အခန်း (၁၆၀-၁၆၂)
Vol. 11 Ch. 160-162
အပိုင်း ( 160 )
ငါ့ထပ်ပိုသိတာလား
အစိမ်းရောင် လမင်း မတင်ခံလိုက်ရမှုနှင့်အတူ၊ စုမူယွဲ့၏ ခန္ဓာကိုယ်ကပါ ထိန်းမရသိမ်းမရ ရွေ့လျားနေတော့၏။
လုချန်ရှန်းသည် အကြိမ်ပေါင်းများစွာ ကြိုးစားနေခဲ့သည်၊ ဓားဆန္ဒကိုပင် အသက်သွင်းလိုက်သော်လည်း၊ အဆိုပါ လကို မချိုးဖျက်နိုင်ခဲ့ပေ၊ ထို့ကြောင့် သူသည် အချိန်ထပ်ဖြုန်းမနေတော့ပေ။
သို့ရာတွင် စုမူယွဲ့၏ ကာကွယ်မှု မရှိသောတော့ကြောင့်၊ သူသည် သူ၏လက်ကို မြှောက်ကာ၊ သူ၏မှော်စွမ်းအားများကို ရှောင်ရွှမ်း၏ ခန္ဓာကိုယ်ဆီသို့ ပို့လွှတ်လိုက်သည်။
မှော်စွမ်းအားများ ဆင်းသက်လာမှုနှင့်အတူ၊ ရှောင်ရွှမ်း၏ ခန္ဓာကိုယ် မတင်ခံလိုက်ရပြီး၊ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးနေသည့်၊ စွမ်းအားမှာ ဖြည်းဖြည်းချင်း ပြိုကွဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိသည့် သာမန်ကာလျှံကာ ဖြစ်နေသည့်၊ ပါးလွှာသော ဝတ်ရုံတစ်ခုသည် ငွေရောင်အလင်းတန်းတစ်ခုနှင့်အတူ၊ တောက်ပလာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်ကို ထပ်မံ၍ ကာကွယ်ပေးနေတော့၏။
ရွှမ်
ဓားအူသံတစ်သံ အော်မြည်လာခဲ့ပြီး၊ ဓားချီကျဆင်းလာကာ၊ သူ၏ခန္ဓာကိုယ်ကို တိုက်ခိုက်လာခဲ့၏။
ထိတွေ့တိုက်ခိုက်မှု အသံများ ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့ကာ၊ ကာကွယ်ရေး အလင်းတန်းကို ဆုတ်ဖြဲနေတော့သည်၊ သို့သော် လုချန်ရှန်းသည် မျက်မှောင်ကြုတ်နေစဲဖြစ်ကာ၊ စကားထပ်ပြောလာခဲ့၏ “ တော်တော်လေးကို ပြဿနာများတာပဲ “
ထို့နောက်တွင် သူသည် ဘေးတစ်ဖက်သို့ ရွေ့လျားလာခဲ့ပြီး၊ ရှောင်ရွှမ်း၏ အရှေ့တွင် ပေါ်လာခဲ့ကာ၊ စကားတစ်ခွန်းမှ မပြောဘဲ၊ လက်သီးဆုပ်ကာ၊ ထိုးချလိုက်သည်။
ဘမ်းးး
တိုက်ကွက်တစ်ခုနှင့်အတူ၊ ကျယ်လောင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး၊ ရှောင်ရွှမ်းသည် တိုးညှင်းစွာ ညီးတွားလိုက်ရပြီး၊ ကမ္ဘာမြေ လှုပ်ရမ်းသွား၏။
စွမ်းအားက မည်မျှအားကောင်းလဲဆိုသည်ကို မသိရသော်လည်း၊ ပတ်ပတ်လည်တွင် ရှိနေသည့် တောင်တန်းအားလုံး လှုပ်ခါသွားခဲ့သည်။
လုချန်ရှန်းသည် လက်နှစ်ဖက်လုံး ဆန့်ထုတ်ကာ၊ ပါးလွှာသော ဝတ်ရုံကို ဆွဲချွတ်လိုက်သည်၊ ဓားသွားများသဖွယ် ဖြစ်နေသည့် ငွေရောင်အလင်းတန်းများသည်၊ သူ၏လက်များကို အဆက်မပြတ် ခုတ်ဖြတ်လာခဲ့သည်။
ရှောင်ရွှမ်းသည် စောင့်ကြည့်နေရင်းဖြင့်၊ မယုံကြည်နိုင် ဖြစ်သွားတော့၏၊ မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်ကပင်၊ တိုက်ရိုက်မရင်ဆိုင်ရဲသည့် မှော်ပစ္စည်းတစ်ခုအား၊ ထိုလူက လက်ဗလာဖြင့် ဆွဲချွတ်သွားခဲ့လေ၏။
“ ပစ္စည်းကောင်းလေးတစ်ခုပဲ “
လုချန်ရှန်းသည် ပါးလွှာသော ဝတ်ရုံကို ငေးကြည့်နေတော့၏၊ ၎င်းက ထိပ်တန်း ဘုရင်အဆင့် မှော်ပစ္စည်းတစ်ခု ဖြစ်နေခဲ့သည်။
သူ၏ သတ်ဖြတ်လိုစိတ်ကို ဖယ်ရှားကာ၊ ထပ်မံ၍ ထိုးနှက်နေတော့၏၊ ရှောင်ရွှမ်းသည် သူ၏လက်ထဲတွင် လုံးဝကူရာကယ်ရာမဲ့နေခဲ့သည်၊ သို့သော် သူ၏လက်သီးက ထပ်မံ၍ ကျဆင်းသွားတော့မည့် အချိန်၌၊ ထိုအကောင်၏မျက်ခုံးများအကြားတွင်၊ ထူးဆန်းသော ရုန်းတစ်ခု လင်းလက်လာခဲ့သည်။
ရုန်းပေါ်ထွက်လာမှုနှင့်အတူ၊ အလွန်တရာ အားကောင်းသော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးလာခဲ့၏။
“ မင်းက လိပ်လားဟ။ အခွံတွေ တစ်ခုပြီးတစ်ခု ပေါ်လာတယ်။ တကယ်လို့ သေရမှာ ကြောက်တယ်ဆိုရင်၊ အိမ်ထဲမှာပဲ နေနေလေ “
လုချန်ရှန်းသည် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားတော့၏၊ သူ့ကို အနိုင်ယူရခြင်းက အလွန်တရာ ရိုးရှင်းလျက်ရှိသည်၊ သို့သော် ရှေ့ဆက်သွားခြင်းကမူ၊ ကာကွယ်ရေးအလွှာများနှင့်၊ တစ်ခုပြီးတစ်ခု ဆုံတွေ့ခဲ့ရသည်။
၎င်းကို ကြားလိုက်ရသောအခါတွင်၊ ရှောင်ရွှမ်းသည် ဒေါသတကြီး ဖြစ်သွားကာ၊ အရှက်ခွဲခံလိုက်ရသည်ဟု၊ ခံစားလိုက်ရပြီး၊ မတ်တပ်ရပ်ရန် ရုန်းကန်နေခဲ့သော်လည်း၊ အဖိနှိပ်ခံထားရသောကြောင့်၊ မည်သို့မျှ ထမရပ်နိုင်ခဲ့ပေ။
သို့ရာတွင်၊ သူ့ထံတွင် ရှိနေသည့် ကာကွယ်ရေး နည်းလမ်းများကြောင့်၊ လုချန်ရှန်းသည် သူ့ကို မည်သို့မျှ ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးသည့်နောက်တွင်၊ လုချန်ရှန်းသည် အခွံက အလွန်တရာ မာကြောလွန်းသည်ဟု၊ နားလည်သွားပြီး၊ ၎င်းကို ရိုက်ချိုးရန်အတွက်၊ အချိန်မည်မျှ ယူရမလဲဆိုသည်ကို၊ တွေးတောစဥ်းစားနေတော့၏။
လောင်လျူသည် တဟားဟား အော်ရယ်နေတော့သည် “ သူက ထျန်းရီမြင့်မြတ်နယ်မြေကလေ၊ သူ့ကို ကြည့်ရသလောက်အရဆိုရင်၊ သူက သူတော်စင်တစ်ပိုင်း ဖြစ်နိုင်တယ်၊ အဲ့တာကြောင့် သူ့ဆီမှာ နည်းလမ်းတစ်ချို့ ရှိနေတာက ဘာမှမထူးဆန်းဘူး “
“ သေရမှာကြောက်တာကို ဟန်ဆောင်နေသေးတာလား “
“ အခု မဟာတောရိုင်း ခန်းမကို ငြင်းခဲ့တာကို နောင်တရသွားပြီလား။ မင်းလို ထူးဆန်းတဲ့ကောင်နဲ့၊ တွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ “
လောင်လျူက နောက်ပြောင်လာခဲ့၏။
ရှောင်ရွှမ်းသည် လုချန်ရှန်းက သူ့အား၊ ဘာမှမလုပ်နိုင်ဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင်၊ ခြောက်ခြားဖွယ်ကောင်းသော အမူအရာတစ်ခုကို ဖော်ထုတ်ကာ၊ စကားပြောလာခဲ့သည် “ မင်းငါ့ကို မသတ်နိုင်ဘူး၊ မင်းက တန်ကြေးတစ်ခုကို သေချာပေါက် ပေးဆပ်ရမယ်။ ငါ့ရဲ့ ထျန်းရီ မြင့်မြတ်နယ်မြေကို ဘယ်သူကမှ ရန်မစရဲဘူး “
“ မင်းက တော်တော်လေးကို ဂုဏ်ယူနေတာလား “ လုချန်ရှန်း မျက်မှောင်ကြုတ်သွားတော့၏။
ရှောင်ရွှမ်းမှ လှောင်ပြောင်လာခဲ့သည် “ မင်းငါ့ကို ဘာမှ မလုပ်နိုင်ဘူး၊ အဲ့တာကြောင့် ရှက်လွန်းလို့ ဒေါသထွက်နေပြီလား “
