အခန်း (၁၅၇-၁၅၉)
Vol. 11 Ch. 157-159
အပိုင်း ( 157 )
သူနဲ့ကျွန်တော်က ညီအစ်ကိုတွေလိုပဲ၊ အဲ့တော့ ကိစ္စမရှိပါဘူး
အားလုံးသည် ထိတ်လန့်မှုများ၊ အကြောက်တရားများ ပြည့်နှက်နေသော အမူအရာများဖြင့်၊ သွေးရူးသွေးတန်း ပြေးထွက်သွားကြသည်။
လောင်လျူသည် ရွံ့ရှာစက်ဆုပ်စွာဖြင့်၊ စကားပြောဆိုနေတော့သည် “ သူတို့က ဘာတွေကို ကြောက်နေမှန်း ငါမသိဘူး “
“ အဲ့တာက မင်းရဲ့ အမှားပဲ မဟုတ်ဘူးလား “ လုချန်ရှန်း ဆွံ့အသွား၏။ မင်းက အရှုပ်အထွေးတစ်ခုကို ဖန်တီးခဲ့ပြီးတော့၊ တစ်ခြားလူတွေကို ပေါ့ပေါ့တန်တန် အပြစ်တင်နေတယ်ပေါ့။ ဒီလိုအရှက်လုံးဝ မရှိတဲ့လူမျိုးက လူ့လောကကြီးထဲမှာ ဘာကိစ္စ ရှိနေရသေးတာလဲဟ။
လောင်လျူသည် စကားထပ်မပြောလာတော့ပေ။
လုချန်ရှန်းမှာလည်း လူအုပ်ကြီးအနောက်မှ လိုက်သွားကာ၊ အပြင်သို့ ဦးတည်နေလျက်ရှိ၏။
ထွက်လာခဲ့သည့် လူအုပ်ကြီးကို မြင်လိုက်ရသောအခါတွင်၊ အင်အားစုအားလုံး တလေးတနက် ဖြစ်သွားကြသည်။
“ ဘာတွေဖြစ်နေတာလဲ “
တစ်စုံတစ်ဦးမှ အရင်ဦးဆုံး မေးမြန်းလာခဲ့သည်။
သိသိသာသာ တုန်ရင်နေသေးသည့် လူတစ်ဦးက၊ အတွင်းပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် အရာများကို ပြန်လည်ပြောပြလိုက်သောအခါတွင်၊ အင်အားစု အသီးသီး၏ အမူအရာများ ပြောင်းလဲသွား၏။
“ အဲ့တာက တကယ်ပဲလား “
တစ်စုံတစ်ဦးမှ အတည်ပြုလာခဲ့၏။
အဖြေကို ကြားလိုက်ရပြီးသည့်နောက်တွင်၊ သူတို့၏ အမူအရာများ ရှုပ်ထွေးသွားတော့သည်။
“ ဆိုတော့ အဲ့ဒီမကောင်းဆိုးဝါးလေး လောင်လျူက သေသွားပြီပေါ့ “
“ အဲ့လိုပဲ ဖြစ်သင့်တယ် “
တစ်ခဏကြာသည်အထိ၊ အရပ်မျက်နှာရှစ်ခုစလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
မဟာတောရိုင်း ခန်းမ၏ လူများကလည်း၊ လုချန်ရှန်း၏ ပတ်ပတ်လည်တွင် စုစည်းလာကာ၊ အခြေအနေကို မေးမြန်းလာကြ၏။
“ သူတို့ လိမ်နေတာ မဟုတ်ဘူး။ ခင်ဗျားတို့ ယုံမှာတောင် မဟုတ်ဘူး၊ တကယ်လို့ ကျုပ်ပြေးတာသာ နည်းနည်းလေး နှေးနေခဲ့မယ်ဆိုရင်၊ ကျုပ်က ဒီနေရာမှာ ရှိနေမှာ မဟုတ်ဘူး “ ဟု လုချန်ရှန်းမှ တုံ့ပြန်လိုက်၏။
လောင်လျူက လှောင်ပြောင်နေတော့၏၊ သူ၏အမူအရာနှင့် လေသံက အလွန်ပင် ယုံကြည်စရာကောင်းနေသောကြောင့်၊ သူကိုယ်တိုင်ကပင် ယုံကြည်လုနီးပါး ဖြစ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စု ရောက်ရှိလာခဲ့ပြီး၊ လုချန်ရှန်းကို ကြည့်ကာ၊ စကားပြောလာခဲ့၏ “ ချင်းယီ၊ မီထျန်း၊ သူ ………. “
စိုးရိမ်တကြီး ဖြစ်နေသည့် ကောင်းကင်ဝါးမျိုငှက်များကို မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် အသာအယာ သက်ပြင်းချ၍၊ ပြန်ပြောလိုက်သည် “ ဟူး၊ အခြေအနေက တော်တော်လေးကို အလျင်လိုနေခဲ့တာ၊ ကျုပ်သူ့ကို မကာကွယ်ပေးနိုင်ခဲ့ဘူး။ ကျုပ်အသက်ကို စွန့်စားပြီးတော့၊ သူ့ကို ဆွဲလုရုံပဲ လုပ်နိုင်ခဲ့တယ်၊ ကံကောင်းထောက်မစွာနဲ့၊ သူအဆင်ပြေနေပါတယ် “
ထိုစကားကို ကြားလိုက်ရပြီး၊ အထိတ်တလန့် ဖြစ်နေသည့် လူအုပ်ကြီးကို မြင်လိုက်ရသောအခါတွင်၊ သူတို့သည် အထဲတွင် လူတော်တော်များများ ကျဆုံးခဲ့သည်ဆိုသည်ကို သိရှိသွားကြသည်။ သို့သော် ဤကလေးကမူ မီထျန်းကို ဆွဲထုတ်လာခဲ့လေသည်။
“ မိတ်ဆွေလေး၊ ကျေးဇူးတင်ပါတယ်ကွာ “
“ ငါတို့မျိုးနွယ်စုက မီထျန်းအပေါ်မှာ ရှိခဲ့တဲ့၊ မင်းရဲ့ ကြင်နာမှုတွေကို လုံးဝမေ့သွားမှာ မဟုတ်ပါဘူး။ အခုအချိန်ကနေစပြီးတော့၊ မင်းက ငါတို့မျိုးနွယ်စုရဲ့ ဂုဏ်သရေရှိ ဧည့်သည့်တော်ပါပဲ “
“ … “
အဆိုပါ မျိုးနွယ်စုသည် သူ့ကို အတော်လေး ကျေးဇူးတင်နေလျက်ရှိ၏။
လုချန်ရှန်းသည် သူ၏လက်ကို ဝေ့ရမ်းကာ၊ တုံ့ပြန်လိုက်သည် “ ဒီတစ်ခေါက်က တော်တော်လေးကို အန္တရာယ်များခဲ့တာ၊ ဒါပင်မဲ့ သူ့ကို ဆွဲထုတ်နိုင်ခဲ့တယ်လေ၊ အဲ့တာကြောင့် အများကြီး တွေးပူနေဖို့ မလိုပါဘူးဗျာ “
“ ငါ့ဖင်ကြီးကို အန္တရာယ်များလိုက်လေ။ တကယ်လို့ မင်းဆီမှာ အသိတရား တစ်အောင်စလောက် ရှိနေမယ်ဆိုရင်၊ မင်းက အဲ့လိုစကားမျိုးကို ပြောထွက်မှာ မဟုတ်ဘူး “ လောင်လျူ နှာခေါင်းရှံ့နေတော့၏။ ကိစ္စက မင်းပြောသလောက်ကြီး ဆိုးနေလို့လား
တစ်ခြားလူတွေအတွက်၊ တော်တော်လေး အန္တရာယ်များခဲ့တယ်ဆိုတာကတော့ ဟုတ်ပါတယ်၊ ဒါပင်မဲ့ မင်းလို ဘေးကနေ ရပ်ကြည့်နေပြီးတော့၊ ဓားမြက်နဲ့ ဓားကျမ်းစာရသွားတဲ့ လူကော ရှိလား။ အထဲကို ဝင်လာခဲ့တဲ့ လူတွေထဲမှာ၊ မင်းတစ်ယောက်ပဲ အကျိုးအမြတ်ရသွားတာ မဟုတ်ဘူးလား။
လုချန်ရှန်းကမူ သူနှင့်စကားပြောရန်အတွက်ပင် အလွန်တရာ ပျင်းရိသွား၏။
ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုက ရှောင်ဟေးကို ခေါ်ဆောင်သွားပြီး၊ လုချန်ရှန်းမှာလည်း ဤနေရာတွင် ကြာကြာဆက်နေရန် မစီစဥ်ထားခဲ့ပေ။ သူသည် မဟာတောရိုင်း ခန်းမမှ လူများကို ကြည့်ကာ၊ စကားပြောလိုက်သည် " အားလုံးပဲ၊ ကျုပ်ဆီမှာ လုပ်စရာကိစ္စလေးတွေ ရှိနေပါသေးတယ်။ ပစ္စည်းတွေကို ဘယ်လိုခွဲကြမလဲ။ ကိစ္စပြီးတာနဲ့၊ ကျုပ်အရင်သွားတော့မယ် "
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ အကြီးအကဲ ဝူယန်သည် သူ့ကို ငေးကြည့်လာခဲ့သည်၊ သို့သော် အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှာပင်၊ သူ၏ သဘောထားကို ထုတ်မပြောလာခဲ့ပေ။
အဆုံးတွင် ကျီရှုက စကားဝင်ပြောလာခဲ့၏ " မိတ်ဆွေလေး၊ မင်းနဲ့ ကိစ္စတစ်ခုလောက် ဆွေးနွေးလို့ရမလား "
" ဘာကိုလဲ "
" ဒီတစ်ခေါက် ရခဲ့တဲ့၊ ပစ္စည်းတွေ အကုန်လုံးကို၊ ငါတို့ကို ပေးလိုက်လို့ရမလား "
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် ခြေလှမ်း အနည်းငယ်မျှ နောက်ဆုတ်၍၊ မျက်မှောင်ကြုတ်သွားပြီး၊ သတိတကြီး ဖြစ်သွားသော အမူအရာမျိုးဖြင့်၊ ထိုလူများကို ကြည့်ကာ၊ ပြန်ပြောလိုက်သည် " ခင်ဗျားတို့က ကျေးဇူးကန်းပြီးတော့၊ ကွက်ကျော်ရိုက်ချင်နေတာလား "
