အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အခန်း (၁၅) – ဂိမ်းစက်ကြောင့် ရူးသွပ်နေသော ကစားသမားများ
ဂိမ်းစက်များ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခြစ်ကတ်များနှင့် ရွှေဥများကို မည်သူမျှ
စိတ်မဝင်စားတော့ပေ။ ထိုနေရာ နှစ်ခုတွင် လူတစ်ယောက်မျှပင် မကျန်တော့ချေ။
ဂိမ်းစက် ဆယ်လုံးသာ ရှိသော်လည်း ၎င်းတို့၏ ပတ်လည်တွင် ကြည့်ရှုနေသော လူအုပ်ကြီးက
ပြည့်နှက်နေလေသည်။
"ဖရဲသီး... ကျပြီဟေ့..."
"ဟားဟားဟား... နောက်ထပ် အမှတ် လောင်းဆယ်..."
"ကြယ်နှစ်လုံး... ကြယ်နှစ်လုံး ဟေ့..."
"နှမြောစရာပဲ... နည်းနည်းလေး လွဲသွားတယ်။"
ခြံဝင်းမှာ မယုံနိုင်လောက်အောင် စည်ကားနေပြီး ဖောက်သည်များသည် တစ်စက္ကန့်ထက်
တစ်စက္ကန့် ပို၍ စိတ်လှုပ်ရှားလာကြသည်။
လီယွဲ့က ခေါင်းခါလိုက်သည်။
‘’ကောင်းကင် အဆင့် မှော်ရတနာကို ဒီလောက် လွယ်လွယ်နဲ့ ရပါ့မလား။ အမှတ် ၁၀၀ လောင်း ဩ/၉၉ပြီး
အမှတ် ၁၀၀,၀၀၀ ပြန်ရဖို့ ဆိုတာက... ထီပေါက်သလိုပဲ ကံစမ်းရမှာလေ။ အဲဒါက အိပ်မက်
မက်နေတာနဲ့ ဘာမှ မကွာဘူး။ သူတို့တွေ အကုန်လုံးက အလှီးခံဖို့ စောင့်နေတဲ့
ကြက်သွန်မြိတ်လေးတွေပဲ...’’
အနည်းဆုံးတော့ ခြစ်ကတ်များနှင့် ရွှေဥ ခွဲခြင်းများတွင် ဆုလာဘ် အချို့ ရှိသေးသည်။
အနည်းဆုံး ဆုသေးလေးများတော့ ရှိပေသည်။ သို့သော် ဂိမ်းစက်များမှာမူ... အမှတ်
၁,၀၀၀ ရောက်ရန် အဆင်ပြေနိုင်သော်လည်း ထိုမှတဆင့် ၅,၀၀၀ သို့ ရောက်ရန်မှာ
အလွန် ခက်ခဲပေလိမ့်မည်။ ထို့ထက် ပို၍ မြင့်လေလေ ပို၍ ခက်ခဲလေလေ
ဖြစ်မည်သာ။
လီယွဲ့သည် သူ့ဘာသာသူ ခေါက်ဆွဲ တစ်ပန်းကန် ချက်စားလိုက်ပြီးနောက် အနားယူရန်
အပေါ်ထပ်သို့ ပြန်တက်သွားလေသည်။
မြွေစိမ်းလေးသည် တိတ်ဆိတ်မှုကို အထူး နှစ်သက်ပုံ ရပြီး သိပ်၍ လှုပ်ရှားသွားလာခြင်း
မရှိပေ။ ၎င်းသည် နေ့စဉ် အချိန် အများစုကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးလေ့ ရှိပြီး
ကျန်အချိန်များတွင်မူ မြွေတစ်ကောင်၏ ဘဝကို တွေးတောနေသကဲ့သို့ ငေးမောနေတတ်သည်။
ခြံဝင်း အတွင်း၌။
ခေတ္တမျှ အနားယူပြီးနောက် ခြံဝင်း အပြင်ဘက်သို့ လူများ ထပ်မံ ရောက်ရှိလာကြသည်။
အရေအတွက် အတော်များများ ဖြစ်ပြီး အားလုံးမှာ ချင်းပြည်နယ် တစ်ဝိုက်ရှိ
ဂိုဏ်းအဖွဲ့အစည်းများမှ ဖြစ်ကြသည်။
ဦးဆောင်လာသူများမှာ သံလက်ဝါး ဂိုဏ်းမှ ဂိုဏ်းချုပ် ဝမ်ချန်း၊ လမင်းရေကန် စံအိမ်မှ
စံအိမ်သခင် တွမ်ဖုန်း နှင့် သဲနွံ ဂိုဏ်းမှ ဂိုဏ်းချုပ် ယန်ကျင်း တို့
ဖြစ်ကြသည်။
"ဂိုဏ်းချုပ်လော့..."
လော့ဟုန်မြန်သည် ယခုလေးတင်မှ လျိုမူချင်း၏ နေရာကို အစားထိုး ဝင်ယူထားခြင်း ဖြစ်သည်။
သူမက အဝင်ဝသို့ တစ်ချက်သာ ကြည့်လိုက်ပြီးနောက် လောင်းကြေး ထပ်ရန် အလျင်အမြန်
လှည့်သွားလေသည်။
ယန်ကျင်းနှင့် အခြား နှစ်ဦးမှာ မှင်တက်သွားကြသည်။
"ဒီနေရာက ဘာနေရာလဲ။ ဘာလို့ ဒီလောက် လူတွေ အများကြီး ရှိနေရတာလဲ။"
"သူတို့ ဘာတွေ ကစားနေကြတာလဲ။"
"သြော်... အကြီးအကဲဝူ... ခင်ဗျားလည်း ဒီမှာ ရှိနေတာကိုး။ ဂိုဏ်းချုပ်ဖန် ရော
ပါသေးလား။"
ဝူဆန်းထုန်က ဝမ်းနည်းပက်လက်ဖြင့် အော်ဟစ်နေသည်။ "ဖရဲသီး ထပ်ကျပြန်ပြီ... ဘာလို့
ဖရဲသီးပဲ ထပ်ကျနေရတာလဲ..."
တစ်စုံတစ်ယောက်က သူ့ကို ခေါ်လိုက်သည်ကို ကြားသောအခါ သူက နောက်သို့
လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဂိုဏ်းချုပ်
လောင်းယောက်ကိုး... ကျုပ်ရဲ့ ဂိုဏ်းချုပ်က တံခါးပိတ် ကျင့်ကြံနေလို့ ကျုပ်နဲ့ အတူ
မပါလာဘူး..."
