← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

Chapter 17: ခြောက်ရက်တာနားနေခြင်း၏အစွမ်း။

ကျိုးဝူယိုက သူက ဥာဏ်ကြီးရှင်ဟု ထင်နေခြင်းဖြစ်၏။

ကျိုးဝူယိုတောင် ဤသို့တွေးခဲ့လျှင် ပို၍မြင့်သည့်သူများဆိုလျှင် မည်သို့တွေးမည်နည်း။ တောင်သခင်ကရော ဘယ်လိုထင်သနည်း။ အခြားတပည့်များ၏အမြင်ရော ဘယ်လိုဖြစ်နေမည်နည်း။

သူ့မှာ အလွန်ကို သိုသိပ်စွာနေရန် ကြိုးစားခဲ့သော်ငြား ဥာဏ်ကြီးရှင် ဟူသော ပုံရိပ်ကို ချန်ထားခဲ့မည်ဟု တွေးထင်မထားမိခဲ့ချေ။

ရလဒ်အနေဖြင့် ပါးနပ်သည့်လူများက သူ၏နားလည်နိုင်စွမ်းက ကောင်းမွန်လွန်းသည်ဟု တွေးထင်သွားကြသည်။ ကျိုးဝူယို၏အထောက်အပံ့ကိုသာ ရပါက ထိပ်ဆုံးငါးဆယ်ဆိုသည်မှာ အခက်အခဲမဟုတ်တော့ပေ။

ရိုးရိုးသားသားပြောရလျှင် စုယွမ် တုန်လှုပ်မိသွားသည်။

အပြင်ဆောင်တပည့်တစ်ဦး၏ရပိုင်ခွင့်မှာ အစေခံတပည့်နှင်ယှဥ်လျှင် အလွန်များ၏၊ အလုပ်ကြမ်းလည်းလုပ်စရာ မလိုသလို အကျိုးကျေးဇူးအရင်းအမြစ်များလည်းရှိသည်။ ထိုသည်သာမက နာမည်ကြီးဆရာများဆီကပါ သင်ကြားပေးခြင်းခံရဦးပေမည်။

ထို့အတူ အတွင်းဆောင်တပည့်ဖြစ်ခြင်း၏အကျိုးကျေးဇူးမှာ သဘောဝကျကျကို အပြင်ဆောင်တပည့်တစ်ဦးထက် အဆမတန်ပိုကောင်းပေ၏။

ထိုသို့ဖြစ်သွားပါက စုယွမ်လည်း ပုံမှန်ကျင့်ကြံနိုင်လေမည်။ အများအားဖြင့် အတွင်းဆောင်တပည့်တစ်ဦးမှာ ချီစုဆောင်းခြင်းအဆင့်ရှစ်အထိရှိရန် လိုအပ်သည်။ ဤမသေမျိုးမျိုးစေ့တောင်ကြားဆိုသည်မှာ ဖြတ်လမ်းတစ်ခုသာ ဖြစ်ပေ၏။

ကျိုးဝူယိုလည်း စုယွမ်တုံ့ဆိုင်းသွားတာကိုမြင်သည်။

တုံ့ဆိုင်းခြင်းမှာကောင်း၏၊ ဤသည်မှာ စုယွမ် အနည်းငယ်ယိမ်းယိုင်သွားကြောင်း ပြသနေသည်ပင်။

သူ ပြုံး၍ဆိုလိုက်သည်။

“ငါက မင်းကို အရင်းအမြစ်တွေကို ဘာတောင်းဆိုချက်မှ မရှိဘဲထောက်ပံ့ပေးမှာ။ မင်း နောက်ဆုံး အတွင်းဆောင်တပည့်ဖြစ်မသွားရင်တောင် ငါမင်းကို အပြစ်မတင်ဘူး။ ငါမင်းကို အခုလောလောဆယ်မှာ ၂၅ယောက်စာအရင်းအမြစ်တွေကို ပေးနိုင်တယ်။”

“မင်းက မင်းအတွက်ရော မယူတော့ဘူးလား။”

စုယွမ်လည်း အံ့သြသွားလျက် မေးလိုက်သည်။

“ငါ့ကိုယ်ငါထက် မင်းရဲ့အတွင်းဆောင်ထဲဝင်နိုင်လောက်မဲ့ အရည်အချင်းကို ပိုယုံကြည်တယ်။”

ကျိုးဝူယိုက အလေးအနက်ပြောလာသည်။

“ဘာဖြစ်လို့လဲ။”