“ ငရဲကို သွားလိုက် “
လုချန်ရှန်းသည် လေကုန်ခံရန်ပင် ပျင်းရိသွားကာ၊ သူ၏ ခန္ဓာကိုယ်ကို ကန်ချလိုက်ပြီး၊ အဝေးသို့ အလျားလိုက် လွင့်ထွက်သွားစေလိုက်၏၊ ဝုန်းခနဲဆိုသည့် အသံတစ်သံနှင့်အတူ၊ ရှောင်ရွှမ်းသည် အနက်ရောင်ရေအတွင်းသို့ ကန်ချခံလိုက်ရ၏။
“ အဲ့တာက …….. “
လောင်လျူ မှင်သက်သွား၏။
သို့ရာတွင် လုချန်ရှန်းသည် ၎င်းနှင့် မရပ်တန့်သွားခဲ့ဘဲ၊ စုမူယွဲ့ကို ကြည့်ကာ၊ စကားထပ်ပြောလိုက်သည် “ မင်းရောပဲ “
ထပ်မံ၍ တိုက်ခိုက်လိုက်ရာ၊ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး၊ အစိမ်းရောင် လမင်းကို အနက်ရောင်ရေအတွင်းသို့၊ တိုက်ရိုက်ပစ်ချလိုက်သည်။
ပွက် …
ရေများသည် သူ့အရှေ့မှာပင် လွင့်စင်လာခဲ့၏၊ လုချန်ရှန်းသည် မြစ်ကမ်းဘေးသို့ ဖြည်းဖြည်းချင်း၊ လမ်းလျှောက်သွားကာ၊ မြစ်အတွင်းတွင် ရှိနေသည့် လူနှစ်ဦးကို ကြည့်ကာ၊ စကားထပ်ပြောလိုက်၏ “ ကျိန်စာက မင်းတို့ရဲ့ လိပ်ခွံတွေကို၊ မကိုင်တွယ်နိုင်ဘူးလို့၊ ငါမယုံဘူး “
“ မင်း …… “
ရှောင်ရွှမ်းသည် အံတကြိတ်ကြိတ် ဖြစ်သွားခဲ့သည်။ အနက်ရောင်ရေအတွင်းသို့ ကျဆင်းသွားသောကြောင့်၊ သူသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့်၊ ကာကွယ်ရေး စွမ်းအားက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး၊ ၎င်း၏ တောက်ပမှုက ဆက်တိုက်မှိန်ဖျော့သွားသည်ကို စောင့်ကြည့်နေခဲ့၏။
စုမူယွဲ့၏ မျက်လုံးများအတွင်းတွင်လည်း၊ အကြောက်တရားများ စွန်းထင်းနေလျက်ရှိ၏။
အစတွင် သူတို့က အတန်ငယ် ရင်းနှီးခဲ့ကြသည်၊ သို့သော် စုမူယွဲ့က သူ့ကို စိတ်ရှုပ်သွားစေခဲ့၏။ သူမက ရှောင်ရွှမ်းလောက် မမောက်မာသော်လည်း၊ သူမသည် သက်ရှိသတ္တဝါအားလုံးကို၊ အထင်သေးနေသေး၏။
ရှောင်ရွှမ်းကမူ အလွန်တရာ မောက်မာနေခဲ့ကာ၊ သူ့ကို ရန်စစော်ကားခဲ့သည်။ သို့သော် မည်သို့မျှ မတောင်းပန်ဘဲ၊ သူ၏ ပါးစပ်ကို ဖွင့်ဟကာ၊ မကောင်းသော ရည်ရွယ်ချက်မရှိဘူးဟုသာ၊ ပြောလာခဲ့၏၊ ထိုစကားကို သရဲကပင်၊ ယုံကြည်လိမ့်မည် မဟုတ်ပေ။
သူတော်စင်က အဲ့လောက်တောင် ကြီးကျယ်နေလို့လား။ သူတို့က မောက်မာကြီးစိုးနိုင်ပြီးတော့၊ ငါက သူတို့စကားကို နားထောင်ပြီးတော့၊ သူတို့ခိုင်းတာကို လုပ်နေရမှာလား။
ငါက သူတို့ရဲ့ ငွေကို မယူခဲ့ဘူးလေ၊ ဘာကိစ္စ အဲ့လိုလုပ်ပေးနေရမှာလဲ။
လုချန်ရှန်းကမူ အေးအေးလူလူ ဖြစ်နေခဲ့သည်။ ရှောင်ရွှမ်းနှင့် စုမူယွဲ့တို့သည်၊ ထိုလူက သူတို့၏ အထောက်အထားများကို လျစ်လျုရှုထားကာ၊ တိုက်ရိုက်တိုက်ခိုက်လာသည်အထိ၊ ရက်စက်နေလိမ့်မည်ဟု၊ မမျှော်လင့်ထားခဲ့ပေ။
သူ့တို့ထံတွင် ကာကွယ်ရေးစွမ်းအား ရှိနေသော်လည်း၊ အနက်ရောင်ရေ ကျိန်စာက၊ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေလျက်ရှိ၏။ သူတို့ကို တိုက်စားရန်အတွက်၊ ၎င်းက အချိန်သိပ်ယူရလိမ့်မည် မဟုတ်ပေ။ တစ်ခဏကြာသည်အထိ၊ သူတို့သည် ထိုနေရာမှ၊ လွတ်မြောက်ရန် ရုန်းကန်နေကြပြီး၊ မြစ်အတွင်းမှ ထွက်ခွာနိုင်ရန်၊ ကြိုးပမ်းနေကြတော့သည်။
သို့ရာတွင်၊ ရေပေါ်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက်၊ သူတို့သည် လက်ကောက်ဝတ်အရွယ်မျှ ထူထဲသည့်၊ တုတ်ချောင်းတစ်ချောင်းနှင့် ဆုံတွေ့လိုက်ရပြီး၊ ၎င်းက သူတို့၏ ဦးခေါင်းများအပေါ်သို့ ကျဆင်းလာခဲ့ကာ၊ သူတို့ကို ရေအတွင်းသို့ တိုက်ရိုက်နှစ်ချလာခဲ့၏။
“ ဘယ်လောက်တောင် ရက်စက်လိုက်တဲ့ လူငယ်လဲ၊ ပန်းကလေးတွေကို ဖျက်စီးနေတယ်။ သူ့ဆီမှာ အစ်ကိုကြီးရဲ့ စရိုက်လက္ခဏာမျိုး ရှိတယ်၊ ဒါပင်မဲ့ အစ်ကိုကြီးလိုမျိုး၊ စိတ်ရှင်းအောင် မလုပ်နိုင်ဘူး အမုန်းတရားနဲ့ ဒေါသေတွေကြောင့်၊ အလွယ်တကူ အမြင်ကန်းသွားတယ် “
“ ဘာကို စိတ်ရှင်းတာလဲ “ ဟု လုချန်ရှန်းမှ မေးမြန်းလိုက်၏။
လောင်လျူမှ တုံ့ပြန်လာခဲ့သည် “ ထူးခြားတဲ့ အဆင့်အတန်းနဲ့ ရာထူးကို၊ ပိုင်ဆိုင်ထားတဲ့ ထျန်းရီ မြင့်မြတ်နယ်မြေရဲ့ သူတော်စင်တစ်ပိုင်းဖြစ်တဲ့ သူက၊ သေချာပေါက် ဈေးကောင်းရမှာပဲလေ၊ အဲ့ဒီမိန်းမ၊ သူမကို ငါမှတ်မိပြီ၊ သူမက လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက ထျန်းကျီစံအိမ်ရဲ့ နတ်ဘုရားမ၊ သူတော်စင် ကလေးငယ်ပဲ။ ထျန်းကျီစံအိမ်က ဘယ်လောက်ချမ်းသာလဲဆိုတာကို ငါမင်းကိုပြောပြဖို့ မလိုအပ်ဘူးမလား “
( ထျန်းကျီစံအိမ်က ကောင်းကင်ဘုံ လျှို့ဝှက်စံအိမ်ပါ )
“ ဒီမိန်းမရဲ့ အသက်က တကယ်ကြီးကို နှစ်ငါးရာ ရှိနေပြီလား “
လုချန်ရှန်းသည် အံ့ဩတကြီးဖြစ်သွားခဲ့သည်။
လောင်လျူက စကားထပ်ပြောလာခဲ့၏ “ သူမက လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းက၊ လခြမ်းပုံစံ အစိမ်းရောင် လတစင်းနဲ့အတူ၊ မွေးလာခဲ့တာ။ သူမက မဟာဧကရာဇ်တစ်ပါး လူဝင်စားတာတဲ့၊ အစိမ်းရောင်လက အပြည့်အဝ ဖြစ်တည်သွားတဲ့ အချိန်ကျရင်၊ သူမက တော်ဝင်ပုလ္လင်ပေါ်ကို ပြန်သွားလိမ့်မယ်လို့၊ တစ်ချို့တွေက ပြောကြတယ်။ တစ်ချို့တွေကတော့၊ အဲ့တာက ကောင်းကင်ဘုံကို ဆန့်ကျင်နေတဲ့ မွေးရာပါ အမွေအနှစ်တစ်ခုလို့ ပြောကြတယ်၊ ဒါပင်မဲ့ တိကျသေချာတဲ့ သက်သေအထောက်အထားမျိုး မရှိဘူး။ ဒါပင်မဲ့ အဲ့အချိန်တုန်းက အစွမ်းထက် ပညာရှင်တစ်ယောက်က၊ အချိန်မှားနေတယ်လို့ တွက်ချက်မိခဲ့ပြီးတော့၊ သူမကို ချိတ်ပိတ်လိုက်တယ်၊ သူမက အခုချိန်မှာ၊ ပေါ်လာလိမ့်မယ်လို့၊ ငါမထင်ထားခဲ့မိဘူး “
“ ငါသိပြီ “
လုချန်ရှန်းသည် ရုတ်တရက် နားလည်သွားသည်၊ သို့သော် ၎င်းတို့က အရေးကြီးသော ကိစ္စများ မဟုတ်ပေ။ သူမက ဘာကြီးပဲဖြစ်နေနေ၊ ငါနဲ့ ဘာဆိုင်လို့လဲ။
အဆုံးတွင် သူသည် မည်သည့်အမွေအနှစ်ကိုမှ၊ ယူဆောင်သွား၍ မရပေ။
