← Chapters

အခန်း (၁၁၀၅-၁၁၀၇)

Vol. 74 Ch. 1105-1107

အခန်း (၁၁၀၅-၁၁၀၇)

Vol. 74 Ch. 1105-1107

အခန်း (၁၁၀၅) ထာဝရဂိုဏ်းတည်ထောင်သူ

"သခင်၊ တကယ်သခင်အစစ်ပေါ့နော်။ သခင်ပြန်ရှင်သန်လာပြီပေါ့"

ချင်ဟဲ ပါးစပ်ကိုလက်နှစ်ဘက်ဖြင့်အုပ်၍ မယုံနိုင်သည့်မျက်လုံးဖြင့် နတ်မယ်ကိုကြည့်နေသည်။

ထို့နောက် ရှေ့တက်သွားပြီး နတ်မယ်ကိုဖက်လိုက်သည်။ သူအိပ်မက်မက်နေခြင်းဟုတ်မဟုတ် အတည်ပြုဖို့ဖြစ်သည်။

"ဟုတ်ပါတယ်။ ငါပြန်အသက်ရှင်လာပြီ"

နတ်မယ်ကပြုံး၍ ချင်ဟဲကျောပြင်ကို ပုတ်၍နှစ်သိမ့်ပေးသည်။ ရှေးဟောင်းခေတ်က အန္တရာယ်ကြားတွင် သူ့အသက်ကိုရင်း၍ ချင်ဟဲကိုကယ်တင်ချိန်ကလည်း ထိုသို့ပင်နှစ်သိမ့်ပေးခဲ့သည်။

"သခင်၊ ကျွန်မသခင့်ကို အကြာကြီးစောင့်ခဲ့တာ။ ဘယ်တော့မှပြန်မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာ."

ချင်ဟဲစကားသံက ရှိုက်သံပါနေသည်။ ထို့နောက် သူ့သခင်အပေါ် သူ့အပြုအမူက နည်းနည်းစည်းကျော်သလိုဖြစ်သွားမှန်း သတိထားမိလာသဖြင့် နတ်မယ်ကို ချက်ချင်းပြန်လွှတ်၍ နောက်ဆုတ်လိုက်သည်။

သို့သော် နတ်မယ်က ရှေ့တိုးလာပြီး သူ့ကိုပြန်ဖက်သည်။ နားအနီးသို့ တီးတိုးကပ်ပြောသည်။

"ကြာလေး၊ နင်ဘာမှမဖြစ်တာမြင်ရတာ ဝမ်းသာပါတယ်"

သူပြန်လွှတ်လိုက်ချိန်တွင် ချင်ဟဲမျက်လုံးများက ငိုထားသဖြင့် နီရဲနေပြီဖြစ်သည်။

ပဲပြာအရှင်က မြေပြင်တွင်ဒူးထောက်နေသည့် ကျိုးရှီကိုကြည့်ရင်း အတော်ငြီးငွေ့သလို ခံစားရသည်။

တိုက်ပွဲက ဘာမှမကြာလိုက်။ လုယန်နှင့် ယွမ်မုန်မုန်တို့ တိုက်ပွဲကိုမော့ကြည့်နေသည်။ ကံဆိုးသည့်ကျိုးရှီအတွက် စိတ်မကောင်းဖြစ်ချိန်ပင်မရခဲ့။ ကျိုးရှီ အပြင်းအထန်အရိုက်အနှက်ခံရပြီး မြေပေါ်သို့ ဒူးထောက်လျက်သား ကျလာသည်။

တိုက်ပွဲကြည့်နေချိန်တွင် ယွမ်မုန်မုန်နှင့်ချင်းဟဲကလည်း ထွက်ပြေးရန်ကြိုးစားနေသည့် မိန်ယွမ်ကို အလွယ်တကူ ဖမ်းလိုက်နိုင်သည်။

ကြယ်ငါးပွင့်အဖွဲ့တွင် ရုပ်ဖျက်ဝင်ပြိုင်လိုက်သဖြင့် လုယန်စိတ်ထဲ မျိုးနွယ်ခေါင်းဆောင်ကျင်းထန်အပေါ် တာဝန်ကျေခဲ့ပြီဟု ခံစားရသည်။ မိန်ယွမ်ကို သူကူဖမ်းပေးနိုင်ခဲ့သောကြောင့်ဖြစ်သည်။

ခြုံငုံစဉ်းစားလျှင် မဟာမိတ်ခေါင်းဆောင်ဖြစ်ချင်သည့် ကျင်းထန်ဆန္ဒကို ဖြည့်ဆည်းပေးလိုက်သည့်သဘောပင်ဖြစ်သည်။

"ခေါင်းဆောင်၊ ခေါင်းဆောင် ကျွန်မကို လာကယ်မယ်ဆိုတာ သိသားပဲ"

ယွမ်မုန်မုန်က ‌အော်ဟစ်၍ နတ်မယ်ဆီ ခုန်ပေါက်ပြေးလာသည်။ ကျိုးရှီတိုက်ခိုက်ခံရစဉ်က သူသိပ်မကြောက်ခဲ့။ နတ်မယ် အချိန်မီရောက်လာမည်ဟု သူယုံကြည်သောကြောင့်ဖြစ်သည်။

"နေပါဦး၊ နင်ပြောတဲ့ ခေါင်းဆောင်ဆိုတာ ငါ့သခင်လား"

ချင်ဟဲက တအံ့တဩမေးသည်။

ယွမ်မုန်မုန်သည် ထာဝရအရိယဖလသန္ဓေပိုင်ရှင်ဖြစ်ကြောင်း သိချိန်ကတည်းက သူခန့်မှန်းမိခဲ့သင့်သည်။ သို့သော် လူကယ်ဖို့အလုပ်များနေသဖြင့် သူမတွေးအားခဲ့။

"ဒါဆို ဒုခေါင်းဆောင်ဆိုတာကရော"

"ဒီက သခင်လေးပေါ့။ သူက ငါတို့ရဲ့ ထာဝရမျိုးဆက်ဒုခေါင်းဆောင်ပါ"

ယွမ်မုန်မုန်က အလေးအနက်မျက်နှာဖြင့် လုယန်ကို မိတ်ဆက်ပေးသည်။

"အကြီးအကဲချင်ဟဲ၊ နတ်မယ်က ခင်ဗျားအကြောင်း မကြာခဏပြောလို့ ကြားဖူးနေတာ ကြာပါပြီ"

လုယန် ရှက်ကိုးရှက်ကန်းပြုံး၍ ပြောသည်။ ချင်းဟဲသူ့ကိုကြည့်နေပုံက နည်းနည်းအလိုမကျသလို ဖြစ်နေသည်ဟု ခံစားရသည်။

သို့သော် ချင်ဟဲက လုယန်ကို ပြန်မနှုတ်ဆက်။ ယွမ်မုန်မုန်စကားအရ လုယန်သည် သူ့သခင်ကို မျက်နှာချိုသွေး၍ အမြဲလိမ်ညာနေသူဖြစ်သည်။

သူ့သခင်က စိတ်နှလုံးသန့်စင်၍သာ လုယန်အကျင့်များ ကူးစက်မသွားခြင်းဖြစ်သည်။

"ဝိညာဉ်ပြောင်းအဆင့်လား"

ချင်ဟဲ မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။ ထိုအဆင့်လောက်ဖြင့် ထာဝရမျိုးဆက်ဒုခေါင်းဆောင် ဘယ်လိုဖြစ်လာသည်မသိ။

