အခန်း (၁၅၁-၁၅၃)
Vol. 11 Ch. 151-153
အပိုင်း ( 151 )
မင်းတို့က တော်တော်ကြီးကို အရှက်မရှိဘူးပဲ
ဘက်ပေါင်းစုံမှ အကြည့်များအောက်မှာပင်၊ တောင်နံရံ လှုပ်ရမ်းလာခဲ့သည်။
တောင်နံရံမှာလည်း ထူးထူးခြားခြား၊ မာကြောခိုင်ခံ့နေပုံရပြီး၊ မှော်ပစ္စည်း အမျိုးမျိုး အဆုံးမဲ့ ပေါ်ထွက်လာခဲ့ကာ၊ ကောင်းကင်ယံတွင် ပျံသန်းနေလျက်ရှိပြီး၊ ထိုနေရာကို အဆက်မပြတ် တိုက်ခိုက်ချေမှုန်းနေကာ၊ ပတ်ပတ်လည်ရှိ ကာကွယ်ရေးစွမ်းအားကို ဖျက်စီးနေခဲ့၏။
၎င်းကို စောင့်ကြည့်နေရင်းဖြင့်၊ လုချန်ရှန်း၏ အကြည့်များ ငေးငိုင်းသွားခဲ့သည်။
“ ပစ္စည်းကောင်းလေးတွေ အများကြီးပဲ၊ နှမြောစရာကြီးကွာ “
“ ဘာကိုနှမြောနေတာလဲ “
“ ငါ့ဟာမဟုတ်လို့ပေါ့ “
ရှောင်ဟေး၏ အမူအရာ ရှုံ့မဲ့သွားခဲ့သည်။ သူသည် ထိုအကောင်နှင့် စကားပြောရမည်ကိုပင်၊ ပျင်းရိသွား၏။ ဒီကောင်က အရာရာတိုင်းကို၊ တကယ်ကြီး လိုချင်နေတာပဲ
လုချန်ရှန်းကမူ တစ်ခြားသော နေရာများကို၊ လှည့်ပတ်ကြည့်ရှုနေတော့၏။ ဤနေရာတွင် အသွင်ပြောင်းခြင်းအဆင့် ပညာရှင်၊ တစ်ဦးတစ်လေမှ ရှိမနေခြင်းက အတော်ပင် ထူးဆန်းလှသည်။
သူသည် သူ၏စီနီယာအစ်ကိုကိုပင်၊ တွေ့ခဲ့ရသည်၊ သို့သော် သူ၏ဘေးနားတွင် ကူချန်ကျွင်း ရှိမနေခဲ့ပေ။
“ အသွင်ပြောင်းခြင်းနယ်ပယ်က အဘိုးကြီးတွေ၊ ဘယ်ရောက်သွားတာလဲ။ သူတို့က မလာကြဘူးလား “ ဟု လုချန်ရှန်းမှ မေးမြန်းလိုက်၏။
ရှောင်ဟေးမှ ပြန်ပြောလာခဲ့သည် “ သူတို့အားလုံးက နတ်တောင်ဆီကို၊ သွားကြပြီလေ။ အဲ့မှာက ဖုံးကွယ်ထားတဲ့ အခွင့်အလမ်းကြီးတစ်ခု ရှိတယ်။ အဲ့နေရာမှာ ပြိုင်ဘက်ကင်း နတ်ဓားတစ်လက်ရှိတယ်လို့၊ ကောလဟာလထွက်နေတယ် “
“ အဲ့လိုကိုး “
သူသည် ထပ်မံ၍ မော့ကြည့်လိုက်ပြီး၊ ဘာမှထပ်မပြောတော့ပေ။ ထိုလူများနှင့် ယှဥ်ပြိုင်ခြင်းက၊ ကိုယ့်ကိုကိုယ် သေကြောင်းကြံနေခြင်းပင် ဖြစ်သည်။
ဤနေရာတွင် ရှိနေခြင်းကသာလျှင် ပိုကောင်းပေသည်။
အရာအားလုံး ဆက်လက်လည်ပတ်နေသည်နှင့်အမျှ၊ တောင်နံရံက စတင်၍ ကွဲအက်လာခဲ့ပြီး၊ မှော်ပစ္စည်းများပင် လွင့်ထွက်သွားကာ၊ အရပ်မျက်နှာရှစ်ခုစလုံးမှ၊ လူတိုင်း၏ အာရုံများကို ဆွဲဆောင်သွားခဲ့သည်။
လုချန်ရှန်းသည် ပတ်ဝန်းကျင်ကိုသာ၊ လှည့်ပတ်ကြည့်ရှုနေခဲ့ပြီး၊ ထိုနေရာကို လုံးဝလျစ်လျူရှုထားခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် သွေးမျိုးဆက်စွမ်းအားက တောင်နံရံအနောက်တွင်၊ ရှိနေသည်ဟု ရှောင်ဟေးမှ ပြောပြခဲ့သောကြောင့် ဖြစ်သည်။
သူသည် ကျမ်းစာများအတွက် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် ဦးစားပေးသင့်သည့် အရာများကို ဦးစားပေးရမည် ဖြစ်သည်။
သူအာရုံစိုက်နေသည့် အချိန်မှာပင်၊ ဘက်ပေါင်းစုံတွင်၊ ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်နေကြသည့်၊ ပုံရိပ်များကို သတိပြုမိသွားခဲ့သည်။
ထိုနေရာတွင် လူငယ်တစ်ဦး မတ်တပ်ရပ်နေခဲ့ပြီး၊ သူ၏အကြည့်များ စူးရှနေလျက်ရှိ၏။ ၎င်းက ချူချန်ခုန်းပင် ဖြစ်သည်။
သူသည်လည်း လုချန်ရှန်းကို၊ သတိပြုမိနေပုံရကာ၊ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့်၊ သူ့ကို စိုက်ကြည့်နေလျက်ရှိ၏။
တစ်ခြားတစ်ဖက်တွင်မူ၊ နောက်လူတစ်ဦး ရှိနေခဲ့ပြီး၊ သူသည် အသက်နှစ်ဆယ့်ခြောက်(သို့) နှစ်ဆယ့်ခုနစ်အရွယ်ရှိပုံရကာ၊ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ မြင့်မြတ်ကာ၊ ထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
ထို့အပြင်၊ သူသည် ယခင်က နဂါးသွေးကြောတွင် တစ်ကြိမ်မျှ ဆုံခဲ့ဖူးသည့်၊ ကျောက်ကုန်းမင်၏ တပည့်ဖြစ်သူ၊ ကျောက်ခိုင်နှင့်၊ ရင်းနှီးသော မျက်နှာတစ်ချို့ကိုပါ၊ မြင်တွေ့ခဲ့ရ၏။
ယွမ်နယ်မြေအတွင်းတွင် တွေ့ခဲ့ဖူးကာ၊ သူက တိုက်ပွဲအလံဆွဲထုတ်ခဲ့သည်ကို၊ ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့်၊ ကောင်းကင်တံခါးဂိုဏ်း၏ တပည့်ဖြစ်သူ၊ ပိုင်နန်ကိုပါ၊ မြင်လိုက်ရ၏။
ရှန်လင်းမှာလည်း ထိုလူများအကြားတွင် ရှိနေခဲ့သည်။
၎င်းတို့က အမျိုးမျိုးသော အင်အားစုများ၏ ထိပ်တန်းတပည့်များဖြစ်ပြီး၊ တစ်ချို့ကမူ အရေးပါသော ဆက်ခံသူများပင် ဖြစ်နေကြသည်။
ထိုလူအုပ်ကို ငေးကြည့်နေရင်းဖြင့်၊ လုချန်ရှန်းသည် ပထမဦးဆုံးအကြိမ်အဖြစ်၊ သူတို့ကို လျစ်လျူရှုထားလိုက်သည်။ ပုံမှန်အခြေအနေများအောက်တွင်သာဆိုပါက၊ သူသည် ကျောက်ခိုင်၊ ရှန်လင်းနှင့် ချူချန်ခုန်းတို့အား၊ မည်ကဲ့သို့ ပြန်ပေးဆွဲရမလဲဆိုသည်ကို၊ စတင်၍ စီစဥ်နေခဲ့ပြီး ဖြစ်သည်။
သို့သော် ယခုတွင်ကား၊ သူသည် ထိုနေရာမှ ပြန့်ကျဲနေသော စွမ်းအားများ၊ အဆက်မပြတ် ပေါ်ထွက်လာနေသည်ကို အာရုံခံမိနေခဲ့သည်။
ဘုမ်းးးး
အားလုံး စောင့်ဆိုင်းနေသည့် အချိန်မှာပင်၊ ကျယ်လောင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့၏။
လူအုပ်ကြီးက တောင်နံရံကို ရိုက်ချိုးလိုက်ပြီး၊ ကျောက်တုံးများ ပြုတ်ကျလာခဲ့ကာ၊ ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားပြီး၊ အောက်ခြေမဲ့ကာ၊ အလင်းရောင် ကင်းမဲ့နေသော အပေါက်တစ်ပေါက်၊ ပေါ်ထွက်လာခဲ့သည်။
၎င်းက မြေအောက်ကမ္ဘာသို့၊ ဦးတည်နေသည့် လမ်းကြောင်းတစ်ခုအလား ဖြစ်နေခဲ့ကာ၊ လျှို့ဝှက်ဆန်းကြယ် နေလျက်ရှိ၏။
ထိုလမ်းကြောင်း ပေါ်ထွက်လာခဲ့သည့် အခိုက်အတန့်တွင်၊ ရှောင်ဟေး၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
“ အဲ့တာက အထဲမှာရှိတယ် “
“ ဟမ် “
“ သွေးမျိုးဆက်ရဲ့ အရှိန်အဝါကို အာရုံခံမိတယ် “ ဟု ရှောင်ဟေးမှ ပြောလာခဲ့၏။
လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ ငါကျတော့ အဲ့တာကို ဘယ်လိုလုပ် အာရုံမခံမိရတာလဲ “