သို့ရာတွင်၊ လောင်လျူပြောသည့် စကားမှာ အတော်လေး မှန်ကန်နေခဲ့၏၊ ထျန်းကျီစံအိမ်၏ ကြွယ်ဝချမ်းသာမှုက မယုံကြည်နိုင်စရာ ကောင်းနေခဲ့ပြီး၊ သူတို့သည် ဤကမ္ဘာကြီး၏ လျှို့ဝှက် အများအပြားကို ထိန်းချုပ်ထားကာ၊ သတင်းအချက်အလက်များကို၊ အလွန်အကျွံ သိရှိနေခဲ့၏။
“ နားလည်ပြီ “ ဟု လုချန်ရှန်းမှ တုံ့ပြန်လိုက်၏။
လောင်လျူသည် မှင်သက်သွားကာ၊ စကားထပ်ပြောလာခဲ့သည် “ တကယ်လို့ မင်းနားလည်တယ်ဆိုရင်၊ သူတို့ကို ဘာလို့ အမြန်ဆွဲမထုတ်လိုက်ရတာလဲဟ။ နည်းနည်းလောက် ထပ်ကြာသွားမယ်ဆိုရင်၊ သူတို့က ရေနစ်သေသွားလိမ့်မယ် “
“ မင်းဘာသိလို့လဲ။ ငါက သူတို့ကို သတ်ပစ်ဖို့၊ လုံးဝမတွေးထားခဲ့ဘူး။ သူတို့ဆီမှာ ကာကွယ်ရေး ပစ္စည်းတွေ အများကြီး ရှိနေလို့ပဲ။ တကယ်လို့ ငါက အဲ့တာက မရှင်းလင်းဘူးဆိုရင်၊ သူတို့ကို ဘယ်လိုလုပ် ဖိနှိပ်နိုင်တော့မှာလဲ “
“ အမှန်ပဲ “
လောင်လျူမှ ခေါင်းငြိမ့်ပြလာခဲ့၏၊ ၎င်းက အမှန်တရားဖြစ်သည်၊ သူတို့၏ ခုခံကာကွယ်ရေး အလွှာများကို မဖယ်ရှားနိုင်ဘူးဆိုပါက၊ သူတို့ကို ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ပေ။
လုချန်ရှန်းသည် မှော်စွမ်းအားဖြင့်၊ ဖွဲ့စည်းထားသည့် တုတ်ချောင်းကို ကိုင်ဆောင်ကာ၊ မြစ်ကမ်းနံဘေးတွင်၊ မတ်တပ်ရပ်ကာ၊ အနက်ရောင်ရေ၏ စွမ်းအားကြောင့်၊ တအံ့တဩဖြစ်နေလျက်ရှိ၏၊ တစ်ခဏ အတွင်းမှာပင် ရှောင်ရွှမ်း၏ ခန္ဓာကိုယ်ပေါ်တွင်၊ ရှိနေသည့် စွမ်းအားများက ပြိုကွဲနေခဲ့ပြီ ဖြစ်သည်။
သူကိုယ်တိုင်မှာလည်း ထိုကိစ္စနှင့် ပတ်သက်၍၊ အတော်လေး ကူရာကယ်ရာမဲ့နေလျက်ရှိ၏၊ အကယ်၍ သူ့ထံတွင် ဝိညာဥ်ကျောက်တုံးများ ပြတ်လပ်မနေဘူးဆိုပါက၊ သူတို့က ဈေးကောင်းမရဘူးဆိုပါက၊ သူသည် အလုပ်ရှုပ်ခံမနေဘဲ၊ တိုက်ကွက်တစ်ခုတည်းဖြင့်၊ တိုက်ရိုက်သတ်ဖြတ်လိုက်မည် ဖြစ်သည်။
သို့ပေမည့် သူသည် ကောင်းကင်ဘုံ၏ ကရုဏာနှင့်၊ ဝိညာဥ်ကျောက်တုံးများအတွက်၊ သူတို့၏ အသက်များကို ချမ်းသာပေးလိုက်မည် ဖြစ်သည်။
တစ်ခဏအကြာတွင် သူသည် သူတို့နှစ်ဦးကို၊ အနက်ရောင်ရေအတွင်းမှ ဆွဲထုတ်လိုက်ပြီး၊ ထို့နောက်တွင် အဝတ်စတစ်ခုပေါ်လာခဲ့ကာ၊ သူ၏ မှော်စွမ်းအားဖြင့်၊ သူတို့ကို သန့်စင်ပေးလိုက်ကာ၊ စကားပြောနေတော့၏။
“ ကောင်းပြီလေ၊ မကြောက်ကြနဲ့၊ မင်းတို့ကို ငါမသတ်ဘူး။ မင်းတို့ကို သန့်ရှင်းအောင် လုပ်ပေးမယ်၊ ငါဖိနှိပ်တာကို အေးအေးဆေးဆေး ခံနေလိုက်ကြ။ ခဏလောက်ကြာသွားရင် ငါမင်းတို့ကို အိမ်ပြန်ပို့ပေးမယ် “
လုချန်ရှန်းသည်း အေးအေးဆေးဆေး အာမခံလိုက်သည်၊ ထိုစဥ် ရှောင်ရွှမ်းသည် ကြောက်လန့်တကြားဖြစ်နေခဲ့ကာ၊ သူက မည်ကဲ့သို့သော မွန်းစတားမျိုးလဲဆိုသည်ကို၊ မမှန်းဆနိုင် ဖြစ်သွားခဲ့သည်။
သို့ရာတွင် သူသည် မည်သို့မျှ စကားမပြောနိုင်ခဲ့ပေ၊ အနက်ရောင်ရေများ ကင်းစင်သွားသည့် အချိန်တွင်၊ သူသည် ထပ်မံ၍ ဖိနှိပ်ခံလိုက်ရသည်။
ရှောင်ရွှမ်းသည် စိတ်ဂဏာမငြိမ်ဖြစ်သွားခဲ့သည်။ သူက ဂုဏ်သိက္ခာကြီးမားသော၊ သူတော်စင်တစ်ပိုင်းဖြစ်ပြီး၊ ရွယ်တူဘယ်နှယောက်က သူ့ကို ယှဥ်နိုင်ပါသနည်း။
သို့သော် သူသည် နှစ်ကွက်အတွင်းမှာပင် ရှိုးနိမ့်သွားခဲ့ပြီး၊ သူ၏အဖော်မှာလည်း၊ တိုက်ကွက်အနည်းမျှပင် တောင့်မခံနိုင်ခဲ့ချေ။
သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ၊ အစိမ်းရောင်လသည် ကျိန်စာကို၊ အဆက်မပြတ် ခုခံနေရ၏၊ သို့သော် အဆုံးတွင် စုမူယွဲ့ သတိမေ့သွားကာ၊ အစိမ်းရောင် လမင်းသည် သူမ၏ မျက်ခုံးများအကြားသို့၊ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။ သို့သော် လအလင်းတန်းတစ်ခုက သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်ညိနေကာ၊ ကျိန်စာကို တားဆီးပိတ်ဆို့နေသေး၏။
“ အဲ့ဒီအမွေအနှစ်က ထူးခြားတာပဲ၊ အနက်ရောင်ရေ ကျိန်စာကတောင် အဲ့တာကို မတိုက်စားနိုင်ဘူး “
လုချန်ရှန်းသည် အလွန်တရာ အံ့ဩသွားခဲ့သည်၊ သူမကို ဆွဲထုတ်လိုက်ပြီးသည့်နောက်တွင်၊ သူသည် ပြန်သွားကာ၊ ၎င်းကို စူးစမ်းလေ့လာရန် ဆုံးဖြတ်လိုက်သည်၊ ၎င်းက ကောင်းကင်ဘုံကို၊ အမှန်တကယ် ဆန့်ကျင်သောကြောင့်၊ သူသည် ၎င်းထံမှ၊ အကျိုးအမြတ်တစ်ချို့ ရရှိနိုင်ပေသည်။
၎င်းတို့အားလုံးကို လုပ်ခဲ့ပြီးသည့်နောက်တွင်၊ သူလှည့်ထွက်သွားတော့သည်။
သို့သော် သူထွက်သွားခဲ့ပြီးသည့်နောက်၊ သိပ်မကြာခင် အချိန်မှာပင်၊ နတ်ဘုရား မြှုပ်နှံခြင်း တောင်တန်း အပြင်ဘက်တွင်၊ ဟိန်းဟောက်သံတစ်ခုသာလျှင် ကျန်ရစ်နေခဲ့၏။
---
………………………………………………………………………………………………………………………………………
အပိုင်း ( 161 )
ခင်လို့ သတိပေးလိုက်မယ်
လုချန်ရှန်းသည် ဤနေရာမှ ထွက်ခွာသွားသည်။
သို့ရာ၌၊ နတ်ဘုရား မြှုပ်နှံခြင်း တောင်တန်းတွင်၊ လူအများအပြားသည် ရှောင်ရွှမ်းနှင့် စုမူယွဲ့တို့ကို၊ အပူတပြင်း ရှာဖွေနေလျက်ရှိ၏။
သိပ်မကြာင် အချိန်ကမှ၊ သူတို့သည် လူတော်တော်များများဖြင့်၊ ဤနေရာသို့ ရောက်ရှိလာခဲ့သည်။
သူတို့၏ ကနဦးရည်ရွယ်ချက်မှာ တောင်ပိုင်းပြည်နယ်အတွင်းရှိ၊ အမျိုးမျိုးသော အင်အားစုများထံမှ၊ ပါရမီရှင်များကို ခေါ်ယူစုဆောင်းရန် ဖြစ်ပြီး၊ စုမူယွဲ့ကမူ ချင်းယီအတွက်၊ အထူးတလည် ရောက်လာခဲ့ခြင်း ဖြစ်သည်။
သူမတို့နှင့် အတူပါလာခဲ့သည့် လူနှစ်ဦးက အနက်ရောင်ရေအတွင်းသို့၊ ပစ်ချခံလိုက်ရပြီဖြစ်သောကြောင့်၊ မည်သို့မျှ စုံစမ်းစစ်ဆေးနိုင်တော့မည် မဟုတ်ပေ။
အစတွင် သူတို့သည် ထျန်းကျီစံအိမ်နှင့်၊ ထျန်းရီမြင့်မြတ်နယ်မြေတို့၏ အင်အားနှင့်သာဆိုပါက၊ မည်သူကမှ သူတို့ကို ဘာမှမလုပ်ရဲဘူးဟု ထင်နေခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် မည်သည့်အရာကိုမှ များများစားစား အာရုံစိုက်မနေခဲ့ပေ။
