အခန်း (၂၅၁၃-၂၅၁၄)
Vol. 180 Ch. 2513-2514
အပိုင်း(၂၅၁၃)
အကယ်၍ ကောင်းကင်ဘုံ နတ်မျက်လုံးများ နှင့် အာကာရှစ် စွမ်းအင်၊ အဂ္ဂိရတ် စွမ်းအင်တို့ ပူးပေါင်း လုပ်ဆောင်နိုင်သည့် စွမ်းရည် တစ်ခုတည်းသာ ရှိသည် ဆိုလျှင် ၎င်းမှာ အစီအရင်များနှင့် ဝင်္ကပါများကို ထိန်းချုပ်ရာတွင် ၎င်းတို့၏ ထူးဆန်းအံ့ဩဖွယ်ကောင်းသော စွမ်းရည်ပင် ဖြစ်သည်။
ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်စဉ် ဝေ့ဝူယင် ခြေထောက်အောက်ရှိ မြေပြင်သည် လှိုင်းထသွားခဲ့သည်။ သူသည် ထရာတွင် အင်အားအနည်းငယ် ပိုသုံးမိသွားခြင်းဖြစ်သည်။ သူသည် လေးလံနေခဲ့သည်။ စိတ်ကူးမယဉ်နိုင်လောက်အောင် လေးလံနေခဲ့သည်။ သူ၏ ခန္ဓာကိုယ် အတွင်းရှိ မွေးရာပါ စွမ်းအင်များသည် အရင်ကထက် အဆပေါင်းများစွာ သိပ်သည်းနေကာ ၎င်းတို့အားလုံးသည် လျှို့ဝှက် အာဏာရှင် အဆင့် အတွင်း၌ ခိုင်မာစွာ တည်ရှိနေကြသည်။
"ငါတို့ အခုပဲ ထွက်သွားကြတော့မလို့..."
ဝေ့ဝူယင်က ခရာတို ကို အသိပေးလိုက်ရာ၊ ၎င်းက စိတ်လှုပ်ရှားစွာ ဟိန်းဟောက်၍ တုံ့ပြန်လိုက်သည်။ ဤလှောင်ချိုင့်အတွင်း ပိတ်လှောင်ခံထားရသည်ကို ၎င်း ငြီးငွေ့နေပြီဖြစ်သည်။
လက်ဟန်ချိပ်စည်း တစ်ခုကို ပြုလုပ်လိုက်ရင်း ဝေ့ဝူယင်သည် ဧဒင်၏ အသစ်သန့်စင်ထားသော အဂ္ဂိရတ် အာကာရှစ် လျှို့ဝှက် စွမ်းအား ကို ထုတ်ယူသုံးစွဲလိုက်သည်။ ရုတ်တရက် အတုအယောင် လျှို့ဝှက် သင်္ကေတများ သန်းပေါင်းများစွာ ပေါ်ထွက်လာပြီး သူ့ကို ဝန်းရံသွားခဲ့သည်။ လေပြင်းများ အလား တဖျပ်ဖျပ် တိုက်ခတ်နေမှုကြောင့် သူ့ ဝတ်ရုံမှာ လွင့်ပျံ လာခဲ့၏။ ထို့နောက် ခြေထောက်တစ်ချက် ဆောင့်နင်းလိုက်မှုနှင့်အတူ အတုအယောင် လျှို့ဝှက် သင်္ကေတများ သည် တိုင်လုံး ဆယ့်ရှစ်ခုအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားခဲ့သည်။
ဝေ့ဝူယင်သည် ချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရချိန် အထိ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ ဤအကျဉ်းထောင်တွင် ဝိညာဉ်အသွင် မရှိခဲ့ပေ။ သို့သော် တစ်ခုရှိခဲ့ဖူးကြောင်း သူ ခံစားမိသည်။ ၎င်းသည် ပိတ်လှောင်ခံထားရသော အထွတ်အထိပ် တည်ရှိမှု ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရဖွယ်ရှိသည်။ ၎င်းမှာ ဤလှောင်ချိုင့်မှ လွတ်မြောက်ရန် ကြိုးပမ်းမှု၏ အစပျိုးခြင်း ဖြစ်နိုင်သလို၊ လျှို့ဝှက်နယ်မြေ အပိုင်းပိုင်းအစစ ဖြစ်သွားရခြင်း၏ အကြောင်းရင်းလည်း ဖြစ်နိုင်ပေသည်။
မည်သည့် ခုခံမှုမျှ မခံစားရသဖြင့် ဝေ့ဝူယင်သည် သူ၏ လက်ဖဝါးကို ဖြန့်လိုက်သည်။ ထို့နောက် လက်သီးကို ဆုပ်လိုက်သည်။ ထိုသို့ပြုလုပ်လိုက်သည်နှင့် သူ၏ လက်သီးသည် နဂါးအကြေးခွံများ ဖုံးလွှမ်းသွားခဲ့သည်။ အပိုင်းပိုင်းအစစ ဖြစ်နေသော လျှို့ဝှက်နယ်မြေ တစ်ခုလုံး တုန်ခါသွားပြီးနောက် အစွန်းပိုင်းများသည် သလင်းကျောက်အဖြစ်သို့ စတင်ပြောင်းလဲလာခဲ့သည်။
ဝှစ်...
