အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
အခန်း 11 ကျွန်တော့်ထက် သုံးနှစ်တောင် ကြီးတာလား
ယန်ကွမ်းသည် ဆွံ့အသွားပြီး မော့လီကို ဒေါသတ ကြီး စိုက်ကြည့်ကာ ပြန်ပြောလိုက်၏။
"ခဗျားရဲ့ အောက်တန်းကျတဲ့ အတွေးတွေကို ရုပ်သိ မ်းလိုက်စမ်းပါ..ကျွန်တော့မှာ မကောင်းတဲ့ စိတ်မရှိ ဘူး တကယ့်စေတနာနဲ့ ပြောနေတာဗျ.."
မော့လီက လှောင်ပြုံးပြုံးကာ ပြန်မေးလိုက်သည်။
"ဟုတ်လို့လား..မင်းကို တစ်ခါ ကြည့်ရုံနဲ့တင် လူကေ ာင်းပုံမပေါက်တာ... စေတနာတွေ ရှိလှချည်လား ဟီးဟီး.."
"ရှိတာပေါ့ဗျ.."
ယန်ကွမ်းက ခေါင်းညိတ်ပြရင်း ရွာထဲမှ အိမ်အိုလေး များကို လက်ညှိုးထိုးပြလိုက်၏။
"ခဗျား စဉ်းစားကြည့်လေ... ဒီနေရာက နေလို့ရတ ယ်ဆိုဦးတော့.. အတွင်းရေးမှူးရွှီလို မိန်းကလေးက ဒီလိုပတ်ဝန်းကျင်မှာ နေတာကို ခဗျား တကယ်ပဲ စိ တ်ချနိုင်လို့လား.."
"ဒါ ဒါကတော့..."
မုန့်လီမှာ ရုတ်တရက် စကားထောက်သွားပြီး ခေတ္တ မျှ ကြောင်အသွားသည်။ခဏမျှ စဥ်းစားပြီးမှ သူက ပြန်မေးလိုက်၏။
"ဒါဆို မင်းအိမ်ကို သွားတာကရော ဘေးကင်းပါ့မ လား.."
သူ့ ရင်ဘတ်ကို လက်ဝါးဖြင့် ပုတ်ကာ ယုံကြည်ချ က်အပြည့်ဖြင့် ယန်ကွမ်း ပြန်ပြောလိုက်သည်။
"ဒါပေါ့.ကျုပ်ရှိနေသရွေ့ ဘယ်သူကများ အတွင်း ရေးမှူရွှီကို အနိုင်ကျင့်ရဲမှာလဲ.."
"အဲဒါကြောင့် ငါက ပိုစိုးရိမ်နေတာ.."
မော့လီက နှာခေါင်းရှုံ့လိုက်ပြီး ရွှီလင်းဘက်သို့ လှ ည့်ပြောလိုက်၏။
"ဒီရွာက လူတွေကို ကြည့်ဦးလေ.. မင်းသာ ဒီမှာနေ ရင် တစ်ခုခု အလုပ်ခံရမှာ မကြောက်ဘူးလား .."
"ရှင့် ပါးစပ်ကို ပိတ်ထား..."
ရွှီလင်း၏ မျက်နှာလေး ရှက်သွေးဖြန်းကာ နီမြန်း သွားပြီး မော့လီကို ဒေါသတကြီး စိုက်ကြည့်လိုက် သည်။ထို့နောက် ယန်ကွမ်းဘက်သို့ လှည့်ကာ မေး လိုက်၏။
"ရှင့်အိမ်မှာရော..အခန်းလွတ် ရှိလို့လား.."
"ရှိတာပေါ့..သိပ် ရှိတာပေါ့ဗျာ.."
ယန်ကွမ်းက အမြန် ခေါင်းညိတ်ပြရင်း အားတက် သရော ပြန်ဖြေလိုက်သည်။
"အိမ်မှာက ကျွန်တော်နဲ့ မရီး နှစ်ယောက်တည်း နေ တာ..အစ်မတစ်ယောက်တည်း သီးသန့်အိပ်ချင်လ ည်း ရတယ်..ဒါမှမဟုတ် ကျွန်တော့် မရီးနဲ့အတူ အိပ် လို့လည်း ရတယ်"
ထို စကားကို ကြားသောအခါမှာမူ ရွှီလင်းက စိတ် အေးသွား၏။
"ကောင်းပြီလေ..ဒါဆိုလည်း ရှင့်အိမ်ကို သွားကြည့် ကြတာပေါ့"
ယန်ကွမ်းက ဝမ်းသာအားရဖြင့် အမြန်ခေါင်းညိတ် ပြလိုက်၏။
"ဟုတ်ကဲ့ပါခင်ဗျာ.."
ထိုစကားကို ကြားကြားချင်း မော့လီတစ်ယောက်ပျာ ပျာသလဲ ဖြစ်သွားပြီး တားဆီးရန် လက်လှမ်းလိုက် စဉ်မှာပင် အသက် ၅၀ ကျော်အရွယ် အသားမည်းမ ည်း ပိန်ပိန်ပါးပါး လူတစ်ယောက်သည် ခြံဝင်းအတွ င်းသို့ အပြေးအလွှား ဝင်လာခဲ့သည်။သူသည် ရွှီလ င်းကို မြင်သည်နှင့် မျက်လုံးများ အရောင်တောက် လာကာ အပြေးအလွှား မေးမြန်းလိုက်၏။
"ဒါ..ဒါက ..အတွင်းရေးမှူးရွှီ ထင်တယ်နော်.."
ရွှီလင်းက ခေါင်းညိတ်ပြကာ ပြန်မေးလိုက်သည်။
"ဟုတ်ပါတယ်.. ရှင်က ရွာလူကြီး ဆွန်းလား"
"ဟုတ်ပါတယ်.. ဟုတ်ပါတယ်..."
