← Chapters

အခန်း (၁၁၂၇-၁၁၂၈)

Vol. 94 Ch. 1127-1128

အခန်း (၁၁၂၇-၁၁၂၈)

Vol. 94 Ch. 1127-1128

အခန်း ၁၁၂၇ -

သေခြင်းတရားကို ပေးစွမ်းနိုင်သော ဓားတစ်ချက် ... ။

“ ဝုန်း ... ။ ”

သုံးရက်အကြာတွင် သွေးနီရောင် လွင်ပြင်အတွင်းတစ်နေရာ၌ မြေပြင်ကြီးသည် ရုတ်တရက် အပိုင်းပိုင်းကွဲသွား​​တော့သည်။

ထို့နောက် ချက်ချင်းပင် တောက်ပသော သတ္တုသွေးကြောတစ်ခု လေထဲပျံတက်လာပြီး စုရီလက်ဖဝါးအတွင်း ပြုတ်ကျလာ၏။

ယင်းသည် ပေရာပေါင်းများစွာ ရှည်လျားသော တောင်တန်းကြီးတစ်ခုကဲ့သို့ ထူထဲချေပြီ။

“ ဒါက တိမ်ပေါ်ပျံသန်းခြင်းအဆင့် မူလကျောက်တုံး ... ဆယ်ဂဏန်းလောက်ပဲ ရနိုင်မယ်။ ”

စုရီက အနည်းငယ် စိတ်ပျက်သွားသည်။ ဤသတ္တုသွေးကြောသည် အလွန်ကြီးမားလွန်း သော်လည်း ၎င်းတွင်ပါရှိသောစွမ်းအင်သည် အကန့်အသတ်ရှိနေ၏။

“ တခြားနေရာတွေကို သွားကြည့်ရအောင်။ ”

အဆုံး၌ စုရီပုံရိပ်သည် ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွား၏။ နောက်ထပ် သုံးရက် ထပ်မံကုန်လွန်လာပြီးနောက် အားချိုင်နှင့် လမ်းခွဲခဲ့ကြသည်။

ထိုသုံးရက်အတွင်း စုရီသည် ပထမတိုက်ပွဲကွင်း၌သာ ရှာတွေ့နိုင်သော တိမ်ပေါ်ပျံသန်းခြင်း မူလစွမ်းအင်များကို ရှာဖွေစုစောင်းနိုင်ခဲ့သည်။

ခုနစ်ရက်အကြာတွင် စုရီသည် တောင်ထိပ်တစ်ခုပေါ်၌ ခြေချင်းချိတ်ထိုင်ပြီး ကျင့်ကြံနေ၏။

တစ်ဖက်တွင် ကောင်းကင်ဆန္ဒမီးဖိုသည် ဟိန်းဟောက်နေပြီး သေမျိုးနယ်ပယ်ဓားထံပါးမှ ရွှေရောင်အလင်းများဖြင့် တောက်ပကာ မျောလွင့်နေတော့သည်။

ဤရက်များအတွင်း ဆေးမီးဖိုသည် ကောင်းကင်ဘုံ ဖျက်ဆီးခြင်းမြက်ကို သန့်စင်ပြီး ဓားထံပေါင်းစပ်ပေးနေခြင်းဖြစ်၏။

တစ်ဆက်တည်းမှာပင် လေဟာနယ်ဖျက်ဆီ၏ခြင်း နတ်မိုးကြိုးစွမ်းအင် အနှစ်သာရကိုလည်း ပေါင်းထည့်ပေးသည်။

ဤနည်းဖြင့် သေမျိုးနယ်ပယ်ဓားသည် ကောင်းကင်ဘုံ ဖျက်ဆီးခြင်းမြက်နှင့် ပေါင်းစပ် သွားသည့်အခါ အင်မော်တယ် လက်နက်များနှင့် ယှဉ်နိုင်လာမည်ဖြစ်၏။

လဝက်ကုန်လွန်သွားပြီးနောက် စုရီကျင့်ကြံမှုသည် တာအိုပေါင်းစည်းခြင်း ပြည့်စုံမှုအဆင့် ရောက်ရှိသွားခဲ့သည်။

ထိုအချိန်တွင် သူ့ကျင့်ကြံမှုသည် အနည်းငယ်ပြဿနာကြုံလာခဲ့၏။ ယင်းသည် အုတ်မြစ် မတည်ငြိမ်သော လက္ခဏာပေပင်။

ထိုးဖောက်ဝင်ရောက်မှုနှုန်းသည် မြန်ဆန်လွန်းပြီး အုတ်မြစ်ကိုခိုင်မာအောင် လုပ်ဆောင်နိုင်ဖို့ရန် လိုအပ်လာပြီဖြစ်၏။

အကြောင်းရင်းသည် ဒိုမိန်းတိုက်ပွဲကွင်း တလျှောက် ရတနာများကြောင့် သူ့ကျင့်ကြံမှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းပေပင်။

ပထမတိုက်ပွဲကွင်း၏ နတ်ဝိညာဉ် အနှစ်သာရ၊ ဒုတိယတိုက်ပွဲကွင်း၏ မဟာတာအို ကျောက်စိမ်းနှင့် ဒြပ်စင်ငါးပါးကျောက်တုံး၊ တတိယတိုက်ပွဲကွင်းရှိ တိမ်ပေါ်ပျံသန်းခြင်း အဆင့် မူလစွမ်းအင် စသည်တို့သည် ပြင်ပတွင် မရရှိသော သဘာဝရတနာများဖြစ်သည်။