“ မင်းက ငါ့ရဲ့ မျိုးနွယ်စု မဟုတ်ဘူးလေ၊ အဲ့တာကို ဘယ်လိုလုပ် အာရုံခံနိုင်မှာလဲ “
“ ဒါပင်မဲ့ သူ့ဆီမှာ လူသားမျိုးနွယ်ရဲ့ သွေးမျိုးဆက် ရှိတယ်မဟုတ်ဘူးလား “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ရှောင်ဟေးသည် အံ့အားသင့်သွားကာ၊ ပြန်ပြောလာခဲ့သည် “ လူသားမျိုးနွယ်ရဲ့ သွေးမျိုးဆက်က သန်းဆယ်နဲ့ချီပြီးတော့ ရှိတယ်လေ။ မင်းက လူသားမျိုးနွယ်စုရဲ့ ဘိုးဘေးလား။ မင်းက သူတို့တွေ အကုန်လုံးကို အာရုံခံနိုင်မှာလား “
“ လူသားမျိုးနွယ်စုရဲ့ ဘိုးဘေးဆိုတာက ဘာလဲ “
ရှောင်ဟေးသည် သူနှင့်စကားပင် မပြောချင်တော့ပေ။
ထို့နောက်၌၊ လမ်းကြောင်းအတွင်းတွင် အလင်းတန်းများ ဖြစ်တည်လာခဲ့ပြီး၊ အပြင်သို့ပင် တိုးထွက်လာခဲ့၏။ ၎င်းက ကျိန်စာကို ဖယ်ရှားနိုင်သည့် စွမ်းအင်များဖြစ်သည်၊ သို့သော် အလွန်တရာ နည်းပါးနေခဲ့သည်။ သို့ရာတွင်၊ သူတို့သည် အတွင်းပိုင်းတွင်၊ အများအပြား ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင်၊ လူတစ်ချို့သည် အတွင်းသို့၊ အလောတကြီးပြေးဝင်သွားကြသည်။ သူတို့က ကျိန်စာသင့်နေခဲ့သောကြောင့်၊ မည်သို့မျှ မစောင့်ဆိုင်းလိုကြတော့ပေ။
အကယ်၍ သူတို့က နောက်ကျသွားကာ၊ ထိုစွမ်းအင်များ ကုန်ဆုံးသွားမည်ဆိုပါက၊ မည်ကဲ့သို့ ဖြစ်လာလိမ့်မည်နည်း။
ရှေ့သို့ အလောတကြီး ပြေးသွားလိုက်ခြင်းက၊ အခွင့်အလမ်းတစ်ခုဆီသို့ ဦးတည်ကောင်း ဦးတည်သွားနိုင်ပေသည်။
သို့ရာတွင် တစ်ခြားလူများက အေးအေးလူလူ ဖြစ်နေခဲ့သည်။
ဤနေရာက နတ်ဘုရားများ၏ သင်္ချိုင်းမြေဖြစ်ခဲ့ဖူးသည်။ မည်သည့်အန္တရာယ်များ ရှိနေမလဲဆိုသည်ကို၊ မည်သူက သိမည်နည်း။ သေးငယ်သော အမှားသေးသေးလေးတစ်ခုကတင်၊ သူတို့၏တာအိုများကို ပြိုကွဲသွားစေကာ၊ မရဏလမ်းကို မြန်းသွားစေနိုင်ပေသည်။
သူတို့အတွက် စူးစမ်းပေးမည့် လူများ ရှိနေသောကြောင့်၊ သူတို့က စွန့်စားနေရန် လိုတော့မည် မဟုတ်ပေ။
အကယ်၍ မည်သည့်အန္တရာယ်မှ မရှိဘူးဆိုသည်ကို သိခဲ့ရသည့်နောက်မှ ဝင်မည်ဆိုပါကလည်း၊ နောက်ကျနေလိမ့်မည် မဟုတ်ပေ။
တစ်ခဏခန့်အထိ၊ အကြည့်ပေါင်းမြောက်များစွာသည် ထိုနေရာတွင်သာ ရှိနေခဲ့သည်။ လုချန်ရှန်း၏ စိတ်စွမ်းအား အဆက်မပြတ် ပျံ့လွင့်နေခဲ့၏၊ သို့သော် သူ၏စိတ်အား အံ့ဩခြင်းလှိုင်းလုံးတစ်ခုက ရိုက်ခတ်လာခဲ့သည်။
“ ဘယ်လောက်တောင် ထူးခြားလိုက်တဲ့ ဓားဆန္ဒလဲ “
“ ဘယ်လိုလဲ “ ဟု ရှောင်ဟေးမှ မေးမြန်းလာခဲ့သည်။
မဟာတောရိုင်း ခန်းမ၏ လူများကလည်း သူ့ကို လှည့်ကြည့်လာကြသည်။
လုချန်ရှန်းသည် ထပ်မံ၍ အာရုံခံလိုက်ကြည့်ပြီး၊ မျက်မှောင်ကြုတ်သွားကာ၊ တုံ့ပြန်လိုက်သည် “ အရင်အဲ့ဒီ ပစ္စည်းတွေကို ဖုံးအုပ်နေခဲ့တဲ့ ဓားဆန္ဒနဲ့ ငါအခုအာရုံခံမိခဲ့တဲ့ ဓားဆန္ဒက အတူတူပဲ “
“ ဆိုတော့ အခွင့်အလမ်း အကုန်လုံးက ဒီနေရာကနေ ရောက်လာခဲ့တာလား “
“ ငါမသိဘူး “
လုချန်ရှန်းမှ ခေါင်းခါပြလိုက်၏။ သူသည် ၎င်းကို အာရုံသာခံနိုင်ခဲ့ပြီး၊ မည်သို့မျှ မခွဲခြားနိုင်ခဲ့ပေ။
အချိန်မည်မျှ ကုန်ဆုံးသွားလဲဆိုသည်ကို မသိသော်လည်း၊ လူတိုင်းက တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိ၏။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်၊ ပုံရိပ်တစ်ခုသည် ထိုနေရာမှ၊ တဟုန်ထိုးပြေးထွက်လာခဲ့ကာ၊ ကျယ်လောင်စွာ အော်ရယ်နေတော့သည်။
“ အလုပ်ဖြစ်တယ်။ ကျိန်စာကို ဖယ်ရှားလိုက်ပြီ၊ ဟားဟားဟား “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လူတိုင်း နိုးကြားသွားကာ၊ အာရုံစိုက်လာကြသည်။ မကြာခင် အချိန်မှာပင်၊ အတွင်းသို့ ဝင်သွားသည့် လူများ၊ တစ်ဦးပြီးတစ်ဦး ပြေးထွက်လာခဲ့ပြီး၊ သူတို့၏ ကျိန်စာအားလုံးကို၊ ဖယ်ရှားခဲ့ပြီးပြီ ဖြစ်သည်။
တစ်ပြိုင်နက်ဆိုသလိုပင် အရပ်မျက်နှာရှစ်ခုစလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ချူချန်ခုန်းဖြစ်စေ၊ ပိုင်နန်ဖြစ်စေ၊ တစ်ခြားလူများဖြစ်စေ၊ သူတို့အားလုံးသည် အတွင်းသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။
ရှောင်ဟေးမှ အလောတကြီး ပြောဆိုလာခဲ့၏ “ သွားကြစို့ “
“ ဘာတွေလောနေတာလဲ “
“ ဘာအန္တရာယ်မှ မရှိဘူးလေ၊ ဘာလို့ မလောရမှာလဲ “
လုချန်ရှန်းသည် ခေါင်းခါပြကာ၊ တုံ့ပြန်လိုက်သည် “ လူငယ်လေး၊ မင်းက စိတ်ရှည်ရှည်ထားဖို့ လိုအပ်တယ် “
“ အခွင့်အလမ်းတွေကို ထပ်မလိုချင်တော့ဘူးလား “
“ အခွင့်အလမ်းက အခွင့်အလမ်းပဲ၊ ဘယ်သူပဲရရ ဘာမှ မထူးခြားသွားဘူး။ တကယ်လို့ သူတို့က အဲ့တာကို ရသွားပြီးတော့၊ ငါတို့နဲ့ ဆုံတဲ့ အချိန်ကျရင်၊ ဝေစုတောင်းဖို့ ဆွေးနွေးလိုက်ရုံပဲပေါ့ “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ရှောင်ဟေး မှင်သက်သွားခဲ့သည်။ အဲ့လိုဟာမျိုးကို ဆွေးနွေးလို့ ရလို့လား။ ဘယ်သူက မင်းကို ဝေစုပေးမှာလဲ။
လူအများက အတွင်းသို့ ရောက်သွားသည့် အချိန်မှသာလျှင်၊ လုချန်ရှန်းသည် စတင်၍ လှုပ်ရှားလာခဲ့ကာ၊ ဝင်ပေါက်ကို ကျော်ဖြတ်၍၊ ပိုမိုအတွင်းကျသော နေရာဆီသို့၊ ဦးတည်သွားတော့၏။
အမြဲလိုလို သတိကပ်နေခြင်းက မှန်ကန်သော အရာဖြစ်သည်။
အတွင်းသို့ ရောက်လာသည့် အချိန်တွင်၊ လုချန်ရှန်းသည် မည်သည့်မူမမှန်မှုကိုမှ မခံစားခဲ့ရပေ။
သို့ရာတွင် ရှောင်ဟေးမှာ ရုတ်တရက် ရပ်တန့်သွားခဲ့၏။
“ ဘာဖြစ်တာလဲ “
“ အဲ့လူရဲ့ သွေးမျိုးဆက်ကို အာရုံခံမိတယ်၊ သိပ်မဝေးဘူး “ ရှောင်ဟေးက တအံ့တဩဖြစ်နေသော အမူအရာဖြင့် ပြန်ပြောလာခဲ့သည်။
လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ ဒီနေရာမှာ ရှိတယ်လို့ အရင်ကတည်းက ပြောခဲ့တာ မဟုတ်ဘူးလား။ ဘာတွေ အံ့အားသင့်နေဖို့ လိုလို့လဲ ”
