← Chapters

အခန်း (၃၈၃-၃၈၄)

Vol. 39 Ch. 383-384

အခန်း (၃၈၃-၃၈၄)

Vol. 39 Ch. 383-384

အခန်း။ ၃၈၃

လုံယီသည် ထိုစကားကို ကြားလိုက်ရသည့်အခါ စိတ်ထဲမှသာ ခနဲ့၍ ပြုံးလိုက်မိသည်။

ဤမျှလောက်အထိ ပေါကြောင်ကြောင်နိုင်သော အကြောင်းပြချက်ကိုမှ အကြီးအကဲဝမ်က ဟန်ဆောင်ဖုံးကွယ်ရန်ပင် အားမထုတ်တော့ပေ။ အကယ်၍ သူသာ အမှန်တကယ် သွားခဲ့မိပါက ကျားတွင်းထဲသို့ သိုးဝင်သွားသကဲ့သို့ ဖြစ်ပေလိမ့်မည်။

“အကြီးအကဲက ကျွန်တော့်ကို ဘယ်လို ကျင့်စဉ်မျိုးတွေ သင်ပေးချင်လို့ပါလိမ့်”

လုံယီက မေးလိုက်သည်။

လုံယီထံမှ ဤမေးခွန်းကို ကြားလိုက်ရသောအခါ ယန်ဇီချန်မှာ အံ့အားသင့်သွားပုံပင်။ သို့သော် သူသည် ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းကာ ပြန်လည်ဖြေကြားခဲ့သည်။

“ညီလေးက ချီသန့်စင်ခြင်း တတိယအဆင့်မှာ တစ်ဆို့နေတာ ကြာပြီလို့ ကြားတယ်။ အဆင့်တက်လှမ်းဖို့ဆိုတာ တစ်ညတည်းနဲ့ ဖြစ်နိုင်တာမျိုး မဟုတ်ဘူးလေ။ ငါ့ဆရာမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထူးခြားတဲ့ အမြင်တွေရှိတယ်။ သူက ညီလေးကို လမ်းညွှန်ပေးနိုင်လိမ့်မယ်”

အကယ်၍ လုံယီသည် သာမန်တပည့်တစ်ဦးသာ ဖြစ်ခဲ့ပါက ဤကမ်းလှမ်းမှုအပေါ် စိတ်

လှုပ်ရှားသွားနိုင်သော်လည်း ကံမကောင်းစွာဖြင့် သူသည် အကြီးအကဲဝမ်၏ မြေးဖြစ်သူကို ကိုယ်တိုင်သတ်ခဲ့သူ ဖြစ်ရာ ထိုနေရာသို့ အလွယ်တကူ သွားလိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် သူက ယဉ်ကျေးစွာဖြင့်ပင် ငြင်းပယ်လိုက်သည်။

“ကျွန်တော်လို တပည့်လေးအပေါ် အကြီးအကဲဝမ်ရဲ့ စေတနာထားမှုကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ချီသန့်စင်ခြင်း အလယ်အဆင့်ကို တက်လှမ်းဖို့ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကျွန်တော်ကိုယ်တိုင် သေချာစဉ်းစားထားတာ ရှိလို့ အကြီးအကဲကို ထပ်ပြီး အလုပ်မရှုပ်စေချင်တော့ပါဘူး”

လုံယီက ဤမျှအထိ နားချရခက်လိမ့်မည်ဟု မထင်ထားသဖြင့် ယန်ဇီချန်မှာ မျက်မှောင်ကြုတ်သွားပြီးနောက် လေသံကို လျှော့ကာ ပြောလိုက်သည်။

“ဂူထဲဝင်ပြီး စကားခဏလောက် ပြောလို့ရမလား”

“စီနီယာယန်... ကြွပါ”

လုံယီက မည်သို့မျှ မကြောက်မရွံ့ဘဲ ဂူအတွင်းသို့ လွယ်လွယ်ကူကူ ဖိတ်ခေါ်လိုက်သည်ကို မြင်သောအခါ ယန်ဇီချန်၏ စိတ်ထဲတွင် အံ့သြမှုလေးတစ်ခု ဖြစ်သွားသည်။

သူ မသိသည်မှာ လုံယီ၏ လက်ရှိ သွေးသားအရှိန်အဝါနှင့် ခွန်အားမှာ မယှဉ်နိုင်အောင် အားကောင်းနေပြီဖြစ်ရာ ဤမျှနီးကပ်သော အကွာအဝေးတွင် အကယ်၍ ယန်ဇီချန်သာ မကောင်းသော စိတ်ထားရှိခဲ့ပါက သူ၏ခေါင်းမှာ လုံယီ၏ လက်ချက်ဖြင့် ပြုတ်ထွက်ကာ ဘောလုံးကဲ့သို့ အကန်ခံရမည့် အခြေအနေတွင် ရှိနေခြင်းပင်။

ဂူအတွင်းသို့ ရောက်ရှိသောအခါ ယန်ဇီချန်မှာ ဟန်ဆောင်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်တော့သည်။

“ညီလေးလုံ သိထားသင့်တာက ငါ့ဆရာက ညီလေးဝမ်ဝမ်ပိုင် သေဆုံးသွားတာနဲ့ ပတ်သက်ပြီး အခုထိ စိတ်မအေးနိုင်သေးဘူး။ အရင်ကလည်း စိတ်စစ်မှန်ကျောက်စိမ်းမှန်ကို သုံးပြီး လူအတော်များများကို စစ်ဆေးခဲ့ပြီးပြီ။ ဒါပေမဲ့ လွတ်သွားတဲ့သူ ဆယ်ယောက်ကျော်လောက် ကျန်နေသေးတယ်။ အဲဒါကြောင့် ဒီတစ်ခါမှာတော့ လူတိုင်းကို သေချာမေးမြန်းချင်တာပဲ။ ညီလေးလည်း အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲတစ်ယောက်ရဲ့ အမြဲတမ်း သံသယဝင်ခံနေရတဲ့သူ မဖြစ်ချင်ဘူး မဟုတ်လား။ အကယ်၍ မင်းရဲ့ စိတ်က တကယ်ပဲ ဖြူစင်တယ်ဆိုရင် ငါ့ဆရာနဲ့ တွေ့ဖို့ ဘာကို ကြောက်နေရမှာလဲ”

“စီနီယာယန်က နောက်နေပြန်ပြီ။ ကျွန်တော်က ချီသန့်စင်ခြင်း အစောပိုင်းအဆင့်လေးတင်ပါ။ ဝမ်ဝမ်ပိုင်ရဲ့ သေဆုံးမှုမှာ ဘယ်လိုလုပ် ပါဝင်နိုင်မှာလဲ”

