အမြင်အာရုံ
Vol. 81 Ch. 1093
အကြီးအကဲရှောင်ထျန်း၏ မျက်နှာမှာ ရောင်ကိုင်းမလာသော်လည်း လူတိုင်းကမူ ထိုသူ၏ မျက်နှာမှာ အမှန်ပင် ဖြတ်ရိုက်ခံလိုက်ရသည်ဟု ခံစားနေကြရသည်။ ယခုတင်က တိုက်ခိုက်ရေးသမား ရှုံးနိမ့်တော့မည်ဟု အသေအချာ ပြောဆိုခဲ့ပြီး လှံနန်းတော်မှ ပါရမီရှင် ထွက်ပေါ်လာသဖြင့် ပြိုင်ဘက်မှာ သေချာပေါက် ရှုံးလိမ့်မည်ဟု ဆိုခဲ့သည်။
ယခုအခါ မျက်နှာကို အပြင်းအထန် ရိုက်နှက်ခံလိုက်ရပြီ ဖြစ်သည်။ မည်သူက အမြင်အာရုံ ညံ့ဖျင်းသနည်းဆိုသည်မှာ လုံးဝ ထင်ရှားလှပေသည်။ အကြီးအကဲရှောင်ထျန်းမှာ ဘာမှပင် မမြင်နိုင်ဘဲ ဖြစ်နေစဉ် ယီထျန်းယွမ်ကမူ အခြေအနေအမှန်ကို တစ်ချက်တည်းနှင့် ထိုးဖောက်မြင်နိုင်ခဲ့သဖြင့် အကြီးအကဲရှောင်ထျန်းမှာ အရှက်ရလွန်းသဖြင့် သေချာပေါက် အားနာစရာ ဖြစ်ကုန်တော့သည်။
“တကယ်ကို မိုက်တယ်... အဲဒီတိုက်ခိုက်ရေးသမားက တကယ်ပဲ အနိုင်ရသွားတာပဲ... အဲ့ဒီဓားသိုင်းက တကယ်ကို လျင်မြန်လွန်းလို့ ငါတောင် မနည်း မြင်အောင် ကြည့်နေရတယ်... ငါတို့ နတ်ဘုရားရေစင်နယ်မြေမှာ ဒီလိုလူမျိုး ရှိနေတာလား...”
“မှန်တယ်... ဒီလောက် မြန်ဆန်တဲ့ တိုက်ခိုက်မှုကို မြင်ဖူးတာ ဒါ ပထမဆုံးပဲ... ကြည့်ရတာလည်း တော်တော်လေး မျက်နှာစိမ်းနေတယ်... ဒီလောက် ထိတ်လန့်စရာကောင်းတဲ့ ဓားသိုင်းရှိရင် နာမည်ကြီးနေရမှာ မဟုတ်လား...”
“ဘာပဲဖြစ်ဖြစ် ငါတို့ နိုင်သွားပြီလေ... ကြယ်တာရာကျောက်တုံး တစ်သောင်းက အခုတော့ နှစ်သောင်း ဖြစ်သွားပြီ... တကယ်ကို အမြတ်ကြီး မြတ်တာပဲ...”
သူတို့ တစ်ဦးချင်းစီမှာ ဟစ်ကြွေးကာ ဝမ်းသာနေကြသော်လည်း အများစုမှာမူ အကြီးအကဲရှောင်ထျန်း၏ အရှက်ရမှုကိုသာ ကြည့်ကာ လှောင်ပြောင်နေကြသည်။
အကြီးအကဲတုန်းယွမ်သည်လည်း ဤအခွင့်အရေးကို လက်လွှတ်မခံဘဲ အကြီးအကဲရှောင်ထျန်းအား ပြုံးလျက် ကြည့်ကာ ဆိုလိုက်သည်။
“ဟားဟား... အကြီးအကဲရှောင်ထျန်း... ခင်ဗျား၏ အမြင်က တကယ်ကို မဆိုးပါဘူးနော်... ဘာလဲ... လှံနန်းတော်က သေချာပေါက် နိုင်မယ် ဟုတ်လား... အခုတော့ ကြည့်ဦး... ကျွန်တော်တို့ တစ်ဖွဲ့လုံး ကြယ်တာရာကျောက်တုံး ဆယ်သိန်းကျော်လောက် တစ်ပြိုင်တည်း မြတ်သွားပြီ... အများကြီး မဟုတ်ဘူးဆိုပေမဲ့ ဖျော်ဖြေရေးပဲလေ... နိုင်သွားတော့လည်း ကောင်းတာပေါ့...”
