← Chapters

နတ်ဆိုးများကို သတ်ဖြတ်ခြင်း

Vol. 108 Ch. 1071

နတ်ဆိုးများကို သတ်ဖြတ်ခြင်း

Vol. 108 Ch. 1071

ထူးဆန်းသော ရယ်မောသံများကြားတွင် ပုံရိပ်များစွာက တစ်ခုပြီးတစ်ခုရှေ့သို့ပြေးထွက်ရန် အလုအယက်ကြိုးစားနေကြ၏။ သူတို့က သွေးမသောက်ရသည်မှာအလွန်ကြာမြင့်နေပြီဖြစ်ရာ သူတို့၏နှလုံးသားထဲရှိ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များကို ဆက်လက်မထိန်းချုပ်နိုင်တော့ချေ။

"..."

ရှန်းယီ သူ၏ရှေ့တွင်ဖြစ်ပေါ်နေသော မြင်ကွင်းကို တိတ်ဆိတ်စွာကြည့်ရှုနေပြီးနောက် နောက်ကျိနေသောသက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

နန်ယန်မှ ထွက်ခွာလာပြီးကတည်းက သူလုပ်သမျှ အရာတိုင်းတွင် ကန့်သတ်ချုပ်ချယ်ခံနေရသည်ဟု သူခံစားခဲ့ရပြီး မည်သည့် စိုးရိမ်ပူပန်မှုကင်းမဲ့စွာ သူတိုက်ပွဲမဝင်ခဲ့ရသည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီဖြစ်ချေ၏။

သူမျက်လုံးများကို မှိတ်ထားလိုက်ရာ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကျားနဂါးအသီးအပွင့်က ရွှေရောင်အလင်းတန်းတစ်ခုနှင့်အတူ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

သူ၏ဖြူဖျော့သောအရေပြားကြားမှ ရွှေရောင်အလင်းတန်းများက မြစ်ကြီးတစ်စင်းကဲ့သို့ လျှံတက်လာပြီး ကောင်းကင်ကန့်လန့်ကာကိုဖြတ်သန်းကာ ကောင်းကင်ယံပြည့်နှက်နေသော အနီရောင် တိမ်တိုက်များကိုကွဲသွားစေခဲ့သည်။

ဤရွှေရောင်အလင်းတန်းထဲတွင် ချင်တောင်တန်း၏အရွယ်အစားနှင့် နှိုင်းယှဉ်နိုင်သော ကြီးမားမြင့်မားလှသည့် ပုံရိပ်တစ်ခုထွက်ပေါ်လာပြီး ရှေ့သို့လေးလံစွာခြေလှမ်းလိုက်ရာ မြေပြင်ကို လှုပ်ခါပြီးတောင်များကို တုန်ယင်စေသော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။

ရှေ့သို့ပြေးဝင်လာသောများပြားလှသည့် ပုံရိပ်များအနက် ဦးဆောင်သူမှာ ရွှေရောင်ရှေးဟောင်းမျောက်ဝံပင်။

မူလက ကောင်းကင်ကို ဖုံးကွယ်ထားနိုင်လောက်အောင်ကြီးမားလှသော ၎င်း၏ပုံရိပ်က ရုတ်တရက် ပေါ်ထွက်လာသော ဤရွှေရောင်ခန္ဓာ၏ရှေ့မှောက်တွင် တော်တော်လေး သေးငယ်သွားပုံရချေသည်။

လူငယ်လေး၏အသွင်ပြောင်းလဲသွားမှုကို မြင်တွေ့လိုက်ရသောအခါ ရှေးဟောင်းမျောက်ဝံက လွန်စွာပင်အံ့အားသင့်သွားခဲ့သော်လည်း ၎င်းမှာ တစ်ခဏမျှသာဖြစ်ပြီး ၎င်းက ထပ်မံ၍ အထင်အမြင်သေးစွာ ဟိန်းဟောက်လိုက်သည်။ "ဗောဓိဂိုဏ်းလား.. မင်းတို့ သူခိုးဘုန်းကြီးတွေကို ငါလည်းသတ်ဖြတ်ဖူးခဲ့တာပဲ"

