ကောင်းကင်ဝါးမြိုခြင်းနတ်ဘုရားနယ်မြေ
Vol. 81 Ch. 1099
အကြီးအကဲကုတ်ဟွမ်သည် ယီထျန်းယွမ်အား ခေါ်ဆောင်၍ ဟင်းလင်းပြင်ကို ဆွဲဖြဲကာ တည်နေရာပြောင်းရွှေ့ခြင်း အစီရင်အနီးသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ဤ တည်နေရာပြောင်းရွှေ့ခြင်း အစီရင် မှာ အနည်းငယ် ထူးခြားလှပြီး အစောင့်အကြပ် နှစ်ဦးက စောင့်ကြပ်နေသည်။ ပုံမှန်ဆိုလျှင် အခြားသော အစီရင် များတွင်မူ အစောင့်အကြပ်များ မရှိကြပေ။ ဤသည်မှာ အဆိုပါ အစီရင် ရောက်ရှိမည့်နေရာမှာ အလွန်ပင် အရေးကြီးကြောင်း သက်သေပြနေခြင်းပင်။
“အကြီးအကဲကုတ်ဟွမ်...”
အစောင့်အကြပ် နှစ်ဦးစလုံးက ဦးညွှတ်၍ သူတို့၏ အရိုအသေကို ပြသလိုက်ကြသည်။
အကြီးအကဲကုတ်ဟွမ်က ခေါင်းညိတ်ပြလိုက်ပြီး ယီထျန်းယွမ်အား ခေါ်ဆောင်ကာ ထို အစီရင် ပေါ်သို့ တက်လှမ်းလိုက်သည်။ ထို့နောက် ဘေးရှိ ကျောက်စာတိုင်ပေါ်သို့ သူ၏ လက်ဝါးဖြင့် ဖိနှိပ်လိုက်သည်။ ကြယ်တာရာစွမ်းအားများကို ပေးပို့လိုက်သည့်အခါ တည်နေရာပြောင်းရွှေ့ခြင်း အစီရင်မှာ ချက်ချင်းပင် လင်းထိန်လာခဲ့ပြီး သူတို့ နှစ်ဦးအား လွှမ်းခြုံသွားခဲ့တော့သည်။
မျက်တောင်တစ်ခတ်အတွင်း သူတို့သည် မူလနေရာမှ ပျောက်ကွယ်သွားခဲ့ပြီး နောက်တစ်ခဏ၌ အခြားသော နယ်မြေတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။ ယီထျန်းယွမ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ ဘေးပတ်ပတ်လည်၌ မည်သည့်အရာမျှ မရှိဘဲ အရာအားလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေသည်ကို မြင်လိုက်ရသည်။ တည်နေရာပြောင်းရွှေ့ခြင်း အစီရင် တည်ရှိရာ နေရာမှာ ပို၍ပင် ထူးဆန်းလှပြီး ဂြိုဟ်တစ်ခုပေါ်တွင် မဟုတ်ဘဲ ဟင်းလင်းပြင်၌ လွင့်မျောနေသော ဧရာမ ကျောက်ဆောင်ကြီးတစ်ခုပေါ်၌ တည်ရှိနေခြင်း ဖြစ်ပေသည်။
ဤနေရာမှာ အလွန်ပင် ဝေးလံခေါင်ဖျားလှသည်မှာ သေချာလှပေသည်။ ကောင်းကင်ဝါးမြိုခြင်းနတ်ဘုရားနယ်မြေမှာ ဤမျှ ဝေးလံသော နေရာ၌ တည်ရှိနေသလို အလွန်လည်း တင်းကျပ်ပုံရသည်။ ထိုကျောက်စာတိုင်အား အမှန်တကယ် လှုပ်ရှားစေနိုင်သူမှာ အနည်းငယ်သာ ရှိမည်ဖြစ်ကြောင်း သူ မြင်နိုင်သည်။
အဓိပ္ပါယ်မှာ ဤနေရာသို့ လာရောက်လိုပါက သူတို့ကိုယ်တိုင် လမ်းပြပေးမှသာ ရောက်ရှိနိုင်မည် ဖြစ်ပြီး မဟုတ်ပါက လုံးဝ ရောက်ရှိနိုင်မည် မဟုတ်ပေ။ ဤမျှအထိ တင်းကျပ်လှသဖြင့် အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှပေသည်။
အခြားသော နည်းလမ်းများဖြင့် လာရောက်ရန်မှာ အလွန်ပင် ခက်ခဲလှပေလိမ့်မည်။ တည်နေရာမှာ မည်သည့်နေရာ၌ ရှိမှန်းပင် မသိရှိပါက မည်သို့လျှင် ဤနေရာသို့ ရောက်ရှိနိုင်ပါမည်နည်း။
“ဒီကောင်းကင်ဝါးမြိုခြင်းနတ်ဘုရားနယ်မြေက နည်းနည်းတော့ တင်းကျပ်လွန်းတယ်နဲ့တူတယ်...”
