← Chapters

အားလုံးမှာအကြံကိုယ်စီရှိတယ် ၂

Vol. 108 Ch. 1079

အားလုံးမှာအကြံကိုယ်စီရှိတယ် ၂

Vol. 108 Ch. 1079

သို့သော် ခန့်မှန်းချက်သာ မှန်ကန်ခဲ့မည်ဆိုလျှင်..

ထိုအခါ မသေမျိုးစစ်သူကြီးချင်းလွမ်က စေ့စပ်သေချာပြီး ရဲရင့်ကာမဟာဗျူဟာမြောက် စဉ်းစားနိုင်စွမ်းရှိပြီး အားကိုးထိုက်သူတစ်ဦးဖြစ်ကြောင်း သက်သေပြနိုင်ပေလိမ့်မည်။

လက်ရှိ လက်ထဲတွင်ရှိသော အထောက်အထားများအပေါ် အခြေခံ၍ တစ်ဖက်လူက ဒုတိယအချက်ဖြစ်ရန် ကိုးဆယ်ရာခိုင်နှုန်းဖြစ်နိုင်ချေရှိ၏။

ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးက မဟာကပ်ဘေး တွင် သေချာပေါက်နေရာတစ်ခု ရရှိပေလိမ့်မည်။

...

ဘိဟိုင် ရှန်းရွှီတောင် ၊ ဆဋ္ဌမမြောက် တောင်ထွတ် တွင်..

"အဖေ..မသေမျိုးခုံရုံး က ပြန်စာပို့လာပြီလား"

တောင်ထိပ်သခင်၏အဓိကခန်းမအတွင်းသို့ လျိုရွေ့ဖုန်းက အလျင်စလိုနှင့် ထိတ်လန့်နေသော လေသံဖြင့် ပြေးဝင်လာခဲ့၏။

"ဘယ်လိုလဲ၊ အဲဒီရှန်းဆိုတဲ့ကောင်က မသေမျိုးခုံရုံးရဲ့အလိုရှိနေတဲ့ တရားခံလား။ ကျွန်တော် သိသားပဲ၊ ဒီလောက် ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တွေ အများကြီး မရှိနိုင်ပါဘူး၊ စွမ်းရည်တွေ ပြည့်နှက်နေပြီး ဘယ်သူမှ မသိတဲ့ လူတစ်ယောက်ဆိုတာ ရှင်းနေတာပဲ သူ့ကမိစ္ဆာဆိုတာ"

"ယဲ့လန် က တကယ်ပဲ။ ရှန်းရွှီတောင် က သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပြီး တောင်ထိပ်သခင် ဆိုတဲ့ အရေးကြီးတဲ့ ရာထူးကိုတောင် ပေးအပ်ခဲ့တာကို ဒီသောက်ကောင်မက ဂိုဏ်းကို ဒီလို ပြန်ကျေးဇူးဆပ်တယ်ပေါ့၊ မသေမျိုးခုံရုံး က အလိုရှိနေတဲ့ တရားခံကို ဖုံးကွယ်ပေးထားပြီး ဂိုဏ်းထဲကိုတောင် ပြန်ခေါ်လာသေးတယ်၊ ဒီကောင်လေးကို ဆေး‌လုံးတောင်ထိပ်ရဲ့ အရှင်သခင်ဖြစ်ခွင့် ပေးလိုက်တာက ရှန်းရွှီတောင်တစ်ခုလုံးကို ရေထဲဆွဲချချင်နေတာ ရှင်းနေတာပဲ"

"ဖြောင့်မတ်မှုကို နက်နက်ရှိုင်းရှိုင်း နားလည်တဲ့ အဖေသာ မရှိခဲ့ရင် ကောင်းကင်စစ်သည်များနှင့် စစ်သူကြီးတွေ ဘိဟိုင်ကို ဝိုင်းရံလာတဲ့အချိန်အထိ ကျွန်တော်တို့ အမှောင်ထဲမှာ ရှိနေဦးမှာကို ကျွန်တော် စိုးရိမ်တယ်"

