← Chapters

ထိပ်တိုက်တွေ့ဆုံခြင်း

Vol. 81 Ch. 1097

ထိပ်တိုက်တွေ့ဆုံခြင်း

Vol. 81 Ch. 1097

ကောင်းကင်အရှင်ရှန်းယန်နှင့် ယီထျန်းယွမ်တို့ လက်သီးချင်း ထိပ်တိုက်တွေ့ဆုံရာတွင် နောက်ဆုံး၌ ကောင်းကင်အရှင်ရှန်းယန် လွင့်စင်သွားခဲ့ရသဖြင့် ဤရလဒ်မှာ အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလှပေသည်။ ကောင်းကင်အရှင်ရှန်းယန်မှာ ဧရာမကျောက်ဆောင်မျိုးနွယ်စုဝင် ဖြစ်ရုံသာမက ကျင့်ကြံခြင်းနယ်ပယ်မှာလည်း ယီထျန်းယွမ်ထက် များစွာ သာလွန်နေခဲ့သည်။ သို့သော်လည်း သူသည် ဤမျှလွယ်လွယ်ကူကူ ဖိနှိပ်ခြင်း ခံလိုက်ရသဖြင့် လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။

လွင့်စင်သွားသော ကောင်းကင်အရှင်ရှန်းယန်၏ လက်မောင်းပေါ်ရှိ ထူထဲလှသော ကျောက်သားများမှာ စတင်၍ အက်ကွဲလာခဲ့သည်။ ၎င်းမှာ ယီထျန်းယွမ်၏ ပြင်းထန်လှသော လက်သီးချက်ကြောင့် အပြင်းအထန် ရိုက်ခွဲခြင်း ခံလိုက်ရခြင်း ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့် ယီထျန်းယွမ်၏ လက်သီးမှာမူ မည်သည့်ပြဿနာမျှ မရှိဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရုံမှလွဲ၍ မည်သည့်အရာမှ မဖြစ်ခဲ့ပေ။

“တကယ်ကို သန်မာတာပဲ...”

ယီထျန်းယွမ်က အသာအယာ ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ နဂါးနတ်ဘုရား သွေးမျိုးဆက် စွမ်းအားကို လှည့်ပတ်လိုက်သည်။ ခွန်အားနှင့် ပတ်သက်လာလျှင် သူသည် မည်သူ့ကိုမျှ ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။

ကောင်းကင်အရှင်ရှန်းယန်၏ ကျင့်ကြံခြင်းနယ်ပယ်မှာ မိမိထက် သန်မာသော်လည်း သူ မည်သူ့ကို ကြောက်နေရန် လိုပါသနည်း။ ကောင်းကင်မျက်လုံးမှတစ်ဆင့် ကောင်းကင်အရှင်ရှန်းယန်မှာ ထင်ထားသလောက် ကြောက်စရာ မကောင်းကြောင်း သူ မြင်နိုင်သည်။ အထူးသဖြင့် သူ၏ ကျင့်ကြံခြင်းနယ်ပယ် တိုးတက်လာသည်နှင့်အမျှ ကောင်းကင်ဘေးဒဏ်မှ ရရှိသော ကြယ်တာရာစွမ်းအားများကို ပိုမို စုပ်ယူနိုင်ခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်မှာ များစွာ သန်မာလာခဲ့ရာ ကောင်းကင်အရှင်ရှန်းယန်ပင်လျှင် သူ့ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

“ဘာ...”

ကောင်းကင်အရှင်ရှန်းယန်မှာ လျင်မြန်စွာ ရပ်တန့်လိုက်ပြီး သူ၏ လက်သီးပေါ်မှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသဖြင့် အလွန်ပင် မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။ ယီထျန်းယွမ်က အကွက်ဆင်လိမ့်မည်ဟု ထင်ထားသော်လည်း ယခုမူ မည်သည့်အကွက်မှ မပါဘဲ ထိပ်တိုက်သာ ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ အဓိကအချက်မှာ သူကိုယ်တိုင် ရှုံးနိမ့်သွားခြင်းပင်။