ထို့ကြောင့်ပင် လေးလအတွင်း နတ်ဝိညာဉ်အဆင့်မှသည် ပေါင်းစည်းခြင်း အဆင့်ထံသို့ ရောက်ရှိလာခြင်းဖြစ်၏။

မည်သူမဆို အဓိကအဆင့်တစ်ခုကို ဖောက်ထွင်းဖို့ရန်အချိန်ပေးရပြီး အဆင့်အတွင်း တိုးတက်မှုတစ်ခုရယူရန်ပင် နှစ်ပေါင်းများစွာ ကုန်ဆုံးရသည်။

တစ်ဖက်တွင် ဤသို့မြန်ဆန်သော အဆင့်ချိုးဖြတ်မှုနှုန်းသည် ကောင်းကျိုးထက် ဆိုးကျိုးသာပိုများစေသည်။

ထိပ်တန်းအင်အားစုများတွင် မြောက်များစွာသော အရင်းအမြစ်များနှင့် အဆင့်ချိုးဖြတ်မှု မြန်ဆန်အောင် ကူညီ ပေးနိုင်သည့် နည်းလမ်းများရှိ၏။

သို့သော် မည်သူမျှ အသုံးမပြုချေ။ ဤသည်မှာ အုတ်မြစ်ကို မလွဲမသွေယိုင်နဲ့စေပြီး လေထဲမှအိမ်လို အချိန်မရွေး ပြိုလဲစေမည်။

ထို့ကြောင့် မျိုးရိုးတစ်ခုသည် အုတ်မြစ်နက်ရှိုင်းလေ တာအိုအုတ်မြစ်ကို သန့်စင်ဖို့ရန် ပိုမိုအာရုံစိုက်လေပေပင်။

အချိန်များ လျင်မြန်စွာကုန်ဆုံးနေပြီး နောက်ထပ်တစ်လကုန်လွန်သွား၏။ စုရီသည် စုဆောင်းထားသော တိမ်ပေါ်ပျံသန်းခြင်းအဆင့် မူလစွမ်းအင်အနှစ်သာရ အနည်းငယ်ကို ချန်ထားကာ ပြန်လာခဲ့သည်။

အရှေ့ဘက်ရွှမ်တောင်ထိပ်သို့ ရောက်ရှိသောအခါ သူ့ကိုစောင့်ကြိုနေသည့် လူတစ်ယောက်ရှိနေ၏။ ယင်းသည် ရန်ချန်ချင်းပေပင်။

“ သခင်စု ... ရန်ချန်ချင်းက လွန်ခဲ့တဲ့ လဝက်လောက်တည်းက ဘယ်သူပိုသန်မာလဲ ဆုံးဖြတ်ချင်တယ်လို့ ပြောပြီး နေတိုင်း လာစောင့်နေပါတယ်။ ”

လီကျုံးက စုရီကို ပြောပြလာ၏။ စုရီမှအနည်းငယ်ခေါင်းညိတ်ပြီး ရန်ချန်ချင်းနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

“ တာအိုစု ... ငါက သူရဲကောင်းတွေကို အနိုင်ယူချင်လို့မဟုတ်ဘူး ... ငါ့အတွက်တကယ် ထိုက်တန်တဲ့ ပြိုင်ဘက်ကိုလိုချင်တာပါ။ ”

ရန်ချန်ချင်းက တည်ငြိမ်စွာဖြင့် ရှေ့တိုးလာပြီး လေးနက်စွာ ပြောကြားလာ၏။ ထို့နောက်၊

“ ဒါကြောင့် ... ငါကိုယ်တိုင် နေ့တိုင်း လာရောက်ပြီး မဟာတာအိုမှာ မင်းနဲ့ယှဉ်ပြိုင်ဖို့ ဆန္ဒရှိနေပါတယ်။ ”

-ဟု ရှင်းပြလိုက်သည်။

စကားပြောနေစဉ် သူ့မျက်လုံးများသည် ကြယ်ပင်လယ်ကြီးအလား တိုက်ပွဲဝင်ဆန္ဒများ တောက်ပနေခဲ့၏။ အရှေ့ဘက်ရွှမ်ဒေသက ပုဂ္ဂိုလ်အများအပြားသည် မျှော်လင့်ချက် အပြည့်ဖြင့် ချက်ချင်းစုပြုံလာသည်။

စုရီသည်သာ ဤလူကိုနှိမ်နင်းနိုင်သော် တောင်ပိုင်းမီးလျှံဒေသမှ ကျင့်ကြံသူများသည် သူတို့ရှေ့တွင် ခေါင်းမော့နိုင်တော့မည် မဟုတ်ချေ။

သို့သော် သူတို့ မျှော်လင့်ချက်နှင့် ဆန့်ကျင်ပြီး စုရီက ရန်ချန်ချင်းကို တစ်ချက် စစ်ဆေးကြည့်ကာ ငြင်းဆန်လိုက်တော့၏။

“ မင်း ... လက်လျော့လိုက်သင့်တယ်။ ”

ထို့နောက် စကားမဆိုတော့ဘဲ လှည့်ထွက်သွားသည်။ လူတိုင်းအံ့အားသင့်သွား လေသည်။ စုရီသည် ရန်ချန်ချင်းကဲ့သို့ ပြိုင်ဘက်ကို လုံးဝစိတ်မဝင်စားချေ။ ရန်ချန်ချင်းလည်း အံ့အားသင့်သွားပြီး လေးနက်သောအသံနှင့်၊