အကြီးအကဲရှောင်ထျန်းမှာ သူတို့ကို ဒေါသတကြီး ကြည့်နေသလို ယီထျန်းယွမ်ကိုလည်း စူးစိုက်ကြည့်နေခဲ့သည်။ သူသည် ဤမျှအထိ အရှက်ကွဲရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ဤသည်က သူ့အား မည်သို့မှ ပြန်လည် မတုံ့ပြန်နိုင်အောင် ဖြစ်စေသည်။ ခုနကပင် သူသည် စကားကို အပိုင်ပြောထားခဲ့သဖြင့် ယခုအခါ မည်သို့မျှ ပြန်လည် ပြုပြင်၍ မရတော့ပေ။
“အို... ဒါက ဓားနန်းတော်ကို အသစ်ဝင်လာတဲ့ မဟာပါရမီရှင် ဓားမိုးကောင်းကင်အရှင် မဟုတ်လား... ဆိုင်ရှင်က သူ့ကိုတောင် တိုက်ခိုက်ရေးသမားအဖြစ် ခေါ်ထားနိုင်တာပဲ...”
“အသစ်ဝင်လာတာလား... ဒါကြောင့် ငါ မမြင်ဖူးတာကိုး... ဓားနန်းတော်ကို အသစ်ဝင်လာတဲ့ ပါရမီရှင်ဖြစ်ပြီး သမိုင်းတစ်လျှောက် ဓားနန်းတော်ရဲ့ နံပါတ်တစ် ဓားသိုင်းပါရမီရှင်လို့တောင် သတင်းကြီးနေတာလေ...”
အောက်ထပ်ရှိ ပရိသတ်များက ဝိုင်းဝန်း ဆွေးနွေးနေကြသဖြင့် အပေါ်ထပ်ရှိ လူများမှာ ထိုတိုက်ခိုက်ရေးသမား၏ နောက်ခံကို သိရှိသွားကြတော့သည်။ ဓားနန်းတော်၏ နှစ်ပေါင်းတစ်ထောင်အတွင်း ပထမဆုံးသော ဓားသိုင်းပါရမီရှင်ဖြစ်ရာ ရုယင်ကောင်းကင်အရှင်ထက် များစွာ သာလွန်လှသည်မှာ မဆန်းချေ။
ရုယင်ကောင်းကင်အရှင်မှာ လှံနန်းတော်၌ အဆင့်အတန်း အသင့်အတင့်သာ ရှိသော်လည်း ဓားမိုးကောင်းကင်အရှင်မှာမူ နှစ်ပေါင်းတစ်ထောင်အတွင်း နံပါတ်တစ် ပါရမီရှင် ဖြစ်ရာ သူ ပြသခဲ့သော စွမ်းရည်မှာ ရုယင်ကောင်းကင်အရှင်ထက် များစွာ သာလွန်နေခဲ့သည်။
အကြီးအကဲရှောင်ထျန်းမှာ ထိုစကားကို ကြားသည့်အခါ မျက်နှာမှာ နီမြန်းလာခဲ့သည်။ ဤသည်မှာ သတင်းအချက်အလက် မစုံလင်ခြင်းကြောင့်ပင် ဖြစ်သည်။ အကယ်၍သာ သိထားခဲ့မည်ဆိုပါက သူသည် ထိုကဲ့သို့သော စကားမျိုးကို သေချာပေါက် ပြောဆိုလိမ့်မည် မဟုတ်ပေ။ အချုပ်အားဖြင့်ဆိုရသော် သူ၏ အမြင်အာရုံ ညံ့ဖျင်းခြင်းကြောင့်သာ ဖြစ်ချေသည်။
“မောင်လေး... မင်း တကယ်ကို တော်တာပဲ... ဒါကိုတောင် မင်းက မြင်နိုင်တာပဲ... မင်းက ငါတို့အတွက် တကယ့် ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးသူပဲ... အခုမှ ဝင်လာတာကို ငါတို့ကို အများကြီး မြတ်အောင် လုပ်ပေးနိုင်ပြီ...”
“မှန်တယ်... မှန်တယ်... ငါတို့တော့ မင်းကို နတ်ဗေဒင်ဂိုဏ်းကလားလို့တောင် သံသယဝင်မိတယ်... နတ်ဗေဒင်ဂိုဏ်းကလူတွေပဲ ဒီလိုမျိုး တွက်ချက်နိုင်တာလေ...”
“နတ်ဗေဒင်ဂိုဏ်း ဟုတ်လား... မဖြစ်နိုင်တာ... နတ်ဗေဒင်ဂိုဏ်းကလူဆိုရင် နတ်ဘုရားရေစင်နယ်မြေကို ဝင်လာပါ့မလား...”
