← Chapters

အခန်း (၇၇၂-၇၇၄)

Vol. 52 Ch. 772-774

အခန်း (၇၇၂-၇၇၄)

Vol. 52 Ch. 772-774

အခန်း (၇၇၂) - လျိုချင်းယန်၏ ခွန်အား

~“ထျန်းကျီဘုံ တတိယအလွှာပါလား”

ရှေ့က လူကို ကြည့်ပြီး လျိုချင်းယန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

“သူ့နောက်ခံက မသေးဘူးပဲ၊ ဒီလူက ပါရမီရှင်တစ်ယောက်ပဲ”

ပေတိုယန်ကလည်း အံ့ဩတကြီးနှင့် ထိုလူကို အကဲခတ်နေမိ၏။

ဖုန်းဝူချန်ကတော့ ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။

'ဒီလူက ပါရမီရှင်တစ်ယောက်ဆိုတာ ငြင်းလို့မရဘူး၊ ရှုမီမြို့က မိသားစုကြီးတစ်ခုရဲ့ သခင်လေး ဖြစ်ရမယ်၊ ဒီလူက ချင်းယန်ထက် အများကြီး ပိုသန်မာတယ်'

“ရူယန် ... မင်း အဆင်ပြေရဲ့လား”

ထိုလူက စိုးရိမ်တကြီး မေးလိုက်သည်။ စောစောက တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသည့် ပြင်းထန်သော စွမ်းအားတွေက သူ့ကို ဒီဘက်ဆီ ဆွဲခေါ်လာခဲ့တာ ဖြစ်၏။

“ညီမ အဆင်ပြေပါတယ်၊ ဒါပေမဲ့ သူက ညီမရဲ့ မြင်းရထားကို ဖျက်ဆီးပစ်လိုက်ပြီ”

ရူယန်ဟု ခေါ်သော မိန်းမလှလေးက လျိုချင်းယန်ကို လက်ညှိုးထိုးပြီး ဒေါသတကြီး ပြောလိုက်သည်။ သူမ၏ လှပသော မျက်နှာလေးဟာ အတော်လေးကို ကြည့်ရဆိုးနေတော့၏။

ထိုစကားကို ကြားလိုက်ရသည့် အခါ ထိုလူ၏ မျက်ခုံးတွေ အနည်းငယ် တွန့်ချိုးသွားပြီး လျိုချင်းယန်ထံသို့ အေးစက်သော အကြည့်တွေ ပို့လွှတ်လိုက်၏။ သူ၏ မျက်ဝန်းထဲမှာ လူသတ်ချင်စိတ်တွေ ခဏတာ ဝင်းလက်သွားတော့သည်။

“ကောင်းကင်ဘုံလူသား အဆင့် (၉) တဲ့လား၊ အစွမ်းက မဆိုးပါဘူး၊ မင်းက ဘယ်သူလဲ”

ထိုလူက မထုံတက်တေး မေးလိုက်ရင်း လမ်းဘေးက ဖုန်းဝူချန်တို့အဖွဲ့ကိုလည်း တစ်ချက် လှမ်းကြည့်လိုက်သည်။

သူတို့တွေ အတူတူလာကြတာမှန်း သူ ရိပ်မိလိုက်သည်ထင်။

“ကျုပ်က ရန်လိုတဲ့စိတ် မရှိပါဘူး၊ ကျုပ်နောက်က လူတွေကိုလည်း ခင်ဗျား မြင်မှာပါ၊ ကျုပ်က သူ့ကို ဆုံးမရုံသက်သက်ပါပဲ”

လျိုချင်းယန်က လက်ဖဝါးကို ဖြန့်ပြပြီး ထိုသို့ ပြောလိုက်သည်။ သူ၏ မျက်နှာပေါ်မှာ ကြောက်ရွံ့သော အရိပ်အယောင် စိုးစဉ်းမျှ မရှိနေလေချေ။

လျိုချင်းယန်က ဘယ်သူလဲ။

သူဟာ သူ့ခန္ဓာကိုယ်ထဲမှာ ရှေးဦး ကမ္ဘာဦးခေတ် သားရဲကြီးတစ်ကောင်ကို မွေးမြူထားပြီး ရိုင်းစိုင်းတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ ပါရမီရှင် တစ်ယောက် မဟုတ်ပါလား။

“အဲ့လိုလား”

ထိုလူက မထုံတက်တေး ပြောလိုက်သည်။

“ဒါပေမဲ့ မင်း မသိတာက ဒီမြင်းရထားဟာ ကျုပ်က ရူယန်ကို ပေးထားတဲ့ တန်ဖိုးကြီး လက်ဆောင်တစ်ခုပဲ၊ အခု မင်းက ဒါကို ဖျက်ဆီးပစ်လိုက်ပြီဆိုတော့ ဘယ်လို ဖြေရှင်းမလဲ”

လျိုချင်းယန်က စောစောက စွမ်းအားတွေကြောင့် ပျက်စီးသွားတဲ့ မြင်းရထားကို တစ်ချက် ကြည့်လိုက်ပြီး ပခုံးတွန့်လိုက်၏။

“ကျုပ် ပြန်လျော်ပေးပါ့မယ်၊ မြင်းရထားတစ်စီးက ရွှေဒင်္ဂါးပြား အများကြီး မတန်ပါဘူး”

“ကျုပ်မျက်စိထဲမှာတော့ ဒါဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အရာပဲ”

ထိုလူက မထုံတက်တေး ကြေညာလိုက်သည်။ သူ၏ မျက်ဝန်းထဲက လူသတ်ချင်စိတ်တွေက ပိုမို တောက်ပလာတော့၏။

လျိုချင်းယန်ဟာ သူ့ရှေ့ကလူက ထိုမိန်းမလှလေးဘက်မဇ မားမားမတ်မတ် ရပ်တည်ပေးချင်နေပြီး နောက်ဆုတ်မည့်ပုံ မပေါ်ဟန်ကို ရိပ်မိလိုက်သည်။ ဆက်ပြောနေ၍လည်း အပိုပဲ ဖြစ်မည်ပင်။

“ဒါဆို ခင်ဗျား ဘာလုပ်ချင်လဲ”

လျိုချင်းယန်က လှောင်ပြုံးတစ်ချက်ပြုံးပြီး စိန်ခေါ်လိုက်သည်။

ညှိနှိုင်းလို့ မရတော့မှတော့၊ ယဉ်ကျေးနေဖို့ မလိုတော့ပါချေ။

“မင်းရဲ့ အသက်နဲ့ ပြန်လျော်ပေတော့”

ထိုလူက ဟိန်းဟောက်လိုက်ပြီး ထျန်းကျီဘုံ တတိယအလွှာရဲ့ စွမ်းအားများ ထုတ်ဖော်လိုက်တော့သည်။ ကြမ်းတမ်းသည့် အရှိန်အဝါတွေနှင့်အတူ

လျိုချင်းယန်ထံသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာသည်။

ထိုလူက အံ့ဩစရာကောင်းသော အမြန်နှုန်းနှင့် လှုပ်ရှားလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာပြီး သူ့လက်ဝါးဟာ လက်သည်းများပမာ ပြောင်းလဲသွားကာ လျိုချင်းယန်ကို သတ်ဖြတ်ဖို့ ရက်စက်စွာ ကုပ်ချလိုက်တော့သည်။

လျိုချင်းယန်ရဲ့ မျက်ခုံးတွေ အပြင်းအထန် တွန့်ချိုးသွား၏။

သူ ပေါ့ဆ၍ မဖြစ်ပါချေ။

သူ့ကိုယ်တွင်းက ရိုင်းစိုင်းသော စွမ်းအားတွေကို အပြည့်အဝ အသက်သွင်းလိုက်ရာ သူ၏ အရှိန်အဝါတွေက အရူးအမူး မြင့်တက်လာတော့သည်။

ခဏချင်းမှာပဲ လျိုချင်းယန်၏ အရှိန်အဝါဟာ ထျန်းကျီဘုံ ပထမအလွှာအဆင့်ကို ရောက်ရှိသွားတော့၏။

