← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

Chapter 19: ပြဿနာကိုဖြေရှင်းခြင်း။

စုယွမ်လည်း အံ့သြသွားရသည်။

သူ လူရိုက်ရန်ပြင်လိုက်ချိန်မှာတင် သူ၏အရှိန်က အရမ်းမြန်သွားတာကိုသိလိုက်ရ၏။ ထို့အပြင် သူ၏ခန္ဓာကိုယ်မှာ ခွန်အားအပြည့်နှင့်တိကျမြန်ဆန်နေခဲ့သည်။ သူ၏လှုပ်ရှားမှုများက တိကျသပ်ရပ်နေလျက် တစ်ခဏအတွင်းမှာတင် လူတိုင်းကို လဲကျသွားစေခဲ့သည်။

ဤလှုပ်ရှားမှုအများစုက သူဖတ်ခဲ့ဖူးသော စာအုပ်များထဲကဖြစ်သည်၊ အချို့ဆိုလျှင် ယခင်ဘဝကကြည့်ခဲ့ဖူးသော ဂျက်လီ၊ ဂျက်ကီချန်း၊ အာနိုး၊ ဗန်ဒိန်း၊ စတီဗင်ဆီးဂဲလ်၊ စတီဗင်ချောင်၊ အိုင်ပီမန်း၊ ဘရုစလီ၊ တိုက်ခိုက်ရေးဗီဒီယိုများထဲမှ အကွက်များတောင် ဖြစ်နေ၏။ သူ မနေ့ကကျင့်ကြံနေရင်း ဤအကွက်များအားလုံးကို လေ့လာမှတ်သားထားလိုက်ခြင်း ဖြစ်သည်။

“မင်းက ဘာလို့ အဲ့ဒီလောက်သန်မာလာရတာလဲ။ မင်း ကိုယ်ခံပညာသင်ဖူးတာလား။”

ကျန်းဝေ့မှာ ကြောင်အစွာဖြင့် မေးလာသည်။

စုယွမ်က ရယ်မောလာ၏။

“ငါက အရင်ကတည်းက ဒီလောက်သန်မာတာလည်းဖြစ်နိုင်တာပဲလေ။”

ကျန်းဝေ့မှာ ရပ်တန့်သွားရ၏။ ဤသည်မှာမှန်ပေ၏။ သူသည် စုယွမ်တိုက်ခိုက်တာကို တစ်ကြိမ်တစ်ခါမှမြင်ဖူးသည်မဟုတ်၊ ထိုသို့ဆိုလျှင် သူ စုယွမ်ကို အဘယ်ကြောင့် အားနည်းသူဟုသတ်မှတ်ထားခဲ့ပါသနည်း။

ဘေးပတ်လည်ရှိတပည့်များကလည်း စုယွမ်ကြောင့် အလွန်ထိတ်လန့်သွားကြ၏။

အကွာအဝေးတစ်ခုရှိသစ်တောတွင် လျှိမူဝမ်ကလည်း အံ့သြစွာဖြင့်ကြည့်နေမိ၏။

သူမက သစ်ပင်တစ်ပင်အောက်တွင် ကိုယ်ဖော့ကျင့်စဥ်ကိုကျင့်နေခြင်းဖြစ်ပြီး ကျန်းဝေ့နှင့်အခြားသူများရန်ပွဲကို လှမ်းမြင်တာပင်။ သူမလည်း ရပ်၍ ခဏလေးသာ ကြည့်ရန် ရည်ရွယ်ခဲ့သော်လည်း မမျှော်လင့်ထားစွာဖြင့် စုယွမ်၏ရိုက်ချက်များကိုမြင်လိုက်ရသည်။

“ဒီအမြန်နှုန်း၊ တုံ့ပြန်ချက်နဲ့ ခွန်အားတွေက သာမန်သေမျိုးတစ်ယောက်လုပ်နိုင်တာတွေ မဟုတ်ဘူး။ နောက်ပြီး သူက ကိုယ်ခံပညာလည်းတတ်ပုံမပေါ်ပါဘူး။ ဒီလောက်လုပ်နိုင်ဖို့ဆိုရင် သူက ချီစုဆောင်းခြင်းအဆင့်နှစ်ကိုရောက်ပြီး အဲ့အဆင့်ကြောင့် ခန္ဓာကိုယ်ကအားပြည့်နေမှပဲရမှာ။”

လျှိုမူဝမ်မှာ ကိုယ်ခံပညာသင်ကြားခဲ့ဖူးသူဖြစ်လေရာ အနှီလူက ကိုယ်ခံပညာမတတ်ကြောင်းကို အတပ်ပြောနိုင်၏။ သို့သော် အနှီလူ၏တိုက်ခိုက်နိုင်စွမ်းကိုကြည့်ပြီး ဝေဝါးသွားရသည်။

