အခန်း (၁၂၇-၁၂၈)
Vol. 13 Ch. 127-128
အခန်း (၁၂၇)
ကျွန်ုပ်၏ ကမ္ဘာကြီးကို အသစ်တစ်ဖန် ဖြစ်စေခြင်း
တံခါးမှာ ပိတ်ထားဆဲ ဖြစ်ပြီး အတွင်းမှ ကြောက်ရွံ့တုန်ရီနေသော အသံမှာ ထပ်မံ ထွက်ပေါ်လာလေ သည်။
"ကျွန်တော် မှားပါတယ်...။ တကယ်ကို မှားပါတယ်...။ ခင်ဗျား ကျွန်တော့်ဆီက ဘာလိုချင်သေးတာ လဲ...။"
"ဒိစကားက တကယ်ကို ဒေါသထွက်စရာပဲ...။"
လျန်ထျန်း က မကျေမနပ် ပြောလိုက်၏။
"မင်းဆီက ဘာလိုချင်တာလဲ ဆိုတာက ဘာသဘောလဲ...။ မင်းဘာသာ အစားအသောက်မှာတယ်၊ မင်း ဘာသာ စားတယ်၊ ပြီးတော့မှ ငါ့ကို တိုင်တယ်...။ ဒါက လူတစ်ယောက်ရဲ့ လုပ်ရပ်လား...။"
"အဲ့ဒါတင်မကသေးဘူး...။ ငါက အခြေအနေကို လာမေးတော့ မင်းက ငါ့ကို ဆဲဆို ပြီး ခြိမ်းခြောက် တယ်...။ ဒါက ဘယ်လိုအကျင့်လဲ...။"
"အခုချက်ချင်း တံခါးဖွင့်ပြီး ရှင်းအောင်ပြော...။ မဟုတ်ရင် ဒီကိစ္စက လုံးဝ ပြီးမှာ မဟုတ်ဘူး...။"
တံခါးမှာ ပိတ်ထားဆဲ ဖြစ်ပြီး အတွင်းမှ အသံမှာ ပို၍ပင် တိုးညင်းလာခဲ့လေသည်။
"ကျွန်တော် ပြောပါ့မယ်... ပြောပါ့မယ်...။ ဟုတ်ပြီလား...၊ တံခါးကြားကနေပဲ ပြောလို့ ရတာပဲကို...။"
"တကယ်တော့ ကျွန်တော်က အလုပ်လည်း မလုပ်ချင်ဘူး၊ ပိုက်ဆံလည်း မရှိလို့ ဒီလို အကြံထုတ်ကို မိတာပါ...။"
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က အစားအသောက် မှာရင်းနဲ့ ပစ္စည်းရပြီးတာတောင် ပိုက်ဆံပြန်အမ်းခိုင်း လို့ ရတယ်ဆိုတာကို သိသွားခဲ့တာပါ...။"
"ဒါနဲ့ ကျွန်တော် စမ်းကြည့်လိုက်တာပေါ့...။ ပိုက်ဆံပြန်အမ်းဖို့ အကြောင်းပြချက် ရွေးတဲ့နေရာမှာ အစားအသောက် မရဘူးလို့ ရွေးလိုက်တာ...။ တကယ်ပဲ ပိုက်ဆံပြန်ရခဲ့ပါတယ်...။"
"အရင်တုန်းက ပို့ဆောင်သူတွေက ကျွန်တော့်ဆီ ဖုန်းဆက်သေးတယ်...။ ဒါပေမဲ့ ကျွန်တော်က မရဘူး လို့ပဲ ငြင်းနေတော့ သူတို့လည်း ဘာမှ မလုပ်နိုင်တော့ဘူး...။"
"အဲ့ဒါနဲ့ ကျွန်တော်က အလကား စားလို့ရမယ့် နည်းလမ်းကောင်းတစ်ခု ရှာတွေ့သွားပြီလို့ ထင်ပြီး အခုတလော စားဖို့သောက်ဖို့ အခက်အခဲကို ဒီနည်းလမ်းနဲ့ ဖြေရှင်းခဲ့တာပါ...။"
၎င်းကို ကြားသောအခါ လျန်ထျန်း သည် ဒေါသထွက်နေဆဲ ဖြစ်သော်လည်း အံကြိတ်ကာ မေးလိုက်၏။
"ဒါဆိုရင် မင်းက ဘာလို့ တစ်ဖက်လူက စာပို့မေးတဲ့အခါမှာ ဆဲဆိုပြီး ခြိမ်းခြောက်ရတာလဲ...။"
တံခါးအတွင်းမှလူမှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလာလေသည်။
"အခုတလော အချို့သော ပို့ဆောင်သူတွေက ခဏခဏ စာပို့မေးနေကြလို့ ကျွန်တော် တော်တော် စိတ်ညစ်နေတာပါ...။"