" အမ် ....... "
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လူတိုင်း မှင်သက်သွားကာ၊ ဘာပြောရမှန်းမသိ ဖြစ်သွားကြ၏။
လုချန်ရှန်းသည် ထိုလူများကို ငေးကြည့်နေခဲ့သည်။ သူ၏ စိတ်အခြေအနေကို၊ ကြိုတင်ပြင်ဆင်ထားခဲ့ပြီးပြီဖြစ်သော်လည်း၊ ထိုစကားကို အမှန်တကယ် ကြားလိုက်ရသည့် အချိန်တွင်၊ သူအသည်းကွဲသွားခဲ့သည်။
လူတွေကြားမှာ ကတိပေးထားတဲ့ ယုံကြည်မှုကရော။ အဲ့တာက ချက်ချင်းကြီး ပြိုကွဲသွာတာလား။
၎င်းကို မြင်လိုက်ရသောအခါတွင်၊ အကြီးအကဲ ဝူယန်က အလောတကြီး စကားဝင်ပြောလာခဲ့၏ " မိတ်ဆွေလေး၊ အထင်မလွဲပါနဲ့။ ငါတို့ကလည်း အဲ့လိုလုပ်ဖို့အတွက်၊ ဖိအားပေးခံခဲ့ရတာပါ၊ အဲ့တာကြောင့်ပဲ ဒီလိုနည်းလမ်းမျိုးကို သုံးခဲ့ရတာပါ "
" ဖိအားပေးခံရတာလား။ ပန်းကလေးတွေကို ရက်ရက်စက်စက် ဖျက်စီးဖို့လား။ ဘယ်လောက်တောင် ရက်စက်လိုက်တဲ့ နှလုံးသားတွေလဲ။ အရင်က ကျုပ်က ခင်ဗျားတို့အတွက်၊ သဘောတူညီချက်အတွက်၊ မမောမပန်း အလုပ်လုပ်ခဲ့ရတာဗျ၊ မိုးကြိုးငှက်တွေက အချိန်အတော်ကြာ ဝိုင်းတိုက်တာကို ခံခဲ့ရပြီးတော့၊ သေတောင်သေတော့မလို့ပဲ၊ ဒါပင်မဲ့ ခင်ဗျားတို့ကတော့ တကယ်ကြီး ...... "
" မဟုတ်ဘူး၊ အဲ့လိုမျိုး မဟုတ်ပါဘူး "
ကျီရှုသည် အလောတကြီး ရှင်းပြလာတော့၏။ သူတို့သည်၊ သူက စကားအနည်းငယ်ကြောင့်၊ ဤမျှ ပြင်းထန်စွာ တုံ့ပြန်လာလိမ့်မည်ဟု၊ မမျှော်လင့်ထားကြပေ။
အကြီးအကဲ ဝူယန်ကပါ၊ စကားဝင်ပြောလာခဲ့၏ " ငါတို့ရဲ့ အခြေအနေက နည်းနည်းလေး ထူးခြားတယ်၊ ပြီးတော့ ငါတို့က အဲ့ပစ္စည်းတွေကို တကယ်ကို လိုအပ်နေလို့ပါ၊ အဲ့တာကြောင့် မိတ်ဆွေလေးက အဲ့ပစ္စည်းတွေ အကုန်လုံးကို၊ ငါတို့ဆီကို ပေးစေချင်ပါတယ်။ ငါတို့၊ မဟာတောရိုင်း ခန်းမက လျော်ကြေးကို၊ လုံလုံလောက်လောက် ပေးမှာပါ "
" အို့၊ အဲ့လိုလား၊ ခင်ဗျားတို့က အရှက်မရှိဘူးလို့၊ ကျွန်တော်ထင်နေခဲ့တာ " လုချန်ရှန်းသည် စိတ်သက်သက်ရာရစွာဖြင့် သက်ပြင်းချကာ၊ စကားထပ်ပြောနေတော့၏ " ဆိုတော့၊ ဘယ်လိုလျော်ပေးမှာလဲ "
ကျီရှုမှ စကားထပ်ပြောလာခဲ့၏ " တကယ်လို့၊ မိတ်ဆွေလေးကသာ အဲ့ပစ္စည်းတွေကို ပေးမယ်ဆိုရင်၊ ငါတို့က မင်းကို မဟာတောရိုင်း ခန်းမကို ဝင်ခွင့်ပေးပြီးတော့၊ ဆက်ခံသူတစ်ယောက်အဖြစ် လက်ခံပေးမယ်။ ဘယ်လိုသဘောရလဲ "
" ဘာကြီး " လောင်လျူသည် အံ့သြတကြီးဖြင့်၊ အော်မိသွားခဲ့သည်။
သို့ရာတွင်၊ လုချန်ရှန်းကမူ အေးအေးလူလူ တုံ့ပြန်လိုက်၏ " လုံးဝမကောင်ဘူး။ ခင်ဗျားတို့က ကျုပ်ကို တကယ်ကြီး ညှပ်ချချင်နေတာပဲ။ ဘာဆက်ခံသူလဲ။ ငွေမပေးချင်လို့၊ လုပ်နေတာတွေချည်းပဲကို "
" အဲ့တာက ........ "
မဟာတောရိုင်း ခန်းမမှ လူတို့မှာလည်း တအံ့တသြ ဖြစ်သွားကြသည်။
လူတော်တော်များများက တောင့်တနေတဲ့၊ ဆက်ဆံသူဆိုတဲ့ အရာကို ကမ်းလှမ်းလိုက်တာလေ၊ ငါတို့က ပြတ်ပြတ်သားသား အငြင်းခံလိုက်ရတာလား
ကျီရှုနှင့် အကြီးအကဲ ဝူယန်တို့သည်၊ အကြည့်များ ဖလှယ်ကာ၊ ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။ သူ့ဆီမှာ ပိုအားကောင်းတဲ့ အမွေအနှစ်တစ်ခု ရှိနေတာလား၊ ဒါမှမဟုတ် အဲ့လိုအခြေအနေမျိုးကို ငြင်းရတဲ့အထိ မောက်မာနေတာလား။
လုချန်ရှန်းကမူ စုပ်တသပ်သပ် ဖြစ်သွားခဲ့သည်။ ဒီကောင်တွေက ငါ့ရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်တာလဲ။ တစ်ပြားမှ မသုံးပဲနဲ့၊ လူရော၊ ပစ္စည်းကိုပါ ရချင်နေကြတယ်။ ဒီကောင်တွေရဲ့ နှလုံးသား အမှောင်ဖုံးတာက၊ ငါ့ထပ်တောင် ပိုဆိုးနေသေးတယ်။
" ဒါဆိုရင်၊ မိတ်ဆွေလေးက ဘယ်လိုမျိုး လျော်ကြေးပေးစေချင်လဲ " ဟု အကြီးအကဲ ဝူယန်မှ မေးမြန်းလာခဲ့၏။
လုချန်ရှန်းသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ချက်ချင်းတန်းပြောလိုက်သည် " တိုက်ရိုက်အကျဆုံး နည်းလမ်းကို သုံးလိုက်ရင်ကော ဘယ်လိုလဲ။ အဲ့တာတွေကို ဝိညာဥ်ကျောက်တုံးတွေအဖြစ် ပြောင်းလိုက်ကြတာပေါ့ "
" ဝိညာဥ်ကျောက်တုံးတွေလား ..... "
" ခင်ဗျားတို့ သိတဲ့အတိုင်းပဲလေ၊ အဲ့ပစ္စည်းတွေက ရတနာတွေချည်းပဲ၊ အထူးသဖြင့် ဓားကျင့်ကြံသူတွေအတွက်ပဲ။ ကျုပ်က စျေးပိုတောင်းမှာ မဟုတ်ဘူး၊ ဝိညာဥ်ကျောက်တုံး ဆယ်သန်းပဲပေး၊ အဲ့တာတွေအားလုံး ခင်ဗျားတို့ဟာဖြစ်ပြီ "
" အဲ့တာက .......... "
လူတိုင်း ဆွံ့အသွား၏။ ဝိညာဥ်ကျောက်တုံး ဆယ်သန်းဆိုသည်မှာ ဂိုဏ်းကြီးများအတွက်ပင်၊ သေးငယ်သော ပမာဏ တစ်ခု ဟုတ်မနေခဲ့ပေ။
အကြီးအကဲ ဝူယန်သည် အကြပ်ရိုက်သွားပုံရပြီး၊ အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ တုံ့ပြန်လာခဲ့၏ " ကောင်းပြီလေ၊ သဘောတူတယ်၊ ဒါပင်မဲ့ အခုလက်ရှိအချိန်မှာက၊ ငါတို့လက်ထဲမှာ၊ အဲ့လောက် ပမာဏ အများကြီး မရှိသေးဘူး "
" ပြဿနာမရှိပါဘူး။ အိုင်အိုယူသာ ရေးပေးလိုက်၊ ရက်ပိုင်းလောက်ကြာရင်၊ ကိုယ့်ဟာကို လာယူလိုက်မယ် "
(အိုင်အိုယူက I owe you အကြွေးတင်နေတယ်ဆိုတဲ့ လက်ရေးစာချုပ်မျိုးပါ၊ ရှေးခေတ်တုန်းက အသုံးများပါတယ် )
" အိုင်အိုယူ ....... "
ထိုစကားက အားလုံး၏ မျှော်မှန်းချက်များထပ်၊ ထပ်မံ၍ ကျော်လွန်နေခဲ့ပြန်သည်။ မဟာတောရိုင်းခန်းမသည် ထိုကဲ့သို့သော အရာမျိုးကို၊ ယခင်က တစ်ကြိမ်တစ်ခါမှ မပြုလုပ်ခဲ့ဖူးချေ။
အဆုံးတွင်၊ အကြီးအကဲဝူယန်မှ သဘောတူလက်ခံလာခဲ့၏။ စာလိပ်တစ်လိပ် ပေါ်လာခဲ့ပြီး၊ စာလုံးများ ရေးထိုးကာ၊ အမှတ်အသားတစ်ခု ရိုက်နှိပ်လိုက်၏။ စစ်မှန်မှုကို အတည်ပြုခဲ့ပြီးသည့်နောက်တွင်၊ လုချန်ရှန်းသည် စာချုပ်ကို သိမ်းဆည်းကာ၊ ပစ္စည်းများကို ထုတ်ယူနေတော့သည်။
သူသည် ဓားမြက်ကိုပင် မဖယ်ထားခဲ့ဘဲ၊ သူရရှိခဲ့သမျှ ပစ္စည်းတိုင်းကို၊ ထုတ်ယူကာ၊ သူ၏ ရိုးသားမှုကို ချပြလိုက်သည်။