လုံယီက ခက်ခဲနေသည့် အမူအရာကို ဟန်ဆောင်ပြလိုက်ပြီး

“ဒါပေမဲ့ အကြီးအကဲပိက ကျွန်တော့်ကို ပြောထားဖူးတယ်။ အကယ်၍ အကြီးအကဲဝမ်က ကျွန်တော့်ကို တွေ့ချင်တယ်ဆိုရင် သူ့ကို အရင် အကြောင်းကြားရမယ်။ ကိုယ့်သဘောနဲ့ကိုယ် မလုပ်ရဘူး တဲ့... အဲဒါကြောင့် ကျွန်တော် အရင်ဆုံး အကြီးအကဲပိရဲ့ သဘောထားကို တောင်းခံကြည့်ရမလား”

“ဒါ... အကြီးအကဲပိက တကယ်ပဲ အဲဒီလို ပြောခဲ့တာလား”

ထိုစကားကို ကြားလိုက်ရသည့်အခါ ယန်ဇီချန်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။

တပည့်ရင်းတစ်ဦးအနေဖြင့် သူသည် ဂိုဏ်းအတွင်းရှိ အကြီးအကဲများနှင့် ခဏခဏ ထိတွေ့ရသူ ဖြစ်သည်။ အကြီးအကဲပိသည် အလောင်းထိန်းချုပ်ရေးဂိုဏ်းတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်များထဲ၌ အစွမ်းအထက်ဆုံးသူ တစ်ဦးဖြစ်ကြောင်း လူတိုင်း သိကြသည်။

သူ၏ လက်ရည်မှာ အခြားဂိုဏ်းများမှ တန်းတူအဆင့်ရှိသူများထက်ပင် သာလွန်ရာ သူ၏ဆရာမှာပင် ယှဉ်နိုင်သူ မဟုတ်ပေ။

"ပြီးတော့... ဒီလုံယီက အကြီးအကဲပိရဲ့ သမီးနဲ့လည်း အတော်လေး နီးစပ်တယ်လို့ ကြားမိတယ်။ သူတို့ကြားမှာ တစ်ခုခု ရှိနေတာတော့ အသေအချာပဲ..."

အခြေအနေများကြောင့် ယန်ဇီချန်မှာ ယဉ်ကျေးမှု စကားပင် မဆိုနိုင်တော့ဘဲ ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။

ယန်ဇီချန်၏ ကျောပြင်ကို ကြည့်ရင်း လုံယီ၏ မျက်လုံးများမှာ နက်နဲသွားခဲ့သည်။

ဤနည်းလမ်းမှာ ပိယောင်ယောင် သင်ကြားပေးခဲ့သည့်အတိုင်း သူမဖခင်၏ အရှိန်အဝါကို အသုံးချကာ ဟန့်တားခြင်းပင်။ သို့သော် ဤနည်းလမ်းမှာ အမြဲတမ်းတော့ အလုပ်ဖြစ်မည် မဟုတ်ပေ။

လုံယီသည် ဂူအပြင်ဘက်သို့ ထွက်ကြည့်လိုက်ရာ ယန်ဇီချန်သည် အခြားတပည့်များ၏ ဂူတံခါးများဆီသို့ သွားနေသည်ကို မြင်လိုက်ရသည်။ လုံယီအပြင် စစ်ဆေးမခံရသေးသော သူအများစုမှာ ဝမ်တောက်တောင်ထွတ်တွင် နေထိုင်ကြသော်လည်း တပည့်များနေထိုင်ရာ တောင်ထွတ်တွင်လည်း အခြားသုံးဦး ရှိနေသေးသည်။

ထိုသုံးဦးမှာ ချီသန့်စင်ခြင်း အလယ်အဆင့်သို့ ရောက်ရှိနေသော်လည်း ဆရာတစ်ဦးဦးထံတွင် တပည့်ခံထားခြင်း မရှိကြသေးသူများ ဖြစ်သည်။

ယန်ဇီချန်သည် ထိုသူများထံသို့ တစ်ဦးပြီးတစ်ဦး သွားရောက်ခဲ့သော်လည်း သူပြန်ထွက်လာသည့် အမူအရာကို ကြည့်ရုံနှင့်ပင် မည်သည့်ရလဒ်မျှ မရခဲ့ကြောင်း သိသာလှသည်။

လုံယီမှာ ထိုအခြေအနေကို မြင်သောအခါ စိတ်အနည်းငယ် သက်သာရာရသွားပြီး ထိုသူများထံသို့ သွားရောက် စုံစမ်းကြည့်လိုက်သည်။

“ဒီယန်ဇီချန်က ငါတို့ကို လူအယုံလို့ ထင်နေတာလား”

လျိုကျွင်းက ဒေါသတကြီးဖြင့် ပြောသည်။

“လူတိုင်း သိနေတာပဲ။ အကြီးအကဲဝမ်က စိတ်စစ်မှန်ကျောက်စိမ်းမှန်ကို ပြန်ပေးလိုက်ပြီလေ။ ငါတို့ အမှန်အတိုင်း ပြော၊ မပြောကို သူက ဘယ်လိုလုပ်ပြီး သိမှာလဲ။ အကယ်၍ သူက ဒေါသတကြီးနဲ့ ငါတို့ကို မတော်တဆ သတ်လိုက်ရင်ရော ဂိုဏ်းက အကြီးအကဲတစ်ယောက်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးပါ့မလား”

“အပြစ်ပေးခဲ့ရင်တောင် ငါတို့က ရှိတော့မှာမှ မဟုတ်တာ”

တင်းယန်က သက်ပြင်းချရင်း ပြောလိုက်သည်။

“နောက်ပြီး ငါတို့ကိုယ်တိုင်လည်း အဲဒီနောက်ဆုံးအဆင့်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ သေချာ မမှတ်မိတော့ဘူးလေ”

မြေးဖြစ်သူ ဆုံးရှုံးလိုက်ရသော အကြီးအကဲဝမ်အတွက် ထိုဂူထဲမှ ထွက်လာသူတိုင်းမှာ သူ၏မြေးကို သတ်ခဲ့သူများ ဖြစ်နေနိုင်သည်။ အကြီးအကဲဝမ်၏ နာမည်မှာလည်း အစကတည်းက မကောင်းလှသဖြင့် သူ၏ ဂူဗိမာန်မှာ ကျားတွင်း၊ နဂါးတွင်းကဲ့သို့ပင် ဖြစ်ရာ မည်သည့်တပည့်မျှ အသက်ကို အရင်းမပြုလိုကြပေ။

