← Chapters

အခန်း (၁၇၆၈-၁၇၇၀)

Vol. 118 Ch. 1768-1770

အခန်း (၁၇၆၈-၁၇၇၀)

Vol. 118 Ch. 1768-1770

အခန်း (၁၇၆၈)

ဝေရွှီ၏ အမြော်အမြင်

လုချန်းက သူမ၏မေးခွန်းကို မတုံ့ပြန်သည်ကို မြင်လျှင် ယွမ်ယုတိ မျက်မှောင် အနည်းငယ် ကြုတ်သွားကာ သူမပတ်ဝန်းကျင်ရှိ အေးစက်လှသော အငွေ့အသက်များကို လုချန်းဆီသို့ တိုးဝှေ့ တိုက်ခတ်စေလိုက်၏။ သို့သော် ထိုအအေးဓာတ်မှာ လုချန်း၏ ခန္ဓာကိုယ်ထံသို့ မရောက်ရှိမီမှာပင် ပျောက်ကွယ်သွားခဲ့သည်။

ဒါက...

ယွမ်ယုတိ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ သူမ၏ ကိုယ်ပိုင် အိပ်မက်ထဲတွင် သူမ အလိုရှိရာ အရာရာကို လုပ်ဆောင်နိုင်သင့်သော်လည်း ဤသစ္စာဖောက် တပည့်က သူမ၏ အအေးဓာတ်ကို အဘယ်ကြောင့် ခုခံနိုင်နေရသနည်း။

ယွမ်ယုတိ ထုတ်လွှတ်လိုက်သော အအေးဓာတ်များ ပျောက်ကွယ်သွားသည်ကို လုချန်း မြင်လျှင် ပန်းပင်လယ်ပြင်ထဲ၌ ထျန်းဟုန် ဧကရီနှင့် ရစ်ပတ်နွယ်ခဲ့သည့် မြင်ကွင်းကို ရုတ်တရက် သတိရသွား၏။ ဤပန်းပင်လယ်အတွင်း၌ သူသည် မည်သူမှ မယှဉ်နိုင်သော တည်ရှိမှုတစ်ခုအဖြစ် ရောက်ရှိနေပြီး သူအလိုရှိသမျှကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ပုံရသည်။

ထိုဖြစ်နိုင်ခြေကို တွေးတောမိရင်း ယွမ်ယုတိထံသို့ လုချန်း တိုက်ရိုက် လျှောက်သွား၏။ သူထံသို့ ချဉ်းကပ်လာသည့် လုချန်းကို မြင်လျှင် ယွမ်ယုတိ မျက်မှောင် အနည်းငယ် ကြုတ်သွားကာ စိတ်ထဲ၌လည်း မလုံခြုံမှုတစ်ရပ် စတင် ဖြစ်ပေါ်လာသည်။

ထို့ပြင် အိပ်မက်ကို ယွမ်ယုတိ ချက်ချင်း စတင် ထိန်းချုပ်လိုက်၏။ နောက်တစ်ခဏ၌ သူမ၏ ခန္ဓာကိုယ် ပတ်လည်တွင် ရေခဲဆူးချွန်ပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာပြီး ထိုရေခဲဆူးချွန်အားလုံး လုချန်းထံသို့ တဟုန်ထိုး ပျံသန်းသွားသော်လည်း သူနှင့် ထိတွေ့ခါနီးမှာပင် တစ်ဖန် ပျောက်ကွယ်သွားပြန်၏။

လုချန်း ပို၍ပို၍ နီးကပ်လာသည်နှင့်အမျှ ယွမ်ယုတိ၏ စိတ်ထဲ၌ ထိတ်လန့်မှု အနည်းငယ် ဖြစ်ပေါ်လာကာ သူမ ချက်ချင်းပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ ကံကောင်းသည်က ဤပန်းပင်လယ်ပြင်သည် အဆုံးမရှိ ကျယ်ပြောလှသဖြင့် သူမ ဆက်လက် ဆုတ်ခွာနိုင်နေခြင်းပင် ဖြစ်၏။

သူမကို စိုက်ကြည့်နေသည့် လုချန်း၏ ထင်ရှားလှသော အကြည့်များကို ယွမ်ယုတိ သတိပြုမိသွားကာ လုချန်း၏ ရည်ရွယ်ချက်ကိုလည်း ချက်ချင်းပင် ရိပ်မိလိုက်သည်။

ယွမ်ယုတိက

“မင်း နောက်ထပ်တစ်လှမ်း ထပ်တိုးလာမယ်ဆိုရင်တော့ တပည့်ကို ဆုံးမလိုက်တဲ့အတွက် အပြစ်လို့ မပြောနဲ့တော့။”

လုချန်းကတော့ ယွမ်ယုတိ၏ စကားများကို ဂရုမစိုက်ပဲ သူမထံသို့ ဆက်လက် လျှောက်လှမ်းနေဆဲပင်။ ယွမ်ယုတိနှင့် ခြေလှမ်းအနည်းငယ်သာ ကွာဝေးသော နေရာသို့ လုချန်း ရောက်လာလျှင် သူမ နောက်သို့ တစ်ဖန် ဆုတ်သွားပြန်၏။

သူမ၏ မည်သည့် နည်းလမ်းမှ လုချန်းအပေါ် အကျိုးသက်ရောက်မှု မရှိကြောင်း သူမ နားလည်သွားပြီး ဤပန်းပင်လယ်ပြင်မှာ သူမ ဖန်တီးထားသော အိပ်မက် ဟုတ် မဟုတ်ပင် သံသယ ဝင်လာခဲ့သည်။

ယွမ်ယုတိ နောက်သို့ ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် သူမ၏ ခန္ဓာကိုယ် လုံးဝတောင့်တင်း သွားကာ စိတ်ထဲ၌လည်း ဗလာနတ္ထိ ဖြစ်သွား၏။

“ဒါ... ဒါက ဘာဖြစ်တာလဲ”

အိပ်မက်ကို ဖြိုခွင်းရန် သူမ ကြိုးစားကြည့်သော်လည်း ပန်းပင်လယ်ပြင်သည် ပျောက်ကွယ်မသွားပဲ တည်ရှိနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရ၏။

ယွမ်ယုတိ၏ မျက်နှာ လုံဝ အေးစက်သွားခဲ့၏။

တကယ်တမ်း ဘာတွေ ဖြစ်ပျက်နေသလဲ။

သူမ ဖန်တီးထားသော အိပ်မက်သည် ထိန်းချုပ်၍ မရနိုင်တော့သည့်အပြင် ယခုအခါ ဖျက်သိမ်း၍ပင် မရနိုင်တော့ပေ။

သစ္စာဖောက် တပည့်က သူမအနီးသို့ ရောက်ခါနီး ဖြစ်နေသော်လည်း ယွမ်ယုတိ

မည်သည့်အရာမှ မလုပ်နိုင်တော့ပေ။

ယွမ်ယုတိက အေးစက်၍ ဂရုမစိုက်သောအမူအရာဖြင့် လုချန်းကို ကြည့်ကာ

“သစ္စာ... သစ္စာဖောက် တပည့်... ရှင်... ဘာလုပ်ဖို့ ကြံစည်နေတာလဲ။”

မျက်နှာတွင် အပြုံးတစ်ခုနှင့်အတူ လုချန်းက

“ဆရာက ကျုပ်ကို သစ္စာဖောက် တပည့်လို့ ခေါ်နေမှတော့ ကျုပ်က ဘာမှမလုပ်ပဲ နေလိုက်ရင် ဒီစကားလုံးနဲ့ မတန်သလို ဖြစ်နေမှာပေါ့။”

“ရှင်...”

