← Chapters

အခန်း (၁၁၂၃-၁၁၂၄)

Vol. 94 Ch. 1123-1124

အခန်း (၁၁၂၃-၁၁၂၄)

Vol. 94 Ch. 1123-1124

အခန်း ၁၁၂၃ -

ဧည့်သည်များ ရောက်ရှိလာခြင်း။

ယွီချန်၏အသံသည် ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်နေ၏။ စုရီမှထိုအရာကို ဂရုမစိုက်သော်လည်း ရုတ်တရက် အတွေးတစ်ခု ဝင်လာပြီး ချက်ချင်းရပ်လိုက်သည်။ သို့တိုင် လှည့်မကြည့်ဘဲ၊

“ ဘယ်တော့ ထွက်လာမှာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ နောက်သုံးလနေရင် ... ။ ”

“ ငါ့ဓားတစ်ချက်ကို ပိတ်ဆို့နိုင်ရင် ... မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်။ ”

စုရီက ပြောကြားလိုက်၏။ ထိုသဘောတူညီချက်သည် လူတိုင်းအပေါ် မျက်လုံးပြူးသွားစေသည်။ 

ယွီချန်ထံမှ စိန်ခေါ်ခံရခြင်းသည် ပထမတိုက်ပွဲကွင်းရှိ ကျင့်ကြံသူများအတွက် ကြီးမားသောဂုဏ်ယူစရာ ဖြစ်နေပြီဖြစ်၏။

ချင်စုရှင်းနှင့် ရန်ချန်ချင်းကဲ့သို့သော ခေါင်းဆောင်များသည်ပင် ဤသို့ စိန်ခေါ်ခြင်း မခံခဲ့ရဖူးချေ။

သို့တိုင် ထိုစုရီသည် ဂရုမစိုက်ဟန်ဖြင့် ယွီချန်၏အစွမ်းသတ္တိကိုပင် ပြန်လည် မေးခွန်း ထုတ်နေတော့၏။

“ ငါ အခု ကျင့်ကြံရာကနေ ထွက်လို့မရသေးဘူး ငါ့ကို စမ်းသပ်ချင်ရင် မင်း စောင့်မှရမယ်။ ”

“ ကောင်းပြီ ... ။ ”

စုရီက စိတ်ဝင်စားမှု ပျောက်ဆုံးကာ ဒုံရွှမ်တောင်ထိပ်ပေါ်သို့ လှမ်းတက်သွား၏။ ထို့နောက် ယွီချန်၏ အသံသည်လည်း တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်း ရောထွေးနေသော ခံစားချက်များဖြင့် ပြည့်နှက်လာလေသည်။ ရန်ချန်ချင်းက သက်ပြင်းချလိုက်၏။ သူသည် ထိုက်တန်သော ပြိုင်ဘက်တစ်ဦးကို ရှာဖွေနေခြင်းဖြစ်၏။

စုရီသည် ထိုဆန္ဒကို ဖြည့်ဆည်း ပေးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့် နေ့ရက်ရွေးကာ စိန်ခေါ်ရန် စီစဉ်ထား၏။

သို့သော် မမျှော်လင့်ဘဲ ယွီချန်သည် သူ့ကိုဖြတ်ကျော်ကာ လူတိုင်း၏ စိတ်ဝင်စားမှု ရယူသွားချေပြီ။ ကံကောင်းထောက်မစွာဖြင့် ယင်းသည် သုံးလကြာမှသာဖြစ်ပေမည်။

ထိုအချိန်မတိုင်မီ စုရီကိုစိန်ခေါ်ရန် အခွင့်အရေး သူ့တွင် ရှိနေသေး၏။ ဤအရာကို စဉ်းစားလျက် ရန်ချန်ချင်းသည် ရုတ်တရက် အဝေးရှိ ချင်စုရှင်းထံ လှည့်ကြည့်လိုက်ကာ၊

“ တာအိုချင် ... ငါမေးပါရစေ၊ တာအိုစုရဲ့ သတ်ဖြတ်မှုကို ရင်ဆိုင်ရတဲ့အခါ ... မင်းဘာလို့ တိတ်ဆိတ်နေတာလဲ။ ”

-ဟု မေးမြန်းမိသည်။

သူသိသလောက် ချင်စုရှင်း၏ စစ်မှန်သော ခွန်အားသည် ယနေ့ပြသခဲ့သည်ထက် သာလွန် ချေ၏။ ချင်စုရှင်း၏ မျက်လုံးများမှာ ချက်ချင်း အေးစက်သွားပြီး၊

“ နင်နဲ့ ဘာဆိုင်လဲ။ ”

-ဟု ပြန်ဖြေကာ လှည့်ထွက်သွားသည်။

ရန်ချန်ချင်း ခန့်မှန်းထားသည့်အတိုင်း သူမသည် တစ်ချိန်လုံးထိန်းထားခဲ့ခြင်းဖြစ်၏။ ယင်းအတွက် အကြောင်းရင်းသုံးရပ်ရှိသည်။

ပထမအချက်သည် ယနေ့ သူမလက်အောက်မှ လူအများသည် သူမကို အသုံးချခဲ့ကြ၏။ ထို့ကြောင့် စုရီထံမှ ကယ်တင်ပေးရန် ဆန္ဒမရှိချေ။

ဒုတိယအချက်သည် အခြားသူများမှ သူမကိုပြပွဲအဖြစ် စောင့်ကြည့်လိုနေကြသည်။ ဤနည်းဖြင့် စုရီခွန်အားကို သူတို့တိုင်းတာ နိုင်မည်ဖြစ်၏။