သူက ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်ပြီး သူ၏ အကြည့်များကို ဂိမ်းစက်ထံသို့
ချက်ချင်း ပြန်ပို့လိုက်လေသည်။
"ဘာတွေ ဖြစ်နေတာလဲ။ အားလုံး ဘာတွေ လုပ်နေကြတာလဲ။"
သူတို့ လောင်းဦးက ရှေ့သို့ တိုးသွားလိုက်ကြသည်။
ရုတ်တရက် သူတို့၏ ဘေးမှ ကျယ်လောင်သော ဟောက်သံ တစ်သံ ထွက်ပေါ်လာသည်။
"နောက်ဆုံးတော့ အမှတ် ရှစ်ရာ ရပြီဟေ့... တော်တော် မလွယ်ပါလား..."
မုရုံရီ၏ အသားအရည်မှာ မူလကတည်းက ဖြူဖွေးသော်လည်း စိတ်လှုပ်ရှားမှုကြောင့် သူ၏
ပါးပြင် နှစ်ဖက်မှာ နီရဲနေလေပြီ။
ဂိမ်းစက်သည် မှော်ဆန်သော စွမ်းအားတစ်ခု ရှိနေသကဲ့သို့ပင်။ အမှတ်များ တက်လာလိုက်
ကျသွားလိုက် ဖြစ်နေမှုက သူ၏ နှလုံးသားကို အတက်အကျ ဖြစ်စေပြီး အလွန်
ရင်ခုန်စရာ ကောင်းလှပေသည်။
အမှတ် တစ်ထောင်ဖြင့် အဝါရောင် အဆင့် မှော်ရတနာများ၊ ကျင့်စဉ်များ သို့မဟုတ်
သိုင်းပညာများကို လဲလှယ်နိုင်သော်လည်း မုရုံရီက ထိုအရာများကို
အထင်မကြီးပေ။ သူ၏ ပန်းတိုင်မှာ ကောင်းကင် အဆင့် မှော်ရတနာ သာလျှင်
ဖြစ်သည်။
"နောက်တစ်ခါ လာထား..."
သူက လောင်းကြေးများကို အလျင်အမြန် ထပ်လိုက်သည်။ ညှို့ငင်နိုင်သော အသံ တစ်သံနှင့်
အတူ ဂိမ်းစက် ဖန်သားပြင်ပေါ်ရှိ အလင်းစက်လေးမှာ စတင် လည်ပတ်လာပြီး စက္ကန့်
အနည်းငယ် အကြာတွင် ရပ်တန့်သွားသည်။
ညာဘက် အပေါ်ထောင့်ရှိ အမှတ်မှာ ထပ်မံ ပြောင်းလဲသွား၏။ ရှစ်ရာ့ ကိုးဆယ် မှတ်။ ထပ်မံ၍
တက်လာပြန်သည်။
မုရုံရီက စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်လိုက်သည်။ "ထပ်ကျပြန်ပြီ...
ဆက်ကစားမယ်..."
သူ၏ ကစားဟန်မှာ တည်ငြိမ်ပြီး သတိထားတတ်သည်။ သူက တစ်ကြိမ်လျှင် အမျိုးအစား နှစ်ခု
သို့မဟုတ် လောင်းခုကိုသာ လောင်းလေ့ ရှိပြီး နှစ်ကြိမ် လောင်းကြိမ်
ကစားပြီးတိုင်း လောင်းကြေးများကို ပြောင်းလဲလေ့ ရှိသည်။
သူ၏ ဘေးမှ ချွီဟယ်မှာမူ ကွဲပြားလေသည်။ ဤအချိန်တွင် သူသည် ချွေးများဖြင့်
ရွှဲနစ်နေလေပြီ။
အကြိမ်တိုင်းတွင် သူသည် သူ၏ အခြေခံ အမှတ် တစ်ရာလုံးကို အမျိုးအစား တစ်ခုတည်း
အပေါ်တွင်သာ လောင်းကြေး ထပ်လေ့ ရှိသည်။ အကြောင်းမှာ ထိုသို့ လုပ်မှသာ
အနိုင်ရရှိပါက အမှတ် အများဆုံး ရရှိနိုင်မည် ဖြစ်သောကြောင့်ပင်။ လောင်းကြေးများကို
ခွဲပြီး လောင်းနေပါက ဘယ်သောအခါမှ ကောင်းကင် အဆင့် မှော်ရတနာကို ရရှိနိုင်မည်
မဟုတ်ပေ။
ဤ အကုန်အစင် လောင်းကြေး ထပ်သော နည်းလမ်းကသာ မျှော်လင့်ချက် ရှိလေသည်။
သို့သော်လည်း အရာရာက စီစဉ်ထားသည့် အတိုင်း ဖြစ်မလာခဲ့ပေ။ ဤနည်းလမ်းက လုံးဝ
အလုပ်မဖြစ်ပေ။
‘’အရမ်း ခက်တယ်... တကယ်ကို အရမ်း ခက်လွန်းတယ်။ ဆိုင်ရှင်မှာ ကောင်းကင် အဆင့်
မှော်ရတနာတွေ ရှိနေတာ သေချာတယ်။ သူက တိုက်ရိုက် ရောင်းလိုက်လို့
ရတာပဲ။ ငါ့ရဲ့ ဟောင်ယွဲ့ ထာဝရဂိုဏ်းက ပိုက်ဆံ မရှားပါဘူး။ ဘာလို့ ဒီလို
ညှဉ်းပန်းနှိပ်စက်တဲ့ နည်းလမ်းကို လောင်းရတာလဲ။’’
"လော့..."
"ငါ့ကို လာမနှောင့်ယှက်နဲ့... ထွက်သွားစမ်း..."
ယန်ကျင်း၏ မျက်နှာက မည်းမှောင်သွား၏။
ချင်းပြည်နယ် အတွင်းရှိ ဂိုဏ်းများ အနေဖြင့် အဖွဲ့အစည်း အသီးသီးသည်
ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးများ
တည်ဆောက်ထားကြပြီး အတော်လေး အဆင်ပြေကြသည်။
ထို့အပြင် လော့ဟုန်မြန်မှာ ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့သော
စရိုက် ရှိသူ ဖြစ်သည်။ သူမက ယနေ့မှ အဘယ်ကြောင့် ဤသို့ ပြုမူနေရသနည်း။
သူသည် ဒေါသ အနည်းငယ် ထွက်သွားပြီး ကောင်းကင်သို့ မော့ကာ အော်ဟစ်လိုက်သည်။ "ဒါက
ဘယ်သူ့ အိမ်တော်လဲ။ ဒီဂိုဏ်းချုပ်က..."
