အခန်း (၇၆၆-၇၆၈)
Vol. 52 Ch. 766-768
အခန်း (၇၆၆) - တောင်တံခါးကို အတင်းဖောက်ဝင်ခြင်း
~ချင်းယန်မြို့ငယ်လေး၏ မြို့ဝင်ပေါက်တွင် မြို့သူမြို့သားများနှင့် ကျင့်ကြံသူများစွာ စုရုံးရောက်ရှိနေကြလေသည်။
ထိုမြို့ဝင်ပေါက်တစ်ဝိုက်တွင် သွေးများက မြစ်တစ်စင်းပမာ စီးဆင်းနေပြီး ရုပ်အလောင်းရာပေါင်းများစွာက ကြက်သီးမွေးညင်းထစရာ
ကောင်းလောက်အောင် ပြန့်ကျဲနေတော့၏။
မြို့ငယ်လေးရှိ အဆောက်အအုံများအားလုံး မြေပြင်နှင့် တစ်သားတည်း ဖြစ်အောင် ဖျက်ဆီးခံထားရကာ ကျူးလွန်သူ၏ လုပ်ရပ်က အလွန်တရာ ရက်စက်ကြမ်းကြုတ်လွန်းလှလေသည်။
"ချင်းယန်မြို့လေးက ဆင်းရဲနွမ်းပါးပြီး အင်အားအားနည်းတဲ့ မြို့လေးပါ။ ဘယ်သူ့ကိုမှ စော်ကားမိနိုင်စရာ အကြောင်းမရှိဘူးလေဗျာ။ ဘယ်သူကများ ဒီလောက် ရက်စက်ယုတ်မာတဲ့ လုပ်ရပ်ကို လုပ်ရက်တာလဲ"
"ဒါတွေအကုန်လုံးက လူ့အသက်တွေချည်းပဲဗျ။ ရက်စက်လွန်းလှတယ်။ တိရစ္ဆာန်တွေထက်တောင် ဆိုးယုတ်သေးတယ်ကွ"
"ဒါ ရွှမ်ယင်းဂိုဏ်းရဲ့ လက်ချက်ပဲ ဖြစ်ရမယ်ဗျ"
"ဟုတ်တယ်ကွ။ ရွှမ်ယင်းဂိုဏ်းက လွဲပြီး တခြားမရှိနိုင်ဘူး"
ဒေါသထွက်နေကြသော ကျင့်ကြံသူများက ခန့်မှန်းပြောဆိုနေကြပြီး ထိုကိစ္စအတွက် ရွှမ်ယင်းဂိုဏ်းတွင်သာ တာဝန်ရှိကြောင်း အခိုင်အမာ ယုံကြည်နေကြလေသည်။
နှစ်ပေါင်းများစွာကြာအောင် ချင်းယန်မြို့လေးက ငြိမ်းချမ်းအေးချမ်းစွာဖြင့် သာယာလှပစွာ ရပ်တည်လာခဲ့ပါ၏။
သို့သော်ငြား မြူခိုးတောင်တန်းတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်အပြီးမှစ၍ ချင်းယန်မြို့လေးဆီသို့ ကပ်ဘေးဆိုက်ရောက်လာခဲ့ကာ သက်သေအထောက်အထား မရှိပါသော်လည်း လူတိုင်းက ရွှမ်ယင်းဂိုဏ်းကိုသာ ချက်ချင်း လက်ညှိုးထိုး အပြစ်တင်နေကြတော့သည်။
ထိုစဉ်တွင် ချင်းယန်မြို့၏ အထက်ကောင်းကင်ယံဆီသို့ ဖုန်းဝူချန်းနှင့် သူ၏အဖွဲ့က ဝှစ်ခနဲ ရောက်ရှိလာခဲ့ပြီး အဝေးမှနေ၍ မြို့ဝင်ပေါက်ရှိ ရုပ်အလောင်းများကို မြင်တွေ့လိုက်ရလေသည်။
"ခွေးမသားတွေ။ ဘယ်သူ့လက်ချက်လဲ"
သေဆုံးနေသော ချင်းယန်မြို့သူမြို့သားများကို မြင်လိုက်ရချိန်တွင် လျိုချင်းယန်တစ်ယောက် အမျက်ဒေါသထွက်သွားခဲ့ပြီး သူ၏ကိုယ်ထဲမှ ကျောချမ်းဖွယ်ရာ သတ်ဖြတ်လိုစိတ်များက ဒလဟော ပေါက်ကွဲထွက်ပေါ်လာတော့၏။
ဖုန်းဝူချန်းက မျက်မှောင်ကို တင်းကျပ်စွာ ကုတ်ကွေးလိုက်၏။ သူ၏ မျက်နှာအမူအရာက အလွန်တရာ အေးစက်သွားခဲ့ပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များက သူ၏ မျက်လုံးအိမ်နက်နက်ထဲတွင် ရုတ်ခြည်း လက်ကနဲ တောက်ပသွားခဲ့လေသည်။
"ဘယ်သူကများ ဒီလောက်တောင် ရက်စက်ရတာလဲ"
မြောင်ချင်းချင်းက မျက်ရည်များ ကျဆင်းလာရင်း ပြောလိုက်လေသည်။
အထူးသဖြင့် သေဆုံးနေသော ကလေးငယ်များကို မြင်လိုက်ရသည့်အခါ သူမ၏ ရင်ထဲတွင် ဒေါသမီးတောက်များ တဟုန်းဟုန်း တောက်လောင်လာခဲ့တော့၏။
"ဒါ ရွှမ်ယင်းဂိုဏ်းပဲ။ သူတို့ လက်ချက်ပဲ ဖြစ်ရမယ်ဗျ"
"ဟုတ်တယ်ကွ။ ရွှမ်ယင်းဂိုဏ်းပဲ"
လူအများက ဖြောင့်မတ်မှန်ကန်သော ဒေါသတရားများဖြင့် ပြည့်နှက်နေကြပြီး ရွှမ်ယင်းဂိုဏ်းကို ပြင်းပြင်းထန်ထန် စွပ်စွဲနေကြလေသည်။
"ခမ်းမဆောင်သခင်ဗျာ... သူတို့ရဲ့ ဒဏ်ရာတွေအားလုံးက ချွန်ထက်တဲ့ လက်နက်တွေနဲ့ အသက်အန္တရာယ်ကို တစ်ချက်တည်းနဲ့ သေစေလောက်အောင် တိုက်ခိုက်ခံထားရတာပါ။ တိုက်ခိုက်တဲ့သူက အလွန်တရာ ကြမ်းကြုတ်ရက်စက်ပြီးတော့ လူတစ်ယောက်တည်းရဲ့ လက်ချက်ပဲ ဖြစ်ရမယ်ဗျ"
ယီထျန်းချင်းက ရုပ်အလောင်းအချို့ရှိ ဒဏ်ရာများကို စစ်ဆေးကြည့်ရှုရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
ထိုအခိုက်၊ ဘုန်းခနဲ မြည်ဟည်းသံကြီး ထွက်ပေါ်လာတော့၏။
သိုင်းမီးတောက်ကို ဆင့်ခေါ်လိုက်ခြင်းပါ။
ဖုန်းဝူချန်းက သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မီးတောက်များက ထိုနေရာတစ်ဝိုက်သို့ လွှမ်းခြုံသွားပြီး သေဆုံးနေသော ချင်းယန်မြို့သူမြို့သားများအားလုံး လေထဲတွင် လွင့်မျောသွားမည့် ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားစေတော့သည်။
"လူငယ်လေးတို့... မင်းတို့က စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူတွေပါ။ ကျေးဇူးပြုပြီး ချင်းယန်မြို့သူမြို့သားတွေအတွက် ရွှမ်ယင်းဂိုဏ်းကို လက်စားချေပေးကြပါဗျာ"
"ဟုတ်တယ်ဗျ။ ရွှမ်ယင်းဂိုဏ်းကို ဖျက်ဆီးပြီး ချင်းယန်မြို့သူမြို့သားတွေအတွက် လက်စားချေပေးကြပါ"
ကျင့်ကြံသူများစွာက အော်ဟစ်လိုက်ကြရာ ချင်းယန်မြို့သူမြို့သားများအတွက် လက်စားချေပေးမည်ဟု အားလုံးက တောင်းဆိုနေကြသဖြင့် သူတို့၏ အရှိန်အဝါများက အဟုန်ပြင်းစွာ မြင့်တက်လာလေတော့သည်။
ဖုန်းဝူချန်ဘက်သို့ အကြည့်လွှဲလိုက်ရင်း လျိုချင်းယန်က ဆိုလေ၏။
"အစ်ကိုဖုန်း... ရွှမ်ယင်းဂိုဏ်းကလူတွေ လက်ချက်လို့ ကျွန်တော်လည်း ထင်တယ်ဗျ။ သူတို့က ကျွန်တော်တို့မှန်း ဒီလောက်မြန်မြန် သိသွားကြတော့၊ ကျွန်တော်တို့ကို လာစစ်ဆေးဖို့ ချင်းယန်မြို့ဆီ ရောက်လာခဲ့တာ သေချာတယ်ကွ။ ဒါက မနေ့ကတည်းက ဖြစ်ခဲ့တဲ့ကိစ္စဆိုတော့ စူးလီတို့ ကျွန်တော်တို့ကို လာရှာတဲ့အချိန်မှာတင် ချင်းယန်မြို့ကလူတွေ အသတ်ခံလိုက်ရပြီလို့ ကျွန်တော်ထင်တယ်"
ပေတိုယန်နှင့် အခြားသူများကလည်း သဘောတူညီကြောင်း ဝင်ရောက်ထောက်ခံကြလေသည်။
"ချင်းယန် ပြောတာ မှန်တယ်ဗျ။ ဒါ့အပြင် ရွှမ်ယင်းဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေက အဲဒီအချိန်တုန်းက မျက်လှည့် တောင်တန်းမှာ ရှိနေခဲ့ကြတာလေ။ ဒီကိစ္စက ရွှမ်ယင်းဂိုဏ်းနဲ့ ပတ်သက်နေတာ ငြင်းလို့မရဘူးကွ"
