← Chapters

အခန်း (၁၃၀၆-၁၃၀၈)

Vol. 88 Ch. 1306-1308

အခန်း (၁၃၀၆-၁၃၀၈)

Vol. 88 Ch. 1306-1308

အခန်း (၁၃၀၆)- ဖရိုဖရဲဖြစ်ခြင်း

ရွှေရောင်အလင်း လှိုဏ်ဂူကမ္ဘာနှင့် တတိယလှိုဏ်ဂူကမ္ဘာတို့ကြား အကွာအဝေးမှာ နီးလွန်းခြင်းမရှိသလို ဝေးလွန်းခြင်းလည်း မရှိပေ။ ရွှယ်အန်း၏ အမြန်နှုန်းဖြင့်ဆိုလျှင် ရောက်ရှိရန် နေ့တစ်ဝက်ခန့် အချိန်ယူရမည် ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် ရွှယ်အန်း တစ်ယောက်တည်း သွား၍မရနိုင်ပေ။ အန်းယန်၊ ဟွီယင်း၊ ရှောင်ယု၊ ရှင်းယွီရှုနှင့် အခြားသူများအားလုံး လိုက်ပါရမည် ဖြစ်သည်။

သူတို့ ယခင်က အသုံးပြုခဲ့သော သမုဒ္ဒရာဖြတ် ကြယ်တာရာသင်္ဘောကြီးမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်ပြီး ကြိုးကြာမြည် ငှက်မြတ်ရထားလုံးမှာလည်း လူအများကြီး ဆံ့နိုင်မည် မဟုတ်ပေ။ ကံကောင်းထောက်မစွာဖြင့် ရွှေရောင်ဆေးမီးဖိုရိပ်မြုံဂိုဏ်းတွင် လှေတစ်စင်း ရှိနေခဲ့လေသည်။

သို့ရာတွင် သိုလှောင်ရုံထဲမှ ထိုယာဥ်ပျံကို ဆွဲထုတ်လာချိန်၌ ဖုန်များ အထပ်ထပ် ဖုံးလွှမ်းနေခဲ့ပြီဖြစ်ပြီး သိုလှောင်ရုံ တာဝန်ခံ အကြီးအကဲမှာ မချိသွားဖြီးသာ ပြုံးပြနိုင်သည်။

"ဖူကွမ် ဂိုဏ်းချုပ်ဖြစ်လာကတည်းက ဒီယာဥ်ပျံကို တစ်ခါမှ ပြန်မသုံးဖြစ်တော့တာပါ၊ သူက ပြင်ပအရာတွေကြောင့် သူ့ရဲ့ ကျင့်ကြံခြင်းတွေ နှောင့်နှေးသွားမှာကို မလိုလားဘူးလို့ ပြောပေမဲ့ တကယ့်လက်တွေ့မှာတော့ ပျံသန်းဖို့ လိုအပ်တဲ့ ဝိညာဉ်ကျောက်တုံးတွေကို မတတ်နိုင်တော့လို့ပါပဲ"

ဤမျှကြီးမားသော ယာဥ်ပျံတစ်စင်းကို မောင်းနှင်ရန်အတွက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဒါဇင်ပေါင်းများစွာ အနည်းဆုံး လိုအပ်ကြောင်းကို အားလုံးက သိထားကြပေသည်။ အင်အားများ အလျင်အမြန် ဆုတ်ယုတ်နေသော ရွှေရောင်ဆေးမီးဖိုရိပ်မြုံဂိုဏ်းအတွက် ဤသည်မှာ သံသယဖြစ်ဖွယ်မရှိဘဲ ခံနိုင်ရည်မရှိသော ကုန်ကျစရိတ်တစ်ခု ဖြစ်ပေသည်။

ရွှယ်အန်းကမူ ဤကိစ္စများကို သဘာဝကျကျပင် ဂရုမစိုက်ပေ။ သူ၏ ယခင်စုဂိုဏ်းးမှုများကို ထည့်မပြောလျှင်တောင် လီဟန်ကောင်းကင်ဘုံမှ သိမ်းဆည်းရမိခဲ့သော ရတနာများကပင် သာမန်ဂိုဏ်းတစ်ဂိုဏ်းကို အလွယ်တကူ ဖိချေပစ်ရန် လုံလောက်နေပေသည်။ အပြင်ဘက်မှ ဖုန်မှုန့်များကို ဆေးကြောသန့်စင်ပြီးနောက် ရှောင်ယုသည် ယာဥ်ပျံကို အကဲခတ်လိုက်ရာ သူမ၏ မျက်လုံးများ တောက်ပသွားပြီး မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

"သခင်... နောက်ကျရင် ယာဥ်ပျံကို ကျွန်မ မောင်းလို့ရမလား"

"မင်းက ယာဥ်ပျံ မောင်းတတ်လို့လား"

ရွှယ်အန်းက အံ့ဩတကြီး မေးလိုက်သည်။

"ဟီးဟီး... အဆောက်အအုံလေးထဲမှာ နေရတာ အရမ်းပျင်းဖို့ကောင်းလို့ ကျွန်မ အဲဒါကို လေ့လာထားတယ်လေ"

ရှောင်ယုက တခစ်ခစ်ရယ်လျက် ပြောလိုက်ပြီး ရွှယ်အန်း သဘောမတူမည်ကို စိုးရိမ်သဖြင့် အလျင်စလို ဆက်ပြောသည်။

"သခင်... ကျွန်မ အရင်က တစ်ခါမှ မမောင်းဖူးပေမဲ့ ကျွန်မရဲ့ တုံ့ပြန်နိုင်စွမ်းနဲ့ဆိုရင် ပြဿနာ လုံးဝ မရှိပါဘူး"

ဟွီယင်းသည် နှုတ်ခမ်းကို တွန့်လိုက်သည်။

"တုံ့ပြန်နိုင်စွမ်းလား၊ နင့်လိုဟာကများ၊ ကိုယ့်ခြေချောင်းလေးတောင် သေချာပြန်မကုတ်တတ်တဲ့ ငတုံးကများ"

ရှောင်ယု၏ မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်း အမူအရာ ပေါ်လာပြီးနောက် ရွှယ်အန်းအား မျှော်လင့်ချက်အပြည့်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ရွှယ်အန်းသည် တခစ်ခစ်ရယ်မောလိုက်ကာ သဘောကျစွာ ခေါင်းခါလိုက်ပြီး သဘောတူလိုက်၏။

"ကောင်းပြီလေ၊ ဒါဆိုလည်း မင်း မောင်းလိုက်ပေါ့"

သူတို့သည် နယ်မြေအတွင်း၌သာ ပျံသန်းနေခြင်းဖြစ်သဖြင့် စိုးရိမ်စရာ အန္တရာယ်များ လုံးဝမရှိသလောက်ပင်ဖြစ်ပြီး ရွှယ်အန်း ရှိနေသဖြင့် ပို၍ပင် ပူပန်ရန် အကြောင်းမရှိပေ။ ထို့ကြောင့် ဟွီယင်းသည် ထိုကိစ္စနှင့်ပတ်သက်၍ ထပ်မံ ပြဿနာရှာမနေတော့ပေ။ ရှောင်ယုမှာ ဝမ်းသာလုံးဆို့သွားသည်။

"ကျေးဇူးတင်ပါတယ် သခင်"

လူတိုင်း ယာဥ်ပျံပေါ်သို့ တက်ရောက်ပြီးနောက် ရှောင်ယုသည် ယာဉ်မောင်းခန်း ရှေ့တွင်ထိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် ဟိုစမ်းဒီစမ်း လုပ်နေလေသည်။ ဤလှေ၏ ဖန်တီးမှုနည်းလမ်းကို မသိရသော်လည်း ၎င်း၏ ရိုးရှင်းမှုကြောင့် စကြဝဠာ နယ်ပယ်များအတွင်း အသုံးအများဆုံး သယ်ယူပို့ဂိုဏ်းရေး ယာဉ်တစ်မျိုး ဖြစ်လာခဲ့သည်။

ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ ယာဥ်ပျံမှာ ယခင် သမုဒ္ဒရာဖြတ် ကြယ်တာရာသင်္ဘောလောက် မခမ်းနားသော်လည်း တော်တော်လေး အဆင့်မီလှသည်။ ဟွီယင်းသည် ဘေးတစ်ဖက်တွင် လက်ပိုက်ရပ်ကာ စောင့်ကြည့်နေပြီး နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ပြောလိုက်၏။

