← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း 15 မနာလိုသူ၏ စွပ်စွဲချက်

ယန်ကွမ်း၏ လက်ထဲတွင် ရှိနေသောအရာမှာ ဘော် လီဘောထက် အနည်းငယ်မျှသာ သေးငယ်သည့် ရွှေရောင်တောက်နေသော ကျောက်တုံးကြီး တစ်တုံးပင် ဖြစ်၏။

ထိုကျောက်တုံးမှာ ရွှေအဆင်းကဲ့သို့ ဝင်းလက်နေပြီး ကြားထဲတွင် အဖြူရောင်ကျောက်စအချို့ ရောနှော နေသော်လည်း အများစုမှာ ရွှေအစစ်များသာ ဖြစ် ပေသည်။

ထိုအရာမှာ ဆွန်းကော်ရင်း ပြောသကဲ့သို့ပင် အလွန် ရှားပါးလှသည့် "ခွေးခေါင်းရွှေ"ဆိုသည့် သဘာဝရွှေ တုံးကြီး ဖြစ်ပေ၏။

ရွာသားအားလုံးမှာ ဆွံ့အမှင်သက်ကုန်ကြ၏။အဒေါ် နွားဆိုလျှင် ယန်ကွမ်းကိုပင် မကြည့်နိုင်တော့ဘဲ ရွှေ တုံး ကြီးကိုသာ စိုက်ကြည့်ရင်း မေးလိုက်သည်။

"ဟဲ့ကောင်လေး... နင်ကတော့ တကယ်ကို သူဌေးဖြ စ်မယ့် ကံပါလာတာပဲ.. ဒီအရာကြီးက ဆယ်ပိဿာ ကျော်လောက် ရှိတယ်မို့လား.."

"မဟုတ်ပါဘူးဗျ..အများဆုံးရှိလှ ငါးပိဿာ (၅ ကီ လိုဂရမ်) ပါပဲ..အထဲမှာပါတဲ့ ရွှေသားအစစ်က သုံးပိ ဿာ၊ လေးပိဿာလောက်ပဲ ရှိလောက်မယ်..ဟီး. ."

"အဲဒါတောင် အများကြီးပဲဟာ..."

အဒေါ်နွားက ယန်ကွမ်းကို မော့ကြည့်၍ အားကျကာ ပြောလိုက်သည်။

"နင်တော့ သူဌေးဖြစ်ပြီဟဲ့..."

"မပြောပါနဲ့ဦးဗျာ..."

ယန်ကွမ်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး နှိမ့်ချကာ ပြောလို က်၏။

"ရွှေဆိုပေမဲ့ အညစ်အကြေးတွေ အများကြီး ရောနေ တာဆိုတော့ ရွှေစင်လောက်တော့ ဈေးမရနိုင်ပါဘူး ဗျ.."

အဒေါ်နွားက ယန်ကွမ်း၏ ပုခုံးကို ရိုက်ရင်း ပြန်ပြော လိုက်သည်။

"ဟယ်... ဒီကောင်လေး တတ်လည်း တတ်နိုင်ပါပေ့ ..ဘယ်လိုပဲဖြစ်ဖြစ် ရွှေပဲဟာကို ဟန်ဆောင်နေတုန်း ပဲ..."

ယန်ကွမ်းက ရယ်ကျဲကျဲဖြင့် ဆွန်းကော်ရင်းကို မော့ ကြည့်ကာ မေးလိုက်၏။

"ကဲ... ရွာသူကြီး..ဦးလေးမှာ ပြောစရာ ဘာများ ကျ န်သေးလဲ.."

"..."

ဆွန်းကော်ရင်းမှာ တံတွေးတစ်ချက် မျိုချလိုက်မိပြီး စကားလုံးများ ပျောက်ရှနေပေသည်။

သူ့ရင်ထဲမှာတော့ မနာလိုဝန်တိုစိတ်တွေပဲ ပြည့်နှက် နေ၏။

"ဒီရွှေတုံးကို ငါ ကိုယ်တိုင် ဘာလို့မတွေ့ရတာလဲကွာ ..ဘာလို့ ဒီကောင်လေးလက်ထဲ ရောက်သွားရတာလဲ "ဟူ၍ စိတ်ထဲမှ နာကျည်းနေမိသည်။

သို့သော်လည်း ရွာလူကြီးဆွန်းကော်ရင်းမသိသည် မှာ ယန်ကွမ်းက ဤ "ခွေးခေါင်းရွှေ" ကို တိုက်ဆိုင်မှု သက်သက်ဖြင့် တွေ့ခဲ့ခြင်း မဟုတ်ပေ။ကျောက်ဆေ ာင်ကြားထဲတွင် ဝှက်နေသော ဤရွှေတုံးအား ရှန်နူ န်းကျွယ် ကျင့်စဉ်စာအုပ်ထဲမှ ဓာတ်ကြီးငါးပါး အာရုံ ခံနည်းလမ်း အသုံးပြုကာ ရှာဖွေတွေ့ရှိခဲ့ခြင်းပင် ဖြ စ်သည်။

၎င်းကို ရရှိရန်အတွက် ကျောက်ခဲများကိုပင် မနည်း အားစိုက်၍ ယန်ကွမ်း ဖယ်ရှားခဲ့ရ၏။

ဆွန်းကော်ရင်းက ဘာမှပြန်မပြောနိုင်တော့သည်ကို မြင်သောအခါ ယန်ကွမ်းက ပြုံးလိုက်ပြီး လူတိုင်း၏ အားကျသော အကြည့်များအောက်မှ အိမ်သို့ ပြန်လ ာခဲ့သည်။အိမ်သို့ရောက်သောအခါ မရီးဖြစ်သူ ဝူ ရှောင်လျန်းနှင့် ယာယာလေးသာ ရှိသည်ကို တွေ့ရ သ ဖြင့် ယန်ကွမ်းက စပ်စုစွာ မေးလိုက်၏။

"မရီး... မမရွှီလင်းရော.."

"သူ အပြင်သွားတယ်လေ..ရွာရုံးခန်းကို ပြန်ပြင်ဖို့ လူသွားရှာမလို့တဲ့.."