ယီထျန်းယွမ်က ဘေးမှနေ၍ ရေရွတ်လိုက်သည်။
“ကောင်းကင်ဝါးမြိုခြင်းနတ်ဘုရားနယ်မြေက ငါတို့ နတ်ဘုရားနယ်မြေ ၅ ခုရဲ့ ကျင့်ကြံရေး နယ်မြေ ဖြစ်တဲ့အတွက် သေချာပေါက် တင်းကျပ်ရမှာပေါ့... အချိန်ကန့်သတ်ချက်လည်း အသေအချာ ရှိသလို နတ်ဘုရားနယ်မြေ တစ်ခုချင်းစီက ဘယ်လောက်အထိ အချိန်ခွဲတမ်း ရသလဲဆိုတာကလည်း သတ်မှတ်ချက် ရှိပြီးသားပဲ...”
အကြီးအကဲကုတ်ဟွမ်က ရှင်းပြလိုက်သည်။
“ကျင့်ကြံသူတွေ အများကြီး ရှိတဲ့အတွက် ခွဲတမ်းရတဲ့ အချိန်က အလွန်နည်းတယ်... ထူးချွန်တဲ့ တပည့်တွေ မဟုတ်ရင် ဒီလို ဆုလာဘ်မျိုးကို လုံးဝ ပေးမှာ မဟုတ်ဘူး...”
“သိသာပါတယ်... တခြား နတ်ဘုရားနယ်မြေတွေရဲ့ တည်နေရာပြောင်းရွှေ့ခြင်း အစီရင် တွေကလည်း ဒီနားမှာပဲ ရှိတာလား...”
ယီထျန်းယွမ်က လှည့်ကြည့်လိုက်သော်လည်း ပတ်ဝန်းကျင်မှာ ဟာလာဟင်းလင်း ဖြစ်နေသဖြင့် အခြားသော အစီရင် များကို မတွေ့ရပေ။
“အဲဒီလိုပဲ ပြောရမှာပေါ့... ဒီနေရာနဲ့ သိပ်မဝေးဘူး... အခု ငါ မင်းကို ကောင်းကင်ဝါးမြိုခြင်းနတ်ဘုရားနယ်မြေကို ခေါ်သွားမယ်... အဲဒီနေရာကို ကောင်းကောင်း အသုံးချနိုင်မယ်ဆိုရင် မင်းအတွက် မြေကမ္ဘာအရှင် အဆင့် ၉ ကို တက်လှမ်းဖို့ လုံလောက်လိမ့်မယ်... မြေကမ္ဘာအရှင် အဆင့် ၉ ကို ရောက်မှသာ အဆင့်မြင့်တဲ့ နေရာတစ်ခုပေါ်မှာ ရပ်တည်နိုင်တယ်လို့ ဆိုနိုင်မှာ...”