ချီစုဆောင်းခြင်းအဆင့်နှစ်ရောက်ရှိနေသော ဤသို့တပည့်မျိုးကို သူမ မမှတ်မိ။

ဤလူမှာ မည်သူနည်း။

စုယွမ်က တစ်ခုခုကို အာရုံခံမိပုံဖြင့် ဤတောအုပ်ဘက်ကို ခေါင်းလှည့်လာသည်။ သို့သော် သူလှည့်လာသည့်အချိန်တွင် လျှိုမူဝမ်က အပင်များအကြားအမြန်ဝင်ပုန်းလိုက်သည်။

စုယွမ်မှာ ဘာကိုမှမမြင်လိုက်ရရာ စိတ်ရှုပ်စွာဖြင့် ခေါင်းပြန်လှည့်သွားသည်။

ထိုအချိန်တွင် လူစုတစ်စုက အဝေးတစ်နေရာမှ ပြေးလာ၏။

ကျန်းဝေ့၏မျက်နှာမှာ ပြောင်းသွားရ၏။

“ဒါက ဝူကျင့်ပဲ၊ အလတ်တန်းစားနှစ်ခုစပ်ဝိညာဥ်ရင်းမြစ်ရှိတယ်။ သူက အရင်စစ်ဆေးမှုတုန်းက သွေးကြောနှစ်ခုကို တည်ဆောက်နိုင်ခဲ့တာ။ ဒီလူတွေက သူ့အပေါင်းအပါတွေများဖြစ်နေမလား။”

စုယွမ်မှာ သူ့ကို ပြောစရာစကားမဲ့စွာ ပြန်ကြည့်မိသည်။

“အစ်ကိုကြီးရယ်၊ မင်းက ရန်ဖြစ်နေတာ ဒီထိတောင်ဖြစ်နေပြီ။ အခုထိတောင် ဘယ်သူက ဦးဆောင်သူလဲမသိသေးဘူးလား။”

ဝူကျင့်မှာ အေးစက်စက်မျက်နှာထားဖြင့် ပြေးလာ၏။ သူ၏လူများမြေပြင်ပေါ်လဲကျနေသည်ကိုမြင်တော့ သူက စုယွမ်နှင့်ကျန်းဝေ့ကို အေးစက်စက်အကြည့်များ ပို့လွှတ်လာသည်။

“မင်းတို့က ငါ့လူတွေကို အကြောင်းပြချက်မရှိ ရိုက်တာလား။”

ဝူကျင့်က အေးစက်စွာပြောလာသည်။

ကျန်းဝေ့ နှာမှုတ်လိုက်၏။

“ငါ့ဝယ်သူကို မင်းတို့အရင်ရိုက်တာလေ။ ဒီမှာကြည့်၊ ငါ့ဝယ်သူက ... “

ကျန်းဝေ ကြောအသွားရသည်။ သူ၏ဝယ်သူမှာ ဘေးတွင်ရပ်နေလျက် သူ၏မျက်နှာထက်၏အညိုမဲများမှာလည်း ပျောက်ကွယ်သွားရလေပြီ။သူက ကျန်းဝေ့လှမ်းကြည့်တာကိုမြင်တော့ အလွန်ရှုပ်ထွေးနေသည့်ဟန်ပန်ဖြင့်သာ ပြန်ကြည့်လာသည်မှာ တော်တော်လေးကို ဖြူစင်နေသည့်ဟန်၊ သူက ခြေလှမ်းအနည်းငယ်တောင် နောက်ဆုတ်သွားသေးသည်။

“ဒီ .... “

ကျန်းဝေ့၏ဦးနှောက်မှာ ဗလာဖြစ်သွား၏။

ဝူကျင့် ထိုရှောင်ပြေးသွားသောတပည့်ကို တစ်ချက်ကြည့်လိုက်သည်၊ ထို့နောက် အံ့ကြိတ်၍မြေပြင်မှ ထလာသော သူ့လူများကိုလည်း ကြည့်လိုက်၏။ သူ၏မျက်နှာထက် အရိပ်အယောင်တစ်ခုဖြတ်ပြေး သွား၏။ ဤသို့ဖြင့် သူ အကွက်ချခံလိုက်ရကာ လက်နက်အဖြစ်အသုံးချခံလိုက်ရမှန်း သိသွား၏။