ယန်ကွမ်းခဗျာ အံ့အားသင့်သွားရသည်။

"ဟင်..သူက ဟိုမှာပဲ ပြန်နေမလို့လား.."

ဝူရှောင်လျန်းက ယန်ကွမ်းအား ခပ်ပြုံးပြုံးကြည့်ရင် း စလိုက်သည်။

"ဘာလဲ... နင်က မခွဲနိုင်လို့လား"

"ဘယ်ကသာ... မဟုတ်ပါဘူးဗျာ.."

ယန်ကွမ်း၏ မျက်နှာလေးမှာ နီမြန်းသွားပြီး အမြန် ငြင်းလိုက်ရ၏။

"မနေ့က ကျွန်တော် ပြောခဲ့သားပဲလေ မိန်းကလေး တစ်ယောက်တည်း ဟိုမှာနေတာ မလုံခြုံဘူးဆိုတာ ကို.."

"ဪ... အဲဒါလား.."

ဝူရှောင်လျန်းက ရယ်လျက် ပြန်ပြောလိုက်သည်။

"ခစ်ခစ် စိတ်မပူပါနဲ့..ရှောင်ကွမ်းရဲ.. ရွှီလင်းက ရွာ ထဲမှာ သွားနေချင်တာ မဟုတ်ပါဘူး..ဒါပေမဲ့ အလု ပ်လုပ်ဖို့ နေရာမရှိရင် အဆင်မပြေဘူးလေ .အဲဒါ ကြောင့် ရုံးခန်းတော့ ရှိရမယ်ဆိုပြီး သွားလုပ်တာပါ ဟဲ့ "

"အော်... အဲဒါဆိုလည်း ဟုတ်ပါပြီ.."

ယန်ကွမ်းမှာ ထိုစကားကို ကြားမှ သက်ပြင်းချနိုင် တော့သည်။

ထို့နောက် သူသည် ခွေးခေါင်းရွှေတုံးကြီးကို ထုတ် ကာ ဝူရှောင်လျန်း၏လက်ထဲ ထည့်ပေးလိုက်ပြီး ဝ မ်းသာအားရ ပြောလိုက်၏။

"မရီး... ဒါကို ကြည့်လိုက်ဦး..ကျွန်တော်တို့ ချမ်းသာ ပြီဗျ.."

"အမလေး..ရွှေ..ရွှေတုံးကြီးလား.."

ဝူရှောင်လျန်းမှာ လန့်သွားပြီး လှမ်းကိုင်ရန်ပင် ဝန် လေးနေမိသည်။၎င်းမှာ ရွှေအစစ်မှန်း သေချာသွား ချိန်တွင်မှ ခေါင်းမော့ကြည့်ကာ မေးလိုက်၏။

"ရှောင်ကွမ်း... ဒါက ဘယ်လောက်တောင် တန်တာ လဲဟ.."

"ပြောဖို့တော့ ခက်တယ် မရီးရ..မြို့ပေါ်သွားပြီး စုံစ မ်း ကြည့်ရဦးမယ်..ကျွန်တော့်အထင်တော့ ယွမ်တစ် သိန်း (မြန်မာငွေ သိန်းရာချီ)လောက်တော့ အေးဆေ းရနိုင်ပါတယ်ဗျ.."

"အများကြီးပါလား... နင်ကတော့ တကယ့်ကို တော် တာပဲဟယ်...."

ဝူရှောင်လျန်း၏ မျက်လုံးများမှာ အံ့အားသင့်မှုများ ဖြင့် ပြည့်နှက်နေပြီး မသိစိတ်ကပင် ယန်ကွမ်း၏ လ က်မောင်းကို ဖက်တွယ်လိုက်မိသည်။ထိုအခါ နှစ်ဦး စလုံး၏ ခန္ဓာကိုယ်ချင်းမှာ ထိကပ်နေ၏။

မရီးဖြစ်သူ၏ နွေးထွေးနုနယ်သော ကိုယ်ငွေ့ကို ခံစာ းလိုက်ရသဖြင့် ယန်ကွမ်း၏ ရင်ထဲ၌ ဒိတ်ခနဲ ဖြစ် သွားရသည်။သို့သော်လေည်း ထိုအချိန်မှာပင် ရွာအ ရှေ့ဘက်ဆီမှ ရုတ်တရက် ဆူညံပွက်လောရိုက်သံနှ င့် ဆဲဆိုသံများ ထွက်ပေါ်လာ၏။

ဤသည်မှာ တစ်စုံတစ်ယောက် ရန်ဖြစ်နေသည့်အ လားပင်။

ရန်ဖြစ်သံကို ကြားလိုက်ရတဲ့အခါ ယန်ကွမ်းက ခွေး ခေါင်းရွှေတုံးကို ဝူရှောင်လျန်းလက်ထဲ ထည့်ပေးက ာ ပြောလိုက်၏။

"မရီး... ဒါကို သေချာဝှက်ထားလိုက်ဦး..ကျွန်တော် ဟိုဘက်မှာ ဘာဖြစ်နေလဲ သွားကြည့်လိုက်ဦးမယ် .."

"အင်းအင်း..."

ဝူရှောင်လျန်းကလည်း ရွှေတုံးကြီးကို အမြန်ပွေ့ပိုက် ပြီး အိမ်ထဲသို့ ပြေးဝင်သွားသည်။

ယန်ကွမ်းက အိမ်ကနေထွက်ပြီး ရွာအရှေ့ဘက်ကို ပြေးသွားသည့်အခါ လမ်းမှာ ရွှီလင်းလည်း အဲဒီဘ က်ကို သွားနေသာ်နှင့် ဆုံတာကြောင့် အနောက်ကနေ အမီလိုက်ပြီး မေးလိုက်သည်။

"မမရွှီလင်း.. ဟိုမှာ..ဘာတွေဖြစ်နေတာလဲ.."

"ငါလည်း သေချာမသိသေးဘူး ..ဖုကျန့်ဟွာတို့အိမ် က ဖြစ်နေတာ ထင်တယ်..."

