အခန်း (၂၄၉-၂၅၀)
Vol. 25 Ch. 249-250
အပိုင်း ၂၄၉
"ယွမ် ၆၀ ဘီလျံကနေ စတင်ပြီး အာရှကိုကျော်ကာ သုံးနှစ်အတွင်း ကမ္ဘာ့ဖလားဆီကို ဦးတည်မယ်..."
ဝမ်ချောင်နှင့် ချင်လင်းတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းခါရင်း ခါးသီးစွာ ပြုံးလိုက်ကြပြန်သည်။ ဒါက ပိုက်ဆံကို ရေလိုသုံးဖြုန်းတာမျိုးတင် မဟုတ်ဘဲ မီးရှို့ပစ်တာနဲ့တောင် တူနေချေပြီ။
တကယ်လို့သာ ဒါကို အကောင်အထည်ဖော်နိုင်ခဲ့ရင် နောက်သုံးနှစ်အတွင်း တရုတ်ပြည်မှာ ချန်ပီယံအသင်းတစ်သင်း ပေါ်ထွက်လာနိုင်ပေသည်။
သို့သော် ဘောလုံးဈေးကွက်က အလွန်ပူပြင်းလာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံမှုတွေကလည်း တစ်သီကြီး လိုအပ်နေဦးမှာဖြစ်ပြီး အကျိုးအမြတ်က ရင်းနှီးထားတာထက် နည်းနေနိုင်သေးသည်။ ဒါက တကယ်ရော ထိုက်တန်ရဲ့လား..
"ဟား အားကစားကွင်းမှာ အသင်းတစ်သင်းတည်းကပဲ ပိုက်ဆံရှာပေးနိုင်တယ်လို့ မင်းတို့ ထင်နေတာလား.. တကယ်လို့ နိုင်ငံတော် ဘောလုံးဗဟိုဌာနနဲ့ လက်ရွေးစင်အသင်း ပွဲစဉ်အားလုံးကို ငါတို့ကွင်းမှာ ကျင်းပမယ်ဆိုရင်ရော"
လင်းဖန်က တစ်ကမ္ဘာလုံးကို ငုံ့ကြည့်နေသည့် အရှိန်အဝါမျိုးဖြင့် အေးစက်စွာ ပြုံးလိုက်သည်။
သူသည် အားကစားကွင်းကို အပျော်သဘော သို့မဟုတ် အကောင်းဆုံးဖြစ်ချင်ရုံသက်သက်ဖြင့် ဆောက်နေသည်ဟု ထင်လျှင် သင်တို့ မှားသွားပေလိမ့်မည်။ သူလုပ်သမျှ အရာတိုင်းတွင် ရည်ရွယ်ချက် ရှိသည်။
အကယ်လို့ နိုင်ငံတွင်းမှာ ကြယ်ငါးပွင့်အဆင့် (5-star) ရှိသည့် အားကစားကွင်းက တစ်ကွင်းတည်းသာ ရှိနေမည်ဆိုလျှင် အရေးကြီးပွဲစဉ်တိုင်းအတွက် ထိုကွင်းကိုသာ ရွေးချယ်ရမည် မဟုတ်ပါလား..ငှားရမ်းခရရုံတင်မကဘဲ ပွဲစဉ်တွေ များလာသည်နှင့်အမျှ ထိုကွင်းသည် လက်ရွေးစင်အသင်း၏ အိမ်ကွင်းသဖွယ် ဖြစ်လာပြီး နောက်ဆက်တွဲ ဩဇာလွှမ်းမိုးမှုမှာ အလွန်ပင် ကြီးမားလှပေမည်။
ဝမ်ချောင်နှင့် ချင်လင်းတို့ ဘာမှထပ်မပြောနိုင်တော့ပေ။ လင်းဖန်က ဆုံးဖြတ်ပြီးသားဖြစ်ရာ သူတို့အနေဖြင့် လိုက်လုပ်ရန်သာ ရှိတော့သည်။