ထိုကိစ္စအပေါ် ရွှမ်ယင်းဂိုဏ်းအား ပထမဆုံး သံသယဝင်ခဲ့သူမှာ ဖုန်းဝူချန်ပင် ဖြစ်နေပါ၏။ သူက အေးစက်စက် လေသံဖြင့် ဆိုလိုက်၏။
"ရွှမ်ယင်းဂိုဏ်းဆီ သွားကြမယ်"
ဖုန်းဝူချန်၌ ခိုင်လုံသော သက်သေအထောက်အထား မရှိသေးသော်ငြား၊ သူ၏ ဗီဇစိတ်က ထိုအရာသည် ရွှမ်ယင်းဂိုဏ်း၏ လက်ချက်သာဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ခံစားနေရလေသည်။
ထို့နောက် ဖုန်းဝူချန်နှင့် သူ၏နောက်လိုက်များသည် ရွှမ်ယင်းဂိုဏ်းရှိရာဆီသို့ လျှပ်တစ်ပြက် အရှိန်ဖြင့် ပျံသန်းသွားကြတော့၏။ အခြားသော ကျင့်ကြံသူများစွာကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြရာ၊ လူဦးရေ (၁၀၀) ကျော်ခန့်ရှိသော ကြီးမားခမ်းနားလှသည့် အင်အားစုကြီးတစ်ခု ဖြစ်တည်လာတော့သည်။
ချင်းယန်မြို့သူမြို့သားများ၏ ကြေကွဲဖွယ် သေဆုံးမှုက သူတို့အားလုံး၏ ဒေါသကို အထွတ်အထိပ်သို့ ဆွဲတင်ပေးလိုက်သကဲ့သို့ ဖြစ်သွားပါ၏။ တစ်ချိန်တည်းမှာပင်၊ ဤအဖြစ်အပျက်က ရွှမ်ယင်းဂိုဏ်း၏ အလွန်တရာ အရုပ်ဆိုး အကျည်းတန်လှသော နောက်ထပ် မျက်နှာစာတစ်ခုကိုလည်း ဖော်ထုတ်ပြသလိုက်ခြင်းပင် ဖြစ်လေသည်။
မြောက်ဘက် ဆန်းကြယ် နယ်မြေ၏ အနောက်မြောက်ဘက်တွင် တည်ရှိသော ရွှမ်ယင်းဂိုဏ်းသည် ချင်းယွင်မြို့နှင့် သိပ်မဝေးလှချေ။ အဓိက အင်အားစုကြီးများထဲမှ တစ်ခုဖြစ်သည့်အလျောက်၊ ထိုဂိုဏ်း၌ အစွမ်းထက် ကျင့်ကြံသူ အမြောက်အမြားရှိနေပြီး၊ တပည့်အရေအတွက်မှာလည်း (၁၀၀၀၀) ကျော်အထိ ရှိနေလေသည်။
၎င်းအပြင် ရွှမ်ယင်းဂိုဏ်း၌ လက်အောက်ခံ အင်အားစုများစွာလည်း ရှိနေသေးရာ၊ အနောက်မြောက်ဒေသတစ်ခုလုံး၏ အရှင်သခင်ဂိုဏ်းကြီးဟု ဆိုလျှင်လည်း မမှားပါချေ။
နာရီဝက်ခန့် အကြာတွင်တော့ ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သည် ရွှမ်ယင်းဂိုဏ်း၏ ခမ်းနားထည်ဝါလှသော နန်းတော်ရှေ့သို့ ဆိုက်ရောက်လာကြလေသည်။
ဖုန်းဝူချန်တို့အဖွဲ့ ရုတ်တရက် ပေါ်ပေါက်လာမှုက ဂိုဏ်းအတွင်းရှိ အကြီးတန်းတပည့် တစ်ဦးထံမှ ကျယ်လောင်သော အော်ဟစ်သံကို ချက်ချင်း ထွက်ပေါ်လာစေလိုက်၏။ ။
ထိုစဉ် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားစေနိုင်လောက်သည့် အရှိန်အဝါကြီးတစ်ခုလည်း ရိုက်ခတ်လာတော့သည်။
"အပြင်လူတွေ ရွှမ်ယင်းဂိုဏ်းထဲကို ကျူးကျော်ဝင်ရောက်ခွင့် မရှိဘူးဟေ့"
ထိုအသံကို မကြားလိုက်သည့်အလား ဖုန်းဝူချန်က တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမနေဘဲ ရွှမ်ယင်းဂိုဏ်း၏ ရင်ပြင်ပေါ်သို့ တိုက်ရိုက် ဆင်းသက်လိုက်လေသည်။
လျိုချင်းယန်နှင့် အခြားသော ကျင့်ကြံသူများစွာကလည်း သူ၏နောက်မှ ကပ်ပါလာကြတော့၏။
စူးလီနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ဖုန်းဝူချန်က ရွှမ်ယင်းဂိုဏ်း၏ သိုင်းပညာရှင် လေးဦးကို သူ၏ ထိတ်လန့်ဖွယ် စွမ်းအားဖြင့် တစ်ကိုယ်တော် ဖိနှိပ်ပြနိုင်ခဲ့ပြီးနောက်၊ အခြားသော ကျင့်ကြံသူများသည်လည်း မည်သည့်အကြောက်တရားမျှ မရှိတော့ဘဲ သူ၏နောက်သို့ ရဲရဲဝံ့ဝံ့ လိုက်ပါလာကြခြင်း ဖြစ်လေသည်။
အကြီးတန်းတပည့်တစ်ဦးက ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်လေသည်။
"ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို မြန်မြန် သွားသတင်းပို့ကြ။ တစ်ယောက်ယောက်က ရွှမ်ယင်းဂိုဏ်းထဲကို အတင်း ကျူးကျော်ဝင်ရောက်လာပြီကွ။ ကျန်တဲ့ တပည့်တွေ အားလုံး ငါ့အမိန့်ကိုနာခံပြီး သူတို့ကို တားဆီးကြ"
ဖုန်းဝူချန်နှင့် သူ၏အဖွဲ့က ရွှမ်ယင်းဂိုဏ်းအတွင်းသို့ အင်အားသုံးကာ ထိုးဖောက် ဝင်ရောက်လာချိန်တွင်၊ ဂိုဏ်း၏ တပည့်များကလည်း ပုရွက်ဆိတ်အုံ ပေါက်ကွဲသွားသည့်အလား အုံလိုက်ကျင်းလိုက် ထွက်ပေါ်လာကြတော့၏။ ယ
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖုန်းဝူချန်အပါအဝင် လူ (၁၀၀) ကျော်ကို လွတ်လမ်းမရှိစေရန် ဝန်းရံ ပိတ်ဆို့လိုက်ကြလေသည်။
ထိုစဉ် အာဏာစက် အပြည့်ပါဝင်နေသော အသံတစ်သံက အေးစက်စက် ထွက်ပေါ်လာ၏။
"မင်းတို့က ရွှမ်ယင်းဂိုဏ်းထဲကို အတင်း ဝင်ရဲလောက်အောင် အတင့်ရဲနေကြတာလား"
ဤအသံကို ကြားလိုက်ရသည်နှင့်၊ တပည့်များအားလုံးက ရိုသေလေးစားစွာဖြင့် ချက်ချင်း အရိုအသေ ပေးလိုက်ကြလေသည်။
"ဂိုဏ်းတူအစ်ကိုကြီး"
ရောက်ရှိလာသူမှာ ရွှမ်ယင်းဂိုဏ်း၏ အကြီးတန်းတပည့်ဖြစ်သော ကျန်းရွှမ်မုပင် ဖြစ်လေသည်။
လျိုချင်းယန်က အနည်းငယ် အံ့အားသင့်သွားသည့် ဟန်ဖြင့် မှတ်ချက်ချလိုက်၏။
“ထျန်းကျီအဆင့် အလွှာ (၅) လို့ ဆိုရမယ်။ တော်တော်လေး အစွမ်းထက်တဲ့ ကျင့်ကြံမှုပဲဗျ”
မြောင်ချင်းချင်းကလည်း ဝင်ရောက် ပြောဆိုလိုက်လေသည်..။
"အစ်ကို.. မကြားလိုက်ဘူးလား။ သူက ရွှမ်ယင်းဂိုဏ်းရဲ့ အကြီးတန်းတပည့်လေ။ သူ့ကျင့်ကြံမှုက အားနည်းနေစရာ အကြောင်းမရှိဘူးပေါ့"
ထိုစဥ်၊ အသက် (၃၀) ဝန်းကျင်ခန့်ရှိ ဝတ်ရုံဖြူနှင့် အမျိုးသားတစ်ဦးက လူအုပ်ထဲမှ လျှောက်ထွက်လာ၏။
သူ၏ ကိုယ်ခန္ဓာမှ အလွန်တရာ အစွမ်းထက်လှသော အရှိန်အဝါများ ဖြာထွက်နေပြီး၊ မျက်နှာထက်၌ မာနတရားများ အထင်းသား ပေါ်လွင်နေလျက် ဖုန်းဝူချန်တို့ အဖွဲ့ကို အထက်စီးမှနေ၍ မထီမဲ့မြင် ကြည့်ရှုနေလေသည်။ ထိုသူကတော့ ရွှမ်ယင်းဂိုဏ်း၏ ဂိုဏ်းတူအစ်ကိုကြီး ကျန်းရွှမ်မုပင် ဖြစ်တော့သည်။