ရွှီလင်းဟာ ရွာကိုရောက်တာ မနက်ခင်းတစ်ပိုင်းပဲ ရှိနေသော်လည်း ရွာသားတွေ၏ အခြေအနေတွေအ ား စုံစမ်းပြီးသားပင်။

သူတို့နှစ်ဦး အိမ်ရှေ့ရောက်တော့ ခြံထဲတွင် လူအ တော်များများ ရောက်နေသည်အား တွေ့လိုက်ရ၏။

ဖုကျန့်ဟွာကဒေါသတွေ ထွက်နေကာ အစ်မဟယ် ဟွာရဲ့ ဆံပင်ကိုဆွဲပြီး ရိုက်နှက်နေတာကို မြင်သော အခါ ယန်ကွမ်းက ချက်ချင်းပင် အမြန်ပြေးဝင်လာ ခဲ့သည်။

ဟယ်ဟွာ၏ မျက်နှာပေါ်တွင်မူ ပါးရိုက်ခံထားရသ ည့် ဒဏ်ရာတွေနှင့် မျက်ရည်တွေနဲ့ ပြည့်နေသည်ကို မြင်သောအခါ ယန်ကွမ်း၏ ဒေါသတွေက ထိန်းမရ တော့ပေ။သူက ဖုကျန့်ဟွာကို ကြည့်ပြီး အော်ပြော လိုက်၏။

"ဟိတ်လူ ခင်ဗျား ဘာလုပ်နေတာလဲ..."

"ဟေ့ကောင်... မင်း ရောက်လာတာ အတော်ပဲ.. ဒီမိ န်းမ အိမ်မှာ အေးအေးဆေးဆေး မနေဘဲ ငါ့ကို အရှ က်ခွဲနေတယ်လို့ ကြားတယ်.. ဒီကောင်မနဲ့ ဖောက်ပြ န်နေတာ မင်းပဲ မဟုတ်လား..မင်းက တော်တော် သ တ္တိကောင်းနေတာပဲ.."

ဖုကျန့်ဟွာဟာ အရပ် ၆ ပေနီးပါးရှိပြီး ကိုယ်အလေး ချိန် ပေါင်နှစ်ရာကျော်လောက် ရှိသည့် လူ ကောင် ကြီးမားသူ တစ်ယောက်ပင်။

သူနဲ့ ယှဉ်လိုက်ရင် ယန်ကွမ်းက ပိန်ပိန်ပါးပါးနှင့် အ ရပ်လည်း ပိုပုနေသည်။

ထိုစကားတွေကို ကြားလိုက်ရသောအခါ ယန်ကွမ်း ရော ရွှီလင်ပါ အံ့အားသင့်သွားကြ၏။

"အစ်ကိုကျန့်ဟွာ... ခင်ဗျား ဘာတွေ လျှောက်ပြော နေတာလဲ..."

ဒေါသထွက်နေသော ဖုကျန့်ဟွာကို ကြည့်ပြီး ယန် ကွမ်းက ခနဲ့တဲ့တဲ့ ပြန်မေးလိုက်သည်။

"ခင်ဗျား ဘယ်သူ့စကား နားယောင်နေတာလဲ.. သ က်သေအထောက်အထားရော ရှိလို့လား.."

"အထောက်အထားမရှိဘဲ ငါက ပြန်လာပါ့မလား.."

ဖုကျန့်ဟွာက ဘေးကိုလှည့်ကြည့်ပြီး ဆွန်းတာဝေ ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။

"သူ မြင်လိုက်တာလေ..မနေ့ ညနေပိုင်းက ရွာဦးမှာ မင်းတို့နှစ်ယောက် ဖက်နေကြတာကို သူ တွေ့လိုက် တယ်တဲ့..."

"ဟာ... ငါးလူးး..."

ယန်ကွမ်းမှာ ပြောစရာစကားပင် ပျောက်ရှသွားသ ည်။သူက အနားမှာ မအူမလည်နဲ့ ရယ်ဖြဲဖြဲ လုပ်နေ သော ဆွန်းတာဝေကို ကြည့်ပြီး မေးလိုက်၏။

"ဟေ့ကောင်... မင်း မျက်စိကန်းနေလို့လား..ငါနဲ့ အ စ်မဟယ်ဟွာကို ဘယ်နေရာမှာ ဖက်နေတာ မင်း မြင် လို့လဲ.."

ဆွန်းတာဝေက ရယ်ကျဲကျဲ ပြန်ပြောလိုက်သည်။

" ငါ မြင်လိုက်တာ မင်းပဲလေ ဟီးဟီးဟီး.."

"မင်းဦးလေးကို မြင်လိုက်တာလားကွ..."

ယန်ကွမ်းက ရုတ်တရက် အကြီးအကျယ် ဒေါသထွ က်သွားခဲ့သည်။ဤကဲ့သို့ ကိစ္စမျိုးက လူတစ်ယော က် ၏ မျက်နှာကို အိုးမည်းသုတ်ကာ စွပ်စွဲတာဖြစ် သည့် အတွက် ယန်ကွမ်း လုံးဝ သည်းမခံနိုင်တော့ ပေ။ထို့ကြောင့် ဒေါသအရှိန်နဲ့ ဘာမှမစဉ်းစားတော့ ဘဲ ရှေ့ကို ပြေးတက်ကာ ဆွန်းတာဝေကို အားရပါး ရ ကန်ထည့်ပစ်လိုက်၏။

"ရော့ကွာ...အဲ့တာ မြင်ဦး.."