“ ဒီတစ်ကြိမ်မှာ သွေးမျိုးဆက် စွမ်းအားက ခုန်ပေါက်နေတယ်လို့၊ ငါခံစားခဲ့ရတာ “
“ သွေးမျိုးဆက် စွမ်းအားက ခုန်ပေါက်နေတာလား။ အဲ့တာက ဘာကိုဆိုလိုတာလဲ “
“ အသက်ရှင်နေတာလေ “
ဟမ်
လုချန်ရှန်းသည် အံ့အားသင့်သွားကာ၊ ပြန်ပြောလိုက်သည် “ အဲ့လူက အသက်ရှင်နေသေးတယ်လို့၊ ပြောနေတာလား “
“ ဟုတ်တယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်းမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ ဒီနေရာက ဘယ်လောက်တောင် အန္တရာယ်များလိုက်လဲ။ ဒီနေရာမှာ ဂိသွားတဲ့ နတ်ဘုရားတွေဆိုရင်၊ ရေတွက်လို့တောင် မရဘူး။
အဲ့လူက အသက်ရှင်နေသေးတယ်ပေါ့။ သူက ဒီနေရာမှာ နှစ်ငါးရာကြီးတောင် နေနေခဲ့တာလား
ထို့နောက်တွင် ရှောင်ဟေးက စကားဆက်ပြောလာခဲ့သည် “ အဲ့ဒီသွေးမျိုးဆက် စွမ်းအားက၊ တော်တော်လေး အားနည်းနေတာကို ငါခံစားမိတယ်။ အများကြီး မကျန်တော့ဘူး၊ ခမ်းခြောက်သွားတော့မှာ “
လုချန်ရှန်းသည် ၎င်းက ဘာကိုဆိုလိုလဲဆိုသည်ကို၊ နားမလည်နိုင် ဖြစ်သွားခဲ့သည်။
သို့ရာတွင် ရှောင်ဟေးကမူ မျက်လုံးများ တလက်လက် တောက်ပနေလျက်ရှိကာ၊ စကားထပ်ပြောလာခဲ့၏ “ သွားကြစို့ “
“ ဘာတွေလောနေတာလဲ “
“ သွေးမျိုးဆက်က ခမ်းခြောက်လာပြီဆိုတော့၊ သူ့ဆီမှာ ပြဿနာ တစ်ခုခု ရှိနေဖို့များတယ်၊ သူသက်တမ်းတော့မယ်။ မိုးကြိုးငှက်တွေကို လက်ဦးခွင့်ပေးလိုက်လို့ မဖြစ်ဘူး “ ရှောင်ဟေးသည် အနည်းငယ် စိုးရိမ်သွားခဲ့သည်။
လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ အရင်ရောက်သွားတော့ ဘာဖြစ်လဲ “
“ အဲ့လူက ငါတို့မျိုးနွယ်စုဝင်လေ။ သူက ငါတို့ မျိုးနွယ်စုနဲ့ပဲ သက်ဆိုင်တယ်။ တကယ်လို့ မိုးကြိုးငှက်တွေက အရင်ရသွားမယ်ဆိုရင်၊ ကျမ်းစာအမွေအနှစ်ကို မေ့လိုက်တော့ “
“ … “ လုချန်ရှန်းသည် မည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
“ မင်းရဲ့ အမူအရာကြီးက ဘာဖြစ်နေတာလဲ “ ဟု ရှောင်ဟေးက မေးမြန်းလာခဲ့၏။
လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ မင်းတို့ကောင်တွေက တကယ်ကို အရှက်မရှိဘူး “
“ ဘာကိုဆိုလိုတာလဲ “
“ အရင်တုန်းကနဲ့ အတူတူပဲ။ အမွေအနှစ်ရှိတော့ အမျိုးတော်လိုက်ကြတယ်။ အမွေအနှစ်မရှိတဲ့ ကျင်းယုကိုကျတော့၊ ကပ်ရောဂါလိုမျိုး လူတိုင်းက၊ ဖယ်ကျဥ်ထားကြတယ် “
လုချန်ရှန်းသည် ထိုကိစ္စများကို အမှတ်ရသွားကာ၊ ဆွံ့အသွား၏။
ရှောင်ဟေးမှာလည်း တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားပြီး၊ တစ်ခဏအကြာမှ တုံ့ပြန်လာခဲ့သည် “ အဲ့တာက မျိုးနွယ်စုရဲ့ ဆုံးဖြတ်ချက်လေ။ ငါက ကျင်းယုကို မငြင်းပယ်ထားဘူး။ တကယ်လို့ နောင်အနာဂတ်မှာ၊ ငါကသာ ခေါင်းဆောင်ရမယ်ဆိုရင်၊ သူ့ကို လက်ခံမှာပါ။ သူ့ရဲ့ အတိတ်ကတော့ ငါနဲ့ဘာမှမဆိုင်ဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် ၎င်းက သူနှင့်လည်း မည်သို့မျှ မသက်ဆိုင်သောကြောင့်၊ ဘာမှထပ်ပြောမနေတော့ပေ။
---
…………………………………………………………………………………………………………………………………
အပိုင်း ( 152 )
အမှန်တရား ပေါ်ထွက်လာခြင်း
လူနှစ်ဦးသည် အတွင်းပိုင်း လျှောက်လှမ်းသွားပြီး၊ အလင်းတန်းကို မြင်လိုက်ရသည့် အချိန်တွင်၊ ဧရာမ ယဇ်ပုလ္လင်တစ်ခုက သူတို့၏ အမြင်အာရုံအတွင်းသို့၊ တိုးဝင်လာခဲ့သည်။
ယဇ်ပုလ္လင်တစ်ခုလုံးသည် ဧရာမ ကျောက်တုံးကြီးတစ်ခုဖြင့်၊ ထွင်းထုထားသကဲ့သို့၊ တစ်ဆက်တည်း ဖြစ်နေခဲ့ကာ၊ ရှေးကျ၍ လျှို့ဆန်းကြယ်နေလျက်ရှိ၏။
များပြားလွန်းလှသော ရုပ်ပုံများသည်၊ ခေတ်အဆက်ဆက်၏ ပြောင်းလဲမှုများကို၊ ပုံဖော်ထားသည့်အလား ဖြစ်နေခဲ့ပြီး၊ အစက်အပြောက်များကိုသာ မြင်တွေ့နေရသောကြောင့်၊ ၎င်းက မည်မျှကြာရှည်စွာ တည်ရှိခဲ့လဲဆိုသည်ကို ခန့်မှန်းရခက်သွားစေခဲ့၏။
သို့ရာ၌၊ ယဇ်ပုလ္လင်၏ ပတ်ပတ်လည်တွင်၊ မိုးထိမြင့်တက်နေပုံရသည့်၊ ကျောက်တိုင်ရှစ်ခု ရှိပြီး၊ ၎င်းတို့၏ မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော ပုံစံကွက်များ ရှိနေခဲ့၏။
အနက်ရောင်ရေ ကျိန်စာနှင့်၊ဓားကျိန်စာကို ပယ်ဖျက်နိုင်စွမ်းရှိသည့်၊ လိမ်ယှက်ကာ အဆက်မပြတ် စီးဆင်းနေသည့် အလင်းတန်းတစ်ခု ရှိနေခဲ့သည်။
လူတော်တော်များများသည် ထိုနေရာတွင် မတ်တပ်ရပ်ကာ၊ အရှေ့သို့ ငေးကြည့်နေကြ၏။
အရှေ့ဆုံးရှိ ကျောက်တိုင်တစ်ခုပေါ်တွင်၊ ပုံရိပ်တစ်ခု တင်ပျဥ်ခွေထိုင်နေလျက်ရှိပြီး၊ သူ၏ မီးခိုးရောင် အဝတ်အစားများ ဆုတ်ပြတ်သပ်နေကာ၊ ဆံပင်များ ကျွတ်ကျနေပြီး၊ သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် အရှိန်အဝါမှာ မှိန်ဖျော့ဖျော့ဖြင့်၊ အားနည်းနေလျက်ရှိ၏။
" သူပဲ " ရှောင်ဟေးသည် အဆိုပါ ပုံရိပ်ကို လက်ညှိုးထိုးပြကာ၊ စကားပြောလာခဲ့သည် " သွေးမျိုးဆက် စွမ်းအားက သူ့ဆီကနေ ရောက်လာတာ။ သူက အဲ့လူလား "
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် ထိုလူ့ကို အာရုံစိုက်၍ ငေးကြည့်နေတော့သည်။ သွေးမျိုးဆက်ကို သူအာရုံမခံနိုင်သော်လည်း၊ ထိုလူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့်၊ မိုးကြိုးငှက်တို့၏ မိုးကြိုးနှင့်တူညီသော၊ မိုးကြိုးအရိပ်အငွေ့များကို ခံစားနေရသည်။
ထိုလူသည် နတ်ဘုရားအဆင့် ပညာရှင်မှတစ်ပါး၊ အခြားလူ မဟုတ်ပေ။
သို့ရာ၌၊ သူ၏စိတ်ထဲတွင် သံသယစိတ်တစ်ခု လှိုက်တက်လာခဲ့သည်။ သို့သော် သူသည် ထုတ်မပြောလိုက်ဘဲ၊ အကြိမ်အနည်းငယ်မျှ ထပ်ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ပုံရိပ်တစ်ခုသည် ရုတ်တရက် ရှေ့တက်ကာ၊ အရိုအသေပေး၍ စကားပြောလာခဲ့သည် " စီနီယာ "
ထိုလူက ရှန်လင်းပင်ဖြစ်သည်။
