← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း ၁၇ မြို့ထဲသို့အသွား

ဟယ်ဟွာသည် တိုးညှင်းသော လေသံဖြင့် ပြောပြီး နောက် ခေါင်းမော့ကာ သူမ၏ မျက်ဝန်းအစုံတွင် ရှ က်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုတို့ ရောယှက်နေပြီး မေးလို က်၏။

"ရှောင်ကွမ်း နင် အစ်မကို ရွံမသွားဘူး မို့လား..”

ရန်ကွမ်း၏ ရင်ခုန်သံများမှာ ဗုံတီးနေသကဲ့သို့ မြန် ဆန်နေပြီး သူက အူကြောင်ကြောင်ဖြင့် ရယ်ကာပြန် ဖြေလိုက်သည်။

"ဗျာ... ဘယ်လိုလုပ်ပြီး ရွံရမှာလဲ..အစ်မရယ် ဟီး.."

ဟယ်ဟွာက ယန်ကွမ်းကို တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်၏။

"မရွံဘူးဆိုရင်... ဘာလို့ အခုထိ လူအတစ်ယောက် လို ကြောင်တောင်တောင် ဖြစ်နေရတာလဲဟင်.."

ရန်ကွမ်းသာ ဤစကားကို နားမလည်လျှင် သူသည် လူအစစ်စစ် ဖြစ်ပေလိမ့်မည်။သို့သော်လည်း သူက အနည်းငယ် တွေဝေနေဆဲဖြစ်ပြီး ဟယ်ဟွာကို ကြ ည့်ကာ မေးလိုက်မိသည်။

"အစ်မ.. ဒါက တကယ်ပဲ အဆင်ပြေရဲ့လား.."

"အမ်..ဘာကိုလဲ.."

ဟယ်ဟွာမှာ ခဏမျှ ကြောင်သွားပြီးမှ ယန်ကွမ်းဆို လိုသည့်အဓိပ္ပာယ်ကို နားလည်သွားကာ ပြန်မေးလို က်၏။

"နင်က ငါ့ကို အကျင့်စာရိတ္တမကောင်းတဲ့ မိန်းမတစ် ယောက်ဆိုပြီး အထင်သေးနေတာလား..”

ရန်ကွမ်းက အလောတကြီး ရှင်းပြလိုက်၏။

"ဟာ..မဟုတ်ပါဘူး.. မဟုတ်ပါဘူး အစ်မရယ်. ကျွန် တော့်မှာ အဲဒီလို အတွေးမျိုး မရှိပါဘူးဗျာ..”

"အဲဒါဆိုရင်လဲ ပြီးတာပဲ…"

ဟယ်ဟွာက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ငါ သေချာစဉ်းစားပြီးပြီ..ငါ့ဘာသာငါ ပျော်ပျော် ရွှင်ရွှင် နေရရင်ပဲ ကျေနပ်ပါပြီ.. တခြားလူတွေ ဘာ ပြောပြော ဂရုစိုက်နေစရာ မလိုပါဘူး..”

သူမသည် စကားပြောတာ ခေတ္တမျှ ရပ်တန့်လိုက်ပြီး နောက် ရန်ကွမ်း၏ မျက်လုံးများကို စိုက်ကြည့်ကာ ထပ်ပြောလိုက်၏။

"မစိုးရိမ်ပါနဲ့ အစ်မ မင်းကို တာဝန်ယူခိုင်းမှာ မဟု တ်ပါဘူးဟယ်..”

ရန်ကွမ်း တံတွေးကို ထပ်မံမျိုချလိုက်မိသည်။

မှည့်ဝင်းနေသော မက်မွန်သီးတစ်လုံးက သူ့ရှေ့မှော က်သို့ ရောက်ရှိနေသည့်နှယ် ထိုသို့သော ဆွဲဆောင်မှု ကို မမြည်းစမ်းဘဲ နေနိုင်ရန်မှာ ရန်ကွမ်းအတွက်မူ မ ဖြစ်နိုင်သလောက်ပင်။

သို့သော်လည့် သူ့ ရင်ထဲတွင် စိုးရိမ်စိတ်အချို့ ရှိနေ ဆဲဖြစ်ပြီး ဤသို့လုပ်ဆောင်ခြင်းက မသင့်တော်ဘူး ဟူ၍ ခံစားနေရသည်။

ရလဒ်အနေဖြင့် သူတွေဝေနေစဉ်မှာပင် ဟယ်ဟွာက ဦးဆောင်ကာ သူမ၏ မွှေးပျံ့သော နှုတ်ခမ်းအစုံဖြ င့် ယန်ကွမ်းအား စတင်နမ်းရှိုက်လိုက်၏။

နှုတ်ခမ်းချင်း ထိတွေ့သွားသည့် အချိန်မှာပင် ရန်ကွ မ်း၏ ဦးနှောက်ထဲတွင် ဗလာဖြစ်သွားပြီး ဘာကိုမျှ မစဉ်းစားနိုင်တော့ပေ။ထို့နောက်တွင်မူ ပင်ကိုယ်ဗီဇ အတိုင်း ရင်ခွင်ထဲမှ အစ်မဟယ်ဟွားအား တင်းကျ ပ်စွာ ယန်ကွမ်း ပြန်လည်ဖက်ထားလိုက်ပေသည်။

အချိန်အတော်ကြာပြီးနောက် အခန်းတွင်းရှိ လှုပ်ရှား မှုများအားလုံး ငြိမ်သက်သွား၏။ဟယ်ဟွာသည်လ ည်း အမြန်ထကာ အဝတ်အစားများကို တစ်ခုချင်း ပြန်လည်ဝတ်ဆင်လိုက်သည်။