"ဘုန်း"

ထိုအသံကြီးနဲ့အတူ ကိုယ်အလေးချိန် ပေါင် ၁၈၀ နီး ပါးရှိတဲ့ ဆွန်းတာဝေသည် လေထဲကို ဝဲပျံထွက်သွား ပြီး ခြံထဲမှာ ရှိသော ကောက်ရိုးပုံပေါ်ကို ဘုန်းခနဲ ပြု တ်ကျသွားသည်အား လူတိုင်း မြင်လိုက်ရသည်။

ကံကောင်းထောက်မစွာပင် ကောရိုးပုံမှာ နူးညံ့နေ၏ ။ အကယ်၍ မြေပြင်ပေါ်သို့သာ တည့်တည့်ကျသွား ပါက ခါးကျိုးသွားမည်မှာ မြေကြီးလက်ခတ် မလွဲ ပေ။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အစောပိုင်းက ဒေါသတကြီး ဖြစ်နေသော ဖုကျန့်ဟွာမှာ ရုတ်တရ က် ငြိမ်ကျသွားသည်။သူသည် ယန်ကွမ်းကို ကြည့် ကာ မျက်လုံးထဲတွင် အံ့အားသင့်ရိပ်များ ဖြတ်ပြေး သွား၏။

အခြားတစ်ဖက်တွင်မူ ဆွန်းတာဝေမှာ အသားထူပြီး အရေထူသူဖြစ်ရာ အတော်လေး နာကျင်သွားသော် လည်း ဒဏ်ရာမှာ ပြင်းထန်ပုံမရပေ။သူသည် ကော က်ရိုးပုံပေါ်တွင် ထိုင်လျက် ယန်ကွမ်းကို လက်ညှိုး ထိုးကာ အော်ပြောလိုက်၏။

"မင်း... မင်း ငါ့ကို ရိုက်တယ်ပေါ့..မင်းကို ငါ့အဖေကို ပြန်တိုင်မှာ.. ငါ့အဖေက ပြောတယ်... မင်းက ငါ့ကို မရိုက်ရဲပါဘူးဆို.."

"မင်းအဖေကလည်း လူကောင်းမဟုတ်ဘူး.."

ယန်ကွမ်းက ဆဲဆိုလိုက်ပြီး ဆွန်းတာဝေကို လက် ညှိုးထိုးကာ မေးလိုက်၏။

"ဆင်းလာခဲ့စမ်း.. ငါ့ကို အခြေအနေမှန် အကုန်ရှင်း ပြ ..မင်းကို ဘယ်သူက ကောလာဟလတွေဖြန့်ပြီး ငါ့ကို စွပ်စွဲခိုင်းတာလဲ.."

"ငါက ကောလာဟလ ဖြန့်တာမဟုတ်ဘူး. .ငါ့အဖေ က ပြောခိုင်းလို့ ပြောတာ.."

ဆွန်းတာဝေမှာ မူလကတည်းက ကျပ်မပြည့်သူ တ စ်ယောက်ဖြစ်ရာ မတော်တဆ အမှန်အတိုင်း ပြော ချလိုက်သဖြင့် ကြားလိုက်ရသူ အားလုံးမှာ မှင်သက် သွားကြပေသည်။ယန်ကွမ်းလည်း အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး မျက်မှောင်ကြုတ် ကာ စိတ်ထဲမှ ရေရွတ်လိုက်၏။

"ဆွန်းကော်ရင်း... ဆွန်းကော်ရင်း..ခဗျားက ကျုပ် ကို အတော်လေး အကောက်ကြံချင်နေတာပဲကိုး"

ဆွန်းတာဝေမှာ ရွာလူကြီး၏ သားဖြစ်သည်မဟုတ် ပေလော။ မနေ့ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြေ ာ င့် ဤလူအိုကြီးမှာ ယန်ကွမ်းကို အိုးမည်းသုတ် ရန်အတွက် သူ၏ ကျပ်မပြည့်သော သားဖြစ်သူကို အသုံးချခဲ့သည်မှာ ထင်ရှားလှ၏။

ယန်ကွမ်းက ဖုကျန့်ဟွာဘက်သို့ လှည့်ကြည့်ကာ အေးစက်စက် လေသံဖြင့် မေးလိုက်သည်။

"ကဲ ခင်ဗျား အခု သဘောပေါက်ပြီလား.. ဆွန်းကော် ရင်းက သူ့သားကို ခိုင်းပြီး ပြောခိုင်းတာဗျ.."

ဖုကျန့်ဟွာက အတင်းငြင်းဆန်နေ၏။

"အဲဒါ မဟုတ်ရင်တောင် မင်းတို့နှစ်ယောက်ကြားမှာ တစ်ခုခုတော့ ရှိမှာပဲ.. မဟုတ်ရင် အဲ့ကောင်က တခြ ားလူတွေကို မပြောဘဲ ဘာလို့ မင်းကိုပဲ ပြောရတာ လဲ.."

ယန်ကွမ်းမှာ ဒေါသထွက်လွန်းသဖြင့် ရယ်မိသွားပြီး ဖူကျန့်ဟွာကို စိုက်ကြည့်ကာ မေးလိုက်၏။

"ဒါဆိုရင်... ခင်ဗျားက အစ်မဟယ်ဟွာကို ကျွန် တော်နဲ့ ပတ်သက်နေတယ်လို့ပဲ ဆုံးဖြတ်ထားတာ ပေါ့ ဟုတ်လား..."

အခန်း 16 အစ်မ မင်းကို ကျေးဇူးဆပ်ချင်တယ်

ဖူကျန့်ဟွာက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

"အဲဒါ အမှန်ပဲ..."

ရန်ကွမ်းက ဖူကျန့်ဟွာကို ကြည့်ကာ ပြန်မေးလိုက် သည်။

"ဒါဆိုရင် ခဗျား.. ဘာလုပ်ချင်တာလဲ.."

"ငါ့ရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှုအတွက် မင်း ငါ့ကိုလျေ ာ်ကြေးပေး..အဲ့ဒါဆိုရင် ငါ သူ့ကို ကွာရှင်းမယ်.."

“အင်း.. ကျွန်တော် နားလည်သွားပြီ..."

ရန်ကွမ်းက လှောင်ပြုံးပြုံးရင်း ဆက်ပြောလိုက်၏။

"ခဗျားက အပြင်မှာ တခြားမိန်းမရှိနေလို့ ပြန်လာဖို့ အကြောင်းပြချက် ရှာနေတာပဲ..အစ်မဟယ်ဟွာကို အပုပ်ချပြီး ဖယ်ရှားချင်နေတာ မဟုတ်လား.."