သို့သော် လူများကို အမှန်တကယ် ပြန်ပေးဆွဲတတ်သည့်၊ အကြောက်အလန့် ကင်းမဲ့သော လူငယ်တစ်ဦး ရှိနေလိမ့်မည်ဟု၊ မည်သူက ထင်ထားလိမ့်မည်နည်း။ သတ္တိအကောင်းဆုံး ရာဇဝတ်သားများကပင်၊ ထိုမျှလောက် ရဲတင်းနေလိမ့်မည် မဟုတ်ပေ။
ဤနေရာတွင် ဖရိုဖရဲဖြစ်နေသည့် အချိန်တွင်၊ လုချန်ရှန်းကမူ စိတ်အေးလက်အေး ဖြစ်နေလျက်ရှိ၏။
လမ်းပေါ်တွင်၊ သူသည် သူ၏အကျိုးအမြတ်များကို ဂရုတစိုက် ရေတွက်နေခဲ့ပြီး၊ ဤတစ်ကြိမ်ရလဒ်မှာ အမှန်ပင် ကောင်းမွန်နေခဲ့၏။ သူသည် မဟာတောရိုင်း ခန်းမနှင့် လောင်လျူထံမှ၊ ၁၂သန်းရရှိထားပြီ ဖြစ်သည်။ ၎င်းသာလျှင် မဟုတ်ဘဲ၊ သူသည် ဓားမြက်ကိုပါ အလကား ရရှိထားပြီး၊ သိပ်မကြာခင် အချိန်မှာပင်၊ ဓားကျမ်းစာကို ရရှိလာလိမ့်မည် ဖြစ်သည်။
ထွက်လာသည့် အချိန်တွင် စိတ်ညစ်ခဲ့ရသော်လည်း၊ အဆုံးသတ် ရလဒ်က ကောင်းမွန်နေသေး၏။ သူတော်စင်နှင့် နတ်ဘုရားမကို ပြန်ပေးဆွဲခြင်းက၊ ဈေးကောင်းတစ်ခုကို သေချာပေါက် ရရှိစေလိမ့်မည် ဖြစ်သည်။
ပို၍ အရေးကြီးသော အရာမှာ မိုးကြိုးတာအို မျိုးစေ့ကို၊ မွေးဖွားပေးနိုင်ခဲ့ကာ၊ မိုးကြိုးတာအိုကို ထိတွေ့နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
အကယ်၍ သူကသာ ကျမ်းစာကို ရရှိခဲ့မည်ဆိုပါက၊ သူသည် ဓားတာအို၏ ဒဏ္ဍာရီလာ အင်မော်တယ် နယ်ပယ်ကို၊ အမှန်တကယ် ထိတွေ့နိုင်လိမ့်မည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင်၊ လုချန်ရှန်းနှင့် လောင်လျူတို့သည် အဝေးသို့ ခရီးထွက်လာခဲ့ပြီး၊ ပို့ဆောင်ရေး အစီအရင် အများအပြားကို ကျော်ဖြတ်ကာ၊ လူသူကင်းမဲ့သော တောင်တန်းဒေသဆီသို့၊ ရောက်ရှိလာခဲ့၏။
သူသည် သူ၏ စိတ်အခြေအနေကို ချိန်ညှိကာ၊ စုမူယွဲ့ကို ဆွဲထုတ်လိုက်ပြီး၊ သူမ၏ခန္ဓာကိုယ်ပေါ်တွင်၊ စည်းတံဆိပ် နှစ်ဆယ့်တစ်ခု ရေးဆွဲလိုက်၏။ မှားယွင်းမှု မရှိဘူးဆိုသည်ကို အတည်ပြုခဲ့ပြီးသည့်နောက်တွင်၊ သူသည် နှစ်ရက်တာ ကျင့်ကြံရေးကို၊ စတင်၍ လုပ်ဆောင်နေတော့သည်။
သူ၏ ရရှိမှုက မသိသာခဲ့ပေ၊ သို့သော် သူသည် စိတ်ဝင်စားဖွယ်ကောင်းသော၊ အရာတစ်ချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါ အစိမ်းရောင်လက အမှန်ပင် ထူးခြားနေကာ၊ အမျိုးအမည် မသိရသော စွမ်းအားတစ်ခုက သူမကို ကာကွယ်ပေးနေသောကြောင့်၊ ၎င်းကို မည်သို့မျှ မစုံစမ်းမစစ်ဆေးနိုင်ခဲ့ပေ။
အကယ်၍ သူကသာ သူမကို သတ်ချင်သည်ဆိုပါက၊ သူသည် စာအုပ်တစ်ချို့ကို ဖတ်ရှုကာ၊ နည်းလမ်းတစ်ခု ရှာဖွေရမည် ဖြစ်သည်။
ရှောင်ရွှမ်းကမူ ပိုမိုရိုးရှင်းနေလျက်ရှိ၏။ သူသည် ကျိန်စာတိုက်စားမှုကို ခံနေရပြီး၊ သူ၏ခုခံကာကွယ်မှုအားလုံး ပြိုကွဲသွားခဲ့၏။ အကယ်၍ သူ့ကို ဝိညာဥ်ကျောက်တုံးများအတွက် မလဲလှယ်နိုင်ဘူးဆိုပါက၊ သူက ထိုအကောင့်ကို ရိုက်သတ်ကာ၊ အနက်ရောင်ရေအတွင်းသို့ ပစ်ချလိုက်သည်မှာ၊ အချိန်အတော်ကြာ နေခဲ့ပြီ ဖြစ်သည်။
စူးစမ်းလေ့လာမှု ပြီးဆုံးသွားခဲ့သည့်နောက်တွင်၊ လုချန်ရှန်းသည် စုမူယွဲ့ကို သိမ်းဆည်းလိုက်သည်။ လောင်လျူ၏ အာရုံငါးပါးမှာလည်း၊ သူ၏ချိတ်ပိတ်ခြင်းကို ခံထားရ၏။
အရာအားလုံး ပြီးဆုံးခဲ့ပြီးသည့်နောက်မှာသာ၊ သူတို့သည် ကျင့်ကြံရေးကို၊ စတင်၍ ပြုလုပ်နေတော့၏။ သူ၏ဘေးဘက်တွင် ဝိညာဥ်ကျောက်တုံးပုံများ ပေါ်ထွက်လာခဲ့သည်၊ ၎င်းက ဆယ်သန်းဆိုသည့် ပမာဏကို ကျော်လွန်နေခဲ့ကာ၊ သူ၏ ပိုင်ဆိုင်မှုအားလုံးလိုလိုပင် ဖြစ်နေခဲ့၏။
သို့ရာတွင်၊ လုချန်ရှန်းက လက်ဟန်များ ပြုလုပ်လိုက်သောကြောင့်၊ ဘက်ပေါင်းစုံမှ ဝိညာဥ်ချီများသည်၊ သူ၏ခန္ဓာကိုယ်အတွင်းသို့၊ တိုးဝင်လာခဲ့ပြီး၊ သူ့ဘေးနားတွင် ရှိနေသည့် ဝိညာဥ်ကျောက်တုံး ပုံတို့မှာလည်း၊ လျင်မြန်စွာ ပျောက်ကွယ်သွားကာ၊ ပြာအဖြစ် ပြောင်းလဲသွားပြီး၊ လေထုနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားကြ၏။
သူ၏မှော်စွမ်းအား တဖြည်းဖြည်း များပြားလာခဲ့ပြီး၊ သူ၏အရှိန်အဝါမှာလည်း၊ ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့၏။
သူသည် အချိန်ကြာလွန်းနေသဖြင့်၊ သူ၏နောက်ဆုံးသော အဆင့်ထိုးဖောက်မှုက၊ မည်သည့်အချိန်က ဖြစ်ပွားခဲ့လဲဆိုသည်ကိုပင် မေ့သွားခဲ့ပြီ ဖြစ်သည်။ ယနေ့ခေတ်၌၊ ခွန်အားမရှိခြင်းက လူတစ်ဦးကို မလုံမခြုံဖြစ်နေသည်ဟု၊ ခံစားသွားရစေမည် ဖြစ်သည်။
ဤတစ်ကြိမ်ကဲ့သို့ပင်၊ နတ်ဘုရား မြှုပ်နှံခြင်း တောင်တန်းသို့ ဝင်သွားခြင်းက၊ အန္တရာယ်များနှင့် အကြပ်အတည်းများတို့ဖြင့်၊ ပြည့်နှက်နေလျက်ရှိ၏။ လူတိုင်း အလိမ်ခံခဲ့ရပြီး၊ သူကိုယ်တိုင်ကပင် အပြင်မထွက်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။
“ ဟူး “
၎င်းကို တွေးမိသွားသောအခါတွင်၊ လုချန်ရှန်းသည် မအောင့်ထားနိုင်တော့ဘဲ၊ သက်မကြီး ချနေတော့၏။
သို့သော် နှစ်နာရီအတွင်းမှာပင်၊ ဝိညာဥ်ကျောက်တုံး ဆယ်သန်း ကုန်ဆုံးသွားကာ၊ သူ၏ကျင့်ကြံရေးမှာလည်း အဆင့်၅ကို၊ ထိတွေ့နိုင်ခဲ့ပြီ ဖြစ်သည်။
ချက်ချင်းဆိုသလိုပင်၊ အနက်ရောင် တိမ်တိုက်များ ဖြစ်တည်လာကာ၊ မိုးကြိုးများ ဟိန်းဟောက်လာခဲ့ပြီး၊ အပေါ်သို့ မော့ကြည့်လိုက်ရာ၊ စိတ်တုန်လှုပ်သွားစေသည့် ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။
ဤတစ်ကြိမ် မိုးကြိုးတိမ်တိုက်များမှာ ယခင်ကနှင့်၊ လုံးဝကွဲပြားနေခဲ့သည်။
ကိုးရောင်ခြယ် ရောင်ခြည်သည် အနက်နှင့်အဖြူအဖြစ်၊ ပြောင်းလဲသွားပြီး၊ ချက်ချင်းဆိုသလိုပင်၊ မှင်ကဲ့သို့ မည်းနက်ကာ၊ ရေစည်အလား ထူထဲသည့် အနက်ရောင်မိုးကြိုးများသည်၊ ဟိန်းဟောက်သံများနှင့်အတူ၊ ဆင်းသက်လာခဲ့သည်။
၎င်းက သူ့အပေါ်သို့ ကျရောက်လာသည့် အချိန်မှာပင်၊ ပြန့်ကျဲနေသည့် မိုးကြိုးလျှပ်စီးများသည် တောင်တစ်ခုလုံးကို ချေမွသွားခဲ့သည်။