ဝေ့ဝူယင်သည် အမှောင် ဟင်းလင်းပြင် အတွင်း ပေါ်လာခဲ့သည်။ သူ၏ လက်ထဲတွင် လက်သီးဆုပ်ခန့် အရွယ်အစားရှိ မျက်နှာပြင် သုံးဆယ်ပါ သလင်းကျောက်ပုံစံ ဟင်းလင်းပြင် သလင်းကျောက် တစ်ခု ရှိနေသည်။ မျက်နှာပြင်သည် လျှို့ဝှက် ရောင်စဉ်များဖြင့် တောက်ပနေပြီး အတွင်း၌ ရွှေရောင်အလင်းတန်း ဆယ့်ရှစ်ခု ရှိနေခဲ့သည်။
"ဟင်းလင်းပြင် သလင်းကျောက် အသွင် ပြောင်းလဲခြင်း က လျှို့ဝှက်ကောင်းကင် အဆင့် ပစ္စည်းတွေပေါ်မှာ အရင်ကထက် အများကြီး ပိုပြီး လွယ်ကူလာတယ်..."
သွေးမျိုးဆက် စွမ်းရည်များ၏ အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲကို ခံစားမိရင်း ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါး မှတ်ချက်ချလိုက်သည်။ သူသည် ထိုသလင်းကျောက်ကို ခဏတာ ဆော့ကစားပြီးနောက် ဟင်းလင်းပြင် လက်စွပ် အတွင်းသို့ သိမ်းဆည်းလိုက်သည်။
ထို့နောက်... ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အတူ အထွတ်အထိပ် တည်ရှိမှု ပုန်းအောင်းနေခဲ့သော လျှို့ဝှက်နယ်မြေ ကို သူ လေ့လာကြည့်လိုက်သည်။ ၎င်း ချမှတ်ထားသော ဖုံးကွယ်ခြင်း အစီအရင် များအားလုံးသည် သူ့ကို အနည်းငယ်မျှပင် တားဆီးနိုင်စွမ်း မရှိတော့ချေ။ အတွင်းရှိ အရာအားလုံးကို မြင်တွေ့လိုက်ရချိန်တွင် သူ၏ မျက်လုံးများက အနည်းငယ် ပြူးကျယ် သွားခဲ့သည်။
သို့သော်လည်း အနည်းငယ်မျှသာပင်...။
လျှို့ဝှက်နယ်မြေ အတွင်း၊ အထပ်ထပ်သော ဖုံးကွယ်ခြင်းနှင့် လှည့်စားခြင်း အစီအရင်များ၏ နောက်ကွယ်တွင်၊ သွယ်လျသော ပုံရိပ်တစ်ခုသည် ခြေတံရှည်များကို ချိတ်ကာ ထိုင်နေခဲ့သည်။ ထိုသူမှာ အမျိုးသမီးတစ်ဦး ဖြစ်သည်။ သာမန် အမျိုးသမီးတစ်ဦးတော့ မဟုတ်ပေ။
သူမသည် အရပ် ကိုးပေတိတိ ရှိ၏။ ကျန်းမာစိုပြည်ကာ ဆွဲဆောင်မှုရှိစွာ တောက်ပနေသော အသားအရေကို ပိုင်ဆိုင်ထားသည်။ ထိုအလှကို ပိုမိုပေါ်လွင်စေသည်မှာ ကျစ်ဆံမြီးများ အပြည့်ကျစ်ထားသော ဆံပင်များဖြစ်ပြီး၊ ဆံနွယ်ရှည်နှစ်ခုက သူမ၏ မေးရိုးသွယ်သွယ်လေးကို လှပသေချာစွာ ဝန်းရံထားလေသည်။ နုပျိုတက်ကြွမှုအရ သူမသည် အသက်နှစ်ဆယ်ပင် မပြည့်သေးသည့်ဟန် ရှိသော်လည်း၊ အချိန်ကာလက သူမ၏ ရုပ်ဆင်းသွင်ပြင်ကို မလွှမ်းမိုးနိုင်ကြောင်း သိသာထင်ရှားလှပေသည်။
သွယ်လျသော ခန္ဓာကိုယ်ကြောင့် မို့မောက်ပြည့်ဖြိုးပြီး ဝိုင်းစက်နေသော ရင်အုံအစုံက အကြည့်များကို ဖမ်းစားထားနိုင်ခဲ့သည်။ အထူးသဖြင့် သူမဝတ်ဆင်ထားသော အဖြူနှင့် မက်မွန်ရောင် ဝတ်ရုံသည် သူမ၏ ပခုံးသားများနှင့် ရင်ဟိုက်ကို မည်သည့်ဖုံးကွယ်မှုမျှမရှိဘဲ အပြည့်အဝ ပေါ်လွင်နေစေသောကြောင့် ဖြစ်သည်။ သူမသည် မွေးရာပါ ကျက်သရေရှိမှုနှင့်အတူ မွန်မြတ်သော အသွင်အပြင်ကို ထုတ်လွှတ်နေသော်လည်း၊ ကြီးမားသော လွတ်လပ်မှုနှင့် တက်ကြွသော စိတ်ဝိညာဉ်၏ အငွေ့အသက်များလည်း ပါဝင်နေခဲ့သည်။ အကြည့်တစ်ချက်တည်းဖြင့်ပင် တစ်ဦးတစ်ယောက်၏ ဝိညာဉ်ကို ဆွဲဆောင်သိမ်းပိုက်နိုင်စွမ်းရှိသော အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။
