← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

Chapter 11: သုံးရက်တာနားနေပြီးနောက် ပါရမီစွမ်းရည်၏စွမ်းပကား။

သုံးရက်ဟူသော အချိန်မှာ တခဏအတွင်း ကုန်ဆုံးသွား၏။

စုယွမ်၏နေ့စဥ်အချိန်ဇယားမှာ ပုံမှန်သာဖြစ်၏။

နေ့ခင်းပိုင်းဆိုလျှင် ကျမ်းဂန်ခန်းမသို့သွားကာ အတွင်းဆောင်၏ဂိုဏ်းတူအစ်ကိုအစ်မများ ပို့ချသည်ကို သွားရောက်နားထောင်သည်။ မည်သည်ကို ပိုချ့နေသည်ဖြစ်ပါစေ၊ စုယွမ်ကတော့ အမြဲတစေ အရောက်သွားလေ့ရှိ၏။ တစ်ရက်ထဲတွင် သင်ခန်းစာလေးခုရှိလျှင်တောင်မှ စုယွမ်ကတော့ အစမှအဆုံးထိ နားထောင်လေ့ရှိသည်။

စုယွမ်၏အမြင်အရ အနားယူခြင်းဆိုသည်မှာ နေရာနှင့်မဆိုင်ပေ။ ထို့အပြင် ကျမ်းဂန်ခန်းမထဲ အနားယူသည်မှာ အကောင်းဆုံးဖြစ်၏။ သူ ထိုမှတဆင့် ဗဟုသုတများရရုံသာမက ဂိုဏ်းတူအစ်ကိုအစ်မများ၏အသံသည်ကား အကောင်းဆုံးသားချော့တေးလိုပင်၊ စုယွမ်ကို အလွယ်တကူအိပ်ပျော်သွားစေ၏။

ထို့အပြင် ဤနေရာတွင် လုံခြုံရေးကလည်း စိတ်ချရသည်ဖြစ်ရာ မည်သည့်အတွက်မှ စိုးရိမ်စရာမလိုခြင်းကလည်း အပိုဆုဖြစ်၏။

သင်ခန်းစာများပြီးဆုံးသွားသည်နှင့် သူ စာကြည့်တိုက်ဆီသို့အပြေးသွားမည်။ စုယွမ်ကလည်း အမြဲတစေ အကြာကြီးနေလေ့ရှိ၏။ ညရောက်ချိန် ဂိုဏ်းတူအစ်ကိုက နှင်ထုတ်မှသာလျှင် တွန့်ဆုတ်စွာဖြင့် ပြန်လာလေ့ရှိသည်။

ဤသို့ဖြင့် သူ ဝိညာဉ်သားရဲများ၏အသားနှင့် ဝိညာဉ်အပင်တို့ကို စိုက်ပျိုးခြင်း အစရှိသော ဗဟုသုတမျိုးစုံကို သိလာခဲ့သည်။ သူတွေးထားသော အကြံဥာဏ်မှာ ချမ်းသာသည်အထိဖြစ်လာနိုင်သော်လည်း ဤနေရာတွင်တော့ လက်တွေ့အကောင်အထည်မဖော်နိုင်ပေ။ အမတမျိုးစေ့တောင်ကြားတွင် တောအုပ်မရှိသည်မှာ နှမြောစရာဖြစ်၏။

တစ်နေ့တွင် စုယွမ် စောစောပြန်လာခဲ့သည်။ သူ ကျင့်ကြံရေးခန်းထဲ ဝင်၍ တင်ပျင်ခွေထိုင်ပြီး စနစ်မျက်နှာပြင်ကို ကြည့်လိုက်သည်။

【အမည်】: စုယွမ်

【နယ်မြေ】: ချင်းခယ်ကုန်းမြေ

【အဆင့်】: သိသူမရှိသေး (2 / 100)

【ကျင့်ကြံမှုအဆင့်】: ချီစုဆောင်းခြင်းအဆင့်တစ် (0 / 100)

【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: သင်က အလုပ်နဲ့နားနေမှု ပေါင်းစပ်မှုအချိုးမှာ အလွန်တော်လာမည်။ သင် ပို၍ကြာကြာနားနေလေ၊ ကျင့်ကြံမှု၏အကျိုးသက်ရောက်မှု ပိုကောင်းလာမည်။လက်ရှိ အနားယူချိန်: သုံးရက်နှင့် ၆နာရီခွဲ။

သူ သတိမထားမိလိုက်ခင်မှာတင် အနားယူချိန်မှာ သုံးရက်ပြည့်သွားလေပြီ။

ဤမျှများသောအနားယူချိန်နှင့်ဆိုလျှင် သူ ရှစ်နာရီခွဲလောက်တောင် ကျင့်ကြံ၍ရလောက်နိုင်လေသည်။