အကြီးအကဲကုတ်ဟွမ်သည် ယီထျန်းယွမ်အနေဖြင့် မြေကမ္ဘာအရှင် အဆင့် ၉ သို့ တက်လှမ်းနိုင်ရန် များစွာ မျှော်လင့်နေခဲ့သည်။ မြေကမ္ဘာအရှင် အဆင့် ၈ မှာ မဆိုးလှသော်လည်း အဆင့် ၉ မှာသာ တကယ့် ထိပ်တန်းအဆင့် ဖြစ်သောကြောင့်ပင် ဖြစ်သည်။
သူတို့သည် ဤကဲ့သို့သော ထိပ်တန်း ကျင့်ကြံရေး နယ်မြေများကို မြေကမ္ဘာအရှင် အဆင့် ၉ သို့ တက်လှမ်းနိုင်မည့် ကျင့်ကြံသူများကိုသာ လာရောက်ခွင့် ပြုလေ့ ရှိကြသည်။ အကယ်၍ မြေကမ္ဘာအရှင် အဆင့် ၈ တွင်သာ ရပ်တန့်နေမည့်သူ ဖြစ်ပါက ဤကဲ့သို့သော အခွင့်အရေးမျိုး ရရှိလိမ့်မည် မဟုတ်ပေ။
ကြီးမားလှသော အကျိုးဆောင်မှုများ ပြုလုပ်ထားသည့် တပည့်များ မဟုတ်ပါက ဤနေရာကို တစ်ချက်ကြည့်ရန်ပင် မဖြစ်နိုင်ပေ။ ယွီလုံကောင်းကင်အရှင်နှင့် အစ်မဟော်လျန်တို့မှာ မဆိုးလှသော်လည်း သူတို့သည် မြေကမ္ဘာအရှင် အဆင့် ၉ သို့ တက်လှမ်းနိုင်မည့် အရည်အချင်းရှိသူများအဖြစ် သတ်မှတ်ခြင်း မခံရသည့်အပြင် အကျိုးဆောင်မှု အမှတ်များလည်း များစွာ မရှိကြသဖြင့် သူတို့ကို လာရောက်ခွင့် မပေးခြင်း ဖြစ်ပေသည်။
စဉ်းစားကြည့်လျှင် ကောင်းကင်ဝါးမြိုခြင်းနတ်ဘုရားနယ်မြေမှာ အလွန်ပင် ကျယ်ဝန်းလှသော်လည်း အရင်းအမြစ်များမှာ သေချာပေါက် အကန့်အသတ်မရှိ ရှိနေမည် မဟုတ်ပေ။ ယခုအခါ နတ်ဘုရားနယ်မြေ ၅ ခုက စီမံခန့်ခွဲနေသဖြင့် လာရောက်မည့်သူများကို သေချာပေါက် တင်းကျပ်စွာ ကန့်သတ်ထားရပေမည်။ မဟုတ်ပါက စိတ်တိုင်းကျ ဝင်ရောက်ခွင့် ပေးလိုက်မည်ဆိုလျှင် ကောင်းကင်ဝါးမြိုခြင်းနတ်ဘုရားနယ်မြေမှာ မြေရိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ယီထျန်းယွမ်က ခေါင်းညိတ်လိုက်သည်။ သူသည်လည်း မြေကမ္ဘာအရှင် အဆင့် ၉ သို့ တက်လှမ်းလိုသည်မှာ အမှန်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူ၏ လက်ရှိ အဓိက တာဝန်၏ ပန်းတိုင် ဖြစ်သောကြောင့်ပင်။
ထို့နောက် အကြီးအကဲကုတ်ဟွမ်က သူ့အား ခေါ်ဆောင်၍ ရှေ့သို့ ပျံသန်းသွားခဲ့သည်။ အကြီးအကဲကုတ်ဟွမ်၏ လမ်းပြမှုအောက်တွင် ရှေ့ဘက်၌ အမှောင်ထုများ ဖုံးလွှမ်းနေပြီး မည်သည့်အရာမျှ မမြင်ရပေ။ အလင်းရောင် အားလုံးကို တစ်စုံတစ်တစ်ခုက စုပ်ယူသွားသဖြင့် သူတို့မှာ မည်သည့် အလင်းကိုမျှ မမြင်ရခြင်း ဖြစ်ရပေမည်။
ယီထျန်းယွမ်က ပတ်ဝန်းကျင်ရှိ ကြယ်တာရာစွမ်းအားများမှာ တစ်စုံတစ်ရာကြောင့် ဆွဲထုတ်ခြင်း ခံထားရသလို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်၌ ကြယ်တာရာစွမ်းအား အနည်းငယ်မျှပင် မရှိတော့ဘဲ လုံးဝဥဿုံ လေဟာနယ်နယ်မြေတစ်ခု ဖြစ်နေခဲ့ပေသည်။
“ရောက်တော့မယ်...”