တတိယအချက်သည် အရေးအကြီးဆုံး ပေပင်။ စုရီ၏အစွမ်းသတ္တိသည် ကြောက်စရာ ကောင်းပြီး မယုံနိုင်စရာဖြစ်၏။

ဝမ်ရှုကျိသည်ပင် လက်သီးတစ်ချက် မခံနိုင်ချေ။ ကြီးမားသော ပြဿနာမျိုးမရှိဘဲ ထိပ်တိုက်တွေ့ခြင်းသည် မိုက်မဲရာကျ၏။

အဆုံးတွင် သူတို့ကြား ရန်ငြိုးများ၊ မနာလိုမှုများမရှိချေ။ ထို့ကြောင့် ခံနိုင်ရည်ရှိရန် ရွေးချယ်ခဲ့သည်။

“ တကယ်တော့ ဒိုမိန်းတစ်ခုရဲ့ ... ခေါင်းဆောင် ဖြစ်လာနိုင်တဲ့သူဟာ ရိုးရှင်းတဲ့သူ မဟုတ်ဘူး။ ”

ရန်ချန်ချင်းက မျက်မှောင်ကြုတ်လျက် မည်သူ့ကို ဆိုလိုသည်မသိသော မှတ်ချက်မျိုး ပေးလိုက်သည်။ ထို့နောက် သူ့ပတ်ဝန်းကျင်က လူအများထံဝေ့ကြည့်ကာ၊

“ တောင်ပိုင်းမီးလျှံဒေသရဲ့ လူတိုင်းဆီ သတင်းဖြန့်လိုက် အခုချိန်ကစပြီး အရှေ့ဘက် ရွှမ်ဒေသက လူတွေကို ပစ်မှတ်ထားတဲ့ ...

... ရွံရှာဖွယ်ရာကောင်းတဲ့ အချင်းအရာတစ်ခုခုကိုလုပ်ဝံ့တဲ့ ဘယ်သူမဆို အကျိုးဆက်ကို ခံစားရလိမ့်မယ်။ ”

...

မြောက်ပိုင်းအမှောင်တောင်ထိပ် ကျောက်တုံးအိမ်အတွင်းတွင် ယွီချန်သည် မျက်လုံးများမှိတ်လျက် တရားထိုင်နေ၏။

“ အစ်ကိုကြီး ... ဘာလို့ ငါ့ကို တားဆီးလိုက်တာလဲ။ ”

ဝမ်ရှုကျိက ကျောက်တုံးအိမ်ရှေ့တွင်ရပ်ကာ မေးမြန်းလိုက်သည်။ ကျောက်တုံးအိမ်အတွင်းမှ ယွီချန်က တည်ငြိမ်စွာပြန်ဖြေ၏။

“ မင်းက သူ့ ပြိုင်ဘက် မဟုတ်ဘူး။ ”

“ အဲဒါက မမှန်ပါဘူး ... ငါ့တိုက်ပွဲမှာ ကျင့်ကြံမှု(၃၀%)ကို လျှို့ဝှက်နည်းစနစ်တစ်ခုနဲ့ ဖုံးကွယ်ထားတယ် ... ဒါ့ပြင် ငါ့မှာ အနည်းဆုံး ဝှက်ဖဲသုံးခုရှိတယ်။ ”

“ ဒါဆို ... မင်းရဲ့ ခွန်အားအပြည့်နဲ့ အဲဒီဝှက်ဖဲတွေသုံးရင် ငါ့ကိုအနိုင်ယူနိုင်လား။ ”

ထိုမေးခွန်းကြောင့် ဝမ်ရှုကျိမှ မျက်မှောင်ကြုတ်သွား၏။

“ ဒါဆို ... သူက အစ်ကိုကြီးနဲ့ အဆင့်တူမှာ ရှိနေတယ်လို့ ဘယ်လိုသိတာလဲ။ ”

“ ဗီဇအသိ ... ။ ”

“ ဗီဇအသိလား။ ”

ဝမ်ရှုကျိတစ်ယောက် အံ့အားသင့်လာသည်။

“ ငါ ကျင့်ကြံရာကနေထွက်လာပြီး စုရီနဲ့ ရင်ဆိုင်တဲ့အခါကျရင် ... ငါမင်းကို ဒီနေ့ဘာလို့ တားဆီးခဲ့လဲ နားလည်ပါလိမ့်မယ် ...

... ဂျူနီယာညီမ ... မင်းဒီနေ့ပဲ အခြားသူတွေကို တာအိုစုအပေါ် မစော်ကားဖို့ သတိပေးသင့်ပြီ။ ”

ဝမ်ရှုကျိမှ စိတ်အနှောင့်အယှက် ဖြစ်သွားပြီး၊

“ စီနီယာအစ်ကို၊ မင်းလည်း သူချမှတ်တဲ့ စည်းမျဉ်းကို သဘောတူနေတာလား။ ”

-ဟု ပြန်လည်မေးလိုက်၏။

“ သူ ချမှတ်ခဲ့တဲ့ စည်းမျဉ်းက အားနည်းချက်မရှိပါဘူး တကယ်တော့ သာလွန် ကောင်းမွန်တယ်လို့တောင် ပြောနိုင်ပါတယ် ဒါ့ပြင် ငါတို့က သူနဲ့ ရန်ငြိုးမရှိပါဘူး ...