သို့သော် လင်းဖန်သည် မလိုအပ်သည့်အရာကို ဘယ်တော့မှ မလုပ်တတ်သည်ကို သူတို့ သိထားသည်။ ဘောလုံးသည် အမှန်တကယ်ပင် ရင်းနှီးမြှုပ်နှံသင့်သည့် နယ်ပယ်တစ်ခု ဖြစ်နေနိုင်ပါသေးသည်။
"နီဗားနားအအမှတ်တံဆိပ်သည် ယခုအချိန်တွင် ထိပ်ဆုံးသို့ ရောက်ရန် အများကြီး လိုပါသေးသည်။ နှစ်စဉ် ထွက်ရှိသမျှ မော်ဒယ်တိုင်းမှာ နာမည်ကြီးနေသော်လည်း အမှတ်တံဆိပ်ကို ပိုမိုမြင့်မားသည့် အဆင့်တစ်ခုသို့ ပို့ဆောင်ရန်မှာ အစဉ်တစိုက် မြှင့်တင်မှုများ လိုအပ်သည်။
ဘောလုံးသည် ၎င်းအတွက် အရှိန်မြှင့်တင်ပေးမည့် ခုံတစ်ခုပင် ဖြစ်သည်။ အကယ်၍ အောင်မြင်သွားပါက ယွမ် ၆၀ ဘီလျံမကဘဲ ၂၀၀ ဘီလျံ ရင်းနှီးရလျှင်ပင် အမှတ်တံဆိပ်၏ တန်ဖိုးတက်လာမှုမှာ ထိုရင်းနှီးမှုထက် အဆပေါင်းများစွာ ပို၍ အကျိုးရှိပေလိမ့်မည်။
ငွေကြေးနှင့် ပတ်သက်လျှင်လည်း လင်းဖန်အတွက် ပြဿနာမဟုတ်ပေ။ လုံထန် မိုဘိုင်းဖုန်း ကုမ္ပဏီတစ်ခုတည်းကပင် လစဉ် ယွမ်ငွေမဟုတ်ဘဲ "အမေရိကန်ဒေါ်လာ" ဘီလျံနှင့်ချီသည့် ဝင်ငွေကို ရှာဖွေပေးနေသည်။
ထို့အပြင် လုံထန် ဘက်ထရီ၊ ဟိုလိုဂရပ်ဖစ် ပရိုဂျက်တာနှင့် ပန်ကူးစမတ်အိမ်ထိန်းဝန်ဆောင်မှုတို့မှ ရရှိသည့် အကျိုးအမြတ်မှာလည်း မူးဝေစရာ ကောင်းလောက်အောင် များပြားလှသည်။
လုံထန်ဂရုသည် ယခုဆိုလျှင် ဖုန်းရောင်းရရုံဖြင့် ရပ်တည်နေရသည်မဟုတ်ဘဲ စမတ်အိမ်ထိန်းဝန်ဆောင်မှု တစ်ခုတည်းနှင့်ပင် အရှုံးမရှိဘဲ လည်ပတ်နိုင်နေပြီ ဖြစ်သည်။
"မနက်ဖြန်ကျရင် ငါတို့ ဂလေဇာမိသားစုနဲ့ သွားပြီး ညှိနှိုင်းလိုက်ပါ့မယ်။" ခဏအကြာတွင် ဝမ်ချောင်နှင့် ချင်လင်းတို့က လေးနက်စွာ ပြောလိုက်ကြသည်။
"ကောင်းပြီ၊ သူတို့ကို ပြတ်ပြတ်သားသားပဲ ပြောလိုက်။ ရောင်းချင်ရင် ရောင်း၊ မရောင်းချင်ရင်လည်း ဖယ်ပေးလိုက်တော့။ ကမ္ဘာပေါ်မှာ ထိပ်တန်းအသင်းဆိုလို့ မန်ယူနိုက်တက်တစ်သင်းတည်း ရှိတာမဟုတ်ဘူး။" လင်းဖန်က ခပ်အေးအေး ပြောလိုက်သည်။
"တခြားအသင်းတွေလည်း ရှိသေးတာပဲလား"
