← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း 19 အနှိပ်ပညာ

ချီချင်းရွှေ ရှင်းပြလိုက်တော့မှ ရန်ကွမ်းလည်း အ ခြေအနေကို နားလည်သွားတော့သည်။အခုခေတ်မှာ စမတ်ဖုန်းတွေက ခေတ်စားနေပြီး ဒီလို ခေါက်ဖုန်း အမျိုးအစားကို လူကြီးအချို့ကလွဲလို့ ဘယ်သူမှ မ သုံးကြတော့ဘူးဆိုတာ သူ သိလိုက်ရ၏။

ကံကောင်းထောက်မစွာဖြင့် ချီချင်းရွှေမှာ စိတ်ပုပ် သူတစ်ဦးမဟုတ်ဘဲ ရန်ကွမ်း၏ပုံစံကို ကြည့်ကာ ပျော်စရာကောင်းသည်ဟုသာ ယူဆမိခြင်းဖြစ်သည် ။သူမသည် ရန်ကွမ်းကို ပို၍ပင် ခင်မင်သွားမိပြီး တ မင်စနောက်နေခြင်းသာ ဖြစ်၏။

ရန်ကွမ်းတွင် ငွေလက်ခံရန် နည်းလမ်းမရှိသလိုသူ မထံတွင်လည်း ထိုမျှများပြားသော ငွေသား လက်င င်းမရှိသဖြင့် ချီချင်းရွှေက ပြောလိုက်သည်။

"ကဲ... ဒါဆိုလည်း မင်း ဘဏ်ကိုသွားပြီး ဘဏ်ကဒ် တစ်ခု အရင်လုပ်လိုက်..ပြီးမှ အစ်မ မင်းဆီကို ပိုက် ဆံလွှဲပေးမယ်.."

ရန်ကွမ်းက ပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့.ဘဏ်ကဒ်ကို ကျွန်တော်တစ်ယောက်တည် း သွားလုပ်လို့ရပါတယ်..အစ်မ လိုက်မနေပါနဲ့...."

ချီချင်းရွှေကလည်း ခေါင်းညိတ်ကာ သဘောတူလို က်၏။

"ကောင်းပါပြီ..အစ်မ ရုံးခန်းမှာပဲ စောင့်နေမယ်နော် .."

ရန်ကွမ်းလည်း ထိုနေရာမှ အမြန်ထွက်လာခဲ့ပြီး မျ က်စောင်းထိုးတွင် ဘဏ်တစ်ခုကို တွေ့သဖြင့် ထိုဘ က်သို့ လျှောက်လာလိုက်သည်။တန်းစီစောင့်ဆိုင်းပြီ း နောက် ဘဏ်ကဒ်လျှောက်လိုက်ရာ နာရီဝက် ကျော်ကြာပြီးနောက်မှသာ ယန်ကွမ်းက ဘဏ်ကဒ် ကို ရရှိခဲ့သည်။

သူသည် စိတ်လှုပ်ရှားစွာဖြင့် ပြန်လာကာ ချီချင်းရွှေ ရုံးခန်းတံခါးဝသို့ ပြန်ရောက်လာချိန်တွင် တံခါးကို တွန်းဖွင့်ရန် ပြင်လိုက်စဉ်မှာပင် အတွင်းမှ စကားမျာ းနေသံကို ယန်ကွမ်း ကြားလိုက်ရ၏။

"ချင်းရွှေ. နင် က ဘာလို့ ဒီလောက် ခေါင်းမာနေရတ ာလဲ..မိသားစုက နင် ကောင်းဖို့အတွက် စီစဉ်ပေး တာ မဟုတ်လား.."

အမျိုးသားတစ်ဦး၏ အသံကို ယန်ကွမ်း ကြားလို က်ရ၏။

"စိတ်မရှိပါနဲ့..ဒီလိုမျိုး ကောင်းစေချင်တာကို ကျွ န်မ လက်မခံနိုင်ဘူး.."

ချီချင်းရွှေ၏ အသံမှာ အေးစက်နေပြီး ခုနက ရန်ကွ မ်းနှင့် စကားပြောနေစဉ်ကနှင့် လုံးဝကို ကွာခြားနေ ကာ ဒေါသထွက်နေပုံရသည်။

ရန်ကွမ်းသည် တံခါးဝတွင် ရပ်ကာ ခဏမျှ စဉ်းစား နေမိ၏။ယခုအချိန်တွင် သူ ဝင်သွားရန် မသင့်တော် သလို သူတို့နှင့်လည်း ရင်းနှီးမူ မရှိသေးသဖြင့် အ တွင်းမှ စကားများကို ခိုးနားထောင်နေလျှင်လည်း မ ကောင်းဘူးဟူ၍ ယန်ကွမ်း ခံစားနေမိသည်။

ထို့ကြောင့် ယန်ကွမ်းသည် နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်ပြီး နံရံကိုမှီကာ တိတ်တိတ်လေး စောင့် နေလိုက်၏။

အခန်းထဲတွင် ခဏမျှ ထပ်မံစကားများသံများ ကြ ားလိုက်ရပြီးနောက် တံခါးပွင့်လာကာ လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးမှာ စိတ်ပျက်လက်ပျက် အမူ အရာဖြင့် ထွက်လာခဲ့သည်။ထိုလူသည် ရန်ကွ မ်းကို လှည့်၍ပင်မကြည့်ဘဲ ဒေါသတကြီး ထွက်သွာ း၏။

ထိုလူ၏ ကျောပြင်ကို ကြည့်ပြီးနောက် ရန်ကွမ်းသ ည် တစ်ခုခုကို စဉ်းစားမိသွားကာ ချီချင်းရွှေ၏ ရုံးခ န်းထဲသို့ အမြန်ဝင်လာခဲ့သည်။

ယန်ကွမ်း အထဲသို့ ဝင်သွားသောအခါ သူမသည် ထို င်ခုံပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။သူမ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေပြီး နဖူးပေါ်တွင် ချွေးစေးများ ထွက်နေသဖြင့် ရန်ကွမ်းမှာ ထိတ်လန့် သွားကာ မေးမြန်းလိုက်သည်။

"အစ်မ... ဘာဖြစ်လို့လဲဟင်.."