ခန္ဓာကိုယ်၊ မျက်နှာ၊ ဆွဲဆောင်မှု သို့မဟုတ် အရှိန်အဝါ မည်သည့်ဘက်မှကြည့်စေကာမူ သူမသည် အဖက်ဖက်မှ လှပနေခဲ့ပြီး၊ သွေးဆောင်ဖြားယောင်းခြင်း၏ ပြယုဂ်တစ်ခုအဖြစ်ပင် တင်စားနိုင်လောက်ပေသည်။
သို့သော် ဝေ့ဝူယင်ကို အံ့အားသင့်သွားစေခဲ့သည့် အထင်ရှားဆုံးအရာမှာ သူမ၏ အရပ်အမောင်းနှင့် အလှအပတို့ မဟုတ်ပဲ သူမ၏ ဦးခေါင်း၊ မျက်လုံးများနှင့် အပိုပါဝင်နေသော အင်္ဂါအစိတ်အပိုင်းများကြောင့်ပင် ဖြစ်သည်။ သူမ၏ ဦးခေါင်းထက်၊ ရှုပ်ထွေးသော်လည်း ပိုးသားကဲ့သို့ နူးညံ့သော ကျစ်ဆံမြီးများကြားမှနေ၍ တိရစ္ဆာန် နားရွက်နှစ်ခု ထွက်ပေါ်နေခဲ့သည်။ ၎င်းတို့သည် အနက်ရောင် အမွေးအမျှင်များနှင့် အတွင်းပိုင်း ပန်းရောင်ရှိသော မြေခွေးနားရွက်များနှင့် ဆင်တူလှသည်။ သူမ၏ မြေခွေးမျက်လုံးများကဲ့သို့သော မျက်ဝန်းများသည် ရွှေဝါရောင် တောက်ပနေပြီး၊ သူငယ်အိမ်များက ကြယ်ပုံသဏ္ဌာန်ရှိကာ မျက်ဖြူလွှာများကမူ လှပသော အဖြူရောင် ပင်လယ်ပြင်တစ်ခုအလား ဖြစ်နေခဲ့သည်။ နောက်ဆုံးအနေဖြင့် သူမ၏ နောက်ကျောဘက်တွင်၊ အဖျားပိုင်း၌ အဇူရာရောင် ပါရှိသော ရှည်လျားပြီး အမွေးပွပွ အဖြူရောင် အမြီးကိုးချောင်းက ညှို့ငင်ဖမ်းစားနိုင်လောက်အောင် ယိမ်းနွဲ့နေခဲ့သည်။
"ကောင်းကင်မျိုးနွယ် လား..."
ဝေ့ဝူယင်၏ အံ့အားသင့်မှုသည် ဤရှာဖွေတွေ့ရှိမှုကြောင့် လုံးဝဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ယခင်က သူသည် ဤအထွတ်အထိပ် တည်ရှိမှုသည် မည်သူမည်ဝါဖြစ်ကြောင်းကို သေချာစွာ မမြင်တွေ့နိုင်ခဲ့ချေ။ မှေးမှိန်သော အသေးစိတ် အချက်အလက်များကိုသာ ကောက်ယူနိုင်ခဲ့ကာ လူသားလား၊ မိစ္ဆာလား သို့မဟုတ် ဤကဲ့သို့သော ကောင်းကင်မျိုးနွယ် တစ်ဦးလားဆိုသည်ကို မဆုံးဖြတ်နိုင်ခဲ့ချေ။
ကြယ်တစ်ပွင့် ဂလက်ဆီ ၌ စုစုပေါင်း မျိုးနွယ် ခုနစ်ခုအနက် လူသားများ၊ တိုက်တန်များနှင့် ကောင်းကင်မျိုးနွယ်များ ဟူသော မျိုးနွယ်သုံးခုကို သာလွန်မျိုးနွယ်များအဖြစ် သတ်မှတ်ထားကြသည်။ မျိုးနွယ်တစ်ခုစီတိုင်းတွင် အရှင်သခင်များ ရှိကြသည်
ဤသည်မှာ ယခုအချိန်အထိ သူ တွေ့ဆုံခဲ့ဖူးသော ကောင်းကင်မျိုးနွယ် ၏ ပထမဆုံး အထွတ်အထိပ် တည်ရှိမှု ပင်ဖြစ်သည်။ သို့ဆိုစေကာမူ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ တွင် မျိုးနွယ်ပေါင်းစုံ တည်ရှိနေသောကြောင့် ဤရှာဖွေတွေ့ရှိမှုက သူ့ကို အနည်းငယ်မျှသာ အံ့အားသင့်စရာ ဖြစ်ခဲ့သည်။