သူ မှင်တက်မိနေစဉ်မှာပင် ယီထျန်းယွမ်က မြေပြင်ကို ပြင်းထန်စွာ နင်းလိုက်ပြီး ကြမ်းတမ်းလှသော နဂါးတစ်ကောင်အလား ရှေ့သို့ ပြေးဝင်လာကာ တစ်ကိုယ်လုံးရှိ ခွန်အားကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်သည်။ အထူးသဖြင့် နဂါးနတ်ဘုရား သွေးမျိုးဆက် စွမ်းအားကို အမြင့်ဆုံးသို့ ဖွင့်လိုက်သလို ဝတ်ဆင်ထားသော အသုံးအဆောင်များ၏ စွမ်းရည်ကိုလည်း အစွမ်းကုန် အသုံးပြုလိုက်သည်။

ဤသို့ မလုပ်ဆောင်ပါက ကျင့်ကြံခြင်းနယ်ပယ် ကျော်လွန်၍ တိုက်ခိုက်ရန်မှာ မလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှာ မိမိထက် ကျင့်ကြံခြင်းနယ်ပယ် များစွာ သာလွန်နေသဖြင့် အခြားသော စုပေါင်းခွန်အားများ မရှိပါက မည်မျှပင် ပါရမီရှိစေကာမူ ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။

“ဘာလို့ ငေးနေတာလဲ...”

ယီထျန်းယွမ်က ပြင်းထန်စွာ ကန်ကျောက်လိုက်ရာ ကောင်းကင်အရှင်ရှန်းယန်က သူ၏ လက်မောင်းဖြင့် လျင်မြန်စွာ ကာကွယ်လိုက်သည်။

“ဘုန်း...”

ကောင်းကင်အရှင်ရှန်းယန်မှာ တစ်ချက်တည်းနှင့် နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားရပြီး သူ၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်ရှိ မာကျောလှသော ကျောက်သားကဲ့သို့သော အသားများမှာ ချိုင့်ဝင်သွားကာ လက်မောင်းပေါ်၌ အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာခဲ့သည်။

ထို ရူးသွပ်ဖွယ်ရာ ခွန်အားမှာ ကောင်းကင်အရှင်ရှန်းယန်၏ အစွမ်းထက်လှသော ကာကွယ်ရေးစွမ်းရည်ဖြင့်ပင် အလွယ်တကူ မတားဆီးနိုင်ပေ။

ဤမြင်ကွင်းက လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ အများစုက ယီထျန်းယွမ်သည် နည်းပရိယာယ်တစ်ခုခုကို သုံးလိမ့်မည် သို့မဟုတ် လှုပ်ရှားမှုများမှတစ်ဆင့် ကောင်းကင်အရှင်ရှန်းယန်အား အကွက်ဆင်လိမ့်မည်ဟု ထင်ထားခဲ့ကြသည်။ ယခုမူ သူတို့မှာ တကယ်ပင် ရိုးအခဲ့ကြသည်ကို သိရှိလိုက်ရသည်။ ယီထျန်းယွမ်သည် ထိုသို့လုပ်ဆောင်ရန် မလိုအပ်ဘဲ အလွန်ပြင်းထန်သော ခွန်အားဖြင့်သာ ကောင်းကင်အရှင်ရှန်းယန်အား အရူးအမူး တိုက်ခိုက်နေခြင်း ဖြစ်သည်။

“ဒီကောင်လေးရဲ့ ခွန်အားက တကယ်ကို ပြင်းထန်တာပဲ... သူက တကယ်ပဲ လူသားမျိုးနွယ် ဟုတ်ရဲ့လား...”

အကြီးအကဲရှောင်ထျန်းမှာ အလွန်ပင် ထိတ်လန့်သွားရုံသာမက အကြီးအကဲတုန်းယွမ်တို့မှာလည်း အလွန်ပင် အံ့အားသင့်သွားကြရသည်။ ယီထျန်းယွမ်၏ ခွန်အားမှာ မညံ့ကြောင်း သိထားသော်လည်း ဤကဲ့သို့ ကောင်းကင်အရှင်ရှန်းယန်အား ဖိနှိပ်ထားနိုင်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

သူတို့ အံ့ဩနေစဉ်မှာပင် ယီထျန်းယွမ်က ပြိုင်ဘက်အား အသက်ရှူချိန်ပင် မပေးဘဲ အဆက်မပြတ် အရူးအမူး တိုက်ခိုက်နေခဲ့သည်။ မည်သည့် ထူးခြားသော နည်းစနစ်ကိုမျှ မသုံးဘဲ ရိုးရှင်းလှသော လက်သီးချက်များဖြင့်သာ ထိုးနှက်နေခြင်း ဖြစ်သည်။

“မောက်မာမနေနဲ့ဦး...”