အားလုံးသည် အာရုံစိုက်၍ စောင့်ကြည့်နေလျက်ရှိသည်။
အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှ၊ ကျောက်တိုင်ပေါ်တွင် ရှိနေသည့် ပုံရိပ်က စကားပြောလာခဲ့၏ " နှစ်ငါးရာ ကုန်သွားခဲ့ပြီ။ နောက်ဆုံးတော့ တစ်ယောက်ယောက် ရောက်လာခဲ့ပြီပဲ။ မင်းက မိုးကြိုးငှက် မျိုးနွယ်က လူလား "
" ဟုတ်ပါတယ် "
" တစ်သက်လောက်ကြာတယ်လို့ ခံစားနေခဲ့ရတာ " လွမ်းမောတမ်းမမှုတို့ဖြင့်၊ ပြည့်နှက်နေသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ရှန်လင်းမှ စကားထပ်ပြောလိုက်သည် " စီနီယာ၊ ခင်ဗျားကို မျိုးနွယ်စုထဲကို ပြန်ပြီးတော့ ကြိုဆိုဖို့အတွက်၊ ကျွန်တော် ဒီကို ရောက်လာခဲ့တာပါ "
" ငါ့ကို ကြိုဆိုမလို့လား "
" ဟုတ်ပါတယ် "
"ဟက် "
ပေါ့ပါးသော ရယ်မောသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင်၊ ရှောင်ဟေးသည် မအောင့်ထားနိုင်တော့ဘဲ၊ ချက်ချင်းရှေ့တက်သွားကာ စကားဝင်ပြောနေတော့၏ " စီနီယာ၊ ခင်ဗျားကို အိမ်ကို ဖိတ်ခေါ်ဖို့အတွက် ကျွန်တော်တို့ မျိုးနွယ်စု ရောက်လာပါတယ် "
“ ကောင်းကင်ဝါးမျိုငှက် “
တစ်ခြားလူများသည် အံ့ဩတကြီး ဖြစ်သွားကြသည်။
သို့ရာတွင် လုချန်ရှန်းမှာ မှင်သက်သွားခဲ့သည်။ အစတွင် သူသည် သူ့ကို ဆွဲထားရန် လက်လှမ်းလိုက်သည်၊ သို့သော် အဆုံးတွင် ထိုကောင်သည် သူ့ကို၊ မည်သည့်အခွင့်အရေးမှ မပေးခဲ့ပေ။
ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင်၊ အဆိုပါ ပုံရိပ်က တဟားဟား ရယ်မောနေတော့၏ “ လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းကတော့၊ ငါ့ဆီမှာ နေစရာနေရာတောင် မရှိဘူး။ နှစ်ငါးရာကြာခဲ့ပြီးတဲ့နောက်မှ၊ အိမ်တစ်လုံး ရှိလာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ဟားဟားဟား၊ ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းလိုက်လဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ရှန်လင်းသည် မျက်မှောင်ကြုတ်သွားကာ၊ ရှောင်ဟေးကို ကြည့်လာခဲ့ပြီးမှ၊ စကားထပ်ပြောလာခဲ့၏ “ ခင်ဗျားနဲ့ ကျွန်တော်က တူညီတဲ့ အရင်းအမြစ်ကို မျှဝေထားပြီးတော့၊ တူညီတဲ့ သွေးမျိုးဆက်တစ်ခုကို သယ်ဆောင်ထားတာပါ။ ကျွန်တော်တို့က စီနီယာပြန်လာမှာကို အချိန်မရွေး ကြိုဆိုပါတယ် “
“ ကြိုဆိုတာလား။ မင်းတို့မျိုးနွယ်စုတွေက ပိုပိုပြီးတော့တောင် ရယ်စရာကောင်းလာတာပဲ “ ထိုလူသည် အော်ဟစ်ရယ်မောနေတော့သည် “ အဲ့အချိန်တုန်းက၊ မင်းတို့အားလုံးက မင်းတို့ရဲ့ မြင့်မြတ်တဲ့ သွေးမျိုးဆက်ဆိုတာကြီးကို ဂုဏ်ယူဝင့်ကြွားနေကြပြီးတော့၊ ငါ့အဖေကို အမှိုက်တစ်စလို စွန့်ပစ်ခဲ့ကြပြီးတော့၊ ငါ့ကို ပုရွက်ဆိတ်တစ်ကောင်လိုပဲ မြင်နေခဲ့ကြတာလေ။ အခုကျမှ ငါနဲ့ တူညီတဲ့ အရင်းအမြစ်တွေ၊ သွေးမျိုးဆက်တွေ မျှဝေထားတယ်လို့ လာပြောနေတယ်ပေါ့ “
“ အဲ့တာက ….. “
ရှန်လင်း ဆွံ့အသွားခဲ့သည်။ အဆိုပါ ဖြစ်ရပ်များက အမှန်တကယ် ဖြစ်ပွားခဲ့ကာ၊ ငြင်းပယ်၍ မရသော ကိစ္စများ ဖြစ်သည်။
ရှောင်ဟေးမှာလည်း ဘာပြောရမှန်းမသိ ဖြစ်သွား၏။
သို့သော် သူ့ဘေးနားတွင် ရှိနေသည့်၊ အဖြူရောင် ဝတ်စုံနှင့်လူငယ်က စကားဝင်ပြောလာခဲ့သည် “ စီနီယာ၊ အဲ့တာက မိုးကြိုးငှက်မျိုးနွယ်စုပါ။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုက၊ အဲ့လိုကိစ္စမျိုးကို မလုပ်ခဲ့ဖူးပါဘူး “
ဟမ်
အားလုံးသည် ငေးကြည့်နေရင်းဖြင့်၊ တအံ့တဩ ဖြစ်သွားကြသည်။
“ အဲ့တာက ယဲ့လန်ပဲ “
ရှောင်ဟေးသည် ဖျတ်ခနဲကြည့်လိုက်သော်လည်း၊ မည်သည့်စကားမှ မပြောလိုက်ပေ။
ထိုလူမှာလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့်၊ ဖြည်းဖြည်းချင်း တုံ့ပြန်လာခဲ့သည် “ ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုက အဲ့လိုကိစ္စမျိုးကို တကယ်မလုပ်ခဲ့ဘူး။ ဒါပင်မဲ့၊ သူတို့က ငါနဲ့ငါ့အဖေကို ဘာမှမဟုတ်သလိုမျိုး ဆက်ဆံခဲ့တယ်လေ။ ကျမ်းစာကို ငါရခဲ့တာကို သိခဲ့ပြီးတဲ့နောက်မှာ၊ သူတို့က ငါ့ကို မျိုးနွယ်စုထဲကို ခေါ်သွင်းဖို့ ကြိုးစားခဲ့ကြတယ်၊ တကယ်လို့ ငါငြင်းခဲ့မယ်ဆိုရင်၊ ငါ့ကို ချုပ်နှောင်ထားချင်ခဲ့ကြတယ်။ အဲ့အချိန်တုန်းက အင်အားစု အားလုံးရဲ့ အမဲလိုက်တာကို ခံခဲ့ရတဲ့ အချိန်တုန်းက၊ ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုက လက်သပ်လျှိုခဲ့လားဆိုတာကို သိချင်မိတယ် “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်အမျှ၊ ကောင်းကင်ဝါးမျိုငှက်အားလုံး ဆွံ့အသွားကြသည်။
“ ဘယ်လောက်တောင် အရှက်မဲ့လိုက်လဲ “
လုချန်ရှန်းက စကားဝင်ပြောနေတော့သည်။ ထိုစကားကို ကြားလိုက်ရမည်ဆိုပါက၊ ခွေးများ၊ ဝက်များကပင် ခေါင်းတခါခါ ဖြစ်သွားကြမည် ဖြစ်သည်။ ငှက်တစ်အုပ်က တကယ်ကို လူမဆန်ကြဘူးပဲ
တစ်စုံတစ်ဦးသည် မနေနိုင်တော့ဘဲ၊ သူ့ကို လှည့်ကြည့်လာခဲ့သည်၊ ရှောင်ဟေးမှာလည်း မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။
သို့ရာ၌ တစ်ဏခန့် တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်တွင်၊ သက်လတ်ပိုင်းလူတစ်ဦးသည် ရှေ့ထွက်လာကာ၊ စကားပြောလာခဲ့သည် “ လောင်လျူ၊ အတိတ်က ဖြစ်ပြီးသွားခဲ့ပြီလေ၊ ဘာလို့ ဖက်တွယ်နေရတာလဲ။ အခုလက်ရှိ အချိန်မှာ၊ ကိစ္စတွေက မတူတော့ဘူးလေ။ ငါ့ရဲ့ မျိုးနွယ်စုက မင်းကို လက်ခံပြီးတော့၊ မင်းနဲ့ မင်းရဲ့အမေ နှစ်ယောက်စလုံးကို၊ မျိုးနွယ်စုရဲ့ မျိုးရိုးစဥ်ဆက်စာရင်းမှာ ထည့်ပေးဖို့ ဆန္ဒရှိတယ် “
မိုးကြိုးငှက် မျိုးနွယ်စု၏ အစွမ်းထက် ပညာရှင်တစ်ဦးက စကားဝင်ပြောလာခဲ့သည်။
ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စု၏ အကြီးအကဲ တစ်ဦးပါရှေ့ထွက်လာခဲ့သည် “ လောင်လျူ၊ မင်းရဲ့ အဖိုးနဲ့ ငါ့ရဲ့ဆက်ဆံရေးက ထူးခြားတယ်။ သူ့ရဲ့ တစ်ခုတည်းသော ဆန္ဒက မင်းက၊ မျိုးနွယ်စုဆီ ပြန်လာတာကို မြင်ချင်တာပဲ။ ငါနဲ့ ပြန်လိုက်ခဲ့ပါ၊ မင်းကို ဘယ်သူကမှ ဘာမှပြောရဲမှာ မဟုတ်ဘူး “
နှစ်ဖက်စလုံး အပြိုင်အဆိုင် စကားပြောနေကြပြီး၊ နားထောင်နေသည့် လူအုပ်ကြီးမှာ၊ တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်သွားကြသည်။
လောင်လျူမှ တုံ့ပြန်လာခဲ့၏ “ ခင်ဗျားတို့က ကျုပ်ကို အလိုရှိတဲ့ အချိန်မှာ သိမ်းထားပြီးတော့၊ မလိုတော့ရင် ကန်ထုတ်နေကြတာပဲ။ ခင်ဗျားတို့က ကျုပ်အတွက် ဘာယူလာခဲ့လဲ “
“ ငါတို့က မင်းကို ကြိုဆိုဖို့အတွက် ဒီကို ရောက်လာခဲ့တာလေ၊ ရိုးသားမှုကတင် လုံလောက်နေပါပြီ “
“ အနက်ရောင်ရေ ပြန်ပေါ်လာခဲ့ပြီးတော့၊ ကျမ်းစာပေါ်ထွက်လာတာကြောင့်ပါကွာ။ ခင်ဗျားတို့က အမွေအနှစ်အတွက် ရောက်လာကြတဲ့ လူတွေကြီးပဲ၊ မြင့်မြတ်ချင်ယောင် ဆောင်မနေစမ်းပါနဲ့၊ ရွံစရာကောင်းတယ် “ လောင်လျူသည် ဟန်ဆောင်မှုမရှိဘဲ၊ တည့်ပြောလာခဲ့သည်။
သို့သော် ထိုစကားသည် လူတိုင်း၏ အမူအရာများကို၊ မည်းမှောင်သွားစေခဲ့သည်။
လုချန်ရှန်းသည်၊ စကားဝိုင်းကို နားထောင်နေရင်းဖြင့်၊ တစ်ခုခုမှားယွင်းနေသည်ဟု၊ ခံစားသွားခဲ့ရသည်။
“ လောင်လျူ၊ ငါတို့က ငါတို့ရဲ့ အဆင့်အတန်းကို နှိမ့်ချပြီးတော့၊ မင်းကို ကြင်ကြင်နာနာ အကြံပေးနေခဲ့တာလေ။ မင်းက ဘာတွေ ထပ်လိုချင်နေတာလဲ “ ဟု မိုးကြိုးငှက်တစ်ကောင်မှ သတိပေးလာခဲ့၏။
လောင်လျူက လှောင်ပြောင်နေတော့၏ “ မင်းတို့က အမွေအနှစ်အတွက်၊ ကျမ်းစာအတွက် ဒီကိုရောက်လာကြတာလေ။ ဘာကိစ္စ သူတော်စင်တွေလိုမျိုး ဟန်ဆောင်နေရတာလဲ။ ကျမ်းစာကို လိုချင်တယ်ဆိုရင်၊ အိမ်မက်မက်နေလိုက်ကြ “
“ မင်းဘာပြောလိုက်တယ် “
“ ကျမ်းစာကို မင်းတို့လိုလူတွေထပ်၊ ခွေးတစ်ကောင်ဆီကိုပဲ ငါပေးလိုက်မယ် “
“ ခွေးသူတောင်းစား “
အင်အားစုနှစ်ခုလုံး ဒေါသတကြီး ဖြစ်သွားကြသည်။
လုချန်ရှန်းသည် ထိုလူက ထိုကဲ့သို့ သတ္တိရှိနေလိမ့်မည်ဟု၊ မမျှော်လင့်ထားခဲ့သည့်အတွက်၊ တအံ့တဩ ဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် ချူချန်ခုန်းက စကားလှမ်းပြောလာခဲ့သည် “ စီနီယာ၊ ခင်ဗျားရဲ့ မိခင်က ကျွန်တော်တို့ရဲ့ လူသားမျိုးနွယ်စုကလေ။ လူသားမျိုးနွယ်စုက ခင်ဗျားနဲ့ပတ်သက်ပြီးတော့၊ ဘာစောဒကမှ မတက်ခဲ့ဖူးပါဘူး။ ကျွန်တော်တို့က ခင်ဗျားရဲ့ အမွေအနှစ်ကို၊ သယ်ဆောင်သွားဖို့ ဆန္ဒရှိပါတယ် “
“ လူသားမျိုးနွယ်စုလား “ လောင်လျူသည် တွေးတွေးဆဆဖြင့်၊ တုံ့ပြန်လာခဲ့သည် “ မင်းရဲ့ အရှိန်အဝါကို တော်တော်ကြီးရင်းနှီးနေတယ်၊ မင်းက ချူလျူရှန်းရဲ့ တပည့်ပဲ ဖြစ်ရမယ် “
“ စီနီယာက ကျွန်တော်ရဲ့ ဆရာကို သိတာလား “
“ ဟုတ်တယ် “
ချူချန်ခုန်းသည် ချက်ချင်းပျော်ရွှင်၊ ဝမ်းမြောက်သွားခဲ့သည် “ ကျွန်တော့်ရဲ့ ဆရာက စီနီယာ့အကြောင်းကို၊ မကြာခဏ ပြောပြခဲ့ဖူးတယ်၊ ခင်ဗျားက ….. “
“ အဲ့ဒီခွေးကောင် ချူလျူရှန်းက အသက်ရှင်နေသေးတာပဲ “
လောင်လျူ၏ စကားတစ်ခွန်းသည် လူတိုင်းကို၊ တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့၏။
ချူချန်ခုန်း၏ အမူအရာ မည်းမှောင်သွားခဲ့သည်။
လုချန်ရှန်းသည် မအောင့်ထားနိုင်တော့ဘဲ၊ ရယ်မောနေတော့သည် “ မြှောက်ပင့်ဖို့ ကြိုးစားနေပင်မဲ့၊ ချူလျူရှန်းလိုမျိုး၊ အနာပေါ် ဆားဖြူးခံလိုက်ရတာပဲ “
ထိုအချိန်က၊ ချူလျူရှန်းသည် ပန်ဘုရင်လေးကို၊ မျက်နှာချိုသွေးရန် ကြိုးပမ်းခဲ့ပြီး၊ အဆုံးတွင် ၎င်းက ပျက်စီးသွားခဲ့ရသည်။
လောင်လျူမှာလည်း စကားထပ်ပြောလာခဲ့သည် “ မင်းတို့ခွေးတစ်အုပ်၊ မင်းတို့အားလုံးက အမွေအနှစ်အတွက်၊ ရောက်လာကြတာချည်းပဲ၊ ဒါပင်မဲ့ မင်းတို့က မြင့်မြတ်ချင်ယောင်ဆောင်နေကြသေးတယ်ပေါ့၊ အထူးသဖြင့်၊ ကောင်းကင်ဝါးမျိုငှက်နဲ့ မိုးကြိုးငှက် မျိုးနွယ်စုတွေပဲ၊ တော်တော်ကြီး ရွံဖို့ကောင်းတယ် “
“ လောင်လျူ၊ မင်းသေချင်နေတာပဲ “ မိုးကြိုးငှက်မှ ဟိန်းဟောက်လာခဲ့၏။
ကောင်းကင်ဝါးမျိုငှက်မှာလည်း စကားထပ်ပြောလာခဲ့သည် “ မင်းလိုမျိုး သေလူတစ်ယောက်က၊ ဘာတွေ လိုချင်နေသေးတာလဲ။ အမွေအနှစ်ကို လွှဲပေးသရွေ့၊ မင်းရဲ့အဖိုးနဲ့ အဖေကို၊ မျိုးနွယ်စုရဲ့ မျိုးရိုးစဥ်ဆက်စာရင်းထဲကို ထည့်ပေးမယ်။ ဘာတွေ မကျေနပ်စရာ ရှိသေးလို့လဲ “
“ မင်းတို့ရဲ့ တကယ်မျက်နှာတွေကို မဖော်ပဲ၊ မနေနိုင်တော့ဘူးပေါ့။ တစ်စုံတစ်ခုကို အဲ့လိုမျိုး တောင်းဆိုနေကြတာလား “ လောင်လျူမှ လှောင်ပြောင်လာခဲ့၏။
မိုးကြိုးငှက်မှ တုံ့ပြန်လာခဲ့၏ “ လောင်လျူ၊ မင်းက မင်းဆီကို ရောက်လာတဲ့ အခွင့်အလမ်းကို ကျေးဇူးမတင်ဘူးပဲ။ မင်းကို ဖမ်းပြီးတော့၊ ဖိနှိပ်ပေးရမှာလား “
“ ဟက်၊ မင်းတို့ ခွေးတွေ၊ လာစမ်းကြည့်လိုက်ကြ “
“ အဲ့လိုဖြစ်လာပြီဆိုမှတော့၊ တစ်ခြားလူတွေကို အပြစ်မတင်နဲ့တော့ “
မိုးကြိုးငှက်၏ အော်ငေါက်မှုနှင့်အတူ၊ သူ၏ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုးလျှပ်စီးများ လိမ်ယှက်လာခဲ့သည်။
လောင်လျူမှာလည်း ဖြည်းဖြည်းချင်း မတ်တပ်ရပ်လာခဲ့သည် “ ငါသေသွားရမယ်ဆိုရင်တောင်မှ၊ ငါ့ဆီကနေ ဘာမှရဖို့ မစဥ်းစားနဲ့ “
“ ခေါင်းမာချက် “
ချက်ချင်းဆိုသလိုပင်၊ ပုံရိပ်အများအပြားသည် ကျောက်တိုင်ဆီသို့၊ ဒေါသတကြီး ပြေးတက်လာကြသည်။
အင်အားစု နှစ်ခုလုံးသာလျှင်မဟုတ်ဘဲ၊ အင်အားစု အမျိုးမျိုးက လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။
အတိတ်တွင် လှုပ်ရှားခဲ့ပြီးပြီ ဖြစ်သောကြောင့်၊ ယခုလှုပ်ရှားရမည်ဆိုပါက၊ မည်သည့်အရာမှ ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။