မဟာတောရိုင်း ခန်းမမှာလည်း လုချန်ရှန်းက ပစ္စည်းများကို၊ ထိုမျှအများအပြား ရရှိထားလိမ့်မည်ဟု၊ မမျှော်လင့်ထားခဲ့ကြပေ။
" အဲ့လိုဆိုမှတော့ ကျုပ်အရင်သွားတော့မယ်၊ ခဏလောက်ကြာမှ ဝိညာဥ်ကျောက်တုံးတွေအတွက်၊ ပြန်လာခဲ့မယ် "
ထို့နောက်၌၊ အားလုံး၏ အကြည့်များအောက်မှာပင်၊ လုချန်ရှန်း ထွက်သွားခဲ့သည်။
မဟာတောရိုင်း ခန်းမ၏ တစ်ခြားလူများကမူ၊ ဇဝေဇဝါ ဖြစ်သွားကြ၏။
“ အကြီးအကဲ၊ သူ့ကို ဘာလို့ အကြွေးစာချုပ် ရေးပေးလိုက်ရတာလဲဗျ။ အဲ့တာက ကျွန်တော်တို့ မဟာတောရိုင်း ခန်းမရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားစေတယ် မဟုတ်ဘူးလားဗျ “ တစ်စုံတစ်ဦးက ဇဝေဇဝါဖြင့်၊ မေးမြန်းလာခဲ့၏။
အကြီးအကဲ ဝူယန်က ပြန်ပြောလိုက်သည် “ စာချုပ်က ငါတို့ရဲ့ ဂုဏ်သိက္ခာကို၊ ဘယ်လိုလုပ် ထိခိုက်စေမှာလဲ။ တကယ်လို့ ငါတို့က ကတိကို ချိုးဖျက်လိုက်မယ်ဆိုရင်၊ အဲ့ဒီအချိန်ကျမှ ငါတို့ရဲ့ ဂုဏ်သိက္ခာက အမှန်တကယ် ပျက်စီးသွားလိမ့်မယ်။ ပြီးတော့၊ စာချုပ်ရှိနေတာကြောင့်၊ သူက ငါတို့ဆီကို သေချာပေါက် ရောက်လာရဦးမှာပဲ၊ တကယ်တော့ ငါတို့ကို သူ့ကို ခေါ်နိုင်ဖို့အတွက် အခွင့်အရေး ရှိနေသေးတယ်။ အဲ့လိုပါရမီရှင်မျိုးအတွက်က တန်ပါတယ်ကွာ “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွား၏။
ထိုစဥ်၊ လုချန်ရှန်းကမူ တောင်တန်းဒေသ အပြင်ဘက်သို့၊ ရောက်နေခဲ့ပြီ ဖြစ်၏။
သို့ရာတွင် လောင်လျူသည် မအောင့်ထားနိုင်တော့ဘဲ၊ စကားထပ်ပြောလာခဲ့၏ “ ချင်းယီ၊ မင်းက မဟာတောရိုင်း ခန်းမရဲ့ ကမ်းလှမ်းမှုကို တကယ်ကြီး ငြင်းလိုက်တယ်ပေါ့။ အမွေဆက်ခံသူဖြစ်ရတယ်ဆိုတာက ဘာကိုဆိုလိုလဲဆိုတာကို၊ မင်းသိလား “
“ ငါက နောင်အနာဂတ်မှာ၊ ပင်မမျိုးဆက်ကို အမွေဆက်ခံနိုင်တယ်လို့၊ ဆိုလိုနေတာမလား “ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့၏။
“ အဲ့တာတွေထပ် ပိုတယ်။ မဟာတောရိုင်း ခန်းမရဲ့ အမွေအနှစ်က၊ မဟာတောရိုင်း နန်းတော်ရဲ့ သူတော်စင်တစ်ပိုင်းပဲ။ မင်းရဲ့ ပါရမီနဲ့ လုပ်နိုင်စွမ်းနဲ့ဆိုရင်၊ ဘယ်သူက မင်းကို ယှဥ်နိုင်မှာလဲ။ မင်းက တောင်ပိုင်းဒေသတစ်ခုလုံးက မော်ကြည့်ရတဲ့၊ မဟာတောရိုင်း နန်းတော်ရဲ့ သူတော်စင်ဖြစ်လာလိမ့်မယ် “
လောင်လျူသည် နောင်တများ ပြည့်နှက်နေသော လေသံမျိုးဖြင့်၊ ပြောလာခဲ့ပြီး၊ လုချန်ရှန်းက သူ၏အလားအလာကို ဖြုန်းတီးနေသည့်အတွက်၊ စိတ်ပျက်လက်ပျက်ပင် ဖြစ်နေခဲ့၏။
သို့ရာတွင်၊ လုချန်ရှန်းကမူ စိတ်ရှုပ်ထွေးစွာဖြင့်၊ မေးမြန်းလိုက်၏ “ မဟာတောရိုင်း နန်းတော်ဆိုတာက ဘာကြီးလဲ “
“ တောင်ပိုင်းဒေသရဲ့ တစ်ခုတည်းသော မြင့်မြတ်နယ်မြေလေ “
---
…………………………………………………………………………………………………………………………………
အပိုင်း ( 158 )
မင်းကိုယ်တိုင်ကရော အဲ့တာကို ယုံလို့လား
လုချန်ရှန်းသည် တစ်ခဏခန့် မှင်သက်သွားခဲ့သည်။
သူက စိတ်မလှုပ်ရှားသွားသော်လည်း၊ သိလိုစိတ်ဖြင့် မေးမြန်းလိုက်သေးသည် “ ဒါဆိုရင် မဟာတောရိုင်း ခန်းမနဲ့၊ မဟာတောရိုင်း နန်းတော်ရဲ့ ဆက်ဆံရေးက ဘာလဲ “
“ မဟာတောရိုင်း နန်းတော်က၊ အဆုံးမဲ့ ကြာရှည်တဲ့ အမွေအနှစ်နဲ့၊ နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ်ကို တောင်ပိုင်းဒေသရဲ့ တစ်ခုတည်းသော မြင့်မြတ်နယ်မြေလေ။ ဒါပင်မဲ့ လူလုံးထွက်ပြလေ့မရှိဘူး။ မဟာတောရိုင်းခန်းမက မဟာတောရိုင်း နန်းတော်ရဲ့ လက်အောက်ခံလေ၊ ကိစ္စသေးသေးလေးတွေမှာ၊ မဟာတောရိုင်းခန်းမက အဲ့တာရဲ့ကိုယ်စား လူလုံးထွက်ပြရတယ် “
“ အို့၊ ငါသိပြီ “
လုချန်ရှန်း နားလည်သွားခဲ့သည်၊ ယခင်က ထိုလူများက အလွန်တရာ မောက်မာနေခဲ့ပြီး၊ လူတိုင်းကို အော်ငေါက်ကာ၊ အဆိုပါ အင်အားစုများကို မည်သည့်အတွက်ကြောင့်၊ လျစ်လျူရှုထားခဲ့ရလဲဆိုသည်ကိုပါ၊ နားလည်သွားခဲ့သည်။
သူတို့၏ အနောက်တွင်၊ အစွမ်းထက် ကျောထောက်နောက်ခံတစ်ခုရှိနေသောကြောင့်ပင် ဖြစ်၏။ အကယ်၍ သူ့ထံတွင် ထိုကဲ့သို့သော ကျောထောက်နောက်ခံမျိုး ရှိနေမည်ဆိုပါက၊ သူ၏အမြှီးကို ကောင်ကင်ဘုံအထိ ထောင်ကာ၊ ဝေ့ရမ်းနေမည် ဖြစ်သည်။
“ ဟူး “ လောင်လျူက ညီးတွားပြောဆိုလာခဲ့၏ “ မင်းက ဘယ်လို အခွင့်အရေးကြီးမျိုးကို ငြင်းမိသွားလဲဆိုတာကို မသိပါဘူးကွာ “
“ အဲ့တာက ဘယ်လောက်တောင် ကြီးမြတ်နေလို့လဲ “
“ အဲ့တာက မလုံလောက်သေးဘူးလားဟ။ မင်းက ဘာတွေကို မကျေမနပ် ဖြစ်နေရသေးတာလဲ “
“ ပိုကြီးတဲ့ အင်အားစုတစ်ခုဆိုတာထပ် မပိုပါဘူးကွာ၊ ပိုအစွမ်းထက်တဲ့ အင်အားစုပေါ့၊ ဝိညာဥ်ကျောက်တုံးတွေလည်း ပို …………. “ လုချန်ရှန်းသည် စကားပြောဆိုနေရင်းဖြင့်၊ သူက တစ်စုံတစ်ခုကို အမှန်တကယ် လွဲချော်သွားရသကဲ့သို့ ခံစားသွားရကာ၊ ရုတ်တရက် တောင့်တင်းသွား၏။
“ တွေ့လား “
လောင်လျူမှာလည်း သူ၏ ပြောင်းလဲမှုကို သတိပြုမိသွားခဲ့သည်။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ မေ့လိုက်တော့၊ အခုလက်ရှိ ကိစ္စတွေက တော်တော်လေး ကောင်းနေတယ်လို့ ငါထင်တယ် “
သူနောင်တမရပေ။ ကူချန်ကျွင်းက သိပ်မယုံရသော်လည်း၊ သူ့အပေါ် အမှန်တကယ် ကောင်းမွန်ကာ၊ ကာကွယ်ပေးတတ်ပြီး၊ အနည်းငယ် ဆင်းရဲနေခြင်းမှအပ၊ တစ်ခြားဘာမှ ပြောစရာမရှိပေ။
ဝိညာဥ်ကျောက်တုံးများအတွက်မူ၊ ကိုယ်တိုင်ရှာဖွေခြင်းကသာလျှင် အကောင်းဆုံးဖြစ်ပေသည်။ သူသည် မည်သည့်အရသာ(သို့) အတွေ့အကြုံကိုမှ မပေးစွမ်းနိုင်သည့်၊ အလကား ရရှိသော အရာများကို မကြိုက်ပေ။ အရေးအကြီးဆုံး အရာကမူ လုပ်ငန်းစဥ်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကာ၊ ကိုယ့်ကိုကိုယ် ပြင်ဆင်ရန် လေ့ကျင့်သည်ဟု၊ သတ်မှတ်ထားလိုက်ရုံပင်။
လုချန်ရှန်းသည် တောင်တန်းဒေသ၏ အပြင်ဘက်တွင်၊ တစ်ခဏခန့် မတ်တပ်ရပ်နေခဲ့၏။ အနက်ရောင် ဝတ်စုံတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ သူ့ကို ဖုံးလွှမ်းသွားခဲ့သည်။ အသွင်ပြောင်းခြင်း မန္တာန်က အကန့်အသတ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