စုယွမ်မှာ အတော်လေးအံ့သြသွားရသည်။

“ငါတို့ စစချင်းတုန်းက တစ်ခါတွေ့ဖူးသေးတယ်လေ။ အဲ့ဒီအချိန်တုန်းက မင်းကို ငါ အရင်းအမြစ်တောင်းပေမဲ့ မင်းက ချက်ချင်းကို ငြင်းခဲ့တာ။ အဲ့ဒီတုန်းက ငါမင်းမျက်လုံးထဲ ယုံကြည်မှုတွေကို မြင်နေရတယ်၊ အဲ့အချိန်ကတော့ ငါ ဘာလို့မှန်းနားမလည်ခဲ့ဘူး။”

ကျိုးဝူယိုက ခဏမျှရပ်သွားသည်။

“မင်းရဲ့ဒီနေ့အရမ်းတော်တဲ့ရလဒ်တွေကို တွေ့မှ တည်ငြိမ်ချင်ယောင်ဆောင်နေတာမဟုတ်ဘူးဆိုတာ သိလိုက်ရတာ။ မင်းက အစကတည်းက ယုံကြည်မှုရှိနေခဲ့တာ။ အခုဆိုရင် မင်းက ထိပ်ဆုံးအဆင့်တွေရဲ့ ကြောက်ဖို့ကောင်းတဲ့ရလဒ်တွေကို တွေ့တာတောင်မှ တုန်လှုပ်သွားတာမဟုတ်ဘူး။ အဲ့ဒီကတည်းက မင်းက မရိုးရှင်းမှန်းငါသိသွားတာ။”

ကျိုးဝူယို၏ချောမွေ့နေသောစကားကောင်းများနှင့် နောက်ကလူများမျက်ဝန်းထဲရှိ လေးစားမှုများကိုကြည့်ရင်း စုယွမ်ကတော့ ဤကျိုးဝူယိုမှာ တကယ်မလွယ်ကြောင်းကိုသာ ခံစားလိုက်ရသည်။

“မင်းပြောခဲ့သလိုပဲ၊ ငါ အာမတော့မခံနိုင်ဘူး။”

စုယွမ်ပြောလိုက်သည်။

ကျိုးဝူယို၏အမူအရာမှာ ပြေလျော့သွားပြီး ပြောလာ၏။

“ငါနားလည်ပါတယ်။ လူသားတွေက ကြိုးစားကြပေမဲ့ ကောင်းကင်ဘုံက ပယ်ဖျက်တတ်တာပဲလေ။”

ကျိုးဝူယိုက သူ့နောက်ကို လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ တပည့်တစ်ယောက်က ချက်ချင်းထွက်လာသည်။

“ဒါအရင်းအမြစ်၂၅ခုပဲ။ ကျေးဇူးပြုပြီး ယူထားပေးပါ။”

ကျိုးဝူယိုက စုယွမ်ကို သေတ္တာတစ်ခုအား လက်နှစ်ဖက်ဖြင့် ကမ်းလာသည်။

“သက်သေခံ လတ်မှတ်ထိုးဖို့တွေ ဘာတွေ မလိုတော့ဘူးလား။”

စုယွမ် အံ့သြလျက်မေးလိုက်သည်။

“မလိုပါဘူး။”

ကျိုးဝူယိုထပ်ပြောလိုက်သည်။

စုယွမ်လည်း သူ့ကို စိုက်ကြည့်ရင်း သေတ္တာကိုယူလိုက်သည်။

“ဒီလူက ငါ ကလေးဘဝတည်းက နောက်လိုက်လာတာ။ သူ့ကို ရှောင်လီလို့ခေါ်လို့ရတယ်။ အစ်ကိုစုသာ တစ်ခုခုခိုင်းချင်ရင် သူ့ကိုသာ ခေါ်ခိုင်းပါ။ သူက အခန်း၃၁၈မှာနေတယ်၊ မင်းရဲ့အခန်းနဲ့သိပ်မဝေးပါဘူး။ သူ မဖြေရှင်းတဲ့တစ်ခုခုသာရှိရင် ငါ့ကိုဆက်သွယ်လိမ့်မယ်။ သူက သေချာပေါက် အစ်ကိုစုရဲ့ကိစ္စတွေကို နှောင့်နှေးစေမှာမဟုတ်ပါဘူး။”

“ရှောင်လီက အစ်ကိုစုကို အရိုအသေပြုပါတယ်။”