ကောင်းကင်အရှင်ရှန်းယန်သည်လည်း ဒေါသထွက်လာခဲ့ပြီး သူ၏ ကိုယ်ပေါ်ရှိ အက်ကွဲကြောင်းများမှာ လျင်မြန်စွာ ပြန်လည် ပြုပြင်လာခဲ့ကာ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်၌ ထူထဲလှသော ကျောက်သားနံရံတစ်ခုကို တည်ဆောက်လိုက်သည်။ သူ၏ ခွန်အားမှာလည်း လျင်မြန်စွာ မြင့်တက်လာခဲ့ပြီး ကောင်းကင်အရှင် အဆင့် ၅ ၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်တော့သည်။

“ကောင်းကင်တုန်လှုပ်ခြင်း ကိုယ်ခန္ဓာကျင့်စဉ်...”

“ဆန်းကြယ်မု...”

ယီထျန်းယွမ်သည်လည်း ချက်ချင်းပင် လေးလံသော ခန္ဓာကိုယ်အဖြစ် ပြောင်းလဲလိုက်သလို ဆန်းကြယ်မုကိုလည်း ပေါက်ကွဲစေလိုက်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ၁၀ ဆခန့် မြင့်တက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းကမ္ဘာ စွမ်းအင်များမှာလည်း အရူးအမူး လည်ပတ်နေပြီး ကြီးမားခြင်းမရှိသော ခန္ဓာကိုယ်မှာ ဧရာမဂြိုဟ်ကြီးတစ်လုံးကဲ့သို့ ကောင်းကင်အရှင်ရှန်းယန်ထံသို့ တိုးဝင်သွားခဲ့သည်။

“ဘုန်း...”

နှစ်ဦးသား တိုက်ရိုက် ထိတွေ့မိသွားကြပြီး ပြင်းထန်သော အသံကြီးနှင့်အတူ ကောင်းကင်အရှင်ရှန်းယန်မှာ အဝေးသို့ လွင့်စင်သွားခဲ့ကာ သူ၏ ကိုယ်ပေါ်ရှိ ထူထဲလှသော ကျောက်သားများမှာလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ကုန်တော့သည်။ ဆန့်ကျင်ဘက်အားဖြင့် ယီထျန်းယွမ်မှာမူ မည်သည့်ပြဿနာမျှ မရှိဘဲ ဒဏ်ရာတစ်စုံတစ်ရာပင် မရရှိခဲ့ပေ။

ယီထျန်းယွမ်မှာ မိစ္ဆာနတ်ဘုရား ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ကာကွယ်ရေးစွမ်းရည်မှာ အလွန်ပင် ပြင်းထန်လှရာ ကောင်းကင်အရှင်ရှန်းယန်အား ကြောက်နေစရာ မလိုပေ။ အပြင်ပန်းတွင် သာမန်အဝတ်အစားကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်မှာမူ မိစ္ဆာနတ်ဘုရား ဝတ်စုံဖြစ်သဖြင့် ကာကွယ်ရေးစွမ်းရည်မှာ မည်သို့လျှင် ညံ့ဖျင်းနိုင်ပါမည်နည်း။

သို့သော်လည်း တိုက်ခိုက်သည့်အခါ တစ်ဖက်လူမှာ အလွန်ပင် မာကျောကြောင်း သူ ခံစားလိုက်ရသည်။ ကောင်းကင်အရှင်ရှန်းယန်မှာ သာမန်လူ မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ် သန်မာမှုမှာလည်း အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။ ယီထျန်းယွမ်၏ တိုက်ခိုက်မှုကြောင့် ဤကဲ့သို့ ဖြစ်သွားခြင်းကပင် အံ့ဩစရာ ကောင်းလှပြီ ဖြစ်ချေသည်။

ဧရာမကျောက်ဆောင်မျိုးနွယ်စုမှာ ကာကွယ်ရေးစွမ်းရည် အမြဲတမ်း ပြင်းထန်လှသော်လည်း ယခုအခါ လူသားမျိုးနွယ်တစ်ဦး၏ တိုက်ခိုက်မှုကြောင့် ဤကဲ့သို့ ဖြစ်သွားခြင်းမှာ တကယ့်ကို အရှက်ရစရာပင် ဖြစ်သည်။

“ရှန်းယန်... မြန်မြန် လက်နက်သုံးစမ်း... လက်သီးကို ဘာလို့ သုံးနေတာလဲ... လက်နက် သုံးစမ်းပါ...”