ရှစ်နာရီအပြည့်တောင်မှပဲ။

သူ အချိန်အကြာကြီး သည်းခံခဲ့ရတာဖြစ်သည်။ ယခုတော့ သူ့နှလုံးသားဆန္ဒအတိုင်း လိုက်နိုင်ပြီဖြစ်၏။

“【အလုပ်နဲ့နားနေဖလှယ်မှု】အသက်သွင်းစေ။”

တစ်ခဏချင်းတွင် စနစ်မျက်နှာပြင်ပေါ်ရှိ အနားယူချိန်ပမာဏမှာ ပျောက်ကွယ်သွား၏။

တစ်ချိန်တည်းမှာတင် စုယွမ်၏စိတ်ကလည်း အဆများစွာ ရှင်းလင်းလာတော့၏။

သူ ဤရက်များအတောအတွင်း စုဆောင်းခဲ့သော ဗဟုသုတများနှင့်ကျင့်စဥ်များက တစ်ခုပြီးတစ်ခု ပြန်၍ထွက်ပေါ်လာလျက်၊ လျင်မြန်စွာ နားလည်သဘောပေါက်ကာ စုစည်းသွားကြပြီး စုယွမ်၏ဦးနှောက်အတွင်း ဒီရေအလားဝင်ရောက်လာသည်။

သူ၏ကျင့်ကြံရေးအပေါ်တိုးတက်မှုမှာ လျင်မြန်စွာ တိုးတက်လာတော့၏။

တစ်နာရီခွဲလောက်အတွင်းမှာပင် သူ ယခင်က ဖတ်ခဲ့၊ကြားခဲ့ရသမျှ အရာအားလုံးကို နားလည်သွားချေပြီ။ သူ၏မျက်လုံးများထဲ အလင်းတစ်ချက်တောက်ပသွားပြီး ကျန်းဝေ၏မူပိုင်အပြုံးမျိုးကိုပင် ပြုံးမိသွားရ၏။

"ထင်ထားတဲ့အတိုင်းပဲ။ ကျင့်စဥ်တစ်ခုကို နားလည်တာနဲ့ ကျန်တာတွေပါ နားလည်ဖို့လွယ်သွားရော။ ငါ မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်ကို ပိုပြီးနားလည်လာပြီ။ အရင်က တစ်ဝက်လောက်ပဲ နားလည်ခဲ့တာတွေကိုလည်း ပိုမြင်လာတယ်။ ကျင့်ကြံနှုန်းကတော့ တကယ်ကိုတိုးတော့မှာပဲ။"

ကျင့်စဥ်များကို နားလည်သွားသည်နှင့် စုယွမ် ချက်ချင်းကို ချီစုစည်းရန်ပြင်လိုက်တော့သည်။

တစ်ခဏချင်းတွင်း စုယွမ် ဝိဉာဉ်ချီမျှင်ကိုးခုလုံးကို ဒန်ထျန်အတွင်း လည်ပတ်စေနိုင်သွား၏။ သူတို့က သုံးရောင်ခြယ်ကြိုးအဖြစ်အချင်းချင်းရစ်ပတ်သွားကြလျက် သူ၏မရီဒျာန်များအတွင်း နဂါးတစ်ကောင်ကဲ့သို့ စီးဆင်းနေလေသည်။

ယင်းက မရီဒျာန်အတွင်း စီးဆင်းနေသော်လည်း နာကျင်မှုမဖြစ်ရုံသာမက သုံးရောင်ခြယ်ကြိုးမျှင်ဆီမှ နွေးထွေးမှုတစ်ရပ်ကိုပင် ရနေသေးပြီး မရီဒျာန်မှာ ပို၍ပင် အားပြည့်လာတော့သည်။ မရီဒျာန်အတွင်း စီးဆင်းနေသော ဝိညာဉ်စွမ်းအားများမှာ လျင်မြန်စွာစီးဆင်းနေသော မြစ်တစ်စင်းသဖွယ် လျင်မြန်သော်ငြား တည်ငြိမ်လှ၏။ အသက်တစ်ရှိုက်စာ ရူချိန်မှာတင် ချီစွမ်းအင်တို့က မရီဒျာန်တစ်ခုပြီးတစ်ခုကို ဖြတ်သွားသည်။

နာရီဝက်ထက်နည်းသော အချိန်အတွင်း ချီစွမ်းအင်များမှာ ဒန်ထျန်သို့ ပြန်ရောက်လာကြပြီး တစ်ချိန်တည်းတွင်ပင် ဝိဉာဉ်ချီမျှင်သုံးဆယ့်သုံးမျှင် ပြီးစီးသွား၏။ ယခုဆိုလျှင် ဝိဉာဉ်ချီမျှင်မှာ နှစ်ဆဖြစ်သွားလျက်၊ သုံးဆယ်မှ ခြောက်ဆယ့်သုံးမျှင်အထိ တိုးပွားလာလေသည်။

