← Chapters

အခန်း (၂၅၁၁-၂၅၁၂)

Vol. 180 Ch. 2511-2512

အခန်း (၂၅၁၁-၂၅၁၂)

Vol. 180 Ch. 2511-2512

အပိုင်း(၂၅၁၁)

ကြယ်တာရာ ဝိညာဉ်များ သည် ကာလကြာရှည်စွာ စောင့်မျှော်နေခဲ့ရသော လျှို့ဝှက် ဝိညာဉ်များ အဖြစ်သို့ စတင်ပြောင်းလဲလာသည်နှင့်အမျှ လျှို့ဝှက် စွမ်းအင် ၏ ပေါင်းစပ်သွင်းယူမှုသည် နားလည်ရခက်လောက်အောင် အံ့ဩဖွယ် ကောင်းလှသည်။

ဝေ့ဝူယင်၏ အသိစိတ် ဝေဝါးနေစဉ်အတွင်းမှာပင်၊ သူ့ပတ်ဝန်းကျင် တစ်ခွင်လုံး၌ ဒေါသတရား၏ ဂယက်ရိုက်ခတ်မှုတစ်ခု တောက်လောင်နေသည်ကို သူ ခံစားလိုက်ရသည်။ ၎င်းသည် မီးတောက်မီးလျှံများကဲ့သို့ ပူပြင်းပြီး မိုးခြိမ်းသံများကဲ့သို့ ပြင်းထန်လှပေသည်။

မည်သူက မဒေါသထွက်ဘဲ နေမည်နည်း။ ဖီဆန်လေး နှစ်ဆယ့်ငါးခုသည် အဆုံးအစမဲ့သော အစာအိမ်များနှင့် လျှို့ဝှက် စွမ်းအင် အပေါ် ကပ်ဘေးဆိုက်လောက်အောင် ခံတွင်းတွေ့မှုများရှိသော ဆာလောင်မွတ်သိပ်နေသည့် ကြယ်တာရာ ကပ်ပါးကောင်များနှင့် တူနေခဲ့သည်။ နှစ်ဆယ့်ငါးခု။ ရူးလောက်စရာ နှစ်ဆယ့်ငါးခုတောင်ပင်။

ဤဖီဆန် အရွယ်အစားရှိ နေကြယ်များသည် လျှို့ဝှက် စွမ်းအင် ကို အပြည့်အဝ စုပ်ယူရာတွင် မည်သည့်အရာကိုမျှ ထိန်းချုပ်မထားသောကြောင့်၊ လျှို့ဝှက် တာအို သည် သေမျိုး တာအို ကဲ့သို့ပင် ဒေါသတကြီး ညည်းညူနေမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ သို့သော်လည်း ဖီဆန်လေး သည် စုပ်ယူနိုင်သမျှကို အရှက်အကြောက်ကင်းမဲ့စွာ စုပ်ယူနေခဲ့ပြီး၊ ၎င်း၏ ပင်ကိုယ်ဖွဲ့စည်းပုံကို ပြောင်းလဲကာ အစစ်အမှန် လျှို့ဝှက် ကြယ်တာရာ တစ်ခုအဖြစ်သို့ မြှင့်တင်နေခဲ့သည်။

အခြားအရာများသည်လည်း ကပ်ပါးကောင်များနှင့် မခြားနားခဲ့ပေ။ အထူးသဖြင့် ဝေ့ဝူယင်၏ အစစ်အမှန် ဝိညာဉ် ကြိုးမျှင်များပင် ဖြစ်သည်။ ဤလျှို့ဝှက် စွမ်းအင် အမျိုးအစားသည် ပြိုင်ဘက်ကင်းလှပြီး၊ ကျရှုံးခဲ့သော ကပ်ဘေးများမှ ရရှိသည့် မည်သည့်ထိခိုက်ပျက်စီးမှုကိုမဆို ကုသပေးရန် ဝိညာဉ်စွမ်းအင်၏ ဂုဏ်သတ္တိများကို တုပနိုင်စွမ်းရှိသည်။

ဤစွမ်းအင်သည်ပင်လျှင် ကြယ်တာရာ အသွင်များကို အခြေခံအဆင့်တွင် လျှို့ဝှက် အသွင်များ အဖြစ်သို့ ပြုပြင်ပြောင်းလဲနေစဉ်အတွင်း ဖီဆန်လေး ၏ နေကြဘ် ဝိညာဉ် ကို လျှို့ဝှက် နေကြယ် ဝိညာဉ် အဖြစ်သို့ မြှင့်တင်ပေးရာတွင် ကူညီပေးခဲ့ပြီး၊ ကြယ်တာရာ ဝိညာဉ် တစ်ခုစီတိုင်းကို လျှို့ဝှက် ဝိညာဉ်များ အဖြစ်သို့ တက်လှမ်းစေခဲ့သည်။

ဤကဲ့သို့သော ပြုပြင်ကုသမှုမျိုးဖြင့် ဝေ့ဝူယင်သည် အလွန်အမင်း ကြမ်းတမ်းသော ကျင့်ကြံခြင်း နည်းလမ်းတစ်ခုကို အသုံးပြုကာ သူ၏ အစစ်အမှန် ဝိညာဉ် ကို မရည်ရွယ်ဘဲ ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။

မကြာမီမှာပင် ဝေ့ဝူယင်၏ အသိစိတ် ဝေဝါးနေမှုသည် ပိုမိုကြည်လင်လာခဲ့သည်။ တဖြည်းဖြည်းနှင့် ကျင့်ကြံခြင်း ဝိညာဉ် ငါးခုစလုံး သက်ပြင်းချနိုင်သွားခဲ့သည်။ ၎င်းတို့၏ စွန့်စားမှုက အလုပ်ဖြစ်ခဲ့လေပြီ။