အကြီးအကဲကုတ်ဟွမ်က လက်ညှိုးညွှန်ပြလိုက်ရာ ရှေ့ဘက်၌ နက်မှောင်သော အလင်းတန်းများ ထွက်ပေါ်နေပြီး အမည်းရောင် စက်လုံးကြီးတစ်ခုကဲ့သို့ ရှိနေသည်။ ဤသည်မှာ မျက်လုံးဖြင့် ကြည့်ရုံနှင့် သိနိုင်သည် မဟုတ်ဘဲ အာရုံခံစားမှုမှတစ်ဆင့် သိရှိနိုင်ခြင်း ဖြစ်သည်။
မူလက ပတ်ဝန်းကျင် ဟင်းလင်းပြင်မှာ မှောင်အတိ ကျနေသော်လည်း ထိုမှောင်မည်းလှသော အလင်းတန်းများ ထပ်မံ ထွက်ပေါ်လာသည့်အခါ ပို၍ပင် မှောင်မည်းသွားသလို ခံစားရပေသည်။
ထိုနက်မှောင်သော စက်လုံးကြီးအတွင်း၌ ထူးဆန်းလှသော စွမ်းအင်တစ်ခု ကိန်းအောင်းနေသည်ကို ယီထျန်းယွမ် အာရုံခံမိသည်။ ပတ်ဝန်းကျင်မှ ဆွဲထုတ်လိုက်သော စွမ်းအင်အားလုံးမှာ ဤနေရာ၌ စုစည်းနေသကဲ့သို့ပင် ဖြစ်သည်။
“ကောင်းကင်ဝါးမြိုခြင်းနတ်ဘုရားနယ်မြေက တကယ်တော့ ဘယ်လိုမျိုး ဖြစ်တည်လာတာလဲ...”
ယီထျန်းယွမ်က ဤအရာအပေါ် များစွာ စူးစမ်းလိုနေခဲ့သည်။
“ဒါကိုတော့ ဘယ်သူမှ မသိကြဘူး... ငါတို့ တွေ့ရှိတဲ့ အချိန်တုန်းက ဒါက ဒီမှာ ရှိနေပြီးသားပဲ... ငါတို့ နတ်ဘုရားနယ်မြေ ၅ ခုရဲ့ အလယ်တည့်တည့်မှာ တည်ရှိနေတဲ့အတွက် ကြားနေ ကျင့်ကြံရေး နယ်မြေတစ်ခု ဖြစ်သွားတာပေါ့...”
အကြီးအကဲကုတ်ဟွမ်က ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ ယီထျန်းယွမ်အား ပေးအပ်လိုက်ပြီး ဆိုလိုက်သည်။
“ဒီကျောက်စိမ်းပြားက မင်းကို ကောင်းကင်ဝါးမြိုခြင်းနတ်ဘုရားနယ်မြေထဲမှာ တစ်လကြာအောင် တောင့်ခံနိုင်ဖို့ ကူညီပေးလိမ့်မယ်... ဒါပေမဲ့ ဒီအချိန်ဆိုတာက အပြင်ဘက်က အချိန်ကို ပြောတာနော်... အတွင်းထဲက အချိန်ကတော့ ခဏခဏ ပြောင်းလဲတတ်တဲ့အတွက် ငါလည်း အသေအချာ မပြောနိုင်ဘူး...”