သူ့ လက်များကို ဘောင်းဘီတွင် အမြန်ပွတ်သုတ်လို က်ပြီးနောက် ရွှီလင်နှင့် လက်ဆွဲနှုတ်ဆက်ရန် ရွာလူ ကြီးဆွန်းကော်ရင်က ပြုံးရွှင်စွာဖြင့် လက်ကမ်းပေး လိုက်သည်။
ရွှီလင်းမှာမူ ခေတ္တမျှ တုံ့ဆိုင်းသွားပြီး စိတ်ထဲတွင် အနည်းငယ် ဝန်လေးနေသော်လည်း ယဉ်ကျေးမှုအ ရ လက်ကမ်းပေးလိုက်ရသည်။
ရွှီလင်း၏ နူးညံ့အိစက်သော လက်ကလေးကို ဆုပ် ကိုင်ထားစဉ် ဆွန်းကော်ရင်းမှာ စိတ်ကူးယဉ်ကာ မိ န်းမောသွားပြီး ပြုံးစိစိဖြင့် ဖိတ်ခေါ်လိုက်၏။
"အတွင်းရေးမှူးရွှီက... ဒီလောက်မြန်မြန် ရောက်လာ လိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူးဗျာ.. နောက် နှစ်ရက်လောက်နေမှ အခန်းတွေကို လူခေါ်ပြီး သန့် ရှင်းရေး လုပ်ပေးမလို့ပဲ..စောစော ရောက်လာတာဆို တော့ ကျွနိတော်က နေဖို့အတွက် ဘာမှ မလုပ်ရသေ း ဘူး..မထူးပါဘူးလေ..ရောက်လာပြီဆိုမှတော့ ကျွန်တော့်အိမ်မှာပဲ လာနေပါလား..အိမ်မှာ သီးသန့် အခန်းရှိတယ်..အရမ်းလည်း သန့်ရှင်းပါတယ်ခဗျ.."
"အာ... မလိုပါဘူးရှင်..”
လက်ကို အမြန်ပြန်ရုပ်လိုက်ပြီး ရွှီလင်းက ခေါင်းခါ ကာ ပြန်ပြောလိုက်သည်။
"ကျွန်မ ဒီမောင်လေး အိမ်မှာပဲ နေဖို့ ဆုံးဖြတ်လိုက် ပါပြီ"
"ဘာ..."
ဆွန်းကော်ရင်းမှာ လန့်ဖျပ်သွားပြီး လှည့်ကြည့်လိုက် ရာ ပြုံးစိစိလုပ်နေသော ယန်ကွမ်းအား တွေ့လိုက်ရ ၏။သူသည် ချက်ချင်းပင် ယန်ကွမ်းအနားသို့ တိုး လာပြီး အသံတိုးတိုးလေး ပြောလိုက်သည်။
"မင်းက ဘာဝင်ရှုပ်တာလဲ ကောင်လေး.. မြန်မြန် အိ မ်ပြန်စမ်းကွာ..."
ယန်ကွမ်းက ခနဲ့တဲ့တဲ့ မေးလိုက်သည်။
"ဦးလေးကော်ရင်းက.ဒီအကွက်ကို ကြိုစဉ်းစား ထာ းတာပဲ မဟုတ်လား..အတွင်းရေးမှူးရွှီက ရွာထဲက အိမ်အခြေအနေတွေကို မသိတာ မဆန်းပါဘူး.. ဦး လေးက တမင်မပြောဘဲ ထားထားတာကိုးဗျ.."
"မင်း... မင်း ဘာတွေ လျှောက်ပြောနေတာလဲ.."
ရွာလူကြီးဆွန်းကော်ရင်က ယန်ကွမ်းကို ဒေါသတ ကြီး စိုက်ကြည့်ကာ ခြိမ်းခြောက်လိုက်၏။
"မြန်မြန် အိမ်ပြန်တော့..ပြဿနာမရှာနဲ့..မဟုတ်ရင် မင်း..ငါ့အကြောင်း သိစေရမယ်.."
အရင်ကဆိုလျှင် ယန်ကွမ်းသည် ရွာလူကြီးကို အမှ န်တကယ်ပင် လုံးဝ မဆန့်ကျင်ရဲပေ။သို့သော်လည်း ယခုမူ သူ အခြေအနေက ပြောင်းလဲလာပြီ မဟုတ် ပေလော။
ထို့ကြောင့် ယန်ကွမ်းက အေးအေးဆေးဆေးပင် လှောင်ပြုံးပြုံးကာ ပြန်ပြောလိုက်၏။
"ရတယ် ဒီ အိမ်ပြဿနာကို ကျွန်တော်ပဲ ရှင်းလိုက်မ ယ်"
ယန်ကွမ်း သဘောပေါက်လိုက်သည်မှာ ရွာလူကြီး ဆွန်းကော်ရင်းသည် ရောက်လာမည့် အတွင်းရေးမှူး အသစ်မှာ အမျိုးသမီးဖြစ်ကြောင်း သိထားပြီးဖြစ် သလို နေစရာပေးမည်ဟုလည်း ကတိပေးထားခဲ့သ ည်။သို့သော်လည်း အမှန်တကယ်တွင်မူ ရွာထဲရှိ အိ မ်အိုများကို ပြုပြင်သန့်ရှင်းပေးရန် လုံးဝ စိတ်မကူး ခဲ့ဘဲ သူ့အိမ်သို့ ခေါ်ယူရန်သာ ကြံစည်ထားခဲ့ခြင်းပ င် ဖြစ်၏။
ထိုရွာလူကြီးသည် ရွှီလင်းအား သူ့အိမ်တွင် လာနေ စေရန် တမင်ပင် မျှားခေါ်ခဲ့ခြင်း ဖြစ်ပေသည်။
ဆွန်းကော်ရင်း၏ စိတ်ထဲတွင် မည်သို့သော ယုတ်မ ာသည့် အကြံအစည်များ ရှိနေသည်ကိုမူ သူကိုယ် တိုင်သာ သိပေလိမ့်မည်။
ယန်ကွမ်းသည် ရွာလူကြီးအနေဖြင့် အတွင်းရေးမှူး အပေါ် အလွန်အကျွံ စော်ကားရဲသည့် သတ္တိမရှိမှန်း သိသော်လည်း ထိုလူမှာ အလွန်ပင် နှာဘူးကျသူလ ည်း ဖြစ်၏။ရွှီလင်းသာ ရွာလူကြီးအိမ်မှာ လိုက်နေ ပါက အခွင့်အရေးယူခံရရန်မှာ မြေကြီးလက်ခတ် မလွဲပေ။ ရွှီလင်က မည်သူပင်ဖြစ်စေ သူမသည် ချောမောလှပသည့် မိန်းကလေးတစ်ဦး ဖြစ်နေသ ည်မဟုတ်ပေလော။
ယန်ကွမ်း၏ စိတ်ထဲတွင် တရားမျှတလိုစိတ်များ တ ဖွားဖွားပေါ်ပေါက်လာပြီး ဒီအစ်မလေးရွီလင်းအား အနိုင်ကျင့်ခံရမည်ကို အဖြစ်မခံနိုင်ပေ။
ထို့ကြောင့် သူက ရွှီလင်းဘက်သို့ လှည့်ကာ ပြောလို က်၏။
"အတွင်းရေးမှူးရွှီ..မိုးလည်း ချုပ်တော့မယ်.. အခုပဲ ကျွန်တော့်အိမ်ကို သွားကြရအောင်လေ.. မရီးကိုလ ည်း အရသာရှိတာလေးတွေ ကျွန်တော် ချက်ခိုင်းလို က်မယ်..ခရီးပန်းလာတာတွေလည်း ပြေသွားတာပေ ါ့ ဗျာ.."