... အများဆုံးတော့ ငါတို့တွေကြားမှာ တာအိုလမ်းပေါ်က ပြိုင်ဘက်တွေလောက်ပါပဲ ... သွားတော့ ... ။ ”

ဝမ်ရှုကျိက ခဏမျှ တိတ်ဆိတ်နေခဲ့ပြီး လှည့်ထွက်သွားခဲ့၏။ ကျောက်တုံးအိမ်အတွင်း မှိန်ပျပျမီးအိမ်အလင်းများ ပြည့်နှက်နေသည်။

အခြားသောပရိဘောဂများ မပါရှိဘဲ အရမ်းရိုးရှင်းချေ၏။ ယွီချန်သည် တရားထိုင် ဖျာပေါ်တွင်ထိုင်ကာ မဟူရာကျောက်စိမ်းပြား တစ်ချပ်ကိုကိုင်လျက်၊

“ အဲဒီစုရီက တကယ်ပဲ ... အဲဒီလောက်တောင် ကြောက်စရာကောင်းလား။ ”

-ဟု ရေရွတ်တော့၏။

သူ့လက်ထဲရှိ မဟူရာကျောက်စိမ်းသည် အနည်းငယ်မျှ တုန်ခါသွားပြီး ရွှေအလင်းများ ဖြာထွက်လာကာ၊

“ ခွန်အားအရတော့ ငါမသိပါဘူး ... ဒါပေမယ့် ဝှက်ဖဲတွေအကြောင်း ပြောနေတာ ဆိုရင်တော့ ... ။ ”

-ဟု အသံက ရပ်သွားခဲ့၏။ ယွီချန်မှ နားလည်သွားပြီး၊

“ သူ မင်းနဲ့ မယှဉ်နိုင်ဘူး မဟုတ်လား။ ”

-ဟု ပြောကြားလိုက်သည်။

“ မဟုတ်ဘူး၊ ငါသေလိမ့်မယ်။ ”

ဤတစ်ကြိမ်တွင် ယွီချန်ခမျာ တိတ်ဆိတ်သွားတော့၏။ အချိန်အတော်ကြာ ပြီးနောက် သူ့မျက်လုံးများ လင်းလက်လာကာ နှုတ်ခမ်းတွင် အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။

“ ဒါက ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီ။ ”

.....

သုံးရက်အကြာတွင် ဒုံရွှမ်တောင်ထိပ် နန်းတော်တစ်ခုအတွင်း။

“ ကောင်းပြီ၊ တစ်လအတွင်း ဘုန်းကြီးကျိကုန်းက သူ့ဝိညာဉ်ကို ပြန်လည် ကုသလာနိုင်လိမ့်မယ် ပြီးရင်သူ့ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်နိုင်ပြီ။ ”  

စုရီက အသက်ပြင်းပြင်း ရှူလျက် ပြောကြားလိုက်သည်။ သူ့ရှေ့၌ ပိုးအိမ်အသွင် သဏ္ဍာန် အလင်းလုံးတစ်လုံး လွင့်မျောနေ၏။

ထိုအလင်းလုံးသည် ထူးဆန်းပြီး သိပ်သည်းသော အမိန့်များဖြင့် ပြည့်နှက်နေ ချေပြီ။ ၎င်းသည် တည်ဆောက်မှုအမိန့်ဖြစ်ပြီး အလင်းစက်လုံးအတွင်းရှိ ကျိကုန်းဝိညာဉ်ကို အာဟာရဖြည့်တင်းပေးရန် ဆေးဝါးများ စုပ်ယူထောက်ပံ့ပေးနိုင်၏။

“ အရမ်းကောင်းတယ် မင်းမရှိရင် ဒီဘုန်းကြီးကို တိုတောင်းတဲ့အချိန်အတွင်းမှာ ပြန်လည်ပုံဖော်ပေးဖို့ ငါ့အတွက် ခက်ခဲလိမ့်မယ်။ ”

ဓားမိစ္ဆာချင်းရှစ်က ပျော်ရွှင်မှုကို မထိန်းနိုင်ခဲ့ချေ။ စုရီသည် အလင်းလုံးလေးကို သူ့ထံလွင့်ဝဲစေလျက် ပြုံးလိုက်သည်။

“ အခုကစပြီး မင်းသူ့ကိုဂရုစိုက်ရမယ် ငါအပြင်ကို ခဏလောက်သွားပြီး နတ်ဝိညာဉ် အနှစ်သာရကို စုဆောင်းဖို စီစဉ်ထားတယ်။ ”

“ ကောင်းပြီ ဂရုစိုက်ပါ တာအိုစု။ ”

နတ်ဝိညာဉ်အနှစ်သာရသည် ပထမတိုက်ပွဲကွင်း၏ ထိပ်တန်းရတနာတစ်ခု ဖြစ်ပြီး မယုံနိုင်အောင် အကျိုးကျေးဇူးရှိ၏။

စုရီမှ ခေါင်းညိတ်ပြီး လှမ်းထွက်လာစဉ် ဧည့်သည်တစ်ယောက်ကို လီကျုံးမှ ခေါ်ဆောင် လာကြောင်း မြင်တွေ့လိုက်ရသည်။

“ တာအိုစု ငါတို့ပြန်တွေ့ရပြီ။ ”

စုရီက မျက်ခုံးပင့်လိုက်၏။ ဤသည်မှာ ထာဝရဝိညာဉ်အားချိုင်ပေပင်။ အတိတ်ဘဝမှ ဝမ်ယဲ့၏ မှတ်ဉာဏ်များအရ ထိုအားချိုင်၏ နောက်ခံသည် ထူးခြားဆန်းပြားချေပြီ။

အင်မော်တယ် နယ်မြေ၏ သမိုင်းကြောင်းတွင်ပင် သူမကဲ့သို့သတ္တဝါမျိုးကို ရှာမတွေ့နိုင်ချေ။ အလွန်ရှားပါးချေ၏။

ဆိုလိုသည်မှာ ထာဝရဝိညာဉ်နှင့် ပတ်သက်သော ဒဏ္ဍာရီများသည် လူအများ ထင်ထားသည်ထက် ပို၍ဆန်းကြယ်၏။