ထိုလူ အနီးကပ်လာသည့် အခိုက်အတန့်မှာပဲ လျိုချင်းယန်က လျှပ်တစ်ပြက် နေရာ ရွှေ့ပြောင်းခြင်းကို သုံးပြီး ရှောင်တိမ်းလိုက်၏။

“ဝုန်း”

“ဝီ”

ထိုလူ၏ လက်ဝါးချက်က လမ်းမကြီးကို ထိမှန်သွားပြီး ဧရာမ ကျင်းကြီးတစ်ခု ဖြစ်သွားကာ လမ်းခင်းကျောက်ပြားတွေ လွင့်စင်ကုန်တော့သည်။ လမ်းဘေးက အဆောက်အအုံတွေလည်း စတင် ပြိုကျလာတာကြောင့် ပုန်းနေသော ကျင့်ကြံသူတွေဟာ ထိတ်လန့်တကြား ထွက်ပြေးကြရလေ၏။

“မင်းရဲ့ ခွန်အားကို ထျန်းကျီဘုံ ပထမအလွှာအထိ မြှင့်တင်နိုင်တာပဲ၊ တကယ်ကို ထူးခြားတဲ့ ကောင်ပဲ”

ထိုလူက မထုံတက်တေး ပြောလိုက်ရင်း နောက်ကို လှည့်ကြည့်လိုက်ရာ လျိုချင်းယန် ရှိသည့် နေရာကို ချက်ချင်း အာရုံခံမိသွား၏။

လျိုချင်းယန်ကလည်း အလွယ်တကူ အနိုင်ကျင့်ခံမည့် သူ မဟုတ်ပါချေ။

ရိုင်းစိုင်းသော စွမ်းအားတွေကို သူ၏ လက်သီးမှာ စုစည်းလိုက်ပြီး ထိုလူထံသို့ ထိုးနှက်လိုက်ရာ လွှမ်းမိုးဖိနှိပ်နိုင်သည့် အရှိန်အဝါနှင့်အတူ လေထုကို ခွင်းဖြတ်သွားတော့သည်။

“ထွက်သွားစမ်း”

ထိုလူက ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ကြောက်စရာကောင်းသည့် ချီစွမ်းအားတွေ ပေါက်ကွဲထွက်လာပြီး လျိုချင်းယန်ကို နောက်သို့ လွင့်ထွက်သွားစေတော့၏။

အခွင့်အရေးကို အမိအရဖမ်းဆွဲပြီး ထိုလူက နောက်တစ်ကြိမ် အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်လာပြန်သည်။ သူ၏ အမြန်နှုန်းက ယခင်ကထက်ပင် ပိုမို မြန်ဆန်နေတော့၏။

သို့သော် ထိုလူကို အမျက်ထွက်စေတာကတော့ သူ ဘယ်လောက်ပဲ မြန်ပါစေ၊ တိုက်ခိုက်မယ့် အခိုက်အတန့်တိုင်းမှာ လျိုချင်းယန်ရဲ့ ကိုယ်ဟန်က လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခြင်းပင် ဖြစ်ပါ၏။

“ငါ ဒီမှာဟေ့”

လျိုချင်းယန်က လူရိပ်ပြလိုက်၊ ပျောက်ကွယ်သွားလိုက် လုပ်နေပြီး မြင်းရထားရှေ့မှာ ပြန်ပေါ်လာသည်။ သူ၏ နှုတ်ခမ်းထောင့်မှာလည်း လျှို့ဝှက်တဲ့ လှောင်ပြုံးတစ်ခု ရှိနေ၏။

“ထွက်ပြေးတဲ့နေရာမှာတော့ မဆိုးဘူးပဲ”

ထိုလူက မျက်လုံးကို အနည်းငယ် မှေးလိုက်ပြီး အဆိပ်ပြင်းတဲ့ လေသံနဲ့ ပြောလိုက်သည်။ သူ၏ မျက်နှာကလည်း ပိုမို အေးစက်လာတော့၏။

ထိုလူက နောက်တစ်ကြိမ် တိုက်ခိုက်လာပြန်သည်။ သူ အနားမရောက်ခင်မှာပင်၊ ဟင်းလင်းပြင်ကို ဖြတ်ပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။

“ဒါက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာကြီးပဲလေ”

လျိုချင်းယန်က ခပ်အေးအေး လှောင်ပြုံးပြပြီး ရုတ်တရက် ပျောက်ကွယ်သွားပြန်၏။

“မကောင်းတော့ဘူး”

ထိုလူရဲ့ မျက်နှာ ဖြူဖျော့သွားသော်လည်း ထုတ်လိုက်သည့် စွမ်းအားတွေကို ပြန်ရုပ်သိမ်းဖို့ အချိန်မရတော့ပါချေ။

“ဝုန်း”

ကြောက်စရာကောင်းသည့် လက်ဝါးရိပ်ကြီးက မြင်းရထားကို မျက်တောင်တစ်ခတ်အတွင်း အပိုင်းပိုင်းအစစ ဖြစ်သွားစေတော့သည်။ ခန့်ညားလှသည့် မြင်းကြီးလည်း လွင့်စင်ထွက်သွားရှာ၏။

“ငါ့ရဲ့ မြင်းရထား”

သူမ အမြတ်တနိုး ထားရသော မြင်းရထား အပိုင်းပိုင်းဖြစ်သွားတာကို မြင်လိုက်ရသည့် အခါ မိန်းမလှလေးရဲ့ မျက်နှာက သိသိသာသာ ပြောင်းလဲသွားတော့၏။

ဒေါသတွေက ကောင်းကင်ထိ ထိုးတက်သွားပြီး သူမရဲ့ နှလုံးသားထဲမှာ ရူးသွပ်မှုတွေ ပြည့်နှက်လာကာ ရက်စက်လှတဲ့ လူသတ်ချင်စိတ်တွေ ပေါက်ကွဲထွက်လာတော့၏။ သူမက ရင်ကွဲမတတ် ဟိန်းဟောက်လိုက်သည်။

“အစ်ကိုကြီး တုန်းဖန်း ... သူ့ကို သတ်ပစ်လိုက်ပါ”

“ခွေးမသား ... မင်း တကယ် သေချင်နေပြီပဲ”

ထိုလူဟာ အလွန်အမင်း ဒေါသထွက်သွားပြီး အံကို ကြိတ်ကာ ကျိန်ဆဲလိုက်သည်။ သူ၏ မျက်နှာက ရက်စက်ကြမ်းကြုတ်စွာ ရှုံ့မဲ့နေပြီး အေးစက်လှသည့် လူသတ်ချင်စိတ်တွေက လေပြင်းမုန်တိုင်းလို ဝေ့ဝဲလာတော့၏။

“ဒါက ခင်ဗျားကိုယ်တိုင် လုပ်တာလေ၊ ကျုပ်နဲ့ ဘာမှမဆိုင်ဘူး”

လျိုချင်းယန်က ပခုံးတွန့်ကာ မဲ့ပြုံး ပြုံးလိုက်ပြီး သူ၏ ကိုယ်ဟန်က ရှုမီမြို့တော်အထက် ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။

“အ‌ဟေးဟေး၊ ချင်းယန်ကတော့ တကယ့်ကို ကောက်ကျစ်တာပဲ”

ယဲ့ထျန်းဝေက ရယ်လိုက်သည်။

“တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာကြီးက ဒီလိုပဲ ပျက်စီးသွားပြီဆိုတော့ ဒီလူတော့ ဒေါသထွက်ပြီး ရူးသွားတော့မှာပဲ”

ယီထျန်းချင်းကလည်း တစ်ဖက်လူရဲ့ အဖြစ်ကို ကြည့်ပြီး ပြုံးစစနှင့် ပြောလိုက်၏။

ပေတိုယန်ကတော့ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး...