ပိုက်ဆံပေးဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

အကယ်၍ ရန်ကွမ်းကသာ ပိုက်ဆံပေးလိုက်လျှင် သူနှင့် ဟယ်ဟွာကြား တစ်ခုခုရှိနေသည်ဟု ဝန်ခံလို က်သလို ဖြစ်သွားမည်ဖြစ်ပြီး ထိုအခါ ဖူကျန့်ဟွာ၏ စွပ်စွဲချက်များမှာလည်း အမှန်ဖြစ်သွားပေလိမ့်မည်။

ဖူကျန့်ဟွာကလည်း ထိုအချက်ကို နားလည်ထားသ ဖြင့် သူတကယ်ဖြစ်ချင်နေသည်မှာ ကွာရှင်းရန်သာ ဖြစ်သည်။ယခုအခါ ဖုံးကွယ်ထားသမျှ ပေါ်သွား သော်လည်း သူက ရှက်ရွံ့ခြင်းမရှိဘဲ ခေါင်းမာမာဖြ င့် ပြန်ပြောလိုက်၏။

"အဲဒါ ဘာဖြစ်လဲ.. ဘယ်လိုပဲဖြစ်ဖြစ် ဂုဏ်သိက္ခာမ ရှိတဲ့ မိန်းမတစ်ယောက်နဲ့တော့ ငါ အတူမနေနိုင်ဘူး .."

"ခဗျားက. အရိုက်ခံချင်နေတာပဲ..."

ထိုစကားကို ကြားသောအခါ ယန်ကွမ်းက ဒေါသထွ က်သွားပြီး တစ်ခုခုလုပ်ရန် ပြင်လိုက်သည်။

သို့သော် ရှုလင်းက သူ့ကို တားလိုက်ပြီး ဖူကျန့်ဟွာ ကို ကြည့်ကာ ပြောလိုက်၏။

"ကွာရှင်းဖို့ဆိုတာ ရှင် တစ်ယောက်တည်း ဆုံးဖြတ် လို့ရတဲ့ ကိစ္စမဟုတ်ဘူး..တကယ်လို့ အစ်မဟယ်ဟွာ က ရှင့်အပေါ် အမှားလုပ်ခဲ့တယ်ဆိုတာလည်း ရှင့် မှာ သက်သေမရှိဘူး..ရှင့်ရဲ့ မုသားစကားတွေအပေါ် မှာပဲ ဆုံးဖြတ်လို့မရဘူး.."

"နင်က ဘယ်သူလဲ.."

ဖူကျန့်ဟွာက ရူလင်းအား ခြေဆုံးခေါင်းဆုံး ကြည့် ကာ မျက်စောင်းထိုးရင်း မေးလိုက်၏။

"ကျွန်မက ချုံရှန်းကျေးရွာရဲ့ အတွင်းရေးမှူး ရှုလင်း ပါ..."

သူမ၏ အဆင့်အတန်းကို ရှင်းပြပြီးနောက် ရှုလင်း က ဖူကျန့်ဟွာကို ဆက်ကြည့်ကာ ပြောလိုက်သည်။

"ရှင် ခုနကပဲ အစ်မဟယ်ဟွာကို ရိုက်နှက်ခဲ့တယ် အ ခု ရှင့်ကို အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်တယ် လို့ ကျွန်မ သံသယရှိတယ်..မြို့နယ်က ညွှန်ကြားရေ းမှူး ဟူကို ကျွန်မ အကြောင်းမကြားခင် ဘာလုပ်ရ မလည်းဆိုတာ ရှင် သေချာဆုံးဖြတ်ပါ.."

"..."

ထိုစကားကို ကြားသောအခါ ဖူကျန့်ဟွာမှာ ဆွံ့အသွ ား၏။သူ အမှားလုပ်ထားမှန်း သူသိပေသည်။အက ယ်၍ ရဲတပ်ဖွဲ့သာ ရောက်လာပါက သူ့အတွက် ကေ ာင်းကျိုးရှိမည် မဟုတ်ပေ။ခဏမျှ ကြောင်အသွား ပြီးနောက် သူသည် ဟယ်ဟွာ၏ လက်ကို အမြန်လွှ တ်ပေးလိုက်ကာ ပြာပြာသလဲ ငြင်းဆန်လိုက်၏။

"မဟုတ်ဘူး ငါ ဟယ်ဟွာကို မရိုက်ပါဘူး.. သူက ငါ့ ကို အတင်းဆွဲလားရမ်းလား လုပ်နေလို့ မတော်တ ဆ ထိမိသွားတာပါဟ.."

ရန်ကွမ်းက လှောင်ပြုံးပြုံးကာ မေးလိုက်သည်။

"ခဗျားက အစ်မဟယ်ဟွာကို အအများထင်နေတာ လား .."

ထို့နောက် သူက ဟယ်ဟွာဘက်သို့ လှည့်ကာ ပြော လိုက်၏။

"ရဲတွေလာရင် အမှန်အတိုင်းသာ ပြောပြလိုက်ပါ.. အစ်မဟယ်ဟွာ.."

သို့သော်လည်း ဟယ်ဟွာမှာမူ ဘာသံမှ ထွက်မလာ သည့်အပြင် မျက်နှာတွင်လည်း မည်သည့်ခံစားချ က် မှ မရှိတော့ဘဲ မျက်လုံးများမှာလည်း တစ်ခုခုကို ကြောင်တောင်တောင် ငေးကြည့်နေသလိုမျိုး ဗလာ ဖြစ်နေပေသည်။

ရန်ကွမ်းက အံ့အားသင့်သွားပြီး သူမ တစ်ခုခုကြော င့် စိတ်ဒဏ်ရာရသွားပြီဟူ၍ ခံစားမိသဖြင့် သူမ၏ လက်ကောက်ဝတ်ကို အမြန်ဆွဲကာ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်၏။

"လခွမ်း ဒါ ရင်ထဲမှာ ဝမ်းနည်းမူကြောင့် အကြောတွ တစ်ဆို့နေတာလား.."