သို့သော် ကိစ္စများမှာ ဤအခြေအနေထိရောက်လာပြီ ဖြစ်ရာ သူ ဒီအတိုင်းထွက်မသွားနိုင်တော့။

“မင်းက ငါ့လူတွေကိုရိုက်တယ်။ ငါမင်းကို ရွေးချယ်စရာ၂ခုပေးမယ်၊ မင်းလည်း ငါ့ဆီက ပြန်အရိုက်ခံမလား၊ ငါ့ကို လူငါးဆယ်စာအရင်းအမြစ်ပေးမလား။ တစ်ခုရွေး။”

ဝူကျင့်မှာ ခပ်တည်တည်ဖြင့်ဆိုလိုက်သည်။

ကျန်းဝေ့၏မျက်နှာ နီရဲလာရ၏။ သူ၏ဘေးပတ်လည်တွင် တပည့်၂၇ယောက်လောက်က ဝိုင်းရံလာသည်ကိုတွေ့တော့ သူလည်း အနည်းငယ်ကြောက်ရွံ့သွားရပြီး စုယွမ်ကို လှည့်ကြည့်လိုက်မိသည်။ ထို့နောက် သူ စုယွမ်က တည်ငြိမ်စွာသာ ရှိနေကြောင်း မြင်လိုက်ရ၏။

ထိုက်တောင်ကြီးပြိုလဲလျှင်တောင် မတုန်လှုပ်လောက်မည့် ဤတည်ငြိမ်မှု၊ ခိုင်မာမှုနှင့် ဆိတ်ငြိမ်မှုတို့မှာ ချက်ချင်းကို ကျန်းဝေ့၏စိတ်အစုံကို တည်ငြိမ်သွားစေခဲ့သည်။

သူ မြန်မြန်မေးလိုက်သည်။

“စုယွမ်၊ ငါတို့ဘာလုပ်ကြမလဲ။”

စုယွမ်က သူ့ကိုလက်ယမ်းပြလျက် စကားမပြောရန်အချက်ပြလိုက်သည်။

သူ ဝူကျင့်ကို ကြည့်ကာ ပြောလိုက်သည်။

“ငါကမှ မင်းလူတွေကိုရိုက်လိုက်တာ။ မင်းပြဿနာရှာချင်၊ ငါကိုလာရှာ။”

“ဟုတ်လား။”

ဝူကျင့်က သူ့လူများကိုကြည့်လိုက်ရာ ငါးယောက်လုံးက ခေါင်းညိတ်ပြလာသည်။

ဝူကျင့်မှာ အနည်းငယ်အံ့သြသွားလျက် စုယွမ်ကို ကြည့်လိုက်သည်။ အရိုက်ခံသူငါးယောက်ထဲမှ တစ်ယောက်က ဝူကျင့်ဘေးအမြန်ရောက်လာပြီး စကားအချို့တီးတိုးပြောလာ၏။

ဝူကျင့်၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွား၏။ သူစုယွမ်ကိုကြည့်နေသောအကြည့်များထဲ အံ့သြတုန်လှုပ်ခြင်းများဖြတ်ပြေးသွား၏၊ သို့သော် သူ အမြန်ပြန်ထိန်းလိုက်ပါ၏။

ဝူကျင့်က တည်တည်ငြိမ်ငြိမ်ပဲ ပြောလာသည်။

“အရမ်းကောင်းတယ်။ ကိစ္စတွေက ဒီလိုဆိုမှတော့ မင်းပဲရွေးလိုက်ပေါ့။ ဘယ်တစ်ခုကိုရွေးမလဲ။”

စုယွမ်က ရယ်မောသာလာသည်။

“နေပါဦး၊ မင်းတို့မှာက လူအင်အားတောင့်တယ်လေ။ ငါက တစ်ယောက်တည်းရယ်ကို။”

သူ အနောက်ရှိလူများကို လက်ဖြင့်အချက်ပြလိုက်သည်။

ရုတ်တရက်၊ ဝိုင်းကြည့်နေကြသည့်လူအုပ်ထဲမှ အယောက်နှစ်ဆယ်ထက်များသောလူများက လျှောက်ထွက်လာကြလေသည်။

ကျိုးဝူယိုက ဦးဆောင်လျက် ဟိတ်ကြီးမာန်ကြီးဖြင့်လျှောက်လာသည်။

စုယွမ် စောစောကတည်းက ကျိုးဝူယိုမြင်ထားပြီးဖြစ်သည်။ သိသိသာသာကိုပင် ကျန်းဝေ့၏ရန်ပွဲက ကျိုးဝူယို၏အာရုံကို ဆွဲဆောင်နိုင်မှာပင်။ သို့သော် ကျန်းဝေ့နှင့် ကျိုးဝူယိုသည်ကား ပြိုင်ဘက်များဖြစ်ရာ ကျိုးဝူယိုက ဝင်မကူညီခဲ့။