“ချင်းယန်က အဲဒီလူကို သွားဆွနေတာကတော့ သတင်းကောင်း မဟုတ်ဘူးဗျ”

တိုက်ပွဲက အခုမှ စတာဖြစ်သော်လည်း ကြောက်စရာကောင်းသည့် စွမ်းအားတွေကြောင့် ရှုမီမြို့တော်က ပညာရှင်များစွာ သတိထားမိသွားကြပြီး လူအများအပြား လာရောက်ကြည့်ရှုနေကြပြီတည်း။

“ဒါက ဘယ်လို ဒေါသကြီးတဲ့လူလဲ၊ သခင်လေးတုန်းဖန်းကို ဒီလောက်အထိ ဒေါသထွက်အောင် ဘယ်သူကများ လုပ်ရဲတာလဲ”

“ကြောက်စရာကောင်းလိုက်တဲ့ လူသတ်ချင်စိတ်တွေပဲ”

“ဒီလူငယ်က အသက်ရှင်ရတာ ငြီးငွေ့နေပြီလား၊ သခင်လေးတုန်းဖန်းကိုတောင် စော်ကားရဲတယ်ပေါ့လေ”

“ကောင်းကင်ဘုံလူသား အဆင့် (၉) ဖြစ်ပေမဲ့ ထျန်းကျီဘုံရဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတယ်၊ ပြီးတော့ သူ့ စွမ်းအားက အလွန်ကြမ်းတမ်းပြီး ယွမ်စွမ်းအင်ထက် ပိုပြီး သန့်စင်နေတယ်၊ ဒါက သာမန်တော့ မဟုတ်ဘူး၊ ဒီလူငယ်ကို လျှော့တွက်လို့ မရဘူးဗျ”

ပညာရှင်များစွာ လာရောက် စောင့်ကြည့်နေကြပြီး သူတို့ကြားမှာ ဝေဖန်ဆွေးနွေးသံတွေ ဆူညံနေတော့သည်။

“ဝုန်း”

ဒေါသထွက်နေသော သခင်လေးတုန်းဖန်းက ကောင်းကင်က လျိုချင်းယန်ကို စိုက်ကြည့်လိုက်ပြီး မြေပြင်ကို ဆောင့်နင်းလိုက်ရာ မိုးချုန်းသံကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သူ၏ ကိုယ်ဟန်က အစိမ်းရောင် လျှပ်စီးတန်းတစ်ခုအလား ပြောင်းလဲသွားတော့၏။

“သောက်ကလေး..သတ္တိရှိရင် မပြေးနဲ့”

သခင်လေးတုန်းဖန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ငါ မပြေးပါဘူးကွ”

လျိုချင်းယန်က မထုံတက်တေး ပြောလိုက်ပြီး သူ၏ လက်နှစ်ဖက်ကို ပူးလိုက်ကာ ဘေးတစ်ဘက်စီသို့ ဆွဲဖြန့်လိုက်သည့် အခါ ဟင်းလင်းပြင်ထဲမှ ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။ ၎င်း၏ ကြောက်စရာကောင်းလှသည့် အရှိန်အဝါက နိုးထလာသော သားရဲကြီးတစ်ကောင်လို ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားတော့၏။

ထိုအခိုက်အတန့်မှာပင် လျိုချင်းယန်၏ အရှိန်အဝါဟာ ထပ်မံ မြင့်တက်လာပြန်သည်။

“အင်မော်တယ်ဓား”

သခင်လေးတုန်းဖန်း၏ မျက်နှာ တောင့်တင်းသွားပြီး ပြေးဝင်နေသော ကိုယ်ဟန်က အလိုလို ရပ်တန့်သွား၏။

“အဆင့် (၇) သွန်းလုပ်ခြင်းပါလား၊ အဲဒါက အဆင့်မြင့် အင်မော်တယ်ဓားပဲ”

“ဒီလူငယ်မှာ တကယ်ပဲ အင်မော်တယ်ဓား ရှိနေတာလား”

စောင့်ကြည့်နေကြသည့် ပညာရှင်များစွာဟာ လျိုချင်းယန် ထုတ်လိုက်သော အဆင့်မြင့် အင်မော်တယ်ဓားကြောင့် အံ့ဩသွားကြပြီး မအော်ဟစ်ဘဲ မနေနိုင်တော့ပါချေ။

“သတ်ဖြတ်ခြင်း အင်မော်တယ်ဓားပဲ၊ ဒါကို ကိုးပါး တာအိုအရှင်က အစ်ကိုဖုန်းကို ပေးခဲ့တာ၊ ပြီးတော့မှ ငါ့ကို ထပ်ပေးတာလေ၊ အခုထိ တစ်ခါမှ မသုံးရသေးဘူး၊ ဒီနေ့ မင်းကတော့ ဒီဓားနဲ့ အခုတ်ခံရမယ့် ပထမဆုံးလူပဲ”

လျိုချင်းယန်က မထုံတက်တေး ပြောလိုက်ရင်း သူ၏ မျက်နှာက ရက်စက်ကြမ်းကြုတ်သည့် အသွင်သို့ ကူးပြောင်းသွား၏။

သတ်ဖြတ်ခြင်း အင်မော်တယ်ဓား ထွက်ပေါ်လာသည်နှင့်အမျှ လျိုချင်းယန်၏ အရှိန်အဝါသည် ထျန်းကျီဘုံ ဒုတိယအလွှာသို့ တစ်ဟုန်ထိုး တက်သွားသည်။

“ဒါ ..မဖြစ်နိုင်ဘူး၊ ကောင်းကင်ဘုံလူသား အဆင့် (၉) က ဘယ်လိုဖြစ်လို့ ထျန်းကျီဘုံ ဒုတိယအလွှာရဲ့ စွမ်းအားကို ပိုင်ဆိုင်နိုင်ရတာလဲ”

သခင်လေးတုန်းဖန်းရဲ့ မျက်နှာမှာ အံ့ဩမှုနှင့် မယုံကြည်နိုင်မှုတွေ ပြည့်နှက်နေတော့သည်။

“ဝီ ... ဝီ ...”

ရှေးဦး ကမ္ဘာဦးခေတ်ရဲ့ ကြမ်းတမ်းသည့် စွမ်းအားတွေက သတ်ဖြတ်ခြင်း အင်မော်တယ်ဓားအတွင်းသို့ စီးဝင်သွားလေ၏။ အလွန်တရာ ပြင်းထန်လှသော ဓားဆန္ဒတွေ ကောင်းကင်ယံအထိ ထိုးတက်သွားကာ ဓားအလင်းတန်း၏ ဖျက်ဆီးခြင်းစွမ်းအားက ဝိညာဉ်ကိုပင် ဖမ်းစားထားသကဲ့သို့ ရှိနေတော့သည်။

“ယန်ယန် လျန်ယီ ဓားသိုင်း ... ယန်ယန် နတ်ဘုရားဓား”

လျိုချင်းယန်က ပြင်းထန်စွာ ဟိန်းဟောက်လိုက်ရာ သူ၏ ဓားမှ တောက်ပသည့် အပြာရောင်အလင်းတန်းတွေ ဝင်းလက်သွားပြီး မဆိုင်းမတွ.. ခုတ်ချလိုက်တော့၏။

၎င်း၏ အရှိန်အဝါမှာ ကြီးစိုးပြီး အရာအားလုံးကို ဝါးမြိုပစ်တော့မည့်အလားပင်။

---

အခန်း (၇၇၃) - ဖုန်းဝူချန် လှုပ်ရှားခြင်း

~“ဝှစ်”

“ဝီ ... ဝီ ...”