သူမ၏ ပုံစံကို မြင်သောအခါ ရန်ကွမ်းက ပြုံးရင်း မေးလိုက်၏။

"အစ်မဟယ်... ဘာလို့ ဒီလောက်တောင် လောနေရ တာလဲဗျ.. "

ဟယ်ဟွာက ပြန်ဖြေလိုက်သည်။

"ရှောင်ကွမ်း... အစ်မ နင့်ကို ဒီတစ်ကြိမ်ပဲ ပေးနိုင် တော့မယ်..မနက်ဖြန် နေ့လယ်ပိုင်း အားတယ်ဆိုရင် အစ်မအိမ်ကို လာခဲ့ဦးနော်"

သူမ၏ ထူးဆန်းသော အမူအရာကို ကြည့်ပြီး ရန်ကွ မ်းက ပြန်မေးလိုက်၏။

“ဘာလို့လည်းဟင်..”

"မနက်ဖြန်ကျရင် နင် အလိုလို နားလည်သွားမှာပါ အခုတော့ အိမ်ကို အမြန်ပြန်တော့..မဟုတ်ရင် နင့်မ ရီး အတွင်းရေးမှူးရှုတို့ တစ်မျိုးထင်နေကြလိမ့်မယ် "

ဟယ်ဟွာသည် ထိုသို့ပြောရင်း နောက်ဆုံးကြယ်သီး ကို တပ်ကာ ရန်ကွမ်း၏ နဖူးအား ငုံ့နမ်းလိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် တွန့်ဆုတ်နေသော အရိပ် အယောင်အချို့ ရှိနေသော်လည်း ချက်ချင်းပင် လှ ည့်ထွက်သွား၏။

ပြတင်းပေါက်အပြင်ဘက်တွင် မှောင်ရီပျိုးစပြုနေ ပြီ ဖြစ်သည်။ရန်ကွမ်းသည် အပြင်ဘက်မှ မှောင်မ ည်းနေသော ကောင်းကင်ယံကို ကြည့်ရင်း စိတ်နှင့် ကိုယ်မကပ်ဘဲ ခဏမျှ ငိုင်နေမိသည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို ရန်ကွမ်း မသိ တော့ပေ။သူ သတိပြန်ဝင်လာသောအခါတွင် အိပ်ရ ာပေါ်မှ အမြန်ထလိုက်၏။ အိမ်ပြန်ရောက်သောအ ခါ ညနက်နေပြီဖြစ်သည်။

ဝူရှောင်လျန်းနှင့် ရှုလင်းတို့၏ အခန်းထဲတွင် မီးများ ပိတ်ထားပြီဖြစ်ရာ သူတို့နှစ်ဦးစလုံး အိပ်ရာစောစော ဝင်သွားကြပုံရ၏။

ရန်ကွမ်းလည်း သူတို့ကို မနှောင့်ယှက်တော့ဘဲ တိတ် တဆိတ်ပင် သူ၏အခန်းထဲသို့ ပြန်လာကာ တင်ပလ္လ င်ခွေထိုင်၍ ရှန်းနူန်းကျွယ်ကျင့်စဉ်ကို စတင်လေ့ကျ င့်နေလိုက်သည်။

နောက်တစ်နေ့ နံနက်တွင် ရန်ကွမ်း အပြင်ထွက်လာ သောအခါ ရှုလင်းနှင့် ဝူရှောင်လျန်းတို့ မျက်နှာသစ် နေသည်ကို တွေ့ရသဖြင့် ပြုံးရွှင်စွာ နှုတ်ဆက်လို က်၏။

ထိုနတ်မိမယ်လေးနှစ်ပါးမှာ ထူးခြားမှုမရှိဘဲ ပုံမှန်အ တိုင်းပင် ဖြစ်နေကြရာ ညကကိစ္စအား သူတို့ သိပုံမ ရပေ။

မျက်နှာသစ်ပြီးနောက် မနက်စာစားနေစဉ် ရန်ကွမ်း ပြောလိုက်၏။

"မရီး..ကျွန်တော် ဒီနေ့ မြို့ကိုသွားပြီး ရွှေတုံးသွား ရောင်းမလို့.. အဲဒါရောင်းရရင် အကြွေးဆပ်ရုံတင် မ ကဘူး..ကျန်တဲ့ပိုက်ဆံကို စိုက်ပျိုးရေးအတွက် အရ င်းအနှီး လုပ်လို့လည်း ရတာပေါ့.."

ရွှီလင်းက အကြံဝင်ပေးလိုက်သည်။

"ရှောင်ကွမ်း..နင့် ရွှေတုံးကို ရွှေဆိုင်မှာ သွားရောင်းဖို့ ငါ အကြံမပေးချင်ဘူး.. တချို့လူတွေက ဒီလို သဘ ာဝအတိုင်းထွက်တဲ့ ရွှေအရိုင်းတွေကို စုဆောင်းရ တာ ဝါသနာပါကြတယ်..ရွှေပေါက်ဈေးအတိုင်း ရေ ာင်းတာထက်စာရင် အဲဒီလိုလူတွေကို ရောင်းတာ က ပိုပြီး ဈေးကောင်းရတယ်ဟ.."

ရန်ကွမ်းက ခေါင်းယမ်းကာ မေးလိုက်၏။

"ဒါပေမဲ့ အဲဒီလို စုဆောင်းဝါသနာပါတဲ့လူတွေကို ဘ ယ်မှာ သွားရှာရမလဲ မမလေးရွှီရဲ့.."

"အော် နေအုန်း ငါနဲ့ သိတဲ့လူတစ်ယောက်ရှိတယ်..န င့် သူ့ဖုန်းနံပါတ်ပေးလိုက်မယ်.. မြို့ထဲရောက်ရင် သူ့ ဆီ သွားကြည့်လိုက်လေ..”

