တံခါးလာခေါက်သော ဘုန်းကြီး
Vol. 108 Ch. 1073
စီရင်စုမြို့တော်သုံးခု၏အစိုးရလမ်းမများပေါ်တွင် စစ်သည်တော်များက စနစ်တကျ တန်းစီနေကြ၏။
သူတို့၏လက်များက လှံရှည်များကိုတင်းကျပ်စွာ ဆုပ်ကိုင်ထားကြသော်လည်း ယခင်က မဆုတ်မနစ်သောသတ်ဖြတ်လိုသည့်အရှိန်အဝါများကြားတွင် တွေဝေမှုအရိပ်အယောင်များ စတင်ပေါ်ထွက်လာခဲ့ချေသည်။
မျှော်စင်ကို ချိုးဖောက်လာသော နတ်ဆိုးအုပ်စု၏ ကြမ်းတမ်းသော ဟိန်းဟောက်သံများက အလွန် ပီပြင်လှပြီးကောင်းကင်အဆုံးရှိ အနီရောင် ဆည်းဆာကလည်း အလွန်အမင်း ဆွဲဆောင်မှု ရှိလှပေ၏။
ဤကဲ့သို့သော ကြိုတင်နိမိတ်အမျိုးမျိုးက နတ်ဆိုးများ၏တိုက်ခိုက်မှု မကြာမီ ကျရောက်လာတော့မည်ကို ထုတ်ဖော်ပြနေကြသည်။
သို့သော် လက်ရှိအခိုက်အတန့်မှာတော့ သူတို့ရှေ့ရှိ ကျယ်ဝန်းသော လမ်းမကြီး၏အဝေးတစ်နေရာ၌ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဗလာကျင်းနေခဲ့ချေ၏။
သူတို့၏နားထဲရှိ ဟိန်းဟောက်သံကလည်း ငိုကြွေးသံများအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားပြီး ဤမျှအလှမ်းဝေးသောနေရာမှပင် လူတိုင်းက ၎င်းအတွင်းရှိမျှော်လင့်ချက်မဲ့မှုနှင့် အကြောက်တရားများကို အမှန်တကယ်ခံစားသိမြင်နိုင်ကြသေးသည်။
တောက်ပသော အနီရောင်ဆည်းဆာ ပျောက်ကွယ်သွားပြီး ကောင်းကင်ယံက ၎င်း၏ကြည်လင်မှုကို နောက်တစ်ကြိမ်ပြန်လည်ရရှိသွားသည့် အချိန်အထိပင်။
စစ်သည်များက လှံရှည်များကို ဆုပ်ကိုင်ထားရင်း အနည်းငယ်လမ်းပျောက်နေပြီး အချင်းချင်း နားလည်ရခက်စွာကြည့်နေကြကာ ဧကရာဇ်ချီများ စုစည်းထားသော်လည်း ဦးတည်ချက်မရှိဖြစ်နေပြီး သူတို့၏ကာကွယ်ရေးကို မည်သည့်နေရာတွင် အာရုံစိုက်ရမည်ကို တစ်ခဏမျှမသေချာဖြစ်နေခဲ့ကြချေ၏။
အချိန်မည်မျှကြာသွားသည်မသိ၊ အတွင်းသတင်းအချို့ကိုသိရှိထားသော စစ်တပ်၏အရှေ့ဘက်ရှိ စစ်သူကြီးများ၏မျက်နှာများက နောက်ဆုံးတွင် လေးနက်မှုမှနေ၍ဝမ်းမြောက်မှုသို့ ပြောင်းလဲသွားပြီး အံ့အားသင့်မှု အနည်းငယ်လည်း ရောယှက်နေခဲ့ပါသည်။
လက်ရှိတည်ငြိမ်မှုက စွမ်းအားကြီးမားသောအရာတစ်ခု၏ဝင်ရောက်စွက်ဖက်မှုလုပ်ရပ်ဖြစ်ကြောင်း ထင်ရှားလှ၏။
မသေမျိုးဌာန၏ဌာနခွဲရှစ်ခုမှ သီးခြားကင်းလွတ်နေသော ထိုအထီးကျန် စီနီယာများက မသေမျိုးခုံရုံးကိုအစားထိုးနိုင်သည့် သူတို့၏စွမ်းဆောင်ရည်အပြည့်အဝကို လောကကြီးအားသက်သေပြရန် ဤငြိမ်းချမ်းမှုကို အသုံးပြုခဲ့ကြခြင်းဖြစ်ပေသည်။