ဖုန်းဝူချန်က ကျန်းရွှမ်မုအား ခပ်ပေါ့ပေါ့ပင် တစ်ချက် ဝေ့ကြည့်လိုက်ပြီး၊ အေးတိအေးစက် လေသံဖြင့် တောင်းဆိုလိုက်၏။
"မင်းတို့ရဲ့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို ခေါ်ထုတ်ပေးစမ်းပါ"
ဖုန်းဝူချန်တို့အဖွဲ့ကို လူရာပင် မသွင်းသည့်ဟန်ဖြင့် ကျန်းရွှမ်မုက မောက်မာစွာ တုံ့ပြန်လိုက်လေသည်။
"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ ငါတို့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေက မင်းခေါ်တိုင်း ထွက်လာရမယ့်သူတွေလို့ ထင်နေတာလား"
ဖုန်းဝူချန်၏ လေသံက အလွန်တရာ ပြတ်သားမာထန်သွားပြီး အေးစက်စက် မေးခွန်းထုတ်လိုက်၏။
"ငါက အတင်းအကျပ် တွေ့မယ်ဆိုရင်ရော"
ဖုန်းဝူချန်၏ မောက်မာမှုကို မြင်လိုက်ရသောအခါ တပည့်တစ်ဦးက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။
"သေချင်နေတာပဲ။ ဂိုဏ်းတူအစ်ကိုကြီး... သူတို့ကို သွေးထွက်အောင်လုပ်ပြီး၊ ဘာမှမသိဘဲ အတင့်ရဲနေတဲ့ ဒီကောင်တွေကို မှတ်လောက်သားလောက်အောင် ပညာပေးလိုက်ပါဗျာ"
ကျန်းရွှမ်မုက သူ၏လက်ကို ဖြည်းညင်းစွာ မြှောက်တက်လာပြီး၊ လက်ညှိုးကို ဖုန်းဝူချန်ဆီသို့ ချိန်ရွယ်လိုက်လေသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူ၏ လက်ထိပ်၌ ထိတ်လန့်ဖွယ် စွမ်းအားများကို စုစည်းလိုက်ရာ တောက်ပသော အပြာရောင်အလင်းတန်းများ ဖျတ်ခနဲ လင်းလက်သွားပြီး၊ လှိုင်းထန်နေသော အစွမ်းအစများက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့၏။
ကျန်းရွှမ်မုက အေးစက်စက် ဆိုလိုက်လေသည်။
"ဘာမှနားမလည်တဲ့ အရူးတွေ"
စကားဆုံးသည်နှင့် သူ၏ လက်ညှိုးထိပ်မှ လူတစ်ယောက်၏ လက်မောင်းလုံးခန့် တုတ်ခိုင်သော အပြာရောင် အလင်းတိုင်ကြီးတစ်ခုက အံ့မခန်း အရှိန်အဟုန်ဖြင့် ဝှီးခနဲ ပစ်လွှတ်ထွက်ခွာသွားတော့၏။ ၎င်းက ချက်ချင်းပင် အပြာရောင် လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး၊ ဖုန်းဝူချန်ဆီသို့ အလွန်တရာ ကြမ်းတမ်းပြင်းထန်စွာဖြင့် ဒိုင်းခနဲ ပြေးဝင်သွားလေသည်။
အပြာရောင် စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်သွားသည့် အခိုက်အတန့်တွင်၊ ကျန်းရွှမ်မုက ထပ်မံ ဖြည့်စွက်ပြောဆိုလိုက်၏။
"ဒီနေ့ ရွှမ်ယင်းဂိုဏ်းထဲကို အတင်းကျူးကျော်ဝင်လာခဲ့တဲ့အတွက် မင်းတို့ သေဒဏ်ထိုက်သွားပြီကွ"
"ဝုန်း..."
မြည်ဟည်းသံကြီးတစ်ခု ရိုက်ခတ်သွားလေသည်။ ဖုန်းဝူချန်၏ မျက်နှာထက်၌ မည်သည့် ကြောက်ရွံ့မှုမျှ မရှိသည့်အပြင် ရှောင်တိမ်းရန်ပင် စိတ်ကူးမရှိပါချေ။ နားကွဲမတတ် ပေါက်ကွဲသံကြီးနှင့်အတူ ထိတ်လန့်ဖွယ် အပြာရောင် စွမ်းအင်က သူ့ကိုယ်ပေါ်သို့ ပြင်းထန်စွာ ဝင်တိုက်သွားပြီး၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပေါက်ကွဲမှု မီးတောက်များကြား၌ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မြိုမြည်းခံလိုက်ရတော့သည်။
ဖုန်းဝူချန်က ရှောင်လည်း မရှောင်၊ ကာကွယ်မှုလည်း မပြုလုပ်သည်ကို မြင်လိုက်ရသောအခါ၊ ကျန်းရွှမ်မုက မထီမဲ့မြင်ဟန်ဖြင့် လှောင်ပြောင်လိုက်လေ၏။
"သေချင်လို့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ"
ကျန်းရွှမ်မု၏ စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက်၊ ပေါက်ကွဲနေသော စွမ်းအင်များကြားမှ ဖုန်းဝူချန်၏ အေးတိအေးစက် အသံက ပျံ့လွင့်လာပါ၏။
"အို... ဟုတ်လား။ ဘယ်လိုလုပ် အဲဒီလို ဖြစ်သွားရတာလဲ"
ဖုန်းဝူချန်၏ အသံကို ကြားလိုက်ရသောအခါ၊ ကျန်းရွှမ်မုက မျက်မှောင်ကို တွန့်ခနဲ ကုပ်လိုက်မိပြီး၊ သူ၏ နှလုံးသားထဲ၌ အံ့အားသင့်မှု တစ်စွန်းတစ်စက ရုတ်တရက် ဝင်ရောက်လာတော့သည်။ ရွှမ်ယင်းဂိုဏ်း၏ တပည့်များအားလုံး မှင်သက်အံ့ဩသွားကြပြီး သူတို့၏ မျက်နှာပေါ်၌ မယုံကြည်နိုင်ခြင်းများ အထင်းသား ပေါ်လွင်နေကြလေသည်။
"သူ... သူ အသက်ရှင်နေသေးတာလား"
ထျန်းကျီအဆင့် အလွှာ (၅) အထိ ကျင့်ကြံထားသော ကျန်းရွှမ်မု၏ စွမ်းအားမှာ အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလှ၏။ သူ၏ စောစောက တိုက်ခိုက်မှုသည် အလွှာ (၄) အဆင့်ရှိ သိုင်းပညာရှင်တစ်ဦးကို ချက်ချင်း သတ်ဖြတ်နိုင်စွမ်း ရှိလေသည်။
ထိုစဉ် ပေါက်ကွဲနေသော စွမ်းအင်များကို ပြင်းထန်သော လေပြင်းတစ်ရပ်က ရုတ်တရက် တိုက်ခတ်ဖယ်ရှားပစ်လိုက်ရာ၊ ကျန်းရွှမ်မုနှင့် ရွှမ်ယင်းဂိုဏ်းမှ တပည့်များ၏ အမြင်အာရုံထဲသို့ အပ်ဖျားတစ်ချက်မျှပင် အခြစ်ရာ မရှိဘဲ ဘေးကင်းနေသော ဖုန်းဝူချန်က ရှင်းလင်းစွာ ထွက်ပေါ်လာတော့သည်။
ကျန်းရွှမ်မု၏ မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားရ၏။
"ဒဏ်ရာ နည်းနည်းလေးတောင် မရဘူးပေါ့လေ"
ရွှမ်ယင်းဂိုဏ်းမှ တပည့်များမှာတော့ ဆွံ့အ နားမလည်နိုင် ဖြစ်နေကြတော့သည်။
"သူ တကယ်ကို ဒဏ်ရာ မရဘူးကွ။ ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
---
အခန်း (၇၆၇) - မျိုးတုံးသတ်ဖြတ်ခြင်း
~“သူက အစွမ်းတော့ နည်းနည်း ရှိသားပဲ”
ကျန်းရွှမ်မုက မျက်လုံးများကို အနည်းငယ် မှေးလိုက်ပြီး သူ၏ ရက်စက်သော လူသတ်ချင်စိတ်များကို လုံးဝ ဖုံးကွယ်မထားဘဲ မထုံတက်တေး ပြောလိုက်၏။
“ဝုန်း...”
စကားပြောနေရင်းပင် ကျန်းရွှမ်မုသည် အစွမ်းကုန် အင်အား ထုတ်သုံးကာ မြေပြင်ကို အပြင်းအထန် နင်းလိုက်လေရာ အမည်းရောင် လျှပ်စီးတန်းတစ်ခုပမာ ပြောင်းလဲသွားတော့၏။ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားတော့သည်။
“ဝုန်း...”