လျိုရွေ့ဖုန်းက စကားပြောလေလေ ပို၍ စိတ်လှုပ်ရှားလာလေဖြစ်ပြီး ဆေး‌လုံးတောင်ထိပ်ကို ကိုယ်တိုင် ပြန်လည်ထိန်းချုပ်နိုင်တော့မည့် သူ၏ ဂုဏ်ကျက်သရေကို မြင်တွေ့နေရသကဲ့သို့ပင်။

သို့သော် တာအိုသခင်မုယန်က သူ၏လက်ထဲရှိ စာကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။

မသေမျိုးစစ်သူကြီးဟုန်ကျင်း ထံမှ ပြန်စာမှာ အတော်လေးဝိုးတဝါးဖြစ်ပြီး အကြောင်းအရာမှာ အလွန် တိုတောင်းလှ၏။

မုယန်က မသေမျိုးခုံရုံးတွင် ဘယ်သောအခါကမျှ တာဝန်မထမ်းဆောင်ခဲ့ဖူးသော်လည်း ကောင်းကင်ဘုံ၏ကိစ္စရပ်များနှင့် ပတ်သက်၍ အတော်လေး ဗဟုသုတ ရှိသေးချေသည်။ အကယ်၍ ရှန်းယီက အတည်ပြုထားသော ပြစ်မှုတစ်ခုဖြင့် အမှန်တကယ်ပင် မသေမျိုးခုံရုံး မှ အလိုရှိနေသော တရားခံတစ်ဦးဖြစ်မည်ဆိုပါက အထက်၏သဘောထားမှာ ဤကဲ့သို့ လုံးဝ ဖြစ်နေမည် မဟုတ်ပေ။

လက်ရှိအခြေအနေအရ ကြည့်မည်ဆိုလျှင် ထိုသူက အများဆုံး ကိစ္စရပ်အချို့တွင် ပါဝင်ပတ်သက်နေခြင်းသာဖြစ်ပြီး အဓိက ကြိုးကိုင်သူ မဟုတ်ကြောင်း ထင်ရှားကာ မသေမျိုးစစ်သူကြီးချင်းလွမ်၏အာရုံစိုက်မှုက ဤလူအပေါ်သို့ လုံးဝ ရောက်ရှိမနေကြောင်း ပေါ်လွင်နေ၏။

ဤသည်မှာ တာအိုသခင်မုယန် မျှော်လင့်ထားခဲ့သောအရာနှင့် များစွာ ကွာခြားလှချေသည်။

မသေမျိုးဂိုဏ်း၏မည်သည့် ကောင်းကင်ဘုံမီမျက်နှာသာပေးခံရသူပ အမှားမလုပ်ဖူးဘဲ နေမည်နည်း။ ထို့ပြင် လက်ရှိ ရှန်းယီက တိတိကျကျ ပြောရလျှင် သူ၏အဆင့်အတန်းမှာ လူငယ် ပါရမီရှင်တစ်ဦးအဖြစ် ရိုးရှင်းစွာ ဖော်ပြ၍ မရနိုင်တော့ဘဲ အမှန်တကယ်လေးစားရသော မဟာကျင့်ကြံသူ တစ်ဦးအဖြစ် သတ်မှတ်နိုင်ပါသည်။

ဤသတင်းအချက်အလက်လေး အနည်းငယ်မျှဖြင့် ဤလူကို ဖြုတ်ချရန် မည်သို့မျှမဖြစ်နိုင်ချေ။

...

တစ်စုံတစ်ခု မှားယွင်းနေကြောင်း မြင်လိုက်ရသဖြင့် လျိုရွေ့ဖုန်းက စာပေါ်ရှိအကြောင်းအရာများကို သေချာစွာ စစ်ဆေးရန် အနီးသို့ တိုးသွားရာ သူ၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုနှင့် ဝမ်းမြောက်မှုတို့မှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး ထိုနေရာတွင် စိတ်ဓာတ်ကျစွာ ရပ်နေခဲ့ချေ၏။

နောက်ထပ် မျှော်လင့်ချက်အမှားတစ်ခုပဲ။

ကျစ်...ကျစ်..သူ့လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလိုက်ပေသည်။

လျိုရွေ့ဖုန်း စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေချိန်တွင် သူ၏ဖခင်က စာကို လေးနက်စွာ ခေါက်လိုက်ပြီး ခံစားချက်ကင်းမဲ့စွာပြောလိုက်သည်ကို သူ မြင်တွေ့လိုက်ရချေ၏။

