ကျားနဂါးဖိနှိပ်ခြင်း၊ မဟာတာအိုအသီးအပွင့်
Vol. 108 Ch. 1077
"ကပ်ဘေးဆေးလုံး ဆေးမီးဖိုထဲက ထွက်လာတဲ့အခါ အဲဒီအချိန်က သူ့ရဲ့ဆေးစွမ်းအာနိသင် အမြင့်ဆုံး အချိန်ပဲ။ ဒါကြောင့် ဆေးလုံးတောင်ထိပ်ရဲ့ တောင်ထိပ်သခင်က ရှန်းရွှီဘိုးဘေး အတွက် ဆေးဖော်စပ်ဖို့တောင်ပေါ်ကို အချိန်မှန်ပြန်သွားရမယ်"
"နားလည်ပါပြီ" ရှန်းယီ က ခေါင်းညိတ်လိုက်၏။ တောင်ထိပ်သခင် ဟူသော သူ၏အမည်ခံဘွဲ့က တော်တော်လေးအသုံးဝင်ကြောင်း သူ တွေ့ရှိခဲ့ရပြီး ထိုက်ရွှီဆေးတာအိုကို သရုပ်ဖော်တွက်ချက်နေစဉ် သူ၏ဆေးဖော်စပ်ခြင်း ကျွမ်းကျင်မှုကများစွာ တိုးတက်လာခဲ့သည်။
အများဆုံး သူက နတ်ဆိုးအသက်တမ်းသုံးခုမှ ငါးခုအထိသာ အသုံးပြုရမည်ဖြစ်ရာ ၎င်းမှာ ကုန်ကျစရိတ်အလွန်အမင်းမများလှချေ။
ထို့ပြင် သူ နားလည်ထားသလောက်
စတုတ္ထအဆင့်သို့ ရောက်ရှိပြီးနောက် ဆက်လက်တက်လှမ်းရန်အတွက် အစစ်အမှန် တာ့လော် တာအိုအသီးအပွင့် သို့မဟုတ် ဗောဓိသတ္တအသီးအပွင့် တစ်ခုခုလိုအပ်ပါလိမိ့မည်။
သူအတွက် ဗောဓိသတ္တအသီးအပွင့်တစ်ခုကို ရရှိရန် မဖြစ်နိုင်သလောက်ပင်။
မည်သို့ပင်ဆိုစေ ထိုသို့သော တန်ဖိုးကြီးသည့် အရာများကိုပြီးခဲ့သည့်အကြိမ်က ကျားနဂါးကျမ်းစာကဲ့သို့ ဂိုဏ်းမှသစ္စာဖောက်များက ခိုးယူသွားနိုင်မည် မဟုတ်ချေ။
အကယ်၍ ဗောဓိဂိုဏ်းက တမင်တကာ လုပ်ဆောင်ခဲ့မည်ဆိုလျှင်ပင် သူတို့၏အခြေခံအုတ်မြစ်အတွက် အရေးကြီးသော ထိုကဲ့သို့သော အရာမျိုးကို ပေါ့ပေါ့တန်တန်စွန့်ပစ်မည် မဟုတ်ပေ။
ကြာပန်းပလ္လင်နည်းစနစ်က ငါးစာဖြစ်ပြီး အာဟတ်ကျမ်းစာက ငါးမျှားချိတ်ပင်။ ဗောဓိသတ္တအသီးအပွင့်တွင်မူ သူတို့က ကန့်သတ်ချက်တစ်ခုကို ထားရှိနိုက်လောက်မည်။
ဗောဓိဂိုဏ်းက သေမျိုးလောကတွင် ငါးမျှားနေခြင်းဖြစ်ချေ၏။
ရှန်းယီက ငါးတစ်ကောင်ဖြစ်ပြီး ၎င်း၏ပါးစပ်မှာ ငါးမျှားချိတ်တွင်မိနေပြီဖြစ်ကြောင်း ခံစားလိုက်ရပေသည်။
သူ၏ကျင့်ကြံခြင်း နှစ်မျိုးကို ပံ့ပိုးပေးနေသော စနစ်မျက်နှာပြင်ရှိ နတ်ဆိုးသက်တမ်း နှင့် ရှန်းရွှီမသေမျိုးဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့သည့် ကံကောင်းမှုများသာ မရှိခဲ့လျှင် မဟာအာဟတ်နယ်ပယ်သို့ ရောက်ရှိလာသော သာမန်ကျင့်ကြံသူတစ်ဦးက မဟာတာအို၏သွေးဆောင်ဖြားယောင်းမှုကို ခံနိုင်ရည်ရှိရန် ခက်ခဲမည်ဖြစ်ပြီး လိမ္မာစွာဖြင့် ဗောဓိဂိုဏ်းသို့ သွားရောက်လည်ပတ်ကာ ဆန္ဒအလျောက် ဝင်ရောက်သွားပေလိမ့်မည်။
အကယ်၍ ရှန်းရွှီမသေမျိုးဂိုဏ်းတွင် အခြားထွက်ပေါက်တစ်ခုကို ရှာတွေ့နိုင်ပါက ၎င်းက သေချာပေါက် ပိုမိုကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