“ အဲ့တာက မိုးကြိုးကို ခုခံဖို့၊ မင်းသုံးခဲ့တဲ့ ပစ္စည်းမလား “
“ မင်းက အရာအားလုံးကို ဘယ်လိုလုပ် သိနေရတာလဲ “ လုချန်ရှန်း အံ့ဩသွားခဲ့သည်။
လောင်လျူသည် မည်သည့်အရာကိုမှ၊ မဖုံးကွယ်ထားဘဲ၊ တည့်ပြောလာခဲ့၏ “ ငါက ပိတ်မိနေတယ်ဆိုပင်မဲ့၊ တောင်တန်းဒေသထဲမှာ ရှိနေတဲ့ အရာအားလုံးကို အာရုံခံနိုင်တယ်။ အရင်က မင်းက တကယ် ယုံကြည်ထိုက်တဲ့ လူမျိုးလို့ ငါတကယ်ထင်နေခဲ့တာ …… “
ထို့နောက်တွင်၊ လောင်လျူသည် မည်သို့မျှ စကားဆက်မပြောနိုင်တော့ပေ။ ထိုအကြောင်းကို ပိုတွေးလေလေ၊ သူက ကန်းနေခဲ့သည်ဟု ပိုမိုခံစားရလေလေ ဖြစ်နေခဲ့၏။ ၎င်းက မှော်ပစ္စည်းမဟုတ်ဘဲ၊ အဝတ်စုတ်တစ်ခုမျှသာ ဖြစ်နေခဲ့သည်။
“ ဆိုတော့၊ အဲ့လိုပေါ့ “ လုချန်ရှန်းက ခေါင်းငြိမ့်ပြလိုက်သည်၊ သို့သော် သူသည် ထောက်လှမ်းမှုကို ပိတ်ဆို့နိုင်သည့်၊ နည်းစနစ်တစ်ခုကို၊ အသုံးပြုလိုက်သေးသည်။ ထို့ကြောင့် လောင်လျူက သူ၏အသွင်အပြင်ကို ထောက်လှမ်းနိုင်တော့မည် မဟုတ်ပေ။
သူသည် ထွက်သွားရန် ပြင်လိုက်သည်၊ သို့သော် ထိုအချိန်တွင် တစ်စုံတစ်ခုကို အမှတ်ရသွားပြီး၊ အနက်ရောင်ရေကို ငေးကြည့်ကာ၊ စကားထပ်ပြောနေတော့၏ “ လောင်လျူ၊ မင်းက အနက်ရောင်ရေကို အရင်က ကိုင်တွယ်ခဲ့ဖူးတယ်ဆိုတော့၊ အဲ့တာကို ငါနဲ့အတူတူ ပြန်ယူသွားနိုင်မည့်၊ နည်းလမ်းတစ်ခုခုကို သိလား “
“ ဘာလုပ်ဖို့ ယူသွားမှာလဲ၊ လက်ဖက်ရည်ဖျော်မလို့လား “
“ အဲ့အရောင်ကို ကြိုက်တယ်၊ အဲ့တာက ရှားတယ်လေ။ နည်းနည်းလောက် စုဆောင်းချင်တာပေါ့ “
“ ဟက် “ လောင်လျူ နှာခေါင်းရှုံ့နေတော့၏။ သူသည် ထိုအကောင်၏ အစစ်အမှန် ရည်ရွယ်ချက်များကို မြင်နေခဲ့ပြီးပြီ ဖြစ်သည်၊ ထိုအကောင်သည် တစ်ခြားလူများကို လှည့်စားရန်အတွက်၊ အနက်ရောင်ကို အသုံးပြုချင်နေခြင်း ဖြစ်သည်။
တစ်ခဏခန့် တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင်၊ သူစကားထပ်ပြောလာခဲ့၏ “ အဲ့ကိစ္စကို တွေးတောင်မတွေးလိုက်နဲ့။ အနက်ရောင်ရေက ကျိန်စာကို သယ်ဆောင်ထားတယ်။ သာမန်မှော်ပစ္စည်းတွေကတောင်၊ အဲ့တာကို မတောင့်ခံနိုင်ဘူး၊ နတ်လက်နက်ကတောင် ယိုယွင်းပျက်စီးသွားတော့၊ သံတိုအပိုင်းအစ တစ်ခု ဖြစ်သွားလိမ့်မယ် “
“ အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား “
“ လူငယ်လေး၊ ငါမင်းကို အကြံပေးလိုက်မယ်၊ အနက်ရောင်ရေမှာက လျှို့ဝှက်ချက်တွေ အများကြီးပါနေတယ်။ တကယ်လို့ တကယ်တော့ နာမည်တောင် ထုတ်ပြောလို့မရတဲ့၊ ကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေ ရှိနေနိုင်တယ်။ ဝင်မပါနဲ့၊ ဒါမှမဟုတ် သူတို့ကို ရန်မစမိစေနဲ့ “
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ နှမြောစရာကြီးကွာ “
အနက်ရောင်ရေကို မြင်တွေ့ခဲ့ရသည့် အချိန်ကတည်းက၊ သူ့ထံတွင် ၎င်းနှင့်ပတ်သက်သည့် အကြံအစည်များစွာ ရှိနေခဲ့သည်၊ သို့သော် ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ သူနောက်တွန့်သွားခဲ့သည်။ သူက သူ၏ကိုယ်ပိုင်အသက်ကို တန်ဖိုးထားတတ်သည့်၊ လူတစ်ဦး ဖြစ်သည်။
သူသည် ၎င်းတို့ကို ကြည့်နေရင်းဖြင့်၊ ကူရာကယ်ရာမဲ့စွာ၊ သက်ပြင်းချနေတော့သည်။ သူသည် အဆင့်ထိုးဖောက်ရန်နှင့်၊ ဓားကျမ်းစာကို လေ့လာရန်အတွက်၊ နေရာတစ်ခု ရှာဖွေရုံသာ၊ ပြုလုပ်ရတော့မည် ဖြစ်သည်။ သူ၏ ကျင့်ကြံရေး အမြန်နှုန်းက အလွန်တရာ နှေးကွေးနေလျက်ရှိ၏။
ထိုနှုန်းအတိုင်းသာဆိုပါက၊ သူက အင်မော်တယ် တက်လှမ်းခြင်းနယ်ပယ်သို့၊ မည်သည့်အချိန်မှ၊ ရောက်ရှိသွားမည်နည်း။
၎င်းကို တွေးမိသွားသောအခါတွင်၊ လုချန်ရှန်းသည် မှိုင်တွေတွေ ဖြစ်သွားခဲ့သည်။
လောင်လျူသည် ထိုလူက မည်သည့်အတွက်ကြောင့်၊ သက်ပြင်းနေရလဲဆိုသည်ကို မသိခဲ့ပေ။ သူသည် အသက်နှစ်ဆယ် မပြည့်ခင် အချိန်မှာပင်၊ မွေးရာပါ ဝိညာဥ်အဆင့်၄ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားပြီး၊ ဓားတာအိုမှာလည်း ဓားဆန္ဒ ဖြစ်တည်ခြင်း အထွတ်အထိပ်သို့ ရောက်ရှိနေကာ၊ ဒဏ္ဍာရီလာ အင်မော်တယ်နယ်ပယ်နှင့်ပင်၊ ခြေတစ်လှမ်းမျှသာ လိုတော့၏။
အံ့ဖွယ်ကောင်းသော အရည်အချင်းများနှင့်၊ ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးက၊ ဤကမ္ဘာတွင် ပြိုင်ဘက်ကင်းလှသည်၊ ထိုကောင်သည် အိမ်မက်ထဲမှာပင် နှစ်ကြိမ်တိတိ ပြုံးနေသင့်ပေသည်။ သူသည် ထိုကောင်က မည်သည့်အတွက်ကြောင်၊ မှိုင်တွေတွေ ဖြစ်နေရလဲဆိုသည်ကို၊ နားမလည်နိုင် ဖြစ်နေခဲ့သည်။
ထို့နောက်တွင် လုချန်ရှန်းသည် အဝေးသို့၊ ထွက်ခွာသွားတော့သည်။
သူ့ထံတွင် အဆင့်၅သို့ ထိုးဖောက်နိုင်ရန်အတွက်၊ လုံလောက်သော ဝိညာဥ်ကျောက်တုံးများ ရှိနေခဲ့သည်၊ သူသည် လူသူကင်းမဲ့သော၊ နေရာတစ်ခုကိုသာ ရှာဖွေရမည် ဖြစ်သည်။
သို့ရာတွင် သူက လေထုအတွင်းသို့ ခုန်တက်သွားကာ၊ အဝေးသို့ ထွက်သွားသည့် အချိန်မှာပင်၊ မလှမ်းမကမ်းတွင်၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ စုစုပေါင်း ပုံရိပ်နှစ်ခုက တစ်ခြားသော အရပ်မျက်နှာတစ်ဖက်သို့၊ ဖြတ်သန်းသွားသည်ကို၊ မြင်တွေ့လိုက်ရသည်။
နှစ်ဖက်စလုံးက လမ်းမတူကြပေ။ လုချန်ရှန်းသည် သူတို့ကို လုံးဝလျစ်လျူရှုထားကာ၊ ကိုယ့်လမ်းကိုယ် လျှောက်နေခဲ့၏။
သို့ရာ၌၊ အကွာအဝေးတစ်ခုသို့ ရောက်သွားသည့် အချိန်တွင်၊ အမျိုးသမီးသည် ရုတ်တရက် ရပ်တန့်ကာ၊ ယခုလေးတင် ဖြတ်သွားသည့်၊ လုချန်ရှန်းကို လှည့်ကြည့်လာခဲ့သည်။
အမျိုးသားသည် ဇဝေဇဝါ ဖြစ်သွားကာ၊ မေးမြန်းလာခဲ့သည် “ မမလေးမူယွဲ့၊ ဘာဖြစ်လို့လဲဗျ “
အမျိုးသမီးသည် အဝေးသို့ ငေးကြည့်ကာ၊ တုံ့ပြန်လိုက်၏ “ ခုနက ဖြတ်သွားတဲ့လူကို တော်တော်လေး ရင်းနှီးနေသလိုပဲ။ သူရဲ့ပုံစံနဲ့ ချီနှစ်ခုစလုံးက ကျွန်မတွေ့ခဲ့တဲ့ လူတစ်ယောက်နဲ့၊ တော်တော်လေးကို တူနေတယ် “