“ ငါ့ကို အသေသတ်လိုက်စမ်း “
လုချန်ရှန်းသည် ငိုမိလုမတတ် ဖြစ်သွားခဲ့သည်။ စူးရှသော နာကျင်မှုတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ သူ့ကို လွင့်ထွက်သွားစေလုမတတ် ဖြစ်သွားခဲ့သည်။
ဤကိစ္စမတိုင်ခင် အချိန်အထိ၊ သူသည် ကောင်းကင်ဘုံ ကပ်ဘေးကို၊ မည်သို့မျှ မကြောက်လန့်ခဲ့ပေ။ သူ၏ ရုပ်ခန္ဓာနှင့် ဓားဆန္ဒတို့ကို ပေါင်းစမ်လိုက်မည်ဆိုပါက၊ သူက ၎င်းကို ယှဥ်ပြိုင်နိုင်မည် ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်မှာ ကွဲပြားနေခဲ့သည်။ သူသည် သူ၏စိတ်ကို အနည်းငယ် ဖြေလျော့ကာ၊ မိုးကြိုးတစ်ချို့ကို သူ၏ခန္ဓာကိုယ်အတွင်းသို့၊ ဝင်ရောက်သွားစေကာ၊ မျိုးစေ့ကို ထိတွေ့ခွင့်ပြုလိုက်သည်။
သူသည် မည်ကဲ့သို့ အပင်ပေါက်အောင် လုပ်ရမလဲဆိုသည်ကို မသိပေ၊ သို့သော် ယခင်က သူသည် မျိုးစေ့ မွေးဖွားလာခဲ့ကာ၊ မိုးကြိုးပစ်ခံခဲ့ရသည့် အချိန်တွင်၊ သူက မိုးကြိုးတာအို၏ အစအနကို ထိတွေ့နိုင်ရန်၊ အခွင့်အလမ်းတစ်ခုရှိကြောင်း၊ ရှာဖွေတွေ့ရှိခဲ့သည်။
ထိုအချိန်က မိုးကြိုးက လုံလုံလောက်လောက် အားကောင်းမနေခဲ့သောကြောင့်သာလျှင်၊ ဖြစ်၏။ ယခုတွင်ကား ကောင်းကင်ဘုံကပ်ဘေးကို အသုံးပြုကာ၊ ၎င်းကို အာရုံခံနေခဲ့သောကြောင့်၊ အာနိသင်က သူထင်ထားသည်ထပ်ပင် ပိုကောင်းနေခဲ့ပြီး၊ ၎င်းက အလွန်အမင်း ပင်ပန်းနွမ်းနယ်စေခဲ့ကာ၊ သူ၏ခန္ဓာကိုယ်ကပင် ပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့၏။
သူက အနည်းငယ်မျှ ပြန်လည်သက်သာကောင်းမွန်လာသည့် အချိန်မှာပင်၊ အဖြူရောင် မိုးကြိုးတစ်စင်း ပစ်ခွင်းလာခဲ့ပြန်သည်။
“ တကယ်လို့ ကျားဂူထဲကို မဝင်ဘူးဆိုရင်၊ ကျားပေါက်လေးတွေကို ဘယ်လိုလုပ် ဖမ်းနိုင်မှာလဲ။ ဒီနေ့တော့၊ ငါ့ကို မိုးကြိုးတာအိုကို ခံစားခွင့်ပေးလိုက်၊ ဒါမှမဟုတ် ငါ့ကို အသေသတ်လိုက် “
ဝှစ်
မျက်စိတစ်ဆုံးမြင်နိုင်သမျှတွင်၊ များပြားလွန်းလှသော မိုးကြိုးများ ကျဆင်းလာခဲ့ပြီး၊ ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
လုချန်ရှန်းသည် မြေပြင်ပေါ်တွင် လှဲလျောင်းနေပြီး၊ သူ၏ခန္ဓာကိုယ်မှ၊ မီးခိုးငွေ့များ တလူလူ ပေါ်ထွက်နေလျက်ရှိ၏။
သို့သော် ကောင်းကင်ဘုံ ကပ်ဘေးက မရပ်တန့်သွားဘဲ၊ အနက်နှင့်အဖြူရောင် မိုးကြိုးများ အဆက်မပြတ် ကျဆင်းနေကာ၊ ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့၊ သူ၏ခန္ဓာကိုယ်ကို တိုက်ခိုက်နေကြ၏။
ကျယ်ဝန်းသော တောင်တန်းဒေသကြီးတစ်ခုလုံးသည်၊ မည်သူမျှ မမှတ်မိနိုင်လောက်သည်အထိ၊ ပြိုကျပျက်စီသွားခဲ့ပြီ ဖြစ်သည်။
လုချန်ရှန်းသည် ထိုနေရာတွင် လှဲလျောင်းနေပြီး၊ လှုပ်ရှားရန်ပင် ပျင်းရိလွန်းနေခဲ့ကာ၊ မိုးကြိုးများကို သူ၏ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျဆင်းခွင့်ပြု၍၊ မျိုးစေ့ကို နှိုးဆွနေလျက်ရှိ၏။
အချိန်အတိုင်းအတာတစ်ခုအထိ ကြာခဲ့ပြီးသည့်နောက်နောက်၌၊ သူသည် သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့်၊ မျိုးစေ့ထံမှ သေးသွယ်သော အပင်ငယ်တစ်ခု ပေါ်ထွက်လာသည်ဟု၊ ခံစားလိုက်ရပြီး၊ သူက ဓားတာအိုကို ကျင့်ကြံရန်၊ ပထမဦးအကြိမ်အဖြစ် ကြိုးစားခဲ့သည့် အချိန်ကကဲ့သို့ပင်၊ သူ၏နှလုံးသားအတွင်းတွင်၊ မျိုးစေ့တစ်ခု မွေးဖွားလာကာ၊ သူ၏ခန္ဓာကိုယ် အတွင်းတွင် အပင်ပေါက်လာခဲ့ပြီး၊ ဓားဆန္ဒကို မွေးဖွားပေးခဲ့၏။
အချိန်မည်မျှ ကုန်ဆုံးသွားလဲဆိုသည်ကို မသိရသေးခင် အချိန်မှာပင်၊ ကောင်းကင်ဘုံ ကပ်ဘေး၏ အရှိန်အဟုန်သည် တဖြည်းဖြည်း အားပျော့သွားခဲ့ပြီး၊ လုချန်ရှန်းမှာလည်း အပေါ်သို့ ဖြည်းဖြည်းချင်း မော့ကြည့်နေတော့သည်။
“ သောက်ကျိုးနည်း ကောင်းကင်ဘုံ အဘိုးကြီး၊ ခင်ဗျားက တော်တော်ရက်စက်တာပဲ “
သူက လူပုံပင် မပေါက်တော့သော်လည်း၊ သူ၏ကျိန်ဆဲမှုကမူ အားမာန်တို့ဖြင့် ပြည့်ဝနေသေး၏။
သို့ရာတွင်၊ မိုးကြိုးများ ပျောက်ကွယ်သွားသည့် အချိန်မှာပင်၊ လုချန်ရှန်းသည် အပေါ်သို့ မော့ကြည့်နေရင်းဖြင့်၊ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။
မိုးကြိုးတိမ်တိုက်များက ဖြည်းဖြည်းချင်း လွင့်ပါးပျောက်ကွယ်သွားပြီး၊ ၎င်းတို့၏ အစွန်းတွင်၊ စိတ်ခံစားချက်ကင်းမဲ့နေသော အမူအရာများဖြင့်၊ သူ့ကို ငုံ့ကြည့်နေသည့် ပုံရိပ်များ၊ ရှိနေသည်ကို၊ သူမြင်တွေ့သွား၏။
“ ဘာတုန်းဟ။ ငါသွေးလေခြောက်ခြားနေတာလား “
လုချန်ရှန်းသည် အနည်းငယ် မယုံကြည်နိုင် ဖြစ်သွားကာ၊ ပို၍ ရှင်းရှင်းလင်းလင်း မြင်တွေ့ချင်နေခဲ့၏၊ သို့သော် ကမ္ဘာကြီးတစ်ခုလုံးသည် ပုံမှန်အတိုင်း၊ ကြည်လင်တိတ်ဆိတ်သွားတော့သည်။
ရေချိုးခဲ့ပြီးသည့်နောက်တွင်၊ သူသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အပြောင်းအလဲများကို ခံစားလိုက်ရသည်။
သူ၏ ကျင့်ကြံရေးက မွေးရာပါ ဝိညာဥ် အဆင့်၅သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ရုပ်ခန္ဓာကိုယ်ကလည်း၊ ယခင်ကထပ် ပိုမိုသန်မာအားကောင်းလာခဲ့ကာ၊ သူသည် မောက်မာမှု ခံစားချက်ကို၊ ရှားရှားပါးပါး ခံစားလိုက်ရပြီး၊ သူက အသွင်ပြောင်းခြင်း ပညာရှင်တို့နှင့် ယှဥ်ပြိုင်နိုင်သည်ဟုပင်၊ ထင်နေတော့၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အသွင်ပြောင်းသွားသည့်အလား၊ ဖြစ်နေခဲ့၏။
ပို၍အရေးကြီးသော အရာမှာ မိုးကြိုးတာအို မျိုးစေ့က အပင်ပေါက်လာခြင်းပင် ဖြစ်သည်။ နှစ်ကြိမ်မျှ မိုးကြိုး အပစ်ခံခဲ့ရပြီးသည့်နောက်တွင်၊ သူသည် ၎င်းကို အာရုံခံလာနိုင်လိမ့်မည် ဖြစ်သည်။
ဓားတာအိုမှတစ်ပါး၊ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