"စမ်းလို့ ပြီးပြီလား၊ ပြီးရင် မြန်မြန် စက်နှိုးလိုက်တော့လေ"

ရှောင်ယုသည် သူမ၏ အံသွားများ ပေါ်သည်အထိ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

"အိုကေပါ အစ်မဟွီယင်း၊ အခုချက်ချင်း စက်နှိုးလိုက်ပါ့မယ်"

ထို့နောက် သူမသည် ခလုတ်များကို ထပ်မံ ကလိနေပြန်၏။ အချိန်အတော်ကြာပြီးနောက် ရှောင်ယု၏ နဖူးမှ ချွေးအေးများ ကျဆင်းလာသည်။

"ဘာဖြစ်လို့လဲ"

ဟွီယင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

"အာ... ဒီယာဥ်ပျံရဲ့ ခလုတ်တွေက ကျွန်မ ဖတ်ဖူးတဲ့ ကျင့်စဉ်စာအုပ်ထဲကဟာတွေနဲ့ သိပ်မတူဘူးဖြစ်နေတယ်"

"အဲဒီတော့"

"အဲဒီတော့..."

ရှောင်ယုသည် ကြောက်ရွံ့တုန်လှုပ်စွာ ခေါင်းမော့လာသည်။

"စက်နှိုးဖို့ ဘယ်ကနေ စရမလဲဟင်"

ဟွီယင်း : "..."

ထို့နောက် ဘေးဘက်သို့ ဒေါသတကြီး လက်ညှိုးထိုးပြလိုက်သည်။

"ဒီလောက်ကြီးတဲ့ စက်နှိုးခလုတ်ကို နင်က ဘယ်လိုလုပ် မမြင်ရတာလဲ"

"အာ... ဒါလား၊ ကျွန်မ မြင်တာ ကြာပါပြီ၊ အစ်မဟွီယင်းကို စချင်လို့ လုပ်နေတာပါ"

ရှောင်ယုမှာ ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ပြီး အလျင်စလို နှိပ်သည်။

လေပြေတစ်ခု တိုက်ခတ်သွားသော်လည်း လှေပျံမှာ မည်သို့မျှ တုံ့ပြန်မှု မရှိပေ။

ရှောင်ယုသည် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ပြီးနောက် အတင်းအကျပ် ပြုံးပြလာသည်။

"အစ်မဟွီယင်း..."

ဟွီယင်းမှာ ပြောစရာစကားပင် မရှိတော့ဘဲ ထိန်းချုပ်မောင်းတံအား လှမ်းဆွဲလိုက်ရာ လှေပျံမှာ ရုတ်တရက် တုန်ခါသွားပြီးနောက် လေထဲသို့ ပျံတက်သွားလေတော့သည်။

"နင် တကယ်ရော မောင်းတတ်ရဲ့လား"

ဟွီယင်းသည် ရှောင်ယု၏ စွမ်းဂိုဏ်းရည်အပေါ် အနည်းငယ် သံသယဝင်သွား၏။

"ဒါပေါ့၊ စိတ်အေးအေးထားပါ အစ်မဟွီယင်းရဲ့၊ ခုနက ကျွန်မ အတွေ့အကြုံနည်းနည်း လိုသွားလို့ပါ"

ရှောင်ယုသည် လက်နှစ်ဖက်ဖြင့် ယာဉ်မောင်းတံကို ကိုင်ထားပြီး သူမ၏ အခြားသော ရေဘဝဲလက်တံများကလည်း ထွက်ပေါ်လာကာ ဆုံးဖြတ်ချက်ချထားသည့်အလား လေထဲတွင် ဝှေ့ယမ်းနေလေသည်။ ဟွီယင်းမှာ အနည်းငယ် မယုံကြည်နိုင်ဖြစ်နေပြီး စကားပြောရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် ရှောင်ယုသည် အရှိန်တင်ခလုတ်ကို ဖိချလိုက်ရာ ဟိန်းထွက်သွားသော အသံနှင့်အတူ လှေပျသည် ရပ်တန့်နေရာမှ အလွန်မြန်ဆန်သော အရှိန်သို့ လျှပ်တစ်ပြက်အတွင်း မြင့်တက်သွားသည်။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဒါဇင်ပေါင်းများစွာသည် ဝိညာဉ်စွမ်းအင်များကို ရူးသွပ်စွာ ထုတ်လွှတ်ပေးနေပြီး အမြန်နှုန်းအား အမြင့်ဆုံးသို့ ချက်ချင်း ရောက်ရှိသွားသည်။ ရုတ်တရက် ဖြစ်သွားသဖြင့် ဟွီယင်းမှာ မြေပြင်ပေါ်သို့ လဲကျမတတ် ဖြစ်သွားပြီး မတ်မတ်ရပ်နိုင်ရန် ခက်ခဲသွားလေသည်။ သူမကိုယ်သူမ ပြန်လည်ထိန်းချုပ်နိုင်သွားသောအခါ ဒေါသတကြီး အော်ဟစ်လိုက်၏။

"ရှောင်ယု... နင် ဘာလုပ်နေတာလဲ"

ရှောင်ယုက ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သည်။

"ဆောရီးပါ အစ်မဟွီယင်း၊ ကျွန်မ ဒီယာဥ်ပျံက ဘယ်လောက် မြန်မြန်သွားနိုင်လဲဆိုတာ ကြည့်ချင်လို့ပါ"

ဟွီယင်းမှာ သူမအား ဆူပူကြိမ်းမောင်းရန် ပြင်လိုက်သော်လည်း သူမ၏ စကားများမှာ အော်ဟစ်သံအဖြစ်သို့ ပြောင်းလဲသွားလေသည်။

"ရှေ့ကို သတိထား"

အဘယ်ကြောင့်ဆိုသော် ထိုသို့ ရုတ်တရက် အရှိန်တင်လိုက်ပြီးနောက် လှေပျံသည် မိုင်ထောင်ချီ ကျယ်ဝန်းသော တောင်တန်းများဆီသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ပြတင်းပေါက်များမှတစ်ဆင့် တိမ်တိုက်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေသော မားမားမတ်မတ် တောင်ထွတ်တစ်ခု ရုတ်တရက် ပေါ်လာသောကြောင့် ဖြစ်သည်။

ယာဥ်ပျံ၏ လက်ရှိ အမြန်နှုန်းအရ အသက်သုံးခိုက်စာ အချိန်အတွင်း ဝင်တိုက်မိတော့မလို ဖြစ်သွားသည်။ ရှောင်ယုလည်း လန့်သွားကာ လက်များစွာ ရှိနေခြင်း၏ အားသာချက်က အစွမ်းပြလာလေသည်။ သူမသည် လက်တစ်ဖက်ဖြင့် ယာဉ်မောင်းတံကို ကိုင်ကာ အခြားလက်တစ်ဖက်ဖြင့် အရှိန်ကို ချိန်ညှိပြီး ကျန်လက်များဖြင့် ထောင့်ချိုးများကို ပြုပြင်ကာ ဦးတည်ရာကို ပြောင်းလဲရင်း အလုပ်များနေသော်လည်း ပျော်ရွှင်နေပုံရသည်။

ထိုလက်တံများ၏ လျင်မြန်သော လှုပ်ရှားမှုများကြားတွင် လေထဲ၌ အထုံးများပင် ထုံးလိုက်တော့မည့်အလား ထင်မှတ်ရသည်။ အဆုံးတွင် လှေပျံသည် တောင်ထွတ်အား ဝင်တိုက်မိမည့် နောက်ဆုံးစက္ကန့်လေးတွင် ပွတ်တိုက်သံ စူးစူးဝါးဝါးနှင့်အတူ ရင်သပ်ရှုမောဖွယ် ထောင့်ချိုးတစ်ခုဖြင့် ကွေ့လိုက်နိုင်ပြီး တောင်ကြီးအား သီသီလေး ရှောင်လွှဲသွားနိုင်ခဲ့သည်။

ဟွီယင်းမှာ အလွန် ကြောက်ရွံ့သွားသဖြင့် မျက်နှာတွင် သွေးဆုတ်သွားကာ ဒေါသတကြီး အော်ဟစ်လိုက်၏။

