← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

အခန်း(191)

စုဝေ့မင်အနေဖြင့် စစ်တပ်မှ အငြိမ်းစားယူလာသော ဤအမျိုးသမီး ဆရာဝန်ကို အမြဲတစေ လေးစားခဲ့သည်။

ထို့အပြင် ဤအမျိုးသမီးမှ သူ၏မြေးကို ကုသပေးခဲ့သည် မဟုတ်ပါလား။

“ကောင်းပြီ”

စုဝေ့မင်၏ စကားကို ကြားလျှင် အစ်လျို့မှာလည်း သက်ပြင်းချနိုင်သွားသည် ။

“ကျွန်မလည်း ပြန်ရောက်ပြီး စဉ်းစားကြည့်လေလေ စိတ်မအေးနိုင်လေလေဖြစ်နေလို့၊ ရှောင်ကျွင့်က ဒီလောက် မြန်မြန်ဖျားလာဖို့ မဖြစ်နိုင်ဘူးလေ၊

အတန်းထဲက တခြားကလေးတွေလည်း လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ကူးစက်ခံထားရပုံရတယ်၊ ဒါပေမဲ့ မိဘတွေက သတိမထားမိကြတာ ဖြစ်မှာ”

ယခုခေတ်ကလေးများမှာ ခေတ်သစ်ကာလမှ ကလေးများကဲ့သို့ တန်ဖိုးထားခြင်း မခံရပါချေ။ တချို့သော ပေါ့ဆတတ်သော မိဘများအနေဖြင့် ကလေးက ကိုယ်တိုင်ပြောမှသာ နေမကောင်းဖြစ်သည်ကို သိရှိကြသည် မဟုတ်ပါလား။

“ကျွန်တော်တို့ မြန်မြန် လုပ်ရမယ်၊ တကယ်လို့ ဒီဗိုင်းရပ်စ်က စက်ရုံအပြင်ဘက်အထိ ပျံ့သွားရင် ပိုပြီးတော့ ဆိုးသွားလိမ့်မယ်”

ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများမှာ အစကတည်းက နည်းပါးလွန်းပြီး ဆေးရုံရှိ ဆရာဝန်များမှာလည်း ခေတ်ကာလကြောင့် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရသည်။

ထို့ကြောင့် ဆေးဘက်ဆိုင်ရာ အင်အားစုမှာ ပို၍ပင် နည်းပါးလွန်းပေသည်။ ဆေးဝါးစက်ရုံမှ ကလေးများမှာ အခြေအနေ အတော်လေး ကောင်းမွန်သော မိသားစုများမှ ဖြစ်ကြပြီး ခုခံအားကောင်းကြသည့်အတွက် ရောဂါကူးစက်ခံရလျှင်ပင် ကိုယ်တိုင်ပြန်လည်သက်သာရန် အခွင့်အရေး ပိုများပေသည်။

သို့သော် ပိုင်မားခရိုင်တွင် ဆင်းရဲသော ကလေးငယ်များစွာ ရှိနေပြီး၊ ခုခံအား နည်းလေလေ ရောဂါကူးစက်ခံရပြီးနောက် ပြင်းထန်စွာ ခံစားရနိုင်ခြေပို၍ မြင့်မားလေလေ ဖြစ်ပေသည်။

စုဝေ့မင်အနေဖြင့် ကလေးငယ်များ ရောဂါကူးစက်ခံရပြီးနောက် အချိန်မီကုသမှုမခံယူနိုင်ဘဲ နောက်ဆုံးတွင် ပြင်းထန်သောဝေဒနာများ ခံစားရမည်ကို အလွန်ပင် စိုးရိမ်ထိတ်လန့်နေခဲ့၏။

လီရှန်းမှာ ယခင်က ဤကဲ့သို့ဖြစ်လာနိုင်ခြေကို ထည့်သွင်းစဉ်းစားမိခြင်းမရှိခဲ့ပါချေ။ ထို့ကြောင့် ဤအကြောင်းကို ကြားလိုက်ရချိန်တွင် သူမ၏မျက်နှာအမူအရာက ပြောင်းလဲသွားပြီး စုဝေ့မင်ကို စိုးရိမ်တကြီးကြည့်လိုက်မိသည်။

“အဖေ၊ ကျွန်မ အဒေါ်တို့အိမ်ကို ပြန်သွားပြီး ဆရာဝန်ဖြစ်တဲ့ ဦးလေးဆီမှာ ဆေးရှိမရှိ သွားမေးကြည့်ရင် ကောင်းမလား”

ဆေး ဟုတ်လား?

လီရှန်း ပြောဖူးသော ဒန်ဒလီယွန်များအကြောင်းကို စုဝေ့မင် သတိရသွား၏။

“မင်း အဲဒါကို တကယ်ရအောင် ယူနိုင်လို့လား”

သူသည်က လီရှန်း၏ဦးလေးကိုပါ ပြဿနာထဲသိုး ဆွဲသွင်းမိမည်လားဟု အနည်းငယ် စိုးရိမ်နေမိပြန်သည်။

“ကျွန်မ ကြိုးစားကြည့်ပါ့မယ်”

လီရှန်းအနေဖြင့် တိကျစွာ ကတိမပေးရဲသော်လည်း အမှန်တကယ်တွင်ဆော့ သူမကိုယ်သူမ အတော်လေး ယုံကြည်မှုရှိနေခဲ့ပေသည်။

သူမအနေဖြင့် ဦးလေးဖြစ်သူထံသို့ မသွားဘဲ ကျန်းကျူးရိအား ကျေးလက်သို့ ပြန်ခိုင်းပြီး အလွယ်တကူ ရှောင်လွှဲနိုင်ပေသည်။