“ တာအိုစု .... မင်းဘာလို့ ငါနဲ့တိုက်ခိုက်ဖို့ ဆန္ဒမရှိရတာလဲ။ ”

-ဟု ထပ်မံမေးလိုက်သည်။

လဝက်လောက်ကတည်းက စုရီနှင့် ရင်ဆိုင်ရန် အရှေ့ဘက်ရွှမ်တောင်သို့ နေ့တိုင်း သူ ရောက်ရှိလာသည်ကို လူတိုင်းသိ၏။

သို့သော် ပြိုင်ဘက်သည် သူ့ကို ထိုအခွင့်အရေးမပေးခြင်းမှာ ရှက်စရာပေပင်။ စုရီမှ ခြေလှမ်းများ ရပ်တန့်ပြီး ရန်ချန်ချင်းထံ ကျောပေးလျက်ဖြင့်၊

“ အစွမ်းထက်တဲ့ဆေးက ခါးတယ် ... အမှန်တရားက နားထောင်ရခက်တယ် မင်း တကယ်ကြားချင်လား။ ”

-ဟု မေးလိုက်၏။ ရန်ချန်ချင်းက ဂရုမစိုက်ဘဲ၊

“ ပွင့်ပွင့်လင်းလင်းပြောပါ ... စကားလုံးတွေကြောင့် ငါဒေါသထွက်တတ်တဲ့ လူမျိုး မဟုတ်ပါဘူး။ ”

-ဟု တောင်းဆိုလိုက်သည်။

“ အရင်ကပဲဖြစ်ဖြစ် ... အခုပဲဖြစ်ဖြစ် ငါ့အမြင်မှာတော့ ... မင်းကငါ့ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်း မပြည့်မီဘူး။ ”

“ မင်း ... ။ ”

ရန်ချန်ချင်း အပါအဝင် လူတိုင်းက ပါးစပ်အစေဟောင်းသား ဖြစ်ကုန်ကြသည်။ ဤသည်မှာ ကြီးစွာသော ထိုးနှက်ချက်ပေပင်။

အစကနေအဆုံးအထိ စုရီသည် တောင်ပိုင်းမီးလျှံနယ်မြေ၏ ခေါင်းဆောင်ကို အလေးအနက် မထားခဲ့ချေ။

သူ့စကားတွင် လှောင်ပြောင်မှု၊ မထီမဲ့မြင်ပြုမှု၊ အထင်သေးမှုများ ရှိမနေလဲ့ဘဲ အချက်အလက်တစ်ခုကို ဖော်ပြနေသလို တည်ငြိမ်နေသည်။ ထိုအချင်းအရာသည်ပင် နာကျင်စရာ အကောင်းဆုံးဖြစ်နေ၏။

နင်းခြေခြင်းခံရသည်ထက် ပို၍ဝမ်းနည်းစရာကောင်းသည်မှာ ရန်သူမှ မင်းကိုစိတ်မဝင်စားခြင်းပေပင်။

“ မင်း တစ်ယောက်တည်း မဟုတ်ဘူး လူတိုင်းအတူတူပဲ။ ”

စုရီက ဆက်ပြောလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် လူအုပ်ကြီးသည် ထိုစကားအပေါ် ခံစားချက်မရှိချေ။

သူတို့အားလုံးသည် သူတို့၏ အဆင့်အတန်းနှင့် ခွန်အားကိုကောင်းစွာပင် နားလည်ထားသဖြင့် စုရီစကားမှာ သာမန်ပေပင်။ ရန်ချန်ချင်းအတွက် ဆန့်ကျင်ဘက်ဖြစ်၏။

“ အဲဒီလိုဆိုရင် ယွီချန်ရဲ့စိန်ခေါ်မှုကို ဘာလို့သဘောတူခဲ့တာလဲ။ ”

ရန်ချန်ချင်းမှ မျက်နှာနီရဲလျက် မေးမြန်းလိုက်သည်။ စုရီမှ ခေါင်းရမ်းလိုက်ပြီး၊

“ မင်း ထင်နေတာမှားတယ် ... ငါ့ရဲ့ဓားချက်တစ်ချက်ကို သူ ခံနိုင်ရည်ရှိမှလို့ပဲ ပြောခဲ့တာ ... သူလည်း ခြွင်းချက်မရှိဘူး။ ”

-ဟု ဖြည့်စွက်ပြောကြားလိုက်၏။ ရန်ချန်ချင်းက အသက်ကို ပြင်းပြင်းရှူလျက်၊

“ ဒါဆိုရင် မင်းဆီကနေ ဓားတစ်ချက် ခံယူချင်ပါတယ် ... ငါ့ကိုဉာဏ်အလင်းပေးပါဦး။ ”

-ဟု တောင်းဆိုလိုက်တော့သည်။

တစ်ဆက်တည်းမှာပင် ရောင်ဝါများ ပွင့်ထွက်လာပြီးနောက် ကောင်းကင်ရှိတိမ်များ ကွဲအက်ကုန်ကာ ကြောက်စရာကောင်းသော ဖိအားတစ်ခုလေထဲ ပြည့်လျှံလာ၏။

အခြားသော တောင်ထိပ်များသည် ဒုံရွှမ်တောင်ထိပ်၏ ဤပြောင်းလဲမှုအပေါ် သတိထားမိကုန်သည်။

“ ဘာတွေဖြစ်နေတာလဲ။ ”

ထို့ကြောင့် ချက်ချင်းပင် ကောင်းကင်ပေါ် ပျံတက်လာကြကာ အရှေ့ဘက်ရွှမ်တောင်သို့ လှည့်ကြည့်လာကြ၏။

တစ်ဖက်တွင် စုရီသည် မျက်မှောင်ကြုတ်လျက် စိတ်မရှည်ဖြစ်လာပြီး၊

“ မင်း တကယ်ပဲ ဒုက္ခခံယူချင်လား။ ”

-ဟု မေးမြန်းသည်။

“ မဟာတာအိုတိုက်ပွဲမှာ ရဲရင့်သူတွေက အနိုင်ရတယ် ... ငါ လဝက်လောက်စောင့်ခဲ့ပြီးပြီ ဒီနေ့ရှုံးရင်တောင် နောင်တရမှာ မဟုတ်ဘူး ...

