောင်နှင့် မည်သို့မျှ မကွာခြားလှပေ။

အားနည်းခြင်းသည်သာ မူလ အပြစ်ပင် ဖြစ်သည်။

ဝူဆန်းထုန်က စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။

"သန့်စင်သော သားတော်က စိတ်ဝင်စားနေမှတော့ ကျွန်တော်ကပဲ နှမြောတသစွာနဲ့

လက်လွှတ်ပေးရမှာပေါ့။ စျေးနှုန်းကတော့ သန့်စင်သော

သားတော် သင့်တော်သလိုသာ ပေးပါ။"

ချွီဟယ်က လက်မြှောက်လိုက်ရာ သူ၏ အနောက်မှ လူတစ်ဦးက သိုလှောင်အိတ် တစ်ခုကို

ကမ်းပေးလာသည်။

"ဒါက ရွှေပြား တစ်သိန်းပါ။ ခင်ဗျား ဘယ်လို ထင်လဲ..."

ဝူဆန်းထုန်၏ မျက်လုံးအိမ်များက ကျဉ်းမြောင်းသွား၏။ ရွှေပြား တစ်သိန်း ဆိုသည်မှာ

သူ့ကဲ့သို့သော ဂိုဏ်းငယ်လေး တစ်ခုမှ အကြီးအကဲ တစ်ဦး အတွက် ကြီးမားလှသော

ပိုင်ဆိုင်မှု တစ်ခု ဖြစ်နေလေပြီ။

သူက ဤရတနာကို ရွှေပြား နှစ်ဆယ်သာ အကုန်အကျခံ၍ ခွဲယူထားရသည်ကို တွေးကြည့်လိုက်ပါ။

"လုံလောက်ပါပြီ..."

အရောင်းအဝယ် ပြီးဆုံးသွားရာ ချွီဟယ်က မီးခြစ်ဆံကို သူ၏ သိုလှောင်ကွင်း အတွင်းသို့

ပစ်ထည့်လိုက်သည်။ ဤအရာက တကယ် အလောင်းဝင်ခြင်း ရှိမရှိ သူ မသိသော်လည်း

ဤလျှို့ဝှက်ဆန်းကြယ်သော ဆိုင်ရှင်ကို သူ ယုံကြည်ရန်

ဆုံးဖြတ်ခဲ့သည်။

လီယွဲ့သည် ခြံဝင်း နံရံဆီသို့ လျှောက်လာခဲ့သည်။

မရှုံးနိုင်သော နယ်မြေ နေရာလွတ် အတွင်း၌ ဆိုလျှင် သူက အရာအားလုံးကို

တတ်စွမ်းနိုင်သည် ဆိုသည့် သဘောလား။ ခြံဝင်း

နံရံငယ်လေး တစ်ခုကို ပြင်ဆင်ခြင်းက လုံးဝ ပြဿနာ မရှိသင့်ပေ။

သူ၏ အတွေး ပေါ်လာသည့် အခိုက်အတန့်မှာပင် နံရံတစ်ဝိုက်တွင် ပြုတ်ကျနေသော

အုတ်ခဲများသည် တဖြည်းဖြည်း လွင့်မြောလာပြီး အလိုအလျောက်

ပြန်လည် ပြုပြင်ရန် စတင်လာကြသည်။

သူ၏ အနောက်တွင် ဆူညံသံများကို ကြား၍ ကြည့်နေကြသော လူအုပ်ကြီးမှာ

မှင်တက်သွားကြလေသည်။

‘’ဒါက ဘယ်လို နတ်ဘုရား နည်းစနစ်မျိုးလဲ’’

အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် နံရံသည် မူလ အခြေအနေ အတိုင်း ပြန်လည်

ရောက်ရှိသွားပြီး ပျက်စီးသွားခဲ့သည့် အရိပ်အယောင်လေး

တစ်ခုမျှပင် မကျန်ရစ်ခဲ့ပေ။

လီယွဲ့သည် ဝမ်းသာအားရ ဖြစ်သွား၏။

တကယ် အလုပ်ဖြစ်လေသည်။ စိတ်က တွေးလိုက်ရုံဖြင့် အရာအားလုံးက လိုက်ပါ

လုပ်ဆောင်ပေးသည်။ နယ်မြေ နေရာလွတ် အတွင်း၌ သူသည်

အရာအားလုံးကို တတ်စွမ်းနိုင်ပေသည်။

"ဆိုင်ရှင်..."