“ ဘာကိုဆိုလိုတာလဲဗျ “
“ အရင်က ပြုပြင်ရေးအတွက်၊ တောင်ပိုင်းပြည်နယ်ကို ရောက်လာခဲ့တဲ့ အချိန်တုန်းက၊ လူတစ်ယောက်ကို တွေ့ခဲ့တယ်။ နောက်တော့၊ သူ့ကို ထပ်ရှာဖို့ကြိုးစားခဲ့တယ်၊ ဒါပင်မဲ့ ဘာသဲလွန်စကိုမှ ရှာမတွေ့ခဲ့ဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ အမျိုးသားသည် မျက်မှောင်ကြုတ်သွားကာ၊ ထပ်မံ၍ မေးမြန်းလာခဲ့၏ “ အဲ့လူက တော်တော်လေးကို အရေးကြီးလို့လားဗျ “
“ ကျွန်မ အရမ်းသိချင်နေတဲ့ အရေးကြီးကိစ္စတစ်ခုရှိတယ်၊ ဒါပင်မဲ့ သူသိ၊ မသိဆိုတာကို ကျွန်မမသေချာဘူး “
“ ရိုးရှင်းပါတယ် “
အမျိုးသားသည် ထိုကဲ့သို့ ပြောလာခဲ့ကာ၊ လှည့်ထွက်သွားတော့သည်။
အမျိုးသမီးသည် ၎င်းက မသင့်တော်ဘူးဟု၊ ခံစားနေကာ၊ သူ့ကို တားဆီးရန် ပြင်လိုက်သည်၊ သို့သော် အမျိုးသားက လုချန်ရှန်း၏ လမ်းကြောင်းကို၊ တားဆီးပိတ်ဆို့နေခဲ့ပြီ ဖြစ်၏။
“ ရပ်လိုက် “
အသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး၊ အမျိုးသားတွင် သူ့အရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
လုချန်ရှန်းကမူ၊ ရုတ်တရက်ပေါ်ထွက်လာသည့် လူကို ကြည့်ကာ၊ အေးအေးလူလူ တုံ့ပြန်လိုက်၏ “ မင်းဘာလိုချင်လို့လဲ “
“ မင်းက ဘယ်သူလဲ “
လုချန်ရှန်း : “ … “
သူလုံးဝ မှင်သက်သွား၏။ ငါ့ဟာငါ လမ်းလျှောက်နေတာလေ၊ နှုတ်တောင်မဆက်ဘဲ၊ ငါ့ရှေ့မှာ ပေါ်လာပြီးတော့၊ ငါဘယ်သူလဲလို့ မေးနေတယ်ပေါ့။ ဒီလူ့ဆီမှာ ပြင်းထန်တဲ့ ရောဂါတစ်ခု ရှိကိုရှိနေရမယ်
လုချန်ရှန်း အတွေးနက်သွားခဲ့သည်၊ သို့သော် ထိုလူ့အနောက်တွင် ရှိနေသည့်၊ အမျိုးသမီးကို မြင်လိုက်ရသောအခါတွင်၊ သူအံ့အားသင့်သွားတော့၏။
အမျိုးသမီးက သူ၏အသိအကျွမ်းဟောင်း၊ စုမူယွဲ့ဖြစ်သည်။
သူမသည် အဖြူရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး၊ သူမ၏ ဆံနွယ်များက ခါးအနားတွင် လွင့်မျောနေလျက်ရှိ၏။ သူမ၏မျက်နှာကို ပါးလွှာသော ပုဝါတစ်ခုဖြင့်၊ ဖုံးလွှမ်းထားသော်လည်း၊ သူမ၏မျက်လုံးများက ဆွဲဆောင်မှုရှိနေသေးသည်။
တစ်ချို့သော အကြောင်းအရင်များကြောင့်၊ ယခုလက်ရှိ စုမူယွဲ့က ယခင်ကထပ်ပင်၊ ပိုမိုလှပတင့်တယ်နေလျက်ရှိ၏။
၎င်းကို မြင်လိုက်ရသောအခါတွင်၊ စုမူယွဲ့သည် အလောတကြီး ရှေ့တက်ကာ၊ စကားဝင်ပြောလာခဲ့၏ “ တာအိုရောင်းရင်း၊ ဒေါသမထွက်ပါနဲ့။ ရှင်က ကျွန်မရဲ့ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တူနေပြီးတော့၊ ကျွန်မက အတည်ပြုချင်လို့ပါ။ ကျွန်မတို့က ရိုင်းပျမိသွားတာပါ “
“ အဲ့တာက တကယ်ကိုရိုင်းတယ်။ နောက်တစ်ခါ ထပ်မလုပ်နဲ့၊ ယဥ်ကျေးမှု လုံးဝမရှိဘူး “
လုချန်ရှန်းသည် ထိုစကားကို ပြောကာ၊ လှည့်ထွက်သွားရန် ပြင်လိုက်၏။
သို့ရာတွင် အမျိုးသားက အေးစက်စွာ နှာခေါင်းရှုံ့နေတော့၏ “ မိတ်ဆွေ၊ မင်းက တော်တော်လေး မောက်မာတာပဲ။ အဲ့တာလေးကိုတောင် သည်းမခံနိုင်ဘူးလား “
လုချန်ရှန်းသည် ထပ်မံ၍ အတွေးနက်သွားခဲ့ရပြန်သည်၊ ဘယ်သူက မောက်မာနေတာလဲ၊ ပြောစမ်းပါဦး
သူသည် အရှေ့သို့၊ ငေးကြည့်နေတော့၏။ သူ့အရှေ့တွင် ရှိနေသည့်လူက ချောမောကာ၊ အရပ်ရှည်ပြီး၊ ထူးခြားသော အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်။ အဘက်ဘက်မှ ကြည့်ရှုလိုက်ပါက၊ သာမန်လူသားတစ်ဦးကဲ့သို့သာ ဖြစ်နေခဲ့သော်လည်း၊ သူ၏စိတ်ကမူ အနည်းငယ် ချို့ယွင်းနေပုံရသည်။
“ မင်းပြောတာတွေက ပေါက်ကရတွေလိုပဲ။ ငါက အဲ့တာကို ဘာကိစ္စ သည်းခံသင့်တာလဲ။ အရင်ဘဝတုန်းက မင်းဆီမှာ အကြွေးတင်နေခဲ့လို့လား “
“ အဲ့တာက မင်းရဲ့သဘောထားလား “ အမျိုးသား၏ အသံ အေးစက်သွားခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ငါမင်းကို စကားပြောပေးနေတယ်ဆိုတာက၊ မင်းရဲ့ဘိုးဘေးတွေက ကောင်းမှုကုသိုလ်လုပ်ထားတယ်လို့၊ ဆိုလိုနေတာပဲ။ မင်းက ဘာသဘောထားကို လိုချင်နေလို့လဲ “
“ မင်းက ငါ့ကို ရန်စနေတာလား “
အမျိုးသား၏ အမူအရာ မည်းမှောင်သွားသည်။
လုချန်ရှန်းသည် စိတ်ပျက်လက်ပျက်ဖြင့်၊ ပြန်ပြောလိုက်သည် “ လူတိုင်းကို မင်းလိုမျိုး ဖျားနေမယ်လို့ ထင်နေတာလား။ မင်းဘယ်သူလဲဆိုတာကိုတောင် ငါမသိဘူး။ မင်းကို ရန်စရလောက်တဲ့အထိ ငါက ပျင်းနေတာလား “
“ ငါက ရှောင်ရွှမ်း “
“ ရှောင်ရွှမ်းလား “
“ ဟုတ်တယ် “
“ တစ်ခါမှ မကြားဖူးဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ရှောင်ရွှမ်းမှာ မည်သို့မျှ တည်ငြိမ်မနေနိုင်တော့ပေ။ သူသည် ဤကမ္ဘာပေါ်တွင် သူ့ကို မသိသည့်လူ ရှိနေသည်ဆိုသည်ကို၊ မယုံကြည်ပေ။
အရာအားလုံး လွဲချော်မှားယွင်းနေသည်ကို မြင်လိုက်ရသောအခါတွင်၊ စုမူယွဲ့က လျင်မြန်စွာ ရှေ့ထွက်၍၊ စကားဝင်ပြောလာတော့၏ “ အစ်ကို၊ ကျွန်မတို့ဆီမှာ ရန်လိုစိတ် မရှိပါဘူး “
“ ဒါကို ရန်လိုစိတ် မရှိဘူးလို့ ခေါ်နေတာလား။ ဒါဆိုရင်လည်း မင်းလာခဲ့လိုက်၊ ငါမင်းကို တစ်ခုခုလုပ်မယ်၊ ပြီးကျရင် ငါ့ဆီမှာ ရန်လိုစိတ်မရှိဘူးလို့ပြောမယ်။ မင်းကိုယ်တိုင်ကရော အဲ့တာကို ယုံကြည်မှာလား “
“ အထင်ကြီးစရာပဲ “ လောင်လျူ အံ့ဩသွား၏။ ထိုကောင်စကားပြောသည့် ပုံစံမှာ လုံးဝပြိုင်ဘက်ကင်းနေခဲ့သည်။ ထိုပါးစပ်သည် မည်သူ့ကိုမှ၊ မသက်ညှာခဲ့ပေ။
လုချန်ရှန်းမှာလည်း ဘာပြောရမှန်းမသိလောက်သည်အထိ ဆွံ့အသွား၏။ သူသည် မည်သည့်ဝဋ်ကြွေးများကြောင့်၊ စိတ်မမှန်သော ဤလူနှစ်ဦးနှင့် လာတွေ့နေရလဲဆိုသည်ကို၊ နားမလည်နိုင် ဖြစ်သွားခဲ့သည်။
သို့ရာ၌၊ သူ၏စကားကို ကြားလိုက်ရသောအခါတွင်၊ စုမူယွဲ့၏ အမူအရာ ပြာနှမ်းသွားခဲ့သည်။ ရှောင်ရွှမ်း၏ မျက်လုံးများအတွင်းတွင်လည်း၊ အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့၏။
---
………………………………………………………………………………………………………………………………………..