သို့ရာတွင်၊ သူတို့က လောင်လျူကို ဘက်ပေါင်းစုံမှ၊ ပိတ်ဆို့လိုက်သည့် အချိန်မှာပင်၊ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး၊ မျက်စိတစ်ဆုံး မြင်နိုင်သမျှတွင်၊ မှော်စွမ်းအားတို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။
တိုက်ခိုက်လာသူတိုင်းက မွေးရာပါ ဝိညာဥ်အဆင့် ၈(သို့) ၉ ပညာရှင်များသာ ဖြစ်နေခဲ့၏။ လောင်လျူသည် ချက်ချင်းလွင့်ထွက်သွားပြီး၊ တောင်နံရံနှင့် တိုက်မိသွားခဲ့သည်။
သူသည် ခြောက်ကပ်ကာ၊ အရေးအကြောင်းတို့ဖြင့်၊ ပြည့်နှက်နေသည့်၊ မျက်နှာကို ထုတ်ဖော်ပြသလာခဲ့သည်၊ သူ၏ စိတ်အားထက်သန်မှု/တိုက်ပွဲဝင်လိုစိတ်များ ပျောက်ကွယ်နေခဲ့သည်က အချိန်အတော်ကြာနေခဲ့ပြီဖြစ်ပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်နေလျက်ရှိ၏။
“ လောင်လျူ၊ ငါမင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်။ ငါနဲ့လိုက်ခဲ့။ အဲ့လိုမှမဟုတ်ဘူးဆိုရင် သေရမယ် “
မိုးကြိုးငှက်က နောက်ဆုံးသော ရာဇသံတစ်ခုကို ထုတ်ပြောလာခဲ့၏။
သို့ရာတွင် လောင်လျူကမူ မည်သည့်အရာကိုမှ ဂရုမစိုက်သည့်အလား၊ ကျယ်လောင်စွာ ရယ်မောနေတော့၏။
“ ငါဒီနေရာမှာ ပိတ်မိနေတာ၊ နှစ်ငါးရာရှိနေပြီ၊ ငါ့ကိုယ်ငါတောင် လူလား၊ သရဲလား မသိတော့ဘူး။ အခုငါသေခါနီးနေပြီ၊ ဘာတွေကို ကြောက်နေရမှာလဲ။ အဆုံးဆိုးဖြစ်လာမယ်ဆိုရင်၊ ငါတို့အားလုံး အတူတူ သွားလိုက်ရုံပဲပေါ့ “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် မအောင့်ထားနိုင်တော့ဘဲ၊ စကားဝင်ပြောလာခဲ့သည် “ အဲ့လောက်တောင် သတ္တိရှိတာလား “
ရှောင်ဟေးသည် လုချန်ရှန်းကို အလိုအလျောက်ငေးကြည့်မိသွားခဲ့သည်၊ သို့သော် ထိုစကားကို ပြောပြီးသည်နှင့်တစ်ပြိုင်နက်၊ သူသည် ပေဒါဇင်နှင့်ချီ၍ နောက်ဆုတ်သွားကာ၊ အဝေးမှ လှမ်းကြည့်နေလျက်ရှိသည်။
---
…………………………………………………………………………………………………………………………………….
အပိုင်း ( 153 )
ငါ့ကို မျက်နှာသာပေးလိုက်
လောင်လျူတိုက်ခိုက်လာသည်ကို မြင်လိုက်ရသောအခါတွင်၊ အားလုံးသည် မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ၊ ရုတ်တရက် တိုက်ခိုက်လာကြတော့သည်။
ထိုကဲ့သို့ ရဲရင့်သော စကားလုံးများက လူတိုင်းကို၊ သက်ပြင်းတချချ ဖြစ်သွားစေခဲ့သည်။
သူက လက်လျှော့သွားရမည့်အစား၊ ရှေ့တိုးလာလိမ့်မည်ဟု၊ မည်သူက မမျှော်လင့်ထားခဲ့ပေ။ သူသည် ရှုံးနိမ့်သွားရမည်ဆိုသည်ကို သိနေခဲ့သော်လည်း၊ ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုများကို ခေါင်းမာမာဖြင့်၊ ခုခံနေခဲ့၏။
ဘမ်း
ထိုအချိန်၌၊ လောင်လျူသည် မိုးကြိုးအပစ်ခံလိုက်ရပြီး၊ နောက်သို့လွင့်ထွက်သွားခဲ့သည်။
ကောင်းကင်ဝါးမျိုငှက်သည် ၎င်း၏ ဓမ္မပုံရိပ်ကို ဖွဲ့စည်းကာ၊ သူ့ကို ဖမ်းဆီးရန် ကြံရွယ်လိုက်သည်။
လောင်လျူသည် အော်ဟစ်ဟိန်းဟောက်၍၊ သူ၏လက်ကို မြှောက်လိုက်ရာ၊ အလင်းတန်းများ ရွေ့လျားလာခဲ့သည်၊ သို့သော် သူသည် တိုက်ခိုက်မှုများကို မည်သို့မျှ မခုခံနိုင်ခဲ့ဘဲ၊ အကြိမ်ကြိမ်အခါခါ နောက်ဆုတ်သွားခဲ့ရပြီး၊ သူ၏ခန္ဓာကိုယ်က တောင်နံရံကို အဆက်မပြတ် ပွတ်တိုက်နေခဲ့၏။
“ ဒီနေရာမှာ ဘာဝိညာဥ်ချီမှ မရှိဘူး။ တကယ်လို့ မင်းက လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက၊ မွေးရာပါ ဝိညာဥ်အဆင့်၉ကို ရောက်ခဲ့တယ်ဆိုရင်တောင်မှ၊ ဘာဖြစ်လဲ။ နှစ်ငါးရာအတွင်းမှာ ဘာတိုးတက်မှုမှမရှိခဲ့လို့၊ မင်းရဲ့ သွေးမျိုးဆက်က ခမ်းခြောက်နေပြီ၊ မင်းက ဘာကိုသုံးပြီးတော့၊ ခုခံမှာလဲ “
“အရှုံးပေးပြီးတော့၊ ငါနဲ့လိုက်ခဲ့။ မျိုးနွယ်စုမှာ မင်းအတွက် နေရာတစ်ခုရှိတယ် “
“ … “
အနိုင်ရလဒ်က သေချာနေသကဲ့သို့၊ အသံများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
နတ်ဘုရား သန့်စင်ခြင်း နန်းတော်၊ ကောင်းကင်တံခါးဂိုဏ်းနှင့် တစ်ခြားသော အင်အားစုများမှာလည်း၊ စိတ်ဂဏာမငြိမ် ဖြစ်နေကြပြီး၊ မဟာတောရိုင်း ခန်းမသည် သူ့ထံတွင် ရှိနေသည့်၊ ကျမ်းစာများကို လိုချင်တက်မက်နေလျက်ရှိ၏။
လွန်ခဲ့သော နှစ်ငါးရာခန့်က မုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ဖူးသည်။ ထိုလူသည် အစွမ်းအထက်ဆုံးသော ဓားကျမ်းစာများအနက်မှ၊ တစ်ခုကို ရရှိခဲ့ပြီး၊ ၎င်း၏ စွမ်းအားက စကားလုံးတို့ဖြင့်၊ ခိုင်းနှိုင်းဖော်ပြ၍ မရသည့်အလား ကြီးမားနေခဲ့သည်။ အတိတ်က လက်လွှတ်ခဲ့ရပြီးပြီဖြစ်သောကြောင့်၊ ဤတစ်ကြိမ်တွင် မည်သူက လက်မလွှတ်လိုကြတော့ပေ။
“ ဟားဟားဟား၊ အဲ့အချိန်တုန်းက မင်းတို့အားလုံး ချောင်ဝိုင်းပိတ်တာကို ခံခဲ့ရပြီးတော့၊ ဒီနေရာမှ ပုန်းနေခဲ့ရတယ်၊ အခုငါက လူမဟုတ်၊ သရဲမဟုတ်အခြေအနေမျိုးကို ရောက်နေပြီ၊ ငါ့ရဲ့ချီလည်း ခမ်းခြောက်နေပြီ၊ ဒါပင်မဲ့ မင်းတို့က ရန်လိုနေကြတုန်းပဲ “
“ ငါတို့က မင်းကို ရွေးချယ်စရာတစ်ခု ပေးမယ် “
မိုးကြိုးငှက်မှ စကားထပ်ပြောလာခဲ့၏။
လောင်လျူမှ တုံ့ပြန်လာခဲ့သည် “ မလိုဘူး “
“ မင်းဆီမှာ ဘာပြောပိုင်ခွင့်မှ မရှိဘူး “
“ အဲ့လိုဖြစ်လာပြီဆိုမှတော့၊ ဘယ်သူမှ မရစေရဘူး “
လောင်လျူသည် အော်ဟစ်ဟိန်းဟောက်နေတော့သည်၊ သို့သော် လူတိုင်းက တိုက်ခိုက်လာခဲ့ပြီး ဖြစ်ပြီး၊ မှော်စွမ်းအား အများအပြားက သူ၏ခန္ဓာကိုယ်ပေါ်သို့၊ ကျဆင်းလာခဲ့ပြီး၊ သူ့ကို သူတို့၏ သက်ဆိုင်ရာ အင်အားစုများဆီသို့၊ အတင်းအကြပ် ခေါ်ဆောင်သွားရန်၊ ကြိုးပမ်းနေလျက်ရှိ၏။
ယခုလက်ရှိ အခြေအနေအရ၊ လောင်လျူကို ရရှိသွားသည့် လူတိုင်းက၊ ဓားကျမ်းစာကို နားလည်တတ်ကျွမ်းရန်၊ အခွင့်အရေးတစ်ခု ရသွားမည် ဖြစ်သည်။ မည်သူက လက်မလွှတ်လိုကြပေ၊ မဟာတောရိုင်း ခန်းမမှာလည်း သူ့ကို တားဆီးရန်၊ လှုပ်ရှားလာကြသည်။