"

ရန်ကွမ်းမှာ အလွန်ဝမ်းသာသွားပြီး ပျော်ရွှင်စွာဖြင့် သူ၏ ခေါက်ဖုန်းလေးကို ထုတ်ရင်း မေးလိုက်သည် ။

"သူ့ နံပါတ်က ဘယ်လောက်လဲ.."

ရွှီလင်းက ဖုန်းနံပါတ်ရွတ်ပြရင်း သေချာမှာလိုက်သ ည်။

"သူ့နာမည်က ချီချင်းရွှေတဲ့ အစ်မထက် တစ်နှစ်ကြီ းတယ် နင် သူ့ကို တွေ့တဲ့အခါ စကားကို ချိုချိုသာ သာ ပြောဖို့ မမေ့နဲ့ဦးနော်..”

ဝူရှောင်လျန်းက ရယ်ရင်း ပြောလိုက်ပေသည်။

"ဒါကတော့ ညီမလေးရွှီ သတိပေးနေစရာ မလိုပါဘူ း ရှောင်ကွမ်းက အဲဒီ့နေရာမှာ ဆရာကြီးပဲဟာ ခစ် ခစ်.."

"အာ... မရီးကလည်း ကျွန်တော့်ကို နောက်မနေပါ နဲ့ဗျာ..ဟီး..”

ရန်ကွမ်းက ပြုံးရင်း ရွှီလင်းကို ကျေးဇူးတင်စကား ပြောလိုက်သည်။ထို့နောက် အိမ်ထဲသို့ဝင်ကာ ရွှေတုံး ကို ယူ၍ သေသေချာချာ ထုပ်ပိုးပြီး ကျောပိုးအိတ် ထဲသို့ ထည့်လိုက်သည်။

အိမ်မှထွက်လာပြီးနောက် ရန်ကွမ်းသည် တက်ကြွ နေသော စိတ်ဖြင့် မြို့ပေါ်သို့ တက်လာခဲ့၏။

ချုံရှန်းကျေးရွာနှင့် နှစ်ကီလိုမီတာဝေးသော လုရွှေ ကျေးရွာသို့ လမ်းလျှောက်သွားပြီးနောက် မြို့တက် မည့် နံနက်ခင်းဘက် ထွက်သည့်ဘတ်စ်ကားကို ယန် စီးလိုက်သည်။ထို့နောက် သူ၏ဖုန်းကိုထုတ်ကာ ချီချင်းရွှေ၏ ဖုန်းအား ခေါ်လိုက်၏။

ဖုန်းဝင်သွားသောအခါ နူးညံ့ပျော့ပျောင်းသော အ မျိုးသမီးအသံတစ်သံကို ယန်ကွမ်း ကြားလိုက်ရသ ည်။

"ဟဲလို ဘယ်သူပါလဲရှင့်…"

"ကျွန်တော် ရန်ကွမ်းပါအစ်မ..အစ်မလေးရွှီလင်းက

ဖုန်းဆက်ခိုင်းလိုက်လို့ပါ..အစ်မချင်းရွှေ မြို့ထဲမှာ ရှိ လားခင်ဗျ.."

ချီချင်းရွှေက ပြန်မေးလိုက်သည်။

"ဟုတ်ကဲ့ ရှိပါတယ် ဒါနဲ့လေ ကျွန်မနဲ့ ဘာကိစ္စ ရှိလို့ လဲရှင့်..”

.

"အော်.. အစ်မကို ပြစရာလေးတစ်ခု ရှိလို့ပါ"

"ဪ... ဒါဆိုရင် မြို့ထဲရောက်တဲ့အခါ သဘာဝ စားသောက်ဆိုင်ကို လာခဲ့လိုက်လေ…"

"ဟုတ်ကဲ့ပါဗျ.."

ရန်ကွမ်းသည် လိပ်စာကို သေချာ မှတ်သားထားပြီး နောက် ဖုန်းချလိုက်သည်။ကားစထွက်လာပြီဖြစ်ရာ ရောက်ရန် တစ်နာရီခန့် လိုသေးသော်လည်း ရန်ကွမ် း၏ စိတ်မှာ မြို့ထဲသို့ ကြိုရောက်နေပြီဖြစ်သည်။

သိပ်မကြာခင်မှာပင် ပိုက်ဆံအများကြီး ရတော့မည် ဟု တွေးမိကာ ရန်ကွမ်းသည် စိတ်လှုပ်ရှားမှုများ ပြ ည့်နှက်နေ၏။

နောက်ဆုံးတွင်မူ ဘတ်စ်ကားလေးသည် မြို့ထဲသို့ ရောက်ရှိလာရာ ရန်ကွမ်းသည် ကားပေါ်မှဆင်းပြီး လူတစ်ယောက်ကို လမ်းမေးကြည့်လိုက်သည်။ထို စားသောက်ဆိုင်မှာ ကားဂိတ်နှင့် သိပ်မဝေးကြောင်း ရန်ကွမ်း သိရသဖြင့် ကားငှားမနေတော့ဘဲ လမ်း လျှောက်လာလိုက်၏။

ဆိုင်ရှေ့သို့ရောက်သောအခါ စားသောက်ဆိုင်ဆို သော်လည်း သုံးထပ်အဆောက်အအုံဖြင့် အလွန်ကျ ယ်ဝန်းသော ဟိုတယ်ကြီး ဖြစ်နေသည်အား ယန်ကွ မ်း တွေ့လိုက်ရသည်။

ကျောပိုးအိတ်ကို လွယ်ကာ အထဲသို့ ယန်ကွမ်းဝင် လာ သည်နှင့် စားပွဲထိုးအမျိုးသမီးလေးတစ်ဦးက ပြုံးရွှင်စွာ နှုတ်ဆက်လိုက်၏။

"မင်္ဂလာပါရှင်.. စားပွဲဝိုင်း ကြိုတင်မှာယူချင်လို့လား ရှင်.."