မြင့်မြတ်သောမသေမျိုးနတ်ဘုရားများ မရှိဘဲနှင့်ပင် အင်ပါယာခုံရုံးတစ်ခုတည်းက အရပ်သားများကိုကာကွယ်ပေးနိုင်ပြီး တိုက်ကြီးလေးခု တစ်လျှောက်ငြိမ်းချမ်းရေးကို သေချာစေနိုင်ပေ၏။
တစ်ချိန်တည်းမှာပင် ကြီးမားသော စီရင်စုမြို့တော်သုံးခုအတွင်း၌။
မသေမျိုးများနှင့် ဗုဒ္ဓများနှင့်အတူ လောကကို မျှဝေနေထိုင်ကြသော အရပ်သားများက အခြားနေရာများမှလူများထက်များစွာ ပိုမို ထက်မြက်ကြပေ၏။
အင်ပါယာခုံရုံး၏စစ်တပ်များ စတင်လှုပ်ရှားလာသည့် အခိုက်အတန့်တွင် သူတို့က တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ခံစားမိခဲ့ပြီး ကပ်ဘေးမှ ရှောင်လွှဲနိုင်ရန်မျှော်လင့်ချက်ဖြင့် အိမ်သို့ ပြန်သွားခဲ့ကြပြီ ဖြစ်ပေသည်။
သို့သော် အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ စီရင်စုမြို့တော်က ထူးထူးခြားခြားတိတ်ဆိတ်နေပြီး သတ္တိရှိသူများကပင် လမ်းများကို စစ်ဆေးရန် သူတို့၏အိမ်များမှ မထွက်ရဲအောင်ပင် တိတ်ဆိတ်နေခဲ့ချေ၏။
...
အစိုးရရုံးအတွင်း ကြီးကြပ်ကွပ်ကဲနေသော ဝူရှန်း မျက်လုံးများမှိတ်ကာ အနားယူနေပုံရသော်လည်း တကယ်တမ်းတွင်မူ စီရင်စုမြို့တော်တစ်ခုလုံးနှင့် ပတ်ဝန်းကျင်ရှိခရိုင်များကို သူ၏နတ်ဝိညာဉ် ဖြင့် လွှမ်းခြုံထားပြီး ဖြစ်ပေသည်။
အင်ပါယာခုံရုံး၏စစ်တပ်များနှင့် မြို့တွင်းရှိ အရပ်သားများ၏အခြေအနေများကို သူ၏ အမြင်အာရုံထဲသို့ အားလုံး ဝင်ရောက်လာခဲ့၏။
တစ်ခဏအကြာတွင် တောင့်တင်းသော ပုံရိပ်က မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ရာ သူ၏မျက်နှာပေါ်တွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဝိုးတဝါး ရှိနေပေသည်။
ဝူရှန်း အင်ပါယာခုံရုံးတွင် အမှန်တကယ်ပင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးဖြစ်သောကြောင့် သူကိုယ်တိုင်ပင် နတ်ဆိုးဖိနှိပ်ရေးမျှော်စင် တည်ဆောက်မှုကို ကိုယ်တိုင်မျက်မြင်တွေ့ရှိခဲ့ရသူဖြစ်ရာ သူ့ကိုယ်သူ စီနီယာတစ်ဦးအဖြစ် အမြဲတမ်း မှတ်ယူထားခဲ့၏။
ထိုအချိန်က သူက ပဉ္စမအဆင့်သို့သာ ရောက်ရှိခဲ့ပြီး ၎င်းတို့ထဲတွင် တော်တော်လေးဒုက္ခပေးနိုင်သောနတ်ဆိုးဘုရင် အများအပြား ပါဝင်ကာ သူတို့၏များပြားလှသော အရေအတွက်က ခေါင်းကိုက်စရာဖြစ်ခဲ့သည်။