"နင် မောင်းတတ်တာ သေချာရဲ့လား"

ရှောင်ယုမှာ တော်တော်လေး လန့်သွားခဲ့သော်လည်း ယခုလေးတင် သူမ လုပ်ပြလိုက်သော အကွေ့က သူမ၏ ယုံကြည်မှုကို တော်တော်လေး မြင့်တက်သွားစေခဲ့သဖြင့် မရယ်ဘဲ မနေနိုင်တော့ဘဲ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ အစ်မဟွီယင်းရယ်၊ အခု ဒီ လှေပျံ မောင်းရတဲ့ အနှစ်သာရကို ကျွန်မ ရသွားပါပြီ၊ ကျွန်မကိုသာ ယုံကြည်လိုက်ပါ"

အဆုံးတွင် ထိုအမှားအယွင်း အသေးအမွှားလေးများကို ကျော်ဖြတ်ပြီးနောက် ရှောင်ယုသည် လှေပျံအား တည်ငြိမ်စွာ ထိန်းချုပ်နိုင်သွားပြီး တတိယလှိုဏ်ဂူကမ္ဘာ၏ ဦးတည်ရာဆီသို့ ပျံသန်းသွားသည်။

ဟွီယင်းမှာ စိုးရိမ်နေဆဲပင် ဖြစ်သော်လည်း ရှောင်ယု အမှန်ပင် ကောင်းကောင်း ထိန်းချုပ်နိုင်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် အဆုံးတွင် သက်ပြင်းချလိုက်နိုင်ကာ လှေပျံ၏ နောက်ခန်းဆီသို့ ပြန်သွားရန် လှည့်ထွက်သွားသည်။

ရှောင်ယုသည် ယာဉ်မောင်းရသော ခံစားချက်ကို ရှင်းလင်းစွာပင် သဘောကျနေပြီး ဖြူလွှလွှ တိမ်တိုက်များ ပြတင်းပေါက်မှ ဖြတ်သန်းသွားသည်ကို မြင်ရသောအခါ သူမ၏ စိတ်အခြေအနေ ပိုမိုကောင်းမွန်လာကာ ပျော်ရွှင်စွာဖြင့် သီချင်းပင် စတင်ညည်းတွားလာလေသည်။

"သခင်က ငါ့ကို ကားမောင်းခိုင်းတယ်... အဟမ်း၊ အဟမ်း..."

ထိုသို့ သံစဉ်လုံးဝ မမှန်သော သီချင်းကို ညည်းတွားနေစဉ်မှာပင် လှေပျံသည် ကြီးမားကျယ်ပြန့်သော တိမ်ပင်လယ်ကြီးကို ဖောက်ထွက်သွားပြီး ရှေ့တွင် တောက်ပသော အလင်းရောင်တစ်ခု ပေါ်လာသည်။ ရှောင်ယုသည် ပြတင်းပေါက်အပြင်ဘက်ရှိ ကြည်လင်ပြာယောင်နေသော ကောင်းကင်ကြီးကို အံ့ဩတကြီး ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"အရမ်းလှတာပဲ"

သို့သော် ထိုအချိန်တွင်ပင် တိမ်ပင်လယ်၏ အခြားတစ်ဖက်မှ မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လှေပျံဆီသို့ လျှပ်စီးအလျင်ဖြင့် ပြေးဝင်လာသည်။

ရှောင်ယုက အော်ဟစ်လိုက်သလို ထိုအလင်းရောင်ထဲမှ သက်ရှိကလည်း အော်ဟစ်လာသည်။

"သေစမ်း၊ ဘာလို့ ဒီမှာ လှေပျံ ရှိနေရတာလဲ"

ထို့နောက် သူတို့သည် အရှိန်ကို အလျင်အမြန် လျှော့ချရန် ဘရိတ်အုပ်လိုက်ကြသည်။ သို့သော် အမြန်နှုန်းက လွန်ကဲလွန်းနေသဖြင့် ဝင်တိုက်မည့်အရေးကို ရှောင်လွှဲရန် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ ရှောင်ယုသည် တည်ငြိမ်အေးဆေးသော အမူအရာကို ပြသကာ လှေမောင်းတံကို ကိုင်ထားရင်း ယာဥ်ပျံ၏ အသံလွှင့် မန္တန်စက်ဝန်းမှတစ်ဆင့် အော်ပြောလိုက်၏။

"ရှင် ဘယ်ဘက်ကိုသွား၊ ကျွန်မ ညာဘက်ကို သွားမယ်"

"အကြံကောင်းပဲ"

အလင်းရောင်ထဲမှ သဘောတူညီသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ရုတ်တရက် ဦးတည်ရာ ပြောင်းသွားလေသည်။ ရှောင်ယု၏ နှုတ်ခမ်းများက သူမတွင် အကြံအစည်ရှိထားသည့်အလား ပြုံးသွားပြီး စိတ်ထဲမှ တွေးလိုက်သည်။ အစ်မဟွီယင်း၊ အစ်မက ကျွန်မကို အမြဲတမ်း တုံးတယ်လို့ ပြောတယ်မလား၊ အခု ဒီတစ်ခေါက် ဘာပြောဦးမလဲ ကြည့်ရသေးတာပေါ့...

ထို့နောက် သူမသည်လည်း ယာဉ်မောင်းတံကို လှည့်ကာ ယာဥ်ပျံကို ဘေးဘက်သို့ ကွေ့ရှောင်ရန် ထိန်းချုပ်လိုက်လေသည်။

ထို့နောက် ရှောင်ယုနှင့် တောက်ပသော အလင်းရောင်ထဲမှ သက်ရှိတို့သည် တစ်ဦးနှင့်တစ်ဦး ပိုမို နီးကပ်လာသည်ကို ထိတ်လန့်တကြီး ပြူးကျယ်နေသော မျက်လုံးများဖြင့် ကြည့်နေမိကြသည်။

"ဘာ... ဘာတွေ ဖြစ်နေတာလဲ..."

အလင်းရောင်ထဲမှ အသံက အော်ဟစ်လိုက်၏။

သူတို့ စကားပင် မဆုံးလိုက်မီမှာပင် ကျယ်လောင်သော ဝင်တိုက်သံကြီး ထွက်ပေါ်လာတော့သည်။

---

အခန်း (၁၃၀၇) - မင်ရှင်းနန်းတော်၏ တိုက်ရိုက်တပည့်၊ ဖန်ရှင်းအန်း

ဝုန်း...

လွင့်စင်တက်လာသော ဖုန်မှုန့်နှင့် မီးခိုးငွေ့များကြားတွင် ပုံရိပ်တစ်ခုသည် ဖရိုဖရဲ လွင့်စင်ထွက်သွားပြီး အတော်ဝေးဝေးသို့ ရောက်သွားပြီးနောက်မှသာ အနိုင်နိုင် ပြန်လည်ခြေကုပ်ယူနေရသည်။

ရှောင်ယုမှာမူ ယခုအချိန်တွင် ယာဉ်မောင်းနေရာ၌ ထိုင်လျက် မှင်တက်အံ့ဩနေရသည်။ လွန်ခဲ့သော စက္ကန့်အနည်းငယ်ကမူ သူတို့ သေချာပေါက် သေရတော့မည်ဟု သူမ ထင်မှတ်ထားခဲ့သည်။ သို့သော် လှေပျံသည် လက်တစ်လုံးမျှပင် ရွေ့လျားသွားခြင်းမရှိဘဲ သူတို့ဆီသို့ ပြေးဝင်လာသော တောက်ပသည့် အလင်းရောင်သာလျှင် နောက်သို့ လွင့်စင်သွားခဲ့ခြင်း ဖြစ်သည်။တစ်ချိန်တည်းမှာပင် လှေပျံရှေ့၌ ရွှယ်အန်း၏ ပုံရိပ် ထွက်ပေါ်လာပြီး တည်ငြိမ်စွယ မေးလိုက်၏။

"ဘာဖြစ်တာလဲ"

