← Chapters

နတ်ဘုရားတွက်ချက်မှု

Vol. 81 Ch. 1091

နတ်ဘုရားတွက်ချက်မှု

Vol. 81 Ch. 1091

တိုက်ပွဲမစတင်မီ လူတိုင်းသည် လောင်းကြေးများ စတင်ထပ်ကြသည်။ တစ်ဦးချင်းစီ၏ လောင်းကြေးထပ်ပုံမှာ မတူညီကြသော်လည်း အနည်းနှင့်အများတော့ ထပ်ကြသည်။ အချို့က ဧည့်သည်ဘက်မှ လောင်းကြေးထပ်ကြပြီး အချို့ကမူ တိုက်ခိုက်ရေးသမားဘက်မှ လောင်းကြေးထပ်ကြရာ အရာအားလုံးမှာ မိမိတို့၏ အကြိုက်ပေါ်တွင်သာ မူတည်သည်။

“လောင်းကြေးထပ်ကြစို့... မင်းတို့ ဘယ်သူ့ကို ရွေးမလဲ... ငါကတော့ ဟိုဧည့်သည်ကို ရွေးတယ်...”

“ဧည့်သည်ကို ရွေးတယ် ဟုတ်လား... ငါ့အထင်တော့ ဟိုတိုက်ခိုက်ရေးသမားက ပိုပြီး သန်မာပုံရတယ်... အဲဒီလူ နိုင်ဖို့ များတယ်...”

“ငါကတော့ ဧည့်သည်က ပိုတော်မယ် ထင်တယ်... တိုက်ခိုက်ရေးသမားထက် ကျင့်ကြံခြင်းနယ်ပယ် တစ်ဆင့်တောင် ပိုမြင့်တာပဲလေ...”

စီနီယာအစ်ကိုယွီလုံတို့သည် မည်သူ့ကို လောင်းကြေးထပ်ရမလဲဆိုသည်ကို ဝိုင်းဝန်းဆွေးနွေးနေကြသည်။ လက်ထဲတွင် ငွေအနည်းငယ် ပိုနေသလို ယခုကဲ့သို့ အရက်သောက်နေချိန်၌ ဖျော်ဖြေရေး တစ်ခုခုမပါလျှင် မဖြစ်ချေ။ သူတို့သာမက အကြီးအကဲတုန်းယွမ်ပင်လျှင် လောင်းကြေး စတင်ထပ်နေပြီ ဖြစ်သည်။ ရသလောက်လေး မြတ်အောင် လုပ်ဆောင်နေခြင်းဖြစ်ပြီး မည်သို့ပင်ဆိုစေ ဤနေရာ၌ ဘာမှလုပ်စရာ မရှိသောကြောင့်ပင်။

မကြာမီ သူတို့အားလုံး လောင်းကြေးထပ်ပြီးသွားကြရာ ဆိုင်အကူက လောင်းကြေးလက်မှတ်များကို လာရောက်သိမ်းဆည်းသွားခဲ့သည်။ သူတို့ ပြန်ခါနီးမှသာ စာရင်းရှင်းရမည် ဖြစ်သည်။

“ဂျူနီယာမောင်လေး... မင်း ဘယ်သူ့ကို အားပေးလဲ...”

အစ်မဟော်လျန်က မေးမြန်းလိုက်သည်။

“ကျွန်တော်ကတော့ ဟိုတိုက်ခိုက်ရေးသမားကို အားပေးတယ်... သူက ကျင့်ကြံခြင်းနယ်ပယ်မှာ ဧည့်သည်ထက် နည်းနည်းနိမ့်နေပေမဲ့ အခြေခံကတော့ တော်တော်လေး ခိုင်မာတယ်... အထူးသဖြင့် သူ့ရဲ့ ခွန်အားက တစ်ဖက်လူကို လုံးဝ ဖိနှိပ်ထားနိုင်တယ်... နည်းပညာတွေ အများကြီး မလိုဘူး... ခွန်အားသက်သက်နဲ့တင် ပြိုင်ဘက်ကို အနိုင်ယူနိုင်လိမ့်မယ်...”