ကျေးရွာဒေသရှိ လူကြီးပိုင်းများတွင် ရိုးရာအစဉ်အလာအရ တောရိုင်းဟင်းသီးဟင်းရွက်များကို တူးဖော်လေ့ရှိသော အလေ့အထရှိကြသည်။ ထိုအပင်များမှာ ဆေးဖက်ဝင်သောအာနိသင်များ ရှိကြပေသည်။

ဥပမာအားဖြင့် မာလန်ထိုက အပူငြိမ်းစေခြင်း၊ အဆိပ်အတောက် ပြေစေခြင်းနှင့် ကင်ဆာကို တိုက်ဖျက်နိုင်ခြင်းစသည့် အာနိသင်များ ရှိချေသည်။ ဒန်ဒလီယွန်သည်လည်း ရောင်ရမ်းမှုကို သက်သာစေသော ‘ပုတီလန်’ဆေး၏ အဓိကပါဝင်ပစ္စည်း ဖြစ်ပေသည်။

မြင်းကန်စွန်းတွင်လည်း ဘက်တီးရီးယားနှင့် ရောင်ရမ်းမှုကို ဆန့်ကျင်သော ဂုဏ်သတ္တိများ ရှိသကဲ့သို့ အိုမင်းရင့်ရော်မှုကိုလည်း နှောင့်နှေးစေနိုင်ပေသည်။

ရွာသားများက အိမ်ရှေ့အိမ်နောက်တွင် စမုန်ဖြူပင်များကို စိုက်ပျိုးရသည်ကို နှစ်သက်ကြသည်ကိုတော့ ပြောစရာပင်မလိုပါချ။

ဤအပင်မှာ ပေါင်းပင်နှင့်တူသော်လည်း အမျိုးသမီးငယ်တစ်ဦး ကိုယ်ဝန်မမြဲဖြစ်နေပါက စမုန်ဖြူကျိုရည်ကို သောက်သုံးပေးခြင်းဖြင့် ကိုယ်ဝန်ပျက်ကျခြင်းကို ကာကွယ်ပေးနိုင်ပေသည်။

ကျန်းကျားရွာသည်က ချမ်းသာသောရွာတစ်ရွာ ဖြစ်သော်လည်း လူတိုင်းမှာ ငတ်မွတ်ခေါင်းပါးမှုကို ကြုံတွေ့ခဲ့ဖူးကြ၏။ နွေဦးကာလတွင် တောင်ကုန်းများတစ်လျှောက် တောရိုင်းဟင်းသီးဟင်းရွက်များ အလိုအလျောက် ပေါက်ရောက်နေကြပေသည်။

ထိုအချိန်မျိုးတွင် အလုပ်မလုပ်နိုင်တော့သည့် အဘွားအိုများစွာမှာ မြေးဖြစ်သူများကို ခေါ်ဆောင်ကာ တောင်ပေါ်သို့တက်၍ တောရိုင်းဟင်းသီးဟင်းရွက်များကို တူးဖော်ခူးဆွတ်ကြလေသည်။

၎င်းတို့ကို တူးပြီးနောက် အခြောက်ခံထားကြပြီး၊ နောက်ပိုင်းတွင် အခြောက်ခံဟင်းသီးဟင်းရွက် ဘန်းမုန့်များနှင့် ဖက်ထုပ်များပြုလုပ်ရာတွင် အသုံးပြုကြပေ၏။

ထိုအစားအစာမှာ ပွဲတော်ရက်များတွင်မှ စားရသော အရသာရှိသည့် အစားအစာများ ဖြစ်ပေသည်။

စုဝေ့မင် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် နာရီကိုကြည့်ကာ အချိန်စစ်ဆေးလိုက်ပြီး စုဝေ့ချင်းကို လှည့်ကြည့်လိုက်၏။

“မင်းလည်း လီရှန်းနဲ့အတူ လိုက်သွားလိုက်၊ အချိန်က အရမ်းနောက်ကျနေပြီ၊ မိန်းကလေးတစ်ယောက်တည်း သွားဖို့ဆိုတာ မလုံခြုံဘူး”

သူက စကားပြောရင်း အစ်မလျို့ဘက်သို့ လှည့်လိုက်ပြန်သည်။

“ရဲဘော်လျို့၊ ကျွန်တော့်ကို တစ်ခုလောက် ကူညီပါဦး၊ အမျိုးသမီးအဖွဲ့ချုပ်က ဝန်ထမ်းတွေရဲ့ အိမ်တွေကို တစ်ချက်လောက် သွားပေးလို့ ရမလား၊

လောင်လော်က လူနာတွေနဲ့ ထိတွေ့ထားလို့ အဖွဲ့ကို ဦးဆောင်ဖို့ မသင့်တော်ဘူးလေ၊ ဒါကြောင့် အစ်မလျို့ကပဲ အဖွဲ့ကိုဦးဆောင်ပြီး အိမ်တိုင်းစေ့ ကလေးတွေကို သွားစစ်ပေးပါဦး

ဆေးဝါးစက်ရုံက ကလေးစာရင်းက အမျိုးသမီးအဖွဲ့ချုပ်မှာ ရှိပါတယ်”

အစ်မလျို့သည်လည်း ဤကိစ္စမှာ အလွန်အရေးကြီးကြောင်း သိရှိသဖြင့် ချက်ချင်းပင် မတ်မတ်ရပ်လိုက်ပြီး လက်ခံခဲ့သည်။

“ကျွန်မ အခုချက်ချင်း သွားလိုက်ပါ့မယ်”

စုဝေ့မင်တစ်ယောက် အတော်လေး စိတ်သက်သာရာရသွားပြီးနောက် စုဝေ့ချင်းနှင့် သူ၏ဇနီးအား လှမ်းပြောလိုက်သည်။

“မင်းတို့ မြန်မြန်သွားကြတော့၊ အိမ်မှာ လုပ်စရာတွေ အများကြီး ရှိနေတယ်...”