ယခုအခါ စတုတ္ထအဆင့် ထိုက်ယီအစစ်အမှန်မသေမျိုးနယ်ပယ်သို့ တက်လှမ်းလာခဲ့ပြီ ဖြစ်သော်လည်း ဤမျှများပြားသော မဟာနတ်ဆိုးများကို တစ်ပြိုင်နက်တည်း ဖမ်းဆီးရန်မှာ မဖြစ်နိုင်ပေ။
မည်သို့ပင်ဆိုစေ ထိုနတ်ဆိုးများက သူ့ကို မြင်သည်နှင့် မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ အရပ်မျက်နှာအသီးသီးသို့ လူစုကွဲသွားမည်ဖြစ်ပြီး နတ်ဆိုးကပ်ဘေးက ဤစီရင်စုသုံးခုကို ကျော်လွန်၍ပင်ပြန့်နှံ့သွားနိုင်ကာ မဟာတောင်ပိုင်းတိုက်ကြီး တစ်ခုလုံးကို ထိခိုက်စေနိုင်၏။
"ဒါကို ဘယ်လို လုပ်လိုက်တာလဲ" ဝူရှန်း မတ်တပ်ရပ်ကာအစိုးရရုံး မှ ထွက်လာခဲ့သည်။
ယခင်က အနီရောင်တိမ်တိုက်များဖြင့် ပြည့်နှက်နေသော ကောင်းကင်ယံက ထိုနတ်ဆိုးဘုရင်များက ထွက်ပြေးမသွားဘဲ တစ်စုံတစ်ဦးနှင့် တိုက်ခိုက်ပြီး ရင်ဆိုင်နေကြောင်းကို ညွှန်ပြနေပေသည်။ ယခုအခါ အနီရောင်တိမ်တိုက်များကွဲသွားပြီး စီရင်စုသုံးခုအတွင်း နတ်ဆိုးများ၏အရိပ်အယောင်မျှပင် မတွေ့ရတော့ရာ ၎င်းမှာ နတ်ဆိုးများသည် ပြင်းထန်စွာရှုံးနိမ့်သွားပြီး ကြောက်လန့်တကြား ထွက်ပြေးသွားကာ လူ့လောကကို နှောင့်ယှက်လိုစိတ်လုံးဝကင်းမဲ့သွားကြောင်း အဓိပ္ပါယ်သက်ရောက်နေ၏။
သို့သော် မည်သူကများ ဤသို့ လုပ်ဆောင်နိုင်မည်နည်း။
မသေမျိုးခုံရုံးက အခြေအနေကို တမင်တကာ လျစ်လျူရှုထားပြီး စစ်သူကြီးယန်မှာ အပြင်းအထန်ဒဏ်ရာရကာ အိမ်သို့ ပြန်သွားပြီဖြစ်ရာ ဤကိစ္စကို သိရှိနိုင်မည်မဟုတ်ပေ။ လမ်းစဉ်သုံးသွယ်၏အကြံအစည်များနှင့် ပတ်သက်၍မူ သူတို့က ဤကဲ့သို့မထင်မရှားဖြင့် ကယ်တင်ရှင်အခန်းကဏ္ဍမှပါဝင်ရန် ဘယ်သောအခါကမျှရည်ရွယ်ထားခြင်း မရှိချေ။
ယဲ့လန် နှင့် ရှန်းယီတို့နှင့် ပတ်သက်၍မူ စီရင်စုမြို့တော်ကို တပ်စွဲရန် ဘေးဖယ်ထားကာ သူတို့ အမှန်တကယ်သွားခဲ့လျှင်ပင် သူတို့နှစ်ဦးတွင် ဤမျှလောက်ခွန်အားမျိုးမရှိပေ။
ဝူရှန်း အကြိမ်ကြိမ် စဉ်းစားတွေးတောခဲ့သော်လည်း ကောက်ချက်တစ်ခုမျှ မရရှိခဲ့ဘဲ နတ်ဆိုးဖိနှိပ်ရေးမျှော်စင်ရှိရာဘက်သို့ အကြည့်လွှဲလိုက်ပြီး နောက်တစ်ခဏတွင် သူ၏ခြေအောက်၌ မင်္ဂလာတိမ်တိုက်များဖြစ်ပေါ်လာကာ သူ့ကို ကောင်းကင်ယံသို့ သယ်ဆောင်သွားခဲ့ချေ၏။
...
