← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း 13 အကြောလွဲခြင်း

ဟယ်ဟွာသည် ယန်ကွမ်းနှင့် တစ်ခုခုဖြစ်ရန် တမင် ရည်ရွယ်ထားခြင်းမျိုး မဟုတ်ပေ။

သူမ၏ အမြင်တွင် ယန်ကွမ်းမှာ တက်ကြွလန်းဆန်း သော လူငယ်လေးတစ်ဦး ဖြစ်နေသဖြင့် မသိ စိတ် ကပင် အနားသို့ တိုးကပ်ချင်နေမိခြင်း ဖြစ်၏။ထိုခံ စားချက်ကို ဟယ်ဟွာက မောင်နှမသံယောဇဉ် ဟူ၍ ပင် ထင်မှတ်ထားပြီး ဤလူငယ်လေးမှာ စိတ်ထား ကောင်းသူဖြစ်သည်ဟူ၍သာ ရိုးရိုးသားသား တွေး နေမိခြင်းပင်။

သို့သော်လည်း လက်တွေ့တွင်မူ သူမယောကျ်ားဖြစ် သူဖုကျန့်ဟွာက အိမ်မပြန်သည်မှာ ကြာပြီဖြစ်ပြီး သူမကိုယ်တိုင်ကလည်း အရွယ်ကောင်းဖြစ်ရာ အနာ းတွင် အမျိုးသားမရှိသည်မှာ ကြာလာသောအခါ စိတ်ထဲ၌ တမ်းတမှုလေးများက သဘာဝအလျော က် ပေါ်လာခြင်း ဖြစ်သည်။

ထိုသို့သော ခံစားချက်၏ တွန်းအားကြောင့်ပင် သူမ သည် ယန်ကွမ်းနှင့် ပို၍ နီးကပ်လာခဲ့ခြင်း ဖြစ်၏။

ဗိုက်နာပျောက်ဆေးကို ရှာတွေ့ပြီးနောက် ယန်ကွမ်း က ဟယ်ဟွာ၏လက်ထဲသို့ ထည့်ပေးလိုက်ကာ ရှင်း ပြလိုက်သည်။

"အစ်မ ဒီဆေးကို အရင်သောက်လိုက်.. ညစာစားပြီး ရင် နှစ်လုံးသောက်..မနက်ဖြန်မနက်ကျရင်လည်း နှ စ်လုံးထပ်သောက်လိုက်ဦး.. အဆင်မပြေသေးဘူး ဆိုရင်တော့ မနက်ဖြန် ညနေ ဒါမှမဟုတ် ညဘက် ကျရင် ကျွန်တော် စမ်းသပ်ပေးမယ်လေ"

ထိုစကားကို ကြားသောအခါ ဟယ်ဟွာသည် ယန်ကွ မ်းကို တစ်ချက်ဝေ့ကြည့်ပြီး မေးလိုက်၏။

"အခု စမ်းသပ်ပေးရင်ရော မရဘူးလား နင်က အိမ် မှာရှိတဲ့ အလှလေးကို သတိရပြီး စောစောပြန်ချင် နေတာမို့လား"

အမှန်တကယ်ပင် ယန်ကွမ်းတစ်ယောက် ထိုသို့တွေး နေခြင်း ဖြစ်သည်။အတွင်းရေးမှူးရွှီသည် သူတို့အိမ် သို့ ရောက်ခါစဖြစ်ရာ သူမကို ထမင်းဝိုင်းတွင် စောင့် ခိုင်းမထားချင်သဖြင့် စောစောပြန်လိုနေခြင်းပင်။

သို့သော်လည်း အစ်မဟယ်ဟွာမ၏စ ကားလုံးများ ထဲတွင် အဓိပ္ပာယ်ပါနေသည်မှာ ထင်ရှားလှသဖြင့် ယန်ကွမ်းက ခေါင်းယမ်းကာ ပြန်ပြောလိုက်ရသည်။

"မဟုတ်ပါဘူး မမရယ်.. မိုးလည်း ချုပ်နေပြီဆိုတေ ာ့ တခြားလူတွေ မြင်သွားရင် ကျွန်တော်က ဘာမှ မဖြစ်ပေမဲ့ မမဟယ်ဟွာရဲ့ သိက္ခာအတွက် မကောင်း မှာစိုးလို့ပါဗျာ"

ယန်ကွမ်း၏ ရိုးသားမှုကို မြင်သောအခါ ဟယ်ဟွာ က ရယ်မောလိုက်ပြီး ဆေးပုလင်းကို ယူကာ မေးလို က်၏။

"ဒီဆေးက ဘယ်လောက်ကျလဲ.."

"တပြားမှပေးစရာ..မလိုပါဘူးဗျာ.."

ယန်ကွမ်းက လက်ကာပြကာ ရက်ရက်ရောရော ပြေ ာလိုက်သည်။

ထိုအခါ ဟယ်ဟွာက သူ့ကို မျက်စောင်းထိုးလိုက်ပြီး

"တန်ဖိုးမရှိရင်လည်း ပိုက်ဆံပဲ မဟုတ်လား ငါက အ လကားရရင် ယူတတ်တဲ့ မိန်းမလို့ ထင်နေတာလား"

ပြောပြောဆိုဆိုပင် သူမသည် အိတ်ကပ်ထဲမှ ငါးယွ မ်ကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်၏။

ယန်ကွမ်းလည်း ဆက်ပြီး ငြင်းမနေတော့ဘဲ ခေါင်း ညိတ်ကာ ပြောလိုက်သည်။

"ကောင်းပါပြီ... ဒါဆိုရင်တော့ ကျွန်တော် ယူလိုက် ပါ့မယ်.."

