တံခါးလာခေါက်သော ဘုန်းကြီး ၂
Vol. 108 Ch. 1074
ကျန်းယန်စီရင်စု၏ဤမြေစောင့်မသေမျိုးက နှစ်ပေါင်းများစွာကြိုးစားအားထုတ်မှုနှင့် ကြွယ်ဝသော အတွေ့အကြုံများမှတစ်ဆင့် မည်သည့် အဖြစ်အပျက်ကြီးမျှ မဖြစ်ပွားစေရန် ဤဧရိယာကို စောင့်ရှောက်နိုင်ခဲ့ပေ၏။
မသေမျိုးအရာရှိ တစ်ဦး မဖြစ်လာမီကတည်းက သူက ဒေသခံစီရင်စုသခင် နှင့် ခင်မင်ရင်းနှီးမှုရှိခဲ့ပြီး နတ်ဆိုးသုတ်သင်ရေးဌာနတည်ရှိမှုကိုလည်း သိရှိထားခဲ့သည်။
အကယ်၍ သူပင်လျှင် အင်ပါယာခုံရုံးကို သစ္စာဖောက်ခဲ့မည်ဆိုပါက အခြားသူများ သစ္စာဖောက်သည်ဖြစ်စေ၊ မဖောက်သည်ဖြစ်စေ အရေးမကြီးတော့ပေ။ ၎င်းက မသေမျိုးခုံရုံး တစ်ခုလုံးက လူ့လောကကို အမှန်တကယ် အရေးယူဆောင်ရွက်ရန်စီစဉ်နေပြီဖြစ်ကြောင်း ညွှန်ပြနေခြင်းသာ ဖြစ်ပေ၏။
ဒုတိယအချက်မှာ ရှန်းယီတွင် ဤအကျင့် ရှိနေခြင်းပင်။ သူက ကိစ္စရပ်တိုင်းကို အလားတူပုံစံမျိုးဖြင့် ကိုင်တွယ်ဖြေရှင်းလေ့ရှိ၏။
ထို့ပြင် မထွက်ခွာမီက ယဲ့လန် ဤလူငယ်လေး၏ စိတ်ခံစားချက်များ အနည်းငယ်မှားယွင်းနေကြောင်းသတိပြုမိခဲ့ပြီး စကားဖြင့်ပင် သတိပေးခဲ့သေးသည်။
"ဝှီး"
ယဲ့လန် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်၏။ "ရှင် လောလောဆယ် ဒီမှာပဲနေနေလိုက်"
ထိုသို့ပြောပြီးနောက် အကြီးအကဲယန်၏ဒဏ်ရာများနှင့် ပတ်သက်၍ သူမ၏ယခင်က စိုးရိမ်ပူပန်မှုများ ရှိခဲ့သော်လည်း သူမက ယခုအခါတစ်ဖက်လူနှင့် ပြတ်သားစွာဆက်သွယ်လိုက်ပြီး အခြေအနေတစ်ခုလုံးကို ရှင်းလင်းစွာ ရှင်းပြလိုက်၏။
ရှန်းရွှီတောင်သို့ အတူတကွ သွားရောက်ခဲ့ပြီးနောက် ရှန်းယီ ယဲ့လန်အတွက် သာမန် လုပ်ဖော်ကိုင်ဖက်တစ်ဦး မဟုတ်တော့သကဲ့သို့ မည်သည့် စစ်သူကြီးနန်ယန်မျှ မဟုတ်တော့ဘဲ သူတို့ဆရာသခင်၏ရုပ်တုရှေ့တွင် အသက်ရှင်သည်ဖြစ်စေ သေဆုံးသည်ဖြစ်စေ တစ်ယောက်ကိုတစ်ယောက်ဘယ်သောအခါမှ မစွန့်ပစ်ရန် ကတိပြုထားသော သစ္စာဆိုမောင်နှမတစ်ဦးဖြစ်နေချေပြီ။
ကျောက်စိမ်းပြား၏အခြားတစ်ဖက်စွန်းမှ တိတ်ဆိတ်စွာနားထောင်နေပြီး ရှည်လျားသော ဆုံးမစကားဖြင့် တုံ့ပြန်ခြင်းမပြုခဲ့ပေ။
အိုမင်းနေသော အသံက အနည်းငယ် အားနည်းနေသော်လည်း သူ၏လေသံမှာ ယခင်ကကဲ့သို့ပင် ကြီးကျယ်ခမ်းနားပြီး ခိုင်မာနေဆဲဖြစ်ချေ၏။ "နားလည်ပြီ၊ ငါ့ကို စောင့်နေ"
...