အိပ်မက်ကို ဆက်လက် ထိန်းချုပ်ရန် ယွမ်ယုတိ ထပ်မံ ရုန်းကန်လိုက်သော်လည်း ယခုတစ်ကြိမ်တွင်တော့ အအေးဓာတ်ပင် ထုတ်လွှတ်၍ မရတော့ပဲ သူမ၏ သိစိတ်တစ်ခုလုံးရပ်တန့် သွားသည်ကို တွေ့လိုက်ရ၏။

နောက်တစ်ခဏ၌ သူမ၏ အရှေ့တည့်တည့်သို့ လုချန်း ရောက်လာခဲ့၏။ နှစ်ပေါင်း ကုဋေနှင့်ချီ၍ နတ်ဘုရင်အဖြစ် နေထိုင်ခဲ့သော ယွမ်ယုတိ တစ်ယောက် အနည်းငယ် ပျာယာခတ်သွားသော်လည်း သူမသည် ယောကျ်ားတစ်ယောက် အနီးသို့ ချဉ်းကပ်လာရုံဖြင့် အလွယ်တကူ ထိတ်လန့်သွားမည့်သူတော့ မဟုတ်သေးပေ။

သို့သော် ယွမ်ယုတိ မမျှော်လင့်ထားသည်က ဤသစ္စာဖောက် တပည့်သည် သူမအနားသို့ ရောက်သည်နှင့် သူမကို သူ၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ဆွဲသွင်းကာ သူမ၏ ခန္ဓာကိုယ်အနှံ့ လက်များဖြင့် ပွတ်သပ် လာခြင်းပင်။

ယွမ်ယုတိ ရုတ်တရက် အမျက်ထွက်သွား၏။ မည်သို့ပင်ဖြစ်စေ သူမသည် နတ်ဘုရင် တစ်ပါးသာ ဖြစ်ရာ သူ၏ တပည့်ရင်းထံမှ ဤကဲ့သို့သော အရှက်ခွဲ စော်ကားခံရမှုမျိုးကို တစ်ခါမှ မကြုံဖူးပေ။

ယွမ်ယုတိက

“လူယုတ်မာ...ရှင် ဘာလုပ်နေလဲဆိုတာ ရှင်တိုင်ရော သိရဲ့လား။”

ယွမ်ယုတိ၏ နူးညံ့လှသော ခန္ဓာကိုယ်ကို ပွေ့ဖက်ရင်း မီးတောက်များ ထွက်လာတော့မည့်အလား ဖြစ်နေသည့် သူမ၏ မျက်လုံးများကို လုချန်း စိုက်ကြည့်ကာ ပြုံးလျက်

“သိတာပေါ့”

လုချန်းက

“ဆရာက ကျုပ်ကို ဒီကို ခေါ်လာတာ ကျုပ်နဲ့ စုံတွဲကျင့်စဉ် ကျင့်ဖို့အတွက် မဟုတ်ဘူးလား။”

ဒေါသကြောင့် ပေါက်ကွဲထွက်တော့မည့်အတိုင်း ယွမ်ယုတိ ခံစားနေရ၏။ သူမက အဘယ်ကြောင့် သူ့ကို စုံတွဲကျင့်စဉ် ကျင့်ရန် ဤနေရာသို့ ခေါ်ဆောင်လာရမည်နည်း။

ယွမ်ယုတိက လုချန်းကို စိုက်ကြည့်ကာ “ကျွန်မကို အခုချက်ချင်း လွှတ်ပေးစမ်း။ မဟုတ်ရင် ကျွန်မ သတိပြန်ဝင်လာတာနဲ့ ရှင့်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်။”

လုချန်းက

“တပည့်က ဒီအဆင့်ထိ ရောက်နေပြီဆိုတော့ အခု နောက်ပြန်ဆုတ်ရင်လည်း ဆရာ့လက်ထဲမှာ အသတ်ခံရမှာပဲ။ ဒါကြောင့် အဆုံးထိပဲ ဆက်သွားလိုက်တော့မယ်”

“ရှင်... အွန်း”

ယွမ်ယုတိ စကားမဆုံးမီမှာပင် လုချန်းက ငုံ့ကိုင်းလိုက်ကာ သူမ၏ နှုတ်ခမ်းများကို သိမ်းပိုက်လိုက်ပြီး ယွမ်ယုတိ၏ ခန္ဓာကိုယ်အနှံ့ကို သူ၏ လက်များဖြင့် ပွတ်သပ် လိုက်သည်။

ယွမ်ယုတိ ရုန်းကန်ချင်သော်လည်း လုံးဝ လှုပ်ရှား၍ မရပဲ လုချန်း၏ စိတ်တိုင်းကျ ပြုမူခြင်းကိုသာ ခံနေရသဖြင့် ရင်ထဲ၌ အလွန် ဒေါသဖြစ်နေမိ၏။ ဤယုတ်မာသော သတ္တဝါ၏ နှိပ်စက်မှုကို ခံရလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးခဲ့ဖူးပေ။

သူမ၏ ပြန်လည် သတိရလာသည်နှင့် ဤသစ္စာဖောက် တပည့်၏ အရေခွံကို ဆွဲခွာပစ်မည်ဟု ယွမ်ယုတိ တွေးနေစဉ်မှာပင် သူမ၏ သိစိတ်များ လှုပ်ရှားလာသည်ကို တွေ့လိုက်ရ၏။ ဤသည်မှာ သူမ၏ သိစိတ်နှင့် တိုက်ရိုက် ထိတွေ့နေခြင်း ဖြစ်သောကြောင့် ခံစားချက်မှာ ရုပ်ပိုင်းဆိုင်ရာ စုံတွဲကျင့်စဉ်ထက်ပင် ပို၍သိသာထင်ရှားသည်။

လုချန်း၏ နမ်းရှိုက်မှုအောက်တွင် ယွမ်ယုတိလည်း သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ပဲ သူမ၏ သိစိတ်ကို တည်ငြိမ်စေရန် နှုတ်ခမ်းကို တင်းတင်း ကိုက်ထားမိ၏။

ထိုအခိုက်အတန့်တွင် လုချန်း၏ အတွေးတစ်ခုနှင့်အတူ သူတို့၏ အဝတ်အစားများ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ဤအရာကို မြင်လျှင် ယွမ်ယုတိ၏ မျက်စိသူငယ်အိမ်များ အနည်းငယ် ကျုံ့သွား၏။

လုချန်း နောက်ထပ် ဘာလုပ်တော့မည်ကို သိလိုက်ပြီး ယွမ်ယုတိ ထပ်မံရုန်းကန်ရန် ကြိုးစားလိုက်သော်လည်း အရာရာက သူမ အလိုရှိသလို ဖြစ်မလာခဲ့ပေ။

“အွန်း...”