တိုင်လုံးများအားလုံးကို အောင်ပွဲခံသည့်ဟန်ဖြင့် ပြီးမြောက်ခဲ့ပြီးနောက်၊ ၎င်းတို့သည် ပြီးပြည့်စုံသော တစ်ယောက်တည်း အဖြစ် ပြန်လည်ပေါင်းစည်းရန် လောကကြီး ၏ ခုခံ၍မရသော ထူးခြားသည့် ပေါင်းစည်းခြင်း စွမ်းအားကို အားကိုးခဲ့ကြပေသည်။ ၎င်းသည် စမ်းသပ်အောင်မြင်ပြီးသော နည်းလမ်းတစ်ခုဖြစ်သည်။

လျှို့ဝှက် ရောင်စဉ်များ အောက်တွင် နွေးထွေးစွာ ခံစားရင်း၊ ပဲ့တင်ထပ် ဝိညာဉ် အဆင့် ရှိ မည်သည့်ကျင့်ကြံသူကိုမဆို အံ့ဩမှင်သက်သွားစေပြီး မနာလိုစိတ်များ ဖြစ်ပေါ်လာစေနိုင်လောက်သည့် လျှို့ဝှက် ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်နေသော မှေးမှိန်ပျောက်ကွယ်လုဆဲဆဲ ကပ်ဘေးတံခါးများ ကြားတွင် လွင့်မျောနေသည့် ဝေ့ဝူယင် နှစ်ဆယ့်ငါးဦးသည် တစ်ခုတည်းအဖြစ်သို့ စတင်ပေါင်းစည်းလာခဲ့သည်။

ထိုလုပ်ငန်းစဉ်သည် ရေသောက်ရသကဲ့သို့ လွယ်ကူစွာပင် ဖြစ်ပေါ်သွားခဲ့လေသည်။

ကပ်ဘေးတံခါး နှစ်ဆယ့်ငါးခုသည် မှေးမှိန်ပျောက်ကွယ်သွားပြီးနောက် ဝေ့ဝူယင်၏ ခန္ဓာကိုယ်သည် နားလည်ရခက်သော အလင်းရောင်များဖြင့် တောက်ပနေခဲ့သည်။

သူ၏ ထျန်းတျန် အတွင်း၌ လျှို့ဝှက် ဝိညာဉ် နှစ်ခုသည် ၎င်းတို့၏ လျှို့ဝှက် အမြုတေများ ထဲတွင် ကိန်းအောင်းနေကြသည်။ တစ်ခုမှာ ခပ်သိမ်းသောအရာများ၏ အစအဦးကို ကိုယ်စားပြုသော စင်ကြယ်သည့် အဖြူရောင် စက်လုံးတစ်ခုဖြစ်ပြီး၊ အခြားတစ်ခုမှာ ၎င်း၏ အသွားက ခပ်သိမ်းသောအရာများကို အဆုံးသတ်ပေးနိုင်စွမ်းရှိသည့် ဆေဘာ တစ်လက်ဖြစ်သည်။ သူ၏ နှလုံးသားအတွင်း၌မူ လျှို့ဝှက် ဝိညာဉ် တစ်ခုသည် တိမ်မြူခိုးများကြားတွင် ပျံသန်းရင်း ၎င်း၏ လျှို့ဝှက် အမြုတေ အတွင်း၌ ကိန်းအောင်းကာ ဟိန်းဟောက်နေခဲ့သည်။

သူ၏ အသိစိတ်ပင်လယ် အတွင်း၌မူ လျှို့ဝှက် ဝိညာဉ် နှစ်ခုသည် ၎င်းတို့၏ လျှို့ဝှက် အမြုတေများ ထဲတွင် ကိန်းအောင်းနေကြသည်။ တစ်ခုမှာ ကြယ်များကို ထိတွေ့ရန် ကြိုးပမ်းခဲ့သော်လည်း ကောင်လေးတစ်ယောက်၏ ခန္ဓာကိုယ်အတွင်း၌ အစစ်အမှန် မိသားစုနှင့် ဆုံတွေ့ခဲ့ရသော ရှေးဟောင်း သစ်ပင်တစ်ပင်ဖြစ်ပြီး၊ နောက်တစ်ခုမှာ မယုံနိုင်လောက်အောင် ကြီးမားလှသော ဗဟုသုတများ၏ ပညာရှင်ဆန်သော တောက်ပမှုများကို ထုတ်လွှတ်နေသည့် ကြီးကျယ်ခမ်းနားသော နန်းတော်ပုံစံ စာကြည့်တိုက်တစ်ခု ဖြစ်သည်။

ဤစကြဝဠာ၏ သမိုင်းတစ်လျှောက်တွင် ဝေ့ဝူယင်သည် သတ်မှတ်ထားသော စည်းမျဉ်းများကို ဖီဆန်ခဲ့ပြီး၊ လောကကြီး စတင်ဖန်တီးကတည်းက လွတ်လပ်သော ကျင့်ကြံခြင်း ဝိညာဉ် ငါးခုကို ပိုင်ဆိုင်ထားသည့် ပထမဆုံးသူ ဖြစ်လာခဲ့လေပြီ။

