အခန်း (၂၄၅-၂၄၆)
Vol. 25 Ch. 245-246
အပိုင်း ၂၄၅
"ဟားဟား နောက်ဆုံးတော့ ပြီးသွားပြီဟေ့"
နာရီပေါင်းများစွာ အာရုံစိုက်စဉ်းစားပြီးနောက် လင်းဖန်သည် နောက်ဆုံးပုံကြမ်းကို ကျောက်သင်ပုန်းပေါ်တွင် ချိတ်ဆွဲလိုက်ပြီး လက်ခုပ်တီးကာ အားရပါးရ ရေရွတ်လိုက်သည်။ သူ၏ရှေ့တွင် စက်ရုပ်၏ ဦးခေါင်း၊ ခြေလက်နှင့် ကိုယ်ထည် ဒီဇိုင်းပုံကြမ်း စုစုပေါင်း ၈ ခု ရှိနေသည်။
စက်ရုပ်၏ ကိုယ်ထည်ဒီဇိုင်းမှာ အရှုပ်ထွေးဆုံးနှင့် အနုစိတ်ဆုံးဖြစ်သည်။ အကြောင်းမှာ ၎င်းသည် စက်ရုပ်၏ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး လုပ်ဆောင်ချက်ပေါင်းများစွာကို ကိုယ်ထည်တွင် စုစည်းထားသောကြောင့် အမှားအယွင်း အစွန်းအထင်းမခံပေ။
အရေးမကြီးသော အစိတ်အပိုင်းတချို့၏ ပုံကြမ်းများကိုမူ ယွီလီထံ ပေးအပ်ထားပြီးဖြစ်သည်။ အလုပ်ရုံရှိ ဝါရင့်ပညာရှင်များက စက်ပစ္စည်းများဖြင့် လိုအပ်ချက်အတိုင်း အမြန်ဆုံး ပုံဖော်ပေးကြပေလိမ့်မည်။
နောက်ထပ် လင်းဖန် လုပ်ဆောင်ရမည့် အရေးကြီးသော အလုပ်မှာ စက်ရုပ်အတွက် သီးသန့် "ဆီလီကွန်ပုံဆောင်ခဲ ဘက်ထရီ" ထုတ်လုပ်ရန်ဖြစ်သည်။ လုံထိန်ဂရု(ပ်) တစ်ခုလုံးတွင် ဤဘက်ထရီအကြောင်းကို လင်းဖန်ထက် ပိုသိသူ မရှိပေ။
"သူဌေး...သူဌေး လိုချင်တဲ့ ပစ္စည်းတွေ အားလုံး ရောက်ပါပြီ။"
ထိုအချိန်တွင် သုတေသနစင်တာ ဒါရိုက်တာ ယွီလီ ဝင်လာသည်။ သူ၏နောက်တွင် အလုပ်သမားတချို့က သေတ္တာများစွာကို သယ်ဆောင်လာပြီး ဓာတ်ခွဲခန်းအတွင်း ချထားပေးကြသည်။
"ကောင်းပြီ..ဟူး... အားတက်သွားတာပဲ"
ကြမ်းပြင်ပေါ်ရှိ သေတ္တာ ၅ လုံးထဲမှ အစိတ်အပိုင်းအမျိုးမျိုးကို ကြည့်ပြီး လင်းဖန် ပြုံးလိုက်မိသည်။ ဤအရာများသည် အလုပ်ရုံရှိ CNC စက်များဖြင့် ဒီဇိုင်းပုံစံအတိုင်း တိတိကျကျ ထုတ်လုပ်ထားသော အစိတ်အပိုင်းများ ဖြစ်ကြသည်။
စက်ရုပ်တစ်ရုပ်အတွက် လိုအပ်သည့် ပစ္စည်းအားလုံး ဤနေရာတွင် စုံလင်နေပြီ။
"ကဲ... ဒါတွေကို စမ်းသပ်ခုံပေါ် တင်လိုက်ကြ။"
ယွီလီ၏ အမိန့်အရ အလုပ်သမားများသည် အစိတ်အပိုင်းများကို တစ်ခုချင်း ထုတ်ယူကာ စမ်းသပ်ခုံနှစ်ခုပေါ်တွင် အမျိုးအစားအလိုက် စနစ်တကျ ခွဲခြားတင်ပေးကြသည်။
စက်ရုပ်တစ်ရုပ်တည်းအတွက်ပင် အရွယ်အစားမျိုးစုံရှိသော အစိတ်အပိုင်းပေါင်း တစ်ထောင်နီးပါး လိုအပ်သည်။