ယီထျန်းယွမ်က ရိုးရှင်းစွာ ဆန်းစစ်ပြလိုက်သည်။

အမှန်စင်စစ် ပိုမိုအသေးစိတ်သော အချက်အလက်များ ရှိနေသော်လည်း သူ ထုတ်မပြောခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ပြောလိုက်မည်ဆိုပါက အစ်မဟော်လျန် သေချာပေါက် ထိတ်လန့်သွားပေလိမ့်မည်။ တစ်ဖက်လူတွင် မည်သည့်သိုင်းပညာရှိသည်၊ စုစုပေါင်းခွန်အား မည်မျှရှိသည်၊ အားနည်းချက်က ဘယ်မှာလဲဆိုသည်အထိ မြင်နိုင်နေခြင်းမှာ လူကို သေချာပေါက် ထိတ်လန့်သွားစေပေလိမ့်မည်။

ကောင်းကင်မျက်လုံးကို ပိုင်ဆိုင်ထားသဖြင့် သူ မမြင်နိုင်သော အရာဟူ၍ မရှိသလောက်ပင်။

“အဲဒီတိုက်ခိုက်ရေးသမားက ကြည့်ရတာ အရမ်းခွန်အားကြီးလို့လား... ငါ့အမြင်မှာတော့ သူ့ရဲ့ အသက်ရှူသံက နည်းနည်း အားနည်းနေသလိုပဲ... ပေါက်ကွဲအား မရှိတဲ့ ပုံစံမျိုးပေါ့...”

ဘေးမှ တစ်စုံတစ်ဦးက ကြားဖြတ်ပြောဆိုလိုက်သည်။

“ဒါက ခွန်အားကို ဖုံးကွယ်ထားတာပဲ... အဲဒီလောက်အထိ အလွယ်တကူ မြင်နိုင်မယ်ဆိုရင် ဆိုင်ရှင်က ဘာလို့ သူ့ကို လွှတ်လိုက်မှာလဲ... ဆိုင်ရှင်က အလှူပေးနေတာမှ မဟုတ်တာ... သူက ငွေနိုင်ချင်တာလေ... ဒါကြောင့် ရှုံးတော့မယ့် အသွင်မျိုးကို ဖန်တီးထားတာပေါ့...”

ယီထျန်းယွမ်က အသာအယာ ပြုံးလျက် ဆိုလိုက်သည်။

သူ၏ ထပ်ဆင့်ဆန်းစစ်ချက်က လူများကို ယုတ္တိရှိသည်ဟု ခံစားရစေသော်လည်း အချို့ကမူ ဧည့်သည်သာ နိုင်လိမ့်မည်ဟု ထင်နေကြဆဲပင်။

“ငါ စဉ်းစားကြည့်ဦးမယ်... တိုက်ခိုက်ရေးသမားဘက်ကပဲ လောင်းလိုက်တော့မယ်...”

“ငါလည်းပဲ... ဂျူနီယာမောင်လေး စကားကိုပဲ နားထောင်ကြည့်မယ်... နားထောင်ရတာ တော်တော်လေး ယုတ္တိရှိတယ်...”

“ငါကတော့ ငါ့ရဲ့ ရွေးချယ်မှုကိုပဲ စွဲမြဲမယ်... ဧည့်သည်က သေချာပေါက် နိုင်မှာပဲ... အရင်ကလည်း အဲဒီဧည့်သည် နိုင်တာကို ငါ မြင်ဖူးတယ်... တစ်ခါတလေကျရင် အမြင်မှားတာမျိုး ရှိတတ်တယ်လေ...”

အချို့က ယီထျန်းယွမ်ကို ယုံကြည်ရန် ရွေးချယ်ကြပြီး အချို့ကမူ မယုံကြည်ကြပေ။ ဤသည်မှာ ပြဿနာ မဟုတ်လှပေ။ သူတို့အားလုံးသည် မိမိတို့၏ အမြင်ကိုသာ ယုံကြည်ကြပြီး မှားလိမ့်မည်မဟုတ်ဟု ထင်နေကြသည်။

“ဒါဆိုရင် ကျွန်တော်ကတော့ တိုက်ခိုက်ရေးသမားဘက်ကနေ ကြယ်တာရာကျောက်တုံး တစ်ထောင် လောင်းမယ်...”

ယီထျန်းယွမ်က သဘောထားကြီးစွာဖြင့် ထုတ်ပေးလိုက်သည်။ ဤပမာဏမှာ သိပ်မများလှသလို သိပ်လည်း မနည်းလှဘဲ အပျော်သဘော ကစားရုံသာ ဖြစ်သဖြင့် အများကြီး ပုံအောရန် မလိုလှချေ။

မကြာမီ လူတိုင်း လောင်းကြေးထပ်ပြီးသွားကြရာ တိုက်ပွဲ စတင်တော့သည်။ သူတို့သည် ပြင်းထန်စွာ တိုက်ခိုက်ကြသည်။ အစောပိုင်းတွင် တိုက်ခိုက်ရေးသမားမှာ ခေတ္တမျှ ဖိနှိပ်ခံထားရသည်။

“ဝုန်း...”