ရွှယ်အန်းသည် လှေပျံ အခန်းတွင်း၌ လက်ဖက်ရည်သောက်နေစဉ် အပြင်ဘက်မှ ပုံမှန်မဟုတ်သော အခြေအနေတစ်ခုကို ရုတ်တရက် ခံစားမိလိုက်ခြင်း ဖြစ်သည်။ သူသည် အချိန်မီပင် ယာဉ်ကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး သူတို့ဆီသို့ အရှိန်ပြင်းပြင်း ပြေးဝင်လာသော အလင်းရောင်ကို ပုတ်ထုတ်ချလိုက်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် လွင့်စင်သွားခဲ့ရသူသည် အနည်းငယ် ဖရိုဖရဲဖြစ်နေသော ပုံစံဖြင့် ပြန်လည်ပျံသန်းလာပြီး တောင်းပန်သည့် အမူအရာဖြင့် ရွှယ်အန်းအား ရိုးသားစွာ အရိုအသေပေးလိုက်သည်။

"တကယ်ပဲ တောင်းပန်ပါတယ်ဗျာ၊ ကျွန်တော် ဓားပျံစီးတာ အရမ်းမြန်သွားလို့ ကပ်ဘေးတစ်ခု ဖြစ်လုနီးပါး ဖြစ်သွားရတာပါ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ တာအိုမိတ်ဆွေရယ်"

ထိုအသံမှာ နူးညံ့ပြီး နားထောင်၍ ကောင်းလှပေသည်။ ရွှယ်အန်းသည် စကားပြောနေသူကို အကဲခတ်လိုက်ရာ သူ၏ မျက်လုံးထဲတွင် အရိပ်အယောင်တစ်ခုရိပ်ခနဲ ဖြတ်ပြေးသွားသည်။

ထိုသူမှာ အသက် နှစ်ဆယ်ခန့်သာ ရှိသေးပြီး တာအိုဝတ်ရုံကို ဝတ်ဆင်ထားကာ ကျောက်စိမ်းကဲ့သို့ ချောမောသော မျက်နှာနှင့် ထူးခြားလှသော အရှိန်အဝါရှိပြီး သာမန်လူတစ်ယောက် မဟုတ်ကြောင်း သိသာထင်ရှားလှသည်။ အရေးကြီးဆုံးမှာ ထိုသူ၏ အရှိန်အဝါများကြားတွင် ပြင်းထန်အားကောင်းသော ဓားဆန္ဒတစ်ခုရှိနေကြောင်းကို ရွှယ်အန်း သတိပြုမိလိုက်ခြင်း ဖြစ်သည်။

ဓားကျင့်ကြံသူလား...

ရွှယ်အန်း၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားပြီး ရွှယ်အန်းက သူ့ကို အကဲခတ်နေစဉ်မှာပင် ထိုသူကလည်း ရွှယ်အန်းကို အကဲခတ်နေပြီး တန်းတူညီမျှ အံ့ဩနေကြသည်။ အဘယ်ကြောင့်ဆိုသော် ယခုလေးတင် ဖြစ်ပျက်သွားခဲ့သည်များကို သူ အပြည့်အဝ သိထားသောကြောင့် ဖြစ်သည်။ သူသည် အမြန်နှုန်းကို တတ်နိုင်သမျှ လျှော့ချခဲ့သော်လည်း အရှိန်က ကြီးမားလွန်းနေဆဲပင်။ အကယ်၍ တကယ်သာ ဝင်တိုက်မိခဲ့ပါက ဤလှေပျံသည် ပွဲချင်းပြီး တစ်စစီ ပျက်စီးသွားနိုင်သည်။

သို့သော် လှေပျံနှင့် ထိမိမည့် နောက်ဆုံးစက္ကန့်လေးမှာပင် မျက်စိဖြင့် မမြင်နိုင်သော ကြီးမားလှသည့် အင်အားတစ်ခုက သူ့အား တိုက်ရိုက် တွန်းထုတ်လိုက်သည်။ ထိုအင်အားသည် ကြီးမားကျယ်ပြန့်ရုံသာမက ပြီးပြည့်စုံစွာ ချိန်ညှိထားသဖြင့် သူသည် မည်သည့် ထိခိုက်ဒဏ်ရာမျှ မရရှိဘဲ လွင့်စင်သွားခဲ့ရုံသာ ဖြစ်သည်။

ထပ်မံ၍ အသေးစိတ် ပြောစရာမလိုဘဲ ဤအချက်တစ်ခုတည်းကပင် တစ်ဖက်လူ၏ စွမ်းအားမှာ အလွန်တရာ ထူးကဲကြောင်း ပြသနေသည်။ တစ်ချိန်တည်းမှာပင် ထိုလူသည် လှေပျံပေါ်တွင် ရေးဆွဲထားသော တံဆိပ်ကိုလည်း မြင်တွေ့သွားသည်။

ရွှေရောင်ဆေးမီးဖိုရိပ်မြုံဂိုဏ်း...

ထိုလူသည် ခေတ္တရပ်တန့်သွားပြီးနောက် သူ၏ အမူအရာမှာ တည်ကြည်သွားကာ အရိုအသေပေးလျက် ပြောလိုက်၏။

"ကျုပ်က မင်ရှင်းနန်းတော်က ဖန်ရှင်းအန်းပါ၊ ရွှေရောင်ဆေးမီးဖိုရိပ်မြုံဂိုဏ်းက တာအိုမိတ်ဆွေကို အရိုအသေပေးပါတယ်ဗျာ"

သူ စကားပြော၍ပင် မဆုံးလိုက်မီ သတင်းကြား၍ အလျင်စလို ရောက်လာသော ရှန်မြောင်ထုန်သည် အံ့ဩတကြီးဖြင့် မအော်ဘဲ မနေနိုင်တော့ပေ။

"မင်ရှင်းနန်းတော်လား၊ ရှင်က ပထမလှိုဏ်ဂူကမ္ဘာကလား"

ရှန်မြောင်ထုန်၏ အံ့ဩမှုမှာ နားလည်ပေးနိုင်ဖွယ် ရှိသည်။ အမှန်တကယ်ပင် မင်ရှင်းနန်းတော်၏ ဂုဏ်သတင်းမှာ ကြီးမားလွန်းလှသောကြောင့် ဖြစ်သည်။ ဤနယ်ပယ်တွင် အဓိက လှိုဏ်ဂူကမ္ဘာခုနစ်ခု ရှိကြောင်း လူသိများပြီး ၎င်းတို့ထဲတွင် မင်ရှင်းနန်းတော်က ပထမအဆင့်တွင် ရပ်တည်နေသည်။

၎င်း၏ အလွန် ရှေးကျလှသော အမွေအနှစ်များကြောင့် စွမ်းအား အစစ်အမှန် ပမာဏမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေခဲ့သည်။ သို့သော် သေချာသည့် အချက်တစ်ခုမှာ ကျန်ရှိသော လှိုဏ်ဂူကမ္ဘာ ခြောက်ခုအကြား အဆင့်သတ်မှတ်ချက်များ မည်သို့ပင် ပြောင်းလဲနေစေကာမူ မင်ရှင်းနန်းတော်၏ အဆင့်မှာ မည်သည့်အခါမျှ မပြောင်းလဲဘဲ အစမှအဆုံးတိုင် ထိပ်ဆုံးတွင် အမြဲရပ်တည်နေခဲ့ခြင်းပင် ဖြစ်သည်။

အခြားသော လှိုဏ်ဂူကမ္ဘာ ခြောက်ခုနှင့်မတူဘဲ မင်ရှင်းနန်းတော်သည် သီးသန့် ဓားကျင့်ကြံသည့် ဂိုဏ်းတစ်ခု ဖြစ်သောကြောင့် မင်ရှင်းနန်းတော်၏ အာဏာကို စိန်ခေါ်လိုသူများပင် မရှိကြပေ။ ၎င်း၏ တပည့်များသည် အခြားမည်သည့်အရာကိုမျှ ကျင့်ကြံခြင်း မရှိဘဲ သူတို့၏ နှလုံးသားထဲရှိ ဓားချီကိုသာ သီးသန့် အာရုံစိုက်ကြသည်။