"ဟင်..."

နောက်သို့ လှည့်ကြည့်လိုက်သော အခါ ပထမဆုံး တွေ့ဆုံချိန်၌ အလွန် အေးစက်နေခဲ့သော

သန့်စင်သော သားတော်မှာ အေးတိအေးစက် နိုင်မှုများ လုံးဝ မရှိတော့ဘဲ သူ၏

မျက်နှာထားတွင် အံ့အားသင့်မှုများသာ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

"ဘာကိစ္စ ရှိလို့လဲ..."

ချွီဟယ်က စဉ်းစားကာ ပြောလိုက်သည်။

"ဆိုင်ရှင်... ဖုန်းမင်တောင်က ကောင်းကင် အဆင့်မှော်ရတနာနဲ့ ပတ်သက်ပြီးတော့လေ..."

သူ စကားပင် မဆုံးလိုက်သေးခင်မှာပင် လီယွဲ့က လက်ကို ဝှေ့ယမ်းကာ သူ့ကို

တားဆီးလိုက်သည်။

"ကျုပ် စိတ်မဝင်စားဘူး..."

ထိုစကားကို ကြားလိုက်ရသဖြင့် ချွီဟယ်၏ တွဲလောင်း ဖြစ်နေသော ရင်လေးမှာ

အေးချမ်းသွားလေတော့သည်။

"ဆိုင်ရှင်... ကျွန်တော်လည်း ရွှေဥ ခွဲတာကို စမ်းကြည့်ချင်တယ်။"

လီယွဲ့က ပြုံးလိုက်သည်။ "အစီအစဉ် အသစ် တစ်ခု ရှိတယ်။ ခင်ဗျားက အဲဒါကို ပိုပြီး

စိတ်ဝင်စားကောင်း စိတ်ဝင်စားလိမ့်မယ်..."

ထိုသို့ ပြောရင်း သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ခြံဝင်း နံရံနံဘေးတွင် ဂိမ်းစက်

ဆယ်လုံး ထွက်ပေါ်လာလေသည်။ ၎င်းတို့မှာ အတန်းလိုက် သေသပ်စွာ

စီတန်းနေကြသည်။

"ဒါက..."

အရာဝတ္ထု အသစ် တစ်ခု ထွက်ပေါ်လာသည်နှင့် လူတိုင်းက ၎င်းထံသို့ အာရုံစိုက်သွားကြသည်။

ထီဆိုင် အတွင်းမှ မုရုံရီကလည်း အပြေးအလွှား ရောက်လာလေသည်။

"ဒီအရာကို ဂိမ်းစက် လို့ ခေါ်တယ်..."

ထို့နောက် လီယွဲ့က ဂိမ်းစက်၏ ကစားနည်းနှင့် ဆုလာဘ်များကို တစ်ခုချင်းစီ

ရှင်းပြလေတော့သည်။

"က... ကောင်းကင် အဆင့် မှော်ရတနာ ဟုတ်လား..."