"ရှိတာပေါ့။" လင်းဖန်က ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင်တော့ ဒီအချက်ကို သုံးပြီး သူတို့ကို ဖိအားပေးလို့ ရတာပေါ့။"
"ဒါပေမဲ့ မန်ယူနိုက်တက်ကို ဝယ်နိုင်ရင်တော့ နောင်မှာ ငါတို့အတွက် အလုပ်အများကြီး သက်သာသွားလိမ့်မယ်။ မန်ယူနိုက်တက်ရဲ့ ရှိရင်းစွဲ နာမည်ကျော်ကြားမှုနဲ့ဆိုရင် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုပြီး လွယ်ကူစေမှာလေ။"
မန်ယူနိုက်တက်ကဲ့သို့ ဝါရင့်ကြယ်ငါးပွင့်အဆင့်ရှိသော အသင်းတစ်သင်းကို ပိုင်ဆိုင်ထားခြင်းဖြင့် တရုတ်ပြည်ရှိ အားကစားကွင်းများမှာလည်း နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်၏ အသိအမှတ်ပြုမှုကို ရရှိရန် ပိုမိုလွယ်ကူသွားပေလိမ့်မည်။
ထို့အပြင် တရုတ်ပြည်တွင်းရှိ လူငယ်ကစားသမားများကိုလည်း မန်ယူနိုက်တက်ကဲ့သို့သော အသင်းကြီးတွင် လက်တွေ့လေ့ကျင့်စေခြင်းဖြင့် အဆင့်အတန်းမြင့်မားသော အသင်းတစ်သင်းကို တည်ဆောက်နိုင်မည်ဖြစ်သည်။
"ကောင်းပါပြီ၊ ငါတို့ အစွမ်းကုန် ကြိုးစားကြည့်ပါ့မယ်။" ဝမ်ချောင်နှင့် ချင်လင်းတို့က သဘောတူလိုက်ကြသည်။
"ဒီဝယ်ယူမှုနဲ့ ပတ်သက်ပြီး မင်းတို့နှစ်ယောက် တိုက်ရိုက်မသွားနဲ့ဦး။ ဘောလုံးလောကအကြောင်း နားလည်တဲ့သူ တစ်ယောက်ယောက်ကိုပဲ ရှေ့ထုတ်လိုက်ပါ။"
လင်းဖန်က အကြံပေးလိုက်သည်။
"ဆိုလိုတာက..."
"ဟုတ်တယ်၊ ငါ့နာမည်နဲ့ပဲ ဝယ်လိုက်ပါ။"
"လုံထန် နာမည်နဲ့ မဟုတ်ဘူးလား"
"ငါ့နာမည်ပါသွားရင် သတင်းမီဒီယာတွေက ငါ့ကို လုံထန်ဂရုနဲ့ နီဗားနားဖုန်းတွေနဲ့ တွဲပြီး သတင်းဖော်ပြကြမှာပဲလေ။ မီဒီယာတွေကတော့ ငါဘာပဲလုပ်လုပ် 'နီဗားနားရဲ့ရဲ့ အရှင်သခင် လင်းဖန်' ဒါမှမဟုတ် 'ဟိုလိုဂရပ်ဖစ် ပရိုဂျက်တာကို ဖန်တီးသူ လင်းဖန်' ဆိုပြီးတော့ပဲ ရေးကြမှာပဲ မဟုတ်လား။"
လင်းဖန်က ဂရုမစိုက်ဟန်ဖြင့် လက်ကာပြလိုက်သည်။
တကယ်တော့ လင်းဖန်ဆိုသည့် နာမည်မှာပင် အမှတ်တံဆိပ်တစ်ခု ဖြစ်နေပြီဖြစ်ရာ မည်သည့်အမည်ဖြင့် ဝယ်ယူသည်ဖြစ်စေ လုံထန်ဂရုအတွက် ကြော်ငြာပြီးသား ဖြစ်နေပေလိမ့်မည်။
........................................................