အစစ်အမှန်နတ်ဘုရားကိုယ်တိုင် ဖိနှိပ်ထားသော နတ်ဆိုးအုပ်စုတစ်စုအတွက်မူ ဗောဓိဂိုဏ်း၏အာဏာစက်ဖြင့် သူတို့ကိုဟန့်တားရန် လုံးဝ မလုံလောက်ခဲ့ချေ။

သေချာသည်မှာ ရှန်းယီက နတ်ဆိုးများကို ခြိမ်းခြောက်ရန် ဘယ်သောအခါကမျှရည်ရွယ်ထားခြင်း မရှိခဲ့ပေ။

ရှေးဟောင်းမျောက်ဝံ၏လေးလံသော ခြေလက်များပြင်းထန်စွာရိုက်ချလာသည်ကို သူ ခံစားချက်ကင်းမဲ့စွာကြည့်နေခဲ့ပြီး သူ၏ လက်ဖဝါးကို ရုတ်တရက် ဆန့်ထုတ်ကာ မဟာနတ်ဆိုး၏ပခုံးများကို ဆုပ်ကိုင်၍ အောက်သို့ပြင်းပြင်းထန်ထန် ဖိချလိုက်ချေသည်။

ကြီးမားမြင့်မားလှသော ပုံရိပ်နှစ်ခုက တောင်များကို ခြေဖြင့်နင်းကာ မိုးပြာရောင်ကောင်းကင်ယံအောက်တွင်ခေါင်းမော့ထားလျက် အကြမ်းတမ်းဆုံးသောတိုက်ခိုက်မှုများဖြင့်တိုက်ခိုက်နေခဲ့ကြ၏။

ရှေးဟောင်းမျောက်ဝံက နတ်ဆိုးဖိနှိပ်ရေးမျှော်စင် အတွင်းရှိ နတ်ဆိုးများ၏ခေါင်းဆောင်ဖြစ်လာရန် ခိုင်လုံသော အကြောင်းပြချက်ရှိပေသည်။ ၎င်း၏ ကျင့်ကြံခြင်းမှာ ကပ်ဘေး ခုနစ်ရာနှင့်အလွန် နီးစပ်နေပြီ ဖြစ်ချေ၏။

၎င်း၏ခန္ဓာကိုယ်က ရုတ်တရက်အောက်သို့ နိမ့်သွားပြီး ဒူးများအနည်းငယ်တုန်ခါသွားသော်လည်း လုံးဝ ဒူးထောက်သွားခြင်းတော့ မရှိခဲ့ပေ။

ရှေးဟောင်းမျောက်ဝံက သူ၏ကြမ်းကြုတ်သော မျက်နှာကိုမော့ကြည့်ကာ ရယ်မောသံဖြင့် အော်ဟစ်လိုက်သည်။ "ဒီနေ့ မင်းရဲ့အာဟတ်အလောင်းနဲ့အတူ ငါတို့ရဲ့ ဂုဏ်သတင်းကို ပြန်လည်တည်ဆောက်မယ်"

၎င်း၏လှောင်ပြောင်မှုသည် အခြေအမြစ်မရှိသည်တော့ မဟုတ်ချေ။ သူတို့ ထိပ်တိုက်တွေ့နေသည့် အခိုက်အတန့်တွင် ကျန်ရှိနေသော နတ်ဆိုးအုပ်စုက ရွှေရောင်ခန္ဓာအပေါ်သို့ အုံလိုက်ကျင်းလိုက် ရောက်ရှိလာကြပြီဖြစ်ပေ၏။

နှစ်ပေါင်းများစွာအကျဉ်းကျခံနေရမှုက သူတို့ကို လှပဆန်းသစ်သောနည်းစနစ်များကို စွန့်လွှတ်သွားစေခဲ့ပြီး သူတို့၏နှလုံးသားထဲရှိ နာကြည်းမှုများကို ဖြေဖျောက်ရန် အကြမ်းတမ်းဆုံးသော နည်းလမ်းများကိုသာ အသုံးပြုလိုကြတော့သည်။

ခြေသလုံးများ၊ လက်မောင်းများ၊ ရင်ဘတ်၊ ကျောပြင်...