သူ စကားပင် မဆုံးလိုက်သေးခင်မှာပင် ဘေးဘက်မှ လူတစ်ဦးက ပြေးထွက်လာပြီး သူ၏ ကော်လာကို
ဆွဲမလိုက်လေသည်။
"မင်း ထပ်ပြီး အော်ဟစ်ပြီးတော့ ငါတို့ရဲ့ သန့်စင်သော သားတော် ဂိမ်းစက် ကစားနေတာကို
အနှောင့်အယှက် ပေးမယ် ဆိုရင် မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်..."
ယန်ကျင်းနှင့် အခြား နှစ်ဦး၏ ရင်ထဲတွင် ကြောက်ရွံ့မှုများဖြင့် တုန်ခါသွားကြလေသည်။
‘’ဒီလူက ဆဋ္ဌမအဆင့် အမြုတေ တည်ဆောက်ခြင်း နယ်ပယ်မှာ ရှိနေတယ်...’’
ဤကဲ့သို့သော ခေါင်ဖျားသည့် နေရာမျိုးတွင် အမြုတေ တည်ဆောက်ခြင်း နယ်ပယ်မှ ကျင့်ကြံသူ
တစ်ဦး မည်သို့ ရှိနေနိုင်မည်နည်း။
"သ... သခင်... ကျွန်တော်တို့ မရဲပါဘူး..."
ထိုလူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "ဒီနေရာသာ ဆိုင်ရှင်ရဲ့ နယ်မြေ
မဟုတ်လို့ကတော့ မင်းက အပြင်ဘက်မှာ အလောင်း တစ်လောင်း
ဖြစ်နေလောက်ပြီ..."
သူက ယန်ကျင်းကို အမှိုက် တစ်စလို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး သူ၏ အကြည့်များကို
ချွီဟယ်၏ ရှေ့ရှိ ဂိမ်းစက်ထံသို့ ပြန်ပို့လိုက်လေသည်။
‘’ဒီအရာကို ကြည့်လေလေ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလေလေပဲ။ ငါတောင် လက်ယားလာပြီ...’’
"အမှတ် တစ်ထောင်... အဖေ... အဖေ တော်တယ်..." ရှီဖျင်ယန်၏ အားပေးသံများက အနီးအနားမှ
ထွက်ပေါ်လာသည်။
ရှီလုံယန်မှာမူ တည်ငြိမ်အေးဆေးစွာ ရှိနေသည်။
သူသည် အမှတ် တစ်ထောင် ရရှိရန် ရွှေပြား ငါးရာသာ အလောင်းပြုခဲ့ရသည်။
"အမှတ် တစ်ထောင်တည်း ရှိပါသေးတယ်။ အေးအေးဆေးဆေး နေပါ။ ငါတို့ရဲ့ ပန်းတိုင်က
အနည်းဆုံးတော့ ကမ္ဘာမြေ အဆင့် မှော်ရတနာပဲ။ မလောနဲ့..."
"ဒါပေမဲ့ အဖေ... ဒီနေ့က ဆိုင်ရှင်ဆီကို အဖေ လာတာ ပထမဆုံး နေ့မှ မဟုတ်တာ။ ကိုယ်
အနိုင်ရနေတဲ့ အချိန်မှာ ရပ်ပစ်ရမယ် ဆိုတဲ့ သဘောတရားကို အဖေ
နားလည်ရမယ်လေ..."
ရှီလုံယန်က သွားကို ကျိတ်ကာ ခေတ္တမျှ စဉ်းစားလိုက်သည်။
"ဂိမ်းစက်နဲ့ ပတ်သက်ပြီးငါ့ကံက မဆိုးဘူးလို့ ခံစားရတယ်။ နည်းနည်းလောက် ထပ်ကြိုးစားကြည့်ရအောင်..."
သူက လက်ဖြင့် တစ်ချက် ရိုက်ချကာ လောင်းကြေး ထပ်လိုက်လေသည်။
ဂီတသံများ စတင်လာသည်။
စက္ကန့်ခဏ အကြာတွင် အမှတ် ၁,၀၀၀ မှာ ၇၁၀ ဖြစ်သွားလေသည်။
ရှီဖျင်ယန်က သူမ၏ နဖူးကို ကိုင်လိုက်သည်။
"အဖေ... အဖေ့ရဲ့ ခံစားချက်က မှားနေပြီ။"
"ဒီအဘိုးကြီးက မယုံဘူး... နောက်တစ်ခါ..."
နောက်ထပ် စက္ကန့်အနည်းငယ် အကြာတွင် ညာဘက် အပေါ်ထောင့်ရှိ အမှတ်မှာ... လေးရာ့ နှစ်ဆယ်။
နောက်ထပ် နှစ်ကြိမ် အပြီးတွင်...
အကုန်ပြောင်။
ရှီလုံယန်၏ ပါးစပ်က တွန့်ခါသွားသည်။ "နောက်တစ်ခါ လာထား..."
ကံမကောင်းစွာဖြင့် သူက ဆယ်ကြိမ် ဆက်တိုက် ငွေဖြည့်ခဲ့သော်လည်း သူ၏ အမှတ်များမှာ
လောင်းရာ အထက်သို့ ဘယ်သောအခါမှ ပြန်မရောက်တော့ပေ။ သူသည် အမှတ် တစ်ထောင်ကို
ချိုးဖောက် ဝင်ရောက်နိုင်ခဲ့သော တစ်ဦးတည်းသော သူလည်း ဖြစ်ပေသည်။
ထို့နောက်တွင် မုရုံရီ ရှိလေသည်။ သူသည် အလွန် တည်ငြိမ်သော်လည်း သူ၏ အမှတ်များမှာ
ရှစ်ရာ ဝန်းကျင်တွင်သာ လည်ပတ်နေပြီး အထက်သို့လည်း မတက်သလို အောက်သို့လည်း
မကျဆင်းပေ။ တစ်ကြိမ် နိုင်လိုက်... တစ်ကြိမ် ရှုံးလိုက် ဖြစ်နေသည်။
ချွီဟယ်နှင့် ပတ်သက်၍မူ သူက ရွှေပြားများကို ဘယ်နှကြိမ် အတိအကျ ဖြည့်ခဲ့သည်ကိုပင်
မမှတ်မိတော့ပေ။
ယန်ကျင်းနှင့် အခြား နှစ်ဦးက လူအုပ်ကြီးကို ကြည့်ကာ ရေရွတ်လိုက်ကြသည်။ "ဒါ...