သူသည်ပင် ပါရမီသိပ်မကောင်း၍ ထာဝရအရိယဖလသန္ဓေတည်ဆောက်ဖို့ အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ခဲ့။

မတတ်သာ၍ သက်ရှည်အရိယဖလသန္ဓေကိုသာ တည်ဆောက်ခဲ့ရသည်။ ထာဝရမျိုးဆက်အဖွဲ့ဝင်ဖြစ်ဖို့ အခွင့်အရေး ဆုံးရှုံးခဲ့သည်။

ထိုလူငယ်ကို သူ့သခင်က ဘာကြောင့်ထိုမျှအရေးပေးနေသည်မသိ။

"ကျင့်စဉ်အဆင့်နိမ့်တယ်ဆိုပြီး ဒုခေါင်းဆောင်ကို အထင်မသေးလိုက်နဲ့။ ဗုဒ္ဓနိုင်ငံမှာ ယုံကြည်မှုစွမ်းအားနဲ့ တည်ဆောက်ထားတဲ့ မသေမျိုးခန္ဓာတစ်ခု သူ့ပိုင်ဆိုင်ထားတယ်။

အရမ်းစွမ်းအားကြီးတယ်။ ရှီချန်းနတ်သခင်နဲ့ ကောင်းကင်အင်ပါယာကိုယ်ပွားတောင် သူ့ကိုမယှဉ်နိုင်ဘူး"

ယွမ်မုန်မုန်က လုယန်ဂုဏ်ပုဒ်ကို ကာကွယ်သည်။ ဒုခေါင်းဆောင် စွမ်းအားကြီးကြောင်း ချီးမွှမ်းသည်။

"ဗုဒ္ဓနိုင်ငံက မသေမျိုးခန္ဓာနဲ့ စီချန်းနတ်သခင်...ဒါဆို အနောက်မိုးပျံဘုံကျောင်းမှာ တိုက်ခိုက်ခဲ့တာ မင်းလား"

ချင်ဟဲ အံ့အားသင့်သွားသည်။ ထိုတိုက်ပွဲတွင် ယွမ်မုန်မုန်လှုပ်ရှားခဲ့သည်ဟုသာ သူထင်ထားသည်။

မိုးပျံဘုံကျောင်းတိုက်ပွဲမှ မသေမျိုးသည် ထာဝရအရိယဖလသန္ဓေပိုင်ဆိုင်သည်။ သို့ဆိုလျှင် ထိုကောင်လေးလည်း ထာဝရအရိယဖလသန္ဓေကို သုံးနိုင်သည့်သဘောဖြစ်သည်။

"ဟုတ်တယ်၊ ရှောင်ယန်က တော်တယ်မဟုတ်လား"

နတ်မယ်က ချင်ဟဲကို ပြုံး၍ပြောသည်။ ချင်ဟဲက ကိုယ့်ကိုယ်ကို နတ်မယ်၏တပည့်ဟု မြင်သည်။ နတ်မယ်ကသူ့ကို ဘာမဆိုမျှဝေနိုင်သည့် မိတ်ဆွေရင်းဟု မြင်သည်။

"ငါပြန်ရှင်သန်လာတဲ့ကိစ္စမှာ အဓိကက ရှောင်ယန်ကျေးဇူးကြောင့်ပါ။ သူက ထာဝရဂိုဏ်းကိုဝင်ပြီး ငါ့ကိုပြန်အသက်သွင်းဖို့နည်းလမ်းတွေ သင်ယူတယ်။ မရည်ရွယ်ဘဲ ငါ့နာမည်ကို သူအော်ခေါ်မိတယ်လေ"

ချင်ဟဲမျက်နှာ ချက်ချင်း လေးနက်တည်ကြည်လာသည်။ ခုနက သူ့အပြုအမူက နည်းနည်းမလေးစားသလို ဖြစ်ခဲ့သည်။

သို့သော် သူ့သခင်ကို ပြန်အသက်သွင်းခဲ့သည်ဆိုလျှင်ပင် နေ့တိုင်းမြှောက်ပင့်ချီးကျူးပြီး လှည့်စားနေသည်ကတော့ သဘာဝမကျ။

ပဲပြာအရှင်က လုယန်ကို အေးစက်စက်စိုက်ကြည့်သည်။

"အားလုံးက နင့်ကြောင့်ပဲ။ နင်ဝင်မရှုပ်ဘဲ နတ်မယ်ကိုသာအသက်မသွင်းခဲ့ရင် အခုလိုပြဿနာတွေ ရှိလာမှာမဟုတ်ဘူး"

ကျိုးရှီခေါင်းကိုကိုင်ထားသည့် သူ့လက်က ပို၍အားပါလာသည်။ ကျိုးရှီ နာကျင်လွန်းသဖြင့် ပဲပြာအရှင်က သူ့ကိုသတ်တော့မည်ဟု ထင်လိုက်သည်။

"မသတ်ပါနဲ့၊ ကျုပ်ကိုမသတ်ပါနဲ့။ အဲဒီ့အတိုင်းဆိုရင် ကျုပ်လည်း ထာဝရနတ်မယ်ကို အသက်သွင်းတဲ့နေရာမှာ အကျိုး‌ဆောင်ခဲ့ပါတယ်"

"နင်ကလား"

အားလုံးက အံ့ဩဟန်ဖြင့် ကျိုးရှီကို ပြိုင်တူလှည့်ကြည့်ကြသည်။

"ထာဝရဂိုဏ်းကို ဖန်တီးခဲ့တာ ကျုပ်ပါ"

ပဲပြာအရှင်လက်မှ လွတ်မြောက်နိုင်ရန် အရိယဖလသန္ဓေကို သူအမြဲတမ်း ရှာဖွေနေခဲ့သည်။ သူပိုင်ဆိုင်ထားသည့် အားဖြည့်ခြင်းအရိယဖလသန္ဓေက အသက်ဓာတ်ကို တိုးမြှင့်နိုင်သော်လည်း အသက်ကိုထိန်းထားနိုင်ဖို့ အသင့်တော်ဆုံးက ထာဝရအရိယဖလသန္ဓေသာဖြစ်သည်။

သို့သော် ထိုသန္ဓေက အားဖြည့်ခြင်းအရိယဖလသန္ဓေလောက် ရှာရမလွယ်။ မီးနိုင်ငံ၊ မဟာချန်၊ မဟာယု နှစ်သုံးသိန်းကျော်ဖြတ်သန်းခဲ့သည်။ ထာဝရအရိယဖလသန္ဓေ လုံးဝမပေါ်ခဲ့။

ထို့ကြောင့်လည်း ယုံကြည်မှုစွမ်းအားဖြင့် ထိုသန္ဓေတည်ဆောက်ဖို့ ထာဝရဂိုဏ်းကို သူတည်ထောင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် မဟာရှားမှ ယွမ်ကျိနှင့် ရင်ဆိုင်တွေ့သည်။ တိုက်ခိုက်ကြပြီးနောက် သူခွေးပြေးဝက်ပြေး ထွက်ပြေးရသည်။ မဟာရှားသို့ နောက်ထပ်မလာရဲ‌တော့သဖြင့် ကိုယ်ပွားများကိုသာ လွှတ်ခဲ့သည်။

