အခန်း (၁၇၆၂-၁၇၆၄)
Vol. 118 Ch. 1762-1764
အခန်း (၁၇၆၂ )
ဆရာ့ကို ဂါဝရပြုပါတယ်
သူ၏ ကံစွမ်းအားကို နတ်သခင် ကောင်းကင် အစပိုင်း၌ သိပ်ပြီး ဂရုမပြုမိသော်လည်း သေချာစွာ အနီးကပ် စစ်ဆေးကြည့်လိုက် သောအခါ ချန်းလု၏ ကံစွမ်းအားမှာ ထူးကဲစွာပင် ထူထပ်သိပ်သည်းနေသည်ကို တွေ့ရှိလိုက်ရ၏။
သို့သော် ချန်းလု၌ ကောင်းကင်လျှို့ဝှက်ချက်မှတဆင့် သူ၏ ကံစွမ်းအားကို ဖုံးကွယ်ထားနိုင်သည့် နည်းလမ်းတစ်ခု ရှိနေပုံရသဖြင့် ယခင်က သူမ သတိမပြုမိခဲ့ခြင်း ဖြစ်သည်။
ချန်းလုကို ကောင်းကင်နတ်တစ်ပါးမျှသာဟု မှတ်ယူကာ အစက သူမ အလေးအနက် စစ်ဆေးရန် ရည်ရွယ်ချက် မရှိခဲ့သောကြောင့်လည်း သူ၏ ကြီးမားသော ကံစွမ်းအားကို သတိမမူမိခဲ့ခြင်း ဖြစ်၏။ ရွှေနတ်များကို လုချန်းက နှစ်ကြိမ်တိုင်တိုင် ဆက်တိုက် အနိုင်မယူခဲ့ပါက၊ လျှူချိုင်နှင့် တိုက်ခိုက်မှုအား နတ်သခင် ကောင်းကင် ကိုယ်တိုင် မမြင်ခဲ့ရပါက သူ့ကို အလေးအနက် စစ်ဆေးရန် စိတ်ကူးရှိဦးမည် မဟုတ်ပေ။
လျှို့ဝှက်လဝန်းနန်းတော်သို့ လုချန်းကို ယွမ်ယုတိက ခေါ်သွားတုန်းက သူ၏ ကံစွမ်းအားက အလွန်သိသာလွန်းနေသဖြင့် ကျင့်စဉ်အချို့ကို အသုံးပြု၍ လုချန်းဖုံးကွယ်ထားခဲ့ခြင်း ဖြစ်၏။ သို့သော် လုချန်း၏ လက်ရှိစွမ်းအားက မလုံလောက်သေးသဖြင့် နတ်သခင်၏ အစွမ်းဖြင့် အလေးအနက် ထိုးဖောက်စစ်ဆေးမည်ဆိုပါက သူ၏ ထူထပ်လှသော ကံစွမ်းအားကို ဖုံးကွယ်ထား နိုင်မည် မဟုတ်ပေ။
သူ့အား တပည့်အဖြစ် လက်ခံချင်နေသည့် နတ်သခင် ကောင်းကင်၏ ဆန္ဒကို မြင်လိုက်လျှင် သူ၏ ကံစွမ်းအားကို နတ်သခင် တွေ့ရှိသွားပြီဖြစ်ကြောင်း လုချန်း ချက်ချင်းပင် သိလိုက်၏။
လုချန်းက နတ်သခင် ကောင်းကင်ကို ဝန်မလေးပဲ ဦးညွှတ်ကာ
“တပည့်က လေးစားရပါသော ဆရာကို ဂါရဝပြုပါတယ်။”
လုချန်းက သူမအား ဆရာအဖြစ် ဂါရဝပြုသည်ကို မြင်လျှင် နတ်သခင် ကောင်းကင်က
“အခု ရှင်က ကျွန်မတပည့် ဖြစ်သွားပြီဆိုတော့ ကျင့်ရှူးရဲ့ ဘေးနားမှာ နေဖို့ အရည်အချင်း ပြည့်မီသွားပြီ။ ဒါပေမဲ့ သူက သူတော်စင်မရဲ့ မိခင်ဖြစ်တာကြောင့် ရှင် သူနဲ့ ထိုက်တန်ချင်ရင် ပိုပြီးတော့ စွမ်းအားကြီးလာရမယ်။ မဟုတ်ရင် တစ်နေ့မှာ သူ့ဘေးနားမှာ ရှင်တစ်ယောက်တည်း ရှိတော့မှာ မဟုတ်ဘူး။”
လုချန်းက
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ”
အာကာသလက်စွပ်တစ်ကွင်းကို နတ်သခင် ကောင်းကင် ထုတ်ယူလိုက်ပြီး
“ဒီထဲမှာ နတ်ကျင့်စဉ်တွေနဲ့ ကျင့်စဉ် အရင်းအမြစ်တွေ ပါဝင်တယ်။ ကျင့်ကြံဖို့အတွက် ယူထားလိုက်ပါ။ အရင်းအမြစ်တွေ မလုံလောက်ရင် ကျွန်မကို ပြောပြပါ။ ဒီနေ့ကစပြီး ကောင်းကင်နန်းတော်ကို ပြောင်းရွှေ့လိုက်တော့။”
ကောင်းကင်နန်းတော်သည် အလွန်ကျယ်ဝန်းလှပြီး အဆောင်ပေါင်း တစ်ထောင်ကျော် ရှိသည်။ သူမတွင် တပည့်ရင်း အမြောက်အမြား မရှိသောကြောင့် ထိုဆောင်အများစုမှာ ဗလာဖြစ်နေ၏။
နန်းတော်အတွင်းတွင်လည်း အမျိုးသားဟူ၍ မရှိသလောက်ပင် ဖြစ်၏။
အခြားတောင်ထိပ်များမှ လုပ်ကြံသတ်ဖြတ်သူများ လုချန်းကို ပစ်မှတ်ထားလာနိုင်သည်ကို ထည့်သွင်းစဉ်းစားကာ သူ့ကို ကောင်းကင်နန်းတော်သို့ ပြောင်းရွှေ့ခိုင်းရန် နတ်သခင် ကောင်းကင် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ့ကို သတ်ချင်သည့်သူများ ရှိခဲ့လျှင်ပင် တွန့်ဆုတ်သွားကြပေလိမ့်မည်။
အမှန်စင်စစ် ကောင်းကင်နန်းတော်သည် သူမ၏ စံအိမ်ဖြစ်ရာ မည်သည့် လှုပ်ရှားမှုအနည်းငယ်ကိုမဆို သူမ သိနေနိုင်သည်။ နန်းတော်အတွင်း၌ လှုပ်ရှားခြင်းမှာ သူမ၏ အရှိန်အဝါကို စိန်ခေါ်ခြင်းဖြစ်ရာ လုချန်းကို အန္တရာယ်ပြုလိုသူများလည်း နောက်ဆက်တွဲ အကျိုးဆက်ကို ကြိုတင်စဉ်းစားရလိမ့်မည်ဖြစ်သည်။
ထို့ပြင် ထိုလုပ်ကြံသူများ ကောင်းကင်နန်းတော်ထဲသို့ ခိုးဝင်နိုင်ဖို့ကလည်း မလွယ်ပေ။ နန်းတော်အတွင်းရှိ လူအများစုမှာ နတ်သခင် ကောင်းကင်၏ ယုံကြည်ရသူများသာ ဖြစ်သဖြင့် ထိုသူများကို သူမအား ဆန့်ကျင်အောင် စည်းရုံးရန်က မဖြစ်နိုင်သလောက်ပင် ဖြစ်၏။
လုချန်းက ထပ်မံ၍ ဂါရဝပြုကာ
“ကျေးဇူးတင်ပါတယ် ဆရာ”
လုချန်းကို နတ်သခင် ကောင်းကင် ထပ်မံကြည့်ရှုလိုက်ပြီး
“ရှင်ဘယ်ကလာသလဲ...ဘာလျှို့ဝှက်ချက်တွေ ရှိသလဲဆိုတာကို ကျွန်မ ဂရုမစိုက်ဘူး။ အခု ရှင်က လျှို့ဝှက်လဝန် ကျောင်းတော်ထဲကို ရောက်လာပြီး ကျွန်မရဲ့ တပည့်ရင်း ဖြစ်လာပြီဆိုတော့ နန်းတော်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ။ အခုကစပြီး ရှင့်ရဲ့ အာရုံစိုက်မှုက လျှို့ဝှက်လဝန်း ကျောင်းတော်အပေါ်မှာပဲ ရှိရမယ်။”