၎င်းကို တွေးမိသွားသောအခါတွင်၊ သူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ကာ၊ လောင်လျူကို လွှတ်ပေးလိုက်သည်။ ဓားကျမ်းစာအကြောင်း ဆွေးနွေးရန် အချိန်ကျလာခဲ့ပြီ ဖြစ်၏။
“ ဒီနေရာမှာ ဘာတွေ ဖြစ်ခဲ့တာလဲဟ “ အပြင်သို့ ထွက်လာခဲ့သည်နှင့်တစ်ပြိုင်နက်၊ လောင်လျူသည် သူ့အရှေ့တွင် ရှိနေသည့် မြင်ကွင်းကြောင့်၊ အံ့ဩတုန်လှုပ်သွားခဲ့သည်။
ကျယ်ပြန့်သော တောင်တန်းဒေသည် ယခုတွင်၊ တစ်တန်းတည်းဖြစ်သွားခဲ့ပြီ ဖြစ်ကာ၊ မျက်စိတစ်ဆုံးမြင်နိုင်သမျှ အကွာအဝေးအတွင်းတွင်၊ မီးလောင်မြေတစ်ခုသာ ရှိနေခဲ့၏။
“ ဘာမှမဟုတ်ပါဘူး၊ ကပ်ဘေးကို ကျော်ဖြတ်ခဲ့ရုံလေးပါပဲ “
“ မင်းက ကပ်ဘေးကို ကျော်ဖြတ်ခဲ့တာ …….. “
လောင်လျူသည် တစ်ခဏခန့် ဆွံ့အသွားကာ၊ ဘာပြောရမှန်းမသိ ဖြစ်သွား၏။ သူကဲ့သို့သော ပါရမီရှင်တစ်ဦးသည် အဆင့်သေး ကောင်းကင်ဘုံ ကပ်ဘေးကို ရင်ဆိုင်ခဲ့ဖူးသည်၊ သို့သော် သူသည် ထိုအကောင်၏ အဆင့်သေး ကောင်းကင်ဘုံကပ်ဘေးက၊ တစ်ခြားသော မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်တို့၏ ကပ်ဘေးများထပ်၊ ပိုမိုကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားနေခဲ့ရ၏။
တောင်တန်းဒေသပင် တစ်တန်းတည်း( ရေပြင်ညီ ) ဖြစ်သွားခဲ့၏။
“ ဟူး “
လောင်လျူသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
“ အဲ့တာတွေ အကုန်လုံးက အသေးအမွှားကိစ္စလေးတွေပါပဲ၊ အရေးမကြီဘူး “
“ ဒါဆိုရင် ဘာက အရေးကြီးတာလဲ “
လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ အခု ငါတို့က ဓားကျမ်းစာအကြောင်းကို၊ စကားပြောသင့်နေပြီ “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လောင်လျူသည် ကိုယ့်ကိုကိုယ် လက်လျှော့လိုက်တော့သည်၊ လုချန်ရှန်းက သူ၏ကတိကို၊ ဖြည့်ဆည်းပေးခဲ့ပြီးပြီ ဖြစ်သည်။
သို့သော် ဓားကျမ်းစာကို ရှင်းပြရန်၊ ပြင်လိုက်သည့် အချိန်မှာပင်၊ လုချန်ရှန်းက စကားထပ်ပြောလာခဲ့၏ “ လောင်လျူ၊ ခင်လို့ သတိပေးလိုက်မယ်နော်၊ ငါက တော်တော်လေးကို ရိုးရှင်းတဲ့ လူတစ်ယောက်ပဲ၊ အဲ့တာကြောင့် ငါ့ကို မလိမ်တာက ပိုကောင်းလိမ့်မယ်။ တကယ်လို့ ဓားကျမ်းစာနဲ့ ပတ်သက်ပြီးတော့၊ ပြဿနာတစ်ခုခု ရှာတွေ့ခဲ့မယ်ဆိုရင်၊ ငါမင်းကို အသေရိုက်သတ်မှာနော် “
---
…………………………………………………………………………………………………………………………………
အပိုင်း ( 162 )
စိတ်ဝိညာဥ် အရှင်သခင်က ဘာဖြစ်နေတာလဲ။ ထပ်ပြီးတော့ အရိုက်ခံလိုက်ရတာလား
လူနှစ်ဦး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လောင်လျူသည် တစ်ခဏ ကြာရှည်သည်အထိ၊ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့၏။ ဤသည်မှာ လူတစ်ဦးက တစ်ခြားလူတစ်ဦးအား၊ ထိုမျှငြင်သာစွာ ခြိမ်းခြောက်လာသည်ကို ပထမဦးဆုံးအကြိမ်အဖြစ်၊ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
သို့ရာတွင် လုချန်ရှန်းကမူ တပြုံးပြုံး ဖြစ်နေခဲ့၏၊ လောင်လျူသည် သူတို့၏ သဘောတူညီချက်ကို ဖြည့်ဆည်းကာ၊ သူ့အား ဓားကျမ်းစာကို သင်ပြပေးလာခဲ့သည်။
သူသည် လုချန်ရှန်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို၊ အကြမ်းဖျင်း နားလည်နေခဲ့သည်၊ အကယ်၍ သူကသာ လိမ်လိုက်မည်ဆိုပါက၊ သူသည် အသေရိုက်သတ်ခံရရုံတင်မဟုတ်ဘဲ၊ ရောင်းစားပင် ခံလိုက်ရမည် ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်သွားမည်ဆိုပါက၊ သူသည် နတ်ဆိုး ချောက်ကမ်းပါးအတွင်းသို့၊ ထပ်မံ၍ ကျဆင်းသွားရမည် ဖြစ်ပြီး၊ အဆုံးမဲ့ အကျဥ်းချမှုနှင့် ညှဥ်းပန်းနှိပ်စက်မှုများ အကြားတွင်၊ ပိတ်မိသွားလိမ့်မည် ဖြစ်သည်၊ ထိုလူများထံသို့ ကျမ်းစာများကို ပေးလိုက်ရခြင်းထပ်၊ သူ့အရှေ့တွင် ရှိနေသည့်၊ ဤလူ့ထံသို့ ပေးလိုက်ခြင်းကသာလျှင် ပိုကောင်းနေမည် ဖြစ်သည်။
“ ရှင်းရှင်းလင်းလင်း ပြောထားမယ်၊ ငါရခဲ့တဲ့ ကျမ်းစာက မပြည့်စုံဘူးနော်၊ ငါသိသလောက်ပဲ မင်းကို ပြောပြပေးနိုင်တယ် ”
“ ကောင်းပြီလေ၊ စလုပ်တော့ “ ဟု လုချန်ရှန်းမှ တုံ့ပြန်လိုက်၏။
လောင်လျူသည် သူ၏စိတ်ကို ဖြေလျော့လိုက်သည်။ မည်သည့်အသံမှ မပေါ်ထွက်လာခဲ့ပေ။ သို့သော် လုချန်ရှန်း၏ စိတ်ထဲတွင်၊ ခမ်းနားသော ကျမ်းစာရွတ်ဆိုသံတစ်ခု ပဲ့တင်ထပ်နေလျက်ရှိ၏။
ကျမ်းစာကို ခံစားလိုက်ရသောအခါတွင်၊ လုချန်ရှန်း၏ စိတ်နှလုံးသား လှုပ်ရမ်းသွားခဲ့သည်။ သူ၏စိတ်ထဲတွင် စကားလုံးတို့ဖြင့်၊ ဖော်ပြ၍ မရသော ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။ ဘယ်လောက်တောက် နက်နဲသေသပ်လိုက်သလဲ။
အစတွင်၊ ၎င်းက ဓားတာအို နည်းနစ်တစ်ခုသာ ဖြစ်နေခဲ့သည်၊ သို့သော် ၎င်းသည် ကမ္ဘာသစ်တစ်ခုကို မွေးဖွားပေးနေသည့်အလား၊ အဆုံးအစမဲ့ကာ၊ အံ့ချီးဖွယ်ကောင်းနေခဲ့၏။
“ မြက်ပင်တိုင်း၊ သစ်ပင်တိုင်း၊ သဲမှုန်တစ်မှုန်ချင်းစီတိုင်း၊ ကျောက်တုံးတစ်တုံးချင်းစီတိုင်းက ဓားတစ်လက်ဖြစ်နိုင်တယ်၊ အဲ့တာက ဘယ်လို နတ်ဆိုး နည်းစနစ်မျိုးလဲဟ “
လုချန်ရှန်းသည် တအံ့တဩဖြင့်၊ အော်မိသွား၏။ ကျမ်းစာ၏ ရှင်းပြမှုသည် နောက်ကမ္ဘာတစ်ခုအတွင်းသို့၊ ဝင်လိုက်ရသည့်အလား ဖြစ်နေခဲ့သည်။ ၎င်းက ဓားတာအို နည်းစနစ်က မည်မျှအစွမ်းထက်လဲဆိုသည်ကို မှတ်တမ်းမတင်ထားခဲ့ပေ၊ ထို့အစား ရှေ့ဆက်သွားရမည့် လမ်းကိုသာ၊ ညွှန်ပြထား၏။
သူက ၎င်းကို အမှန်တကယ် မကြုံတွေ့ခဲ့ဖူးသော်လည်း၊ ၎င်း၏ ထူးခြားသော သဘာဝကို၊ ခံစားမိနေခဲ့သည်။
အကယ်၍ သူကသာ ထိုကဲ့သို့သော ကျမ်းစာမျိုးကို၊ စောစောစီးစီးရရှိခဲ့မည်ဆိုပါက၊ သူက အမှားအယွင်းပေါင်းများစွာကို ကြုံတွေ့ခဲ့မည်လော။ ဓားဆန္ဒ ဖြစ်တည်ခြင်းနယ်ပယ်သို့ ရောက်ရှိရန်အတွက်၊ ဆယ်နှစ်မျှ အချိန်ယူရပါမည်လော။