... ဒါပေမယ့် ငါနောက်ဆုတ်ပြီး တိုက်ပွဲကိုကြောက်နေရင် ဘဝတစ်လျှောက်လုံး ငါ နောင်တရနေလိမ့်မယ်။ ”

ရန်ချန်ချင်းအသံက ခိုင်မာပြီး ဆုံးဖြတ်ချက်ပြတ်သားကြောင်း မြင်သာနေ၏။ လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။

“ ကောင်းပြီ ... ဒီစကားတွေအရ မင်းဆန္ဒကို ငါဖြည့်ဆည်းပေးမယ်။ ”

စုရီက လှည့်မကြည့်တော့ဘဲ အင်္ကျီလက်ထဲဖွက်ထားသော ညာဘက်လက်ကို ရုတ်တရက် နောက်ပြန်လှုပ်ခါလိုက်သည်။

“ ရွှပ် ... ။ ”

ဓားရောင်ဝါတစ်ခု လေထုအလယ် ရုတ်ချည်းမြင့်တက်လာပြီး ရန်ချန်ချင်းဆီသို့ ရိပ်ခနဲပြေးဝင်သွား၏။

ရိုးရှင်းသန့်စင်ကာ လှည့်ဖျားမှု၊ သတ်ဖြတ်လိုမှု၊ ကြီးစိုးမှု မပါရှိချေ။ သို့သော် ထိုဓားသည် ရန်ချန်ချင်းအမြင်တွင်မူ သေမင်း ဖြစ်နေချေ၏။

ဓားအလင်းမှ ထွက်ပေါ်လာသော စွမ်းအားသည် သူ့နှလုံးသားကို ကြောက်ရွံ့မှုများ ပြည့်နှက်စေသည်။

ကျင့်ကြံမှုကို အဆုံးထိ တွန်းပို့ပြီး သွေးနှင့်ချီလောင်ကျွမ်းလျက် ဝှက်ဖဲထုတ်ရန် အတွေးဝင်လာ၏။

သို့သော် ဝှက်ဖဲကို အသုံးပြုမည်ဆိုလျှင် ယနေ့မဟာတာအိုဆွေးနွေးမှုသည် အဓိပ္ပါယ် မရှိတော့ချေ။ တစ်ဖက်တွင် ဓားအလင်းသည် သူ့ကို သည့်ထက်ပို၍ စဉ်းစားချိန်မပေးသဖြင့် အစွမ်းကုန်ထုတ်ဖော်လိုက်ရသည်။

“ ဟမ့် ... ။ ”

တောင်တစ်လုံးပြိုကျပြီး ဆူနာမီလှိုင်းများ ရိုက်ခတ်သကဲ့သို့ အလွန်အမင်းများပြားသော ဓားစွမ်းအင်၏ ဖိနှိမ်ခြင်း ခံလိုက်ရ၏။

ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလျက် စိတ်ဝိညာဉ်တုန်လှုပ်သွားကာ အသက်ရှူကြပ် သလို ခံစားလိုက်ရသည်။ လှုပ်ရှားခုခံရန်ပင် စိတ်ကူး၍ မရတော့ချေ။

“ မကောင်းတော့ဘူး ... ။ ”

သေခြင်းတရား နီးကပ်လာသဖြင့် ရန်ချန်ချင်းတစ်ယောက် ထိတ်လန့်သွားသည်။ သူ့ဘဝတလျှောက် ဤခံစားချက်ကို ပထမဆုံး ခံစားရခြင်းပေပင်။ ကံကောင်းထောက်မစွာဖြင့် ဓားစွမ်းအင်သည် သူ့လည်ပင်းနှင့် သုံးလက်မ အကွာတွင် ရပ်တန့်ကာ ပျက်ပြယ်သွား၏။

“ ဒီဓားရဲ့အရိပ်ကနေ ထွက်လာနိုင်ရင် ... မင်းရဲ့မဟာတာအိုပေါ် နားလည်မှုဟာ အမြင့်ကို ပြောင်းလဲရောက်ရှိလာလိမ့်မယ်။ ”

စုရီ၏ တည်ငြိမ်သောအသံ ထွက်ပေါ်လာသည်။ ထို့နောက် လက်နှစ်ဖက်ကို ကျောပို့ကာ ဆက်၍ ထွက်ခွာသွား၏။

အစမှအဆုံးတိုင်း ရန်ချန်ချင်းထံ လှည့်မကြည့်တော့ချေ။ ပတ်ဝန်းကျင် တစ်ခုလုံး သေမင်းတမန် တိတ်ဆိတ်ကုန်၏။

ရန်ချန်ချင်းခမျာ ရုပ်တုတစ်ခုလို ထိုနေရာတွင်အေးခဲနေပြီး အဝတ်အစားများ၌ ချွေးများ စိုရွှဲနေတော့သည်။