တစ်ချိန်က အင်မော်တယ်နယ်ပယ် အထွတ်အထိပ်တွင် ရပ်နေခဲ့ဖူးသော ဝမ်ယဲ့ ပင်လျှင် ဤကဲ့သို့သော သဘာဝအလျောက် မွေးဖွားလာသည့် သတ္တဝါမျိုးကို မမြင်ဖူးခဲ့ချေ။

သူမသည် အချိန်နှင့် အာကာသ စည်းမျဉ်းများမှ မွေးဖွားထားသော ကလေးငယ် တစ်ဦးကဲ့သို့ ပြန်လည်မွေးဖွားနိုင်သည်။

ထာဝရတည်ရှိနေနိုင်သော သတ္တဝါတစ်ဦးကဲ့သို့ပေပင်။ ထိုအရည်အချင်းမှာ ကောင်းကင်ဘုံကို စိန်ခေါ်နေခြင်း ဖြစ်၏။

တစ်ချိန်က ဝမ်ယဲ့သည်လည်း ဤသို့သောသတ္တဝါမျိုးကို ရှာဖွေခဲ့ဖူးလေသည်။ ကံမကောင်းစွာဖြင့် ရှာမတွေ့ခဲ့ချေ။

နှစ်ယောက်သား ခဏမျှ နှုတ်ဆက်စကားများ ပြောကြားပြီးနောက် အကြောင်းအရင်းထံ ဦးတည်လိုက်၏။

ပထမတိုက်ပွဲကွင်းသို့ ရောက်ရှိနေသည့် အချိန်အတောအတွင်း သူမသည် သွေးနီရောင် လွင်ပြင်အတွင်း၌ ကြီးမားသော အခွင့်အရေး တစ်ခုကို တွေ့ရှိခဲ့ကြောင်း ပြောကြားလာ၏။ ထို့‌နောက်၊

“ အဲဒီကြီးကျယ်ခမ်းနားတဲ့ ကံကြမ္မာကိုရယူဖို့ မင်းဆီအကူအညီတောင်းဖို့ ငါရောက်လာတာပါ တာအိုစု။ ”

-ဟု ဖြည့်စွက်လိုက်သည်။ စုရီမှ စိတ်ဝင်စားသွား၏။

“ ဘယ်လို ကံကြမ္မာမျိုးလဲ။ ”

အားချိုင်းတစ်ယောက် မျက်ဝန်းများ တောက်ပလာပြီး မျက်တောင်များ တဖျပ်ဖျပ် ခတ်ကုန်ကာ၊

“ ဒါက လေဟာနယ် ဖျက်ဆီးခြင်း နတ်မိုးကြိုးမူလစွမ်းအင်ကနေ မွေးဖွားလာတဲ့ ရတနာတပါးပဲ အဲဒီကိုရောက်ရင်သိမှာပါ ...

... ဟုတ်တယ် မင်းကို အလကား ကူညီခွင့်မပေးပါဘူး ... ငါအဲဒီရတနာကိုရပြီးရင် (၅၀/၅၀) ခွဲဝေပေးပါ့မယ်။ ”

-ဟု ဖြေကြားလာသည်။ စုရီက သဘောတူလိုက်တော့၏။

ထိုနေ့မှာပင် စုရီနှင့် အာချိုင်းတို့သည် ဒုံရွှမ်တောင်ထိပ်မှ အတူတူ ထွက်ခွာခဲ့ကြသည်။ သူတို့ထွက်ခွာပြီး မကြာမီ ဆန်းကြယ်သော အမျိုးသမီးတစ်ဦး ရောက်ရှိလာပြန်၏။

သူမက တောင်ထိပ်ပေါ် မော့ကြည့်ကာ၊

“ ဒီမှာ ... စုမျိုးရိုးနာမည်နဲ့ အဲဒီလူ ရှိနေသေးလား ... သူဘယ်မှာလဲ ငါနဲ့လာတွေ့ဖို့ ပြောလိုက်ပါ။ ”

-ဟု အော်ဟစ်လိုက်တော့သည်။ သူမအသံသည် ကျယ်လောင်ခြင်းမရှိသော်မှ လူတိုင်းနားစည်အတွင်းသို့ အံ့အားသင့်ဖွယ် ကောင်းအောင် တိုးဝင်လာချေပြီ။

***

အခန်း ၁၁၂၄ -

နတ်ဘုရား ရတနာကို လုယူခြင်း။

သူ့ရှေ့မှ ခရမ်းရောင်မျက်လုံးများနှင့် စိုက်ကြည့်လာအမျိုးသမီးကြောင့် လီကျုံးသည် အသက်ရှူမဝသလို ခံစားလာရပြီး စိတ်ဝိညာဉ် ပြိုလဲလုမတတ်အေးစက်လာ၏။

“ တာအိုစု ဘယ်သွားလဲဆိုတာ ဒီအဖိုးကြီးအတွက် သိမြင်နိုင်တဲ့ အရည်အချင်း မရှိပါဘူး ... နဂါးတစ်ကောင်ရှေ့က မြွေတစ်ကောင်လိုပါပဲ။ ”

“ အိုး ... မင်းလိမ်နေတာကို နောက်မှ ငါသိရင် မင်းရဲ့လည်ချောင်းမှာ သွေးထွက်နေတဲ့ အပေါက်တစ်ပေါက် ပေးမယ်။ ”

အမျိုးသမီးက အချိန်မဖြုန်းတော့ဘဲ ပြတ်သားစွာဖြင့် လှည့်ထွက်သွားတော့သည်။ သို့မှသာ လီကျုံးသည် ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုး တစ်ခုပြုတ်ကျသွားသည့်အလား ချွေးများ စီးကျလာခဲ့၏။

ဤအမျိုးသမီးကား မည်သူနည်း။ အဘယ်ကြောင့် သူမကို ပထမတိုက်ပွဲကွင်းတွင် မမြင်ဖူးသနည်း။

.....