ဤအစိတ်အပိုင်းများကို တိုက်တေနီယမ်စံနစ် (Titanium steel)၊ အလူမီနီယံသတ္တုစပ်နှင့် ကြွေသားအတု ပလတ်စတစ်များဖြင့် ပြုလုပ်ထားသည်။ ယေဘုယျအားဖြင့် ပေါ့ပါးသော ပစ္စည်းများကို အသုံးပြုထားသဖြင့် စက်ရုပ်၏ အလေးချိန်ကို လျော့ကျစေကာ ကြာရှည်လည်ပတ်နိုင်စွမ်းကို တိုးတက်စေသည်။
ထို့အပြင် အာရုံခံကိရိယာများသာမက အဆစ်အမျက်များ လှုပ်ရှားရန်အတွက် မိုက်ခရိုမော်တာများနှင့် ဆာဗိုမော်တာ (Servo motors) များလည်း ပါဝင်သည်။ လင်းဖန်သည် ခုံပေါ်ရှိ ပစ္စည်းများကို သေချာစစ်ဆေးပြီးနောက် တုံ့ဆိုင်းမနေဘဲ စတင်တပ်ဆင်တော့သည်။
စက်ရုပ်တပ်ဆင်ခြင်းသည် အလွန်နုနယ်သိမ်မွေ့သော အလုပ်ဖြစ်သည်။ အထူးသဖြင့် စက်ရုပ်၏ လက်နှစ်ဖက်မှာ အရေးအကြီးဆုံးဖြစ်သဖြင့် အမှားမခံပေ။ အခု သူတပ်ဆင်နေသည်မှာ သူ့ကို ကူညီမည့် "လက်ထောက်စက်ရုပ်" ဖြစ်သည်။
ထို့ကြောင့် စက်ပစ္စည်းများကို ထိန်းချုပ်ရန်နှင့် ဓာတ်ခွဲခန်းကို စောင့်ရှောက်ရန်အတွက် လိုက်လျောညီထွေရှိသော လက်တစ်စုံ ရှိဖို့ လိုအပ်သည်။
ယွီလီသည် သူ၏ ဥက္ကဋ္ဌ အာရုံစိုက်နေသည်ကို မြင်သောအခါ အလုပ်သမားများကို ပြန်လွှတ်လိုက်ပြီး သူကိုယ်တိုင်လည်း အခန်းထဲမှ အမြန်ထွက်ခွာသွားသည်။
အစိတ်အပိုင်းများမှာ လျှို့ဝှက်ချက်မဟုတ်သော်လည်း တပ်ဆင်သည့် အဆင့်ဆင့်မှာမူ အလွန်အရေးကြီးသော သော့ချက်ဖြစ်နေသောကြောင့်ပင်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားရာ ည ၁၀ နာရီသို့ ရောက်ရှိလာသည်။
"အဲ..." လင်းဖန် သတိပြန်ဝင်လာချိန်တွင် အချိန်ကိုကြည့်ကာ အံ့သြသွားသည်။ သိပ္ပံသုတေသနတွင် နစ်မြုပ်နေစဉ် ၈ နာရီဆိုသော အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီ။
"ရှုံ့တာ... ဒရိုင်ဘာကို အကြောင်းကြားလိုက်၊ ကားပြင်ထားခိုင်းလိုက်တော့။"
စကားအဆုံးတွင် လင်းဖန်သည် စမ်းသပ်ခုံပေါ်ရှိ စက်ရုပ်လက်ဖဝါးကို ကြည့်လိုက်သည်။ အခုမှ စတင်ခြင်းသာ ဖြစ်သော်လည်း လက်ဖဝါးတပ်ဆင်မှု ပြီးမြောက်ရန် တစ်လှမ်းသာ လိုတော့သည်။ ထို့ကြောင့် လက်ဖဝါးကို အပြီးတပ်ဆင်ပြီးမှသာ အနားယူရန် သူ ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့ နံနက်စောစော၊ ကျန့်ခန်းယွမ်ရှိ ဗီလာအမှတ် (၁) အတွင်း၌...