"ကောင်းကင်ဘုံက သူ့ရဲ့အပြစ်ကင်းစင်မှုကို တိုက်ရိုက် မပြောထားဘူး"

အတိအလင်းမပြောထားခြင်းက လှုပ်ရှားရန် နေရာရှိနေသေးကြောင်း အဓိပ္ပါယ်ရပေ၏။

ထို ရှန်း ဆိုသော နာမည်နှင့် လူငယ်လေးက အမြစ်မရှိသော ဗေဒါပင်တစ်ပင်ကဲ့သို့ဖြစ်ပြီး ယဲ့လန် မှလွဲ၍ ရှန်းရွှီတောင်တွင် သူ သိကျွမ်းသူ တစ်ယောက်မျှ မရှိချေ။

"မသေမျိုးခုံရုံးက သူ့ကို မေးမြန်းဖို့ ခေါ်သွားရင်ကော"

"အဖမ်းခံရချိန်မှာ သူက အပြင်းအထန် ခုခံပြီး ပွဲချင်းပြီး အကွပ်မျက်ခံရရင်ကော"

မုယန်က တိုးညှင်းစွာဖြင့် မေးခွန်းအနည်းငယ်ကို ပြန်လည်မေးခွန်းထုတ်လိုက်ရာ သူ၏မျက်လုံးများမှာ ပိုမို အေးစက်လာပြီး ရေရွတ်လိုက်ချေ၏။ "ရွေ့ဖုန်း ၊ အခွင့်အရေးဆိုတာ စောင့်နေရုံနဲ့ ရောက်လာတာမဟုတ်ဘူး၊ မကြာခဏဆိုသလို ကိုယ်တိုင် လှုပ်ရှားရတယ်၊ အကြောင်းပြချက်တစ်ခု ရှိဖို့ပဲ လိုတယ်"

"အဖေ..."

လျိုရွေ့ဖုန်းက အချိန်အတော်ကြာ အံ့အားသင့်သွားပြီး နောက်ဆုံးတွင် သူ၏ဖခင်၏ အဓိပ္ပါယ်ကို နားလည်သဘောပေါက်သွားကာ သူ၏မျက်နှာပေါ်တွင် ဝမ်းမြောက်မှုများ နောက်တစ်ကြိမ် မြင့်တက်လာခဲ့ချေ၏။

"အချိန်ကို တွက်ကြည့်မယ်ဆိုရင် အဲဒီနှစ်ယောက်လည်း ဆေးဖော်စပ်ဖို့ပြန်ရောက်လောက်ပြီ"တာအိုသခင်မုယန်က မတ်တပ်ရပ်ကာ အဓိကခန်းမ၏ အပြင်ဘက်သို့ လျှောက်သွားခဲ့ပါသည်။

"ကျွန်တော်လည်း လိုက်ခဲ့မယ်" လျိုရွေ့ဖုန်း အလျင်အမြန် လိုက်ပါသွားခဲ့ချေ၏။

အကယ်၍ ထိုမုန်းတီးစရာကောင်းသော စုံတွဲ ကျရှုံးသွားသည်ကို သူ ကိုယ်တိုင် မျက်စိဖြင့် မမြင်တွေ့ရပါက သူ တောင်ထိပ်သခင် နေရာကို ရရှိခဲ့လျှင်ပင် သူ၏နှလုံးသားထဲရှိ နာကြည်းမှုနှင့် မသက်မသာဖြစ်မှုတို့ကို ပျောက်ကွယ်သွားစေနိုင်မည် မဟုတ်ပေ။

တာအိုသခင်မုယန်က တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်ချေ၏။ "ကောင်းပြီ"

ရွေ့ဖုန်းက ရှန်းရွှီတောင်တွင် ကြီးပြင်းလာခဲ့ပြီး အတွေ့အကြုံရယူရန် အပြင်သို့ ဘယ်သောအခါကမျှ မထွက်ခဲ့ဖူးရာ သူ၏သဘာဝက အလွန် ဖြူစင်ပြီးအပြစ်ကင်းလွန်းသဖြင့် သူလည်း အရွယ်ရောက်လာရန် အချိန်ကျရောက်လာပြီ ဖြစ်ချေသည်။

...