သတ်ဖြတ်မှုနှင့် ယှဉ်လျှင်လည်း ဓားကျင့်ကြံသူများက ပထမအဆင့်တွင် ရှိနေပြီး မည်သူကမျှ ဒုတိယနေရာကို ရယူဝံ့ခြင်း မရှိကြပေ။ ထို့ကြောင့် နှစ်များတစ်လျှောက် မင်ရှင်းနန်းတော်နှင့် ပတ်သက်သော ဒဏ္ဍာရီများစွာ လက်ဆင့်ကမ်းလာခဲ့ကြပြီး ၎င်းကို ဓားနတ်ဘုရားများ၏ ဂိုဏ်းအဖြစ်ပင် ရိုသေလေးစားကြသည်။ မထင်မှတ်စွာ မင်ရှင်းနန်းတော်မှ အဖွဲ့ဝင်တစ်ဦးအား ဤနေရာတွင် တွေ့ရပြီး သူ၏ အမူအရာကို ကြည့်ရသည်မှာ မင်ရှင်းနန်းတော်၏ တိုက်ရိုက်တပည့်တစ်ဦးလည်း ဖြစ်ပုံရသည်။ ရှန်မြောင်ထုန် စိတ်ထဲတွင် တုန်လှုပ်သွားသည်။ ရွှယ်အန်းကမူ မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး အပြုံးမမည်သော အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

"မင်ရှင်းနန်းတော် ဟုတ်လား"

"ဟုတ်ပါတယ်ဗျ၊ လူကြီးမင်းရဲ့ နာမည်ကို သိခွင့်ရမလားခင်ဗျာ"

ဖန်ရှင်းအန်းက အပြစ်ဆိုဖွယ်မရှိသော ယဉ်ကျေးမှုဖြင့် မေးလိုက်သည်။ ရွှယ်အန်းက ပြုံးလိုက်သည်။

"ငါ့နာမည်က ရွှယ်အန်းပါ"

ထိုသို့ပြောကယ သူ၏အနောက်ရှိ ရှင်းယွီရှုအား လက်ညှိုးထိုးပြလိုက်၏။

"ဒါက ရွှေရောင်ဆေးမီးဖိုရိပ်မြုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ် ရှင်းယွီရှုပဲ"

ဂိုဏ်းချုပ်အသစ်...

ဖန်ရှင်းအန်း မှင်တက်သွားလေသည်။

ရွှေရောင်ဆေးမီးဖိုရိပ်မြုံဂိုဏ်း ဂိုဏ်းချုပ်အသစ် ပြောင်းလိုက်သည်ဆိုတာ သူ မကြားမိခဲ့ပါလား။ အကယ်၍ ဂိုဏ်းချုပ်နေရာ အပြောင်းအလဲရှိခဲ့လျှင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံဂိုဏ်းအနေဖြင့် စကြဝဠာ နယ်ပယ်များရှိ အခြားသော လှိုဏ်ဂူကမ္ဘာ ခြောက်ခုကို အသိပေးသင့်သည် မဟုတ်ပါလား။ သူ့ စိတ်ထဲတွင် ထိတ်လန့်သွားသော်လည်း ကောင်းမွန်သော ပျိုးထောင်ခံရမှုက လေးစားသမှု ပြသစေခဲ့ပြီး ရှင်းယွီရှုအား နက်ရှိုင်းစွာ အရိုအသေပေးလိုက်လေသည်။

"မင်ရှင်းနန်းတော်ရဲ့ ခုနစ်ဆယ့်ရှစ်ယောက်မြောက် တိုက်ရိုက်တပည့် ဖန်ရှင်းအန်းက ရွှေရောင်ဆေးမီးဖိုရိပ်မြုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို အရိုအသေပေးပါတယ်ဗျာ"

အခြားအရာအားလုံးကို ဖယ်ထားလိုက်လျှင် ဤယဉ်ကျေးမှုကပင် ဖန်ရှင်းအန်းအား လူအများ၏ သဘောကျမှုကို ရရှိစေခဲ့ခြင်း ဖြစ်သည်။ ရှင်းယွီရှုမှာမူ ဘာလုပ်ရမှန်းမသိ ဖြစ်နေပုံရလေသည်။ သူသည် မင်ရှင်းနန်းတော်၏ အဆင့်အတန်းကို သိထားပေသည်။ ရွှေရောင်ဆေးမီးဖိုရိပ်မြုံဂိုဏ်းသည် သူတို့နှင့် အဆင့်အတန်းချင်းပင် မတူညီဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် ဖန်ရှင်းအန်းက သူ့အား အရိုအသေပေးလိုက်သောအခါ ရှင်းယွီရှု၏ စိတ်ထဲတွင် အနည်းငယ် နေမထိထိုင်မသာ ဖြစ်သွားရသည်။

"တာအိုမိတ်ဆွေဖန်... ကျေးဇူးပြုပြီး ထပါဦးဗျာ"

ရှင်းယွီရှုသည် အချိန်အတော်ကြာအောင် ရုန်းကန်ပြီးနောက် အဆုံးတွင် ထိုစကားတစ်ခွန်းကို ပြောထွက်သွားသည်။ ထိုအခါမှသာ ဖန်ရှင်းအန်း မတ်တတ်ရပ်လိုက်ပြီးနောက် အပြန်အလှန် ယဉ်ကျေးစွာ ပြောဆိုမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည်။

ရှင်းယွီရှုသည်လည်း တုံ့ပြန်ရန်အတွက် ခေါင်းစားစွာ စဉ်းစားနေရ၏။ ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က တခစ်ခစ်ရယ်လိုက်ပြီး ရှောင်ယုသည် သူမ၏ လက်တံများကို ဝှေ့ယမ်းကာ ဘေးဘက်မှ ခုန်ထွက်လာလေသည်။

"ဟေး... ရှင်တို့ နှစ်ယောက်က တော်တော်လေး ရယ်ရတာပဲ၊ အဲဒီလို တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် မြှောက်ပင့်ပြောနေရတာ မရှက်ကြဘူးလား"

ဤစကားကြောင့် ရှင်းယွီရှုနှင့် ဖန်ရှင်းအန်းတို့ နှစ်ဦးစလုံး၏ မျက်နှာတွင် ရှက်ရွံ့မှုများ ပွင့်အာလာသည်။ ထို့နောက် ရှောင်ယုသည် ဖန်ရှင်းအန်းအား မျက်နှာနီမြန်းသွားသည်အထိ အထက်အောက် အကြိမ်ကြိမ် အကဲခတ်ကြည့်လိုက်ပြီးနောက် အနည်းငယ် စိတ်တိုသည့်ဟန်ဖြင့် ပြောလိုက်၏။

"ခုနက ရှင့်ကို ဘယ်ဘက်ကွေ့လို့ ကျွန်မ ပြောတယ်လေ၊ ဘာလို့ ညာဘက်ကို သွားရတာလဲ၊ ရှင်က ကျွန်မတို့ကို တမင်တကာ သက်သက် လိမ်ချင်နေတာလား"

"လိမ်တယ် ဟုတ်လား"

ဖန်ရှင်းအန်းမှာ အံ့အားသင့်သွားပြီး အဓိပ္ပာယ်ကို ရှင်းလင်းစွာ နားမလည်ပုံရလေသည်။

"အရှက်မရှိ လုပ်တာကို ပြောတာလေ"

ရှောင်ယုက ရှင်းပြလိုက်သေးသည်။ ထိုအခါမှသာ ဖန်ရှင်းအန်း သဘောပေါက်သွားပြီး လက်များကို အလျင်စလို ဝှေ့ယမ်းလာသည်။

"မဟုတ်ပါဘူးဗျာ၊ မဟုတ်ပါဘူး၊ ကျွန်တော့်မှာ အဲဒီလို ရည်ရွယ်ချက် လုံးဝ မရှိပါဘူး၊ ပြီးတော့ ခင်ဗျား ပြောတဲ့အတိုင်း ကျွန်တော် ဘယ်ဘက်ကို ကွေ့လိုက်တယ် မဟုတ်ဘူးလား"

"ပေါက်ကရတွေ၊ ရှင် ညာဘက်ကို ကွေ့သွားတာ ကျွန်မ ရှင်းရှင်းလင်းလင်းကြီးကို မြင်လိုက်တယ်နော်"

ရှောင်ယုမှာ အလွန်ဒေါသထွက်သွားသဖြင့် သူမ၏ မျက်လုံးများ ပြူးကျယ်လာကာ မျက်နှာမှာ ပေါက်စီတစ်လုံးကဲ့သို့ ဖောင်းကားလာလေသည်။ ဖန်ရှင်းအန်း မျက်နှာမှာ စိုးရိမ်မှုကြောင့် နီမြန်းသွားကာ ထစ်ငေါ့ငေါ့ဖြင့် ပြန်ပြေသည်။