သူကြုံတွေ့ခဲ့ရသော ကျင့်ကြံသူ အချို့သည် လူသားများနှင့် တူကောင်းတူနိုင်သော်လည်း၊ ယင်းမှာ ကျင့်စဉ် က ယူဆောင်လာသော အပြောင်းအလဲများကြောင့် လူသားနှင့်တူသော အသွင်အပြင်ကိုသာ ရရှိထားခြင်းဖြစ်သည်။ ကျင့်စဉ် တစ်ခုသည် လူအများစု၏ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကို ပြောင်းလဲပေးနိုင်သည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ လူမှုရေးစံနှုန်းမှာ လူသားများနှင့် ပိုမိုတူညီသော လူသားပုံစံပင် ဖြစ်သည်။
နတ်ဆိုး မျိုးနွယ် ၏ အထွတ်အထိပ် သူတော်စင် တစ်ပါးဖြစ်သော ချူရှင်းသည် ဤအရာ၏ ဥပမာတစ်ခုပင် ဖြစ်သည်။ သူမ၏ အခြေခံပုံစံမှာ လူသားတစ်ဦး၏ ပုံစံဖြစ်သည်။ ထို့ပြင် ဟုန်ရွှမ်နူ သည်လည်း လူသားမဟုတ်ဘဲ အဘိဿဲ မျိုးနွယ် နှင့်တူသော ထူးခြားသည့် မျိုးနွယ်တစ်ခုဖြစ်ကာ၊ လူသားများနှင့် အထွတ်အထိပ် တည်ရှိမှု တစ်ခုတို့၏ သွေးမျိုးဆက် ရောနှောခြင်းမှ မွေးဖွားလာခြင်း ဖြစ်နိုင်ပေသည်။ ၎င်းသည် ကပြားတစ်ဦးတော့ မဟုတ်ဘဲ လုံးဝကွဲပြားခြားနားသော လူသားပုံစံ မျိုးကွဲတစ်ခုသာ ဖြစ်သည်။
ဤအချက်သည် ပင့်ကူမျိုးနွယ်များ အများအပြားအတွက်လည်း မှန်ကန်ပေသည်။ ချီယင်ယင် သည် ဆွဲဆောင်မှုရှိလှသော အလှအပများ ရှိနေသော်ငြားလည်း စင်စစ်အားဖြင့် လူသားစစ်စစ် မဟုတ်ခဲ့ပေ။
ပါခက်သည်ပင် လူသားစစ်စစ် မဟုတ်ခဲ့ပေ။ သူမသည် သားရဲတစ်ကောင်၏ သွေးမျိုးဆက်မဟုတ်ဘဲ ကြယ်တာရာ ဝါးမြိုသူ တစ်ကောင်၏ ရှေးဟောင်း ခြင်္သေ့ သွေးမျိုးဆက်တစ်ခုနှင့် မိမိကိုယ်ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။
"သူက တော်တော်လေး မိုက်တာပဲ... ဟူး... ညှို့အားပြင်းတဲ့ မိန်းမလှလေး တစ်ယောက်ရဲ့ အငွေ့အသက်တွေပဲ..."
မားဂတ် က ဆက်သွယ်ပြောဆိုလိုက်၏။ သူမက ဝေ့ဝူယင်ကို ရမ္မက်စိတ်အား ထိန်းချုပ်ရန် သိမ်မွေ့စွာ သတိပေးလိုက်ခြင်း ဖြစ်သည်။
အရိပ်အမြွက်ကို ကြားလိုက်ရသဖြင့် ဝေ့ဝူယင်သည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းသည် ဝတ်ရုံကို ဖောက်ထွက်လုမတတ် ပြင်းထန်သော ပုံဖော်မှုတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သူ၏ ယန်အရင်းအမြစ်သည် ခွဲထွက်သွားရုံသာမကဘဲ မယုံနိုင်လောက်အောင် မြင့်မားသော အဆင့်တစ်ခုအထိ မြှင့်တင်ခံလိုက်ရကြောင်းကို သူ လုံးဝ မေ့လျော့နေခဲ့သည်။
"ဒါ ငါလုပ်တာ မဟုတ်ဘူး..."
ဝေ့ဝူယင်က သူ၏ အာရုံကို အသိစိတ်ပင်လယ် အတွင်းသို့ ပို့လွှတ်လိုက်ပြီး မားဂတ် ၏ လျှို့ဝှက် အသွင် ဖြစ်သော နန်းတော်ပုံစံ စာကြည့်တိုက်ကို စိုက်ကြည့်ရင်း မှတ်ချက်ချလိုက်သည်။
"မင်းက ငါ့ရဲ့ ယန်အရင်းအမြစ် ကို မင်းရဲ့ ချီနှလုံးသား အတွက် အခြေခံအဖြစ် အသုံးပြုလိုက်တာလား..."