ကျန်းဝေ့က ကျိုးဝူယိုကသူ့လူများနှင့်အတူ လျှောက်လာသည်ကိုမြင်တော့ သံသယဖြစ်သွားရပြီး သူ့မှာ ထပ်၍တုန်လှုပ်သွားပြန်သည်။

“စုယွမ်၊ သွားပြီ။ ငါတို့တော့ အဝိုင်းခံရပြီ။”

ကျန်းဝေ့က ရေရွတ်လာ၏။

“စိတ်လျော့စမ်းပါ။ အဲ့ဒါငါတို့လူတွေ။”

စုယွမ် ပြောလိုက်သည်။

“ဘာ။ ငါတို့လူတွေ၊ ဟုတ်လား။”

ကျန်းဝေ့ ကြောင်အသွားရ၏။

ထို့နောက်တွင်တော့ သူ သူ၏ယခင်ပြိုင်ဘက်ဖြစ်သူ ကျိုးဝူယိုက စုယွမ်၏အရှေ့ရပ်ကာ ဦးညွတ်လိုက်သည်ကို မြင်လိုက်ရ၏။

“အစ်ကိုစု၊ လူတွေကို ခေါ်လာပါပြီ။”

စုယွမ်က သာမန်လျှံကာသာ ခေါင်းညိတ်ပြလျက် ဝူကျင့်ကို ကြည့်လိုက်သည်။

“မင်းသာ ရန်ဖြစ်ချင်ရင် ငါတို့လည်း အဖော်ပြုပေးရမှာပေါ့။”

ဝူကျင့်၏မျက်နှာမှာ မဲမှောင်သွားရသည်။ တကယ်ပဲ မည်သူကများ သူ့ကို ဤသို့သောလူကိုရန်စမိအောင် အကွက်ချရပါ့သနည်း။ ယခုလေးတင်၊ သူ၏လူပြောစကားအရ ဤလူငါးယောက်လုံးက စုယွမ်ဆီမှာ အဆော်ခံလိုက်ရတာပင်။ ဤကတည်းက သူ စုယွမ်က ပုံမှန်မဟုတ်ကြောင်းသိ၏၊ ထိုလူ၏ခွန်အားမှာ သာမန်ဟုတ်မနေပေ။ ထိုအချိန်ကတည်းက သူ ပြန်ဆုတ်ရန်တွေ့ထားပြီးသာပင်၊ ယခုဆိုလျှင် ပို၍ပင် ပြန်ဆုတ်ချင်လာသည်။ သို့လင့်ကစား သူ ဘေးကြပ်နံကြပ်ဖြစ်နေချေပြီ၊ သူ မျက်နှာလည်း မပျက်ချင်ပါပေ။

နှစ်ဖက်မှာ မျက်နှာချင်းဆိုင်ရပ်နေကြလျက်သား၊ တစ်ဖက်စီတွင် လူ၂၀ထက်ပိုရှိပြီး စုစုပေါင်းအားဖြင့် လူ၅၀လောက်ရပ်နေကြလေသည်။

ဝူကျင့်က အလွန်ကိုတည်တင်းနေ၏။ စုယွမ်ကတော့ သက်တောင့်သက်သာအပြုံးလေးတစ်ခုကိုသာချိတ်ဆွဲထားသည်။ ကျန်းဝေ့က တိုက်ခိုက်ရန်စိတ်စောနေပြီး ကျိုးဝူယိုက အနည်းငယ် ပူပန်နေသည့်ပုံ။

လေထုမှာ အလွန်လေးလံလာသည့်အချိန်တွင် စုယွမ်က ရုတ်တရက် ရယ်မောလာသည်။

“ရောင်းရင်းဝူကျင့်၊ တကယ်တော့ ဒီနေ့ကိစ္စက တကယ်ကို အထင်လွဲသွားတာပါ။ တစ်ယောက်ယောက်က ကြားဝင်ပြီး မင်းနဲ့ငါကို ပြဿနာဖြစ်အောင် ကြံစည်ထားတာဖြစ်ရမယ်။ အဲ့ဒီကောင်ရဲ့အကြံအစည်ကို အောင်မြင်သွားအောင် လုပ်လို့မဖြစ်ဘူးလေ။”