ချန်းလု၏ ပတ်ပတ်လည်ရှိ ထူထပ်သော ကံစွမ်းအားနှင့် ၎င်းကိုဖုံးကွယ်ထားသော ကျင့်စဉ်များကြောင့် သူ၏ သရုပ်မှန်က ထူးခြားနိုင်ကြောင်း နတ်သခင် ကောင်းကင် ယူဆလိုက်၏။
သူသည် နတ်ဘုရား နိုင်ငံတော် တစ်ခု၏ မင်းသား သို့မဟုတ် အင်အားကြီး အဖွဲ့အစည်းတစ်ခုမှ ဖြစ်နိုင်သည်။ သို့သော် ယခု သူသည် သူမ၏ တပည့်ဖြစ်လာပြီဖြစ်ရာ ယခင်ပတ်သက်မှုများကို ဆက်လက် အလေးထားနေခြင်းကို သူမ ခွင့်မပြုနိုင်ပေ။
နတ်သခင် ကောင်းကင်၏ သတိပေးမှုကို ကြားပြီးနောက် လုချန်းက
“ဆရာရဲ့ စကားတွေကို တပည့် အမြဲမှတ်သားထားပါ့မယ်။”
နတ်သခင် ကောင်းကင်က
“ကောင်းကင်နန်းတော်ကို ပြောင်းရွှေ့လိုက်တော့။”
တစ်စုံတစ်ခုကို လုချန်း ရုတ်တရက် သတိရသွားပြီး
“ဆရာ... ဟိုအစေခံ မိန်းကလေးတွေကိုရော ဘယ်လိုလုပ်ရမလဲ။”
နတ်သခင် ကောင်းကင်က အေးစက်စွာဖြင့်
“ဘာလဲ... အဲဒီမိန်းမတွေကို မခွဲနိုင်ဖြစ်နေတာလား။”
ပင်မတောင်ထိပ်က ထိုမိန်းကလေးများကို ရည်ရွယ်ချက်တစ်ခုဖြင့် လုချန်းထံသို့ စေလွှတ်ခဲ့ကြောင်း နတ်သခင် ကောင်းကင် ဧကန်မုချ သိပြီးသား ဖြစ်သည်။ သို့သော် လုချန်းအပေါ် ရှုကျင့်ရှူး စိတ်ပျက်သွားစေရန် သူမ ဂရုမစိုက်ပဲ ထားခဲ့ခြင်း ဖြစ်၏။
သို့သော် ယခု လုချန်းသည် သူမ၏ တပည့်ဖြစ်လာပြီဖြစ်ရာ သူမ၏ တပည့်ဖြစ်သူ အလှအပများကြားတွင် နစ်မွန်းနေသည်ကို သူမ အလိုမရှိပေ။
လုချန်းက
“တပည့်မှာ အဲ့ဒီလို ရည်ရွယ်ချက် မရှိပါဘူး။ သူတို့က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာလို့ ထင်ရလို့ ပင်မတောင်ထိပ်ကို ပြန်ပို့လိုက်တာက အကောင်းဆုံး ဖြစ်မှာပါ။”
နတ်သခင် ကောင်းကင်က ခပ်အေးအေးပင်
“သူတို့မှာ ရည်ရွယ်ချက်ရှိတာကို ရှင်မြင်နိုင်တာပဲ... ရှင်က သိပ်ပြီးတော့ မအလှပါဘူး။”
“ဒါပေမဲ့ သူတို့ကို ရှင် မထိတွေ့ရင်တော့ ရှင့်ကို ဆက်ပြီး အလုပ်အကျွေးပြုခိုင်းထားလို့ ရပါတယ်။”
ယခု ချန်းလုသည် သူမ၏ တပည့်ရင်းဖြစ်လာပြီဖြစ်ရာ သူ့ကို ပြုစုစောင့်ရှောက်မည့်သူ လိုအပ်၏။ ပင်မတောင်ထိပ်မှ စေလွှတ်လိုက်သော အမျိုးသမီးများမှာ ချန်းလုကို အလုပ်အကျွေးပြုရန် အလွန်ပင် သင့်တော်လှ၏။
သို့သော် ချန်းလုက သွေးဆောင်မှုများကို မတွန်းလှန်နိုင်ပဲ ထိုအမျိုးသမီးများနှင့် ပတ်သက်လာပါက ရှုကျင့်ရှူးနှင့် သူ့ကြား စိတ်ဝမ်းကွဲသွားရမှုအတွက် သူမကို အပြစ်တင်၍ ရမည် မဟုတ်ပေ။
လုချန်းက ချက်ချင်းပင်
“ပင်မတောင်ထိပ်ကိုပဲ အကုန်လုံး ပြန်ပို့လိုက်တာ ပိုကောင်းပါလိမ့်မယ်။ တပည့်ကို အလုပ်အကျွေးပြုဖို့ ဘယ်သူမှ မလိုပါဘူး။”
နတ်သခင် ကောင်းကင်က
“ကောင်းပြီ... နောက်မှ သူတို့ကို ပြန်ပို့ဖို့ စီစဉ်လိုက်မယ်။ ချင်းယီနောက်ကို လိုက်သွားပြီး အဆောင်တစ်ဆောင်နဲ့ ကျင့်စဉ်စခန်းတစ်ခုကို ရွေးလိုက်တော့။”
နတ်သခင် ကောင်းကင်၏ စကားဆုံးသည်နှင့် အစိမ်းရောင် ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး လုချန်းရှေ့တွင် ပေါ်လာပြီး ရိုသေစွာဖြင့်
“ဂိုဏ်းတူမောင်လေး... ကျွန်မ နောက်ကို လိုက်ခဲ့ပါ”
ချင်းယီနောက်သို့ လိုက်၍ အဆောင်တစ်ခုကို ရွေးချယ်ရန် လုချန်း ထွက်ခွာသွား၏။ ထွက်ခွာသွားသော လုချန်း၏ ကျောပြင်ကို ကြည့်ရင်း ထိုကဲ့သို့ ထူထပ်သော ကံစွမ်းအား ပိုင်ဆိုင်ထားသူတစ်ဦး လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ဝင်ရောက်လာခြင်းကြောင့် ဂိုဏ်း၏ ကံစွမ်းအား ဧကန်မုချ တိုးတက်လာမည်ဖြစ်ပြီး အကြပ်အတည်းများကို ကျော်လွှားနိုင်ရန် အခွင့်အလမ်း ပိုများလာမည်ဟု နတ်သခင် ကောင်းကင် စိတ်ထဲတွင် တွေးတောနေမိ၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်လင်းယုန်တောင်ထိပ်၌ လျှူချိုင် ပေါ်ပေါက်လာသည်ကို နတ်သခင် ကောင်းကင် ရုတ်တရက် ခံစားလိုက်ရ၏။ သူမ၏ မျက်နှာ အေးစက်သွား၏။
လျှူချိုင်ကို မည်သည့် တောင်ထိပ်က စေလွှတ်လိုက်သည်ကို သိရန် သူမက ရည်ရွယ်ချက်ရှိရှိဖြင့် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ အမှန်စင်စစ် လျှူချိုင့်အပေါ် ဝိညာဉ်ရှာဖွေခြင်း အတတ်ကို အသုံးပြုနိုင်သော်လည်း တစ်ဖက်လူကို မျက်နှာထောက်သောအားဖြင့်လည်းကောင်း၊ သတိပေးသောအားဖြင့်လည်းကောင်း သူမက ထိုသို့ မလုပ်ခဲ့ခြင်း ဖြစ်၏။
အကယ်၍ သူတို့က လုချန်းကို လုပ်ကြံရန် လူများကို ထပ်မံစေလွှတ်နေဦးမည်ဆိုပါက သူမက ရန်သူအနေနှင့် ဆက်ဆံခြင်းအတွက် အပြစ်တင်၍ ရတော့မည်မဟုတ်ပေ။