တစ်ချိန်တည်းမှာပင် ကျန်းယန်စီရင်စု တွင် ဓားအလင်းတန်းတစ်ခု ရုတ်တရက်ဆင်းသက်လာပြီး ရှန်းစံအိမ်သို့ တည့်တည့် ဦးတည်သွားခဲ့ပေသည်။
လူမရောက်မီ အသံက အရင် ရောက်လာခဲ့ချေ၏။
"တစ်ခုခု မှားနေသလိုပဲ၊ ငါ သွားပြီး စုံစမ်းကြည့်မလို့၊မင်း တည်တည်ငြိမ်ငြိမ်နေပြီး စီရင်စုသုံးခုကို စောင့်ကြည့်ထားလိုက်၊ ငါ ပြန်လာတာကို စောင့်နေ"
ယဲ့လန် ပေါ်လာပြီး စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူမ၏အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
လူသူကင်းမဲ့နေသော ခြံဝင်းအတွင်း၌တုတ်ကောက်ကို အနေရခက်စွာမှီထားသော မြေစောင့်မသေမျိုး မင်ကျစ်ရန် တစ်ဦးတည်းသာ ရှိနေပြီး ရှန်းယီ၏အရိပ်အယောင်မျှပင် မတွေ့ရချေ။
ထက်မြက်လှသော ယဲ့လန်က မိုးမြေ၏အပြောင်းအလဲများနှင့် ဆက်စပ်ကာဤအခိုက်အတန့်တွင် အရာအားလုံးကို ချက်ချင်း နားလည်သဘောပေါက်သွားပြီး အံ့အားသင့်စွာဖြင့် မေးလိုက်၏။ "သူ သွားပြီလား"
မင်ကျစ်ရန် စကားပြောတော့မည့်အလား ပါးစပ်ကို ဖွင့်လိုက်သော်လည်း ပြန်လည်ထိန်းချုပ်လိုက်ပြီး နောက်ဆုံးတွင်နက်ရှိုင်းစွာသာ သက်ပြင်းချလိုက်ချေ၏။ "ခင်ဗျား ထွက်သွားပြီးတာနဲ့ ချက်ချင်းကို သူ သွားတာပဲ"
သူသည် အဋ္ဌမအဆင့် မသေမျိုးအရာရှိ အဆင့်သို့ ရောက်ရှိထားသော ပိုမိုထူးခြားသည့် မြေစောင့်မသေမျိုးများ ထဲမှတစ်ဦးဖြစ်လျှင်ပင်မှ အရာရှိရှန်း ကိုမျက်စိတစ်မှိတ်အတွင်း မည်သို့လုပ်၍ တားဆီးနိုင်မည်နည်း။
"သခင်မယဲ့ ၊မထိတ်လန့်ပါနဲ့၊ အပြောင်းအလဲတွေကို ကြည့်ရတာ မကောင်းတဲ့အရာတော့ မဖြစ်နိုင်ပါဘူး" ယဲ့လန်၏အမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ မင်ကျစ်ရန်က အလျင်အမြန် နှစ်သိမ့်ရန် ကြိုးစားလိုက်၏။
သို့သော် သူကိုယ်တိုင်ပင် သူ၏စကားများကို သိပ်မယုံကြည်ခဲ့ရာ ဤအခိုက်အတန့်တွင် အခြားရွေးချယ်စရာမရှိတော့ကာ ၎င်းမှာ ရှင်းပြ၍မရနိုင်လောက်အောင်ပင်ဖြစ်နေချေ၏။
အဘယ်ကြောင့်ဆိုသော် ကိစ္စရပ်တစ်ခုလုံးက ဤမြေစောင့်မသေမျိုးက လမ်းစဉ်သုံးသွယ် နှင့် ပူးပေါင်းကာ အင်ပါယာခုံရုံး၏အဖွဲ့ဝင်များကို ထောင်ချောက်ဆင်ရန် တမင်ကြံစည်ထားသကဲ့သို့ အလွန်တရာ ထူးဆန်းနေပုံရသောကြောင့် ဖြစ်ပေသည်။
သူတို့နှစ်ဦး ထွက်ခွာသွားပြီးပြီးချင်းသူက ရှန်းယီ ကို စီရင်စုမြို့တော်မှ ထွက်ခွာရန် တိုက်တွန်းခဲ့၏။
ပျောက်ကွယ်သွားသော အနီရောင်တိမ်တိုက်များက နတ်ဘုရားမင်းဆက်ကို ကျူးကျော်ရန် မဝံ့ရဲတော့သောနတ်ဆိုးများ လူစုကွဲသွားခြင်းကို သေချာပေါက်အဓိပ္ပါယ်သက်ရောက်မည် မဟုတ်ပေ။ အရာရှိရှန်းကို ပြန်ပေးဆွဲရန် လမ်းစဉ်သုံးသွယ်မှ ချထားသော ထောင်ချောက်တစ်ခုလည်း ဖြစ်နိုင်ချေ ရှိပါသည်။
...
ယဲ့လန် မင်ကျစ်ရန်ကို နောက်တစ်ကြိမ် ကြည့်လိုက်သောအခါ သူမ၏မျက်လုံးများတွင် အေးစက်သောရည်ရွယ်ချက်တစ်ခုက စတင်မြင့်တက်လာခဲ့၏။
သူမ၏ပထမဆုံး တုံ့ပြန်မှုမှာ ဤသို့ပင်။
သို့သော် မကြာမီမှာပင် ယဲ့လန် လေကို ဖြည်းညှင်းစွာမှုတ်ထုတ်လိုက်ပြီး ထိုသတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို ရုပ်သိမ်းလိုက်သည်။
ပထမအချက်မှာ မင်ကျစ်ရန်က အခြားသော မြေစောင့်မသေမျိုးများ နှင့် အမှန်တကယ် ကွဲပြားသောကြောင့်ပင်။