သူက စကားမဆုံးသေးမီမှာပင် မျက်မှောင်ကြုတ်လိုက်ပြန်ကာ လီရှန်းကို ကြည့်လိုက်၏။

“ငါတို့စက်ရုံထဲမှာ နင့်ရဲ့အတန်းဖော်ဖြစ်တဲ့ အမျိုးသမီး ဝန်ထမ်းတစ်ယောက်ရှိတာကို မှတ်မိတယ်၊ သူ့နာမည်က ဘယ်သူပါလိမ့်...”

စုဝေ့မင်က လီလင်း၏ အမည်ကို မမှတ်မိသော်လည်း ထိုအတန်းဖော်မှာ အစိုးရအတွင်းရေးမှူးရုံးမှ အတွင်းရေးမှူးနှင့် လက်ထပ်ထားကြောင်းကိုတော့ မှတ်မိနေခဲ့သည်။

“လီလင်းပါ အဖေ”

လီရှန်းက ဝင်ပြောလိုက်၏။

စုဝေ့မင်က ခပ်သွက်သွက်ပင် ခေါင်းညိတ်ပြသည်။

“အင်း ဟုတ်တယ်၊ သူ့ဆီကို ထပ်သွားပြီး သူ့အမျိုးသားကို အစိုးရဌာနက ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ခိုင်းလိုက်ဦး၊ ငါတို့မသိဘဲ ရေကျောက်တွေ ပျံ့မသွားအောင်လို့ ကာကွယ်ရမယ်”

ရေကျောက်ဗိုင်းရပ်စ်မှာ ဆေးဝါးစက်ရုံမှ စတင်ခြင်းလား သို့မဟုတ် အပြင်ဘက်မှ အလုပ်သမားများမှ သယ်ဆောင်လာခြင်းလား ဆိုသည်ကို စုဝေ့မင်လည်း မသေချာပါချေ။

အတိုချုပ်ပြောရလျှင် ကြိုတင်ကာကွယ်ထားခြင်းက အကောင်းဆုံးပင် ဖြစ်ပေသည်။

ရေကျောက်ရောဂါက မပြင်းထန်သော်လည်း လူအများအပြား ကူးစက်ခံရပါက ကပ်ရောဂါအသွင် ပြောင်းသွားနိုင်သည်။

“ကောင်းပါပြီ”

လီရှန်းက အလေးအနက် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမနှင့် စုဝေ့ချင်းတို့က လှည့်ထွက်လာကာ စက်ဘီးထားသည့်နေရာသို့ သွား၍ စက်ဘီးများကို ထုတ်ယူလိုက်ကြ၏။

ယခုအချိန်တွင် ဘတ်စ်ကားများမှာ ပြေးဆွဲခြင်းမရှိတော့သဖြင့် လီရှန်းနှင့် စုဝေ့ချင်းတို့က အမြန်သွားနိုင်ရန်အတွက် ကိုယ်တိုင် စက်ဘီးစီးသွားကြရလေ၏။

ဇနီးမောင်နှံနှစ်ဦးမှာ ဆေးဝါးစက်ရုံမှ အမြန်ထွက်ခွာကာ စက်မှုယန္တယားစက်ရုံဆီသို့ တန်းတန်းမတ်မတ် ဦးတည်ခဲ့ကြပေသည်။

အစ်မလျို့မှာလည်း အမျိုးသမီးအဖွဲ့ချုပ် ဒုညွှန်ကြားရေးမှူးထံသို့ သွားရောက်ကာ ကလေးစာရင်းကို ယူရန်အတွက် အဖွဲ့ချုပ်ရုံးသို့ သွားခိုင်းလိုက်လေ၏။

သူမကိုယ်တိုင်ကတော့ နောက်ထပ် စက်ရုံတစ်ခုသို့ ဆက်လက်ထွက်ခွာခဲ့၏။

သူမက အမျိုးသမီးအဖွဲ့ချုပ်မှ အမျိုးသမီးများစွာကို မသိသော်လည်း တစ်ဦး၊ နှစ်ဦးခန့်ကိုတော့ သိထားပေသည်။ သူမက အဖွဲ့ချုပ်ဝမှ န်ထမ်း နောက်တစ်ဦးကို အမြန်ရှာဖွေကာ တခြားဝန်ထမ်းများကို ခေါ်ဆောင်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကူညီခိုင်းလိုက်၏။

သူမ အောက်ထပ်သို့ ဆင်းလာသည့်အချိန်တွင် ကလေးစာရင်းကိုလည်း ယူဆောင်လာခဲ့ချေပြီ။ သူမက ထိုစာရင်းကို စာရွက်အချို့အဖြစ် ခွဲဝေလိုက်ကာ အိမ်တိုင်စေ့ လိုက်လံစစ်ဆေးလေတော့သည်။

မည်သူမဆို အဖျားရှိပါက အစ်မလျို့က အရင်ဆုံး သွားရောက်စစ်ဆေးပေး၏။ အကယ်၍ ရေကျောက်ဟု ရောဂါရှာဖွေတွေ့ရှိပါက သီးခြားခွဲနေရန် မှာခဲ့လေသည်။