"ဒါပေမဲ့ နောက်ပိုင်းကျတော့ ကျွန်တော်က အရမ်း ကြမ်းတမ်းတဲ့ပုံစံနဲ့ သူတို့ကို ဆဲဆို ခြိမ်းခြောက် လိုက်တော့ သူတို့ ကြောက်သွားကြတယ်...။"
"အဲ့ဒါတင်မကသေးဘူး...။ ကျွန်တော်က အရင်ဆုံး တိုင်ကြားလိုက်ရင် သူတို့က နောက်ထပ် ထပ်ပြီး အတိုင်ခံရမှာ ကြောက်လို့ ကျွန်တော့်ကို ဆက်မမေးရဲကြတော့ဘူး...။ သူတို့ဘာသာပဲ အောင့်သက်သက် နဲ့ ခံလိုက်ကြတာ...။"
"အဲ့ဒီနည်းလမ်းက အစ်ကိုနဲ့ မတွေ့ခင်အထိတော့ အောင်မြင်နေတာပဲ...။"
လျန်ထျန်း မှာ ဤမျှလောက်အထိ ထူးဆန်းသော ကိစ္စမျိုးကို တစ်ခါမှ မကြုံဖူးသဖြင့် အံ့အားသင့်နေမိ တော့သည်။
"ကောင်းပြီ... အခု အကုန်လုံး ရှင်းသွားပြီဆိုတော့ ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ဆက်ပြောကြ တာပေါ့...၊ တံခါးဖွင့်လို့ ရပြီလား...။"
သို့သော်လည်း လျန်ထျန်း အကျိုးအကြောင်းပြ ပြောဆိုသော်လည်း အတွင်းမှလူမှာ တံခါးကို လုံးဝ မဖွင့်ဘဲ ပြောလိုက်လေသည်။
"မဖွင့်ဘူး... ခင်ဗျား ကျွန်တော့်ကို ရိုက်မှာ ကြောက်တယ်...။"
လျန်ထျန်း မှာ ဒေါသထွက်လွန်း၍ပင် ရယ်မောလိုက်မိလေသည်။
"စာထဲမှာတော့ ခြေထောက် ရိုက်ချိုးမယ် ဘာညာနဲ့ တော်တော် ဟန်ကြီးပန်ကြီး လုပ်နေပြီးတော့ လက်တွေ့မှာတော့ ဒီလောက်အထိ သူရဲဘောကြောင်နေတာလား...။"
"မင်းလို လူစားမျိုးကို ကီးဘုတ်ဖိုက်တာလို့ ခေါ်တာပဲ...။ တကယ်ကို ရယ်စရာ ကောင်းလွန်းပါ တယ် ...။"
အတွင်းမှလူမှာ ရေနွေးပူဖြင့် လောင်းသော်လည်း မသေသည့် ဝက်အိုကြီးကဲ့သို့ပင် နှုတ်ဆိတ်နေပြီးမှ အော်ပြောလိုက်လေသည်။
"မဖွင့်ဘူး... ခင်ဗျား ကျွန်တော့်ဆီက ပိုက်ဆံပြန်လိုချင်ရင်လည်း ကျွန်တော့်မှာ တစ်ပြားမှ မရှိဘူး...။ အခုချက်ချင်း ထွက်သွားပါ...၊ မသွားရင် ကျွန်တော် ရဲတိုင်လိုက်မှာနော်...။"
လျန်ထျန်း မှာ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားရလေသည်။
"မင်းက ရဲတိုင်ချင်သေးတယ်ပေါ့...။ ကောင်းပြီလေ...၊ တိုင်လိုက်စမ်းပါ...။ ရဲက ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မလဲ ကြည့်ကြတာပေါ့...။"
နာရီဝက်ခန့် ကြာပြီးနောက် ရဲများ ရောက်လာသောအခါမှသာ ထိုလူမှာ တံခါးဖွင့်ရဲတော့လေသည်။ ဆံပင်ဖရိုဖရဲနှင့် အင်္ကျီအဟောင်းများ ဝတ်ထားသော ထိုသူမှာ အသံတင်မကဘဲ ရုပ်ရည်ပါ သူရဲဘော ကြောင်သည့် ပုံစံမျိုး ဖြစ်နေ၏။ ဤကဲ့သို့သော လူစားမျိုးက မည်သို့ စာထဲတွင် ထိုမျှအထိ ရိုင်းစိုင်းနိုင် ပါသနည်း။