စီရင်စုသုံးခု၏အပြင်ဘက်၊ မသေမျိုးဂိုဏ်း ဆယ်ခုကျော် ဝန်းရံထားသော နယ်မြေတစ်ခုတွင်..
ကောင်းကင်ကန့်လန့်ကာ အတွင်း မင်္ဂလာတိမ်တိုက် တစ်ခုက အလျင်အမြန် ချဉ်းကပ်လာခဲ့သည်။
သို့သော် ဤနယ်မြေအနီးသို့ ရောက်ရှိလာရုံဖြင့် တိမ်တိုက်က သွေးစက်များဖြင့် စွန်းထင်းသွားပြီး အနံ့ဆိုးများကိုသယ်ဆောင်လာသော တောင်လေများဝင်ရောက်လာသောအခါ မင်္ဂလာတိမ်တိုက် ပေါ်ရှိပုံရိပ်ပင်လျှင် အနည်းငယ်တုန်ရီသွားခဲ့၏။
နတ်ဘုရားမင်းဆက်၏နယ်မြေအတွင်း တည်ရှိနေသဖြင့် ဝူရှန်း ဤကဲ့သို့သော မြင်ကွင်းမျိုးကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
သူ အောက်ဘက်သို့လေးနက်စွာ ကြည့်ရှုလိုက်ပြီး သူ၏စိတ်ဝိညာဉ်ကို တည်ငြိမ်စေရန် လက်သီးများကို တင်းကျပ်စွာဆုပ်ထားရန် အပြင်းအထန် ကြိုးစားနေခဲ့၏။
မြစ်များကဲ့သို့ပင်သွေးရည်များက ချင်တောင်တန်း၏ထိပ်တွင် စုစည်းလာကာ ရိုင်းစိုင်းစွာ စီးဆင်းနေပြီးကြီးမားလှသော အပိုင်းပိုင်းအစစ ပြတ်တောက်နေသည့် အလောင်းများက သူ၏အမြင်အာရုံတစ်ခုလုံးကို ဖုံးလွှမ်းထားကာ တစ်ချက်ကြည့်ရုံဖြင့် အဆုံးကို မမြင်နိုင်ချေ။
ပြိုကျသွားသော ရှေးဟောင်းစေတီက တောင်တန်းများ၏နက်ရှိုင်းသောနေရာတွင် ယိမ်းယိုင်နေပြီး မည်သည့်အရာမျှမရှိသော်လည်း ကြည့်ရှုသူ၏ ရင်ထဲတွင် ထိတ်လန့်မှုကိုဖြစ်ပေါ်စေခဲ့၏။
၎င်းသည် နတ်ဆိုးများပူးပေါင်း၍ စေတီကို ချိုးဖောက်သွားခြင်းနှင့် မတူဘဲ လူယုတ်မာတစ်ဦး လာရောက်ကာ စေတီကိုအတင်းအကျပ် ဖွင့်ပြီး မဟာနတ်ဆိုးများကို ဝက်များနှင့် ခွေးများကဲ့သို့ သတ်ဖြတ်ရန် ဆွဲထုတ်သွားကာ ထို့နောက် သူတို့၏ ခြေလက်များကို တောင်စောင်းတစ်လျှောက် ပစ်ပေါက်ထားခြင်းနှင့် ပိုတူနေချေသည်။
ထို လူယုတ်မာက မည်သူဖြစ်ကြောင်းနှင့် ပတ်သက်၍မူ...