စစ်ဆေးပြီးသည်နှင့် နောက်တစ်အိမ်သို့ အပြေးအလွှား သွားရပြန်၏။

တစ်ချိန်တည်းမှာပင် စုဝေ့မင်၏ အသံက အသံချဲ့စက်မှတစ်ဆင့် ပျံ့လွင့်လာသည်။

“ဝန်ထမ်းများ အားလုံး ဂရုစိုက်နားဆင်ကြပါ! ဝန်ထမ်းများ အားလုံး ဂရုစိုက်နားဆင်ကြပါ! တကယ်လို့ မိမိတို့အိမ်မှာရှိတဲ့ ကလေးသူငယ်များတွင် ဖျားနာခြင်း၊ အနီစက်များ ထွက်ခြင်း သို့မဟုတ် ရေကြည်ဖုများ ပေါက်ခြင်းတို့ကို တွေ့ရှိပါက မိမိတို့ဌာနခေါင်းဆောင်ထံသို့ ချက်ချင်း သတင်းပို့ကြပါရန်နှင့် ရောဂါကူးစက်မှုကို ကာကွယ်ရန်အတွက် ကလေးအား သီးခြားခွဲထားပေးကြပါရန် အသိပေးအပ်ပါသည်။ ထပ်မံ၍ အသိပေးလိုသည်မှာ...”

ထိုအသံကြောင့် စက်ရုံဝင်းတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားရတော့ပေသည်။

တစ်ဖက်တွင်တော့ လီရှန်းနှင့် စုဝေ့ချင်းတို့က စက်မှုယန္တယားစက်ရုံအထိ စက်ဘီးကို အလျှင်အမြန် နင်းလာကြပြီးနောက် ကျန်းမိသားစုထံသို့ တန်းတန်းမတ်မတ် သွားခဲ့ကြ၏။

ဤအချိန်တွင် ကျန်းကျူးရိနှင့် ဖန်ချင်းတို့မှာ အိပ်ပျော်နေကြလေပြီ ။ လီရှန်းနှင့် စုဝေ့ချင်းတို့က တံခါးကို အလွန်အရေးတကြီး ခေါက်နေကြသောကြောင့် ကျန်းကျူးရိသာမက ရှေ့နောက် အိမ်နီးချင်းများပါ ထကြည့်ကြလေတော့သည်။

မည်သို့ပင်ဆိုစေ ညသန်းခေါင်ယံ အချိန်ဖြစ်သဖြင့် အိမ်တွင် ကိစ္စတစ်ခုခုမဖြစ်ဘဲနှင့် လူတစ်ဦး လာရောက်ရှာဖွေရန် ခဲယဉ်းလှသည် မဟုတ်ပါလား။

ကျန်းကျူးရိက ဂွမ်းကပ်အင်္ကျီကို ခြုံကာ ထွက်လာပြီး ဇနီးမောင်နှံနှစ်ဦးကို မြင်လိုက်ရသည့်အခါ လန့်သွားရသည်။

“ဘာလို့ ရောက်လာကြတာလဲ၊ အိမ်မှာ တစ်ခုခု ဖြစ်လို့လား”

သူတို့လည်း အလွန် ထိတ်လန့်သွားရ၏။

ယခုခေတ်ကာလတွင် တစ်ခုခု မှားယွင်းသွားသည်ဆိုလျှင် ကောင်းသောကိစ္စ မဟုတ်ကြောင်း သေချာနေလိမ့်မည်။

“ဦးလေး.. အစ်ကိုကြီးရဲ့ သားငယ်လေးမှာ ရေကျောက်ပေါက်နေလို့. အိမ်မှာ ဒန်ဒလီယွန်တွေ ရှိသေးလားလို့ လာမေးတာ”

ရေကျောက် ဟုတ်လား?

ကျန်းကျူးရိသည် ဂွမ်းအင်္ကျီကို အမြန်ဝတ်လိုက်ကာ ခေါင်းကို ညိတ်ပြသည် ။

“ရှိတယ်၊ သိပ်တော့ မများဘူး ဒါပေမဲ့ တုန်းလိုင်ရဲ့ဆေးရုံမှာတော့ ရှိလောက်မှာပါ၊ စိတ်မပူနဲ့၊ ငါ အခုချက်ချင်း သွားရှာပေးမယ်”

လီရှန်းက အမြန်ခေါင်းညိတ်ပြလိုက်သည်။

“အိုင်ဆာတစ်မြစ် ၊ Bitter violet ဒါမှမဟုတ် Scutellariaတွေ ရှိမရှိလည်း ကြည့်ပေးပါဦး”

သူမအနေဖြင့် သာမန်ပုတီလန် ရောင်ရမ်းမှုပျောက်ဆေး တစ်မျိုးကို ပြင်ဆင်ရန် ကြိုးစားလိုခြင်း ဖြစ်ပေသည်။

“ကောင်းပြီ၊ မင်းတို့ အထဲမှာ ဝင်စောင့်ကြ၊ အပြင်မှာ အေးတယ်”

ကျန်းကျူးရိက သူတို့အတွက် လမ်းဖယ်ပေးလိုက်၏။

“မလိုတော့ပါဘူး၊ ကျွန်မ လီလင်းဆီကိုလည်း သွားတွေ့ရဦးမှာ၊ သူ့ယောက်ျားက အတွင်းရေးမှူးရုံးက အတွင်းရေးမှူးလေ၊

ကျွန်မတို့ ဒုစက်ရုံညွှန်ကြားရေးမှူးက ရေကျောက်ဗိုင်းရပ်စ်ကို ခရိုင်ထဲမှာ ပျံ့နှံ့နေပြီလို့ သံသယရှိနေတာ၊ ဒါကြောင့် သူ့ကို သွားပြီး သတိပေးဖို့ လိုသေးတယ်”