သွေးနီရောင် လွင်ပြင်။ ခမ်းနားသော တောင်တန်းကြီးသည် မိုးခြိမ်းသံများနှင့် ဆူညံ နေပြီး ဖျက်ဆီးတတ်သော အရှိန်အဝါများ ပျံ့ကားလာနေချေပြီ။

“ လေဟာနယ် ဖျက်ဆီးခြင်း နတ်မိုးကြိုးတွေလား။ ”

စုရီမှ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ ဤကဲ့သို့ အလွန်ရှားပါးသည့် လျှပ်စီးစွမ်းအင်မျိုး ပထမတိုက်ပွဲကွင်းတွင် ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

“ ဒါကြောင့်လည်း ဒိုမိန်းတိုက်ပွဲကွင်းက ခေတ်အဆက်ဆက် ထူးခြားနေတာပေါ့။ ”

အားချိုင်မှ တုန့်ပြန်လိုက်၏။

“ ဒါဟာ သေမျိုးနယ်ပယ်နဲ့ အင်မော်တယ်နယ်ပယ်ကို ဆက်သွယ်ပေးပြီး အစားထိုးလို့မရအောင် ထူးခြားဆန်းကျယ်တဲ့ ဒိုမိန်းတိုက်ပွဲကွင်းရဲ့ဖြစ်စဉ်ပါပဲ။ ”

သူမစကားကို စုရီမှ လေးလေးနက်နက် သဘောတူလိုက်သည်။ အင်မော်တယ်မြေနှင့် သေမျိုးလောကကို ဆက်သွယ်ပေးထားသော လမ်းကြောင်းဟူ၍ အများကြီးမရှိချေ။

“ မင်းပြောခဲ့တဲ့ မယုံနိုင်စရာအခွင့်အရေးက ဒီတောင်ပေါ်မှာလား။ ”

စုရီမှ အဝေးရှိတောင်တန်းကြီးကို မော့ကြည့်လျက်မေးမြန်းလိုက်၏။ အနက်ရောင် နတ်လျှပ်စီးများက ကောင်းကင်၌ ပြည့်နှက် နေချေပြီ။

“ ဟုတ်တယ် ... တောင်ထိပ်ရဲ့ ကျောက်တွင်းတစ်ခုထဲမှ မိုးကြိုးရေကန်တစ်ခု ရှိတယ် လေဟာနယ်ဖျက်ဆီးခြင်းမိုးကြိုးရဲ့ အနှစ်သာရနဲ့ နတ်ဘုရားရတနာတစ်ခုကို အဲဒီမှာမွေးဖွားထားတယ်။ ”

စုရီက တိတ်ဆိတ်သွားသည်။

“ ဒါပေမယ့် အဲဒီရတနာကိုရယူဖို့က အရမ်းခက်ခဲတယ် ... အရင်က ငါအကြိမ်ကြိမ် ကြိုးစားခဲ့ပြီးပြီ တောင်ထိပ်ကိုရောက်တိုင်း ရှုပ်ထွေးတဲ့ စည်းမျဉ်းစွမ်းအားတစ်ခုက ...

... ပိတ်ဆို့ထားတယ် ... အတင်းအကြပ်အတင်းဝင်ရောက်ဖို့ ကြိုးစားရင် ပိုပြီး တွန်းလှန်တယ် ... ကြည့်ရတာ ဒီတောင်က တန်ခိုးကြီးပုဂ္ဂိုလ်တစ်ယောက် ကန့်သတ်ခဲ့တဲ့ နယ်မြေလားမသိဘူး။ ”

“ သွားကြည့်ရအောင်။ ”

စုရီက စိတ်ဝင်စားသွား၏။ ထို့နောက် နှစ်ယောက်သား တောင်ပေါ်သို့ပျံတက်ခဲ့သည်။ တောင်ထိပ်ပေါ်တွင် အင်မော်တယ်မိုးကြိုး မြည်သံများ ဆူညံနေ၏။

“ ဂျိန်း ... ။ ”

အာချိုင်းရှေ့က လေဟာနယ်သည် ပြင်းထန်စွာတုန်ခါသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာတော့သည်။

တောင်ထိပ်တစ်နေရာတွင် ပြင်းထန်သည့် မိုးကြိုးမုန်တိုင်းများရစ်သိုင်းလျက် အရွယ်အစား ဆယ်ပေရှိသော မိုးကြိုးရေကန်တစ်ခုကို မြင်လိုက်ရလေသည်။

“ ဝုန်း ... ။ ”

ကောင်းကင်မှ ပြည့်လျှံနေသော နတ်လျှပ်စီးများသည် ထိုမိုးကြိုးရေကန်အတွင်း စီးဝင်လျက် လှိုင်းထနေတော့၏။

တစ်ချက်ကြည့်လိုက်ရုံနှင့် နတ်မိုးကြိုးများသည် မျက်စိကွယ်စေနိုင်သော ဖျက်ဆီးခြင်းအရှိန်အဝါများ တောက်ပနေသည်။

“ အဲဒီ နတ်ဘုရားရတနာက နတ်မိုးကြိုးရေကန်ရဲ့ အောက်ခြေမှာ ရှိနေတယ် တာအိုစု။ ”

အာချိုင်း၏ မျက်လုံးများ တောက်ပလာပြီး၊

“ ငါအရင်က အကြိမ်ပေါင်းများစွာ စူးစမ်းဖူးတယ် အဲဒီနတ်ဘုရားရတနာလေးက မြက်ပင်တစ်ပင်လို့ ထင်ရတယ်။ ”