ဝေ့ဝူယင်က မျက်ခုံးတစ်ဖက်ပင့်ကာ မေးလိုက်၏။
"အိုး..."
မားဂတ် သည် ဝေ့ဝူယင်၏ ခန္ဓာကိုယ်အနှံ့ လှည့်ပတ်နေသော ၎င်း၏ ထာဝရ စွမ်းအင် ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
သူက ဤထူးခြားသော ချီ၏ သူ၏ ခန္ဓာကိုယ်အပေါ် ရေရှည်သန့်စင်ခြင်း အကျိုးသက်ရောက်မှုများကို စမ်းသပ်ကြည့်လိုခြင်းဖြစ်ပြီး၊ ထိုအစိတ်အပိုင်းကို အလွန်အမင်း လှုံ့ဆော်ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
***
အပိုင်း(၂၅၁၄)
"ငါ့ရဲ့ အသိစိတ်အာရုံက ငါ့ရဲ့ ဝိညာဉ်နဲ့ တော်တော်လေးကို ကင်းကွာနေတယ်..."
ဝေ့ဝူယင်က တိုးညင်းစွာ မှတ်ချက်ချလိုက်သည်။ သူ၏ နဂါးသည် ဒေါသတကြီး နိုးကြားနေသော်လည်း သူ ၎င်းကို မခံစားနိုင်ခဲ့ချေ။ လုံးဝဆက်သွယ်မှုမရှိသော စက်ယန္တရားတစ်ခုကဲ့သို့ပင် သူ ခံစားနေရသည်။
ဤလမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြသော ပညာရှင် ကျွမ်းကျင်သူများ၏ မှတ်တမ်းအမျိုးမျိုးအရ၊ ဤအရာသည် အသစ်တက်လှမ်းလာသော လျှို့ဝှက် ဝိညာဉ် အဆင့် ကျင့်ကြံသူများအတွက် သာမန်ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်သည်။ သူတော်စင်များ က ၎င်းကို အချိန်ပိုင်းဆိုင်ရာ သဟဇာတမဖြစ်မှု၊ အာကာသပိုင်းဆိုင်ရာ သဟဇာတမဖြစ်မှု တို့နှင့် နှိုင်းယှဉ်ကာ ရုပ်ပိုင်းဆိုင်ရာ သဟဇာတမဖြစ်မှု ဟု ခေါ်ဆိုခဲ့ကြသည်။ ဤသည်မှာ လျှို့ဝှက် အာဏာရှင် နယ်ပယ် ရှိသူများအတွက် မခိုင်မာသေးသော ကျင့်ကြံခြင်း အခြေခံအုတ်မြစ်၏ လက္ခဏာတစ်ရပ်ပင် ဖြစ်သည်။ ကံကောင်းစွာပင် သေမျိုး နယ်ပယ်များ နှင့် ခြားနားစွာပင် သူသည် သူ၏ စိတ်၊ ရုပ်၊ အမတေနှင့် ဝိညာဉ်တို့ကို တစ်သားတည်းကျသော အခြေအနေတစ်ခုသို့ ညှိယူရန်သာ လိုအပ်ပေသည်။
ပုံမှန်အားဖြင့် ဤသို့ လိုက်လျောညီထွေဖြစ်စေရန် ရာစုနှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပေသည်။ သို့သော် ဝေ့ဝူယင်သည် ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင်တစ်ဦး ဖြစ်သောကြောင့်၊ ထိုဘွဲ့ကို မရရှိမီကတည်းက ဤနေ့အတွက် ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ပြီးဖြစ်သည်။ သူ လက်တစ်ချက် ဝှေ့ယမ်းကာ ဆေးလုံး ဆယ့်ခြောက်လုံး ပါဝင်သော ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ ၎င်းတို့မှာ ပေါင်းစည်းခြင်း ကြိုးမျှင် ဆေးလုံးများ ဖြစ်သည်။ ၎င်းတို့သည် အလွန်အမင်း ထူးခြားပြီး လျှို့ဝှက်မြေကြီး အဆင့် ထုတ်ကုန်များ ဖြစ်ကြသည်။
ယခင် မျိုးဆက်ဟောင်းမှ ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင်တစ်ဦး၏ အကူအညီဖြင့် လောကရှန့်ထို အဂ္ဂိရတ် ပညာရှင် အများအပြားက ဖန်တီးခဲ့ခြင်းဖြစ်သောကြောင့်၊ ၎င်းကို အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ အဂ္ဂိရတ် မျိုးဆက်တစ်ခုအဖြစ် သတ်မှတ်ထားပြီး မည်သည့်သီးခြား မျိုးဆက်နှင့်မျှ မသက်ဆိုင်ပေ။ ၎င်းကို လိုက်လျောညီထွေဖြစ်မှု နှုန်းထားကို မြှင့်တင်ရန်နှင့် ရုပ်ပိုင်းဆိုင်ရာ သဟဇာတမဖြစ်မှု အပြင် အခြားသော ပြဿနာများစွာကို လျှော့ချရန်အတွက် ထိုရည်ရွယ်ချက်အတွက် အတိအကျ ဖန်တီးထားခြင်းဖြစ်သည်။
"ကျုပ်တို့ ပိုလိုဦးမယ်..."