ယွမ်ယုတိ၏ စိတ်ထဲ ဗလာဖြစ်သွားသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။ ဤလူယုတ်မာက တကယ်ပင် ရဲတင်းလွန်းလာပေပြီ။

ဤပန်းပင်လယ်ပြင်ထဲသို့ ယွမ်ယုတိ အဘယ်ကြောင့် ရောက်ရှိနေသည်ကို လုချန်း မသိသော်လည်း သူမ ရှိနေပြီ ဖြစ်သဖြင့် ဤအခွင့်အရေးကို သူ လုံးဝ လက်လွတ်ခံမည် မဟုတ်ပေ။ နိုးလာလျှင် ယွမ်ယုတိက သူ့ကို တကယ် ဒုက္ခပေးမှာလား ဆိုသည့် ကိစ္စကိုလည်း လုချန်း သိပ်ပြီး စိုးရိမ်မနေတော့ပေ။

ယခု သူ့၌ ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာ ရှိနေပြီဖြစ်ရာ လူအမြောက်အမြား မခေါ်သွားလျှင်ပင် ထိုနည်းဗျူဟာပုံစံကို ချက်ချင်း အသုံးပြု၍ လျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ခွာသွားနိုင်၏။

ထို့ပြင် ယွမ်ယုတိသည် လက်တွေ့လောကတွင် ကျင့်စဉ် ဖောက်ပြန်သွားခဲ့တာ ဖြစ်နိုင်ခြေ များသဖြင့် သူမ သူ့ကို ဒုက္ခပေးနိုင်ဦးမလား ဆိုသည်မှာလည်း မသေချာလှပေ။

……

ယွမ်ယုတိ၏ တံခါးပိတ် ကျင့်စဉ်စခန်း အတွင်း၌။

နတ်ဘုရင်ခံ ဝေရွှီသည် ရေခဲပြင်ပေါ်ရှိ ယွမ်ယုတိ၏ ခန္ဓာကိုယ်ကို ကြည့်ကာ သက်ပြင်းတစ်ချက် လေးလံစွာ ချလိုက်မိ၏။

ထို့နောက် နောက်လှည့်ကာ ဂူအတွင်းမှ ထွက်ခွာခဲ့၏။ ဤနေရာ၌ ဆက်ရှိနေခြင်းက အကျိုးမထူးကြောင်း သူမ သိနေသည်။

ထိုကြောက်မက်ဖွယ် အအေးဓာတ်ကြောင့် သူမတို့၏ နန်းတော်သခင်အနီးသို့ မချဉ်းကပ်နိုင်သလို သူမကိုလည်း နှိုး၍ မရနိုင်သဖြင့် ယွမ်ယုတိ သူမဘာသာ နိုးလာရန်သာ ဆုတောင်းနေရုံရှိတော့သည်။

နတ်ဘုရင်ခံ ဝေရွှီ ဂူအတွင်းမှ ထွက်လာသည်ကို မြင်လျှင် စောင့်ဆိုင်းနေကြသော အကြီးအကဲများ သူမကို ဝိုင်းအုံ လာကြ၏။

“အကြီးအကဲ ဝေရွှီ... နန်းတော်သခင် ဘယ်လိုနေသေးလဲ”

“နန်းတော်သခင် နေကောင်းမှာပါနော်”

“နန်းတော်သခင်က ဘာများ မှာကြားလိုက် သေးလဲ။”

အကြီးအကဲများ၏ မေးခွန်းများကို ကြားလျှင် နတ်ဘုရင်ခံ ဝေရွှီလည်း သူမ၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်ပြီး ခပ်အေးအေးပင်

“နန်းတော်သခင်က ပြင်းပြင်းထန်ထန် ထိခိုက်ထားတာ မဟုတ်ပါဘူး။ အဆင့်တက်ရာမှာ မအောင်မြင်ခဲ့လို့ အခု ကျင့်စဉ် အခြေအနေကို ပြန်လည် တည်ငြိမ်အောင် အသက်ရှူနှုန်းကို ညှိနေတာပါ။”

ယခုကဲ့သို့ အခြေအနေမျိုးတွင် အမှန်တရားကို ထုတ်ဖော်ပြောဆိုရန် လုံးဝ မဖြစ်နိုင်ပေ။ အကယ်၍ သူတို့၏ နန်းတော်သခင် ကျင့်စဉ်မှောက်မှားကာ သတိမေ့မြောနေသည်ကို သိသွားကြပါက လျှို့ဝှက်လဝန်းနန်းတော်ရှိ လူတိုင်း၏ စိတ်ဓာတ်များ ကျဆင်းသွားပေလိမ့်မည်။

ထိုအချိန်ကျလျှင် လျှို့ဝှက်လဝန်းနန်းတော်လည်း ကြာရှည် ခံနိုင်မည် မဟုတ်တော့ချေ။

နတ်ဘုရင်ခံ ဝေရွှီ၏ စကားများကို ကြားလျှင် အကြီးအကဲများ နောက်ဆုံးတွင် သက်ပြင်း ချနိုင်သွားကြ၏။ နတ်ဘုရင် လင်ရင်က

“ဒါဆိုရင် အဆင်ပြေပါတယ်... ကဲ... အားလုံး ပြန်ကြတော့။ ရန်သူတွေက မကြာခင် မြို့ကို တိုက်ခိုက်တော့မှာ။ “

နတ်ဘုရင် လင်ရင်၏ စကားကို ကြားလျှင် အကြီးအကဲများလည်း ယွမ်ယုတိ၏ တံခါးပိတ် ကျင့်စဉ်စခန်း အနီးမှ ထွက်ခွာသွားကြ၏။

မထွက်ခွာမီ နတ်ဘုရင် လင်ရင်က ယွမ်ယုတိ၏ ဂူဘက်သို့ လှည့်ကြည့်လိုက်၏။ နတ်ဘုရင်ခံ ဝေရွှီသည် အခြားသော နတ်ဘုရင်ခံများကို လှည့်ဖြားနိုင်သော်လည်း နတ်ဘုရင် လင်ရင်ကိုတော့ ဖုံးကွယ်နိုင်ခြင်း မရှိပေ။

ဂူအတွင်း၌ ကန့်သတ်ချက်များ ရှိနေသော်လည်း နတ်ဘုရင် တစ်ပါးဖြစ်သည့် သူမ၏ နတ်အာရုံသည် ဂူအတွင်းရှိ အခြေအနေ အချို့ကို အာရုံခံနိုင်နေဆဲပင်။ ယွမ်ယုတိ၏ အငွေ့အသက်သည် သိသိသာသာ အားနည်းနေသဖြင့် သူမ ပြင်းထန်သော ဒဏ်ရာများ ရရှိထားကြောင်း ထင်ရှားလှသည်။

သို့သော်လည်း ဤအကြောင်းကို နတ်ဘုရင် လင်ရင်က ထုတ်ဖော်ပြောမည် မဟုတ်ပေ။ လတ်တလောတွင် စိတ်ဓာတ်ကို မြှင့်တင်ထားရန် အလွန် အရေးကြီးလှသဖြင့် နတ်ဘုရင်ခံ ဝေရွှီ၏ လုပ်ဆောင်ချက်က မှန်ကန်လှပေသည်။

---

…………

အခန်း (၁၇၆၉)

နာမည်ကို ပြောင်းပြန် ဖတ်ကြည့်

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့၏။ ပန်းပင်လယ်ပြင်အတွင်း၌ ယွမ်ယုတိနှင့် လုချန်း အချိန်မည်မျှ ကြာအောင် အတူတူ ရှိနေခဲ့သည်ကိုပင် မသိနိုင်တော့ပေ။

ဤပန်းပင်လယ်သည် အိပ်မက်ကမ္ဘာတစ်ခုသာ ဖြစ်သောကြောင့် အတွင်း၌ အချိန်အတော်ကြာ ကုန်လွန်သွားခဲ့သော်လည်း ပြင်ပလောကတွင်တော့ နာရီအနည်းငယ်သာ ရှိသေးသည်။

သို့သော် ယွမ်ယုတိ၏ သိစိတ်ကတော့ ထိုသစ္စာဖောက် တပည့်၏ နှိပ်စက်မှုကို အချိန်အတန်ကြာအောင် တကယ်ပင် ခံစားခဲ့ရ၏။ ကနဦးတွင် ယွမ်ယုတိ ရင်ထဲ၌ အမျက်ဒေါသများ ပြည့်နှက်နေခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ တပ်မက်မှုများမှလွဲ၍ အခြားဘာမှ မရှိတော့ပေ။