"အင်း... ငါ အရင်သွားနှင့်မယ်..နင်က ခဏနေမှ ထွ က်ခဲ့တော့..."

ဟယ်ဟွာက မှာကြားပြီးနောက် ဆေးခန်းထဲမှ လှ ည့်ထွက်သွားပေသည်။

လှုပ်လီလှုပ်လဲ့နှင့် ထွက်ခွာသွားသော သူမ၏ ခါးနွဲ့ နွဲ့လေးနှင့် နောက်ကျောပြင်ကို ကြည့်ရင်း ယန်ကွမ်း မှာ ခေတ္တမျှ ငေးမောကျန်ရစ်ခဲ့၏။

မိနစ်အနည်းငယ် ကြာပြီးနောက် သူသည် မီးပိတ်၊ ဆေးခန်း၏ တံခါးသော့ကို ခတ်ကာ အိမ်သို့ ခပ်သု တ်သုတ် ပြေးပြန်လာခဲ့သည်။

အိမ်သို့ရောက်သောအခါ ထင်ထားသည့်အတိုင်းပင် ဝူရှောင်လျန်းနှင့် ရွှီလင်တို့မှာ ထမင်းဝိုင်းတွင် သူ့ကို စောင့်နေကြ၏။သို့သော်လည်း ထူးဆန်းသည်မှာ အ မျိုးသမီးနှစ်ဦးစလုံး၏ မျက်လုံးများမှာ ငိုထား သ ကဲ့သို့ နီမြန်းနေခြင်းပင်။

ယန်ကွမ်းမှာ အံ့အားသင့်သွားပြီး ခေါင်းကိုကုတ်ကာ မေးကြည့်လိုက်သည်။

"အဲ့ဒါ..ဘာဖြစ်ထားကြတာလဲဗျ.. ဗိုက်ဆာလွန်းလို့ ငိုနေကြတာလား..."

ယန်ကွမ်း၏ စကားကြောင့် မိန်းကလေးနှစ်ယောက် စလုံး ပြိုင်တူရယ်မောမိသွားကြပြီး ဝူရှောင်လျန်းက ယန်ကွမ်းကို မျက်စောင်းထိုးကာ ပြန်ပြောလိုက်၏။

"ဒီကောင်လေးကတော့လေ... ဘာတွေလျှောက်တွေ း နေတာလဲ..."

ရွှီလင်းကမူ သူမ၏မျက်တောင်လှလှလေးများကို ခ တ်ရင်း ရှင်းပြလိုက်သည်။

"အစ်မဝူက ရှင့်အိမ်အခြေအနေတွေကို ပြောပြလို့ ပါ..အရင်က ရှင်တို့ ဘယ်လောက်တောင် ရုန်းကန်ခဲ့ ရတယ်ဆိုတာ သိလိုက်ရတော့ ကျွန်မ စိတ်မကောင်း ဖြစ်ပြီး မထိန်းနိုင်ဘဲ ငိုမိသွားလို့ပါ.."

"ဪ... အဲဒါကြောင့်ကိုး"

ယန်ကွမ်းက သဘောပေါက်သွားပြီး ပြုံးကာ ပြော

လိုက်သည်။

"ဒါတွေက အတိတ်က ကိစ္စတွေပါဗျာ ..သိပ်မကြာခ င်မှာ ကျွန်တော်တို့ မိသားစုတင်မကဘူး.. တစ်ရွာလုံ းရဲ့ ဘဝတွေ တိုးတက်လာတော့မှာပါ.."

ရွှီလင်းမှာမူ ယန်ကွမ်းဆိုလိုသည့်အဓိပ္ပာယ်ကို သေ ချာမသိသော်လည်း လေးလေးနက်နက် ခေါင်းညိတ် ပြကာ ပြောလိုက်၏။

"ဟုတ်တယ်...ကျွန်မ ဒီရွာကိုလာတာ လူတိုင်းကို ဆ င်းရဲတွင်းကနေ ကယ်ထုတ်ပြီး ချမ်းသာတဲ့ ဘဝတွေ ရအောင် ကူညီပေးဖို့ပဲ.."

ဝူရှောင်လျန်းကလည်း ဝင်၍ ထောက်ခံလိုက်သည်။

"ဒါပေါ့... အတွင်းရေးမှူးရွှီက တက္ကသိုလ်ကျောင်း သူ ဆိုတော့ အများကြီးသိမှာပဲ..ကျွန်မတို့ရွာကို သေ ချာပေါက် ကူညီနိုင်မှာပါ"

သူတို့နှစ်ဦး စောစောက စိတ်မကောင်းဖြစ်နေသည် ကို မေ့သွားသည်ကို မြင်သောအခါ ယန်ကွမ်းက ပြုံ းကာ ပြောလိုက်သည်။

"ဒါက သတင်းကောင်းပဲ...အတွင်းရေးမှူးရွှီကို ကြို တင်ပြီး ကျေးဇူးတင်ထားရမယ်.."

"ရပါတယ်ရှင်.."