ဝူရှန်း ဘေးတိုက်တစ်ချက်ကြည့်လိုက်ရာ စေတီ၏ မျက်နှာချင်းဆိုင်ရှိ အခြားတောင်ထိပ်တစ်ခုကို မြင်တွေ့လိုက်ရ၏။
ငရဲပြည် နှင့်တူသော ဤကဲ့သို့သော မြင်ကွင်းမျိုးတွင် ဖုန်မှုန့်များကင်းစင်ပြီး တည်ငြိမ်သော မျက်နှာနှင့် အနက်ရောင်ဝတ်ရုံလွင့်ခါနေကာ ထိုနေရာတွင်တင်ပျဉ်ခွေ ထိုင်နေသော လူတစ်ယောက်ရှိနေပြီး သူ၏ခန့်ညားသော မျက်ခုံးများနှင့် မျက်လုံးများက ဉာဏ်အလင်းရပြီးလောကနှင့် ကင်းကွာနေသောအမူအရာကို ထုတ်ဖော်နေချေသည်။
ဤပြင်းထန်သောခြားနားမှုက ဝူရှန်းကို ရယ်စရာကောင်းသည်ဟု ခံစားရစေခဲ့၏။
အဖြေမှာ အလွန်ရှင်းလင်းနေပုံရချေသည်။
ထိုစစ်သူကြီးနန်ယန်က တစ်ယောက်တည်း ရောက်ရှိလာပြီး ဤစေတီရှေ့တွင် ရပ်ကာ နတ်ဆိုးအုပ်စုကို ကိုယ်တိုင်ကိုယ်ကျချေမှုန်းပစ်ခဲ့ခြင်းဖြစ်ပေ၏။ ဤအနေအထားကိုကြည့်ရလျှင် တစ်ကောင်မျှ အသက်ရှင်လျက် လွတ်မြောက်သွားနိုင်မည် မဟုတ်ချေ။
ဤကဲ့သို့သော ခွန်အားက ဝူရှန်း၏မျှော်လင့်ချက်ထက် လုံးလုံးလျားလျားကျော်လွန်နေခဲ့ပေသည်။ အစပိုင်းတွင် ရှန်းယီက ထိုက်ယီမသေမျိုး၏အစောပိုင်းအဆင့်တွင်သာ ရှိသေးပြီး ယဲ့လန် နှင့် များစွာ ကွာဝေးနေသေးသည်ဟု သူ ထင်မှတ်ထားခဲ့ချေ၏။
သို့သော် ဤမှော်ပညာတိုက်ပွဲ တစ်ခုတည်းကို ကြည့်ရုံဖြင့် ပွင့်ပွင့်လင်းလင်းပြောရလျှင် ယဲ့လန် သုံးယောက်ပင် ဤလူနှင့်ယှဉ်နိုင်မည် မဟုတ်ချေ။
အရမ်းငယ်ပေမယ့် အရမ်းစွမ်းတာပဲ။
မူလက ဝူရှန်း ရှန်းယီကို တော်တော်လေး မောက်မာသည်ဟု ထင်မှတ်ခဲ့ပြီး အများအားဖြင့် တိတ်ဆိတ်ကာ လူတိုင်းအပေါ် ဂရုမစိုက်သကဲ့သို့ နေလေ့ရှိသည်ဟု ထင်ခဲ့ချေ၏။
ယခုမှ သူ သဘောပေါက်သွားပါသည်။ ထိုအရာက မောက်မာခြင်းမဟုတ်ပေ... နှိမ့်ချနေခြင်းပင်။
"ဝှီး—"
ဝူရှန်း သူ၏မျက်ခုံးများကို ပွတ်သပ်လိုက်ပြီး ကျန်းယန်စီရင်စုတွင် ရှိနေစဉ်က သူ၏တမင်တကာ ခပ်ခွာခွာနေခဲ့မှုများကို ပြန်လည်သတိရမိကာ ခါးသီးသော အပြုံးတစ်ခု သူ၏မျက်နှာပေါ်တွင် တဖြည်းဖြည်း ပေါ်လာခဲ့ချေ၏။
သူက စတုတ္ထအဆင့်ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း ရှုပ်ထွေးမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် စီရင်စုမြို့တော်တွင်သာ ငြိမ်ငြိမ်လေး ထိုင်နေနိုင်ခဲ့သည်။
အကယ်၍ ၎င်းက ပုံမှန်အခြေအနေသာဆိုလျှင် နန်းတွင်းအရာရှိတစ်ဦးအနေဖြင့် သတိထားခြင်းက ဘယ်သောအခါမှ မမှားပေ။