စုယွမ်လည်း ဆက်လက်အားထုတ်၍ ကျင့်ကြံလိုက်သည်။

ဤတစ်ကြိမ်တွင် ချီတစ်ကြိမ်လည်ပတ်ရန်အတွက်ကြာချိန်မှာ ပို၍တိုတောင်းသွား၏။

ပြီးဆုံးချိန် တိုးပွားလာသော ဝိဉာဉ်ချီမျှင်ကလည်း သုံးဆယ်ခြောက်မျှင်ထပ်မံရသည်အထိ တိုးပွားလာ၏။ ဤတိုးတက်မှုနှုန်းမှာ စုယွမ်ကို အံ့သြတကြီးဖြစ်သွားသည်။

ဆက်လက်၍ကျင့်ကြံလိုက်သည်။

တတိယတစ်ကြိမ်တွင်မူ ဝိဉာဉ်ချီမျှင်က သုံးဆယ့်ကိုးမျှင်အထိ ရရှိလာ၏။

စတုတ္ထအချီတွင်မူ ဝိဉာဉ်ချီမျှင်လေးဆယ်အထိ တိုးမြင့်လာခဲ့၏။

သူပို၍ ကျင့်ကြံလေလေ၊ သူ၏စွမ်းဆောင်ရည်က ပို၍တက်လာလေလေပင်။

သို့သော်လည်း ပို၍မြင့်လာလေ၊ ထပ်မံ တိုးတက်ဖို့ခက်လာကြောင်းသိလိုက်ရစည်။ ဤသည်မှာ သူ၏စွမ်းဆောင်ရည်က ပြဿနာရှိနေခြင်းမဟုတ်၊ ထိုအစား ပြင်ပချီစွမ်းအင်များက သူ၏စွမ်းဆောင်ကို အမှီမလိုက်နိုင်တော့ခြင်းဖြစ်၏။

စုယွမ်လည်း စိတ်ထဲမထားဘဲ ဆက်၍သာ ကျင့်ကြံနေလိုက်သည်။

ပဥ္စမအချီ၊ ဆဋ္ဌမအချီ စသည်ဖြင့်... ခုနစ်ချီမြောက်အထိရောက်မှသာ စွမ်းရည်ကလည်း သုံးနာရီလောက်သာကျန်တော့သည့်အတွက် သူ ရပ်တန့်လိုက်၏။

ရပ်တန့်လိုက်ပြီးသည့်နောက်တွင်မူ စုယွမ်၏ဒန်ထျန်ထဲတွင် ဝိဉာဉ်ချီမျှင်ပေါင်း ၂၉၈မျှင်တောင် ရှိနေပြီဖြစ်သည်။

အလွန်အံ့လောက်ဖွယ်ပါပင်။

ဤနှုန်း ဤအရှိန်သည်ကား စုယွမ်ကို အံ့သြမှုထဲ နှစ်မြုပ်သွားစေ၏။ သူ အလုပ်နှင့်နားနေဖလှယ်မှု၏စွမ်းပကားသည်ကား အဆင့်မြင့် သို့မဟုတ် ထိပ်တန်း ဝိညာဉ်ရင်းမြစ်ပိုင်ရှင်များကိုတောင် ယှဥ်နိုင်စေလောက်သည်ဟု စဥ်းစားမိသွားရသည်။

စုယွမ်လည်း စိတ်ငြိမ်အောင်ပြန်ထိန်းလိုက်ပြီး ကျင့်စဥ်ကို ပြန်ကျင့်လိုက်သည်။

သူ မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်အတွက် ဝိညာဉ်သွေးကြောများစတင်တည်ဆောက်ရန် လုပ်လိုက်၏။

စုယွမ် ဝိဉာဉ်ချီမျှင်ကိုးဆယ်ကို လည်ပတ်စေလိုက်သည်။

မီးစွမ်းအင်ရှိဝိဉာဉ်ချီမျှင်သုံးဆယ်မှာ သစ်သားစွမ်းအင်ဝိဉာဉ်ချီမျှင်သုံးဆယ်ကို ရစ်ပတ်သွားလျက် လေပွေအလား လည်ပတ်နေရင်း မရီဒျာန်အတွင်းသို့ ပထမဆုံးသော ဝိညာဉ်သွေးကြောအဖြစ် စိုက်ဝင်သွားလေ၏။

သတ္ထုစွမ်းအင်ရှိဝိဉာဉ်ချီမျှင်သုံးဆယ်ကလည်း နောက်မှတပါးတည်း ပေါ်ထွက်လာပြီး အခွင့်အရေးကို စောင့်ဆိုင်းနေသည်။