ရွှီလင်းလည်း ပြုံးရွှင်သွားပြီး စိတ်ကြည်လင်သွားပုံ ရ၏။

ညစာစားပြီးနောက် ဝူရှောင်လျန်းသည် ယာယာလေ းကို ချော့သိပ်ရန် အခန်းထဲသို့ ခေါ်လာခဲ့သည်။ ယန်ကွမ်းကလည်း ကျင့်စဉ်ကျင့်ကြံရန်အတွက် မ နက်ဖြန် တောထဲ ဆေးမြစ်ရှာသွားမည်ဟု အကြော င်းပြကာ သူ့အခန်းထဲသို့ ဝင်လာခဲ့၏။

ယန်ကွမ်းသည် တင်ပလ္လင်ခွေထိုင်ကာ 'ရှန်နူန်းကျွယ် "လျို့ ဝှက်စာအုပ်ထဲမှ ကျင့်စဉ်'အတိုင်း အသက်ရှူ သွင်း၊ ရှူထုတ်လုပ်ရင်း အသိစိတ်ပြောက်သွားသည့် အခြေ အနေသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

အချိန်မည်မျှ ကြာသွားသည်မသိပေ။

အရာအားလုံးကို မေ့လျော့နေသည့် အခြေအနေသို့ ရောက်နေသော ယန်ကွမ်းသည် အပြင်ဘက်မှ "ဗုန်း "ခနဲ မြည်သံကြောင့် ရုတ်တရက် သတိပြန်ဝင်လာ ခဲ့သည်။ထိုအသံသည် ခြံဝင်းထဲမှ ထွက်ပေါ်လာခြင် း ဖြစ်သဖြင့် သူသည် ချက်ချင်းပင် ထရပ်ကာ အ ပြင်သို့ အမြန်ထွက် ကြည့်လိုက်၏။

ညက မှောင်နေသော်လည်း အဖြူရောင် အရိပ်တစ် ရိပ် မြေပြင်ပေါ်တွင် ထိုင်နေသည်ကို ယန်ကွမ်း မြင် လိုက်ရသည်။

ယန်ကွမ်းမှာ ဇဝေဇဝါဖြစ်သွားပြီး မေးမြန်းကြည့်လို က်၏။

"အဲ့ဒီ့မှာ ဘယ်သူလဲ..."

"ကျွန်... ကျွန်မပါ…အား ကျွတ်ကျွတ်ကျွတ်.."

ရွှီလင်း၏ အသံထဲတွင် နာကျင်မှုများ ပါဝင်နေသဖြ င့် ယန်ကွမ်းက စိတ်ပူသွားပြီး အနားသို့ အပြေးအ လွှား သွားလိုက်သည်။

အနားသို့ ရောက်မှသာ ရွှီလင်းသည် အင်္ကျီလက်ပြ တ်နှင့် ဘောင်းဘီတိုလေးသာ ဝတ်ထားပြီး မြေပြင် ပေါ်တွင် ထလို့မရဘဲ ထိုင်နေရရှာကြောင်း ယန်ကွမ်း တွေ့လိုက်ရ၏။

သူမမှာ အဝတ်အစား နည်းနည်းလေးသာ ဝတ်ထား သည်ကို မြင်သောအခါ ယန်ကွမ်းမှာ အနားကပ်ရန် အနည်းငယ် တွန့်ဆုတ်နေကာ မေးမြန်းလိုက်သည်။

ရွှီလင်းက နာကျင်နေသည့် အသံဖြင့် ပြန်ဖြေလိုက် ၏။

"ရေချိုးပြီးအပြန်မှာ ကျွန်မ ခြေချော်သွားလို့... ခြေ ထောက် အကြောလွဲသွားပြီ ထင်တယ်..အား. .ကျွ တ်ကျွတ်"

ရွှီလင်း၏ အသံမှာ နာကျင်မှု၊ရှက်ရွံ့မှုနှင့် စိုးရိမ်စိ တ်တို့ ရောပြွန်းနေပြီး တစ်မျိုးလေး ဖြစ်နေပေသ ည်။

ထိုစကားကြားရုံနှင့် အကြောင်းစုံကို ယန်ကွမ်း နား လည်လာခဲ့သည်။သူတို့အိမ်၏ ရေချိုးသည့် နေရာ မှာ အိမ်အပြင်ဘက်၊ခြံစည်းရိုးကြားတွင် ရှိနေခြင်း ဖြစ်၏။ရေလှောင်ရန်အတွက်လည်း အမိုးပေါ်တွင် ပလတ်စတစ်ရေအိတ်ကို တင်ထားရပြီး နေ့ခင်းဘ က် နေပူရှိန်ကြောင့် ညနေပိုင်းတွင် ရေမှာ နွေးနေ သောကြောင့် ရေချိုးရန်မှာ အတော်ပင် အဆင်ပြေ လှသည်။

ချုံရှန်းရွာက လူများမှာ ဆိုလာစွမ်းအင်သုံး ရေပူစ က်များကို မဝယ်နိုင်ကြသဖြင့် အိမ်တိုင်းလိုလိုပင် ထိုနည်းလမ်းကိုသာ အသုံးပြုကြသည်။ရွှီလင်းက လည်း ထိုနည်းလမ်းအတိုင်း ညဘက်မှ ရေချိုးရာတွ င် အမှောင်ထဲတွင်မူ ပတ်ဝန်းကျင် မကျွမ်းကျင်သေ းသဖြင့် ယခုကဲ့သို့ ခြေချော်ကာ လဲကျသွားရခြင်း ဖြစ်၏။

ယန်ကွမ်း၏ စိတ်ထဲတွင်မူ သူမမှာ အဆင့်မြင့်ခေါင် း ဆောင်တစ်ဦး ဖြစ်နေသဖြင့် ခြေထောက် အ ကြောလွဲသွားသည်ဟု ကြားသောအခါ အတော်လေ း စိုးရိမ်လာကာ မေးမြန်းလိုက်သည်။

"သက်သာသွားအောင် ကျွန်တော် နှိပ်ပေးရမလား အစ်မရွှီ"

"ဟင်.."