ရဲစခန်းသို့ ရောက်သောအခါ လျန်ထျန်း က ထိုသူ့ကို အမှန်အတိုင်း ပြောခိုင်းသော်လည်း သူက အမူ အရာ ပြောင်းလဲကာ လိမ်ညာလေတော့သည်။
"ဗိုလ်ကြီးခင်ဗျာ... မနေ့က ပို့ဆောင်သူက ကျွန်တော့်ဆီကို အစားအသောက် လာမပို့လို့ ကျွန်တော် တိုင်ကြားခဲ့တာပါ...။"
"ဒါကို ဒီနေ့ သူက ကျွန်တော့်အိမ်အထိ လာပြီး တံခါးကို ကန်တယ်၊ ထုတယ်၊ ပြီးတော့ ကျွန်တော့်ကို ခြိမ်းခြောက်ပါတယ်...။ လူကြီးမင်း ကျွန်တော့်ဘက်ကနေ ကာကွယ်ပေးပါဦး...။"
ထိုသူမှာ ရဲအရာရှိရှေ့၌ သနားစရာ ကောင်းအောင် ဟန်ဆောင်နေသည်ကို မြင်သောအခါ လျန်ထျန်း မှင်တက်သွားရလေသည်။ လူတစ်ယောက်သည် ဤမျှအထိ အရှက်မရှိနိုင်ဟု သူ မထင်ထားခဲ့ပေ။
ပုခုံးပေါ်တွင် တစ်ပွင့် ရဲအရာရှိ က လျန်ထျန်း ဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။
"တကယ်ပဲ အဲ့ဒီလိုလား...။"
လျန်ထျန်း က ချက်ချင်းပင် ချေပလိုက်လေသည်။
"ရဲအရာရှိ... သူ လိမ်နေတာပါ...။"
"သူက အလကား စားချင်လို့ တမင်သက်သက် လုပ်တာပါ...။ စောစောက သူ ဝန်ခံခဲ့ပြီးမှ အခုကျမှ စကားကို ပြောင်းနေတာပါ...။"
လျန်ထျန်း က ဒေါသကို မထိန်းနိုင်ဘဲ ထိုလူ့ကို အော်ပြောလိုက်မိလေသည်။
"ဟေး... ခင်ဗျား ဘာလို့ အခုထိ လူလို မကျင့်နိုင်ရတာလဲ...၊ ရူးနေတာလား...။"
ထိုအခါ ထိုသူမှာ ကြောက်လန့်ဟန်ဆောင်ကာ ရဲအရာရှိ နောက်ကွယ်သို့ ပုန်းလျှိုးသွားပြီး အကူအညီ တောင်းခံလေတော့သည်။
"ဗိုလ်ကြီး... ကြည့်ပါဦး...။ သူ ကျွန်တော့်ကို ခြိမ်းခြောက်နေပြန်ပြီ...။ ကျွန်တော့်ရဲ့ လုံခြုံရေးကို လူကြီး မင်း သေချာ ကာကွယ်ပေးရမယ်နော်...။"
ရဲအရာရှိက လျန်ထျန်း ကို ငေါက်ငမ်းလိုက်၏။
"စကားကို သေသေချာချာ ပြောစမ်း...။ ဒါက ရဲစခန်းကွ...၊ အော်ဟစ်မနေနဲ့...။"
လျန်ထျန်း သည် မိမိကိုယ်ကိုယ် စိတ်အေးအောင် လုပ်ပြီးနောက် ရဲအရာရှိ နောက်ကွယ်၌ ခိုးပြုံးနေ သော ထိုလူ့ကို စိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်လေ၏။
"ကောင်းပြီလေ...၊ မင်းက တော်တော် တော်တာပဲ...။"
"ငါက မင်းကို အခွင့်အရေး တစ်ခါ ထပ်ပေးမလို့ပါ...။ မင်းသာ တိုင်ကြားမှုကို ပြန်ရုပ်သိမ်းပြီး ငါ့ကို တောင်းပန်ရင် လွှတ်ပေးမလို့ပဲ...။ ဒါပေမဲ့ အခုတော့ မင်းကို အခွင့်အရေး ပေးစရာ မလိုတော့ဘူး...။"
လျန်ထျန်း သည် ဖုန်းကို ထုတ်ကာ ခေါ်ဆိုလိုက်သည်။ ထိုသူမှာမူ အမှားကို မသိဘဲ ရဲအရာရှိကို ဆက် လက်၍ ချော့မြှောက်ပင့်ပြောနေဆဲ ဖြစ်၏။ ရဲအရာရှိမှာလည်း "ဗိုလ်ကြီး" ဟူသော ခေါ်ဝေါ်မှုအောက် တွင် ဘဝင်မြင့်နေပြီး လျန်ထျန်း ကို ဆက်လက် အော်ဟစ်နေလေတော့သည်။