"ဘာမှမဖြစ်ပါဘူး..ရေလေးနည်းနည်းလောက် သေ ာက်လိုက်ရင် ရပါပြီ.."

ချီချင်းရွှေက ခပ်နွမ်းနွမ်းလေး ပြုံးပြရင်း အားယူ ကာ ထရန် ကြိုးစားသော်လည်း ချက်ချင်းဆိုသလို ပင် သူမ ၏မျက်နှာပေါ်တွင် နာကျင်သော အမူအရ ာ ပေါ်လာ၏။၎င်းကို မြင်သောအခါ ရန်ကွမ်းက အ မြန်ရှေ့တိုးလာကာ သူမကို တွဲပေးလိုက်သည်။

"မလှုပ်ပါနဲ့ဦး..အစ်မချင်းရွှေ ..ကျွန်တော် လုပ်ပေးပ ါ့မယ်.."

ပြောပြီးသည်နှင့် ယန်ကွမ်းသည် ရေနွေးအိုးကို ရှာ ကာ သူမအတွက် ရေနွေးနွေးတစ်ခွက် ငှဲ့ပေးလိုက် သည်။

ချီရင်ရွှေး ရေသောက်ပြီးသော်လည်း သူမ၏ မျက် နှာမှာ သွေးရောင်ပြန်မတက်လာသည်ကို မြင်သဖြင့် ရန်ကွမ်းက သတိထားကာ မေးလိုက်၏။

"အစ်မ... ဒီရက်ပိုင်း အစ်မရဲ့ ဓမ္မတာ (ရာသီလာချိန် )နဲ့ တိုက်ဆိုင်နေလို့လား..."

"ဟင်.."

ချီချင်းရွှေမှာမူ အံ့အားသင့်ကာ ယန်ကွမ်းကို မော့ ကြည့်ရင်း ပြန်မေးလိုက်သည်။

"မင်း မင်းက ..ဒါကို ဘယ်လိုသိတာလဲ.."

ရန်ကွမ်းက ရှင်းပြလိုက်၏။

"တကယ်တော့ အစ်မကို ပြောဖို့ အချိန်မရသေးလို့ပါ ..ကျွန်တော်က ရွာက ဆရာဝန်တစ်ယောက်ပါ... အ စ်မရဲ့ လက္ခဏာတွေက လစဉ်ရက်အနည်းငယ်လော က် ခံစားရတတ်တဲ့ အဲဒီဝေဒနာနဲ့ တော်တော်လေး တူနေလို့ပါဗျ.."

"အိုး..မင်းက ဆရာဝန်တစ်ယောက်လား"

ချီချင်းရွှေခဗျာ ပို၍ပင် အံ့အားသင့်သွားကာ ရန်ကွ မ်းအား မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်နေ မိသည်။

ရန်ကွမ်းက ပြုံးရင်း ပြောလိုက်၏။

"တကယ်လို့ အစ်မ မယုံရင် ကျွန်တော် ကုပေးကြည့် မယ်လေ..နောင်ကျရင် ဒီဝေဒနာ ပျောက်သွားနိုင်တ ာပေါ့.."

ချီချင်းရွှေက ပြန်မေးလိုက်သည်။

"တကယ်လား..မင်းက..ဘယ်လိုကုမှာလဲ.."

"ကျွန်တော့်မှာ အခု ဆေးဖော်စပ်ဖို့ ပစ္စည်းတွေ မပါ လာဘူး..ဒါကြောင့် အနှိပ်ပညာနဲ့ပဲ ကုပေးလို့ရမှာ.."

ချီရင်ရွှေးမှာမူ နောက်တစ်ကြိမ် ကြောင်သွားပြီး မျ က်တောင်များ လှုပ်ခတ်ကာ ယန်ကွမ်းကို ကြည့်ပြီး မေးလိုက်သည်။

"နင်က..အတည်ပြောနေတာလား..."

"ကျွန်တော် မလိမ်ပါဘူး အစ်မရဲ့ တကယ်ပြောနေ တာပါ.."

ခဏမျှ တွေဝေသွားပြီးနောက် ချီရင်ရွှေးသည် သူမ ၏ ဝမ်းဗိုက်အောက်ပိုင်းမှ နာကျင်မှုကို ခံစားလိုက်ရ ၏။ခုနက စိတ်တိုထားသည်နှင့် ပေါင်းလိုက်သောအ ခါ ထိုနာကျင်မှုမှာ တကယ်ကို သည်းမခံနိုင်လောက် အောင် ဖြစ်လာခဲ့သည်။

ထို့ကြောင့် သူမက စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လို က်ပြီး ခေါင်းညိတ်ကာ သဘောတူလိုက်၏။

"ကောင်းပြီလေ..ဒါဆိုလည်း လာပြီး နှိပ်ပေးကြည့်ပ ါ တကယ်ပဲ သက်သာသွားမယ်ဆိုရင် အစ်မ မင်း ကို အများကြီး ကျေးဇူးတင်မိမှာပါ.."