ရွှီလင်းမှာ အံ့အားသင့်သွား၏။ သူမအနေဖြင့် အဝ တ် နည်းနည်းလေးသာ ဝတ်ထားသောကြောင့် ရှက် လှသဖြင့် ယန်ကွမ်းအား မကူညီစေချင်ခဲ့ပေ။

သို့သော်လည်း ယန်ကွမ်းက စေတနာနှင့် ကူညီချင် နေသည်ကို သိနေသဖြင့် ခဏစဉ်းစားပြီးမှ ပြန်ပြေ ာလိုက်သည်။

"ရပါတယ်..အဲဒါထက်... တောင်ဝှေးလိုမျိုး သုံးလို့ရ မယ့်ဟာလေး တစ်ခုခု ရှာပေးပါလား..အဲဒါနဲ့ပဲ အစ် မ အခန်းထဲ ပြန်ဝင်လိုက်မယ်.."

"ဘယ်ဖြစ်မလဲ အစ်မရ.. ဒဏ်ရာက ဘယ်လောက် အထိ ပြင်းထန်သလဲဆိုတာ မသိရသေးဘူး.. တက ယ်လို့ တော်တော်လေး ဆိုးလာရင် ဒီရက်ပိုင်း အစ် မ လမ်းလျှောက်လို့တောင် ရမှာမဟုတ်ဘူးဗျ..."

ပြောပြောဆိုဆိုပင် ယန်ကွမ်းက စိတ်ကို တည်ညိမ် အောင်ထားပြီး ရွှီလင်း၏ ခြေထောက်ကို မ၍ ပွေ့ချီ လိုက်ပေသည်။

"အမလေး.."

ရွှီလင်းမှာ လန့်အော်မိသွားပြီးမှ ပါးစပ်ကို အမြန်ပြ န်ပိတ်လိုက်ရ၏။ညကြီးမင်းကြီး အစ်မဝူရှောင်လျန် း သာ နိုးလာပါက ပို၍ပင် ရှက်စရာကောင်းသွား ပေလိမ့်မည်။ထို့ကြောင့် သူမ၏ နှလုံးသားမှာ ဒိတ် ဒိတ်တုန်အောင် ခုန်နေသော်လည်း ဘာမှထပ်မပြော ရဲတော့ဘဲ ယန်ကွမ်း၏ ပွေ့ချီမှုအတိုင်း အခန်းထဲသို့ လိုက်ပါသွားရသည်။

အမျိုးသားတစ်ဦး၏ မင်းသမီးလေးကဲ့သို့ ပွေ့ချီခြင် း ကို ပထမဆုံးအကြိမ် ခံစားလိုက်ရသဖြင့် မိန်းက လေးတစ်ဦး၏ စိတ်ထဲတွင်မူ မည်မျှအထိ ရှုပ်ထွေး သွားမည်အား ပြောနေစရာပင် မလိုတော့ပေ။

ယန်ကွမ်းက မီးဖွင့်ပြီး သူမကို အိပ်ရာပေါ်တွင် ထိုင် ခိုင်းလိုက်မှသာ ရွှီလင်မှာ သက်ပြင်းချနိုင်လိုက်၏။ သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ အိပ်ရာပေါ်မှ စောင် ကို အမြန်ဆွဲယူပြီး သူမ၏ ဘောင်းဘီတိုနှင့် ပေါင် ကြားတွင် ကာကွယ်လိုက်ခြင်းပင် ဖြစ်သည်။

အမှန်တကယ်တွင်မူ ယန်ကွမ်းကလည်း ကြည့်မနေ ပေ။ရွှီလင်၏ အသားအရေမှာ မည်မျှအထိ ဖြူဝင်း နုနယ်သလဲဆိုသည်ကို တစ်ချက်မျှသာ ခိုးကြည့်မိ လိုက်ပြီးနောက် သူမ၏ ခြေကျင်းဝတ်ဆီသို့သာ အ ာရုံစိုက်လိုက်သည်။

ထိုနေရာမှ.နီမြန်းပြီး ရောင်ကိုင်းနေပြီဖြစ်ရာ ရွှီလင်း တစ်ယောက် မည်မျှအထိ နာကျင်နေမည်ကိုမူ လက် နှင့်ပင် ထိကြည့်စရာမလိုဘဲ သိသာလှပေသည်။

ယန်ကွမ်းက သေချာကြည့်ရှုစစ်ဆေးပြီးနောက် ခေါ င်းမော့ကာ ပြောလိုက်၏။

"အတွင်းရေးမှူးရွှီ... အစ်မခြေထောက်ဒဏ်ရာက တော်တော်လေး ပြင်းတယ်ဗျ..အခုချက်ချင်း မကုရ င် နောက်ကျရင် အန္တရာယ်ရှိနိုင်တယ်နော်"

ရွှီလင်းက ထိတ်လန့်သွားကာ ပြန်မေးလိုက်၏။

"ရှင်က ဆရာဝန်ပဲလေ... ကျွန်မခြေထောက်ကို ပျော က်အောင် ကုပေးနိုင်မလား.."

"ဒါပေါ့... ကုပေးနိုင်တာပေါ့ဗျ..မနက်ကျရင် ပြန် ကောင်းသွားစေရမယ်လို့ ကျွန်တော် အာမခံတယ်.. ဒါပေမဲ့ အစ်မခြေထောက်ကို ကျွန်တော် နှိပ်ပေးဖို့ တော့ လိုလိမ့်မယ်.."