ဤပန်းပင်လယ်သည် စိတ်အတွင်းရှိ တပ်မက်မှုများကို ကြီးထွားစေနိုင်သည်ကို သူမ အထင်အရှား သတိပြုမိလိုက်၏။ ထို့ပြင် ဤသစ္စာဖောက် တပည့်ကလည်း သူမအပေါ် ဤကဲ့သို့ ပြုမူလိုစိတ် တကယ် ရှိသည်မဟုတ်ပဲ ပန်းပင်လယ်၏ လွှမ်းမိုးမှုကို ခံနေရခြင်း ဖြစ်နိုင်သည်ဟု ထိုခဏ၌ သူမ သံယယ ဝင်လာသည်။

အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် သူမအနေနှင့် သူ့ကို အပြစ်တင်၍ မရနိုင်တော့ပေ။ အဆုံးတွင် သူမကိုယ်တိုင်ပင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေပြီ မဟုတ်ပါလား။ သိစိတ်ချင်း တိုက်ရိုက် ထိတွေ့နေခြင်း ဖြစ်သောကြောင့် ခံစားချက်မှာ လက်တွေ့ထက်ပင် ပို၍ ပြင်းထန်လှ၏။

ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များလည်း မရှိသဖြင့် လုချန်း၏ စိတ်အာရုံတစ်ခုလုံး၌ ထိုကိစ္စတစ်ခုသာ ပြည့်နှက်နေတော့သည်။

ယင်းကလက်တွေ့လောကရှိ လုချန်း၏ ရုပ်ခန္ဓာကိုပင် ထိခိုက်မှု ရှိလာ၏။ နဂိုက ခန္ဓာကိုယ်အားလုံးကို ထိန်းချုပ်ထားသော သူ၏ သိစိတ်အာရုံသည် ယွမ်ယုတိ၏ အိပ်မက်ကမ္ဘာအတွင်းသို့ ဆွဲသွင်းခံလိုက်ရသဖြင့် ကျန်ရှိသော သူ၏ ကိုယ်ပွားများလည်း ထိန်းချုပ်သူမဲ့သွားကာ အားလုံး သတိလစ်မေ့မြောသည့် အခြေအနေသို့ ရောက်ရှိသွား၏။

လှုပ်ရှားနေဆဲ ဖြစ်သော လုချန်း၏ သိစိတ်ကို ယွမ်ယုတိ ကြည့်လိုက်ကာ ခပ်အေးအေးပင်

“တော်တော့”

ယွမ်ယုတိ၏ အသံကို ကြားလျှင် လုချန်း သတိပြန်ဝင်လာ၏။ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေနှင့် ယွမ်ယုတိ၏ အေးစက်လှပသော မျက်နှာကို မြင်လိုက်ရလျှင် လုချန်း၏ ရင်ခုန်သံများ ဆူညံလာပြန်၏။ ဤအရာ လက်တွေ့ဘဝသာ ဖြစ်ပါစေဟု လုချန်း စိတ်ထဲမှ ဆုတောင်းနေမိ၏။

အိပ်မက်ထဲ၌ တိုက်ရိုက် ထိတွေ့မှုက ခံစားချက်ကို ပို၍ ထူးကဲစေသော်လည်း ကိုယ်ဝန်ရစေခြင်း မရှိနိုင်သဖြင့် တစ်စုံတစ်ခု လိုအပ်နေသကဲ့သို့ သူ ခံစားနေရသည်။

“သားများ ဆုလာဘ်များ” စနစ်ကို ပိုင်ဆိုင်ထားသော လုချန်းအဖို့ သူ၏ အမျိုးသမီးများကို သန္ဓေတည်စေခြင်းကသာ အကြီးမားဆုံးသော တွန်းအား ဖြစ်၏။ ဤနေရာ၌ သူ မည်မျှပင် ကြိုးစားအားထုတ်ပါစေ အိပ်မက်ကမ္ဘာ ဖြစ်နေသောကြောင့် ယွမ်ယုတိ ကိုယ်ဝန်ရရှိနိုင်မည် မဟုတ်ပေ။

လုချန်းက သူမ၏ စကားကို နားမဝင်သည်ကို မြင်လျှင် ယွမ်ယုတိ အကူအညီမဲ့သလို ခံစားလိုက်ရ၏။ သို့သော် လျှို့ဝှက်လဝန်းနန်းတော် ရင်ဆိုင်နေရသော အန္တရာယ်ကို တွေးတောမိရင်း သူမ၏ လေသံကို နောက်ဆုံး၌ လျှော့ချလိုက်ရသည်။

ယွမ်ယုတိက

“ချန်းလု... ရှင် ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် လျှို့ဝှက်လဝန်းနန်းတော် ပျက်စီးသွားလိမ့်မယ်။ အဲ့ဒီအခါကျရင် ရှင်လည်း သေရမှာပဲ။”

ယွမ်ယုတိ၏ စကားကို ကြားလျှင် လုချန်းက

“ကျုပ် အပြင်ကို ရောက်တာနဲ့ ဆရာက ကျုပ်ကို သတ်မှာပဲ မဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်က သေရမှာပဲလေ။”

လုချန်းက

“အပျော်ကြီးပျော်ပြီး သေရတာက ပျင်းစရာကောင်းတဲ့ တစ္ဆေတစ်ကောင်အဖြစ် အသက်ရှင်နေရတာထက် ပိုကောင်းပါတယ်။”

ယွမ်ယုတိလည်း

“ရှင်”

ဟု ဆိုကာ ဤသစ္စာဖောက် တပည့်ကို အပိုင်းပိုင်း ခုတ်ပိုင်းပစ်ချင်စိတ် ပေါက်နေမိ၏။

သို့သော် ဤနေရာမှ ထွက်ခွာနိုင်ရန်အတွက် သူမ၏ ရင်ထဲက ဒေါသကို မြိုသိပ်ထားလိုက်ပြီး

“ရှင်ဟာ ပန်းပင်လယ်ရဲ့ လွှမ်းမိုးမှုကြောင့် အခုလို ရိုင်းစိုင်းနေတာကို ကျွန်မ နားလည်ပါတယ်။ ကျွန်မတို့ အပြင်ရောက်သွားရင် ရှင့်ကို ကျွန်မ အပြစ်မပေးတော့ဘူး။”

သူ၏ လုပ်ဆောင်ချက်များကို ဆက်လက် ပြုမူရင်း လုချန်းက

“ဘယ်သူက အသေအချာ ပြောနိုင်မှာလဲ။ အန္တရာယ်က အရမ်းကြီးလွန်းတယ်။ ကျုပ်ကတော့ ဒီလိုမျိုး လောင်းကြေးမထပ်ချင်ဘူး။”

ယွမ်ယုတိလည်း သူမဒေါသကို ထပ်မံချုပ်တည်းလိုက်ပြီး

“ကျွန်မ ကောင်းကင်ဘုံ လမ်းစဉ်ကို တိုင်တည်ပြီး ကျိန်ဆိုနိုင်ပါတယ်။”

ဤနေရာမှ ထွက်ခွာနိုင်ရန်အတွက် ဤသစ္စာဖောက် တပည့်ကို အပိုင်းပိုင်း ပိုင်းဖြတ်ချင်နေသော်လည်း သူမ အောင့်အည်း သည်းခံနေရသည်။ အကယ်၍ သူမ တကယ် ကျိန်ဆိုလိုက်ပါက အပြင်သို့ ရောက်သောအခါ သူ့ကို ရန်ပြုနိုင်တော့မည် မဟုတ်ပေ။

သို့သော် သူမသည် လူအ မဟုတ်ပေ။

ဤသစ္စာဖောက် တပည့်ကို သူမကိုယ်တိုင် အပြစ်မပေး နိုင်သော်လည်း အခြားသူများက အပြစ်ပေး၍ မရနိုင်ဟု မဆိုလိုပေ။