ထို့နောက် လီရှန်းက တိုးတိုးလေးပြောလိုက်သည်။

“ ဦးလေး၊ ဦးလေးလည်း စက်ရုံညွှန်ကြားရေးမှူးဆီ သွားပြီး စက်ရုံက အခြေအနေကို တစ်ချက်လောက် သွားကြည့်ရင် မကောင်းဘူးလား”

*

အခန်း(192)

လီရှန်း ညသန်းခေါင်ယံတွင် ရောက်လာခြင်းမှာ ရှောင်ကျွင့်အတွက်သာမက၊ ဤသတင်းကို အသိပေးရန်နှင့် စက်ရုံရှိ အခြေအနေကို အမြန်ဆုံး စုံစမ်းစစ်ဆေးနိုင်ရန်အတွက်ဖြစ်ကြောင်း ကျန်းကျူးရိ နောက်ဆုံးတွင် နားလည်သွားခဲ့၏။

ထို့ကြောင့် သူ၏ မျက်နှာအမူအရာမှာ ချက်ချင်း တည်ကြည်သွားပြီး ဖန်ချင်းကို လှမ်းခေါ်လိုက်သည်။

“မင်း ထွက်လာပြီး ရှန်းရှန်းတို့နဲ့အတူ တုန်းလိုင်တို့အိမ်ကို လိုက်သွားလိုက်၊ ငါ စက်ရုံညွှန်ကြားရေးမှူးအိမ်ကို သွားလိုက်ဦးမယ်”

“ဘာဖြစ်လို့လဲ”

ဖန်ချင်းသည်လည်း အဝတ်အစားများ လဲပြီးစီးသွားပြီဖြစ်၍ ဆံပင်များကို သပ်တင်ရင်း အိမ်ထဲမှ ထွက်လာခဲ့၏။

“ခရိုင်ထဲမှာ ရေကျောက်တွေက ကပ်ရောဂါပုံစံ ပျံ့နှံ့နိုင်ခြေ ရှိနေတယ်၊ ငါ ဝန်ထမ်းအိမ်ရာတွေက ကလေးရှိတဲ့ အိမ်တွေကို သွားစစ်ရမယ်၊

တစ်ယောက်ယောက် ကူးစက်ခံရပြီဆိုရင် ချက်ချင်း သီးခြားခွဲထားရမယ်၊ မကူးသေးတဲ့သူတွေကိုလည်း သတိပေးရမယ်”

ရေကျောက်အကြောင်း ကြားရသည့်အခါ ဖန်ချင်း၏ မျက်နှာကလည်း ပြောင်းလဲသွားရသည်။

နောင်အနာဂတ်တွင်တော့ ဤရောဂါမှာ ပြဿနာမဟုတ်တော့သော်လည်း လက်ရှိတွင်တော့ အခြေခံဆရာဝန်လေးတစ်ဦးပင် ကုသနိုင်သော ရောဂါက ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်နေခဲ့ချေပြီ။

လီရှန်း၏ ရင်ထဲတွင် ဝမ်းနည်းစိတ်များ ဖြစ်ပေါ်လာရလေ၏။ သူမအနေဖြင့် ဆေးညွှန်းကို ပေးအပ်လိုသော စိတ်ဆန္ဒပင် ဖြစ်ပေါ်လာသော်လည်း၊ သူမ ပေးနိုင်သည်မှာ တရုတ်တိုင်းရင်းဆေး နည်းလမ်းတစ်ခုသာ ဖြစ်ကြောင်း သူမ သိနေခဲ့ပေသည်။ သို့သော် တရုတ်တိုင်းရင်းဆေးဆရာများမှာ ယခုခေတ်တွင် လူကိုယ်တိုင် ထွက်ပြရဲကြခြင်း မရှိပါချေ။

သူမသည်လည်း မြင့်မြတ်လှသော ရည်မှန်းချက်ကြီးမားသူမျိုး မဟုတ်ပေ။ သူမ၏ ဘဝတွင် အကြီးမားဆုံးသော အိပ်မက်မှာ သူမ၏ ဘဝလေးကို ကောင်းမွန်စွာ ရှင်သန်နေထိုင်သွားရန်သာ ဖြစ်ပေသည်။

ထို့ကြောင့်...

သူမ ထုတ်ဖော်မပြောခဲ့တော့။

ကျန်းကျူးရိက စက်ရုံညွှန်ကြားရေးမှူးကို သွားရောက်အကြောင်းကြားခဲ့သော်လည်း ဆူညံသံများ မထွက်အောင် သတိထားခဲ့၏။ သူတို့က အိမ်တိုင်းစေ့ကို တိတ်တဆိတ် စစ်ဆေးခဲ့ကြလေ၏။

ရလဒ်ကတော့ ထင်ရှားနေခဲ့သည်။

ကလေးငယ်များစွာမှာ ကိုယ်အပူရှိန်ရှိနေကြပြီး တချို့ကလေးများ၏ ကိုယ်ပေါ်တွင် ရေကြည်ဖုများပင် ပေါက်နေခဲ့ချေပြီ။

ယခုအချိန်မှာ ဆောင်းရာသီဖြစ်သောကြောင့် ကလေးများမှာလည်း ဂွမ်းအင်္ကျီများကို ဝတ်ဆင်ထားကြ၏။

သူတို့သည်က ညဘက်တွင်လည်း ရေမချိုးကြဘဲ မျက်နှာနှင့် ခြေထောက်ကိုသာ ဆေးကြောပြီး အိပ်ရာဝင်ကြခြင်း ဖြစ်ပေသည်။