ဒါက... တစ်ယောက်ယောက် ကျုပ်ကို ပြောပြပါဦး။ တကယ်ကို ဘာတွေ ဖြစ်နေတာလဲ..."
ဂုဏ်သိက္ခာ ကြီးမားသော ဆဋ္ဌမအဆင့် အမြုတေ တည်ဆောက်ခြင်း ကျင့်ကြံသူများ၊
ဂိုဏ်းချုပ် တစ်ယောက်၊ သာမန် ကျင့်ကြံသူများနှင့်
ကျင့်ကြံခြင်း မစတင်ရသေးသော သာမန် အရပ်သားများပင်လျှင်...
အားလုံးက ဤနေရာတွင် ပြည့်ကျပ်နေပြီး အသံများ ထွက်ပေါ်နေသော
လျှို့ဝှက်ဆန်းကြယ်သည့် သတ္တုတုံး တစ်ခု၏
ပတ်လည်တွင် ဝိုင်းရံနေကြသည်။
ထူးဆန်းလှပေသည်။ အရာအားလုံးက ထူးဆန်းနေလေသည်။
အုပ်စုမှာ အဝင်ဝတွင် မှင်တက်စွာ ရပ်နေကြသည်။
ရှီယုံ ဆိုသော လူငယ်လေးမှာ ဆက်မကြည့်ရက်တော့ဘဲ လျှောက်လာခဲ့သည်။
"စီနီယာတို့... အဝင်ဝကို ပိတ်မထားပါနဲ့။ ဆိုင်ရှင်ရဲ့ စီးပွားရေးကို
ထိခိုက်ပါလိမ့်မယ်..."
"ဆိုင်ရှင်... ဒီနေရာရဲ့ ပိုင်ရှင်လား။ သူ ဘယ်မှာလဲ။"
ရှီယုံက ပခုံးတွန့်လိုက်သည်။ "ကျွန်တော် မသိဘူး။ အပေါ်ထပ်မှာ အိပ်နေလောက်ပြီ..."
ထိုစကားကို ကြားသောအခါ ယန်ကျင်းက အပေါ်ထပ်သို့ တက်သွားချင်နေသည်။ ထိုအရာက ဘာလဲ
ဆိုတာနှင့် ၎င်းက မည်မျှ ဆွဲဆောင်မှု ရှိနေသည်ကို သူ အလွန်
သိချင်နေလေပြီ။
"နေပါဦး... နေပါဦး... မလုပ်ပါနဲ့။ ခင်ဗျား အဲဒီလို လုပ်ရင် ဆိုင်ရှင်က ခင်ဗျားကို
ရိုက်သတ်ပစ်လိမ့်မယ်..."
ယန်ကျင်း၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ "ညီလေး... ဒီဆိုင်ရှင်က ဘယ်သူလဲ။
ပြီးတော့... သူတို့တွေ တကယ်ကို ဘာလုပ်နေကြတာလဲ။"
ရှီယုံက ပြုံးလိုက်ပြီး ဆိုင်ရှင်၊ ထီဆိုင်နှင့် ဂိမ်းစက်များ အကြောင်း အားလုံးကို
ရှင်းပြလိုက်လေသည်။
ထိုအကြောင်းကို ကြားသောအခါ ယန်ကျင်းမှာ ပထမဆုံး အနေဖြင့် မှင်တက်သွားပြီး ထို့နောက်
ရယ်မောလိုက်လေသည်။
"နောက်မနေပါနဲ့ ကောင်လေးရာ... ကောင်းကင် အဆင့် မှော်ရတနာ ဟုတ်လား။ ကျင့်ကြံခြင်း
မရှိတဲ့ သာမန် လူတစ်ယောက် ဖြစ်တဲ့ မင်းကရော မှော်ရတနာ ဆိုတာကို
မြင်ဖူးလို့လား။ ဒီနေရာမှာ ဒီလောက် အကြီးကြီး
လာပြောရဲတယ်ပေါ့လေ..."
ရှီယုံက သက်ကယ်ရာမဲ့စွာဖြင့် လက်ဖြန့်လိုက်သည်။ "ကျွန်တော် ပြောသင့်တာတွေ အကုန်
ပြောပြီးပြီ။ စီနီယာက မယုံဘူး ဆိုရင်လည်း ကျွန်တော် ဘာမှ မတတ်နိုင်ဘူး။
ဒါပေမဲ့ စီနီယာ... ဟိုဘက်က နှစ်ယောက်ကို ကြည့်လိုက်ဦး..."
သူတို့က ရှီယုံ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြသည်။
ယန်ကျင်းက နားမလည်စွာဖြင့် မေးလိုက်သည်။ "ဘယ်သူလဲ..."
"ဟောင်ယွဲ့ ထာဝရဂိုဏ်းက သန့်စင်သော သားတော် နဲ့ ယွင်ပြည်နယ်က မုရုံ မိသားစုလေ..."
"ရှူး..."
“တကယ်ကြီးလား...”
ရှီယုံက တိတ်တဆိတ် မျက်လုံးလှန်ပြလိုက်သည်။ "ခုနက လူကြီး... အဟမ်း အဟမ်း... စီနီယာ
သူ့ကို တွေ့ပြီးလောက်ပြီလို့ ထင်ပါတယ်။ သူက သန့်စင်သော သားတော်ရဲ့ လူတွေထဲက
တစ်ယောက်လေ..."