ထိုအချိန်ကျလျှင် အခြားသူတစ်ယောက်ကို သုံး၍ သူ့ကို ရှင်းပစ်နိုင်သည် မဟုတ်ပါလား။

သူသည် ပန်းပင်လယ်၏ လွှမ်းမိုးမှုကို ခံနေရခြင်း ဖြစ်နိုင်သည်ဟု သူမ သိနေသော်လည်း ဤမျှအထိ ရဲတင်းစွာ စော်ကားခံရမှုအပေါ် ယွမ်ယုတိ အလွန် မကျေမနပ် ဖြစ်နေမိ၏။ သူမသည် နတ်ဘုရင်တစ်ပါး ဖြစ်သော်လည်း သူမဘာသာ ဖန်တီးထားသော အိပ်မက်ထဲ၌ပင် ဤသစ္စာဖောက် တပည့်၏ ကစားစရာ ဖြစ်နေရပေပြီ။

ယွမ်ယုတိ၏ စကားကို ကြားလျှင် လုချန်း ရယ်မောလိုက်ကာ

“ဒါဆိုရင်လည်း အခုပဲ ကောင်းကင်ဘုံ လမ်းစဉ်ကို တိုင်တည်ပြီး ကျိန်ဆိုလိုက်လေ။”

ယွမ်ယုတိက

“ကျွန်မ အပြင်ကို ရောက်တာနဲ့ ချန်းလုကို ဘယ်တော့မှ အန္တရာယ် မပြုပါဘူးလို့ ကျိန်ဆိုပါတယ်။ အကယ်၍ ဒီကတိကို ဖောက်ဖျက်ခဲ့ရင် ကျွန်မရဲ့ ကျင့်စဉ်ဟာ တစ်သက်လုံး တိုးတက်မှု မရှိပါစေနဲ့။”

စကားအဆုံးတွင် ယွမ်ယုတိက လုချန်းကို အေးစက်စွာ ကြည့်ကာ

“ရှင် အခု ကျေနပ်ပြီလား”

လုချန်း ခဏခန့် စဉ်းစားလိုက်ပြီးမှ

“ဒီကျိန်ဆိုချက်က အသုံးမဝင်ဘူး။ တစ်မျိုး ပြောင်းရအောင်”

ယွမ်ယုတိ မျက်မှောင် အနည်းငယ် ကြုတ်သွားကာ

“ရှင် ဘာကို ဆိုလိုတာလဲ”

လုချန်းက

“ကျုပ်ရဲ့ နာမည်အရင်းက ချန်းလု မဟုတ်ဘူး”

ခဏခန့် တွေးတောပြီးနောက် သူ၏ သရုပ်မှန်ကို တိုက်ရိုက် ထုတ်ဖော်ရန် လုချန်း ဆုံးဖြတ်လိုက်တော့သည်။ လျှို့ဝှက်လဝန်းနန်းတော်သည် သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်နေရပြီ ဖြစ်သောကြောင့် အပြင်သို့ ရောက်သည်နှင့် သူ၏ အစွမ်းအစအမှန်ကို ထုတ်ပြရန် လိုအပ်သည်။

သူတို့ နှစ်ဦးကြား၌ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံမှု မရှိသေးသော်လည်း နတ်များအတွက်တော့ ဝိညာဉ်ရေးရာက အရေးအကြီးဆုံး ဖြစ်၏။ ယခုအခါ သူတို့၏ သိစိတ်အာရုံ များ ရစ်ပတ်နွယ်နေပြီ ဖြစ်ရာ လက်ထပ်ပြီးသား ဇနီးမောင်နှံကဲ့သို့ပင် ဖြစ်နေပြီဖြစ်၏။

ထို့ကြောင့် သူ၏ သရုပ်မှန်ကို ယွမ်ယုတိအား ပြောပြရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ယခုအချိန်သည် သူမကို ကျိန်ဆိုခိုင်းရန် အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်၏။

သူ့ကို အန္တရာယ် မပြုရန် ယွမ်ယုတိက ကျိန်ဆိုလိုက်ပါ အပြင်လောက၌ သူမ သူ့ကို ဘာမှ လုပ်နိုင်တော့မည် မဟုတ်ပေ။

လုချန်း၏ စကားကြောင့် လုချန်း၏ မျက်လုံးများကို ယွမ်ယုတိ အေးစက်စွာ စိုက်ကြည့်လိုက်၏။ သူမ ထင်ထားသည့်အတိုင်းပင် ဤသစ္စာဖောက် တပည့်သည် သူ၏ သရုပ်မှန်ကို ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။

ယွမ်ယုတိက

“ပြောစမ်း...ရှင်က တကယ်တော့ ဘယ်သူလဲ”

လုချန်းက ပြုံးလျက်

“ကျုပ်နာမည်ကို ပြောင်းပြန် ဖတ်ကြည့်လိုက်လေ။”

ပြောင်းပြန် ဖတ်ရမယ် ဟုတ်လား။

ယွမ်ယုတိ ခဏခန့် မှင်တက်သွားပြီး နောက်တစ်ခဏ၌ သူမ၏ ဦးခေါင်းကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ စိတ်အာရုံတစ်ခုလုံး ဗလာဖြစ်သွားတော့သည်။

ချန်းလုကို ပြောင်းပြန် ဖတ်လိုက်လျှင် ‘လုချန်း’ ဖြစ်သွားသည် မဟုတ်ပါလား။

ယွမ်ယုတိ သတိပြန်ဝင်လာသည်နှင့် လုချန်းကို သတ်ဖြတ်လိုသော အကြည့်များဖြင့် စိုက်ကြည့်လိုက်၏။ လုချန်း၏ ကိုယ့်ကိုယ်ကို‌ ဖောက်ခွဲဖျက်ဆီးမှု အဓိပ္ပာယ်မရှိဟု ထိုစဉ်က သူမ ထင်ခဲ့မိတာ မဆန်းတော့ပေ။

အခု ပြန်စဉ်းစားကြည့်လျှင် ထိုစဉ်က သေဆုံးသွားသူမှာ လုချန်း၏ ကိုယ်ပွားတစ်ခုသာ ဖြစ်ပေလိမ့်မည်။

ယွမ်ယုတိ အလွန် ဒေါသထွက်သွားကာ

“လူယုတ်မာ...ရှင်ကတော့ သေတွင်းထဲကို ခြေစုံပစ်ဝင်နေပြီပဲ”

လုချန်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်ရန် ယွမ်ယုတိ အစွမ်းကုန် ရုန်းကန်နေသော်လည်း မည်သို့မှ မအောင်မြင်နိုင်ပဲ ရှိနေ၏။

ထိုစဉ် လုချန်း၏ လုပ်ဆောင်ချက်များက ပို၍ပင် ပြင်းထန်လာခဲ့သည်။

လုချန်းက

“ဟူး... ယုတိ။ ခင်ဗျား ဒေါသထွက်နေတဲ့ပုံက ချင်းရှုနဲ့ တကယ် တူတာပဲ။”

“သိစိတ်အာရုံ သက်သက်ပဲ ဆိုပေမဲ့ ဒီခံစားချက်က တကယ်ကို ကောင်းတာပဲ”

အံကို တင်းတင်းကြိတ်ထား‌သော ယွမ်ယုတိ ၏ အေးစက်လှသော မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော်လည်း သူမ ဘာမှ မလုပ်နိုင်ပေ။

လုချန်းက

“ဒေါသထွက်နေလို့လည်း အပိုပါပဲ။ ဖြစ်ပျက်သမျှက ဖြစ်ပြီးသွားပြီလေ။ ဒါထက် ခင်ဗျား အစ်မကို မတွေ့ချင်ဘူးလား။”