"ကျွန်တော်... ကျွန်တော် မလုပ်ပါဘူး"

"ဟွန့်"

ရှောင်ယု နှာမှုတ်လိုက်ပြီး ဆက်ပြောရန် ပြင်လိုက်သည်။ ထိုစဉ် တစ်စုံတစ်ယောက်က သူမ၏ ခေါင်းကို ပုတ်လိုက်၏။ ရှောင်ယု ဒေါသတကြီး ခေါင်းမော့ကြည့်သည်။

"ဘယ်သူလဲ... အို၊ အစ်မဟွီယင်းပါလား၊ ဘာများ ခိုင်းစရာရှိလို့လဲဟင်"

ဟွီယင်းဖြစ်နေသည်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ရှောင်ယုမှာ ချက်ချင်းပင် လိမ္မာသွားတော့သည်။ ဤအချိန်တွင် ဟွီယင်းမှာ ဗိုက်နာမတတ် ရယ်မောနေမိပြီးနောက် အသက်ကို လုရှူကာ ပြောလယသည်။

"ကဲပါ ကဲပါ၊ နင့်ရဲ့ ဉာဏ်ရည်နဲ့ဆိုရင် အခုကစပြီး လှေမောင်းတဲ့အလုပ်ကို နှုတ်ဆက်လိုက်တာ အကောင်းဆုံးပဲလို့ ငါထင်တယ်"

ရှောင်ယုမှာ အနည်းငယ် မတရားခံရသည်ဟု ခံစားနေရဆဲဖြစ်ပြီး ရှင်းပြချင်နေသေးသော်လည်း ရှန်းရှန်းက သူမအား ဘေးသို့ ဆွဲခေါ်သွားသည်။ ဤကောင်မလေးပင်လျှင် ထပ်မံ၍ ကြည့်နေရန် ရှက်ရွံ့နေမိပြီး ရှောင်ယုအား တိုးတိတ်သောအသံဖြင့် ရှင်းပြလိုက်၏။ ထိုအခါမှသာ ရှောင်ယု ရုတ်တရက် သဘောပေါက်သွားပြီး သူမ၏ မျက်နှာမှာ လည်ပင်းရင်းအထိ နီမြန်းသွားသည်။ သူမသည် အားလုံးကို မျက်နှာချင်းမဆိုင်ရဲတော့ဘဲ ထွက်ပြေးသွားတော့သည်။

ဖန်ရှင်းအန်းမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေဆဲပင် ဖြစ်ပြီးနောက် ရွှယ်အန်းကို ကြည့်ကာ ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

"တာအိုမိတ်ဆွေ... ဘာလို့ ကျွန်တော် ပိုပိုပြီး ရှုပ်ထွေးလာတယ်လို့ ခံစားနေရတာလဲဗျာ"

ရွှယ်အန်းသည်လ အနည်းငယ် ရယ်ချင်သွားသော်လည်း သန့်စင်သော ဓားနှလုံးသားရှိသည့် ဤလူငယ်လေးကို သဘောကျမိသဖြင့် ပြုံးလျက် ပြောလိုက်၏။

"သူ့ကို ဂရုမစိုက်ပါနဲ့၊ ဒါနဲ့ တာအိုမိတ်ဆွေက ဘယ်ကိုသွားဖို့ စီစဉ်ထားတာလဲ"

ထိုအခါ ဖန်ရှင်းအန်းမှာ တည်ကြည်သွားပြီး အနောက်တောင်ဘက်သို့ လက်ကို မြှောက်ကာ အရိုအသေပေးလျက်ပြောသည်။

"ဒီတစ်ကြိမ် တာအိုမဟာပြိုင်ပွဲကြီးကို ဝင်ပြိုင်ဖို့ ဆရာ့ရဲ့အမိန့်အတိုင်း တောင်ပေါ်က ဆင်းလာတာပါဗျာ”

---

အခန်း (၁၃၀၈) - စုဝေးလာသော မုန်တိုင်း

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"တိုက်ဆိုင်လိုက်တာ၊ ငါတို့လည်း တာအိုမဟာပြိုင်ပွဲကြီးကို ဝင်ပြိုင်မလို့ပဲ၊ အတူတူ သွားကြမလား"

"အဲဒါ... အဆင်ပြေပါ့မလား"

ဖန်ရှင်းအန်းက အနည်းငယ် အံ့ဩသွားသည်။

"ဘာလို့ အဆင်မပြေရမှာလဲ၊ ဘာပဲဖြစ်ဖြစ် ဒါကလည်း ရေစက်တစ်ခုပဲလေ၊ ဒါမှမဟုတ်ရင် ဒီလောက်ကျယ်ပြောလှတဲ့ ကောင်းကင်ကြီးထဲမှာ ငါ့ယာဥ်ပျံနဲ့ မင်းက ဘာလို့များ တိုက်ဆိုင်စွာ ဝင်တိုက်မိမှာလဲ"

ရွှယ်အန်းက ပြုံးလျက် ပြောလိုက်သည်။ဖန်ရှင်းအန်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။

"ဒီလိုဆိုတော့လည်း အဓိပ္ပာယ်ရှိသလိုပါပဲ"

"သွားကြစို့၊ မိတ်ဆွေတစ်ယောက် တိုးလာတယ်လို့ပဲ သဘောထားလိုက်ပါ"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ဖန်ရှင်းအန်းအား ယာဥ်ပျံထဲသို့ ပြန်လည်ခေါ်ဂိုဏ်းသွားသည်။ ထိုနှစ်ဦး၏ ကျောပြင်ကို ကြည့်ရင်း ဟွီယင်းက တခစ်ခစ် ရယ်မောလိုက်၏။ အန်းယန်က အနည်းငယ် အံ့ဩသွားဟန်ဖြင့် မေးသည်။

"နင် ဘာကို ရယ်နေတာလဲ"

ဟွီယင်းသည် အန်းယန်၏ နားအနီးသို့ လျှို့ဝှက်ဆန်းကြယ်စွာ ကပ်သွားပြီး အသံကို နှိမ့်လိုက်ကာပြောသည်။

"အစ်မယန်... ခုနက အစ်ကိုရွှယခရဲ့ အပြုံးက ကောက်ကျစ်တဲ့ မြေခွေးအိုကြီး တစ်ကောင်နဲ့ အရမ်းတူနေတာကို သတိမထားမိဘူးလား"

အန်းယန်သည် ခေတ္တမျှ ပြန်တွေးလိုက်ပြီးနောက် သူမကိုယ်တိုင်လည်း ပြုံးလိုက်မိသည်။

"တကယ်ကြီး အဲဒီလို ပုံပေါက်နေတာပဲ"

"ဟီးဟီး! အစ်မယန်ကို ကျွန်မ ပြောပြမယ်၊ အစ်ကိုရွှယ် အဲဒီလို ပြုံးပြီဆိုရင် တစ်ယောက်ယောက်ကို လှည့်စားဖို့ ပြင်နေပြီလို့ အဓိပ္ပာယ်ရတယ်"

"တကယ်လား"

အန်းယန်က အနည်းငယ် အံ့အားသင့်သွားသည်။ ဟွီယင်းက ခေါင်းညိတ်လိုက်၏။

"တကယ်ပြောတာပါ၊ ကျွန်မ ကိုယ်တိုင် မြင်ဖူးတယ်၊ အရင်က အစ်ကိုရွှယ် အဲဒီလို ပြုံးပြီးတော့ ကျွန်မအစ်ကိုကို သူ့ဆီမှာ သုံးနှစ်တိတိ အလုပ်လုပ်ပေးအောင် လှည့်စားခဲ့ဖူးတယ်"

အန်းယန်မှာ မျက်လုံးများ ပြူးကျယ်သွားခြင်းမှ မထိန်းနိုင်တော့ပေ။ တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် ဖန်ရှင်းအန်းကို လှေပျံ၏ အခန်းတွင်းသို့ ခေါ်ဂိုဏ်းသွားလေသည်။ ဤယာဥ်ပျံမှာ အတော်လေး ကျယ်ဝန်းပြီး အခန်းတွင်း၌ပင် အခန်းငယ်များစွာ ပိုင်းခြားထားသည်။