သို့သော် ပြန်လည်စိတ်မပြောင်းမီ စီရင်စုသုံးခုမှ တိုက်ရိုက် ထွက်ခွာလိုသော သူ၏လုပ်ရပ်များက လက်ရှိ လူငယ်လေးနှင့် နှိုင်းယှဉ်ပါက လုံးဝအရုပ်ဆိုးလှပေ၏။
တစ်ဖက်လူက အမည်ခံစစ်သူကြီးဟူသော ရာထူးနှင့် အမှန်တကယ်ပင်ထိုက်တန်လှချေသည်။
ပိုမို၍ တွေးကြည့်မည်ဆိုလျှင်... အကယ်၍ ရှန်းယီ သာ ယခင်က ထိုမသေမျိုးဂိုဏ်း၏အရှင်သခင်ဖြစ်ခဲ့ပါက သူ၏မိသားစုပင်လျှင် ကပ်ဘေးမှ လွတ်ကင်းနိုင်ကောင်း လွတ်ကင်းနိုင်ပေလိမ့်မည်။
ဝူရှန်း အလောင်းများပုံနေသော တောင်ကုန်းကို နောက်ဆုံးအနေဖြင့် တစ်ချက်ကြည့်လိုက်ပြီး စစ်သူကြီးနန်ယန်ကို နောက်တစ်ကြိမ် ရင်ဆိုင်ရန် အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ရကာ မင်္ဂလာတိမ်တိုက်ကို ထိန်းချုပ်၍ လာရာလမ်းအတိုင်း ပြန်လှည့်သွားခဲ့ချေ၏။
မိုင်တစ်ရာပင် မပြည့်သေးသောနေရာသို့ ပျံသန်းသွားပြီးနောက်တွင်..
သူ ရုတ်တရက်မျက်မှောင်ကြုတ်လိုက်ပြီး ချင်တောင်တန်း၏အခြားတစ်ဖက်ကို တွေဝေစွာ ကြည့်လိုက်၏။
နောက်တစ်ခဏတွင် ဝူရှန်း၏မျက်လုံးများ အနည်းငယ်ကျဉ်းသွားပြီး သူသည် တည့်တည့် ဆင်းသက်သွားခဲ့ပါသည်။
တောင်ခြေတွင်ရိုးရှင်းစွာ ဝတ်ဆင်ထားသော ဘုန်းကြီးအိုတစ်ပါးနှင့် ဘုန်းကြီးငယ်တစ်ပါးတို့ နတ်ဆိုးဖိနှိပ်ရေးမျှော်စင်ဆီသို့ ဦးတည်သွားနေသည်ကို သူ မြင်တွေ့လိုက်ရချေ၏။
"နတ်ဘုရားမင်းဆက်ရဲ့ကန့်သတ်နယ်မြေ၊ ဘေးကလူတွေ ထွက်သွားကြ"
ရှန်းယီ၏အခြေအနေ မည်မျှ ဆိုးရွားနေကြောင်းကို ဝူရှန်းက တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေရာ အပြင်လူများကို သူ့ကို နှောင့်ယှက်ခွင့် မည်သို့လုပ်၍ ပြုနိုင်မည်နည်း။
"နန်းတွင်းအရာရှိ ၊ဒီဘုန်းကြီးက လူတစ်ယောက်ကို ရှာဖို့သက်သက် လာတာပါ"
ဘုန်းကြီးအိုက ယဉ်ကျေးစွာဖြင့် လက်အုပ်ချီလိုက်ပြီး သူ၏အမူအရာမှာ သိမ်မွေ့နေသော်လည်း ဘုန်းကြီးငယ်ကမူ မျက်မှောင်အနည်းငယ် ကြုတ်ကာ ဝူရှန်းကို ရန်လိုသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူ၏သဘောထားမှာ အနည်းငယ် တင်းမာနေကြောင်း ရှင်းလင်းလှပေ၏။
"နတ်ဘုရားမင်းဆက်က နတ်ဆိုးတွေကို သတ်ဖြတ်နေတယ်၊ ခင်ဗျားတို့က အတိအကျ ဘယ်သူ့ကို ရှာနေတာလဲ" ဝူရှန်း သူ၏ခြေလှမ်းများကို ရွှေ့ကာ လူနှစ်ဦး၏လမ်းကို ပိတ်ဆို့လိုက်ချေသည်။
"ဂိုဏ်းရဲ့ကိစ္စတွေကို ပေါ့ပေါ့တန်တန် မပြောသင့်ပါဘူး၊နန်းတွင်းအရာရှိ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်" ဘုန်းကြီးအိုက ခေါင်းခါလိုက်ပေ၏။