အပိုင်း ( 159 )
မြင့်မြတ်သားတော်လား
လုချန်ရှန်း၏ စကားလုံးများသည် ထိုလူနှစ်ဦး၏ အမူအရာများကို၊ ပြောင်းလဲသွားစေခဲ့၏။
ရှောင်ရွှမ်းသည် အေးစက်စက် မျက်ဝန်းတစ်စုံဖြင့်၊ ရှေ့တက်၍၊ စကားထပ်ပြောလာခဲ့၏ “ တကယ်လို့ မင်းက ရိုးရိုးသားသား ပြန်ဖြေခဲ့မယ်ဆိုရင်၊ လုံခြုံဘေးကင်နိုင်သေးတယ်၊ ဒါပင်မဲ့ အခုကတော့ မင်းက ကိုယ့်သေတွင်းကို ကိုယ့်ဟာကို တူးနေမိပြီ “
လုချန်ရှန်းသည် ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သည် “ တကယ်လို့ မင်းဆီမှာ လူ့ပါးစပ်ပေါက် ရှိနေမယ်ဆိုရင်၊ မင်းပြဿနာတက်ရမှာ မဟုတ်ဘူး၊ ဒါပင်မဲ့ ကိုယ့်ဒုက္ခကိုယ်ရှာနေတာပဲ “
ထိုစကားနှင့်အတူ၊ မှော်စွမ်းအားလှိုင်းတစ်ခု ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့၏။
တောက်ပသော ရောင်ခြည်တစ်ခု တောက်ပလာခဲ့ပြီး၊ ရှောင်ရွှမ်းသည် ကောင်းကင်ထက်သို့ ခုန်တက်လာခဲ့သည်။
“ ငါ့ကို ဒေါသထွက်အောင် လုပ်တာက မင်းကိုယ်တိုင် လုပ်ခဲ့တာဟာပဲ “
အားကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခု ပေါက်ထွက်လာခဲ့သည်။
လုချန်ရှန်း ဆွံ့အသွား၏။ ဒီကောင်က အစကတည်းက တစ်ကမ္ဘာလုံးက သူ့လုပ်စာကို စားနေရသလိုမျိုး၊ မောက်မာနေတယ်၊ ကောင်းကောင်းမသိတဲ့ လူဆိုရင်၊ ဒီကောင်က တော်တော်လေးကို လွတ်နေတယ်လို့ ထင်သွားမှာပဲ
“ မင်းကို ဘယ်သူက သတ္တိပေးလိုက်တာလဲ။ ကောင်းကင်ဘုံရဲ့ ရှင်ဘုရင်ကတောင် မင်းလောက် မမောက်မာဘူး “
လုချန်ရှန်းသည် သူ့ကို အော်ငေါက်လိုက်ကာ၊ ချက်ချင်းလှုပ်ရှားနေတော့၏။
ချက်ချင်းဆိုသလိုပင်၊ မှော်စွမ်းအားနှစ်ခု တိုက်မိသွားပြီး၊ ထိတွေ့မှုမှ ပေါ်ထွက်လာသည့် စွမ်းအင်လှိုင်းလုံးများသည်၊ ရေလှိုင်းလုံးကြီးများသဖွယ် ဘက်ပေါင်းစုံသို့၊ ပျံ့လွင့်သွားကာ၊ တောင်တန်းများကို လှုပ်ရမ်းသွားစေခဲ့၏။
တိုက်ကွက်တစ်ခုတည်းဖြင့်၊ လူနှစ်ဦးသည် ဟင်းလင်းပြင်ကိုပင် အနည်းငယ် လှုပ်ရမ်းသွားစေခဲ့ပြီး၊ လျှံထွက်လာသည့် စွမ်းအားကပင်၊ လူများကို အထိတ်တလန့် ဖြစ်သွားစေရန်၊ လုံလောက်နေခဲ့၏။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “
စုမူယွဲ့ အံ့အားသင့်သွားခဲ့သည်။ သူမသည် ရှောင်ရွှမ်းက မည်ကဲ့သို့သော တည်ရှိမှုမျိုးလဲဆိုသည်ကို သိနေခဲ့သည်။ ရွယ်တူဘယ်နှယောက်က သူ့ကို ယှဥ်နိုင်ပါသနည်း။
သို့သော် လမ်းတွင် သူမတို့ တွေ့ဆုံခဲ့သည့်ကြုံရာကျပန်းလူတစ်ဦးက၊ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုးကို၊ ထုတ်လွှတ်ပြသနေခဲ့၏။
“ ဒီကလေးက မရိုးရှင်းဘူးပဲ “
လောင်လျူက တအံ့တဩဖြင့် စကားထပ်ပြောလာခဲ့၏။
သို့ရာတွင်၊ လုချန်ရှန်းကမူ ထိုကဲ့သို့သော အသေးအမွှားကိစ္စလေးများကို၊ မည်သို့မျှ အာရုံစိုက်မနေခဲ့ပေ။ သူတို့၏ အစောပိုင်း ထိပ်တိုက်ရင်ဆိုင်မှုမှတစ်ဆင့်၊ အဆိုပါ လူငယ်က မွေးရာပါ ဝိညာဥ်အဆင့်၂ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားကြောင်း၊ သူသိလိုက်ရသည်၊ သို့သော် သူသည် ၎င်းကို လုံးဝဂရုမစိုက်ပေ။
ဤအချိန်တွင် သူသည် အရှေ့သို့ ငေးကြည့်နေတော့၏။ ရှောင်ရွှမ်း၏ မျက်လုံးများအတွင်းတွင်၊ အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်နေခဲ့၏။
“ မင်းက ဒီလိုစွမ်းအားမျိုးကို ပိုင်ဆိုင်ထားလိမ့်မယ်လို့၊ ငါမထင်ထားခဲ့မိဘူး။ ငါမင်းကို တကယ်ကြီးကို အထင်သေးခဲ့မိတာပဲ။ အဲ့လိုဆိုမှတော့၊ မင်းကို ဖမ်းပြီးတော့၊ ငါ့ရဲ့ တိုက်ခိုက်ရေး အစေခံဖြစ်အောင် လုပ်မယ် “
ရှောင်ရွှမ်းသည် ရဲရဲတင်းတင်း ပြောဆိုလာခဲ့သည်။
လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ အသက်ရှင်နေရတာက မကောင်းဘူးလား။ ဘာလို့မင်းက ဒီလောက်တောင် ပြဿနာရှာနေရတာလဲ “
ရှောင်ရွှမ်းသည် မထီမဲ့မြင်ပြုနေခဲ့သည်။ သူသည် သူ့အရှေ့တွင် ရှိနေသည့်၊ လုချန်ရှန်းက အသက်မကြီးဘူးဆိုသည်ကို သိနေခဲ့သည်၊ သို့သော် သူ့ကိုယ်သူ ယုံကြည်မှုရှိသောကြောင့်၊ သူ့ကို အလေးအနက် မထားခဲ့ပေ။
“ တကယ်ကို မောက်မာတာပဲ၊ မင်းလောက်ကများ၊ မင်း ……. “
သူ၏ စကားသည် လမ်းတစ်ဝက်မှာပင် ရပ်တန့်သွား၏။ လူနှစ်ဦး အကြည့်ချင်းဆုံသွားပြီး၊ သူ၏သတ်ဖြတ်လိုစိတ်များ မြင့်တက်လာခဲ့ပြီး၊ ၎င်းတို့အားလုံးသည် တိုက်ကွက်တစ်ခုတည်းဖြင့်၊ ပြိုကွဲသွားခဲ့၏။
ရှောင်ရွှမ်းသည် အံ့ဩတုန်လှုပ်နေရန်ပင် အချိန်မရပေ၊ သူသည် သူ့ဆီသို့ ကြီးမားသော စွမ်းအားတစ်ခု ကူးစက်လာပြီး၊ ဆုတ်ဖြဲခြင်း နာကျင်မှုတစ်ခုက၊ အရိုးများ ကျိုးပဲ့သွားသည့် အသံများနှင့်အတူ သူ၏လက်မောင်းကို ရိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။
တစ်ခဏအကြာတွင် သူ၏ခန္ဓာကိုယ်တွင်၊ ပြိုလဲသွားကာ၊ မြေပြင်ပင် လှုပ်ခါသွားခဲ့သည်။
“ ဘာကြီး “
စုမူယွဲ့သည် မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။