ချည်နှောင်ခြင်း အစီအရင်အတွင်း ကောင်းကင်ငယ် တိုင်လုံး ဆယ့်ရှစ်ခု ဝန်းရံထားလျက် ဝေ့ဝူယင်သည် ခြေနှစ်ဖက်ကို ဆန့်တန်းကာ ထိုင်ချလိုက်ပြီး သူ၏ ခန္ဓာကိုယ်အထက်ပိုင်းကို လက်နှစ်ဖက်နောက်ပစ်၍ ထောက်ထားလိုက်သည်။

ချွေးပေါက်တိုင်းမှ နားလည်ရခက်သော အလင်းရောင်များ တောက်ပစွာ ထွက်ပေါ်နေသော်လည်း၊ သူသည် လေးကန်ပျင်းရိနေပြီး လွတ်လပ်စွာ စီးဆင်းနေသော အတွေးများနှင့်အတူ အပျင်းရိဆုံး အမူအရာကို ထုတ်ဖော်ပြသနေခဲ့သည်။

ကြယ်တာရာ ပါရဂွန်၏ အမူအရာသည် သေမျိုးတစ်ဦးကဲ့သို့ပင် ရိုးရှင်းလှသည်။ သေမျိုးခွာချခြင်း လုပ်ငန်းစဉ် ပြီးမြောက်သွားခဲ့သော်လည်း သူ၏ အတွေးများ၊ စိတ်နှင့် ခံစားချက်များသည် လက်တွေ့ကျကျ ဆက်လက်တည်ရှိနေကာ သူကိုယ်တိုင်နှင့် သူ၏ စိတ်ဝင်စားမှုများကိုသာ သစ္စာရှိစွာ ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ အပိုစွမ်းအင်များ မထုတ်သုံးချင်ဘဲ ပျင်းရိစွာ ထိုင်နေခြင်းကဲ့သို့သော ရိုးရှင်းသည့် အရာလေးများပင် သူ၏ အတွင်း၌ တည်ရှိနေဆဲဖြစ်သည်။

"အဲဒီလို ဖြစ်သွားတာပေါ့..."

ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါး မှတ်ချက်ချလိုက်ရင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို အောက်ဆီဂျင်ကဲ့သို့ ရှူသွင်းခြင်းဖြင့် သူ၏ အဆုတ်များ ကျယ်ပြန့်လာသည့် အနည်းငယ် သာယာဖွယ်ကောင်းသော ခံစားချက်ကို ခံစားလိုက်ရသည်။

“အလုပ်ဖြစ်သွားတယ်..."

ဧဒင်က အရာအားလုံးကို စကားလုံးနှစ်ခွန်းတည်းဖြင့် အကြောင်းပြချက်ပေးကာ ရိုးရှင်းစွာ ရှင်းပြလိုက်သည်။ မည်သို့ပင်ဆိုစေ နောက်ဆုံးရလဒ်က ထိုနေရာသို့ ရောက်ရှိရန် အသုံးပြုခဲ့သော နည်းလမ်းကို တရားမျှတစွာ အတည်ပြုပေးလိုက်ပြီ မဟုတ်ပါလား။

"ဒေါသထွက်နေလား..."

အိုရီက ညင်သာစွာ မေးလိုက်သည်။

"..."

ဝေ့ဝူယင်သည် မျက်တောင်ကို ဖြည်းညင်းစွာ ခတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်၊ စိတ်၊ ဝိညာဉ်၊ အစစ်အမှန် ဝိညာဉ်၊ ဆန္ဒ၊ သွေးနှင့် စွမ်းအင်တို့၏ အစိတ်အပိုင်းအားလုံးသည် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး နားလည်ရခက်သော အတိုင်းအတာ၏ ပြီးပြည့်စုံသော နယ်နိမိတ်အတွင်းသို့ ဝင်ရောက်သွားခဲ့လေပြီ။ သူသည် သာမန် သေမျိုးတစ်ဦး မဟုတ်တော့ပေ။

သူသည် သေမျိုး ဟူသော သဘောတရား၏ ချည်နှောင်မှုအောက်တွင် မရှိတော့ချေ။ ၎င်းသည် အံ့ဩဖွယ်ကောင်းသော်လည်း စိတ်ခံစားမှုအရ ရှုပ်ထွေးနေပြီး သူ၏ နှလုံးသားထဲတွင် ရောထွေးနေသော ခံစားချက်များကို ဖြစ်ပေါ်စေခဲ့သည်။ သူ မွေးဖွားလာကတည်းက သူသည် သေမျိုးတစ်ဦးသာ အမြဲတမ်း ဖြစ်ခဲ့သည်။ ထိုထက်မပိုသလို၊ ထိုထက်လည်း မလျော့ခဲ့ပေ။ ယခုအခါတွင်မူ သူသည် ထိုအရာမဟုတ်တော့ဘဲ ဤနေရာအထိ သူ၏ ကျင့်ကြံခြင်းက သတ်မှတ်ပေးခဲ့သော အစစ်အမှန် လျှို့ဝှက် အာဏာရှင် တစ်ပါး ဖြစ်လာခဲ့လေပြီ။

သူ၏ ကျင့်ကြံခြင်းက သူ့ကို အပြန်လမ်းမရှိသော နေရာသို့ ပို့ဆောင်ပေးခဲ့ရုံသာမက၊ သူ၏ ကြယ်တာရာ ဝိညာဉ်... မဟုတ်သေး... လျှို့ဝှက် ဝိညာဉ်များ သည် ၎င်းတို့၏ မူလအစီအစဉ်ထက် များစွာ ကျော်လွန်သွားခဲ့သည်။ သူနားလည်ထားသလောက် အနည်းဆုံး ကပ်ဘေးတံခါး လေးခုမှသည် နှစ်ဆယ့်ငါးခုအထိ ဖြစ်သွားခဲ့သည်။ မဟာတာအိုများက သတ်မှတ်ထားသော နက်နဲလှသည့် စည်းမျဉ်းများကို အသုံးချကာ ၎င်းတို့သည် အစစ်အမှန် ဝိညာဉ် ခွဲထုတ်ခြင်း၏ ကန့်သတ်ချက်ကို ရဲရဲဝံ့ဝံ့ ဖီဆန်ရင်း သူ၏ အစစ်အမှန် ဝိညာဉ်နှင့် ရင်း၍ စွန့်စားခဲ့ကြသည်။

ဒေါသထွက်နေသလား...