“ဟုတ်တာပေါ့”

လုံယီက ခေါင်းညိတ် ထောက်ခံလိုက်ကာ သွားရန် ငြင်းဆိုသူ များပြားလေလေ၊ သူ၏ အနေအထားမှာ ပို၍ လုံခြုံလေလေ ဖြစ်ပြီး ဖိအားလည်း လျော့နည်းသွားမည်ပင်။

သို့သော် သူပြန်ခါနီးတွင် တိတ်ဆိတ်နေသော ရှန်းရှန်းကို သတိထားမိလိုက်ရာ သူသည် အလွန်အမင်း စိတ်ဖိစီးနေပုံရပြီး ချွေးများပင် ပြန်နေရှာသည်။ အကြီးအကဲတစ်ဦး၏ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်ရခြင်းမှာ သူ့အတွက် ကြီးမားသော ဖိအား ဖြစ်နေပုံပင်။

နောက်ရက်များတွင်လည်း အကြီးအကဲဝမ်၏ အခြားတပည့်ရင်းများမှာ တပည့်များနေထိုင်ရာ တောင်ထွတ်သို့ လာရောက်ကာ သူတို့ကို ဆက်လက် နားချနေကြတော့သည်။

အစပိုင်းတွင် သူတို့သည် အကျိုးအမြတ်များဖြင့် မြူဆွယ်ခဲ့ကြသည်။ အကြီးအကဲဝမ်ကိုယ်တိုင် ကျင့်စဉ်များ သင်ကြားပေးမည် သို့မဟုတ် ဆေးလုံးများ ချီးမြှင့်မည်ဟု ပြောကာ သိမ်းသွင်းခဲ့ကြခြင်းပင်။

ထို့နောက်တွင်မူ ခြိမ်းခြောက်သည့် နည်းလမ်းကို အသုံးပြုလာကြသည်။ တိုက်ရိုက်ကြီး မဟုတ်သော်လည်း နှစ်ကုန်ပိုင်း တပည့်များ အရည်အချင်းစစ်ဆေးရာတွင် အကြီးအကဲဝမ်က အဓိက စစ်ဆေးသူ ဖြစ်လာနိုင်ကြောင်းနှင့် မည်သူနှင့် ယှဉ်ပြိုင်ရမည်ကို စီစဉ်နိုင်စွမ်းရှိကြောင်း သွယ်ဝိုက်၍ သတိပေးလာကြသည်။

ချီသန့်စင်ခြင်း အလယ်အဆင့် အရည်အချင်းစစ်ဆေးမှုတွင် လက်တွေ့တိုက်ခိုက်မှုအပိုင်းမှာ အမှတ်ပေးရာ၌ အလွန်အရေးပါသည်။ ထိုစစ်ဆေးမှုရလဒ်သည် နောက်နောင်ရရှိမည့် အထောက်အပံ့များနှင့် ဂိုဏ်း၏ အကျိုးခံစားခွင့်များကိုပါ သက်ရောက်မှုရှိရာ မည်သည့်တပည့်မျှ လျစ်လျူမရှုနိုင်ကြပေ။

ဤသို့ဖြင့် တစ်ပတ်ခန့် ကြာမြင့်သွားခဲ့သည်။

နောက်ဆုံးတွင် ရှန်းရှန်းသည် ဖိအားကို မခံနိုင်တော့ဘဲ အကြီးအကဲဝမ်၏ ဂူဗိမာန်သို့ ပထမဆုံး သွားရောက်ခဲ့ရတော့သည်။ သူပြန်လာသည့်အခါတွင်မူ အလွန်ပင် စိတ်မသက်မသာဖြစ်နေသည့် အမူအရာကို မည်သူမဆို မြင်နိုင်သည်။

“ဘာဖြစ်လာတာလဲ။ အကြီးအကဲဝမ်က မင်းကို ဘာလုပ်လိုက်လို့လဲ”

လျိုကျွင်းက စိုးရိမ်တကြီး မေးမြန်းသည်။

“ငါတို့ကို မြန်မြန်ပြောပြဦး။ ငါတို့လည်း ကြိုတင်ပြင်ဆင်ထားလို့ရအောင်”

တင်းယန်ကလည်း တိုက်တွန်းသည်။

အကြီးအကဲဝမ်၏ စစ်ဆေးမှုကို မခံရသေးသော ဝမ်တောက်တောင်ထွတ်မှ တပည့်များပင် ဤကိစ္စကို အထူးစိုးရိမ်သဖြင့် တပည့်များနေထိုင်ရာ တောင်ထွတ်သို့ ရောက်ရှိလာကြသည်။

“ငါ... ငါပြောလို့မရဘူး”

ရှန်းရှန်းက ခါးသီးစွာ ပြုံးလျက် ခေါင်းခါယမ်းလိုက်သည်။ သူ၏ မျက်နှာမှာ အမှောင်အတိ ကျနေတော့သည်။

“ပြောလို့မရဘူး ဟုတ်လား။ သူက မင်းကို နှလုံးသားကတိသစ္စာပြုခိုင်းလိုက်တာလား” ဝမ်တောက်တောင်ထွတ်မှ တပည့်တစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

ရှန်းရှန်း ရုတ်တရက် တိတ်ဆိတ်သွားသည်ကို မြင်လိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာများ ပျက်သွားကြတော့သည်။

နှလုံးသားကတိသစ္စာသို့မဟုတ် စိတ်မိစ္ဆာကတိသစ္စာဆိုသည်မှာ အလွန်နက်နဲလှသော်လည်း အမှန်တကယ် ထိရောက်သည့် အရာဖြစ်သည်။ အကယ်၍ ထိုကတိကို ဖောက်ဖျက်မိပါက အဆင့်တက်ရန် ကျင့်ကြံသည့်အခါတိုင်း စိတ်မိစ္ဆာ၏ တိုက်ခိုက်မှုကို ခံရပေလိမ့်မည်။

အနည်းငယ် ပေါ့ဆမိရုံဖြင့် ကျင့်စဉ်များ ဖရိုဖရဲဖြစ်ကာ ရူးသွပ်သွားနိုင်သလို အသက်အန္တရာယ်ပင် စိုးရိမ်ရသည်။ ထိုကတိသစ္စာသည် ကျင့်ကြံသူတစ်ဦးအတွက် ဘဝတစ်လျှောက်လုံး အဆင့်တက်တိုင်း ရင်ဆိုင်ရမည့် ခြောက်လှန့်မှုကြီးတစ်ခု ဖြစ်သွားနိုင်သည်။