***  

အခန်း ၁၁၂၈ -

ရှုံးနိမ့်မှုကိုသာ ရှာဖွေခြင်း။

ဓားအလင်း ပျောက်ကွယ်သွား​သော်မှ ရန်ချန်ချင်းသည် ထို​​နေရာ၌ အချိန်အတော်ကြာ သည်အထိ မှင်သပ်နေခဲ့​လေသည်။

ထို့​နောက် တဖြည်းဖြည်း သတိ ပြန်ဝင်လာသကဲ့သို့ ရှည်လျားသော အသက် ပြင်းပြင်း ရှူသွင်းလိုက်၏။

သူက စုရီ နေထိုင်သည့် တောင်ထိပ်ထံ မော့ကြည့်လိုက်ကာ အံ့အားသင့်နေခဲ့သော အကြည့်များအောက်တွင် လေးနက်စွာ ဦးညွှတ်ပြီး လှည့်ထွက်သွားတော့၏။

လူတိုင်း အံ့အားသင့်သွားကြပြီး အလွန်စိတ်လှုပ်ရှားသွားကြသည်။ တောင်ပိုင်း မီးနယ်မြေ၏ ခေါင်းဆောင်သည် စုရီ၏ ဓားချက်တွင် လုံးဝ ရှုံးနိမ့်သွားချေပြီ။

“ သခင်စုရဲ့ ဓားချက်က တကယ်ပဲ အဲဒီလောက် ကြောက်စရာကောင်းလား။”

ရန်ချန်ချင်းပုံရိပ် ဒုံရွှမ်တောင်ထိပ်မှ ပျောက်ကွယ်သွားပြီးနောက် တစ်စုံတစ်ဦးက နောက်ဆုံးတွင် မေးခွန်းထုတ်လာခဲ့သည်။

“ ငါတို့တောင် ဓားရဲ့လားရာကို သဲလွန်စမမြင်နိုင်တာကြောင့် သေချာပေါက် ကြောက်စရာကောင်းပါလိမ့်မယ်။ ”

အခြားသော တစ်ယောက်မှလည်း တိုးတိုး​လေး ပြန်ဖြေလိုက်သည်။ လူတိုင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှလုံးသားများ ခုန်ပေါက်နေကြ၏။

ရိုးရှင်း​ချေပြီ။ သူတို့၏ ခွန်အားနှင့် အမြင်သည် အလွန်နိမ့်ကျပြီး ထိုဓားချက်တွင် ပါရှိသော လျှို့ဝှက်ချက်ကို မမြင်နိုင်​ချေ။

ထိုနေ့မှာပင် ရန်ချန်းချင်းသည် စုရီထံတွင် ရှုံးနိမ့်သွားသောသတင်း ပျံ့နှံ့သွားပြီး လူအများ အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။

အထူးသဖြင့် တိုက်ပွဲ၏ အသေးစိတ် အချက်အလက်များကို သိရှိပြီးနောက် လူအများ ကြောက်ရွံ့ တုန်လှုပ်သွားခဲ့၏။

“ ရန်ချန်းချင်းလို လူတောင်သေဖို့ စောင့်နေခဲ့ရတာလား ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ။ ”

“ မင်းသိလား ... အစကနေ အဆုံးအထိ စုရီဟာ ရန်ချန်းချင်းကို ရန်သူလို့ မယူဆခဲ့သလို တခြားဘယ်သူ့ကိုမှလည်း မစဉ်းစားခဲ့ဘူး။ ”

အင်အားစုအသီးသီးတွင် ဆွေးနွေးမှုများ မြင့်တက်လာသည်။ အနောက်ဘက်နှင်းတောင် တစ်နေရာတွင် ချင်စုရှင်းသည် ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ပြီး အဝေးရှိ ဒုံရွှမ်တောင်ထိပ်ထံ စိုက်ကြည့်နေခဲ့၏။

“ အဲဒီလူက ဒီလောက်​တောင် အစွမ်းထက်တာလား။ ”

ရေခဲကဲ့သို့ တည်ငြိမ်အေးစက်သော သူမနှလုံးသားသည် ချက်ချင်းလှိုင်းထနေချေပြီ။ ရန်ချန်ချင်းဟူသည် ကောင်းကင်ကို စိန်ခေါ် နိုင်သည့် တစ်စုံတစ်ဦးဖြစ်၏။

သူမအတွက် လူအနည်းငယ်သာ ပြိုင်ဘက်အ​ဖြစ် ယူဆနိုင်သည်။ ထိုထဲတွင် ရန်ချန်းချင်းသည်လည်း တစ်ယောက်ဖြစ်၏။

ထို့ကြောင့် ရန်ချန်းချင်း၏ ရှုံးနိမ့်မှုသည် လက်ခံဖို့ခက်ခဲနေသေးသည်။ သူမသည်လည်း စုရီနှင့် တိုက်ခိုက်သော် ရှုံးနိမ့်မည်ဟု အဓိပ္ပါယ်ရ၏။

“ ဒီလိုကြောက်စရာကောင်းတဲ့ တစ်စုံတစ်ယောက် အရှေ့ဘက်ရွှမ်ဒေသကနေ ဘယ်လိုလုပ် ပေါ်ထွက်လာနိုင်တာလဲ။ ”

ချင်စုရှင်းခမျာ အတွေးများဖြင့် နစ်မြုပ်သွားသည်။ ဤ​ဖြစ်ရပ်များ​ပြီး​နောက် လူတိုင်း၏ စိတ်ဝင်စားမှုသည် ယွီချန်ဆီသို့ ပြောင်းလဲသွားပြီဖြစ်၏။

“ ရန်ချန်ချင်းလိုလူတောင် စုရီရဲ့ ဓားတစ်ချက်ကို မခံနိုင်ဘူး ယွီချန် ထွက်လာတဲ့ အခါ ဖိအားတွေက မြင့်တက်လာမှာ သေချာပါတယ်။ ”

“ ဒါက တကယ့်ကို ခက်ခဲတဲ့ အခြေအနေပဲ ယွီချန်သာ နောက်ဆုတ်ချင်ရင် မျက်နှာပျက်ပြီး ဂုဏ်သတင်းကျဆင်းသွားလိမ့်မယ် ဒါပေမယ့် ...