“တကယ်လို့ ခင်ဗျား ကျုပ်ကို တကယ် သတ်လိုက်မယ်ဆိုရင် ခင်ဗျား အစ်မကို ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူး။”

“ကျုပ်ရဲ့ အစွမ်းက နတ်ဧကရာဇ် အဆင့်ကို ရောက်မှသာ ကစဉ့်ကလျား ပင်လယ်ကို ပြန်သွားပြီး ခင်ဗျား အစ်မကို ခေါ်ထုတ်လာနိုင်မှာ။”

လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိ ရင်ထဲရှိ ဒေါသတရား အချို့ ချက်ချင်းပင် ငြိမ်းအေးသွားခဲ့သည်။ သူမ၏ အစ်မကို ဖမ်းဆီးသွားသူအား သူမကိုယ်တိုင် သတ်ပစ်ချင်သော်လည်း အကယ်၍ သူ့ကို သတ်လိုက်ပါက အစ်မဖြစ်သူကို ဘယ်တော့မှ တွေ့ရတော့မည် မဟုတ်ဟူသော အတွေးက သူမကို ဝေခွဲမရ ဖြစ်စေသည်။

ယွမ်ယုတိက အေးစက်စွာပင်

“ရှင် ဘာကို အလိုရှိနေတာလဲ”

“ကျုပ်ရဲ့ အမျိုးသမီး လုပ်ပါ”

ယွမ်ယုတိက

“မဖြစ်နိုင်ဘူး”

ဟု တိုက်ရိုက်ပင် ငြင်းဆိုလိုက်၏။

ဤလူယုတ်မာသည် ယွမ်ချင်းရှုကို ဖမ်းဆီးသွားရုံသာမက ယခု သူမကိုပါ ပိုင်ဆိုင်ရန် ကြံစည်နေပေပြီ။

လုချန်းက တည်ငြိမ်စွာပင်

“အခု လျှို့ဝှက်လဝန်းနန်းတော်ကို အင်အားစု သုံးစုက ဝိုင်းထားပြီ။ ကျုပ်ရဲ့ အကူအညီ မပါရင်တော့ သူတို့အားလုံး သေကြရလိမ့်မယ်။”

လုချန်းက

“ခင်ဗျားက နတ်ဘုရင် တစ်ပါးဖြစ်လို့ အလွယ်တကူ ထွက်ပြေးနိုင်ပေမဲ့ တခြားသူတွေကတော့ လွတ်မှာ မဟုတ်ဘူး။ လျှို့ဝှက်လဝန်းနန်းတော်က မိန်းကလေးတွေချည်းပဲ။ အကယ်၍ သူတို့တွေ မိစ္ဆာနတ်တွေရဲ့ လက်ထဲကို ကျရောက်သွားရင် စော်ကားခံရမယ် ဆိုတာက အသေးအဖွဲလို့ပဲ ပြောရမယ်။ သူတို့ ဘယ်လို လူမဆန်တဲ့ ကံကြမ္မာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။”

---

………….

အခန်း (၁၇၇၀)

ပါရမီသက်သက်ကြောင့် မဟုတ်

လုချန်း၏ စကားများကို ကြားလျှင် ယွမ်ယုတိ တိတ်ဆိတ်သွား၏။ လျှို့ဝှက်လဝန်းနန်းတော်မှ အမျိုးသမီးများအတွက် အပျိုစင်ဘဝက အလွန်အမင်း အရေးမကြီးလှပေ။ နတ်များသည် လူသားများ မဟုတ်ကြရာ စင်ကြယ်မှုအပေါ် ထိုမျှ ပြင်းထန်သော အယူအဆ မရှိကြချေ။

သို့သော် ထိုအမျိုးသမီးများ မိစ္ဆာနတ်များ လက်ထဲ ကျရောက်သွားပါက အပျော်အပါးသက်သက် အတွက် သို့မဟုတ် ကျင့်စဉ်မီးဖိုအဖြစ် အသုံးချခံရခြင်းကို ရှောင်လွှဲ၍ ရနိုင်မည် မဟုတ်ပေ။

မိစ္ဆာနတ်များ မြင်သော ကျင့်စဉ်မီးဖို၏ အဓိပ္ပာယ်နှင့် ဖြောင့်မတ်သောနတ်များ မြင်သော ကျင့်စဉ်မီးဖို၏ အဓိပ္ပာယ်က ကွာခြားလှ၏။ ဖြောင့်မတ်သောနတ်များအတွက်မူ ကျင့်စဉ်မီးဖိုသည် အလွန်ဆုံး ကျင့်စဉ်တွင် ကူညီပေးရုံသာဖြစ်ပြီး အသက်ရှင်ခွင့် ရှိသေးသည်။

သို့သော် မိစ္ဆာနတ်များ၏ ကျင့်စဉ်မီးဖို ဖြစ်သွားလျှင်တော့ဧကန်မုချ ပျက်စီးခြင်းသို့သာ ရောက်ရမည်သာ ဖြစ်သည်။

တိတ်ဆိတ်နေသော ယွမ်ယုတိကို ကြည့်ကာ လုချန်းက

“ကျုပ် သိထားသလောက်တော့ လျှို့ဝှက်လဝန်းနန်းတော်က တပည့်အတော်များများကို ခင်ဗျားပဲ ကျောင်းတော်ထဲကနေ ခေါ်ထုတ်လာခဲ့တာ မဟုတ်လား။ သူတို့က ကျောင်းတော်ရဲ့ ကျင့်စဉ်အရင်းအမြစ်တွေနဲ့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို စွန့်လွှတ်ပြီး ဒီလို ဝေးလံတဲ့အရပ်မှာ နတ်ဂိုဏ်း တည်ထောင်ဖို့ ခင်ဗျား နောက်ကို လိုက်လာခဲ့ကြတာပဲ။ ဒါဟာ သူတို့ ခင်ဗျား အပေါ် ဘယ်လောက် သစ္စာရှိလဲဆိုတာ ပြနေတာပဲ။”

“သူတို့တွေ မိစ္ဆာနတ်တွေရဲ့ ပျော်တော်ဆက် တွေ၊ ကျင့်စဉ်မီးဖိုတွေ ဖြစ်သွားပြီး အလောင်းတောင် မကျန်ပဲ အဆုံးသတ်သွားမှာကို ခင်ဗျား တကယ်ပဲ ရက်ရက်စက်စက် ကြည့်နေနိုင်မှာလား။”

ယွမ်ယုတိသည် လုချန်းကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေဆဲ ဖြစ်၏။

လုချန်းက ဆက်လက်၍ စည်းရုံးလိုက်သည်။

“ကျုပ် မိန်းမ လုပ်ပါ...ဒါဆိုရင် ဒီဘေးဒုက္ခကနေ လွတ်မြောက်အောင် ကျုပ် ကူညီပေးနိုင်ရုံတင်မကပဲ ခင်ဗျား ကို နတ်သခင်အဆင့်ထိ ရောက်အောင်လည်း တွန်းပို့ပေးနိုင်တယ်။ အရေးကြီးဆုံးကတော့ ခင်ဗျား ရဲ့ ညီမနဲ့ ပြန်တွေ့ဖို့ အခွင့်အရေး ရလိမ့်မယ်။”

လုချန်းက သူ၏ ညီမအကြောင်းကို ပြောလိုက်သည်နှင့် ယွမ်ယုတိလည်း နှုတ်ဆိတ်နေရာမှ

“သူနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေ အားလုံး ကျွန်မဆီ လွှဲပြောင်းပေးပါ။”