ယန်ကွမ်းသည် သူမ၏ ဖြူဖွေးနုနယ်သော ခြေထေ ာက်လေးကို ကြည့်ရင်း စကားပြောနေစဉ်မှာပင် မ သိမသာ တံတွေးတစ်ချက် မျိုချမိသွား၏။

ယန်ကွမ်း၏ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှီလင်း၏ မျက်နှာလေးမှာမူ ရုတ်တရက် ရှက်သွေး ဖြန်းကာ နီမြန်းလာပေသည်။

အခန်း 14 ရှက်နေခြင်း

ယန်ကွမ်း၏ တံတွေးမျိုချလိုက်သံမှာ အခန်းထဲ၌ အတိုင်းသား ကြားလိုက်ရသဖြင့် နှစ်ယောက်သား အတော်လေးကို ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရ၏။

လူငယ်လေးတစ်ဦးနှင့် မိန်းမပျိုလေးတို့ နှစ်ယောက် တည်း အခန်းထဲတွင် ရှိနေကြခြင်းဖြစ်ရာ လေထုမှာ သဘာဝအလျောက်ပင် ထူးထူးခြားခြား ရင်ခုန်စရာ ကောင်းနေပေသည်။

ကံကောင်းထောက်မစွာဖြင့် ယန်ကွမ်းမှာ မျက်နှာ အ တော် ထူသူဖြစ်၏။သူက ဘာမှမဖြစ်သလို ပြုံးလို က်ပြီး ရွှီလင်း၏ ခြေကျင်းဝတ်ကို ငုံ့ကြည့်ကာ ပြေ ာလိုက်၏။

"အာ..ဒါက အကြောထိသွားတာပဲ..ကျွန်တော့်ရဲ့ အ ထူးနှိပ်ကွက်နဲ့ နှိပ်ပေးလိုက်ရင် ချက်ချင်းပြန်ကော င်းသွားမှာပါဗျာ..."

ယန်ကွမ်း လျှောက်ပြောနေသည်ဟုသာ ရွှီလင်ထင် သော်လည်း အခြားရွေးချယ်စရာ မရှိသဖြင့် တိုးတိုး လေး ပြန်ပြောလိုက်၏။

"ဒါဆိုလည်း စမ်းကြည့်ပေးပါလား... အဆင်မပြေရ င် လည်း အစ်မ ပတ်တီးလေး ဘာလေးပဲ စည်းထား လိုက်တော့မယ်"

"မလိုပါဘူး..အစ်မရွှီရာ.ကျွန်တော့် အစွမ်းကိုသာ ကြည့်နေလိုက်.."

ယန်ကွမ်းက ပြောပြောဆိုဆိုပင် သူမ၏ ခြေဖဝါးနုနု လေးကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်လိုက်ပြီး ကျန် လက်တစ်ဖက်ဖြင့် ရောင်ကိုင်းနေသော ခြေကျင်းဝ တ်အား ဖိနှိပ်ပေးလိုက်သည်။

ရွှီလင်းမှာမူ နာကျင်မှုကို မခံစားရသည့်အပြင် ဒဏ် ရာရထားသော နေရာမှ ပူနွေးနွေးနှင့် ထုံကျဉ်ကျဉ် ခံစားချက်မျိုးကိုပါ ခံစားလိုက်ရ၏။သူမက အံ့အား သင့်သွားပြီး မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ယန်ကွ မ်း၏ မျက်နှာကို မယုံနိုင်သလို စိုက်ကြည့်နေမိသည် ။

ထိုအချိန်တွင် ယန်ကွမ်းက အာရုံစူးစိုက်နေပြီး တစ် ဖက်လူအပေါ် အမြတ်ထုတ်လိုစိတ် အလျဉ်းမရှိဘဲ သူ့ခန္ဓာကိုယ်အတွင်းမှ ထူးခြားသော စွမ်းအင်များ ကို အသုံးပြုကာ ဒဏ်ရာကို အလေးအနက်ထား၍ ကုသပေးနေခြင်း ဖြစ်၏။

အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသ ည်။

ရွှီလင်းမှာ ကြောင်ကြည့်နေရင်း ရုတ်တရက် စိတ် ထဲမှ ရုတ်တရက် တွေးမိလိုက်၏။

"ကုသပေးနေတဲ့အချိန်မှာ ဒီကောင်လေးက တော် တော်လေးကို ကြည့်ကောင်းနေပါလား.."

ထိုသို့တွေးမိသည်နှင့် သူမ မျက်နှာလေး နီမြန်းသွား ပြီး ကိုယ့်ကိုယ်ကိုယ် သတိပြန်ပေးနေမနသည်။

"အာ..ငါ ဘာတွေ လျှောက်တွေးနေတာလဲ.. ရှက်ဖို့ ကောင်းလိုက်တာဟယ်.."

သူမ စဉ်းစားလေလေ စိတ်ထဲတွင် ပို၍ ရှုပ်ထွေးလာ လေဖြစ်ကာ သူမ၏ ခြေထောက်လေးမှာ ယောကျ်ာ းလေးတစ်ယောက်၏လက်ထဲ ရောက်နေသည်ကို ပင် လုံးဝ မေ့လျော့နေပေသည်။

ဤသို့ဖြင့် ယန်ကွမ်း ခဏမျှ နှိပ်ပေးပြီးနောက် ရွှီလ င်း၏ ခြေကျင်းဝတ်မှ ရောင်ကိုင်းနေသည်များလ ည်း ပျောက်ကွယ်သွားကာ အသားအရေမှာလည်း မူ လအတိုင်း ဖြူဝင်းလာသည်ကို မြင်မှသာ သက်ပြင် းချကာ စိတ်အေးခဲ့ရ၏။

ယန်ကွမ်းက ခေါင်းမော့ကြည့်လိုက်သောအခါ အရ ည်လဲ့နေသည့် ရွှီလင်း၏ မျက်ဝန်းများကို မြင်လိုက် ရသဖြင့် ခေတ္တမျှ ကြောင်အသွားပြီးမှ မေးမြန်းလို က်သည်။

"အတွင်းရေးမှူးရွှီ... ဘာဖြစ်လို့လဲဗျ..."