ပေထောင်ချီ ကျယ်ဝန်းလှသော ဧရာမ ဓားအလင်းတန်းကြီးသည် ကောင်းကင်နှင့် မြေကြီးကို အမှုန့်ပြုတော့မည့် အရှိန်အဟုန်ဖြင့် တုန်းဖန်းသခင်လေးထံသို့ ပြေးဝင်သွား၏။ ထိုစဉ် ထွက်ပေါ်လာသော နားကွဲမတတ် ပြင်းထန်လှသည့် ပေါက်ကွဲသံကြီးကြောင့် ရှုမီမြို့တော်အတွင်းရှိ ကျင့်ကြံသူများစွာ၏ နားစည်များပင် နာကျင်သွားရတော့၏။

ထို အပြာရောင် ဓားအလင်းတန်း၏ ခြောက်ခြားဖွယ်ရာ အငွေ့အသက်က လူတိုင်း၏ နှလုံးသားကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ ထိုအခိုက်အတန့်တွင် စောင့်ကြည့်နေကြသော ပညာရှင်များအားလုံးမှာ အသက်ရှူပင် ရပ်တန့်သွားကြရလေ၏။

တုန်းဖန်းသခင်လေး၏ မျက်နှာမှာလည်း လေးနက်တည်ကြည်သွားရသည်။ လျိုချင်းယန်သည် အဆင့်မြင့် အင်မော်တယ်လက်နက်ကို ဆင့်ခေါ်လိုက်ပြီး ၎င်း၏ အရှိန်အဝါမှာ ထျန်းကျီဘုံ ဒုတိယအလွှာအထိ ရောက်ရှိသွားရာ ဤစွမ်းအားကို လျှော့တွက်၍ မဖြစ်ကြောင်း သူ ကောင်းစွာ သိရှိလိုက်၏။

“သူက ဘယ်လိုဖြစ်လို့ ဒီလောက် ခွန်အားမျိုးကို ပိုင်ဆိုင်ထားရတာလဲ”

ဝတ်စုံနီနှင့် မိန်းမလှလေးမှာလည်း လျိုချင်းယန်၏ အစွမ်းကို မြင်ကာ မယုံကြည်နိုင်လောက်အောင် မှင်သက်နေရသည်။

“ချင်းယန်ကတော့ကွာ ... သူ့ရဲ့ စွမ်းအားတွေက ငါ့ကိုတောင် ကျော်တက်တော့မယ့် ပုံပဲ၊ ရိုင်းစိုင်းတဲ့ စွမ်းအားက တကယ်ကို ကြောက်စရာကောင်းတာပဲဗျာ”

ယဲ့ထျန်းဝေက သူ၏ ရင်တွင်းမှ အားကျစိတ်ကို မနည်းထိန်းကာ ပြောလိုက်သည်။

“ချင်းယန်သာ ထျန်းကျီဘုံ ပထမအလွှာကို ချိုးဖြတ်နိုင်မယ်ဆိုရင် ဒီလူကို ကိုင်တွယ်ဖို့က အေးဆေးပါပဲ၊ ဒါပေမဲ့ အခု လောလောဆယ်တော့ နည်းနည်းလေး လိုနေသေးတယ်လို့ ပြောရမှာပဲ”

ကျန်းကျွင့်လန်က ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်၏။

ဖုန်းဝူချန်ကတော့ ဘာမှမပြောဘဲ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ တုန်းဖန်းသခင်လေးသည် တုန်းဖန်းမိသားစု၏ သခင်လေး ဖြစ်သည့်အားလျော်စွာ မြောက်ဘက် ဆန်းကြယ် နယ်မြေ၏ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်ပြီး သူ၏ ခွန်အားမှာလည်း အမှန်တကယ်ပင် ကြီးမားလှသည်။

“ဝီ ... ဝီ ...”

တုန်းဖန်းသခင်လေးသည် သူ၏ ယွမ်စွမ်းအင်များကို အစွမ်းကုန် လှုံ့ဆော်လိုက်ရာ တလက်လက် တောက်ပနေသော အပြာရောင် အလင်းတန်းများ ပေါ်ထွက်လာပြီး ပိုမို တောက်ပလာသည်။ ထိုအခါ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါတစ်ခုမှာ ဒေါသထွက်နေသော ရေကြီးမှုကြီး တစ်ခုပမာ ပေါက်ကွဲထွက်လာတော့၏။ သူက သူ၏ ညာဘက်လက်ညှိုးကို နဖူးတွင် တင်လိုက်ပြီး စွမ်းအားများကို အရူးအမူး စုစည်းလိုက်သည်။

“မြေကမ္ဘာအဆင့် အမြင့်ဆုံး သိုင်းကွက် ... ကောင်းကင်တိုင်လုံး”

တုန်းဖန်းသခင်လေးက ပြင်းထန်စွာ ဟိန်းဟောက်လိုက်ရာ သူ၏ အရှိန်အဝါများမှာ နောက်တစ်ကြိမ် ထပ်မံ မြင့်တက်လာပြန်၏။ သူက ကောင်းကင်ယံသို့ ပြတ်သားစွာ လက်ညှိုးညွှန်လိုက်သည့်အခါ အပြာရောင် စွမ်းအင်တိုင်လုံးကြီး တစ်ခုမှာ ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းတော့မည့်အလား ဖွဲ့တည်လာသည်။ ထိုခမ်းနားလှသော အပြာရောင် စွမ်းအင်များကြောင့် ကမ္ဘာမြေကြီးပင် တုန်လှုပ်သွားရပြီး ဟင်းလင်းပြင်ထဲတွင်လည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်လာတော့၏။

“ဝုန်း ... ဝုန်း ... ဝုန်း ...”

“ဖူး ... ဖူး ...”

သန်မာသော စွမ်းအားနှစ်ခုသည် အပြင်းအထန် ရိုက်ခတ်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီးမှာ ရှုမီမြို့တော် တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေတော့၏။ ခြောက်ခြားဖွယ်ရာ စွမ်းအင်လှိုင်းများမှာ အရာအားလုံးကို ရိုက်ခတ်သွားလေရာ လျိုချင်းယန်နှင့် တုန်းဖန်းသခင်လေးတို့ နှစ်ယောက်စလုံး သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားကြရသည်။ နှစ်ယောက်စလုံးမှာ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် အမည်းရောင် မျဉ်းတန်းများအလား နောက်သို့ လွင့်စင်သွားကြခြင်းတည်း။

“အားပြင်းလိုက်တာဟာ”

လျိုချင်းယန်မှာ သူ၏ အစွမ်းကုန် ထုတ်သုံးခဲ့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားသဖြင့် အပြင်းအထန် တုန်လှုပ်သွားရသည်။

'ဒီလူက ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်တာလား'

တုန်းဖန်းသခင်လေးမှာလည်း အနည်းငယ် ဒဏ်ရာရသွားသဖြင့် အံ့အားသင့်သွားရသည်။

“အစ်ကိုကြီး တုန်းဖန်း”

ဝတ်စုံနီနှင့် မိန်းမလှလေးက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ စောင့်ကြည့်နေကြသော ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင်လည်း အံ့ဩမှုများ ပြည့်နှက်နေ၏။

“မဖြစ်နိုင်တာ ... တုန်းဖန်းသခင်လေးက အဲဒီကောင်လေးရဲ့ လက်ချက်နဲ့ ဒဏ်ရာရသွားတာလား”

“ကောင်းကင်ဘုံလူသား အဆင့် (၉) က အဆင့်တွေကို ကျော်ဖြတ်ပြီး တုန်းဖန်းသခင်လေးကို ဒဏ်ရာရအောင် လုပ်နိုင်တယ် ဟုတ်လား ... ဒါက ငါ့ရဲ့ စိတ်ကူးယဉ်မှုများလား”

“ဒါ ... ဒါကတော့ မဖြစ်နိုင်ဘူးဗျာ ... အရမ်းသန်မာလွန်းတယ်၊ ငါလည်း ကောင်းကင်ဘုံလူသား အဆင့် (၉) ပဲ၊ ငါကကျတော့ ဘာလို့ ဒီလိုစွမ်းအားမျိုး မရှိတာလဲ”

ကြည့်နေကြသူများမှာ လျိုချင်းယန် ပြသလိုက်သော စွမ်းအားကြောင့် လွန်စွာ ထိတ်လန့်တုန်လှုပ်နေကြပြီး မယုံကြည်နိုင်အောင် ဖြစ်နေကြရသည်။

ထိုစဉ်၊ လျိုချင်းယန်သည် သူ၏ နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်ပြီးနောက် သူ၏ ဖြူရော်နေသော မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်ထွက်လာသည်။ ဒါက သူသည် အလွယ်တကူ အနိုင်ကျင့်ခံရမည့်သူ မဟုတ်ကြောင်း ဖော်ပြနေသကဲ့သို့ပင်။