နံနက်ခင်းအချိန်သာ ရှိသေးသဖြင့် အစားအသောက် လာစားသူ မဟုတ်နိုင်ဟု ယူဆကာ ထိုသို့မေးလိုက် ခြင်းဖြစ်သည်။

ရန်ကွမ်းက စိတ်ထဲမှ ပြုံးလိုက်မိသည်။ထိုမျှ ခမ်းန ား သော နေရာမျိုးတွင် စားပွဲဝိုင်းမှာယူရန် သူ မ တတ်နိုင်သေးပေ။ဆိုင်ကြီးက အလွန်ကျယ်လှသဖြ င့် တစ်နပ်စားလျှင်ပင် အနည်းဆုံး ယွမ်ရာဂဏန်း လောက် ကုန်ကျနိုင်သည်ဟု ယန်ကွမ်း တွေးမိလိုက် ၏။

ရန်ကွမ်းက ခေါင်းခါကာ ရှင်းပြလိုက်သည်။

"ကျွန်တော်က အစ်မချင်ချင်းရွှေနဲ့ တွေ့ချင်လို့ပါ ဗျ.."

"ဪ... မန်နေဂျာချီနဲ့ တွေ့မလို့လား.. ခဏစောင့် ပေးပါဦးနော် ကျွန်မ ဖုန်းဆက်မေးပေးပါ့မယ်.."

ထိုသို့ပြောပြီးနောက် စားပွဲထိုးမလေးသည် ကောင် တာသို့ အပြေးအလွှား သွားလိုက်သည်။

အတည်ပြုပြီးနောက် သူမ ပြန်လာကာ ပြောလိုက် ၏။

"မန်နေဂျာချီရဲ့ ရုံးခန်းက အနောက်ဘက်မှာ ရှိပါ တယ်..ကျွန်မနောက် လိုက်ခဲ့ပါရှင့်"

ရန်ကွမ်းက ချိုချိုသာသာလေး ပြန်ပြောလိုက်သည် ။

"ကျေးဇူးပါပဲ အစ်မ..”

စားပွဲထိုးမိန်းခလေးမှာ ရှက်ပြုံးလေးဖြင့် ပါးစပ်ကို အုပ်ကာ ရှေ့မှဦးဆောင်၍ လျှောက်လာခဲ့၏။သူမ နောက်မှ လိုက်လာရင်း ဟိုတယ်၏ အလှဆင်ထားပုံ များကို ရန်ကွမ်း သေချာ ကြည့်နေမိသည်။

ပတ်ပတ်လည်တွင် စိမ်းစိုနေသော အပင်အမျိုးမျိုး ဖြင့် ဝန်းရံထားရာ တောအုပ်ထဲသို့ ရောက်သွားသလို ယန်ကွမ်း ခံစားနေရ၏။

“လခွမ်း..ဒါကြောင့်လည်း သဘာဝ စားသောက်ဆိုင် လို့ ခေါ်တာကိုး..သဘာဝတောတောင် အငွေ့အသက် အတိုင်း ပြင်ဆင်ထားတာပဲ.. မိုက်လိုက်တာကွာ..”

ခဏအကြာတွင် ရုံးခန်းတံခါးရှေ့သို့ ယန်ကွမ်းတို့ ရောက်ရှိလာသည်။စားပွဲထိုးမလေးက တံခါးကို ခေါ က်လိုက်ရာ အတွင်းမှ ချီချင်းရွှေ၏ အသံထွက်ပေါ် လာ၏။

"ဝင်ခဲ့ပါရှင့်.."

ရန်ကွမ်းက တံခါးဖွင့်၍ ဝင်လိုက်သောအခါ စားပွဲတွ င်ထိုင်ကာ စာရွက်စာတမ်းများကို စစ်ဆေးနေသော မျက်မှန်နှင့် အမျိုးသမီးတစ်ဦးအား တွေ့လိုက်ရသ ည်။

သူမပုံစံမှာ ဆံပင်ရှည်ရှည်၊ မျက်ခုံးတန်းတန်း၊နှာတံ စင်းစင်းနှ င့် ချယ်ရီသီးလေးလို သေးငယ်လှပသော နှုတ်ခမ်းအစုံဖြင့် တကယ့်ကို လှပလွန်းသော မိန်းမ လှလေးတစ်ဦးပင်။

ရွှီလင်း၏ အလှကို 'နတ်မိမယ်လေးတစ်ပါး' ဆိုနိုင် လျှင် ဤချီရင်ရွှေး၏ အလှမှာမူ 'တစ်ပြည်လုံးကို မှ င်သက်သွားစေနိုင်လောက်သည့် အလှမျိုး' ဟူ၍ပင် တင်စားရပေလိမ့်မည်။

ထို့ကြောင့် ရန်ကွမ်းသည် အူကြောင်ကြောင်ဖြင့် ထို အလှလေးအား ငေးကြည့်နေမိပြီး စကားပြောရန် ပ င် လုံးဝမေ့နေ၏။ချီချင်းရွှေမှာမူ ဘာသံမှ ထပ်မ ကြားရသဖြင့် မော့ကြည့်လိုက်ရာ သူမကိုယ်တိုင်လ ည်း ခဏမျှ ကြောင်အသွားရသည်။

ထို့နောက် သူမက ပြုံးပြရင်း မေးလိုက်၏။

"နင်က.. ရန်ကွမ်း မဟုတ်လား..”