ခြံဝင်းအတွင်း ကြွယ်ဝသောဆေးနံ့များက တဖြည်းဖြည်း မှေးမှိန်သွားခဲ့၏။

၎င်း၏နေရာတွင် လတ်ဆတ်ပြီး ဆွဲဆောင်မှုရှိသောအနံ့တစ်ခု ထွက်ပေါ်လာကာ လူကို သွားရည်ကျစေပြီး တစ်ကျိုက်တည်း မျိုချပစ်ချင်စိတ် ပေါက်သွားစေသည်။

သို့သော် ၎င်းမှာ ခဏတာမျှသာဖြစ်ပြီး ဆေးဖော်စပ်သူက ရတနာ၏တန်ဖိုးကို နားလည်သဘောပေါက်ကာ ၎င်းကိုအလျင်အမြန် ဖုံးကွယ်လိုက်သည့်အလားဖြစ်နေပေ၏။

ကျန်းယန်စီရင်စု၏ရှန်းစံအိမ် အတွင်း၌

ရှန်းယီ သူ၏အရှိန်အဝါကို အပြည့်အဝ ဖိနှိပ်ထားပြီး သူ၏မျက်လုံးများတွင် ကျန်ရစ်နေသော ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခု ရှိနေချေသည်။

ဆေးနံ့ မှေးမှိန်သွားရခြင်းမှာ ကပ်ဘေး သုံးရာရှိသော ဧကရာဇ်ချီရွှေရောင်ဆေးလုံးများမှ ပြန်လည်ဖန်တီးထားသည့် ရတနာဆေးလုံးကို သူ စားသုံးလိုက်သောကြောင့် ဖြစ်ပေ၏။

ထို့အတူအသစ်ထွက်ပေါ်လာသည့် အနံ့က သူ အခြားမသေမျိုးဆေးလုံးတွေကို ဖော်စပ်ထားခြင်း မဟုတ်ပေ။

...

အမှန်ပင် ထိုသို့လည်းထည့်တွက်လို့ရပါသည်။

မသေမျိုးဆေးလုံးက အခြားသူမဟုတ်ဘဲ ရှန်းယီ ကိုယ်တိုင်သာဖြစ်ပေ၏။

ဆေးလုံးတောင်ထိပ်မှ ချန်ထားခဲ့သော ပြီးပြည့်စုံပြီးကြွယ်ဝသည့် စာအုပ်များ စုဆောင်းမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်ချေသည်။

ရှန်းယီ ထိုက်ရွှီဆေးတာအိုကို သရုပ်ဖော်တွက်ချက်သည့် လုပ်ငန်းစဉ်က ချောမွေ့စွာပြီးဆုံးသွားခဲ့၏။

ယခင်က ကျန်ရှိနေသော ကပ်ဘေး ၇၀၀ ကျော် အပါအဝင် ဧကရာဇ်ချီ၏ကပ်ဘေး ၃၀၀ နှင့် ပေါင်းစပ်လိုက်ပါက စုစုပေါင်း ကပ်ဘေး တစ်ထောင်ကျော်ရှိလာခဲ့ပြီး ၎င်း၏၃၀ ရာခိုင်နှုန်းခန့်ကို ထိုက်ရွှီတာအိုအသီးအပွင့်ကို စတုတ္ထအဆင့် သို့ နောက်ဆုံးတွင် တက်လှမ်းစေရန်အသုံးပြုခဲ့ရချေသည်။

ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည့် အခိုက်အတန့်တွင် ရှန်းယီ သူ၏တစ်ကိုယ်လုံး ထိုရွှေရောင်ဆေးလုံး နှင့် ရောယှက်သွားကြောင်း ခံစားလိုက်ရ၏။

အရေပြား၊ ဆံပင်၊ သွေးကြောများ၊ အရိုးများနှင့် နတ်ဝိညာဉ်အပါအဝင် အရာအားလုံးက မမြင်နိုင်သောကြိုးမျှင်ပေါင်းများစွာကို ပေါက်ဖွားလာစေပြီး ထိုက်ရွှီတာအိုအသီးအပွင့်အတွင်းသို့ သွန်းလောင်းကာ ထိုရွှေရောင်ဆေးလုံး နှင့် ပေါင်းစပ်သွားသကဲ့သို့ဖြစ်နေချေသည်။