သူတို့ အားလုံးသည် ယီထျန်းယွမ်ကို ကြည့်ကာ သူ မည်သို့ ပြန်လည် ဖြေကြားမည်နည်းဆိုသည်ကို စောင့်ဆိုင်းနေကြသည်။
“နတ်ဗေဒင်ဂိုဏ်း ဟုတ်လား... ကျွန်တော်က နတ်ဗေဒင်ဂိုဏ်းက မဟုတ်ပါဘူး... ကျွန်တော်က အပျော်သဘော ခန့်မှန်းကြည့်တာပါ... ကံကောင်းသွားတာပါ...”
ယီထျန်းယွမ်က နှိမ့်ချစွာ ဆိုလိုက်သည်။
သူတို့ပြောသော နတ်ဗေဒင်ဂိုဏ်းမှာ အမှန်စင်စစ် လျှို့ဝှက်ဆန်းကြယ်သော အင်အားစုတစ်ခု ဖြစ်ပြီး မည်သည့် နတ်ဘုရားနယ်မြေနှင့်မျှ မပတ်သက်ဘဲ အလွန်ပင် လျှို့ဝှက်လှသော ဂိုဏ်းတစ်ခု ဖြစ်သည်။ ထိုဂိုဏ်းကို မည်သူမျှ သဲလွန်စ ရှာမရသလို တတိယအဆင့်ရှိသော အင်အားစုများပင်လျှင် ရန်မစရဲကြောင်း သတင်းကြီးလှသည်။
“လေးပွဲဆက်တိုက် မှန်နေတာကို ကံကောင်းလို့လို့ ပြောရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး...”
သူတို့ အားလုံး ရယ်မောလိုက်ကြပြီး ဝင်ရောက်လာသော ဤဂျူနီယာလေးကို ပိုမို ခင်မင်သွားကြသည်။
“လူသားတစ်ယောက်ကို နတ်ဗေဒင်ဂိုဏ်းက လက်ခံလိမ့်မယ် ဟုတ်လား... တကယ့်ကို အိပ်မက်ယောင်နေတာပဲ...”
အကြီးအကဲရှောင်ထျန်းက အေးစက်စွာ ဆိုလိုက်သည်။
“မင်းက အမြင်အာရုံ အဲလောက်အထိ တိကျနေမှတော့... အကြီးအကဲတုန်းယွမ်... ငါတို့ အောက်မှာ တစ်ပွဲလောက် ယှဉ်ကြည့်မလား... ဘယ်သူ့ အမြင်က ပိုတိကျသလဲဆိုတာ ကြည့်ရတာပေါ့...”
သူသည် အမှန်တကယ်ပင် ဒေါသထွက်နေပြီး အကြီးအကဲတုန်းယွမ်ထံမှ မိမိ၏ အရှက်ကို ပြန်လည် ဆယ်ယူလိုနေခြင်း ဖြစ်သည်။
“ယှဉ်မယ်ဆိုရင်လည်း ယှဉ်တာပေါ့... ကျုပ်တို့က ခင်ဗျားတို့ကို ကြောက်နေမယ်လို့ ထင်လို့လား...”
စီနီယာအစ်ကိုယွီလုံတို့မှာ အစောကြီးကတည်းက ဤသို့ လုပ်ဆောင်ချင်နေကြခြင်း ဖြစ်သည်။ သူတို့ဘက်ကို အမှိုက်သိမ်းသည့်နေရာဟု အမြဲတမ်း ပြောဆိုနေသဖြင့် မည်သူက တကယ့် အမှိုက်ဖြစ်ကြောင်း ယှဉ်ပြိုင်ကြည့်လိုကြခြင်း ဖြစ်သည်။
အကြီးအကဲတုန်းယွမ် စကားမပြောရသေးမီမှာပင် သူတို့က အရင်ဆုံး တိုက်ပွဲဝင်ရန် အားသန်နေကြပြီ ဖြစ်သည်။
ယီထျန်းယွမ် လှမ်းကြည့်လိုက်သည့်အခါ အကြီးအကဲရှောင်ထျန်း ခေါ်လာသော သူသုံးဦးမှာလည်း တိုက်ပွဲဝင်ရန် တက်ကြွနေကြသည်ကို မြင်လိုက်ရသည်။ ထိုသူ သုံးဦး၏ ကျင့်ကြံခြင်းနယ်ပယ်မှာ မနိမ့်လှဘဲ ကောင်းကင်အရှင် အဆင့် ၅ ကျော်တွင် ရှိနေကြသဖြင့် အတော်ပင် အစွမ်းထက်ကြသည်။
အကြီးအကဲရှောင်ထျန်း ခေါ်လာသော တပည့်များမှာ သေချာပေါက် သာမန်လူများ မဖြစ်နိုင်ချေ။ အကယ်၍ သာမန်လူများသာ ဖြစ်နေခဲ့လျှင် သူသည် အမှန်ပင် မျက်နှာပျက်ရပေလိမ့်မည်။
“အကြီးအကဲရှောင်ထျန်း... ခင်ဗျား ယှဉ်ချင်တယ်ဆိုရင်လည်း ပြဿနာ မရှိပါဘူး... ဘယ်လို ယှဉ်ချင်တာလဲ...”