"မင်းက ဘယ်သူ့ကို ဖုန်းဆက်ဆက် မရဘူး...။ ဒီစခန်းမှာ ငါ တရားမျှတအောင် လုပ်ပေးမယ်...။"
ထိုစဉ် လျန်ထျန်း ခေါ်ဆိုထားသော ဖုန်းမှာ ဝင်သွားပြီး ညွှန်ကြားရေးမှူးတန် ၏ အသံ ထွက်ပေါ်လာလေ သည်။ ရဲအရာရှိမှာ ထိုအသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် မှင်တက်သွားတော့လေသည်။
"ညွှန်ကြားရေးမှူးတန်...၊ ကျွန်တော် အခု ခင်ဗျားရဲ့ ရုံးခန်းထဲမှာ ရှိနေတာ...။ အခု လာခဲ့လို့ အဆင်ပြေ မလား...။"
အခန်း (၁၂၈)
ဥပဒေနှင့် တရားမျှတမှုတို့ ကွယ်ပျောက်ကုန်ပြီလော
"ဩော်... မစ္စတာလျန်... လူကြီးမင်း အခု ဗျူရိုကို ရောက်ရှိနေတာလား...။ ဘယ်ရုံးခန်းမှာ ရှိနေပါ သလဲ...။"
ညွှန်ကြားရေးမှူးတန် ၏ အသံကို သေချာစွာ မှတ်မိလိုက်သောအခါ ပုခုံးပေါ်၌ တစ်ပွင့် တပ်ဆင်ထား သော ရဲအရာရှိသည် မှင်တက်သွားရလေသည်။
အစားအသောက် ပို့ဆောင်သူ တစ်ဦးက ဗျူရိုချုပ်ကြီးနှင့် မည်သို့ ဆက်သွယ်နိုင်သနည်း ဟူသည်ကို သူ လုံးဝ တွေးတော၍ မရနိုင်တော့ပေ။
ထို့အပြင် ဗျူရိုချုပ်ကြီး၏ လေသံအရ ဤပို့ဆောင်သူအပေါ် အလွန်အမင်း ရိုသေလေးစားမှု ရှိနေပုံရ ၏။ အကယ်၍ ဤသတင်းသာ ပြန့်နှံ့သွားပါက တစ်လောကလုံး တုန်လှုပ်သွားရမည့် ကိစ္စပင် ဖြစ်တော့ သည်။
လျန်ထျန်း က ပြုံး၍ ပြန်လည် ဖြေကြားလိုက်၏။
"ဘယ်ရုံးခန်းမှာမှ မဟုတ်ပါဘူး...၊ စစ်ဆေးမေးမြန်းတဲ့ အခန်းထဲမှာပါ...။ ခင်ဗျားသာ အမြန်ရောက် မလာရင် ကျွန်တော်တော့ အကျဉ်းချခံရပြီး ပြုပြင်ပြောင်းလဲရေး လုပ်ခံရတော့မယ် ထင်တယ်...။"
ဖုန်းထဲမှ ညွှန်ကြားရေးမှူးတန် မှာ ထိတ်လန့်သွားရပြီး၊
"ဘာ... ဘယ်သူက မစ္စတာလျန် ကို အကျဉ်းချရဲရတာလဲ...။"
"မစ္စတာလျန်... ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ...။ ကျွန်တော့်ရဲ့ အစည်းအဝေးကို အခု ချက်ချင်း ရပ်နားပြီး ကိုယ်တိုင် ပြေးလာခဲ့ပါ့မယ်...။"
ဖုန်းချပြီးနောက် လျန်ထျန်း သည် အေးစက်သော ထိုင်ခုံပေါ်တွင် သက်သောင့်သက်သာ ဖြစ်အောင် အနေအထား ပြင်လိုက်ပြီးနောက် ထိုင်၍ စောင့်ဆိုင်းနေခဲ့လေတော့သည်။
ပုခုံးပေါ်၌ တစ်ပွင့် တပ်ဆင်ထားသော ရဲအရာရှိသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရင်း တုန်ရီသော အသံဖြင့် မေးလိုက်လေသည်။
"မင်း... မင်း အခုပဲ ညွှန်ကြားရေးမှူးတန် ဆီကို ဖုန်းဆက်လိုက်တာလား...။ ငါတို့ ဗျူရိုရဲ့ ညွှန်ကြားရေးမှူး တန် လား...။"