အစက ယွမ်ချင်းရှု၏ မှတ်ဉာဏ်အချို့ကို လုချန်း ပေးခဲ့ဖူးသော်လည်း အပြည့်အစုံ မဟုတ်ခဲ့ပေ။ ယခု ကစဉ့်ကလျား ပင်လယ်ထဲတွင် ယွမ်ချင်းရှု မည်သို့ ရှိနေသည်ကို ယွမ်ယုတိ အလွန် သိချင်နေ၏။

ယွမ်ချင်းရှုနှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို ယွမ်ယုတိ တောင်းဆိုသည်နှင့် လုချန်းက ဝန်လေးခြင်း မရှိပဲ ကစဉ့်ကလျား ပင်လယ်ရှိ ယွမ်ချင်းရှုနှင့် ပတ်သက်သမျှ မှတ်ဉာဏ်များကို မှတ်ဉာဏ်ပုလဲ တစ်လုံးအဖြစ် စုစည်းလိုက်သည်။ ထို့နောက် ယွမ်ယုတိ၏ အသိစိတ်ထဲသို့ လွှဲပြောင်းပေးလိုက်၏။

ယခုအကြိမ် လုချန်း လွှဲပြောင်းပေးလိုက်သော မှတ်ဉာဏ်များထဲတွင် ယွမ်ချင်းရှုနှင့် သူတို့၏ ရင်းနှီးကျွမ်းဝင်ခဲ့သည့် အခိုက်အတန့်များပင် ပါဝင်နေသည်။ ထိုမှတ်ဉာဏ်များကို ရရှိပြီးနောက် ယွမ်ယုတိ၏ မျက်နှာ အနည်းငယ် ညှိုးနွမ်းသွား၏။

ထိုမှတ်ဉာဏ်များအရ ဤလူယုတ်မာသည် မျိုးဆက်ပြန့်ပွားခြင်းအပေါ် အလွန် စွဲလမ်းနေကြောင်း ထင်ရှားလှသည်။ ယခုလည်း သူမကို ပစ်မှတ်ထားနေပြန်၏။

သူမကိုလည်း ရင်သွေးများ မွေးဖွားပေးစေချင်နေခြင်း ဖြစ်လိမ့်မည်။

ယွမ်ချင်းရှုနှင့် ပျော်ပါးရသည်ကို အားမရသေးပဲ ယခု သူမကိုပါ အလွှတ်မပေးပေ။

ယွမ်ယုတိက လုချန်းကို အေးစက်စွာ ကြည့်ကာ

“ရှင်က မိန်းမတွေအပေါ်မှာပဲ စိတ်ရှိနေတာ။ အဲဒါတွေက ရှင့်ရဲ့ လမ်းစဉ်နှလုံးသားကို ဖျက်ဆီးပြီး နတ်ဧကရာဇ် မဖြစ်နိုင်တော့မှာကို မကြောက်ဘူးလား။”

လုချန်း၏ မှတ်ဉာဏ်များကို မြင်တွေ့ပြီးနောက် သူသည် အချိန်အားလုံးနီးပါးကို အမျိုးသမီးများနှင့်သာ ကုန်ဆုံးနေကြောင်း ယွမ်ယုတိ သိလိုက်ရသည်။ ထိုသို့သောသူက နတ်ဧကရာဇ် ဖြစ်လာနိုင်မည်ဟု သူမ တွေးရခက်နေ၏။

လုချန်းသာ ဤလမ်းစဉ်အတိုင်း ဆက်သွားနေပါက ဘယ်သောအခါမှ နတ်ဧကရာဇ် ဖြစ်လာလိမ့်မည် မဟုတ်သလို သူမ၏ အစ်မကိုလည်း ပြန်ခေါ်လာနိုင်မည် မဟုတ်ပေ။

သူမသည် ဤဘဝ သူမ၏ အစ်မဖြစ်သူကို မတွေ့ရတော့ပဲ သေဆုံးသွားရလိမ့်မည်။

လုချန်းက တည်ငြိမ်စွာဖြင့်

“ဒါဟာ ကျုပ်၏ လမ်းစဉ် ဖြစ်နေနိုင်တာကော မဖြစ်နိုင်ဘူးလား။”

လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိ ခဏခန့် မှင်တက်သွား၏။

ယောက်ျားနှင့် မိန်းမကြား ထိုသို့သော ကိစ္စများဖြင့် ရင်သွေးများ ရယူခြင်းက စွမ်းအားမြင့်တက်စေနိုင်သည်ဟူ၍ သူမ တစ်ခါမှ မကြားဖူးခဲ့ပေ။

ဤကမ္ဘာပေါ်တွင် ထိုသို့သော လမ်းစဉ်မျိုး မည်သို့ ရှိနိုင်အံ့နည်း။

ယွမ်ယုတိက အေးစက်စွာဖြင့်

“ကျွန်မကို လူအလို့ ထင်နေတာလား။”

လုချန်းက

“ကျုပ် အကြောင်းကို ခင်ဗျား ကြားဖူးမှာပါ။ ကျုပ် ထျန်းရှနတ်ဘုရား နိုင်ငံတော်ရဲ့ ဘုရင် ဖြစ်ခဲ့စဉ်က အရွယ်ရောက်ပြီးကတည်းက မိန်းမတွေ အပေါ်မှာပဲ စိတ်ရောကိုယ်ပါ နှစ်ခဲ့တာ။ ဒါပေမဲ့ ကျုပ်ရဲ့ ကျင့်စဉ်အဆင့်တက်နှုန်းက ထျန်းရန်နတ်ဘုရား နယ်မြေရဲ့ သမိုင်းတစ်လျှောက် ဘယ်ပါရမီရှင်ထက်မဆို ပိုမြန်နေခဲ့တယ်။”

“လူတွေက ဒါဟာ ကျုပ်ရဲ့ ပါရမီကြောင့်လို့ ထင်ခဲ့ကြတယ်။ တကယ်တော့ ကျုပ်ရဲ့ ပါရမီကလည်း ကောင်းပါတယ်။ ဒါပေမဲ့ ကျုပ် ဒီလို တိုးတက်လာတာက ပါရမီသက်သက်ကြောင့်လို့ ခင်ဗျား ထင်နေတာလား။ တခြား ပါရမီရှိတဲ့သူသာ ဒီလို မိန်းမတွေနဲ့ ပျော်ပါးနေရင် ဘယ်လောက်ပဲ ထူးချွန်ပါစေ အလကားဖြစ်သွားမှာပဲ။ ဒါပေမဲ့ ကျုပ် ကတော့ ဘာမှမဖြစ်တဲ့အပြင် ကျင့်စဉ်အဆင့်တက်တာ ပိုတောင် မြန်လာသေးတယ်။”

“အင်အားကြီး အဖွဲ့တွေက ကျုပ် နတ်ဧကရာဇ် ဖြစ်လာမှာကို ကြောက်လို့ နတ်သခင်တွေကို လွှတ်ပြီး ဝိုင်းမတိုက်ခဲ့ရင် ကျုပ် အခုလောက်ဆို နတ်ဧကရာဇ် ဖြစ်နေလောက်ပြီ။”

လုချန်း၏ စကားများကို ကြားလျှင် ယွမ်ယုတိ အံ့ဩသွားရ၏။ တံခါးပိတ် ကျင့်စဉ်စခန်းမှ ထွက်လာပြီးနောက် လုချန်း၏ နောက်ကြောင်းကို သူမ စုံစမ်းခဲ့ဖူးသည်။

အထူးသဖြင့် လုချန်းသည် သူမ၏ အစ်မနှင့် ခိုးရာလိုက်ပြေးခဲ့သည့်အပြင် သူမကို ကစဉ့်ကလျား ပင်လယ်ထိ လိုက်သွားအောင် မည်သို့ ဆွဲဆောင်နိုင်သနည်းဆိုသည်ကို သူမ သိချင်နေခဲ့သည်။