“ဝီ...”
ကျန်းရွှမ်မု၏ ရက်စက်ကြမ်းကြုတ်သော လက်ဝါးရိုက်ချက်က ဖုန်းဝူချန်၏ ရင်ဘတ်ကို တည့်တည့်မတ်မတ် ဝင်ဆောင့်သွားလေ၏။ ဖုန်းဝူချန်မှာ မတ်မတ်ကြီး ရပ်နေဆဲဖြစ်ပြီး မိုးချုန်းသံကဲ့သို့ ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ဤလက်ဝါးရိုက်ချက်၏ စွမ်းအားမှာ ယခင်ကထက်ပင် ပိုမို ကြောက်စရာကောင်းလှပြီး ၎င်း၏ ရိုက်ခတ်မှု ဂယက်ကြောင့် ရွှမ်ယင်းဂိုဏ်း တစ်ခုလုံး သိမ့်သိမ့်ခါအောင် တုန်လှုပ်သွားရတော့သည်။
ကျန်းရွှမ်မုကို အလွန်အမင်း အံ့အားသင့်သွားစေသည်မှာ သူ၏ လက်ဝါးရိုက်ချက်က ဖုန်းဝူချန်ကို လက်တစ်လုံးမျှပင် ရွေ့လျားသွားအောင် မလုပ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
“ဒါ...”
ကျန်းရွှမ်မု၏ မျက်နှာပေါ်တွင် ထိတ်လန့်အံ့အားသင့်မှုများ အပြည့်အဝ ပေါ်လွင်နေပြီး စကားပင် ဆုံးအောင် မပြောနိုင်တော့ဘဲ ဖုန်းဝူချန်ကို မျက်လုံးပြူးကာ စိုက်ကြည့်နေမိတော့၏။
“...”
ရွှမ်ယင်းဂိုဏ်းမှ သောင်းနှင့်ချီသော တပည့်များမှာလည်း အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်နေကြပြီး အားလုံးမှာ ကျောက်ရုပ်များပမာ မင်သက်နေကြသည်။
ဖုန်းဝူချန်မှာ လုံးဝ မလှုပ်မယှက် ရပ်နေဆဲဖြစ်ပြီး မည်သည့် စွမ်းအားကိုမျှ အသုံးမပြုဘဲ ကျန်းရွှမ်မု၏ သန်မာသော စွမ်းအားကို သူ၏ ခန္ဓာကိုယ် သက်သက်ဖြင့်သာ ခံယူလိုက်ခြင်း ဖြစ်သည်။
‘သန်မာလိုက်တာ... ကြောက်စရာကောင်းလောက်အောင် သန်မာလွန်းတယ်’
ဒါက ကျန်းရွှမ်မု၏ ပထမဆုံးသော တုံ့ပြန်မှုပင် ဖြစ်တော့သည်။
‘အံ့အားသင့်စရာပဲ... ‘
ကျန်းရွှမ်မုမှာ လုံးဝ ဆွံ့အသွားရတော့၏။
ကျန်းရွှမ်မုသည် သည်လောက် အစွမ်းထက်သော လူငယ်မျိုးကို သူ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မမြင်ဖူးခဲ့ချေ။ အသက် (၂၀) နီးပါးအရွယ် လူငယ်လေး တစ်ယောက်... ဤသည်မှာ သူ၏ တိုက်ပွဲ အတွေ့အကြုံ တစ်လျှောက်လုံးတွင် ကြောက်စရာ အကောင်းဆုံးသော ပြိုင်ဘက်ပင် ဖြစ်သည်။
ကျန်းရွှမ်မုသည် အောက်သို့ အားယူ၍ ငုံ့ကြည့်လိုက်ရာ သူ၏ လက်ဝါးက ဖုန်းဝူချန်၏ ရင်ဘတ်ကို တကယ်ပဲ ထိမှန်နေကြောင်း မြင်တွေ့လိုက်ရပြီး သန်မာသော စွမ်းအားများကလည်း ဖုန်းဝူချန်ကို အမှန်တကယ်ပင် ရိုက်ခတ်သွားခဲ့တော့၏။
သို့သော် ထိုအခိုက်အတန့်တွင် သမုဒ္ဒရာထဲသို့ ကျောက်ခဲ ပစ်ချလိုက်သကဲ့သို့ မည်သည့် တုံ့ပြန်မှုမျှ မရှိတော့ဘဲ ဝါးမြိုခံလိုက်ရသလိုလို၊ ချေဖျက်ခံလိုက်ရသလိုလို ခံစားလိုက်ရသည်။
“ဒါ ..မဖြစ်နိုင်ဘူး...”
ကျန်းရွှမ်မု၏ ခန္ဓာကိုယ်မှာ တုန်ရီလာတော့၏။
ပိုမို ထိတ်လန့်လာသော ကျန်းရွှမ်မုကို ကြည့်ရင်း ဖုန်းဝူချန်၏ လက်ဝါးက ကျန်းရွှမ်မု၏ နဖူးပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ကျန်းရွှမ်မုမှာ ဝိညာဉ်ပင် လွင့်ထွက်မတတ် ကြောက်လန့်သွားရတော့သည်။
“မလုပ်... မလုပ်ပါနဲ့...”
ကျန်းရွှမ်မု၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ အပြည့်အဝ ကြီးစိုးသွားတော့၏။
“ဂိုဏ်းတူ အစ်ကိုကြီး”
ရွှမ်ယင်းဂိုဏ်း၏ တပည့်များမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
“ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို မြန်မြန် သွားသတင်းပို့ကြစမ်း”
တစ်ယောက်ယောက်က ပျာယာခတ်စွာ အော်ဟစ်လိုက်သည်။
“ဝုန်း...”
“ဖူး...”
ဖျက်ဆီးခြင်း စွမ်းအားကို အသက်သွင်းလိုက်ရာ “ဝုန်း” ခနဲ အသံနှင့်အတူ ရုတ်တရက် ပေါက်ကွဲထွက်လာတော့၏။ လွှမ်းမိုးဖိနှိပ်နိုင်သော စွမ်းအားကြောင့် ကျန်းရွှမ်မုမှာ သွေးအန်သွားကာ သူ၏ လူရိပ်မှာ အမည်းရောင် မျဉ်းတန်းတစ်ခုပမာ လွင့်စင်ထွက်သွားတော့သည်။
“ထျန်းကျီဘုံ အဆင့် (၆) ပါလား... ဒါ ..မဖြစ်နိုင်ဘူး”
ကျန်းရွှမ်မု၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားရသည်။
အတူတူ ထျန်းကျီဘုံ အဆင့် (၆) ဖြစ်နေတာတောင် ဘာဖြစ်လို့ စွမ်းအားက ဒီလောက်တောင် ကွာဟနေရတာလဲ။
ကျန်းရွှမ်မုသည် သူ လာခဲ့သော နေရာသို့ ပြန်လည် လွင့်ထွက်သွားပြီး ရွှမ်ယင်းဂိုဏ်း၏ လှေကားထစ်များကို ဝင်ဆောင့်ကာ ဖျက်ဆီးပစ်လိုက်သည်။
ကျန်းရွှမ်မု ပြင်းထန်စွာ ဒဏ်ရာရသွားတော့၏။
လက်ဝါး တစ်ချက်တည်းဖြင့်ပင် ရွှမ်ယင်းဂိုဏ်း၏ အကြီးဆုံး တပည့်မှာ အရှုံးပေးလိုက်ရပြီး လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ချေ။
“ဂိုဏ်းတူ အစ်ကိုကြီး”
တပည့်များမှာ အလွန်အမင်း ကြောက်လန့်သွားကြပြီး သူတို့၏ ယခင်က ခက်ထန်နေသော အမူအရာများမှာ ယခုအခါ ကြောက်ရွံ့မှုများဖြင့် အစားထိုး ခံလိုက်ရတော့၏။
“မင်းတို့ရဲ့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို ခေါ်လိုက်စမ်း”
ဖုန်းဝူချန်က မထုံတက်တေး ပြောလိုက်လေရာ သူ၏ ကြက်သီးမွေးညှင်းထမတတ် အေးစက်လှသော လူသတ်ချင်စိတ်များက ပျံ့နှံ့သွားပြီး ရွှမ်ယင်းဂိုဏ်း တစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။
“မင်းတို့ရဲ့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို အစ်ကိုဖုန်းက ဒဏ်ရာရအောင် လုပ်ထားတာကွ၊ မင်းရဲ့ အစွမ်းလေး နည်းနည်းနဲ့များ အစ်ကိုဖုန်း ရှေ့မှာ လာဆရာလုပ်နေသေးတယ်၊ တကယ် ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
လျိုချင်းယန်က မထုံတက်တေး ရယ်ရင်း တုံ့ပြန်လိုက်ပြီး မောက်မာနေသော ကျန်းရွှမ်မုကို လှောင်ပြောင်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
“ဘာ... ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို မင်းတို့က ဒဏ်ရာရအောင် လုပ်ခဲ့တာ ဟုတ်လား”
ကျန်းရွှမ်မုနှင့် ရွှမ်ယင်းဂိုဏ်းမှ တပည့်များ၏ မျက်နှာများမှာ တစ်ပြိုင်နက်တည်း သိသိသာသာ ပြောင်းလဲသွားကြတော့သည်။
“ဘယ်သူကများ ငါ့ရဲ့ ရွှမ်ယင်းဂိုဏ်းမှာ လာရမ်းကားရဲတာလဲ”