ရန်ကွမ်းက ရယ်ရင်း ပြန်ဖြေလိုက်သည်။

"ကျေးဇူးတင်စရာ မလိုပါဘူးဗျာ..အစ်မချင်းရွှေကို ကုသပေးခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာ ပါပဲ ဟီးဟီး.."

ချီချင်းရွှေက ယန်ကွမ်းကို ကြည့်ရင်း သူပြောလိုက် သည့် စကားထဲတွင် တစ်ခုခု မှားနေသလို ခံစားရ သော်လည်း အချိန်ခဏလေးအတွင်း အဖြေမရှာနို င်သဖြင့် မေးမြန်းမိလိုက်၏။

"မင်း နှိပ်မှာက... ငါ့ဗိုက်ကို မဟုတ်ဘူးမလား.."

ရန်ကွမ်းက တည်ကြည်လေးနက်သော မျက်နှာ ထားဖြင့် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် အစ်မ.."

"ကောင်းပြီလေ"

ချီချင်းရွှေမှာမူ အခြားရွေးချယ်စရာမရှိတော့သဖြင့် ဖြည်းညင်းစွာ ထရပ်လိုက်ရင်း ပြောလိုက်၏။

"ကျွန်တော် တွဲပေးပါ့မယ်.."

ရန်ကွမ်းက ရှေ့သို့တိုးကာ သူမ၏ လက်မောင်းကို လှမ်းကိုင်လိုက်သည်။ချီချင်းရွှေ၏ အသားအရေမှာ ချောမွတ်ညက်ညောလွန်းလှပြီး ချွေးပေါက်လေးမျ ားပင် မရှိသယောင် ထင်မှတ်ရ၏။

သူမ၏ လက်မောင်းလေးများမှာ နူးညံ့အိစက်နေပေ သည်။ရန်ကွမ်း၏ ရင်ထဲတွင် လှုပ်ရှားသွားသဖြင့် စိ တ်ကို အမြန်ထိန်းချုပ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အ ပစ်တင်နေမိ၏။

"ဘယ်လိုအချိန်ကြီးမှာ အမြတ်ထုတ်ဖို့ တွေးနေတာ လဲ.. သူက မင်းအပေါ် အရမ်းကောင်းတာ.. လူယုတ် မာတစ်ယောက်လို မကျင့်စမ်းနဲ့..."

ဆိုဖာသို့ ရောက်သောအခါ ချီချင်းရွှေသည်အသာ အယာ လှဲလျောင်းလိုက်ပြီး ဂါဝန်အောက်နားလေး ကို မသိမသာ ဆွဲချလိုက်သည်။

၎င်းကို မြင်သောအခါ ရန်ကွမ်းသည် သူမ၏ ဂါဝန် အတွင်းပိုင်းကို မကြည့်မိစေရန် ခေါင်းရင်းဘက်သို့ အမြန် နေရာရွှေ့လိုက်ပြီး ပြောလိုက်၏။

"အချိန် သိပ်မကြာပါဘူး အစ်မရဲ့..ခဏလေးတော့ သည်းခံပေးပါနော်.."

"အင်း.."

ရန်ကွမ်း ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လက်ကို ဆ န့်ထုတ်ကာ သူမ၏ ဝမ်းဗိုက်ပေါ်သို့ တင်လိုက်သည် ။

ခဏအကြာတွင်မူ သူ၏ ချီစွမ်းအင်များမှာ အဝတ် စကို ဖောက်ထွက်၍ မရသည်ကို သတိထားမိသဖြင့် ယန်ကွမ်းက အားနာနာဖြင့် ပြောလိုက်ရ၏။

"အဝတ်အစားတွေ ခံနေတော့ အာနိသင် သိပ်မရှိဘူး ဖြစ်နေတယ်.အစ်မရဲ့..."

ချီရင်ရွှေး "..."

သူမက ခေါင်းစောင်းကာ ရန်ကွမ်း၏ မျက်နှာကို ကြည့်လိုက်သည်။ထိုကောင်လေးမှာ တကယ်ကို အ ခက်တွေ့နေသည့် ပုံစံပေါက်နေပြီး လိမ်ညာနေသည့် ပုံ မပေါ်သဖြင့် သူမသည် အပေါ်အင်္ကျီအောက်နား ကို ဖြည်းဖြည်းချင်း မတင်ပေးလိုက်ရ၏။

ထိုအခါ နှင်းပွင့်ကဲ့သို့ ဖြူဖွေးဝင်းပနေသော အသား အရေမှာ ပေါ်ထွက်လာသည်။ဝမ်းဗိုက်လေးမှာ ပြား ချပ်နေပြီး အဆီပိုဟူ၍ အစက်မျှပင် မရှိချေ။

သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ကြည့်ရင်း ရန်ကွမ်း သည် အသက်ကို ပြင်းပြင်းရှူလိုက်ရပြီး တံတွေးမျို ချသံ မထွက်သွားစေရန် အစွမ်းကုန် ထိန်းချုပ်လိုက် ရသည်။

ထိုအချိန်တွင် ချီချင်းရွှေမှာလည်း အနည်းငယ် စိတ် လှုပ်ရှားနေပြီး မျက်လုံးအပြူးသားဖြင့် ရန်ကွမ်းကို ကြည့်နေမိ၏။ရန်ကွမ်းသည်လည်း သူမကဲ့သို့ပင် စို းရိမ်ပူပန်နေသည်ကို မြင်လိုက်ရသောအခါ သူမ၏ နှုတ်ခမ်းထောင့်လေးများက အနည်းငယ် ကွေးညွ တ်သွားသည်။