နတ်ဆိုးများက ရှန်းယီကို အသားထဲထိုးဝင်နေသောလောက်ကောင်များကဲ့သို့ တွယ်ကပ်နေကြပြီး အစွယ်များနှင့် လက်သည်းများကို တစ်ပြိုင်နက်တည်းထုတ်ဖော်ထားကာ ရွှေရောင်ခန္ဓာ ကို မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ရက်စက်စွာဆုတ်ဖြဲပစ်ရန် စိတ်အားထက်သန်နေကြချေ၏။

ဆိုးယုတ်သောနတ်ဆိုးစွမ်းအင်က ရွှေရောင်အလင်းတန်းမြစ်ကြီးနှင့် ရိုက်ခတ်သွားပြီး ဖော်ပြ၍မရနိုင်လောက်အောင် ပြင်းထန်သော တုန်လှုပ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

သူတို့၏ကြမ်းတမ်းသော လုပ်ရပ်များနှင့် အသွင်အပြင်များအောက်တွင် အစစ်အမှန် နတ်ဆိုးမသေမျိုးအင်အားများရှိနေပြီး သူတို့၏များပြားလှသောအရေအတွက်ဖြင့် မြင့်မားသောအဆင့်ရှိ ကျားနဂါးအသီးအပွင့်ဖြင့် ဗောဓိအဆုံးအမများကို နက်နက်ရှိုင်းရှိုင်းကျွမ်းကျင်သူတစ်ဦးအတွက်ပင် ကြောက်မက်ဖွယ်ကောင်းလှပေ၏။

သာမန်ပဉ္စမအဆင့် ထိုက်ယီမသေမျိုးတစ်ပါးဆိုလျှင် မျက်စိတစ်မှိတ်အတွင်း သူတို့၏မှော်ရတနာများကြေမွသွားပြီး ကျင့်ကြံခြင်းများပျက်ပြယ်သွားလောက်ပြီဖြစ်ချေသည်။

"မင်း သေဖို့ သေချာသွားပြီ" ရွှေရောင်မြစ်ကြီး ပြိုကျသွားသည်နှင့်အမျှ ရှေးဟောင်းမျောက်ဝံ၏ မျက်နှာပေါ်တွင် ပိုမို ရူးသွပ်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပါသည်။

"..." ရှန်းယီက မည်သည့်နာကျင်မှုကိုမျှ ခံစားရပုံမပေါ်ဘဲ သူ၏ရှေ့ရှိမျောက်ဝံကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး သူ၏လက်မောင်းများမှ ခွန်အားများကိုကန့်သတ်မထားဘဲ ထုတ်လွှတ်လိုက်ချေ၏။

သူ၏လက်မောင်းများကို ရစ်ပတ်ထားသော သံကြိုးများက တချွင်ချွင်မြည်ကာ အထက်သို့ လွင့်ပျံသွားပြီး တစ်စုံတစ်ခုကို ဆုပ်ကိုင်ထားသင့်သောအခြားတစ်ဖက်စွန်းများမှာယခုအခါ အလွတ်ကြီး တွဲလောင်းကျနေခဲ့ပေသည်။