"ကောင်းပြီလေ.."
ရွှီလင်းကလည်း ခေါင်းညိတ်ကာ သဘောတူလိုက် သည်။သူမသည် တက္ကသိုလ်မှ ဘွဲ့ရခါစဖြစ်၍ လူမှု ရေးအတွေ့အကြုံ နည်းပါးသော်လည်း ဆွန်းကော်ရ င်းထက်စာလျှင် ယန်ကွမ်းကဲ့သို့ လူငယ်လေးအား ပို ၍ ယုံကြည်လိုစိတ် ရှိနေသည်။
အခြားကြောင့်မဟုတ်ဘဲ ထိုလူငယ်၏ မျက်လုံးများ က ကြည်လင်နေသောကြောင့်ပင်။ထို့ကြောင့် သူမ သည် ခရီးဆောင်အိတ်ကို ဆွဲကာ ယန်ကွမ်းနောက် သို့ လိုက်ရန် ပြင်လိုက်၏။
ထိုအချိန်မှာပင် မော့လီက ရုတ်တရက် ကြားဖြတ် ပြောလိုက်သည်။
"ရွှီလင်း..မင်း တကယ်ပဲ ဒီကောင်လေးနဲ့ လိုက်နေ တော့မလို့လား..မတော်တဆ တစ်ခုခုဖြစ်သွားမှာ မ ကြောက်ဘူးလား.."
ရွှီလင်းက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်၏။
"ငါ သူ့ကို ယုံတယ်.."
မော့လီမှာမူ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန် ယင်လာကာ ပြန်ပြောလိုက်သည်။
"ဒါဆိုလည်း နောက်မှ နောင်တမရနဲ့ပေါ့ကွာ.. သတိ တော့ထားဦး.. ဒီမှာနေပြီးရင် တစ်သက်လုံး ပြန်မထွ က်နိုင်ဘဲ သူများအတွက် ကလေးတွေ တပြုံတခေါ င်းကြီး မွေးပေးနေရဦးမယ်.."
"နင်... ဘာစကားပြောလိုက်တာလဲ.."
ရွှီလင်း၏ မျက်ဝန်းများမှာလည်း ရုတ်တရက် နီမြန် းလာ၏။ထိုစကားမှာ သူမအား ပေါ်ပေါ်ထင်ထင်ပ င် စော်ကားလိုက်ခြင်း ဖြစ်သည်။
"ဖောင်း...အား.."
သူမ ဒေါသထွက်နေစဉ်မှာပင် မျက်စိရှေ့၌ အရိပ်တ စ်ရိပ် ဖြတ်ခနဲ မြင်လိုက်ရပြီးနောက် မော့လီ၏ အေ ာ်ဟစ်သံကို ကြားလိုက်ရ၏။ရွှီလင်း လှည့်ကြည့်လို က်သောအခါ မော့လီတစ်ယောက် မြေပြင်ပေါ်သို့ ကန်ချခံလိုက်ရသည်။
အတွင်းရေးမှူးမလေးရွှီလင်းမှာမူ အံ့အားသင့်သွား ရသည်။ဤမော့လီသည် သိုင်းကလပ်၏ ဒုဥက္ကဋ္ဌ တစ်ဦး ဖြစ်သော်လည်း လူငယ်လေးတစ်ယောက်၏ ကန်ချက်တစ်ချက်ဖြင့် လဲကျသွားရသည်မှာ မယုံနို င်စရာပင် ကောင်းလှ၏။
မော့လီကိုယ်တိုင်လည်း ကြောင်အသွားပြီး ရင်ဘတ် ကို ဖိကာ ယန်ကွမ်းကို မော့ကြည့်ရင်း အော်ပြောလို က်သည်။
"ဟရောင်...မင်း ဘာလုပ်တာလဲ.."
"ခဗျားကို ကြည့်မရတာ ကြာနေလို့ဗျာ..ခဗျားနဲ့ အ တွင်းရေးမှူးရွှီ ဘယ်လိုပတ်သက်လဲတော့ ကျွန်တေ ာ်မသိဘူး..ဒါပေမဲ့ ဒီလို ရိုင်းရိုင်းစိုင်းစိုင်း ပြောတဲ့ ပါးစပ်ကတော့ အရိုက်ခံရမှာပဲ..."
ယန်ကွမ်းက မျက်မှောင်ကြုတ်ရင်း မော့လီကို လ က်ယပ်ပြကာ စိန်ခေါ်လိုက်သည်။
"မကျေနပ်ဘူးလား..ထလေ... ဒီသခင်လေးက ခဗျာ းကို ဘယ်လို စကားပြောရမလဲဆိုတာ ဆက်ပြီး သ င်ပေးရသေးတာပေါ့..ဟက်ဟက်..."
"မင်းက သေချင်နေတာပဲ.."