လက်ဝါးပြင်နှင့် အသားအရေ ထိတွေ့သွားသည့်အ ခါ နွေးထွေးနူးညံ့သော ခံစားမှုက ရန်ကွမ်း၏ ဆဲလ် များကို လှုံ့ဆော်ပေးနေသကဲ့သို့ပင်။

စိတ်ကို အတင်းငြိမ်အောင် ထားလိုက်ပြီး ယန်ကွမ်း သည် အသက်ကို နောက်တစ်ကြိမ် အသက်ပြင်းပြင် းရှူကာ မျက်လုံးများကို မှိတ်၍ အနှိပ်ပညာကို စတ င်လိုက်သည်။

အမှန်တကယ်တွင်မူ အနှိပ်ပညာဆိုသည်မှာ သူ၏ ခ န္ဓာကိုယ်အတွင်းမှ ကုသခြင်းဆိုင်ရာ ချီစွမ်းအင်များ ကို ချီချင်းရွှေ၏ ကိုယ်ထဲသို့ ပို့လွှတ်ပြီး ခဲနေသော သွေးပုပ်များကို အရည်ပျော်စေခြင်းပင် ဖြစ်၏။

သို့သော်လည်း ထိုကိစ္စမှာ အလွန်ပင် ထူးဆန်းအံ့ဩ ဖွယ် ကောင်းလှသဖြင့် ရှင်းပြရန် ခက်ခဲလှသည်။ထို့ ကြောင့် နောင်တွင် ထိုကဲ့သို့ ကုသမှုမျိုးလိုအပ်လာ ပါက "အနှိပ်ပညာ" ဟူသော စကားလုံးကိုသာ ကုသ မှု၏ ကိုယ်စားပြု အမည်အဖြစ် အမြဲအသုံးပြုရန် ရန်ကွမ်း ဆုံးဖြတ်လိုက်ပေသည်။

ရန်ကွမ်းက ကုသမှုအပေါ် အာရုံစူးစိုက်ထားစဉ် ချီ ချင်းရွှေသည် ရန်ကွမ်း၏ လက်ဝါးမှ နွေးထွေးမှုကို ခံစားလိုက်ရသည်။ထိုနွေးထွေးမှုသည် စွမ်းအင်စီး ကြောင်းတစ်ခုကဲ့သို့ ဝမ်းဗိုက်အတွင်းသားထဲသို့ ဖြ ည်းဖြည်းချင်း စီးဝင်သွားပြီး ခန္ဓာကိုယ်ထဲမှ နာကျင် မှုများကို ချက်ချင်းဆိုသလို သက်သာသွားစေခဲ့၏။

သူမ၏ မျက်ဝန်းအစုံမှာမူ အံ့ဩမှုများဖြင့် ပြည့်နှ က်လာကာ မျက်လုံးမှိတ်ထားသော ရန်ကွမ်းကို ကြ ည့်ရင်း စိတ်ထဲမှ တွေးနေမိသည်။

"ဒီကောင်လေး ငါ့ကို မလိမ်ခဲ့ဘူးပဲ..သူ တကယ်ပဲ ရောဂါကုတတ်တာပဲ.."

အခန်းထဲတွင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရန်ကွမ်းက မျက်လုံးဖွင့်ကာ မေးမြန်းလိုက်သည်။

"အစ်မ... ဘယ်လိုနေသေးလဲဗျ.."

ချီချင်းရွှေ၏ မျက်နှာလေးမှာ နီမြန်းနေပြီး ခေါင်း ညိတ်ကာ ပြန်ဖြေလိုက်၏။

"အစ်မ အများကြီး သက်သာသွားပြီ..လုံးဝ မနာ တော့ဘူး.."

"ဪ... ဒါဆိုရင်တော့ ကျွန်တော် စိတ်အေးသွား ပါပြီ.."

ရန်ကွမ်းက သူ၏လက်ကို ပြန်ရုပ်ပြီး လက်သီးကို အသာအယာ ဆုပ်လိုက်သည်။လက်ဝါးထဲမှ ချောမွ တ်နူးညံ့သည့် ထိတွေ့မှုက ကျန်နေဆဲဖြစ်ရာ သူသ ည် ထိုခံစားမှုကို လက်လွှတ်ရမှာ နှမြောနေကာ ချ က်ချင်း မေ့ပစ်လိုက်ဖို့လည်း မလိုလားပေ။

ချီချင်းရွှေကမူ ထိုအမူအရာလေးကို သတိမထားမိ ဘဲ ဆိုဖာပေါ်တွင် ကိုယ်ကိုလှည့်၍ ထိုင်လိုက်ကာ ယန်ကွမ်းကို ပြုံးလျက် ကြည့်လိုက်သည်။

"ရှောင်ကွမ်း... နင့်မှာ ဒီလောက် အစွမ်းထက်တဲ့ ဆေးပညာ ရှိနေတာပဲ.အစ်မ နင့်ကို မောင်လေး အ ဖြစ် အသိအမှတ်ပြုလိုက်ရင် ကောင်းမလားပဲ.."

ရန်ကွမ်းက ရယ်မောရင်း ပြောလိုက်၏။

"အစ်မက ကျွန်တော့်ရဲ့ အစ်မ အရင်းလို ဖြစ်နေပါ ပြီဗျာ ဟီးဟီး.."

ချီချင်းရွှေက ခေါင်းခါရင်း ပြန်ပြောလိုက်သည်။

"စောစောက စကားက အားနာလို့ ပြောတာ ..အခု တော့ တကယ်ကို အတည်ပြောတာပါဟ.."