မကြာမီမှာပင် နတ်ဘုရင်ခံ ရွှေတောင်ပံ၏ စံအိမ်သို့ လျှူချိုင် ပြန်လည်ရောက်ရှိသွား၏။ ဒဏ်ရာအပြင်းအထန် ရရှိထားသည့် လျှူချိုင် ပြန်ရောက်လာသည်ကို မြင်လျှင် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း နတ်ဘုရင်ခံ ရွှေတောင်ပံ သိသွားပြီး
“ဘာဖြစ်တာလဲ... ဘာလို့ ဒီလောက်တောင် ဒဏ်ရာတွေ ရလာရတာလဲ”
လျှူချိုင်က ချက်ချင်းပင် ဒူးထောက်ကာ
“သခင်... ကျွန်မကို ခွင့်လွှတ်ပါ။ သခင်ပေးအပ်တဲ့ တာဝန်ကို ကျွန်မ မအောင်မြင်ခဲ့ပါဘူး။”
ထိုစကားကို ကြားလျှင် နတ်ဘုရင်ခံ ရွှေတောင်ပံ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်နှာလည်း ပျက်ယွင်းသွား၏။ နတ်ဘုရင်ခံ ရွှေတောင်ပံ ဘာမှ မပြောနိုင်ခင်မှာပင် လျှူချိုင်က
“ကျွန်မက ချန်းလုကို ဆွဲဆောင်ခြင်းပညာနဲ့ ဖျားယောင်းဖို့ ကြံစည်ခဲ့ပေမဲ့ သူက ဘာမှ မဖြစ်ခဲ့ပါဘူး။ ဒါ့အပြင် ကျွန်မ ကောင်းကင်လင်းယုန်တောင်ထိပ်က လာတာဆိုတာကိုလည်း သူက တည့်တိုး ပြောခဲ့ပါတယ်။”
“ကျွန်မရဲ့ သရုပ်မှန် ပေါ်ပေါက်သွားပြီဆိုတာ သိတာနဲ့ သူ့ကို တစ်ခါတည်း လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ပဲ သူက နတ်သခင် ကောင်းကင် ပေးထားတဲ့ နိယာမ အကာအကွယ် ရတနာကို ပိုင်ဆိုင်ထားတာကြောင့် သူ့ကို မသတ်နိုင်ခဲ့ပဲ ထွက်ပြေးခဲ့ရတာပါ။”
နတ်ဘုရင်ခံ ရွှေတောင်ပံ၏ မျက်နှာ ပို၍ပင် မှောင်မိုက်သွား၏။ ချန်းလုအနေနှင့် လျှူချိုင်၏ ဇစ်မြစ်ကို သိနိုင်စရာ အကြောင်းမရှိပေ။
သူသည် အမြဲတမ်း ကောင်းကင်တောင်ထိပ်တွင်သာ ရှိနေခဲ့ပြီး လျှူချိုင်ကိုလည်း မသိနိုင်ပေ။ လျှူချိုင်သည် ပင်မတောင်ထိပ်မှ လာသော အမျိုးသမီးများကြားတွင် ရောနှောကာ ခိုးဝင်သွားခဲ့ခြင်း ဖြစ်သည်။
ချန်းလုက လျှူချိုင်၏ ဇစ်မြစ်ကို တိုက်ရိုက် တွက်ချက်နိုင်သည်ဆိုပါက နတ်သခင် ကောင်းကင်သည် လျှူချိုင်၏ သရုပ်မှန်ကို အစောကတည်းက သိပြီးသားဖြစ်ကာ သူ့ကို ယခုလို အသိပေးလိုက်ခြင်း ဖြစ်လိမ့်မည်။
လျှူချိုင် အသက်ရှင်လျက် ပြန်လာနိုင်ခြင်းမှာလည်း နတ်သခင် ကောင်းကင်က ရည်ရွယ်ချက်ရှိရှိဖြင့် လွှတ်ပေးခဲ့ခြင်းကြောင့်သာ ဖြစ်မည်။
လျှူချိုင်သည် ချန်းလုကို အမှန်တကယ် အန္တရာယ်ပြုရန် ကြိုးစားခဲ့ပြီး ချန်းလုက နတ်သခင် ကောင်းကင် ပေးထားသော အကာအကွယ် ရတနာကိုပင် အသုံးပြုခဲ့ရသည်။ နတ်သခင်အနေနှင့် အားစိုက်ထုတ်စရာပင် မလိုဘဲ လျှူချိုင်ကို လွယ်လွယ်ကူကူ သတ်နိုင်သော်လည်း သူမက ထိုသို့ မလုပ်ခဲ့ပေ။
ထင်ရှားသည်မှာ နတ်သခင် ကောင်းကင်က ကောင်းကင်လင်းယုန်တောင်ထိပ်ကို သတိပေးနေခြင်း ဖြစ်၏။ ထိုသို့ တွေးတောရင်း နတ်ဘုရင်ခံ ရွှေတောင်ပံ နှာခေါင်းရှုံ့လိုက်၍ လက်ကို မြှောက်လိုက်ရာ လျှူချိုင်လည်း သူ၏ လက်ထဲသို့ တိုက်ရိုက် ပါသွားတော့၏။
---
အခန်း( ၁၇၆၃ )
သရုပ်မှန်ကို သိမြင်နိုင်သူ
နတ်ဘုရင်ခံ ရွှေတောင်ပံက လျှူချိုင်၏ လည်ပင်းကို ဖမ်းညှစ်လိုက်၏။ သူ၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး
“မင်း တာဝန်ကို အောင်မြင်အောင် မထမ်းဆောင်နိုင်ခဲ့တော့ နောက်ဆက်တွဲ ရလဒ်တွေကို သိထားသင့်တယ်။”
လျှူချိုင်၏ မျက်နှာ ကြောက်လန့်တကြား ဖြူလျော့သွား၏။ နတ်ဘုရင်ခံ ရွှေတောင်ပံအပေါ် သူမ၏ ဆွဲဆောင်ခြင်းပညာကို အလျင်အမြန် အသုံးပြုလိုက်ရင်း လျှူချိုင်က
“တောင်ထိပ်သခင်လေး... ကျွန်မကို ချမ်းသာပေးပါ။”
မိမိကိုယ်တွင်းရှိ မငြိမ်မသက်ဖြစ်နေသော နတ်အငွေ့အသက်ကို ခံစားမိသောအခါ လျှူချိုင်သည် မိမိအပေါ် ဆွဲဆောင်ခြင်းပညာ အသုံးပြုနေသည်ကို နတ်ဘုရင်ခံ ရွှေတောင်ပံ သိလိုက်၏။ ထို့နောက် သူက နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးလိုက်၏။
ချက်ချင်းပင် လျှူချိုင်၏ လည်ပင်းကို သူ၏ ထိုင်ခုံသို့ နတ်ဘုရင်ခံ ရွှေတောင်ပံက ဖိချလိုက်၏။ ထို့နောက် သူမ၏ ကိုယ်ပေါ်ရှိ ပါးလွှာသော အဝတ်အစားများကို ဆွဲဖြဲကာ အပြစ်ပေးတော့၏။
အစပိုင်းတွင် လျှူချိုင်ကို သတ်ရန် သူ ကြံရွယ်ထားသော်လည်း သူမ၏ ဆွဲဆောင်ခြင်းပညာ အသုံးဝင်ဦးမည်ဟု ယူဆကာ ရက်အနည်းငယ် ထပ်ထားရန် ဆုံးဖြတ်လိုက်၏။
…
လျှို့ဝှက်လဝန်းနန်းတော်။
ပင်မတောင်ထိပ်။
ခုနစ်ရောင်ခြယ် နတ်အငွေ့အသက်များ ဝန်းရံထားသည့် နန်းတော်ကြီး၏ ခန်းမဆောင်အတွင်းရှိ ရေခဲကျောက်ဖျာထက်တွင် နတ်သခင် ယွမ်မုန့် ထိုင်နေ၏။ သတင်းလာပို့သော တပည့်၏ စကားကို နားထောင်ရင်း သူမ၏ မျက်ခုံးအစုံ အနည်းငယ် တွန့်သွား၏။