အကြီးအကဲတုန်းယွမ်က သေချာပေါက် နောက်မဆုတ်ချေ။ သူ့ဘက်တွင်လည်း ပါရမီရှင်များ ရှိနေသဖြင့် တစ်ဖက်လူကို လုံးဝ လျှော့မတွက်ချေ။
“ဒါပေါ့... အောက်မှာ တစ်ပွဲ ယှဉ်မယ်... ငါတို့ဘက်က တစ်ယောက် လွှတ်မယ်... ခင်ဗျားတို့ဘက်ကတော့ အဲ့ဒီကောင်လေးက လူရွေးပေးရမယ်... ခင်ဗျားတို့က သူ့ရဲ့ အမြင်အာရုံကို ယုံကြည်ကြတာဆိုတော့... သူ့ကိုပဲ ရွေးခိုင်းကြည့်တာပေါ့... ဘယ်လိုလဲ...”
အကြီးအကဲရှောင်ထျန်းက ယီထျန်းယွမ်ကို ကြည့်ကာ တစ်ဖက်လှည့်နှင့် အရှက်ပြန်ဆပ်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း မျိုးဆက်သစ်တစ်ဦးနှင့် အားပြိုင်နေခြင်းမှာ လူကြီးတစ်ဦး၏ အင်္ဂါရပ်နှင့် လုံးဝ မကိုက်ညီချေ။ အကြီးအကဲရှောင်ထျန်းမှာ အမှန်တကယ်ပင် သဘောထား သေးသိမ်လှသည်မှာ ထင်ရှားလှပေသည်။ သို့သော်လည်း ပြိုင်ဘက်မှာ မည်သူဖြစ်စေကာမူ မိမိ၏ မျက်နှာကို ပြန်လည် ဆယ်ယူရန်မှာသာ သူ၏ အဓိက ရည်ရွယ်ချက် ဖြစ်ချေသည်။
လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဤသို့သော လှည့်ကွက်မျိုး ရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။
အကြီးအကဲတုန်းယွမ်က များစွာ စဉ်းစားမနေဘဲ ဆိုလိုက်သည်။
“ပြဿနာ မရှိပါဘူး... သူ့ကိုပဲ ရွေးခိုင်းမယ်... ငါ့မှာ ဘာကန့်ကွက်ချက်မှ မရှိဘူး... ကိုယ့်တပည့်ကိုယ် ယုံကြည်သလို... ကိုယ့်တပည့်ရဲ့ ရွေးချယ်မှုကိုလည်း ယုံကြည်ရမှာပဲလေ...”
စီနီယာအစ်ကိုယွီလုံတို့ကလည်း ခေါင်းညိတ်လိုက်ကြပြီး ယီထျန်းယွမ်အား ပြုံးလျက် ဆိုလိုက်သည်။
“မောင်လေးရဲ့ အမြင်က တိကျလွန်းတာပဲ... မောင်လေးပဲ ရွေးချယ်လိုက်ပါ...”
ယီထျန်းယွမ်က အသာအယာ ပြုံးလိုက်သည်။ အကြီးအကဲရှောင်ထျန်းမှာ လူကို အကျပ်ကိုင်ရန် တကယ်ပင် တော်လှသည်မှာ သဘောထား သေးသိမ်လွန်းလှချေသည်။
“ပြဿနာ မရှိပါဘူး... စီနီယာအစ်ကိုတို့က ကျွန်တော့်ကို ယုံကြည်မှတော့... ကျွန်တော်ပဲ ရွေးချယ်ပါ့မယ်...”
ယီထျန်းယွမ်က အကြီးအကဲရှောင်ထျန်းကို ကြည့်ကာ ဆိုလိုက်သည်။
“ဒါကို ဘယ်လို သတ်မှတ်မလဲ... တစ်ပွဲတည်းနဲ့ အရှုံးအနိုင် ဆုံးဖြတ်မလား...”