နောက်ပိုင်းတွင် ထာဝရဂိုဏ်း ဖျက်ဆီးခံရသည်။ သူ့ကိုယ်ပွားလည်း ရှင်းလင်းခံရသည်။ သူဘာမှမရလိုက်။

သို့သော် ထိုကိစ္စများက ယခု အရေးမကြီးတော့။ နာမည်ကောင်းယူ၍ ကိုယ့်အသက်ကိုယ်ကယ်နိုင်ဖို့သာ ပိုအရေးကြီးသည်။

"ထာဝရနတ်မယ်ကို ပြန်အသက်သွင်းဖို့ မီးနိုင်ငံရဲ့ လမ်းစဉ်အတိုင်း ထာဝရဂိုဏ်းကို တည်ထောင်ခဲ့တာပါ"

"ခင်ဗျားဘယ်သူ့ကို လာအရူးလုပ်နေတာလဲ။ နတ်မယ်ကိုသာ တကယ်အသက်သွင်းချင်ရင် မသေမျိုးဘွဲ့နာမည်ကို ဘာလို့တလွဲလုပ်ထားခဲ့တာလဲ"

နတ်မယ်ကို ပြန်အသက်သွင်းဖို့ မသေမျိုးဘွဲ့နာမည်နှင့် နာမည်ရင်းကို မှန်ကန်စွာရွတ်ဆိုရသည်။ (ထာဝရနတ်မယ်ပဲဝါ)

ထာဝရဂိုဏ်း ရှိခိုးသည့်မသေမျိုး၏ဘွဲ့နာမည်က ထာဝရအရှင်ဖြစ်သည်။ နတ်မယ်ကို ဘယ်လိုမှအသက်သွင်းနိုင်စရာ အကြောင်းမရှိ။

"ခင်ဗျား ထာဝရဂိုဏ်းကို တည်ထောင်ခဲ့တာက ယုံကြည်မှုစွမ်းအားနဲ့ ထာဝရအရိယဖလကို ဖန်တီးချင်လို့ပါ"

အားလုံးက ကျိုးရှီကို ဒေါသအကြည့်ဖြင့်ကြည့်လာသည်။ အသက်အန္တရာယ် ရှိနေပြီမှန်း သူနားလည်သည်။

ထို့ကြောင့် အသက်ရှင်ဖို့ထိုက်တန်ကြောင်းပြရန် သူအမြဲသိမ်းထားခဲ့သည့် လျှို့ဝှက်ချက်ကို ထုတ်ပြောလိုက်ရသည်။

"နောက်ကွယ်ကလုပ်ကြံသူ ဘယ်သူလဲဆိုတာ ကျုပ်သိပါတယ်"

ထို့စကားကြားသည်နှင့် ပဲပြာအရှင်အပါအဝင် အားလုံးအံ့အားသင့်သွားသည်။

အဖြစ်အပျက်အားလုံး၏ရင်းမြစ်က နတ်မယ်ကို သတ်ဖြတ်ခဲ့သည့် ထိုလူသာဖြစ်သည်။

ယခုထိ ထိုလူ၏သရုပ်မှန်နှင့် နတ်မယ်ကိုဘာကြောင့်လုပ်ကြံခဲ့သည်ဆိုသည့် အကြောင်းရင်းကို ဘယ်သူမှမသိသေး။

"ကျုပ်ရဲ့ ထိုးထွင်းအရိယဖလက အရပ်ဆယ်မျက်နှာနဲ့ အတိတ်အနာဂတ်အားလုံးကို မြင်နိုင်တဲ့အစွမ်းရှိတယ်။

ထိုးထွင်းအရိယဖလကို ကျုပ်ရတော့ ယင်ထန်တို့လူစုက နတ်မယ်ကိုဘယ်သူလုပ်ကြံခဲ့သလဲဆိုတာ ကြည့်ပေးဖို့ ကျုပ်ကိုတောင်းဆိုကြတယ်။

ထိုကိစ္စ အောင်းလင်းပြောပြသည်ကို လုယန်မှတ်မိနေသည်။ ကျိုးရှီမသေမျိုး ချွေးသီးချွေးပေါက်ကျအောင် ကြိုးစားသော်လည်း ဘာထူးခြားချက်မှမတွေ့ခဲ့ဟု ပြောသည်။

ကျိုးရှီက တုန်တုန်ရင်ရင်ဖြင့် ပြောသည်။

"တကယ်တော့ နောက်ကွယ်ကလူကို ကျုပ်မြင်ခဲ့ပါတယ်။ အဲဒါ သူတို့လေးယောက်ပဲ။ ယင်ထန်တို့လေးယောက်ပါ။ သူတို့က ထာဝရအရိယဖလကို လိုချင်ကြတယ်။

ဒါပေမယ့် ထာဝရနတ်မယ်က သူတို့လမ်းမှာပိတ်နေတယ်။ ဒါကြောင့် လုပ်ကြံသတ်ဖြတ်ဖို့စီစဉ်ခဲ့တာ။ ထာဝရအရိယဖလလမ်းကြောင်း ပွင့်အောင်လို့ပါ"

ထိုလေးယောက်က သူ့ကိုလောဘမျက်လုံးဖြင့် ကြည့်ခဲ့သည်။ လူသတ်သမားအကြောင်း ဝိုင်းမေးကြသည်။ သူအမှန်အတိုင်း ပြောလိုက်လျှင် သေဖို့သာရှိသည်။

*************************

အခန်း (၁၁၀၆) မှားယွင်းသောအတိတ်

"နောက်ကွယ်ကလုပ်ကြံသူတွေက ရှေးဟောင်းမသေမျိုးလေးယောက်ပေါ့"

လုယန် ရုတ်တရက် မှင်သက်မိသွားသည်။ ထို့နောက် နားမလည်နိုင်အောင် ဖြစ်လာပြန်သည်။

နတ်မယ်ရှာဖွေနေသည့် လုပ်ကြံသူက ယင်ထန်တို့လေးယောက်ဟု ကျိုးရှီကပြောနေသည်။

ကျိုးရှီထွက်ဆိုချက်ကြောင့် ချင်ဟဲလည်း အံ့ဩသွားသည်။

"ကျုပ်အမှန်အတိုင်းပြောနေတာပါ"

ကျိုးရှီ ထိတ်လန်လာသည်။ အားလုံးက ဘယ်သူမှအမူအရာမပြောင်းကြ။ သူ့ကိုသိပ်မယုံကြသလို ဖြစ်နေသည်။

ထိုအဖြစ်ကိုသူပြန်စဉ်းစားတိုင်း ကြက်သီးထမိသည်။ ယင်ထန်တို့လေးယောက်သည် သူလိုအပ်သမျှကို အမြဲတမ်းဖြည့်ဆည်းခဲ့သည်။ အတိတ်အဖြစ်မှန်ကိုကြည့်ပေးဖို့ သူ့ကိုတောင်းဆိုစဉ်ကလည်း ဖော်ဖော်ရွေရွေပုံစံမျိုးသာဖြစ်သည်။

အစက ထိုလေးယောက် တကယ်စိတ်ရင်းအမှန်ဖြင့် ဆက်ဆံသည်ဟု ထင်ခဲ့သည်။ သို့သော် အတိတ်အမှန်တရားကို မြင်ရပြီးနောက် သူပြန်စဉ်းစားကြည့်ချိန်တွင်

ထိုလေးယောက်၏ အပြုံးများက အလွန်ကောက်ကျစ်ပြီး လူသတ်ရိပ်များပြည့်နေသည်ဟုသာ သူခံစားရသည်။