-ဟု ဖြည့်စွက်လိုက်သည်။

“ မြက်ပင်လား။ ”

စုရီမှ အံ့အားသင့်သွားသည်။ သူ့မျက်ဝန်းများတောက်ပလျက် နတ်မိုးကြိုး ရေကန်အတွင်း စိုက်ကြည့်လိုက်၏။

သို့သော် အံ့သြစရာကောင်းစွာပင် မိုးကြိုးရေကန်ပတ်ပတ်လည် ဧရိယာကြီးသည် စည်းမျဉ်းစွမ်းအားတစ်ခုဖြင့် ဖုံးလွှမ်းခြင်းကို ခံထားရချေပြီ။

“ ဘယ်လိုလဲ ဒီနတ်မိုးကြိုးရေကန်ကို တားမြစ်စည်းမျဉ်းတစ်ခုက ဖုံးကွယ်ထားတယ် ဆိုတာ သတိထားမိတယ်မဟုတ်လား။ ”

“ ဟုတ်တယ် ... ဒါက ဒီဒိုမိန်းတိုက်ပွဲကွင်းကြီးရဲ့ ဥပဒေစည်းမျဉ်း စွမ်းအားနဲ့ သိသိသာသာကွာခြားတယ်။ ”

စုရီက ခေါင်းညိတ်သည်။ အားချိုင်မှ၊

“ အရင်တုန်းက ငါ နတ်မိုးကြိုးရေကန်ကို ချဉ်းကပ်ဖို့ ကြိုးစားလိုက်တိုင်း အဲဒီစည်းမျဉ်းရဲ့ စွမ်းအားတွေက အတင်းပြန်လွှတ်တယ်။ ”

-ဟု ရှင်းပြလိုက်၏။ စုရီတစ်ယောက် မျက်လုံးများ တောက်ပသွားပြီး၊

“ ငါမမှားဘူးဆိုရင် ... ဒါက နတ်ဘုရားဥပဒေစည်းမျဉ်းတစ်ခု ဖြစ်နိုင်တယ်။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

“ ဟမ့် ... နတ်ဘုရားဥပဒေလား။ ”

အာချိုင်းခမျာ မျက်ဝန်းများ ကျဉ်းမြောင်းသွားလျက်၊

“ ငါ အရင်က သံသယရှိခဲ့ပေမယ့် ... နတ်ဘုရားတစ်ပါးရဲ့ ဥပဒေစည်းမျဉ်းတွေက ဒီလိုဒိုမိန်းကွင်းထဲကို ထိုးဖောက်ဆင်းသက် နိုင်လိမ့်မယ်လို့ မယုံကြည်ခဲ့မိဘူး။ ”

-ဟု တုန့်ပြန်၏။ စုရီက ခဏမျှစဉ်းစားပြီး၊

“ မင်း ငါ့ကိုကာကွယ်ပေးပြီး ရှေ့ဆက်သွားနိုင်မလား ငါအဲဒီတားမြစ်ထားတဲ့ စွမ်းအားကို ကိုင်တွယ်ဖြေရှင်းပေးမယ်။ ”

-ဟု တောင်းဆိုလိုက်သည်။

သူသည် နတ်ကျွန်များကို တစ်ကြိမ်ထက်ပိုပြီး သတ်ခဲ့ဖူး၏။ ထို့ကြောင့် နတ်ဘုရားများ၏ ဆန္ဒကိုမကြောက်ချေ။

“ ကောင်းပြီ ... ။ ”

အားချိုင်က ခေါင်းညိတ်လျက် အင်မော်တယ်ချီများဖြင့် အလင်းစက်လုံးအသွင် ဖန်တီးကာ စုရီကို ခေါ်ဆောင်လာခဲ့၏။

များမကြာခင်မှာပင် သူတို့နှစ်ယောက် ရေကန်နားရောက်ရှိသွားသည်။ အဖျက်စွမ်းအား လျှပ်စီးလှိုင်းများက အားချိုင်၏ အင်မော်တယ် ချီအလင်းလွှာကို ထိမှန်လာ၏။

“ ဘန်း ... ။ ”

အင်မော်တယ်ချီအလွှာက ထိုလှိုင်းကို ပြန့်ကျဲသွားစေခဲ့သည်။ သို့သော် များမကြာခင် နတ်မိုးကြိုးရေကန်စပ်သို့ ရောက်ရှိသောအခါ တားမြစ်စည်းတစ်ခု ရုတ်ချည်းပေါ်လာ၏။

“ ဝမ် ... ။ ”

ယင်းသည် မျက်စိကွယ်စေနိုင်သော နတ်သက်တံ့ကဲ့သို့ တောက်ပပြီး အားချိုင်းဆီကို ဓားတစ်လက်လို ခုတ်ထစ်လာခဲ့သည်။ အားချိုင် ခမျာ ဆံပင်များ ထောင်ထလာ၏။

“ ဟမ့် ... ။ ”

“ ဝှစ် ... ။ ”

“ ဘန်း ... ။ ”

ထိုစဉ် စုရီသည် နှာခေါင်းရှုံ့လိုက်ပြီး လှမ်းတက်သွားကာ လက်သီးဖြင့် ပြန်လည်၍ ထိုးနှက်ပစ်လိုက်တော့သည်။

နတ်ဘုရားဓားပုံရိပ်ကြီးမှာ ချက်ချင်း ပြိုကွဲသွား၏။ ထိုမျှလွယ်လွယ် ကျိုးသွားခြင်းကို အားချိုင်မှ အံ့အားသင့်လာသည်။