အလောင်းထိန်းချုပ်ရေးဂိုဏ်းမှ တပည့်များအတွက် နှလုံးသားကတိသစ္စာမှာ မစိမ်းလှပေ။ သူတို့သည် အလောင်းလောင်းကစားရာတွင် ပွဲမစစ်ဘဲ ရှုံးပေးခြင်းမျိုး မလုပ်ရန် ထိုကဲ့သို့ ကတိပြုလေ့ရှိကြသည်။

သို့သော် သူအလိုအလျောက် ကတိပြုခြင်းနှင့် အတင်းအကျပ် အကျပ်ကိုင်ခံရခြင်းမှာ သဘာဝချင်း လုံးဝ ခြားနားသည်။

“တောက် အကြီးအကဲဝမ်ကတော့ အရမ်းလွန်နေပြီ။ ငါ စည်းကမ်းထိန်းသိမ်းရေးခန်းမကို သွားတိုင်ရမယ်”

စိတ်တိုတတ်သော လျိုကျွင်းက ဒေါသတကြီး အော်ဟစ်သည်။ သူက ဂိုဏ်းအကြီးအကဲကိုပင် တိုင်တန်းရန် ဝန်မလေးသူ ဖြစ်သည်။

“မလုပ်ပါနဲ့ အဲဒီလိုလုပ်ရင် ရှန်းရှန်းပဲ ထိခိုက်လိမ့်မယ်”

တစ်ဦးက တားမြစ်လိုက်သည်။

“မင်းမှာ ဘာအထောက်အထားမှ မရှိဘူးလေ။ ရှန်းရှန်းက ဘာမှမပြောတဲ့အတွက် ဒါတွေက ငါတို့ရဲ့ ထင်ကြေးတွေပဲ ဖြစ်နေမှာ”

“ဒီလိုဆိုရင် ငါတို့အားလုံး တောင့်ခံထားကြရအောင်။ ဘယ်သူမှ မသွားကြနဲ့”

တင်းယန်က အေးစက်စက် ပြောလိုက်သည်။

“ဒီနေ့ အတင်းအကျပ် ကတိပြုခိုင်းတာဟာ မနက်ဖြန်ကျရင် မင်းနဲ့ငါ့အတွက် စိတ်မိစ္ဆာ ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ”

“ဟုတ်တယ် ဒီနေ့ အတင်းအကျပ် ကတိပြုလိုက်ရတာက တစ်သက်လုံးအတွက် စိတ်မိစ္ဆာ ဖြစ်သွားနိုင်တာပဲ”

ထိုစကားကို ကြားလိုက်ရသည့်အခါ အခြားသူများလည်း ထိတ်လန့်သွားကြသည်။

ကျင့်ကြံသူတိုင်းတွင် ကိုယ်ပိုင် တွက်ချက်မှုများ ရှိကြရာ အကြီးအကဲဝမ်၏ အလွန်အကျွံ လုပ်ရပ်များက တပည့်များ၏ တွန်းလှန်လိုစိတ်ကို ပို၍ ခိုင်မာသွားစေခဲ့သည်။ ဤအခြေအနေမှာ လုံယီအတွက် သက်ပြင်းချနိုင်မည့် အချိန်တစ်ခု ရရှိစေခဲ့သည်။

သို့သော်လည်း တစ်နေ့တွင်မူ လျိုကျွင်းသည် ထမ်းစင်ဖြင့် တပည့်များနေထိုင်ရာ တောင်ထွတ်သို့ ပြန်ပါလာခဲ့သည်။ သူ၏ ခြေထောက်နှစ်ဖက်စလုံး ကျိုးနေပြီး မျက်နှာမှာလည်း ဖြူဖျော့နေကာ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရထားသည်။

သူ၏ ဤဘဝတွင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။

“ဘာဖြစ်တာလဲ ဘာတွေဖြစ်ခဲ့တာလဲ”

တင်းယန်က တုန်လှုပ်စွာ မေးလိုက်သည်။

“ငါ ဂိုဏ်းပြင်ပကို တာဝန်တစ်ခုနဲ့ ထွက်သွားတုန်းက လမ်းခုလတ်မှာ ချုံခိုတိုက်ခိုက်ခံရတာ။ အခုတော့ ဒီလို ဖြစ်သွားပြီ...”

လျိုကျွင်းက ခါးသီးသော လေသံဖြင့် ပြောရှာသည်။

"တပည့်တွေရဲ့ တာဝန်လက်ခံမှု အသေးစိတ်အချက်အလက်ဆိုတာမျိုးက လျှို့ဝှက်ချက်ပဲလေ... အပြင်လူတစ်ယောက်က ဒါကို ဘယ်လိုလုပ် သိနိုင်မှာလဲ။ တကယ်လို့ ရာထူးကြီးတဲ့ လူတစ်ယောက်ယောက်က အနောက်ကနေ လာဘ်ထိုး ထုတ်ပေးလိုက်တာမျိုး မဟုတ်ရင်တော့... ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ"

ထိုဖြစ်ရပ်ပြီးနောက် အခြားတပည့်များမှာ တိတ်ဆိတ်သွားကြတော့သည်။ အကယ်၍ သူတို့သည် ဂိုဏ်းပြင်ပသို့ တာဝန်ဖြင့် လုံးဝ မထွက်ဘဲ မနေနိုင်ပါက သူတို့၏ ခန္ဓာကိုယ်မှာ ထာဝရ ဒုက္ခိတဖြစ်သွားနိုင်ပြီး ကျင့်ကြံခြင်းလမ်းခရီး ဆုံးခန်းတိုင်သွားပေလိမ့်မည်။

သူတို့၏ မသေမျိုးလမ်းခရီးကို မည်သူမျှ အရင်းမပြုရဲကြပေ။

ထို့ကြောင့် တပည့်များနေထိုင်ရာ တောင်ထွတ်မှ တင်းယန်သာမက ဝမ်တောက်တောင်ထွတ်မှ အကြီးအကဲများ၏ တပည့်အချို့ပါ အရှုံးပေးလိုက်ကြရသည်။

သူတို့သည် အကြီးအကဲဝမ်၏ ဂူဗိမာန်သို့ အောက်ကျနောက်ကျ သွားရောက်ခဲ့ကြပြီး ဝမ်ဝမ်ပိုင် သေဆုံးမှုတွင် ပါဝင်ခြင်းမရှိကြောင်း အရှက်တကွဲဖြင့် နှလုံးသားကတိသစ္စာ ပြုခဲ့ကြရတော့သည်။