ထို့နောက် သူမက ပြုံးရင်း ရန်ကွမ်းကို ကြည့်ကာ ဆက်ပြောလိုက်၏။

"ကဲ... တခြားကိစ္စတွေ နောက်မှပြောကြတာပေါ့. အ စ်မ နင့်ကို ပိုက်ဆံ အရင် လွှဲလိုက်အုံးမယ်.."

အခန်း 20 ပင်လယ်စာ စားခြင်း

ရန်ကွမ်း၏ ဘဏ်ကတ်နံပါတ်ကို ယူပြီးနောက် ချီ ချင်းရွှေသည် အွန်လိုင်းဘဏ်စနစ်မှတစ်ဆင့် ငွေလွှဲ ခြင်းလုပ်ငန်းစဉ်များကို လုပ်ဆောင်လိုက်ရာ ယွမ်ကို းသိန်းသည် ယန်ကွမ်း၏ အကောင့်ထဲသို့ ရောက် လာခဲ့သည်။

ဖုန်း၏ SMS အကြောင်းကြားစာစနစ်ကို ဖွင့်ထားသ ဖြင့် ရန်ကွမ်း၏ဖုန်းထဲသို့ ငွေဝင်လာကြောင်း မက် ဆေ့စ့် ချက်ချင်းရောက်လာ၏။

"လခွမ်း ဒီလောက်တောင် မြန်တာလားဟ.."

ချီရင်ရွှေက ရယ်မောရင်း ပြောလိုက်သည်။

"ခစ်ခစ်..ဒါပေါ့..အခုက သတင်းအချက်အလက် ခေ တ်လေ..အရာအားလုံးက မြန်ဆန်နေတာပဲ.."

ရန်ကွမ်းက ရွှေတုံးကို ထုတ်ကာ ပြုံးလျက် မေးလို က်၏။

"အစ်မ..ဒီ ရွှေတုံးက အခု အစ်မပိုင်သွားပြီဆိုတော့ ဘယ်မှာထားဖို့ စိတ်ကူးထားလဲ.."

"အစ်မ ရုတ်တရက် စိတ်ကူး ပြောင်းသွားပြီ.. .ဒီ လောက် တန်ဖိုးကြီးတဲ့အရာက အစ်မနဲ့ မလိုက် ဖ က်ပါဘူး.တစ်ယောက်ယောက်ကို လက်ဆောင်ပေး ဖို့ လိုနေတာနဲ့ အတော်ပဲ..ဒါကိုပဲ လက်ဆောင်အဖြစ် ပေးလိုက်တော့မယ်.."

ရန်ကွမ်းက နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမှတေ ာ့ ထပ်မပြောတော့ပေ။ဘာပဲဖြစ်ဖြစ် သူက ရောင်း လိုက်ပြီဖြစ်ရာ ဘာလုပ်လုပ် သူမ သဘောသာ ဖြစ် ၏။

အချိန်အတော်လေး နောက်ကျလာပြီဖြစ်သဖြင့် ရန် ကွမ်းက ဘဏ်မှ ပိုက်ဆံအချို့ ထုတ်ပြီး အိမ်သို့ အ မြန်ပြန်ချင်နေသည်။သို့သော်လည်း ချီချင်းရွှေက သူ့ကို အလွှတ်မပေးဘဲ ပြုံးလျက် ပြောလိုက်၏။

"ဘာလဲ... ပိုက်ဆံရသွားတော့ ထွက်ပြေးချင်တာလ ား..အဲဒါတော့ မရဘူးနော်.."

ရန်ကွမ်းက ငြင်းဆန်ကာ မေးလိုက်သည်။

"အာ မဟုတ်ပါဘူး အစ်မရယ်..ကျွန်တော် ဒီမှာနေ လည်း ဘာမှလုပ်စရာမရှိဘူးလေ.ဘာလို့ ဆက်နေ ရမှာလဲ.."

ချီချင်းရွှေက ပြုံးကာ ပြောလိုက်၏။

"မင်း အခုလေးတင် အစ်မရဲ့ရောဂါကို ကုပေးထား တာလေ..ကျေးဇူးတောင် မဆပ်ရသေးဘူး..ဒီနေ့ နေ့ လယ်စာကို အစ်မ ကျွေးပါရစေ..".

ရန်ကွမ်းလည်း ထိုစကားကို ကြားသောအခါ ထပ်ငြ င်းမနေတော့ဘဲ သဘောတူလိုက်ရသည်။

"ဒါဆိုလည်း စားရတာပေါ့ဗျာ.."

ပြောပြီးနောက် ယန်ကွမ်းက ရယ်မောရင်း ပြောလို က်၏။

"အစ်မက စားသောက်ဆိုင် ဖွင့်ထားတာဆိုတော့ လူ ကျွေးရတာ တကယ်လွယ်တာပဲနော်.."

"မင်း မှားနေပြီ.ဒီဆိုင်မှာ စားမှာမဟုတ်ဘူး ..အပြင် မှာ သွားစားကြမယ်.."

ချီချင်းရွှေက ပြုံးလျက် ထိုင်ရာမှထကာ အိတ်ကို ဆွဲလိုက်သည်။

"သွားကြစို့..အစ်မ မင်းကို ရှယ်ကျွေးမယ်.."

"ဝိုး ကြိုက်ပီဗျာ ဟဲဟဲ.."