သူ့ဉာဏ်ကိုလွှာသုံးပြီး မြန်မြန်ဆုံးဖြတ်ချက်ချ၍ ဘာမှမမြင်ပါဟုသာ မဖြေခဲ့လျှင် ထိုနေရာတွင် သူချက်ချင်းသေသွားလောက်သည်။

"ခင်ဗျားမြင်တဲ့ အတိတ်ဟာ မှားနိုင်တယ်လို့ရော စဉ်းစားဖူးလား"

လုယန် မေးလိုက်သည်။ ထိုကိစ္စသည် အဓိပ္ပါယ်မရှိ။ ယင်ထန်တို့က ထာဝရအရိယဖလိုချင်၍ နတ်မယ်ကို အကောက်ကြံသည်ထားဦး။ ဘာအကျိုးထူးမည်နည်း။

နတ်မယ်စကားကပြောခဲ့ဖူးသည်။ မသေမျိုးဖြစ်လာပြီးလျှင် ဘယ်သူကနောက်ထပ် စွမ်းအားရဖို့ ဆက်ကြိုးစားဦးမည်နည်း။ ငြီးငွေ့စရာကောင်းလွန်းသည်။

"ကျုပ်မြင်တာ အမှန်ဟုတ်မဟုတ်ဆိုတာ ယင်ထန်တို့လေးယောက်လုံးရဲ့ အတိတ်ဖြစ်ရပ်တွေအားလုံးကို စစ်ဆေးကြည့်ပြီးတောင် အတည်ပြုခဲ့တာပါ"

ကျိုးရှီ စိတ်အားထက်သန်စွာပြောသည်။ ထိုလျှို့ဝှက်ချက်ကို နှစ်လေးသိန်းနီးပါး သူထိန်းထားခဲ့သည်။ ယနေ့မှ ဖွင့်ချပြခြင်းဖြစ်သည်။

"ကျိုးသွားတဲ့လောကသစ်ပင်ကနေ အသိစိတ်မွေးဖွားပြီး အချိန်မသေမျိုးဖြစ်လာတာ ကျုပ်မြင်ခဲ့တယ်။ ယင်ထန်မသေမျိုးကို ယာဇ်ပူဇော်တဲ့အနေနဲ့ ဂူသင်္ချိုင်းတစ်ခုမှာ မြှုပ်နှံခဲ့တာ ကျုပ်မြင်တယ်။

ချီလင်မသေမျိုး မိုးမြေကောင်းချီးနဲ့ မွေးဖွားလာတာ ကျုပ်မြင်တယ်။ ကိုးဆမသေမျိုး လူသားမျိုးနွယ်ရဲ့ မဟာလျန်ရှန်းမျိုးနွယ်မှာ မွေးဖွားလာတာ ကျုပ်မြင်ခဲ့ပါတယ်"

အချိန်မသေမျိုး ချီလင်မသေမျိုး ကိုးဆမသေမျိုးတို့၏ မူလဇစ်မြစ်သည် မသိသူမရှိ။ ယင်ထန်မသေမျိုးသာ သူ့နောက်ခံက သူ့စရိုက်သဘာဝနှင့်မကိုက်ညီသဖြင့် အများကိုထုတ်ပြောလေ့မရှိ။(*ၕၔၓ)

ထိုအဖြစ်များကို စဉ်းစားကြည့်လျှင် ကျိုးရှီမသေမျိုးမြင်ခဲ့သည့်အတိတ်က အမှန်ဖြစ်လောက်သည်။

"ပြီးတော့ သူတို့က အပေါ်ယံမှာ မြင့်မြတ်ပြီးအထက်တန်းကျပုံပေါ်ပေမယ့် နောက်ကွယ်မှာ အကြံအစည်တွေပြည့်နေတာ ကျုပ်သိတယ်။ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး အကျိုးအမြတ်ကိုပဲ စိတ်ဝင်စားကြတာ။

သူတို့ခင်ဗျားကို ချီးကပ်ခဲ့တာက ခင်ဗျားပါရမီကို တန်ဖိုးထားလို့ပါ။ ခင်ဗျားတစ်ယောက်ပဲ အရိယဖလနဲ့ အရိယဖလသန္ဓေ အယူအဆတွေကို တီထွင်ခဲ့တာ။

မသေမျိုးအဆင့်ဆိုတာကို စူးစမ်းခဲ့တာ။ ခင်ဗျားပါရမီက သမိုင်းမှာ ပြိုင်ဘက်ကင်းပဲ။ ခင်ဗျားအရင်ဆုံး မသေမျိုးဖြစ်လာမှာကိုတောင် သူတို့ကြောက်ကြတယ်။

ဒါကြောင့် ခင်ဗျားကို အချိန်မသေမျိုးက ဖျက်ဆီးခြင်းအရိယဖလကိုစွန့်လွှတ်ပြီး ထာဝရအရိယဖလကိုပြောင်းဖို့ ဖျောင်းဖျခဲ့တာ။ အဲဒီ့နောက်လိုက်ရင်း ပိတ်မိနေပြီး မသေမျိုးဖြစ်မလာအောင် တားခဲ့တာ။

ဒါပေမယ့် ခင်ဗျားက အစွဲအလန်းတွေကို စွန့်လွှတ်ပြီး ထာဝရအရိယဖလကို တည်ဆောက်နိုင်ခဲ့တယ်။ ဒီတော့ သူတို့ကမနာလိုဖြစ်ပြီး ခင်ဗျားကို မကောင်းကြံတာ။ ဒါကြောင့်လည်း ခင်ဗျားကိုရက်ရက်စက်စက် တိုက်ခိုက်ခဲ့တာ"

လုယန် မျက်မှောင်ကျုံ့သွားသည်။ ဘာတွေမှန်းမသိ။ ကျိုးရှီ၏စကားများက မသေမျိုးလေးယောက်၏ ပူးပေါင်းကြံစည်သည့်သဘောမျိုးဖြစ်နေသည်။

"နေပါဦး၊ နတ်မယ်က 'အရိယဖလ'အယူအဆကို သူ့ဘာသာ ထုတ်ဖော်နိုင်ခဲ့တာလို့ ခင်ဗျားပြောလိုက်တာလား"

လုယန် နတ်မယ်ကို လှည့်မေးသည်။

"နတ်မယ်၊ အရိယဖလအယူအဆကို ခင်ဗျားတို့ငါးယောက်ပေါင်းပြီး တွေးဆခဲ့ကြတာလို့ ခင်ဗျားပြောခဲ့တယ်မဟုတ်လား"

"ဟုတ်တယ်"

နတ်မယ်သာမဟုတ်။ ထိုကိစ္စကို ပဲပြာအရှင်ရော ချင်ဟဲပါ မှတ်မိသည်။ ကျိုးရှီမြင့်ခဲ့သည့် အတိတ်အကြောင်းများသည် မူမမှန်‌တော့။

"မဖြစ်နိုင်ဘူး"

ကျိုးရှီ လက်မခံ။ ထိုမျှအရေးကြီးသည့် အရိယဖလသမိုင်းကြောင်းကို သူမေ့သွားစရာအကြောင်းမရှိ။

လုယန် တည်ငြိမ်စွာပြောသည်။

"မသေမျိုးလေးယောက်လက်ချက်သာဆို တစ်လောကလုံးက နတ်မယ်အကြောင်းမေ့သွားအောင် သူတို့ဘယ်လိုလုပ်တာလဲ"