လျန်ထျန်း က ခေါင်းညိတ်ပြလိုက်လေသည်။
"ဟုတ်ပါတယ်...။"
"ဂလု... "
အတည်ပြုချက် ရရှိလိုက်သောအခါ ထိုရဲအရာရှိသည် တံတွေးကို ထပ်မံ မျိုချလိုက်ပြန်သော်လည်း မယုံကြည်နိုင်သေးဟန်ဖြင့်၊
"မင်းနဲ့ ငါတို့ ညွှန်ကြားရေးမှူးတန် က ဘယ်လိုပတ်သက်တာလဲ...။"
လျန်ထျန်း က ခေါင်းခါယမ်း၍ ပြောလိုက်၏။
"ဘာမှ မပတ်သက်ပါဘူး... ကျွန်တော်က ညွှန်ကြားရေးမှူးတန် နဲ့ တစ်ခါပဲ ဆုံဖူးတာပါ...။ ကျွန်တော့်မှာ ပါဝင်ချင်တဲ့ စီမံကိန်းတစ်ခု ရှိတယ်လို့ သူ့ကို ပြောခဲ့ဖူးတယ်...။ သူကလည်း အခွင့်အရေး ရရင် အကြောင်းကြားပါ့မယ်လို့ ပြောခဲ့တယ်လေ...။"
၎င်းကို ကြားသောအခါ ထိုရဲအရာရှိမှာ ပို၍ပင် အံ့အားသင့်သွားရတော့သည်။
"ဗျူရိုချုပ်ကြီးရဲ့ စီမံကိန်းတွေမှာ မင်းလို ပို့ဆောင်သူက ဘာကူညီပေးနိုင်မှာမို့လို့လဲ...။ မင်း ငါ့ကို နောက်နေတာ မဟုတ်ဘူးလား...။"
လျန်ထျန်း က ပြုံးလိုက်ပြီးနောက် ထိုရဲအရာရှိကို စိတ်ဝင်တစား စိုက်ကြည့်ကာ ပြောလိုက်လေ၏။
"တကယ်တော့ ကျွန်တော်က အစားအသောက် ပို့ဆောင်သူ ဖြစ်နေပေမဲ့ တကယ်တမ်းမှာတော့ ကုမ္ပဏီ အတော်များများရဲ့ အစုရှယ်ယာရှင် ဖြစ်ပြီး အချမ်းသာဆုံး လုပ်ငန်းစုကြီး ရဲ့ အစုရှယ်ယာရှင်လည်း ဖြစ်တယ်လို့ ပြောရင် ခင်ဗျား ယုံမလား...။"
ဤတစ်ကြိမ်တွင်မူ ရဲအရာရှိ စကားမပြောမီမှာပင် သူ၏ နောက်ကွယ်၌ ပုန်းနေသော ဝယ်ယူသူမှာ အားရပါးရ ရယ်မောလိုက်တော့သည်။
"ဟားဟားဟား... မင်းက ဘာပြောလိုက်တယ်...။ အချမ်းသာဆုံး လုပ်ငန်းစုကြီး ရဲ့ အစုရှယ်ယာရှင် ဟုတ်လား...။"
"နောက်ပြောင်တာလည်း အတောသတ်ပါဦး...။ မင်းသာ အစုရှယ်ယာရှင် အစစ်ဆိုရင် အစားအသောက် ပို့တဲ့အလုပ်ကို လုပ်နေဦးမလား...။ ပြီးတော့ တိုင်ကြားမှု တစ်ခုတည်းအတွက်နဲ့ ငါ့ဆီကို ဒီလောက် အထိ လာရှာနေပါ့မလား...။"
ပြောပြောဆိုဆိုဖြင့် ထိုလူသည် ရဲအရာရှိကို ထပ်မံ၍ မြှောက်ပင့်ပြောလိုက်ပြန်၏။
"ဗိုလ်ကြီး... လူကြီးမင်းက တကယ့်ကို တရားမျှတပြီး ဖြောင့်မတ်တဲ့သူ တစ်ယောက်ပဲ...။ နောင်ကျရင် ကြီးကျယ်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာမှာ သေချာပါတယ်...။"
"ဒါကြောင့် ဒီပို့ဆောင်သူက ဗျူရိုချုပ်နဲ့ ပတ်သက်မှု ရှိနေရုံနဲ့ မတရားမှုကို ခွင့်မပြုပါနဲ့...။ အဲ့ဒီလိုသာ ဆိုရင် ဥပဒေဆိုတာ ဘယ်မှာ ရှိတော့မှာလဲ...။ တရားမျှတမှုကော ဘယ်မှာလဲ...။"
"ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လူကြီးမင်းလို ဖြောင့်မတ်တဲ့ ခေါင်းဆောင်တွေ လိုအပ်ပါတယ်...။ မတရားတဲ့ အင်အားစုတွေရှေ့မှာ လုံးဝ ဒူးမထောက်ပါနဲ့နော်...။"