ဂျွတ် ဂျွတ်

အာဟတ်ရွှေရောင်ခန္ဓာက နောက်ဆုံးတွင် နတ်ဆိုးခန္ဓာထက် ပို၍ အားကောင်းနေခဲ့ချေ၏။

အရိုးများကျိုးပဲ့သံနှင့်အတူ ရှေးဟောင်းမျောက်ဝံသည် ဒူးထောက်ကျသွားပြီး ၎င်း၏မကျေမနပ်ဖြစ်နေသောခေါင်းကကြီးမားလှသော စွမ်းအားဖြင့် မြေကြီးပေါ်သို့ ဖိချခံလိုက်ရသည်။

နာကြည်းမှုများဖြင့်လုံးထွေးနေသော သူ၏ အသိစိတ်ကနောက်ဆုံးတွင် ခဏတာရှင်းလင်းသွားခဲ့ချေသည်။ "မင်းတို့ ဘာလုပ်နေတာလဲ၊ရှိသမျှ ခွန်အားအကုန်ထုတ်ပြီး သူ့ကို ဆုတ်ဖြဲပစ်ကြစမ်း"

နောက်ဆုံးတွင် လွတ်မြောက်လာခဲ့ပြီးဖြစ်ရာ ဘယ်အချိန်အရှုံးပေးရမည်ကို မသိသော ဤအရူးနှင့် ၎င်း၏အသက်ကို အလဲအလှယ်မလုပ်ချင်ခဲ့ပေ။

ရှန်းယီ ယခင်ကအတိုင်းပင် တိတ်ဆိတ်နေခဲ့ပြီး ရှေးဟောင်းမျောက်ဝံကိုခိုင်မာစွာ ဖိချထားကာ သူ၏ညာဘက်လက်မောင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး လက်သီးကို ဆုပ်လျက် ဧရာမနတ်တောင်ကြီးကျဆင်းသကဲ့သို့ အောက်သို့ ထိုးချလိုက်ကာ မျောက်ဝံအိုကြီး၏ကျောရိုးကို ပြင်းထန်စွာ ထိုးနှက်လိုက်၏။

ဂျွတ် ဂျွတ်

ရှေးဟောင်းမျောက်ဝံ၏ကျောရိုးက ရှုံ့ဝင်သွားပြီးနောက် နဂါးတစ်ကောင်ကဲ့သို့ လူးလွန့်သွားကာ နောက်ဆုံးတွင်လေးလံသော လက်သီးချက်ကို မခံနိုင်တော့ဘဲ ၎င်း၏စူးရှသော အော်ဟစ်သံများကြားတွင် အပိုင်းပိုင်းအစကျိုးပဲ့သွားခဲ့ပေသည်။

၎င်း စကားမပြောနိုင်မီမှာပင် ဒုတိယမြောက် လက်သီးချက် ကျရောက်လာခဲ့ချေ၏။

ရှန်းယီ နတ်ဆိုးအုပ်စုက သူ၏ရွှေရောင်ခန္ဓာ ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲနေသည်ကိုပင် ဂရုမစိုက်ဘဲ အဆက်မပြတ် ထိုးနှက်နေခဲ့ပေသည်။

နောက်ဆုံးတွင် စေးကပ်နေသော နတ်ဆိုးသွေး များက သူ၏လက်ဖဝါးများကို ဖုံးလွှမ်းသွားခဲ့ချေ၏။

သွေးချီ၏လှုံ့ဆော်မှုကြောင့်ဖြစ်စေ တစ်ကိုယ်လုံးမှ နာကျင်မှုကြောင့်ဖြစ်စေ ရှေးဟောင်းမျောက်ဝံ နောက်ဆုံးထွက်သက်ကို ရှူရှိုက်လိုက်ချိန်တွင် ရင်းနှီးနေသော ကြမ်းကြုတ်မှုတစ်ခုက သူ၏ ရွှေရောင်မျက်လုံးများထဲသို့ စတင် စိမ့်ဝင်လာခဲ့ပေသည်။

ရှန်းယီ ဤတိုက်ခိုက်မှုများကို ရှောင်လွှဲရန် ထိုက်ရွှီတာအိုအသီးအပွင့်ကို အသုံးပြုနိုင်၏။