... သူ တိုက်ခိုက်ရင်လည်း စုရီရဲ့ဓားကို တားဆီးနိုင်ရင်တောင် အနိုင်ရဖို့အရမ်းခက်ခဲမှာ ​သေချာတယ်။ ”

“ အဲဒီစုရီက ဒီလောက်တောင် ... ကြောက်စရာကောင်းလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ ”

ထိုဆွေးနွေးမှုများသည် နေရာတိုင်းတွင် ဖြစ်ပျက်နေသည်။ ဝမ်ရှုကျိသည်ပင် မျက်နှာ ပြောင်းလဲသွား၏။

တစ်ချိန်က စုရီလက်သီးကြောင့် နောက်ပြန်လွင့်စဉ်ခဲ့သည့်တိုင် သူမနှလုံးသား၌ အတော်လေး ယုံကြည်မှုရှိနေသေးသည်။

သို့သော် ယခု ရန်ချန်ချင်း၏ ရှုံးနိမ့်မှု သတင်းသည် ထိုယုံကြည်ချက်ကို ပျောက်ကွယ် သွားစေတော့၏။

“ ဒီသတင်းကို ကြားတဲ့အခါ ငါ့အစ်ကိုကြီးရဲ့ စိတ်အခြေအနေ ထိခိုက်သွားမှာလားလို့ တွေးမိပါတယ် ... ။ ”

သူမအစ်ကိုကြီးသည် အင်မော်တယ် တစ်ပါးကိုပင် ထိုးနှက်ရန် စိတ်ကူးယဉ်နေသူ ဖြစ်၏။ သို့သော် ဤစုရီသည် တခြားသူများနှင့် မတူချေ။ အဆင့်သစ်တွင် ရှိနေချေပြီ။

ထိုအတွေးများဖြင့် သက်ပြင်းချကာ ကျောက်တုံးအိမ်လေးဆီသို့ လှည့်ကြည့်လျက် တိတ်ဆိတ်သွားလေသည်။

.....

“ ဒီမှာ တိမ်ပေါ်ပျံသန်းခြင်းအဆင့် မူလစွမ်းအင် နတ်ဘုရားအနှစ်သာရတွေကို သိမ်းထားပါ။ ”

စုရီက ဓားမိစ္ဆာချင်းရှစ်ထံ သိုလှောင်အိတ်တစ်လုံး ကမ်းပေးလိုက်၏။

“ ဘုန်းကြီးကျိကုန်း ပြန်ကောင်းလာရင် သူ့ကိုလည်း ပေးလိုက်ပါ။ ”

ဓားမိစ္ဆာချင်ရှစ်မှ ငြင်းဆန်ခြင်းမရှိဘဲ လက်ခံလိုက်သည်။ သူသည် စုရီစိတ်ထားကို နားလည်၏။ ငြင်းဆန်ခြင်းသည် အသုံးမဝင်ချေ။

“ လောလောဆယ်မှာ လမ်းညွှန်ပလက်ဖောင်းပေါ်လာဖို့ ခြောက်လ ကျန်သေးတယ် ... အချိန်အတိုင်းအတာတစ်ခု အထိ ကျင့်ကြံဖို့ ငါ စီစဉ်ထားတယ် ... ရှင်ခြင်းနဲ့ သေခြင်းကိစ္စ မဟုတ်သရွေ့ ဘယ်သူမှ ငါ့ကို မနှောင့်ယှက်ပါစေနဲ့။ ”

စုရီက ညွှန်ကြားလိုက်၏။ သူသည် ပထမတိုက်ပွဲကွင်း၏ အန္တရာယ်များလွန်းသော တားမြစ်နေရာများစွာသို့ သွားရောက်ပြီး စုဆောင်းမှုများ ပြုလုပ်ခဲ့သည်။

“ ကောင်းပြီ ... ။ ”

ထို့ကြောင့် အုတ်မြစ်ကို တည်ငြိမ်အောင် ပြုမူရပေဦးမည်။ ချင်းရှစ်က လေးနက်စွာ ခေါင်းညိတ် သဘောတူခဲ့သည်။ သည့်နောက် တစ်စုံတစ်ခုကို သတိရသွားပြီး၊

“ တာအိုစု ... မကြာခင်မှာ မြောက်ပိုင်းအမှောင်ဒေသရဲ့ ခေါင်းဆောင် ယွီချန်ဟာ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတော့မယ်လို့ ငါကြားတယ် သူ ... ။ ”

“ မင်း အာရုံစိုက်စရာ မလိုပါဘူး ... သူငါ့ကိုစိန်ခေါ်လာရင် စောင့်ခိုင်းထားလိုက်။ ”

“ နားလည်ပါပြီ ... ။ ”