ထိုသတင်းကြောင့် ယန်ကျင်း၏ မျက်နှာက မည်းမှောင်သွား၏။
ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့် သူသည် သတ္တမအဆင့် နယ်ပယ်တွင်သာ ရှိနေသည်။
သတ္တမအဆင့်နှင့် ဆဋ္ဌမအဆင့် ကြားရှိ ကွာဟချက်မှာ
ကျင့်ကြံခြင်း လောကတွင် ကြီးမားလှသော ချောက်ကမ်းပါးကြီး
တစ်ခုပင် ဖြစ်သည်။
အမြုတေ တည်ဆောက်ပြီးနောက်တွင် လူတစ်ဦး၏ သက်တမ်းမှာ တိုးလာပြီး သူတို့၏
စွမ်းအားမှာလည်း အဆပေါင်းများစွာ မြင့်တက်လာလေသည်။
ခုနက အမြုတေ တည်ဆောက်ခြင်း ကျင့်ကြံသူ၏ ရှေ့တွင် သူသည် လုံးဝကို အင်အားမဲ့နေခဲ့သည်။
၎င်းမှာ အဆင့်နိမ့် နဝမတန်းစား ဂိုဏ်းငယ်လေး တစ်ခုနှင့် ပထမတန်းစား ထာဝရဂိုဏ်း
တစ်ခု အကြားရှိ ကွာခြားချက်ပင် ဖြစ်သည်။
"သူတို့က ထာဝရဂိုဏ်းက ဆိုတော့လည်း... ဒီလောက် အစွမ်းထက်နေတာ မဆန်းပါဘူး..."
"တကယ်ရော ကောင်းကင် အဆင့် မှော်ရတနာ ရှိလို့လား။"
"သေချာတာပေါ့။ စီနီယာ မရောက်လာခင်က ဆိုင်ရှင်က အဖိုးတန် ဓားတစ်လက်ကို
ထုတ်ပြသွားသေးတယ်။ တောက်... ကောင်းကင်ကို
တုန်လှုပ်စေတဲ့ နဂါးဟောက်သံကြီးလိုပဲ..."
ဤအချိန်တွင် ရှီယုံမှာ ထီဆိုင် အတွက် အရောင်းစာရေး တစ်ဦး အဖြစ်သို့
ပြောင်းလဲသွားသကဲ့သို့ပင် အရာအားလုံးကို
ရှင်းလင်းပြတ်သားစွာနှင့် စိတ်အားထက်သန်စွာ ရှင်းပြနေလေသည်။
"စီနီယာတို့... ဂိမ်းစက်တွေမှာ နေရာ မရှိတော့ဘူး။ စီနီယာတို့က ရွှေဥ ခွဲတာကို အရင်
စမ်းကြည့်လို့ ရပါတယ်။ ဒါပေမဲ့ ဆိုင်ရှင်က မရှိဘူး..."
"ကိစ္စ မရှိပါဘူး... ငါတို့ အရင်ဆုံး ခဏလောက် ကြည့်လိုက်ဦးမယ်။"
ထို့ကြောင့် နောက်ထပ် လူတစ်စုမှာ ဂိမ်းစက် ပတ်လည်ရှိ လူအုပ်ကြီး အတွင်းသို့
ဝင်ရောက်လာကြသည်။ မမြင်ရသော သူများက ဤ အံ့မခန်း အရာကို
မြင်တွေ့နိုင်ရန် အစွမ်းကုန် ခြေဖျားထောက်၍
ကြည့်ရှုနေကြသဖြင့် လူအုပ်ကြီးမှာ ပိုမို၍
ကျပ်ညပ်လာလေတော့သည်။
အခန်း (၁၆) - ယွဲ့ရုယီ
နောက်ဆုံးအဆင့် လုပ်ငန်းလည်ပတ်မှုပမာဏ ပန်းတိုင်မှာ ရွှေဒင်္ဂါး နှစ်သိန်း ဖြစ်သည်။
မုရုန်ရိကဲ့သို့သော လူနုများ မရှိဘဲနှင့်မူ ထိုပမာဏသို့ ရောက်ရှိရန် အချိန်အတန်ကြာ
ယူရပေဦးမည်။
လှေကားမှ ဆင်းလာချိန်တွင် အပြင်၌ မှောင်နေပြီဖြစ်သည်။ အခြားကမ္ဘာတစ်ခုတွင်
ဆိုင်ဖွင့်ထားရသည်ဖြစ်ရာ အချိန်ပိုအလုပ်လုပ်ခြင်းကို
တားမြစ်ထားပြီး သတ်မှတ်ချိန်အတိုင်း တိတိကျကျ
တံခါးပိတ်ရပေမည်။
ဂိမ်းစက်ဧရိယာတွင် စိတ်အားထက်သန်နေကြသော ဖောက်သည်အုပ်စုကြီး တစ်ခုလုံး ကစားနေကြသည်။
အကြိမ်ကြိမ် စိတ်ပျက်ရသော်လည်း ကောင်းကင်အဆင့် မှော်လက်နက်တစ်ခု၏ ဆွဲဆောင်မှုမှာ
အမှန်တကယ်ပင် ကောင်းကင်ဘုံကို အန်တုနိုင်လောက်သည်။
ချွီဟယ် စတင်ရောက်ရှိလာစဉ်က ခံ့ညားထည်ဝါသော အသွင်အပြင်ရှိပြီး တစ်ကိုယ်လုံးမှလည်း
အထက်လူကြီးဆန်သော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။ သို့သော် ယခုမူ သူသည်
သရဲတစ္ဆေများ၏ စုပ်ယူခြင်းကို ခံထားရသကဲ့သို့ နုံးချည့်နေလေပြီ။
သူ မည်မျှအကြိမ်ကြိမ် ငွေဖြည့်ခဲ့သည်ကိုပင် သူမသိတော့ပေ။ မိမိကိုယ်ကိုယ်
ယုံကြည်မှုအပြည့်ရှိရာမှ အကြိမ်ကြိမ် အရင်းအတိုင်း
ပြန်ဖြစ်သွားခဲ့ရသည်။ မျှော်လင့်ချက် ရှိပါဦးမည်လော။
အရာဝတ္ထုတစ်ခုသည် ပိုမိုတန်ဖိုးကြီးလေလေ၊ ရရှိရန် ပိုမိုခက်ခဲလေလေဖြစ်ကြောင်း
သူ့ဆရာက သတိပေးဖူးသည်။ ၎င်းမှာ ကောင်းကင်အဆင့် မှော်လက်နက်တစ်ခု
မဟုတ်ပါလား။ အကယ်၍သာ ၎င်းကို ရရှိခဲ့လျှင်