မထွက်ပါချေ။

သဘောကျသလား...

လုံးဝကို သဘောကျမိပေသည်။

သို့ရာတွင် ရူးသွပ်မှုက တွန်းအားပေးခဲ့သော ဤလုပ်ရပ်၏ နက်နဲလှသည့် ရလဒ်သည် မသေးငယ်ခဲ့ပေ။ လုံးဝကို မသေးငယ်ခဲ့ခြင်းဖြစ်သည်။

ပထမဆုံးအနေဖြင့် သူ၏ ဝိညာဉ် နှင့် အသိစိတ်ပင်လယ် အကြားရှိ တံခါးပေါက်ဖြစ်သော သူ၏ စိတ်မျက်လုံး ကို သူ သတိပြုမိလိုက်သည်။ ကြီးမားကျယ်ပြန့်သည်ဆိုသော စကားလုံးကပင် ၎င်းအတွက် မှန်ကန်မျှတမှု မရှိတော့ချေ။ ဖီဆန်လေးသည် ပုံစံနှစ်ဆယ့်ငါးခုအဖြစ် ခွဲထွက်သွားခဲ့ပြီး လျှို့ဝှက် စွမ်းအင် နှင့် လျှို့ဝှက် ဝိညာဉ်စွမ်းအင် တို့ကို တစ်ခုစီ၏ အထွတ်အထိပ် ကန့်သတ်ချက်များအထိ တွန်းပို့နိုင်သည်အထိ စုပ်ယူခဲ့ကာ၊ ထိုနှစ်ဆယ့်ငါးခုစလုံးကို ပြီးပြည့်စုံသော တစ်ခုတည်းအဖြစ် အပြစ်အနာအဆာမရှိ ပေါင်းစည်းခဲ့သည်။

သေမျိုး တာအို အတွင်း၌ ဖီဆန်လေး ၏ အမြင့်ဆုံး အရွယ်အစား သတ်မှတ်ချက်သည် နောက်တစ်ကြိမ် ထပ်မံကျယ်ပြန့်သွားခဲ့သည်။ ထို့ပြင် ဖီဆန်လေး ကြီးထွားလာသည်နှင့်အမျှ ၎င်းသည် ဆက်လက်၍ တိုးလာဦးမည်ဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းကို အထွတ်အထိပ် အရွယ်အစားရှိ ဖီဆန် နေကြယ် တစ်ခုအဖြစ်သာ သတ်မှတ်နိုင်တော့သည်။ ထိုအရာက... အလွန်အမင်းကို ကြီးမားလွန်းလှပေသည်။

သို့ရာတွင် စိတ်မျက်လုံး၏ ရုပ်ပိုင်းဆိုင်ရာလွန် ဟင်းလင်းပြင် နေရာသည်လည်း တန်းတူညီမျှ ကျယ်ပြန့်သွားခဲ့ပြီး ၎င်းကို ယခင်ကထက် ပိုမိုလွယ်ကူစွာ နေရာပေးနိုင်စွမ်း ရှိလာခဲ့သည်။

ဒုတိယအနေဖြင့် သူ၏ ဝိညာဉ်စွမ်းအင် သည် အလွန်အမင်း တိုးပွားလာခဲ့သည်။ ၎င်းမှာ သူ၏ အစစ်အမှန် ဝိညာဉ် နှင့် ဝိညာဉ် တို့သည် နှစ်ဆယ့်ငါး... အကြိမ် နှစ်ဆယ့်ငါးကြိမ်တိတိ ခွဲထွက်သွားခဲ့ပြီး လုံလောက်သော လျှို့ဝှက် ဝိညာဉ်စွမ်းအင် ကို စုပ်ယူ၍ အပြည့်အဝ ပြန်လည်သက်သာလာပြီးနောက် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခြင်း၏ နောက်ဆက်တွဲ ရလဒ်ပင်ဖြစ်သည်။ ထိုအထဲတွင် အဆင့် တက်လှမ်းခြင်းမှ ရရှိသည့် သာမန် တိုးတက်မှုများကို ထည့်တွက် မထားပါချေ။

တတိယအနေဖြင့်...