ကလေးငယ်များက ယားယံသည့်နေရာကို ကုပ်ဖဲ့နေခဲ့ကြ၏။ ထို့အပြင် စက်မှုယန္တယားစက်ရုံသည်က နှစ်ဦးပိုင်းတွင် စီမံကိန်းအချို့ကို လက်ခံထားသဖြင့် အလွန်ပင် အလုပ်များနေခဲ့ကြပေသည်။

မိဘများမှာ တစ်နေ့လုံး ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရသောကြောင့် အိပ်ရာမဝင်မီ ကိုယ်လက်သန့်စင်ရုံသာ အာရုံစိုက်နိုင်ကြ၏။

တချို့သော ကလေးငယ်များမှာ ရက်ပေါင်းများစွာတိုင်အောင် နုံးခွေနေခဲ့ကြသော်လည်း မိဘများက သတိမထားမိခဲ့ကြပါချေ။

ကျန်းကျူးရိ မေးမြန်းလိုက်သည့်အချိန်မှသာ ကလေးများ၏ကိုယ်ပေါ်တွင် အဖုအပိမ့်များ ရှိနေသည်ကို တွေ့ရှိလိုက်ရခြင်း ဖြစ်ပေသည်။

မိဘများမှာ အလွန်ပင်စိုးရိမ်ပူပန်သွားကြပြီး တစ်ဦးမှ စတင် အော်ဟစ်လိုက်သည်နှင့် စက်မှုယန္တယားစက်ရုံ တစ်ခုလုံးမှာလည်း ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့ပေသည်။

ထိုအတောအတွင်း လီရှန်းနှင့် စုဝေ့ချင်းတို့က ဖန်ချင်းနှင့်အတူ ဖန်တုန်းလိုင်ကို ရှာရန် သွားခဲ့ကြလေပြီ။

ဖန်တုန်းလိုင်မှာ ပိုင်မားခရိုင် ဆေးရုံမှ ဆရာဝန်တစ်ဦးဖြစ်၏။

အာဏာပိုင်များက တရုတ်တိုင်းရင်းဆေးများအပေါ် မည်သို့ပင် မြင်နေသည်ဖြစ်စေ ခရိုင်အဆင့် ဆေးရုံများတွင်တော့ ထိုဆေးများက လူကြိုက်များနေဆဲပင်။

လူများစွာက ပါးစပ်မှ ရှေးရိုးစွဲ အယူသီးမှုဟု ပြစ်တင်ရှုတ်ချနေကြသော်လည်း သူတို့၏ လုပ်ရပ်များမှာဆော့ တူညီနေခြင်းမရှိခဲ့ပေ။

သူတို့ နေထိုင်မကောင်းဖြစ်သည့်အချိန်တိုင်း၊ အထူးသဖြင့် နာကျင်ကိုက်ခဲသည့်အချိန်တိုင်း သူတို့က ဆရာဝန်ထံသို့ ချက်ချင်း သွားလေ့ရှိကြ၏။ နေမကောင်းဖြစ်လျှင် အပ်စိုက်ကုသမှု အနည်းငယ် ခံယူလိုက်ရုံနှင့်ပင် ချက်ချင်း သက်သာသွားသကဲ့သို့ ခံစားရသည်မဟုတ်ပါလား။

ခေါင်းမာသော ကလေးတချို့မှာ ထိုကိစ္စအတွက် အိုမင်းနေသောမိဘများကို ဆူပူကြတတ်သော်လည်း၊ မိဘများမှာတော့ မြေကြီးပေါ်တွင် ထိုင်ငိုကာ သားသမီးများက မလိမ္မာကြောင်း ပြောဆိုကြသဖြင့် ကလေးများမှာလည်း လွှတ်ထားလိုက်ကြရတော့သည်။

ထို့ကြောင့် ခရိုင်ဆေးရုံများတွင် တရုတ်တိုင်းရင်းဆေးများကို အမှန်တကယ် သိုလှောင်ထားရှိပေသည်။

အထူးသဖြင့် လီရှန်း အလိုရှိသည်မှာ အဖိုးတန်သော တရုတ်ဆေးသစ်ဥသစ်ဖုများမဟုတ်ဘဲ နေရာတိုင်းတွင် တွေ့နိုင်သော တောရိုင်းဟင်းသီးဟင်းရွက်များသာ ဖြစ်ပေသည်။

နွေဦးကာလတွင် ထိုအပင်တို့ကို တောင်ကုန်းများနှင့် လယ်ကွင်းများတွင် နေရာအနှံ့ တွေ့နိုင်ကြ၏။

သို့သော် ဆေးရုံတွင်ရှိသော အရာများမှာ ပြုပြင်မွမ်းမံပြီးသားဖြစ်သော်လည်း တောင်ပေါ်တွင်ရှိသော အရာများမှာတော့ နုနယ်ပြီး အလွန်ပင် လန်းဆန်းလွန်းပေသည်။

ရေကျောက်ရောဂါ ပျံ့နှံ့နိုင်ခြေရှိကြောင်းကြားရသည့်အခိုက်တွင် ဖန်တုန်းလိုင်က ချက်ချင်းထကာ ဆေးရုံသို့ သွားခဲ့ပေသည်။

“ဒီဆေး အမျိုးအစား နည်းနည်းလောက်နဲ့ လုံလောက်ပါ့မလား”

ဤဆေးများမှာ အဓိကအားဖြင့် အပူငြိမ်းစေခြင်းနှင့် အဆိပ်အတောက် ပြေစေခြင်းအတွက်သာ ဖြစ်ကြောင်း ဖန်တုန်းလိုင် သိထားပေသည်။

သို့သော် ရေကျောက်မှာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်၍ တရုတ်ဆေးရည်အချို့ သောက်ရုံမျှနှင့်တော့ မပျောက်ကင်းနိုင်ပါချေ။