ဝူကျင့်ကလည်း ရုတ်တရက်နားလည်သဘောပေါက် သွားသော အမူအရာပြလိုက်သည်။

“အဲ့ဒီလိုလား။ တစ်ခုခုမှားနေသလို ခံစားရတာ မဆန်းတော့ပါဘူး။”

Chapter 20

စုယွမ်လည်း ခေါင်းညိတ်၍ ပြောလိုက်သည်။

“ပြောရရင် ဒါက မသေမျိုးမျိုးစေ့တောင်ကြားပဲလေ။ လူတွေအများကြီးက စောင့်ကြည့်နေကြတာ။ ဒီလိုအုပ်စုဖွဲ့ရန်ဖြစ်တာက အကြီးအကဲတွေကို မကျေမနပ်ဖြစ်စေမှာပဲ။ ငါတို့က မသေမျိုးကိုရဖို့ ကျင့်ကြံနေကြတာ၊ မာနကိုရှေ့တန်းတင်ဖို့မှ မဟုတ်တာ။ ဒီလိုဆိုရင်ရော ငါ ခဏလေးက တကယ်ကို လက်လွန်သွားတယ်။ ငါ ပြန်လျှော်တဲ့အနေနဲ့ အယောက်၂၀စာအရင်းအမြစ်ကို နောက်ကျရင်ပေးမယ်လေ။”

ဤသည်ကိုကြားတော့ ဝူကျင့်၏အမူအရာက ပြေလျော့သွားရသည်။ သူလည်း ကျန်းဝေ့၏မျက်နှာပေါ်၏ ဒဏ်ရာများကို ကြည့်၍ပြောလိုက်သည်။

“ငါ့လူတွေလည်း လက်လွန်သွားတာပဲလေ။ ဒီလိုဆိုရင်ရော၊ ငါလည်း တောင်းပန်တဲ့အနေနဲ့ မင်းကို ၁၀ယောက်စာအရင်းအမြစ်ပေးမယ်လေ။”

သူ နောက်ရှိလူများကို လက်ယမ်းပြလိုက်ရာ လူတစ်ယောက်ကချက်ချင်း သေတ္တာတစ်လုံးကို ဆက်သလာ၏။

ဝူကျင့်ကလည်း ယူ၍ ကျန်းဝေ့ထံ ပစ်ပေးလိုက်သည်။ ကျန်းဝေ့မှာ ထပ်မံကြောင်အသွားရသည်။ သူလည်း သေတ္တာကိုယူ၍ စုယွမ်ကို ကြောင်အစွာသာကြည့်မိလျက်။ ကိစ္စများဟာ သူတွေးထင်ထားသည်နှင့် အမြဲကွာခြားနေသလိုသာ ခံစားနေရပေသည်။

စုယွမ်က မျက်ခုံးပင့်၍ ပြောလိုက်သည်။

“အဲ့ဒီဆိုရင်လည်း ကျေးဇူးအများကြီးတင်ပါတယ်၊ ညီအစ်ကိုဝူကျင့်။ ငါတို့တွေ ဒီရန်ပွဲကနေ တစ်ယောက်ကိုတစ်ယောက်သိသွားကြပြီပဲ။ ငါ့နာမည်က စုယွမ်ပါ။ နောက်ဆိုတစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးကြတာပေါ့။”

ဝူကျင့်လည်း ရယ်မောလာသည်။

“ဒါက ပုံမှန်ပါပဲ။ ငါလည်း ညီအစ်ကိုစုယွမ်ရဲ့ခွန်အားကို တကယ်လေးစားပါတယ်။ နောက်ရက်ကျရင် ငါတို့အတူစုပြီး တာအိုအကြောင်းဆွေးနွေးကြတာပေါ့။”

ထိုအချိန်တွင် ဘေးပတ်လည်ရှိတပည့်များထံမှ ဆူညံသံထွက်ပေါ်လာသည်။

လူတိုင်း လှည့်ကြည့်လိုက်၏။

သူတို့ အထူးအနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဖွဲ့တစ်ဖွဲ့ အမြန်လာနေသည်ကို တွေ့လိုက်ရသည်။

ဝူကျင့်က လက်ဝေ့လျက်၊ ဒဏ်ရာရနေသောတပည့်များကို လူစုထဲသို့ တိုးဝင်သွားစေခဲ့သည်။

စုယွမ်လည်း ကျန်းဝေ့ကို အိမ်ထဲပြန်ဝင်ခိုင်းလိုက်သည်။ ကျန်းဝေ့မှာ ကြောင်အနေဆဲဖြစ်လျက် နားမလည်သေးပါပေ။

“မင်း အိမ်ထဲ အရင်ဝင်လိုက်စမ်းပါ။ ကိစ္စကိုနောက်မှရှင်းပြမယ်။”