“ဒါပေမဲ့ တစ်ချက်တော့ မင်း မှတ်ထားရမယ်... ဒီကျောက်စိမ်းပြား ပျောက်ကွယ်တော့မယ့် အချိန်က မင်း အပြင်ကို ထွက်ရမယ့် အချိန်ပဲ... အကယ်၍ အပြင်ကို မထွက်ခဲ့ဘူးဆိုရင် မင်း ပြန်ထွက်လာလို့ ရမှာ မဟုတ်တော့ဘဲ အထဲမှာပဲ ထာဝရ ပိတ်မိနေလိမ့်မယ်...”
သူ၏ အမူအရာမှာ အလွန်ပင် လေးနက်နေခဲ့သည်။ သူသည် လိမ်ညာနေခြင်း မဟုတ်ဘဲ အမှန်တကယ်ပင် စိုးရိမ်နေခြင်း ဖြစ်သည်။
ကျင့်ကြံရေး နယ်မြေတစ်ခုမှာ ဤမျှအထိ အန္တရာယ်ရှိနေပါသလား။ ကြည့်ရသည်မှာ ဤကျောက်စိမ်းပြားမှာ အဆောင်လက်ဖွဲ့တစ်ခုကဲ့သို့ပင် ဖြစ်ရပေမည်။ အကယ်၍ အဆောင်လက်ဖွဲ့ မရှိတော့ပါက တစ်စုံတစ်ရာ၏ ဝါးမြိုခြင်းကို ခံရကာ ထာဝရ ပြန်မထွက်နိုင်ဘဲ ဖြစ်သွားပေလိမ့်မည်။
“သိပါပြီ...”
ယီထျန်းယွမ်က ထိုကျောက်စိမ်းပြားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
“သိရင် ပြီးတာပါပဲ... တစ်လကြာတဲ့အခါ ငါ ဒီကို လာပြီး မင်းကို ပြန်ကြိုမယ်...”
အကြီးအကဲကုတ်ဟွမ်က သူ၏ ပုခုံးကို ပုတ်ကာ ပြုံးလျက် ဆိုလိုက်သည်။
“ဒါပေမဲ့ သိပ်ပြီးတော့ စိတ်မပူပါနဲ့... ဒီကျောက်စိမ်းပြား ရှိနေရင် မင်း ဘေးကင်းမှာပါ... အထဲမှာတော့ တခြား နတ်ဘုရားနယ်မြေတွေက ထိပ်တန်း ပါရမီရှင်တွေ ရှိနေလိမ့်မယ်... သူတို့ကို ဂရုမစိုက်ဘဲ နေလိုက်ရင် ရပြီ...”
ယီထျန်းယွမ်က ခေါင်းညိတ်လိုက်ပြီးနောက် အကြီးအကဲကုတ်ဟွမ်အား နှုတ်ဆက်ကာ ထိုအမည်းရောင် စက်လုံးကြီးထဲသို့ တိုက်ရိုက် တိုးဝင်သွားခဲ့ပြီး အကြီးအကဲကုတ်ဟွမ်၏ ရှေ့မှောက်မှ ပျောက်ကွယ်သွားခဲ့တော့သည်။
“ကောင်လေး... မင်း ဒီထဲမှာ ကြီးမားတဲ့ ကံကောင်းခြင်းတွေ ရပါစေလို့ မျှော်လင့်ပါတယ်... မြေကမ္ဘာအရှင် အဆင့် ၉ ကနေ တက်လှမ်းလာတဲ့ ကောင်းကင်အရှင်မှသာ တကယ့် ကောင်းကင်အရှင် အစစ်အမှန်လို့ ခေါ်နိုင်တာလေ...”