တုန်းဖန်းသခင်လေးသည် သူ၏ လက်မဖြင့် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီးနောက် မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကြုတ်လိုက်သည်။ သွေးစများကို မြင်တွေ့လိုက်ရခြင်းက သူ့ကို ပိုမို ဒေါသထွက်သွားစေပုံ ရပြီး သူ၏ လူသတ်ချင်စိတ် အရှိန်အဝါများမှာလည်း နောက်တစ်ဖန် မြင့်တက်လာပြန်၏။ ရှုမီမြို့တော်၏ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်သလို တုန်းဖန်းမိသားစု၏ သခင်လေး ဖြစ်သော သူသည် မိမိထက် အဆင့်နိမ့်သော သူတစ်ဦး၏ လက်ချက်ဖြင့် ဒဏ်ရာရသွားခြင်းမှာ အကြီးမားဆုံးသော အရှက်တရားပင် ဖြစ်သည်။

“ခွင့်မလွှတ်နိုင်ဘူး”

တုန်းဖန်းသခင်လေးမှာ အံကို ကြိတ်ကာ ကြုံးဝါးလိုက်သည်။ သူ၏ လူသတ်ချင်စိတ်မှာ ပိုမို ပြင်းထန်လာပြီး လျိုချင်းယန်ကို အဆိပ်ပြင်းသော မြွေတစ်ကောင်ပမာ စူးစိုက်ကြည့်နေတော့၏။

“တုန်းဖန်းသခင်လေးတော့ ဒေါသပေါက်ကွဲပြီဟေ့”

“အဲဒီကောင်လေးတော့ သေပြီပဲ၊ တုန်းဖန်းမိသားစုဆိုတာ ဒီတစ်ဝိုက်မှာ အတော်လေး အစွမ်းထက်တဲ့ မိသားစုကြီးကွ၊ ဘယ်သူမှ သူတို့ကို မတားရဲကြဘူး”

“ကောင်းကင်နဲ့ မြေကြီးရဲ့ အနက်အမြင့်ကို မသိတဲ့ကောင် ... အစွမ်းလေး နည်းနည်းရှိတာနဲ့ပဲ ဒီလောကမှာ ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာလား”

စောင့်ကြည့်နေကြသူများသည် လျိုချင်းယန်၏ အစွမ်းကို အံ့ဩနေကြသော်လည်း တုန်းဖန်းသခင်လေးကို ပြစ်မှားခဲ့မိသော လျိုချင်းယန်၏ ကံဆိုးမည့် အခြေအနေကို ကြည့်ကာ ဝမ်းသာနေကြသည်။ တကယ်ကိုပင် လူ့စိတ်ထားဆိုသည်မှာ နက်နဲလွန်းလှပေ၏။

“ဝုန်း”

တုန်းဖန်းသခင်လေးသည် ဟင်းလင်းပြင်ကို ပြင်းထန်စွာ နင်းလိုက်ရာ ကျယ်လောင်သော မြည်ဟိန်းသံကြီး ထွက်ပေါ်လာပြီး သူ၏ ကိုယ်ဟန်က အစိမ်းရောင် လျှပ်စီးတန်းတစ်ခုအလား လျိုချင်းယန်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွား၏။ သူသည် လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါကြီးနှင့်အတူ ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင်ပမာ ရှိနေတော့သည်။ တုန်းဖန်းသခင်လေး၏ အမြန်နှုန်းမှာ အလွန်တရာ ကြောက်စရာကောင်းလှပေရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် လျိုချင်းယန်၏ ရှေ့သို့ ရောက်ရှိသွား၏။

“သေစမ်း”

တုန်းဖန်းသခင်လေးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ သန်မာသော စွမ်းအားများ ပါဝင်သော လက်သီးဖြင့် လျိုချင်းယန်အား ရက်စက်စွာ ထိုးနှက်လိုက်တော့သည်။

“ဝှစ်”

“ဝုန်း”

တုန်းဖန်းသခင်လေး တိုက်ခိုက်လိုက်သည့် အခိုက်အတန့်မှာပင် ဖုန်းဝူချန် လှုပ်ရှားလိုက်တော့၏။ သူ၏ ကိုယ်ဟန်မှာ လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာပြီး ကျယ်လောင်သော အသံနှင့်အတူ တုန်းဖန်းသခင်လေး၏ လက်သီးကို အမိအရ ဖမ်းဆွဲထားလိုက်သည်။ ထို့နောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုလက်သီးမှ စွမ်းအားအားလုံးကို ချေဖျက်ပစ်လိုက်ရာ စွမ်းအင်လှိုင်းလေး တစ်ခုမျှပင် ဂယက်ထသွားခြင်း မရှိပါချေ။

“ဘာ ...”

တုန်းဖန်းသခင်လေး၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ဖုန်းဝူချန်ကို အလွန်အမင်း အံ့အားသင့်စွာ စိုက်ကြည့်နေမိတော့၏။ ဖုန်းဝူချန် မည်သည့်အချိန်တွင် ရောက်လာသည်ကို သူ လုံးဝ သတိထားမိခဲ့ပါချေ။ တုန်းဖန်းသခင်လေးသည် မိမိထက်ပင် အသက်ငယ်ပုံရသော ဤလူငယ်လေးက သည်လောက် ပြင်းထန်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်ကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။ သူ ပိုမို ထိတ်လန့်သွားရသည်မှာ ဖုန်းဝူချန်၏ ကျင့်ကြံခြင်း အဆင့်အတန်းကို သူ လုံးဝ အကဲခတ်၍ မရခြင်းပင် ဖြစ်ပါ၏။

ဖုန်းဝူချန် ပေါ်ထွက်လာပြီး တုန်းဖန်းသခင်လေး၏ စွမ်းအားကို အေးဆေးသက်သာစွာ ချေဖျက်ပြလိုက်မှုကြောင့် စောင့်ကြည့်နေကြသော ကျင့်ကြံသူများမှာလည်း ချက်ချင်း တိတ်ဆိတ်သွားကြတော့သည်။

သန်မာလိုက်တာ ... တုန်းဖန်းသခင်လေးထက်တောင် ပိုပြီး အစွမ်းထက်တဲ့ ဖြစ်တည်မှုပါလား။

ဖုန်းဝူချန်က သူ၏ လက်ကို ဖြည်းညင်းစွာ လွှတ်ပေးလိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်၏။

“ဒါက သေးငယ်တဲ့ ကိစ္စလေးတစ်ခုပါ၊ အဲဒီအတွက်နဲ့ လူသတ်ဖို့အထိ လိုအပ်လို့လား ခင်ဗျာ”

ထိုစကားကို ကြားသောအခါ တုန်းဖန်းသခင်လေးက မျက်နှာပျက်ပျက်ဖြင့် ...