စုယွမ် ပြောလိုက်သည်။

“အင်း၊အင်း။”

ကျန်းဝေ့ ခေါင်းညိတ်လိုက်သည်။

ဤအဖွဲ့က အနီးသို့ရောက်လာသည်။

အနက်ရောင်ဝတ်လူငယ်တစ်ဦးက တစ်ဖွဲ့လုံးကို စေ့စေ့ကြည့်သော်လည်း ရန်ဖြစ်နေသည့်အရိပ်အယောင်မတွေ့ရပါချေ။ အနှီလူက မျက်မှောင်ကြုတ်ပြီး မေးလာသည်။

“မင်းတို့ ဘာလုပ်နေကြတာလဲ။”

ဝူကျင့်က ရှေ့ထွက်ရပ်ကာ ပြုံးပြလိုက်သည်။

“ဂိုဏ်းတူအစ်ကို၊ ကျွန်တော်တို့က ကျမ်းဂန်ခန်းမကိုသွားပြီး သင်ခန်းစာသွားနားထောင်မလို့ပါ။ ကျွန်တော်တို့ အခုလေးမှ စုလိုက်ကြတာ။”

အနှီလူငယ်မှာ တည်တင်းလျက်၊ ဤနေရာတွင် ရန်ဖြစ်နေသောအရိပ်အယောင်မတွေ့လေတော့ အမူအရာမှာ အလွန်ရုပ်ဆိုးသွားရပြီး လှည့်ထွက်သွားတော့သည်။

လူငယ်လေးလှည်ထွက်သွားပြီးနောက် သူ့နောက်ရှိလူများကလည်း လိုက်သွားကြသည်။

သူတို့ထွက်သွားတော့ ဝူကျင့်က ဒေါသတကြီးဆိုလာသည်။

“တကယ်ပဲ၊ စည်းကမ်းထိန်းသိမ်းရေးကို သွားချွန်တာ ဘယ်ကောင်များလဲ။ ငါ့ကို ရှာမတွေ့စေနဲ့။”

ဤအချိန်တွင် ကျန်းဝေ့က ပြန်ထွက်လာ၏။ လေထုက တစ်ခုခုမှားနေကြောင်း တွေ့လိုက်ရရာ မေးလိုက်ရာ မေးလာ၏။

“စုယွမ်၊ ဘာမှားလို့လဲ။”

စုယွမ်က ခေါင်းခါပြပြီး ပြောလိုက်သည်။

“ဘာမှဖြစ်ဘူး။ လူစုခွဲတော့။”

ဝူကျင့်လည်း လက်ဝှေ့ယမ်းလျက် သူ၏နောက်လိုက်များနှင့် ထွက်သွား၏။

မကြာမီလူစုခွဲသွားရာ ရပ်ကြည့်နေသူများလည်း ထွက်သွားတော့သည်။

စုယွမ်၏ခြံဝန်း၌။

စုယွမ်၊ ကျန်းဝေ့နှင့် ကျိုးဝူယိုတို့အတူ ထိုင်နေကြသည်။

စုယွမ်က အလယ်နေရာတွင် ထိုင်နေလျက် ကျန်းဝေ့နှင့် ကျိုးဝူယိုက တစ်ဖက်တစ်ချက်စီတွင် ထိုင်နေသည်။ သူတို့နှစ်ဦးလုံးမှာ တစ်ယောက်ကိုတစ်ယောက် မကြည်ကြည့်ဖြင့် ကြည့်လျက် စောင်းမြောင်းနေကြသည်။ အကယ်၍ စုယွမ်သာ မရှိပါက သူတို့နှစ်ဦးက သေချာပေါက်ကို ရန်ထသတ်ဦးပေမည်။

“ငါ့ကိုပြော၊ ကျန်းဝေ့။ ဘာတွေတကယ်ပဲ ဖြစ်သွားတာလဲ။”

“ငါလည်း အပြင်ထွက်ပြီး ကျမ်းဂန်ခန်းမကိုသွားမလို့ပဲ။ ဒါပေမဲ့ ငါ့ရဲ့ဝယ်သူတွေထဲကတစ်ယောက်က မြေပြင်ပေါ်လဲနေတာတွေ့လို့။ နောက်ပြီး အဲ့လူငါးယောက်ကလည်း သူ့ဘေးမှာလေ။ ဝယ်သူက အော်ဟစ်အကူအညီတောင်းလာတာ။ ငါလည်း ခေါင်းပူသွားပြီး အများကြီးမတွေးနိုင်တော့ဘဲ အဲ့ငါးယောက်ကို ဝင်ဆော်တော့တာ။”