"မင်းတို့နှစ်ယောက် ကိုယ့်အလုပ်နဲ့ကိုယ် မအားကြဘူးလား၊ ဘာလို့ ငါ့ဆီ ရောက်လာတာလဲ"
လင်းဖန်က သူ့ရှေ့မှ ဝမ်ချောင်နှင့် ချင်းလင်ကို ကြည့်ကာ မေးလိုက်သည်။
"ဟားဟား ဘာဖြစ်လို့လဲ၊ ကိုယ်ပိုင်ရုပ်ရှင်ရုံ ပရောဂျက်က လမ်းကြောင်းပေါ် ရောက်နေပြီလေ၊ Dynasty Entertainment ကလည်း အရမ်းကို မြန်မြန်ဆန်ဆန် တိုးချဲ့နေတာ။"
ဝမ်ချောင်က ဂုဏ်ယူစွာ လက်ကာပြရင်း ပြောသည်။
"အခုဆို ငါတို့က နိုင်ငံမှာ အကြီးဆုံး ဖျော်ဖြေရေးကုမ္ပဏီ ဖြစ်နေပြီ၊ မင်းသား မင်းသမီးတွေလည်း အများကြီးပဲ။ ဒါနဲ့... မင်း ချန်ပီယံလိဂ်တွေ ခဏခဏ ကြည့်တာ ငါမှတ်မိတယ်၊ မင်း ဘောလုံး အရမ်းဝါသနာပါတာလား"
"ဘောလုံးလား" လင်းဖန် မျက်မှောင်ကြုတ်သွားပြီး ပြုံးလိုက်မိသည်။
ဤအားကစားသည် သူ ကျောင်းတက်စဉ်က အနှစ်သက်ဆုံး အရာတစ်ခုဖြစ်သည်။ ကွင်းလယ်တိုက်စစ်မှူး သို့မဟုတ် ဗဟိုတိုက်စစ်မှူးအဖြစ် ကစားရသည်ကို သူ အကြိုက်ဆုံးပင်။
ဂိုးသွင်းနိုင်သလို နောက်တန်းကနေ တိုက်စစ်ဆင်ဖို့လည်း သူ စီစဉ်ပေးနိုင်သည်။ ထိုစဉ်က သူသည် စူးကျိုး အထက်တန်းကျောင်း ဘောလုံးပြိုင်ပွဲတွင် ပထမဆု ရခဲ့ဖူးသည်။
"အခုတော့ မကစားဖြစ်တော့ပါဘူး၊ ကိုယ်လက်လှုပ်ရှား မလုပ်တာလည်း ကြာပြီ။ ပြီးတော့ ကစားမယ့်လူလည်း မရှိဘူးလေ။"
လင်းဖန်က အေးအေးဆေးဆေး ပြောလိုက်သည်။
"ငါက မင်းကို ကိုယ်တိုင်ကစားခိုင်းတာ မဟုတ်ပါဘူး။" ချငလင်က နှုတ်ခမ်းမဲ့ကာ ပြောသည်။ "ဘောလုံးဝါသနာပါရင် ကိုယ်တိုင်ကစားစရာ မလိုပါဘူး။ ဝမ်ချောင်အဖေ (ဝမ်သူဌေးကြီး) ကို ကြည့်ပါလား၊ သူ ဘောလုံးလောကမှာ ဘယ်လောက် အားထည့်ခဲ့သလဲ။"
"ဟင်" ထိုစကားကြောင့် လင်းဖန် မျက်မှောင်ကြုတ်သွားသည်။ "မင်းတို့ ပြောချင်တာက ဘောလုံးကလပ် အကြောင်းလား"
ဝမ်ချောင်၏ ဖခင် ဝမ်သူဌေးကြီးသည် တစ်ချိန်က ဘောလုံးအပေါ် မည်မျှ ရူးသွပ်ခဲ့သည်ကို နိုင်ငံတွင် မသိသူမရှိပေ။ ၁၉၉၄ ခုနှစ်တွင် ဝမ်သူဌေးကြီး၏ "လျန်ချန်း ဝမ်ထု" (Liancheng Wantun) အသင်းသည် ပရော်ဖက်ရှင်နယ် လောကတွင် ပထမဆုံးသော ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
ထိုအသင်းသည် အာရှတွင် အဆင့် ၁ ချိတ်ခဲ့ဖူးသလို ကမ္ဘာ့အဆင့် ၂၉ အထိ ရောက်ရှိခဲ့ကာ တရုတ်ဘောလုံးလောက၏ ပြယုဂ်ဖြစ်ခဲ့သည်။
သို့သော် ၁၉၉၈ ခုနှစ်တွင် ဒိုင်လူကြီး၏ မမျှတသော ဆုံးဖြတ်ချက်များကြောင့် ရှုံးနိမ့်ခဲ့ရပြီးနောက် ဝမ်သူဌေးကြီးသည် ဘောလုံးလောကအပေါ် လုံးဝ စိတ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
.............................................................