ဤအချက်ကို တွေးမိသောအခါ ရှန်းယီ တော်တော်လေး စိတ်သက်သာရာရသွားခဲ့၏။
အကယ်၍ သူက ချီသန့်စင်သူ နှင့် လောကခရီးသည်ကျင့်ကြံသူ နှစ်မျိုးစလုံးတွင် စတုတ္ထအဆင့် သို့ တိုးတက်နိုင်မည် သို့မဟုတ် တတိယအဆင့်၏လမ်းကြောင်းပေါ်သို့ပင် တက်လှမ်းနိုင်မည်ဆိုပါက အရာအားလုံး အဆင်ပြေသွားပါလိမ့်မည်။
ယုတ္တိတန်စွာ တွေးကြည့်မည်ဆိုလျှင် သူ ပဉ္စမအဆင့် ထိုက်ယီမသေမျိုးနယ်ပယ်သို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက်ဟုန်ကျယ် နှင့် ပတ်သက်သောပြဿနာများကို ဖြေရှင်းနိုင်မည် ဖြစ်ချေ၏။
ပုံမှန်အားဖြင့် မည်သူကမျှ ထိုက်ယီမသေမျိုး တစ်ပါးကို၊ အထူးသဖြင့် ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူတစ်ကောင်အတွက်နှင့် ရှန်းရွှီတောင်၏နာမည်ကြီး တောင်ထိပ်သခင် တစ်ဦးကို ဒုက္ခပေးမည် မဟုတ်ချေ။
သို့သော် အခက်အခဲမှာ... ထို မသေမျိုးစစ်သူကြီးချင်းလွမ်က စိတ်ရောဂါရှိနေပုံရပြီး သူ့ကို သာမန် အသိဥာဏ်ဖြင့် စဉ်းစား၍မရနိုင်ခြင်းပင်။
ရှန်းယီ သူ့ကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေရမည် ဖြစ်သည်။
ကျားနဂါးဖိနှိပ်ခြင်းအသီးအပွင့်တစ်ခုတည်းကိုသာ အားကိုးမည်ဆိုပါက သူ့ကို မသေမျိုးတံဆိပ်တုံးနှင့်သာ အများဆုံးတန်းတူဖြစ်စေနိုင်ပြီး လုံလောက်ချင်မှ လုံလောက်ပါလိမ့်မည်။
မမေ့ထားသင့်သည်မှာ မသေမျိုးတံဆိပ်တုံး အပြင် ချင်းလွမ်ကိုယ်တိုင်သည်လည်း မသေမျိုးဂိုဏ်း၏ ကောင်းကင်မျက်နှာသာပေးခံသူတစ်ဦး ဖြစ်ချေ၏။
"စစ်သူကြီးနန်ယန် ဂုဏ်ယူပါတယ်" ထိုအချိန်မှာပင် ပုံရိပ်တစ်ခုက တိတ်ဆိတ်စွာဖြင့် ကောင်းကင်မှဆင်းသက်လာပြီး ရွှေရောင်ဆေးလုံး ငါးလုံးကို တိုက်ရိုက်လွှဲပြောင်းပေးအပ်လိုက်ရာ ၎င်းတို့အားလုံးမှာ ကပ်ဘေးတစ်ရာ ဆေးလုံးများ ဖြစ်ကြ၏။
"ဒီလောက် မြန်တာလား" ဤတစ်ကြိမ်က ပြီးခဲ့သည့်အကြိမ်နှင့် မတူကြောင်းသိထားသော်လည်း ယဲ့လန်အနည်းငယ်အံ့အားသင့်သွားခဲ့ချေသည်။
ယခင်က အာဟတ်တစ်ပါးကို သတ်ဖြတ်ခြင်းအတွက် ဧကရာဇ်ချီရွှေရောင်ဆေးလုံးကို စစ်သူကြီးယန်ကိုယ်တိုင်က ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ နတ်ဆိုးသုတ်သင်ရေးဌာနမှဖြစ်ကြောင်း ရှင်းလင်းလှ၏။
ဆုလာဘ်များလာရောက်ပို့ဆောင်ပေးသော အမည်ခံစစ်သူကြီးက အရှင်ဖုန်း၏အမိန့်အောက်တွင် ရှိနေသူဖြစ်သည်။