အကန်ခံလိုက်ရသဖြင့် အကြီးအကျယ် အရှက်ရသွ ားသော မော့လီသည် မြေပြင်မှ ထရပ်ကာ ယန်ကွ မ်းအား အတင်းဝင်လုံးတော့သည်။ခုနက သူ သတိ မထားမိခင်ချိန်တွင် ခံလိုက်ရခြင်းဖြစ်ပြီး သူသာ အ လေးအနက် သိုင်းကွက်ထုတ်လိုက်လျှင် ဤလူမသိ နာမည်မသိကောင်လေးကို သင်ခန်းစာ ကောင်းကေ ာင်း ပေးနိုင်မည်ဟု တွေးထားခဲ့၏။
"ဖြန်း..."
သို့သော်လည်း မော့လီသည် ယန်ကွမ်းအနားသို့ က ပ်သွားရုံရှိသေး သိုင်းကွက်ပင် မထုတ်ရသေးမီ အချိ န်တွင်ပင် သူ့ မျက်စိရှေ့တွင် ဝေဝါးသွားပြီး ပါးရိုက် ချက် တစ်ချက်ကိုသာ ခံလိုက်ရသည်။
ထိုရိုက်ချက်ကြောင့် မော့လီခဗျာ မူးဝေသွားပြီး ယို င်တိယိုင်တိုင်နှင့် မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ် သွားရ၏။
"တော်ပြီ..မရိုက်ပါနဲ့တော့..”
ရွှီလင်းက အခြေအနေကို မြင်သည်နှင့် ယန်ကွမ်းကို အမြန်တားလိုက်သည်။
"ဆက်ရိုက်နေရင် သေကုန်ကုန်လိမ့်မယ်.."
ထိုအချိန်တွင် မော့လီခဗျာ ရှက်လွန်းသဖြင့် မြေကြီး
ထဲသို့ ငုတ်လျိုးပြီး ပြောက်ကွယ်ချင်စိတ်ပင် ပေါက် နေ၏။ရွာသားလေးတစ်ယောက်၏ လက်ချက်ဖြင့် နှစ်ကြိ မ်တိုင်တိုင် အရှုံးပေးလိုက်ရခြင်းမှာ သူ့ မျက် နှာအား အိုးမည်းသုတ်ခံလိုက်ရသကဲ့သို့ပင်။
ထို့ကြောင့် မော့လီသည် လက်တစ်ဖက်ဖြင့် ပါးကိုအု ပ်ကာ ကျန်လက်တစ်ဖက်ဖြင့် ယန်ကွမ်းအား လက် ညှိုးထောင်ပြကာ ကြိမ်းဝါးလိုက်၏။
"မင်း... မင်း စောင့်နေလိုက်စမ်းပါ..ဒီကိစ္စက ဒီမှာ တင် မပြီးသေးဘူး.."
ယန်ကွမ်းလည်း ဒေါသတကြီး ပြန်ပြောလိုက်၏။
"ရတယ်လေ..ဒီသခင်လေးက စောင့်နေပေးမယ် . . အခုချက်ချင်း ခဗျား ချုံရှန်းရွာကနေ လစ်လိုက် တော့... မဟုတ်ရင် ဆက်အရိုက်ခံရမယ်သာမှတ်.."
မော့လီသည် ရွှီလင်းကို တစ်ချက်လှမ်းကြည့်လိုက် သည်။သူမက သူ့အား တစ်ချက်မျှပင် လှည့်မကြ ည့်တော့သည်ကို မြင်သောအခါ မော့လီသည် ရွေး ချယ်စရာမရှိဘဲ ကားတံခါးကို ဆွဲဖွင့်ကာ အရှိန်ပြင် းပြင်း မောင်းထွက်သွား၏။
ကားလေး ထွက်ခွာသွားသည်နှင့် ယန်ကွမ်းက ဘေး တွင်ရှိနေသော ဆွန်းကော်ရင်းကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ဘယ်လိုလဲ ဦးလေးကော်ရင်း... အတွင်းရေးမှူးရွှီ ကို ဦးလေးအိမ်ကို ဆွဲခေါ်သွားချင်သေးလား.."
"ဟင့်အင်း... မခေါ်တော့ပါဘူး.. မခေါ်တော့ပါဘူးကွ ာ..."
ဆွန်းကော်ရင်းမှာ ခုနကတည်းက ကြောင်အနေခြင်း ဖြစ်၏။ဤကောင်လေးမှာ ဘယ်အချိန်ကစပြီး ထို မျှလောက် သိုင်းတော်သွားရသနည်းဟူ၍ သူ တွေး မရနိုင်အောင် ဖြစ်နေမိသည်။
ယခင်ကဆိုလျှင် ဤကောင်လေးသည် ရွာထဲမှ မိန်း မသားတွေကိုတောင် နိုင်အောင်မတိုက်နိုင်သည့် ပျေ ာ့ညံ့ညံ့ကောင်လေးတစ်ယောက်ပင် မဟုတ်လော။
ယန်ကွမ်း၏ အရှိန်အဝါကို မြင်လိုက်ရသဖြင့် ဆွန်း ကော်ရင်းမှာ ချက်ချင်းပင် အလျှော့ပေးလိုက်ရပြီး နောက်ထပ် စကားတစ်ခွန်းမျှပင် ထပ် မဟရဲတော့ ပေ။
ယန်ကွမ်းသည် ခေါင်းကိုမော့၊ရင်ကိုကော့ကာ အော င်နိုင်သူတစ်ဦး၏ အမူအရာဖြင့် ရွှီလင်း၏ ခရီးဆေ ာင်အိတ်ကို ရွာလယ်လမ်းမကြီးအတိုင်း သယ်လာ ခဲ့သည်။
ရွာသားများ၏ စပ်စုလိုသော အကြည်များအောက် တွင် နှစ်ယောက်သား အတူတူ လျှောက်လာရင်း ရွှီ လင်းက မေးလိုက်၏။
"ရှင့်နာမည်ကို ကျွန်မ ခုထိ မသိသေးဘူးနော်.."
ယန်ကွမ်းက ပြန်မေးလိုက်၏။
"ကျွန်တော့်နာမည်က ယန်ကွမ်းပါ..အသက်က ၁၉ နှစ်..အတွင်းရေးမှူးရွှီကရော အသက်ဘယ်လောက် ရှိပြီလဲ"
"အစ်မက ၂၂ နှစ်ဆိုတော့ မင်းထက် ၃ နှစ်ကြီးတာ ပေါ့ "
ယန်ကွမ်းက အားပါးတရ ပြုံးကာ ရေရွတ်လိုက်ပေ သည်။
"အာ ကျွန်တော့ထက် သုံးနှစ်တောင် ကြီးတာလားဗျ .."