တပည့်များ အံ့အားသင့်နေစဉ် ခန်းမကြီး အတွင်းမှ စူးလီ၊ အကြီးအကဲ သုံးဦးနှင့် အခြား အဆင့်မြင့် ခေါင်းဆောင်များ အပြေးအလွှား ထွက်လာကြပြီး စူးလီ၏ ဒေါသတကြီး ဟိန်းဟောက်သံကလည်း ထွက်ပေါ်လာသည်။
သို့သော် စူးလီနှင့် အခြားသူများ ထွက်လာပြီး ဖုန်းဝူချန်နှင့် သူ၏လူများကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများမှာ ချက်ချင်း တောင့်တင်းသွားပြီး သူတို့၏ အမူအရာများအပေါ်သို့ ကြောက်ရွံ့မှုများ တဖြည်းဖြည်း တွားသွား ရောက်ရှိလာတော့၏။
“သူ... သူပဲ”
စူးလီမှာ ရုတ်တရက် ချွေးသီးချွေးပေါက်များ ကျလာပြီး ဖုန်းဝူချန်ကို တစ္ဆေတစ်ကောင် မြင်လိုက်ရသကဲ့သို့ ကြည့်နေမိသည်။
“သူတို့က ဘာလာလုပ်တာလဲ”
ဒုတိယ အကြီးအကဲက မေးလိုက်လေရာ သူ၏ မျက်နှာ တစ်ခုလုံးတွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လွင်နေတော့၏။
တစ်ရက်တည်းသာ ကြာသေးပြီး သူတို့၏ ဒဏ်ရာများ လုံးဝ မပျောက်ကင်းသေးမီ ဖုန်းဝူချန်က သူတို့၏ တံခါးဝသို့ ရုတ်တရက် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။
“ဂိုဏ်းချုပ်... ဂိုဏ်းချုပ်တို့ကို ဒဏ်ရာရအောင် လုပ်ခဲ့တာ သူလား”
ပထမ အကြီးအကဲက မျက်မှောင်ကြုတ်လျက် မေးလိုက်လေရာ သူ၏ မျက်နှာပေါ်တွင် အလွန်အမင်း အံ့အားသင့်နေသော အမူအရာများ ပေါ်လွင်နေသည်။
“ဟုတ်တယ်... သူပဲ... သူပဲ... ဒီလူငယ်လေးရဲ့ စွမ်းအားက ကြောက်စရာကောင်းလောက်အောင်ကို အစွမ်းထက်တာကွ၊ ငါတို့ လေးယောက် ပေါင်းတိုက်တာတောင် သူ့ကို မနိုင်ခဲ့ဘူး”
တတိယ အကြီးအကဲက တုန်ယင်စွာ ပြောလိုက်လေရာ သူ၏ ကြောက်ရွံ့မှုမှာ အထွတ်အထိပ်သို့ ရောက်နေပြီး ရင်တွင်း၌ ပြင်းထန်သော စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာတော့၏။
“ပေါင်းတိုက်တာတောင် မနိုင်ဘူး ဟုတ်လား”
ပြင်းထန်စွာ ဒဏ်ရာရထားသော ကျန်းရွှမ်မု၏ ဖြူရော်နေသော မျက်နှာမှာ ထိုစကားကို ကြားလိုက်ရသောအခါ ကျောက်ရုပ်ကြီးပမာ တောင့်တင်းသွားရတော့သည်။
ရွှမ်ယင်းဂိုဏ်းမှ တပည့်များမှာလည်း လုံးဝ ဆွံ့အသွားကြသည်။
ထျန်းကျီဘုံ အဆင့် (၅) ကျင့်ကြံခြင်းနဲ့ သူတို့ရဲ့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို တစ်ယောက်တည်းက လေးယောက်ကို အနိုင်ယူနိုင်တယ်တဲ့လား။
စူးလီနှင့် အခြားသူများက ဖုန်းဝူချန်ကို မြင်သောအခါ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား ကြောက်လန့်နေကြသည်မှာ မဆန်းတော့ချေ။
“မင်းတို့ ဘာလာလုပ်တာလဲ”
စူးလီက ရင်တွင်းမှ ကြောက်ရွံ့မှုများကို အတင်းဖိနှိပ်ကာ မေးလိုက်သည်။
“ချင်းယန်မြို့လေးက လူတွေကို မင်းတို့ သတ်ခဲ့တာလား”
ဖုန်းဝူချန်က မထုံတက်တေး မေးလိုက်ပြီး သူ၏ ရေခဲပမာ အေးစက်သော အကြည့်များက စူးလီထံသို့ စူးစိုက်ကျရောက်သွား၏။
“ချင်းယန်မြို့လေး ဟုတ်လား”
ဒုတိယ အကြီးအကဲ၏ အိုမင်းနေသော မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ဘာမှမသိသလို ဟန်ဆောင်ကာ ခေါင်းယမ်းလိုက်ပြီး...
“ငါတို့ လုံးဝ မဟုတ်ပါဘူး... ငါတို့ ချင်းယန်မြို့လေးကို တစ်ခါမှ မရောက်ဖူးပါဘူး”
“ခွေးမသားလေး... သေတဲ့သူတိုင်းကို ငါတို့ ရွှမ်ယင်းဂိုဏ်းက လုပ်တာလို့ မင်းက ပုံချချင်နေတာလား”
စူးလီက ဒေါသတကြီး မေးလိုက်သည်။
“မျက်လှည့် တောင်တန်းမှာ ပြဿနာ တက်ပြီးတာနဲ့ ချင်းယန်မြို့လေးက လူတွေ အကုန်လုံး အသတ်ခံရတယ်လေ... မင်းတို့ မဟုတ်ရင် ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ”
တစ်ယောက်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး အခြားသူများကလည်း ထောက်ခံလိုက်ကြကာ ရွှမ်ယင်းဂိုဏ်းကို အခိုင်အမာ စွပ်စွဲနေကြသည်။
စူးလီ၏ မျက်နှာမှာ ရက်စက်စွာ ရှုံ့မဲ့သွားပြီး အံကို ကြိတ်ကာ...
“ပေါက်ကရတွေ... မင်းတို့ဆီမှာ သက်သေ အထောက်အထား ရှိလို့လား”
“ငါတို့ သက်သေ မလိုဘူးကွ”
ဖုန်းဝူချန်က မထုံတက်တေး ပြောလိုက်သည်။
“မင်းတို့ တကယ် ကံဆိုးတာပဲ... ဘယ်သူကများ ဒီလောက် ပေါ့ဆရတာလဲ မသိပါဘူး၊ ချင်းယန်မြို့လေးက လူရာပေါင်းများစွာ အသတ်ခံရတယ်လေ၊ ဒါပေမယ့် မင်းတို့ ကံဆိုးချင်တော့ အသက်ရှင်ကျန်ရစ်သူ တစ်ယောက် ရှိနေခဲ့တယ်၊ ထက်မြက်တဲ့ လက်နက်နဲ့ ဒဏ်ရာရထားတာ မှန်ပေမယ့် သေလောက်တဲ့ အထိတော့ မဟုတ်ဘူး”
“ဘာ...”
ထိုစကားကို ကြားလိုက်ရသောအခါ စူးလီ၊ ဒုတိယ အကြီးအကဲနှင့် အခြားသူများ၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြတော့သည်။
အသက်ရှင်ကျန်ရစ်သူ ရှိတယ် ဟုတ်လား... ဘာဖြစ်လို့ သူတို့ တစ်ယောက်မှ မတွေ့ခဲ့ရတာလဲ... အကုန်လုံး သေကုန်ပြီ မဟုတ်ဘူးလား... အလောင်းတွေ အားလုံးကိုလည်း ဖုန်းဝူချန်က မီးရှို့ပြာချလိုက်ပြီပဲ... ဘယ်လိုလုပ် အသက်ရှင်ကျန်ရစ်သူ ရှိနေနိုင်မှာလဲ။
လူတိုင်း၏ ရင်တွင်း၌ သံသယများဖြင့် ပြည့်နှက်နေတော့၏။
“အသက်ရှင်ကျန်ရစ်သူ ရှိတယ်ဆိုတာ မဖြစ်နိုင်ပါဘူး... သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ငါ့ရဲ့ တိုက်ခိုက်မှုကို ဘယ်လိုလုပ် ခံနိုင်ရည် ရှိမှာလဲ”
ရုတ်တရက် အဆင့်မြင့် ခေါင်းဆောင် တစ်ဦးက လွှတ်ခနဲ ပြောလိုက်မိသည်။
“မင်းရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိတယ် ဟုတ်လား”
ယဲ့ထျန်းဝေ၏ ရက်စက်သော အကြည့်များက ထိုလူ့ထံသို့ ချက်ချင်း ကျရောက်သွားပြီး မထုံတက်တေး ပြောလိုက်သည်။
“ဒါဆို မင်း လုပ်တာပေါ့လေ”
“စကားမှားသွားပြီလား”
လျိုချင်းယန်က လှောင်ပြောင်သည့် ဟန်ဖြင့် မထုံတက်တေး ရယ်ရင်း ပြောလိုက်သည်။
“သေစမ်းကွာ”
စူးလီမှာ အလွန်အမင်း ဒေါသထွက်သွားပြီး ထိုအဆင့်မြင့် ခေါင်းဆောင်ကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်ပစ်ချင်စိတ် ပေါက်သွားတော့၏။
“အဓိပ္ပာယ် မရှိတာတွေ... မင်း..ငါတို့ အားလုံးကို သေအောင် လုပ်နေတာလား”
ဒုတိယ အကြီးအကဲက ထိုအဆင့်မြင့် ခေါင်းဆောင်ကို ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“ဝှစ်...”