ဧဒင် က ပြောလိုက်သည်။
ဝေ့ဝူယင် သက်ပြင်းချလိုက်၏။
"လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ဖြစ်သလို လုပ်ရမှာပဲ..."
သူက ပြောရင်း ဆေးလုံးများ ကို သူ၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။ လျှို့ဝှက် အမြုတေများက မိမိတို့၏ ဝေစုကို ရယူရန် လျှို့ဝှက် စွမ်းအား ကြိုးမျှင်များကို အပြင်သို့ ပို့လွှတ်လိုက်ကြသည်။ သူကိုယ်တိုင် သန့်စင်ရန် မလိုအပ်ခဲ့ပေ။
"ဒါက ကျင့်ကြံခြင်း ဝိညာဉ် တစ်ခုက ဆေးလုံး တွေကို သန့်စင်တဲ့ပုံစံပဲ... အံ့မခန်းပဲ..."
မားဂတ်သည် ဤအတွေ့အကြုံကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။ ဝေ့ဝူယင်သည် သူ့ကို အနည်းငယ် မနာလိုဖြစ်သွားခဲ့သည်။ ၎င်းတို့သည် ဆေးလုံး ကို မည်သည့်ကျင့်ကြံသူထက်မဆို များစွာသာလွန်သော လွယ်ကူမှုဖြင့် ချေဖျက်လိုက်ကြပြီး၊ အဂ္ဂိရတ် အာနိသင်များကို သူ၏ အသိစိတ်ပင်လယ်၊ နှလုံးသားနှင့် ထျန်းတျန် တို့ထဲသို့ ပို့လွှတ်ကာ လုပ်ငန်းစဉ်ကို ဖြည်းညင်းစွာ ကူညီပေးမည့် ကြိုးမျှင်တစ်ခုကို ဖန်တီးလိုက်ကြသည်။
ဝေ့ဝူယင်သည် ဖောင်းကြွနေသော သူ၏ ဘောင်းဘီဆီသို့ ငုံ့ကြည့်လိုက်၏။ တဖြည်းဖြည်းချင်း အာရုံခံစားမှုနှင့် ထိန်းချုပ်နိုင်စွမ်း အချို့ကို ပြန်လည်ရရှိလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ဝေ့ဝူယင်သည် အထွတ်အထိပ် တည်ရှိမှု ၏ စောင့်ကြည့်ခြင်းကို ခံနေရကြောင်း သတိပြုမိသွားခဲ့သည်။
သူ အဓိက အာဏာများ အတွင်းရှိ တည်ရှိမှုဆိုင်ရာ အခြေခံ အစစ်အမှန် ကြိုးမျှင်ကို ထပ်မံစစ်ဆေးကြည့်လိုက်၏။ ၎င်းမှာ အပျက်အစီးမရှိဘဲ သူ၏ အပြည့်အဝ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ခံစားလိုက်ရသည်။
သူက ဝိညာဉ်အာရုံဖြင့် ပွင့်လင်းသည့် ဆက်သွယ်မှုတစ်ခုကို ပို့လွှတ်လိုက်သည်။
ဘုန်း...
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး၊ ဝိညာဉ်ငလျင် တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ဝိညာဉ် ငလျင်လှိုင်းအင်အားသည် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း၊ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ဝိညာဉ်အင်အား ပေါက်ကွဲထွက်မှုက အာကာသ၏ ဒိုင်မန်းရှင်း သုံးခုစလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး၊ အချိန်နှင့် ၎င်း၏ သဘာဝအတိုင်း စီးဆင်းမှုကို အန္တရာယ်ရှိသော ဖရိုဖရဲအခြေအနေတစ်ခုအဖြစ်သို့ မွှေနှောက်ပြောင်းလဲပစ်ရန် ခြိမ်းခြောက်နေခဲ့လေသည်။ အလင်းနှင့် အပျက်အစီး မန်နာ တို့သည် အကြမ်းပတမ်း ဖယ်ရှားခံလိုက်ရပြီး ဝေ့ဝူယင်၏ ပတ်ဝန်းကျင် မိုင်ပေါင်း သန်းနှစ်ဆယ် အတွင်း၌ လုံးဝပျောက်ကွယ်သွားခဲ့သည်။
အကယ်၍ သူသာ ဤအရာကို ကြယ်ကွင်းပြင်တစ်ခုအတွင်း၌ ပို့လွှတ်ခဲ့မည်ဆိုပါက၊ ထိုကြယ်ကွင်းပြင်တစ်ခုလုံးသည် ရိုးရှင်းသော ဝိညာဉ် ဆက်သွယ်မှုလေးတစ်ခုကြောင့်ပင် ဖုန်မှုန့်များအဖြစ် လုံးဝ ဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။
ထိုဖြစ်ရပ်က အနီးအနားရှိ ဟင်းလင်းပြင် သတ္တဝါများ ကို ထိတ်လန့်တကြား ဖြစ်သွားစေခဲံသည်။ ၎င်းတို့သည် လျင်မြန်စွာ ထွက်ပြေးခဲ့ကြပြီး၊ လုံလောက်အောင် ဝေးဝေးမပြေးနိုင်ခဲ့သူများသည် ဝိညာဉ်အင်အား လှိုင်းလုံးကြီး၏ တိုက်ရိုက်ရိုက်ခတ်ခြင်းကို ခံရကာ ဝိညာဉ်များ ငြိမ်းသတ်ခံလိုက်ရသည်။
သူသည် စကားလုံး တစ်လုံးတည်းကိုသာ ပို့လွှတ်ခဲ့ခြင်းဖြစ်သည်။ တစ်လုံးတည်းကိုသာ။ ဝါကျတစ်ကြောင်းတောင် မဟုတ်ခဲ့ပေ။
"သောက်ကျိုးနည်း..."