သို့သော်လည်း တစ်ချိန်တည်းမှာပင် တိုက်ခိုက်ရေးသမားမှာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူ၏ လက်များကို အရူးအမူး ဝှေ့ယမ်းကာ ပြိုင်ဘက်ကို အဝေးသို့ လွှင့်ပစ်လိုက်သည်။ သို့သော်လည်း တစ်ဖက်လူက ပြန်လည်ခုခံရန် ကြိုးစားလိုက်သည်။

“ဘုန်း...”

တိုက်ခိုက်ရေးသမားက အခွင့်အရေးကို လက်မလွှတ်ဘဲ ထပ်မံတိုက်ခိုက်လိုက်ရာ ပြိုင်ဘက်မှာ စင်ပေါ်မှ လွင့်စင်သွားပြီး ဤတိုက်ပွဲကို အနိုင်ရရှိသွား၏။

“တကယ်ပဲ ဟိုတိုက်ခိုက်ရေးသမား နိုင်သွားတာပဲ... ဒါ တကယ်ကို ထူးဆန်းတာပဲ... အဲဒီခွန်အားကို တကယ် ဖုံးကွယ်ထားတာပဲ... အရေးကြီးတဲ့ အချိန်ကျမှ ပေါက်ကွဲထွက်လာပြီး ပြိုင်ဘက်ကို အငိုက်မိသွားအောင် လုပ်ပြီး အပြင်ကို လွှင့်ပစ်လိုက်တာပဲ...”

ယီထျန်းယွမ်နှင့်အတူ လောင်းကြေးထပ်သူများမှာ ပြုံးပျော်နေကြပြီး ရှုံးနိမ့်သူများမှာမူ မျက်နှာပျက်နေကြသည်။ အမြတ်မရသဖြင့် သေချာပေါက် စိတ်ညစ်နေကြခြင်း ဖြစ်သည်။

“ဂျူနီယာမောင်လေး... မင်း ပြောတာ တကယ်မှန်တာပဲ...”

အစ်မဟော်လျန်က ဝမ်းသာအားရ ပြုံးလျက် လက်ခုပ်တီးကာ အလွန်ပျော်ရွှင်နေခဲ့သည်။ သူမသည် ယခုတင်က ယီထျန်းယွမ်၏ စကားကို နားထောင်ကာ တိုက်ခိုက်ရေးသမားဘက်မှ လောင်းခဲ့ခြင်း ဖြစ်သည်။

ယီထျန်းယွမ်က ပြုံးလိုက်သည်။ တစ်ဖက်လူက တမင်တကာ အရှုံးမပေးသရွေ့ သူ၏ ခန့်မှန်းချက်မှာ သေချာပေါက် မှားလိမ့်မည် မဟုတ်ချေ။

မကြာမီ နောက်တစ်သုတ် တက်လာပြန်သည်။ ထိုတိုက်ခိုက်ရေးသမားမှာ အောက်သို့ ဆင်း၍ အနားယူသွားခဲ့ပြီ ဖြစ်သည်။ ဤတစ်ကြိမ်တွင်လည်း အစ်မဟော်လျန်က ထပ်မံမေးမြန်းလိုက်သည်။

“ဂျူနီယာမောင်လေး... ဒီတစ်ပွဲကော... ဘယ်သူ နိုင်မယ် ထင်လဲ... ဟိုတိုက်ခိုက်ရေးသမားပဲလား... ကြည့်ရတာ အဲဒီလူက တော်တော်လေး အစွမ်းထက်ပုံရတယ်... ကျင့်ကြံခြင်းနယ်ပယ်ကလည်း တစ်ဖက်လူထက် သာတယ်... ဝတ်စုံတွေကလည်း ပိုပြီး ကောင်းတယ်လေ...”

အားလုံးက ယီထျန်းယွမ်ကို ကြည့်ကာ သူ ဘာပြောမလဲဆိုသည်ကို စောင့်ဆိုင်းနေကြသည်။ အပြင်ပန်း အမြင်အရဆိုလျှင် တိုက်ခိုက်ရေးသမားက ပိုတော်ပုံရပြီး ဧည့်သည်မှာမူ သာမန်ကာလျှံကာသာ ရှိပေသည်။

“ဒီတစ်ခါတော့ ဧည့်သည်က နိုင်လိမ့်မယ်... သူ တမင်တကာ အရှုံးမပေးဘူးဆိုရင်ပေါ့...”