လူငယ်လေးတစ်ဦးက အမြန်ရှေ့ထွက်လာသည်။

စုယွမ်လည်း ခေါင်းညိတ်လိုက်သည်။

“အခုတော့ ဘာမှမလိုသေးပါဘူး။”

“ရပါတယ်။”

ကျိုးဝူယိုက ပြုံးပြလာသည်။

“အဲ့ဒါဆိုရင် ငါလည်းသွားတော့မယ်။”

စုယွမ် ပြောလိုက်သည်။

“လုပ်စရာရှိတာသာ သွားလုပ်ပါ၊ အစ်ကိုစု။”

ကျိုးဝူယိုပြောလိုက်သည်။

စုယွမ်လည်း ထွက်လာခဲ့၏။ သူ အရင်ဆုံး ခြံဝန်းကိုပြန်ကာ သေတ္တာဝင်ထား၍ ပြီးမှ ကျမ်းဂန်ခန်းမဆီသွားလိုက်သည်။

ဤသတင်းကိုကြားတော့ ကျိုးဝူယို၏မျက်နှာထက် သံသယတစ်ချို့ဖြတ်ပြေးသွားရသည်။ သူ ချလိုက်သည့်ဆုံးဖြတ်ချက်မှာ အလဟာသဖြစ်သွားပြီလားဟု ပြန်တွေးမိ၏။ သို့သော် ယင်းမှာ ဆုံးဖြတ်ပြီးသားဖြစ်ရာ နောင်တရမနေသင့်တော့။

သင်ခန်းစာပြီးနောက် စုယွမ်က သူ့အခန်းဆီသာ တည့်တည့်မတ်မတ်ပြန်လိုက်သည်။

ဤအချိန်မှာ သူ့အတွက်ပြန်ရန်စောနေသေးသော်လည်း စုယွမ်ကတော့ ကျင့်ကြံရေးခန်းထဲသို့ဝင်၍ တင်ပျင်ခွေထိုင်လိုက်သည်။

စုယွမ် သေတ္တာကိုဖွင့်လိုက်ရာ ဝိညာဉ်ကျောက်တုံးအပိုင်းအစ ၂၅ခု၊ ဝိညာဉ်ဆေးရည် ၂၅ပုလင်းကို တွေ့လိုက်ရသည်။ သူ့တွင်ရှိနေသေးသည့် ခြောက်ရက်စာ အရင်းအမြစ်နှင့်ပါပေါင်းလိုက်ပါက ဝိညာဉ်ကျောက်တုံးအပိုင်းအစ၃၁ခု၊ ဝိညာဉ်ဆေးရည်၃၁ပုလင်းရှိသွားပေပြီ။

ဤအရင်းအမြစ်များက တကယ်တော့ သူ့အတွက် ထိုမျှအရေးမပါ၊ သူသာ အမှန်တကယ်တိုးတက်ချင်ပါလျှင် စနစ်ပေါ်ကိုသာ မှီခိုရပေမည်။

စုယွမ် စနစ်မျက်နှာပြင်ကို ကြည့်လိုက်သည်။

【အမည်】: စုယွမ်

【နယ်မြေ】: ချင်းခယ်ကုန်းမြေ

【အဆင့်】: သိသူမရှိသေး (13 / 100)

【ကျင့်ကြံမှုအဆင့်】: ချီစုဆောင်းခြင်းအဆင့်တစ် (66/ 100)

【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: သင်က အလုပ်နဲ့နားနေမှု ပေါင်းစပ်မှုအချိုးမှာ အလွန်တော်လာမည်။ သင် ပို၍ကြာကြာနားနေလေ၊ ကျင့်ကြံမှု၏အကျိုးသက်ရောက်မှု ပိုကောင်းလာမည်။ လက်ရှိနားချိန် : ၆ရက်နှင့် ၁နာရီ။

မသိလိုက်ဘာသာနှင့် သူ၏နားချိန်မှာ ခြောက်ရက်တိုင်တိုင်ပြည့်သွားပေပြီ။

အရင်တကြိမ် သုံးရက်အနားယူပြီးချိန်တွင် သူ၏ဝိညာဉ်ချီမျှင်က ၂၆၀အထိရှိသွားပြီး ဝိညာဉ်သွေးကြောနှစ်ခုကိုလည်း တည်ဆောက်နိုင်သွား၏။ အကယ်၍များ ခြောက်ရက်ဆိုပါက အကျိုးကျေးဇူးမည်မျှရှိလာပါမည်နည်း။