သုံးဦးသာ ကျန်ရှိတော့သည်။

ပထမတစ်ဦးမှာ တံခါးပိတ်ကျင့်ကြံနေကြောင်း ကြေညာထားသည့် ယိုချင်းယီ၊ ဒုတိယတစ်ဦးမှာ နောက်ခံတောင့်တင်းလှသော ပိယောင်ယောင်နှင့် နောက်ဆုံးတစ်ဦးမှာမူ အစစ်အမှန်တရားခံ ဖြစ်သည့် လုံယီပင်။

လုံယီသည် အကြီးအကဲဝမ်၏ ဂူဗိမာန်သို့ သွားရန် အခုထိ ငြင်းဆန်နေဆဲဖြစ်သည်ကို မြင်သောအခါ ယန်ဇီချန်သည် သူ့ထံသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့ပြန်သည်။

အခန်း။ ၃၈၄

“ညီလေးလုံ... မင်းက ဘာကို ကြောက်နေတာလဲ”

ယန်ဇီချန်သည် လုံယီ၏ ရိုးရှင်းလှသော ဂူအတွင်းသို့ ဝင်လာပြီး ပို၍ပင် ရဲတင်းစွာ ပြောဆိုလာတော့သည်။

“ငါ့ညီလေးဝမ်ကို သတ်ခဲ့တဲ့ တကယ့်လူသတ်သမားက ဘယ်သူလဲဆိုတာ မင်းသိလား”

“ပိယောင်ယောင်လား... ဒါမှမဟုတ် ယိုချင်းယီလား”

ယန်ဇီချန်၏ လေသံမှာ တိုးညင်းသော်လည်း ဆွဲဆောင်မှုအပြည့် ရှိနေသည်။

“မင်းသာ အမှန်အတိုင်း ပြောပြမယ်ဆိုရင် ငါ့ဆရာက မင်းရဲ့ လုံခြုံရေးကို အာမခံပေးရုံတင်

မကဘူး။ မင်းအလိုရှိတဲ့ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်တွေနဲ့ အဆင့်တက်စေမယ့် ဆေးလုံးတွေကိုပါ စိတ်ကြိုက် ရွေးချယ်ခွင့် ပေးလိမ့်မယ်။ သူတို့နောက်ခံတွေက သာမန်မဟုတ်ဘူးဆိုပေမဲ့ အလောင်းထိန်းချုပ်ရေးဂိုဏ်းက ဂိုဏ်းရဲ့ စည်းကမ်းဥပဒေကို အလေးထားတယ်လေ။ တပည့်အချင်းချင်း သတ်ဖြတ်တာကို ဘယ်သူမှ လက်တစ်လုံးခြား လုပ်လို့မရဘူး”

အမှန်တကယ်တွင် ယန်ဇီချန်သည် လုံယီကို လူသတ်သမားဟု မသံသယဝင်ပေ။ အကြောင်းမှာ လုံယီ၏ ချီသန့်စင်ခြင်း တတိယအဆင့် ကျင့်ကြံမှုမှာ အလွန်ပင် နိမ့်ပါးလွန်းသည်ဟု ထင်ရသောကြောင့်ပင်။ ထို့ကြောင့် သူ၏ သံသယမှာ ပိယောင်ယောင်နှင့် ယိုချင်းယီတို့ထံသို့သာ ဦးတည်နေတော့သည်။

“စီနီယာယန်... အထင်နဲ့ လျှောက်မပြောပါနဲ့။ ကျွန်တော် တကယ်ပဲ မသိတာပါ”

လုံယီက တဲ့တိုးပင် ငြင်းဆို လိုက်သည်။

“ဒါဆိုရင် ဘာလို့ မင်းရဲ့ ဖြူစင်မှုကို သက်သေပြဖို့ ငါ့ဆရာ့ဆီကို မသွားရဲတာလဲ ညီလေးလုံ”

“မြင်းကို ရေတွင်းနားအထိ ခေါ်သွားလို့ရပေမဲ့ ရေသောက်အောင်တော့ အတင်းလုပ်လို့ မရဘူးလေ။ ကျွန်တော်က အဲဒီလို ခေါင်းမာတဲ့ နွားတစ်ကောင်ပဲ”

လုံယီက ဒဿနဆန်ဆန် စကားလုံးများဖြင့် ရောချကာ အဓိပ္ပာယ်မရှိသည်များကို ပြောဆိုနေတော့သည်။

“ပိယောင်ယောင်ကြောင့်လား”

ယန်ဇီချန်က လုံယီကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။

“ဒါမှမဟုတ်ရင် အကြီးအကဲပိက မင်းကို ငါ့ဆရာ့ဆီ မသွားခင် သူ့ကို အရင်အကြောင်းကြားဖို့ ဘာလို့ ပြောထားရမှာလဲ။ သူ့သမီးကို ကာကွယ်ပေးချင်လို့ မဟုတ်ဘူးလား”

ယန်ဇီချန်သည် လုံယီ၏ မျက်နှာအမူအရာ အပြောင်းအလဲကို သိနိုင်ရန် မျက်တောင်မခတ်တမ်း ကြည့်နေသည်။ သို့သော် ကံမကောင်းစွာဖြင့် လုံယီ၏ ကြွက်သားထိန်းချုပ်နိုင်စွမ်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ ချီသန့်စင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦး မဆိုထားနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်ကြီးတစ်ဦးပင် သူ၏ အမူအရာပျက်ယွင်းမှုကို မြင်နိုင်မည်မဟုတ်ပေ။

“စီနီယာယန်... စောစောစီးစီး ပြန်နားတာ ကောင်းပါလိမ့်မယ်။ ကျင့်ကြံခြင်းကသာ အရေးကြီးဆုံးကိစ္စပါ။ ဒီလို အကျိုးမရှိတဲ့ အလုပ်တွေမှာ အချိန်မဖြုန်းပါနဲ့ဦး”

လုံယီက ယန်ဇီချန်ကို ပြောင်းပြန်ပင် အကြံပေးလိုက်သဖြင့် ယန်ဇီချန်မှာ အံ့အားသင့်ကာ ဘာပြောရမှန်းမသိ ဖြစ်သွားတော့သည်။

ဒီကောင်တော့...