ချင်းရှစ်က ခေါင်းညိတ်လိုက်သည်။ ထိုနောက်တွင် စုရီသည် တံခါးပိတ်ကျင့်ကြံမှုကို စတင်လိုက်တော့၏။

ဆယ်ရက်ကုန်လွန်ပြီးနောက် မြောက်ပိုင်း အမှောင်တောင်ထိပ်တွင် ရွှေရောင် သက်တံကြီး တစ်စင်း ကောင်းကင်ပေါ် ထိုးတက်လာသည်။

ကောင်းကင်နှင့် မြေကြီးတုန်ခါသွားပြီး မဟာတာအို၏အသံများသည် ကောင်းကင်ဘုံ ကိုးပါးတိုင်အောင် ပဲ့တင်ထပ်သွား၏။

တစ်ဆက်တည်းမှာပင် ကောင်းကင်မှ ရောင်စုံအလင်းမိုးများ ကျောက်တုံးအိမ်ပေါ်သို့ ချက်ချင်းရွာချလာသည်။

ဤသို့အံ့သြဖွယ်ကောင်းသော ကောင်းကင်ဖြစ်စဉ်သည် လူတိုင်း၏အာရုံကို ချက်ချင်းဆွဲဆောင်ခဲ့၏။

“ ဘယ်လောက်တောင် အံ့သြစရာ ကောင်းလိုက်တဲ့ဖြစ်စဉ်လဲ ယွီချန်ဟာ အဆင့် ချိုးဖြတ်နိုင်ခဲ့တာများလား။ ”

“ မဖြစ်နိုင်ဘူး ... ယွီချန်က တိမ်ပေါ်ပျံသန်းခြင်းအဆင့် ပြီးပြည့်စုံမှုကို ရောက်ရှိနေပြီ ...

... လမ်းညွှန်ပလက်ဖောင်း ပေါ်မလာခင်မှာ အင်မော်တယ်နယ်ပယ်ကို တက်လှမ်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ”

“ ဒါဆို ဒီဖြစ်စဉ်ကို ဘာက ဖြစ်ပေါ်စေတာလဲ။ ”

“ ငါလည်း မသိဘူး။ ”

လူအများက စိတ်အားထက်သန်စွာ ဆွေးနွေးကုန်ကြသည်။

“ သူက တိမ်ပေါ်ပျံသန်းခြင်း မူလစွမ်းအင်တွေကို လုံလောက်အောင် စုပ်ယူပြီး အင်မော်တယ်ချီအဖြစ် လုံးဝ သန့်စင်ပြီးသွားတာဖြစ်မယ်။ ”

ထိုမြင်ကွင်းကို အနောက်ဘက် နှင်းတောင်ပေါ်မှနေပြီး ချင်စုရှင်းတစ်ယောက် စိုက်ကြည့်နေသည်။ သူမ မျက်ဝန်းများတွင် ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်နေ၏။

တိမ်ပေါ်ပျံသန်းခြင်းအဆင့် မူလစွမ်းအင်များကို လုံလောက်စွာသန့်စင်ခြင်း ဟူသည် ဒဏ္ဍာရီများတွင်သာ ဆိုထားသည်။

ဤနည်းဖြင့် အင်မော်တယ်နယ်ပယ်ကို လွယ်ကူစွာ တက်လှမ်းနိုင်ပေမည်။ ထို့ကြောင့် သူမသည်လည်း အင်မော်တယ်ချီများစွာကို သန့်စင်ခဲ့သည်။ သို့သော် တစ်ဖက်လူ အဆင့်သို့ မရောက်ရှိသေးချေ။

“ စိတ်ဝင်စားစရာပဲ။ ”

ရန်ချန်ချင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူသည် ရှုံးနိမ့်မှုအတွင်းမှ လွတ်မြောက်လာပြီဖြစ်၏။   

သည့်အတွက်ကြောင့် မကျေမနပ် ဖြစ်မှုများမရှိတော့ဘဲ စိတ်နှလုံးအကြွင်းမဲ့ လက်ခံလိုက်ချေပြီ။

ထို့ကြောင့် ယွီချန်ထုတ်ဖော်ပြသခဲ့သော ထူးကဲဖြစ်စဉ်များသည် သူ့ကိုပွဲကောင်းတစ်ခု ကြည့်နိုင်ရန် အခွင့်အရေးရှိကြောင်း နားလည်လာစေ၏။

“ အရမ်းကောင်းတယ် အစ်ကိုကြီးဟာ ကျင့်ကြံမှုမှာ အံ့သြစရာကောင်းတဲ့ပြောင်းလဲမှု တစ်ခု ကြုံတွေ့ခဲ့ရပုံပဲ။ ”

ဝမ်ရှုကျိက ကောင်းကင်ရှိ ဖြစ်စဉ်ကို မော့ကြည့်ကာ ရေရွတ်လိုက်သည်။ ဤမတိုင်မီ သူမအစ်ကိုကြီးသည် စုရီအပေါ် မည်သို့ ကိုင်တွယ်မည်ကို စိုးရိမ်နေခဲ့ဖူး၏။

“ ကျွီ ... ။ ”

ယခုမူ စိတ်ပူစရာမလိုတော့ချေ။ ဝမ်ရှုကျိတစ်ယောက် တွေးတောနေစဉ် ကျွီခနဲ မြည်သံနှင့်အတူ ကျောက်အိမ်တံခါးပွင့်လာပြီး ပိန်ပိန်ပါးပါး လူတစ်ယောက် ရှင်းသန့်စွာ လှမ်းထွက်လာသည်။