ရှောင်ရွှမ်းက တိုက်ကွက်တစ်ကွက်တည်းဖြင့်၊ အပြတ်အသတ် ရှုံးနိမ့်သွား၏။ သူမသည် လုချန်ရှန်း အလွန်တရာ မြန်ဆန်နေလိမ့်မည်ဟု၊ မမျှော်လင့်ထားခဲ့ပေ၊ မည်သူမှ မတုံ့ပြန်နိုင်ခင် အချိန်မှာပင်၊ အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
ထို့နောက်၌၊ ချက်ချင်းဆိုသလိုပင်၊ လုချန်ရှန်းက ခြေတစ်လှမ်းလှမ်းလာခဲ့သည်၊ သူ၏ပုံရိပ်သည် တစ္ဆေတစ်ကောင်အလား၊ မြေပြင်ပေါ်တွင် ပေါ်လာခဲ့၏။ သူသည် ရှောင်ရွှမ်းကို တစ်ချက်မျှ ကြည့်ကာ၊ စကားတစ်ခွန်းမျှ မပြောဘဲ၊ သူ့ကို တိုက်ခိုက်ရန်အတွက်၊ သူ၏လက်ကို မြှောက်လိုက်သည်။
“ နေပါဦး “ စုမူယွဲ့သည် ရှောင်ရွှမ်း၏ အရှေ့သို့ ရောက်လာခဲ့ကာ၊ စကားဝင်ပြောလာခဲ့၏။
သို့ရာတွင် လုချန်ရှန်း၏ အကြည့်များကမူ၊ ယခင်ကအတိုင်း အေးဆေးတည်ငြိမ်နေသေး၏ “ မင်းက ငါ့ကို တားချင်တာလား “
“ ကျွန်မတို့က ရှင့်ကို ရန်စဖို့ မရည်ရွယ်ထားပါဘူး၊ ကျေးဇူးပြုပြီးတော့ ……… “
“ နားလည်ပြီ “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ စုမူယွဲ့သည် စိတ်သက်သာရာရစွာဖြင့်၊ သက်ပြင်းချနေတော့သည်။ သူမက စကားထပ်ပြောရန် ပြင်လိုက်သည့် အချိန်မှာပင်၊ လုချန်ရှန်းက အရင်ဦးဆုံး စကားထပ်ပြောလာခဲ့၏ “ ဒါဆိုရင် မင်းတို့နှစ်ယောက်လုံးကို အပြတ်ရှင်းပေးမယ် “
စုမူယွဲ့၏ အမူအရာ အေးခဲတောင့်တင်းသွားခဲ့သည်။ သူမသည် တစ်ဖက်လူက ထိုမျှလောက် ပြတ်သားနေလိမ့်မည်ဟု၊ မမျှော်လင့်ထားခဲ့ပေ။
ထို့နောက်တွင် ကြောက်မက်ဖွယ်ရာ မှော်စွမ်းအားတစ်ခု ချက်ချင်းဆင်းသက်လာခဲ့ပြီး၊ အားကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခု ဖွဲ့တည်လာခဲ့၏။ လုချန်ရှန်းသည် စိတ်ခံစားချက်ကင်းမဲ့နေသော အမူအရာမျိုးဖြင့်၊ ထိုလူနှစ်ဦးကို တိုက်ခိုက်လိုက်သည်။
ရှောင်ရွှမ်းသည် အော်ဟစ်ဟိန်းဟောက်ကာ၊ တန်ပြန်တိုက်ခိုက်ရန် ရုန်းကန်နေခဲ့သော်လည်း၊ ချက်ချင်းတွန်းထုတ်ခံလိုက်ရသည်။
စုမူယွဲ့မှာလည်း အထိတ်တလန့် ဖြစ်သွားခဲ့၏။ သူမအရှေ့တွင် ရှိနေသည့်လူမှာ၊ အလွန်တရာ အစွမ်းထက်လွန်းနေခဲ့သည်။ သူမ၏ နဖူးပေါ်တွင် ရုန်းများတောက်ပလာခဲ့ပြီး၊ လခြမ်းပုံသဏ္ဍာန် အစိမ်းရောင်လတစ်စင်း ပေါ်လာခဲ့ကာ၊ သူမ၏ အရှေ့တွင် ပိတ်ဆို့တားဆီးနေတော့၏။
လုချန်ရှန်း အံ့ဩသွားခဲ့သည်။ သူက သူမကို နောက်ဆုံးအကြိမ်အဖြစ် မြင်တွေ့ခဲ့ရသည်မှာ၊ လွန်ခဲ့သော နှစ်ဝက်ကဖြစ်ပြီး၊ ထိုအချိန်က သူမသည် ချီသိပ်သည်းခြင်းနယ်ပယ်တွင် ရှိနေခဲ့သည်။ သို့သော် ယခုတွင်ကား အူတိုင်ဖွဲ့စည်းခြင်းအဆင့်၉သို့ပင် ရောက်ရှိနေခဲ့၏။ ထိုကဲ့သို့သော မြင့်တက်မှုမျိုးက အလွန်ပင်အံ့ဖွယ်ကောင်းနေခဲ့ပြီး၊ သူသည် မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို မသိပေ။
ဘမ်းးး
မှော်စွမ်းအားနှင့် အစိမ်းရောင်လမင်းတို့ တိုက်မိသွားသောကြောင့်၊ ကြမ်းတမ်းသော စွမ်းအင်လှိုင်း ပေါက်ထွက်လာခဲ့ပြီး၊ သတ်ဖြတ်လိုစိတ် ပျောက်ကွယ်သွား၏။ စုမူယွဲ့သည် အရှေ့သို့ စူးစူးရဲရဲ စိုက်ကြည့်လာခဲ့၏။
“ အဲ့ဒီအစိမ်းရောင်လကို ဘယ်လိုလုပ်ပြီးတော့၊ တော်တော်ကြီးကို ရင်းနှီးနေရတာလဲဟ “ လောင်လျူသည် စကားပြောလာခဲ့ကာ၊ အတွေးနက်သွားခဲ့သည်။
လုချန်ရှန်းကမူ စုမူယွဲ့ကို စကားလှမ်းပြောနေတော့သည် “ ဒီလကလေးက တော်တော်လေးကို စိတ်ရှုပ်ဖို့ကောင်းတာပဲ။ အဲ့တာရဲ့ ဇစ်မြစ်က ဘာလဲ။ ငါကတောင် အဲ့တာကို ရိုက်ချိုးလို့မရဘူး “
ဟမ်
ထိုစကားကို ကြားလိုက်ရသောအချိန်၌၊ စုမူယွဲ့၏ စိတ်ထဲတွင် ဆိုးရွားသော ခံစားချက်တစ်ခု လှိုက်တက်လာခဲ့ပြီး၊ သူမသည် တအံ့တဩဖြင့်၊ အော်မိသွားခဲ့သည် “ တကယ်ကို ရှင်ဖြစ်နေတာပဲ၊ ညနတ်ဆိုး “
“ အမ် …. “
လောင်လျူသည် တစ်ခဏခန့် ငြိမ်ကျသွားပြီး၊ မအောင့်ထားနိုင်တော့ဘဲ၊ စကားထပ်ပြောလာခဲ့၏ “ ချင်းယီ၊ မင်ရဲ့ နာမည်ပြောင်က တကယ်ကို ထူးခြားတာပဲဟ “
ရှောင်ရွှမ်းသည် တင်းကြပ်စွာ မျက်မှောင်ကြုတ်သွားခဲ့သည်။
မှော်စွမ်းအား ပေါက်ထွက်လာခဲ့ပြီး၊ အောက်ဘက်သို့ ရိုက်ချလိုက်သည့် ဧရာမ လက်တစ်ဖက်ကို ဖွဲ့စည်းလိုက်၏၊ ဓားအလင်းတန်းများ ပေါ်ထွက်လာကာ၊ အရှေ့သို့ ပိုင်းဖြတ်လိုက်သည်။
ယခုလက်ရှိ တိုက်စစ်သည် ခံစစ်ကို ရိုက်ချိုး၍၊ လူနှစ်ဦးကို ခုတ်ပိုင်းရန်၊ ကြံရွယ်ထားသည့် အားကောင်းသော မုန်တိုင်းတစ်ခုအလား ဖြစ်နေခဲ့သည်။
သို့ရာတွင် စုမူယွဲ့၏ အမူအရာ လေးနက်သွား၏။ သူမသည် ထိုလူဖြစ်နေလိမ့်မည်ဟု၊ မမျှော်လင့်ထားခဲ့ပေ၊ ထိုလူသည် နောက်ဆုံးတစ်ကြိမ်ကထပ်ပင် ပိုမိုအားကောင်းနေခဲ့၏။ ရှောင်ရွှမ်း၏ မောက်မာမှုကြောင့်၊ ထိုလူ့ကို ထပ်မံ၍ ရန်စမိသွားပြန်သည်။
ဘမ်းးး ဘမ်းးး
အသံများ အဆက်မပြတ် ဟိန်းထွက်လာ၏။
လုချန်ရှန်း၏ ဧရာမလက်ကြီး တုန်ခါသွားကာ၊ ဓားချီများ ပေါက်ထွက်လာခဲ့ပြီး၊ ဓားဆန္ဒပါ အဖော်ပြုလိုက်ပါလာခဲ့၏။ စုမူယွဲ့၏ အမူအရာမှာ အနည်းငယ် ဖြူဖျော့သွားသော်လည်း၊ သူမ၏ ခံစစ်က မကျိုးပျက်သွားသေးပေ။
“ ဒီဟာကြီးကိ ဘယ်လိုလုပ် ဒီလာက်တောင် ဆိုးရွားနေရတာလဲ “