“တစ်ပွဲတည်းနဲ့တော့ မဟုတ်ပါဘူး... သုံးပွဲမှာ နှစ်ပွဲနိုင်သူကို အနိုင်ပေးမယ်... ဘယ်လိုလဲ...”
အကြီးအကဲရှောင်ထျန်းက ပြုံးလျက် ဆိုလိုက်သည်။
“မဟုတ်ရင် ငါတို့က လူကို နှိပ်စက်နေသလို ဖြစ်မှာစိုးလို့... အခွင့်အရေး ပိုပေးတာပေါ့... ဒါပေမဲ့ ငါ ယုံကြည်တာကတော့ ခင်ဗျားတို့ လွှတ်မှာက ယွီလုံကောင်းကင်အရှင် ဒါမှမဟုတ် ဟော်လျန်ကောင်းကင်အရှင်ပဲ ရှိတာလေ... တခြားလူ လွှတ်စရာ ရှိလို့လား...”
အကြီးအကဲရှောင်ထျန်းက ရယ်မောလိုက်သည်။ တစ်ချက် ကြည့်လိုက်ရုံနှင့် ယွီလုံကောင်းကင်အရှင်နှင့် ဟော်လျန်ကောင်းကင်အရှင်တို့မှာသာ ကြည့်ကောင်းပြီး ကျန်သည့်လူများမှာမူ ဘေးတွင် ပရိသတ်အဖြစ်သာ ရှိနေကြပေသည်။
“အော်... ကျွန်တော်ကတော့ အဲလို မထင်ပါဘူး... စိတ်ချပါ... အကြီးအကဲရှောင်ထျန်းရဲ့ တပည့်တွေကို ရင်ဆိုင်ဖို့ ကျွန်တော် စီနီယာအစ်ကိုယွီလုံနဲ့ စီနီယာအစ်မဟော်လျန်တို့ကို လွှတ်စရာ မလိုပါဘူး... အကယ်၍ သူတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်ကို လွှတ်လိုက်ရင် ကျွန်တော် ရှုံးတယ်လို့သာ သတ်မှတ်လိုက်ပါ...”
ယီထျန်းယွမ်က သူ၏ မျက်လုံးကို ညွှန်ပြကာ ဆိုလိုက်သည်။
“ပြောရရင်... အဲဒါက ကျွန်တော့် အမြင်အာရုံ မတိကျဘဲ အကြည့်မှားသွားတယ်လို့သာ သတ်မှတ်လိုက်ပါ... ဘယ်လိုလဲ...”
ယီထျန်းယွမ်၏ ထိုစကားကြောင့် လူတိုင်း အလွန်ပင် ထိတ်လန့်သွားကြရသည်။ အကြီးအကဲရှောင်ထျန်း၏ စကားကို မကျေနပ်သော်လည်း ဤနေရာ၌ အသန်မာဆုံးမှာ ယွီလုံနှင့် ဟော်လျန်တို့ ဖြစ်ကြရာ သူတို့ နှစ်ယောက်လုံးကို မလွှတ်ပါက မည်သို့ အနိုင်ရနိုင်ပါမည်နည်း။
“ဟားဟားဟား... တကယ့်ကို ရယ်စရာပဲ... ဒါ မင်း ပြောတဲ့ စကားနော်... အကြီးအကဲတုန်းယွမ်... ခင်ဗျား ခုနကပဲ ပြောတယ်... လူရွေးတာကို သူ့ကိုပဲ တာဝန်ပေးမယ်ဆိုတာ...”
အကြီးအကဲရှောင်ထျန်းမှာ ရယ်လွန်းသဖြင့် မျက်ရည်များပင် ထွက်လာတော့သည်။ သူ ခေါ်လာသော တပည့်များမှာ မည်သို့လျှင် သာမန်လူများ ဖြစ်နိုင်ပါမည်နည်း။
သူ၏ အမြင်အရဆိုလျှင် ယွီလုံနှင့် ဟော်လျန်တို့ နှစ်ဦး မဟုတ်ပါက မည်သို့မျှ ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။
“ဟုတ်ပါတယ်... သူ့ကိုပဲ ရွေးခိုင်းမယ်...”
အကြီးအကဲတုန်းယွမ်သည် ယီထျန်းယွမ်၏ စကားအပေါ် မည်သို့မျှ မကျေမနပ် ဖြစ်ခြင်း မရှိချေ။
အခြေအနေများကို တွေ့မြင်ပြီးနောက် သူသည် ယီထျန်းယွမ်ကို လုံးဝ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။ စကားကို ထုတ်ပြောရဲမှတော့ သေချာပေါက် ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။
အခန်း ၁၀၉၃ ပြီးပါပြီ။