၎င်းကို သိရှိသွားပြီးနောက် ရန်ကွမ်းသည် အခြားအ ရာများကို ဂရုမစိုက်နိုင်တော့ဘဲ သူ့ ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်ကို အသုံးပြုကာ သူမ၏ သွေး ကြောမျာ းကို အမြန်ပွင့်သွားအောင် ကူညီပေးလိုက်သည်။

ခဏအကြာတွင်မူ ဟယ်ဟွာသည် သက်ပြင်းတစ်ချ က် ချနိုင်သွားပြီး "ဝါး" ခနဲ အသံထွက်ကာ ငိုချပစ် လိုက်၏။

အကယ်၍ ရန်ကွမ်းသာ စောစောစီးစီး မတွေ့ရှိခဲ့ပါ က သူမ၏ အကြောများ ထိုသို့ အချိန်အတော်ကြာ ပိတ်ဆို့နေခြင်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆို င်ရာ ထိခိုက်မှုများ၊သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့ ယွင်းမှုများအထိပင် ဖြစ်သွားစေနိုင်သည်။

ယခုလို ငိုချလိုက်နိုင်မှသာ သူမ အဆင်ပြေသွား၏။ အစ်မဟယ်ဟွာကို ရှုလင်းလက်ထဲ အပ်လိုက်ပြီးနေ ာ က် ရန်ကွမ်းက ဖူကျန့်ဟွာဘက်သို့ လှည့်ကြည့် ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ခဗျားမျိုးရိုးက ဖူ မဟုတ်လား... အပြင်မှာ ခဗျား. .ဘာတွေ အမှားလုပ်ထားလဲဆိုတာ ခဗျားကိုယ်ခဗျ ား ..သိပါတယ်.. အခုမှ ပြန်လာပြီး အစ်မဟယ်ဟွာ ကို ဒုက္ခပေးနေတာက အသစ်တွေ့လို့ အဟောင်းကို ပစ်ချင်နေတာမို့လား.. ဒါပေမဲ့ ကျုပ် ရန်ကွမ်း ဒီမှာ ရှိနေသရွေ့တော့ ခဗျား ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး.."

"ကောင်လေး ငါ မင်းနဲ့ စကားများမနေချင်ဘူး.."

ရန်ကွမ်း၏ မျက်လုံးထဲတွင် ဒေါသရိပ်များ ပြည့်နှ က် နေသည်ကို မြင်သောအခါ ဖူကျန့်ဟွာသည် ရုတ် တရက် ကြောက်လန့်သွား၏။ထိုစကားပြောပြီးနော က် မျက်လုံးကို ဟိုဟိုဒီဒီ ကစားရင်း ဖူကျန့်ဟွာက ဆက်ပြောလိုက်သည်။

"ငါ မြို့ထဲမှာ လုပ်စရာရှိသေးတယ်..မင်းတို့နဲ့ အချိန် ဖြုန်းမနေနိုင်ဘူး.."

ပြောပြောဆိုဆိုနှင့်ပင် ဖူကျန့်ဟွာသည် ဆိုင်ကယ် ပေါ် တက်ကာ ခြံထဲမှ ဝူးခနဲ မောင်းထွက်သွားပေသ ည်။

ထိုအချိန်တွင် အပြင်ဘက်၌ လူများစွာမှာ ဝိုင်းအုံ ကာ ကြည့်နေ၏။ရွာသားအများစုမှာ ဘာတွေဖြစ် ပျက်ခဲ့သည်ကို မြင်တွေ့ခဲ့ကြပြီး အခြေအနေကို နား လည်သွားကြသဖြင့် ဟယ်ဟွာသည် တကယ်သနား စရာကောင်းကြောင်း တိုးတိုးတိတ်တိတ် ပြောဆိုနေ ကြသည်။

ထိုအချိန်မှာပင် ဆွန်းကော်ရင်းသည် လူအုပ်ကြားမှ တိုးထွက်လာပြီး ခြံထဲသို့ ဝင်ကာ အော်ပြောလိုက်၏ ။

"ဟ..ငါ့သားကို ကောက်ရိုးပုံပေါ် ဘယ်သူတင်ထား တာလဲကွ..."

"ကျုပ်ပဲ..."

ရန်ကွမ်းက ခပ်ပြတ်ပြတ် ပြန်ပြောလိုက်ပြီး ရွာလူ ကြီး ဆီဆီသို့ လျှောက်သွားကာ ပြောလိုက်သည်။

"ရွာလူကြီးဆွန်း... ခဗျားက တကယ့်ကို စိတ်ပုပ်တဲ့ လူပဲဗျ..ကျုပ်ကို အပုပ်ချဖို့အတွက် ကျပ်မပြည့်တဲ့ လူ တစ်ယောက်ကိုတောင် အသုံးချရဲတယ်ပေါ့လေ .."

ဆွန်းကော်ရင်က လန့်သွားပြီး နောက်သို့ ဆုတ်လို က်ရ၏။

"မင်း... မင်း ဘာလုပ်ချင်လို့လဲ.."

"အခုပဲ ဒီလူငယ်လေးရဲ့ လက်သီးအရသာကို ပြပေး ရမလား.."

ရန်ကွမ်းက ခေါင်းမော့ကာ လက်သီးကို ကျစ်ကျစ်ပ ါအောင် ဆုပ်ရင်း အံကြိတ်ကာ ပြောလိုက်သည်။

"နေအုံး ရှောင်ကွမ်း..မလုပ်နဲ့ဦး.."

ရှုလင်းက အော်ဟစ်တားမြစ်ရင်း ဟယ်ဟွာကိုတွဲ လျက် ရန်ကွမ်းအနားသို့ လျှောက်လာခဲ့သည်။

ထို့နောက် သူမက ရန်ကွမ်းကို စိုက်ကြည့်လိုက်ပြီး နောက် ဆွန်းကော်ရင်းဘက်သို့ လှည့်ကာ ပြောလိုက် ၏။

"ရွာလူကြီး..ရှင့်သားက စိတ်မနှံ့ဘူးနော် အဖေတစ် ယောက်အနေနဲ့ သူ့ကို သေချာဆုံးမရမယ်.. နေရာတ ကာ လျှောက်ပြီး ရူးကြောင်ကြောင် စကားတွေ ပြော မနေခိုင်းနဲ့..ဒါဟာ ရာဇဝတ်မှုမြောက်တယ်ဆိုတာ ရှ င်သိရဲ့လား..."