“【အလုပ်နဲ့နားနေဖလှယ်မှု】ကို အသက်သွင်းစေ။”

ဒင်ဟူသော မြည်သံတစ်ခုမှာ သူ၏စိတ်အတွင်းပျံ့နှံ့လာ၏။

နောက်တစ်စက္ကန့်တွင် စုယွမ်၏ခန္ဓာကိုယ်မှာ ဆတ်ကနဲတုန်ခါသွား၏။ သူလည်း မျက်လုံးကိုမှိတ်လိုက်ပြီး အသက်တစ်ချက်ရှုလျက် အာရုံစုစည်းလိုက်သည်။ အမှောင်ထုထဲတွင် အနီရောင်၊ရွှေရောင်နှင့် အစိမ်းရောင် အလင်းစက်တို့က သူ့ကိုဝန်းရံကာ လှည့်ပတ်လာသည်။

ထို့နောက် သူ ချီစုဆောင်းခြင်းကို စတင်လိုက်သည်။ စုယွမ် ဝိညာဉ်ချီမျှင်ကိုးခုကို ရွေ့လျားစေကာ အချင်းချင်းလည်ပတ်စေလိုက်၏။ ထို့နောက် ၎င်းက လျင်မြန်စွာဖြင့် သူ၏မရီဒျာန်များထဲ တိုးဝင်သွားလေသည်။ ကောင်းကင်နှင့်မြေကြီးရှိ သုံးရောင်ခြယ်ချီစွမ်းအင်တို့ကလည်း လျင်မြန်စွာရွေ့လျားလျက် သူ၏ခန္ဓာကိုယ်အတွင်းသို့ အဖက်ဖက်မှ ဝင်ရောက်လာကြသည်။ထိုမှတဆင့် ချီစွမ်းအင်တို့က မရီဒျာန်အတွင်းဝင်လာပြီး ချီလည်ပတ်ခြင်းကို အားဖြည့်ပေးနေကြသည်။

ယခုတစ်ခေါက် ချီစုဆောင်းလည်ပတ်ရသည်မှာ ပို၍လွယ်ကူသွားခဲ့သည်။ စုယွမ်မှာ ယင်းဖြစ်စဥ်က တစ်ခဏချင်းတွင်း လျင်မြန်စွာဖြစ်ပေါ်သွားသည့်အတွက် သူ့ဘက်က မည်သည့်ခွန်အားမှ စိုက်မထုတ်လိုက်ရကြောင်းတောင် ခံစားလိုက်ရသည်။ ချီစွမ်းအင်တို့က တည်ဆောက်ပြီးသားသွေးကြောများမှတဆင့် အလိုအလျောက်ဝင်ရောက်လာခြင်းဖြစ်ရာ အချိန်ရော ခွန်အားပါ အလွန်သက်သာသွားခဲ့သည်။

စုယွမ် အတွေးတစ်ခုဝင်လာသဖြင့် သူ၏အာရုံကို ချီစုဆောင်းခြင်းမှ ခဏပြန်ရုတ်သိမ်းလိုက်ပြီး သူ ဒီအတောအတွင်း မြင်တွေ့ကြားခဲ့သော သင်ခန်းစာများ၊ စာအုပ်များကို ပြန်တွေးလိုက်သည်။

စုစုပေါင်း ပို့ချချက်၃၂ခု၊ အတွင်းဆောင်တပည့်၁၄ယောက်မှ ပို့ချက်သော သင်ခန်းစာများ— ဥပမာအားဖြင့် အမျိုးမျိုးသောစွမ်းအင်တို့အတွက် မရှိမဖြစ်လိုအပ်သော ကျင့်စဥ်၊ ကျင့်ကြံနေစဥ် အထိအခိုက်မဖြစ်စေရန် ကာကွယ်မှုနှင့် ချီစုဆောင်းခြင်းနည်းလမ်းများ အစရှိသဖြင့် အရာအားလုံးက စုယွမ်၏ဦးနှောက်အတွင်း လျင်မြန်စွာပြန်ပေါ်လာပြီး စတင်နားလည်လာတော့သည်။