ထိုသိသာထင်ရှားလှသော အာဟတ်၏အရှိန်အဝါက ဗောဓိဂိုဏ်းမှမဟုတ်ဘဲ ၎င်းက ကျန်းယန်စီရင်စုသုံးခုအနီးတွင်ပေါ်လာသဖြင့် ယနေ့ စစ်ဆေးရန် မဖြစ်မနေလိုအပ်နေချေသည်။
"တောင်းပန်ပါတယ်၊ ကျွန်တော် နားမလည်ပါဘူး" ဝူရှန်လည်း ခေါင်းခါလိုက်ပြီး သူ၏သဘောထားမှာ ပြတ်သားနေခဲ့ပေ၏။
အကယ်၍အခြားနေ့တစ်နေ့သာဆိုလျှင် သူက အများဆုံးတောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ် ကိုသာ အကြောင်းကြားမည်ဖြစ်ပြီး အထက်မှ အမိန့်မရှိပါက လမ်းစဉ်သုံးသွယ်၏ကိစ္စရပ်များတွင် စိတ်ကူးပေါက်တိုင်းဝင်ရောက်စွက်ဖက်မည် မဟုတ်ချေ။
သို့သော် ယခုအခါ မတူညီတော့ပေ။ ဤဘုန်းကြီးအို၏စကားတစ်ခွန်းတည်းအပေါ် အခြေခံ၍ သူတို့ မည်သူ့ကို ရှာဖွေနေကြောင်း သူဆုံးဖြတ်နိုင်ခဲ့ပြီ ဖြစ်ချေ၏။
မမေ့ထားသင့်သည်မှာ စစ်သူကြီးနန်ယန်က ဗောဓိဂိုဏ်း နှင့် ရန်ငြိုးရှိပြီး လက်တစ်ထောင် ဗောဓိသတ္တပင်လျှင် မကြာသေးမီကမှ ပြဿနာလာရှာခဲ့သေး၏။
ဤသို့သော အခြေအနေမျိုးတွင် ဝူရှန်းက သူတို့ကို မည်သို့လုပ်၍ အထဲသို့ဝင်ခွင့်ပြုမည်နည်း။
"ဒီနေရာက နတ်ဘုရားမင်းဆက်ရဲ့စီမံအုပ်ချုပ်မှုအောက်မှာ ရှိတာလည်း မဟုတ်သလို ဧကရာဇ်ချီကလည်း ဖုံးလွှမ်းမနေဘူး။ဒါက လမ်းစဉ်သုံးသွယ် ပိုင်တာပဲ၊ခင်ဗျားကဘာအခွင့်အရေးနဲ့ ကျုပ်တို့ကို ဝင်ခွင့်မပေးတာလဲ။ကျယ်ပြောလှတဲ့ လူ့လောကကြီးကို ခင်ဗျားတို့ရဲ့အင်ပါယာခုံရုံး က အမိန့်ပေးနိုင်တယ်လို့ တကယ် ထင်နေတာလား"
ဘုန်းကြီးငယ်က နောက်ဆုံးတွင် စိတ်မရှည်တော့ဘဲ အေးစက်စွာလှောင်ပြောင်လိုက်၏။
ဘုန်းကြီးအိုက သူ၏လှောင်ပြောင်မှုများကို တားဆီးရန်လက်တစ်ဖက်ကို မြှောက်လိုက်ပြီးနောက် နောက်ထပ်စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ရှေ့သို့ တိုက်ရိုက်ခြေလှမ်းလိုက်ပါသည်။
သူ့ကို တားဆီးရန် စကားလုံးများကိုသာ အသုံးပြုခြင်းက မလုံလောက်ချေ။
ထိုသူနှစ်ဦးက အတင်းအကျပ် ဝင်ရောက်ရန် ရည်ရွယ်နေကြောင်းကိုမြင်လိုက်ရသောအခါ ဝူရှန်း၏မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု တောက်ပသွားပြီး ရှေ့သို့ အနည်းငယ် ခြေလှမ်းကာ ဘုန်းကြီးအိုကို ပခုံးချင်းယှဉ်၍ ပိတ်ဆို့လိုက်ပြီး သူ၏ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်သွားစေခဲ့၏။
သူတို့၏ခန္ဓာကိုယ်များ ထိတွေ့သွားသည့် အခိုက်အတန့်တွင် သူတို့၏မျက်လုံးများ ချက်ချင်း ဆုံသွားခဲ့ကြချေသည်။
"..."