အပိုင်း ၂၄၆
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ့အဖေဆီမှာ အမေရိကန်ကလာတဲ့ ဧည့်သည်တစ်ယောက်နဲ့ ဆုံခဲ့တယ်၊ သူ့နာမည်က ဂျိုးလ် (Joel) တဲ့၊ ဂလေဇာ (Glazer) မိသားစုကလေ။"
လက်ထဲက လက်ဖက်ရည်ခွက်ကို အသာအယာချရင်း ဝမ်ချောင်က စကားတစ်ခွန်းကို ဖြည်းဖြည်းချင်း ဆိုလိုက်သည်။
"ဂျိုးလ်.. ပြီးတော့ ဂလေဇာ" လင်းဖန်၏ မျက်လုံးများ ဝင်းလက်သွားပြီး အတိတ်က မှတ်ဉာဏ်တချို့ ပြန်လည်နိုးထလာသည် "မန်ယူနိုက်တက်လား"
အမေရိကန်က ဂလေဇာမိသားစုဆိုသည်မှာ ဂျူးမျိုးနွယ်စုဖြစ်ပြီး မယ်လ်ကွန် (Malcolm) လက်ထက်ကတည်းက အရှိန်အဟုန်နဲ့ တက်လာခဲ့သည့် မိသားစုဖြစ်သည်။
အဓိကအချက်မှာ ၂၀၀၅ ခုနှစ် ဇွန်လတွင် သူတို့မိသားစုသည် မန်ချက်စတာယူနိုက်တက်ကို ပေါင် ၇၉၀ သန်းဖြင့် ဝယ်ယူခဲ့ခြင်းပင်။
သို့သော် ထိုဝယ်ယူမှုကြောင့် ကလပ်အသင်းပေါ်တွင် အကြွေးဝန်ထုပ်ဝန်ပိုးများစွာ တင်ရှိသွားခဲ့ပြီး လက်ရှိတွင် အကြွေးပမာဏမှာ ပေါင် ၄၃၇ သန်းအထိ ရှိနေသည်။
ဤအကြွေးများကြောင့်ပင် ဂလေဇာမိသားစုသည် အသင်း၏ ရှယ်ယာအချို့ကို ရောင်းချရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
"ဟုတ်တယ်၊ ဂလေဇာမိသားစုက မန်ယူကို ဆက်ပြီး မထောက်ပံ့နိုင်တော့ဘူး၊ ဒါကြောင့် အကြွေးတွေနဲ့တကွ ပြန်ရောင်းဖို့ ကြိုးစားနေတာ။" ချင်းလင်က လေးနက်သောလေသံဖြင့် ဆက်ပြောသည်။
"သူတို့မျက်လုံးထဲမှာ တရုတ်ပြည်က လူချမ်းသာတွေ အများကြီးရှိတယ်လို့ မြင်နေကြတာ၊ ဒါကြောင့် ဝမ်ချောင်အဖေကို ဆွဲသွင်းဖို့ ကြိုးစားသေးတယ်၊ ဒါပေမဲ့ ဝမ်သူဌေးကြီးက စိတ်မဝင်စားတော့ဘူးလေ။"
"အဲဒီတော့... ဒီလူချမ်းသာက ငါဖြစ်သွားတာပေါ့" လင်းဖန်က နည်းနည်းတော့ ဇဝေဇဝါဖြစ်သွားသည် "အကြွေးက ပေါင်သန်း ၄၀၀ ကျော်ပဲဟာ၊ မင်းတို့နှစ်ယောက် ပေါင်းလိုက်ရင်တောင် ပြဿနာရှိမှာမဟုတ်ဘူး၊ ဘာလို့ ငါ့ကို ရှေ့ထွက်ခိုင်းနေတာလဲ"