စင်အောက်ရှိ အကြီးအကဲရှောင်ထျန်းက အလောတကြီး ဟစ်အော်လိုက်သည်။

ကောင်းကင်အရှင်ရှန်းယန်တွင် သေချာပေါက် အသုံးပြုနိုင်သော လက်နက်များ ရှိနေပြီး ပိုမိုပြင်းထန်သော ခွန်အားကို ပေါက်ကွဲစေနိုင်ပေသည်။

သို့သော်လည်း ကောင်းကင်အရှင်ရှန်းယန်မှာ မကြားချင်ယောင်ဆောင်ကာ မာကျောလှသော သူ၏ ခန္ဓာကိုယ်ဖြင့်သာ ယီထျန်းယွမ်နှင့် ထိပ်တိုက် ရင်ဆိုင်နေခဲ့သည်။ မည်သူက ပို၍ မာကျောသနည်းဆိုသည်ကို သူ ယှဉ်ပြိုင်ကြည့်လိုခြင်း ဖြစ်သည်။

“သေစမ်း... ငါ့စကားကိုတောင် နားမထောင်ဘူးလား...”

အကြီးအကဲရှောင်ထျန်းမှာ ဒေါသကြောင့် အံကြိတ်နေခဲ့သည်။ အကယ်၍ ကောင်းကင်အရှင်ရှန်းယန်သာ လက်နက်ကို အသုံးပြုမည်ဆိုပါက အနိုင်ရရန် အခွင့်အရေး ပိုများလာမည်ဖြစ်ပြီး ဖိနှိပ်ထားနိုင်မည့် အခြေအနေသို့ပင် ရောက်ရှိနိုင်ပေသည်။

သို့သော်လည်း ကောင်းကင်အရှင်ရှန်းယန်မှာ လက်နက်ကို လုံးဝ မသုံးသဖြင့် သူ ဒေါသထွက်နေခြင်း ဖြစ်သည်။

“အကြီးအကဲရှောင်ထျန်း... ခင်ဗျားက ခင်ဗျားရဲ့ တပည့်စိတ်ကို မသိဘူးပဲ... သူက ဧရာမကျောက်ဆောင်မျိုးနွယ်စုဝင် တစ်ဦးဖြစ်ပြီး တစ်ဖက်လူကလည်း လက်သီးနဲ့ ခန္ဓာကိုယ်ကိုပဲ သုံးပြီး သူ့ကို ယှဉ်နေတာလေ... ဒါက သူ့ရဲ့ အားသာချက်တွေပဲလေ... သူက တခြားနည်းစနစ်ကို သုံးလိမ့်မယ်လို့ ခင်ဗျား ထင်နေတာလား...”

အကြီးအကဲတုန်းယွမ်က ဘေးမှနေ၍ အေးစက်စွာ ရယ်မောလိုက်သည်။

“ခင်ဗျားရဲ့ တပည့်က စည်းကမ်းကို ပိုသိပုံရတယ်... ဘာလုပ်ရမလဲဆိုတာ သူ သိတယ်...”

ဧရာမကျောက်ဆောင်မျိုးနွယ်စု၏ အားသာချက်မှာ လက်သီးနှင့် ခန္ဓာကိုယ်ဖြစ်ပြီး ယခုအခါ ယီထျန်းယွမ်က ထိုအရာများဖြင့်ပင် သူ့အား ဖိနှိပ်ထားသဖြင့် သူ အရှုံးမပေးလိုခြင်း ဖြစ်သည်။ လက်နက်ကို ထုတ်သုံးလိုက်ခြင်းမှာ အရှုံးပေးလိုက်သည်နှင့် အတူတူပင် ဖြစ်ချေသည်။

ထို့ကြောင့် သူသည် အရှုံးနှင့် ရင်ဆိုင်ရလျှင်ပင် အခြေခံအကျဆုံး နည်းလမ်းဖြင့်သာ အဆုံးအထိ တိုက်ခိုက်သွားပေလိမ့်မည်။

“မိုက်မဲလိုက်တာ... အရှုံးနဲ့ အနိုင်ကသာ အဓိကပဲ... လုပ်ငန်းစဉ်က အရေးမကြီးဘူး... ရလဒ်ကသာ အရေးကြီးတာ...”