ချွီဟယ်မှာ အံ့အားသင့်ကာ မှင်တက်သွား၏။ အကယ်၍ ဤအရာကို ကစားခြင်းဖြင့် ကောင်းကင်

အဆင့် မှော်ရတနာ တစ်ခု ရနိုင်မည့် အခွင့်အရေး ရှိနေလျှင် ဖုန်းမင်တောင်သို့

ဘာသွားလုပ်မည်နည်း။

မုရုံရီ၏ ရင်ထဲတွင်လည်း လက်ရှိ၌ မုန်တိုင်းများ ထန်နေလေပြီ။

လျိုမူချင်းနှင့် အခြားသော အဆင့်နိမ့် ကျင့်ကြံသူများမှာမူ ကြည်လင်သော ကောင်းကင်မှ

မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှူရန်ပင် ခက်ခဲသွားကြသည်။

ကောင်းကင် အဆင့် မှော်ရတနာ ဆိုသည်မှာ သူတို့ အနေဖြင့် အိပ်မက်ပင် မမက်ရဲသော

အရာမျိုး ဖြစ်သည်။

သို့သော်လည်း... ၎င်းက အမှန်လော သို့မဟုတ် အမှားလော။

မည်သို့ပင် ဖြစ်စေ ကောင်းကင်ကြယ်တာရာ တိုက်ကြီး တစ်ခုလုံးတွင် ကောင်းကင် အဆင့်

မှော်ရတနာများမှာ အလွန် ရှားပါးလှပေသည်။ တစ်ခုစီတိုင်းမှာ တန်ဖိုးဖြတ်၍

မရသော ရတနာများ ဖြစ်ကြပြီး တစ်ခုစီတိုင်းက သိုင်းပညာရှင်များကို

ရူးသွပ်သွားစေနိုင်သည်။ ထို့အပြင် ၎င်းတို့

ထွက်ပေါ်လာတိုင်း သွေးချောင်းစီးမှုများ ဖြစ်ပေါ်လာမည်မှာ

သေချာပေါက်ပင် ဖြစ်သည်။

လီယွဲ့က သူတို့ ရင်ထဲရှိ သံသယများကို သဘာဝကျကျပင် သိရှိနေလေသည်။ သူက လက်ကို

ဆန့်ထုတ်လိုက်ရာ ရှည်လျားသော ဓားတစ်လက် ထွက်ပေါ်လာ၏။

သူက ၎င်းကို လက်ချောင်းဖြင့် တစ်ချက် ခေါက်လိုက်ရာ ဟိန်းဟောက်နေသော နဂါးတစ်ကောင်၏

အသံတစ်သံ ထွက်ပေါ်လာလေသည်။

"ဝေါင်း..."

အဆုံးအစ မရှိသော ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ် စွမ်းအင်များ ပေါက်ကွဲထွက်လာ၏။

ချက်ချင်းဆိုသလို ဓားသွားများ အတွင်းမှ ရွှေရောင် နဂါးပုံရိပ် တစ်ခု

ပေါက်ကွဲထွက်လာလေသည်။ သို့သော် ၎င်းမှာ မျက်တောင်တစ်ခတ်မျှသာ

လင်းလက်သွားခြင်း ဖြစ်သည်။ ၎င်းသည် မမြင်နိုင်သော စွမ်းအားတစ်ခု၏ ဖိနှိပ်မှုကို

ချက်ချင်း ခံလိုက်ရလေသည်။

လီယွဲ့က သူ၏ ဆိုင်မှာ လက်ရှိတွင် အထူးသဖြင့် ဤအင်အားကြီး အဖွဲ့အစည်းများမှ

သိုင်းပညာရှင်များ အတွက် ယုံကြည်နိုင်စွမ်း များများစားစား

မရှိကြောင်း သိရှိထားသည်။ ထို့ကြောင့် သူက စနစ်ထံမှ ကောင်းကင် အဆင့်

မှော်ရတနာ တစ်ခုကို အထူးတလည် တောင်းခံကာ ပြသလိုက်ခြင်း ဖြစ်သည်။

လူအုပ်ကြီး၏ အံ့အားသင့်နေသော မျက်နှာထားများကို ကြည့်ခြင်းအားဖြင့် သူ၏

ရည်မှန်းချက် အောင်မြင်သွားကြောင်း သိသာထင်ရှားလှပေသည်။

"ကောင်းကင် အဆင့် မှော်ရတနာ... ဒါ တကယ်ပဲ ကောင်းကင် အဆင့် မှော်ရတနာပဲ..."

"ခုနက ဖြတ်ပြေးသွားတဲ့ ရွှေရောင် နဂါးက တော်တော်ကို အစွမ်းထက်တဲ့ အရှိန်အဝါပဲ။"

"ဒီလို အမြင့်ဆုံး ရတနာမျိုးကို မြင်တွေ့ခွင့် ရလိုက်တဲ့ အတွက် ဒီအဘိုးကြီး

အသက်ရှင်ရတာ တန်သွားပါပြီ..."