သူက ခေါင်းခါလိုက်ပြီး လှည့်ထွက်သွားခဲ့တော့သည်။
တစ်လကြာသည့်အခါ သူသည် လူလာကြိုပေလိမ့်မည်။
ယီထျန်းယွမ်သည် ထိုအမည်းရောင် စက်လုံးကြီးကို ဖြတ်သန်းသွားသည့်အခါ သူ၏ ရင်ခွင်အတွင်းရှိ ကျောက်စိမ်းပြားမှာ ပူနွေးလာသည်ကို ချက်ချင်း ခံစားလိုက်ရပြီးနောက် ၎င်းပေါ်မှ အဖြူရောင် အခိုးအငွေ့များ လွင့်ပျံလာခဲ့သည်။ စိတ်အာရုံဖြင့် ကြည့်လိုက်သည့်အခါ ကျောက်စိမ်းပြားမှာ တဖြည်းဖြည်းချင်း ပျောက်ကွယ်လာသည်ကို သိသာစွာ ခံစားရသော်လည်း ထိုပျောက်ကွယ်မှုမှာ အလွန်ပင် နှေးကွေးလှပေသည်။
တစ်ချိန်တည်းမှာပင် ထိုကျောက်စိမ်းပြားသည် အကာအကွယ် အလွှာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့အား တင်းကြပ်စွာ လွှမ်းခြုံထားလိုက်သည်။ သူ လုံးဝ အတွင်းထဲသို့ ရောက်ရှိသွားသည့်အခါ အတွင်းပိုင်းမှာ မှောင်အတိ ကျမနေတော့ဘဲ ငါးရောင်ခြည် လင်းလက်နေသော ဆန်းကြယ်လှသော ကမ္ဘာကြီးတစ်ခု ဖြစ်နေခဲ့သည်။
အပြင်ဘက်မှ အမှောင်ထုနှင့် လုံးဝ ခြားနားလှပြီး ဤနေရာမှာ နတ်ဘုရားတို့၏ ဘုံဗိမာန်တစ်ခုကဲ့သို့ ရှိနေကာ နေရာအနှံ့၌ ဆေးဖက်ဝင် အပင်များနှင့် ထူးဆန်းသော သစ်ပင်များ ရှိနေခဲ့သည်။ ဘေးပတ်ပတ်လည်၌ ဆေးဖက်ဝင် စမ်းရေတွင်းများစွာ ရှိနေပြီး ရေရှိသည့် နေရာမှန်သမျှမှာ ဆေးဖက်ဝင် စမ်းရေတွင်းများ ဖြစ်ကြသည်။ သစ်ပင်မှန်သမျှမှာလည်း အဆင့်မြင့်လှသော သစ်ပင်များ ဖြစ်ကြသလို မြက်ပင်မှန်သမျှမှာလည်း အဆင့်မြင့် ဆေးပင်များ ဖြစ်ကြသည်။
ကျောက်ခဲတစ်လုံးပင်လျှင် အဆင့်မြင့်လှသော လက်နက်သွန်းလုပ်သည့် ပစ္စည်းများ ဖြစ်ကြသည်။ ဤနေရာရှိ အရာအားလုံးမှာ ရတနာများ ဖြစ်ကြပြီး မည်သည့်အရာမျှ အသုံးမကျသော အရာ သို့မဟုတ် သာမန်ပစ္စည်းမျိုး မဟုတ်ပေ။
ဤမြင်ကွင်းက သူ့အား များစွာ ထိတ်လန့်သွားစေခဲ့သည်။ ဤသည်မှာ ကောင်းကင်ဝါးမြိုခြင်းနတ်ဘုရားနယ်မြေ ပါလော၊ အမှန်တကယ်ပင် နတ်ဘုရားနယ်မြေတစ်ခုကဲ့သို့ ရှိနေပြီး နေရာအနှံ့၌ ရတနာများ ပြည့်နှက်နေခဲ့သည်။
“ကောင်းကင်ဝါးမြိုခြင်းနတ်ဘုရားနယ်မြေ ဆိုတာ... ဝါးမြိုခြင်းဆိုတဲ့ အမည်ရဲ့ အဓိပ္ပါယ်နဲ့လိုက်အောင် ပတ်ဝန်းကျင်က စွမ်းအင်အားလုံးကို ဝါးမြိုထားရုံတင် မဟုတ်ဘဲ ကောင်းကင်ကြီး တစ်ခုလုံးကိုပါ ဝါးမြိုပြီးတော့ ဒီလို ရတနာနယ်မြေတစ်ခုအဖြစ် ဖန်တီးလိုက်တာလား...”
ယီထျန်းယွမ်မှာ အလွန်ပင် အံ့အားသင့်နေမိတော့သည်။
အခန်း ၁၀၉၉ ပြီးပါပြီ။