"ငါမသိတဲ့နည်းလမ်းတွေ သူတို့မှာရှိမှာပေါ့"

ကျိုးရှီက သူမှားသည်ဟု ဝန်မခံချင်။

ကျိုးရှီထံမှ အဖြေမရနိုင်သဖြင့် လုယန် သုံးသပ်သည်။

"ခင်ဗျားမြင်ခဲ့တဲ့အတိတ်ဟာ အမှန်မဟုတ်ဘူး။ နောက်ကွယ်ကလူသတ်သမား ဖန်တီးထားတဲ့ အတိတ်မှားပဲ"

သို့သော် လုယန် တစ်ခုနားမလည်။ ဘာကြောင့် ထိုလူက 'အရိယဖလကို နတ်မယ်တစ်ယောက်တည်းတီထွင်သည်'ဆိုသည့် သိသာထင်ရှားသည့်ဟာကွက်ကြီးကို ချန်ထားခဲ့သည်မသိ။ မရှောင်လွှဲနိုင်သည့် အကြောင်းတစ်ခုခုရှိနေသလော..

"နတ်မယ်၊ ယင်ထန်တို့လေးယောက်မှာ ကျိုးရှီပြောတဲ့ စရိုက်မျိုး တကယ်ရှိတယ်ဆိုရင် ခင်ဗျားဘာလုပ်မလဲ"

"ဘာလုပ်ရမှာလဲ။ သူတို့နဲ့ဝေးဝေးနေရုံပဲပေါ့"

နတ်မယ်က လက်တွေ့ကျကျပြောသည်။ လူကောင်းနှင့်လူဆိုး သူခွဲခြားနိုင်သည်။

"ဒါဆို ခင်ဗျားတစ်ယောက်တည်း အရိယဖလသဘောကို မှန်းဆမိခဲ့ရင် သူတို့လေးယောက်ကို ဆွေးနွေးဖို့ဖိတ်ခေါ်မှာလား"

နတ်မယ် ဘာလုပ်သင့်သည်ကို စဉ်းစားသည်။ ထို့နောက် အခိုင်အမာ ပြန်ဖြေသည်။

"မခေါ်ဘူး။ ငါ့ဘာသာ ဆက်တွေးမှာပေါ့။ ငါတစ်ယောက်တည်းဆိုလည်း အဖြေထွက်အောင် တွေးနိုင်လောက်ပါတယ်"

"ဒါဆို ရှင်းသွားပြီ။ ကျိုးရှီမြင်ခဲ့တဲ့ အတိတ်ဆိုတာ ယင်ထန်တို့ရဲ့စရိုက် ပြောင်းလဲတယ်ဆိုတဲ့ အယူအဆပေါ် အခြေခံထားတာပဲ"

သို့သော် နောက်ကွယ်မှလူက ထိုသို့မြင်အောင် ဘယ်လိုလုပ်ခဲ့သည်ကို တွေးမရ။ အရိယဖလအစစ်တစ်ခုသာ ထိုးထွင်းအရိယဖလ၏ ဆင်ခြင်သည့်ရလဒ်အပေါ် လွှမ်းမိုးနိုင်မည်။

"ဒါက ကြောင်းကျိုးအရိယရဲ့ စွမ်းအားများဖြစ်မလား"

"ဘယ်..ဘယ်လိုဖြစ်နိုင်မှာလဲ။ နောက်ကွယ်ကလူတစ်ယောက် တကယ်ရှိနေတာလား"

ကျိုးရှီစိတ်ထဲ လောကတစ်ခုလုံး ပြောင်းပြန်လန်သွားသလို ခံစားရသည်။ အကယ်၍သာ ယင်ထန်တို့လေးယောက်သာ သူထင်သလို ကောက်ကျစ်ယုတ်မာစိတ်ရှိသူများ မဟုတ်ခဲ့လျှင်...

"ဒါဆို အရင်ကငါ့ကို ခြိမ်းခြောက်ခဲ့တဲ့လူဟာ ယင်ထန်တို့လေးယောက်မဟုတ်ဘူးပေါ့။ နောက်ကွယ်ကလူပေါ့"

"ခင်ဗျားကိုခြိမ်းခြောက်တယ်...ဟုတ်လား"

"အဲဒီ့ကိစ္စဖြစ်ပြီးတဲ့ညက ငါပြန်လာတဲ့အချိန် လူတစ်ယောက် ငါ့နန်းတော်မှာ စောင့်နေတယ်။ ငါ့အရိယဖလကို ဖျက်ဆီးခိုင်းတယ်။ မဖျက်ဆီးရင် ငါ့ကိုသတ်ပစ်မယ်တဲ့"

ထိုလူအကြောင်းပြန်တွေးရင်း ကျိုးရှီစိတ်ထဲ အကြောက်တရားများ စိမ့်ဝင်လာသည်။

"သူထုတ်လွှတ်တဲ့ စွမ်းအင်ရောင်အရ ငါ့ကိုတကယ်သတ်နိုင်စွမ်းရှိတယ်"

"အဲဒီ့လူက ဘယ်သူလဲ"

"မသိဘူး။ သူ့မျက်နှာကို မမြင်ရဘူး။ ယင်ထန်တို့လေးယောက်ထဲကပဲဖြစ်မယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် ငါမြင်ခဲ့တဲ့အတိတ်က မှားနေတာကိုကြည့်ရင်၊ ပြီးတော့ နောက်ကွယ်ကလူတစ်ကယ်ရှိတယ်ဆိုရင် အဲဒါငါ့ကိုခြိမ်းခြောက်ခဲ့တဲ့လူပဲ။

ငါအကြပ်ခိုင်ခံခဲ့ရတယ်။ ထိုးထွင်းအရိယဖလစွမ်းအားကို စွန့်လွှတ်ဖို့ သူအတင်းဖိအားပေးတယ်။ နောက်ဆုံးတော့ အရိယဖလကို ငါဖျက်ဆီးလိုက်တယ်"

"ခင်ဗျားမှာ ထိုးထွင်းအရိယဖလမရှိတော့ဘူးပေါ့"

"မရှိတော့ဘူး"

ကျိုးရှီ မချိပြုံးပြုံးသည်။ ထိုးထွင်းအရိယဖလရှိနေလျှင် အသံတိတ်မသေမျိုးကို သူခြေရာခံနိုင်သည်။ ယခုလို နတ်ဆိုးမြို့တော်တွင် လှုပ်ရှားရအောက်အောင် အခြေအနေဆိုးမည်မဟုတ်။

"ဒါဆို နင်ခန့်မှန်းထားတဲ့ မဟာကပ်ဆိုတာက ဘာလဲ"

ချင်ဟဲက ကျိုးရှီစတင်ခဲ့သည့် မဟာကပ်ကိုရည်ညွှန်း၍ မေးခြင်းဖြစ်သည်။ နှစ်သုံးသိန်းကိုးသောင်းကြာလျှင် မဟာကပ်စမည်ဟု ကျိုးရှီက ပြောခဲ့သည်။

ကျိုးရှီသက်ပြင်းချသည်။

"ထိုးထွင်းအရိယဖလမရှိ‌တော့ပေမယ့် ငါရဲ့ပင်ကိုယ်သဘာဝကိုက နတ်ဗေဒင်ပညာကျွမ်းကျင်တယ်လေ။ ထိုးထွင်းအရိယဖလလောက် မထိရောက်ပေမယ့် ခန်းမှန်းချက်ရလာဒ်တွေက အတော်လေးကောင်းပါသေးတယ်။