စုံစမ်းမှုများအရ လုချန်းသည် မိန်းမမက်သောသူသာ ဖြစ်သော်လည်း ကျင့်စဉ်အဆင့်တက်နှုန်းမှာတော့ အလွန် မြန်ဆန်လှသဖြင့် လူအများက သူ့ကို ပါရမီထူးသူဟု ယူဆခဲ့ကြသည်။

သို့သော် လုချန်း ပြောသကဲ့သို့ပင် မည်မျှ ပါရမီရှိစေကာမူ ကျင့်ကြံခြင်းအတွက် အားထုတ်မှု လိုအပ်သည်။ လုချန်းကတော့ အချိန်အားလုံးကို မိန်းမများနှင့်သာ ကုန်ဆုံးပြီး ကျင့်စဉ်ကို လျစ်လျူရှုထားခဲ့သည်။

ထိုသို့ဆိုလျှင် သူ၏ စွမ်းအားက မည်သို့ လျင်မြန်စွာ ကြီးထွားလာသနည်း။

မိစ္ဆာနတ်များပင်လျှင် စုံတွဲကျင့်စဉ်တစ်ခုတည်းအပေါ် ဤမျှ အားစိုက်လေ့ မရှိကြပေ။

စုံတွဲကျင့်စဉ်က အကျိုးကျေးဇူး ရှိသည်ဆိုသော်လည်း ထိုအကူအညီက အကန့်အသတ် ရှိ၏။

ထိုအခိုက်အတန့်တွင် လုချန်း အမှန်အတိုင်း ပြောနေတာလားဟုပင် ယွမ်ယုတိ သံသယ ဝင်လာရသည်။

သို့သော် ဤလောကတွင် ရင်သွေးရယူခြင်းဖြင့် ကျင့်စဉ်အဆင့်ကို မြှင့်တင်နိုင်ပြီး နတ်ဧကရာဇ် နယ်ပယ်အထိပင် ရောက်ရှိနိုင်တာ ဖြစ်နိုင်ပါ့မလား။

ထိုသို့ဆိုလျှင် ကြိုးစားပမ်းစား ကျင့်ကြံနေကြသူများကကော မည်သို့ ရှိမည်နည်း။

လုချန်းက ဆက်လက်၍

“ဒီကမ္ဘာမှာ လမ်းစဉ်ပေါင်း သန်းနဲ့ချီ ရှိတယ်။ မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကလည်း အဲ့ဒီထဲက တစ်ခုပဲ။ ပြီးတော့ ဒါက ဒီကမ္ဘာအတွက် အရမ်းအရေးကြီးတဲ့ လမ်းစဉ်လည်း ဖြစ်တယ်။ မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကို တစ်စုံတစ်ရာက ဖျက်ဆီးမထားခဲ့ရင် ထျန်းရန်နတ်ဘုရား နယ်မြေမှာ ရင်သွေးရဖို့က ဒီလောက် ခက်ခဲနေမှာ မဟုတ်ဘူး။”

“ကျုပ် တွေးထားတာ တစ်ခုရှိတယ်။ အဲ့ဒါက ကျုပ် ထျန်းရန်နတ်ဘုရား နယ်မြေကနေ မောင်းထုတ်ခံလိုက်ရပြီး ဘယ်သူမှ မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကို မလျှောက်လှမ်းတော့လို့ အဲဒီ လျှို့ဝှက်တဲ့ စွမ်းအားက ဒီလမ်းစဉ်ကို ဖျက်ဆီးပစ်လိုက်တာပဲ။”

“ကျုပ် ပြန်လာပြီး မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကို တစ်ကျော့ပြန် လျှောက်လှမ်းတော့မှပဲ အဲဒီ လျှို့ဝှက်စွမ်းအားကို ဖယ်ရှားနိုင်ခဲ့တာ။ အဲဒီတော့မှ ထျန်းရန်နတ်ဘုရား နယ်မြေရဲ့ ဘဝသံသရာ ပုံမှန် ပြန်ဖြစ်သွားတာပဲ။ မဟုတ်ရင် ထျန်းရန်နတ်ဘုရား နယ်မြေရဲ့ ဝိညာဉ် ဘယ်နှစ်ယောက်လောက် လူပြန်မဖြစ်နိုင်ပဲ လွင့်မျောနေဦးမလဲ မသိဘူး။”

လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိ စဉ်းစားခန်း ဝင်သွား၏။ ပြန်တွေးကြည့်လျှင် လုချန်း ပြန်ရောက်လာပြီးနောက် ရင်သွေးရရှိရန် တကယ်ပင် လွယ်ကူလာခဲ့သည်။

ဒါက တကယ်ပဲ လုချန်းနဲ့ သက်ဆိုင်နေတာလား။

ဤအရာသည် တစ်ခါမှ မကြားဖူးသော ကိစ္စပင် ဖြစ်သည်။

တိတ်ဆိတ်နေသော ယွမ်ယုတိကို ကြည့်ကာ လုချန်း နောက်တစ်ကြိမ် လှုပ်ရှားလိုက်ပြန်၏။

ယွမ်ယုတိ ချက်ချင်း သတိပြန်ဝင်လာပြီး လုချန်းကို အေးစက်စွာ မျက်စောင်းထိုးလိုက်၏။ ဤလူယုတ်မာ ပြောသည်မှာ အမှန်ဖြစ်ဦးတော့၊ သူသည် သူမ၏ အစ်မနှင့် ခိုးရာလိုက်ပြေးရုံတင်မကပဲ ယခုတော့ သူမကိုပါ မျက်စိကျနေသေးသည်။

ယွမ်ယုတိက

“အပြင်မှာ လှပတဲ့ နတ်သမီးတွေ အများကြီး ရှိနေတာပဲ...”

သူမ စကားမဆုံးခင်မှာပဲ လုချန်းက

“ခင်ဗျား ဘာပြောချင်လဲ ကျုပ် သိပါတယ်။ ကျုပ် ကြိုက်တဲ့သူကို ရွေးချယ်လို့ ရတာပဲ။ ချင်းရှုနဲ့ ခင်ဗျား ကို ဒီထဲ ဆွဲမထည့်သင့်ဘူးလို့ ပြောချင်တာ မဟုတ်လား။”

“အစက တော့ ကျုပ် လည်း အဲ့ဒီလိုပဲ ထင်ခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းမှ သိလိုက်ရတာက အမျိုးသမီး အနည်းငယ်ကပဲ ကျုပ်ရဲ့ မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ် ကျင့်ကြံမှုအတွက် အထောက်အကူ ပေးနိုင်တာ။ အဲဒီထဲမှာ ချင်းရှုရော ခင်ဗျား ပါ ပါဝင်နေတယ်။ ဘာကြောင့်လဲဆိုတာတော့ ကျုပ် လည်း အခုထိ မသိသေးဘူး။ ဒါပေမဲ့ ခင်ဗျားက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ သူတော်စင်မ ဖြစ်လာနိုင်တယ်ဆိုကတည်းက ခင်ဗျား တို့ရဲ့ ကိုယ်ထည်ဖွဲ့စည်းတည်ဆောက်ပုံက ထူးခြားနေလို့ပဲ ဖြစ်ရမယ်။ ကျုပ်ရဲ့ မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ် ကျင့်ကြံမှုကို အထောက်အကူ ပေးနိုင်တဲ့သူတွေဟာ ထူးခြားတဲ့ ကိုယ်ထည် ရှိကြတာ ဖြစ်နိုင်တယ်။”

---

All Chapters