ဆိုလိုသည်မှာ အရှင်ဖုန်းက ဤကိစ္စကို အနီးကပ် စောင့်ကြည့်နေခဲ့ပြီးဖြစ်ရပ်ပြီးဆုံးပြီးနောက် ချက်ချင်းပင် မည်သည့် အဟန့်အတားမျှပြုလုပ်ရန် ရည်ရွယ်ချက်မရှိဘဲအတည်ပြုပေးခဲ့ခြင်း ဖြစ်ချေ၏။
သို့သော် ဤအရာကလည်း ကောင်းမွန်ပါသည်။
၎င်းက စစ်သူကြီးယန်အပြင် အခြားသော တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ် တစ်ဦးကပါ ရှန်းယီကို အထင်ကြီးလေးစားကြောင်း အဓိပ္ပါယ်သက်ရောက်ပေ၏။ အကယ်၍ နောက်ပိုင်းတွင် ပြဿနာများဖြစ်ပေါ်လာပါက သူက အရှင်ဖုန်း၏ အကူအညီကို တောင်းခံနိုင်ကောင်း တောင်းခံနိုင်ပေလိမ့်မည်။
ကပ်ဘေး ငါးရာလား။
လေးလံလှသော ရွှေရောင်ဆေးလုံးကို ကိုင်ဆောင်ထားရင်း ရှန်းယီ၏အမူအရာများများစွာ ပြောင်းလဲခြင်း မရှိခဲ့သော်လည်း သူ၏ကျေးဇူးတင်စကားများမှာများစွာ ပိုမို လေးနက်လာခဲ့၏။ "ကျေးဇူးတင်ပါတယ် စီနီယာ"
လက်အောက်ငယ်သားအတွက် ရက်ရောသောဆန္ဒရှိသောသူသာ သေချာပေါက်ကောင်းမွန်သောအရာရှိဖြစ်လိမ့်မည်။
ဤအရာဖြင့် ထိုက်ရွှီတာအိုအသီးအပွင့်ဖြင့် စတုတ္ထအဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများ တိုးလာခဲ့ပြီဖြစ်၏။
"အထက်ကကိစ္စတွေက ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူး၊ကျွန်တော်တို့က အမိန့်ကို နာခံရုံသက်သက်ပါပဲ" ဟု လာရောက်ပို့ဆောင်သူက ဟန်ဆောင်မှုမရှိဘဲပြုံးကာ ပြောလိုက်၏။ မည်သို့ပင်ဆိုစေ နတ်ဆိုးဖိနှိပ်ရေးမျှော်စင် ကိစ္စက အရာများစွာကို သက်သေပြခဲ့ပြီး ဖြစ်ချေသည်။
"စစ်သူကြီးနန်ယန်က ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေရထားတာပဲ၊ နောက်ပိုင်း ကျွန်တော်တို့ပိုပြီး ဆက်သွယ်သင့်တယ်"
တရားဝင်ကိစ္စရပ်များနှင့် ပတ်သက်၍ တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ်ထံမှ အမိန့်တစ်ခုအား သူတို့ဆန့်ကျင်၍မရနိုင်ချေ။ နောက်တစ်ကြိမ် တူညီသောအခြေအနေမျိုး ဖြစ်ပေါ်လာမည်ဆိုလျှင်ပင် ဘာမှပြောင်းလဲသွားမည် မဟုတ်ပေ။
သို့သော် ကိုယ်ပိုင်ကိစ္စများတွင်မူ... ကျင့်ကြံသူများ ဖြစ်ကြသဖြင့် တာအိုကို ဖလှယ်ခြင်းက အကျိုးရှိသော အခြေအနေတစ်ခုဖြစ်ပေ၏။
"သွားလိုက်ပါဦးမယ်" အမည်ခံစစ်သူကြီးက အချိန်အကြာကြီးမနေခဲ့ပေ။ တိုတောင်းသော နှုတ်ဆက်စကားများပြောဆိုပြီးနောက် သူတိမ်တိုက်များအားစီးနင်းထွက်ခွာသွားခဲ့ချေ၏။
ထိုပုံရိပ်ထွက်သွားပြီးနောက် ရှန်းယီက ဆေးမီးဖိုကို ထုတ်ယူရန်လှည့်လိုက်ရာ သူ၏မျက်လုံးများမှာ အနည်းငယ် စိတ်အားထက်သန်နေခဲ့ပါသည်။
သူ့ကို အချိန်အတော်ကြာဒုက္ခပေးနေခဲ့သော ထိုပြဿနာများကို ယခုဖြေရှင်းသင့်ပြီဖြစ်ချေ၏။