နှစ်သုံးသိန်းကိုးသောင်းကြာရင် မသေမျိုးဖြစ်ဖို့ အခွင့်အရေးပေါ်လာမယ်လို့ ငါမြင်ခဲ့တယ်။ မသေမျိုးတစ်ဝက်တွေ မသေမျိုးတွေ ပေါ်လာပြီး တိုက်ခိုက်ကြမယ်။ မိုးမြေကြားမှာ ကပ်ဆိုးသင့်မယ်။ တစ်ချို့ကမသေမျိုးဖြစ်လာပြီး တစ်ချို့ကသေသွားမယ်။

ဒါပေမယ့် ငါတွက်ချက်တာတွေက လုံးဝအတိအကျတော့မဟုတ်ဘူး။ ဥပမာပြောရရင် ငါ့တွက်ချက်မှုအရ မဟာကပ်ဟာ စနေသင့်ပြီ။ အခုချိန်မှာ အင်အားစုတွေ တိုက်ခိုက်နေသင့်ပြီ။ လောကကြီး ဒီလောက်ငြိမ်းချမ်းမနေသင့်တော့ဘူး။

နောက်တစ်ခုက ထာဝရဂိုဏ်းကို ငါတည်ထောင်ရင် ထာဝရအရိယဖလသန္ဓေကို ငါရမယ်လို့ မြင်ခဲ့တယ်။ ဒါပေမယ့် မင်းတို့မြင်တဲ့အတိုင်းပဲ။ ငါမအောင်မြင်ခဲ့ဘူးလေ"

လုယန် တဖြေးဖြေးမျက်နှာပျက်လာသည်။ အကယ်၍ အရင်က သူသာထာဝရဂိုဏ်း၏ ဌာနချုပ်နေရာကို ရှာမတွေ့ခဲ့လျှင် ကျိုးရှီအောင်မြင်ခဲ့လောက်သည်။

***********************************

အခန်း (၁၁၀၇) ‌ကောင်းကင်တိုက်ပွဲ

"ဟားဟား...ဒါဆို နောက်ကွယ်က ကြိုးကိုင်တဲ့လူတစ်ယောက် တကယ်ရှိနေတာပေါ့..."

ကျိုးရှီ ရုတ်တရက် ကောင်းကင်သို့ခေါင်းမော့၍ အော်ရယ်လိုက်သည်။ မိုးရေစက်များက သူ့မျက်နှာပေါ်ကျလာသည်။

လွန်ခဲ့သည့်နှစ်လေးသိန်းနီးပါး သူမသေမျိုးစဖြစ်ကတည်းက ရှေးဟောင်းမသေမျိုးလေးယောက်ကို ရန်သူများဟု သတ်မှတ်ခဲ့သည်။ မီးနိုင်ငံကျဆုံးချိန်တွင် သူ့စိတ်ထဲ ပြောမပြနိုင်အောင် ကျေနပ်ခဲ့သည်။

ထိုလေးယောက်က ယုံကြည်မှုစွမ်းအားဖြင့် ထာဝရအရိယဖလဖန်တီးဖို့ မီးနိုင်ငံကို တည်ထောင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် အသံတိတ်မသေမျိုးလို မကောင်းဆိုးဝါးတစ်ကောင်ကို သူတို့ဖန်တီးမိခဲ့သည်။

အချိန်မသေမျိုး သေသွားသည်။ တစ်ခြားသုံးယောက် ဖရိုဖရဲထွက်ပြေးရသည်။ တကယ်ဝဋ်လည်ခြင်းဖြစ်သည်ဟု သူတွေးခဲ့သည်။

အနာဂတ်တွင် အသံတိတ်မသေမျိုးပေါ်လာမည်ကို သူကြိုမြင်ခဲ့သည်။ သို့သော် ထိုလေးယောက်ကို သူအသိမပေးခဲ့။ ဖြစ်လာမည့် ဇာတ်လမ်းကို သူစောင့်ကြည့်ချင်ခဲ့သည်။

သူကိုယ်တိုင် အမဲလိုက်ခံရသော်လည်း ထိုလေးယောက် သူ့လိုကံကြမ္မာမျိုးကြုံသည်ကို ကျေနပ်နေခဲ့သည်။

သူထင်မထားခဲ့။ အစကတည်းက နောက်ကွယ်မှလူက အတိတ်မှားကိုပြပြီး သူ့ကိုအရူးလုံးလုံးဖြစ်အောင် ဘယ်သူ့ကိုမှမယုံကြည်အောင် ဇာတ်သွင်းခဲ့သည်။

"ကြိုးကိုင်ဆရာ တကယ်ပီသပါပေတယ်..."

ထိုစဉ်က သူမြင်ခဲ့သည့်အကြောင်းအရာများကိုသာ မသေမျိုးလေးယောက်ကို ပြောပြခဲ့လျှင် လက်ရှိအခြေအနေနှင့် ကွဲပြားနိုင်စရာရှိမည်မဟုတ်လော...

သူ့အကြံအစည်များ အစီအမံများအားလုံး ဘာအကျိုးရခဲ့သနည်း...

"နင်ပြောလို့ပြီးပြီလား"

ပဲပြာအရှင်က အေးစက်စက်မေးပြီးနောက် အားလုံးမှင်သက်မိနေစဉ် သူ့လက်ဝါးတွင် အဖျက်မီးတောက်ပေါ်လာသည်။ သူ့လက်ဝါးတွင်သာ တောက်လောင်နေသော်လည်း လေဟာနယ်တစ်ခုလုံး တုန်ခါလာသည်။

မီးတောက်က ကျိုးရှီကို ချက်ချင်းဖုံးလွှမ်းသွားသည်။ နာကျင်စူးရှစွာအော်ဟစ်ရင်း သူ့ဒွာရခုနစ်ပေါက်မှ မီးခိုးများထွက်လာသည်။

"ရပ်လိုက်"

နတ်မယ် လှမ်းတားသည်။ သို့သော် မမီတော့။ မီးတောက်ကြောင့် ကျိုးရှီ ပြာပုံဘဝရောက်သွားသည်။ ယင်ထန်အလောင်းတုန်းကလိုပင် ဖြစ်သည်။

"နင်ဘာလုပ်နေတာလဲ"

နတ်မယ် ဒေါသတကြီးမေးသည်။

ပဲပြာက နတ်မယ်ကို အေးစက်စက်လှည့်ကြည့်သည်။

"ကြောင်းကျိုးဆက်စပ်မှုကိုဖြတ်ဖို့၊ လွန်မြောက်ခြင်းအဆင့်ကိုတက်ဖို့၊ ပြီးတော့ နောက်ကွယ်ကလူကို ရင်ဆိုင်ဖို့လေ။ ငါ့ကိုအသက်သွင်းခဲ့ကြတာ ဒီအတွက်ပဲမဟုတ်လား"

"နောက်ကွယ်ကလူကို ဖြေရှင်းဖို့ ငါတစ်ယောက်တည်းလုံလောက်တယ်။ နင့်ဖြစ်တည်မှုက အပေါ်ယံပဲ"

"ဒါ လိုအပ်လို့စတေးတာပဲ"

"ဒါက မလိုအပ်ဘဲ စတေးတာ"