ရန်ကွမ်းလည်း စိတ်လှုပ်ရှားစွာ မျှော်လင့်နေမိသည် ။မြို့ထဲက ဆိုင်တွေမှာ မစားဖူးသည်တော့ မဟုတ် ပေ။သို့သော်လည်း ချီရင်ရွှေးလို လူမျိုးက သူ့အား ခေါက်ဆွဲဆိုင်လောက်တော့ ခေါ်သွားမည်မဟုတ် ကြောင်း ယန်ကွမ်း သိနေသည်။

နှစ်ဦးသား အပြင်ထွက်ကာ ကားပေါ်ရောက်သော အခါ ချီချင်းရွှေက မေးလိုက်၏။

"ကြိုက်တာပေါ့ဗျာ..ဒါပေမဲ့ ကျွန်တော်တို့ဆီက ပင် လယ်နဲ့ ဝေးတော့ အဲဒါတွေက အရမ်းဈေးကြီးတယ် လေ..ကျွန်တော်တို့လိုလူတွေ ဝယ်မစားနိုင်ပါဘူး အ စ်မရယ်.."

"တကယ်တော့ ပင်လယ်နားမှာလည်း ဈေးမချိုပါဘူ းဟယ်...."

ပြောပြောဆိုဆိုနှင့် ချီချင်းရွှေက ကားကို စက်နှိုး လိုက်သည်။

"ကဲ...အစ်မ ဆုံးဖြတ်လိုက်ပြီ..ပင်လယ်စာအဝသွား စားကြမယ်.."

မကြာမီတွင် မြို့တောင်ဘက်ရှိ သုံးထပ်တိုက် စား သောက်ဆိုင်ကြီးသို့ ယန်ကွမ်းတို့ ရောက်လာ၏။ တံခါးဝမှ ဝင်လိုက်သည်နှင့် လူတွေ စည်ကားလှုပ်ရှ ားနေသည်ကို မြင်ရသဖြင့် ရန်ကွမ်းမှာ အနည်းင ယ် ကြောင်အသွားမိသည်။

"ဒီအောက်ထပ်က လူပေါင်းစုံ စားတဲ့နေရာဆိုတော့ ဆူညံလွန်းတယ်.. အပေါ်ထပ် သွားရအောင်.."

ပြောပြီးသည်နှင့် ချီချင်းရွှေက လှေကားပေါ်သို့ တ န်းတက်သွားသည်။ရန်ကွမ်းသည်လည်း လှေကား ထိပ်ရှိ ဈေးနှူန်းရေးထားသော ဆိုင်းဘုတ်အား လှမ် းကြည့်လိုက်မိရာ သွားရည်များပင် ကျလာ၏။

ပင်လယ်စာဘူဖေးသည် ပထမထပ်တွင် တစ်ဦးလျှ င် ၈၁ ယွမ် ပေးရကာ.ဒုတိယထပ်တွင် ၁၉၀ ယွမ် နှင့် တတိယထပ်တွင်မူ ၄၉၀ ယွမ် ဖြစ်ပေသည်။

ရန်ကွမ်း စိတ်ထဲမှ တွက်ချက်ကြည့်လိုက်ရာ အက ယ်၍ သူနှင့် အစ်မချီချင်းရွှေတို့ တတိယထပ်တွင် စားမည်ဆိုပါက ကုန်ကျမည့်ငွေမှာ သူ၏ ချုံရှန်း ကျေးရွာ ဆေးခန်းမှ တစ်လစာ ဝင်ငွေနှင့် ညီမျှနေ ၏။

တစ်နပ်စာနှင့် တစ်လစာ ဝင်ငွေ ကုန်သွားမည်ကို တွေးမိကာ ရန်ကွမ်းမှာ ရုတ်တရက် နှမြောစိတ် ဝင် လာခဲ့သည်။

လှေကားပေါ်သို့ တက်နေရင်း ယန်ကွမ်းက စိတ်ထဲ မှ တွေးလိုက်၏။

"ငလူး..ပင်လယ်စာက ဘာလို့ ဒီလောက်တောင် ဈေး ကြီးရတာလဲ..ရေသူမ ပေါင်သားတွေများ ပါနေလို့ လားဟ..”

တတိယထပ်သို့ ယန်ကွမ်း ရောက်လာသောအခါ ပ တ်ဝန်းကျင်မှာ အလွန်တိတ်ဆိတ်နေသည်။အကြော င်း ရင်းမှာ ဤအထပ်၌ သီးသန့်အခန်းငယ်လေးမျာ းဖြင့် ဖွဲ့စည်း ထားသောကြောင့် ဖြစ်သည်။

ထို့အပြင် အခန်းတိုင်းတွင် စားပွဲထိုးများ ရှိနေပြီး ကို ယ်တိုင် သွားယူစရာမလိုဘဲ လိုချင်သည်ကို မှာလိုက် ရုံဖြင့် သူတို့က ယူလာပေးကြ၏။

ရန်ကွမ်းမှာမူ ဘာမှ နားမလည်သဖြင့် ချီချင်းရွှေက သာ သူ့အတွက် မှာပေးလိုက်သည်။မကြာမီမှာပင် ပု စွန်ထုပ်ကြီးများနှင့် ကင်းမုန်များ တစ်ပွဲပြီးတစ်ပွဲ ရောက်ရှိလာ၏။ပင်လယ်စာများက အလွန်အရသာ ရှိသည်မှာ မှန်သော်လည်း စားနေစဉ်အတွင်း မရီးဖြ စ်သူနှင့် ယာယာလေးကို သတိရမိသဖြင့် ရန်ကွမ်း ၏ စိတ်ထဲတွင် သိပ် မကောင်းလှပေ။

သို့သော်လည်း ရန်ကွမ်းသည် စိတ်ထဲမှ ဆုံးဖြတ်ချ က် ချလိုက်၏။

"ငါ့မှာလည်း အခု ပိုက်ဆံတွေ ရှိနေပြီပဲ..နောက်နေ့ ကျရင် သူတို့ကိုလည်း ဒီလို ပင်လယ်စာလိုက်ကျွေး ပစ်မယ် "