ယီထျန်းယွမ်က ပြုံးလျက် ဆိုလိုက်သည်။

“သူ့ရဲ့ ကျင့်ကြံခြင်းနယ်ပယ်က တိုက်ခိုက်ရေးသမားထက် နိမ့်တာတော့ အမှန်ပဲ... ဒါပေမဲ့ သူ့ရဲ့ အခြေခံက ထူးခြားတယ်... ပြီးတော့ သူ့ဆီကနေ မီးလျှံအငွေ့အသက်အချို့ကိုလည်း ကျွန်တော် ခံစားနေရတယ်... သူက နတ်ဆိုးမီးလျှံ အဆင့်ရှိတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားပုံရတယ်... အဲဒါနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ထင်မှတ်မထားတဲ့ ရလဒ်တွေ ထွက်လာလိမ့်မယ်...”

“အံ့ဩစရာပဲ... ဂျူနီယာမောင်လေး... တစ်ဖက်လူမှာ နတ်ဆိုးမီးလျှံရှိတာကိုတောင် မင်းက မြင်နိုင်တာလား...”

အစ်မဟော်လျန်က ပါးစပ်ကို ပိတ်ကာ အံ့ဩတကြီး မေးမြန်းလိုက်သည်။

“ဒါက ခံစားချက်သက်သက်ပါပဲ... မှန်မမှန် ဆိုတာကတော့ နောက်မှ သိရမှာပေါ့...”

ယီထျန်းယွမ်က ပြုံးလျက် ဆိုလိုက်သည်။

“ကောင်းပြီ... ဒါဆိုရင် ငါ ဂျူနီယာမောင်လေးကိုပဲ ယုံလိုက်တော့မယ်... ကြယ်တာရာကျောက်တုံး ငါးထောင် လောင်းမယ်...”

အစ်မဟော်လျန်က သတ္တိရှိရှိဖြင့် ကြယ်တာရာကျောက်တုံး ငါးထောင် လောင်းလိုက်သည်။ ဤပမာဏမှာ အလွန်အမင်း များပြားခြင်း မရှိသော်လည်း သေချာပေါက် မနည်းလှပေ။

အကယ်၍ ရှုံးသွားမည်ဆိုပါက အတော်လေး နှမြောစရာ ကောင်းပေလိမ့်မည်။

“အစ်မဟော်လျန်... အစ်မက တကယ်ကို သတ္တိရှိတာပဲ... ဂျူနီယာမောင်လေးကို အဲဒီလောက်အထိ ယုံကြည်တာလား...”

သူတို့အားလုံး ထူးဆန်းသလို ခံစားနေရသည်။

“ရပါတယ်... နားထောင်ရတာ ယုတ္တိရှိလို့ပါ... မင်းတို့ရော အတူတူ လောင်းကြမလား...”

အစ်မဟော်လျန်က ပြုံးလျက် ဆိုလိုက်သည်။

“ဒါဆိုရင်လည်း စမ်းကြည့်တာပေါ့... ငါလည်း ဂျူနီယာညီလေး စကားကိုပဲ နားထောင်မယ်...”

“ငါကတော့ မလိုက်တော့ဘူး... ကြည့်ရတာ ဟိုတိုက်ခိုက်ရေးသမားက ပိုသန်မာသလိုပဲ... တိုက်ခိုက်ရေးသမားဘက်ကပဲ လောင်းတော့မယ်...”

အချို့က ယီထျန်းယွမ်နှင့်အတူ လိုက်လောင်းကြပြီး အချို့ကမူ တိုက်ခိုက်ရေးသမားကိုသာ ရွေးချယ်ကြပြန်ရာ ရွေးချယ်မှုများမှာ ကွဲပြားနေဆဲပင်။

မကြာမီ ပွဲစတင်ပြန်သည်။ ယီထျန်းယွမ်၏ ဆန်းစစ်ချက်မှာ အမှားအယွင်း မရှိပေ။ ထိုဧည့်သည်သည် နတ်ဆိုးမီးလျှံကို ထုတ်ဖော်လိုက်ပြီး သိုင်းပညာနှင့် ပေါင်းစပ်ကာ တစ်ဖက်လူကို အလွယ်တကူ အနိုင်ယူလိုက်ချေသည်။ မည်သည့်အခက်အခဲမျှ မရှိဘဲ လုံးဝဥဿုံ အနိုင်ရရှိသွားခြင်း ဖြစ်သည်။

“ဘုရားရေ... တကယ်ပဲ အဲဒီအတိုင်းပါလား... ဂျူနီယာမောင်လေး... မင်းက တကယ်ကို နတ်ဘုရားတွက်ချက်မှုပဲ... ဒီအမြင်မျိုးက ငါတို့ထက် အများကြီး သာလွန်တယ်...”