စာကြည့်တိုက်တွင် သူဖတ်ခဲ့သော စာအုပ်ပေါင်းလောက်ကလည်း စိတ်သန္တန်အတွင်း ဝင်ရောက်လာ၏။ မရေတွက်နိုင်သော ကျင့်ကြံရေးဆိုင်ရာ အသိပညာများမှာ ပေါ်ထွက်လာပြီး ဂိုဏ်းတူအစ်ကိုအစ်မများက ပြောခဲ့သည်တို့နှင့်ပေါင်းစပ်သွားကြသည်။ တဖြည်းဖြည်းနှင့် စုယွမ်၏နားလည်မှုမှာ ချီစုဆောင်းခြင်း၏ပထမအဆင့်ကို ကျော်ဖြတ်နိုင်သွားလေပြီ။

ချီစုဆောင်းခြင်းကလည်း အလွန်လျင်မြန်လာလျက် တစ်ကြိမ်လည်ပတ်စုဆောင်းပြီးသည်နှင့် နောက်တစ်ကြိမ်အလိုအလျောက်ထပ်စရာ စုယွမ်တောင် သိပ်၍အာရုံစိုက်စရာမလိုတော့။

သူ ထွက်ပေါ်လာသော အသိပညာတို့အထဲသာ နစ်မြှပ်လျက် စဥ်ဆက်မပြတ် နားလည်ရန်ကိုသာ ကြိုးစားနေလိုက်သည်။

အရင်ရက်များဆီမှ သိရှိခဲ့သောအကြောင်းအရာတို့ဖြင့် သူ ကျင့်ကြံရေး၏အနှစ်သာရကို ဖမ်းဆုပ်မိချိန်တွင်တော့ လေးနာရီကုန်ဆုံးသွားရလေပြီ။

Chapter 18

စုယွမ်၏မျက်ဝန်းတို့မှာ တောက်ပသွား၏။

သူ အသိစိတ်ပြန်ဝင်လာချိန်တွင် ဒန်ထျန်အတွင်းရှိ အခြေအနေကို စစ်ဆေးလိုက်သည်။

စုယွမ်မှာ ဒန်ထျန်အတွင်း ဝိညာဉ်ချီမျှင်၂၆၂၀မျှင်ကိုတွေ့လိုက်ရရာ အလွန်အံ့သြသွားတော့သည်။

“ဘယ်လိုတောင်လဲ။”

စုယွမ်မှာ လက်ဖျားခါသွားရလျက်။

ထို့နောက် သူရှေ့တွင်ပင် ချီတစ်ကြိမ်ထပ်မံလည်ပတ်သွားသည်ကို တွေ့လိုက်ရသည်။ တစ်ကြိမ်လည်ပတ်ရန် ၁၅မိနစ်သာ ကုန်ဆုံးသွားလေ၏။

ထိုတစ်ကြိမ်ပြီးသည့်နောက်တွင်လည်း ဝိညာဉ်ချီမျှင်မှာ ၈၁မျှင်ထပ်ပေါင်းတိုးပွားလာခဲ့သည်။ ဤအရာက စုယွမ်၏ယခင်ကခန့်မှန်းထားသော အစွန်ဆုံးကန့်သတ်ချက်မှာ ဝိညာဉ်ချီမျှင်၄၀ဖြစ်မည်ဟူသော ခန့်မှန်းချက်ကို ပျက်စီးသွားစေ၏။

ချက်ချင်းကိုပင် ချီက နောက်တစ်ကြိမ်ထပ်မံလည်ပတ်လာသည်။

ဤတစ်ကြိမ်တွင်တော့ စုယွမ်လည်း ချီလှည်ပတ်ခြင်းကို ကိုယ်တိုင်ဝင်ထိန်းချုပ်လိုက်သည်။ ယခင်လေးနားရီအားထုတ်ခြင်းမှရရှိလာသော နားလည်မှုတို့ကို မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်ဖြင့် ပေါင်းစပ်လိုက်သည်။

လည်ပတ်နေစဥ် စုယွမ်၏ထိန်းချုပ်မှုဖြင့် ကိုးမျှင်သောဝိညာဉ်ချီမျှင်တို့က အချင်းချင်းရစ်ပတ်သွားကြပြန်သည်။