နတ်သခင် ယွမ်မုန့်က
“နတ်သခင် ကောင်းကင်က သူတို့ကို ပြန်လွှတ်လိုက်တယ်လို့ မင်း ပြောချင်တာလား။”
တပည့်က
“နတ်သခင် ကောင်းကင်က ချန်းလုကို တပည့်ရင်း အဖြစ် လက်ခံလိုက်ပြီး ကောင်းကင်တောင်ထိပ်ကို ပြောင်းရွှေ့နေထိုင်ဖို့ ခွင့်ပြုလိုက်ပါတယ်။ ဒါကြောင့် ဒါဟာ နတ်သခင် ကောင်းကင်ရဲ့ ရည်ရွယ်ချက် ဖြစ်နိုင်ပါတယ်။”
နတ်သခင် ယွမ်မုန့် ဇဝေဇဝါ ဖြစ်သွား၏။ ကောင်းကင်နတ်အဆင့်မျှသာရှိသော ထိုချန်းလုကို နတ်သခင် ကောင်းကင်က အဘယ်ကြောင့် ဤသို့ ပြုလုပ်ရသနည်းဟု သူမ တွေးတောနေ၏။
ရှုကျင့်ရှူးနှင့် ချန်းလုတို့ကြား ပဋိပက္ခဖြစ်လျှင် ရှုကျင့်ရှူးက ကောင်းကင်တောင်ထိပ်ကို ရန်ငြိုးဖွဲ့မည်ကို နတ်သခင် ကောင်းကင်က စိုးရိမ်နေခြင်းလား။
သို့မဟုတ် ထိုစုံတွဲ၏ သစ္စာရှိမှုကို ထိန်းသိမ်းရန် လျှို့ဝှက်လဝန်း ကျောင်းတော် နတ်သမီးများ၏ ဆွဲဆောင်ခံခြင်းမှ ချန်းလုကို အကာအကွယ်ပေးရန် တပည့်အဖြစ် လက်ခံလိုက်ခြင်းလား။
သူမ၏ နားထင်ကို နတ်သခင် ယွမ်မုန့် ပွတ်သပ်လိုက်၏။ ထိုအကြောင်းပြချက် မဖြစ်နိုင်ဟု သူမ ယူဆလိုက်၏။
ယောက်ျားများသည် သူတို့၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သူများ ဖြစ်ကြ၏။ ထို့အတွက် မဆိုင်သူများက အဘယ်ကြောင့် စိုးရိမ်နေရမည်နည်း။
မိမိ၏ အမျိုးသားက အခြားအမျိုးသမီးများနှင့် ပတ်သက်မိရုံဖြင့် ရှုကျင့်ရှူးက သူမ၏ ဆရာကို ရန်ငြိုးဖွဲ့မည် မဟုတ်ချေ။
ချန်းလုကို တပည့်အဖြစ် လက်ခံရန် နတ်သခင် ကောင်းကင်တွင် အခြားအကြောင်းပြချက် ရှိကောင်းရှိနိုင်၏။ သိလိုစိတ် ပြင်းပြလာသောကြောင့် နတ်သခင် ကောင်းကင်ကို ကိုယ်တိုင်သွားရောက် မေးမြန်းရန် နတ်သခင် ယွမ်မုန့် ဆုံးဖြတ်လိုက်၏။
နောက်တစ်ခဏတွင် နတ်သခင် ယွမ်မုန့်၏ ခန္ဓာကိုယ်သည် ကြယ်စင်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ခန်းမဆောင်အတွင်းမှ ပျောက်ကွယ်သွားကာ ကောင်းကင်တောင်ထိပ်တွင် ပြန်ပေါ်လာ၏။
နတ်သခင် ယွမ်မုန့် ရောက်ရှိလာခြင်းကို နတ်သခင် ကောင်းကင် အံ့အားသင့်ခြင်း မရှိချေ။ သူမ မေးမြန်းချင်သည့် အရာကို ခန့်မှန်းမိပြီးသား ဖြစ်၏။
နတ်သခင် ကောင်းကင်က နတ်သခင် ယွမ်မုန့်ကို
“ကျောင်းတော်သခင်ကို ဂါရဝပြုပါတယ်”
နတ်သခင် ယွမ်မုန့်က ခေါင်းငြိမ့်ပြကာ
“နတ်သခင် ကောင်းကင်... ပင်မတောင်ထိပ်က အမျိုးသမီးတွေကို ပြန်လွှတ်လိုက်တာ ရှင်လား။”
နတ်သခင် ကောင်းကင်က
“ကျောင်းတော်သခင်... ကျွန်မ ချန်းလုကို တပည့်ရင်းအဖြစ် လက်ခံလိုက်တဲ့အတွက် သူ့ရဲ့ ကျင့်စဉ်လမ်းမှာ နှောင့်ယှက်မှုတွေ မရှိစေချင်ပါဘူး။ ဒါဟာ ချန်းလုရဲ့ ဆန္ဒလည်း ဖြစ်ပါတယ်။ သူက အဲ့ဒီအမျိုးသမီးတွေကို စိတ်ဝင်စားမှု မရှိပါဘူး။”
နတ်သခင် ယွမ်မုန့်က
“ရှင်က တပည့်တွေကို အလွယ်တကူ လက်ခံလေ့မရှိပါဘူး။ သူက တစ်ခုခု ထူးခြားနေလို့လား။”
နတ်သခင် ကောင်းကင်၏ ယခင်တပည့်ရင်းများသည် သူတော်စင်မများ ဖြစ်လာကြသူများ သို့မဟုတ် ထိုအရည်အချင်းရှိသူများသာ ဖြစ်၏။ သို့သော် ယခုမူ အမျိုးသားတပည့်တစ်ဦးကို လက်ခံထားခြင်း ဖြစ်၏။
ချန်းလု၏ အကြောင်းကို နတ်သခင် ယွမ်မုန့် တစ်ချိန်ချိန် သိသွားမည်ဖြစ်ကြောင်း နတ်သခင် ကောင်းကင် သိထား၏။ ထို့ကြောင့် သူမလည်း မဖုံးကွယ်တော့ပဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
“ချန်းလုမှာ ကြီးမားတဲ့ ကံစွမ်းအားတွေ ရှိနေပါတယ်။ အစပိုင်းမှာ ကျွန်မ သတိမထားမိပေမယ့် နောက်ပိုင်းမှာ ရွှေနတ်အဆင့် ကျင့်ကြံသူတစ်စုတောင် သူ့ကို အနိုင်မယူနိုင်တာကို တွေ့ရတယ်။ ဒါကြောင့် သူ့ရဲ့ ထူးခြားမှုကို သိမြင်ပြီး ခန္ဓာကိုယ်ကို သေချာစစ်ဆေးခဲ့ပါတယ်။”
“စစ်ဆေးကြည့်လိုက်တဲ့အခါ သူ့မှာ ကံစွမ်းအားတွေကို ဖုံးကွယ်ပေးနိုင်တဲ့ ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားတွေ ရှိနေပြီး ကံစွမ်းအားတွေကလည်း အလွန်အမင်း ကြွယ်ဝနေတာကို တွေ့ခဲ့ရပါတယ်။”
ထိုအရာကို ကြားလျှင် လုချန်းအပေါ် နတ်သခင် ယွမ်မုန့် စိတ်ဝင်စားသွား၏။
ကြီးမားသော ကံစွမ်းအား ရှိနေခြင်းက တစ်ကြောင်း၊ ထိုကံစွမ်းအားကို ဖုံးကွယ်နိုင်သည့် ကောင်းကင်လျှို့ဝှက်ချက် စွမ်းအား ရှိနေခြင်းက တစ်ကြောင်း ကြောင့် ဖြစ်၏။
ဤချန်းလုသည် နတ်ဘုရား နိုင်ငံတော် တစ်ခုမှ မင်းသားတစ်ပါး ဖြစ်နေမလားဟု သူမ တွေးတောနေ၏။
နတ်သခင် ယွမ်မုန့်က နတ်သခင် ကောင်းကင်ကို
“သူ့ကို ကောင်းကင်ခန်းမဆီ လာခိုင်းလိုက်ပါ”