ဤကြိုးမျှင်များက ထာဝရမီးဖိုတစ်ခုကဲ့သို့ဖြစ်ပြီး ရွှေရောင်ဆေးလုံးကို မှော်ပညာပေါင်းများစွာဖြင့် အဆက်မပြတ် သန့်စင်နေခဲ့ပေ၏။

ကျားနဂါးအသီးအပွင့် ယခင်က ထိုးဖောက်ဝင်ရောက်ခဲ့စဉ်က ၎င်းက ကပ်ဘေးတစ်ထောင်ကို သုံးထောင်အဖြစ် တိုက်ရိုက်ပြောင်းလဲပေးခဲ့ချေသည်။

သို့သော် ထိပ်တန်းအဆင့်ဆယ်ခုစာရင်းဝင် တည်ရှိမှုများအနက်မှ တစ်ခုအနေဖြင့် ရှန်းယီ ထိုက်ရွှီတာအိုအသီးအပွင့်မှနေ၍ သရုပ်ဖော်တွက်ချက်ရရှိခဲ့သော လမ်းကြောင်းက ထိုမျှကြီးမားသော ခုန်ပျံကျော်လွှားမှုမျိုးကို မပြသခဲ့ချေ။

ကပ်ဘေး တစ်ထောင်က ကပ်ဘေး တစ်ထောင်သာဖြစ်နေဆဲဖြစ်ပြီး တာအိုအသီးအပွင့်၏ပြီးပြည့်စုံမှုမှလွဲ၍ အထူးတလည်အံ့သြဖွယ်ကောင်းသောအရာ ဘာမျှ မရှိခဲ့ပေ။

ထို့အတူ အားနည်းချက်များလည်းရှိသေး၏။

ရှန်းယီ ယခုလေးတင် သူ၏ထံမှ ပေါက်ကွဲထွက်လာသောကြွယ်ဝသည့် အနံ့ကိုပြန်လည်သတိရမိလိုက်ချေ၏။ အခြားသူများကို ဆိုဖွယ်ရာမရှိ သူကိုယ်တိုင်ပင် ပြင်းပြသောဆန္ဒတစ်ခုကို ခံစားခဲ့ရသည်။

ဤကဲ့သို့သော လူပုံသဏ္ဍာန် ရွှေရောင်ဆေးလုံး မျိုးကိုသာ မျိုချလိုက်ပါက မိစ္ဆာများနှင့် နတ်ဘုရားများနှစ်ခုစလုံးကို အံ့အားသင့်သွားစေလိမ့်မည်။

"ဒုက္ခပဲ..." ရှန်းယီ ခေါင်းခါလိုက်ပြီး ထိုက်ရွှီးရွှေရောင်ဆေးလုံးကို ဆက်လက်စစ်ဆေးနေခဲ့ချေ၏။

မကြာမီတွင် သူတစ်စုံတစ်ခုမှားယွင်းနေကြောင်း တွေ့ရှိလိုက်ရပါသည်။

ယုတ္တိတန်စွာပြောရမည်ဆိုလျှင် စတုတ္ထအဆင့် သည် တာအိုအသီးအပွင့်တစ်ခု၏အသွင်ပြောင်းလဲခြင်းနှင့် ပြည့်စုံခြင်းကို ကိုယ်စားပြုသည့် ကျားနဂါးဖိနှိပ်ခြင်းအသီးအပွင့်မှာ ရင့်ကျက်လာပြီးချိန်နောက်တွင် တိုးတက်မှုတစ်စက်လေးမှ မရှိတော့ချေ။

ကပ်ဘေး သုံးထောင်က ဤအသီးအပွင့်၏

ကန့်သတ်ချက်ဖြစ်သကဲ့သို့ ၎င်း၏ နောက်ဆုံးပုံစံလည်း ဖြစ်ပေ၏။

သို့သော် ဤအခိုက်အတန့်တွင် အတွင်းပိုင်းမီးဖိုက အဆုံးအစမဲ့စွာတောက်လောင်နေပြီး သန်းပေါင်းများစွာသော ဆေးဖော်စပ်ခြင်းမှော်ပညာများက သူတို့ဘာသာ သူတို့ ဆက်လက်ပြောင်းလဲနေဆဲဖြစ်ရာ ၎င်းက ထိုက်ရွှီရွှေရောင်ဆေးလုံး ပြီးစီးခြင်းမရှိသေးကြောင်းကို ညွှန်ပြနေပေ၏။