ပထမဆုံးဝိညာဉ်သွေးကြောသည်ကား ဒန်ထျန်နှင့်အနီးဆုံးဖြစ်ရာ တည်ဆောက်ရန် အလွယ်ကူဆုံးပင်။

မီးစွမ်းအင်တို့ရောက်ရှိလာသည်နှင့် ဖောက်ခွဲရေးပစ္စည်းတစ်ခုကဲ့သို့ပင် ပေါက်ကွဲသွားပြီး ဝိညာဉ်သွေးကြော၏အဝင်ဝကို ပွင့်ဟလာစေသည်။

သွေးကြောအတွင်းရှိ နေရာလပ်မှာ မီးစွမ်းအင်ကြောင့် စဥ်ဆက်မပြတ်တိုးချဲ့ခံရလျက်ရှိသည်။ မီးစွမ်းအင်မှာ ကုန်ဆုံးလွယ်သော်လည်း သစ်သားစွမ်းအင်ရှိနေလေရာ မီးထဲလောင်စာထည့်သကဲ့သို့ဖြစ်နေပြီး မီးစွမ်းအင်ကို ထောက်ပံ့ပေးထား၏။

ဝိညာဉ်သွေးကြောက အကျယ်အဝန်းတစ်ခုထိ ပွင့်ဟသွားသောအခါ ဖိအားတစ်ရပ်ပေါ်ပေါက်လာပြီး သွေးကြောကို အလိုအလျောက်ပြန်လည်ပိတ်ဆို့ရန်ပြင်သည်။

ထိုအချိန်တွင် သတ္တုစွမ်းအင်ရောက်ရှိလာပြီး သွေးကြောပတ်လည်တွင် စက်ဝိုင်းပုံသတ္ထုအကာကွယ်ပြုလျက် သွေးကြောကို ပြန်လည်ပိတ်ဆို့ခြင်းက ကာကွယ်ထား၏။

မီးစွမ်းအင်မှာ သတ္ထုစွမ်းအင်ကို လောင်မြိုက်၍အရည်ပျော်ကျစေ၏။ ထိုမှာတဆင့် သွေးကြော၏အတွင်းနံရံများထဲ ပျော်ဝင်ကာ အတွင်းအကာအကွယ်ကိုလည်း ဖြစ်ပေါ်စေသည်။

သုံးမျိုးစပ်ချီစွမ်းအင်မှာ တစ်ခုနှင့်ပေါင်းစည်းနေလျက်ရှိသည်။ ချီစွမ်းအင်တို့ ကုန်ဆုံးခါနီးမှ ဝိညာဉ်သွေးကြောက သင့်တော်သည့်အနေအထားအတိုင်း ပွင့်ဟသွား၏။ သွေးကြောအတွင်းရှိ ချီစွမ်းအင်မှာ တည်မြဲနေပြီး ပြန်လည်ပိတ်ဆို့သွားမည့်ဟန်မရှိတော့ပေ။ ဤသို့ဖြင့် ဝိညာဉ်သွေးကြောမှာ အောင်မြင်စွာ တည်ဆောက်နိုင်သွား၏။

ဝိညာဉ်သွေးကြောမှာ ချီစွမ်းအင်တို့ကို ဝိညာဉ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးနိုင်သလို ချီစွမ်းအင်သိုလှောင်ရာ နေရာအဖြစ်လည်း ပြုမူ၏။ အကျိုးကျေးဇူးများမှာ အလွန်များလှသည်။

စုယွမ်မှာ အတိုင်းအထက်အလွန် စိတ်လှုပ်ရှားနေမိတော့သည်။ အချိန်ကိုကြည့်လိုက်တော့ တစ်နာရီခွဲလောက်သာ ကုန်သွားပြီး နောက်ထပ်တစ်နာရီခွဲတောင် ကျန်သေးသည်ပင်။ သူလည်း ချက်ချင်း အာရုံပြန်စိုက်လိုက်ပြီး ဒုတိယမြောက် ဝိညာဉ်သွေးကြောကို တည်ဆောက်ရန် ပြင်လိုက်သည်။

စုယွမ် ဝိဉာဉ်ချီမျှင်၁၈၀ကို ရွေ့လျားစေလိုက်သည်။ ဤတစ်ကြိမ်တွင် ထိန်းချုပ်ရန် အနည်းငယ်ခက်ခဲနေ၏၊ ကံကောင်းသည်မှာ ပါရမီစွမ်းရည်ရှိနေသည်ဖြစ်ရာ အဆင်ပြေသွား၏။ စုယွမ်ကတော့ နတ်ဘုရားများ၏အစောင့်အရှောက်ကို ခံယူနေသည်ဟုပင် တွေးမိသွားရ၏။