“ မင်းတို့က ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ။ သူက ငါ့ရဲ့ မိုးကြိုးငှက် မျိုးနွယ်စုဝင်ကွ၊ ထွက်သွားစမ်း “ မိုးကြိုးငှက်က အော်ငေါက်လာခဲ့သည်။
ကောင်းကင်ဝါးမျိုငှက်က လှောင်ပြောင်လာခဲ့၏ “ သူ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးမျိုးဆက်က၊ မင်းတို့ဟာ တစ်ခုတည်းတော့ မဟုတ်တော့ဘူး “
“ အမှန်ပဲ၊ သူ့ဆီမှာ ငါ့ရဲ့ လူသားမျိုးနွယ်စု သွေးမျိုးဆက်လည်း ရှိတယ် “
“ … “
အင်အားစု အမျိုးမျိုး အဆက်မပြတ် ငြင်းခုန်နေကြပြီး၊ ရှောင်ဟေးသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့်၊ ဝေခွဲမရ ဖြစ်သွားခဲ့သည်။
လုချန်ရှန်းကမူ အဝေးတွင် တောင်နံရံကို မှီကာ၊ မတ်တပ်ရပ်နေလျက်ရှိ၏။ အင်အားစုကြီးများက လှုပ်ရှားနေသောကြောင့်၊ သူသည် ဘေးထွက်၍ စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
တစ်ခဏအကြာတွင် အင်အားစု အားလုံး တစ်ပြိုင်နက် လှုပ်ရှားလာခဲ့ပြီး၊ အားကောင်းသော စွမ်းအား ပေါက်ထွက်လာခဲ့ကာ၊ တစ်ဦးကိုတစ်ဦး ဆုတ်ဖြဲနေကြတော့သည်။
လောင်လျူမှ ထပ်မံ၍ ဟိန်းဟောက်လာခဲ့၏ “ ဒါဆိုရင်လည်း၊ အတူတူသေလိုက်ကြတာပေါ့ “
“ မင်းဘာလုပ်ချင်နေတာလဲ “
အားလုံး၏ စိတ်ထဲတွင်၊ ဆိုးရွားသော ခံစားချက်တစ်ခု လှိုက်တက်လာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်၊ လောင်လျူ ဟိန်းဟောက်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ ဖောင်းကားလာကာ၊ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ချက်ချင်းပေါက်ထွက်လာခဲ့သည်။ တစ်ပြိုင်နက်ဆိုသလိုပင်၊ သူ၏ခန္ဓာကိုယ်မှ ဓားချီ အများအပြား တိုးဝင်လာခဲ့သည်။
သူ့အနားတွင် ရှိနေသည့် လူများ အငိုက်မိသွားကြသည်။ အကယ်၍ သူတို့၏ မှော်စွမ်းအားများကို လည်ပတ်လိုက်မည်ဆိုလျှင်တောင်မှ၊ သူတို့သည် သူတို့ကိုယ်သူတို့ မကာကွယ်နိုင်ကြတော့ပေ။ သူတို့၏ ခန္ဓာကိုယ်များ အတွင်းသို့၊ တိုးဝင်လာခဲ့ပြီး၊ သူတို့၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု၊ ပေါ်ထွက်လာခဲ့သည်။
၎င်းတို့သာလျှင်မဟုတ်ဘဲ၊ ဓားချီများသည် ဤနေရာတစ်ခုလုံးတွင် ပြည့်နှက်သွားခဲ့သည်။
အောက်ဘက်တွင် ရှိနေသည့် လူများကလည်း ကပ်ဘေးကို မကျော်လွှားနိုင်ခဲ့ပေ။ လူတစ်ချို့ကမူ၊ ကိစ္စများ ဆိုးရွားနေသည်ကို မြင်တွေ့သွားကာ၊ လာရာလမ်းကြောင်းများအတိုင်း၊ လှည့်ပြန်သွားခဲ့သည်။
ဤနေရာတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားခဲ့ပြီး၊ သူတို့အားလုံးသည် ဓားချီများကို အဆက်မပြတ် ခုခံနေကြရသည်။
ရှောင်ဟေးမှာလည်း လေးလေးနက်နက် ဖြစ်သွားခဲ့သည်။ သူသည် ဤနေရာတွင် ရှိနေသည့် ထူးခြားသော ဓားဆန္ဒကို ခံစားနေခဲ့ရသည်၊ မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်များကပင်၊ အမူအရာများ လေးနက်သွား၏။
အဆိုပါ ဓားချီများတွင်၊ ဓားဆန္ဒ အရိပ်အငွေ့များ ကပ်ညိနေပြီး၊ ၎င်းတို့သည် ထိုလူများ၏ ခန္ဓာကိုယ်အတွင်းသို့၊ ထိုးဖောက်ဝင်ရောက်ကာ၊ ထိုနေရာတွင်သာ တွယ်ကပ်နေကြတော့သည်။
“ ဓားဆန္ဒ ဖြစ်တည်ခြင်း “
အားလုံးသည် ထိတ်လန့်တကြား အော်ဟစ်လာကြပြီး၊ သူတို့၏ စိတ်အတွင်းတွင်၊ အကြောက်တရားများ၊ မယုံကြည်မှုများဖြင့်၊ ပြည့်နှက်သွားခဲ့သည်။
ဤကမ္ဘာပေါ်တွင်၊ ထိုမျှကြောက်မက်ဖွယ်ကောင်းသည့်၊ ဓားတာအို ပညာရှင်ကို မမြင်တွေ့ခဲ့ရသည်မှာ နှစ်ပေါင်းမည်မျှ ကြာရှည်ခဲ့ပြီနည်း။
ရှောင်ဟေး၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး၊ သူ၏ ခန္ဓာကိုယ်ပေါ်တွင်၊ မှော်စွမ်းအင်များ ဆက်တိုက်ဖွဲ့တည်နေကာ၊ ကိုယ့်ကိုကိုယ် အဆက်မပြတ် ကာကွယ်နေခဲ့သည်။ သို့တိုင်အောင်၊ သူသည် ဆက်တိုက်နောက်ဆုတ်နေခဲ့ရ၏။
လူတိုင်းက အထိတ်တလန့်ဖြစ်နေကြသည့် အချိန်တွင်၊ သူသည် လုချန်ရှန်းက ကျောက်တိုင်တစ်ခုကို မှီနေရင်းဖြင့်၊ ချဥ်းကပ်လာသည့် ဓားချီတို့အား၊ သူ၏လက်ကို အေးအေးလူလူ ဝေ့ရမ်း၍၊ ဖယ်ရှားနေသည်ကို မြင်တွေ့သွား၏။
ထိုကောင်သည် အလွန်တရာ အေးဆေးတည်ငြိမ်နေလျက်ရှိပြီး၊ ဓားချီများကို မြက်ပင်လေးများကဲ့သို့၊ အားမစိုက်ထုတ်ရသည့်အလား၊ ပေါ့ပေါ့ပါးပါး ပြိုကွဲစေနေခဲ့သည်။
“ ဒီဓားချီက တော်တော်ကြီးကို ထူးခြားတယ်လေ၊ မင်းမကြောက်ဘူးလား “
“ ဓားချီက အဆင်ပြေပါတယ်၊ အဲ့တာရဲ့ စွမ်းအားကတော့၊ ဘာမှ ကြောက်စရာမရှိဘူး။ ဒါပင်မဲ့ ဓားချီအတွင်းမှာရှိတဲ့ ဓားကျိန်စာကတော့ နည်းနည်းလေး စိတ်ဝင်စားဖို့ကောင်းတယ် “ ဟု လုချန်ရှန်းက ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။
“ ဘာဓားကျိန်စာလဲ “
“ စိတ်မပူပါနဲ့၊ အဲ့တာက အသက်ကို မထိခိုက်စေပါဘူး။ တကယ်လို့ ခန္ဓာကိုယ်ထဲကို ဝင်သွားမယ်ဆိုရင်တောင်မှ၊ အဲ့တာက လူတွေကို အချိန်အတိုင်းအတာတစ်ခုအထိ အိပ်ပျော်သွားစေရုံလောက်ပါပဲ၊ အခြေခံအုတ်မြစ်ကို ထိခိုက်အောင် မလုပ်နိုင်ဘူး “
“ အိပ်ပျော်တာ ……. “
ရှောင်ဟေးသည် အလွန်တရာ လေးနက်သွားခဲ့သည်။ သူ၏လက်မောင်းကို ကြည့်လိုက်သည့် အချိန်၌၊ ထိုနေရာတွင် ဓားချီကြောင့်၊ ရရှိခဲ့သည့် ပြတ်ရှရာတစ်ခု ရှိနေခဲ့၏။
“ အာ၊ မင်းက ဓားထိုးခံထားရတာပဲ “ လုချန်ရှန်းက အံ့ဩတကြီး ပြောဆိုလာခဲ့သည်။
ရှောင်ဟေးသည် သူ၏ခန္ဓာကိုယ်က လေးလံလာသည်ဟု၊ ချက်ချင်းခံစားလိုက်ရပြီး၊ သူ၏မှော်စွမ်းအားဖြင့်၊ ချေဖျက်၍ မရသည့် စွမ်းအားတစ်ခု ပျံ့လွင့်လာခဲ့သည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “
လုချန်ရှန်းသည် အဝေးသို့၊ ငေးကြည့်နေတော့သည်၊ လူတစ်ချို့ လဲကျသွားခဲ့ပြီ ဖြစ်၏။