“မင်းရဲ့ စေ့စပ်ထားတဲ့သူကို ပေးမယ့် လက်ဆောင်သာ ဖြစ်နေမယ်ဆိုရင်ရော မင်းက အခုလိုပဲ ခံစားရမှာလား”

“လက်ဆောင်ဆိုတာ စိတ်စေတနာရဲ့ ပြယုဂ်တစ်ခုသာပါ၊ ပျက်စီးသွားတဲ့ မြင်းရထားကိုတော့ နောက်တစ်စီး ပြန်ဝယ်လို့ ရတာပဲလေ၊ နောက်ပြီး ကျုပ်သူငယ်ချင်းက သူ့ကို မြို့ထဲမှာ ရမ်းကားမနေအောင် တားလိုက်ရုံတင်ပါ၊ ဒါက စေတနာနဲ့ လုပ်ခဲ့တာလေ၊ တကယ်လို့ သူက တစ်ယောက်ယောက်ကို ဒဏ်ရာရအောင် လုပ်မိခဲ့ရင်ရော သူ.. တာဝန်မယူသင့်ဘူးလား”

ဖုန်းဝူချန်က အေးအေးလူလူပင် ပြန်လည် ချေပလိုက်သည်။

“ဒါ မင်းအလုပ် မဟုတ်ဘူး၊ ဖယ်စမ်း”

တုန်းဖန်းသခင်လေးက မထုံတက်တေး အော်ဟစ်လိုက်သည်။ ဖုန်းဝူချန် ဝင်ရောက် စွက်ဖက်သော်လည်း လျိုချင်းယန်ကို သတ်ချင်သော သူ၏ ဆန္ဒမှာ မလျော့ပါးသွားချေ။

“ဒါဆိုလည်း ကြည့်ကြသေးတာပေါ့”

ဖုန်းဝူချန်က မထုံတက်တေး ပြောလိုက်သည်။

ညှိနှိုင်း၍ မရမှတော့ သူလည်း အင်အားသုံး ဖြေရှင်းရန် အသင့်ဖြစ်နေပြီ မဟုတ်ပါလော။

“မင်း တကယ် သေချင်နေပြီပဲ”

တုန်းဖန်းသခင်လေး၏ အသံမှာ အက်ကွဲနေပြီး လက်ဝါးဖြင့် ရိုက်ချရန် ပြင်လိုက်သည်။

“ဝုန်း”

“ဖူး”

သို့ဖြစ်သော်ငြားလည်း ဖုန်းဝူချန်၏ အမြန်နှုန်းမှာ ပိုမို ကြောက်စရာကောင်းလှ၏။

ကျယ်လောင်သော အသံနှင့်အတူ တုန်းဖန်းသခင်လေးမှာ ဘာတွေ ဖြစ်ကုန်မှန်းပင် ရှင်းလင်းစွာ မမြင်လိုက်ရဘဲ သွေးအန်ကာ နောက်သို့ လွင့်ထွက်သွားရတော့သည်။

'သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်တောင်လဲ ... သူ့ရဲ့ လှုပ်ရှားမှုကို ငါ ဘာလို့ မမြင်ရတာလဲ'

တုန်းဖန်းသခင်လေးမှာ အပြင်းအထန် တုန်လှုပ်သွားပြီး၊ ရင်တွင်း၌ ကြောက်ရွံ့မှုများ ပြည့်နှက်သွားတော့၏။

“ဟယ် ...”

စောင့်ကြည့်နေကြသော ကျင့်ကြံသူများစွာမှာလည်း ထိတ်လန့်တကြား အသက်ရှူမှားသွားကြပြီး သူတို့၏ မျက်လုံးများမှာလည်း ပြူးကျယ်ကုန်ကြတော့သည်။

“ဒါက အရမ်း ကြောက်စရာကောင်းလွန်းတာ မဟုတ်ဘူးလား”

“သူ ဘယ်လို တိုက်ခိုက်လိုက်လဲဆိုတာ လုံးဝ မမြင်လိုက်ရဘူးဗျာ၊ တုန်းဖန်းသခင်လေးတောင် မြင်လိုက်တဲ့ပုံ မပေါ်ဘူး”

“သန်မာလိုက်တာ ... ငါတော့ လုံးဝ မယုံနိုင်ဘူးဗျာ”

ရှုမီမြို့တော်မှ ကျင့်ကြံသူများမှာ ချက်ချင်းဆိုသလို စိတ်လှုပ်ရှားစွာဖြင့် ဆူညံသွားကြသည်။

တုန်းဖန်းသခင်လေး၏ စွမ်းအားမှာ ဤအနီးတစ်ဝိုက်ရှိ ရွယ်တူများထဲတွင် ပြိုင်ဘက်ကင်း မဟုတ်ပါလော။ ဖုန်းဝူချန်မှာ တုန်းဖန်းသခင်လေးထက်ပင် အသက် (၁) နှစ် (၂) နှစ်ခန့် ပိုငယ်ပုံရသော်လည်း သူ၏ စွမ်းအားမှာကား ပိုမို ကြောက်စရာကောင်းနေသည်မှာ ငြင်းမရပါချေ။

“ခင်ဗျား.. ကျုပ်ကို မယှဉ်နိုင်ပါဘူး၊ ပြီးတော့ တို့တွေကြားမှာလည်း ဘာရန်ငြိုးမှ မရှိဘူးပဲ၊ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြရင် မကောင်းဘူးလား”

ဖုန်းဝူချန်က အသာအယာ ခေါင်းယမ်းရင်း ပြောလိုက်သည်။

တုန်းဖန်းသခင်လေးကတော့ ဒေါသတကြီးဖြင့် အံကို ကြိတ်ကာ အော်ဟစ်လိုက်သည်။

“အိပ်မက်တောင် မမက်နဲ့”

---

အခန်း (၇၇၄) - တစ်မြို့လုံးကို တုန်လှုပ်စေခြင်း

~လျိုချင်းယန်၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရရုံသာမက ဖုန်းဝူချန်၏ လက်ဝါးချက်ဖြင့်ပါ ဒဏ်ရာ ရရှိခဲ့ပြီးနောက် တုန်းဖန်းသခင်လေးသည် ဤကိစ္စကို အေးအေးဆေးဆေး လက်လွှတ်ရန် မည်သို့ ရှိပါမည်နည်း။

တုန်းဖန်းသခင်လေး၏ နောက်ကွယ်တွင် အလွန်တရာ အစွမ်းထက်လှသော တုန်းဖန်း မိသားစု တစ်ခုလုံး ရှိနေသည် မဟုတ်ပါလော။

သူသည် ဖုန်းဝူချန်ကို မယှဉ်နိုင်သော်ငြားလည်း သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ခြင်း အလျဉ်း မရှိပါချေ။ တုန်းဖန်းသခင်လေးသည် ဖုန်းဝူချန်ကို ရက်စက်စွာ စိုက်ကြည့်နေပြီး သူ၏ နီရဲနေသော မျက်ဝန်းများမှာ ဒေါသနှင့် လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေတော့၏။

သူ၏ မျက်နှာထားကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူများမှာ သူ့ကို တည့်တည့်ပင် မကြည့်ဝံ့ကြချေ။

“မင်းက လက်မလျှော့ချင်ဘူးဆိုလည်း ထားလိုက်ပါတော့၊ ဒါပေမဲ့ နောင်တမရဖို့တော့ သတိထားပေါ့”

ဖုန်းဝူချန်က တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏ စကားလုံးများထဲတွင် ခြိမ်းခြောက်မှု အရိပ်အယောင်များ ပါဝင်နေသည်။

“နောင်တရမယ့်သူက မင်းတို့တွေ ဖြစ်မှာပါ”

တုန်းဖန်းသခင်လေးက အံကို ကြိတ်ကာ ပြန်လည် ဟိန်းဟောက်လိုက်ပြီး တုန်းဖန်းမိသားစုထံသို့ ချက်ချင်း သတင်းပို့လိုက်တော့သည်။

“အဲဒါကတော့ မသေချာပါဘူးကွ”

လျိုချင်းယန်က ခပ်အေးအေး လှောင်ပြုံးပြလိုက်၏။ သူသည် ဆေးလုံးတစ်လုံး သုံးဆောင်ပြီးနောက် သူ၏ ဒဏ်ရာများမှာ အတိုင်းအတာတစ်ခုအထိ သက်သာသွားပြီဖြစ်ကာ ဖြူရော်နေသော မျက်နှာပေါ်တွင်လည်း သွေးရောင် ပြန်လည် လွှမ်းမိုးလာတော့၏။

“နန်းတော်သခင် ... အစွမ်းထက်တဲ့လူ တစ်ယောက် လာနေပြီဗျ၊ ထျန်းကျီဘုံ အဆင့် (၅) ပဲ”

ယီထျန်းချင်းက မြို့တွင်းမှ အဟုန်ပြင်းစွာ နီးကပ်လာသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သဖြင့် သတိပေးလိုက်သည်။

“ထျန်းကျီဘုံ အဆင့် (၅) ကတော့ အစ်ကိုဖုန်းအတွက် ဘာမှ မဟုတ်ပါဘူး၊ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