ထိုသူ၏ စကားများကြောင့် ရဲအရာရှိမှာ ယုံကြည်မှုများ ပြန်လည် ရရှိလာကာ ချောင်းတစ်ချက် ဟန့် လိုက်ပြီးနောက် လျန်ထျန်း ဘက်သို့ လှည့်၍ သူ၏ အရှိန်အဝါကို ပြန်လည် ဖော်ဆောင်လိုက်လေသည်။
"မှန်တယ်... မင်းက ဘယ်သူနဲ့ပဲ ပတ်သက်နေပါစေ၊ အမှားလုပ်ရင်တော့ ပြစ်ဒဏ် ခံရမှာပဲ...။ ဘယ်သူမှ အခွင့်ထူးခံ မဖြစ်စေရဘူး...။"
လျန်ထျန်း က ထိုရဲအရာရှိကို လူအ တစ်ယောက်ကဲ့သို့ ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
"ဒီကို ရောက်လာကတည်းက ဘယ်သူက အမှားလုပ်ခဲ့လဲ ဆိုတာကို ခင်ဗျား သေချာ စဉ်းစားပြီးပြီ လား...။"
"လူတစ်ယောက်ရဲ့ မြှောက်ပင့်စကား အနည်းငယ်နောက်ကို ဒီလောက်အထိ ပါသွားတာကို ကြည့်ရင် ခင်ဗျား ဘယ်လိုလုပ်ပြီး ရဲအရာရှိ ဖြစ်လာခဲ့လဲ ဆိုတာ ကျွန်တော် တကယ်ပဲ သိချင်မိတယ်...။"
လျန်ထျန်း ၏ လှောင်ပြောင်မှုကို ခံလိုက်ရသောအခါ ထိုရဲအရာရှိမှာ ဒေါသထွက်သွားရလေသည်။
"အခြေအနေက ရှင်းနေတာပဲလေ...။ မင်းက အလုပ်ကို သေချာမလုပ်ဘဲ ဝယ်ယူသူရဲ့ အိမ်အထိ လာပြီး ခြိမ်းခြောက်တာက ငြင်းလို့မရတဲ့ အမှန်တရားပဲ...။"
"ဒါက ပြည်သူ့အေးချမ်းသာယာရေးကို နှောင့်ယှက်မှုပဲ...။ ညွှန်ကြားရေးမှူးတန် ရောက်လာရင်တောင် မင်းကို ငါ ဖမ်းပိုင်ခွင့် ရှိတယ်...။"
"ဝုန်း... "
ထိုစဉ် စစ်ဆေးမေးမြန်းသည့် အခန်းတံခါးမှာ ပွင့်သွားပြီး ပုခုံးပေါ်၌ ကြယ်သုံးပွင့် တပ်ဆင်ထားသော ညွှန်ကြားရေးမှူးတန် သည် လေးနက်တည်ကြည်သော မျက်နှာပေးဖြင့် ဝင်လာခဲ့လေသည်။
"ငါ ရောက်လာရင်တောင် ဘာဖြစ်လဲ...၊ ဆက်ပြောစမ်းပါဦး...။"
ညွှန်ကြားရေးမှူးတန် ၏ အရှိန်အဝါမှာ ထိုရဲအရာရှိကို ချက်ချင်းပင် လွှမ်းမိုးသွားတော့သည်။ နောက် တစ်စက္ကန့်တွင် ရဲအရာရှိမှာ အလျင်အမြန်ပင် အလေးပြုလိုက်ပြီး ညွှန်ကြားရေးမှူးတန် ထံသို့ ပြုံးဖြီးဖြီး ဖြင့် ချဉ်းကပ်သွားခဲ့လေသည်။
"ဗျူရိုချုပ်...၊ ဩော်... မဟုတ်ပါဘူး...။ ဦးလေးတန်... ရောက်လာပြီလား...။"
တကယ်တမ်းတွင်မူ ဤရဲအရာရှိသည် ညွှန်ကြားရေးမှူးတန် နှင့် အမျိုးတော်စပ်သူ ဖြစ်ပြီး ထိုပတ်သက် မှုကြောင့်ပင် ရဲအရာရှိ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် သူ၏ ဖခင်ဖြစ်သူက ညွှန်ကြားရေးမှူးတန် နှင့် ဆယ်စုနှစ်ပေါင်းများစွာ ခင်မင်ခဲ့သော သူငယ်ချင်းဟောင်းများ ဖြစ်ကြသည်ဟု သူ့ကို ပြောထားခဲ့ဖူး ၏။