"ဘာမှမဖြစ်ပါဘူး..နောက်ဆို ကျွန်မကို အတွင်းရေး မှူးရွှီလို့ မခေါ်ပါနဲ့တော့..မမရွှီလင်းလို့ပဲ ခေါ်ပါ"

ယန်ကွမ်းက ရယ်ရင်း ပြန်ပြောလိုက်သည်။

"ကောင်းပြီလေ မမက ကျွန်တော့်ထက် အသက်ကြီး တာဆိုတော့ နောက်ဆို 'မမရွှီလင်း' လို့ပဲ ခေါ်တော့မ ယ်နော်..ဟီး.."

"အင်း... ဒါနဲ့ ငါ့ခြေထောက်က အဆင်ပြေရဲ့လား"

ရွှီလင်း ငုံ့ကြည့်လိုက်သောအခါ အံ့အားသင့်သွား၏ ။ခုနလေးတင်မှ ရောင်ကိုင်းနေသော ခြေကျင်းဝတ် လေးမှာ မျက်စိတစ်မှိတ်အတွင်း သိသိသာသာ သ က်သာသွားသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

"ဘုရားရေ..ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ.."

"ခုနလေးကတင်မှ ရောင်နေတာလေ.. ခဏလေးအ တွင်းမှာပဲ ပြန်ကျသွားတာလားဟ.."

သူမ အံ့သြနေသည်ကို မြင်သောအခါ ယန်ကွမ်းက ပြုံးကာ ကြွားလိုက်၏။

"ဘယ်လိုလဲ.ကျွန်တော့်ရဲ့ ဆေးပညာက တော်တော် လေး စွမ်းတယ် မဟုတ်လား.."

"ဟုတ်ပါ့ တကယ် အံ့သြဖို့ကောင်းတာပဲ.. နင်ဘယ် လိုများ လုပ်လိုက်တာလဲဟယ်.."

"ဒါကတော့ ပြောလို့မရဘူးဗျ.. ဒါက ကျွန်တော့်ရဲ့ သီးသန့်လျှို့ဝှက်ချက်လေ... ဘယ်သူ့ကိုမှ အလွယ် တကူ မပြောပြဘူးဗျ..ဟဲဟဲ..."

ယန်ကွမ်းက အလေးအနက်ပုံစံဖြင့် ပြောလိုက်ပြီးမှ စကားလမ်းကြောင်းလွှဲကာ ပြောလိုက်၏။

"ဒါနဲ့ မမ... လမ်းလေး ဘာလေး စမ်းလျှောက်ကြည့် ပါဦးလား"

"ကောင်းပြီ..."

ရွှီလင်းကလည်း ဝမ်းသာအားရဖြင့် ဘာမှအများကြီ း မစဉ်းစားဘဲ စောင်ကိုဖယ်ကာ အိပ်ရာပေါ်က ဆ င်းလိုက်သည်။

မြေပြင်ပေါ်တွင် ခြေလှမ်း နည်းနည်းလျှောက်ကြည့် လိုက်ရာ ခြေကျင်းဝတ်မှာ ဘာမှမဖြစ်တော့ဘဲ နာ ကျင်မှုလည်း လုံးဝမရှိတော့ကြောင်း သိလိုက်ရသ ဖြ င့် သူမ အပျော်ကြီး ပျော်သွားကာ ယန်ကွမ်းအား ချီးကျူးလိုက်၏။

"အံ့သြစရာပဲနော်..နင်က တကယ်တော်တာပဲ ရှောင် ကွမ်းရယ်.."

သို့သော်လည်း ထိုသို့ပြောပြီးနော် သူမ လှည့်ကြည့် လိုက်သောအခါ ယန်ကွမ်းက သူမကို စိုက်ကြည့်နေ သည်ကိုသာ တွေ့လိုက်ရသည်။ထိုအခါမှ သူမကိုယ့် ကိုယ်ကိုယ် ငုံ့ကြည့်မိပြီး အင်္ကျီလက်ပြတ်နှင့် ဘော င်းဘီတိုလေးသာ ဝတ်ထားသည်ကို ပြန်သတိရသွား ၏။

"အမ်..ဒီကောင်လေးရဲ့ မျက်လုံးတွေက ငါ့ရဲ့ ပေါင် တံတွေကို အငမ်းမရ စိုက်ကြည့်နေတာပဲ.."

ရွှီလင်းမှာမူ နေရခက်သွားသော်လည်း စိတ်ထဲတွင် မူ သူမ၏ ခန္ဓာကိုယ်အလှကို အသိအမှတ်ပြုခံရသ ဖြင့် ဝမ်းသာသလိုလို ခံစားလိုက်ရသည်။ထို့ကြောင့် သူမက အရမ်းစိတ်မဆိုးဘဲ ချောင်းတစ်ချက်ဟန့်က ာ မေးလိုက်၏။

"ဟဲ့..နင်..ကြည့်လို့ မဝသေးဘူးလား..."

"ဟီး... အားနာလိုက်တာ မမရွှီလင်းရာ.."

ယန်ကွမ်းမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး နှာခေါ င်း ကို လက်ဖြင့် အမြန်ပွတ်လိုက်ကာ ပြောလိုက်သ ည်။

"ဒါနဲ့... မိုးလည်း ချုပ်နေပြီဆိုတော့ မမ အရင်နားလို က်တော့နော်.."