ဟောက်ယွဲ့နတ်ဘုရားဂိုဏ်းသည်
ရွှမ်ထျန်းနှင့် ဖျောင်မြောင်ဂိုဏ်းတို့ကို နှိမ်နင်းပြီး ဝူမင်းဆက်အတွင်း
နံပါတ်တစ် နတ်ဘုရားဂိုဏ်း ဖြစ်လာပေလိမ့်မည်။ ထိုကဲ့သို့သော
အောင်မြင်မှုမျိုးသည် နှစ်ပေါင်းထောင်ချီ၍
အမှတ်ရနေကြမည်ဖြစ်သည်။
ဖြစ်နိုင်ရမည်၊ မုချ ဖြစ်နိုင်ရမည်။
"ဒီနေ့အတွက် ဆိုင်ပိတ်ပြီ အားလုံး မနက်ဖြန်မှ စောစောလာကြ"
သာယာသော အသံတစ်ခု ထွက်ပေါ်လာသည်။
ချွီဟယ်သည် စပရင်ကဲ့သို့ ဝုန်းကနဲ ထရပ်လိုက်ပြီး "ဘာ... အခုပဲ ပိတ်တော့မလို့လား"
လီယွဲ့က မျက်မှောင်ကြုတ်လိုက်ကာ "ခင်ဗျားမှာ ဘာကန့်ကွက်စရာရှိလို့လဲ"
ချွီဟယ်၏ သူငယ်အိမ်များ တုန်လှုပ်သွားပြီး သူက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ကာ
"မရှိ... မရှိပါဘူး။"
"ဟူး... မသိလိုက်ဘဲနဲ့ မှောင်သွားတာပဲ။ မနက်ဖြန်မှ ပြန်တိုက်ရဦးမယ်" "ဟုတ်တယ်၊
မနက်ဖြန်တော့ ငါ့ကံတရားက ဒီနေ့ထက် ပိုကောင်းမှာ အသေအချာပဲ။"
လျိုမူချင်းနှင့် လီယွဲ့ကို ရင်းနှီးပြီးသားဖြစ်သော အခြားဖောက်သည်များသည်
နှေးကွေးစွာ ထရပ်၍ ၎င်းတို့၏ ကတ်များကို အလောင်းပြုကာ
ထွက်ခွာသွားကြသည်။ နှမြောတသဖြစ်နေသော်လည်း ဆိုင်ရှင်၏
မဖောက်ဖျက်နိုင်သော မူဝါဒများကို သူတို့သိကြသည်။
ရန်ကျင်းနှင့် သူ၏အဖွဲ့မှာမူ မကျေမနပ်ဖြစ်နေကြသည်။ သူတို့သည် ကစားနည်းကို နားလည်ရန်
အတော်ပင် ကြိုးစားခဲ့ရပြီး တန်းစီစောင့်နေစဉ်မှာပင် ဆိုင်ပိတ်လိုက်ရသည် မဟုတ်ပါလား။
"သွားကြရအောင်၊ ဒီဆိုင်ရှင်က ငါတို့ ရန်စလို့ရတဲ့လူ မဟုတ်ဘူး"
လျော့ဟုန်မြန်သည် ခြံဝင်းထဲမှ ထွက်လာရင်း ဂိမ်းစက်ကို ခြေလှမ်းတိုင်းတွင်
လှည့်ကြည့်နေကာ နှမြောတသဖြစ်နေသော မျက်လုံးများရှိနေသည်။
'တောက်... ဒီနေ့ အမှတ် တစ်ထောင်တောင် မပြည့်ဘူး။ ကံဆိုးလိုက်တာ မနက်ဖြန်တော့
ပိုကြိုးစားမှ ဖြစ်မယ်'
ရန်ကျင်းနှင့် အခြားလူများသည် ခေါင်းခါရင်း လျော့ဟုန်မြန်၏ နောက်မှ လိုက်သွားကြသည်။
မုရုန်ရိနှင့် ချွီဟယ်တို့၏ အဖွဲ့များသာ ကျန်ရစ်တော့သည်။
"ဆိုင်ရှင်၊ ဒါကို ရွှေဒင်္ဂါးတွေနဲ့ တကယ်ပဲ ဝယ်လို့မရဘူးလား"
လီယွဲ့က ခေါင်းခါပြလိုက်သည်။ "မရဘူး၊ အဲဒါက စည်းကမ်းပဲ။"
ချွီဟယ်က မကျေမနပ်လေသံဖြင့် "ဆိုင်ရှင်၊ အမှတ် တစ်သိန်းဆိုတာ တကယ်ကို ခက်လွန်းတယ်။
ကျုပ် တစ်နေကုန် ကစားတာတောင် အမြင့်ဆုံး ခြောက်ရာပဲ ရတယ်။ ဒါက လုံးဝ
မဖြစ်နိုင်တာကြီးပဲ"
လီယွဲ့က ပြုံးလိုက်သည်။ "ကောင်းကင်အဆင့် မှော်လက်နက်က အဲဒီလောက် ရဖို့လွယ်တယ်လို့
ခင်ဗျား ထင်နေတာလား ခင်ဗျားရဲ့ အကုန်ပုံအောတဲ့ နည်းလမ်းနဲ့ဆိုရင်တော့ ဒီတစ်သက်
ရဖို့ မမျှော်လင့်နဲ့တော့။"
"ဆိုင်ရှင်... အကြံပေးချက်လေး ဘာလေးများ မရှိဘူးလား"
အကြံပေးချက် မရှိပါ။ သို့သော် အမှတ်မြန်မြန်ရရန် ပုံအောကစားခြင်းမှာမူ လုံးဝ
မဖြစ်နိုင်သော အရာပင်။ ဂိမ်းစက်၏ အခြေခံအမှတ်များသည် အလွန်အရေးကြီးပြီး
ခြေလှမ်းမှန်မှန်ဖြင့် တိုးတက်ရန် လိုအပ်သည်။
ဥပမာအားဖြင့် မုရုန်ရိ၏ နည်းလမ်းမှာ နှေးကွေးသော်လည်း စိတ်မလောသရွေ့ တစ်နေ့တွင်
အောင်မြင်နိုင်ခြေ ရှိသည်။ သို့သော် အချိန်အကြာကြီး ယူရပေမည်။
ယေဘုယျအားဖြင့် စိတ်ရှည်မှုနှင့် ကံတရား အတန်ငယ်
လိုအပ်သည်။ ကံတရားဆိုသည်မှာမူ ခန့်မှန်းရခက်ခဲလှသည်။
လီယွဲ့ကမူ ထိုကဲ့သို့သော အရာများကို ချွီဟယ်အား ပြောပြမည် မဟုတ်ပေ။ သူ့ဘာသာသူသာ
နားလည်အောင် လုပ်ပါစေ။ စီးပွားရေးသမားတစ်ဦးအနေဖြင့် သူသည် ဤကဲ့သို့သော