ထိုစကားသံကြောင့် ရန်ကွမ်းတစ်ယောက် သတိပြန် ဝင်လာပြီး ခေါင်းကို ကုတ်ကာ လွှတ်ခနဲ ပြောလိုက် မိပေသည်။

"ဟုတ်ကဲ့... ကျွန်တော်ပါပဲ.. မင်္ဂလာပါ အစ်မချင်း ရွှေ ..အစ်မက အရမ်း လှတာပဲဗျာ..”

အခန်း 18 ရွှေတုံး၏ စျေးနူန်းအား သတ်မှတ်ခြင်း

ချီချင်းရွှေသည် ထိုကဲ့သို့သော ချီးမွမ်းစကားများကို နားယဉ်နေပြီဖြစ်သဖြင့် ခပ်အေးအေးပင် ပြုံးကာ ပြောလိုက်၏။

"ကျေးဇူးပါပဲ..အမြန်ထိုင်ပါဦး..."

ရန်ကွမ်းလည်း ခေါင်းညိတ်ပြကာ ဆိုဖာပေါ်တွင် ဝင် ထိုင်လိုက်သည်။

ချီချင်းရွှေက ရန်ကွမ်းကို ကြည့်ကာ မေးလိုက်၏။

"အစ်မကို ပြစရာရှိတယ်ဆိုတာ ဘာလဲဟင်.."

ရန်ကွမ်း၏ မျက်လုံးများမှာ သူမဆီမှ မခွာနိုင်အော င် ဖြစ်နေသော်လည်း လက်ကမူ ကျောပိုးအိတ်ထဲမှ ခွေးခေါင်းရွှေတုံးကို ချက်ချင်း ထုတ်ယူလိုက်သည် ။

အထပ်ထပ် ပတ်ထားသော သတင်းစာ စက္ကူများကို ယန်ကွမ်း ဖယ်ရှားလိုက်သောအခါ ဝင်းလက်တော က်ပနေသော ရွှေတုံးရိုင်းကြီး ပေါ်လာရာ ချီချင်းရွှေ တစ်ခဏမျှ မှင်သက်သွားပေသည်။ဝူရှောင်လျန်း တို့ကဲ့သို့ပင် သူမသည်လည်း ထိုမျှကြီးမားသော ရွှေတုံးကြီးကို မြင်လိုက်ရသည့်အတွက် မအံ့ဩဘဲ မနေနိုင်တော့ပေ။

ထို့နောက် သူမသည် ထိုင်ခုံမှထကာ ရန်ကွမ်းအနီး သို့ လျင်မြန်စွာ လျှောက်လာပြီး မေးလိုက်သည်။

"အိုး..ဒါ..ဒါက... ရွှေအစစ်လား.."

သူမ ဝတ်ဆင်ထားသော ဂါဝန်ဖြူလေးမှာ ဒူးအထိ သာရှိသဖြင့် ဖြောင့်စင်းသွယ်လျသော ခြေသလုံး လေးများမှာ အထင်းသား ပေါ်နေ၏။တစ်ချိန်တည်း မှာပင် သင်းပျံ့သော ရနံ့လေးက နှာခေါင်းထဲ တိုးဝ င် လာရာ ရန်ကွမ်းက တံတွေးကို မျိုချလိုက်မိပြီး ပြ န်ဖြေလိုက်သည်။

"ဟုတ်ကဲ့.. ဒါက ကျွန်တော် မနေ့က တောင်ပေါ်မှာ ကောက်ရခဲ့တဲ့ ရွှေတုံးပါပဲ.."

"တကယ်ကို လှတာပဲနော်.."

ချီချင်းရွှေသည် ထိုရွှေတုံးကြီးကို လက်မှမချချင် လောက်အောင်ပင် တယုတယ ကိုင်ကြည့်နေမိသည် ။ထို့နောက် သူမက မေးလိုက်၏။

ရန်ကွမ်းက တည်တည်ညိမ်ညိမ်ပင် ပြောလိုက်သည် ။

"ဟုတ်ကဲ့..ဒါကြောင့်လည်း အစ်မဆီ လာခဲ့တာပါ.. အစ်မရွှီလင်းက ပြောတယ်... ဒီလိုပစ္စည်းမျိုးကို ဝါ သနာပါလို့ စုဆောင်းတဲ့သူတွေရှိတယ်...ရွှေဆိုင်မှာ သွားရောင်းရင် ဈေးသိပ်မရဘူးတဲ့.."

ယန်ကွမ်း၏ ပွင့်လင်းမှုကို မြင်သောအခါ ချီချင်းရွှေ က ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။

"ဟုတ်တယ်.ဒီလိုအရာမျိုးက သဘာဝအတိုင်း ထွ က်လာတာကြောင့် အလှဆင်တဲ့ ကျောက်မျက်ရတ ထက် ပိုတန်ဖိုးရှိတာလေ..တကယ်လို့ ရွှေဆိုင်မှာ သွားရောင်းပြီး အရည်ကြိုလိုက်မယ်ဆိုရင်တော့ အ လဟဿ ဖြစ်သွားမှာပဲ.."

ပြောပြီးနောက် သူမက ရန်ကွမ်းကို ကြည့်ကာ မေး လိုက်သည်။

"ဒါကို မင်းက ဘယ်လောက်နဲ့ ရောင်းဖို့ စိတ်ကူးထ ား လဲ.."