ဆိုင်အတွင်းရှိ အရာအားလုံးက စိတ်လှုပ်ရှားမှုများဖြင့် ပွက်ပွက်ဆူနေလေသည်။

ချွီဟယ်နှင့် မုရုံရီတို့မှာမူ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

"ဆိုင်ရှင်... ဒီ ကောင်းကင် အဆင့် မှော်ရတနာကို... ခင်ဗျား... ရောင်းမှာလား..."

လီယွဲ့က ဂိမ်းစက်ကို လက်ညှိုးထိုးပြလိုက်သည်။

"မရောင်းပါဘူး။ ခင်ဗျားတို့က လိုအပ်ချက်တွေနဲ့ ပြည့်မီအောင် ကစားနိုင်မယ် ဆိုရင် ဒီဆုလာဘ်ကို

ရရှိနိုင်ပါတယ်။"

ချွီဟယ်က ပို၍ပင် စိတ်မရှည် ဖြစ်လာသည်။

"ဆိုင်ရှင်... ကျွန်တော် အရင်ဆုံး အမှတ်သွားလဲလိုက်ဦးမယ်။"

"ကျွန်တော်လည်း လဲချင်တယ်။"

"ကျွန်တော်လည်းပဲ..."

ရွှေပြားများကို အမှတ်ဖြင့် လဲလှယ်ရသည်မှာ အလွန် ရိုးရှင်းလှသည်။ ရွှေပြားများကို

စက်ဘေးရှိ အပေါက်ထဲသို့ ထည့်လိုက်ရုံဖြင့် အသက်ရှူကြိမ် တစ်ကြိမ် အကြာတွင်

ရွှေပြားများ ပျောက်ကွယ်သွားပြီး ညာဘက် အပေါ်ထောင့်တွင် အမှတ်များ

ပေါ်လာမည် ဖြစ်သည်။ ၎င်းမှာ အလွန် အလောင်းပြုရ လွယ်ကူပြီး

ရိုးရှင်းလှပေသည်။

လီယွဲ့က ထပ်မံ၍ လက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် လွင့်မြောနေသော ကတ်ပြားငယ်များ

ထွက်ပေါ်လာလေသည်။

"ဒီကတ်ပြားက လူတစ်ယောက်စီတိုင်းနဲ့ ချိတ်ဆက်ထားမှာပါ။ စက်ကို စတင်တဲ့ အခါမှာ ကတ်ကို

ပွတ်လိုက်ပါ။ ကစားလို့ ပြီးသွားတဲ့ အခါကျရင်လည်း နောက်တစ်ကြိမ် ထပ်ပွတ်လိုက်ပါ။

တကယ်လို့ ခင်ဗျားတို့က ကြားထဲမှာ ရပ်သွားတာပဲ ဖြစ်ဖြစ်၊ နောက်နေ့မှ

ဆက်ကစားတာပဲ ဖြစ်ဖြစ်... အရင်က ရထားတဲ့ အမှတ်တွေကို နောက်တစ်ကြိမ်

အတွက် သိမ်းဆည်းပေးထားပါလိမ့်မယ်..."

၎င်းမှာ ဂိမ်းမှတ်တမ်း သိမ်းဆည်းခြင်းနှင့် ညီမျှသည်။ မည်သို့ပင်ဖြစ်စေ ဆိုင်က

ပိတ်တော့မည် ဖြစ်ရာ ဖောက်သည် တစ်ဦး၏ အမှတ်က ထောင်ဂဏန်း အထိ ရောက်ရှိနေပါက

၎င်းကို ရှင်းလင်းပစ်ပြီး နောက်နေ့တွင် အသစ်က ပြန်လည် စတင်ခိုင်းရန်

မဖြစ်နိုင်ပေ။

ဂိမ်းစက်များသည် တရားဝင် စတင် လည်ပတ်နေပြီ ဖြစ်သည်။

လူတိုင်းမှာ စိတ်မရှည်နိုင်အောင် ဖြစ်နေကြလေပြီ။ စက်ဆယ်လုံးစလုံးမှာ ချက်ချင်း

ပြည့်သွားလေတော့သည်။

All Chapters