လူနုများကို အကြိုက်ဆုံးဖြစ်ပေသည်။
"ဆိုင်ရှင်၊ မနက်ဖြန် ဘယ်အချိန် ဖွင့်မလဲ"
မုရုန်ရိသည် ယွမ်ကျိုးမှ ဖုန်းမင်တောင်သို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ
ထိုကောင်းကင်အဆင့် မှော်လက်နက်ကြောင့် ဖြစ်ရာ သူသည်
အလွယ်တကူ ထွက်သွားမည် မဟုတ်သလို ချွီဟယ်လည်း ထိုနည်းတူပင်။
ကောင်းကင်အဆင့် မှော်လက်နက်သည် ၎င်း၏ ယခင်သခင်နှင့်အတူ လျှပ်စီးဘေးဒဏ်ကို
ခံခဲ့ရသဖြင့် ၎င်း၏ လက်နက်ဝိညာဉ်မှာ ပျက်စီးနေပြီး
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပြုပြင်ရန် ကမ္ဘာမြေ၏
စွမ်းအင်များကို လိုအပ်နေသည်။ ဤကဲ့သို့သော အသိဉာဏ်ရှိ
ရတနာမျိုးကို လူသားတို့၏ ကြိုးပမ်းမှုဖြင့် ရှာမတွေ့နိုင်ဘဲ လက်နက်ဝိညာဉ်
ပြန်လည် နိုးထလာချိန်ကိုသာ စောင့်ရပေမည်။
မကြာမီအချိန်အတွင်း နေရာအနှံ့အပြားမှ လူများ ဆက်တိုက် ရောက်ရှိလာကြမည်ဖြစ်ရာ
ဖုန်းမင်တောင် ဧရိယာသည် ပိုမို စည်ကားလာပေလိမ့်မည်။
"၉ နာရီမှာ ဖွင့်မယ်... ခင်ဗျားတို့ ပြောတဲ့ 'စီယန်' အချိန်ပေါ့။"
မုရုန်ရိ အံ့အားသင့်သွားသည်။ "အဲဒီလောက်တောင် နောက်ကျတာလား"
သာမန် စီးပွားရေးသမားများသည် 'ချန်ယန်' အချိန်တွင် ဖွင့်ကြသော်လည်း ဤဆိုင်ရှင်မှာမူ
သာမန်လူ မဟုတ်သဖြင့် ထူးခြားနေခြင်း ဖြစ်သည်။
"ကောင်းပြီ၊ ဒါဆို မနက်ဖြန်မှ ပြန်လာခဲ့မယ်"
၎င်းတို့၏ ကတ်များကို အလောင်းပြုပြီးနောက် မုရုန်ရိနှင့် ချွီဟယ်တို့ နှစ်ဦးစလုံး
ထွက်ခွာသွားကြသည်။ ခြံဝင်းအတွင်း ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
ချင်းယန်မြို့။
တစ်ရက်အတွင်းမှာပင် မြို့မှာ စည်ကားလာခဲ့သည်။ ဖုန်းမင်တောင်တွင် ကောင်းကင်အဆင့်
မှော်လက်နက် ရှိနေသည်ဟူသော သတင်းသည် ဝူမင်းဆက်၏ ကိုးပြည်နယ်လုံးသို့
ပျံ့နှံ့သွားခဲ့လေပြီ။ အင်အားစုအသီးသီးသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့
ရောက်ရှိလာကြသည်။
နောက်တစ်နေ့။
လမ်းငယ်လေးတစ်ခုပေါ်တွင် မြင်းရထားတစ်စီး နှေးကွေးစွာ မောင်းနှင်လာသည်။
မောင်းနှင်သူမှာ လျှို့ဝှက်သော အရှိန်အဝါရှိသည့်
အဖိုးအိုတစ်ဦးဖြစ်ပြီး သိန်းငှက်ကဲ့သို့သော မျက်လုံးများဖြင့်
ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုနေသည်။
မြင်းရထားအတွင်း၌ လူလောင်းဦး ထိုင်နေကြပြီး အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး
ဖြစ်သည်။
"ဝူယီ... ချင်းအာမမက နောက်ဆုံးတော့ ချင်းယန်မြို့ကို လာတာ၊ စိတ်ပျက်စရာတွေ
လျှောက်မလုပ်နဲ့နော်"
"စိတ်မပူပါနဲ့ ရုယီမမရဲ့။ ကျုပ်ပြောတဲ့နေရာက နွေဦးပန်းနာကြည့်တာထက်
ပိုပျော်စရာကောင်းမှာ သေချာတယ်။ ရောက်ရင်
သိပါလိမ့်မယ်။"
နူးညံ့သိမ်မွေ့သော ပုံစံရှိသည့် မိန်းကလေးက ပြုံးလိုက်ပြီး သူမဘေးရှိ
ရဲရင့်သောအသွင်ရှိသည့် အမျိုးသမီးကို ကြည့်လိုက်သည်။
"ချင်းအာမမ... ဒီတစ်ခေါက် ဦးလေးကိုယ်တိုင် လာတာဆိုတော့ ဖုန်းမင်တောင်က ရတနာအတွက်ပဲ
မဟုတ်လား"
ရဲရင့်သော အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး "ရုယီက ဒါကို သိနေတာလား"
"ဒီကိစ္စက တစ်ညတည်းနဲ့ တစ်ကမ္ဘာလုံး သိသွားတာပဲ။ ကျွန်မက ကျင့်ကြံသူ မဟုတ်ပေမဲ့
ကောလာဟလအချို့တော့ ကြားမိပါတယ်။ ရတနာ ပေါ်လာပြီဆိုရင်တော့ နောက်ထပ်
သွေးချောင်းစီးပွဲကြီး ဖြစ်လာတော့မှာပဲ"
"ကျင့်ကြံခြင်းလမ်းစဉ်က မူလကတည်းက ဒီလိုပါပဲ။"