“ငတုံးကောင်။”

ကျိုးဝူယိုက ပြောလိုက်သည်။

“မင်းက ဘယ်သူ့ကို ငတုံးလို့ခေါ်လိုက်တာလဲ။”

ကျန်းဝေ့မှာ ဒေါသတကြီးဖြစ်လျက်။

“မင်းကစောက်ရမ်းလန်းတဲ့ကောင်မဟုတ်ဘူးလား။ စုယွမ်နဲ့ဝေးဝေးနေလေ။”

ကျိုးဝူယိုက ကျန်းဝေ့ကို မကြည်ကြည့်သာ ကြည့်လျက် ခေါင်းပြန်လှည့်သွားပြီး စိတ်ထဲတွင်သာ ကျိန်ဆဲလိုက်သည်။

“မင်းရဲ့ဝယ်သူတွေကလည်း တစ်ယောက်ယောက်ဆီက ထိန်းချုပ်ခံထားရပြီနေမှာ။”

စုယွမ် ပြောလိုက်သည်။

“ပြန်သွားပြီး အခြားဝယ်သူတွေကို ဆက်သွယ်ကြည့်လိုက်၊ သူတို့က မင်းကို အရင်းအမြစ်တွေပေးဦးမလားလို့။”

“ဘာလို့မပေးရမှာလဲ။ ငါက အဆတစ်ထောင်တောင်ပြန်ပေးမှာကို။”

ကျန်းဝေ့က ပြောလိုက်သည်။

စုယွမ်မှာ စိတ်ညစ်ညစ်ဖြင့်သာ ပြုံးပြလိုက်ရသည်။

“အဲ့ဒါက အဲ့ဒီလောက်များတာမှမဟုတ်တာ။ သူများက ပိုပေးလာရင် ဘက်ပြောင်းသွားဖို့ဆိုတာလည်း အရမ်းလွယ်မှာပဲလေ။”

ဤသည်ကိုကြားတော့ ကျန်းဝေ့လည်း မည်သို့တုံ့ပြန်ရမည်ကို မသိတော့ပါပေ။

သူ ရုတ်တရက် တွေးမိသွားပြီး သေတ္တာကို စုယွမ်ဆီပေးလိုက်သည်။

“ဒါက ဝူကျင့်ပေးထားတာ။မင်း ငါ့ကိုကူညီပေးခဲ့တာဆိုတော့၊ မင်းပဲယူလိုက်တော့။ ပြောရရင် ခဏကမင်းပြောခဲ့တဲ့ အယောက်၂၀စာကို ငါပေးမယ်။ ဒါ့အပြင် ကျေးဇူးတင်တဲ့အနေနဲ့ အခုလေးဆယ်စာကိုပါ ထပ်ပေးမယ်။”

ကျန်းဝေ့၏အမူအရာမှာ တည်ကြည်နေပေသည်။

စုယွမ်က သူ့ကို အထူးတဆန်းပုံဖြင့် ကြည့်လာပြီး ဆိုသည်။

“ခဏက ငါပြောလိုက်တဲ့ နောက်မှ ဆိုတာက တကယ်ပေးမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ။ မင်းရဲ့ကျေးဇူးတင်လတ်ဆောင်ကတော့ မလိုပါဘူး။ မင်းက ငါ့ကို သူငယ်ချင်းလို့ရော သတ်မှတ်ထားသေးရဲ့လား။”

“မှတ်တယ်လေ ... “

“ဒါပေမဲ့ နောက်မှ ဆိုတာက အဲ့ဒီလိုဆိုလိုတာလား။ အဲ့ဒီလိုလုပ်လို့ ဝူကျင့် စိတ်မဆိုးမှာသေချာလား။”

ကျန်းဝေ့က နားမလည်ဟန်မေးလာသည်။

“ငတုံး။”

ကျိုးဝူယိုမှာ ဤစကားနှစ်လုံးကိုသာ ပြောနိုင်တော့သည်။

စုယွမ်ကသာ အရေးသာနေသူဆိုတာကို မျက်စိပါသည့်လူတိုင်းမြင်နိုင်ပေသည်။ စုယွမ်က တစ်ကိုယ်တည်းအားဖြင့် လူငါးယောက်လုံးကို ဆော်နိုင်ခဲ့ရာ တကယ်ရန်ဖြစ်လျှင်လည်း နိုင်ရန်သေချာနေပေသည်။

“ထွက်သွားစမ်း။”

ကျန်းဝေ့က ဒေါသတကြီးအော်လာ၏။

“ဟား၊ ဒါက မင်းအိမ်မလို့လား။”