အကြီးအကဲရှောင်ထျန်းက ထိုအချက်များကို ဂရုမစိုက်ဘဲ ဤတိုက်ပွဲကို အနိုင်ရရှိရန်သာ သူ အလိုရှိသည်။

အကြီးအကဲတုန်းယွမ်က ခေါင်းခါလိုက်ပြီး သူ၏ အတွေးများကို ဂရုမစိုက်တော့ပေ။ မိမိ၏ တပည့်စိတ်ကိုပင် မသိရှိဘဲ မည်သို့လျှင် ဆရာကောင်းတစ်ယောက် ဖြစ်နိုင်ပါမည်နည်း။

သို့သော်လည်း ကောင်းကင်အရှင်ရှန်းယန်မှာ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ သူ၏ မူလစွမ်းရည်များဖြင့်သာ ယီထျန်းယွမ်နှင့် အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။ ယီထျန်းယွမ်သည်လည်း လက်နက်ကို မသုံးဘဲ လက်သီးချက်များဖြင့်သာ ပြန်လည် ထိုးနှက်နေခဲ့သည်။

ကောင်းကင်အရှင်ရှန်းယန်မှာ တစ်ကြိမ်ပြီးတစ်ကြိမ် လွင့်စင်သွားခဲ့ရပြီး နည်းစနစ်ပိုင်းအရဆိုလျှင်လည်း ကောင်းကင်အရှင်ရှန်းယန်မှာ တစ်ပန်းရှုံးနေခဲ့သည်။ ကောင်းကင်အရှင်ရှန်းယန်သည် သိုင်းပညာများကို အသုံးပြုကာ သူ၏ သွေးမျိုးဆက် ကာကွယ်ရေးနှင့် ပေါင်းစပ်ထားသဖြင့် တူညီသော အဆင့်ရှိသည့် ပြိုင်ဘက်များစွာကို ရင်ဆိုင်နိုင်ရပေမည်။

သို့သော်လည်း ယီထျန်းယွမ်နှင့် ရင်ဆိုင်ရသည့်အခါ အားနည်းချက်များစွာ ရှိနေသလို ခံစားနေရပြီး လုံးဝဥဿုံ ဖိနှိပ်ခြင်း ခံနေရသည်။

နောက်ဆုံး လက်သီးတစ်ချက်အောက်တွင် ကောင်းကင်အရှင်ရှန်းယန်မှာ သွေးများ အန်ထွက်ကာ လွင့်စင်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားခဲ့သည်။ သို့သော်လည်း သူ သတိလစ်မသွားဘဲ မြေပြင်ပေါ်၌ လှဲလျောင်းရင်း ရယ်မောလိုက်ကာ သူ၏ မျက်ဝန်းထဲ၌ မျက်ရည်များပင် ဝဲနေခဲ့သည်။

သူသည် လူသားမျိုးနွယ်တစ်ဦးကို ရှုံးနိမ့်လိမ့်မည်ဟု တစ်ခါမျှ မတွေးထားခဲ့ဖူးသလို ဤကဲ့သို့သော ပြိုင်ဘက်မျိုး ရှိလိမ့်မည်ဟုလည်း ထင်မှတ်မထားခဲ့ပေ။

“တကယ်ကို ခိုင်မာတာပဲ...”

ယီထျန်းယွမ်က သူ၏ လက်ကို ခါလိုက်ပြီး လှဲလျောင်းနေသော ကောင်းကင်အရှင်ရှန်းယန်အား ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

“ဒါပေမဲ့ မင်းကို ကျေးဇူးတင်ပါတယ်... ငါနဲ့ ဒီလိုမျိုး ထိပ်တိုက် ရင်ဆိုင်ပေးခဲ့လို့လေ...”

“ကျုပ်တို့ ဧရာမကျောက်ဆောင်မျိုးနွယ်စုက ဒီလိုပြိုင်ဘက်မျိုးနဲ့ တွေ့ရင် ဘယ်လက်နက်မှ မသုံးဘူး...”

ကောင်းကင်အရှင်ရှန်းယန်က ထိုင်လိုက်ပြီး ကြည်ညိုလေးစားစွာဖြင့် ဆိုလိုက်သည်။

“မင်းက ငါတွေ့ဖူးသမျှထဲမှာ အမာကျောဆုံး လူသားမျိုးနွယ်ပဲ... ငါ မင်းကို လေးစားပါတယ်...”

“ယောက်ျားပဲဗျာ... မမာကျောလို့ ဖြစ်မလား...”

ယီထျန်းယွမ်က အသာအယာ ပြုံးလိုက်သည်။

အခန်း ၁၀၉၇ ပြီးပါပြီ။

All Chapters