ဝေ့ဝူယင်က ရေရွတ်လိုက်ရင်း သူ၏ လက်ကို ဆန့်ထုတ်ကာ လက်ချောင်းနှစ်ချောင်းကို ပူးလိုက်၏။ ချက်ချင်းပင် သန်းပေါင်းများစွာသော သေးငယ်သည့် အတုအယောင် လျှို့ဝှက် သင်္ကေတများ သည် သူ၏ လက်တစ်ဝိုက်တွင် လှည့်ပတ်သွားပြီးနောက်...
ဖျောက်...
"အချိန် နောက်ပြန်လှည့်ခြင်း..."
မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ အကြမ်းပတမ်း ဖယ်ရှားခံခဲ့ရသော အပျက်အစီး မန်နာ၊ အလင်း၊ စွမ်းအင်နှင့် အမတေ တို့အပြင် ထိုအပြစ်ကင်းသော ဟင်းလင်းပြင် သတ္တဝါများ သည်လည်း မိုင်သန်းနှစ်ဆယ် ပတ်လည်ဒေသတွင် ကပ်ဘေးဆိုက်လောက်သော ဝိညာဉ်ငလျင်ကို မကြုံတွေ့ခဲ့ရသည့်အလား ၎င်းတို့၏ မူလနေရာများသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြသည်။
အကြောင်းအကျိုးဆက်စပ်မှု၏ အချိန်ကို နောက်ပြန်လှည့်လိုက်ရသကဲ့သို့သော ထိုအတွေ့အကြုံသည် စိတ်ကူးမယဉ်နိုင်လောက်အောင် အံ့မခန်းဖွယ်ကောင်းလှပေသည်။ သူသည် မဟာတာအို တစ်ခု၏ နတ်ဘုရားစွမ်းအားများကို ကိုင်စွဲထားသည့် အချိန်နတ်ဘုရားတစ်ပါး ဖြစ်လာသည့်အလားပင်။ ဝေ့ဝူယင်သည် သူ၏ အာဏာကို အားကိုးကာ ဤအရာကို အလွယ်တကူ လုပ်ဆောင်နိုင်သော်လည်း၊ လျှို့ဝှက် အာဏာရှင် အဆင့် စွမ်းအားများကို စမ်းသပ်ကြည့်လိုခဲ့ခြင်းဖြစ်သည်။ ၎င်းက အလွန်အံ့ဩဖွယ်ကောင်းသော ရလဒ်တစ်ခုပင် ဖြစ်သည်။
အထွတ်အထိပ် တည်ရှိမှု သည် လန့်ဖျပ်သွားခဲ့သည်။ သူမက မတ်တတ်ရပ်လိုက်ပြီး၊ သူမ၏ မျက်လုံးများက ထက်မြက်သော အလင်းရောင်တစ်ခုနှင့်အတူ ကျဉ်းမြောင်းသွားသည်။ သူမသည် တစ်စက္ကန့်ခန့် စဉ်းစားလိုက်ပြီးနောက်၊ သူမ၏ သွယ်လျသော လက်ချောင်းလေးများကို မျက်နှာပေါ်တွင် ဖိတင်ကာ ညင်သာစွာ ဆွဲချလိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် အသွင်ပြောင်းလဲသွားချိန်တွင် စတင်တုန်ခါလာခဲ့သည်။ သူမသည် အဖြူရောင် မြေခွေးခေါင်းပါသော တောင်ဝှေးကို ကိုင်ဆောင်ထားသည့် ခါးကိုင်းကိုင်း၊ အရေးအကြောင်းများဖြင့် အဘွားအိုတစ်ဦးအဖြစ်သို့ ပြောင်းလဲသွား၏။ သူမ၏ မြေခွေးအမြီးများသည် ခန္ဓာကိုယ်ကို ရစ်ပတ်သွားကာ အရာအားလုံးကို ဖုံးကွယ်ပေးထားသည့် အဖြူနှင့် အဇူရာရောင် ဝတ်ရုံများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ၊ သူမ၏ သူငယ်အိမ်များရှိ ကြယ်တာရာ အသွင်အပြင်များလည်း ပျောက်ကွယ်သွားခဲ့သည်။
သူမသည် ရှေးကျပြီး အတွေ့အကြုံရင့်ကျက်ပုံပေါ်သော အဘွားအိုတစ်ဦးနှင့် တူသွားခဲ့သည်။ သူမ၏ အော်ရာ သည်ပင်လျှင် ဆွဲဆောင်မှု နည်းပါးသွားပြီး ပညာရှင်ဆန်သော တောက်ပမှုကို ထုတ်လွှတ်နေခဲ့သည်။ သူမ၏ အသွင်ပြောင်းကျင့်စဉ်သည် အလွန်အမင်း သန့်စင်ပြီး သူမ၏ ပင်ကိုယ်အရည်အသွေးများကို အသေးစိတ်အကျဆုံး အဆင့်အထိ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။
ဝှစ်...