ထားလိုက်ပါတော့။ ထည့်သွင်းစဉ်းစားစရာများက သိပ်ကို များပြားလွန်းလှပေသည်။ အသီနာ၏ အသွင်ပြောင်းလဲမှု အနှောင့်အယှက် မဖြစ်ခဲ့သည့်အတွက် သူ ဝမ်းသာနိုင်ရုံသာ ရှိတော့သည်။

သို့ရာတွင်... ဆယ်စုနှစ်ပေါင်းများစွာ သန့်စင်ပြီးနောက် သူ၏ ဝိညာဉ်၊ အသိစိတ်ပင်လယ် တို့နှင့် ချိတ်ဆက်ထားပြီးဖြစ်သော စိတ်မျက်လုံး အတွင်းရှိ အသီနာ၏ တည်နေရာကြောင့်၊ ကောင်းကင်တံခါးသည် ဖီဆန်လေး နှင့်အတူ ခွဲထွက်သွားခဲ့ရပေသည်။

ယခုအခါ ထိုကောင်းကင်တံခါးသည် အကြွင်းမဲ့ အရွယ်အစား မဟုတ်တော့ဘဲ ဖီဆန် အရွယ်အစား အသေးစားလေးအဖြစ် သတ်မှတ်နိုင်ပေသည်။ လုံးဝကို ယုတ္တိမတန်လှပေ။

သူ၏ အဓိက အာဏာ အားလုံးသည်လည်း ခွဲထွက်သွားခဲ့ပြီး ပေါင်းစည်းသွားချိန်တွင် နောက်တစ်ဖန် မျိုးရိုးဗီဇပြောင်းလဲသွားကာ၊ သာမန် အာဏာများထက် များစွာ ပိုမိုကြီးမား၊ ခိုင်မာပြီး ပို၍ အစွမ်းထက်လာခဲ့သည်။ ဥပဒေသများ၏ သက်ရောက်မှုရှိသွားသောကြောင့် သူ၏ မူလ အပြစ်သား မျိုးစေ့ များသည်လည်း ထိုနည်းတူပင် ဖြစ်သွားခဲ့သည်။ အားလုံးပင်ဖြစ်သည်။ အရာအားလုံးပင်တည်း။

အရာခပ်သိမ်းပင်...။

***

အပိုင်း(၂၅၁၂)

ဝေ့ဝူယင် သူ၏ ထျန်းတျန်၊ နှလုံးသားနှင့် အသိစိတ်ပင်လယ် တို့ကို အတွင်းပိုင်း၌ ခွဲခြမ်းစိတ်ဖြာကြည့်ရာ၊ အံ့မခန်း များပြားလှသော လျှို့ဝှက် သင်္ကေတများ ရှိနေပြီး အားလုံးမှာ ပြီးပြည့်စုံနေခဲ့သည်ကို တွေ့လိုက်ရသည်။ ၎င်းတို့သည် မြေကြီးရှန့်ထိုများ၏ လျှို့ဝှက် သင်္ကေတများ နှင့် မည်သို့မျှ ခြားနားမှု မရှိခဲ့ပေ။ သူ မြေကြီးရှန့်ထို အဆင့် သို့ တိုက်ရိုက် မခုန်တက်သွားရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သူ၏ ကြယ်တာရာ ပါရဂွန် လျှို့ဝှက် ခန္ဓာကိုယ်သည် အစောပိုင်းအဆင့်တွင်သာ ရှိနေသေးသဖြင့် ဤသင်္ကေတများကို ချေဖျက်ရန် လိုအပ်နေခြင်းနှင့်၊ နိုးကြားခြင်း အဆင့် လျှို့ဝှက် ရည်ရွယ်ချက် ကို သူ ဆုပ်ကိုင်နိုင်ခြင်း မရှိသေးသောကြောင့်သာ ဖြစ်သည်။

သို့သော်လည်း... ထိုအရာကို သေချာပေါက် ရည်ရွယ်ချက်ရှိရှိဖြင့် သူ ထိန်ချန်ထားခဲ့ခြင်း ဖြစ်သည်။

အမှန်စင်စစ်... လျှို့ဝှက် တာအို ၏ ကောင်းချီးသည် အခြားအရာများကဲ့သို့ပင် ခွဲထွက်ပြီး ပြန်လည်ပေါင်းစည်းသွားခဲ့ကာ၊ တက်လှမ်းရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သတိပေးရင်း သူ့ကို ပိုမို မြင့်မားသော အဆင့်များသို့ တက်လှမ်းရန် တိုက်တွန်းနေသည်ကို သူ ခံစားနေရပြီဖြစ်သည်။

သူကမူ အသင့်မဖြစ်သေးပေ။

မည်သို့ပင်ဆိုစေ... လျှို့ဝှက် သင်္ကေတများ ၏ စုစုပေါင်း အရေအတွက်မှာ ၂,၀၂၅ ခုပင် ဖြစ်သည်။

၎င်းတို့သည် သင်္ကေတ အုပ်စုကိုးခုအဖြစ် စုစည်းနေပြီး တစ်ခုစီတွင် လျှို့ဝှက် သင်္ကေတများ ၂၂၅ ခုစီ ပါဝင်ကာ၊ သူ၏ ထျန်းတျန်၊ သွေးကြောများ၊ နှလုံး၊ အသိစိတ်ပင်လယ်၊ စိတ်မျက်လုံး တို့မှသည် သွေးပြန်ကြော၊ သွေးလွှတ်ကြော၊ အရိုးနှင့် ဆဲလ်တိုင်းအထိ သဘာဝအတိုင်း လှည့်ပတ်စီးဆင်းနေခဲ့သည်။

သူ၏ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်တွင် ဤ လျှို့ဝှက် သင်္ကေတများ မထိတွေ့သော အစိတ်အပိုင်းဟူ၍ တစ်ခုမျှ မရှိခဲ့ပေ။