အဆုံးတွင် သူသည် ဆင်းရဲမွဲတေမှုကြောင့်၊ နှောင့်နှေးနေခဲ့ရ၏။
" အဲ့တာတွေ အကုန်လုံးက ဆရာ့ရဲ့ အမှားတွေချည်းပဲ။ တကယ်လို့ သူကသာ ငါ့ကို အဲ့လိုကျမ်းစာမျိုးနဲ့၊ ချန်ထားခဲ့မယ်ဆိုရင်၊ ငါကောင်းကင်ဘုံကို ဆန့်ကျင်နေတာက၊ တော်တော်လေးကို ကြာနေလောက်ပြီ "
လောင်လျူ : " ... "
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ လောင်လျူသည် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့၏။ အခုလိုဖြစ်နေတာက လုံလောက်နေပြီ မဟုတ်ဘူးလားဟ။ ကောင်းကင်ဘုံကို ထပ်ပြီးတော့ ဆန့်ကျင်နေသေးတာလား။
သို့ရာတွင်၊ သူသည် စတင်၍ တွေးတောစဥ်းစားနေတော့သည်၊ တကယ်လို့ ဒီကောင်ပတောင် ဒီလောက်ကြောက်ဖို့ကောင်းနေတယ်ဆိုရင်၊ သူ့ဆရာကရော ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေလိုက်မလဲ။
" အရင်ပြန်ကြတာပေါ့ကွာ "
လုချန်ရှန်းက စကားထပ်ပြောလာခဲ့ပြီး၊ ထို့နောက်တွင် ရှည်လျားသော အိမ်ပြန်ခရီးစဥ်ကို၊ စတင်၍ ပြုလုပ်နေတော့သည်။
သူသည် မည်မျှကြာကြာ ပျံသန်းလာခဲ့လဲဆိုသည်ကို မသိပေ၊ သို့သော် မိုင်တစ်သောင်းကျော်လာခဲ့ပြီဆိုသည်ကိုတော့၊ ကောင်းစွာသိရှိနေခဲ့၏။
အဆုံးတွင် လောင်လျူက မည်သို့မျှ မအောင့်ထားနိုင်တော့ဘဲ၊ မေးမြန်းလာခဲ့၏ " မင်းဘာလုပ်နေတာလဲ။ ပျံသန်းရေး လေ့ကျင့်ခန်းလား "
" ဘာပျံသန်းရေး လေ့ကျင့်ခန်းလဲ။ အိမ်ပြန်နေတာလေဟ "
" ဒါဆိုရင် ဘယ်လောက်လိုသေးလဲ "
" မိုင်ခုနစ်သိန်းကနေ ရှစ်သိန်းလောက်ပေါ့ "
" မိုင်ခုနစ်သိန်းကနေ ရှစ်သိန်းအထိ ပျံရမှာလား " လောင်လျူ အံ့သြတုန်လှုပ်သွား၏။ အဲ့တာက ဘယ်လိုစစ်ဆင်ရေးမျိုးလဲဟ။ ဘယ်လောက်ကြာကြာ ပျံသန်းနေရမှာလဲဟ။
သို့ရာတွင် လုချန်ရှန်းကမူ အလွန်တရာ လေးနက်စွာ ခေါင်းငြိမ့်ပြလာခဲ့သည်။
လောင်လျူက စကားထပ်ပြောလာခဲ့သည် " ဝေးလွန်းတယ်လေ။ ပို့ဆောင်ရေး အစီအရင်ကို ငှားလိုက်လို့ မရဘူးလားဟ "
" ပို့ဆောင်ရေး အစီအရင်က ဝိညာဥ်ကျောက်တုံးတွေ လိုတယ်လေ။ ငါ့ဆီမှာ တစ်ပြားမှ မရှိတော့ဘူး "
လုချန်ရှန်းမှာလည်း ကူရာကယ်ရာမဲ့နေလျက်ရှိ၏၊ သူလိမ်ညာနေခြင်းမဟုတ်ပေ၊ အဆင့်ထိုးဖောက်ခဲ့ပြီးသည့်နောက်၌၊ သူ့ထံတွင် ဝိညာဥ်ကျောက်တုံး တစ်ရာဝန်းကျင်မျှသာ၊ ကျန်နေခဲ့သည်၊ ၎င်းက အစီအရင်တစ်ခုကို အသုံးပြုရန်ပင်၊ မလုံလောက်ချေ။
လောင်လျူ ဆွံ့အသွား၏။
ဆက်လက်၍ ပျံသန်းနေရင်းဖြင့်၊ လောင်လျူမှ ထပ်မံ၍ မေးမြန်းလာခဲ့၏ " မင်းက မိုင်ခုနစ်သိန်းကနေ ရှစ်သိန်းအထိ၊ တကယ်ကြီး ပျံသွားမှာလား "
သူသည် မယုံကြည်နိုင်ဖြစ်သေးသည်။
" မင်းက ငါ့ကို ဘာလို့ ဝိညာဥ်ကျောက်တုံး နည်းနည်းလောက် မပေးရတာလဲ "
"ငါက အဲ့မှာ နှစ်ငါးရာတိတိ ပိတ်မိနေခဲ့တာလေ၊ ငါ့ရဲ့ ဝိညာဥ်ကျောက်တုံးတွေက သုံးလို့ကုန်သွားတာ ကြာရောပေါ့ "
လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ " လွယ်ပါတယ်၊ မင်းဆီမှာ ပစ္စည်းကောင်းလေးတွေ ရှိတယ်မလား။ ငါက မြို့တစ်မြို့ရှာပြီးတော့၊ နည်းနည်းလောက် ရောင်းလိုက်မယ်။ အဲ့တာဆိုရင် ခရီးစရိတ်အတွက်၊ လုံလောက်သွားမှာပေါ့ "
" ဒါဆိုရင်လည်း ကောင်းပြီလေ "
လောင်လျူက သဘောတူခေါင်းငြိမ့်လာခဲ့၏။ ခရီးစရိတ်က များပြားမနေခဲ့ပေ၊ သူကိုယ်တိုင်ကလည်း ကျင့်ကြံရေးအတွက်၊ ဝိညာဥ်ကျောက်တုံးများ လိုအပ်နေခဲ့သည်၊ ထို့ကြောင့် သေးငယ်သော အရာလေးများကပင် အထောက်အကူ ဖြစ်စေပေ၏။
သို့ရာ၌၊ မြို့တစ်မြို့ကို ရှာခဲ့ပြီးသည့်နောက်တွင်၊ လုချန်ရှန်းက သူပေးလိုက်သည့် ပစ္စည်းအားလုံးကို၊ ရောင်းချခဲ့ပြီး၊ သူ့အားတစ်ဝက်မျှသာ ပြန်ပေးခဲ့သောကြောင့်၊ သူအံ့အားသင့်သွားခဲ့ရသည်။
“ မင်းဘာလုပ်နေတာလဲ “
“ ခရီးသွားစရိတ်လေ “
“ ဘယ်ခရီးသွား စရိတ်က ဝိညာဥ်ကျောက်တုံး နှစ်သိန်းလောက် သုံးရတာလဲ “ လောင်လျူ အံ့ဩတုန်လှုပ်သွား၏။
လုချန်ရှန်းက တုံ့ပြန်လိုက်သည် “ ဝေးတယ်လေ၊ အဲ့လိုမှမဟုတ်ဘူးဆိုရင်၊ ငါက ပို့ဆောင်ရေး အစီအရင်ကို မတတ်နိုင်ဘူးလို့၊ မင်းက ဘာကိစ္စထင်သွားရတာလဲ “
“ … “
လောင်လျူ ဆွံ့အသွား၏၊ ထို့နောက်တွင်၊ ထိုအကောင် ဆက်လုပ်လာခဲ့သော လုပ်ရပ်က၊ သူ့ကို ပို၍ အံ့အားသင့်သွားစေခဲ့၏။ လုချန်ရှန်းသည် ကြမ်းကြုတ်သော လှံရှည်၊ မှန်နှင့်၊ ပါးလွှာသော ဝတ်ရုံ၊ အစရှိသည့် မှော်ပစ္စည်းသုံးခုကို ထုတ်ယူလိုက်ကာ၊ ဝိညာဥ်ကျောက်တုံး လေးသန်းဖြင့် ရောင်းချလိုက်၏။
“ မင်းက လူမဟုတ်ဘူးပဲ။ ငါ့လို လူအိုကြီးတစ်ယောက်ကိုတောင် လိမ်ခဲ့တယ် “
လုချန်ရှန်းကမူ ဇဝေဇဝါ ဖြစ်သွားသော၊ အမူအရာမျိုးဖြင့် မေးမြန်းလာခဲ့သည် “ ငါက မင်းကို ဘယ်နေရာမှာ လိမ်ခဲ့လို့လဲ “
“ ခရီးသွားစရိတ် မရှိဘူးလို့ ပြောခဲ့ပြီးတော့၊ ငါ့မိသားစု အမွေအနှစ် ပစ္စည်းတွေကို ရောင်းခိုင်းခဲ့တယ်လေ၊ အခုက ဘာကြီးလဲ “
“ အဲ့ပစ္စည်းတွေကို မရောင်းခင် အချိန်တုန်းက၊ ငါ့ဆီမှာ တကယ်ကို ဘာမှ မရှိခဲ့ဘူးလေ “
လောင်လျူ တိတ်ဆိတ်ငြိမ်သက်သွား၏။ ယခုတွင် သူနားလည်သွားခဲ့ပြီ ဖြစ်သည်၊ ဒီကောင်က ပိုက်ဆံမရှိတာ မဟုတ်ဘူး၊ ကိုယ့်ဟာတွေကို မသုံးချင်လို့၊ ငါ့ကို နို့စားနွားလို သဘောထားနေတာပဲ
စရိတ်များ ရရှိခဲ့ပြီဖြစ်သောကြောင့်၊ လုချန်ရှန်းသည် ပို့ဆောင်ရေး အစီအရင်ကို၊ အသုံးပြုနေတော့၏။ လမ်းတွင် လောင်လျူက ကောင်းကောင်းကျင့်ကြံနေသည်ကို သေချာသွားစေရန်အလို့ငှာ၊ သူသည် ထိုလူ့ကို မီးဖိုအတွင်းသို့ ပစ်ထည့်ကာ၊ အာရုံငါးပါးစလုံးကို ပိတ်ဆို့လိုက်သည်။
ဆယ်ရက်မျှကြာခဲ့ပြီးသည့်နောက်တွင်၊ သူသည် နတ်ကောင်းကင်ဂိုဏ်းဆီသို့၊ ပြန်လည်ရောက်ရှိလာခဲ့၏။
ကူချန်ကျွင်းနှင့် တစ်ခြားလူများ ပြန်မရောက်ကြသေးပေ။