တစ်ဆက်တည်းမှာပင် နောက်ထပ် တားမြစ်စွမ်းအားများသည် နတ်ဓားတစ်လက် အဖြစ်ပေါင်းစည်းကာ ပြေးဝင်လာပြန်၏။

လမ်းတလျှောက် စုရီက ထိုဓားများကို လက်သီးဖြင့်ထိုးနှက်ကာ ပျက်ပြယ်သွားစေ၏။ ဤသည်မှာ ငရဲဘုံကိုးပါးဓား၏ အရှိန်အဝါ ပေပင်။ အံ့ဖွယ်အသုံးဝင်နေ၏။

များမကြာမီတွင် နှစ်ယောက်သား မိုးကြိုးရေကန်ရှေ့သို့ ရောက်ရှိသွားခဲ့ကြသည်။ သို့မှသာ စုရီသည် မိုးကြိုးရေကန်အောက်ခြေရှိ နတ်ဘုရားရတနာကို မြင်လိုက်ရ၏။

၎င်းသည် မြက်ရိုင်းတစ်ပင်နှင့်တူပြီး ဓားသဏ္ဍန်အရွက်သုံးရွက်ပါရှိသည်။ မိုးကြိုး ရေလှိုင်းများကြားတွင် ကျက်သရေရှိစွာ ယိမ်းနွဲ့နေတော့၏။

အပင်ကိုယ်ထည်သည် ရွှေရောင်ဖြစ်ပြီး ကျောက်စိမ်းကဲ့သို့ကြည်လင်သည်။ အရွက်များ အရည်အသွေးသည် နတ်ရွှေများနှင့်ဖန်တီးသည့် ဓားတစ်လက်အလား အေးစက်ကာ ထက်ရှ၏။

“ ကောင်းကင်ဘုံ ဖျက်ဆီးခြင်း မြက်။ ”

စုရီမှ အံ့အားသင့်သွားသည်။ ဒဏ္ဍာရီအရ ဤကမ္ဘာတွင်အလွန်ရှားပါးပြီး အဖိုးတန်သော သဘာဝမွေးရာပါ ရတနာတစ်ခုပေပင်။

အရွက်များ၏ အာနိသင်သည် ကောင်းကင်ဘုံကိုပင် ဖြတ်တောက်ပစ်နိုင်သော အစွမ်းရှိသည်ဟူသော အဓိပ္ပါယ်ဖြစ်၏။

အရွက်တစ်ရွက်ဖြင့် ဓားတစ်လက် သွန်းလုပ်နိုင်သော် မယုံကြည်နိုင်လောက်အောင် အစွမ်းထက်သည့် နတ်ဓားတစ်လက် ရရှိပေမည်။

ဆိုလိုသည်မှာ ဤရတနာသည် အလွန်ရှားပါးပြီး ရှေးယခင်က ပျောက်ကွယ် သွားခဲ့သည့် ဒဏ္ဍာရီတစ်ခုဖြစ်ချေ၏။

ထိုကဲ့သို့သော ရတနာသည် သေမျိုးလောက၌ ထွက်ပေါ်ရန်သည် နှစ်ပေါင်း တစ်သောင်းတွင် တစ်ကြိမ်မျှသာ အခွင့်အရေးရှိချေမည်။

အင်မော်တယ်နယ်မြေ၌ပင် ပြင်းထန်သောတိုက်ပွဲများကို မလွဲမသွေဖြစ်ပေါ် စေနိုင်၏။

“ ဒီနတ်ဘုရားမြက်ပင်မှာ အရွက်သုံးရွက်ရှိတယ် ဆိုလိုတာက အနည်းဆုံး နှစ်ပေါင်း (၁၈၀,၀၀၀)လောက် ... ဒီနေရာမှာ ပေါက်ရောက်နေခဲ့တာပဲ။ ”

စုရီမှ မှတ်ချက်ပေးသည်။ နှစ်ပေါင်း (၆၀,၀၀၀)တွင် အရွက်တစ်ရွက်သာ ထွက်ပေါ် နိုင်ကြောင်း သတိရလာ၏။

“ ဒါက သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ ပြိုင်ဘက်ကင်းတဲ့ ရတနာတစ်ပါးပဲ တာအိုစု ဘယ်လိုသဘောရလဲ ဆက်ထားသင့်လား။”

“ မဟုတ်ဘူး ငါတို့ ခူးရမယ်။ ”

“ ကောင်းပြီ ငါလုပ်လိုက်မယ်။ ”

အားချိုင်က စုရီနှင့်အတူ ရေကန်အစပ်သို့ လျှောက်လှမ်းသွားကာ ထာဝရရှင်သန်ခြင်း၏ စည်းမျဉ်းကို ပိုးချည်အဖြစ် ထုတ်လွှတ်၏။

“ ဝှစ် ... ။ ”

ကောင်းကင်ဘုံ ဖျက်ဆီးခြင်းမြက်သည် ယိမ်းနွဲ့လျက် ရွှေရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်ကာ ထိုပိုးချည်ထံ ဖြတ်တောက် ပစ်လိုက်လေသည်။

“ ဝုန်း ... ။ ”

အားချိုင်တစ်ယောက် ထိတ်လန့်သွား၏။ သည့်စဉ် ကောင်းကင်ဘုံဖျက်ဆီးခြင်းမြက်သည် ပြင်းစွာတုန်ခါသွားပြီး ရေကန်အောက်ခြေမှ မြင့်တက်လာခဲ့သည်။

“ ဖရူး ... ။ ”

“ ဖိနှိပ် ... ။ ”