“အရင်ဆုံး ကြိုးစားကြည့်ကြတာပေါ့၊ ရေကျောက်ကို ဟိုးအရင်က ‘ကျောက်သေး’ လို့ ခေါ်ခဲ့ကြတာလေ၊ ကျွန်မတို့ရဲ့ ဘိုးဘွားတွေက တရုတ်တိုင်းရင်းဆေးတွေနဲ့ပဲ ကုခဲ့ကြတာပဲ မဟုတ်ဘူးလား”

လီရှန်းသည် ဆေးဝါးများကို အိတ်တစ်အိတ်ထဲသို့ ထည့်လိုက်ကာ စုဝေ့ချင်းအား စက်ဘီးပေါ်သို့ သယ်ခိုင်းလိုက်၏။

ထို့နောက် သူမက ဆက်လက်မေးမြန်းလိုက်သည်။

“ဦးလေးတို့ ဆေးရုံမှာ Dextrin ရှိလား”

Dextrinမှာ ဆေးလုံးများ ပြုလုပ်ရာတွင် အသုံးပြုသော ကပ်စေးနှဲပစ္စည်းတစ်မျိုးဖြစ်ပေသည်။

ထိုပစ္စည်းမှာ ရှေးယခင်ကတည်းက တရုတ်တိုင်းရင်းဆေးပညာတွင် အသုံးများသော ပါဝင်ပစ္စည်းတစ်ခု ဖြစ်ပေသည်။

“ရှိတယ်လေ၊ ဒါကို ဘာအတွက် သုံးမလို့လဲ၊ ဆေးလုံးတွေ လုပ်မလို့လား”

တရုတ်တိုင်းရင်းဆေးပညာကို ရှေးရိုးစွဲ အယူသီးမှုဟု သတ်မှတ်ခံရပြီးကတည်းက ဒက်စထရင်ကို ဆေးလုံးဖော်စပ်ရာတွင် အသုံးပြုခြင်းမှာ အလွန်ပင် ရှားပါးသွားခဲ့လေပြီ။ မည်သို့ပင်ဆိုစေ ဆေးလုံးများမှာ ပို၍ အယူသီးသည့်ပုံမျိုးဖြစ်နေသည် မဟုတ်ပါလား။

“မဟုတ်ပါဘူး၊ တခြားနည်းလမ်းတွေ ရှိမလားလို့ စမ်းကြည့်ချင်လို့ပါ”

“ကောင်းပြီလေ၊ ဦးလေး ယူပေးမယ်၊ ဘာပဲဖြစ်ဖြစ် ဆေးရုံမှာလည်း ဒါတွေကို အသုံးမပြုတော့ဘူးဆိုတော့ အကုန်လုံး ယူသွားလိုက်ပေါ့”

ဖန်တုန်းလိုင်က လီရှန်းကို နောက်ထပ် သိုလှောင်ရုံတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ပေသည်။

ဒက်စထရင်ကို ရရှိသည့်အချိန်မှသာ လီရှန်းသည် ပိုက်ဆံအိတ်ကို ထုတ်၍ မေးလိုက်၏။

“ဦးလေး ဒါတွေက ဘယ်လောက် ကျသင့်မလဲ”

ဆေးရုံများတွင်တော့ လက်မှတ်များ၊ ပြေစာများ မလိုပါချေ။ ပိုက်ဆံပေးရုံမျှနှင့် ရနိုင်ပေသည်။

“ဦးလေးနဲ့ ငွေရီင်းကောင်တာကို လိုက်ခဲ့လေ”

ဖန်တုန်းလိုင်က လီရှန်းကို ပြင်ပလူနာဌာနအနီးရှိ ငွေရှင်းကောင်တာသို့ ခေါ်ဆောင်သွားခဲ့၏။ ညဘက်တွင် ခရိုင်ဆေးရုံ၌ တာဝန်ကျဆရာဝန် တစ်ဦးသာ ရှိသော်လည်း၊ ယနေ့ညတွင်တော့ ထိုဆရာဝန်မှာ ထူးထူးခြားခြား အလုပ်ရှုပ်နေခဲ့ပေသည်။

ဖန်တုန်းလိုင် ရောက်ရှိလာသည့်အချိန်တွင် ထိုဆရာဝန်မှာ ငိုချင်စိတ်ပင် ဖြစ်နေခဲ့ချေပြီ။

“လောင်ဖန်၊ မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ! လာပြီး ကူညီပါဦးဟယ်”

“ဘာဖြစ်လို့လဲ”

အဝေးနေရာမှပင် ကလေးများ ငိုသံနှင့် မိဘများ အော်ဟစ်သံကို ကြားနေရပေသည်။

“ဒီနှစ်ရက်လုံး ငါ အရမ်းအလုပ်ရှုပ်နေတာ၊ အထူးသဖြင့် ဒီညပဲ၊ ကလေးအတော်များများ ကိုယ်အပူရှိန်တက်ပြီး ရောက်လာကြတယ်လေ”

ကိုယ်အပူရှိန်တက်တာ ဟုတ်လား။

လီရှန်း၏ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားရ၏။

တစ်ခုခုတော့ မှားယွင်းနေပြီ။

သူမသည် ခြေလှမ်းအနည်းငယ်မျှလျှောက်ပြီး သွားကြည့်လိုက်သည့်အချိန်တွင် ကလေးငယ်များမှာ ကိုယ်ပူရုံသာ ရှိသေးပြီး အဖုအပိမ့်များ မထွက်သေးသည်ကို တွေ့လိုက်ရ၏။