၎င်းသည် သဘာဝ ကျင့်ကြံခြင်း တစ်မျိုးဖြစ်ပြီး၊ ထိတွေ့မှုနှင့် ပျံ့နှံ့မှုတို့မှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ကို သန့်စင်ပေးသည့် အလိုအလျောက် တုံ့ပြန်မှုတစ်ခုဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်၏ ကျင့်ကြံခြင်း နည်းလမ်းအားလုံးသည် နားလည်ရခက်သော အတိုင်းအတာအထိ ဖြာထွက်သွားရန် (သို့မဟုတ်) ရှုပ်ထွေးမှုများကို ပေါင်းထည့်ရန်၊ ကြီးထွားရန်အတွက် ဤလမ်းကြောင်းကို အခြေခံအုတ်မြစ်တစ်ခုအဖြစ် အသုံးပြုကြသည်။

ဤအရာအားလုံးထဲတွင် အလွန်မင်း ယုတ္တိမတန်ဆုံး အရာမှာ သူ၏ ဒုတိယ စိတ် ၏ ကံကြမ္မာပင် ဖြစ်သည်။

"မားဂတ်က အဖေ သဘောတူလိမ့်မယ်လို့ ပြောလို့ပါ..."

မည်သည့်ဖိအားမျှ မရှိပါဘဲလျက်၊ ခေါက်ကုလားထိုင်တစ်လုံးကို ခေါက်သိမ်းလိုက်သကဲ့သို့ လွယ်ကူစွာပင် အိုရီက အပြစ်အားလုံးကို တွန်းချကာ သတင်းပို့ တိုင်တောလိုက်သည်။

"..."

ဝေ့ဝူယင် အံ့အားသင့်သွားပြီး ခြောက်ကပ်စွာ မေးလိုက်သည်။

"မားဂတ် ဟုတ်လား..."

တည်ရှိမှုများ ပြောင်းလဲပြီးနောက် ဒုတိယ စိတ် သည် သူ၏ ကိုယ်ပိုင်အမည်ကို ရွေးချယ်ခဲ့သည်။ ထိုအမည်ကို အိုရီ က လက်ခံပြီးသား ဖြစ်ပုံရပေသည်။

ဝေ့ဝူယင် နွေးထွေးစွာ ပြုံးလိုက်၏။

"အဲဒါက ငါ..."

"ငါ့အတွက် မင်း အနှစ်သက်ဆုံး အမည်လေ..."

ယခင်က ဒုတိယ စိတ် တစ်ဖြစ်လည်း ယခု မားဂတ် ဖြစ်လာသူက ပြောလိုက်ရင်း အသိစိတ်ပင်လယ် အတွင်းရှိ ဧဒင်၏ စာကြည့်တိုက် နန်းတော် အဆောက်အအုံ အတွင်းမှနေ၍ သူ၏ တည်ရှိမှုကို ခံစားသိရှိခွင့် ပြုလိုက်သည်။

"မားဂတ် ဆိုတာ ကလောင်တံ တစ်ချောင်းရယ်၊ သူ့ရဲ့ အတွေးတွေနဲ့ လောကကြီးကို စိန်ခေါ်ခဲ့တဲ့ ပညာရှိတစ်ဦးရဲ့ ပုံပြင်ကနေ လာတာ... စကားလုံးတွေရဲ့ မှော်ဆရာ... ဗဟုသုတတွေရဲ့ စုန်းကဝေ... နောက်ဆုံးအနေနဲ့၊ အဲဒါက မှော်ဆရာ ဆိုတဲ့ စကားလုံးနဲ့ အသံထွက် ဆင်တူတယ်..."

ဝေ့ဝူယင်သည် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီးနောက် မေးလိုက်၏။

"မင်း အဲဒီနာမည်ကို သဘောကျလို့လား..."

"တကယ်လို့ ငါသာ သဘောမကျဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် မားဂတ် လို့ နာမည်ပေးမှာ မဟုတ်ဘူးလေ... ဟုတ်တယ်မလား... နောက်ပြီး မင်းပဲဖြစ်ဖြစ် ငါပဲဖြစ်ဖြစ် သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ အရေးမကြီးဘူး... အိုရီ သဘောကျဖို့က အဓိကပဲ..."

မားဂတ် က အေးဆေးစွာ ပြောလိုက်သည်။

"ငါ သဘောကျတယ်... သဘောကျတယ်..."

အိုရီ က သူမ၏ သတင်းပို့ တိုင်တောခဲ့သော အပြုအမူကို လုံးဝမေ့လျော့သွားကာ အော်ဟစ်လိုက်သည်။

"တွေ့လား... ဟားဟား..."

မားဂတ် က လွတ်လပ်စွာ တခစ်ခစ် ရယ်မောလိုက်၏။ သို့သော်လည်း... သူ့ အသံသည် ဝေ့ဝူယင် နှင့် လေယူလေသိမ်း (သို့မဟုတ်) အသံနေအသံထား အတိအကျ တူညီနေခြင်း မရှိတော့ပေ။ ၎င်းသည် ကွဲပြားပြီး ထူးခြားကာ၊ ၎င်း၏ ကိုယ်ပိုင်အသံ တစ်ခုဖြစ်နေခဲ့ပြီဖြစ်သည်။ ဝေ့ဝူယင်၏ နှလုံးသား နွေးထွေးသွားခဲ့သည်။ စွန့်စားခဲ့မှုအတွက် မားဂတ် ကို သူ အပြစ်မတင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းက မှန်ကန်သောကြောင့်ပင်။ သူကိုယ်တိုင်လည်း ရှေ့ဆက်လုပ်ဆောင်ရန် ခွင့်ပြုချက် ပေးခဲ့မည်သာဖြစ်သည်။ သူ၏ တုံ့ဆိုင်းမှုကြောင့် သူ့ မိသားစုကို ဆုံးရှုံးရသည်ဟု သိမြင်လျက် အသက်ရှင်နေရခြင်းထက်၊ ကြီးမြတ်မှုကို ရှာဖွေရင်း သေဆုံးသွားရခြင်းကိုသာ သူ ပို၍ လိုလားပေလိမ့်မည်။