ပထမသွေးကြောအတိုင်းပင်၊ မီးစွမ်းအင်နှင့်သစ်သားစွမ်အင်းတို့မှာ သွေးကြောအတွင်း ဦးစွာ တိုးဝင်သွားကြလျက်၊ သတ္ထုစွမ်းအင်ကတော့ သွေးကြောကို အကာအကွယ်ပြုကာ ခိုင်မြဲစေ၏။ ခက်ခဲစွာဖြင့် တစ်နာရီခွဲမျှ ကြိုးစားပြီးသည့်နောက်တွင် ဒုတိယမြောက်ဝိညာဉ်သွေးကြောတည်ဆောက်ခြင်းလည်း အောင်မြင်စွာ ပြီးဆုံးသွားတော့သည်။

Chapter 12

ဤအခြေအနေတွင်တောင် ချီစွမ်းအင်တို့မှာ မကုန်ခမ်းသေးပါပေ။

လောလောလတ်လတ်တည်ဆောက်ထားသော ဝိညာဉ်သွေးကြောမှာ အနည်းငယ်တုန်ခါနေပြီး မတည်ငြိမ်မှုအနည်းငယ်ကို ပြသနေသည်။ ဤသည်မှာ ဝိညာဉ်သွေးကြောနှစ်ကြားဆန်းကြယ်သော ဆက်နွယ်မှုရှိပြီး အချင်းချင်းချိတ်ဆက်ချင်နေသကဲ့သို့ပင်။

စုယွမ်လည်း နားလည်သွားပြီး ကျန်ရှိသည့်ချီစွမ်းအင်တို့ဖြင့် ၎င်းတို့ဆက်သွယ်နိုင်အောင် ကူညီပေးလိုက်သည်။ ဝိညာဉ်စွမ်းအင်ကုန်ခမ်းသွားသောအခါ ဝိညာဉ်သွေးကြောနှစ်ခုမှာ အချင်းချင်းချိတ်ဆက်သွားကြ၏။

ဤသို့ဖြင့် ဒုတိယဝိညာဉ်သွေးကြောကို အောင်မြင်စွာ တည်ဆောက်နိုင်သွားခဲ့သည်။

"ဝိညာဉ်သွေးကြောတည်ဆောက်ရတာ တကယ်မလွန်တာပဲ။"

စုယွမ် သက်ပြင်းချလိုက်သည်။

"ဒါတောင်ကျင့်ကြံရေးက ပိုမြင့်လေ ပိုခက်လာဦးမှာ။"

သူ ပါရမီစွမ်ရည်၏နောက်ဆုံးဆယ်မိနစ်မျက်လုံးပိတ်ပြီး နားနေလိုက်သည်။

အလုပ်နှင့်နားနေဖလှယ်မှု၏စွမ်းရည်လည်း ကုန်ဆုံးသွား၏။ စုယွမ်ကတော့ နောက်ထပ်ဆယ်မိနစ်လောက် နားနေပြီးမှသာ မျက်လုံးပြန်ဖွင့်လာသည်။ သူ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တော့ သူ၏အာရုံငါးပါးမှာ သိသိသာသာကို ပိုကောင်းလာလျက် ခန္ဓာကိုယ်ကလည်း လန်းဆန်းနေတာကို သတိထားမိလိုက်သည်။

အထူးသဖြင့် ဝိညာဉ်သွေးကြောများက အလိုအလျောက် ဝိညာဉ်စွမ်းအင်တို့ကို ပြန်လည်ဖြည့်စည်းပေးလာကြ၏။ ပြန်လည်ဖြည့်တင်းနှုန်းက နှေးကွေးနေသည်တောင်မှ ဤသည်မှာ အားစိုက်စရာမလိုဘဲ အလိုအလျောက်ဖြစ်နေခြင်းဖြစ်ရာ ကောင်းမွန်လှသည်။

စုယွမ် စနစ်မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်သည်။

သူ ဤအလိုအလျောက်ဖြည့်တင်းနေသည်ကို ကျင့်ကြံခြင်းမသတ်မှတ်ကြောင်း အတည်ပြုလိုက်ပြီးမှ စိတ်အေးလက်အေးဖြစ်သွားတော့သည်။

【အမည်】: စုယွမ်

【နယ်မြေ】: ချင်းခယ်ကုန်းမြေ

【အဆင့်】: သိသူမရှိသေး (2 / 100)

【ကျင့်ကြံမှုအဆင့်】: ချီစုဆောင်းခြင်းအဆင့်တစ် (66 / 100)

【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: သင်က အလုပ်နဲ့နားနေမှု ပေါင်းစပ်မှုအချိုးမှာ အလွန်တော်လာမည်။ သင် ပို၍ကြာကြာနားနေလေ၊ ကျင့်ကြံမှု၏အကျိုးသက်ရောက်မှု ပိုကောင်းလာမည်။ လက်ရှိနားနေချိန်: ဆယ်မိနစ်။