ကျိုးဝူယို ပြန်ပက်လိုက်သည်။

“မင်း.. “

ကျန်းဝေ့မှာ ထပေါက်ကွဲတော့မည်ပင်။

သို့သော် သူ ရုတ်တရက် တစ်ခုခုကိုတွေးမိသွားသလို ပြုံးလာ၏။

“ကျိုးဝူယို၊ ငါက ဒီတစ်ကြိမ်မှာ အပြင်ဆောင်ကိုဝင်ဖို့သေချာတယ်နော်။ မင်းကတော့ အစေခံတပည့်အဖြစ် ၃နှစ်နေလိုက်ဦးပေါ့။”

ကျိုးဝူယိုက ပြန်ရွဲ့လိုက်သည်။

“တကယ့်တကယ်ကျရင် ငါက အပြင်ဆောင်ကို ဝင်နိုင်သွားလိမ့်မယ်။ မင်းကတော့ အရင်းအမြစ်တွေလည်း မရှိတော့ဘူးဆိုတော့ မသေချာတော့ဘူးနော်။”

ကျန်းဝေ့ မျက်မှောင်ကြုတ်သွားသည်။

“ကောင်းပြီ။ ကျမ်းဂန်ခန်းမမှာ စတော့မယ်။ ငါ သွားနားထောင်လိုက်ဦးမယ်။ နောက်မှ ဒီအကြောင်းတွေဆက်ပြောကြတာပေါ့။”

စုယွမ် ဝင်ပြောလိုက်သည်။

ကျန်းဝေ့၏မျက်နှာမှာ ရှက်ရွံ့ဟန် ရဲသွားသည်။

“ငါတော့ မသွားတော့ဘူး။ ဒီမျက်နှာကို အရင်ပြန်ကုလိုက်ဦးမယ်။”

“မင်းကရော။”

စုယွမ် ကျိုးဝူယိုကို ကြည့်လိုက်သည်။

“သင်ခန်းစာတွေက ငါ့အတွက် အသုံးမဝင်ဘူး။”

ကျိုးဝူယိုက ပြောသည်။

“အဲ့ဒါဆိုရင် ငါပဲသွားတော့မယ်။ မင်းတို့နှစ်ယောက် ကြိုက်တာသာ လုပ်ထားနှင့်ကြ။”

စုယွမ်က အပြုံးတစ်ခုနှင့် ထရပ်လိုက်သည်။

ကျန်းဝေ့နှင့် ကျိုးဝူယိုလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ထရပ်၍ ထွက်သွားကြတော့သည်။ တံခါးအပြင်ရောက်ပြီးနောက် နှစ်ဦးသားမှာ ဆန့်ကျင်ဘက်လမ်းအတိုင်း လျှောက်လှမ်းသွားကြသည်။

စုယွမ်လည်း သူ၏ဝတ်ရုံကိုပြန်ပြင်လိုက်ပြီး ကျမ်းဂန်ခန်းမဆီထွက်လာခဲ့လိုက်သည်။

ထိုအချိန်တွင် စနစ်ဆီမှ သတိပေးသံတို့ထွက်လာသည်။

【ဒင်၊ကျော်ကြားမှုအမှတ် + 1】

【ဒင်၊ကျော်ကြားမှုအမှတ် + 1】

【ဒင်၊ကျော်ကြားမှုအမှတ်+ 1】

【ဒင်၊ကျော်ကြားမှုအမှတ် + 4】

စုယွမ်လည်း စနစ်မျက်နှာပြင်ပေါ်ရှိ အသိပေးချက်လေးခုကို ရှုပ်ထွေးစွာကြည့်မိရသည်။ ဤ၇မှတ်ပါထည့်ပေါင်းလိုက်ရင် သူ၏ကျော်ကြားမှာအမှတ်စုစုပေါင်းမှာ တစ်ရာတွင် ၂၀မှတ်ရှိသွားချေပြီ။

သို့သော် သူ ယခုထိ ယင်းစနစ်၏အလုပ်လုပ်ပုံကို မသိသေး။

စုယွမ်လည်း လမ်းလျှောက်ရင်း စဥ်းစားလာလိုက်သည်။

ရုတ်တရက် သူ အရှေ့ရှိ လှပကာကျက်သရေရှိလှသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

စုယွမ်လည်း သူမကို တစ်ချက်သာကြည့်လျက် ဂရုမစိုက်ဘဲ သူမကို ကျော်ဖြတ်လျက် ဆက်သာလျှောက်လာခဲ့လိုက်သည်။

All Chapters