ယန်ဇီချန်သည် စိတ်ထဲမှ ဒေါသထွက်နေသော်လည်း လုံယီကို မည်သို့မျှ မလုပ်နိုင်ပေ။ သူ၏ ဝိညာဉ်ချီစွမ်းအင်များ အကြိမ်ကြိမ် ပေါက်ကွဲထွက်လုနီးပါး ဖြစ်ခဲ့သော်လည်း ပြန်လည် ထိန်းချုပ်လိုက်ရသည်။

ဂိုဏ်းအတွင်း၌ မည်သူမျှ လက်မရဲဝံ့ကြပေ။ အလောင်းထိန်းချုပ်ရေးဂိုဏ်း၏ နယ်မြေမှာ နှစ်ပေါင်းထောင်ချီ၊ သောင်းချီသော အစီအရင်များနှင့် အမှတ်အသားများ ပြည့်နှက်နေရာ အကြီးအကဲတိုင်းက လက်သည်ကို အလွယ်တကူ ရှာဖွေနိုင်သောကြောင့်ပင်။

ယန်ဇီချန် ထွက်သွားပြီးနောက် လုံယီသည် ပိယောင်ယောင်ထံသို့ သွားရောက်ကာ ဤအတောအတွင်း ဂိုဏ်းပြင်ပသို့ မထွက်ရန် သတိပေးခဲ့သည်။

သူမတွင် အကြီးအကဲပိ၏ နောက်ခံရှိသော်လည်း အကြီးအကဲဝမ်က အရာအားလုံးကို အရင်းပြုကာ လက်စားချေမည်ကို သူ စိုးရိမ်သောကြောင့်ပင်။

နောက်ရက်များမှာ ငြိမ်သက်စွာ ကုန်ဆုံးသွားခဲ့သည်။ လုံယီက စိတ်အေးလက်အေး နေရတော့မည်ဟု ထင်ထားသော်လည်း တစ်နေ့တွင် ဝူကျိုနယ်မြေမှ အပြန် သူ၏ ဂူတံခါးဝ၌ ရပ်နေသော အနက်ရောင် ဝတ်စုံဝတ်ထားသည့် လူတစ်ဦးကို မြင်လိုက်ရသည်။

အကြီးအကဲဝမ်ကိုယ်တိုင် သူ့ကို လာရောက်ရှာဖွေခြင်းပင်။

“ငါ့မှာတော့ ဒီဘဝမှာ ရွှေအမြုတေအဆင့်တက်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး။ အဲဒါကြောင့် မျှော်လင့်ချက် အားလုံးကို ငါ့မြေး ဝမ်ဝမ်ပိုင်အပေါ်မှာပဲ ပုံထားခဲ့တာ။ သူက စိတ်ဓာတ်ခိုင်မာပြီး ပါရမီလည်း ထူးချွန်တယ်။ နောင်တစ်ချိန်မှာ ငါ့ကို ကျော်တက်သွားမှာက အသေအချာပဲ... ဒါပေမဲ့ သူ သေသွားပြီ”

အကြီးအကဲဝမ်က ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ သွေးကဲ့သို့ ရဲရဲနီနေပြီး ပြင်းထန်လှသော အရှိန်အဝါများကို လုံယီထံသို့ ထုတ်လွှတ်လိုက်သည်။

“လုံယီ... မင်းကို ပါးပါးနပ်နပ် လုပ်ဆောင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ တချို့လူတွေက မင်းကို ခေတ္တခဏပဲ ကာကွယ်ပေးနိုင်မှာပါ။ တစ်သက်လုံးတော့...”

အကြီးအကဲဝမ်၏ စကားမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူ၏ ရှေ့တွင် လုံယီသည် နက်မှောင်သော ခရစ္စတယ်နှင့်တူသည့် အသံနှင့်ပုံရိပ်ဖမ်းကျောက်တုံးတစ်ခုကို ကိုင်ကာ သူ့ကို ဗီဒီယိုရိုက်နေခြင်းပင်။

“အကြီးအကဲ... ဘာပြောချင်လို့လဲခင်ဗျာ”

လုံယီက နားမလည်သလို မေးလိုက်သည်။

အကြီးအကဲဝမ်သည် ထိုကျောက်တုံးပေါ်တွင် အကြီးအကဲပိ၏ အရှိန်အဝါ အစအနများကို အာရုံခံမိလိုက်သည်။ သူသည် ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ၏ ခြေဖဝါးအောက်တွင် ငှက်ပျောရွက်ပုံစံ ဝိညာဉ်လက်နက်တစ်ခု ပေါ်လာကာ ဝူးခနဲ အသံနှင့်အတူ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ဒီအဖိုးကြီးကတော့ တကယ့်ကို အရှက်မရှိတာပဲ။

လုံယီက စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ ဤတစ်ကြိမ်တွင်မူ သူသည် အကြီးအကဲဝမ်ကို အကြီးအကျယ် စော်ကားမိလိုက်ပြီ ဖြစ်ကြောင်း သိလိုက်သည်။ ဝမ်ဝမ်ပိုင်ကိစ္စ မရှိလျှင်ပင် ထိုသူမှာ သူ့ကို နောင်တွင် လွှတ်ပေးလိမ့်မည်မဟုတ်ပေ။

သို့သော် သူ၏ ဂူဗိမာန်သို့ ပြန်ရောက်သောအခါ အကြီးအကဲဝမ်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။

တစ်ခုခုတော့ မှားနေပြီ။ ငါ့ရဲ့ ဖိအားအောက်မှာ သူက ဘယ်လိုလုပ်ပြီး အသံဖမ်းကျောက်တုံးကို ထုတ်နိုင်မှာလဲ။ သာမန်တပည့်ရင်းတစ်ယောက်တောင် ဒါကို လုပ်နိုင်မှာ မဟုတ်ဘူး။ အကြီးအကဲဝမ်၏ မျက်နှာမှာ မှောင်ကျသွားပြီး ဤပြင်ပတပည့်လေးကို သူ လျှော့တွက်ခဲ့မိကြောင်း သိလိုက်ရသည်။

သူ၏ မျက်လုံးများတွင် ရက်စက်သော အလင်းတန်းများ ဝင်းလက်လာပြီး သူ၏ ခါးရှိ အိတ်ကို ရုတ်တရက် ပုတ်လိုက်ရာ အနက်ရောင် အရိပ်တစ်ခုမှာ ဂါး ဂါး ဂါးဟု အော်ဟစ်ကာ ပျံထွက်သွားတော့သည်။

ယခုအခါ ညဉ့်နက်နေပြီ ဖြစ်သည်။ လမင်းကြီးမှာ ထိန်ထိန်သာနေပြီး ကြယ်တာရာများမှာ ကျယ်ပြောလှသော ကောင်းကင်ယံထက်တွင် စီခြယ်ထားသော ရတနာများကဲ့သို့ တဖျတ်ဖျတ် တောက်ပနေကြသည်။