ထိုအခိုက်အတန့်၌ ဖုန်းဝူချန်၏ လူရိပ်သည် ထိုအဆင့်မြင့် ခေါင်းဆောင်၏ ရှေ့သို့ တစ္ဆေတစ်ကောင်ပမာ ရုတ်တရက် ရောက်ရှိသွားပြီး သူ၏ လက်ညှိုးထိပ်က ထိုလူ၏ နဖူးတည့်တည့်ကို ထိနေ၏။
“မလုပ်... မလုပ်ပါနဲ့...”
အဆင့်မြင့် ခေါင်းဆောင်မှာ လုံးဝ မျှော်လင့်ချက်မဲ့သွားပြီး သူ၏ ခန္ဓာကိုယ်မှာ တုန်ရီနေကာ မျက်လုံးများမှာလည်း ကြောက်ရွံ့မှုကြောင့် ပြူးကျယ်နေတော့၏။
“ဖျက်ဆီးခြင်း”
ဖုန်းဝူချန်က မည်သည့် သနားညှာတာမှုမျှ မရှိဘဲ မထုံတက်တေး ရေရွတ်လိုက်သည်။
ဖုန်းဝူချန်၏ အေးစက်သော အသံ အဆုံးတွင် စူးလီနှင့် ရွှမ်ယင်းဂိုဏ်းမှ တပည့်များ အလွန်အမင်း ထိတ်လန့်အံ့အားသင့်စွာ စောင့်ကြည့်နေစဉ်မှာပင် အဆင့်မြင့် ခေါင်းဆောင်၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။ နောက်ဆုံးတွင် သူ၏ အသက်ငွေ့လေး လုံးဝ လွင့်စင်
ပျောက်ကွယ်သွားတော့သည်။
သင်္ချိုင်းတစ်ခုပမာ တိတ်ဆိတ်ခြင်း..။
ရွှမ်ယင်းဂိုဏ်း တစ်ခုလုံး သေမင်းတမန် တိတ်ဆိတ်ခြင်းသို့ ရောက်ရှိသွားတော့၏။
ဒါ ဘယ်လို စွမ်းအားမျိုးလဲ... ဘယ်လို သိုင်းပညာရပ်မျိုးလဲ။
အသာအယာ ထိလိုက်ရုံမျှဖြင့် ထျန်းကျီဘုံ အဆင့် (၆) ပညာရှင် တစ်ဦးမှာ အသံတိတ်ပြီး လုံးဝ အစအနမကျန် ချေမှုန်းခံလိုက်ရသည်လား။
ကြောက်ရွံ့မှုများက ရွှမ်ယင်းဂိုဏ်း၏ ထောင့်တိုင်းသို့ ပျံ့နှံ့သွား၏။ သူတို့သည် စိတ်ကူးယဉ်၍ပင် မရနိုင်လောက်အောင် ကြောက်စရာအကောင်းဆုံး မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတော့၏။
“သူက အကြောင်းပြချက် မရှိဘဲ ချင်းယန်မြို့လေးက လူတွေ အားလုံးကို သတ်မှာ မဟုတ်ဘူး၊ အမိန့်ပေးခဲ့တာ မင်းပဲ စူးလီ”
ဖုန်းဝူချန်၏ ရေခဲပမာ အေးစက်သော အကြည့်များက စူးလီထံသို့ ရောက်ရှိသွားပြီး သူ၏ အသံမှာလည်း ရေခဲတမျှ အေးစက်နေတော့သည်။
---
အခန်း (၇၆၈) - ဖန်ချင်းဖုန်း၏ နောက်ထပ်လှုပ်ရှားမှု
~အမိန့်ပေးတာကို နာခံပြီး လုပ်ဆောင်သူ ရှိမှတော့ အမိန့်ပေးခဲ့သူလည်း ရှိမည်ပင်။ ချင်းယန်မြို့လေးက လူသတ်ပွဲကြီးကို အမိန့်ပေးခဲ့သူဟာ တခြားသူ မဟုတ်၊ စူးလီပင် ဖြစ်သည်။
“စူးလီ ... ငါပြောတာ မမှားဘူးမလား”
ဖုန်းဝူချန်က မထုံတက်တေး ပြောလိုက်သည်။ သူ၏ အေးစက်ပြီး ခြောက်ခြားဖွယ်ကောင်းလှသော လူသတ်ချင်စိတ်တွေက စူးလီကို အပိုင်သော့ခတ်ထားပြီး ဖြစ်၏။
“ခွေးမသားလေး ... မင်းက ငါတို့ဂိုဏ်းကို လှည့်စားရဲတယ်ပေါ့လေ”
စူးလီက အံကို ကြိတ်ကာ ပြောလိုက်ရင်း သူ၏ မျက်နှာကြီးက ရက်စက်စွာရှုံ့မဲ့နေသည်။
ဖုန်းဝူချန်ရဲ့ လှည့်ကွက်လေးကို သူ ဘယ်လို မသိဘဲ နေပါ့မည်လဲ။
ဖုန်းဝူချန်ဟာ ချင်းယန်မြို့လေးကို သတ်ဖြတ်ခဲ့တာ ရွှမ်ယင်းဂိုဏ်း ဆိုတာကို အစကတည်းက အသေအချာ မသိခဲ့သော်လည်း လှည့်ကွက်ကလေး တစ်ခု သုံးလိုက်ရုံနှင့် တကယ့် တရားခံအစစ်ကို ဆွဲထုတ်နိုင်ခဲ့သည်။
ဖုန်းဝူချန်နောက်ကို လိုက်လာကြသည့် ကျင့်ကြံသူတွေဟာလည်း အခုမှပဲ အားလုံးကို သဘောပေါက်သွားကြတော့၏။ ဒါတွေအားလုံးဟာ ဖုန်းဝူချန် ဆင်ထားသော ထောင်ချောက် တစ်ခု ဖြစ်ပြီး ဟိုအဆင့်မြင့်ခေါင်းဆောင်က အမှတ်မထင် ဝင်နင်းမိသွားတာပင် ဖြစ်သည်။
“စူးလီ ... မနေ့ကတော့ မင်းရဲ့အစ်ကိုကြီးကို ထောက်ထားပြီး ငါတို့..မင်းတို့ကို အသက်ချမ်းသာပေးခဲ့တယ်၊ ဒါပေမဲ့ ဒီနေ့တော့ သက်သေက အခိုင်အမာရှိနေပြီ၊ မင်းအစ်ကိုကြီးကိုယ်တိုင် လာရင်တောင် မင်းကို မကယ်နိုင်ဘူး”
ဖုန်းဝူချန်က ရက်စက်စွာ ကြုံးဝါးလိုက်၏။
ချင်းယန်မြို့သူမြို့သားများ၏ ကြေကွဲဖွယ် သေဆုံးမှုကို ပြန်မြင်ယောင်မိတာနှင့်အမျှ သူ၏ဒေါသတွေက ထိန်းချုပ် မရအောင် ပေါက်ကွဲထွက်လာတော့သည်။
အသက်ချမ်းသာပေးခဲ့တယ် ဟုတ်လား။
ရွှမ်ယင်းဂိုဏ်းရဲ့ တပည့်တွေဟာ အပြင်းအထန်တုန်လှုပ်သွားကြသည်။
စူးလီရဲ့ အစ်ကိုကြီးကြောင့်သာ သူတို့တွေ ဘာဒဏ်ရာမှ မရဘဲ လွတ်မြောက်ခဲ့တာကိုး။
ဖုန်းဝူချန်၏ ကြောက်စရာ ကောင်းလှသော စွမ်းအားတွေက လူတိုင်း၏ စိတ်ကူးတွေးတောမှုကို နောက်တစ်ကြိမ် ကျော်လွန်သွားပြန်တော့၏။
“ကိုယ့်အပြစ်နဲ့ကိုယ်ပဲပေါ့ကွာ”
လျိုချင်းယန်က ရက်စက်စွာ ပြောလိုက်သည်။
“နန်းတော်သခင် ... သူ့ကို စကားအရှည်ကြီးပြောမနေနဲ့တော့၊ သတ်ပစ်လိုက်ပါ”
ပိုင်မိက ဒေါသတကြီးအော်ဟစ်လိုက်ရင်း စူးလီကို အပိုင်းပိုင်းအတစ်တစ် ဖြစ်အောင် သူကိုယ်တိုင် လုပ်ပစ်ချင်နေမိသည်။
“စူးလီ ... သေဖို့ပြင်ထားပေတော့”
ဖုန်းဝူချန်က ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်လေရာ သူ၏မိုးထိမတတ် ပြင်းထန်လှသော လူသတ်ချင်စိတ်နှင့် လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသည့် အရှိန်အဝါတွေကြောင့် ရွှမ်ယင်းဂိုဏ်းတစ်ခုလုံး တုန်လှုပ်သွားရတော့၏။
“ဝုန်း”
ဖုန်းဝူချန်က မြေပြင်ကို ဆောင့်နင်းလိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး ရင်ပြင်ပေါ်မှာ တွင်းကြီးတစ်ခုဖြစ်သွားကာ အုတ်ခဲကျိုးတွေ လွင့်စင်သွားတော့၏။ သူက အမည်းရောင် လျှပ်စီးတန်းတစ်ခုအလား ရှေ့သို့တစ်ဟုန်ထိုးပြေးဝင်သွားပြီး မည်သူမျှ တားဆီး၍ မရနိုင်သော ပြင်းထန်သည့် တိုက်စစ်တွေနှင့် ဝင်ရောက်တိုက်ခိုက်တော့သည်။