၎င်း၏အတွင်းတွင် ကပ်ဘေးစွမ်းအားများကို ပိုမို သယ်ဆောင်နိုင်စွမ်း ရှိနေသေးချေသည်။

ဤဆေးလုံးကို သန့်စင်ရန် အသုံးပြုခဲ့သော မှော်ပညာများအားလုံး ကုန်ခမ်းသွားချိန်မှသာ ၎င်းက ပြီးပြည့်စုံသွားမည်ဖြစ်ကောင်းဖြစ်နိုင်၏။

ကန့်သတ်ချက်များကို ကျော်လွန်သွားခြင်းက ထိုက်ရွှီဆေးတာအို၏အစစ်အမှန် စွမ်းအားလော။

"..."

ဤတာအို၏ဖန်တီးရှင်အနေဖြင့် ရှန်းယီတွင် မေးမြန်းစရာ မည်သူမျှမရှိဘဲ သူ့ဘာသာသူ ဖြည်းညှင်းစွာ နားလည်အောင်ကြိုးစားရုံသာ ရှိချေသည်။

ယခုအခါ လောကခရီးသည်ကျင့်ကြံသူ နှင့် ချီကျင့်ကြံခြင်းလမ်းကြောင်း နှစ်ခုစလုံးက စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤကျယ်ပြန့်သော ကမ္ဘာကြီးထဲတွင်ပင် သူ့ကိုယ်သူ ကာကွယ်ရန် ခွန်အားကို သူပိုင်ဆိုင်ထားပြီ ဖြစ်၏။

ယင်းအထက်တွင်မူ အစစ်အမှန်နတ်ဘုရားများ ၊ ဗုဒ္ဓများ နှင့် မသေမျိုးအရှင်များသာ ကျန်ရှိတော့ချေသည်။

သူမတ်တပ်ရပ်လိုက်ပြီး တစ်ကိုယ်လုံး လန်းဆန်းသွားသည်ကို ခံစားလိုက်ရ၏။ ထိုက်ရွှီရွှေရောင်ဆေးလုံးကိုလမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုကာ သူက ထိုက်ရွှီနယ်ပယ်ကိုလွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ပြီး ကမ္ဘာကြီးကစူးစမ်းလေ့လာရန်ကျယ်ပြန့်စွာ ပွင့်ဟနေပြီဖြစ်ကြောင်း သူ ခံစားလိုက်ရချေသည်။

ရှန်းယီ ခြံဝင်းထဲမှ ထွက်လာပြီး ယဲ့လန် ထံသို့ သတင်းစကားပါးလိုက်၏။

သိပ်မကြာခင်မှာပဲ ဓားအလင်းတန်းတစ်ခု သူ့ဆီကို ပျံသန်းလာခဲ့ချေသည်။

ယဲ့လန်က ရှန်းစံအိမ်မှ ထွက်ပေါ်လာသော ဆေးနံ့ ကို ကြိုတင်သတိပြုမိထားပြီးဖြစ်ရာ အနီးအနားတွင် စောင့်ကြည့်နေခဲ့ခြင်းဖြစ်၏။ ကံကောင်းထောက်မစွာဖြင့်ချိုမြိန်သော အနံ့က မကြာမီမှာပင် ပျောက်ကွယ်သွားခဲ့ချေသည်။

ဤဆေးလုံး နှင့် ပတ်သက်၍ သူမ မမေးမြန်းခဲ့ချေ။

ရှန်းယီ၏ပါရမီဖြင့် ဆေးလုံးတောင်ထိပ်၏အမွေအနှစ်များကို ရယူကာ အောင်မြင်မှုအချို့ရရှိပြီး အံ့သြဖွယ်ကောင်းသော မသေမျိုးဆေးလုံးများအချို့ကို ဖော်စပ်နိုင်ခြင်းမှာ တော်တော်လေးပုံမှန်သာဖြစ်၏။