ဖြောင့်မတ်တည်ကြည်သော ရွှီလင်းကို ရင်ဆိုင်ရသ ည့်အခါ ဆွန်ကော်ရင်းက နှာခေါင်းရှုံ့ရင်း ပြန်ဖြေ လိုက်၏။

"ဟမ့် ဒီကလေးက ရူးကြောင်ကြောင် ပြောနေတာ ပဲ..ငါ က ဘယ်လိုပြောရမှာလည်း.."

ရှုလင်းက ပြတ်ပြတ်သားသား ပြောလိုက်၏။

"ရှင် မထိန်းနိုင်ရင်လည်း သူ့ကို စိတ်ကျန်းမာရေး ဆေးရုံ ပို့လိုက်လေ.ဆရာဝန်နဲ့ ကုခိုင်းလိုက်ပါလား .."

"မလုပ်ပါနဲ့.."

ဆွန်းကော်ရင်းမှာ ထိုစကားကို ကြားသောအခါ စိတ် ဓာတ်ကျသွားပြီး အမြန်ပြောလိုက်ရသည်။

"ငါ့မှာ သူ့ကို ဆေးကုပေးဖို့ ပိုက်ဆံမရှိဘူး.. နောက် ဆို ငါ သေချာကြည့်ထားပါ့မယ်..."

ပြောပြီးသည်နှင့် သူက ဆွန်းတာဝေဘက်သို့ လှည့် ကာ အော်ပြောလိုက်၏။

"ဟိတ်ကောင့် မင်း အခု ဆင်းလာခဲ့..အမြန်အိမ်ပြန် မယ်.."

ဆွန်းတာဝေမှာ အမြင့်ကြောက်သူဖြစ်သော်လည်း နောက်ဆုံးတွင် လူအများက ဝိုင်းကူပေးကြသဖြင့် အရှက်တကွဲဖြင့် အောက်သို့ တွားသွားဆင်းလာခဲ့ ရသည်။

ထို့နောက် သားအဖနှစ်ယောက်မှာ အရှက်ကွဲကွာ ပြ န်သွားကြပြီး ဝိုင်းအုံကြည့်နေသော လူအုပ်ကြီးလ ည်း လူစုကွဲသွားကြ၏။

အစ်မဟယ်ဟွာမှာ ငိုထားသဖြင့် မျက်လုံးများမှာ နီ ရဲဖောင်းမို့နေသည်ကို မြင်သောအခါ ရန်ကွမ်း၏ ရ င်ထဲတွင် အလွန်မခံမရပ်နိုင် ဖြစ်မိသော်လည်း မည် သို့နှစ်သိမ့်ရမှန်း မသိသဖြင့် ရွီလင်းကိုသာ အကူအ ညီတောင်းလိုက်ရသည်။

"မမရွှီ..သူ့ကို ကူညီပေးပါဦးနော်"

ရွီလင်းက ခေါင်းညိတ်ကာ သဘောတူလိုက်၏။

"အင်း.. နင် အရင်ပြန်နှင့်တော့.."

အိမ်ပြန်ရောက်သောအခါ ရန်ကွမ်းက မရီးဖြစ်သူ ဝူ ရှောင်လျန်းအားအဖြစ်အပျက်ကို ပြန်ပြောပြသော် လည်း သူ့ ရင်ထဲမှ မကျေမနပ်ဖြစ်မှုများမှာမူ ပျော က်ကွယ်မသွားသေးပေ။

ဝူရှောင်လျန်းကလည်း ဖူကျန့်ဟွာမှာ လူစိတ်မရှိသူ ကျေးဇူးကန်းသော ခွေးတစ်ကောင်ဖြစ်သည်ဟူ၍ ဒေါသတကြီး ဆဲဆိုနေပေသည်။

ထို့နောက် ဝူရှောင်လျန်းသည် ယာယာကို ချီကာ ဟ ယ်ဟွာ၏ အိမ်သို့ သွားလိုက်၏။မိုးချုပ်မှသာ သူမ သည် ရွီလင်းနှင့်အတူ ပြန်လာခဲ့၏။

အစ်မဟယ်ဟွာ အဆင်ပြေသွားပြီဟု ကြားလိုက်ရမှ သာ ရန်ကွမ်း စိတ်အေးခဲ့ရသည်။

ဝူရှောင်လျန်းက မှာလိုက်၏။

"ရှောင်ကွမ်း နင် ထမင်းစားပြီးရင် ဆေးခန်းသွားပြီး အစ်မဟယ်ဟွာအတွက် လိမ်းဆေးတချို့ သွားယူ ပေးလိုက်ဦး.."

"ဟုတ် မရီး.."

ရန်ကွမ်းက ခေါင်းညိတ် သဘောတူလိုက်သည်။

ညစာစားပြီးနောက် ရွာအနောက်ဘက်တွင်မူ ရွာသ ား များသည် သစ်ပင်ကြီးအောက်တွင် တစ်ဖန်ပြန် ၍ စကားစမြည် ပြောနေကြစဉ် ယန်ကွမ်းသည် အိမ် မှထွက်ကာ ဆေးခန်းသို့ လာလိုက်၏။

"ဒေါက် ဒေါက် ဒေါက်.."