သူမသည် သူမ၏ လျှို့ဝှက်နယ်မြေ ထဲမှ ထွက်ခွာလာပြီး ခိုင်မာသော အဇူရာချီ စင်မြင့်တစ်ခုပေါ်တွင် ရပ်နေခဲ့သည်။ သူမသည် ထိုစင်မြင့်ကို ဝေ့ဝူယင်ထံသို့ ပျံသန်းသွားစေရန် ထိန်းချုပ်လိုက်ပြီး၊ သူမ၏ အော်ရာကို ပွင့်လင်းစွာ ဖော်ပြထားကာ ရန်လိုသော ရည်ရွယ်ချက် မရှိကြောင်းကို ပြသနေခဲ့သည်။
"ရှင့်ကို ကျွန်မ ကျေးဇူးတင်ရပါလိမ့်မယ်... တာအိုမိတ်ဆွေ..."
သူမ၏ အသံသည် ဝိညာဉ်စွမ်းအင်ဖြင့် ပဲ့တင်ထပ်ထွက်ပေါ်လာ၏။ ဘဝ၏ အနိမ့်အမြင့် အတက်အကျများကို ဖြတ်သန်းကြုံတွေ့ဖူးသော ရှေးဟောင်း ပညာရှိ အမျိုးသမီးကြီးတစ်ဦး၏ အသံနှင့် တူနေခဲ့သည်။
"..."
ဝေ့ဝူယင်သည် မမျှော်လင့်ထားသော ပြဿနာတစ်ခုကို ရင်ဆိုင်နေရသည်။ စောစောက ဖြစ်ရပ်ကြောင့်ပင် သူ ဝိညာဉ်ဖြင့် စကားပြောလို့ မရပါချေ။ ထိုအတွက် ချိန်ညှိစရာများ လိုအပ်ဦးမည် ဖြစ်သည်။
ဤနေရာမှာလည်း အမှောင် ဟင်းလင်းပြင် ဖြစ်နေသောကြောင့်၊ သူ အသံထွက်၍ ပြောလိုက်လျှင်ပင် လေထု မော်လီကျူးများ မရှိဘဲနှင့် ကြားနိုင်မည်မဟုတ်ပေ။ သူ၏ လက်ရှိအခြေအနေတွင် သူ ဆက်သွယ်၍ မရနိုင်ခဲ့ချေ။
ဝှစ်...
သူ စာအုပ်အလွတ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။ ဤအရာက အထွတ်အထိပ် တည်ရှိမှု ကို အံ့အားသင့်သွားစေခဲ့သည်။ မှင်တံတစ်ချောင်းနှင့် အတူ သူသည် စာရေးသားသည့် ပုံစံဖြင့် ဆက်သွယ်ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူက လျှို့ဝှက် ဘာသာစကားဖြင့် ရေးသားလိုက်သည်။
"ခင်ဗျားရဲ့ ဟိုပုံစံကို ကျွန်တော် ပိုသဘောကျတယ်..."
သူက ထိုအဘွားအိုကို မျက်တောင်တစ်ချက် ခတ်ပြလိုက်၏။ သူ၏ မျက်လုံးများတွင် အပြုံးရိပ်တစ်ခု ပါဝင်နေခဲ့သည်။
လေထုသည် ချက်ချင်းပင် တင်းမာပြီး အနေရခက်သွားခဲ့သည်။ အထူးသဖြင့် အဘွားအိုပုံစံဖြင့် အထွတ်အထိပ် တည်ရှိမှု သည် စိတ်ထဲတွင် အလွန်အမင်း အံ့အားသင့်သွားသော်လည်း သူမ၏ ပြင်ပမျက်နှာအမူအရာကို အပြစ်ကင်းစင်စွာ နားလည်မှုလွဲနေသည့်ဟန်ဖြင့် ထိန်းသိမ်းထားသောကြောင့် ဖြစ်သည်။
"ဘာပြောလိုက်တာလဲဟင်..."
ဝေ့ဝူယင်က ရယ်မောလိုက်ပြီး၊ သူမ၏ လှည့်စားလိုသော ဆန္ဒကို လျစ်လျူရှုကာ ရေးသားလိုက်သည်။
"ခင်ဗျား နာမည် ဘယ်လိုခေါ်လဲ..."
***