ရုတ်တရက် စုယွမ်လည်း သူ့ကျင့်ကြံမှုက မူမမှန်ဖြစ်လောက်အောင် မြန်သွားမည်ကို စိုးရိမ်သွားရသည်။

"ငါက ဝိညာဉ်သွေးကြောနှစ်ခုတောင် တည်ဆောက်ပြီးသွားပြီ။ အရမ်းများ များနေပြီလားမသိဘူး။"

စုယွမ်မှာ မနေနိုင်ဘဲ တွေးမိသွားရသည်။

ထို့ကြောင့် သူ ထရပ်၍ အိမ်ပြင်ထွက်ကာ ဘေးအိမ်သို့သွားပြီး တံခါးခေါက်လိုက်သည်။

တစ်ခဏကြာပြီးနောက်။

ကျန်းဝေ့က တံခါးဖွင့်လာပြီး စုယွမ်ကို အံ့သြတကြီးကြည့်လာသည်။

"မင်းက စပြီးအရင်လာတွေ့တာ ပထမဆုံးပဲ။ ရှားပါးဧည့်သည်ပါပဲကွာ၊ ဘယ်လေများတိုက်လို့ ဒီကို လွှင့်လာရတာလဲ။"

ကျန်းဝေ့က ရယ်လျက်ဆိုလာသည်။

စုယွမ်ပြောလိုက်သည်။

"မင်းခြံဝန်းထဲမှာ ငှက်တွေတေးချီနေသံကြားလို့လေ၊ ဝမ်းသာစရာသတင်းတစ်ခုခုရှိမယ်ထင်တာနဲ့ လာကြည့်တာ။"

ကျန်းဝေ့၏မျက်နှာထက်ရှိ ဝမ်းသာမှုမှာ ဖုံးကွယ်၍မရနိုင်တော့ပါချေ။ သူ မထိန်းထားနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ရယ်လိုက်မိ၏။

"မင်းမှန်းတာ မှန်တယ်။ ငါ အခု ဝိညာဉ်သွေးကြောတစ်ခု တည်ဆောက်နိုင်သွားတာ။ ဟားဟား။ ငါ မအောင်မြင်တော့မလို့နီးနီးပဲ။ အရင်နားထောင်ခဲ့တဲ့ သင်ခန်းစာတွေကို ပြန်တွေးပြီး အဆင်ပြေသွားတာပဲ။ တော်တော်လန်းတာကွ။"

"ဝမ်းသာပါတယ်၊ ဝမ်းသာပါတယ်။ အဲ့ဒါဆိုရင် မင်း နောက်ဝိညာဉ်သွေးကြောတစ်ခုဖွဲ့ဖို့ ဘယ်လောက်ကြာဦးမှာလဲ။"

စုယွမ် ထပ်မေးကြည့်လိုက်သည်။

"ပထမဝိညာဉ်သွေးကြောရဲ့ အကူအညီနဲ့ဆိုရင် ခုနစ်ရက်ရှစ်ရက်ထဲမှာ ဖြစ်လောက်မှာပဲ။"

ကျန်းဝေ့ ပြန်ဖြေလိုက်သည်။

စုယွမ် အနည်းငယ်မျက်မှောင်ကြုတ်သွား၏။

"အဲ့ဒီလိုဆိုရင် ပထမအကြိမ်စစ်ဆေးမှုကို မမှီတော့ဘူးပေါ့။ ငါးရက်ပဲကျန်တော့တာလေ။"

ကျန်းဝေ့က လက်ယမ်းပြလိုက်သည်။

"ငါက မြန်တယ်ပြောလို့ရပါတယ်။ ဟိုကောင်ကျိုးဝူယိုဆိုရင် နောက်နှစ်ရက်ကြာရင်တောင် ဝိညာဉ်သွေးကြောတစ်ခုပြီးမှမဟုတ်ဘူး။ ငါက အများကြီးသူ့ထက်မြန်တယ်။"

မြန်မှမမြန်တာကို။

စုယွမ် ချက်ချင်းဖြတ်ပြောလိုက်သည်။

"မဟုတ်ဘူးနော် ကျန်းဝေ့။"

"ဘာဖြစ်လို့လဲ။"