ရွှယ်အန်းက သူ့ကို လက်ဖက်ရည်ဖျော်ရန် ဧည့်ခန်းတစ်ခုထဲသို့ ခေါ်ဂိုဏ်းသွားပြီး လက်ဖက်ရည် ခွက်အနည်းငယ် သောက်ပြီးနောက်တွင် အတွေ့အကြုံ သိပ်မရှိလှသော ဖန်ရှင်းအန်းသည် သူသိသမျှ အရာအားလုံးကို အခြေခံအားဖြင့် ပြောပြပြီးဖြစ်နေလေသည်။ သူပြောသည့်အတိုင်း ဤတစ်ကြိမ် တာအိုမဟာပြိုင်ပွဲကြီးတွင် သူသည် မင်ရှင်းနန်းတော်ကို ကိုယ်စားပြု၍ လာခဲ့ခြင်း ဖြစ်သည်။

ရွှယ်အန်းသည် တွေးတောဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ကာ တည်ငြိမ်စွာ ပြောလိုက်၏။

"ဒါနဲ့ဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က မင်းရဲ့ ဂိုဏ်းမှာ ကောင်းတယ်လို့ သတ်မှတ်လို့ရလား"

ဖန်ရှင်းအန်းသည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် သူ၏ခေါင်းကို ကုတ်လိုက်ကာပြောသည်။

"အင်း... စွမ်းအားပိုင်းကို ပြောရရင်တော့ ကျွန်တော်က ကျန်တဲ့ တပည့်တွေထက် အများကြီး နောက်ကျကျန်နေတာပါ၊ ဒါပေမဲ့ သူတို့အားလုံးက မသွားချင်ကြလို့ ကျွန်တော့်ကို လွှတ်လိုက်တာလေ"

ရွှယ်အန်းသည် ခေါင်းပင်မမော့ဘဲ ပေါ့ပေါ့ပါးပါးသာ မေးလိုက်၏။

"အို... သူတို့က ဘာလို့ မသွားချင်ကြတာလဲ"

"ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ဆရာက ပြောတယ်၊ ဒီတာအိုမဟာပြိုင်ပွဲကြီး ဆိုတာက လှိုဏ်ဂူကမ္ဘာ အသီးသီးက လူတွေ စုဝေးပြီး အကျိုးအမြတ်တွေကို ခွဲဝေယူကြတာထက် မပိုဘူးတဲ့၊ ဒီလူတွေက မူလရည်ရွယ်ချက်တွေကို လုံးဝ မေ့ပစ်လိုက်ကြပြီဖြစ်လို့ ကျွန်တော်တို့ မင်ရှင်းနန်းတော်က ဒီလိုလူတွေနဲ့ မပေါင်းသင်းနိုင်ဘူးတဲ့၊ ဒါကြောင့် ကျန်တဲ့ တပည့်တွေကလည်း သွားဖို့ကို အထင်အမြင်သေးကြတာပေါ့"

ထိုစကားကို ကြားသောအခါ ရွှယ်အန်း၏ မျက်လုံးများရှေ့တွင် အလင်းတန်းတစ်ခု ပေါ်လာသည့်အလား ရှိသွားပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။

"ကောင်းလိုက်တဲ့ စကားပဲ၊ ဒီတစ်ခွက်က မင်းရဲ့ ဆရာကို ဂုဏ်ပြုလိုက်တာပါ"

ဖန်ရှင်းအန်းသည် ကျေးဇူးတင်စကား ဆိုရန် သူ၏ခွက်ကို အလျင်စလို မြှောက်လိုက်၏။

"ကျေးဇူးတင်ပါတယ်ဗျာ"

ဖန်ရှင်းအန်းအား နေရာချထားပေးပြီးနောက် ရွှယ်အန်းသည် လှည့်ကာ သူ၏အခန်းသို့ ပြန်လာခဲ့ပြီး ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်လေတော့သည်။ အန်းယန်က အံ့ဩတကြီးဖြင့် မေးလိုက်၏။

"ယောကျ်ား... ဘာဖြစ်လို့လဲ"

ရွှယ်အန်းက ပြုံးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ ရုတ်တရက် အရာအားလုံးက တန်ဖိုးရှိတယ်လို့ ခံစားလိုက်ရလို့ပါ"

"ဘာက တန်ဖိုးရှိတာလဲ"

ရှရွှယ်အန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

"ဒီနယ်ပယ်မှာ သူတို့ရဲ့ တာအိုအဆုံးအမတွေကို ချန်ထားခဲ့တဲ့ ဟွာမျိုးနွယ်စုရဲ့ ဘိုးဘေးတွေပေါ့"

ဤအကြောင်းကို ပြောနေလျက် ရွှယ်အန်းသည် ခေါင်းကိုမော့ကာ သက်ပြင်းရှည်ကြီး တစ်ချက်ကို ချမိသွားသည်။

"အရင်က ရွှေရောင်ဆေးမီးဖိုရိပ်မြုံဂိုဏ်းရဲ့ လုပ်ရပ်တွေက ငါ့ကို တကယ် စိတ်ပျက်စေခဲ့တယ်၊ ပြီးတော့ ငါ ကြားရသလောက် တခြား လှိုဏ်ဂူကမ္ဘာတွေကလည်း အတူတူပဲဆိုတော့ ငါ တော်တော်လေး ဒေါသထွက်ခဲ့ရတယ်၊ အရာအားလုံးကိုတောင် ဖျက်ဆီးပစ်ချင်တဲ့အထိပဲ၊ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့... ဒီ မင်ရှင်းနန်းတော်က တော်သေးတာပေါ့၊ အနည်းဆုံးတော့ သူတို့ရဲ့ မူလနှလုံးသားကို မမေ့သေးဘူးလေ"

အန်းယန်သည် နားလည်သွားသကဲ့သို့ ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်၏။

"ဒါဆို ဒီမင်ရှင်းနန်းတော်က ဓားကျင့်ကြံသူတွေရဲ့ ဂိုဏ်းပေါ့နော်"

ရွှယ်အန်းသည် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး သူမ၏ ပခုံးကို ပုတ်သည်။

"မှန်တာပေါ့"

ထိုသို့ ပြောနေကာ ရွှယ်အန်းက သက်ပြင်းချ၏။

"တချို့အရာတွေကို အတွင်းစိတ် သန့်စင်တဲ့ ဒီလို ဓားကျင့်ကြံသူတွေကပဲ စွဲမြဲစွာ လုပ်ဂိုဏ်းနိုင်ကြတာပဲ"

ဤကြားဖြတ် အဖြစ်အပျက်လေး ပြီးဆုံးသွားခဲ့ပြီး ရှောင်ယုက အကြိမ်ကြိမ် တောင်းဆိုနေသော်လည်း ဟွီယင်းသည် လှေပျံအား တစ်ယောက်တည်း မောင်းနှင်ခွင့်အား ငြင်းဆန်ဆဲပင်ဖြစ်ကာ သူမကိုယ်တိုင်သာ ထိန်းချုပ်မောင်းနှင်လေသည်။ သူမ၏ သွေးကြောစွမ်းအားများ တဖြည်းဖြည်း နိုးထလာသည်နှင့်အမျှ ဟွီယင်း၏ စွမ်းအားများမှာလည်း တစ်စတစ်စ တိုးတက်လာခဲ့ပြီး လှေပျံ၏ လည်ပတ်မှုကို လွယ်ကူချောမွေ့စွာ ကိုင်တွယ်နိုင်လေသည်။

လှေပျံသည် ၎င်း၏ ခရီးဆုံးပန်းတိုင်သို့ ချောမွေ့စွာ ခရီးဆက်နေစဉ် တတိယလှိုဏ်ဂူကမ္ဘာ အတွင်း၌မူ နယ်ပယ်အသီးသီးမှ အားကောင်းသော ကျင့်ကြံသူများ ရောက်ရှိလာမှုနှင့်အတူ ထိုနေရာမှာ ပို၍ပို၍ စည်ကားလာသည်။ တတိယလှိုဏ်ဂူကမ္ဘာ ဖြစ်သည့်အားလျော်စွာ ဤနယ်မြေသည် ရွှေရောင်အလင်း လှိုဏ်ဂူကမ္ဘာထက် သဘာဝကျကျပင် ပိုမိုကျယ်ဝန်းပြီး ဤနေရာရှိ ဝိညာဉ်စွမ်းအင်၏ အရည်အသွေးမှာလည်း ပိုမို သာလွန်ကောင်းမွန်လှပေသည်။