သို့သော် သူ အသုံးမပြုခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သွေးနံ့သာမရှိခဲ့လျှင် နတ်ဆိုးအုပ်စုက လူစုကွဲသွားမည်ဖြစ်ပြီး မည်သူ့ကိုမျှအသက်ရှင်လျက်မချန်ထားခဲ့ရန် မိမိကိုယ်ကို ငါးစာအဖြစ် အသုံးပြုမည့် သူ၏ ရည်မှန်းချက်မှာ ပြည့်ဝမည် မဟုတ်သောကြောင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ ဤအင်အားအကောင်းဆုံး ရှေးဟောင်းမျောက်ဝံကို ကိုင်တွယ်ဖြေရှင်းရာတွင် အချိန်များစွာ ယူရပါလိမ့်မည်။

ထိုအချိန်တွင် ရှန်းယီ၏ညာဘက်ပခုံးပေါ်ရှိအစမ်းရောင်ရေနဂါးက သူ၏ရွှေရောင်ခန္ဓာ ကို နောက်ဆုံးတွင် ဆွဲဖြဲဖွင့်လှစ်လိုက်ရာ ၎င်းမှာ နတ်ဆိုးအားလုံး၏နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုကိုလောင်ကျွမ်းစေခဲ့ပြီး ရှေးဟောင်းမျောက်ဝံ သေဆုံးသွားခြင်းကိုပင် ခဏတာမေ့လျော့သွားစေခဲ့သည်။

နတ်ဆိုးများက ရူးသွပ်မှုထဲသို့ကျဆင်းသွားကြပြီး ကြီးမားမြင့်မားလှသော ရွှေရောင်ခန္ဓာကို မြေကြီးပေါ်သို့ ဖိချလုနီးပါးဖြစ်သွားကြချေ၏။

သို့သော် အစမ်းရောင်ရေနဂါးက ၎င်း၏အောင်ပွဲကိုဆက်လက်ရယူရန် တွေးတောလိုက်ချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော မိုးပြာရောင်နဂါးက ရွှေရောင်ခန္ဓာ၏စုတ်ပြဲနေသောအက်‌ကွဲကြောင်းမှနေ၍ သူ၏ပခုံးမှထွက်လာသည့်အလား ရုတ်တရက် ထိုးထွက်လာခဲ့ပေသည်။

တစ်ခဏအတွင်းမှာပင် သတ်ဖြတ်ခြင်းဆန္ဒများဖြင့် ပြည့်နှက်နေခဲ့သော ရေနဂါးက နောက်တစ်ခဏတွင်မူ မိုးပြာရောင်နဂါး၏ကိုက်ဖြတ်မှုကြောင့် ခေါင်းပြတ်သွားခဲ့ခ၏။

ထို့နောက် ရွှေရောင်ခန္ဓာ၏ကျောပြင်တွင် ထက်ရှသော လက်သည်းတစ်ခုက အတွင်းမှနေ၍ ဆွဲဖြဲကာထွက်ပေါ်လာပြီး ကြမ်းကြုတ်သော ကျားက မှင်သက်နေသော မဟာနတ်ဆိုးအများအပြားကို ချေမှုန်းရန် ၎င်း၏လက်သည်းများကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပါသည်။

"..."

၎င်းက ရှန်းယီသင်ယူထားသော နတ်ဘုရားစွမ်းရည် အသစ်တစ်ခုမဟုတ်ပေ။ သူ၏ကနဦး လမ်းကြောင်းမှာ နဂါးနှင့်ကျားကိုပြန်လည်ပုံဖော်ကာ သူ၏တာအိုခရီးစဉ်တွင် အတူတကွလိုက်ပါရန်သံကြိုးများဖြင့်ချုပ်နှောင်ကာ ကပ်ဘေးများ၏ စွမ်းအားကို သယ်ဆောင်ရန်ဖြစ်ချေ၏။

All Chapters