အခန်း 12 နင်က ဖမ်းရမဲ့ နေရာကိုတော့ ရွေးတတ်သားပဲနော်
ယန်ကွမ်းက ပြောမည့်စကားကို အဆုံးထိမပြောဘဲ မျိုသိပ်ကာ ရယ်ကျဲကျဲဖြင့် ပြောလိုက်၏။
"အစ်မက တကယ်ကို ကျွန်တော့်ထက် အသက်ကြီး တာပဲ..ကြည့်ရတာတော့ အဲဒီလိုပုံမပေါက်ဘူး.. ဆ ယ့်ရှစ်နှစ်လောက်ပဲ ရှိဦးမယ် ထင်နေတာဗျ.."
"မဖြစ်နိုင်တာကြီး.."
ယန်ကွမ်း၏ ပေါ့ပျက်ပျက်စကားများကို ကြားဖူး ထားသော်လည်း ရွှီလင်ကမူ ဘာမှပြန်မပြောဘဲ ပြုံး နေမိသည်။
သူမသည် အမြင်ကျဉ်းမြောင်းသူတစ်ဦး မဟုတ်ပေ ။ခုနကပင် ယန်ကွမ်းသည် သူမအတွက် တရားမျှ တစွာဖြင့် မော့လီကို သင်ခန်းစာပေးခဲ့သည် မဟုတ် ပေလော။ထို့ကြောင့် ရွှီလင်သည် ယန်ကွမ်းအပေါ် ကျေးဇူးတင်စိတ် အပြည့် ရှိနေသည်။
အမှန်တကယ်တွင်မူ ယန်ကွမ်း ပြောချင်ခဲ့သည့် "အ သက်သုံးနှစ်ကြီးသည့် မိန်းမပျိုမှာ ရွှေတုံးကို ဖက် ထားရသကဲ့သို့ပင်" ဆိုသည့် စကားမှာ နောက်ပြောင် သည့် သဘောမျိုးသာ ဖြစ်၏။
ယန်ကွမ်းသည် သူမ စိတ်မဆိုးသည်ကို မြင်သောအ ခါ ပြုံးရွှင်စွာဖြင့် ဆက်မေးလိုက်သည်။
"ဒါနဲ့ အတွင်းရေးမှူးရွှီ..ဟို မော့လီဆိုတဲ့ လူက အစ် မရဲ့ ရည်းစားလား.."
ရွှီလင်းက ရှင်းပြလိုက်၏။
"မဟုတ်ပါဘူး..သူက ကျွန်မရဲ့ တက္ကသိုလ်က အတ န်း ဖော်ပါ..သူ့အိမ်က ဒီခရိုင်ထဲမှာပဲဆိုတော့ ကျွန်မ ကို လိုက်ပို့ပေးမယ်ဆိုပြီး အတင်းလိုက်လာတာ"
ရန်ကွမ်းက ဝမ်းသားအားရ ရေရွတ်မိလိုက်သည်။
"ဒါဆိုရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ ဟဲဟဲ"
"ဟင်.."
ယန်ကွမ်းက အမြန် ရှင်းပြလိုက်ရ၏။
"အော် ဘာမှ မဟုတ်ပါဘူး..သိပ်ပြီး အဲ့မော့လီက ကြည့်ရုံနဲ့တင် လူကောင်းမဟုတ်မှန်း သိသာတယ် ခု နကလည်း အစ်မကို မလေးမစား ပြောသွားသေးတ ယ်လေ...သူနဲ့ ဘာမှမပတ်သက်တာက အကောင်း ဆုံးပဲလို့ ပြောတာပါဗျာ...."
ရွှီလင်းကမူ ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေလို က်သည်။
နှစ်ယောက်သား သိပ်အဝေးကြီး မလျှောက်လိုက်ရ ဘဲ ယန်ကွမ်း၏ အိမ်သို့ ရောက်လာခဲ့၏။ခြံအတွင်း သို့ လှမ်းဝင်လိုက်သည်နှင့် ယာယာလေးနှင့် ဆော့ ကစားနေသော ဝူရှောင်လျန်းမှာ အံ့အားသင့်သွားပြီး မတ်တတ်ရပ်ကာ မေးလိုက်သည်။
"ဟဲ့..ရှောင်ကွမ်း...သူက ဘယ်သူလဲ..."
"ကျွန်တော် မိတ်ဆက်ပေးပါရစေဦး မရီးရဲ့.."
ယန်ကွမ်းက ပြုံးလိုက်ပြီး ယာယာလေးကို မရီးဖြစ် သူ၏ လက်ထဲမှ ပြောင်း၍ ပွေ့ချီလိုက်ကာ မိတ်ဆ က်ပေးလိုက်၏။
"မရီး..ဒီ အစ်မက အတွင်းရေးမှူးရွှီလင်းတဲ့ကျွန် တော်တို့ရွာရဲ့ ပါတီအတွင်းရေးမှူးအသစ်လေ.."
"အိုး...
အတွင်းရေးမှူးအသစ်လေးကိုး..ကြိုဆိုပါတယ်ရှင်.."
ဝူရှောင်လျန်းသည် ရွှီလင်၏ သွယ်လျသော ခန္ဓာကို ယ်အချိုးအစားနှင့် နုပျိုလှပသည့် မျက်နှာလေးကို မြင်လိုက်ရသည်နှင့် စိတ်ထဲမှ သဘောကျသွားပေ သည်။
ထိုခဏ၌ပင် သူမ၏စိတ်ထဲ၌ "ဒီမိန်းကလေးသာ ယ န်ကွမ်းရဲ့ ဇနီးလောင်းလေး ဖြစ်လာရင် ဘယ်လော က်ကောင်းမလဲ"ဆိုသည့် အတွေးမျိုးပင် ဝင်လာမိ ၏။
ဝူရှောင်လျန်းကိုယ်တိုင်မှာလည်း လှပသူဖြစ်ရာ ရွှီ လင်းသည် စိတ်ထဲမှ စိုးရိမ်ပူပန်မှုများ ပျောက်ကွ ယ်သွားပြီး လက်ကိုဆွဲကာ ဝမ်းသာအားရ ပြောလို က်သည်။
"အားနာလိုက်တာ အစ်မရယ်..ဒီရက်ပိုင်း ကျွန်မ အ နှောင့်အယှက် ပေးမိတော့မှာပဲရှင်.."