နတ်သခင် ယွမ်မုန့်၏ စကားကို ကြားလျှင် နတ်သခင်ကောင်းကင်လည်း ဝေခွဲမနေပဲ လုချန်းကို ကောင်းကင်ခန်းမသို့ လာရန် အသိပေးလိုက်၏။
နတ်သခင် ကောင်းကင်၏ အသိပေးချက်ကို လက်ခံရရှိပြီးနောက် ကောင်းကင်ခန်းမသို့ လုချန်း ချက်ချင်း ရောက်ရှိလာ၏။
ထိုစဉ် ခန်းမဆောင်အတွင်းရှိ မှင်သက်ဖွယ် အလှတရားက သူ၏ အကြည့်ကို ချက်ချင်းပင် ဖမ်းစားသွား၏။
ဖြူဖွေးသော ပိုးထည်ဝတ်ရုံကို ထိုလှပသော အမျိုးသမီးက ဝတ်ဆင်ထား၏။ ထိုဝတ်ရုံသည် သူမ၏ လှပသော ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်နေကာ အနည်းငယ် ပါးလွှာသော ဝတ်ရုံအောက်မှ ကျောက်စိမ်းကဲ့သို့ ဖြူစင်သည့် ခြေတံရှည်များကို ဖုံးကွယ်မထားနိုင်ချေ။
သူမ၏ တစ်ကိုယ်လုံးမှ ခုနစ်ရောင်ခြယ် အလင်းတန်းများ ဖြာထွက်နေပြီး လက်တွေ့ကမ္ဘာတွင် မရှိနိုင်ပဲ အိပ်မက်ထဲတွင်သာ ရှိနိုင်သည့် အလှတရားမျိုး ဖြစ်နေ၏။
နောက်တစ်ခဏတွင် လုချန်း၏ စနစ်မျက်နှာပြင် ပေါ်လာ၏။
[အမည် : နတ်သခင် ယွမ်မုန့်]
[အချက်အလက်: လျှို့ဝှက်လဝန်းနန်းတော်၏ ကျောင်းတော်သခင်။ နတ်ဧကရာဇ် ယူလန်၏ တပည့်။ (သခင့်တွင် ကြီးမားသော ကံစွမ်းအား ရှိနေသည်ကို သိသွားသောကြောင့် အလွန်အမင်း စိတ်ဝင်စားသွားသည်)]
[ရမှတ် : ၁၀၀]
[နှစ်သက်မှု: ၃၀]
နတ်သခင် ယွမ်မုန့်၏ အချက်အလက်များကို မြင်သောအခါမှ သူမကို တစ်ချက်ကြည့်ရုံဖြင့် အဘယ်ကြောင့် ဖမ်းစားခံလိုက်ရသည်ကို လုချန်း နားလည်သွား၏။ သူမ၏ ရမှတ်မှာ တစ်ရာအထိ ရှိနေခြင်းကြောင့် ဖြစ်၏။
လျှို့ဝှက်လဝန်း ကျောင်းတော်သည် သူ့ကို အမှန်တကယ်ပင် အံ့အားသင့်စေ၏။ သူရောက်လာတာ မကြာသေးသော်လည်း စနစ်၏ သတ်မှတ်ချက်နှင့် ကိုက်ညီသော အမျိုးသမီးနှစ်ဦးကို တွေ့ရှိခဲ့ရပြီ ဖြစ်၏။
ကံမကောင်းစွာပင် ထိုအမျိုးသမီးနှစ်ဦး၏ အဆင့်များက မြင့်မားလွန်းလှသဖြင့် သူ၏ ဇနီးများအဖြစ် ရရှိရန် ခက်ခဲနေဦးမည် ဖြစ်၏။
လုချန်းလည်း ဆက်လက် မတွေးတောတော့ပဲ နတ်သခင် ကောင်းကင်ကို ဂါရဝပြုလိုက်၏။
“တပည့်က ဆရာ့ကို ဂါရဝပြုပါတယ်”
နတ်သခင် ကောင်းကင်က ခေါင်းငြိမ့်ပြကာ
“ဒါက ကျောင်းတော်သခင်ပဲ”
လုချန်းက နတ်သခင် ယွမ်မုန့်ကို
“ကျောင်းတော်သခင်ကို ဂါရဝပြုပါတယ်”
နတ်သခင် ယွမ်မုန့်က စကားမပြောပဲ လုချန်း၏ ခန္ဓာကိုယ်ကို နတ်စွမ်းအားဖြင့် တိုက်ရိုက် စစ်ဆေးလိုက်၏။
လုချန်း၏ ခန္ဓာကိုယ်ကို စစ်ဆေးနေရင်း နတ်သခင် ယွမ်မုန့်၏ မျက်ခုံးများ အနည်းငယ် တွန့်သွား၏။
နတ်သခင် ယွမ်မုန့်၏ အမူအရာကို မြင်သောအခါ နတ်သခင် ကောင်းကင်က
“ကျောင်းတော်သခင်... တစ်ခုခု တွေ့လို့လား”
ဟု ဇဝေဇဝါဖြစ်စွာ မေးလိုက်၏။
နတ်သခင် ကောင်းကင်၏ မေးခွန်းကို ချက်ချင်း မဖြေပဲ နတ်သခင် ယွမ်မုန့်က သူမ၏ မျက်လုံးများကို မှိတ်လိုက်၏။ ထိုအခါ သူမ၏ ပတ်ပတ်လည်ရှိ ခုနစ်ရောင်ခြယ် အလင်းတန်းများက ပိုမို ထင်ရှားလာ၏။
ခဏအကြာတွင် မျက်လုံးများကို နတ်သခင် ယွမ်မုန့် ပြန်ဖွင့်လိုက်ပြီး လုချန်းကို အဓိပ္ပာယ်ပါပါ ကြည့်ကာ
“ရှင်က တကယ့်ကို သတ္တိရှိတာပဲ”
ထိုစကားကြောင့် နတ်သခင် ကောင်းကင်နှင့် လုချန်းတို့ ခဏခန့် မှင်တက်သွားကြ၏။
ဒါက ဘာကို ဆိုလိုတာလဲ။
တစ်စုံတစ်ရာသော အကြောင်းကြောင့် မိမိကို နတ်သခင် ယွမ်မုန့် ထွင်းဖောက် သိမြင်သွားသလိုမျိုး လုချန်း ခံစားလိုက်ရ၏။
နတ်သခင် ယွမ်မုန့်က
“အရင်က ရှင် ဘယ်သူပဲဖြစ်ဖြစ်...လျှို့ဝှက်လဝန်း ကျောင်းတော်အပေါ် ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့... အခု ရှင်က လျှို့ဝှက်လဝန်း ကျောင်းတော်ထဲ ဝင်လာပြီဆိုတော့ တို့တွေထဲက တစ်ယောက်ပဲ။”
သူ၏ သရုပ်မှန် တကယ် ပေါ်သွားပြီလားဟု လုချန်း တွေးတောနေ၏။
ထိုစဉ် လုချန်း၏ စိတ်ထဲသို့ နတ်သခင် ယွမ်မုန့်က တိုက်ရိုက် စကားပြောလိုက်၏။
“လုချန်း... ရှင့်ရဲ့ သရုပ်မှန်ကို ကျွန်မ မဖော်ထုတ်ချင်ဘူး။ ဒါပေမဲ့ အခု ရှင်က လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီဆိုတော့ ကျောင်းတော်ရဲ့ အကျိုးစီးပွားအတွက် ရပ်တည်ပြီး လုပ်ဆောင်ရမယ်ဆိုတာ မှတ်ထားပါ။ တစ်နေ့မှာ ရှင် နတ်သခင် ဖြစ်လာခဲ့ရင် ရှင့်ကို တောင်ထိပ်သခင်အဖြစ် ကျွန်မ ခန့်အပ်ပေးနိုင်တယ်။”
နတ်သခင် ယွမ်မုန့်၏ စကားကို ကြားလျှင် လုချန်း၏ စိတ်ထဲ တုန်လှုပ်သွား၏။ သူ၏ သရုပ်မှန်ကို နတ်သခင် ယွမ်မုန့် အမှန်တကယ်ပင် သိသွားကြောင်း သူ နားလည်လိုက်၏။
ဒါကို ဘယ်လိုများ သိသွားတာလဲ။
နတ်သခင် ယွမ်မုန့်တွင် ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်နိုင်သည့် စွမ်းရည် ရှိနေတာလား။