တပည့်များနေထိုင်ရာ တောင်ထွတ်သည် မီးခိုးရောင် မြူနှင်းများဖြင့် ဖုံးလွှမ်းနေပြီး ဂိုဏ်းသားအားလုံးမှာလည်း မြူများကို ဟန့်တားရန် ဂူရှေ့၌ အစီအရင်များ ပြုလုပ်၍ အနားယူနေကြပြီ ဖြစ်သည်။

သို့သော် တောင်ထိပ်၏ အကျယ်ပြန့်ဆုံး နေရာတစ်ခုတွင် မီးခိုးရောင် ဝတ်စုံဝတ် လူငယ်တစ်ဦးမှာ တင်ပျဉ်ခွေလျက် ထိုင်နေသည်။ သူ၏ အသားအရည်မှာ ကြေးနီရောင်နှင့် ငွေရောင်တို့ ရောယှက်နေပြီး ကိုယ်ပေါ်သို့ ကျရောက်နေသော လအလင်းတန်းများမှာ ရေစီးသကဲ့သို့ စီးဆင်းကာ သူ့ကိုယ်တွင်းသို့ အဆက်မပြတ် စုပ်ယူခံနေရပုံပေါ်သည်။

ရုတ်တရက် ထိုလူငယ်က လှုပ်ရှားမှုကို ရပ်တန့်လိုက်သဖြင့် သူ၏ ကိုယ်မှ ထူးခြားသော ဖြစ်စဉ်များ ပျောက်ကွယ်သွားသည်။ သူသည် ပေအနည်းငယ်အကွာရှိ သစ်ပင်ကြီးတစ်ပင်ဆီသို့ ခေါင်းလှည့်ကြည့်လိုက်သည်။

ထိုသစ်ကိုင်းထက်တွင် တစ်လက်မခန့်ရှိသော ကျီးကန်းတစ်ကောင်မှာ မည်သည့်အချိန်

ကတည်းက ရောက်နေသည်မသိဘဲ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ၎င်း၏ အတောင်ပံများမှာ မှောင်အတိကျနေပြီး မျက်လုံးများမှာမူ သွေးကဲ့သို့ ရဲရဲနီလျက် ရက်စက်ကာ ပါးနပ်သော အလင်းတန်းများဖြင့် တောက်ပနေတော့သည်။

ဒါက ဘာကြီးလဲ...

လုံယီသည် သူ၏ ညာဘက်လက်ကို ဆန့်တန်းလိုက်ပြီး ခန္ဓာဖျက်အင်အားစစ်ကို ထုတ်လွှတ်ကာ ထိုကျီးကန်းကို ပစ်သတ်ရန် ပြင်လိုက်သည်။

သို့သော် ရုတ်တရက်ဆိုသလို ကြီးမားသော ဘေးအန္တရာယ်တစ်ခု နီးကပ်လာသကဲ့သို့ ခံစားလိုက်ရပြီး ဦးရေပြားများ တစိမ့်စိမ့်ဖြစ်ကာ နှလုံးခုန်သံမှာလည်း တစ်ချက် ရပ်တန့်သွားခဲ့သည်။

ကီး...

သူ၏ စိတ်အာရုံထဲတွင် သိန်းငှက်တစ်ကောင်က စူးစူးရှရှ အော်ဟစ်ကာ စိတ်လိုက်မာန်ပါ မလုပ်ရန် သတိပေးလိုက်ပုံပင်။

ဒါ အကြီးအကဲဝမ်ရဲ့ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်လား။

လုံယီသည် မျက်မှောင်ကြုတ်ကာ ညာဘက်လက်ကို ပြန်ချလိုက်သည်။ သူ၏ အင်အားစစ်သည် ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့် ဝိညာဉ်အတတ်များနှင့် ယှဉ်နိုင်ပြီး သာမန်ယုတ္တိထက်ပင် သာလွန်လှသည်။ အကယ်၍ သူသာ ထုတ်သုံးလိုက်ပါက သူ၏ လျှို့ဝှက်ချက်များ ပေါ်သွားပေလိမ့်မည်။

ထိုကျီးကန်းက သူ့ကို စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ လုံယီသည် နေရာအနည်းငယ် ရွှေ့လိုက်ပြီး အလင်းရောင် အနည်းငယ် နည်းသော နေရာတွင် နက္ခတ်တာရာ ခန္ဓာကျင့်စဉ်ကို ဆက်လက် ကျင့်ကြံရန် ပြင်လိုက်သည်။

သို့သော် ကျီးကန်းက ထိုနေရာသို့ ထပ်မံ ပျံသန်းလာပြီး သူ့ကို စောင့်ကြည့်နေပြန်သဖြင့် စိတ်ချလက်ချ မကျင့်ကြံရဲတော့ပေ။ ကျီးကန်း၏ တစ်ဖက်တွင် ရှိနေသော အကြီးအကဲဝမ်က သူသည် ခန္ဓာကိုယ် သန့်စင်သည့် ကျင့်စဉ်ကို ကျင့်ကြံနေကြောင်း သိသွားမည်ကို စိုးရိမ်သောကြောင့်ပင်။

ထို့ကြောင့် ဘေးကင်းစေရန်အတွက် လုံယီသည် သူ၏ ဂူအတွင်းသို့ ပြန်ဝင်ခဲ့တော့သည်။ တပည့်များနေထိုင်ရာ တောင်ထွတ်ရှိ ဂူတိုင်းတွင် အပြင်ဘက်၌ အစီအရင်များ ရှိကြသည်။ ဤတစ်ကြိမ်တွင်မူ ကျီးကန်းမှာ ဇွတ်မဝင်ရဲပေ။ အကယ်၍ ဝင်လာပါက လုံယီအနေဖြင့် တရားဝင် သတ်ပစ်ပိုင်ခွင့် ရှိသောကြောင့်ပင်။

တစ်ညလုံး အနားယူပြီးနောက် နောက်တစ်နေ့ အပြင်သို့ ထွက်လာသောအခါ လုံယီ၏ မျက်နှာမှာ ပျက်သွားခဲ့သည်။ ကျီးကန်းသည် သူ၏ ဂူနှင့် မလှမ်းမကမ်းရှိ သစ်ပင်ကြီးပေါ်တွင် နားနေဆဲပင်။

၎င်းသည် ငိုက်မြည်းနေဟန် ရှိသော်လည်း လုံယီ အပြင်ထွက်လာသည်နှင့် ချက်ချင်း နိုးကြားသွားပြီး နီရဲသော မျက်လုံးများဖြင့် လုံယီကို စိုက်ကြည့်တော့သည်။