သုံးကြိုးလိမ်ပုံစံမှတဆင့် ၎င်းတို့က ရွှေရောင်မြွေကြီးအသွင်ပြောင်းလဲသွားကြသည်။ ယင်းမြွေကြီး၏အရေပြားမှာ အစိမ်းရောင်သစ်သားစွမ်အင်းဖြင့်ဖွဲ့စည်းထားပြီး သွေးသားတို့မှာတော့ မီးစွမ်းအင်ဖြင့် တည်ဆောက်ထားကြ၏။ ရွှေရောင်သတ္ထုစွမ်းအင်က မြွေကြီး၏အပေါ်ယံလွှာကို ဖုံးအုပ်ကာ မာကျောသွားစေလျက် ရွှေနီရောင်မြွေကြီးဖြစ်ပေါ်လာစေသည်။ ယင်းမြွေကြီးက ဒန်ထျန်အတွင်း လျင်မြန်စွာ ရွေ့လျားနေ၏။ သူသွားသည့်နေရာတိုင်းတွင် မရီဒျာန်တွင်းမှ ချီစွမ်းအင်တို့ကို စုပ်ယူသွားလေ၏။ ချီလည်ပတ်နေရင်းနှင့်ပင် ၎င်းက ပြီးပြည့်စုံစွာဖြင့် ဝိညာဉ်မြွေကြီးအသွင် ကူးပြောင်းသွားလေသည်။

မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်မှာလည်း ဤအခိုက်အတန့်တွင် လွန်စွာအစွမ်းထက်လာတော့သည်။

ချီလည်ပတ်ခြင်းပြီးဆုံး၍ ဒန်ထျန်အတွင်းပြန်ရောက်လာသည့်အချိန်တွင် ဝိညာဉ်မြွေကြီးမှာလည်း ကွယ်ပျောက်သွားပြီး ဝိညာဉ်ချီမျှင်၁၀၈မျှင် ဖွဲ့စည်းနိုင်သွား၏၊ သူ မူလကသုံးခဲ့သော ၉မျှင်မပါပါက သူ ချီလည်ပတ်ခြင်းတစ်ကြိမ်ဖြင့်ပင် ၉၉မျှင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပေသည်။

ယခုဆိုလျှင် သူ့တွင် စုစုပေါင်း ၂၇၁၉မျှင်ရှိသွားလေပြီ။

“ချိုးဖောက်စေ။”

စုယွမ်၏အတွေးတစ်ချက်နှင့်ပင် ဝိညာဉ်ချီမျှင်၃၆၀မျှင်က လှုပ်ရှားသွားပြီး ဝိညာဉ်မြွေကြီးအဖြစ် ထပ်မံထွက်ပေါ်လာသည်။ ၎င်းတို့က မရီဒျာန်ထဲ့သို့တိုးဝင်သွားပြီး ယခင်ဖွင့်လှစ်ပြီးသော သွေးကြောတို့မှ ဖြတ်ကာ တတိယမြောက်သွေးကြောထံသို့ တုံ့ဆိုင်းခြင်းမရှိ တိုးဝင်သွားကြသည်။

ဝိညာဉ်မြွေကြီးမှာ သွေးကြောအတွင်းသို့ဝင်ရောက်သွားလျက် မွှေနှောက်တော့သည်။ ယင်းက ဆက်တိုက်လှုပ်ရှားနေရာ သွေးကြောမှာ တဖြည်းဖြည်းကျယ်ဟလာလျက် နောက်ဆုံးတွင် တည်ငြိမ်သည့်သွေးကြောတစ်ခုအဖြစ် ဖွဲ့စည်းနိုင်သွား၏။

ယခုတစ်ခေါက်တည်ဆောက်ချိန်မှာ ယခင်ကနှင့်ယှဥ်လျှင် နှစ်ဆပိုမိုလျင်မြန်လာသည်။ စုယွမ်ကတော့ တည်ဆောက်ရန်လိုအပ်သည့်ချီပမာဏကလည်း လျော့နည်းသွားသလို ခံစားလိုက်ရသည်။

ဝိညာဉ်သွေးကြောတည်ဆောက်ပြီးနောက် သူ ယင်းသွေးကြောအသစ်ကို တည်ငြိမ်သွားစေရန် အရင်သွေးကြောများနှင့်ဆက်လိုက်သည်။ ထိုအခါမှ သွေးကြောက လုံးဝခိုင်မြဲသွားလေသည်။

ဝိညာဉ်မြွေကလည်း ကွယ်ပျောက်သွားပြီး ဒန်ထျန်အတွင်းသို့ ဝိညာဉ်ချီမျှင်၈၀အဖြစ် ပြန်လည်တိုးဝင်သွားသည်။ ဤသည်မှာ ဝိညာဉ်သွေးကြောတည်ဆောက်ရန် ဝိညာဉ်ချီမျှင်၂၈၀သာ သုံးစွဲလိုက်ကြောင်းပြနေပေသည်။