ယန်ကွမ်းက ဝင်ပြောလိုက်၏။
"ဘာ ဒီရက်ပိုင်းပဲလဲ..နောက်ဆိုရင် ကျွန်တော်တို့ အိ မ်မှာပဲ အမြဲနေပါဗျာ..ရွာရုံးခန်းဘက်ကို မသွားနဲ့ တော့အစ်မ..ဆွန်းကော်ရင်းက အိမ်ကို ပြုပြင်ပေးမ ယ်ဆိုရင်တောင် အဲဒီမှာ သွားမနေနဲ့.."
ဝူရှောင်လျန်းက ထိုစကားကို ကြားသည်နှင့် အခြေ အနေကို သဘောပေါက်သွားပြီး အလျင်အမြန် ထေ ာက်ခံလိုက်သည်။
"ဟုတ်တာပေါ့..မိန်းကလေးတစ်ယောက်တည်း ရွာ ထဲမှာ ခွဲနေရတာ အန္တရာယ်များလွန်းပါတယ်.. အစ် မတို့အိမ်မှာပဲ နေပါလား...အစ်မက မင်းကို သူစိမ်း လို သဘောမထားပါဘူးကွယ်.."
သို့သော်လည်း သူမ၏စိတ်ထဲတွင်မူ ထိုသို့ တွေးကာ ဝမ်းသာနေမိ၏။
"အခုတော့ အားလုံးအဆင်ပြေသွားပြီ ခစ်ခစ်.. အ တွင်းရေးမှူးမလေးအသစ်က ငါတို့အိမ်မှာ နေမယ် ဆိုတော့ ယန်ကွမ်းနဲ့ နေ့တိုင်းတွေ့ပြီး သံယောဇဉ် တွေ ရှိလာနိုင်တာပဲ...."
ထိုသို့တွေးမိသည်နှင့် ဝူရှောင်လျန်းက ရွှီလင်းကို ကြည့်သည့်အကြည့်မှာ ပြောင်းလဲသွားပြီး သူမ၏ ခပ်ချောချော ညီမလေးတစ်ယောက်ကဲ့သို့ပင် သ ဘောထားနေပေသည်။
သူစိမ်းတစ်ယောက်၏ နွေးထွေးပျူငှာမှုကို ခံစားလို က်ရသဖြင့် ရွှီလင်မှာလည်း အလွန်ပင် စိတ်လှုပ်ရှား သွားရကာ ဝမ်းသာအားရ ပြောလိုက်၏။
"ဒါဆိုရင်တော့ လောလောဆယ် ကျွန်မ ဒီမှာပဲ နေပါ့ မယ်..ဒါပေမဲ့ အလကားတော့ မနေပါရစေနဲ့.. အိမ် ငှားခ ပေးပါရစေရှင်"
"အဲဒီလောက်အထိ အားမနာပါနဲ့..ညီမလေး.. စိတ် ကြိုက်သာနေပါ..
“လာ...အစ်မ..အခန်းလိုက်ပြပေးမယ်"
ဝူရှောင်လျန်းက စိတ်အားထက်သန်စွာဖြင့် ရွှီလင်း ၏လက်ကိုဆွဲကာ အိမ်ထဲသို့ ခေါ်လာခဲ့သည်။
ယန်ကွမ်း၏ ရင်ခွင်ထဲရှိ ယာယာလေးမှာမူ လက် ချောင်းလေးများကို စုပ်ရင်း ဘာတွေဖြစ်နေမှန်း မ သိဘဲ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ကြောင်ကြည့် နေ၏။
ဝူရှောင်လျန်းနှင့် ရွှီလင်းတို့ အခန်းထဲ၌ သန့်ရှင်းရေး လုပ်နေစဉ် ယန်ကွမ်းမှာမူ အပြင်ဘက်၌ ကလေးထိ န်းရင်း ကျန်ရစ်ခဲ့သည်။သူက ကူညီချင်သော်လည်း မိန်းကလေးအိပ်ခန်းကိစ္စဖြစ်၍ ဝင်ရှုပ်ရန် မသင့် တော်ဘူးဟူ၍ ယူဆကာ ရှောင်ပေးခြင်းလည်း ဖြစ် ၏။
မိုးချုပ်စပြုလာချိန်တွင် ရွှီလင်း၏ အိပ်ရာမှာ အဆ င်သင့်ဖြစ်သွားပြီး အဝတ်အစားများကိုလည်း ဗီရို ထဲသို့ ထည့်၍ ပြီးစီးသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူမနှင့် ဝူရှောင်လျန်းတို့မှာ ညီ အစ်မရင်း ချာများကဲ့သို့ပင် ရယ်မောကာ စကားဖေ ာင်ဖွဲ့နေကြ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ယန်ကွမ်းတစ်ယောက် စိ တ်ထဲမှ ကျေနပ်နေမိသည်။ဤသည်မှာ အခြားကြေ ာင့်မဟုတ်ဘဲ အမြဲတမ်း ခြောက်ကပ်နေတတ်သော သူ့အိမ်လေးမှာ ယခုမူ စည်ကား အသက်ဝင်လာ သောကြောင့်ပင် ဖြစ်၏။
မိုးချုပ်စပြုလာပြီး အိမ်ခေါင်မိုးများမှ မီးခိုးငွေ့များ လွင့်ပျံလာချိန်တွင် ဝူရှောင်လျန်းက မီးဖိုချောင်၌ ဟ င်းချက်နေပြီး ယန်ကွမ်းနှင့် ရွှီလင်းတို့မှာ ယာယာ လေးကို စနောက်ဆော့ကစားရင်း အိမ်ကလေးအတွ င်း နွေးထွေးသာယာသော အငွေ့အသက်များ လွှမ်း ခြုံနေခဲ့သည်။
ထိုအချိန်မှာပင် ခြံထဲသို့ အမျိုးသမီးတစ်ဦး ရုတ် တရက် ရောက်လာကာ လှမ်းပြောလိုက်၏။
"ယန်ကွမ်းရေ... အစ်မကို ဆေးလေးနည်းနည်းလော က် ပေးပါဦး..."