လက်ရှိ ငွေလဲနှုန်းအရဆိုလျှင် ပေါင် ၄၃၇ သန်းသည် တရုတ်ယွမ်ငွေ ၃.၈၅ ဘီလျံခန့်သာ ရှိသည်။ ဝမ်ထုအိမ်ရှေ့မင်းသား ဝမ်ချုန်းနှင့် ရှန်ဟိုင်းက သူဌေးသား ချင်လင်းတို့အတွက် ယွမ် ၂ ဘီလျံစီလောက် ထုတ်ဖို့ဆိုသည်မှာ မပြောပလောက်သည့် ကိစ္စပင်။
ထိုစကားကြောင့် ဝမ်ချုန်းနှင့် ချင်လင်းတို့က လင်းဖန်ကို မျက်စောင်းထိုးလိုက်ကြသည်။
လုံထန်ဂရုကမှ သူဌေးကြီးမဟုတ်ရင် ဘယ်သူက သူဌေးကြီးဖြစ်ရဦးမှာလဲ.. စတော့ဈေးကွက်မှာ စာရင်းမသွင်းရသေးတာတောင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတွေက ခန့်မှန်းထားတဲ့ တန်ဖိုးက Apple ထက် မနိမ့်ဘူးလေ။
"အဟမ်း! ငါနဲ့ ဝမ်ချောင်က ပိုက်ဆံတွေ အားလုံး Dynasty Group ထဲမှာ ရောက်နေတာလေ။" ချင်လင်းက ချောင်းနှစ်ချက်ဟန့်ကာ ပြောလိုက်သည်။
လက်ရှိ Dynasty Group တွင် ရုပ်ရှင်ထုတ်လုပ်ရေးသာမက ရုပ်ရှင်ရုံပေါင်း ၃,၀၀၀ ကျော်နှင့် စားသောက်ကုန်လုပ်ငန်းများပါ ရှိနေသည်။ အကျိုးအမြတ်များသော်လည်း လုပ်ငန်းတိုးချဲ့မှုက ပိုမြန်နေသဖြင့် သူတို့နှစ်ဦးမှာ လက်ရှိတွင် ပိုက်ဆံပြတ်လပ်နေခြင်း ဖြစ်သည်။
လင်းဖန်က နားလည်သွားဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။ "ဘယ်လိုလဲ၊ စိတ်ဝင်စားလား စိတ်ဝင်စားရင် ရင်းနှီးမြှုပ်နှံလိုက်လေ၊ ယွမ် ၄ ဘီလျံလောက်ပဲဟာ။"
"ဟဲဟဲ! ရင်းနှီးမြှုပ်နှံမယ် ဟုတ်လား" လင်းဖန်က ခပ်အေးအေး ပြုံးလိုက်ပြီး "ငါလိုချင်တာက ရင်းနှီးမြှုပ်နှံရုံတင် မဟုတ်ဘူး၊ ကစားမယ်ဆိုရင်တော့ မန်ယူနိုက်တက်တစ်သင်းလုံးကို ငါ အပိုင်ဝယ်ပစ်လိုက်မယ်"
မန်ချက်စတာ ယူနိုက်တက်သည် ဗြိတိန်ဘောလုံးသမိုင်းတွင် အောင်မြင်ဆုံးနှင့် ဩဇာအရှိဆုံး အသင်းတစ်သင်း ဖြစ်သည်။
သို့သော် ဂလေဇာမိသားစုလက်ထဲ ရောက်ပြီးနောက်တွင်တော့ အသင်းမှာ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ ဘောလုံးဝါသနာရှင်များအတွက် သရဲနီများဆုတ်ယုတ်သွားခြင်းမှာ ရင်နာစရာ ကိစ္စပင်။