“ချီစုဆောင်းခြင်းအဆင့်တစ်ရဲ့ ထိပ်ဆုံးကို ရောက်သွားတာပဲ။”

စုယွမ် တွေးလိုက်သည်။

ဤရလဒ်များနှင့်ဆိုလျှင် သူက ထိုအလတ်တန်းစားဝိညာဥ်ရင်းမြစ်ပိုင်ရှင်များကြား ထိပ်ဆုံးအဆင့်ကိုတောင် အေးဆေးကျော်ဖြတ်နိုင်သွားလေပြီ။

သေချာပေါက်ကိုပင်၊ စုယွမ်တွင်လည်း ဤနေရာတွင်သာ ရပ်နေရန်အစီအစဥ်မရှိ။

သူ ထပ်၍အဆင့်မြှင့်ရန်ပြင်လိုက်သည်။

ဤသို့ဖြင့် လေးခုမြောက်ဝိညာဉ်သွေးကြောမှာလည်း ဝိညာဉ်ချီမျှင်၅၃၂ခုကိုသုံးကာ လွယ်လင့်တကူတည်ဆောက်နိုင်သွားသည်။ သူ၏ချီစွမ်းအင်ကို ထိန်းချုပ်သည့်နှုန်းမှာလည်း ပို၍ပိုကာ ကျွမ်းကျင်လာတော့၏။

သေချာပြန်အာရုံစိုက်မိချိန်တွင် စုယွမ်မှာ ဝိညာဉ်သွေးကြောငါးခုမြောက်အထိ တည်ဆောက်နိုင်သွားပေပြီ။

ဤအတွက်လည်း ဝိညာဉ်ချီမျှင်၁၀၀၇မျှင်သုံးစွဲလိုက်ရ၏။

ဤရလဒ်အနေဖြင့်ဆိုလျှင် အဆင့်မြင့်ဝိညာဉ်ရင်းမြစ်များကြားက အောက်ဆုံးအဆင့်တို့ကို အသာလေးကျော်လွှားနိုင်သွားချေပြီ။

စုယွမ်၏စိတ်အာရုံမှာ အတော်လေးနွမ်းနယ်လာရသည်။ စွမ်းရည်မှာ တစ်နာရီမျှကျန်သေးသည်တောင်မှ သူ၏စိတ်အစုံမှာ အလွန်နွမ်းလျနေလေပြီ။

“ငါ စိတ်စွမ်းအင်တိုးမဲ့နည်းတစ်ခုခုကို ရှာဦးမှဖြစ်မယ်။”

စုယွမ် ထိုသို့တွေးလျက်၊ တင်ပျင်ခွေနှင့်ပင် အိပ်စက်ခြင်းအခြေအနေသို့ ရောက်ရှိသွားတော့သည်။

သူ၏ခန္ဓာကိုယ်အတွင်းတွင်မူ ချီစုဆောင်းလည်ပတ်ခြင်းက အလျင်အမြန် ဆက်တိုက်ဖြစ်ပွားနေဆဲပင်။

ဤသည်မှာ တစ်နာရီအကြာ ပါရမီစွမ်းရည်လည်း အကုန်ကုန်ဆုံးသွားမှာသာ ချီစုစည်းခြင်း၏အရှိန်က ပုံမှန်ပြန်ဖြစ်တော့၏။

မနက်စောစော၌။

စုယွမ် ဖြေးညင်းစွာနိုးလာ၏၊ တပါးတည်း လုံးဝရှင်းလင်းအားပြည့်နေသလိုပါ ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်သွေးကြောငါးခုမှာ ဆက်တိုက်ကို ဝိညာဉ်စွမ်းအင်တို့ထုတ်ပေးလျက် ခန္ဓာကိုယ်ကိုအားဖြည့်ပေးနေကြသောကြောင့်ဖြစ်ပေမည်။ သူ၏အာရုံငါးပါးကလည်း ပို၍ထက်ရှလာပြီး ရုပ်ပိုင်းဆိုင်ရာအခြေအနေတို့ကလည်း ပို၍ကောင်းလာခဲ့ပေသည်။

သူ ခြံဝန်းထဲကို လမ်းလျှောက်ထွက်လာတော့ အပြင်ဘက်ဆီမှ ဆူညံသံတစ်ချက်ကိုကြားလိုက်ရသည်။