နတ်မယ် အော်ဟစ်လိုက်သည်။ သူ့မျက်လုံးတွင် မျက်ရည်ဝဲနေသည်။ မီးနိုင်ငံပျက်စီးခဲ့သည်။ သမိုင်းလမ်းကြောင်းပြတ်ခဲ့သည်။ နှစ်တစ်သိန်းသမိုင်းကြောင်းကို ပျောက်ခဲ့သည်။ အသက်ပေါင်းဘယ်လောက် သေကြေခဲ့ကြမည်မသိ။

အားလုံးက သူ့ကြောင့်ဖြစ်သည်။ သူပြန်မရှင်သန်ပဲ လက်စားမချေဘဲနေလျှင် ထိုအရာအားလုံးကို ဖြစ်လာစရာအကြောင်းမရှိ။

သူ့ကိုယ်သူ ထိုမျှအရေးပါသူဟု မထင်။

"ဪ ဟုတ်သားပဲ။ ယင်ထန်တို့ ငါ့ကိုအသက်သွင်းခဲ့တာက ငါ့ကိုလည်း နင့်လိုဖြစ်စေချင်လို့တဲ့လေ"

ပဲပြာအရှင်ခေါင်းခါ၍ လှောင်ပြုံးပြုံးသည်။ ကိုယ့်ဖြစ်တည်နေရသည့် အခြေအနေကို လှောင်ရယ်နေသည်။ အတော်လည်း ရယ်စရာကောင်းသည်။

"နင်က ငါမဟုတ်ဘူး"

"ဟုတ်တယ်၊ နင်အရမ်းကံကောင်းတယ်။ ထာဝရအရိယဖလရှိတော့ ဘာကိုမှကြောက်စရာမလိုဘဲ လွတ်လွတ်လပ်လပ်နေနိုင်တယ်။ နင့်ကိုသဘောကျတဲ့လူတွေ နင့်အတွက် စိုးရိမ်ကြတဲ့လူတွေ အများကြီးရှိတယ်။

နင့်ကိုအသက်သွင်းဖို့ အစွမ်းကုန်ကြိုးစားကြတယ်။ ငါက နာမည်တောင်မရှိတဲ့ ဘာမှမဟုတ်တဲ့လူတစ်ယောက်ပါ။ ငါက နင်ဘယ်လိုဖြစ်လာနိုင်မှာလဲ။

ဒါပေမယ့်...ငါကနင်မဖြစ်နိုင်ရင် ဒီလောက်ကမှာ ဘာလို့ပေါ်လာမှာလဲ။ ချင်ဟဲကငါ့ကို ဘာလို့အသိအမှတ်ပြုမှာလဲ"

ပဲပြာအရှင်မျက်နှာ တင်းမာလာသည်။ နတ်မယ်ကို စိုက်ကြည့်သည်။ လူသတ်ရိပ်ကို ဖုံးကွယ်မထားတော့။ အံကိုတင်းတင်းကြိတ်၍ ပြောသည်။

"ဒီတော့ နင့်ကိုမသတ်ရင် ငါက နင်ဘယ်လိုဖြစ်လာနိုင်မှာလဲ။ ငါအရင်ကတည်းက ပြောပြီးသား။ ငါနင့်ကို သေချာပေါက်သတ်မှာ။ ငါက နင်အစစ်ဖြစ်တယ်ဆိုတာ သက်သေပြမှာ"

"မလုပ်နဲ့.."

ချင်ဟဲ စိတ်ပျက်က်ပျက်ပြေးတက်သွားသည်။ သို့သော် ပဲပြာအရှင်က သူ့ကိုထိန်းချုပ်လိုက်သည်။ နေရာမှမရွေ့နိုင်တော့။

ပဲပြာအရှင် ချင်ဟဲကို တစ်ချက်စိုက်ကြည့်သည်။ သူ့သွေးကြောထဲမှ သွေးများ ဆူပွက်လာသည်။ ခေါင်းအစခြေအဆုံး အဖျက်စွမ်းအင်ရောင်များ တောက်ပလာသည်။ ထို့နောက် ကောင်းကင်သို့ခုန်တက်၍ မိုးတိမ်တိုက်များကို ဖယ်ရှားလိုက်သည်။

သည်းထန်သည့်မိုးက သူတို့နှစ်ယောက်ကြောင့် စတင်ခဲ့သည်။ ယခု သူတို့ကြောင့်ပင် ပျောက်ကွယ်သွားသည်။

ကျိုးရှီသာ ဝင်မနှောက်ယှက်ခဲ့လျှင် လမ်းလျှောက်ရင်း အားရအောင်စကားပြောပြီးသည်နှင့် နတ်မယ်ကို စးစိန်ခေါ်ခဲ့ပြီးဖြစ်မည်။

ယနေ့ သူနှင့်နတ်မယ် သူသေကိုယ်သေ တိုက်ခိုက်ရမည်။

"ထာဝရနတ်မယ်။ ကောင်းကင်မှာ တိုက်ခိုက်မယ်။ တက်ခဲ့ပါ"

နတ်မယ်လည်း လူသတ်ရိပ်များပေါ်လာသည်။ သူ့ဝိညာဉ်ခန္ဓာက ဘယ်တော့မှ မငြိမ်းနိုင်သည့် ထာဝရအလင်းတစ်ခုလို တောက်ပလာသည်။

......

"မသေမျိုးသုံးယောက်တိုက်ပွဲ ပြီးသွားပြီလား"

ကျူးထန် တုန်တုန်ရင်ရင် ပြောလိုက်သည်။ ဘယ်သူ့ကိုမှ မေးခြင်းမဟုတ်။ ကိုယ့်စိတ်ကိုယ် နှစ်သိမ့်ခြင်းသာဖြစ်သည်။

"ဘုန်း"

ပြင်းထန်သည့် တိုက်ခိုက်သံတစ်ချက် ဟိန်းထွက်လာသည်။ နတ်ဆိုးမြို့တော်တစ်ခုလုံး တုန်ခါသွားသည်။ အားလှိုင်းအရှိန်ကြောင့် မြို့တော်ကိုလွှမ်းခြုံထားသည့် မှော်စက်ဝန်းလည်း အစိတ်စိတ်အမွှာမွှာ ကြေမွသွားသည်။

ထိုအသံကြောင့် ရှေးဟောင်းခေတ်မသေမျိုးတိုက်ပွဲမြင်ကွင်းများကို ကျူးထန်ပြန်သတိရလာသည်။ ကောင်းကင်ကြယ်ကမ္ဘာများ ကြေမွသွားသည်။ ဥက္ကာခဲများ မိုးရွာသလိုကျသည်။

မဟုတ်သေး၊ ယခု တိုက်ခိုက်မှုက မသေမျိုးများ လက်ရည်စမ်းတိုက်ပွဲထက်ပင် ပိုပြင်းထန်သည်။

သူကြောက်သွားသည်။ ရှေးဟောင်းမသေမျိုးလေးယောက်နှင့် အမည်မသိစွမ်းအားရှင်တို့၏ အဆုံးသတ်တိုက်ပွဲနှင့် နှိုင်းယှဉ်ကြည့်မိသည်။

ဘာတွေဖြစ်ကုန်ပြီမသိသည်။ ယခုတိုက်ပွဲသည် သမိုင်းတလျှောက် အမြင့်ဆုံးတိုက်ပွဲဖြစ်မည်ထင်သည်။

ကျူးထန် နန်းတော်မှထွက်၍ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ မျက်နှာကိုမမြင်ရ။ စွမ်းအင်ရောင်မတူသည့် လူနှစ်ယောက် တိုက်ခိုက်နေသည်။ တိုက်ခိုက်မှုတိုင်း မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။

ထိုနှစ်ယောက်တိုက်ပွဲက အစောပိုင်းက မသေမျိုးတိုက်ပွဲထက် များစွာပိုပြင်းထန်သည်။

ကျူးထန် မျက်ခုံးလှုပ်သွားသည်။

...မဟာကပ်ကို ငါစခဲ့တာက တစ်ခြားကိစ္စပါ။ ဒီလိုတိုက်ပွဲမျိုး ငါ့မြို့တော်ထဲမှာ ဖြစ်စရာလိုလို့လား..