"..."

ရွှီလင်းမှာ ဘာပြောရမှန်းမသိဘဲ ယန်ကွမ်း နှာခေါ င်း ပွတ်နေသည်ကို ကြည့်ကာ ဆွံ့အသွားရသည်။

သူမ ရယ်ချင်သော်လည်း အခြေအနေအရ မသင့် တော်ဘူးဟူ၍ ယူဆမိသဖြင့် အောင့်ကာ မှာလိုက်၏ ။

"အင်း.အင်း... နင် အပြင်ရောက်ရင် အရင်ဆုံး မျက် နှာသစ်လိုက်ဦးနော်.."

သူမက မရယ်ဘဲ အောင့်ထားသည်ကို မြင်သော အ ခါ ယန်ကွမ်းမှာမူ ဇဝေဇဝါ ဖြစ်သွားသော်လည်း အ ပြင်ဘက်မှာရှိသည့် မှန်ကို ကြည့်လိုက်မှ ဘာဖြစ်နေ မှန်း သဘောပေါက်သွားပေသည်။

ခုနက သူ နှာခေါင်းပွတ်လိုက်သည်မှာ နှာရည်မဟု တ်ဘဲ နှာခေါင်းသွေးတွေ ဖြစ်နေ၏။

"လခွမ်း မမရွှီလင်း ရယ်ချင်နေတာ မဆန်းပါဘူး.. ငါ့ပုံစံက တကယ့်ကို ရယ်စရာကြီး ဖြစ်နေတာပဲကွာ .."

ယန်ကွမ်းက စိတ်ထဲမှ ရေရွတ်ရင်း မျက်နှာကို အမြ န်သွားသစ်လိုက်သည်။အခန်းထဲပြန်ရောက်ပြီး အိပ် ရာပေါ် လှဲလိုက်သော်လည်း မမရွှီလင်း၏ သွယ်လျ သော ပေါင်တံလှလှလေးများက သူ့ အာရုံထဲတွင် တဝဲလည်လည် ဖြစ်နေသဖြင့် ယန်ကွမ်းစိတ်လှုပ် ရှ ားနေမိ၏။

နောက်ဆုံး ယန်ကွမ်း အိပ်ပျော်သွားသောအခါ အိမ် မက်ထဲတွင်လည်း သူမ၏ ပြုံးရွှင်နေသော မျက်နှာ လေးနှင့် ဖြူဝင်းသွယ်လျသည့် ခန္ဓာကိုယ် လေးကို သာ မက်နေမိပေသည်။

မိုးလင်းခါနီးမှ ယန်ကွမ်းသည် အိမ်မက်မှ နိုးလာခဲ့ ပြီး ဆံပင်ကို ဖီးကာ အဝတ်အစား အမြန်လဲပြီး တေ ာင်ပေါ်သို့ ထွက်လာခဲ့၏။

နေလည်စာ စားသောက်ပြီးချိန်တွင် ရွာသားများ သ ည် ရွာအနောက်ဘက်ရှိ သစ်ပင်ကြီးအောက်၌ အေး အေးဆေးဆေး နားရင်း စုရုံးကာ စကားဖောင် ဖွဲ့နေ ကြပြန်သည်။

သို့သော်လည်း ယနေ့တွင်မူ လူတိုင်းမှာ စကားပြော နေရင်း စိတ်က တခြားရောက်နေကာ ရွာအနောက်

ဘက် တောင်တက်လမ်းဆီသို့သာ မကြာခဏ လှမ်း ကြည့်နေကြသည်။သူတို့၏ ပုံစံမှာ တစ်စုံတစ်ယော က်ကို စောင့်နေကြသည့်နှယ်။

ယန်ကွမ်း၏ အရိပ်အယောင်ကို မြင်လိုက်ရမှသာ ရွ ာသားတစ်ယောက်က အော်ပြောလိုက်၏။

"ဟေး... ဟိုမှာ ရှောင်ကွမ်း..ပြန်လာပြီ"

ချက်ချင်းဆိုသလိုပင် လူတိုင်းက စကားစ ဖြတ်လို က်ကြပြီး ယန်ကွမ်းဆီသို့ စူးစိုက်ကြည့်လိုက်ကြရာ မျက်ဝန်းများမှာမူ အရောင်တောက်နေကြသည်။လူ အများ၏ ဝိုင်းကြည့်ခြင်းကို ခံလိုက်ရသဖြင့် ယန်ကွ မ်းက ခြေလှမ်းတန့်သွားကာ မေးလိုက်၏။

"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲဗျ.."

ဒေါ်နွားက စပ်စုက လှမ်းမေးလိုက်သည်။

"ဟေး ရှောင်ကွမ်း...နင် ဒီနေ့ ဘာတွေများ ရခဲ့သေး လဲ.. အရင်နေ့တွေလိုပဲ ဆေးမြစ်တွေ ထပ်တွေ့လာ ပြန်ပြီလား.."

"တန်ဖိုးရှိတဲ့အရာတွေဆိုတာ တောနက်ထဲမှာပဲ ရှိ တာလေ... အဲဒီလောက်လည်း အလွယ်တကူ ဘယ် တွေ့ပါ့မလဲဗျ.."