“ငါ လောင်းတာ နည်းသွားတယ်... ပိုပြီး လောင်းလိုက်ရမှာ...”

သူတို့တွင် ဝမ်းသာသူရှိသလို ဝမ်းနည်းသူလည်း ရှိပေသည်။ ယီထျန်းယွမ်၏ ဆန်းစစ်ချက်မှာ နှစ်ကြိမ်ဆက်တိုက် မှန်ကန်နေခြင်းက အမှန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။ အကယ်၍ ရမ်းသန်းမှန်းဆခြင်း ဆိုလျှင်ပင် ထက်ဝက်ခန့်သာ မှန်နိုင်ပေလိမ့်မည်။ သို့သော်လည်း ယီထျန်းယွမ်၏ ဆန်းစစ်ချက်က အလွန်တိကျလှပြီး တစ်ဖက်လူ မည်သည့်လျှို့ဝှက်ချက်ကို ထုတ်သုံးမည်ကိုပါ သိနေခြင်းက အခြားတစ်ကိစ္စပင် ဖြစ်ချေသည်။

“ဂျူနီယာမောင်လေး... ငါ ထပ်ပြီး နိုင်ပြန်ပြီ... ငါ အများကြီး မြတ်တာက မင်းရဲ့ ကျေးဇူးတွေကြောင့်ပဲ...”

အစ်မဟော်လျန်မှာ ပျော်လွန်းသဖြင့် မျက်လုံးများပင် မှိတ်သွားတော့သည်။

“ဒါက အစ်မတို့ရဲ့ ရွေးချယ်မှုပါ... ကျွန်တော်နဲ့ မဆိုင်ပါဘူး... ကျွန်တော်က အပျော်သဘော ပြောလိုက်တာပါ... ရှုံးသွားရင်လည်း ကျွန်တော့်ကို အပြစ်မတင်နဲ့ဦးနော်...”

ယီထျန်းယွမ်က ပြုံးလျက် ဆိုလိုက်သည်။

ထို့နောက် တတိယပွဲ ဆက်လက်ကျင်းပပြန်သည်။ သူတို့အားလုံး ယီထျန်းယွမ်ကို ကြည့်ကာ တိကျသော အဖြေတစ်ခု ပေးရန် မျှော်လင့်နေကြသည်။ နှစ်ပွဲဆက်တိုက် နိုင်ထားသဖြင့် သူတို့ မည်သို့လျှင် မျှော်လင့်ချက် မရှိဘဲ နေပါမည်နည်း။

“ကျွန်တော့် အမြင်အရဆိုရင်တော့ ဧည့်သည်က နိုင်ဖို့ အခွင့်အရေး ပိုများတယ်...”

“ဧည့်သည်ဘက်က ဝယ်စမ်း...”

“ဝယ်... ဝယ်... ဝယ်... မဝယ်တဲ့သူက နတ်ဘုရားလက်နက်နန်းတော် တပည့် မဟုတ်ဘူး...”

“မှန်တယ်... ဒီဧည့်သည်ဘက်ကပဲ လောင်းမယ်... ငါ ကြယ်တာရာကျောက်တုံး ငါးထောင် ပုံအောမယ်...”

ယီထျန်းယွမ်က နောက်ကွယ်က အကြောင်းရင်းကိုပင် မရှင်းပြရသေးခင်မှာပင် သူတို့အားလုံး ရူးသွပ်သလို လောင်းကြေးထပ်နေကြပြီ ဖြစ်သည်။ အနည်းငယ်သော သူများမှလွဲ၍ အခြားလူ အများစုမှာ ယီထျန်းယွမ်နှင့်အတူ လိုက်လောင်းကြတော့သည်။

ဤသည်က သူ့ကို ရယ်ရခက် ငိုရခက် ဖြစ်စေသည်။ အကယ်၍ တစ်ဖက်လူက တမင်တကာ အရှုံးပေးခြင်း သို့မဟုတ် စွမ်းဆောင်ရည် ကျဆင်းခြင်းမျိုး ဖြစ်သွားခဲ့လျှင် မိမိ မျက်နှာပျက်ရချေတော့မည် မဟုတ်ပါလော။ သို့သော်လည်း လောလောဆယ် သူ မြင်နေရသည်မှာ သေချာပေါက် ရှုံးလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ဆိုင်ရှင်က တမင်ထည့်ထားသော လူဖြစ်နေခဲ့လျှင်မူ အခြားတစ်မျိုး ဖြစ်သွားပေလိမ့်မည်။

အခန်း ၁၀၉၁ ပြီးပါပြီ။

All Chapters