တာအိုမဟာပြိုင်ပွဲကြီးအတွက် အလွမ်းခြံဝန်းသည် အလွန်တရာ အားထုတ်ကြိုးပမ်းခဲ့ပြီး ဂိုဏ်း၏ ဘေးတွင် မိုင်တစ်သောင်းခန့် ကျယ်ဝန်းသော ကြီးမားလှသည့် စင်မြင့်ကြီးတစ်ခုကို ဖန်တီးထားသည်။ သိထားရမည်မှာ ဤနယ်မြေသည် ယခင်က တစ်ဆက်တည်းဖြစ်နေသော တောင်တန်းများဖြစ်ခဲ့သည် ဆိုခြင်းကိုပင်ဖြစ်၏။ ပြိုင်ပွဲကြီးကြောင့်သည် ထိုတောင်ထွတ်များကို အချစ်ခြံဝန်း၏ အကြီးအကဲများစွာ ပူးပေါင်းကြိုးပမ်းမှုဖြင့် ဖယ်ရှားပစ်ခဲ့ခြင်း ဖြစ်သည်။

အရပ်ဆယ်မျက်နှာမှ ဧည့်သည်များကို နေရာချထားပေးရန်အတွက် ကြီးမားလှသော မြို့ကြီးတစ်မြို့ကိုလည်း ယင်းအပေါ်တွင် တည်ဆောက်ထားသည်။ ရက်များ နီးကပ်လာသည်နှင့်အမျှ မြို့ဘေးတွင် ဆင်းသက်လာသော ယာဥ်ပျံ အရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားလာပြီး ကြီးမားလှသော မြို့ကြီးမှာလည်း ပိုမို စည်ကားလာသည်။

ဤကြီးကျယ်ခမ်းနားလှသော မြင်ကွင်း၌ အချစိခြံဝန်းရှိ လူတိုင်းသည် စိတ်လှုပ်ရှား ဝမ်းသာနေကြသည်။ သူတို့သည် ဤမဟာပြိုင်ပွဲကြီးကို ကျင်းပရန်အတွက် အလွန်တရာ အားထုတ်ကြိုးပမ်းခဲ့ကြပြီး ကုန်ကျစရိတ်ကိုလည်း မငဲ့ကွက်ခဲ့ကြပေ။ သူတို့၏ ရည်ရွယ်ချက်မှာ တတိယလှိုဏ်ဂူကမ္ဘာကို ပိုမိုတိုးတက်စေရန်နှင့် ဒုတိယလှိုဏ်ဂူကမ္ဘာ၏ ရွှမ်ဖာဂိုဏိးနေရာတွင် အစားထိုး ဝင်ရောက်ကာ မင်ရှင်းနန်းတော်ပြီးလျှင် ဒုတိယအင်အားအကြီးဆုံး ဂိုဏ်းတစ်ခု ဖြစ်လာစေရန်ပင်ဖြစ်သည်။

ဤရည်မှန်းချက်၏ တွန်းအားကြောင့် ဂနာမငြိမ်ဖြစ်ကာ စိတ်လှုပ်ရှားဖွယ်ကောင်းသော လေထုက အချစ်ခြံဝန်း တစ်ခုလုံးတွင် ပျံ့နှံ့လာသည်။ တစ်ချိန်တည်းမှာပင် အချစ်ခြံဝန်း၏ အထက်ဂိုဏ်း အတွင်း၌မူ အချစ်ခြံဝန်း၏ သခင်မဖြစ်သူ ရှမြောင်ယီအား အလယ်တွင်ထား၍ အကြီးအကဲများစွာသည် တန်းစီ ထိုင်နေကြလေသည်။

ဤရှမြောင်ယီမှာ သိပ်ပြီး အသက်ကြီးပုံမပေါ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ မျက်နှာကို ပါးလွှာသော မြူခိုးများဖြင့် ဖုံးကွယ်ထားသော်လည်း သွယ်လျသော ကိုယ်ခန္ဓာမှာမူ ထင်ရှားလှပသော မိန်းမချောတစ်ဦး၏ ပုံစံပင်ဖြစ်သည်။ ရှမြောင်ယီ၏ အသံမှာ အနည်းငယ် အက်ရှနေသော်လည်း ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ဆွဲဂိုဏ်းမှု ပါဝင်နေသည်။

"လှိုဏ်ဂူကမ္ဘာ အသီးသီးက လူတွေ ရောက်လာကြပြီလား"

"သခင်မ၊ ပထမလှိုဏ်ဂူကမ္ဘာက မင်ရှင်းနန်းတော်နဲ့ ရွှေရောင်ဆေးမီးဖိုရိပ်မြုံဂိုဏ်းကလွဲပြီး ကျန်တဲ့သူတွေ အကုန် ရောက်နေကြပါပြီ"

"အို"

ရှမြောင်ယီက ပြုံးလိုက်သည်။

"အဲဒီ ဓားရူးတွေက ဒီ တာအိုမဟာပြိုင်ပွဲကြီးကို ဘယ်တော့မှ သိပ်ဂရုမစိုက်ကြတော့ မင်ရှင်းနန်းတော်က လူတွေ မရောက်လာသေးတာက အံ့ဩစရာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ရွှေရောင်ဆေးမီးဖိုရိပ်မြုံဂိုဏ်းကတော့..."

ရှမြောင်ယီသည် ခေတ္တရပ်တန့်သွားပြီးနောက် သရော်သည့်ဟန်ဖြင့် ဆက်ပြောလိုက်၏။

"သူတို့က စောစောရောက်လာပြီး ဒီတစ်ခေါက်လည်း နောက်ဆုံးအဆင့် ထပ်ဖြစ်မှာကို ကြောက်နေကြတာလား"

ဤစကားကြောင့် အကြီးအကဲများထံမှ ပေါ့ပေါ့ပါးပါး ရယ်မောသံများ ထွက်ပေါ်လာပြီးနောက် သူတို့ထဲမှ တစ်ဦးက တိုးတိတ်စွာ ပြောလိုက်သည်။

"ဒါပေမဲ့ ရွှေရောင်ဆေးမီးဖိုရိပ်မြုံဂိုဏ်းဆီ သတင်းသွားပို့တဲ့သူက ပြန်မရောက်လာသေးဘူး၊ လမ်းမှာ တစ်ခုခုကြောင့်များ နှောင့်နှေးနေတာလား

"

"သတင်းသွားပို့ဖို့ ဘယ်သူ့ကို လွှတ်လိုက်တာလဲ"

"အတွင်းစည်းတပည့် ပိုင်ဟန်ကို လွှတ်လိုက်တာပါ"

ရှမြောင်ယီက တိုးတိတ်စွာ ရေရွတ်လိုက်၏။

"ပိုင်ဟန်..."

သူမ၏ ခေါ်သံအား တုံ့ပြန်သည့်အလား တပည့်တစ်ဦး၏ အသံသည် တံခါးအပြင်ဘက်မှ ထွက်ပေါ်လာလေသည်။

"သခင်မ၊ အစ်မပိုင်က တွေ့ခွင့်တောင်းနေပါတယ်"

ရှမြောင်ယီ အနည်းငယ် အံ့ဩသွားပြီးနောက် ပြောလိုက်၏။

"သူ့ကို ဝင်လာခိုင်းလိုက်"

သူမ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ပိုင်ဟန်သည် ခန်းမထဲသို့ ယိမ်းယိုင်ကာ ဝင်ရောက်လာပြီး ဒူးထောက်ကျသွားကာ ခေါင်းကို ရိုသေစွာငုံ့လျက် ပြောလာသည်။

"သခင်မ"

ရှမြောင်ယီ၏ မျက်နှာသည် မြူခိုးများကြားတွင် ခေတ္တမျှ တုန်လှုပ်သွားပြီး အံ့ဩတကြီး မေးလိုက်၏။

"ဘာဖြစ်လာတာလဲ"

ထိုအခါ ပိုင်ဟန်သည် တုန်ယင်စွာဖြင့် ခေါင်းကို မော့လာသည်။

"သခင်မ... ရွှေရောင်အလင်း လှိုဏ်ဂူကမ္ဘာမှာ ကိစ္စတစ်ခု ဖြစ်သွားပြီ”

---

All Chapters