ပွန်းပဲ့ဒဏ်ရာအတွက် လိမ်းဆေး ရှာနေစဉ်မှာပင် တံခါးခေါက်သံအား ရန်ကွမ်းကြားလိုက်ရသည်။ သူလှည့်ကြည့်လိုက်သောအခါ အစ်မဟယ်ဟွာကို တွေ့လိုက်ရသဖြင့် ရန်ကွမ်း အံ့အားသင့်သွား၏။

သူမ၏ ပါးပေါ်ရှိ ရိုက်နှက်ခံထားရသော လက်ဝါးရာ များမှာ ပျောက်ကွယ်နေပြီပြီး ဆံပင်ကိုလည်း သေ သေသပ်သပ် ပြန်စည်းထားကာ အဝတ်အစားများ ကိုလည်း သန့်ရှင်းလတ်ဆတ်သော အသစ်များဖြင့် လဲလှယ်ထားသည်။

သူမ အဆင်ပြေနေသည်ကို မြင်ရသောအခါ ရန်ကွ မ်းက ပြုံးရင်း ပြောလိုက်၏။

"အစ်မဟယ်... ဘာလို့ ဒီအထိ လာတာလဲဗျ.. ကျွန် တော် ခဏနေရင် ဆေးလာပို့ပေးမလို့ပဲဟာကိုဗျာ. ."

"ရတယ်..ငါပဲ လာယူလိုက်တော့မယ်"

ဟယ်ဟွာက တိုးတိုးလေး ပြောလိုက်ပြီးနောက် နော က်သို့လှည့်၍ တံခါး ပိတ်လိုက်သည်။ထိုမြင်ကွင်း ကို မြင်လိုက်ရသောအခါ ရန်ကွမ်း၏ နှလုံးမှာ ဒိတ် ခနဲ ဖြစ်သွားပြီး ခဏမျှ ကြောင်အနေမိ၏။

အစ်မဟယ်ဟွာက သူ့ဆီသို့ လျှောက်လာသည်ကို မြင်သောအခါ ရန်ကွမ်းသည် တံတွေးကို အသာမျို ချရင်း မေးလိုက်မိသည်။

"ဟို..ဟွာလေ..အမ ဘာလုပ်မလို့လဲဗျ.."

ဟယ်ဟွာက ရန်ကွမ်းကို စိုက်ကြည့်ကာ တိုးတိုး လေး မေးလိုက်၏။

"ရှောင်ကွမ်း... အစ်မက လှတယ်လို့ မင်းထင်လား"

ရန်ကွမ်းလည်း ခေါင်းညိတ်၍ ဖြေလိုက်၏။

"အာ..လှတာပေါ့၊ တကယ်လှပါတယ်ဗျာ.."

ဟယ်ဟွာ၏ မျက်နှာလေးသည် အနည်းငယ် နီမြန်း သွားပြီး သူမ၏ ခြေချောင်းလေးများကို ငုံ့ကြည့်က ာ လေသံတိုးတိုးဖြင့် ထပ်မေးပြန်သည်။

"ဒါဆို... နင် ငါ့ကို ရွံရှာလား.. ငါ့ကို အရှက်မရှိတဲ့ မိ န်းမတစ်ယောက်လို့ ထင်လား.."

ထိုစကားကို ကြားသောအခါ ယန်ကွမ်းက အမြန် ခေါင်းခါပြီး ဖြေလိုက်၏။

"ကျွန်တော် အဲဒီလို တစ်ခါမှ မတွေးဖူးပါဘူး အစ်

မဟယ်ရာ.."

"အွန်း..."

ဟယ်ဟွာက ခဏမျှ စဉ်းစားနေပြီးမှ ရုတ်တရက် ခေါ ယင်းမော့လာကာ ရန်ကွမ်း၏ မျက်လုံးများကို စိုက်ကြည့်ရင်း ပြောလိုက်၏။

"ဒါပေမဲ့ မင်းမှားနေပြီ..တကယ်တော့ ငါက မိန်းမ ဆိုးတစ်ယောက်ပါပဲ.."

"ဗျာ.."

ရန်ကွမ်းမှာ ကြောင်အသွားပြီး ဘာတွေဖြစ်နေမှန်း သူ နားမလည်နိုင်တော့ပေ။

သို့သော်လည်း ထိုအချိန်တွင် ဟယ်ဟွာသည် ရှေ့သို့ တိုးလာရာ သူတို့နှစ်ဦးကြား အကွာအဝေးမှာ စင်တီ မီတာ အနည်းငယ်သာ ကွာတော့၏။အစ်မဟယ်ဟွာ ၏ ကိုယ်သင်းနံ့သင်းသင်းလေးကိုပင် ရန်ကွမ်း ရနေ ပေသည်။

"ဂလု.."

ရန်ကွမ်းမှာ တံတွေးကို ထပ်မံမျိုချလိုက်မိပြီး ရင်ထဲ တွင်မူ ဘာလုပ်ရမှန်းမသိဘဲ လေထဲလွင့်နေသလို ခံ စားလိုက်ရ၏။ခဏမျှ အကြည့်ချင်းဆုံ ပြီးနောက် ဟယ်ဟွာ၏ နှု တ်ခမ်းထောင့်လေးများက အနည်းင ယ် ကွေးညွတ်သွားကာ သူမသည် ရန်ကွမ်း၏ ရင်ခွ င်ထဲသို့ တိုက်ရိုက် တိုးဝင်ကာ ဖက်လိုက်ပေသည်။

ရန်ကွမ်းမှာမူ တစ်ကိုယ်လုံး လျှပ်စစ်စီးသွားသလို တုန်တက်သွား၏။သူ့ ရင်ခွင်ထဲသို့ ရောက်နေသူမှာ နူးညံ့အိစက်နေပြီး ကိုယ်လေးမှာလည်း အနည်းငယ် တုန်ယင်နေသဖြင့် အစ်မဟယ်ဟွာလည်း စိတ်လှုပ် ရှားနေသည်မှာ သိသာလှ၏။

မသိစိတ်ဖြင့်ပင် ရန်ကွမ်းသည် အစ်မဟယ်ဟွာကို ပြန်ဖက်ရင်း တံတွေးမျိုချကာ မေးလိုက်မိသည်။

"အစ်မဟယ်..ဘာဖြစ်လို့လဲဟင်.."

"နင် ငါ့အပေါ် ကောင်းခဲ့တာတွေအတွက်... ဒီည အ စ်မ မင်းကို ကျေးဇူးဆပ်ချင်လို့ပါကွယ်..."

All Chapters