နတ်သခင် ယွမ်မုန့်၏ စကားများတွင် ထူးဆန်းမှုတစ်ခု ရှိနေသည်ကို နတ်သခင် ကောင်းကင် ခံစားမိ၏။
“လျှို့ဝှက်လဝန်း ကျောင်းတော်အပေါ် ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့”
ဟူသော စကား၏ အဓိပ္ပာယ်ကို သူမ တွေးတောနေမိ၏။
ယခင်က လျှို့ဝှက်လဝန်း ကျောင်းတော်၏ အကျိုးစီးပွားတစ်စုံတစ်ရာကို ချန်းလုက ထိခိုက်အောင် လုပ်ခဲ့ဖူးလို့လား။
---
…………
အခန်း (၁၇၆၄ )
နီးကပ်လာသည့် အန္တရာယ်
သူ၏ စိတ်တည်ငြိမ်မှုကို လုချန်း အလျင်အမြန် ပြန်လည်ထိန်းသိမ်းလိုက်၏။ ထို့နောက် နတ်သခင် ယွမ်မုန့်ကို ဂါရဝပြုကာ
“ကျောင်းတော်သခင်ရဲ့ ဆုံးမသွန်သင်မှုတွေကို တပည့် မှတ်သားထားပါ့မယ်”
နတ်သခင် ယွမ်မုန့်က လုချန်းကို နောက်တစ်ကြိမ် ကြည့်လိုက်ရင်း စိတ်ထဲတွင် သက်ပြင်းချမိ၏။ သူသည် တကယ်ပင် ကြီးမားသော ကံကြမ္မာပိုင်ရှင် ဖြစ်သဖြင့် သတ်ရန် မဖြစ်နိုင်ပေ။
ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် အသက်ရှင်ကျန်ရုံသာမက လွန်ခဲ့သော နှစ်အနည်းငယ်က သူသည် ကိုယ့်ကိုယ်ကို ဖောက်ခွဲဖျက်ဆီးကာ သေဆုံးသွားပြီဟူသော ထောက်လှမ်းရေး အစီရင်ခံစာကို သူမ ရရှိခဲ့ဖူး၏။ သို့သော် နှစ်အနည်းငယ်အကြာတွင် သူသည် လျှို့ဝှက်လဝန်းနန်းတော်သို့ ရောက်ရှိနေလေပြီ။
လုချန်း၏ အပေါ်ရှိ ‘ဘဝဆိုတာ အိပ်မက်တစ်ခု’ အမှတ်အသားကို သူမ သတိမထားမိခဲ့ပါက သူ့ကို သူမလည်း မှတ်မိနိုင်မည် မဟုတ်ချေ။ ‘ဘဝဆိုတာ အိပ်မက်တစ်ခု’ ကျင့်စဉ်ကို လေ့ကျင့်ထားသော အမျိုးသမီးနှင့်အတူ စုံတွဲကျင့်စဉ် ကျင့်ကြံပြီးနောက်တွင် လုချန်း၏ ဝိညာဉ်၏ နက်ရှိုင်းသော နေရာ၌ ထိုအမှတ်အသား ပေါ်ပေါက်လာမည် ဖြစ်၏။
သူမကိုယ်တိုင်လည်း ‘ဘဝဆိုတာ အိပ်မက်တစ်ခု’ ကျင့်စဉ်ကို ကျင့်ကြံထားခြင်း မရှိပါက ထိုအမှတ်အသားကို ရှာဖွေတွေ့ရှိရန် ခက်ခဲလှ၏။
ထိုစဉ်က ယွမ်ချင်းရှုသည် ‘ဘဝဆိုတာ အိပ်မက်တစ်ခု’ ကျင့်စဉ်ကို ကျင့်ကြံခဲ့ပြီး သူမ၏ တစ်ဦးတည်းသော အမျိုးသားမှာ လုချန်း ဖြစ်၏။ လုချန်းဟူသော အမည်မှာ ချန်းလုကို ပြောင်းပြန်လှန်ထားခြင်းသာ ဖြစ်နေသဖြင့် လုချန်း၏ သရုပ်မှန်ကို နတ်သခင် ယွမ်မုန့် ချက်ချင်းပင် ခန့်မှန်းမိသွားခြင်း ဖြစ်၏။
အစက လုချန်းသည် သူတို့နတ်ဂိုဏ်း၏ သူတော်စင်မနှင့်အတူ ထွက်ပြေးသွားခဲ့သဖြင့် သူတို့၏ အစီအစဉ်များကို ပျက်ပြားစေခဲ့၏။ သဘာဝကျကျ စဉ်းစားကြည့်ပါက လုချန်းကို သူတို့ ဖယ်ရှားပစ်သင့်သော်လည်း သူ့ကို ဝန်းရံထားသည့် အလွန်ကြီးမားသော ကံစွမ်းအားများကို ထည့်သွင်းစဉ်းစားပါက သူမ ကိုယ်တိုင် အရေးယူလျှင်လည်း သူ့ကို တကယ် သတ်နိုင်မည် မဟုတ်ပေ။
ထို့ပြင် အရေးကြီးဆုံးအချက်မှာ လုချန်း လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ဝင်ရောက်လာပါက နတ်ဂိုဏ်း၏ ကံစွမ်းအားကို တဖြည်းဖြည်း မြှင့်တင်ပေးနိုင်မည် ဖြစ်ရာ ၎င်းသည် ကျောင်းတော်အတွက်လည်း အကျိုးရှိစေမည် ဖြစ်၏။
လုချန်း၏ ပါရမီမှာလည်း သံသယဖြစ်ဖွယ် မရှိချေ။ သူ၏ ကျင့်စဉ်ပါရမီနှင့်ဆိုလျှင် လျှို့ဝှက်လဝန်း ကျောင်းတော်တွင် နောက်ထပ် နတ်သခင်တစ်ဦး ပေါ်ပေါက်လာရန် အချိန်အကြာကြီး စောင့်ရန် လိုမည်မဟုတ်ပေ။
လုချန်း နတ်ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်မလားဟူသော အချက်နှင့် ပတ်သက်၍တော့ နတ်သခင် ယွမ်မုန့် လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိချေ။
လျှို့ဝှက်လဝန်း ကျောင်းတော်သည် အခြားသော နတ်ဂိုဏ်းများနှင့် မတူပေ။ သူတို့တွင် နတ်ဧကရာဇ်တစ်ပါး ရှိပြီးသား ဖြစ်၏။
လုချန်း နတ်ဧကရာဇ်တစ်ပါး ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ထိုနတ်ဂိုဏ်းများက သူ့ကို ဝိုင်းရံတိုက်ခိုက်စဉ်ကလည်း လျှို့ဝှက်လဝန်းနန်းတော်က ပါဝင်ပတ်သက်ခဲ့ခြင်း မရှိချေ။ အကြောင်းမှာ သူတို့သည် နတ်ဧကရာဇ် ယူလန်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိသောကြောင့် ဖြစ်၏။
လျှို့ဝှက်လဝန်း ကျောင်းတော်ရှိ အကြီးအကဲများ၏ အမြင်တွင် နတ်ဧကရာဇ် ယူလန်သာ ဒုတိယဘဝကို ပြန်လည်ရရှိနိုင်ပါက ထျန်းရန် နတ်ဘုရား နယ်မြေတွင် နောက်ထပ် နတ်ဧကရာဇ်တစ်ပါး ပေါ်ထွက်လာခြင်းက အရေးမကြီးလှပေ။ ထို့ပြင် လုချန်းသည် နတ်ဧကရာဇ် ဖြစ်လာရန် အချိန်အကြာကြီး ယူရဦးမည်ဟု မျှော်လင့်ရ၏။