တာအိုဝတ်ရုံသည် လေထဲ တဖျပ်ဖျပ်ခတ်လျက် မျက်ဝန်းများမှာ ရေကန် တစ်ကန်ကဲ့သို့ ကြည်လင်နေ၏။

ရိုးရှင်းတည်ငြိမ်ပြီး ငြိမ်းချမ်းသော ရောင်ဝါများထုတ်ဖော်လျက် သူထွက်လာချိန်၌ ကောင်းကင်ရှိ ထူးဆန်းသောဖြစ်စဉ်များမှာ ပျောက်ကွယ်သွားလေသည်။

“ အစ်ကိုကြီး ... မင်း အဆင့်ချိုးဖြတ်ခဲ့တာလား။ ”

ဝမ်ရှုကျိက နှုတ်ဆက်လိုက်သည်။

“ မဟုတ်ဘူး ဒါက အင်မော်တယ် အုတ်မြစ်ကို အောင်မြင်စွာ ချနိုင်ခဲ့လို့ဖြစ်လာတဲ့ သဘာဝဖြစ်စဉ်ပါ ဒါပေမယ့် အချိန်တန်ရင် ငါ အင်မော်တယ်ဒုက္ခအတွက် စိတ်ပူစရာ မလိုတော့ဘူး။ ”

ယွီချန်မှ ပြန်ဖြေသည်။

“ ဒါဆိုရင် မင်းရဲ့ခွန်အားက အရင်ထက် အများကြီး ပိုအားကောင်းလာမှာပေါ့။ ”

ယွီချန်က ခေါင်းညိတ်ပြသည်။ သူ့စိတ်နေစိတ်ထားသည် တောက်ပသော လမင်းကြီးအလား ဖြူစင်နေ၏။

မာနကြီးခြင်း၊ စိတ်လှုပ်ရှားခြင်း၊ အလျင်လိုခြင်း၊ တုန့်ဆိုင်းခြင်းစသည့် ခံစားချက် ရောထွေးမနေတော့ချေ။

“ အစ်ကိုကြီး၊ မကြာသေးခင်က ရန်ချန်ချင်းဟာ စုရီလက်ချက်နဲ့ ရှုံးနိမ့်ခဲ့တယ် ... ။ ”

“ ငါသိတယ် ... အဲဒီတုန်းက ဒုံရွှမ်တောင်ထိပ်မှာ ရန်ချန်ချင်းရဲ့ရောင်ဝါတွေ ကောင်းကင်ထိ မြင့်တက်လာတာကို ...

... ငါ ခံစားလိုက်ရတယ် အဲဒီလူကလျော့တွက်လို့မရဘူး ... ဒါပေမယ့် နှိုင်းယှဉ်ကြည့်ရမယ်ဆိုရင် တာအိုစုကသာ နားမလည်နိုင်ဆုံးပါ သူ့ဓားက သန့်စင်ပြီး မူလအခြေအနေကို ပြန်ရောက်နေပြီ ...။ ”

ထို့နောက် အရှေ့ဘက် ရွှမ်တောင်ထိပ်ထံ လှမ်းကြည့်ကာသက်ပြင်းချ၏။ သူ့မျက်ဝန်းထဲ အလင်းရောင်များ တောက်ပလျက်၊

“ ဒီလိုပြိုင်ဘက်တစ်ယောက်ကို ရင်ဆိုင်ခွင့်ရတဲ့အခါ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တောင် ကျေနပ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ”

-ဟု ရေရွတ်လိုက်သည်။

“ ငါကတော့ အစ်ကိုကြီး ရှုံးလိမ့်မယ်လို့ မထင်ဘူး။ ”

ဝမ်ရှုကျိမှ ပြုံးလျက်ဆိုလိုက်၏။ သူမအစ်ကိုကြီးယွီချန်တွင် ယခင်တည်းကပင် အလွန်ထူးခြားပြီး နတ်ဘုရားဆန်သော အရှိန်အဝါတစ်ခု ရှိနေခဲ့သည်ကို သူမ သတိထားမိပြီးဖြစ်သည်။

“ ဟမ့် ... အတိတ်တုန်းက ငါ မြောက်ပိုင်းအမှောင်ဒေသမှာ အချိန်အတော် ကြာတဲ့အထိ ပြိုင်ဘက်ကင်းခဲ့တယ် ဘယ်သူ သိမှာလဲ ငါတကယ် ရှုံးနိမ့်မှုကိုပဲ ရှာဖွေနေတာပါ။ ”

“ ရှုံးနိမ့်မှုကိုပဲ ရှာဖွေနေတာလား။ ”

ဤတစ်ကြိမ်တွင် ဝမ်ရှုကျိတစ်ယောက် မျက်လုံးများမှေးစင်းလာခဲ့၏။ ပြိုင်ဘက်ကင်း ပြီးနောက် သူမအစ်ကိုကြီးသည် သေချာပေါက် ပြောင်းလဲသွားချေပြီ။ မဟုတ်သော် မည်သူမှ ရှုံးနိမ့်မှုကို ခံယူလိုသနည်း။

“ လာ ... ၊ အရှေ့ဘက်တောင်ထိပ်ကို အတူတူ သွားရအောင်။ ”

သူမ အတွေးမဆုံးသည် ယွီချန်သည် ရိပ်ခနဲပျောက်ကွယ်သွားတော့၏။ အစကနေ အဆုံးတိုင် သူ့ရောင်ဝါသည် ရိုးရှင်းပြီး သန့်စင်နေချေပြီ။

***

All Chapters