လုချန်ရှန်းသည် နားမလည်နိုင် ဖြစ်သွား၏။ ယခင်က ၎င်းကို မချိုးဖျက်နိုင်ခဲ့ခြင်းက၊ ကျင့်ကြံရေးကြောင့်ဟု၊ သူထင်နေခဲ့သည်၊ သို့သော် ယခုတွင်လည်း ၎င်းကို မချိုးဖျက်နိုင်သေးပေ၊ ၎င်းက သူ့ကို ခေါင်းကိုက်သွားစေခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင်၊ ရှောင်ရွှမ်းကပါ စကားဝင်ပြောလာခဲ့၏ “ မင်းက ဘာကောင်ကြီးပဲဖြစ်ဖြစ်၊ ငါ့ကို ဒီလိုမျိုးဆက်ဆံရဲတဲ့အတွက်၊ မင်းသေချာပေါက် နောင်တရရမယ် “
“ မိန်းမတစ်ယောက်အနောက်မှာ ပုန်းနေပြီးတော့၊ သူမအပေါ်မှီခိုနေရတာတောင်မှ၊ မောက်မာနေတုန်းပဲလား “
လုချန်ရှန်းသည် အနည်းငယ် အံ့ဩသွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ သူသည် ထပ်မံ၍ တိုက်ခိုက်လိုက်ပြီး၊ အဆိုပါ လမင်းကို ဖိနှိပ်ရန်အတွက်၊ ကန်းယွင်ကားချပ်ကိုပင် အသုံးပြုရန် ကြံရွယ်လိုက်သည်။
သို့ရာ၌၊ ထိုစဥ် ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ဟိန်းထွက်လာခဲ့၏။
“ ရိုင်းစိုင်းတဲ့ကောင်၊ ရပ်လိုက်စမ်း “
“ ထျန်းရီမြင့်မြတ်နယ်မြေရဲ့ သူတော်စင်ကို ဘယ်လိုတောင် မလေးမစားလုပ်ရဲနေတာလဲ “
ထို့နောက်တွင်၊ ပုံရိပ်နှစ်ခုသည် အဝေးမှ ချဥ်းကပ်လာခဲ့၏။ ထိုလူများသည် မွေးရာပါ ဝိညာဥ် အဆင့်ခုနစ်နှင့် အဆင့်ရှစ် ကျင့်ကြံရေးကို၊ ပိုင်ဆိုင်ထားသည့် အဘိုးအိုနှစ်ဦးပင် ဖြစ်၏။
သူတို့သည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့်၊ လုချန်ရှန်းကို စိုက်ကြည့်လာကြသည်။
“ အရှေ့ပိုင်းဒေသရဲ့ မြင့်မြတ်နယ်မြေ၊ ထျန်းရီ မြင့်မြတ်နယ်မြေ “ လောင်လျူသည် လွှတ်ခနဲ၊ အော်မိသွားကာ၊ စိတ်နှလုံးသား လှုပ်ခါသွားသည်။
သို့ရာတွင် လုချန်ရှန်းကမူ ၎င်းကို ကြားပုံမရဘဲ၊ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့၏ “ တော်တော်လေးကို ပြဿနာများတာပဲ၊ ငါက အဘိုးကြီးနှစ်ယောက်ကိုပါ ထပ်သတ်ရဦးမယ် “
“ ဘာဖြစ်တယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လူတိုင်းမှင်သက်သွားကြသည်။ သူတို့သည် လုချန်ရှန်းက ကောင်းကင်ထက်သို့၊ ခုန်တက်သွားသည်ကိုသာ မြင်လိုက်ကြရသည်။ သူ၏လက်ထဲတွင် မည်သည့်ဓားချီမှ ရှိမနေခဲ့ဘဲ၊ ရှင်းပြ၍မရသော ထက်မြိမှုတစ်ခုသာ ရှိနေခဲ့၏။
“ သေချင်နေတာပဲ “
အဘိုးအိုနှစ်ဦးသည် သတ်ဖြတ်ခြင်းစက်တစ်ခုအဖြစ်၊ ပြောင်းလဲသွားသည့် လုချန်ရှန်းကို စောင့်ကြည့်နေခဲ့ပြီး၊ သူတို့၏ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့ကာ၊ သတ်ဖြတ်လိုစိတ်များ ဖြစ်တည်လာခဲ့၏။
သို့သော် ချက်ချင်းဆိုသလိုပင်၊ လုချန်ရှန်းက သူတို့ကို ကျော်ဖြတ်သွားရာ၊ သူတို့၏ သတ်ဖြတ်လိုစိတ်များ ပြိုကွဲသွားကာ၊ နှစ်ဦးစလုံး လွင့်ထွက်သွား၏။
မွေးရာပါ ဝိညာဥ်အဆင့်ခုနစ် ပညာရှင်၏ မျက်ဝန်းများ တုန်ရင်သွားကာ၊ မယုံကြည်နိုင်ဖြစ်သွားခဲ့၏။ သူသည် သူ၏အသက်စွမ်းအားကို ဖြတ်တောက်သွားသည့်၊ အားကောင်းသောဓားဆန္ဒတစ်ခုကို၊ ယခုလေးတင် ခံစားလိုက်ရသည်။
တစ်ခြားလူတစ်ဦးမှ ထပ်မံ၍ တိုက်ခိုက်လိုက်ရာ၊ မှော်ပစ္စည်းတစ်ခု ဖွဲ့တည်လာခဲ့ပြီး၊ အရှေ့သို့ တိုက်ခိုက်နေတော့၏။
လုချန်ရှန်းကမူ မည်သို့မှအလျှော့မပေးဘဲ၊ ရှေ့တက်ကာ၊ မှော်ပစ္စည်းကို သူ၏ခန္ဓာကိုယ်ဖြင့် တိုက်ရိုက်တိုက်ချလိုက်ပြီး၊ အဝေးသို့ လွင့်ထွက်သွားစေခဲ့၏။ ကျယ်လောင်သော အသံများ အဖော်ပြုလိုက်ပါလာခဲ့ပြီး၊ မှော်ပစ္စည်းများသည် ဘက်ပေါင်းစုံသို့၊ လွင့်စင်ပြန့်ကျဲသွားခဲ့သည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “
မွေးရာပါ ဝိညာဥ် အဆင့်ရှစ် ပညာရှင်သာလျှင် မဟုတ်ဘဲ၊ စုမူယွဲ့နှင့် ရှောင်ရွှမ်းတို့ကပါ၊ မယုံကြည်နိုင် ဖြစ်သွားကြသည်။
အကြီးအကဲတစ်ဦး ခုတ်ပိုင်းခံလိုက်ရမှုနှင့်အတူ၊ လုချန်ရှန်းက ရုတ်တရက် လှည့်ကြည့်လာခဲ့၏၊ အဆုံးမဲ့ မှော်စွမ်းအားသည် ဓားဆန္ဒနှင့်အတူ၊ ပေါက်ထွက်လာခဲ့ပြီး၊ ဧရာမ လက်တစ်ဖက်ကို ထပ်မံ၍ ဖန်တီးလာခဲ့၏။ ဤတစ်ကြိမ်၌ ၎င်းနှင့်အတူ မိုးကြိုးများပါ အဖော်ပြုလိုက်ပါလာခဲ့သည်။
သူတို့၏ မျက်လုံးများ အရှေ့မှာပင်၊ ဧရာမလက်ကြီးသည် လမင်းကို ဆွဲယူကာ၊ ၎င်းကို အတင်းအကြပ် လှုပ်ရမ်းလိုက်ပြီး၊ လူနှင့်လ နှစ်ခုစလုံးကို ဆွဲယူကာ၊ တောင်တန်းဆီသို့ ဆွဲခေါ်သွား၏။
လောင်လျူသည် ၎င်းတို့အားလုံးကို မြင်တွေ့နေခဲ့ရကာ၊ ထုံထုံထိုင်းထိုင်း ဖြစ်သွားခဲ့သည်။ သူသည် ဤလူငယ်က အန္တရာယ်များသည်ဆိုသည်ကို သိနေခဲ့သည်၊ သို့သော် ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု၊ မထင်မှတ်ထားခဲ့ပေ။
သို့ရာတွင် လုချန်ရှန်းကမူ အေးအေးဆေးဆေးသာ ဖြစ်နေခဲ့သည်။ သူ၏ကျင့်ကြံရေး လမ်းခရီးက အခက်အခဲတို့ဖြင့် ပြည့်နှက်နေရှိပြီး၊ သူတစ်ဦးတည်း သုံးစွဲခဲ့သည့်၊ ဝိညာဥ်ကျောက်တုံးများမှာ ဂိုဏ်းကြီးတစ်ဂိုဏ်းကို နှစ်အတော်ကြာသည်အထိ၊ အသက်ဆက်ပေးရန်ပင် လုံလောက်နေခဲ့သည်။
အကယ်၍ သူ့ထံတွင် ထိုကဲ့သို့သော စွမ်းအားမျိုး မရှိဘူးဆိုပါက၊ သူသည် ကိုယ့်ကိုကိုယ် သတ်သေလိုက်မည် ဖြစ်သည်။
---
…………………………………………………………………………………………………………………………………….