ကျန်းဝေ့ကြောင်အသွားပြီး မေးလိုက်ရသည်။

"မင်းဘာလို့ အမြဲ အဲ့ဒီကျိုးဝူယိုကိုပဲ ပြိုင်နေတာလဲ။ မင်းကိုယ်မင်း အလတ်တန်းစားဝိညာဥ်ရင်းမြစ်ပိုင်ရှင်တွေနဲ့ ယှဥ်သင့်တာမဟုတ်ဘူးလား။ မင်း သူတို့ဘယ်လောက်ရောက်နေလဲသိလား။ ဘာလို့ အမြဲကိုယ့်ထက်ညံ့တဲ့ကောင်တွေနဲ့ပဲ ယှဥ်နေရတာလဲ။ မင်းကိုယ်မင်း အဆင့်ချရာ မရောက်ဘူးလား။"

ကျန်းဝေ့မှာ ဤသည်ကိုကြားတော့ အတွေးနက်သွားရ၏။

"မှန်တယ်။ ငါလည်း သတင်းတွေကြားတယ်။ အဲ့ဒီမှာ အဆင့်၁၇၀ရတဲ့တစ်ယောက်ရှိတယ်။ သူဆိုရင် စစ်ဆေးမှုမစခင် ဝိညာဉ်သွေးကြောနှစ်ခုကို တည်ဆောက်နိုင်လောက်တယ်တဲ့။ အဲ့ဒီလိုတွေးရင် ငါနောက်ရောက်နေတာပဲ။"

ထိုအခါမှ စုယွမ်လည်း စိတ်သက်သာရာရသည့်သက်ပြင်းတစ်ချက်ချနိုင်ပြီး ပြောလိုက်သည်။

"ဒီလိုဆိုရင်ရော။ ပိုကြိုးစားပြီး ခုနစ်ရက်အတွင်းဖြစ်မှာကို ငါးရက်အတွင်းဖြစ်သွားအောင်လုပ်လိုက်။ အဲ့ဒီလိုဆိုရင် မင်း စစ်ဆေးမှုမတိုင်ခင် ဝိညာဉ်သွေးကြောနှစ်ခု ရှိသွားတာပေါ့။"

ကျန်းဝေ့ သံသယဖြစ်သွားရသည်။

"မင်းက ဘာဖြစ်လို့ အသဲအသန် ဝိညာဉ်သွေးကြောနှစ်ခုရစေချင်နေရတာလဲ။"

"ဘာလို့လဲဆိုတော့ ငါတို့က သူငယ်ချင်းတွေမိုလို့လေ။ စစ်ဆေးမှုရောက်တဲ့အခါ မင်းစိတ်ဓာတ်ကျသွားမှာစိုးလို့။"

စုယွမ်က မချိုမချဥ်ပြုံးကာ ပြောလိုက်၏။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါ့ခံနိုင်ရည်က ကောင်းပါတယ်။"

ကျန်းဝေ့၏မျက်နှာတွင် ကိုယ့်ကိုယ်ကို ကျေနပ်နေသောအပြုံးကို ပေါ်လာပြန်သည်။

"ပြောရရင် အနိမ့်တန်းဝိညာဉ်ရင်းမြစ်ပိုင်ရှင်တွေကြားမှာ ငါက ပထမပဲကို။"

"အထင်ကြီးစရာပါပဲ၊ အထင်ကြီးစရာပါပဲ။"

စုယွမ်လည်း ပြန်ဖို့ပြင်လိုက်သည်။

"ငါ သင်ခန်းစာကို သွားနားထောင်တော့မယ်။ နောက်မှ ဆက်ပြောကြတာပေါ့။"

"နေဦး။"

"ဘာလဲ။"

စုယွမ် ပြန်လှည့်ကြည့်လိုက်သည်။

"မင်း ... ဒီလိုက မဟုတ်သေးဘူးလေ။ မင်း သင်ခန်းစာတိုင်းကို နားထောင်နေစရာမှမလိုတာ။ အချိန်ဖြုန်းရုံသက်သက်ပဲဖြစ်နေမှာ။"

ကျန်းဝေ့ ဒဲ့တိုးပြော၏။ သူ့မှာ စုယွမ်ကို ဖြောင်းဖျချင်နေမိသည်။

စုယွမ်က သူ့ကို အလေးအနက် ပြန်ကြည့်လာပြီး ဆိုသည်။

"မင်းက တကယ်လူကောင်းပါပဲ။ မင်းဟာမင်းသာ ကျင့်ကြံ၊ အချိန်ကနီးနေပြီ။"

ထိုသို့ပြောဆိုပြီး စုယွမ် ထွက်လာလိုက်သည်။

ကျန်းဝေ့မှာ မျက်မှောင်ကြုတ်လျက် စုယွမ်တစ်ခုခုဖုံးကွယ်ထားသလို ခံစားလိုက်ရသည်။

"သူ ဘာတွေများ တွေးနေတာလဲ။ ဘာလို့ မကျင့်ကြံတာလဲ။ ငါစိတ်ဓာတ်ကျမယ်တဲ့လား။ ငါတော့ဖြင့် မင်းပဲ စိတ်ဓာတ်ကျမှာကို စိုးရိမ်တယ်။ အဆင့်၂၉၉ကနေ ၇၀၀ကျော်၈၀၀ကျော်အထိ ကျသွားတော့မှဖြင့်။"