လုံယီ တောင်အောက်ဆင်းတော့လည်း ကျီးကန်းက လိုက်လာသည်။ လုံယီ ဝူကျိုနယ်မြေသို့ သွားတော့လည်း ကျီးကန်းက ပါလာသည်။ လုံယီ အခြားအကြီးအကဲများ၏ ဟောပြောပွဲသို့ သွားလျှင်ပင် ထိုကျီးကန်းမှာ အဝေးတစ်နေရာမှ တိတ်တဆိတ် စောင့်ကြည့်နေတတ်သည်။ တစ်ချိန်လုံးတွင် လုံယီသည် အကြီးအကဲဝမ်၏ စောင့်ကြည့်မှုအောက်၌ ရှိနေသဖြင့် လွတ်လပ်စွာ လှုပ်ရှား၍ မရတော့ပေ။

ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။ သူသည် နက္ခတ်တာရာကျင့်စဉ်ကိုလည်း မကျင့်နိုင်သလို လယ်ကွင်းထဲမှ ပိုးမွှားများကို သတ်ဖြတ်ကာ ချီစွမ်းအင်လည်း မစုဆောင်းနိုင်တော့ပေ။ အကြောင်းမှာ သူပြသထားသော ကျင့်ကြံမှုအဆင့်အရ ထိုဝိညာဉ်ပိုးမွှားများကို အလွယ်တကူ မနှိမ်နင်းနိုင်သောကြောင့်ပင်။

လုံယီမှာ တဖြည်းဖြည်း စိတ်ပူလာတော့သည်။ ဤအတိုင်းသာ ဆက်သွားနေပါက သူ ချီစွမ်းအင် စုဆောင်းနိုင်မည် မဟုတ်ဘဲ သူ၏ ခွန်အားမှာလည်း ရပ်တန့်နေပေလိမ့်မည်။

အကယ်၍ ခွန်အားမှာ ရပ်တန့်နေပြီး တစ်နှစ်ပြည့်၍ ဂိုဏ်းပြင်ပ တာဝန်များ ထွက်ရသည့်အခါတွင်မူ သူသည် အကြီးအကဲဝမ်၏ ရှေ့၌ အစစအရာရာ အားနည်းသူ ဖြစ်သွားပေလိမ့်မည်။

ဒီအဖိုးကြီးကတော့ တကယ့်ကို ယုတ်မာတာပဲ။

လုံယီသည် အကြီးအကဲဝမ်၏ အရှက်မရှိမှုကို စိတ်ထဲမှ ကျိန်ဆဲနေသော်လည်း ဖြေရှင်းရန် နည်းလမ်းမရှိပေ။

"တကယ်လို့... အဲဒီကျီးကန်းက အကြီးအကဲဝမ်ရဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်ပြီး ငါ့နောက်ကို တမင်လိုက်နေတာပါလို့ ပြောရင်ကော ဘယ်သူက ယုံမှာလဲ။ ဘယ်လို သက်သေပြရမှာလဲ။

ငါကသာ သက်သေပြနိုင်ခဲ့ရင်တောင်... တစ်ဖက်က ကျီးကန်းက မင်းနောက်လိုက်နေတာ ဘာဖြစ်လို့လဲ၊ မင်းမှာ ဖုံးကွယ်ထားစရာ လျှို့ဝှက်ချက်တွေ ရှိလို့ စိုးရိမ်နေတာလားလို့ ပြန်မေးလာရင် ငါ ဘယ်လိုဖြေရမလဲ"

သည်းခံရမှာပဲ။

လုံယီ သက်ပြင်းချလိုက်သည်။ အင်အားမလုံလောက်သေးခင်တွင် သည်းခံခြင်းကသာ အကောင်းဆုံးဖြစ်သည်။

ကံကောင်းသည်မှာ သူသည် ချီသန့်စင်ခြင်း အလယ်အဆင့်သို့ တက်လှမ်းရန် နီးကပ်နေပြီဖြစ်သည်။ အဆင့်တက်ပြီး ဆရာတစ်ဦးဦးထံတွင် တပည့်ခံလိုက်ရပါက အခြေအနေမှာ ပြောင်းလဲသွားနိုင်သည်။

“ညီလေးလုံ... အခုတလော ဘာတွေ အလုပ်ရှုပ်နေတာလဲ”

အရပ်ရှည်ရှည်၊ ကိုယ်လုံးသွယ်သွယ်နှင့် ချောမောသော လူငယ်တစ်ဦး လုံယီ၏ ဂူရှေ့သို့ ရောက်လာသည်။ သူကား မတွေ့ရသည်မှာ ကြာပြီဖြစ်သော ရုံရွှယ်ကျန်းပင်။

“ဒုက္ခတွေကို ရှောင်နေရတာပါပဲ”

လုံယီက အသံလွှင့်ကာ ဖြေလိုက်သည်။

“အဲဒီ... ကိစ္စအကြောင်းလား”

ရုံရွှယ်ကျန်းက လုံယီ၏ လက်ရှိ အခြေအနေကို ကြားသိထားပုံပင်။

“ငါ ကူညီပေးနိုင်တာ ရှိမလား”

“ရှိတာပေါ့”

လုံယီ၏ မျက်လုံးများ ဝင်းလက်သွားပြီး နည်းလမ်းတစ်ခုကို စဉ်းစားမိလိုက်သည်။

ခေတ္တအကြာတွင် ရုံရွှယ်ကျန်းသည် လုံယီ၏ ဂူအတွင်းမှ ထွက်လာခဲ့သည်။ သူသည် တစ်စုံတစ်ခုသော လားရာသို့ မသိမသာ ကြည့်လိုက်ပြီးနောက် ဝမ်တောက်တောင်ထွတ်ဆီသို့ ခပ်တည်တည်ဖြင့် လျှောက်သွားတော့သည်။

တစ်ချိန်တည်းမှာပင် သူလှမ်းကြည့်လိုက်သော ကျီးကန်းမှာမူ ဘာမှမသိဘဲ ၎င်း၏ နီရဲသော မျက်လုံးများဖြင့် လုံယီ၏ ဂူဝကိုသာ စူးစိုက်ကြည့်နေဆဲပင်။

နည်းလမ်းတော့ ရှိသွားပြီ။

ကျီးကန်း၏ အမြင်အာရုံမှ လုံးဝ လွတ်ကင်းသွားသည့်အခါ ရုံရွှယ်ကျန်း၏ နှုတ်ခမ်းထက်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာတော့သည်။

All Chapters