ရန်ကွမ်းမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွား ပြီး ပြန်မေးလိုက်၏။

"ကျွန်တော်က ဈေးနှုန်းကို သေချာမသိလို့လေ. .ဒါ ကြောင့် အစ်မချင်းရွှေပဲ ကူညီပြီး ဈေးဖြတ်ပေးဖို့ တောင်းဆိုချင်တာပါ.."

"အော်..အဲလိုလား"

ချီချင်းရွှေက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက် ၏။

"ကောင်းပြီလေ..အစ်မကိုယ်တိုင်လည်း ဒါကို အ သေးစိတ်တော့ နားမလည်သေးဘူး..ဒါပေမဲ့ ရွှေဆို င်တစ်ဆိုင်ကို မင်းအရင်သွားပြီး သူတို့ ဘယ်လော က်ပေးနိုင်လဲဆိုတာ စုံစမ်းကြည့်လိုက်ပါ.. ပြီးရင် အစ်မက အဲဒီဈေးရဲ့ နှစ်ဆပေးပြီး ဝယ်မယ်.. မင်း ဘယ်လိုသဘောရလဲ.."

ရန်ကွမ်းက အားနာစွာ ပြောလိုက်သည်။

"နှစ်ဆကြီးတောင် မလိုပါဘူးဗျာ..တကယ်လို့ အစ်မ ချင်းရွှေက တကယ်ကြိုက်တယ်ဆိုရင် ရွှေဆိုင်ထ က် နည်းနည်း ပိုပေးရင်ကို ကျေနပ်ပါပြီဗျာ.."

ချီချင်းရွှေက ပြုံးကာ ရှင်းပြလိုက်၏။

"ဒီရွှေတုံးကို အစ်မ တကယ်သဘောကျတယ်.. အစ် မ..ရုံးခန်းမှာ အလှပြပစ္စည်းအဖြစ် ထားချင်တာ"

"အစ်မစိတ်ထဲမှာတော့ ပေးချင်တဲ့ဈေး ရှိပြီးသားပါ .. ဒါပေမဲ့ မင်း နစ်နာမှာစိုးလို့ ရွှေဆိုင်မှာ အရင်သွား မေးကြည့်ကြတာပေါ့..."

ထိုစကားကို ကြားသောအခါ ရန်ကွမ်းက ခေါင်းညိ တ်ကာ သဘောတူလိုက်သည်။

"ကောင်းပါပြီဗျာ..အစ်မက ပွင့်လင်းတဲ့သူဆိုတော့ ကျွန်တော်လည်း အများကြီး အားနာမနေတော့ဘူး .."

ချီချင်းရွှေက ရယ်ရင်း ပြောလိုက်၏။

"ခစ်ခစ် အစ်မက ပွင့်လင်းတယ်..မင်းကလည်း ရိုး သားတယ်..ဒီ.အရောင်းအဝယ်က တကယ်ကို ကြ ည်နူးဖို့ကောင်းမှာပဲ.."

ထို့နောက် နှစ်ဦးသား အပြင်သို့ထွက်ကာ ကားပါက င်သို့ တန်းသွားလိုက်သည်။

ချီချင်းရွှေက အနီရောင် ကားလေးတစ်စီးပေါ်သို့ တ က်လိုက်သည်ကို မြင်သောအခါ ရန်ကွမ်းမှာ မျက် လုံးအပြူးသား ဖြစ်ကာ ချီးမွမ်းလိုက်၏။

"ဝိုး..အစ်မက တကယ့်ကို ချမ်းသာတာပဲဗျာ.."

ချီချင်းရွှေက ပါးစပ်လေးအုပ်ကာ ရယ်မောလိုက်သ ည်။

"မဟုတ်တာ... ဒီကားက တန်ဖိုးသိပ်မရှိပါဘူးကွယ် ခစ်ခစ်ခစ်"

"ကျွန်တော်ကတော့ ဘယ်လိုမှ ဝယ်နိုင်မှာ မဟုတ် ဘူးဗျာ.."

ရန်ကွမ်းသည် ကား၏ သားရေထိုင်ခုံများကို ကိုင် ကြည့်ရင်း အားကျလွန်းသဖြင့် သွားရည်ပင် ကျချ င်လာသည်။

မြို့က သိပ်မကျယ်သဖြင့် သူတို့နှစ်ဦးသည် ရွှေဆိုင် တစ်ဆိုင်သို့ မကြာမီ ရောက်ရှိလာကြသည်။ဆိုင်ထဲ သို့ ရောက်သောအခါ ချီချင်းရွှေက အရောင်းဝန် ထမ်းကို ပြောလိုက်၏။

"မန်နေဂျာမု ကို ခေါ်ပေးပါဦး"

"ဟေး..ဒါက. မန်နေဂျာချီပါလား..ဘယ်က ဘယ်လို လေညင်းတွေ တိုက်လို့ ဒီကို ရောက်လာတာလဲဗျ.."

ထိုအသံထွက်ပေါ်လာပြီးနောက် အရပ် (၆) ပေနီး ပါး မြင့်သော အမျိုးသားတစ်ဦး အနောက်ဘက်မှ ထွက်လာသည်ကို ရန်ကွမ်း တွေ့လိုက်ရသည်။

"မန်နေဂျာမု..ကျွန်မ ကိစ္စလေးရှိလို့ပါ..ကျွန်မမောင် လေးက ဒီဟာကို တောင်ပေါ်ကနေ ကောက်ရလာ တာလေ.. အဲဒါ ဈေးဘယ်လောက်ရှိမလဲဆိုတာ ခန့် မှန်းပေးပါဦး..."