ဝမ်ချောင်နှင့် ချင်လင်းတို့မှာ လင်းဖန်၏ စကားကြောင့် ဆွံ့အသွားရသည်။ လင်းဖန်၏ ကစားကွက်မှာ ယခင်ကထက် ပို၍ ရူးသွပ်လာခဲ့ပြီ။ မန်ယူကို ဝယ်ယူရုံတင်မကဘဲ အသင်းကို ထိပ်တန်းပြန်ရောက်အောင် ငွေပုံအော သုံးရဦးမည်ဖြစ်သည်။
ဝယ်ယူသည့် တန်ဖိုး ၄ ဘီလျံဆိုသည်မှာ အသေးအဖွဲဖြစ်သော်လည်း နောင်တွင် ဆက်လက်ရင်းနှီးရမည့် ငွေပမာဏမှာ အလွန်များပြားလှသည်။
သို့သော် လင်းဖန်၏ မျက်လုံးများက တောက်ပနေသည်။ သူ့အတွက်ချမ်းသာကြွယ်ဝမှု ဆိုသည်မှာ ကိန်းဂဏန်းတစ်ခုသာ ဖြစ်သည်။ သူ တကယ်ကစားချင်သည့်အရာကို တွေ့ပြီဆိုလျှင် အပီအပြင် ကစားရမည်သာ။
"လင်းဖန်... သိပ်ပြီး စိတ်မလောနဲ့ဦး၊ အခု ဘောလုံးလောက အခြေအနေက သတိထားရမယ်နော်။"
ဝမ်ချောင်က စိုးရိမ်တကြီး သတိပေးလိုက်သည်။ တရုတ်ဘောလုံးလောက၏ အရိပ်မည်းများကို သူတို့ သိထားပြီးသားပင်။
"မဟုတ်ဘူး၊ အခုက အချိန်ကိုက်ပဲ။"
လင်းဖန်က ပြုံးရင်း အထက်ကို လက်ညှိုးညွှန်ပြလိုက်သည် "အထက်က အကြီးအကဲကလည်း ဘောလုံးဝါသနာရှင် စစ်စစ်ပဲလေ။ ငါတို့ ပိုက်ဆံသုံးပြီး အောင်မြင်အောင် လုပ်ပြနိုင်ရင် သူ့ကိုလည်း ကျေနပ်အောင် လုပ်ရာရောက်တယ်၊ ဒါက ငါတို့အတွက် အကျိုးရှိတယ်။"
"ဒါ့အပြင် ငါကိုယ်တိုင်လည်း ဘောလုံးကို အရမ်းကြိုက်တဲ့ ပရိသတ်တစ်ယောက်ပဲ။ ဘယ်သူ့ကိုမှ မျက်နှာချိုသွေးဖို့ မဟုတ်ဘဲ ငါ့ဘာသာ ပျော်ဖို့အတွက် ကလပ်တစ်ခု ဝယ်လိုက်တာ ဘာဖြစ်လဲ..ငါ့မှာ ပိုက်ဆံရှိတယ်၊ ငါ့စိတ်ကြိုက် လုပ်မယ်လေ။ ဘယ်သူ ဘာပြောပြော ငါ ဂရုမစိုက်ဘူး။"
လင်းဖန်၏ "ငါ့မှာ ပိုက်ဆံရှိတယ်၊ ငါ့စိတ်ကြိုက်ပဲ" ဆိုသည့် စကားမှာ လူအများ၏ အာသီသကို ထင်ဟပ်စေသည်။ ပိုက်ဆံရှိလို့ စိတ်ကြိုက်လုပ်တာ ဘာဖြစ်လဲ..
ဤကိစ္စတွင် ဝမ်ချုန်းနှင့် ချင်လင်းတို့မှာ ဘာမှ ထပ်မပြောနိုင်တော့ပေ။
"မင်းမှာ ပိုက်ဆံရှိတယ်၊ မင်းက အာဂပဲ၊ မင်းပြောတာ အမှန်ဆုံးပဲကွာ။"
...........................................................