နောင်တွင် တစ်စုံတစ်ခု ဖြစ်လာပါက ညွှန်ကြားရေးမှူးတန် ကို "ဦးလေး" ဟု ခေါ်ဆိုရုံဖြင့် အရာအားလုံး အဆင်ပြေလိမ့်မည်ဟု ဆိုခဲ့ဖူးသည်။ ထို့ကြောင့်ပင် သူသည် ဗျူရိုအတွင်း၌ အလွန်ပင် ယုံကြည်မှု ရှိနေ ခြင်း ဖြစ်၏။
"ဦးလေးတန်... ကျွန်တော့်ကို ဗျူရိုထဲ ရောက်အောင် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...။ ဒါပေမဲ့ အခု ကျွန်တော်က ရဲအရာရှိ အစစ်တစ်ယောက် ဖြစ်နေပြီလေ...။"
"မတရားတဲ့ အင်အားစုတွေကို ကျွန်တော် တိုက်ဖျက်ချင်ပါတယ်...။ ဒါကြောင့် ဒီပို့ဆောင်သူကိုတော့ ဦးလေး လွှတ်မပေးပါနဲ့...။ သူက တကယ်ကို လူကောင်း မဟုတ်ပါဘူး...။"
၎င်းကို ကြားသောအခါ ညွှန်ကြားရေးမှူးတန် မှာ မျက်လုံးပြူးသွားပြီး ငေါက်ငမ်းလိုက်လေတော့သည်။
"ဗျူရိုထဲမှာ ငါ့ကို တခြား ဘယ်လိုမှ မခေါ်ရဘူးလို့ မင်းကို ငါ ဘယ်နှစ်ခါ ပြောရမလဲ...။ ဗျူရိုချုပ် လို့ပဲ ခေါ်ရမယ်...။"
"ဒါ့အပြင် မစ္စတာလျန် က လူကောင်း မဟုတ်ဘူးလို့ မင်းက ဘယ်လို ဆုံးဖြတ်လိုက်တာလဲ...။"
"နောက်တစ်ချက်က အစားအသောက် ပို့တာက မစ္စတာလျန် ရဲ့ ဝါသနာ တစ်ခုပဲ...။ သူက တကယ်တမ်း မှာ အချမ်းသာဆုံး လုပ်ငန်းစုကြီး ရဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီးပဲကွ...။"
"ဒါကြောင့် သူ့ကို ပို့ဆောင်သူ လို့ ထပ်မခေါ်နဲ့တော့...။"
ထိုရဲအရာရှိက လေးနက်သော အမူအရာဖြင့် ဆိုလိုက်၏။
"ဟုတ်ကဲ့ ဦးလေးတန်...။ နားလည်ပါပြီ ဦးလေးတန်...၊ ဒါပေမဲ့ ဦးလေးတန်ခင်ဗျာ...။"
"သူက ဘယ်လောက်ပဲ ချမ်းသာပါစေ၊ အမှာစာ တိုင်ကြားခံရလို့ ဝယ်ယူသူရဲ့ အိမ်အထိ လာပြီး ခြိမ်း ခြောက်တာကတော့ မလုပ်သင့်တဲ့ ကိစ္စပဲ မဟုတ်လား...။"
"ကြည့်ပါဦး... ဒီလူမှာ ခြိမ်းခြောက်ခံရလို့ ဘယ်လောက်တောင် ကြောက်လန့်ပြီး သနားစရာ ကောင်းနေ လဲ...။ ဒါကို ကျွန်တော်က ဒီအတိုင်း ကြည့်နေရမှာလား...။"
ညွှန်ကြားရေးမှူးတန် သည် လျန်ထျန်း ကို သံသယဖြင့် လှည့်ကြည့်လိုက်သောအခါ လျန်ထျန်း က သက်ပြင်း ချလိုက်ပြီး သူ၏ ဖုန်းအတွင်းရှိ စာပို့ထားသော မှတ်တမ်းများကို ပြသလိုက်လေသည်။
တစ်ချိန်တည်းမှာပင် သူသည် အသံဖမ်းစက် တစ်ခုကိုလည်း ထုတ်ယူလိုက်လေသည်။
တကယ်တမ်းတွင်မူ လျန်ထျန်း သည် ထိုသူ၏ အိမ်သို့ သွားရောက်စဉ်ကတည်းက အရာအားလုံးကို ကြိုတင် ပြင်ဆင်ထားခဲ့ပြီး ဖြစ်ချေသည်။ တံခါးအပေါက်မှ ချောင်းကြည့်နေသော ထိုသူမှာ လျန်ထျန်း က အရာအားလုံးကို အသံဖမ်းထားသည်ကို မသိရှိဘဲ မောက်မာစွာ လိမ်ညာနေခဲ့ခြင်း ဖြစ်လေသည်။