...ဒါကိုတော့ ငါလည်းမထိန်းချုပ်နိုင်ဘူး..

"ဦးလေးကျူးထန်၊ ဘာတွေဖြစ်နေတာလဲ"

ချုန်းချီမျိုးနွယ်မှ ကျင်းချိုင်ဝေ အပြေးရောက်လာပြီးမေးသည်။ သူလည်း တိုက်ခိုက်သံများကြောင့် အိပ်ပျော်နေရာမှ နိုးလာခြင်းဖြစ်သည်။

ကျူးထန်သည် သူ့ဖခင်ချုန်းချီအိုနှင့် မျိုးဆက်တူဖြစ်သည်။ ထို့ကြောင့် ကျင်းချိုင်ဝေက ဦးလေးဟု ခေါ်ရသည်။

"ကောင်းကင်ကိုသာကြည့်တော့"

နတ်မယ်နှစ်ယောက်တိုက်ခိုက်နေသည်ကို မြင်လိုက်ရသဖြင့် ကျင်းချိုင်ဝေလည်း အံ့အားသင့်သွားသည်။ သူသတိမထားမိသည့်အချိန်အတွင်း ဘာတွေဖြစ်ခဲ့သည်မသိတော့။

"အခြေအနေမကောင်းဘူး။ နတ်ဆိုးမြို့တော်အတွက် အန္တရာယ်ရှိတယ်"

ကျင်းချိုင်ဝေနှင့်ကျူးထန် အတွေးချင်းတူနေသည်။

နတ်မယ်နှင့်ပဲပြာအရှင်က အပြစ်မဲ့သူများကို ထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိသဖြင့် တတ်နိုင်သမျှ ကောင်းကင်တွင် တိုက်ခိုက်ကြသည်။

သို့သော် ထိုမျှပြင်းထန်သည့်တိုက်ပွဲက ဂယက်လှိုင်းတစ်ချက်ခတ်ရုံမျှဖြင့် နတ်ဆိုးမြို့တော် ပျက်စီးသွားနိုင်သည်။ ဘယ်မှော်စက်ဝန်းမှလည်း တားဆီးနိုင်မည်မဟုတ်။

ကျူးထန် ဘာမှမတတ်နိုင်။ ဤတိုက်ပွဲက ကမ္ဘာဖျက်တိုက်ပွဲနှင့် တူနေသည်။

"ကျွန်မှာ နည်းလမ်းရှိတယ်"

ကျင်းချိုင်ဝေ အော်ပြော၍ ခပ်နိမ့်နိမ့်သို့ ပျံတက်သွားသည်။

ကောင်းကင်တိုက်ပွဲက အတော်ဝေးသော်လည်း လေဟာနယ်တုန်ခါမှုကြောင့် သူပျံသန်းရသည်ပင် ခက်ခဲသည်။

"ဖိနှိပ်မယ်"

ရေပြင်ညီအရိယဖလကိုသုံး၍ နတ်ဆိုးမြို့တော်တစ်ခုလုံးကို အပြားဖြစ်အောင်လုပ်သည်။ ထို့နောက် အရှည်နှင့်အနံကိုချုံ့၍ တစ်လက်မအရွယ်အစားဖြစ်အောင် ဖိလိုက်သည်။ ကျယ်ပြန့်သည့်နတ်ဆိုးမြို့‌တော်က သူ့လက်ဝါးထဲရောက်လာသည်။

"ဦးလေးကျူးထန်။ မြို့ခံတွေကို ငြိမ်အောင်ထိန်းလိုက်ပါ။ ကျွန်မ အခြေအနေသွားကြည့်ဦးမယ်"

ကျူးထန်၏ ရှင်သန်သူအရိယဖလက နတ်ဆိုးမြို့တော်မှလူများကို အစီအစဉ်တကျဖြစ်အောင် ထိန်းနိုင်သည်။ ဝရုန်းသုန်းဖြစ်၍ ထိခိုက်ဒဏ်ရာရခြင်းမျိုးမရှိအောင် လုပ်နိုင်သည်။

ကျင်းချိုင်ဝေက နတ်ဆိုးမြို့တော်ကို ဖိနှိပ်လိုက်ချိန်တွင် ရေပြင်ညီစွမ်းအားမသက်ရောက်သူ လူနည်းနည်းသာရှိသည်။

လုယန်တို့ကို ရှာဖို့မခက်။ နတ်ဆိုးမြို့‌‌တော်၏ မူလနေရာတွင် လေးထောင့်ပုံတွင်းနက်တစ်ခု ကျန်ခဲ့သည်။

"အကြီးအကဲကျင်း."

"ဂိုဏ်းသခင်လေး။ ဘာတွေဖြစ်နေတာလဲ"

မှန်သည်။ ဂိုဏ်းသခင်လုက ဘာမှမဖြစ်။

"ကိစ္စက စကားလုံးနည်းနည်းနဲ့ ရှင်းပြလို့မရဘူး"

လုယန် သက်ပြင်းချသည်။

"အမချင်ဟဲ၊ အမရောဘာလို့ ဒီမှာရှိနေတာလဲ"

ချင်ဟဲကိုတွေ့ရသဖြင့် ကျင်းချိုင်ဝေ ပို၍အံ့ဩသွားသည်။ သူငယ်စဉ်က ချင်ဟဲကသူ့ကို များစွာစောင့်ရှောက်ပေးခဲ့သည်။

ချင်ဟဲက ကောင်းကင်ကိုမော့ကြည့်၍ အသံတိတ်နေသည်။

"ဒုခေါင်းဆောင်၊ ရှောင်ကျိကို မြန်မြန်ခေါ်လိုက်ပါ"

ယွမ်မုန်မုန်က စိုးရိမ်တကြီးပြောသည်။ ဘယ်လိုအကြောင်းရှိသည် ဘာကြောင့်တိုက်ခိုက်ကြသည်ကို သူနားမလည်သေး။

မီးနိုင်ငံဆိုသည်မှာ ဘာကိုပြောမှန်းမသိ။ ဘာကြောင့် ခေါင်းဆောင်နှစ်ယောက်ရှိနေမှန်းမသိ။

လုယန်ခေါင်းခါသည်။

"ခုနကပဲ နတ်မယ်ကငါ့ကို လှမ်းပြောတယ်။ ဒီကိစ္စက သူ့ကြောင့်စခဲ့တာဖြစ်လို့ သူပဲအဆုံးသတ်မယ်တဲ့။ တစ်ခြားဘယ်သူ့ကိုမှ ဝင်စွက်ခွင့်မပြုဘူး"

All Chapters