"ဟုတ်ပါတယ်... ကျင့်ကြံခြင်းက လူသားဘဝကနေ လွန်မြောက်ပြီး သက်တမ်းရှည်စေတယ်လို့
ဆိုကြပေမဲ့ တစ်ဖက်မှာလည်း တကယ်ကို ရက်စက်ပါတယ်။"
ရဲရင့်သော အမျိုးသမီး၏ မျက်နှာတွင် သနားဂရုဏာရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ "ရုယီက
ထက်မြက်ပြီး ဉာဏ်ကောင်းပေမဲ့ ကံဆိုးတာက ခန္ဓာကိုယ် အားနည်းလို့
ကျင့်ကြံလို့ မရတာပဲ။ မဟုတ်ရင်တော့ ကျင့်ကြံခြင်းလောကမှာ
နောက်ထပ် 'မြောင်ယင်းနတ်မိမယ်' တစ်ပါး တိုးလာဦးမှာ။"
"အစ်မကလည်း နောက်နေပြန်ပြီ။ မြောင်ယင်းနတ်မိမယ်က တစ်ကမ္ဘာလုံး နာမည်ကြီးတာ၊ ကျွန်မက
ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
လျိုဝူယီသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ရုယီမမသည် ငယ်စဉ်ကတည်းက ကျန်းမာရေး
ချို့တဲ့ခဲ့သည်။ ကျင့်ကြံနိုင်သည့်အရွယ်သို့ ရောက်သောအခါ
ကြိုးစားခဲ့သော်လည်း
ရိုးတွင်းခြင်ဆီသန့်စင်ဆေးရည်၏
ပြင်းထန်သော အာနိသင်ကို မခံနိုင်ဘဲ သေလုနီးပါး ဖြစ်ခဲ့ရသည်။ အတော်ပင် ခက်ခဲစွာ
ကယ်တင်ခဲ့ရသော်လည်း သူမ၏ ကျန်းမာရေးမှာ ယခင်ကထက် ပိုမိုဆိုးရွားသွားခဲ့သည်။
ဆေးဝါးများစွာ သောက်ခဲ့ပြီး ဆေးဘုရင်ချိုင့်ဝှမ်းအထိ သွားရောက်ပြသခဲ့သော်လည်း
သူမ၏ ခန္ဓာကိုယ် ပြဿနာမှာ ပြေလည်မသွားခဲ့ပေ။
မြင်းရထားမှာ နှေးကွေးစွာ သွားနေပြီး လမ်းပေါ်တွင် ယခင်ကထက် လူများစွာ
ပိုများနေသည်။
"ရောက်ပြီ"
လျိုဝူယီ မြင်းရထားပေါ်မှ ဆင်းလိုက်သည်နှင့် လူလောင်းယောက်ကို တွေ့လိုက်ရသည်။
"ဒီလောက်တောင် စောတာလား"
၎င်းမှာ မုရုန်ရိနှင့် သူ၏ အစေခံမလေး လောင်းဦးဖြစ်သည်။ တစ်ကြိမ် ဆုံဖူးသဖြင့်
လျိုဝူယီက နှုတ်ဆက်လိုက်သော်လည်း မုရုန်ရိက သူ့ကို လျစ်လျူရှုကာ
နောက်ကွယ်မှ အမျိုးသမီးနှစ်ဦးကိုသာ ကြည့်နေသည်။
တစ်ဦးမှာ အရပ်ရှည်ပြီး ရဲရင့်သော ပုံစံရှိကာ ဝတ်စုံဖြူကို ဝတ်ဆင်ထားသည်။
အခြားတစ်ဦးမှာမူ ဖြူဖျော့သော အသားအရေရှိသော်လည်း
နတ်မိမယ်ကဲ့သို့ ချောမောလှပသည်။ သူမ၏ မျက်လုံးများတွင်
ဝမ်းနည်းရိပ်အနည်းငယ် ရှိနေသဖြင့် ပိုမို စွဲမက်ဖွယ်ကောင်းနေသည်။
မုရုန်ရိသည် ယောကျာ်းချင်းဖြစ်သော လျိုဝူယီကို လျစ်လျူရှုကာ အမျိုးသမီးများထံသို့
အပြုံးဖြင့် ချဉ်းကပ်လာသည်။ "ကျုပ်က ယွမ်ကျိုးက မုရုန်ရိပါ။ လုံမေတို့ရဲ့
နာမည်လေးများ သိခွင့်ရမလား"
ရထားမောင်းသည့် အဖိုးအိုက မျက်မှောင်ကြုတ်ကာ ရှေ့သို့ တက်လာရန် ပြင်လိုက်သော်လည်း
ရဲရင့်သော အမျိုးသမီးက တားဆီးလိုက်သည်။
အားနည်းပုံရသော မိန်းကလေးက အသာအယာ ပြုံးလိုက်ပြီး "ကျွန်မနာမည်က ယွဲ့ရုယီပါ..."
ရဲရင့်သော အမျိုးသမီးက သူ့ကို တစ်ချက်ကြည့်ကာ "ရှမုချင်းပါ။ ယွမ်ကျိုးက
မုရုန်မျိုးနွယ်လား ခင်ဗျားလည်း ဖုန်းမင်တောင်အတွက်
လာတာလား"
မုရုန်ရိက ယပ်တောင်ကို ခတ်လိုက်ရင်း "ဒီကို မလာခင်ကတော့ ဖုန်းမင်တောင်ကို
သွားချင်ခဲ့တာပေါ့၊ ဒါပေမဲ့ အခုတော့..."
ဂျိန်း...
ထိုအချိန်တွင် တံခါးပွင့်လာသည်။
"ဒီလောက်တောင် စောကြတာလား" "နှောင့်ယှက်မိတာ တောင်းပန်ပါတယ် ဆိုင်ရှင်"
"ဝင်လာခဲ့ကြ"
လီယွဲ့က သမ်းဝေရင်း အိမ်ထဲသို့ ယိုင်တိယိုင်တိုင် ဝင်သွားသည်။ အပြင်ရှိ လူများကလည်း
နောက်မှ ကပ်လိုက်သွားကြသည်။
မုရုန်ရိသည် ဝင်ဝင်ချင်း ဂိမ်းစက်ဧရိယာသို့ တန်းသွားကာ မကျေမနပ်ဖြင့် ကတ်ကို
ဆွဲလိုက်ပြီး ယနေ့အတွက် စိန်ခေါ်မှုကို စတင်တော့သည်။
"ဝူယီ... ဒါတွေက ဘာတွေလဲ"