အပိုင်း ၂၅၀
မန်ယူနိုက်တက်အသင်းကို ဝယ်ယူပြီးတာနဲ့ သတင်းမီဒီယာတွေမှာ "နည်းပညာဘီလူးကြီး လုံထန်ဂရုဘောလုံးလောကထဲ ခြေလှမ်းကျလာပြီ" ဆိုတဲ့ ခေါင်းစဉ်ကြီးတွေနဲ့ ဝေဝေဆာဆာ ဖော်ပြကြမှာကတော့ အသေအချာပါပဲ။
လင်းဖန်က အသင်းကို ကုမ္ပဏီနာမည်နဲ့မဟုတ်ဘဲ သူ့ရဲ့ကိုယ်ပိုင်နာမည်နဲ့ ဝယ်ယူရတဲ့ အကြောင်းရင်းကတော့ ရိုးရှင်းပါသည်။
တကယ်လို့ လုံထန်ဂရုနာမည်နဲ့ ဝယ်မယ်ဆိုရင် အသင်းကို "လုံထန်" လို့ နာမည်ပြောင်းလို့ရပေမဲ့၊ သူကတော့ ဒီကလပ်အသင်းကို လုံးဝ "ပုဂ္ဂလိကပိုင်" ဖြစ်ကြောင်း သက်သေပြချင်တာပါ။
ဒါ့အပြင် လုံထန်ဂရုနဲ့ ဖန်ထန်းရင်းနှီးမြှုပ်နှံမှုတို့ဟာ အလွန်ထိရှလွယ်တဲ့ နည်းပညာနယ်ပယ်တွေမှာ လုပ်ကိုင်နေတာပါ။ အခုအချိန်မှာ သူက ရှယ်ယာ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားလို့ ပြဿနာမရှိပေမဲ့၊ အနာဂတ်မှာ ကုမ္ပဏီက ပိုကြီးထွားလာတဲ့အခါ အာဏာပိုင်တွေ ဒါမှမဟုတ် အင်အားကြီးအဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှုကို ခံရနိုင်ခြေ ရှိသည်။
အမေရိကန်မှာတောင် စီးပွားရေးသမားတွေဟာ သြဇာကြီးမားပေမဲ့ လျှို့ဝှက်တဲ့ အဖွဲ့အစည်းတွေရဲ့ ရှယ်ယာခွဲဝေယူမှုကို ရှောင်လွှဲလို့မရတာမျိုးတွေ ရှိတတ်တာပင်။
လင်းဖန်ကတော့ အမြော်အမြင်ရှိသူပါ။ သူက မူပိုင်ခွင့်အားလုံးကို သူ့လက်ထဲမှာပဲ ဆုပ်ကိုင်ထားသည်။ နီဗားနားရဲ့ရဲ့ မူပိုင်ခွင့်ဟာ လုံထန်ဂရု ပိုင်ဆိုင်တာ မဟုတ်ဘဲ သူ့ရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှု ဖြစ်သည်။ အကယ်၍ နောင်တစ်ချိန်မှာ လုံထန်ဂရုက စတော့ဈေးကွက်တင်လို့ပဲဖြစ်ဖြစ်၊ ဖိအားကြောင့်ပဲဖြစ်ဖြစ် သူ့ရဲ့ ရှယ်ယာတွေ လျော့နည်းသွားပြီး ကုမ္ပဏီအပေါ် ထိန်းချုပ်ခွင့် ဆုံးရှုံးခဲ့ရင်တောင် သူက "မင်းတို့ ဒီကုမ္ပဏီကို လိုချင်သလား ရတယ်၊ ယူလိုက်။ ဒါပေမဲ့ နည်းပညာ မူပိုင်ခွင့်တွေကတော့ ငါ့ပိုင်ဆိုင်မှုပဲ၊ မင်းတို့ သုံးခွင့်မရှိဘူး" လို့ ပြောပြီး ကစားပွဲကို အဆုံးသတ်နိုင်သေးသည်။
ဘောလုံးအသင်း ဝယ်ယူမှုမှာလည်း ဒီသဘောပင်။ ကုမ္ပဏီနာမည်နဲ့ ဝယ်ရင် အသင်းက ကုမ္ပဏီပိုင် ဖြစ်သွားမည်။ ကိုယ်ပိုင်နာမည်နဲ့ ဝယ်ရင်တော့ ဒါဟာ သူ့ရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှု ဖြစ်သွားပြီး ကုမ္ပဏီနဲ့ မသက်ဆိုင်တော့ချေ။