အမှန်တကယ်တွင်မူ ယန်ကွမ်းတစ်ယောက် ဒီနေ့ ဘ ာတွေ ထပ်ရလာမလဲဆိုတာကိုသာ ရွာသားများက သိချင်နေကြခြင်းပင်။ယန်ကွမ်း၏ စကားကို ကြား လိုက်ရသောအခါ လူအုပ်ထဲမှ တစ်ဦးက နှာခေါင်း ရှုံ့ကာ လှောင်ရယ်ရင်း ပြောလိုက်၏။

"ဟားဟား..ငါပြောသားပဲ... အရင်နှစ်ရက်က ယန် ကွ မ်းကံကောင်းသွားတာပါလို့ ကံကောင်းခြင်းဆို တာ နေ့တိုင်း ဘယ်ရှိပါ့မလဲကွာ.."

ထိုသို့ပြောလိုက်သူကို လူတိုင်း လှည့်ကြည့်လိုက်ရာ မျက်နှာတွင် အရေးအကြောင်းများဖြင့် ဖုံးလွှမ်းနေ သော ဆွန်းကော်ရင်း ဖြစ်နေသည်အား တွေ့လိုက်ရ သည်။လူတိုင်းလည်း သဘောပေါက်သွားကြ၏။

မနေ့ညက ရွာထဲမှာ ဖြစ်ပျက်ခဲ့သည့် ကိစ္စများမှာ ဒီ နေ့မနက် မတိုင်ခင်ကတည်းက တစ်ရွာလုံး ပြန့်နှံ့သွ ားပြီဖြစ်ရာ ယန်ကွမ်းက ရွာလူကြီးကို မျက်နှာသာ မပေးခဲ့မှန်း အားလုံးသိထားခဲ့၏။

ထို့ကြောင့် ရွာလူကြီးက တမင်သက်သက် လာပြီး ရန်စနေခြင်းပင်။

ယန်ကွမ်းကလည်း အခြေအနေကို သိရှိထားသဖြင့် အေးအေးဆေးဆေးပင် ရယ်ရင်း ပြန်ဖြေလိုက်သ ည်။.

"ရွာလူကြီး ပြောတာ မှန်ပါတယ်ဗျာ.. သာမန်လူ တ စ်ယောက်အတွက်တော့ ကံကောင်းခြင်းဆိုတာ အမြဲ တမ်း မရှိနိုင်ပါဘူးဗျာ..ဟဲဟဲ.."

သူက အလျှော့ပေးသလို ပြောလိုက်သည်ကို မြင် သောအခါ ဆွန်းကော်ရင်းက ခေါင်းညိတ်ကာ ယန် ကွမ်းကို ကြည့်ရင်း ထပ်မေးလိုက်၏။

"အရင်က မင်း လေသံက အတော်မာနေတာပဲ.. အ ခုတော့ အချိန်လည်း ကုန်တော့မယ်..ပိုက်ဆံကရော အလုံအလောက် စုမိပြီလားကွ.."

ယန်ကွမ်းက ပြုံးစစဖြင့် မေးလိုက်သည်။

"အမ်..အဲ့တာ. ဘာဖြစ်လို့လဲ ရွာလူကြီးက ကျွန်တေ ာ့်ကို ပိုက်ဆံ ချေးမလို့လား.."

ရွာလူကြီးဆွန်းကော်ရင်းက ခနဲ့လိုက်၏။

"အရင်ကဆိုရင်တော့ ချေးဖို့ ဖြစ်နိုင်သေးတာပေါ့ကွ ာ..အခုတော့ မင်း အိပ်မက်တောင် မမက်နဲ့ကွာ ..".

ယန်ကွမ်းက ထိုစကားကို ကြားသော်လည်း ပြုံးလျ က်ပင် ပြန်ပြောလိုက်သည်။

"ဦးလေး မချေးလဲ ဘာမှ မဖြစ်ပါဘူးဗျာ ကျွန်တော် ခုနကပဲ ပြောခဲ့သားပဲ.. သာမန်လူဆိုရင်တော့ ကံ ကောင်းဖို့ မလွယ်ဘူးဆိုတာလေ..ဒါပေမဲ့ ကျွန်တော် က သာမန်လူ မဟုတ်ဘူးဗျ"

ပြောပြောဆိုဆိုနှင့်ပင် ယန်ကွမ်းသည် ကျောပိုးထား သည့် ခြင်းထဲမှ အရာတစ်ခုကို နှိုက်ထုတ်ကာ လူတို င်း၏ရှေ့တွင် ဝှေ့ယမ်းပြလိုက်၏။

"ကဲ... ကြည့်လိုက်ကြဦး..ဒါက ဘာလဲဆိုတာ.."

"အိုး..."

"ဘုရားရေ...."

ယန်ကွမ်း၏ လက်ဖဝါးပေါ်က အရာဝတ္ထုကို မြင်လို က်ရသည့်အခါ လူတိုင်းမှာမူ မျက်လုံးအပြူးသား ဖြစ်သွားခဲ့ရသည်။

ဆွန်းကော်ရင်းဆိုလျှင် အသက်ရှူပင် မှားသွားပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျမတတ်ပင် ဖြစ်သွား ရ၏။

သူသည် အနောက်မှာရှိသည့် သစ်ပင်ကြီးကို အားကို း တကြီး ဆုပ်ကိုင်ရင်း ယန်ကွမ်းကို မော့ကြည့်ကာ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။

"ဒါ... ဒါက ခွေးခေါင်းရွှေ ခေါ်..သဘာဝရွှေတုံးအစ စ် မဟုတ်လား.."

Note - Goutoujin (Dog-head Gold) ဆိုသည်မှာ သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ရွှေစင်ရွှေခဲ အတိဖြစ်ပြီး အလွန်ရှားပါးကာ တန်ဖိုးဖြတ်မရနိုင် အောင် ထိုက်တန်လှပေသည်။

All Chapters