အချိန်မြစ် အတွင်း၌ သူတွေ့ဆုံခဲ့ဖူးသော ဝေ့ဝူယင် နှစ်ယောက်၏ ကံကြမ္မာက အခွင့်အရေးတစ်ခုကို ရင်ဆိုင်ရချိန်တွင် မည်သည့်အခါမျှ အလျော့မပေးရန် သူ့ကို အမြဲတမ်း သတိပေးနေခဲ့သည်။ တစ်ခဏလေးမျှပင် မပေါ့ဆရန်ဖြစ်သည်။

ဝေ့ဝူယင်သည် အခြေအနေကို လွယ်ကူစွာ လက်ခံလိုက်သည်။ တွေးတောပူပန်နေစရာ မလိုပေ။ ဤအရာအားလုံး မည်သို့ဖြစ်ပျက်ခဲ့သနည်းဆိုသည်ကို ရှင်းပြချက် ရှာဖွေနေရန် မလိုအပ်ပေ။ အနည်းဆုံးတော့ ယခုအချိန်သည် ထိုသို့လုပ်ရမည့် အချိန်မဟုတ်ချေ။

“ဒါနဲ့ မင်းရဲ့ တရားဝင် နာမည်က ထာဝရ ဉာဏ်အလင်းရ လျှို့ဝှက် ဝိညာဉ် ဟုတ်လား... အဲ့တာက ဘာလဲ”

"ရိုးရိုးသားသား ပြောရရင် ငါလည်း သေချာမသိဘူး..."

မားဂတ် ၏ လျှို့ဝှက် ပုံစံ သည် တုန်ခါသွားပြီးနောက် ထာဝရ စွမ်းအင် ကြိုးမျှင်တစ်ခုကို အပြင်ဘက်သို့ ထုတ်လွှတ်လိုက်သည်။ ၎င်းသည် ဝေ့ဝူယင်၏ သွေးကြောများ တစ်လျှောက် လှည့်ပတ်စီးဆင်းသွားပြီး သူ၏လည်ချောင်းသို့ ရောက်ရှိလာကာ အသက်ရှူထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် အပြင်သို့ ထွက်ပေါ်လာခဲ့သည်။ နွေဦးရောက်ခါစ စိမ်းလန်းသော အရောင်ရှိသည့် စွမ်းအင်အငွေ့အသက်တစ်ခုကို ရှူထုတ်လိုက်ခြင်းဖြစ်သည်။

"ဧဒင်ရဲ့ အမှတ်အသား ကို သွားသတိရမိတယ်..."

ဝေ့ဝူယင်သည် ထာဝရ စွမ်းအင် ၏ အရည်အသွေးများကို ခံစားမိရင်း မှတ်ချက်ချလိုက်သည်။ ၎င်းသည် အသက်အင်အား နှင့် တူသော်လည်း မဟုတ်ခဲ့ပေ။ အသက်ချီ နှင့် တူသော်လည်း မဟုတ်ခဲ့ပေ။ ဧဒင် အမှတ်အသား တွင် သန့်စင်ခြင်းမပြုရသေးသော အသက်အင်အား ကို ထုတ်လုပ်ပေးနိုင်သည့် ထူးကဲသော စွမ်းရည်ရှိပြီး၊ သူ၏ စွန့်စားခန်းများစွာအတွက် အလွန်အရေးပါခဲ့ပေသည်။

အကယ်၍ သူသာ တကယ် သုံးသပ်ရမည်ဆိုလျှင်၊ ၎င်းက ဤအရာနှင့် တူနေသည်ဟု ခံစားရသည်။

"ထာဝရ အော်ရာ လား..."

မားဂတ်က သူ၏ အတွေးကို အဆုံးသတ်ပေးလိုက်သည်။ ယခုအခါ သူသည် ကျင့်ကြံခြင်း ဝိညာဉ် တစ်ခုအနေဖြင့် သူ၏ အသိစိတ်ပင်လယ် နှင့် ချိတ်ဆက်ထားပြီးဖြစ်၍ ဧဒင် ကဲ့သို့ပင် သူ၏ အတွေးများကို ဖတ်ရှုနိုင်စွမ်း ရှိနေလေပြီ။

"အင်း... ထူးဆန်းတယ်..."

ဝေ့ဝူယင်က ခဏတာ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ပြန်လည်ဖြေလျှော့လိုက်သည်။

"အဲဒါက ထာဝရ အော်ရာ ထက် အဆင့်တစ်ဆင့် ဒါမှမဟုတ် နှစ်ဆင့်လောက် သေချာပေါက် နိမ့်ပေမယ့်၊ ပင်ကိုယ်သဘာဝအရ အသက်ချီ ထက်တော့ ပိုကြီးမြတ်တယ်..."