သက်သေအထောက်အထား အားလုံးကို ကြားလိုက်ရသောအခါ ထိုသူ၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော့သွားတော့လေသည်။
ရဲအရာရှိမှာလည်း အကျပ်ရိုက်သွားပြီး လျန်ထျန်း ကို မေးလိုက်လေ၏။
"မင်း... မင်းမှာ သက်သေရှိရင်လည်း ဘာလို့ စောစောက မပြတာလဲ...။"
လျန်ထျန်း က လက်ကာပြလိုက်လေသည်။
"ခင်ဗျားက ကျွန်တော့်ကို သက်သေပြဖို့ အခွင့်အရေးမှ မပေးတာပဲ...။ သူက ခင်ဗျားကို မြှောက်ပင့်ပြော လိုက်တာနဲ့ ခင်ဗျားက အကုန် ယုံသွားတာ မဟုတ်လား...။"
"ကျွန်တော် စကားတစ်ခွန်း ပြောလိုက်တိုင်း ခင်ဗျားက ကျွန်တော့်ကို အော်ဟစ်ပြီး ဖမ်းဆီးမယ်လို့ပဲ ခြိမ်းခြောက်နေခဲ့တာလေ...။"
"ခင်ဗျားလို လူမျိုးသာ နောင်ကျရင် ခေါင်းဆောင် ဖြစ်လာခဲ့မယ်ဆိုရင် အပြစ်မဲ့သူ ဘယ်နှစ်ယောက် တောင် မတရား အဖမ်းခံရမလဲ ဆိုတာ တွေးကြည့်ရင်တောင် ရင်လေးစရာပဲ...။"
လျန်ထျန်း ၏ စကားများကြောင့် ရဲအရာရှိမှာ မျက်နှာတစ်ခုလုံး နီမြန်းလာသော်လည်း ၎င်းမှာ နောင်တ ရခြင်းကြောင့် မဟုတ်ဘဲ ဒေါသထွက်ခြင်းကြောင့်သာ ဖြစ်ချေသည်။
"ငါက ရဲအရာရှိကွ...။ မင်းမှာ ငါ့ကို ဒီလို ပြောပိုင်ခွင့် မရှိဘူး...။ ငါ...။"
သို့သော် သူ စကားမဆုံးမီမှာပင် သူ၏ ဘေးရှိ ညွှန်ကြားရေးမှူးတန် က ဒေါသတကြီး ကြားဖြတ် ပြောလိုက်လေ၏။
"ဒါဆိုရင် ငါ့မှာကော မင်းကို ပြောပိုင်ခွင့် ရှိလား...။"
ညွှန်ကြားရေးမှူးတန် ၏ စကားကြောင့် ရဲအရာရှိမှာ ချက်ချင်းပင် နှုတ်ဆိတ်သွားပြီးနောက် သနားစရာ ကောင်းဟန်ဖြင့် ဖြေလိုက်လေသည်။
"ဦးလေးတန်... ဦးလေးနဲ့ ကျွန်တော့်အဖေက သူငယ်ချင်းတွေလေ...။ ကျွန်တော့်ကို ဂရုစိုက်ပါ့မယ်လို့ ဦးလေး ပြောခဲ့တယ် မဟုတ်လား...။"
"ဖြန်း... "
ဤတစ်ကြိမ်တွင်မူ ညွှန်ကြားရေးမှူးတန် သည် ထိုရဲအရာရှိ၏ ပါးကို အားရပါးရ ရိုက်ချလိုက်သဖြင့် ထိုသူမှာ မြေပြင်ပေါ်သို့ လဲကျသွားရလေတော့သည်။
"ကောင်းပြီလေ... မင်းက ငါ့ကို ဂရုစိုက်ခိုင်းနေတာ မဟုတ်လား...။ ဒါဆိုရင် ငါ မင်းကို သေချာ ဂရုစိုက် ပေးရတာပေါ့...။"
"မနက်ဖြန်ကျရင် ကျင်းအဖွဲ့ ဆီမှာ သွားပြီး အစီရင်ခံလိုက်...။ သူတို့ မင်းကို သေချာ စစ်ဆေးပေးလိမ့် မယ်...။"
ထို့နောက်တွင် ညွှန်ကြားရေးမှူးတန် သည် သူရဲဘောကြောင်သော ထိုသူ့ကို စိုက်ကြည့်ကာ၊
"မင်းကတော့ သူတစ်ပါးကို ခြိမ်းခြောက်တယ်၊ လုပ်ကြံတိုင်တန်းတယ်၊ ပြီးတော့ လိမ်လည်မှုနဲ့ ခိုးမှုတွေ လည်း ကျူးလွန်ထားသေးတယ်...။ အထဲကို ဝင်ပြီး သေချာ ပြုပြင်ပြောင်းလဲရေး လုပ်လိုက်တော့...။"