လျိုချင်းယန်က လုံးဝ စိတ်မပူဘဲ ပခုံးတွန့်ကာ ပြောလိုက်သည်။ လွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဝါသည် အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားရာ ရှုမီမြို့တော်အတွင်းရှိ လူများမှာလည်း ထိတ်လန့်တုန်လှုပ်သွားကြရတော့၏။

“ဝှစ်”

ရောက်လာသူမှာ အလွန်တရာ မြန်ဆန်လှပြီး ကျယ်လောင်သော လေခွင်းသံနှင့်အတူ လျှပ်တစ်ပြက် ပေါ်ထွက်လာသည်။

“ဘယ်သူကများ ငါတို့ တုန်းဖန်းမိသားစုရဲ့ သခင်လေးကို ဒဏ်ရာရအောင် လုပ်ရဲတာလဲ”

အေးစက်ပြီး ဩဇာအာဏာ အပြည့်ပါသော အသံသည် ရှုမီမြို့တော် တစ်ခုလုံးကို ဟိန်းထွက်သွားပြီး လူတိုင်းကို တုန်လှုပ်သွားစေတော့၏။

“ထျန်းကျီဘုံ အဆင့် (၅) ပါလား ... အဲဒီအသံက ရွှမ်တုန်းဖန်းပဲ”

“ရွှမ်တုန်းဖန်း ရောက်လာပြီဟေ့”

“တုန်းဖန်းမိသားစုမှာ အကြီးအကဲတွေရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ အနီးစပ်ဆုံး ရှိတဲ့သူပဲ”

ရွှမ်တုန်းဖန်း၏ အေးစက်သော အသံကို ကြားလိုက်ရသည်နှင့် ရှုမီမြို့တော်ရှိ ပညာရှင်များစွာမှာ ထိတ်လန့်သွားကြရသည်။

ရွှမ်တုန်းဖန်းကိုတောင် နှိုးဆွလိုက်တဲ့သူက ဘယ်သူပါလိမ့် ... သခင်လေးက သူ့ကို မယှဉ်နိုင်လို့လား ... ဟု မိသားစု တစ်ခု၏ ခန်းမဆောင်အတွင်းရှိ အကြီးအကဲ တစ်ဦးက ဇဝေဇဝါဖြင့် ရေရွတ်လိုက်မိ၏။

“ဟင် ... တုန်းဖန်းရှောက်ယွင်ကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့သူ ရှိနေတာလား”

အခြား မိသားစုတစ်ခုမှ ခေါင်းဆောင်များမှာလည်း အတော်လေး အံ့အားသင့်နေကြသည်။

“တုန်းဖန်းရှောက်ယွင်ရဲ့ စွမ်းအားနဲ့ဆိုရင် ဒီရှုမီမြို့တော် တစ်ဝိုက်မှာ သူ့ကို ယှဉ်နိုင်တဲ့သူ သိပ်မရှိပါဘူး၊ အခု သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့အပြင် ရွှမ်တုန်းဖန်းကိုပါ ထွက်လာအောင် လုပ်နိုင်တဲ့သူက ဘယ်သူလဲဆိုတာ ငါ တကယ် သိချင်မိတယ် …”

ထိုသို့၊ ဝေဖန်သံများ ထွက်ပေါ်နေတော့၏။

ရွှမ်တုန်းဖန်း ရောက်ရှိလာပြီးနောက် မကြာမီမှာပင် ရှုမီမြို့တော်ရှိ မိသားစု အသီးသီးမှ အဆင့်မြင့် ခေါင်းဆောင်များမှာလည်း တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက်လာကြသည်။

“ဝှစ် ဝှစ် ဝှစ်”

မြို့တော်၏ ကောင်းကင်ယံထက်တွင် အစွမ်းထက်သော အရှိန်အဝါများ ထုတ်လွှတ်နေသည့် လူရိပ်များစွာ ဆက်တိုက် ပေါ်ထွက်လာကြတော့၏။

“ပညာရှင်တွေ အများကြီး ရောက်လာတာပဲ”

လင်းယိုက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

“ဝမ်မိသားစုက မိသားစုခေါင်းဆောင်နဲ့ အကြီးအကဲ သုံးယောက်စလုံး ရောက်လာတာပဲ”

“ချင်မိသားစုက လူတွေလည်း ပါတာပဲ၊ ဟိုမှာ လျိုမိသားစုက သခင်လေးလည်း ရှိတယ်”

“ပုံမှန်ဆိုရင် တွေ့ရခဲတဲ့ ဒီပညာရှင်တွေက အခုတော့ အုပ်စုလိုက်ကြီးပါလား”

ရှုမီမြို့တော်မှ မိသားစု အသီးသီးမှ ပညာရှင်များ ပေါ်ထွက်လာမှုကြောင့် မြို့နေ ကျင့်ကြံသူများမှာ အလွန်အမင်း စိတ်လှုပ်ရှားကာ မှင်သက်နေကြရသည်။ ထိုနေရာတွင် ထျန်းကျီဘုံ ပညာရှင် (၁၃) ဦးအထိ ရှိနေပြီး ကျန်ရှိသော သူများမှာလည်း အနည်းဆုံး ကောင်းကင်ဘုံလူသားဘုံ အဆင့် (၆) အထက်တွင် ရှိကြသော သူများပင် ဖြစ်သည်။

“ချင်မိသားစု၊ ဝမ်မိသားစုနဲ့ လျိုမိသားစုတွေက တုန်းဖန်းမိသားစုနဲ့ အလွန် ရင်းနှီးကြတာလေ ... ဒီလူငယ်လေးကတော့ သေဖို့သာ ပြင်ထားတော့ …”

တစ်စုံတစ်ယောက်က ခေါင်းခါယမ်းရင်း ဆိုလိုက်လေ၏။

“သခင်လေး”

တုန်းဖန်းရှောက်ယွင် ပြင်းထန်စွာ ဒဏ်ရာရထားသည်ကို မြင်လိုက်ရသောအခါ ရွှမ်တုန်းဖန်း၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ အနီးသို့ လျှပ်တစ်ပြက် ပျံသန်းသွား၏။

“တုန်းဖန်းရှောက်ယွင်ကို ဒဏ်ရာရအောင် လုပ်လိုက်တဲ့သူက သူလား”

“သူက သာမန်တော့ မဟုတ်ဘူးဗျ၊ ကျင့်ကြံခြင်းအဆင့်ကို အကဲခတ်လို့တောင် မရဘူး၊ သူက ဘယ်သူများလဲ”

“အသက် (၂၀) ဝန်းကျင်ပဲ ရှိဦးမယ်၊ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားများလား ... မဖြစ်နိုင်ပါဘူး၊ ငါ အဲဒီကျောင်းတော်က ပါရမီရှင်တွေကို အကုန် မြင်ဖူးတယ်၊ သူ့ကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး”

ဖုန်းဝူချန်က တုန်းဖန်းရှောက်ယွင်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ခြင်းကြောင့် မိသားစု အသီးသီးမှ ခေါင်းဆောင်များမှာ အံ့ဩသလို ဇဝေဇဝါလည်း ဖြစ်နေကြရသည်။ သူတို့ အားလုံးက ဖုန်းဝူချန်၏ နောက်ခံကို အတော်လေး စိတ်ဝင်စားနေကြဟန်ပင်။

“ဦးလေးရွှမ် ... အဲဒီလူကို သတ်ပေးပါ”

ရွှမ်တုန်းဖန်း ရောက်လာသည်ကို မြင်သောအခါ တုန်းဖန်းရှောက်ယွင်က အံကို ကြိတ်ကာ ဒေါသတကြီး ပြောလိုက်သည်။ ရွှမ်တုန်းဖန်းက ဖုန်းဝူချန်ကို စိုက်ကြည့်လိုက်၏။ အေးစက်လှသော လူသတ်ချင်စိတ်များ ပျံ့နှံ့သွားပြီးနောက် သူက မှောင်မိုက်သော လေသံဖြင့် ...