ဝူရှန်း သူ၏ခိုင်မာပြီး တောင့်တင်းသောကိုယ်ထည်ဖြင့် ဘုန်းကြီးအို၏ပိန်ပါးပြီး အားနည်းသော ခန္ဓာကိုယ်နှင့် ဝင်တိုက်မိခဲ့၏။ သူတို့နှစ်ဦးစလုံး စကားမပြောခဲ့ကြသလို မည်သည့် အင်အားကိုမျှ အသုံးမပြုထားသကဲ့သို့ဖြစ်နေပြီး မြေကြီးများ ကွဲအက်သွားရန်ကိုမဆိုနှင့် သူတို့၏ခြေအောက်ရှိ မြေကြီးပင်လျှင်လှုပ်ခါသွားခြင်းမရှိခဲ့ချေ။
သို့တိုင်အောင် သူတို့က သူတို့၏ခြေလှမ်းများအေးခဲသွားသကဲ့သို့ ဖြစ်နေချေသည်။
ရွှေရောင်အလင်း၏ကြိုးမျှင်များက လှိုင်းဂယက်များကဲ့သို့ ဘုန်းကြီးအို၏ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာပြီးနောက် ပိုမိုပြင်းထန်လာခဲ့၏။ သူက ဝူရှန်း၏မျက်နှာကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး အချိန်အတော်ကြာပြီးနောက် သူ၏မျက်လုံးများမှ မေးရိုးအထိသွေးစက်များ စီးကျလာကာမြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့ချေသည်။
"အခု ခင်ဗျားဝင်လာဦးမလား" ဝူရှန်း၏နှုတ်ခမ်းထောင့်များတွန့်ချိုးသွားပြီး ယခုအခါ ပိုမိုလွှမ်းမိုးနိုင်စွမ်း ရှိနေပုံရပေ၏။
"ဟွန့်"
ဘုန်းကြီးအိုက သူ၏မျက်လုံးများကို မှိတ်လိုက်သည်။ ပြိုင်ဘက်က မသေမျိုးသုံးပါးဂိုဏ်း၏လမ်းစဉ်ကို ကျင့်ကြံထားပြီး သာမန်ချီသန့်စင်ခြင်းနည်းစနစ်မဟုတ်ဘဲ လောကခရီးသည်ကျင့်ကြံသူ နှင့် ဆင်တူသော လမ်းကြောင်းတစ်ခု ဖြစ်၏။
လောကရှိ လမ်းစဉ်အားလုံးအနက် ရုပ်ပိုင်းဆိုင်ရာနှင့် ပတ်သက်လာလျှင် ဗောဓိဂိုဏ်း၏မဟာကျမ်းစာများက သဘာဝကျကျပင်အမြင့်မြတ်ဆုံးသောနည်းစနစ်များဖြစ်ကြောင်း အငြင်းပွားစရာ မလိုချေ။
သို့တိုင်အောင် ပြိုင်ဘက်က သူ၏မဟာအာဟတ်အသီးအပွင့်ကို ခုခံနိုင်ခြင်းက သူ၏ခွန်အားကို လျှော့တွက်၍မရကြောင်း ညွှန်ပြနေပါသည်။
ဘုန်းကြီးအိုက မျက်လုံးများကို နောက်တစ်ကြိမ် ဖွင့်လိုက်ပြီး စီရင်စုသုံးခုရှိရာဘက်သို့ ကြည့်လိုက်၏။ပို၍ အရေးကြီးသောအရာမှာ အင်ပါယာခုံရုံးမှ လူအများအပြားရှိနေပြီးမကြာမီ ရောက်ရှိလာနိုင်ပါသည်။
သူ တိုးညှင်းစွာသက်ပြင်းချလိုက်၏။ "ဒကာတော်တို့တွေ အတော်လေး လွှမ်းမိုးနိုင်ပါတယ်"
ဝူရှန်း၏အပြုံးက တဖြည်းဖြည်းမှေးမှိန်သွားပြီး အေးစက်စွာ ပြောလိုက်ခသည်။ "ထွက်သွားစမ်း"