သူမက လေးနက်သော မျက်နှာအမူအရာဖြင့် ပြန်လာခဲ့လေ၏။

“ဒါက ရေကျောက် ဖြစ်နိုင်ချေအရမ်းများတယ်”

ခရိုင်အတွင်း ရေကျောက်ရောဂါက အမှန်တကယ် ပျံ့နှံ့တော့မည့်ပုံ ဖြစ်နေခဲ့လေပြီ။

ဖန်တုန်းလိုင်က လီရှန်းနှင့် စုဝေ့ချင်းတို့ကို ငွေရှင်းကောင်တာတွင် ထားရစ်ခဲ့ပြီးနောက်၊ သူ၏ရုံးခန်းသို့ ပြန်ကာ ဂျူတီကုတ်ဝတ်စုံကို ဝတ်ဆင်ပြီး လူနာများကို ကူညီကြည့်ရှုပေးလေတော့သည်။

​ကလေးငယ်များမှာ အသက်အရွယ်စုံလင်နေခဲ့သည်။ အကြီးဆုံးမှာ ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်ခန့် ရှိပုံရပြီး အငယ်ဆုံးမှာတော့ ရင်ခွင်ပိုက် ကလေးငယ်များပင် ဖြစ်ပေသည်။

အသက်ကြီးသော ကလေးများမှာ အလွန်ဆုံး နုံးခွေနေခြင်း၊ အိပ်ချင်နေခြင်းနှင့် အားအင်ကုန်ခမ်းနေခြင်းတို့ကို ပြသကြသော်လည်း၊ အသက်ငယ်သော ကလေးများမှာတော့ နာကျင်သည့်အချိန် ငိုကြွေးခြင်းဖြင့်သာ ဖော်ပြနိုင်ကြပေ၏။

အထူးသဖြင့် ရင်ခွင်ပိုက် ကလေးငယ်များမှာ သူတို့၏ နာကျင်မှုကို မပြောပြနိုင်ဘဲ တရှုံ့ရှုံ့ ငိုနေကြရရှာသည်။

​လီရှန်း ဆက်မကြည့်ရက်တော့၍ ဆေးဝါးအိတ်ကြီးကို သယ်ဆောင်ကာ ကျန်းမိသားစုအိမ်သို့ ပြန်လာခဲ့၏။

​အိမ်သို့ ပြန်ရောက်သည်နှင့် သူမက အိုးတစ်လုံးကို ပြင်ဆင်ကာ ဆေးဖက်ဝင် အပင်များကို ဆေးကြောပြီး ရေစိမ်လေတော့သည်။

​ရေစိမ်ပြီးနောက် ထိုအပင်များကို မီးဖိုပေါ်တွင် တည်လိုက်၏။ ကျိုပြီးသည့်အချိန်တွင် ဆေးဖတ်များကို ဆယ်ထုတ်လိုက်ပြီး မီးဖိုကို လေဝင်လေထွက် ကောင်းအောင်လုပ်ကာ မီးရှိန်မြှင့်ပြီး ဆေးရည်များကို ခမ်းသွားအောင် လုပ်လေသည်။

ထိုအတောအတွင်း သကြားခဲ အမြောက်အမြားကိုလည်း ထည့်လိုက်လေ၏။ ဆေးရည်မှာ နှစ်နာရီကျော်ခန့် ကျိုပြီးနောက်တွင် ပျစ်ချွဲချွဲ အနှစ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။ ထိုအချိန်မှသာ လီရှန်းက ဒက်စထရင်ကို လောင်းထည့်ကာ အဆက်မပြတ် မွှေပေးခဲ့သည်။

နောက်ဆုံးတွင် ထိုဆေးရည်က မုန့်စိမ်းခဲကဲ့သို့ ခဲသွားခဲ့လေသည်။

​လီရှန်းသည် နောက်ထပ် အိုးတစ်လုံးသို့ ပြောင်းလိုက်ပြီး ဇကာဇွန်းကို အသုံးပြုကာ ထိုမုန့်စိမ်းခဲလေးများကို အပိုင်းအစလေးများ ဖြစ်အောင် ဖိချလိုက်၏။ ၎င်းတို့ကို အခြောက်ခံပြီးနောက် ထမင်းဘူးတစ်ခုထဲသို့ ထည့်လိုက်ကာ ဆေးဝါးစက်ရုံသို့ ယူဆောင်သွားရန် ပြင်ဆင်လိုက်လေသည်။

​သူတို့ အပြင်သို့ ထွက်လာသည့်အချိန်တွင် ကျန်းကျူးရိ၏ မျက်ခုံးများက တွန့်ချိုးနေသည်ကို သတိထားမိလိုက်၏။

​“ဦးလေး.. အိုးထဲမှာ ဆေးအနည်းငယ် ကျန်သေးတယ်၊ အဲဒါကို နည်းနည်းယူပြီးရင် ရေနွေးနှင့်ဖျော်ပြီး အဖျားကြီးနေတဲ့ ကလေးကို တိုက်ပေးလိုက်ပါ၊ အဲဒီဆေးက အဖျားကျစေပြီး အဆိပ်အတောက် ပြေစေတယ်”

​လီရှန်းသည် အလျင်ပြန်လိုသဖြင့် အကျဉ်းချုံးသာ ရှင်းပြလိုက်ပြီး ကျန်ရှိသော ဆေးများကို ဆေးဝါးစက်ရုံသို့ ယူဆောင်လာခဲ့ပေသည်။

​

တကယ်တမ်းတွင် မီးဖိုဘေး၌ ဆေးဖက်ဝင် အပင်အကြွင်းအကျန် အချို့လည်း ကျန်ရှိနေသေးပေသည်။

​

*

All Chapters