စုရီက လက်ဖဝါးတွင် ပိတ်လှောင်ခြင်း ဥပဒေစည်းမျဉ်းကို ထုတ်ဖော်လျက် ဖမ်းဆီးရန် ကြိုးစားလိုက်တော့၏။

ကောင်းကင်ဘုံ ဖျက်ဆီးခြင်းမြက်သည် ရွှေရောင်အလင်းတန်းများစွာဖြင့် ယိမ်းနွဲ့နေပြီး ထိုပိတ်လှောင်မှုမှ ထွက်ပြေးတော့၏။

ထိုအချိန်တွင် စုရီသည် နောက်ဆုံးတွင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက် ရတော့သည်။

ကောင်းကင်ဘုံ ဖျက်ဆီးခြင်းမြက်သည် အသိစိတ်ဖြင့် လွတ်မြောက်ရန်ကြိုးစားခြင်းမျိုး မဟုတ်ဘဲ ငါးမျှားချိတ်တစ်ခုနှင့် ဆွဲငင်ခြင်း ခံနေရပုံပေပင်။

ဖောက်ထွင်းမြင်နိုင်သော သေးငယ်လွန်းသည့် ငါးမျှားချိတ်တစ်ခုသည် အမြစ်မှ တွဲလောင်းကျနေခဲ့၏။

ထိုငါးမျှားချိတ်တွင် နွားအမွှေးကဲ့သို့ သေးငယ်သော ချည်မျှင်တစ်ချောင်း ရှိနေသည်။ ဤသည်မှာ စည်းများတစ်ခုဖြစ်၏။

“ တစ်ယောက်ယောက်က ဒီနတ်ဘုရားရတနာကို ဖမ်းယူဖို့ ချိတ်တစ်ခုနဲ့ ချည်ထားတာလား။ ”

စုရီမျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားလေသည်။ သို့တိုင် သူ့အတွက် ဆက်ပြီးစဉ်းစားရန် အချိန်မရှိတော့ချေ။

ချက်ချင်း လက်ချောင်းငါးချောင်းဖြင့် ကောင်းကင်ဖျက်ဆီးခြင်းမြက်ပင်ကို ခိုင်မာစွာ ဆွဲကိုင်လိုက်ရသည်။

ကောင်းကင်ဘုံ ဖျက်ဆီးခြင်း မြက်က လွတ်မြောက်ရန်ကြိုးစားသည့်အလား ပြင်းစွာ တုန်ခါလာသည်။

“ တစ်ယောက်ယောက် ငါးမျှားကြိုးကို ဆွဲနေပြီ။ ” 

အားချိုင်က အော်ဟစ်လိုက်သည်။ ကောင်းကင်နှင့် မြေကြီးကြား ပြင်းစွာတုန်ရင်ပြီး လေဟာနယ် ပြိုကျသွား၏။

ထိုငါးမျှားချိတ်၏ စွမ်းအားသည် စိတ်ကူးနိုင်သည်ထက် ‌ကျော်လွန်နေချေပြီ။ အရှိန်အဝါဖြင့် အာချိုင်၏ကျင့်ကြံမှုကို လုံးဝ ဖိနှိပ်ထားပြီး မလှုပ်နိုင်အောင် ဖြစ်စေ၏။ သူ့ရှေ့တွင် သူမသည် သိုးသူငယ်ပေပင်။

“ မကောင်းတော့ဘူး။ ”

အားချိုင်တစ်ယောက် မျက်နှာ ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်မှာပင် စုရီ၏ မျက်လုံးထဲ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

ထူးခြားပြီး အေးစက်လွန်းသော ဓားရောင်ဝါတစ်ခုသည် ကောင်းကင်တခွင်သို့ ဖုံးလွှမ်းသွားတော့၏။

ကောင်းကင်နှင့် မြေကြီး တုန်ခါသွားကာ ကြောက်စရာကောင်းသော အဖျက်စွမ်းအင်များ ပြန့်ကားလာသည်။

ငါးမျှားချိတ်မှ ထုတ်လွှတ်နေသော တားမြစ်ဥပဒေစွမ်းအားသည် ပိုးချည်ကြိုးကို ဖြတ်ချလိုက်သည့်အလား လုံးဝ ပြတ်တောက်သွားခဲ့၏။

“ ဝှစ် ... ။ ”

ကောင်းကင်ဘုံ ဖျက်ဆီးခြင်းမြက်သည် လေထဲမှပြုတ်ကျလာသဖြင့် စုရီက ဖမ်းယူလိုက် လေသည်။ အာချိုင်းက စိတ်သက်သာရာရသွား သလို သက်ပြင်းချလိုက်တော့၏။

အနည်းငယ် တုန့်ဆိုင်းမိပါက ဤရတနာကို လုယူခြင်းခံရပေမည်။ ကောင်းကင်ပေါ် မော့ကြည့်လျက်၊

“ ဒီငါးမျှားချိတ်က ... ဘယ်ကနေ ရောက်လာတာလဲ ဘယ်သူများ ဒီရတနာကို ငါတို့ဆီကနေ ခိုးယူဖို့ ဆန္ဒရှိနေတာလဲ။ ”

-ဟု နားမလည်နိုင်စွာ ညည်းတွားလိုက်သည်။

“ မဟုတ်ဘူး ... ငါတို့ကသာ အဲဒီလူရဲ့အခွင့်အရေးကို ခိုးယူလိုက်တာပါ။ ”

စုရီက စကားကို ပြင်ပေးလိုက်၏။ ငါးမျှားချိတ်သည် ဟိုးယခင်တည်းကရှိနေခဲ့တာ သေချာချေပြီ။ သူနှင့် အားချိုင်သည်သာ ရတနာကို လုယက်ခဲ့ခြင်းဖြစ်၏။

***

All Chapters