သူ နတ်ဧကရာဇ် မဖြစ်လာမီ သူတို့၏ နတ်ဧကရာဇ် ယူလန်သည် ဒုတိယဘဝကို ရရှိနေပြီး ဖြစ်နိုင်ပြီး လျှို့ဝှက်လဝန်း ကျောင်းတော်ကို ဦးဆောင်ကာ ထျန်းရန် နတ်ဘုရား နယ်မြေ တစ်ခုလုံးကို လွှမ်းမိုးထားနိုင်လိမ့်မည် ဖြစ်၏။
ထို့ကြောင့် လုချန်းသည် လျှို့ဝှက်လဝန်းကျောင်းတော်အတွက် ခြိမ်းခြောက်မှု တစ်ခု မဟုတ်ပေ။
သို့သော် ရှုကျင့်ရှူး၏ ရင်သွေးသည် လုချန်း၏ ကလေးဖြစ်၏။ သူ၏ ရင်သွေးသည် နတ်ဧကရာဇ် ယူလန်၏ သိမ်းပိုက်မည့် ကိုယ်ထည် ဖြစ်နေကြောင်း လုချန်း သိသွားပါက လျှို့ဝှက်လဝန်း ကျောင်းတော်အပေါ် သူ သစ္စာဖောက်သွားနိုင်၏။
သို့သော်လည်း ဤအရာက ကြီးမားသော ပြဿနာတစ်ခု မဟုတ်ပေ။ ရှုကျင့်ရှူး ကလေးမွေးဖွားပြီးသည်နှင့် သူတို့သည် ထိုကလေးကို အခြားကလေးတစ်ဦးနှင့် လဲလှယ်လိုက်မည် ဖြစ်၏။
ထို့ပြင် ထိုသူတော်စင်မ အတု၏ သွေးသားကို ပြောင်းလဲရန် အထူးသွေးမျိုးဆက် ကျင့်စဉ်ကို အသုံးပြုမည် ဖြစ်သဖြင့် လုချန်းက သွေးမျိုးဆက် အာရုံခံမှုကို အသုံးပြုသည့်တိုင် မည်သည့်အရာကိုမှ ထောက်လှမ်းသိရှိနိုင်မည် မဟုတ်ချေ။
ဤနည်းဖြင့် သူတော်စင်မ အတုကို လူသိရှင်ကြား ထားရှိမည် ဖြစ်ပြီး တစ်စုံတစ်ဦးက သူတော်စင်မကို တိုက်ခိုက်ရန် ကြံစည်လာပါက ထိုသူတော်စင်မ အတုသာ သေဆုံးသွားမည် ဖြစ်၏။ ထိုအခါ သူတော်စင်မ အစစ်ကတော့ နတ်ဧကရာဇ် ယူလန် သိမ်းပိုက်မည့် ခန္ဓာ ဖြစ်လာသည်အထိ ဘေးကင်းစွာ ကြီးပြင်းလာနိုင်မည် ဖြစ်၏။
နတ်သခင် ယွမ်မုန့်လည်း လုချန်းကို နောက်ထပ် များများစားစား မပြောတော့ပေ။ သူ၏ သရုပ်မှန်ကို အတည်ပြုပြီးပြီ ဖြစ်ရာ ယခုအချိန်မှစ၍ လျှို့ဝှက်လဝန်း ကျောင်းတော်တွင် လုချန်း ပြဿနာများ မဖန်တီးနိုင်စေရန် သူ့ကို အနီးကပ် စောင့်ကြည့်ထားရန်သာ လိုအပ်၏။
နောက်တစ်ခဏတွင် နတ်သခင် ယွမ်မုန့်သည် ကြယ်စင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ခန်းမဆောင်ကြီးအတွင်းမှ ပျောက်ကွယ်သွား၏။
နတ်သခင် ယွမ်မုန့် ထွက်ခွာသွားပြီးနောက် နတ်သခင် ကောင်းကင်က သံသယစိတ်ဖြင့် လုချန်းကို ကြည့်ကာ
“အရင်တုန်းက ရှင် လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် အရာတွေ လုပ်ခဲ့ဖူးလား။”
လုချန်းက
“သူတော်စင်မ ဖြစ်လာမယ့်သူကို တပည့်ရဲ့ ရင်သွေး ရရှိအောင် လုပ်ခဲ့တာက အဲ့ဒီအထဲ ပါသလား။”
နတ်သခင် ကောင်းကင်က ခပ်အေးအေးပင်
“အဲ့ဒီတစ်ခုကလွဲလို့ ကျန်တာကော”
လုချန်းက
“ကျန်တာ ဘာမှမရှိပါဘူး”
နတ်သခင် ယွမ်မုန့်ပင်လျှင် နတ်သခင် ကောင်းကင်၏ ရှေ့တွင် သူ၏ သရုပ်မှန်ကို တိုက်ရိုက် မဖော်ထုတ်ခဲ့ပေ။ ထို့ကြောင့် သူ ဘာတွေ လုပ်ခဲ့သည်ကို နတ်သခင် ကောင်းကင်ကို သူ ပြောပြ၍ မရနိုင်ပေ။
အထူးသဖြင့် နတ်သခင် ကောင်းကင်၏ တပည့်ရင်းများနှင့် သူ့ကြား ပတ်သက်မှုများ ရှိနေသောကြောင့် ဖြစ်၏။ ယွမ်ချင်းရှုနှင့် ရှုကျင့်ရှူးတို့သည် သူ့ကြောင့် ဒုက္ခရောက်ခဲ့ကြပြီး ယွမ်ယုတိမှာလည်း ဒုက္ခရောက်တော့မည့် အခြေအနေတွင် ရှိနေ၏။
ယွမ်ယုတိပါ သူ့ကြောင့် ဒုက္ခရောက်သွားပြီး ဤအကြောင်း နတ်သခင် ကောင်းကင်၏ နားထဲသို့ ရောက်သွားပါက သူမ မည်သို့ တုံ့ပြန်မည်ကို မည်သူမှ မသိနိုင်ပေ။
လုချန်းက အခြားဘာမှ မရှိဟု ပြောသော်လည်း နတ်သခင် ကောင်းကင်၏ စိတ်ထဲတွင် သံသယများ ရှိနေဆဲ ဖြစ်၏။ လုချန်းနှင့် နတ်သခင် ယွမ်မုန့်တို့က သူမအား တစ်ခုခုကို ဖုံးကွယ်ထားသည်ဟု နတ်သခင် ကောင်းကင် ခံစားနေရ၏။
သို့သော် ကျောင်းတော်သခင်ဖြစ်သူ နတ်သခင် ယွမ်မုန့်ကိုယ်တိုင်ပင် ဘာမှ မပြောသဖြင့် ၎င်းသည် ကြီးမားသော ကိစ္စတစ်ခု မဟုတ်နိုင်ဟု ယူဆကာ နတ်သခင် ကောင်းကင်လည်း ဆက်လက် မမေးမြန်းတော့ပေ။
နတ်သခင် ကောင်းကင်က
“ရှင် ပြန်ပြီး ကျင့်ကြံနိုင်ပြီ”
နတ်သခင် ကောင်းကင်ကို လုချန်း ဂါရဝပြုကာ
“တပည့် ခွင့်ပြုပါဦး”
ထိုသို့ ပြောပြီးနောက် လုချန်းလည်း နောက်သို့ လှည့်ကာ ကောင်းကင်တောင်ထိပ် ခန်းမဆောင်အတွင်းမှ ထွက်ခွာသွား၏။
……
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် နှစ်ဝက်ခန့် ကုန်ဆုံးသွားခဲ့ပြန်၏။
ဤနှစ်ဝက်အတွင်း ချီယန်ဂိုဏ်းသည် လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်မည့် တပ်မတော်ကြီးတွင် ပူးပေါင်းခဲ့၏။ ချီယန်ဂိုဏ်း၏ ဟန့်တားမှု မရှိတော့သဖြင့် ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ စစ်တပ်သည် ကောင်းကင်ဝံပုလွေမြို့သို့ လျင်မြန်စွာ ရောက်ရှိလာ၏။
တစ်ချိန်တည်းမှာပင် ယခင်က နှိမ်နင်းခံထားရသော သွေးလင်းယုန်ခန်းမမှ မိစ္ဆာနတ်များသည် လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်း ပြန်လည် လှုပ်ရှားလာကြရာ နန်းတော်၏ တပည့်များနှင့် အကြီးအကဲများ အလွန် အလုပ်ရှုပ်သွားကြ၏။