သူသည် သူ၏ အင်မော်တယ်ဂူဆီသို့ ပြန်သွားကာ၊ ဓားကျမ်းစာကို စူးစမ်းလေ့လာနေတော့၏။ သူသည် အစမှအဆုံးအထိ တစ်ဆင့်ချင်းစီ လေ့လာနေခဲ့ပြီး၊ သူ၏ဓားတာအိုက သူ၏ကိုယ်ပိုင် အတွေးအမြင်များအပေါ်တွင်၊ အမြဲလိုလို အခြေခံ၍၊ ကိုယ်ပိုင်ပုံစံတစ်ခုပင် ဖွဲ့တည်ခဲ့ပြီးပြီဆိုသည်ကို၊ သိရှိသွား၏။
ကွဲပြားသော်လည်း၊ ရလဒ်က တူညီနေခဲ့ကာ၊ နောက်တစ်ဆင့်ဆီသို့ ဦးတည်နေလျက်ရှိ၏။
သူ့အတွက်မူ၊ ဤဓားကျမ်းစာက အကိုးအကားတစ်ခုသာသာမျှသာ ဖြစ်နေခဲ့သည်၊ သူ၏ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေရန်နှင့်၊ အတည်ပြုရန်အတွက်၊ ဓားကျင့်ကြံသူ နောင်တော်အစ်မတော်များ၏ အတွေ့အကြုံများကို အသုံးပြုနေခဲ့၏။
သူက ဓားဆန္ဒဖြစ်တည်ခြင်း အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်မှာ၊ တစ်နှစ်ပင်ပြည့်နေခဲ့ပြီ ဖြစ်သည်၊ သို့သော် မည်သည့်တိုးတက်မှုမှ မရှိသေးပေ။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ၊ ကျမ်းစာက သူ့အား လမ်းကြောင်းတစ်ခုကို ညွှန်ပြပေးထားခဲ့သည်၊ သို့သော်၊ သူ၏ယခုလက်ရှိ နားလည်မှုက မလုံလောက်ခြင်းပင် ဖြစ်သည်။ တစ်နည်းဆိုရသော်၊ သူက ငယ်ရွယ်သေးသောကြောင့်၊ အင်မော်နယ်ပယ်သို့ မြန်မြန်ဆန်ဆန် ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။
“ ဟိုကောင်က ငါနဲ့ လာရှုပ်နေတာလား “
လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားပြီး၊ လောင်လျူက သူ့ကို ဆော့ကစား(လိမ်လည်)နေသည်ဟုပင်၊ သံသယဝင်ဖြစ်သွားခဲ့၏။
သူက လက်ဗလာမဖြစ်ခဲ့ရသော်လည်း၊ ထပ်မံ၍ စိတ်ရှုပ်ထွေးသွားခဲ့သည်။ ငါက နားလည်မှုလွဲနေတာား၊ ဒါမှမဟုတ် အဲ့တာကို အပြည့်အဝ နားမလည်သေးတာလား။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ နှစ်ရက်တာ ကုန်ဆုံးသွားခဲ့သည်။ သူသည် သူ၏အင်မော်တယ်ဂူအတွင်းမှ၊ လမ်းလျှောက်ထွက်လာခဲ့ပြီး၊ ယဲ့တျန်ရီက ထိုနေရာတွင် မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရ၏။
“ ဂျူနီယာညီလေး၊ နောက်ဆုံးတော့ တံခါးပိတ်ကျင့်ကြံတာကနေ၊ မင်းထွက်လာခဲ့ပြီပေါ့ “ ယဲ့တျန်ရီသည် စိတ်သက်သာရာရစွာဖြင့်၊ သက်ပြင်းချနေတော့သည်။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ဉာဏ်အလင်းရခဲ့တယ်လေ၊ အဲ့တာကြောင့်၊ နှစ်ရက်လောက်ထပ်ပြီးတော့ တံခါးပိတ်ကျင့်ကြံနေတာ “
“ အင်း ” ယဲ့တျန်ရီသည် ခေါင်းငြိမ့်ပြကာ၊ တုံ့ပြန်လာခဲ့၏ “ ဆရာက သတင်းပို့လာခဲ့တယ်၊ သူတို့က ဒီနေ့ပြန်ရောက်လာလိမ့်မယ်တဲ့ “
“ ကောင်းတယ် “
မကြာခင် အချိန်မှာပင်၊ တိတ်ဆိတ်ငြိမ်သက်နေသည့် ဂိုဏ်းတစ်ခုသည်၊ အရှင်သခင်လေးပါး ပြန်ရောက်လာမှုနှင့်အတူ၊ စည်းကားသိုက်မြိုက်လာတော့၏။
အားလုံး၏ မျက်နှာများပေါ်တွင် အပြုံးများရှိနေခဲ့ပြီး၊ လူတိုင်းက အခွင့်အလမ်း တော်တော်များများ ရခဲ့ပုံရသည်။ အမူအရာ မည်းမှောင်နေသည့်၊ ကျောက်ကုန်းမင်တစ်ပါး၊ လူတိုင်းက ရယ်ရယ်မောမောဖြင့်၊ စကားပြောဆိုနေလျက်ရှိ၏။
လုချန်ရှန်းသည် ၎င်းကို မြင်တွေ့သွားကာ၊ မအောင့်ထားနိုင်တော့ဘဲ၊ မေးမြန်းလိုက်သည် “ စိတ်ဝိညာဥ်အရှင်သခင်က ဘာဖြစ်လို့ မှုန်ကုပ်ကုပ်ဖြစ်နေရတာလဲ။ သူက ထပ်ပြီးတော့ အရိုက်အနှက်ခံလိုက်ရတာလား “
ဟမ်
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ကျောက်ကုန်းမင်၏ အကြည့်သည် လျှပ်စီးကဲ့သို့၊ လုချန်ရှန်းကို ရုတ်တရက် လှည့်ကြည့်လာခဲ့သည်။ သူသည် အံတကြိတ်ကြိတ်ဖြစ်သွားတော့သည်။
ကူချန်ကျွင်းသည် ၎င်းကို အေးအေးလူလူ စောင့်ကြည့်နေခဲ့သည်။ သူသည် ကျောက်ကုန်းမင်က မလှုပ်ရှားရဲဘူးဆိုသည်ကို သိနေခဲ့သည်၊ အကယ်၍ သူကသာ လှုပ်ရှားလာခဲ့မည်ဆိုပါက၊ သူသေဆုံးသွားရလိမ့်မည် ဖြစ်သည်။
ကျိုးချင်ယုကမူ လုချန်ရှန်း၏ အနားသို့ တိုးလာခဲ့ကာ၊ စကားပြောလာခဲ့သည် “ ဂျူနီယာညီလေး၊ စကားပြောတာကို လျှော့ “
“ ကျွန်တော်က စိတ်ပူလို့ပါ “ သို့ရာတွင် လုချန်ရှန်းမှ အေးအေးလူလူ ပြန်ပြောလိုက်သည်။
ကျိုးချင်ယုက စကားထပ်ပြောလာခဲ့သည် “ နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းဒေသမှာ တစ်ခုခုဖြစ်ခဲ့တယ်။ ကျောက်ခိုင် ပျောက်သွားခဲ့တယ်၊ တစ်ခြားအင်အားစုတွေရဲ့ ပင်မတပည့်တွေပါ ပျောက်သွားတာ။ သူတို့က အဲ့နေရာကို ဝင်သွားကြတယ်၊ ပြီးတော့ ………….. “
ကျိုးချင်ယုသည် အရာအားလုံးကို ရှင်းပြလာခဲ့၏။
လုချန်ရှန်းသည် တစ်ခဏခန့် မှင်သက်သွားသည်။ သူသည် လောင်လျူက ထိုလူများကို ဖမ်းဆီးခဲ့သည့် ကိစ္စကို၊ မေ့လျော့သွားခဲ့သည်။
ယခု၌၊ ကျောက်ကုန်းမင်တစ်ဦးတည်းသာလျှင်မဟုတ်ဘဲ၊ တစ်ခြားသော အင်အားစုများကပါ လူလိုက်ရှာနေလျက်ရှိ၏။
ထို့နောက်တွင် ကူချန်ကျွင်းမှ စကားပြောလာခဲ့သည် “ သွားကြစို့ “
“ ကောင်းပါပြီ “
လုချန်ရှန်းသည် အနောက်မှ လိုက်သွားခဲ့သည်။
ထို့နောက်တွင် သူ၏ဆရာဖြစ်သူက သူ့ကို သတိပေးလာခဲ့သည် “ ဒီကာလအတွင်းမှာ အပြင်မထွက်နဲ့ဦး၊ အပြင်မှာ တော်တော်လေးကို ဖရိုဖရဲ ဖြစ်နေတယ် “
“ ဘာဖြစ်လို့လဲ “
“ ထျန်းရီ မြင့်မြတ်နယ်မြေနဲ့ ထျန်းကျီစံအိမ်ရဲ့ သူတော်စင်နဲ့ သူတော်စင်မတွေ ပျောက်နေတယ်။ သူတို့က အသည်းအသန် ရှာနေကြပြီးတော့၊ ဆုကြေးပါ ထုတ်ထားကြတယ် “
“ ဆုကြေးငွေလား “
“ အင်း၊ သူတို့က ….. “
“ ဆုကြေးက ဘယ်လောက်လဲ “
ထိုအချိန်တွင် လုချန်ရှန်းက ကြားဖြတ်ပြောလိုက်သည်။ မည်သည့်အရာကမှ အရေးမကြီးပေ၊ သူသည် ဆုကြေးကိစ္စကိုသာ စိတ်ဝင်စားနေခဲ့၏။
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ကူချန်ကျွင်းသည် တစ်ခဏခန့် ကြောင်အသွားပြီး၊ လုချန်ရှန်းကို ကြည့်နေသည့် သူ၏အကြည့်မှာလည်း၊ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့သည်။
---
………………………………………………………………………………………………………………………………