ထို့ပြင် ဤကဲ့သို့သော မဟာကပ်ဘေးကာလအတွင်း သူ၏တိုးတက်မှု အနည်းငယ်စီတိုင်းက မဟာတောင်ပိုင်းတိုက်ကြီးအတွက် ကောင်းသောအရာတစ်ခု ဖြစ်ပေသည်။ အကယ်၍ ဖော်ထုတ်ခံရပါက ကောင်းချင်မှ ကောင်းပေလိမ့်မည်။

"မင်းလုပ်စရာတခြားကိစ္စ မရှိဘူးဆိုရင် ဒီခရီးစဉ်ကိုမြန်မြန်စတင်ကြရအောင်" ယဲ့လန်က စံအိမ်၏ အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်ချေ၏။

အခြေအနေများမှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေပြီး အချိန်ကြာလာသည်နှင့်အမျှ ပြဿနာများ ပိုမို ရှိလာနိုင်ပေသည်။

နောက်ပိုင်းမှ အထိတ်တလန့် မဖြစ်ရစေရန် ဟင်းလင်းပြင်ရတနာဆေးလုံးကိစ္စကို စောစော ကိုင်တွယ်ဖြေရှင်းခြင်းက အကောင်းဆုံး ဖြစ်ချေ၏။

"ထွက်သွားကြရအောင်" ရှန်းယီ က အသာအယာ ခေါင်းညိတ်ပြလိုက်၏။

ထိုက်ရွှီဆေးတာအိုက လောလောဆယ်တွင် ဆက်လက်တိုးတက်နိုင်စွမ်း ရှိသေးသော်လည်း နတ်ဆိုးသက်တမ်းဖြုန်းတီးမိမည်ကို စိုးရိမ်ရန် မလိုအပ်သော်လည်း တာ့လော်တာအိုအသီးအပွင့် အကြောင်းကြိုတင်လေ့လာထားခြင်းက ကောင်းမွန်၏။

အနည်းဆုံးတော့ တာ့လော်မသေမျိုးအရှင်က ဘယ်လိုပုံစံရှိသလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရပြီး သူ့ကိုယ်သူပိုမိုကောင်းမွန်စွာ ပြင်ဆင်နိုင်ရန် ဖြစ်ချေသည်။

"ဒါနဲ့" တစ်စုံတစ်ခုကို သတိရသွားသည့်အလား ယဲ့လန် သူ့ကိုတိုးညှင်းစွာ သတိပေးလိုက်၏။

"ရှန်းရွှီဘိုးဘေးအတွက် ဆေးဖော်စပ်တဲ့အခါ မင်း အရင်ကဖော်စပ်ထားတဲ့ ဆေးလုံးတွေ ကို သိမ်းထားဖို့ ဒါမှမဟုတ် ကြိုပြီးစားထားဖို့ မမေ့နဲ့နော်"

"..."

ရှန်းယီ အနည်းငယ် တိတ်ဆိတ်သွားခဲ့ချေ၏။ သူ စားချင်တာမှန်ပေမယ့် သူ့လက်သည်းသူ ပြန်ကိုက်စားလို့မှ မရတာ။

"ဘယ်လိုပဲဖြစ်ဖြစ် ပိုသတိထားပါ၊ ဒါပေမယ့် အရမ်းကြီးစိုးရိမ်စရာတော့ မလိုပါဘူး၊ အချိန်မရောက်သေးပါဘူး" ယဲ့လန် အားတင်းကာပြုံးပြလိုက်ပေ၏။

အကယ်၍ ထိုနေ့ အမှန်တကယ် ရောက်လာခဲ့ပါက ရှန်းယီ ဘာမှပြောစရာပင် မလိုဘဲ သူမက သူ့ကို ရှန်းရွှီတောင် မှ တတ်နိုင်သမျှ အဝေးဆုံးသို့ သေချာပေါက် ခေါ်ဆောင်သွားမည်ဖြစ်ပြီး ဤဘဝတွင်နောက်ထပ် ဘယ်တော့မှပြန်မလာရန်ဖြစ်ချေရှိသည်။

All Chapters