အဲဒီအခါကျမှ သူက လုံထန်ကလပ်လို့ ခေါ်ခေါ်၊ ဖန်ထနကလပ်လို့ ခေါ်ခေါ်၊ ဒါမှမဟုတ် လင်းမိသားစုကလပ်လို့ပဲ အမည်ပေးပေး သူ့စိတ်ကြိုက် လုပ်ပိုင်ခွင့် ရှိသွားတော့မည်ဖြစ်သည်။
အချိန်တွေကတော့ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့ပြီ။
သုံးရက်ဆိုတဲ့ အချိန်အတောအတွင်းမှာ လင်းဖန်ဟာ အလွန်ကို အလုပ်များနေခဲ့သည်။ စက်ရုပ်တပ်ဆင်ခြင်း လုပ်ငန်းကနေ အရှေ့တောင်အာရှမှာ Flagship Store တွေ တိုးချဲ့မယ့် စီမံကိန်းအထိ သူကိုယ်တိုင် အနီးကပ် ကြီးကြပ်နေရပါတယ်။
ကျန်းဖန်က ဗြိတိန်ဈေးကွက်ကို အာရုံစိုက်နေရတဲ့အတွက် အရှေ့တောင်အာရှ စီမံကိန်းကိုတော့ COO ဖြစ်သူ ယွီလဲ့ထံ လွှဲပြောင်းပေးထားရသည်။
ဗြိတိန်မှာ တန်ရွမ်Operating System ထိုးဖောက်ဖို့နဲ့ ဟိုလိုဂရပ်ဖစ် ပရိုဂျက်တာတွေ မိတ်ဆက်ဖို့ ပြင်ဆင်မှုတွေကလည်း လင်းဖန်ကို ရုံးချုပ်မှာပဲ အမြဲတမ်း ရှိနေစေခဲ့သည်။
ဒါ့အပြင် ရှန်ကျန်မှာ ကျိဖုပေါင်ကုမ္ပဏီရဲ့ ရုံးချုပ်အသစ် ရွှေ့ပြောင်းမယ့် ကိစ္စတွေကိုလည်း သူက အဝေးကနေ ဖုန်းနဲ့ အင်တာနက်ကတစ်ဆင့် စီမံခန့်ခွဲနေရသည်။
"တကယ်တော့ အင်တာနက်ကို ကျေးဇူးတင်ရမှာပဲ။ အရင်ခေတ်ကလို ကြေးနန်းရိုက်နေရဦးမယ်ဆိုရင် ဒီလောက် မြန်မြန်ဆန်ဆန် ဘယ်ပြီးပါ့မလဲ" လို့ သူက တွေးမိသည်။
အခုဆိုရင် အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို အီးမေးလ်ကနေ စက္ကန့်ပိုင်းအတွင်း ပို့နိုင်သလို၊ ဖုန်းတစ်ချက်ဆက်ရုံနဲ့တင် ပြဿနာတွေကို ဖြေရှင်းနိုင်နေပါပြီ။
လင်းဖန်ကတော့ နောင်အနှစ် ၄၀၊ ၅၀ ကြာတဲ့အခါ ကုမ္ပဏီဝန်ထမ်းတွေဟာ ရုံးကို လာစရာမလိုတော့ဘဲ အိမ်ကနေပဲ အင်တာနက်ကိုသုံးပြီး အလုပ်လုပ်နိုင်တော့မယ်လို့ ယူဆထားသည်။
နည်းပညာတွေက အရှိန်အဟုန်နဲ့ တိုးတက်နေတာကြောင့် ဒါဟာ မဖြစ်နိုင်တဲ့အရာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူတွေဟာ ဒီနေ့ခေတ်လို ဖုန်းတွေ၊ အင်တာနက်တွေ ရှိလာမယ်လို့ မတွေးဝံ့ခဲ့ကြသလိုပါပဲ။
ဒါပေမဲ့ အခုလောလောဆယ်မှာတော့ သူကတော့ ခေတ်နဲ့အညီ ရှေ့ဆက်နေရဆဲပါ။ ခြေလှမ်းတိုင်းကတော့ အစီအစဉ်တကျနဲ့ အောင်မြင်မှုဆီကို ဦးတည်နေသည်။
.........................................................