ယန်ကွမ်း အားရပါးရ စားနေသည်ကို ကြည့်ပြီး ချီ ချင်းရွှေ၏ မျက်ဝန်းထဲတွင် ချစ်ခင်နှစ်သက်သည့် အပြုံးများ ပြည့်နှက်နေ၏။

ဤမောင်လေးနှင့် သူသည် မနက်ကမှ စတွေ့ခဲ့ခြင်း ဖြစ်သော်လည်း သူသည် သူမပတ်ဝန်းကျင်မှ လူ များကဲ့သို့ လှည့်ကွက်ပရိယာယ် မရှိဘဲ ရိုးသားပွင့် လင်းသူ ဖြစ်ကြောင်း ခံစားမိသဖြင့် သူမ စိတ်ထဲတွ င် ရန်ကွမ်းကို အလိုလို သံယောဇဉ် ဖြစ်နေမိသည်။

ထို့ကြောင့် စားသောက်ရင်း ချီချင်းရွှေက မေးလို က်၏။

"မောင်လေး... မင်း ရွာက ဆေးခန်းအခြေအနေ ဘ ယ်လိုရှိလဲ.."

"မဆိုးပါဘူးဗျ..တစ်လကို ယွမ်ထောင်ဂဏန်းလော က်တော့ ရပါတယ်.. ဒီဝင်ငေီက ကျွန်တော့်အတွက် တော့ လောက်ပါတယ် အစ်မရဲ့.."

"အမ် ဒီလောက်ပဲရတာလား.."

ချီရင်ရွှေးမှာ အံ့အားသင့်ကာ ဆက်မေးလိုက်သည်။

မင်းရဲ့ ဆေးပညာက ဒီလောက်တော်တာကို ဘာလို့ ဒီလောက်ပဲ ရတာလဲ.."

"အစ်မက မသိလို့ပါ..."

ရန်ကွမ်းက ပြုံးရင်း ချုံရှန်းကျေးရွာ၏ အခြေအ နေများကို ပြောပြလိုက်သည်။

အကြောင်းစုံကို ရှင်းပြပြီးနောက် ချီချင်းရွှေက တ စ်ခုခု စဉ်းစားနေသည်ကို မြင်သဖြင့် ယန်ကွမ်းက အလောတကြီး ထပ်ပြောလိုက်၏။

"အခုတော့ ကျွန့်တော့်ကို ဆင်းရဲတယ်လို့ မထင်ပါနဲ့ ဦး. သိပ်မကြာခင် အခြေအနေတွေ ပြောင်းလဲလာမှ ာပါဗျာ.."

ချီချင်းရွှေက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"တကယ်လား..ဘာလို့လဲ.."

"ကျွန်တော်က ရွာသားတွေအားလုံး ချမ်းသာလာ အောင် လုပ်ပေးမလို့လေ.."

ရန်ကွမ်းက ပြောပြီးမှ သူ့ နဖူးကို ပုတ်ကာ ဆက် ပြောလိုက်၏။

"အာ ဟုတ်သားပဲ..အစ်မရွှီလင်းလည်း ရှိသေးတာပဲ ...သူက ကျွန်တော်တို့ရွာရဲ့ ပါတီအတွင်းရေးမှူးလေ ...သူရှိနေရင် ရွာသားတွေရဲ့ ဘဝက ကျိန်းသေပေါ က် ပိုအဆင်ပြေလာမှာပါဗျ.."

"အမ်..အဲဒီကောင်မလေးက မောင်လေးတို့ရွာကို ရေ ာက်နေတာလား...."

ချီရင်ရွှေးက မှင်သက်သွားပြီးနောက် သိချင်စိတ်ဖြ င့် မေးလိုက်သည်။

"ဒါဆို လူတွေအားလုံး ချမ်းသာလာအောင် ငါ့မောင် က ဘယ် လိုလုပ်ဖို့ စိတ်ကူးထားလဲ.."

ရန်ကွမ်း၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်လာ၏။

"ကျွန်တော် စဉ်းစားထားတာကတော့ အရင်ဆုံး တေ ာင်သုံးလုံး ဆေးပင်တွေကို စိုက်မယ်..ပြီးရင် ဟင်း သီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ စိုက်မယ်.. ရွာက မြေကွက်အားလုံးမှာ စိုက်ပျိုးဖို့ ရည်ရွယ်ထားတယ် .."

"အမ်..စိုက်ပျိုးရေးလား.."

ချီချင်းရွှေက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက် ၏။

"မင်းတို့ ချုံရှန်းရွာက အရမ်းဝေးလံခေါင်သီတယ် လေ..သယ်ယူပို့ဆောင်ရေးက အဆင်မပြေလောက် ဘူး မို့လား "

"အာ..အဲဒါကတော့..."

အစက တက်ကြွနေသော ရန်ကွမ်းသည် ထိုမေးခွန်း ကို ကြားသောအခါ ခဏမျှ ကြောင်အသွားပြီးမှ ပြ န်ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး.. ကျွန်တော့်မှာ အခု ပိုက်ဆံရှိပြီပဲ.. လမ်းဖောက်လိုက်ရင် အိုခေပီလေ.."

ထိုစကားကြောင့် ချီချင်းရွှေမှာ ရယ်မိသွားပြီး ရန် ကွမ်းကို လှမ်းကြည့်ကာ ပြောလိုက်၏။

"ခစ်ခစ်..အူတူတူလေးရဲ့... လမ်းဖောက်တာက အရ မ်းကုန်ကျစရိတ် များတယ်လေ..မင်းဆီက ယွမ်ကိုး သိန်းနဲ့တင် လုံးဝမလောက်နိုင်ဘူး..."