တစ်နေရာတွင် ပြဿနာရှာနေသော မိစ္ဆာနတ်များကို အနိုင်နိုင် နှိမ်နင်းပြီးသည့်တိုင် အခြားတစ်နေရာတွင် မိစ္ဆာနတ် အမြောက်အမြား ထပ်မံ ပေါ်ပေါက်လာပြန်၏။ ထိုမိစ္ဆာနတ်များကို ရှင်းလင်းပြီး သောအခါ ထျန်းရှ နတ်ဘုရား နိုင်ငံတော်နှင့် ချီယန်ဂိုဏ်း၏ တပ်ဖွဲ့များက သူတို့၏ တိုက်ခိုက်မှုများကို စတင်ခဲ့ကြ၏။
ဤအင်အားစု သုံးစု၏ တိုက်ခိုက်မှုအောက်တွင် လျှို့ဝှက်လဝန်းနန်းတော်သည် ခုခံရန် အင်အား မရှိတော့ပဲ ဆက်တိုက် ဆုတ်ခွာခဲ့ရ၏။ လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အင်အားစုများသည်လည်း နန်းတော်၏ အင်အား ကျဆင်းလာသည်ကို မြင်လျှင် အခြားအင်အားစု သုံးစုနှင့် ပူးပေါင်းသွားကြရာ လျှို့ဝှက်လဝန်းနန်းတော်၏ အခြေအနေမှာ ပို၍စိုးရိမ်စရာဖြစ်လာ၏။
……
ထိုအခိုက်အတန့်တွင်။
ပိဟိုင်နတ်မြို့။
ချန်းစံအိမ်အတွင်း၌။
ကြယ်စင်ကဲ့သို့ တောက်ပသော မျက်ဝန်းများ၊ ဝေဝါးနေသော အမူအရာများနှင့်အတူ ယဲ့ချူယောင်သည် လုချန်း၏ ရင်ခွင်ထဲမှီထား၏။
ထိုစဉ် ယဲ့ချူယောင်က
“မောင်လေး... တော်... တော်ပါတော့...”
လွန်ခဲ့သော နှစ်ဝက်လုံးလုံး ချန်းစံအိမ်တွင် နေထိုင်ခဲ့သော်လည်း ပြင်ပတွင် ဖြစ်ပျက်နေသည်များကို သူမ သိနေ၏။ လျှို့ဝှက်လဝန်းနန်းတော်သည် ယခုအခါ သေရေးရှင်ရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း သူမ သိထား၏။
ခန်းမသခင်၏ တပည့်ရင်းတစ်ဦးအနေနှင့် သူမ ဤနေရာတွင် ပျော်မွေ့နေသည်ကို လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်များ သိသွားပါက သူတို့၏ စိတ်ဓာတ်များ ဧကန်မုချ ကျဆင်းသွားပေလိမ့်မည်။
လုချန်းနှင့်အတူ ကျင့်ကြံခြင်းဖြင့် သူမ၏ စွမ်းအား အဆက်မပြတ် တိုးတက်လာခဲ့ပြီး ထိုအရာကို ပျော်ပါးခြင်း သက်သက်ဟု မပြောနိုင်သော်လည်း နန်းတော်သခင်၏ တပည့်ရင်းတစ်ဦးအနေနှင့် သူမသည် နောက်တန်းတွင် နေမည့်အစား ရှေ့တန်းတွင် ရှိနေသင့်၏။
သူမ၏ ဆရာ မရှိသည့် အခြေအနေတွင် တပည့်ရင်းတစ်ဦးဖြစ်သော သူမသည် စိတ်ဓာတ်များကို မြှင့်တင်ပေးရန် ရှေ့တန်းသို့ သွားရန် လိုအပ်၏။
အစက သူမသည် လွန်ခဲ့သော နှစ်ဝက်ကတည်းက ထွက်သွားရန် ရည်ရွယ်ခဲ့သော်လည်း ဤပြဿနာကောင်က သူမကို အမြဲ နှောင့်ယှက်ပတ်သက်နေခဲ့၏။ ထို့ကြောင့် သူမတွင် မည်သည့် စွမ်းအားမှ မရှိတော့ပဲ သူနှင့်အတူ ကျင့်ကြံရန်သာ တတ်နိုင်ခဲ့၏။
စစ်မျက်နှာပြင်သည် ပိဟိုင်နတ်မြို့သို့ မကြာမီ ရောက်ရှိလာတော့မည်ကို လုချန်းလည်း သိလိုက်ရာ ယဲ့ချူယောင်ကို နှောင့်ယှက်ခြင်းအား ရပ်တန့်လိုက်၏။
ထို့နောက် လုချန်းက
“အစ်မ... ရှေ့တန်းကို သွားချင်တာလား”
ယဲ့ချူယောင်က
“ဟုတ်တယ်... ခန်းမသခင်ရဲ့ တပည့်ရင်းတစ်ယောက်အနေနှင့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ နောက်တန်းမှာ မရှိနေသင့်ဘူး”
လုချန်းက
“ဒါဆို ကျုပ်လည်း အစ်မနဲ့အတူ လိုက်ခဲ့မယ်”
ယဲ့ချူယောင်က ချက်ချင်းပင်
“မဖြစ်ဘူး”
ယဲ့ချူယောင်က
“ရှင့်ရဲ့ အခု စွမ်းအားတွေက ပြန်မကောင်းသေးဘူးလေ... ရှေ့တန်းကို သွားလည်း အကျိုးမရှိပါဘူး။”
သူမအတွက်တော့ လုချန်းသည် လူနတ်အဆင့်တွင်သာ ရှိနေပြီး သူ ရှေ့တန်းသို့ သွားခြင်းက အကျိုးမရှိ ဖြစ်ပေလိမ့်မည်။
သူသာ နောက်တစ်ကြိမ် ပစ်မှတ်ထားခံရပြီး ယခင်ကလို အခြေအနေမျိုးနှင့် ထပ်မံ ရင်ဆိုင်ရပါက မည်သို့ ဖြစ်မည်နည်း။
ပြီးခဲ့သည့်အကြိမ်က ကံကောင်းသဖြင့် လုချန်း အသက်ရှင်ခဲ့သော်လည်း အကြိမ်တိုင်းတွင်တော့ ထိုကဲ့သို့ ကံကောင်းနိုင်မည် မဟုတ်ပေ။
ယဲ့ချူယောင်၏ ပြတ်သားသော အမူအရာကို မြင်လျှင် လုချန်းက
“ကောင်းပါပြီ... ဒါဆိုလည်း အစ်မ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ”
ထို့နောက် ယဲ့ချူယောင် ထလိုက်ပြီး လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရာ သူမ၏ ကိုယ်ပေါ်တွင် အပြာရောင် ဝတ်ရုံတစ်စုံ ပေါ်ပေါက်လာ၏။ ကုတင်ပေါ်ရှိ လုချန်းကို သူမ တစ်ချက် ကြည့်ကာ
“ရှင် ကောင်းကောင်း အနားယူနေနော်... ကျွန်မအရင်ဆုံး လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်လိုက်ဦးမယ်။”
ထိုသို့ ပြောပြီးနောက် ယဲ့ချူယောင်သည် ပိဟိုင်နတ်မြို့မှ ချက်ချင်း ထွက်ခွာသွားပြီး လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်သွားလေတော့၏။
---
………….