ဖုန်းဝူချန်၏ ပြင်းထန်လှသော လူသတ်ချင်စိတ်နှင့် အရှိန်အဝါတွေကို ခံစားလိုက်ရတာနှင့် စူးလီဟာ လုံးဝပျာယာခတ်သွားပြီး သတ္တိတွေအားလုံး ပျောက်ကွယ်သွားသည်။ သူ၏ဒဏ်ရာတွေက (၃၀) ရာခိုင်နှုန်းလောက်သာ ပြန်ကောင်းသေးတာမို့ ဖုန်းဝူချန်ကို လုံးဝ မယှဉ်နိုင်တော့ပါချေ။
သူ အစွမ်းကုန် ရှိနေလျှင်တောင် ဖုန်းဝူချန်ကို မယှဉ်နိုင်တာ အမှန်ပဲ မဟုတ်လား။
“အစ်ကိုကြီး ... အစ်ကိုကြီး”
စူးလီက ပျာယာခတ်စွာ အော်ဟစ်နေတော့သည်။
“ဂိုဏ်းချုပ် ... သတိထားပါ”
ပထမအကြီးအကဲက သူ၏ ယွမ်စွမ်းအင်အားလုံးကို စုစည်းလိုက်ပြီး သူ၏မှော်ရတနာကို ဆင့်ခေါ်ကာ စူးလီရှေ့တွင် လျှပ်တစ်ပြက်ဝင်ရောက်ကာကွယ်လိုက်၏။ ထျန်းကျီဘုံ အဆင့် (၈) ရဲ့ စွမ်းအားများ အပြည့်အဝ ပေါက်ကွဲထွက်လာတော့၏။
“အဘိုးကြီး ... ခင်ဗျားနဲ့မဆိုင်ဘူး၊ ခင်ဗျားသာ ငါ့ကိုလာတားရင် ခင်ဗျားပါ သေရလိမ့်မယ်”
ဖုန်းဝူချန်က မထုံတက်တေး အော်ဟစ်လိုက်ရင်း စူးလီကို သတ်ဖြတ်ဖို့ ခိုင်မာစွာ ဆုံးဖြတ်ထားလေသည်။
“ငါတို့ဂိုဏ်းချုပ်က မင်းလက်ထဲမှာ အသတ်ခံလိုက်ရရင် ရွှမ်ယင်းဂိုဏ်းက မြောက်ပိုင်းနက်နဲခြင်းနယ်မြေမှာ ဘယ်လိုလုပ် မျက်နှာပြနိုင်တော့မှာလဲ”
ပထမအကြီးအကဲက လုံးဝနောက်မဆုတ်ဘဲ ဖုန်းဝူချန်ကို ပြတ်သားစွာ ရင်ဆိုင်လိုက်သည်။
“မိုက်မဲလိုက်တာ”
ဖုန်းဝူချန်က ရက်စက်စွာပြောလိုက်ရင်း သူ၏လူရိပ်က လျှပ်တစ်ပြက်ရောက်ရှိလာပြီး ပထမအကြီးအကဲကို လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
“မြေကမ္ဘာအဆင့် အမြင့်ဆုံးသိုင်းကွက် ... ချင်းရွှမ်ထျန်းကန်း”
“ယွမ်စွမ်းအင် ကာကွယ်ရေးခန္ဓာ”
ပထမအကြီးအကဲက ကာကွယ်ရေးသိုင်းကွက်တစ်ခုကို အသက်သွင်းလိုက်ပြီး အလွှာနှစ်ထပ်စွမ်းအင် အကာအကွယ် တစ်ခုကို စုစည်းလိုက်၏။ ထျန်းကျီဘုံ အဆင့် (၈) ရဲ့ စွမ်းအားတွေနှင့် ပေါင်းစပ်လိုက်သည့် အခါ သူ၏ကာကွယ်မှုဟာ ကြောက်စရာ ကောင်းသော အဆင့် တစ်ခုသို့ ရောက်ရှိသွားသည်။
“ဝုန်း”
“ဂွမ်း”
“ဖူး”
ဖုန်းဝူချန်၏ လက်ဝါးရိုက်ချက်က ကျရောက်လာ၏။ လွှမ်းမိုးဖိနှိပ်နိုင်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအားတွေက ပထမအကြီးအကဲရဲ့ အလွှာနှစ်ထပ်စွမ်းအင် အကာအကွယ်ကို မျက်တောင်တစ်ခတ်အတွင်း ရိုက်ခွဲပစ်လိုက်ပြီး အကြီးအကဲကို သွေးအန်ကာ လွင့်ထွက်သွားစေတော့သည်။ ထိုရိုက်ချက်ကို သူ လုံးဝမယှဉ်နိုင်ပါချေ။
'ဒါက ဘယ်လိုစွမ်းအားမျိုးလဲ' ပထမအကြီးအကဲမှာ သူ၏ရင်တွင်း၌ အပြင်းအထန်တုန်လှုပ်သွားရ၏။
ကိုယ်တိုင်မျက်မြင်မတွေ့ရလျှင်တော့ လူငယ်တစ်ယောက်က သူ့ကို လက်ဝါးတစ်ချက်တည်းနှင့် အနိုင်ယူနိုင်သည် ဆိုတာ သူ ဘယ်တော့မှ ယုံမှာမဟုတ်ပါချေ။
“ပထမအကြီးအကဲ” စူးလီနဲ့ အခြားသူတွေဟာ လုံးဝပျာယာခတ်သွားကြပြီး ရွှမ်ယင်းဂိုဏ်းထဲမှ ထွက်ပြေးဖို့ ကြိုးစားကြတော့၏။
ရွှမ်ယင်းဂိုဏ်းရဲ့ တပည့်တွေအားလုံးဟာလည်း မှင်သက်နေကြသည်။
ဒါဟာ မြောက်ပိုင်းနက်နဲခြင်းနယ်မြေရဲ့ အင်အားကြီးဂိုဏ်းတွေထဲက တစ်ခုဖြစ်တဲ့ ရွှမ်ယင်းဂိုဏ်း တကယ်ပဲလား။
“ပထမအကြီးအကဲက ... တကယ်ပဲ လက်ဝါးတစ်ချက်တည်းနဲ့ ဒဏ်ရာရသွားတာလား”
ပြင်းထန်စွာ ဒဏ်ရာရထားသော ကျန်းရွှမ်မုက ဒဏ်ရာရနေသည့် ပထမအကြီးအကဲကို ကြောက်လန့်တကြား ကြည့်နေမိသည်။ ဖုန်းဝူချန်၏ ကြောက်စရာကောင်းမှုကို သူဆက်ပြီး မတွေးရဲတော့ပါချေ။
ပထမအကြီးအကဲက လက်ဝါးတစ်ချက်တည်းနဲ့ ရှုံးနိမ့်သွားပြီး ဂိုဏ်းချုပ်နဲ့ ဒုတိယအကြီးအကဲတို့က ကြောက်လန့်တကြား ထွက်ပြေးနေကြပြီ ... ရွှမ်ယင်းဂိုဏ်းဟာ ဘယ်တုန်းကမှ ဒီလောက်အထိ အားနည်းသွားရတာလဲ။
“ဝှစ် ဝှစ် ဝှစ်”
ယဲ့ထျန်းဝေနှင့် ယီထျန်းချင်းတို့ဟာ ချက်ချင်းပြေးထွက်သွားကြပြီး ထွက်ပြေးဖို့ကြိုးစားနေသော စူးလီတို့အဖွဲ့ကို ကြားမှ ဖြတ်တားလိုက်ကြ၏။
“မင်းတို့ ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား” ယဲ့ထျန်းဝေက မထုံတက်တေး ကဲ့ရဲ့လိုက်သည်။
စူးလီနဲ့ ဒုတိယအကြီးအကဲတို့၏ ဒဏ်ရာတွေက (၃၀) ရာခိုင်နှုန်းလောက်သာ ပျောက်သေးတာမို့ ယဲ့ထျန်းဝေတို့အဖွဲ့က သူတို့ကို လုံးဝမကြောက်ပါချေ။
“အစ်ကိုကြီး ... မြန်မြန်ထွက်လာပါတော့”
စူးလီက လုံးဝ ပျာယာခတ်သွားပြီး အသံကုန်အော်ဟစ်နေသည်။ သူ၏ရင်တွင်း၌ စိုးရိမ်ပူပန်မှုတွေက မီးဟုန်းဟုန်းတောက်နေသလိုပါပင်။
“ခင်ဗျားရဲ့ အစ်ကိုကြီး လာရင်တောင် ခင်ဗျားကို ကယ်နိုင်မှာ မဟုတ်တော့ဘူး” လျိုချင်းယန်က လှောင်ပြုံးပြုံးရင်း စူးလီတို့ရဲ့ ဘယ်ဘက်ခြမ်းကို ရောက်ရှိသွားသည်။
“မင်းတို့က တိရစ္ဆာန်ထက်တောင် ဆိုးတဲ့ကောင်တွေ၊ သေဖို့သာ ပြင်ထားကြတော့” ပေတိုယန်၊ ပိုင်မိနှင့် အခြားသူတွေဟာလည်း စူးလီတို့အဖွဲ့ရဲ့ ညာဘက်ခြမ်းကို ရောက်လာကြ၏။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ စူးလီနှင့် သူ၏အပေါင်းအပါတွေဟာ ထွက်ပြေးလမ်း လုံးဝ ပိတ်ဆို့ခံလိုက်ရတော့၏။