ရောက်လာသူမှာ အစ်မဟယ်ဟွာဖြစ်နေသည်ကို မြ င်လိုက်ရသဖြင့် ခေတ္တမျှ ကြောင်အသွားပြီးမှ မတ် တပ်ထရပ်ကာ ယန်ကွမ်း မေးလိုက်သည်။
"ဘာဖြစ်လို့လဲ အစ်မဟယ်ဟွာရဲ့.."
"အစ်မဗိုက်က နည်းနည်းအောင့်လို့ပါ.."
ဟယ်ဟွာသည် အိမ်ထဲအထိ ဝင်မလာဘဲ တံခါးဝက နေသာ ပြောလိုက်၏။
"ဪ..အစ်မ..ခဏလေး စောင့်ဦးနော်.."
ယန်ကွမ်းက ခေါင်းညိတ်ပြပြီး ယာယာလေးကို ဝူ ရှောင်လျန်းလက်ထဲ ထည့်ရန် ပြင်လိုက်၏။ထိုအခါ ရွှီလင်းက ကြားဖြတ်ကာ ပြောလိုက်သည်။
"ယာယာလေး ငါ့ကို ပေး အစ်မ.. ပွေ့ထားလိုက်မယ်"
"ကျေးဇူးပဲနော်.."
ယန်ကွမ်းက ပြုံးပြပြီး အိမ်အပြင်ဘက်သို့ ထွက်လာ လိုက်၏။ထို့နောက် ယန်ကွမ်းနှင့် ဟယ်ဟွာတို့သည် ရွာအစွန်မှာရှိနေသည့် ဆေးခန်းဆီသို့ အတူတူ လျှေ ာက်လာခဲ့ကြသည်။
ထိုအချိန်တွင် ရွာသားအားလုံးမှာ အိမ်တွင်း၌ ထမင် းဟင်း ချက်ပြုတ်နေကြသဖြင့် အပြင်ဘက်မှာ ရှိ သော သူတို့နှစ်ဦးကိုမူ မည်သူမျှ သတိမထားမိကြ ပေ။ထို့ကြောင့် လမ်းလျှောက်နေရင်း ဟယ်ဟွာက အသံတိုးတိုးဖြင့် မေးလိုက်သည်။
"ဒီလောက် လှတဲ့ မိန်းကလေးကို မင်းအိမ်ထဲရောက် အောင် ဘယ်လိုတောင် ဖျားယောင်းလိုက်တာလဲ ရှေ ာင်ကွမ်းရဲ့."
ယန်ကွမ်းမှာ လန့်သွားပြီး အစ်မဟယ်ဟွာဘက်ကို လှည့်ကြည့်ကာ ပြန်ပြောလိုက်၏။
"အာ အစ်မကလည်း ဘာတွေ ပြောနေတာလဲ..သူက ရွာရဲ့ အတွင်းရေးမှူးအသစ်လေ.. ကျွန်တော်က သူ့ ကို ကာကွယ်ပေးချင်လို့ ခေါ်လာတာပါဗျာ.."
"နောက်ပြီး စဉ်းစားကြည့်လေ အစ်မသာ ရွာထဲက အိမ်အိုကြီးမှာ နေနေရပြီး ဆွန်းကော်ရင်းလိုလူမျိုး က ချောင်းကြည့်နေမယ်ဆိုရင် နေနိုင်ပါ့မလား.."
ထိုသို့ အမေးခံလိုက်ရသဖြင့် ဟယ်ဟွာက ပြုံးလိုက် ပြီး ယန်ကွမ်းအား မျက်စောင်းလေး ထိုးကာ ပြန်ပြေ ာ လိုက်သည်။
"ငါက နောက်နေတာပါဟယ်..နင်က ဘာလို့ ဒီလော က်တောင် ပျာယာခတ်နေရတာလဲ..."
ယန်ကွမ်းက ရယ်ရင်း ပြန်ပြောလိုက်၏။
"ဘယ်သူက ပျာယာခတ်လို့လဲ..အစ်မက ကျွန်တော့် ကို နာဘူးလို့ ထင်သွားမှာ စိုးလို့ပါဗျာ ဟီး."
"ဟွန့်.. နင်က အစကတည်းက နှာဘူးလေးပဲဟာ.."
ထိုသို့ပြောနေစဉ်မှာပင် နှစ်ယောက်သား ဆေးခန်း တံခါးဝသို့ ရောက်လာကြသည်။ဟယ်ဟွာ၏ စကား ကို ကြားလိုက်ရသဖြင့် ယန်ကွမ်းမှာ ကြောင်သွားပြီး သူမကို ကြည့်ကာ ပြန်မေးလိုက်သည်။
"အစ်မဟယ်က ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ.."
ဟယ်ဟွာက နှုတ်ခမ်းလေးကို ဖိကိုက်ကာ ယန်ကွမ်း ကို တစ်ချက်ဝေ့ကြည့်ပြီး ပြောလိုက်၏။
"ဒီနေ့ နေ့လယ်ကလေ ငါ လျှပ်စစ်ဆိုင်ကယ် စီးတုန်း က နင် ငါ့ဆီကနေ အမြတ်တွေ အများကြီး ထုတ်သွ ားတယ် မဟုတ်လား..."
"အာ... အဲဒါ..အဲ့ဒါကလေ...ဟို.."
ယန်ကွမ်းခဗျာ စကားပင် ဆက်မပြောတတ်တော့ ပေ။ရှက်သွေးဖြန်းနေသော အစ်မဟယ်ဟွာ၏ အမူ အရာကို ကြည့်ပြီး ခေါင်းကို ကုတ်ကာ ပြုံးစစဖြင့် ပြန်ပြောလိုက်သည်။
"အဲ့ဒါက ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး အ စ်မရယ်..အစ်မကိုယ်တိုင်က ကပ်လာတာလေဗျာ.."