“မင်းက တော်တော် သတ္တိကောင်းနေပါလား၊ အသက်ရှင်ရတာကို ငြီးငွေ့နေပြီ ထင်တယ်”

စကားပြောနေရင်းမှာပင် ရွှမ်တုန်းဖန်းသည် ထျန်းကျီဘုံ အဆင့် (၅) စွမ်းအားများကို လှုံ့ဆော်လိုက်ပြီး ဖုန်းဝူချန်အား စကားပြောခွင့်ပင် မပေးဘဲ ရက်စက်စွာ တိုက်ခိုက်တော့သည်။

“ဝှစ် ဝှစ် ဝှစ်”

ရွှမ်တုန်းဖန်းသည် ဘယ်ညာယိမ်းကာ လျှပ်တစ်ပြက် လှုပ်ရှားလိုက်ရာ လေထုထဲတွင် လူရိပ်များစွာ ကျန်ရစ်ခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း ဖုန်းဝူချန်၏ အနီးသို့ ရောက်ရှိသွား၏။ သူ၏ ညာဘက်လက်တွင် သန်မာသော စွမ်းအားများကို စုစည်းကာ အထက်မှနေ၍ ဖုန်းဝူချန်အား ပိုင်းဖြတ်တော့မည့်အလား ရက်စက်စွာ ရိုက်ချလိုက်တော့၏။

မိသားစု အသီးသီးမှ ပညာရှင်များမှာလည်း ဖုန်းဝူချန် မည်သည့် ကျင့်ကြံခြင်း အဆင့်အတန်းတွင် ရှိနေသည်ကို သိလိုသဖြင့် မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်နေကြသည်။

“ဝုန်း”

“ဝီ ... ဝီ ...”

ရွှမ်တုန်းဖန်း၏ လက်ဝါးရိုက်ချက် ကျရောက်လာချိန်တွင် ဖုန်းဝူချန်က ညာဘက်လက်ကို မြှောက်ကာ တားဆီးလိုက်သည်။ ကျယ်လောင်သော အသံနှင့်အတူ စွမ်းအင်လှိုင်းများမှာ ကောင်းကင်ယံ တစ်ခွင်လုံးသို့ ပျံ့နှံ့သွားပြီး ဟင်းလင်းပြင်မှာလည်း ပြင်းထန်စွာ တုန်လှုပ်သွားရတော့၏။

“ဘာ ...”

လက်ဝါးချင်း ထိခတ်သွားသည့် အခိုက်အတန့်တွင် ရွှမ်တုန်းဖန်း၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ဖုန်းဝူချန်ကို အလွန်အမင်း အံ့အားသင့်စွာ စိုက်ကြည့်နေမိတော့သည်။ တုန်းဖန်းရှောက်ယွင်မှာလည်း မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်တကြားဖြင့် ...

“ဦးလေးရွှမ်က တကယ်ပဲ သူ့ကို မယှဉ်နိုင်တာလား”

“ဒါ ... ဒါ ..မဖြစ်နိုင်ဘူး ...”

ဝမ်မိသားစု ခေါင်းဆောင်က အလန့်တကြား ရေရွတ်လိုက်မိ၏။

“မဖြစ်နိုင်တာ ... သူက ရွှမ်တုန်းဖန်းရဲ့ တိုက်ကွက်ကို သူ၏ ခန္ဓာကိုယ် ခွန်အား သက်သက်နဲ့တင် တားဆီးလိုက်တာလား”

လျိုမိသားစုမှ သခင်လေးကလည်း ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။

‘ရွှမ်တုန်းဖန်းက ဒီကောင်လေးကို လက်တစ်လုံးမှတောင် မရွေ့အောင် မလုပ်နိုင်ပါလား၊ သူက ယွမ်စွမ်းအင်ကိုတောင် အသုံးမပြုရသေးဘူးလေ’

ချင်မိသားစုမှ ခေါင်းဆောင်များလည်း ဆွံ့အသွားကြရသည်။

ရှုမီမြို့တော်မှ စောင့်ကြည့်နေကြသော လူအုပ်ကြီးမှာလည်း လုံးဝ တိတ်ဆိတ်သွားကြပြီး အားလုံးမှာ မှင်သက်နေကြတော့၏။

ဖုန်းဝူချန်ကမူ မျက်မှောင်ပင် မကြုတ်ပါချေ။ သူ၏ ရှေ့ရှိ စွမ်းအားမှာ သူ အလေးထားရမည့် အနေအထားမျိုး မဟုတ်ပါချေ။

“ဝုန်း ဝုန်း ဝုန်း”

“ဝီ ... ဝီ ...”

ခဏတာ မှင်သက်သွားပြီးနောက် ရွှမ်တုန်းဖန်းသည် သတိပြန်ဝင်လာကာ သူ၏ အစွမ်းကုန် ထုတ်သုံး၍ ဖုန်းဝူချန်ကို အရူးအမူး တိုက်ခိုက်တော့သည်။ ကျယ်လောင်သော ပေါက်ကွဲသံများက ရှုမီမြို့တော် တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေပြီး စွမ်းအင်လှိုင်းများမှာလည်း ဒေါသထွက်နေသော လှိုင်းလုံးကြီးများပမာ ဝေ့ဝဲထွက်ပေါ်နေတော့၏။

သို့ဖြစ်သော်ငြားလည်း လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ ရွှမ်တုန်းဖန်းက သူ၏ အစွမ်းကုန်ကို ထုတ်သုံးနေသည်တိုင် ဖုန်းဝူချန်အား ခြေတစ်ဝက်မျှပင် နောက်သို့ ဆုတ်သွားအောင် မလုပ်နိုင်ခဲ့ခြင်းပင် ဖြစ်ပါ၏။ ဖုန်းဝူချန်မှာ ဟင်းလင်းပြင်ထဲတွင် အေးဆေးစွာ ရပ်နေရင်း ရွှမ်တုန်းဖန်း၏ ပြင်းထန်သော တိုက်ကွက်များကို ကလေးငယ် တစ်ယောက်အား ကိုင်တွယ်နေသကဲ့သို့ပင် အလွယ်တကူ ပယ်ဖျက်နေတော့သည်။

“မဖြစ်နိုင်တာ ... မဖြစ်နိုင်ဘူး ...”

ရွှမ်တုန်းဖန်းသည် သူ၏ တိုက်ကွက်များမှာ လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ဖုန်းဝူချန်အား စိုးစဉ်းမျှ မထိခိုက်နိုင်သည်ကို မြင်တွေ့လိုက်ရသဖြင့် ကြောက်လန့်တကြား ခေါင်းခါယမ်းနေမိတော့၏။

“သန်မာလိုက်တဲ့ ခွန်အားပါလား ...”

“သူက အနည်းဆုံး ထျန်းကျီဘုံ အဆင့် (၆) ဒါမှမဟုတ် အဲဒီထက် မြင့်ရမယ်၊ ကြည့်ရတာ အသက် (၂၀) တောင် ပြည့်ပုံ မရသေးဘူး၊ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က နံပါတ်တစ် ပါရမီရှင်တောင် သူ့လောက် ကြောက်စရာ ကောင်းပါ့မလား”

“ကြောက်စရာကြီး ...ခန္ဓာကိုယ် ခွန်အား သက်သက်နဲ့တင် ရွှမ်တုန်းဖန်းကို ရင်ဆိုင်နေတာပဲ၊ တကယ့်ကို မိစ္ဆာကောင်ပဲ”

ရှုမီမြို့တော်မှ လူများနှင့် မိသားစု အသီးသီးမှ ပညာရှင်များမှာ ဖုန်းဝူချန်၏ သန်မာသော စွမ်းအားများအောက်တွင် တုန်လှုပ်ချောက်ချားနေကြရတော့၏။

အံ့အားသင့်စရာ ... အတိုင်းအဆမဲ့သော အံ့ဩမှုများသာ ဖြစ်သည်။

ဖုန်းဝူချန်သည် အလွန်အမင်း သန်မာလွန်းလှသဖြင့် ရွှမ်တုန်းဖန်း၏ တည်ရှိမှုမှာ လျစ်လျူရှုခံလိုက်ရသကဲ့သို့ ဖြစ်နေတော့၏။

---

All Chapters