စုယွမ် ယင်းတို့ထဲကမှ ကျန်းဝေ့၏အသံကိုကြားလိုက်ရရာ မျက်မှောင်ကြုတ်မိသွား၏။

သူ အပြင်ထွက်လာရာ ကျန်းဝေ့နှင့်အတူ အခြားတပည့်များစွာက လုံးထွေးသတ်ပုပ်နေသည်ကို တွေ့လိုက်ရသည်။ သိသိသာသာကိုပင် ကျန်းဝေ့က အရေးနိမ့်နေလျက် ထိုးနှက်ကန်ကျောက်ခံနေရသည်။

စုယွမ်၏စူးရှသောမျက်လုံးတို့က ကျန်းဝေ့နှင့်အတူ အခြားတပည့်တစ်ဦးလည်း မြေပြင်ပေါ် ရိုက်နှက်ခံနေရသည်ကို တွေ့လိုက်ရသည်။ သေချာကြည့်လိုက်တော့ အနှီလူမှာ ကျန်းဝေ့နှင့်ပူပေါင်းကာ အရင်းအမြစ်များလဲလှယ်ခဲ့သောလူဖြစ်နေသည်။

ဘေးပတ်လည်ရှိခြံဝန်းများမှ လူတို့က အပြင်ထွက်လျက် ပွဲကြည့်နေကြပြီး မည်သူမှ ကူညီမည့်အရိပ်အယောင်မတွေ့ပါပေ။

တစ်ခဏအတွင်း စုယွမ် ဘာဖြစ်နေသည်ကို အကြမ်းဖျင်းခန့်မှန်းမိသွားသည်။ ကျန်းဝေ့၏မနေ့က ရလဒ်မှာ လူအချို့၏အာရုံကို ဆွဲဆောင်နိုင်သွားခဲ့သည်။ ထိုသူတို့က ကျန်းဝေ့၏စွမ်းဆောင်ရည်မှာ ထိုသို့ အရင်းအမြစ်များလဲလှယ်မှုကြောင့် အလွန်လျင်မြန်ကြောင်း သိသွားရခြင်းဖြစ်ရမည်။ ထို့ကြောင့် အချို့တပည့်များက ကျန်းဝေ့၏ကျင့်ကြံနှုန်းက ဤအလဲအလှယ်ကို ဟန့်တား၍ လျော့ချချင်ခြင်းပေ။

စုယွမ်လည်း ရှေ့ဆက်လျှောက်ကာ ဝင်တားရန်ပြင်လိုက်သည်။

ကျန်းဝေ စုယွမ်ခြံဝန်းဖွင့်ဟလာသံကိုကြားလိုက်သလို အနှီလူ၏ခြေသံကိုပါ ကြားလိုက်ရရာ အနှီလူမှာ စုယွမ်ဖြစ်နိုင်ကြောင်း သိသွားသည်။

သူအော်ဟစ်လိုက်၏။

“စုယွမ််၊ မလာခဲ့နဲ့။ ငါ့ဘာသာ ဖြေရှင်းမယ်။”

သူ၏စကားမှာ ဝုန်းဒိုင်းကြဲနေသောအသံများဖြင့်သာ ဖြေကြားခံလိုက်ရသည်။

ကျန်းဝေ့မှာ ကြောင်အသွားလျက်၊ သူမသိလိုက်ခင်တွင်ပင် သူ၏ရန်ဘက်များက အကုန်လဲကျကာ မြေပြင်ပေါ် ထိုးနှက်ခံလိုက်ရကြောင်း တွေ့လိုက်ရသည်။

ကျန်းဝေ့ မော့ကြည့်လိုက်တော့ စုယွမ်က သူ၏အရှေ့တွင် လက်ကိုနောက်ပစ်လျက် တည်ငြိမ်စွာဖြင့် ရပ်နေကြောင်းတွေ့လိုက်ရ၏။

ကျန်းဝေ့မှာ ဤမြင်ကွင်းကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။

ပြောစရာပင်မလို၊ စုယွမ်မှာ သူ့ကို ကယ်ရန်ရောက်လာခြင်းပေ။

သူဝင်ရောက်လာသည်မှာလည်း မျက်လုံးတစ်ချက်မှိတ်စာသာရှိသေးသည်၊ အဘယ်ကြောင့်လူများက လဲကျသွားရနည်း။

ဘာတွေများဖြစ်သွားတာလဲဟ။

All Chapters