ကျန်းဝေ့မှာ တစ်ကိုယ်တည်း ရေရွတ်မိတော့သည်။

သူ့မှာ အကြောင်းအရင်းမရှိ စိတ်စောလာမိတော့သည်။ သူ၏သက်တောင့်သက်သာရှိနေသော စိတ်အစုံမှာ ပြန်လည်တင်းကြပ်နေပြီး မြန်မြန်ပြန် ကျင့်ကြံမိတော့သည်။

သူ ကြိတ်၍သာ ဆဲရေးလိုက်၏။

"သူ့ဘာသာနေပြီး လာဂုဏ်မပြုတာကမှ ကောင်းဦးမယ်။"

နေ့ရက်များမှာ ပုံမှန်တိုင်းသာ ကုန်ဆုံးသွား၏။

စုယွမ်လည်း ကျမ်းဂန်နန်းဆောင်နှင့် စာကြည့်တိုက်တွင်သာ အချိန်ကုန်ဆဲဖြစ်သည်။ သူ ကျမ်းဂန်နန်းဆောင်ရှိ ပို့ချချက်တိုင်းကို တက်ရောက်ပြီး စာကြည့်တိုက်တွင်လည်း ညဘက်အထိနှင်ထုတ်ခံရသည်အထိ နေလေ့ရှိသည်။

စုယွမ်ကတော့ အလွန်ကျေနပ်နေ၏။

သို့သော် သူ၏အပြုအမူများမှာ ကိုးရက်တိုင်တိုင် ထိုသို့သာဖြစ်နေသောအခါတွင်တော့ အခြားသူများထံမှ အာရုံစိုက်ခံရတော့သည်။

ကျမ်းဂန်နန်းဆောင်တွင် အများဆုံးလာရောက်သင်ကြားလေ့ရှိသော အတွင်းဆောင်၏ဂိုဏ်းတူအစ်ကိုမှာ စုယွမ်ကိုသတိထားမိသွားရသည်။ စုယွမ်သည်ကား အမြဲတစေ မည်သည့်သင်ခန်းစာအတွက်မဆိုရောက်လာတတ်သော တစ်ဦးတည်းသောလူပင်၊ သို့သော် ထိုသူမှာ မည်သည်ကိုမှအာရုံစိုက်နားမထောင်၊ အမြဲစိတ်လွင့်နေလျက်ရှိသည်။ သူ စုယွမ်ကို အလွန်စိတ်ဝင်စားသွားရာ သူ အစေခံတပည့်တစ်ဦးကို စုယွမ်အကြောင်းခေါ်မေးလိုက်၏။

"ဘာပြောတာ။ သူက မီး၊သတ္ထု၊သစ်သားသုံးမျိုးစပ်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်တဲ့လား။ ငါ အခုလေးတင် ရေစွမ်းအင်ကျင့်စဥ်တွေအကြောင်း ခုနစ်ခုလောက်ရှင်းသွားတာ။သူကလည်း အကုန်လိုက်နားထောင်နေတာပဲ၊ ဘာတွေများ တွေးနေတာလဲ။"

အတွင်းဆောင်ဂိုဏ်းတူအစ်ကိုမှာ အံ့ဩသွားရပြီး စုယွမ်ဟူသောအမည်မှာ သူ၏စိတ်အတွင်း စွဲထင်သွားတော့၏။

စာဖတ်နေစဥ်တွင် စုယွမ်မှာ စနစ်၏သတိပေးချက်ကို ကြားလိုက်ရသည်။

【ဒင် ကျော်ကြားမှုအမှတ်+1】

"ဘာဖြစ်တာလဲ။ ငါဘာလုပ်မိလို့လဲ။"

စုယွမ်မှာ စနစ်ကို စိတ်ရှုပ်ထွေးစွာမေးမြန်းမိလေသည်။

စနစ်က ဘာမှပြန်မပြောချေ။

စုယွမ်လည်း စိတ်ရှုပ်ထွေးမှုကို ပြန်လည်သိမ်းထားလိုက်ရသည်။

စနစ်က ချို့ယွင်းသွားတာများလား။

သူ ခေါင်းခါလိုက်ပြီး ဆက်၍သာ စာဖတ်နေလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှပင် ဆယ်ရက်မြောက်အချိန်ဟာ ပြည့်သွားလေ၏။

အယောက်တစ်သောင်းသော လူငယ်တို့က ကွင်းပြင်တွင် ပြန်လည်စုဝေကြရပြန်သည်။

စစ်ဆေးမှုမှာ စတင်လေပြီ။

All Chapters