ဧဒင်က သူ၏ ကိုယ်ပိုင် သုံးသပ်ချက်ကို ဖြည့်စွက်ပြောကြားလိုက်သည်။ သူ့ အနေဖြင့် ဤကိစ္စတွင် မည်သို့ ပါဝင်မလာဘဲ နေမည်နည်း။ သူသည် ဧဒင်၏ အမှတ်အသား ကို ပထမဆုံး ပိုင်ဆိုင်ခဲ့သည် မဟုတ်ပါလား။

သူသည် ကျင့်ကြံခြင်း ဝိညာဉ် တစ်ခုအဖြစ်သို့ မကူးပြောင်းမီက သစ်ပင်တစ်ပင်အနေဖြင့် မိမိ၏ အသက်အင်အားများကို စုစည်းထားခဲ့သည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို နားမလည်နိုင်သော်လည်း ၎င်းသည် စွမ်းအင်များကို သန့်စင်ခြင်းမပြုရသေးသော အသက်အင်အား အဖြစ်သို့ မရည်ရွယ်ဘဲ ကူးပြောင်းပေးနိုင်စွမ်း ရှိခဲ့ပေသည်။

"ဉာဏ်အလင်းရ ဝိညာဉ်... အစစ်အမှန် စိတ် တာအို ကျင့်ကြံခြင်း ဝိညာဉ် ပေါ့လေ..."

ဝေ့ဝူယင်က မှတ်ချက်ချလိုက်သည်။ ဧဒင် သည် အဂ္ဂိရတ် အာကာရှစ် ဝိညာဉ် တစ်ခုဖြစ်သော်လည်း၊ ဖန်တီးခြင်း နှင့် ဆက်စပ်နေသော အာကာရှစ် စွမ်းအင်သည် စိတ် တာအို စွမ်းအား သက်သက်သာဖြစ်သည်ဟု ဆိုရန် ခက်ခဲလှသည်။ ဧဒင် သည် ကျင့်ကြံခြင်း ဝိညာဉ် တစ်ခုအဖြစ် သူ၏ အသိစိတ်ပင်လယ် အတွင်း၌ ကိန်းအောင်းသွားပြီးနောက်၊ ၎င်း ပိုင်ဆိုင်သော အာကာရှစ် စွမ်းအင်သည် အခြေခံ ဂုဏ်သတ္တိများအရ စိတ် တာအို ဘက်သို့ ယိမ်းယိုင်သွားခြင်း ဖြစ်နိုင်ပေသည်။

"အဲဒါ ပြဿနာ ရှိလို့လား..."

မားဂတ် က ရန်လိုသော အရိပ်အယောင် အနည်းငယ်ဖြင့် မေးလိုက်သည်။ ဉာဏ်အလင်းရ ကျင့်ကြံခြင်း ဝိညာဉ် တစ်ခုတွင် အင်အားကို အခြေခံသော တိုက်ခိုက်ရေး စွမ်းအား အလွန်နည်းပါးသည်မှာ ရှင်းလင်းလှသော်လည်း၊ ၎င်းမှသာလျှင် လုပ်ဆောင်နိုင်သော အရာများလည်း ရှိနေသေးသည် မဟုတ်ပါလား။

"ဟားဟား... မရှိပါဘူး... လုံးဝ မရှိပါဘူး..."

ဝေ့ဝူယင် ရယ်မောလိုက်သည်။ တိုက်ခိုက်ရေးကို ဦးတည်သော စွမ်းအားနှင့် ပတ်သက်လာပါက ဘုရင်၊ အိုရီ နှင့် ခရာတို တို့က လုံလောက်သည်ထက်ပင် ပိုနေပြီဖြစ်သည်။

"ဒီမှာပဲ ဆက်နေတော့မလို့လား..."

ခရာတို က ငြီးငွေ့နေသောအသံဖြင့် မေးလိုက်သည်။ ဝေ့ဝူယင်သည် ဤနေရာတွင် ထိုင်နေသည်မှာ သုံးနာရီခန့်ရှိပြီဖြစ်ပြီး၊ တည်ငြိမ်စွာ အသက်ရှူရင်း ဟင်းလင်းပြင်ကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။

အမှန်စင်စစ်... ဝေ့ဝူယင်သည် ဒေသတစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေလောက်အောင် စွမ်းအင်များလွန်ကဲစွာ မထုတ်သုံးမိစေရန် သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ အင်အားများကို ချိန်ညှိနေခြင်းဖြစ်သည်။ ထို့ပြင် သူသည် ဤတိုင်လုံး ဆယ့်ရှစ်ခုကို ဧဒင် နှင့်အတူ ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။

"ငါတို့ လုပ်နိုင်တယ်..."

ဧဒင် က အတည်ပြုပေးလိုက်သည်။ ဤချည်နှောင်ခြင်း အစီအရင်ကို သိမ်းယူရန်အတွက် ထိုအတည်ပြုချက်က ရှင်းလင်းလှပေသည်။

ကောင်းကင်ငယ် ဆယ့်ရှစ်ခုသည် အဖိုးတန် ပစ္စည်းများဖြစ်သည်။ ကျင့်ကြံသူ အများအပြားကို အကျိုးပြုနိုင်သော လုံးဝ ပြီးပြည့်စုံသည့် နယ်မြေများ ဖြစ်လာနိုင်သည့် လျှို့ဝှက်နယ်မြေ ဆယ့်ရှစ်ခုကို ဖန်တီးနိုင်စွမ်း ရှိသည်။

အကယ်၍ ကောင်းစွာ ကိုင်တွယ်နိုင်ပါက အာရုဏ်ဦး အင်ပါယာသည် လျှို့ဝှက်နယ်မြေ ဆယ့်ရှစ်ခုကို ရရှိမည်ဖြစ်သည်။ သူ လုပ်ရမည့်အရာမှာ... ၎င်းကို ထိန်းချုပ်ရန်သာ ဖြစ်ပေသည်။

***

All Chapters