ချီချင်းရွှေသည် တစ်ဖက်လူနှင့် အပိုစကားတွေ ပြောမနေချင်သဖြင့် လိုရင်းကိုသာ တန်းပြောကာ ရွှေတုံးအား ထုတ်ပြလိုက်သည်။ထိုရွှေတုံးကို မြင် လိုက်ရသည့် အချိန်တွင် မုဟောက်၏ မျက်လုံးများ အရောင်တောက်လာ၏။

ထို့နောက် သူသည် ရွှေတုံးကို ယူကာ သေသေချာ ချာ စစ်ဆေးပြီးနောက် ဒစ်ဂျစ်တယ်ချိန်ခွင်ကို ယူ ကာ အလေးချိန် ချိန်လိုက်သည်။

ကျွမ်းကျင်သူဖြစ်သည့်အတိုင်း ခဏအကြာတွင်မူ မုဟောက်က ကောက်ချက်ချလိုက်၏။

ထိုခွေးခေါင်းရွှေတုံးထဲ၌ ပါဝင်သော ရွှေအလေးချိ န်မှာ နှစ်ကီလိုဂရမ် (၁ ပိဿာကျော်) ခန့် ရှိနေသည် ။သို့သော်လည်း (၉၉.၉၉%) သန့်စင်သည့် ရွှေစင်မ ည်မျှ ထွက်လာသည်ကိုမူ အရည်ကြိုကြည့်မှသာ သိနိုင်မည်ဖြစ်သည်။

မုဟောက်က ရှင်းပြလိုက်၏။

"မန်နေဂျာချီ..ခင်ဗျားမောင်လေးက ကံကောင်းလှချ ည်လား.. ဒါကို အရည်ကြိုလိုက်မယ်ဆိုရင် ရွှေစင် တစ်ကီလိုဂရမ်ကျော်လောက် ထွက်မယ်လို့ ကျွန် တော် တွက်ချက်မိတယ်.. အဲဒါဆိုရင်တော့ ယွမ်လေ း သိန်းကျော်လောက် တန်ဖိုးရှိမှာဗျ.."

ချီချင်းရွှေကာ ပြုံးကာ ပြောပြီးနောက် ရွှေတုံးအား ပြန်လည် ထုတ်ပိုးလိုက်သည်။

"ဪ... ဒါပေမဲ့ ကျွန်မမောင်လေးက ရောင်းမလို့ မဟုတ်ပါဘူး..တန်ဖိုး သိချင်လို့ပဲ လာမေးတာပါ.. ဒီလောက်လှတဲ့ သဘာဝရွှေတုံးကြီးကို အရည်ကြိုပ စ်ဖို့ဆိုတာ နှမြောစရာကြီး မဟုတ်လား.."

၎င်းကို မြင်သောအခါ မုဟောက်မှာ လက်လွှတ်ရမှာ နှမြောသွားပုံရပြီး တံတွေး မျိုချကာ မေးလိုက်၏။

"မန်နေဂျာချီ... ဒါမှမဟုတ် ကျွန်တော် ယွမ်ငါးသိန်း ပေးမယ်..ကျွန်တော်တို့ဆိုင်ကိုပဲ ရောင်းလိုက်ပါလား ဗျာ.."

"မရောင်းပါဘူး.. ဒါကို ကျွန်မရုံးခန်းမှာ အလှပြဖို့ပဲ ထားမှာပါ.."

ချီရင်ရွှေးက ထိုသို့ပြောပြီးနောက် မုဟောက်ကို လ က်ပြကာ နှုတ်ဆက်လိုက်သည်။

"ကျေးဇူးပါပဲ မန်နေဂျာမု..နောက်မှတွေ့ ကြတာပေါ့ ရှင့်.."

ပြောပြီးသည်နှင့် သူမသည် နောက်သို့လှည့်ထွက်သွ ားရာ မုဟောက်မှာ စကားတစ်ခွန်းမှပင် ထပ်ပြော ခွင့်မရလိုက်ပေ။သူတို့နှစ်ဦး ကားပေါ်တက်သည် အ ထိ မုဟောက်က နောက်မှလိုက်လာပြီး တစ်ခုခု ပြော ချင်သလိုဖြင့် တွေဝေနေသည်ကို ယန်ကွမ်း တွေ့လို က်ရသေးသည်။

ကားမောင်းရင်း ချီချင်းရွှေက ရှင်းပြလိုက်၏။

"မြင်တယ်မလား.. သူက တကယ်တော့ ဒီရွှေတုံးကို သိမ်းထားချင်နေတာ..ဒါကို အပြင်မှာ ပြန်ရောင်းရင် ပိုပြီးဈေးကောင်းရနိုင်တယ်..ရွှေစင်အဖြစ် အရည် ကြိုလိုက်တာထက် အများကြီး ပိုတန်ဖိုးရှိတယ်လေ .."

ရန်ကွမ်း: "..."

သူ စကားမပြောဘဲ ငြိမ်နေသဖြင့် ချီချင်းရွှေက သိ ချင်စိတ်ဖြင့် လှမ်းကြည့်ကာ မေးလိုက်၏။

"ဘာဖြစ်လို့လဲ ရှောင်ကွမ်း.."

ရန်ကွမ်းက အံအားသင့်ကာ ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး..ဒီဟာက ဒီလောက်အထိ တန် ဖိုးရှိမယ်လို့ ကျွန်တော် မထင်ထားလို့ပါဗျာ.."

ချီရင်ရွှေးက ရယ်မောရင်း ပြောလိုက်သည်။

"ဒါက ဘာပြောစရာရှိလို့လဲ..အစ်မ အစက မင်းကို ယွမ်ငါးသိန်း ပေးမလို့ပဲ.. ဒါပေမဲ့ ခုနက ကတိအတို င်းဆိုရင်တော့ အစ်မ မင်းကို ယွမ်ကိုးသိန်း ပေးရမှာ ပေါ့.."