“ဝုန်း”
ထိုအခိုက်အတန့်မှာပင် ဖုန်းဝူချန်ဟာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး အရှိန်အဟုန်ပြင်းစွာနဲ့ အောက်သို့ ပြန်လည်ဆင်းသက်လာတော့သည်။
“ဒီလောက် လွယ်လွယ်နဲ့တော့ မရစေရဘူး”
ပြင်းထန်စွာ ဒဏ်ရာရထားသည့် ပထမအကြီးအကဲက ရွှမ်ယင်းဂိုဏ်းထဲမှ အော်ဟစ်လိုက်ရင်း သူ၏လက်တွေနှင့် လက်ဟန် ရေးဆွဲကာ မန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။ သူက သူ၏သိုင်းဝိညာဉ်စွမ်းအားတွေကို အင်းကွက်ထဲသို့ ထည့်သွင်းလိုက်သည်။
“မြေကမ္ဘာအဆင့် အင်းကွက် ... မိုးကြိုးလျှပ်စီး”
ပထမအကြီးအကဲက ဟိန်းဟောက်လိုက်ရင်း သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အင်းကွက်က အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ တိုးဝင်သွားကာ မိုးကြိုးစွမ်းအားများ ထုတ်လွှတ်လိုက်သည်။
“ရှောင်ကြစမ်း”
ယဲ့ထျန်းဝေက အော်ဟစ်လိုက်လေရာ အားလုံးက ကမန်းကတန်း နောက်သို့ ဆုတ်လိုက်ကြရ၏။
ထျန်းကျီဘုံ အဆင့် (၈) ရဲ့ ကြောက်မက်ဖွယ်စွမ်းအားက သူတို့ တောင့်ခံနိုင်တဲ့ အနေအထားကို ကျော်လွန်နေတော့သည်။
“ရှီး ရှီး”
ပြင်းထန်လှသည့် မိုးကြိုးလျှပ်စီးတန်း ရာပေါင်းများစွာဟာ တစ်ခုနှင့် တစ်ခု ရစ်ပတ်သွားပြီး မိုးကြိုးပိုက်ကွန်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားကာ စူးလီနဲ့ အခြားသူတွေကို ကာကွယ်ပေးထားလိုက်သည်။
“အဆင့် (၆) အင်းကွက်ဆရာလေးကများ ငါ့ကိုတားချင်နေတာလား”
ဖုန်းဝူချန်က မထီမဲ့မြင် ပြောလိုက်ရင်း သူ၏ ပြင်းထန်လှသည့် ဝိညာဉ်စွမ်းအားတွေကို ထုတ်လွှတ်လိုက်၏။
“ပျက်စီးစမ်း”
ဖုန်းဝူချန်က အော်ဟစ်လိုက်ပြီး သူ၏ဝိညာဉ်စွမ်းအားတွေကို စုစည်းကာ ရှေ့ကမိုးကြိုးပိုက်ကွန်ကို ရိုက်ခတ်စေလိုက်ရာ လွှမ်းမိုးဖိနှိပ်နိုင်တဲ့ ဝိညာဉ်စွမ်းအားတွေက ပိုက်ကွန်အတွင်းက စွမ်းအားတွေကို ချက်ချင်းဆိုသလို ချေဖျက်လိုက်သည်။
“ဘာ ... အဆင့် (၇) အင်းကွက်ဆရာတဲ့လား”
ပထမအကြီးအကဲရဲ့ မျက်နှာမှာ သွေးရောင်အလျဉ်း မရှိတော့ဘဲ သူ၏အိုမင်းနေသည့် မျက်လုံးတွေက အံ့ဩမှုကြောင့် ပြူးကျယ်နေတော့၏။
“အဆင့် (၇) အင်းကွက်ဆရာ ဟုတ်လား”
ပထမအကြီးအကဲရဲ့ အလန့်တကြား အော်ဟစ်သံကို ကြားလိုက်ရတာနှင့် ရွှမ်ယင်းဂိုဏ်း၏ တပည့်တွေဟာ နောက်တစ်ကြိမ် အပြင်းအထန် တုန်လှုပ်သွားကြပြန်သည်။
ဖုန်းဝူချန်က အဆင့် (၇) အင်းကွက်ဆရာဖြစ်နေပြီး သူ၏ မြေကမ္ဘာအဆင့်အင်းကွက်ကို ဒီလောက်လွယ်လွယ်လေးနှင့် ဖျက်ဆီးပစ်နိုင်ခြင်းကို ပထမအကြီးအကဲ.. လုံးဝမယုံကြည်နိုင်အောင် ဖြစ်နေရ၏။
“ဝုန်း”
“ဝီ .. ဝီ”
မိုးကြိုးပိုက်ကွန်ကို ချေဖျက်ပြီးတာနဲ့ ဖုန်းဝူချန်က လက်ဝါးတစ်ချက် ထပ်မံရိုက်ထုတ်လိုက်ရာ ကမ္ဘာတုန်မတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မိုးကြိုးပိုက်ကွန်ဟာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“ဖူး ဖူး ဖူး”
ပိုက်ကွန်ကြီး ပျက်စီးသွားတာနှင့် ကြောက်မက်ဖွယ်စွမ်းအင်တွေကြောင့် စူးလီနှင့် အခြားနှစ်ယောက်စလုံး သွေးအန်သွားကြသည်။ သူတို့ရဲ့ ဒဏ်ရာတွေက အခုမှ ပြန်ကောင်းစပြုကာရှိသေး၊ သတိလက်လွတ် ပြန်လည်ဆိုးဝါးသွားရပြန်တော့၏။
“သေပေတော့” ဖုန်းဝူချန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး မည်သည့်သနားညှာတာမှုမှမရှိဘဲ သူ၏လက်သီးကို ရက်စက်စွာထိုးနှက်လိုက်သည်။
“ရပ်လိုက်စမ်း ... ရပ်လိုက်စမ်း”
စူးလီက အလွန်အမင်းကြောက်လန့်တကြား အော်ဟစ်နေသည်။
“ဝုန်း”
“ဝီ ဝီ”
ဖုန်းဝူချန်၏ လက်သီးက မိုးချုန်းသံကဲ့သို့ ထွက်ပေါ်လာချိန်မှာပဲ အမည်းရောင်လူရိပ်တစ်ခုက ဘွားခနဲပေါ်လာပြီး ထိုလက်သီးကို သူ၏လက်သီးဖြင့်ပင် ရင်ဆိုင်လိုက်၏။
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ဖျက်ဆီးခြင်းစွမ်းအင်တွေက ဝေ့ဝဲထွက်ပေါ်လာပြီး ဟင်းလင်းပြင်တွေ ပြိုကျပျက်စီးသွားကာ ဧရာမအက်ကွဲကြောင်းကြီးတွေ ပျံ့နှံ့သွားတော့သည်။
“ခင်ဗျားတောင် သူ့ကိုကယ်လို့မရဘူး” ဖုန်းဝူချန်က မထုံတက်တေးပြောလိုက်ရင်း ရောက်လာသူကို စိုက်ကြည့်နေသည်။
“ဟင်း ...”
ရောက်လာသူက ကူကယ်ရာမဲ့စွာ သက်ပြင်းချရင်း ခေါင်းခါယမ်းလိုက်ကာ ပြောလိုက်၏။
“သူက ကျုပ်ရဲ့ ဂိုဏ်းတူညီလေး ဖြစ်နေမှတော့ ကျုပ်က ဘယ်လိုလုပ်မှာလဲ ... အစ်ကိုကြီးတစ်ယောက်အနေနဲ့ သူသေမှာကို ဒီအတိုင်းကြည့်နေလို့မရဘူးလေ”
“အပြစ်မဲ့တဲ့သူတွေကို သူက ရက်ရက်စက်စက်သတ်ခဲ့တာ
တောင်မှလား” ဖုန်းဝူချန်က မထုံတက်တေးမေးလိုက်သည်။
ထိုသူမှာ ဖန်ချင်းဖုန်းပ။
“.......”
ထိုလူက ဘာစကားမှ
ပြန်မပြောနိုင်တော့ပါချေ။
“ဒီလိုဆိုရင်တော့ ခင်ဗျားကလည်း စူးလီနဲ့ ဘာထူးမှာလဲ၊ ကြည့်ရတာ ဒီနေ့ စူးလီကိုတင်မကဘူး၊ ခင်ဗျားကိုပါ ကျုပ် သတ်ရလိမ့်မယ်”
ဖုန်းဝူချန်က အလွန်ရက်စက်ကြမ်းကြုတ်စွာ ပြောဆိုလိုက်လေရာ သူ၏ လူသတ်ချင်စိတ်များက ကောင်းကင်ယံအထိ ထိုးတက်သွားတော့၏။
---