ရှောင်ဟေးသည် လုချန်ရှန်း၏ ခြေရင်းတွင်၊ ပြိုလဲသွားတော့သည်။
တစ်ခဏအကြာ၌၊ ပုလ္လင်ကြီးပေါ်တွင် ရှိနေသည့် လူတိုင်း ပြုတ်ကျလာခဲ့ပြီး၊ မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်များကပင် မလွတ်မြောက်ခဲ့ပေ။
လုချန်ရှန်းတစ်ဦးတည်းကသာလျှင်၊ လက်ပိုက်ကာ၊ ကျောက်တိုင်ကို မှီ၍၊ အဝေးသို့ ငေးကြည့်နေလျက်ရှိ၏။
အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည့် အချိန်တွင်၊ ပုံရိပ်တစ်ခုသည် အမှောင်အတွင်းထု လမ်းလျှောက်ထွက်လာခဲ့သည်။ သူ၏ အကြည့်သည် လဲကျသွားသည့်၊ လူများအပေါ်သို့ ကျရောက်လာခဲ့ပြီး၊ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
တစ်ခုတည်းသော အံ့ဩဖွယ်ရာကမူ၊ အဆိုပါ ပုံရိပ်က၊ မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ချောမောသော အသွင်အပြင်၊ နီရဲသော နှုတ်ခမ်းများနှင့် အဖြူရောင် သွားများကို၊ ပိုင်ဆိုင်ထားသည့် အသက်ဆယ့်ငါးနှစ်(သို့) ဆယ့်ခြောက်နှစ် လူငယ်တစ်ဦး ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
လူငယ်သည် ၎င်းတို့အားလုံးကို စောင့်ကြည့်နေရင်းဖြင့်၊ သူ၏လက်ကို မြှောက်ကာ၊ ထိုလူများ၏ ခန္ဓာကိုယ်များကို တစ်ခုပြီးတစ်ခု လိပ်တင်ကာ၊ အမှတ်အသားများ ရေးထိုးလိုက်ပြီး၊ သူတို့၏ စွမ်းအားကို ချိတ်ပိတ်ကာ၊ ဟင်းလင်းပြင် နေရာလွတ်တစ်ခုအတွင်းသို့၊ ပစ်ထည့်နေတော့၏။
“ အဲ့တာက ဘာလုပ်နေတာလဲ “ လုချန်ရှန်းသည် အရာအားလုံးကို စောင့်ကြည့်နေခဲ့သည်။ ထိုလူငယ်သည် ချူချန်ခုန်း၊ ပိုင်နန်နှင့်၊ တစ်ခြားလူများကို ဖမ်းဆီးနေခဲ့သည်။
သူ၏လှုပ်ရှားမှုတိုင်းက၊ ရည်ရွယ်ချက်များ ပြည့်ဝနေလျက်ရှိပြီး၊ ဂိုဏ်းကြီးများက အထူးတလည် ပျိုးထောင်ပေးထားသည့် လူများကိုသာ၊ ရွေးချယ်နေလျက်ရှိ၏။
ရှောင်ဟေးအရှေ့သို့ လမ်းလျှောက်လာသည့် အချိန်၌၊ ထိုလူငယ်သည် သူ့ကိုပါ ဖမ်းရန်၊ ကြံရွယ်နေတော့၏၊ အဆုံးတွင် လုချန်ရှန်းက ထိုလူ့ကို စကားပြောလိုက်သည် “ သူက ငါ့သူငယ်ချင်းပဲ။ တော်လိုက်ပြီ၊ လူတစ်ယောက်လောက် လျော့သွားတာက၊ ဘာမှ ကွာခြားသွားမှာ မဟုတ်ဘူး “
ဟမ်
လူငယ်သည် စကားကို ကြားသွားကာ၊ ရုတ်တရက် မော့ကြည့်လာခဲ့ပြီး၊ မလှမ်းမကမ်းတွင် ရှိနေသည့် ပုံရိပ်တစ်ခုကို မြင်တွေ့သွားကာ၊ တိတ်တဆိတ် စူးစမ်းလေ့လာနေတော့သည်။
သူသည် လုချန်ရှန်း၏ တည်ရှိမှုကို မည်သို့မျှ မထောက်လှမ်းမိခဲ့ပေ။
“ မင်းက ချင်းယီလား “ ဟု လူငယ်မှ မေးမြန်းလာခဲ့၏။
လုချန်ရှန်းသည် တအံ့တဩ ဖြစ်သွားခဲ့သည်။
“ မင်းက ငါ့ကို သိတာလား “
“ ဟားဟား “ လူငယ်သည် တဟားဟား ရယ်မောကာ၊ မတုံ့ပြန်လာခဲ့ပေ၊ ထို့အစား သူ့ကို ကြည့်ကာ၊ ပြုံးပြလာခဲ့၏ “ ဒီနေရာမှာ ရပ်နေနိုင်ဖို့ဆိုတာက၊ ငါမျှော်လင့်ထားတာတွေထပ် သာနေတယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် စိတ်ရှုပ်ထွေးသွားကာ၊ ထပ်မံ၍ မေးမြန်းလိုက်သည် “ မင်းက လောင်လျူလား “
လောင်လျူမှာ အနိမ့်ဆုံးအနေဖြင့် နှစ်ရာဂဏန်း သက်တမ်းရှိသော လိပ်အိုကြီးတစ်ဦး ဖြစ်သည်၊ သို့သော် သူ့အရှေ့တွင် ရှိနေသည့် လူငယ်ကမူ၊ အလွန်တရာ ငယ်ရွယ်သော လူငယ်တစ်ဦး ဖြစ်နေခဲ့၏။ ၎င်းက ရယ်စရာကောင်းသော်လည်း၊ လုချန်ရှန်းသည် ထိုအတိုင်းသာ ဖြစ်ဖို့များသည်ဟု၊ ခံစားနေခဲ့ရသည်။
“ မင်းက ငါ့ကိုမှတ်မိတာလား “
“ ငါမင်းကို မမှတ်မိပါဘူး၊ ဒါပင်မဲ့ မင်းရဲ့ကိုယ်ပေါ်မှာ အားကောင်းတဲ့ ဓားဆန္ဒတစ်ခု ရှိနေတာကို၊ ငါခံစားမိတယ်။ အဲ့တာက အရင်ကဟာနဲ့ အတူတူပဲ၊ အဲ့တာကြောင့် ငါခန့်မှန်းလိုက်တာ “ ဟု လုချန်ရှန်းမှ တုံ့ပြန်လိုက်၏။
လောင်လျူသည် လုချန်ရှန်းကို စိတ်ဝင်တစား ငေးကြည့်ကာ၊ စကားထပ်ပြောလာခဲ့သည် “ လူငယ်လေး၊ မင်းက တကယ်ကို ထူးခြားတာပဲ၊ ဒါပင်မဲ့ မင်းက နည်းနည်းလေးတော့ ရဲတင်းနေတယ်။ မင်းက ငါ့အရှေ့မှာ၊ ဘယ်လိုလုပ်ပြီးတော့၊ ဒီလောက်တောင် တည်ငြိမ်နေရတာလဲ “
“ မင်းကမှ ကြောက်ဖို့မကောင်းတာ “ လုချန်ရှန်း မျက်မှောင်ကြုတ်သွား၏။
လောင်လျူသည် အပြုံးဖြင့်၊ ပြန်ပြောလာခဲ့သည် “ မင်းက စိတ်ဝင်စားဖို့ကောင်းပါတယ်၊ ဒါပင်မဲ့ မင်းငါ့ကို မတားနိုင်ဘူး “
လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ ငါ့ကို မျက်နှာသာပေးလိုက်၊ ဒီငှက်ကို မထိနဲ့။ ငါမင်းကို မမြင်ချင်ယောင်ဆောင်ပေးလိုက်မယ် “
“ ကြည့်ရတာတော့၊ မင်းက မင်းရဲ့အခုလက်ရှိ အခြေအနေကို နားမလည်တဲ့ပုံပဲ။ မင်းက ကိုယ့်ကိုကိုယ်တောင် မကာကွယ်နိုင်ဘဲနဲ့၊ ငါနဲ့ ဈေးလာညှိနေတယ်ပေါ့ “
လောင်လျူသည် လုချန်ရှန်းကို ကြည့်ကာ၊ ရယ်မောနေတော့သည်။
သို့ရာတွင် လုချန်ရှန်းက စကားထပ်ပြောလိုက်သည် “ မင်းဘာတွေ ကျော်ဖြတ်ခဲ့ရလဲဆိုတာကို ငါမသိဘူး၊ ဒါပင်မဲ့ အခုလက်ရှိ အချိန်မှာတော့၊ မင်းက မွေးရာပါ ဝိညာဥ်အဆင့်၁မှာပဲ ရှိတာကို ငါသိတယ်၊ ဆိုတော့ ငါ့အကြံကို နားထောင်လိုက်တာက၊ အကောင်းဆုံးပဲ “
“ ဟားဟားဟား “
လောင်လျူသည် ခေါင်းတခါခါဖြင့်၊ အော်ရယ်နေတော့၏။ ထို့နောက်တွင်၊ သူ၏လက်ကို မြှောက်လိုက်ရာ၊ မှော်စွမ်းအား ပေါက်ထွက်လာခဲ့ပြီး၊ ဧရာမ လက်ကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားကာ၊ အရှေ့သို့ တိုးဝင်လာခဲ့သည်။
သို့ရာတွင်၊ အဆိုပါ လက်က တစ်စုံတစ်ခု၏ ပယောဂကြောင့်၊ ချက်ချင်း ပြန်လည်ပြိုကွဲသွားသည့်အတွက်၊ သူအံ့အားသင့်သွားခဲ့ရသည်။ သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင်၊ သူ၏မျက်နှာပေါ်သို့၊ ရိုက်ချက်တစ်ချက် ကျဆင်းလာခဲ့ပြီး၊ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး အလျားလိုက် လွင့်ထွက်သွားခဲ့သည်။
---
…………………………………………………………………………………………………………………………….