"သွားစမ်းပါ... နင် ဘာတွေ လျှောက်ပြောနေတာလဲ .."
ထိုစကားကို ကြားသောအခါ ဟယ်ဟွာသည် ရှက် ကိုး ရှက်ကန်းဖြင့် မျက်နှာလေး နီမြန်းလာပြီး ယန် ကွမ်းကို စိုက်ကြည့်လိုက်သည်။သူမ၏ ထိုသို့သော မူနွဲ့နွဲ့ အမူအရာလေးက ပို၍ပင် ဆွဲဆောင်မှု ရှိနေ သ ဖြင့် ယန်ကွမ်းမှာ တံတွေးပင် မျိုချမိလိုက်၏။
ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ လူမရှိသည်ကို သေ ချာမှ ဟယ်ဟွာအနားသို့ တိုးကပ်ပြီး အသံတိုးတိုး လေးဖြင့် ယန်ကွမ်းမေးလိုက်သည်။
"အစ်မ..ကျွန်တော့်ကို..အမှန်အတိုင်း ပြောစမ်းပါ.. အစ်မ တမင်လုပ်တာ မဟုတ်လား.."
"နင် အဲဒီလို ထပ်ပြောရင် ငါ ဆေးလည်း မယူတော့ ဘူး..အိမ်ပဲ ပြန်တော့မှာနော်"
ဟယ်ဟွာက ခြေဆောင့်ကာ လှည့်ထွက်ရန် ပြင်လို က်၏။သူမ တကယ် စိတ်ဆိုးသွားပြီအမှတ်နှင့် ယန် ကွမ်းက ဟယ်ဟွာ၏ လက်မောင်းကို အမြန်လှမ်းဆွဲ ကာ ချော့လိုက်ရသည်။
"ဟုတ်ပါပြီ... ကျွန်တော် မှားသွားပါတယ် အစ်မရ ယ်..လာပါ..ကျွန်တော်..နောက်မပြောတော့ဘူးနော်"
ထိုမှသာ ဟယ်ဟွာက ခြေလှမ်းများ တန့်သွားပြီး တို းတိုးလေး ပြန်ပြောလိုက်၏။
"ဒီကောင်လေးကတော့လေ.."
ယန်ကွမ်းက ခပ်ပြုံးပြုံးဖြင့် တံခါးသော့ကို အမြန် ဖွ င့်ကာ ဆေးခန်းထဲသို့ ဝင်လိုက်သည်။ထိုအချိန်တွင် မိုးက မှောင်စပြုနေပြီဖြစ်၍ အခန်းထဲတွင် အတော် ပင် မှောင်နေသဖြင့် မီးခလုတ်ဆီသို့ ယန်ကွမ်း တန် းသွားလိုက်သည်။
"အမလေး.."
သို့သော်လည်း မီးဖွင့်လိုက်သည်နှင့် သူ့ အနောက်ဘ က်မှ ရုတ်တရက် အာမေဍိတ်သံတစ်သံ ထွက်ပေါ်လ ာ၏။ ယန်ကွမ်း လှည့်ကြည့်လိုက်သောအခါ ဟယ် ဟွာမှာ တံခါးခုံနှင့် တိုက်မိပြီး ရှေ့သို့ အရှိန်ဖြင့် မှော က်ရက်လဲကျသွားသည်ကို တွေ့လိုက်ရသည်။
ယန်ကွမ်းလည်း ဘာမှစဉ်းစားမနေတော့ဘဲ ဟယ် ဟွာအား အမြန် လှမ်းဖမ်းပြီး ထိန်းပေးလိုက်၏။
သို့သော်လည်း ယန်ကွမ်း၏ လက်များက ဟယ်ဟွာ ၏ ရင်ဘတ်ပေါ်သို့ တည့်တည့်မတ်မတ်ပင် ကျရော က်သွားပေသည်။လူကိုတော့ ဖမ်းထိန်းထားနိုင်ခဲ့ သော်လည်း ယန်ကွမ်း၏ လက်ထဲတွင်မူ နူးညံ့အိစ က်သောအရာနှစ်ခုကို ဆုပ်ကိုင်ထားမိလျက်သား ဖြ စ်နေ၏။
ဟယ်ဟွာ၏ မျက်နှာလေးမှာ မီးတောက်နေသကဲ့သို့ နီမြန်းသွားပြီး အမြန်ပင် မတ်တတ်ပြန်ရပ်ကာ ယန် ကွမ်းအား တွန်းထုတ်လိုက်သည်။
"ရှောင်ကွမ်း..နင်ကတော့ အခွင့်အရေးကို လက်လွ တ် မခံဘူးပဲ.."
"အာ. ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး အစ် မရယ်.. အစ်မ လဲကျမှာစိုးလို့ ကူညီလိုက်တာပါဗျာ”
ယန်ကွမ်းခဗျာ ရယ်ရခက် ငိုရခက် ဖြစ်သွားရသည် ။ယခုအချိန်မှာသာ ဝါးတားတားမြစ်ထဲ ခုန်ချလျှင်ပ င် သူ့ကိုယ်သူ သန့်ရှင်းအောင် မဆေးကြောနိုင်တော့ ဘူးဟူ၍ တွေးနေမိသည်။
ဟယ်ဟွာက ဒေါသသံဖြင့် မေးလိုက်၏။
"ဟုတ်လို့လားဟယ်..နင်က ဖမ်းရမယ့်နေရာကိုတော့ ရွေးတတ်တာပဲနော်.."
"အာ... ကျွန်တော် တကယ် သတိမထားမိလိုက်လို့ ပါဗျာ..စိတ်မဆိုးပါနဲ့နော်...အစ်မဟယ်ရယ် ဟီးဟီး .."
ယန်ကွမ်းက ရယ်ကျဲကျဲဖြင့် ဆေးများကို အပြေးအ လွှား သွားရှာလိုက်၏။
ဟယ်ဟွာမှာမူ ယန်ကွမ်း၏ ကျောပြင်ကို ကြည့်ရင်း နှုတ်ခမ်းလေးကို ဖိကိုက်ကာ ပြောမပြတတ်သော ခံစားချက်တစ်မျိုး ပေါ်ပေါက်နေပေသည်။