"ဟုတ်လို့လား..."

ထိုစကားကို ကြားသောအခါ ယန်ကွမ်းက မျက်လုံး လေး ကစားလိုက်ပြီး ချက်ချင်းပင် အကြံတစ်ခု ရ သွားသည်။

"ဒါဆိုလည်း ရပါတယ်..အရင်ဆုံး တောင်သုံးလုံး ဆေးပင်ကို အရင်စိုက်မယ်.. ပိုက်ဆံတွေ အများကြီ း စုမိမှ လမ်းဖောက်တာပေါ့ဗျာ.."

ယန်ကွမ်း၏ ယုံကြည်မှုအပြည့်ရှိသော အမူအရာကို မြင်ရသောအခါ ချီချင်းရွှေတစ်ယောက် စိတ်ထဲမှ သက်ပြင်းချမိလိုက်သည်။

"ဟူး..ငယ်ရွယ်တာ တကယ်ကောင်းတာပဲ.."

သူမသည် ရန်ကွမ်းထက် ၄ နှစ်သာ ကြီးသော်လည်း လောကဓံ အတွေ့အကြုံများလွန်းသဖြင့် သူမ၏ စိ တ်ပိုင်းဆိုင်ရာ အသက်အရွယ်မှာ အသက် ၅၀၊ ၆၀ လောက် ဖြစ်နေပြီဟု ခံစားနေရ၏။

လူငယ်တွေလိုမျိုး ရဲရဲဝံ့ဝံ့ စွန့်စားချင်စိတ်တွေ မရှိ တော့ပေ။

ရန်ကွမ်း၏ တက်ကြွလှုပ်ရှားနေသော ပုံစံကို မြင်ရ သောအခါ ချီချင်းရွှေက ချီးကျူးလိုက်မိသည်။

"မင်းရဲ့ စိတ်ကူးက တကယ်ကောင်းပါတယ်.. အစ်မ လည်း မင်းကို ထောက်ခံတယ်..ဒါပေမဲ့ တောင်သုံး လုံးဆေးပင်စိုက်ပျိုးဖို့ နည်းပညာက တော်တော် ခ က်ခဲတယ်လို့ ကြားဖူးတယ်..မင်း အဲဒါကို နားလည် ရဲ့လား.."

"ဟင့်အင်း နားမလည်ဘူး.."

ရန်ကွမ်းက စဉ်းစားမနေဘဲ ဖြေပြီးမှ ပြုံးကာ ဆက် ပြောလိုက်၏။

"ဒါပေမဲ့ ကျွန်တော် သင်ယူလို့ရတာပဲ..ကျွန်တော် က လူတစ်ယောက်နဲ့ အလောင်းအစား လုပ်ထားတာ ရှိတယ်..ကျိန်းသေပေါက် ရှုံးလို့မဖြစ်ဘူး.."

ချီချင်းရွှေသည် စိတ်ဝင်စားသွားပြီး မည်သည့်အ လောင်းအစားလဲဟု မေးရန် ပြင်လိုက်စဉ်မှာပင် အ ခန်းတံခါးမှာ ဝုန်းခနဲ ပွင့်သွားခဲ့သည်။ထိုအခါ မျက် နှာဖြူဖြူနှင့် အမျိုးသားတစ်ဦးသည် ပြုံးဖြီးဖြီးဖြင့် ဝင်လာပြီး ချီချင်းရွှေကို ကြည့်ကာ ပြောလိုက်သည် ။

"တံခါးကြားက မင်းအသံကို ကြားနေရတာ.. တက ယ်ပဲ မင်းဖြစ်နေတာကိုး.."

ချီချင်းရွှေက မေးလိုက်သည်။

"ချူရွှမ်း... ရှင် ဒီကို ဘယ်လိုရောက်လာတာလဲ.."

"စားဖို့ လာတာလေ.."

ချူရွှမ်းက ပြုံးလျက် ရန်ကွမ်း၏ မျက်နှာကို တစ် ချက်ကြည့်ပြီးနောက် မေးလိုက်၏။

"ဘာလဲ..ငါ့ကို. မိတ်မဆက်ပေးတော့ဘူးလား.."

"ဒါက ရန်ကွမ်း..ကျွန်မရဲ့ သူငယ်ချင်းအသစ်.."

ထိုသို့ပြောပြီးနောက် ရန်ကွမ်းဘက်သို့ လှည့်ကာ ချီ ချင်းရွှေ ပြောလိုက်သည်။

"ဒါကတော့ ချူရွှမ်း..ကျွန်မရဲ့ တက္ကသိုလ်တုန်းက အတန်းဖော်ပါ.."

"အတန်းဖော်တင် ဘယ်ကမလဲ..မိသားစုချင်းလည်း ရင်းနှီးကြတယ်..ငယ်ငယ်ကတည်းက အတူတူ ကြီး ပြင်းလာတာကိုပါ ထည့်ပြောလေဟာ.."

ချူရွှမ်းက ဝင်ပြောရင်း ချီချင်းရွှေ၏ ဘေးတွင် ဗြောင်ကျကျပင် ဝင်ထိုင်လိုက်၏။ထိုနောက် ရန်ကွ မ်းကို စိုက်ကြည့်ကာ မေးလိုက်သည်။

"ညီလေးက ရန်ကွမ်းပေါ့... ဘာအလုပ်လုပ်တာလဲ”

All Chapters