ဘုန်းကြီးငယ်လေးက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိပြီး သူ၏အကြီးအကဲကို တွဲကူရန်အလျင်အမြန် ရှေ့သို့တိုးလာကာ တောင့်တင်းသော လူကြီးကိုနာကြည်းသော အကြည့်ဖြင့် တစ်ချက်ကြည့်ပြီးနောက် နောက်သို့ လှည့်ကာ ချင်တောင်တန်းမှအလျင်အမြန် ထွက်ခွာသွားခဲ့၏။
လူနှစ်ဦးမြင်ကွင်းထဲမှ လုံးဝ ပျောက်ကွယ်သွားပြီးနောက်တွင်..
ဝူရှန်း၏မျက်လုံးများမှေးသွားပြီး အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ကာ ရှန်းယီကို သွားရောက် အကြောင်းကြားရန်ရည်ရွယ်ချက်ဖြင့် လှည့်လိုက်၏။
သို့သော် ခြေအနည်းငယ်မျှသာ လှမ်းရသေးချိန်တွင် သူယိမ်းထိုးသွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကာလက်ဖဝါးများဖြင့် မြေကြီးကို ထောက်ထားရပြီး သူ၏ထူထဲသော လက်မောင်းများက အဆက်မပြတ်တုန်ခါနေကာ ဂနာမငြိမ်ဖြစ်နေသောရွှေရောင်စွမ်းအင်များက သူ၏ခြေလက်များအတွင်း ပြင်းထန်စွာရိုက်ခတ်နေပြီး သူ၏ အသက်ရှူသံများကို ပိုမိုလေးလံလာစေခဲ့၏။
သူပြန်လည်သက်သာလာရန် အချိန်အနည်းငယ် ကြာသွားခဲ့ချေပြီဖြစ်သည်။
ဝူရှန်း တံတွေးထွေးလိုက်ပြီး ချွေးသီးချွေးပေါက်များဖြိုင်ဖြိုင်ကျနေသော သူ၏ခေါင်းကို မော့ကာ ခါးသီးသောအပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။ "ကျစ်၊ငါတော့ လွန်သွားပြီထင်တယ်"
ဤပြဿနာများအတွင်း ဝင်မစွက်ဖက်ရန် သူဆုံးဖြတ်ထားခဲ့သော်လည်း... နောက်ဆုံးအချိန်တွင် သူ၏ကိုယ်ပိုင်ခြေထောက်များကို သူမထိန်းချုပ်နိုင်ခဲ့ခြင်းက မည်သို့ဖြစ်သွားသနည်း။
ယခုအခါ အကြီးအကဲယန်က ဒဏ်ရာရနေချေပြီ။
အခြား စီရင်စုခြောက်ခုတွင် ပြဿနာများဖြစ်ပေါ်နေပြီး သူကိုယ်တိုင်ကကြီးကြပ်ရာတွင် ကူညီပေးနေရချိန်တွင် သူ တာဝန်ယူထားသော စီရင်စုများတွင် တစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက မည်သူက သူဝူရှန်းကို ကူညီမည်နည်း။
"ဒါ တကယ်ကို ရွံစရာကောင်းတာပဲ"
ဝူရှန်း သူ၏မျက်နှာကို စိတ်ပျက်လက်ပျက်ဖြင့် ပြန်ရိုက်လိုက်၏။
သူက သူ့ကိုယ်သူထောက်ကာထလိုက်ရင်း တောင်တန်းများ၏နက်ရှိုင်းသောနေရာများဆီသို့ ယိမ်းထိုးကာ လျှောက်သွားခဲ့ချေသည်။