"ဗျာ ယွမ်ကိုးသိန်းတောင်လား.."

ရန်ကွမ်းမှာ မှင်သက်သွားပြီး မေးမိလိုက်၏။

"ဒီလောက်များတဲ့ ပိုက်ဆံနဲ့ဆိုရင် မြို့ထဲမှာ အိမ်နှစ် လုံးလောက် ဝယ်လို့ရတာပေါ့ ဟုတ်လား.."

"ရတာပေါ့."

ချီချင်းရွှေက ပြုံးလျက် ပြန်ပြောလိုက်သည်။မင်း တကယ်ဝယ်ချင်တယ်ဆိုရင် အစ်မ အိမ်တွေ မိတ် ဆက်ပေးလို့ရပါတယ်..မြို့ထဲက တချို့ရပ်ကွက် တွေဆို တော်တော်လေး ကောင်းတယ်.."

"ဟင့်အင်း..မဝယ်တော့ပါဘူးဗျာ.."

ရန်ကွမ်းက အလောတကြီး လက်ခါပြလိုက်သည်။

"ကျွန်တော်က သိချင်လို့ မေးကြည့်တာပါ ..အိမ်ဝယ် ဖို့ အစီအစဉ် မရှိသေးပါဘူး.ကျွန်တော်က တောသာ းပဲဥစ္စာ.."

ခဏမျှ စဉ်းစားပြီးနောက် ယန်ကွမ်းက ခေါင်းမော့ ကာ ပြောလိုက်၏။

"အစ်မ... ကိုးသိန်းဆိုတာ အရမ်းများလွန်းပါတယ်.. ခြောက်သိန်းလောက်ပဲ ပေးပါတော့"

ချီချင်းရွှေကာ အံ့အားသင့်သွားပြီး ယန်ကွမ်းကို လှ ည့်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင်မူ ထူးဆ န်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ထို့နောက် သူမက ပြုံးရင်း မေးလိုက်၏။

"နင်က တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင် လေးပဲ..ပိုက်ဆံတွေ အများကြီး ရှိနေမှာကို ကြောက် နေတာလား.."

ရန်ကွမ်းက မျက်နှာငယ်လေးဖြင့် ပြန်ပြောလိုက်သ ည်။

"ဟုတ်တယ်ဗျ..ဒီလောက်များတဲ့ ပိုက်ဆံတွေကို ဘ ယ်လိုသုံးရမှန်း ကျွန်တော် မသိဘူးဟီး.."

ချီချင်းရွှေမှာ ရန်ကွမ်းကို ပို၍ပင် စိတ်ဝင်စားသွား ကာ တခစ်ခစ်နှင့် သဘောတကျစွာ ရယ်မောနေမိ ၏။

ရယ်ပြီးနောက် သူမက ဆက်ပြောလိုက်သည်။

"ကတိပေးထားတာကိုတော့ ဖျက်လို့မရဘူးလေ..မ င်းက ငါ့ကို အစ်မလို့ ခေါ်ထားမှတော့ ငါက မင်းအ ပေါ် အမြတ်ထုတ်လို့ ဖြစ်မလား..."

ရန်ကွမ်းက တစ်ခုခု ထပ်ပြောရန် ပြင်သော်လည်း သူမက တားလိုက်၏။

"မင်းက အားနာနေဦးမယ်ဆိုရင်တော့ ငါ မင်းကို မောင်လေးအဖြစ် အသိအမှတ် မပြုတော့ဘူးနော်."

"ဒါဆိုလည်း ပြီးတာပါပဲဗျာ.."

ရန်ကွမ်းလည်း တခြားရွေးချယ်စရာမရှိတော့သဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်ရသည်။

နှစ်ဦးသား ရုံးခန်းသို့ ပြန်ရောက်သောအခါ ချီချင်း ရွှေက ကွန်ပျူတာကိုဖွင့်၊ဘ ဏ်အပက်လီကေးရှင်း ထဲသို့ဝင်ကာ သူမ၏ အကောင့်လက်ကျန်ကို စစ် ဆေးလိုက်၏။ထို့နောက် ခေါင်းမော့ကာ ရန်ကွမ်းအ ား မေးလိုက်သည်။

"မင်းရဲ့ ဘဏ်ကတ်နံပါတ် ဘယ်လောက်လဲ.."

ရန်ကွမ်းမှာ အံ့အားသင့်ကာ ပြန်ဖြေလိုက်ရ၏။

"ဗျာ ကျွန်တော့်မှာ ဘဏ်ကတ်မရှိဘူးလေ.."

ချီချင်းရွှေက ဆက်မေးလိုက်သည်။

"ဒါဆို မင်းဖုန်းထဲမှာ ငွေပေးချေတဲ့ အပက်လီကေး ရှင်းရော ရှိလား.."

"မရှိဘူးဗျ.."

ရန်ကွမ်းက သူ၏ ခေါက်ဖုန်းလေးကို ထုတ်ပြီး သေ သေချာချာ လိုက်ရှာကြည့်နေ၏။ချီချင်းရွှေမှာ ခဏ မျှ ကြောင်သွားပြီးနောက် အကျယ်ကြီး ရယ်မောနေ ပေသည်။

"ခစ်ခစ်ခစ် မင်းက ငါ့ကို ရယ်အောင် တမင်လုပ်နေ တာလား.. ကဲ... မင်း အောင်မြင်သွားပါပြီ.."

ရန်ကွမ်းမှာ အူကြောင်ကြောင်ဖြင့် ပြန်မေးလိုက်ရ ၏။

"ဘာဖြစ်လို့လဲ အစ်မချီရဲ့ ဘာလို့လဲဗျ.."

All Chapters